← Chapters

အခန်း (၄၁၃၁-၄၁၃၅)

Vol. 210 Ch. 4131-4135

အခန်း (၄၁၃၁-၄၁၃၅)

Vol. 210 Ch. 4131-4135

Chapter 4131

ဤအပြောင်းအလဲသည် အလွန်ရုတ်တရက်ဆန်သဖြင့်ခသူတို့နှစ်ယောက်ကို သတိလက်လွတ်ဖြစ်သွားစေလုနီးပါးပင်။

ခွေးနက်ကြီး၏အမွှေးများ ထောင်ထသွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

"ဒါက ဘာကြီးလဲ"

ဤဆေးမီးဖိုအတွင်း၌ သက်ဝင်လှုပ်ရှားနေသော အရာတစ်ခုရှိနေမည်ဟု လုယွီပင်လျှင် မျှော်လင့်မထားမိချေ။

ရှေးဟောင်းခေတ်ကာလအတွင်းမှ ယခုလက်ရှိအချိန်ထိ နှစ်ပေါင်းမည်မျှကြာညောင်းခဲ့ကြောင်း မည်သူမျှ မသိနိုင်​ချေ။ အချိန်၏တိုက်စားမှုသည် အတိတ်တွင် ကြီးကျယ်ခမ်းနားခဲ့သော အရာရာတိုင်းကို ပုတ်သိုးဆွေး​မြည့်သွားစေရန် လုံလောက်သည်။

ဤသည်မှာ ယခင်က သူတို့ မြင်တွေ့ခဲ့ရသော အပျက်အစီးများကဲ့သို့ပင်။သူတို့သည် ထိုအပျက်အစီးများကြားမှနေ၍ အတိတ်တွင် ကြီးကျယ်ခမ်းနားခဲ့သော မြင်ကွင်းများကို ဝိုးတဝါးတွေ့မြင်နိုင်သော်လည်း ထိုအရာများသည် ယခုချိန်၌ ကြီးကျယ်ခမ်းနားစွာ တည်ရှိနေခြင်း မဟုတ်တော့ချေ။

ဤဆေးမီးဖိုသည်လည်း ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေလေပြီ။

ဤသည်မှာ တစ်ချိန်က သာလွန်ထူးကဲသော ရတနာတစ်ခုဖြစ်သည့်တိုင် ယခုအချိန်၌ ဟောင်းနွမ်းနေလေပြီ။

သို့ရာတွင် ဤကဲ့သို့ဟောင်နွမ်းနေသော ဆေးမီးဖိုအတွင်း၌ သက်ဝင်လှုပ်ရှားနေသော အရာတစ်ခုရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။

မီးတောက်များက လေထုအတွင်းသို့ မြင့်တက်လာသည်။ထို့နောက် မီးတောက်များအကြားမှနေ၍ ဖီးနစ်တစ်ကောင်မွေးဖွားလာသည့်အလား အော်သံတစ်သံ ထွက်ပေါ်လာသည်။ထိုဖီးနစ်သည် တောင်ပံကိုဖြန့်ကာ ဆေးမီးဖို၏အဖုံးကို ရိုက်ခတ်၍ ပျံသန်းသွားလေ၏။

ဆေးရနံ့များက လေထုအတွင်းသို့ မြင့်တက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

"ဒါက ဖီးနစ်နတ်ဘုရားဆေးလုံးပဲ"

လုယွီက မီးတောက်ဖီးနစ်ကို မြင်တွေ့ချိန်၌လထိတ်လန့်တုန်လှုပ်သွားသည်။

ယခုလက်ရှိခေတ်ကာလအတွင်းတွင် ဆေးလုံးများအကြား၌ အားအကောင်းဆုံးသည် ဧကရာဇ်အဆင့်ဆေးလုံးဖြစ်သည်။

သို့ရာတွင် တစ်စုံတစ်ယောက်သည် ဧကရာဇ်အဆင့်ဆေးလုံးကို အောင်မြင်စွာဖော်စပ်နိုင်လျှင်ပင် အတိတ်ရှိ နတ်ဘုရားဆေးလုံးများနှင့်နှိုင်းယှဉ်ပါက ဆေးစွမ်းအားအရာတွင် သိသာသောကွာဟချက်ကြီးရှိနေဆဲပင်။

ရှေးဟောင်းအချိန်ကာလများအတွင်း၌ ဆေးလုံးတချို့ထံတွင် အစစ်အမှန်စိတ်ဝိညာဥ်ပါရှိကာ ကိုယ်ပိုင်အသက်ရှိကြောင်း ဒဏ္ဍာရီအမြောက်အများ ရှိခဲ့ဖူးသည်။ထိုဆေးဝိညာဉ်များသည် တာအိုကိုအောင်မြင်ပြီးမြောက်ကာ ကျင့်ကြံနိုင်ပြီး အင်မော်တယ်လမ်းကြောင်းကို တက်လှမ်းနိုင်ပေ၏။

ထိုဒဏ္ဍာရီများသည် အတုအယောင်ဇာတ်လမ်းများမဟုတ်ချေ။ရှေးဟောင်းခေတ်အချိန်ကာလအတွင်းတွင် အစွမ်းထက်သော ဆေးလုံးအမြောက်အများရှိသည်။ထိုဆေးလုံးများ၏လျှို့ဝှက်ဆန်းကြယ်မှုများသည် တစ်စုံတစ်ယောက်၏စိတ်ကူးယဥ်တွေးသောနိုင်မှုထက်ကျော်လွန်ကာ ခန့်မှန်းမရနိုင်သောအဆင့်သို့ ရောက်ရှိနေလေပြီ။

ဖီးနစ်နတ်ဘုရားဆေးလုံးသည်လည်း ထိုဆေးလုံးများအနက်မှ တစ်ခုပင်။

ကောလဟာလများအရ ထိုဆေးလုံးကို အောင်မြင်စွာဖော်စပ်ပြီးချိန်တွင် မီးတောက်ဖီးနစ်တစ်ကောင် မွေးဖွားလာပေမည်။ထိုဆေးလုံးသည် လူအများအား အသက်ပြန်လည်ရှင်သန်စေနိုင်စွမ်းရှိသည်။ထိုဆေးလုံးကိုသောက်သုံးလိုက်ပါက ထိုလူသည် သူ၏သေဆုံးသွားသောခန္ဓာကိုယ်ကို တဖန်ပြန်၍ အသက်စွမ်းအားများပြည့်နှက်သွားစေပြီး အသက်ရှင်သန်နိုင်သောအခွင့်အရေး ရရှိစေနိုင်သည်။

ဤကဲ့သို့ဆေးလုံးတစ်လုံးကို ရှေးဟောင်းခေတ်ကာလအချိန်အတွင်း၌ပင် အလွန်အမင်းအဖိုးတန်ရှားပါးသော ဆေးပင်များကို စုစည်း၍ ဖော်စပ်ရသည်။

ဒဏ္ဍာရီလာဆေးလုံးများအနက်မှ အများစုသည် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတချို့၏ လက်အတွင်း၌သာ ရှိနေပေ၏။သာမန်လူသားများသည် ထိုဆေးလုံးများ၏နာမည်များကိုသာ ကြားဖူးသော်လည်း မြင်တွေ့ဖူးမည်မဟုတ်ချေ။

လုယွီသည် ယခင်ကတည်းက အသိပညာဗဟုသုတကြွယ်ဝသူပင်။လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ရရှိပြီးနောက် သူ၏အသိပညာဗဟုသုတများ ပို၍မြင့်တက်လာသည်။ထို့ကြောင့် သူသည် ဤမီးတောက်ဖီးနစ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အရင်းအမြစ်ကိုသိရှိပေ၏။

ဤသည်မှာ ဆေးလုံးတစ်လုံးပင်။

ထို့ပြင် ရှေးဟောင်းခေတ်အချိန်ကာလအတွင်းမှ ဆင်းသက်လာသော နတ်ဘုရားအဆင့် ဆေးလုံးတစ်လုံးဖြစ်သည်။

ဤသည်မှာ ကြီးမားသော အခွင့်အရေးတစ်ခုဖြစ်ပေ၏။ဤဆေးလုံးကိုရရှိသော မည်သူမဆို အခြေခံအားဖြင့် အသက်အပိုတစ်ချောင်းရရှိလိုက်သည့်အလားပင်။နောင်အနာဂတ်တွင် သူ၏ဒဏ်ရာများ မည်မျှထိ ပြင်းထန်သည်ဖြစ်စေ သူသည် တဖန်ပြန်၍ အသက်ရှင်သန်နိုင်ပေမည်။

"မင်းက ဘယ်ကိုထွက်ပြေးဖို့ စဉ်းစားနေတာလဲ"

လုယွီက ခြေလှမ်းကျဲကြီးများဖြင့် ထိုဆေးလုံးကို လိုက်လံဖမ်းဆီးလိုက်သည်။သူ၏ခြေဖဝါးအောက်၌ ဝင်္ကပါအမှတ်သင်္ကေတများ ထွက်ပေါ်လာပေ၏။သူ ခြေတစ်လှမ်းလှမ်းလိုက်ချိန်တိုင်း မြင့်မြတ်သော အင်မော်တယ်အလင်းတန်းများ ဖြာထွက်လာသည်။

လုယွီသည် ခြေလှမ်းအနည်းငယ်ဖြင့် ဖီးနစ်နတ်ဘုရားဆေးလုံး၏ရှေ့သို့ ရောက်ရှိသွားသည်။ထို့နောက် သူ၏လက်ကိုဆန့်တန်းကာ ဖီးနစ်နတ်ဘုရားဆေးလုံးကို ဖမ်းဆုပ်ရန် ဟန်ပြင်လိုက်သည်။

သို့ရာတွင် ဖီးနစ်နတ်ဘုရားဆေးလုံး၏တုံ့ပြန်မှုသည် ပို၍လျင်မြန်နေမည်ဟု သူ မျှော်လင့်မထားမိ​ချေ။

လုယွီ၏လက်ကို ဆန်တန်းလိုက်သည့်အချိန်မှာပင် ဖီးနစ်နတ်ဘုရားဆေးလုံး၏မျက်နှာပြင်မှ အလွန်တောက်ပသောအလင်းတန်းများ ပွင့်အံ့ထွက်လာသည်။ရုတ်ချည်းဆိုသလိုပင် ထိုဆေးလုံးသည် လုယွီ၏မျက်လုံးရှေ့မှ အရိပ်အယောင်မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။

"မင်းက ဘယ်နေရာကို ထွက်ပြေးချင်တာလဲ"

လုယွီ၏မျက်လုံးအတွင်းမှ ခရမ်းရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ဖြတ်သန်းသွားသည်။

တချိန်တည်းမှာပင်သူ၏နတ်ဘုရားစိတ်အာရုံမှစွမ်းအားကို အပြည့်အဝဖြန့်ကျက်လိုက်၏။

ရွှယ်အင်မော်တယ်တစ်ယောက်၏ အစွမ်းထက်သောနတ်ဘုရားစိတ်အာရုံသည် မြေအောက်နန်းတော်တခွင်လုံးကို ချက်ချင်းလွှမ်းခြုံသွားတော့သည်။

မကြာမီမှာပင် လုယွီသည် ဖီးနစ်နတ်ဘုရားဆေးလုံး၏တည်နေရာကို ရှာဖွေတွေ့ရှိမိသည်။

သို့ရာတွင် လုယွီက မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်လိုက်သည်။

သူ၏နတ်ဘုရားစိတ်အာရုံအတွင်း၌ လူတစ်စုသည် ဤမြေအောက်နန်းတော်အတွင်းသို့ ရောက်ရှိနေသည်ကို မြင်တွေ့မိလေ၏။

Chapter 4132

လုယွီသည် ဤနေရာ၏တည်နေရာကို မသိရှိချေ။သို့ရာတွင် ဤနေရာသည် ချန်အန်းမြို့၏မြေအောက် အလွန်အမင်းနက်ရှိုင်းသောနေရာတွင် တည်ရှိကြောင်း သူ သိရှိထားသည်။

"ပြင်ပလောကကလူတွေက ချန်အန်းမြို့ထွက်ပေါ်လာတဲ့အကြောင်းကို သိသွားတာများလား"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

ချန်အန်းမြို့၏အပျက်အစီးနယ်မြေ ပွင့်လာရန်မှာ အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်သည်။

ထိုသို့ဆိုသည့်တိုင် မြေအောက်နန်းတော်အတွင်းသို့ ချိုးဖျက်ဝင်ရောက်လာနိုင်သောလူများ ရှိနေမည်ဟု လုယွီက မျှော်လင့်မထားမိချေ။

သို့ရာတွင် လုယွီသည် ဤကဲ့သို့ အပြောင်းအလဲများ ဖြစ်လာမည်ကို ယခင်ကတည်းက ကြိုတင်ခန့်မှန်းပြီးဖြစ်သည်။ကံကြမ္မာဟောကိန်းနည်းစနစ်နှင့် ပတ်သက်သည့် အံ့အားသင့်​ဖွယ်ကောင်းသောအရာမှာ သင်္ကေတများမှတဆင့် နောင်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော ကိစ္စများကို အတိအကျခန့်မှန်းကာ အဖြေတစ်ခုကို ရှာဖွေနိုင်ခြင်းပင်။

ထိုလူများရောက်ရှိနေသောနေရာသည် ဤမြေအောက်နန်းတော်၏ဝင်ပေါက် ဖြစ်ပေမည်။

ဖီးနစ်နတ်ဘုရားဆေးလုံးသည် ဆေးမီးဖိုအတွင်း၌ အချိန်အလွန်ကြာမြင့်စွာ လှောင်ပိတ်မိနေခဲ့သည်။ယခုလက်ရှိအချိန်တွင် ထိုဆေးလုံးသည် လွတ်မြောက်လာပြီးနောက် တောင်ပံကိုပြင်းပြင်းထန်ထန်ခတ်ကာ ပြင်ပလောကသို့ပျံသန်းသွားပြီး ဤနေရာမှ ထွက်ခွာသွားလိုပုံရသည်။

"ဟား ဟား ဟား...ငါက အပျက်အစီးနယ်မြေတစ်ခုထဲကို မတော်တဆရောက်လာမယ်လို့ ထင်မထားမိဘူး...ဒီနေရာက ထန်အင်ပါယာရဲ့လီတော်ဝင်မိသားစုတွေ သူတို့ရဲ့ရတနာတွေကို ဝှက်ထားတဲ့နေရာပဲဖြစ်မယ်"

ထိုလူစုကိုဦးဆောင်လာသူမှာ ငယ်ရွယ်ပြီး ချောမောခန့်ညားသော လူငယ်တစ်ယောက်ပင်။ သူ၏နူးညံ့သိမ်မွေ့သောမျက်နှာသည် မိန်းကလေးတစ်ယောက်ကဲ့သို့ ဖြူဖွေးနေပေ၏။အကယ်၍ သူဝတ်ဆင်ထားသည့်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသော သံချပ်ကာကြောင့်သာမဟုတ်ပါက လူအများသည် သူ့အား မိန်းကလေးတစ်ယောက်အဖြစ်သာ ဆက်ဆံကြပေမည်။

လူငယ်သည် တဟုန်ထိုးပြေးထွက်လာသော ဖီးနစ်နတ်ဘုရားဆေးလုံးကို မြင်တွေ့ချိန်၌ ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။

ဤကဲ့သို့အဆင့်သို့ရောက်ရှိလာသည့် ဆေးလုံးတစ်လုံး၏မူရင်းဇစ်မြစ်ကို အတိအကျဖော်ထုတ်နိုင်ရန် မလိုအပ်ချေ။ထိုဆေးလုံး၏ကိုယ်ထည်မှ ထွက်ပေါ်နေသောထူထပ်သိပ်သည်းသော ဆေးရနံ့များကို ရှူရှိုက်မိရုံဖြင့် ဤသည်မှာ သာမန်ဆေးလုံးတစ်လုံးမဟုတ်ကြောင်း မည်သူမဆို ပြောဆိုနိုင်ပေမည်။

"ဒါက ငါ့ရဲ့ကံကြမ္မာကောင်းကြီးပဲ...ငါ ဒီနေရာကို ရောက်ရောက်ချင်းမှာ ဒီလိုမျိုး ရတနာတစ်ခုကိုတွေ့ရမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

လူငယ်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူ၏လက်မှနေ၍ ပြင်းထန်သောလေလှိုင်းတစ်လိုင်း ပွင့်အံ့ထွက်လာကာ ဖီးနစ်နတ်ဘုရားဆေးလုံး၏နံဘေးပတ်လည်ကို ရစ်သိုင်းလွှမ်းခြုံသွားသည်။

သို့ရာတွင် ဖီးနစ်နတ်ဘုရားဆေးလုံးထံတွင် ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားမည်ဟု သူ မျှော်လင့်မထားမိချေ။

ကျီ....

အလွန်အမင်းကျယ်လောင်သော ဖီးနစ်အော်သံတစ်သံက လေထုကိုထွင်းဖောက်ကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

ဖီးနစ်နတ်ဘုရားဆေးလုံး၏မျက်နှာပြင်ပေါ်တွင် တောက်လောင်နေသောမီးတောက်များ လေထုအတွင်းသို့ မြင့်တက်သွားသည်။ထိုမီးတောက်များသည် အရပ်မျက်နှာအဘက်ဘက်သို့ လောင်ကျွမ်းသွားကာ လေပြင်းများ၏ရစ်သိုင်းလွှမ်းခြုံထားမှုကိုချိုးဖျက်ပြီး ဆေးလုံးထွက်ပြေးသွားလေ၏။

"အမ်...ဘယ်လောက်တောင် အစွမ်းထက်တဲ့ ဆေးလုံးတစ်လုံးလဲ....မင်းတို့အားလုံး ငါ့ကို ကူညီပေးကြစမ်း"

နတ်ဘုရားဆေးလုံးမှ ထုတ်ဖော်အသုံးပြုလိုက်သော စွမ်းအားကိုကြည့်ပြီး လူငယ်သည် ဒေါသထွက်ရမည့်အစား အလွန်ပျော်ရွှင်သွားခဲ့သည်။ သူသည် နံဘေးပတ်ဝန်းကျင်ရှိလူများကို အော်ဟစ်ပြောဆိုကာ သူ့အားအကူအညီပေးရန် တောင်းဆိုလိုက်သည်။

ထိုလူငယ်၏နောက်၌ သံချပ်ကာဝတ်စုံဝတ် စစ်သားတချို့ရှိနေသည်။သူတို့အားလုံးသည် ခြေတစ်လှမ်းရှေ့တက်ကာ ဖီးနစ်နတ်ဘုရားဆေးလုံးကို ဟန့်တားလိုက်ကြ၏။

ထိုသံချပ်ကာဝတ်စစ်သားများအားလုံး တိုက်ပွဲဝင်ဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်သည်။ထို့နောက် သူတို့သည် ဖီးနစ်နတ်ဘုရားဆေးလုံး၏ပျံသန်းနေသောလမ်းကြောင်းကို ပိတ်ဆို့ဟန့်တားလိုက်ကြသည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင် ဖီးနစ်နတ်ဘုရားဆေးလုံးမှနေ၍ အလွန်အမင်းစူးရှသောအလင်းတန်းများ ပွင့်အံ့ထွက်လာကာ မီးတောက်များက လေထုအတွင်းသို့ မြင့်တက်သွားသည်။ကျယ်လောင်သောဘန်းခနဲမြည်သံနှင့်အတူ သံချပ်ကာဝတ်စစ်သားများ ဖွဲ့စည်းထားသော တိုက်ပွဲဝင်ဝင်္ကပါပျက်စီးသွားကာ သူတို့အားလုံး နောက်သို့လွင့်ထွက်သွားသည်။

"မင်း ထွက်ပြေးဖို့ မစဉ်းစားစမ်းနဲ့"

လူငယ်သည် ချက်ချင်းဆိုသလိုပင် အလွန်အမင်း စိုးရိမ်ပူပန်စပြုလာသည်။

ဤဆေးလုံး၏စွမ်းအားသည် အလွန်အမင်းအံအားသင့်ဖွယ်ကောင်းပေ၏။ဤသည်မှာ ထိုအရာသည် သာမန်မဟုတ်သော ပစ္စည်းတစ်ခုဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ သို့ရာတွင် သူ၏လက်အတွင်းသို့ ထိုဆေးလုံးရောက်ရှိလာသောအချိန်မှသာ ထိုအရာ၏တန်ဖိုးကို သိရှိနိုင်ပေမည်။

ဝှစ်....ဝှစ်...ဝှစ်...

လူငယ်သည် မရေမတွက်နိုင်သော လက်စည်းတံဆိပ်များကိုဖွဲ့စည်းကာ လေထုအတွင်းသို့ ပျံ့လွင်သွားစေသည်။

သို့ရာတွင် ဖီးနစ်နတ်ဘုရားဆေးလုံးသည် အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိချေ။ထိုအရာသည် ကောင်းကင်နှင့်မြေပြင်အကြား၌ ပြည့်နှက်နေသော လက်စည်းတံဆိပ်များကို အနည်းငယ်မျှ ကြောက်ရွံပုံမရှိပေ။ထိုဆေးလုံးသည် သွက်လက်စွာဖြင့် ထိုလက်စည်းတံဆိပ်များကို ရှောင်တိမ်းလိုက်သည်။ထိုလက်စည်းတံဆိပ်များအားလုံးသည် ဆေးလုံး၏အနီးသို့ ချဉ်းကပ်နိုင်ခြင်းမရှိချေ။

ထိုအချိန်မှာပင် ပတ်ဝန်းကျင်နေရာတဝိုက်၌ လေပြင်းများ တိုက်ခတ်လာသည်။

ထို့နောက် ရွှေရောင်ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးတစ်ဖက်သည် လေဟာနယ်ကိုဖြတ်သန်း၍ ဖီးနစ်နတ်ဘုရားဆေးလုံး၏နံဘေးသို့ရောက်ရှိလာကာ တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်လိုက်သည်။

ဘုန်း....

ဖီးနစ်နတ်ဘုရားဆေးလုံးမှနေ၍ တောက်ပသော စူးရှရှအလင်းတန်းတစ်တန်း ပွင့်အံ့ထွက်လာကာ ထိုလက်ဝါးပုံရိပ်ယောင်ကြီးအတွင်းမှလွတ်မြောက်ရန် ကြိုးစားလိုက်သည်။

သို့ရာတွင် ဧရာမလက်ဝါးပုံရိပ်ယောင်ကြီး၏ဖမ်းဆုပ်ထားမှုသည် အလွန်အမင်းတင်းကြပ်ပေ၏။ထိုအရာသည် ဆေးလုံးအားထွက်ပြေးသွားစေရန်အတွက် အနည်းငယ်မျှအခွင့်အရေးမပေးဘဲ မြဲမြံစွာဆုပ်ကိုင်ထားသည်။ဖီးနစ်နတ်ဘုရားဆေးလုံးသည် မည်မျှထိ ရုန်းကန်သည်ဖြစ်စေ ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးအတွင်းမှ လွတ်မြောက်နိုင်ခြင်းမရှိချေ။

Chapter 4133

နောက်ထပ်အချိန်အခိုက်အတန့်တွင် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး နောက်ပြန်ဆုတ်သွားသည်။

ထို့နောက် ဖီးနစ်နတ်ဘုရားဆေးလုံးသည် လုယွီ၏လက်အတွင်းသို့ ရောက်ရှိသွားပေ၏။

ခွေးနက်ကြီးသည် လုယွီ၏ပုခုံးပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ သူ၏မျက်လုံးများ အနီရောင်သို့ပြောင်းလဲနေသည်။

"ဒါက အမှန်ပဲ...ဒီဆေးလုံးရဲ့ဆေးစွမ်းအားကိုကြည့်လိုက်အုံး....ဒီဆေးလုံးရဲ့ပါဝင်ပစ္စည်းတွေကို ကြည့်လိုက်အုံး...ဒါက ရှေးဟောင်းခေတ်ကာလအတွင်းမှာ သန့်စင်ခဲ့တဲ့ နတ်ဘုရားဆေးလုံးတစ်လုံးဖြစ်မှာ သေချာပေါက်ပဲ...ဒီဆေးလုံးက မသေမျိုးအဆင့်ကို ရောက်လုနီးပါးပဲ....အတိတ်တုန်းက ငါ ဒီဆေးလုံးမျိုးကို ကောင်းကင်ဘုံဧကရာဇ်ရဲ့ဆေးမီးဖိုထဲမှာ မြင်ခဲ့ဖူးတယ်....ဒါက ငါ စားခဲ့တဲ့ ဆေးလုံးမျိုးပဲ"

မသေမျိုးအဆင့်ဆေးလုံးများသည် မသေမျိုးအဆင့်မှော်လက်နက်များနှင့်တူညီကာ ဒဏ္ဍာရီအတွင်း၌ရှိနေသော တည်ရှိမှုများပင်။

ကောလဟာလများအရ ရှေးဟောင်းခေတ်ကာလများအတွင်းတွင် တစ်စုံတစ်ယောက်သည် အင်မော်တယ်ဆေးလုံးတစ်လုံးကို သောက်သုံးမိပါက အင်မော်တယ်နယ်မြေသို့ တက်လှမ်းနိုင်ပေမည်။

အတိုချုပ်ပြောဆိုရလျှင် လက်ရှိခေတ်ကာလအတွေးရှိ လူများ၏အမြင်အရ ဤဆေးလုံးသည် အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းသောအရာပင်။

အကြောင်းအရင်းမှာ ဤခေတ်ကာလအတွင်းတွင် ဆေးလုံးတစ်လုံး၏အဆင့် မည်မျှပင်မြင့်မားနေပါစေ အများဆုံးအနေဖြင့် ကျင့်ကြံဆင့်နယ်ပယ်ကို တိုးတက်စေရုံသာဖြစ်သည်။သို့ရာတွင် ဆေးလုံး၏အကျိုးသက်ရောက်မှုသည် အကန့်အသတ်ရှိသဖြင့် တစ်စုံတစ်ယောက်၏ကျင့်ကြံဆင့်နယ်ပယ်ကို အလွန်အကျွံ့မြင်တင်ပေးရန်မှာ မဖြစ်နိုင်ချေ။

"မဆိုးဘူး...ငါ ဒီဆေးလုံးကို ယူလိုက်ပြီ"

အတွေးတစ်ချက်နှင့်အတူ လုယွီသည် ဖီးနစ်နတ်ဘုရားဆေးလုံးကို သူ၏သိုလှောင်အိတ်အတွင်းသို့သိမ်းဆည်းကာ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ စောင့်ကြည့်မှုအောင်၌ ထားလိုက်သည်။

ဤဆေးလုံးသည် အလွန်အစွမ်းထက်သော်လည်း မသေမျိုးအဆင့်သို့ မရောက်ရှိသေးချေ။ဤအရာကို မသေမျိုးတစ်ဝက်အဆင့် ဆေးလုံးဟုသာ ယူဆနိုင်သဖြင့် မသေမျိုးအဆင့်မှော်လက်နက်တစ်ခု၏ ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

"မင်းက သေလမ်းရှာနေတာလား....ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရှေ့ကပစ္စည်းကို မင်းက လုယူရဲတာလဲ...မင်းက အသက်ရှင်ရတာ ပင်ပန်းနေတာလား"

လူငယ်က လုယွီသည် ကျားခံတွင်းမှအစာကိုလုယူသည့်အလား သူ့ထံမှ ဖီးနစ်နတ်ဘုရားဆေးလုံးကို ယူသွားသည်အား မြင်တွေ့ချိန်၌ ဒေါသတကြီးအော်ဟစ်လိုက်သည်။

သူ၏နံဘေး၌ သံချပ်ကာဝတ်စစ်သားတစ်စုရှိနေသည်။လူငယ်၏ဒေါသတကြီးအော်ဟစ်သံကိုကြားချိန်၌ သူတို့သည် လုယွီထံသို့ တဟုန်ထိုးပြေးဝင်လာကြ၏။

"သတ်စမ်း"

ထို့သံချပ်ကာဝတ်စစ်သားများသည် စစ်တပ်အတွင်းမှဖြစ်သည်မှာ သိသာထင်ရှားသည်။သူတို့အသုံးပြုသော မှော်နည်းစနစ်များအားလုံးတွင် စစ်တပ်အတွင်း၌သင်ယူခဲ့သော အရိပ်အယောင်များ ရှိနေပေ၏။

ထိုစစ်သားများသည် အတူတကွပူးပေါင်းကာ လုယွီကို အလျှင်အမြန် ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။ထို့နောက် မရေမတွက်နိုင်သော မှော်မန္တန်များသည် အရပ်မျက်နှာအဘက်ဘက်မှနေ၍လုယွီပေါ်သို့ ကျရောက်လာသည်။

ဝုန်း....

ဤသည်မှာ သတ်ဖြတ်ခြင်းလှုပ်ရှားမှုများဖြစ်ပြီး အနည်းငယ်မျှ သနားညှာတာခြင်းမရှိချေ။လုယွီထံသို့ ကျရောက်လာသော မှော်မန္တန်များ၌ သူ့၏အသက်ကိုနှုတ်ယူလိုသော စိတ်ဆန္ဒများပါဝင်သည်။

ထိတ်လန့်တုပ်လှုပ်ဖွယ် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီးနောက် မီးခိုးများနှင့်ဖုန်မှုန့်များက အရပ်မျက်နှာအဘက်ဘက်သို့ မြင့်တက်သွားသည်။သို့ရာတွင် လုယွီကိုကြည့်ရသည်မှာ အနည်းငယ်မျှ ဒဏ်ရာရရှိပုံမရချေ။သူ၏အဝတ်အစားများတွင် ဖုန်တစ်စက်မျှ ကပ်ငြိနေခြင်းမရှိပေ။

"မင်းတို့က ဘယ်သူ့ရဲ့လက်အောက်ငယ်သားတွေလဲ"

လုယွီက မေးမြန်းသည်။

သူ့ရှေ့ရှိ သံချပ်ကာဝတ်စစ်သားများ အသုံးပြုသော မှော်နည်းစနစ်များသည် တာယွီစစ်တပ်၏နည်းစနစ်များပင်။

ထိုသံချပ်ကာဝတ်စစ်သားများသည် သူတို့၏တိုက်ပွဲဝင်ဝင်္ကပါကို ရုတ်သိမ်းလိုက်ကြ၏။လူငယ်သည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ထွက်လာကာ ဒေါသတကြီးပြောဆိုသည်။

"ဒီလေလွင့်ကျင့်ကြံသူက ဘယ်နေရာကနေ ရောက်လာတာလဲ....ဒီပစ္စည်းက မင်း ပိုင်ဆိုင်နိုင်တဲ့ အရာတစ်ခု မဟုတ်ဘူး...ငါ့ကို မြန်မြန်လက်လွှဲပေးပြီးတော့ မင်း ထွက်သွားစမ်း"

လူငယ်သည် တာယွီစစ်တပ်မှတပ်မှူးဝတ်စုံကို ဝတ်ဆင်ထားသည်။ထိုသံချပ်ကာ၏နှလုံးအကာအကွယ်ကြေးမုံပေါ်တွင် ခြင်္သေ့တစ်ကောင်၏ပုံစံကို ရေးထွင်းထားသည်။သူ၏နောက်၌ ဝတ်ရုံတစ်ခုကို ခြုံလွှမ်းထားကာ ကြည့်ရသည်မှာ အလွန်အမင်း ကြီးကျယ်ခမ်းနားပေ၏။

"ငါက လက်ယာစစ်တပ်ရဲ့တပ်မှူး ယုဝမ်ကျိုး ....မင်းက အသက်ငယ်ရွယ်ပြီး သန်မာအားကောင်းတာကြောင့် မစဉ်းစားတတ်သေးဘူးလို့ ငါ ထင်တယ်....ဒါကြောင့် ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်..မင်းကိုတိုက်ခိုက်အောင်လို့ ငါ့ကို ဖိအားမပေးနဲ့...တကယ်လို့ ငါတိုက်ခိုက်မယ်ဆိုရင် မင်း နောင်တရဖို့အခွင့်အရေး ရှိမှာမဟုတ်ဘူး"

ယုဝမ်ကျိုး၏စကားလုံးများအတွင်း၌ အလွန်အမင်းသြဇာအာဏာကြီးမားကာ ချမ်းသာကြွယ်ဝသူတစ်ယောက်၏ အရှိန်အဝါတစ်ရပ် ရောယှက်နေသည်။

ဤသည်မှာ သက်တောင့်သက်သာရှိသောဘဝ၌နေထိုင်ပြီး အဆင့်အတန်းမြင့်မားသောနေရာကို အချိန်အတော်ကြာ ပိုင်ဆိုင်ထားသူတစ်ယောက်၏ အရှိန်အဝါပင်။ဤသည်မှာ တိုက်ပွဲစစ်မြေပြင်၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သည့် စစ်ဗိုလ်ချုပ်အိုကြီးများ ပိုင်ဆိုင်နိုင်သည့်အရာမျိုး မဟုတ်ချေ။

"ဒီဆေးလုံးက ငါ အရင်ကတည်းက မြင်ခဲ့တဲ့အရာပဲ....တကယ်လို့ မင်းမှာ အရည်အချင်းရှိရင် ငါဆီကနေ လာယူလေ...မဟုတ်ရင် မင်းရဲ့ပါးစပ်ကို ပိတ်လိုက်စမ်း"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

သူသည် သူ့ရှေ့ရှိလူငယ်ကို သိရှိပေ၏။

ယုဝမ်မိသားစုသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းရှိ ချမ်းသာကြွယ်ဝသောမိသားစုတစ်စုပင်။

အထူးသဖြင့် ယုဝမ်မိသားစုနှင့်ချီဘုရင်အိမ်တော်အကြားတွင် မျိုးရိုးစဥ်ဆက် လက်ထပ်ပွဲများပြုလုပ်ခဲ့ပြီးနောက် ယုဝမ်အိမ်တော်၏အင်အား ပို၍တောင့်တင်းလာသည်။ အကယ်၍ တော်ဝင်မြို့တော်အတွင်းရှိ ထိပ်သီးမိသားစုရှစ်စုကို နဂါးများနှင့်နှိုင်းယှဉ်ပါက ယုဝမ်မိသားစုသည် ဒေသခံစပါးကြီးမြွေတစ်ကောင်ပင်။ဤသည်မှာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ အလွန်အမင်းမြင့်မားသော နာမည်ဂုဏ်သတင်းရှိသည့် မိသားစုတစ်စုဖြစ်ပေ၏။

ယုဝမ်မိသားစုသည် လက်ရှိအချိန်တွင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ မိုင်းတွင်းများ နယ်မြေများ ကူးပြောင်းဆက်သွယ်ရေးလုပ်ငန်းများကို ပိုင်ဆိုင်ထားသည်။

Chapter 4134

ယုဝမ်ကျိုးသည် ယုဝမ်မိသားစု၏ယခုလက်ရှိမိသားစုခေါင်းဆောင်ပင်။သူသည် ဖခင်ဖြစ်သူထံမှ အမွေအနှစ်ကို ဆက်ခံထားခြင်းဖြစ်သော်လည်း ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်သည်။

သူ့ကဲ့သို့ ချမ်းသာကြွယ်ဝသောမိသားစုတစ်စု၏မျိုးဆက်သည် တော်ဝင်စာမေးပွဲအတွင်း၌ ဝင်ရောက်ယှဉ်ပြိုင်ရန် မလိုအပ်ချေ။သူ့ဖခင်၏ကာကွယ်ပေးမှုကြောင့် တိုက်ပွဲစစ်မြေပြင်၌ သူ ရရှိခဲ့သော စစ်ရေးအောင်မြင်မှုများဖြင့် သူသည် တာယွီတော်ဝင်စစ်တပ်၏အရာရှိစာရင်းဝင် ဖြစ်လာခဲ့သည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် လုယွီသည် ယုဝမ်ကျိုး၏အဆင့်အတန်းကို အနည်းငယ်မျှဂရုမစိုက်ချေ။

တော်ဝင်မြို့တော်၌ လုယွီသည် အိမ်ရှေ့စံမင်းသားကိုပင် သူ၏မျက်လုံးအတွင်း၌ မထည့်ခဲ့ချေ။ထိုကြောင့် သူသည် ယုဝမ်ကျိုးကဲ့သို့ ချမ်းသာကြွယ်ဝသောမိသားစုတစ်စု၏ မိသားစုခေါင်းဆောင်လေးတစ်ယောက်ကို မည်သည်ကြောင့် ဂရုစိုက်မည်နည်း။

"ဟီး ဟီး....ကြည့်ရတာတော့ ငါက ဦးနှောက်မကောင်းတဲ့ကောင်တကောင်ကို ဒီနေ့ တွေ့လိုက်ရတဲ့ပုံပဲ....သူက ငါ မျက်နှာသာပေးတာကိုတောင် မလိုချင်ဘူး"

ယုဝမ်ကျိုး၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။သူ၏နဖူးမှနေ၍ အခိုးအငွေ့များထွက်ပေါ်လာကာ လေထုအတွင်းသို့ မြင့်တက်သွားပေ၏။ဤသည်မှာ သူ၏မှော်စွမ်းအားများသည် သူ၏ခန္ဓာကိုယ်အတွင်း၌ ပင်လယ်တစ်စင်းကဲ့သို့ တလိမ့်လိမ့်စီးဆင်းနေခြင်းကြောင့် ဖြစ်ပေါ်လာသော ထူးဆန်းသည့် သဘာဝလွန်ပုံရိပ်ပင်။

သူသည် ချမ်းသာကြွယ်ဝသောမိသားစုတစ်စု၏ ခေါင်းဆောင်ဖြစ်သော်လည်း သူ၏ကိုယ်ပိုင်ခွန်အားကို မှီခိုအားထား၍ လက်ယာစစ်တပ်၏တပ်မှူးနေရာကို အခိုင်အမာရယူထားနိုင်ခြင်းဖြစ်သည်။

ယုဝမ်ကျိုးသည် သူ၏လက်ချောင်းငါးချောင်းဖြင့် လက်သည်းပုံသဏ္ဍာန် ဖွဲ့စည်းလိုက်သည်။ထို့နောက် လေပြင်းတစ်ရပ်တိုက်ခတ်သွားခြင်းနှင့်အတူ သူ၏လက်ဝါးအတွင်းတွင် လေဓားသွားတစ်ခု သိပ်သည်းသွားပေ၏။

သူ့၏နံဘေးပတ်လည်တွင် နဂါးတစ်ကောင်ဟိန်းဟောက်နေသည့်အလား လေပြင်းမုန်တိုင်းတစ်ခုတိုက်ခတ်နေသည်။ကြည့်ရသည်မှာ ထိုအရာသည် သူ့ရှေ့ရှိ အရာရာတိုင်းကို ဖျက်ဆီးတော့မည့်အလားပင်။

တခြားစစ်သားများသည် သူတို့အား သက်ရောက်မည်ကို စိုးရိမ်ထိတ်လန့်ကြသဖြင့် နောက်သို့ အလျှင်အမြန်ဆုတ်လိုက်ကြ၏။

သို့ရာတွင် ထိုစစ်သားများသည် ကောင်းမွန်စွာလေ့ကျင့်ထားသူများပင်။သူတို့သည် နောက်သို့ဆုတ်ခွာလိုက်သော်လည်း အဝေးသို့ထွက်ပြေးသွားခြင်းမရှိချေ။ထိုအစား လုယွီထွက်ပြေးမည်ကို ကာကွယ်ဟန့်တားရန်အတွက် နံဘေးပတ်ဝန်းကျင်မှနေ၍ ဝိုင်းရံထားကြသည်။

"ဟား ဟား ဟား....ကောင်စုတ်လေးလု ဒီခေတ်ကာလအတွင်းမှာ မောက်မာထောင်လွှားတဲ့လူတွေက တကယ့်ကို အကြောက်အလန့်ကင်းမဲ့တာပဲ...မင်းကို တိုက်ခိုက်ရဲတဲ့လူ တကယ်ကြီးရှိနေသေးတာပါလား"

ခွေးနက်ကြီးက အေးစက်စက်ရယ်မောလိုက်သည်။ယုဝမ်ကျိုးကို သူ ကြည့်နေသောပုံစံသည် အဖိုးတန်ရှားပါးသောအရာတစ်ခုကို ကြည့်နေသည့်အလားပင်။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"မင်းက လူမှားပြီးရန်စမိနေပြီ....ငါက မင်းနဲ့မတိုက်ခိုက်ချင်ဘူး..အခုချက်ချင်း ထွက်သွားစမ်း....မင်းက ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး"

"မောက်မာလိုက်တာ"

ယုဝမ်ကျိုးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ မွေးဖွားလာသောအချိန်မှစတင်၍ အလွန်လျှင်မြန်စွာ ကျင့်ကြံဆင့်မြင့်တက်လာခဲ့သည်။ အတိတ်တွင် သူ၏ပြိုင်ဘက်များ မည်မျှထိအစွမ်းထက်နေပါစေ အဆုံးသတ်၌ သူသည် သူတို့၏ရှေ့သို့ ရောက်ရှိနေဆဲပင်။

ယုဝမ်ကျိုးသည် ချီဘုရင်၏နောက်သို့ လိုက်ပါလာခဲ့ကာ ချန်အန်းရှေးဟောင်းနယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရတနာအမြောက်အများ ရရှိခဲ့သည်။သူ့ရှေ့ရှိ ဤလေလွင့်ကျင့်ကြံသူသည် သူ့အား မဆင်မခြင်ရန်စစော်ကားခဲ့ပေ၏။

"ယုဝမ်ကျိုး....ဘာတွေ ဖြစ်နေတာလဲ"

ထိုအချိန်မှာပင် အဝေးတစ်နေရာမှနေ၍ လူများ ထပ်မံ၍ရောက်ရှိလာသည်။

ထိုလူများ၏ခန္ဓာကိုယ်များပေါ်မှ အဝတ်အစားများသည် အနည်းငယ်ဖရိုဖရဲဖြစ်နေလေ၏။သူတို့သည် အကောင်းဆုံးကြိုးစား၍ သူတို့၏မျက်နှာအမူအယာများကို ဖုံးကွယ်ထားသည့်တိုင် သူတို့၏ထိတ်လန့်တကြားဖြစ်နေမှုကို ကွယ်ဝှက်ထားနိုင်ခြင်းမရှိချေ။

လုယွီသည် ထိုလူများအကြား၌ နဂါးအစောင့်များပါဝင်နေသည်ကို မြင်တွေ့ချိန်၌ ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

ထိုလူစုကိုဦးဆောင်လာသူသည် လက်သည်းလေး​ချောင်းအမှတ်အသားပါဝင်သည့် အနီရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏အင်္ကျီလက်ဖျားတွင် ရွှေရောင်နဂါးအမှတ်အသားများ ရှိနေလေ၏။ထိုဝတ်စုံမှနေ၍ မှော်စွမ်းအားလှုပ်ခတ်မှုများ ခပ်ဖျော့ဖျော့ထွက်ပေါ်နေသည်။ဤသည်မှာ သာမန်ဝတ်ရုံတစ်ခုမဟုတ်ဘဲ ထိပ်တန်းအဆင့်မှော်ရတနာတစ်ခုပင်။

ဤဝတ်ရုံကိုဝတ်ဆင်ခွင့်ရသောလူသည် တာယွီတော်ဝင်မျိုးနွယ်၏ မင်းသားတစ်ပါးဖြစ်ပေမည်။သူ့အား နဂါးအစောင့်များမှ ကာကွယ်ပေးထားသည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။လုယွီသည် သူ့ရှေ့မှလူ၏ အဆင့်အတန်းကို ဝိုးတဝါးခန့်မှန်းမိလေ၏။

"အရှင် ငါက သေခြင်းနဲ့ရှင်ခြင်း​ကြား ကွာဟချက်ကိုမသိတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့နေတယ်....သူက ငါ့ရဲ့ရတနာကို တကယ်ကြီးခိုးယူဝံ့တယ်...အဲ့ဒီရတနာက ဖီးနစ်တစ်ကောင်ရဲ့ပုံစံရှိတဲ့ ဆေးလုံးတစ်လုံးပဲ...ဒါက ရှေးဟောင်းဖီးနစ်နတ်ဘုရားဆေးလုံးဖြစ်မယ်လို့ ငါ သံသယဝင်မိတယ်....အစကတော့ ငါက ဒီဆေးလုံးကို အရှင့်ဆီဆက်သဖို့ ကြံရွယ်ထားခဲ့တယ်...ဒါပေမဲ့ ဒီကောင်စုတ်လေးရဲ့လုယူသွားတာကို ခံရမယ်လို ငါ မျှော်လင့်မထားမိဘူး....ဒါက အရမ်းတရားလွန်တဲ့လုပ်ရပ်ပဲ...ငါက သူ့ကိုသတ်ပြီးတာနဲ့ အဲ့ဒီဆေးလုံးကို အရှင့်ဆီဆက်သပါ့မယ်"

ယုဝမ်ကျိုးက ချက်ချင်းဆိုသလိုပင် သူ၏သစ္စာစောင့်သိမှုကို ဖော်ပြလိုက်သည်။

ဖီးနစ်နတ်ဘုရားဆေးလုံးဟု ဆိုသလော....

ဤအချိန်အခိုက်အတန့်တွင် လက်ရှိနေရာသို့ ဝင်ရောက်လာသော လူများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။သူတို့၏မျက်လုံးများအတွင်း၌ လောဘအရိပ်အယောင်များ ထင်ဟပ်လာပေ၏။

တာအိုကျမ်းစာများကို အနည်းငယ်ဖတ်ရှုထားသော မည်သူမဆို ဤအဆင့်ဆေးလုံးတစ်လုံး၏တန်ဖိုးကို သိရှိပေမည်။

"ငါ မင်းကို သိခွင့်ပေးလိုက်မယ်...ဒါက ချီဘုရင်ပဲ...ငါတို့ရဲ့အဆင့်အတန်းက မင်းထက် အဆတစ်ရာလောက် ပိုပြီးမြင့်မားတယ်...ငါတို့ရဲ့လက်ကို မြှောက်လိုက်ရုံနဲ့ မင်းလို ပုရွက်ဆိတ်တစ်ကောင်ကို ခြေမွှဖျက်ဆီးနိုင်တယ်"

Chapter 4135

ယုဝမ်ကျိုးက သရော်တော်တော်ပြောဆိုသည်။

"ရေတွင်းရဲ့အောက်ခြေကနေပြီးတော့ မိုးကောင်းကင်ယံကို မော့ကြည့်နေရတဲ့ မင်းလိုလူမျိုးက....မင်းရှေ့က အကျိုးအမြတ်နည်းနည်းလောက်ကိုပဲ မြင်တာကြောင့် သေရတော့မှာက သနားစရာပဲ...ဒါပေမဲ့ ဘယ်လိုလူစားမျိုးကို မင်း အပြစ်မပြုသင့်ဘူးလဲဆိုတာ မင်း မှတ်ထားသင့်တယ်"

သူ၏အမြင်အရ ချီဘုရင်၏နာမည်ကို ထုတ်ဖော်ပြောဆိုလိုက်သည်နှင့် မည်သူမဆိုထိတ်လန့်တုန်လှုပ်သွားပေမည်။

တာယွီအင်ပါယာတွင် ဘုရင်ဘွဲ့ရရှိထားသူတိုင်း၌ မြင့်မားသောအခွင့်အာဏာနှင့် မယုံကြည်နိုင်ဖွယ်ကောင်းသောစွမ်းအားများကို ပိုင်ဆိုင်ထားသည်။

ထိုဘုရင်များအနက်မှ မည်သည့်တစ်ယောက်ကိုမဆို အပြစ်ပြုမိသည်နှင့် ထိုလူသည်ကောင်းကင်ဘုံနယ်မြေ၌ လျှောက်လှမ်းသွားနိုင်ရန် အလွန်ခက်ခဲမည့်အပြင် သူ၏အသက်ပင် သေဆုံးသွားနိုင်သည်။

"ချီဘုရင်...."

လူယွီက နဂါးဝတ်ရုံဝတ်ဆင်ထားသောလူကိုကြည့်ကာ အေးစက် တင်းမာစွာ ပြောဆိုသည်။

"ဘာလဲ....ကျိုးထုံ မင်းကလည်း ဒီကောင့်လိုပဲ ငါ့ဆီကနေ ဖီးနစ်နတ်ဘုရားဆေးလုံးကို လုယူချင်တာလား"

"မင်း...."

ယုဝမ်ကျိုးသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

သူသည်သာမက ပတ်ဝန်းကျင်နေရာတဝိုက်ရှိ လူများအားလုံး ငြိမ်အတိကျသွားသည်။သူတို့သည် မွန်းစတားတစ်ကောင်ကို ကြည့်နေသည့်အလား ကြောင်စီစီဖြင့် လုယွီကို စူးစိုက်ကြည့်နေကြသည်။

အကယ်၍ သူ့နေရာတွင် တခြားတစ်ယောက်ဆိုပါက ချီဘုရင်၏နာမည်ကိုကြားသည်နှင့် အဆုံးစွန်ဆုံးအဆင့်ထိ ထိတ်လန့်ကြောက်ရွံ့သွားပေမည်။

သို့ရာတွင် လုယွီသည် အကြောက်အလန့်ကင်းမဲ့ရုံသာမက ချီဘုရင်၏နာမည်အပြည့်အစုံကို တိုက်ရိုက်ခေါ်ဆိုဝံ့သည်။ဤသည်မှာ အလွန်အတင့်ရဲသော လုပ်ရပ်ဖြစ်သဖြင့် အလွယ်ပြောရပါက သူ သေလမ်းရှာဖွေခြင်းပင်။

"မင်းက ဘယ်သူလဲ"

ချီဘုရင်သည် လုယွီကိုစူးစိုက်ကြည့်ကာ သူ့အား ထွင်းဖောက်မြင်တွေ့လိုသည့်အလားပင်။

ကံအကြောင်းမလှစွာဖြင့် ဤသည်မှာ အလဟဿဖြစ်သွားလေ၏။

ချီဘုရင်သည် ရွှယ်အင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတစ်ယောက်ပင်။ထို့ပြင် ဘုရင်တစ်ပါး၏အခွင့်အာဏာစည်းတံဆိပ်မှ ကောင်းချီးပေးမှုရှိနေသဖြင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ သူ၏အဆင့်အတန်းကို ပြိုင်ဘက်ကင်းဟုဆိုနိုင်သည်။

သို့ရာတွင် သူ့ထံ၌ ဤကဲ့သို့ခွန်အားမျိုးရှိနေသည့်တိုင် သူ့ရှေ့၌ မတ်တတ်ရပ်နေသောလူငယ်ကို ထွင်းဖောက်တွေ့မြင်နိုင်ခြင်းမရှိချေ။

ဤသည်မှာ ထိုလူငယ်၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် အလွန်နက်နဲသိမ်မွေ့သောမြူခိုးများ လွှမ်းခြုံထားသည့်အလားပင်။

လုယွီက ချီဘုရင်ကို တစ်ချက်ကြည့်ကာ ပြောဆိုသည်။

"ငါက မင်းကိုပြောပြဖို့ လိုလို့လား"

ထိုနောက် လုယွီက သူ၏ခြေထောက်ကိုမြှောက်ကာ ထွက်ခွာသွားရန်ဟန်ပြင်လိုက်သည်။

ချီဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်၏။

သူသည် ယခင်က မောက်မာထောင်လွှားသော လူတချို့ကို မြင်တွေ့ခဲ့ဖူးသည်။သို့ရာတွင် ထိုလူများသည် မည်ကဲ့သို့လူစားမျိုး ဖြစ်နေပါစေ တာယွီအင်ပါယာ၏ မြင့်မြတ်သောဘုရင်တစ်ပါးရှေ့တွင် သူတို့၏ခေါင်းများကို အောက်သို့ငုံထားကြရသည်။

သို့ရာတွင် ဤလူငယ်သည် သူ၏ဘုရင်ဟူသောဘွဲ့ထူးကို အနည်းငယ်မျှ ဂရုမစိုက်သည့်အပြင် သူ့အား ကြောက်ရွံပုံလည်းမရချေ။

ချီဘုရင်က သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ နဂါးအစောင့်များက လုယွီကို ဝိုင်းရံလိုက်ကြသည်။

"ငတုံးကောင်....ဒီလိုအရူးမျိုးက ဘယ်ဂိုဏ်းကနေ ရောက်လာတာလဲဆိုတာ ငါ သိချင်မိတယ်"

ယုဝမ်ကျိုးက သရော်တော်တော်ပြောဆိုသည်။

ဤကောင်စုတ်လေးသည် ချီဘုရင်အားစကားပြောဆိုရန် အလွန်လွယ်ကူမည်ဟု တွေးထင်နေသလော။ဘုရင်တစ်ပါး၏အခွင့်အာဏာကို လွယ်လင့်တကူ စိန်ခေါ်၍မရချေ။လုယွီသည် ချီဘုရင်၏အောက်ခြေစည်းမျဉ်းကို ချိုးဖျက်လိုက်ခြင်းပင်။

"မင်းက ချီဘုရင်အတွက် ရှေ့ကိုထွက်လာတာလား...မင်း ဒီလိုမဟုတ်တာ ပိုကောင်းလိမ့်မယ်...မဟုတ်ရင် မင်း သေရလိမ့်မယ်"

လုယွီက ယုဝမ်ကျိုးကိုစူးစိုက်ကြည့်ကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ကြည့်ရတာတော့ ငါက မင်းကို အခွင့်အရေးတွေအများကြီး ပေးခဲ့မိတဲ့ပုံပဲ...ဒါကြောင့် မင်းက ရိုသေလေးစားရကောင်းမှန်း မသိတော့ဘူး"

ယုဝမ်ကျိုး၏မျက်နှာအမူအယာ ရုတ်တရက် အလွန်အမင်း အေးစက်တင်းမာသွားသည်။

ထိုသို့ပြောဆိုပြီးနောက် သူ၏ခန္ဓာကိုယ်မှနေ၍ အစွမ်းထက်သော မှော်စွမ်းအားလှိုင်းတစ်လှိုင်း ပွင့်အံ့ထွက်လာသည်။

ထို့နောက် သူ၏လက်ကို ထက်ရှသော လက်သည်းအသွင်ပြောင်းလဲကာ လုယွီထံသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။သူ့ထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။

"ချီဘုရင်ရဲ့အခွင့်အာဏာက မင်းလိုဂျူနီယာတစ်ယောက် ရန်စစော်ကားလို့ရတဲ့အရာမျိုး မဟုတ်ဘူး"

လုယွီသည် သူ့ထံသို့လျှောက်လှမ်းလာသော ယုဝမ်ကျိုးကိုကြည့်ပြီး အော်ဟစ်ရယ်မောလိုက်သည်။

ထိုအချိန်မှာပင် မြေအောက်နန်းတော်အတွင်းရှိ မြေပြင်တပြင်လုံး တုန်ခါသွားသည်။

ဝေါင်း.....

အဝေးတစ်နေရာမှနေ၍ ထူထပ်သိပ်သည်းသောယင်ချီများ ပျံ့နှံ့လာသည်။ထိုယင်ချီများအကြားမှနေ၍ အလွန်အမင်းကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်သံ ပဲ့တင်ထပ်လာပေ၏။

နောက်ထပ်လူတစ်ရာကျော်သည် ထိတ်လန့်တကြားအမူအယာများဖြင့် မြေအောက်နန်းတော်အတွင်းသို့ ပြေးဝင်လာကြသည်။သူတို့အနက်မှတစ်ယောက်ချင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ရှိနေသည်။

ဤသည်မှာ သူတို့၏နောက်၌ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်ခုရှိနေကာ သူတို့အား လိုက်လံဖမ်းဆီးနေသည့်အလားပင်။

ဤနေရာသို့ဝင်ရောက်လာသူများသည် ချမ်းသာသူဖြစ်စေ အဆင့်အတန်းမြင့်မားသူဖြစ်စေ ယခုအချိန်၌ သူတို့၏အဝတ်အစားများဖရိုဖရဲဖြစ်နေပြီး သူတို့အားလုံး အမောဆို့နေကြသည်။

ဤလူများအကြားတွင် မြင့်မြတ်နယ်မြေမှလူများနှင့် ထိပ်သီးမိသားစုများမှလူများပါဝင်သည်။

သူတို့သည် အတူတကွရောနှောနေကြကာ ယခင်က ပဋိပက္ခများကို ဂရုမစိုက်တော့ချေ။သူတို့အားလုံးသည် အတူတကွပူးပေါင်းကာ ပုန်းအောင်းရန်အတွက် မြေအောက်နန်းတော်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပေ၏။

All Chapters