← Chapters

အခန်း (၄၁၃၆-၄၁၄၀)

Vol. 210 Ch. 4136-4140

အခန်း (၄၁၃၆-၄၁၄၀)

Vol. 210 Ch. 4136-4140

Chapter 4136

"ပြေးကြတော့"

ထိုလူစုအားဦးဆောင်လာသူသည် လုမိသားစု၏ ပဉ္စမအရှင် လုချန်းချင်ပင်။

ဤအချိန်အခိုက်အတန့်တွင် လုချန်းချင်၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာ၌ အက်ကွဲကြောင်းများ ရှိနေသည်။သူ၏အတွင်းသံချပ်ကာပင်လျှင် အက်ကွဲနေလေပြီထိုအက်ကွဲကြောင်းမှနေ၍ သားရဲများ၏ကုတ်ခြစ်ခံထားရသကဲ့သို့ ဒဏ်ရာတချို့ကို သူ၏တောင့်တင်းခိုင်မာပြီး အစွမ်းထက်သောခန္ဓာကိုယ်ပေါ်၌ မြင်တွေ့နိုင်သည်။

လုမိသားစုဝင်များသည်လည်း အလွန်စိုးရိမ်ဖွယ်ကောင်းသောအခြေအနေ၌ ရှိနေသည်။သူတို့သည် လုချန်းချင်၏နောက်သို့ ထပ်ချပ်မကွာ လိုက်နိုင်ရုံသာ တက်နိုင်တော့သည်။

တခြားအင်အားစုများသည်လည်း ဆိုးရွားသောအခြေအနေ၌ ရှိနေပေ၏။

မဟာမြင့်မြတ်နယ်မြေဆယ်ခုမှလူများသည် ဤနေရာသို့ စတင်ရောက်ရှိလာချိန်၌ အလွန်အမင်းအစွမ်းထက်ပုံရသည်။သို့ရာတွင် သူတို့တစ်ယောက်ချင်းစီထံ၌ သူတို့၏ကိုယ်ပိုင်အကြံအစည်များ ရှိနေသည်။သူတို့အားလုံးသည် ပြင်ပဂိုဏ်းအင်အားစုများမှလာခြင်းဖြစ်သော်လည်း လျော့ရဲနေသောသဲပုံတစ်ပုံသက်သက်ပင်။ချန်အန်းမြို့အတွင်း၌ ရတနာတစ်ခုကိုရှာတွေ့သည်နှင့် သူတို့အားလုံးလုယက်ကာ စတင်၍တိုက်ခိုက်ကြပေလိမ့်မည်။

ဤသည်မှာ ပြင်ပဂိုဏ်းအင်အားစုများသည် တော်ဝင်နန်းတွင်း၏ဖိနှိပ်ခြင်းကို အစဥ်အမြဲခံထားရသော အဓိကသော့ချက်ဖြစ်သည်။တော်ဝင်နန်းတွင်းသည် ဤဂိုဏ်းအင်အားစုများအားလုံးကို ဖျက်ဆီးရန်မလိုအပ်ချေ။သူတို့သည် ထိုဂိုဏ်းအင်အားစုများအကြားတွင် ရန်ငြိုးရန်စတစ်ခု ဖန်တီးပေးလိုက်သည်နှင့် ထိုအင်အားစုများသည် တစ်ဖက်နှင့်တစ်ဖက် သေသည်အထိလတိုက်ခိုက်ကြပေမည်။

မြင့်မြတ်နယ်မြေများအကြားတွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသာ ဤနေရာသို့ လွတ်မြောက်လာနိုင်ခဲ့သည်။

အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေသူများမှာ ဂိုဏ်းငယ်လေးများမှလူများနှင့် လေလွင့်ကျင့်ကြံသူများပင်။

ချန်အန်းမြို့အတွင်းသို့ ကျင့်ကြံသူပေါင်း တစ်သောင်းကျော်ခန့် ဝင်ရောက်လာခဲ့သော်လည်း လူတစ်ရာခန့်သာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။သူတို့အနက်မှအများစုသည် ဒဏ်ရာအပြင်းအထန်ရရှိထားကာ သူတို့၏အဝတ်အစားများ၌ သွေးများစွန်းထင်းနေသည်။တချို့ဆိုလျှင် သေလုမျောပါးအခြေအနေသို့ ရောက်ရှိနေလေပြီ။

ဤလူတစ်စု၏ရုတ်တရက်ထွက်ပေါ်လာမှုသည် ပြင်းထန်သော သတ်ဖြတ်လိုခြင်းအရှိန်အဝါများပြည့်နှက်နေသည့် ပတ်ဝန်းကျင်အခြေအနေကို ဖျက်ဆီးလိုက်၏။

လုချန်းချင်၏ပုံပန်းသွင်ပြင်ကို မြင်တွေ့ချိန်၌ ချီဘုရင်၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သော အမူအယာတစ်ရပ် ဖြတ်ပြေးသွားသည်။

"အပြင်မှာရှိတဲ့ သရဲတစ္ဆေလိုကောင်တွေ ရောက်လာကြပြီလား"

ဝှစ်....

ချီဘုရင်၏အသံ ကျရောက်သွားသောအချိန်မှာပင် သူတို့၏နောက်မှနေ၍ အနက်ရောင်အလင်းတန်းတစ်တန်း ပျံ့လွင့်လာကာ လေလွင့်ကျင့်ကြံသူတစ်ယောက်၏ခေါင်းကို ထွင်းဖောက်သွားသည်။ပေါက်ကွဲသံတစ်သံမြည်ဟီးလာခြင်းနှင့်အတူ လေလွင့်ကျင့်ကြံသူ၏ခေါင်း ပွင့်ထွက်သွားကာ သွေးများဖြာကျသွားတော့သည်။

ဤလေလွင့်ကျင့်ကြံသူသည် ယခင်ကတည်းက အပြင်းအထန်ဒဏ်ရာရရှိပြီးဖြစ်သည်။ဤအချိန်အခိုက်အတန့်တွင် သူသည် ထိုအနက်ရောင်အလင်းတန်းကို ရင်ဆိုင်နိုင်ခဲ့ခြင်းမရှိချေ။

"ပြေးကြတော့"

လူများအားလုံး ပို၍ထိတ်လန့်တကြား ဖြစ်သွားကြသည်။သူတို့သည် သူတို့၏မှော်စွမ်းအားများကိုလှည့်ပတ်ပြီး အလင်းတန်းများအသွင်သို့ပြောင်းလဲကာ ပျံသန်းသွားတော့သည်။

"ဟီး ဟီး ဟီး ဟီး ဟီး...."

ထူးဆန်းသောအသံများက ရုတ်တရက် မြေအောက်လှိုဏ်ဂူ၏အမှောင်ထုအတွင်းမှနေ၍ မြည်ဟီးလာသည်။

ထိုနောက်မှာနေ၍ အကြေးခွံများလွှမ်းခြုံနေသော ကြီးမားသောလက်သည်းကြီးတဖက်သည် မြူခိုးများအကြားမှ ဆန့်တန်းလာပေ၏။ ဤလက်သည်းကြီးသည် အလွန်ကြီးမားပြီး အိမ်တစ်လုံးစာပမာဏမျှ ရှိနေသည်။

ထိုဧရာမလက်သည်းကြီးသည် မြေပြင်ပေါ်ရှိ လေလွင့်ကျင့်ကြံသူ၏အလောင်းကို ဖမ်းဆုပ်ကာ အမှောင်ထုအတွင်းသို့ ဆွဲသွင်းလိုက်သည်။

ဘုန်း.....

ထက်ရှသောဓားနှင့် အရိုးများကိုဖြတ်တောက်သကဲ့သို့ အသံများက အမှောင်ထုအတွင်းမှ ထွက်ပေါ်လာသည်။လူအများသည် ထိုအသံကိုကြားချိန်တွင် သူတို့၏ဦးရေပြားများထုံကျင် သွားသည်ကို ခံစားမိလေ၏။

အချိန်တခဏကြာပြီးနောက် ထိုအသံများ ပျောက်ကွယ်သွားသည်။သို့ရာတွင် လုံးဝိုင်းသောအရာဝတ္ထုတစ်ခု ပျံ့လွင့်လာကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ပြုတ်ကျလာသည်။

ဤသည်မှာ ထိုလေလွင့်ကျင့်ကြံသူ၏ခေါင်းပြတ်ကြီးပင်။

ထိုခေါင်း၌ ကြီးမားသောအပေါက်ကြီးတစ်ခု ပွင့်ထွက်နေကာ ဒဏ်ရာမှနေ၍ သွေးများ အဆက်မပြတ် ယိုစီးကျနေသည်။

လှိုဏ်ဂူလမ်းကြောင်း၏ နက်ရှိုင်းသောနေရာမှနေ၍ အလွန်ကျယ်လောင်သော ဟိန်းဟောက်သံများ မြည်ဟီးလာသည်။ဤသည်မှာ လှောင်အိမ်တစ်ခုအတွင်း၌ လှောင်ပိတ်ခံထားရသော သရဲတစ္ဆေတကောင်သည် ငရဲမှာတွားသွားတက်လာပြီး သူ၏ရက်စက်ကြမ်းကြုတ်ပြီး ကြမ်းတမ်းသောဘက်ခြမ်းကို ပြသလိုက်သည့်အလားပင်။

"သွားကြတော့"

ဤအချိန်အခိုက်အတန့်တွင် ချီဘုရင်သည် လုယွီနှင့်အငြင်းပွားနေရန် အချိန်မရှိတော့ချေ။သူသည် နောက်သို့ချာခနဲလှည့်ကာ နဂါးအစောင့်များနှင့်အတူ ထွက်ခွာသွားတော့သည်။

"ဒီနေ့ မင်း ကံအရမ်းကောင်းသွားတယ်လို့ မှတ်ထားလိုက်စမ်း"

ယုဝမ်ကျိုးသည် လုယွီကို အေးစက်တင်းမာစွာ တစ်ချက်ကြည့်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွားလေ၏။

လူများအားလုံးသည် တစ်စုံတစ်ခုကြောင့်ထိတ်လန့်ကြောက်ရွံ့နေပုံရကာ ရူးသွပ်လုဆဲဆဲအခြေအနေတွင်ရှိနေပြီး ဤနေရာ၌ ကြာရှည်မနေဝံ့ကြချေ။

"ဒီအမှောင်ထုရဲ့နောက်မှာ အရမ်းကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုကြီးတစ်ခု ရှိနေတယ်လို့ ငါ ခံစားမိတယ်"

ခွေးနက်ကြီး၏အမွှေးများ ထောင်ထသွားကာ သူသည် သိုလှောင်အိတ်အတွင်းသို့ အလျှင်အမြန်ဝင်လိုက်တော့သည်။

လူတိုင်းထွက်ခွာသွားချိန်တွင် အဝေးတစ်နေရာရှိ အမှောင်ထုအတွင်းမှနေ၍ သရဲတစ္ဆေများ၏ငိုညည်းသံများအလား ထူးဆန်းသောအသံများနှင့်အော်ဟစ်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

ထိုအချိန်မှာပင် လုယွီသည် အဝေးတစ်နေရာ၌ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်စုရှိနေသည်ကို တွေ့မြင်မိသည်။သူတို့အားလုံးသည် မြေအောက်နန်းတော်၏လှိုဏ်ဂူလမ်းကြောင်းရှိ အမှောင်ထုအတွင်းမှ တဟုန်ထိုးပြေးထွက်လာကြခြင်းဖြစ်သည်။

Chapter 4137

ထိုလူများသည် ဓားကျင့်ကြံသူများဖြစ်ကာ ဓါးပျံများကို စီးနင်းထားကြသည်။

သို့ရာတွင် သူတို့အနက်မှအများစုသည် ဒဏ်ရာအပြင်းအထန် ရရှိထားပေ၏။သူတို့၏ခန္ဓာကိုယ်များတွင် သွေးများစိုရွှဲနေကာ သူတို့၏အဖြူရောင်ဝတ်စုံသည် သွေးရောင်အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲနေလေပြီ။

ဤဓားကျင့်ကြံသူများသည် အလယ်တွင်ရှိသောအမျိုးသမီးတစ်ယောက်ကို ကာကွယ်ပေးနေကြသည်။

ထိုအမျိုးသမီးထံတွင် လှပချောမောသောမျက်နှာရှိကာ သူမ၏မျက်နှာသွင်ပြင်သည် ဓားတစ်ချောင်းကဲ့သို့ ထက်ရှပေ၏။သူမထံတွင် သူရဲကောင်းစိတ်ဆန္ဒတစ်ရပ်ရှိနေပုံရကာ ကျောက်စိမ်းကဲ့သို့ဖြူဖွေးသော သူမ၏မျက်နှာပေါ်တွင် သွေးစသွေးနများ စွန်းထင်းနေသည်။

သူမ၏ခန္ဓာကိုယ်ကို ခြုံလွှမ်းထားသော သားမွှေးဝတ်ရုံသည်လည်း သွေးများစိုရွှဲနေကာ သူမ၏နူးညံ့ပြီးသေးသွယ်သော ခြေထောက်ဖြင့် ဓားပျံကိုစီးနင်းထားလေ၏။သူမ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသော အမူအယာတစ်ရပ်ထင်ဟပ်နေသည်။

"ဟီး ဟီး ဟီး ဟီး ဟီး...."

သရဲတစ္ဆေများ၏ငိုညည်းသံအလား ထူးဆန်းသောအသံကြီးသည် သူမတို့၏နောက်မှ အဆက်မပြတ်ထွက်ပေါ်နေသည်။

ထိုအသံကိုကြားချိန်တွင် ဓားကျင့်ကြံသူများအနက်မှာတချို့သည် ချက်ချင်းနေမထိထိုင်မသာဖြစ်သွားကြ၏။

"သခင်မလေး ..ငါက အဲ့ဒီမွန်းစတားကောင်တွေကို ထိန်းထားလိုက်မယ်....မင်း အရင်ဆုံးသွားလိုက်တော့"

အမျိုးသမီး၏နံဘေးတွင်ရှိသော ဓားကျင့်ကြံသူအိုကြီးတယောက်သည် ရုတ်တရက် နောက်သို့ချာခနဲလှည့်ကာ ဆန့်ကျင်ဘက်လမ်းကြောင်းသို့ ပြေးဝင်သွားသည်။

ထိုဓားကျင့်ကြံသူအိုကြီး အဝေးသို့ ပျံသန်းမသွားနိုင်သေးမီမှာပင် သူ၏နောက်ရှိ သရဲတစ္ဆေများ၏ တိုက်ခိုက်ခြင်းကိုခံလိုက်ရသည်။

အမှောင်ထုအတွင်း၌ စူးရှကျယ်လောင်သောအသံများ ထွက်ပေါ်လာပြီး နတ်ဆိုးများ ကခုန်နေသည့်အလားပင်။ထောင်သောင်းချီသောလက်များ ရှေ့နောက်ယိမ်းနွဲ့နေကာ ဓားကျင့်ကြံသူအိုကြီးကို ချက်ချင်းဝါးမြိုလိုက်ကြ၏။

"အား...."

အမှောင်ထုအတွင်းမှနေ၍ ဓားကျင့်ကြံသူအိုကြီး၏ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများကို ကြားနေရသည်။

ထိုနောက်မှနေ၍ အလွန်အမင်းပြင်းထန်သောအရှိန်အဝါတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် သူသည် သူ၏အရှင်သခင်ကိုကာကွယ်ရန်အတွက် သူ့ကိုယ်သူဖောက်ခွဲရန် ရွေးချယ်လိုက်၏။

ဝုန်း.....

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ အလွန်အမင်းပြင်းထန်သော စွမ်းအားလှိုင်းများက မြေအောက်နန်းတော်၏လမ်းကြောင်းတလျှောက် ပျံ့နှံ့သွားသည်။

ထောင်သောင်းချီသောလက်​များ ချက်ချင်းပေါက်ကွဲသွားကာ အမှောင်ထုအတွင်း၌ ပုန်းအောင်းနေသော သရဲတစ္ဆေများအားလုံး အနည်းငယ်ဖိနှိပ်ခံလိုက်ရသည်။ထိုအမျိုးသမီးသည် အခြေအနေကိုအခွင့်ကောင်းယူ၍ တခြားဓားကျင့်ကြံသူတချို့နှင့်အတူ အလျှင်အမြန်ထွက်ပြေးသွားတော့သည်။

"ဝေ့မင်ထျန်း....ဒါဆိုရင် သူက ဒီနေရာကို ရောက်နေတာပါလား"

လုယွီသည် သားမွှေးဝတ်ရုံကို ခြုံလွမ်းထားသည့် မိန်းကလေးကို သိရှိပေ၏။

သူ တော်ဝင်မြို့တော်အတွင်း၌ရှိနေစဉ်တွင် ဝေ့မိသားစုသည် ကျန်းမိသားစုအား စိန်ခေါ်ခဲ့သည်။ထိုအချိန်တုန်းက လုယွီသည် ကျန်းမိသားစုကိုကူညီ၍ တိုက်ခိုက်ပေးခဲ့သည်။သူနှင့် ဝေ့မိသားစု၏အကြီးဆုံးသခင်မလေး ဝေ့မင်ထျန်းအကြားတွင် ပြောဆိုဆက်ဆံမှုတချို့ ရှိခဲ့လေ၏။

ကြည့်ရသည်မှာ ချန်အန်းမြို့ထွက်ပေါ်လာမှုသည် လူအမြောက်အများကို ဆွဲဆောင်နိုင်ခဲ့ပုံပင်။အဝေးတစ်နေရာတွင်ရှိသော တော်ဝင်မြို့တော်မှ ဝေ့မိသားစုဝင်များပင်လျှင် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

ကြည့်ရသည်မှာ ဝေ့မင်ထျန်းသည် အန္တရာယ်အကြားမှ လွတ်မြောက်တော့မည့်ပုံပင်။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် အမှောင်ထုအတွင်းမှနေ၍ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ရုတ်တရက် ပျံ့လွင့်လာကာ ဝေ့မင်ထျန်းကိုဦးတည်၍ ရိုက်နှက်လိုက်၏။

ဤရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး၏မျက်နှာပြင်ပေါ်တွင် အကန့်အသတ်မရှိသော ဗုဒ္ဓအလင်းရောင်များရှိနေကာ အလွန်အမင်းသန့်စင်ပြီး ကြင်နာသနားသောစိတ်ဆန္ဒတစ်ရပ် ထုတ်လွတ်ထားပုံပင်။ထိုလက်ဝါးပုံရိပ်ယောင်ကြီး လေထုအတွင်းသို့ ပျံ့လွင့်လာချိန်တွင် 'နမော အော်မီတောဖော'ဟူသော ကျမ်းစာသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

သို့ရာတွင် ဤလက်ဝါးပုံရိပ်ယောင်ကြီးသည် ထောင်သောင်းချီသော သရဲတစ္ဆေများအကြားမှ ထွက်ပေါ်လာခြင်းဖြစ်သည်။အရပ်မျက်နှာအဘက်ဘက်၌ ထွက်ပေါ်နေသော ယင်ချီများမှတဆင့် ဤလက်ဝါးပုံရိပ်ယောင်ကြီးကို နတ်ဆိုးအရှိန်အဝါများဖြင့် ပြည့်နှက်သွားစေသည်။

ဘန်း ...

ထိုလက်ဝါးပုံရိပ်ရောင်ကြီးကို ဓားကျင့်ကြံသူများ ဟန့်တားနိုင်ခြင်းမရှိချေ။

ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး၏ ရိုက်ခတ်ခံရသောသူများအားလုံး တစ်ယောက်ပြီးတစ်ယောက်ပေါက်ကွဲသွားကာ သွေးမြူများအဖြစ် ပြောင်းလဲသွားလေ၏။

ဓားကျင့်ကြံသူများသည် ကျင့်ကြံသူများအကြားတွင် အစွမ်းထက်ဆုံးလူများပင်။သို့ရာတွင် သူတို့၏အစွမ်းထက်မှုသည် အကန့်အသတ်ရှိပေ၏။အကြွင်းမဲ့စွမ်းအားဖြင့် ရင်ဆိုင်ရချိန်တွင် ဓားကျင့်ကြံသူများတတ်မြောက်ထားသော နည်းစနစ်များ အနည်းငယ်အားနည်းနေသည်။

"အခြေတည်စိတ်ဝိညာဥ်ဓားချီ...ငါ့ရဲ့စိတ်ကို ကာကွယ်ထားစမ်း"

ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး ကျရောက်လာသောမည့်အချိန်တွင် ဝေ့မင်ထျန်းသည် ရုတ်တရက် ဓားအဆောင်လက်ဖွဲ့တစ်ခုကိုထုတ်ယူကာ သူမ၏မှော်စမ်းအားများကို ထိုအရာအတွင်းသို့ ထည့်သွင်းလိုက်သည်။ထိုအဆောင်လက်ဖွဲ့သည် ချက်ချင်းလင်းလက်တောက်ပသွားပေ၏

ဤသည်မှာ ဝေ့မိသားစုမှနေ၍ သူမအား ပေးအပ်ထားသော အကာအကွယ်မှော်ရတနာပင်။

သာမန်အားဖြင့် ဝေ့မင်ထျန်းကဲ့သို့ မိသားစု၏အဓိကအဖွဲ့ဝင်များသည် သေရေးရှင်ရေးအချိန်အခိုက်အတန့်များတွင် အသုံးပြုရန်အတွက် အစွမ်းထက်သော အကာအကွယ်မှော်ရတနာများကို သူတို့နှင့်အတူ ယူဆောင်လာကြသည်။

လူငယ်မျိုးဆက်သစ်တစ်ယောက်သည် မိသားစုတစ်စု၏အဖိုးတန်ဆုံးရတနာပင်။အကယ်၍ သူတို့အနက်မှတစ်ယောက်ကို ဆုံးရှုံးလိုက်ရပါက အလွန်ကြီးမားသောဆုံးရှုံးမှုကြီး ဖြစ်သွားပေမည်။

ဝေ့မင်ထျန်း၏လက်အတွင်းရှိ အဆောင်လက်ဖွဲ့မှနေ၍ ကြီးကျယ်ခမ်းနားသော ဓားချီတလိုင်းပွင့်အံ့ထွက်လာကာ ဧရာမရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးထံသို့ တိုးဝင်သွားသည်။

ဤသည်မှာ ဓားရေအိုင်မြင့်မြတ်နယ်မြေ၏မြင့်မြတ်အရှင်မှနေ၍ သူ၏စွမ်းအားပြည့်တိုက်ခိုက်မှုတစ်ခုကို ချိတ်ပိတ်ကာ သူမကို ပေးအပ်ထားခြင်းပင်။

ဓားချီသည် လေဟာနယ်ကိုဖြတ်သန်းကာ အောက်သို့ကျရောက်လာတော့မည့် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးကို ဦးတည်၍ဖြတ်တောက်သွားသည်။

Chapter 4138

ဘုန်း....

အစွမ်းထက်သောတိုက်ခိုက်မှုနှစ်ခု ဖီလာဆန့်ကျင် ရိုက်ခတ်မိသွားသည်။

ဓားရေအိုင်မြင့်မြတ်နယ်မြေ၏မြင့်မြတ်အရှင်ကို သူ၏မျိုးဆက်တွင်လထူးချွန်သောပုဂ္ဂိုလ်တစ်ယောက်ဟု ခေါ်ဆိုနိုင်သည်။ဤဓားအဆောင်လက်ဖွဲ့အတွင်း၌ သူ ထည့်သွင်းထားသောစွမ်းအားသည် အလွန်အမင်းကြီးမားပေ၏။

မြေအောက်လမ်းကြောင်းအတွင်း၌ ကျယ်လောင်သောပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးနောက် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် ဓားချီ၏ဟန့်တားနှောက်ယှက်မှုဖြင့် တွေ့ဆုံလိုက်ရသောကြောင့် ရှေ့သို့ အနည်းငယ်မျှရွေ့လျားနိုင်ခြင်း မရှိတော့ချေ။

ဤမြင်ကွင်းကိုကြည့်ပြီးနောက် ဝေ့မင်ထျန်းက စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူမသည် နောက်သို့ချာခနဲလှည့်ထွက်လိုက်သောအချိန်မှာပင် လုယွီနှင့်တွေ့ဆုံမိလေ၏။

"နင် ဘာလို့ ဒီနေရာကိုရောက်နေတာလဲ"

ဝေ့မင်ထျန်း၏မျက်လုံးများ ပြူးကျယ်သွားသည်။ဤအချိန်အခိုက်အတန့်တွင် သူမ အံ့အားသင့်သွားသည်မှာ သိသာထင်ရှားသည်။

အတိတ်တွင် တော်ဝင်မြို့တော်အတွင်း၌ လုယွီသည် သူမအပေါ် နက်ရှိုင်းသောအတွေးများ ချန်ထားနိုင်ခဲ့သည်။သူမသည် သူ့အား မမြင်တွေ့ရသည်မှာ အချိန်အတော်ကြာမြင့်နေသည့်တိုင် အကြည့်တချက်ဖြင့် သူ့အား မှတ်မိနေဆဲပင်။

လုယွီသည် သူမထံသို့ တိုးဝင်လာသည့်အား မြင်တွေ့ချိန်၌ ဝေ့မင်ထျန်းက ကူကယ်ရာမဲ့စွာဖြင့် စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်သည်။

"သွားကြစို့....ငါတို့ရဲ့နောက်မှာ အန္တရာယ်တွေရှိနေတယ်"

ဤကောင်လေးသည် ရူးသွပ်နေသလော....

မည်သည်ကြောင့် စကားတစ်ခွန်းမျှ ပြောဆိုခြင်းမပြုဘဲ သူမ၏နောက်သို့ ပြေးဝင်သွားခဲ့သနည်း....

သို့ရာတွင် ဝေ့မင်ထျန်း၏စကား အဆုံးသတ်သွားသောအချိန်မှာပင် သူမ၏နောက်မှနေ၍ ထက်ရှသောလေလှိုင်းတစ်ရပ် တိုက်ခတ်လာသည်။

ဝေ့မင်ထျန်းသည် နောက်သို့ အလျှင်အမြန်လှည့်ကြည့်လိုက်၏ သူမ အလွန်အမင်းမှီခိုအားထားခဲ့သော ဓားအဆောင်လက်ဖွဲ့သည် စွမ်းအားများလျော့နည်းသွားကာ လေထုအတွင်း၌ ပျက်ပြယ်စပြုလာသည်ကို သူမ မြင်တွေ့လိုက်ရသည်။

ဓားရေအိုင်မြင့်မြတ်အရှင်၏ဓားအဆောင်လက်ဖွဲ့မှ ထုတ်လွှတ်ထားသောစွမ်းအားများသည် ဧရာမရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးကို ချိုးဖျက်နိုင်ခဲ့ခြင်းမရှိချေ။

ထို့နောက် ယင်ချီများအကြားမှနေ၍ သရဲတစ္ဆေဘုန်းတော်ကြီးတစ်ပါး ဖြည်းညှင်းစွာလျှောက်လှမ်းလာသည်။

ထိုသရဲတစ္ဆေဘုန်းတော်ကြီး၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ယင်ချီများဝိုင်းရံနေကာ သူ့ကိုကြည့်ရသည်မှာ အရိုးစုတစ်စုနှင့် တူညီနေသည်။သူ၏အနက်ရောင်မျက်လုံးအိမ်များအတွင်း၌ အနက်ရောင်မီးတောက်များလောင်ကျွမ်းနေပုံရသည်။

ဤသည်မှာ ယခင်က လုယွီနှင့်ဆုံတွေ့ခဲ့ရသော သရဲတစ္ဆေဘုန်းတော်ကြီးရွှမ်ကျန်းပင်။

သူတို့မြင်တွေ့ခဲ့ရသော မရေမတွက်နိုင်သည့် သရဲတစ္ဆေလက်များသည် အမှန်အားဖြင့် သရဲတစ္ဆေဘုန်းတော်ကြီး၏နောက်ရှိ အလင်းဘီးကြီးမှ ထွက်ပေါ်လာခြင်းဖြစ်ပေ၏။

သရဲတစ္ဆေဘုန်းတော်ကြီး၏နံဘေးပတ်လည်တွင် ရွှေရောင်သင်္ကေတများ ထွက်ပေါ်လာကာ သူ့အား ဝိုင်းရံလှည့်ပတ်နေသည် ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများကလည်း အရပ်မျက်နှာအဘက်ဘက်၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်ကို ကြားနေရသည်။

ဗုဒ္ဓဂိုဏ်း၏ သနားညှာတာမှုဖြင့် ပြည့်ဝပုံရသောကျင့်ကြံနည်းစနစ်များကို ဤကဲ့သို့ လူသားမဟုတ်သော သရဲတစ္ဆေသက်ရှိတစ်ကောင်မှ ရွတ်ဆိုနေခြင်းဖြစ်သည်။အရပ်မျက်နှာအဘက်ဘက်မှ အဆက်မပြတ်ထွက်ပေါ်နေသော ယင်ချီများနှင့် ပေါင်းစည်းလိုက်ချိန်၌ သရဲတစ္ဆေဘုန်းတော်ကြီး၏အရှိန်အဝါ ပို၍အားကောင်းစပြုလာသည်။

ထိုသရဲတစ္ဆေဘုန်းတော်ကြီးသည် ဖြူ​ဖျော့နေသောလက်ဝါးဖြင့် သူ၏ရှေ့ရှိဓားချီကို ဖမ်းဆုပ်လိုက်သည်။

ခရက်...

အက်ကွဲသံတသံက ပဲ့တင်ထပ်ပျံ့နှံ့သွားလေ၏။

အထွတ်အမြတ်ဓားချီသည် သရဲတစ္ဆေဘုန်းတော်ကြီး၏လက်အတွင်း၌ ကစားစရာတစ်ခုအလား လွယ်လင့်တကူ ကျိုးပဲ့ပျက်စီးသွားသည်။

အလွန်အမင်းအဖိုးတန်ရှားပါးသော ဓားအဆောင်လက်ဖွဲ့သည် နောက်ဆုံးလက်ကျန်စွမ်းအား ဆုံးရှုံးသွားကာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"မကောင်းတော့ဘူး"

ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ဝေ့မင်ထျန်းသည် သူမ၏ဦးရေပြား ထုံကျင်လာသည်ကို ခံစားမိလေ၏။

ဤသည်မှာ သူမ၏အဖိုးမှနေ၍ သူမအတွက်ချန်ထားခဲ့သော အစွမ်းထက်ဆုံးဓားအဆောင်လက်ဖွဲ့ပင်။

သို့ရာတွင် ဤသရဲတစ္ဆေဘုန်းတော်ကြီး၏လက်အတွင်းနှင့် ထိုအရာသည် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့်ပင် တောင့်ခံနိုင်ခဲ့ခြင်းမရှိချေ။

ဝေ့မင်ထျန်းနှင့်အတူ လိုက်ပါလာခဲ့သော ဝေ့မိသားစုမှ ဓားကျင့်ကြံသူများအားလုံးသည်လည်း ထွက်ပြေးလာရာလမ်းတစ်လျှောက်၌ သေဆုံးသွားကြလေပြီ။အဆုံးသတ်၌ သူမတစ်ယောက်တည်းသာ ကျန်ရှိတော့သည်။

"သရဲတစ္ဆေကောင်....နင်က နက်နဲသိမ်မွေ့သံမဏီဓားကို အနိုင်ယူနိုင်မယ်လို့ ငါ မထင်ဘူး"

ဝေ့မင်ထျန်းက သူမ၏နှုတ်ခမ်းကိုကိုက်ကာ ပြောဆိုပြီးနောက် သူမ၏လက်အတွင်း၌ ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။

သူမသည် ဓားရေအိုင်မြင့်မြတ်နယ်မြေ၏ အနာဂတ်ဆက်ခံသူပင်။အကယ်၍ သူမသည် အစွမ်းထက်သောရန်သူနှင့် ရင်ဆိုင်ရလျှင်ပင် သေဆုံးရမည်ကို ထိုင်စောင့်နေမည်မဟုတ်ချေ။

"ဓားအင်မော်တယ်သုံးထောင်....သတ်ဖြတ်စမ်း"

ဝေ့မင်ထျန်းသည် သူမ၏လက်ချောင်းများကိုလှုပ်ခတ်လိုက်ရာ သူမ၏လက်အတွင်းရှိ ဓားရှည်ပေါ်၌ ဓားပန်းပွင့်တစ်ပွင့် ထွက်ပေါ်လာသည်။ထို့နောက် ထောင်နှင့်ချီသောဓားချီများ အရပ်မျက်နှာအဘက်ဘက်သို့ ပျံလွင့်သွားကာ လေထုအတွင်း၌ ဓားအင်မော်တယ်များ၏ပုံရိပ်ယောင်များအဖြစ်သို့ ဖွဲ့စည်းသွားသည်။

ဤသည်မှာ ဓားရေအိုင်မြင့်မြတ်နယ်မြေ၏ ဓားအင်မော်တယ်သုံးထောင်ပင်။

သူတို့အနက်မှတစ်ယောက်ချင်းစီသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ မြင့်မားသောအဆင့်တွင်ရှိသော ဓားကျင့်ကြံသူတစ်ယောက်ပင်။

ဝေ့မင်ထျန်းသည် ဓားအင်မော်တယ်သုံးထောင်ကို ဆင့်ခေါ်၍ လူသားပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲလိုက်သည်။ထိုပုံရိပ်ယောင်များသည် ကွဲပြားခြားနားသော ဓားနည်းစနစ်များကို အသုံးပြုကာ သရဲတစ္ဆေဘုန်းတော်ကြီးကို အရပ်မျက်နှာအဘက်ဘက်မှ တိုက်ခိုက်လိုက်ကြ၏။

Chapter 4139

ဟူး....

သရဲတစ္ဆေဘုန်းတော်ကြီးသည် သူ၏နှာခေါင်းပေါက်မှနေ၍ ရှည်လျားသောအနက်ရောင်အခိုးအငွေ့များကို မှုတ်ထုတ်လိုက်သည်။

ထိုသရဲတစ္ဆေဘုန်းတော်ကြီးထံတွင် အရိုးစုတစ်စု၏ပုံပန်းသွင်ပြင်မျိုး ရှိနေသော်လည်းသူ့၏နဖူးပေါ်၌ ထင်ရှားသောဗုဒ္ဓအမှတ်အသားတစ်ခုရှိနေလေ၏။သူ၏အရိုးများကို ထူထပ်သိပ်သည်းသောယင်ချီများ ရစ်သိုင်းလွှမ်းခြုံနေသော်လည်း ထိုဗုဒ္ဓအမှတ်အသားမှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်နေဆဲပင်။

ထိုသရဲတစ္ဆေဘုန်းတော်ကြီးသည် သူ၏လက်ချောင်းများဖြင့် ကျမ်းစာရွတ်ဆိုသည့်လက်ဟန်သင်္ကေတများ ပြုလုပ်ကာ လက်စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

သူ၏လက်ဝဲဘက်မှလက်ချောင်းများကို မုဒြာတစ်ခုပုံစံဖွဲ့စည်း၍ သူ၏လက်ယာဘက်လက်ဝါးပေါ်တင်ကာ သူ၏ရင်ဘတ်ရှေ့၌ ကပ်ထားလေ၏။

ဤသည်မှာ မဟာကျောက်တုံးအသိဉာဏ်ပညာစည်းတံဆိပ်ပင်။

အသိဉာဏ်ပညာကို စွမ်းအားအဖြစ်အသုံးပြုကာ လက်သီးတစ်ခုအသွင်သို့ပြောင်းလဲပြီး အထွတ်အမြတ် အသိဉာဏ်ပညာများမှနေ၍ အလွန်အမင်း အစွမ်းထက်သောအားလှိုင်းကို ဆင့်ကဲပေါက်ဖွားစေသည်။

သရဲတစ္ဆေဘုန်းတော်ကြီး၏ နံဘေးပတ်လည်တွင်ရှိနေသော ဗုဒ္ဓသင်္ကေတများ ပို၍ပို၍တောက်ပလာသည်။ထိုသင်္ကေတတစ်ခုဆီမှနေ၍ နက်နဲသိမ်မွေ့သော အဓိပ္ပာယ်တစ်ရပ်ကို ထုတ်လွှတ်ထားသည်။ဤသည်မှာ ရွှမ်ကျန်းဘုန်းတော်ကြီး အသက်ရှင်သန်စဉ်က ပိုင်ဆိုင်ခဲ့သော အထွတ်အမြတ် အသိဉာဏ်ပညာများပင်။

ရွမ်ကျန်း အသက်ရှင်သန်နေစဉ်အချိန်၌ သူသည် အလွန်မြင့်မြတ်သော ဘုန်းတော်ကြီးတစ်ပါးပင်။

သူ သေဆုံးသွားပြီးနောက် သူ၏ခန္ဓာကိုယ်ကို အကန့်အသတ်မရှိသော ယင်ချီများက ထိန်းချုပ်ထားခဲ့သည်။သို့ရာတွင် သူ၏မသိစိတ်မှနေ၍ ထုတ်ဖော်အသုံးပြုနေသော မှော်မန္တန်များသည် အမှန်တရားနားထောင်သူသားရဲကဲ့သို့ ယင်နတ်ဆိုးသက်ရှိများထက်ကျော်လွန်ကာ အလွန်အမင်းအစွမ်းထက်ပြီး အပြောင်းအလဲများသည်။

ဘုန်း....

မြေအောက်နန်းတော်လမ်းကြောင်းအတွင်းတွင် ပေါက်ကွဲသံများ ဆက်တိုက်မြည်ဟီးသွားသည်။

ဤသည်မှာ ခြင်္သေ့တစ်ကောင် ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သဖြင့် လေထုအတွင်း၌ ပေါက်ကွဲသံများ ထွက်ပေါ်လာသည့်အလားပင်။ ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသော ဗုဒ္ဓလက်ဝါးပုံရိပ်ယောင်ကြီးသည် ဓားအင်မော်တယ်သုံးထောင်ကို ချက်ချင်းကြေမွှပျက်စီးသွားစေသည်။

ဝေ့မိသားစု၏သခင်မလေးဖြစ်ကာ ဓားရေအိုင်မြင့်မြတ်နယ်မြေ အနာဂတ်ဆက်ခံသူအဖြစ် လေ့ကျင့်သင်ကြားပေးခြင်းခံရသော ဝေ့မင်ထျန်းသည် သူမ၏ရန်သူထံမှ လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုတည်းဖြင့် ပိတ်ဆို့ဟန့်တားခြင်း ခံလိုက်ရသည်။

ဤသည်မှာ သရဲတစ္ဆေဘုန်းတော်ကြီးရွှမ်ကျန်းသည် သူ သေဆုံးသွားပြီးနောက် မသိစိတ်မှအနေ၍ ထုတ်ဖော်အသုံးပြုလိုက်သော နည်းစနစ်တစ်ခုသာဖြစ်သည်။

သရဲတစ္ဆေဘုန်းတော်ကြီးရွှမ်ကျန်း၏ အထွတ်အထိပ်အခြေအနေ၌ မည်မျှထိသန်မာအားကောင်းနေမည်ကို မည်သူ​မျှ မသိနိုင်​ချေ။

"ဒါက အဆုံးသတ်သွားပြီ...ငါ ဒီနေရာမှာ သေရတော့မယ်"

ဝေ့မင်ထျန်း၏ခန္ဓာကိုယ် ရေခဲတမျှအေးစက်နေကာ သူမ၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံ့သော အရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာသည်။

မည်ကဲ့သို့ လူစားမျိုးဖြစ်နေပါစေ သေရေးရှင်ရေးနှင့်ရင်ဆိုင်ရချိန်၌ တည်ငြိမ်စွာနေနိုင်သူဟူ၍ လူနည်းစုသာရှိသည်။

"ထန်အင်ပါယာရဲ့ နံပါတ်တစ်ဗုဒ္ဓကျင့်ကြံသူလို့ မပြောရဘူး....သူက အရမ်းအစွမ်းထက်တယ်"

လုယွီ၏မျက်လုံးအတွင်း၌ အလင်းတန်းတတန်း ဖြတ်ပြေးသွားသည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင် လုယွီသည် ဝေ့မင်ထျန်း၏ရှေ့သို့ ရောက်ရှိသွားပေ၏။

လုယွီသည် သူမရှေ့သို့ တိုးဝင်လာသည့်ကိုမြင်တွေ့ချိန်၌ ဝေ့မင်ထျန်းက ကြက်သေသေသွားသည်။သို့ရာတွင် တစ်ချိန်တည်းမှာပင် သူမ၏စိတ်အတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ ထွက်ပေါ်လာသည်။

"သတိထား"

ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သရဲတစ္ဆေဘုန်းတော်ကြီး၏လက်ဝါးပုံရိပ်ယောင်ကြီးသည် လုယွီ၏ရှေ့သို့ ရောက်ရှိလာပေ၏။

ဗုဒ္ဓလက်ဝါးပုံရိပ်ယောင်ကြီးနှင့်အတူ လေပြင်းတစ်ရပ် ရောယှက်နေပြီး လေတိုးသံများကိုကြားနေရသည်။ထိုအသံများသည် ခြင်္သေ့တစ်ကောင်၏ဟိန်းဟောက်သံ ရောယှက်နေသည့်အလား အလွန်အမင်းကျယ်လောင်သည်။

ဤတိုက်ခိုက်မှုကို လုယွီက ထိပ်တိုက်ရင်ဆိုင်လိုက်၏။

လုယွီ၏လက်မှနေ၍ အထွတ်အမြတ်ရွှေရောင်အလင်းတန်းတစ်တန်း ပွင့်အံ့ထွက်လာသည်။ သူ၏လက်ဝါးမှနေ၍ အစွမ်းထက်သောအားလှိုင်းတစ်ရပ် တလိမ့်လိမ့်ထွက်လာကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

လုယွီ၏လက်ဝါးမှနေ၍ ကျားဟိန်းသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားနေရသည်။ဤသည်မှာ အလွန်အမင်း ကျယ်လောင်ပေ၏။ရွှယ်အင်မော်တယ်တစ်ယောက်၏စွမ်းအားနှင့် သိုင်းပညာသူတော်စင်တစ်ယောက်၏ခွန်အားကို ရောယှက်အသုံးပြုကာ သူ၏လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်ခြင်းပင်။

ဤလက်ဝါးရိုက်ချက်ကို ဟန့်တား၍မရနိုင်​ချေ။

လုယွီနှင့်သရဲတစ္ဆေဘုန်းတော်ကြီးတို့၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော တိုက်ခိုက်မှုများသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေလေပြီ။

မြေအောက်နန်းတော်၏ ကျဥ်းမြောင်းသောလမ်းကြောင်းအတွင်းတွင် ကျားဟိန်းသံတစ်သံနှင့်ခြံင်္သေ့ဟိန်းသံတစ်သံ ဆုံတွေ့မိသည်။

ဝုန်း.....

အစွမ်းထက်သောလေလှိုင်းတရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ဝေ့မင်ထျန်းသည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပြီးမှသာ သူမကိုယ်သူမ ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်ခဲ့သည်။

သူမသည် သူမ၏မျက်လုံးကိုဖွင့်၍ ရှေ့ရှိမြင်ကွင်းကို ကြည့်လိုက်သည်။ရုတ်တရက်သူမသည် မယုံကြည်နိုင်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား သူမ၏စိတ်နှလုံးသား တုန်ရီသွားသည်။

လုယွီ၏လက်ဝါးရိုက်ချက်မှ စွမ်းအားအောက်တွင် သရဲတစ္ဆေဘုန်းတော်ကြီး၏ဗုဒ္ဓလက်ဝါးပုံရိပ်ယောင်ကြီး လုံးလုံးလျားလျားပျက်ပြယ်သွားခဲ့သည်။

ယခင်က သူမတို့၏နောက်သို့ လိုက်လံဖမ်းဆီးနေခဲ့သော သရဲတစ္ဆေဘုန်းတော်ကြီးသည် နောက်သို့မီတာရာနှင့်ချီ အကွာအဝေးထိ လွင့်ထွက်သွားကာ မြေပြင်ပေါ်၌ ကြီးမားသောစွတ်ကြောင်းရာကြီးနှစ်ရာ ကျန်ရစ်ခဲ့သည်။မြေအောက်နန်းတော်၏ မာကျောသောကြမ်းခင်းများပင်လျှင် ကွဲအက်သွားလေ၏။

ဓားရေအိုင်မြင့်မြတ်အရှင်၏ ဓားချီပင်လျှင် ဤကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်ချေ။

သို့ရာတွင် လုယွီ၏လက်ဝါးရိုက်ချက်သည် ဤမျှအဆင့်ထိ ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းနေပေ၏။

"နင်က ဘယ်လိုလုပ်ပြီးတော့...."

ဝေ့မင်ထျန်းက တီတိုးရေရွတ်လိုက်ကာ သူမ၏စိတ်နှလုံးသားတစ်ခုလုံး ဗလာဟင်းလင်းဖြစ်နေလေပြီ။

Chapter 4140

လုယွီသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း နှောင်းပိုင်းမျိုးဆက်မှ ရွှယ်အင်မော်တယ်များနှင့် မတူညီချေ။

ရှေးဟောင်းအလယ်ခေတ်အတွင်းမှ ဖရိုဖရဲစစ်ပွဲများအတွင်းတွင် အမွေအနှစ်များစွာ ပြတ်တောက်သွားခဲ့သည်။ထို့ကြောင့် အနာဂတ်မျိုးဆက်အတွင်းရှိ ကျင့်ကြံနည်းစနစ်များမှ အများစုသည် တာအိုကျမ်းစာအတွင်းမှအင်မော်တယ်များ၏ဖော်ပြချက်များအပေါ် အခြေခံထားခြင်းဖြစ်သည်။

ရွှယ်အင်မော်တယ်၏အဓိပ္ပာယ်မှာ 'အစစ်အမှန်ပုဂ္ဂိုလ်'ဖြစ်ပြီး တာအိုကိုအောင်မြင်ပြီးမြောက်ပြီးနောက် အင်မော်တယ်တစ်ယောက် ဖြစ်လာသောသဘောကိုဆောင်သည်။

ဤသည်မှာ ထိုအင်မော်တယ်၏မှော်စွမ်းအားများ မိုးထိရောက်ရှိလုမတတ် မြင့်မားနေခြင်းကြောင့်မဟုတ်ချေ။အစစ်အမှန်အင်မော်တယ်တယောက်သည် မဟာတာအိုအပေါ် နားလည်သဘောပေါက်ကာ ဥပဒေသများကို အသုံးချနိုင်သည်။

ယခုခေတ်ကာလအတွင်းရှိ ရွှယ်အင်မော်တယ်များသည် နက်နဲသိမ်မွေ့သော မှော်စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။သို့ရာတွင် သူတို့သည် ဥပဒေသများအပေါ် လေ့လာဆင်ခြင်ရာ၌ နားလည်သဘောပေါက်မှု ကင်းမဲ့နေသည်။သူတို့သည် ထိုဥပဒေသများအပေါ် အကြမ်းဖျင်းသာ နားလည်သဘောပေါက်နိုင်သည်။သူတို့သည် နယ်မြေသခင်အဆင့်သို့ ရောက်ရှိမှသာ တာအိုကို အောင်မြင်ပြီးမြောက်နိုင်ပေမည်။

ထို့ကြောင့် သူတို့သည် အတုအယောင်အင်မော်တယ်များသာဖြစ်ပြီး လုယွီကဲ့သို့ အစစ်အမှန် အင်မော်တယ်မဟုတ်ချေ။

လုယွီသည် ယခုခေတ်ကာလမှ ကျင့်ကြံသူများနှင့် ကွဲပြားခြားနားသောလမ်းကြောင်းကို လျှောက်လှမ်းနေခဲ့သည်။သူ လျှောက်လှမ်းသည်မှာ ရှေးဟောင်းအစစ်အမှန် တာအိုလမ်းကြောင်းပင်။

ဤအချက်ကို လုယွီ လောကီအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ခဲ့သည့်အချိန်မှစတင်၍ မြင်တွေ့နိုင်သည်။အခြေခံအားဖြင့် ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းတွင် သူ့အားယှဉ်ပြိုင်နိုင်သည့်သူ မရှိသည့်အပြင် သူသည် ကျင့်ကြံဆင့်နယ်ပယ်ကျော်လွန်၍ပင် တိုက်ခိုက်နိုင်သည်။

အစစ်အမှန်အင်မော်တယ်တစ်ယောက်သည် အတုအယောင်အင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရသောအချိန်တွင် အရင်းအမြစ်နေရာမှလာသော ဖိနှိပ်ချုပ်ကိုင်မှုစွမ်းအားတစ်ရပ်ရှိနေသည်။

ယခုအချိန်၌ လုယွီသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း ခွန်အားအရဆိုပါက နယ်မြေသခင်နယ်ပယ် တတိယအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် လက်ရည်တူယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။

သရဲတစ္ဆေဘုန်းတော်ကြီးကို လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် လွင့်ထွက်စေပြီးနောက် လုယွီသည် သူ၏ခန္ဓာကိုယ်အနှံ့ သက်တောင့်သက်သာရှိလာသည်ကို ခံစားမိသည်။ဤသည်မှာ သူသည် အစွမ်းထက်သောရန်သူတစ်ယောက်ကို အနိုင်ယူနိုင်သည့်ခံစားချက်မျိုးပင်။

အတွေးတချက်နှင့်အတူ မဟာတာအိုအပေါ် သူ၏နားလည်သဘောပေါက်မှုသည် တခြားအဆင့်တစ်ခုသို့ မြင့်တက်သွားပေ၏။

သရဲတစ္ဆေဘုန်းတော်ကြီး၏မျက်လုံးအတွင်း၌ စူးရှသောအလင်းတန်းများ တဖန်ပြန်၍တောက်ပလာသည်။ကြည့်ရသည်မှာ သူ ဒေါသထွက်သွားသည့်အလားပင်။သူ၏နံဘေးပတ်ဝန်းကျင်၌ ထောင်နှင့်ချီသောလက်များ ထွက်ပေါ်လာသည်။ထိုလက်တစ်ချောင်းစီသည်သည် လက်စည်းသင်္ကေတများကို ဖွဲ့စည်းကာ ကွမ်ယင်မယ်တော်၏လက်ပေါင်းတစ်ထောင် ထွက်ပေါ်လာသည့်အလားပင်။

သို့ရာတွင် ထိုလက်များသည် အဖြူရောင်အရိုးစုများသာ ဖြစ်ပေ၏။ပတ်ဝန်းကျင်ရှိ ယင်ချီများနှင့် ပေါင်းစပ်လိုက်ချိန်၌ ထိုလက်များထံတွင် မည်သည့်သနားညှာတာမှုအရိပ်အယောင်မျှ မရှိတော့ချေ။ထိုအစား သရဲတစ္ဆေလက်များထံတွင် အေးစက်ပြီး ထူထပ်သိပ်သည်းသောယင်ချီများဖြင့် ပြည့်နှက်နေသည်။

သရဲတစ္ဆေဘုန်းတော်ကြီးသည် သူ၏လက်ဖြင့် တခြားလက်စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ရွှေရောင်အလင်းတန်းတစ်တန်း ဖျတ်ခနဲတောက်ပသွားခြင်းနှင့်အတူ သူ၏လက်မှ ခြင်္သေ့လက်စည်းတံဆိပ်တစ်ခု ပျံ့လွင့်လာကာ လုယွီထံဦးတည်၍ ရိုက်ခတ်လိုက်သည်။

"ရှေးဟောင်းခေတ်ကာလတုန်းက ဘုန်းတော်ကြီးရှန်ကျွန်းက သူ့ရဲ့မျိုးဆက်မှာ ထိပ်သီးကျင့်ကြံသူတစ်ယောက်လို့ ခေါ်ဆိုခံရဖို့ ထိုက်တန်တယ်....ဒါပေမဲ့ မင်း သေသွားတာ နှစ်တွေအများကြီးကြာညောင်းနေပြီ...အခုကျန်ခဲ့တာက မင်းရဲ့အရိုးစုသက်သက်ပဲ..မင်းက ယင်ချီတွေရဲ့လွှမ်းမိုးတာကို ခံရတာကြောင့် လူသားမဟုတ်သရဲတစ္ဆေမဟုတ်တဲ့ မွန်းစတားတစ်ကောင်ဖြစ်နေပြီ...ဒီနေ့ မင်း လွတ်မြောက်နိုင်အောင် ငါ ကူညီပေးမယ်"

ခြင်္သေ့လက်စည်းတံဆိပ်ကြီး ထွက်ပေါ်လာချိန်တွင် လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ အထွတ်အထိပ်အဆင့်ထိ မြင့်တက်သွားသည်။

ဧကရာဇ်တစ်ပါး၏ဒေါသသည် မိုင်ထောင်နှင့်ချီဝေးကွာသောနေရာထိ စစ်သားများအားလုံး၏သွေးများကို ဆူပွက်စေသည်။ရွှယ်အင်မော်တယ်တစ်ယောက်၏ဒေါသသည် မိုးနှင့်မြေကို တုန်ခါစေပေ၏။

အတိတ်ဘဝတွင် လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိခဲ့ချိန်၌ ဤကဲ့သို့ ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ခဲ့ခြင်းမရှိပေ။

လုယွီသည် တစ်စုံတစ်ယောက် သို့မဟုတ် အင်အားစုတစ်စုကို ကြောက်ရွံ့ခြင်းမရှိချေ။ အကယ်၍ သူ့အား ဟန့်တားသည့် တစ်စုံတစ်ယောက်ရှိလာပါက သူသည် ထိုလူကိုအစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ပေမည်။အကယ်၍ သူသည် ဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်တိုက်ခိုက်ရလျှင်ပင် ထိုဧကရာဇ်ကို ဖယ်ရှားဝံ့သောသတ္တိမျိုး သူ့ထံတွင် ရှိနေသည်။

ရုတ်ချည်းဆိုသလိုပင် နားလည်သဘောပေါက်မှုအရိပ်အယောင်တစ်ရပ်က လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

ရွှယ်အင်မော်တယ်တစ်ယောက်သည် လေ့လာဆင်ခြင်ရန်အတွက် အတွေးတချက်သာလိုအပ်သည်။

လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။ယခင်က ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများနှင့် ရင်ဆိုင်ရသောအချိန်၌ပင် သူ၏ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားနိုင်ခဲ့ကာ လျှပ်စီးမိုးကြိုးပင်လယ်ကြီးကိုဆုတ်ဖြဲပြီး တာအိုအင်မော်တယ်တစ်ယောက်အဖြစ်သို့ တက်လှမ်းနိုင်ခဲ့သည်။

သူသည် အထွတ်အမြတ် တာအိုအင်မော်တယ်တစ်ယောက်ဖြစ်သဖြင့် အကြောက်အလန့်ကင်းမဲ့သည်။

အင်မော်တယ်များသည် ပြိုင်ဘက်ကင်းဖြစ်ရန်ကို အာရုံမစူးစိုက်ကြချေ။တစ်ခုသိထားရသည်မှာ လူတစ်ယောက်ထက် ပို၍အစွမ်းထက်သော တခြားတစ်စုံတစ်ယောက် အစဉ်အမြဲရှိနေသည်။သို့ရာတွင် ထိုလူများသည် သူတို့၏စိတ်နှလုံးသားအတွင်းမှ မကောင်းသောစိတ်ဆန္ဒများကို တိုက်ခိုက်နိုင်စွမ်းရှိရပေမည်။အကယ်၍ သူတို့သည် ပို၍သန်မာအားကောင်းသော တစ်စုံတစ်ယောက်နှင့် ရပ်ဆိုင်ရလျှင်ပင် အနိုင်ယူနိုင်မည်ဟူသော စိတ်ဆန္ဒမျိုး သူတို့ထံ၌ ရှိနေရပေမည်။

လုယွီ၏နံဘေးပတ်ဝန်းကျင်၌ တောက်ပသော လျှပ်စီးမိုးကြိုးအလင်းတန်းများ ထွက်ပေါ်လာသည်။

လုယွီသည် သူ၏လက်ဝါးကို လက်သည်းတစ်ခုအသွင်သို့ ပြောင်းလဲလိုက်၏။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ မှော်စွမ်းအားများ အရူးအမူးလှည့်ပတ်စီးဆင်းနေသည်။သူ၏ခန္ဓာကိုယ်သည် တိမ်စိုင်များကိုဆုတ်ဖြဲနေသော အသူရာနဂါးတစ်ကောင်အလားပင်။

ထိုနောက် လုယွီသည် ခြေတစ်လှမ်းရှေ့တက်ကာ သူ့၏လက်သည်းဖြင့် သရဲတစ္ဆေဘုန်းတော်ကြီးကို ဖိနှိပ်လိုက်သည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ် အသူရာနဂါး မိုးကောင်းကင်ကိုဆုတ်ဖြဲခြင်း....

လေဟာနယ်အတွင်းမှနေ၍ ကြီးမားသောနဂါးလက်သည်းကြီးတစ်ခု ဆန့်ထွက်လာကာ ထိုအရာတွင် ရှေးဟောင်းအရှိန်အဝါများ ကပ်ငြိနေသည်။

ထိုနဂါးလက်သည်းကြီးသည် အောက်သို့ကျရောက်သွားကာ ခြင်္သေ့လက်စည်းတံဆိပ်ကို ဖျက်ဆီးလိုက်၏။တချိန်တည်းမှာပင် နဂါးလက်သည်းသည် မြေပြင်ပေါ်ရှိ သရဲတစ္ဆေဘုန်းတော်ကြီးကိုရိုက်နှက်ကာ အရိုးများအားလုံးကျိုးပဲ့ပြီး အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားစေသည်။

ဝေါင်း.....

ကျယ်လောင်သောနဂါးဟိန်းသံတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ထိုအရာတွင် နှိုင်းယှဉ်ပြစရာမရှိသည်အထိ ထူထပ်သိပ်သည်းကာ သန့်စင်သော ယန်ချီအရှိန်အဝါများ ပါဝင်နေသည်။ဤသည်မှာ မီးတောင်တစ်တောင် ပေါက်ကွဲသည့်အလား အလွန်အမင်းကျယ်လောင်ပေ၏။

"အား...."

ဝေ့မင်ထျန်းသည် လုယွီ၏နောက်၌ မတ်တတ်ရပ်နေကာ သူ၏မျက်နှာကို တိုက်ရိုက်မြင်တွေ့ရခြင်းမရှိသော်လည်း သူမ၏စိတ် ဗလာဟင်းလင်းဖြစ်နေသည်။ထို့နောက် သူမ၏ခြေထောက်များ ​ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ထိုနဂါးဟိန်းသံသည် အလွန်အမင်းကျယ်လောင်သဖြင့် ဝေမင်ထျန်းသည် အမှန်တကယ်ကို ထိတ်လန့်ကြောက်ရွံနေမိသည်။သူမ၏နူးညံသေးသွယ်သောခန္ဓာကိုယ်သည်လည်း ကူကယ်ရာမဲ့စွာဖြင့် တုန်ရီနေပေ၏။ထိုနောက်သူမ၏ပေါင်ကြားမှနေ၍ သေးငယ်သောရေစီးကြောင်းတစ်ခု စီးကျလာတော့သည်။

All Chapters