အခန်း (၄၁၄၁-၄၁၄၅)
Vol. 210 Ch. 4141-4145
Chapter 4141
အစောပိုင်းက လုယွီ အသုံးပြုလိုက်သောလက်သည်းသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပေ၏။ထိုအရာတွင် ခြစ်ခြစ်တောက်ပူပြင်းသော ယန်စွမ်းအားများ ရောယှက်နေကာ မြေအောက်နန်းတော်တခွင်လုံးကို ပြည့်နှက်သွားစေသည်။
ဤတိုက်ခိုက်မှုသည် အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့်အပြင် ကောင်းကင်ဘုံမိုးကြိုးများ၏ စွမ်းအားမြှင့်တင်မှုလည်း ရောယှက်နေသည်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။ထိုနဂါးဟိန်းသံတွင် လျှပ်စီးမိုးကြိုးသံများ ရောယှက်နေသည်။ထိုနဂါးဟိန်းသံ ကျရောက်သွားသောအချိန်တွင် ကျင့်ကြံဆင့်အားနည်းသူတစ်ယောက်၏ စိတ်ဝိညာဥ်ကို ခြေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။
"အခု မင်းရဲ့လမ်းကြောင်းကို ကောင်းကောင်းမွန်မွန် သွားလို့ရပြီ"
လုယွီက မြေပြင်ပေါ်၌ ပြန့်ကျဲနေသော အရိုးအစအနာများကိုကြည့်ကာ သူ၏ချီစွမ်းအားများကို ပြန်လည်ရုပ်သိမ်းလိုက်၏။
ပြောရမည်ဆိုလျှင် သူသည် သေမျိုးလောကအတွင်းသို့ ဆင်းသက်လာသော စစ်နတ်ဘုရားတစ်ပါးအလားပင်။ယခုအချိန်၌ လုယွီသည် သူ၏စွမ်းအားများကို ရုတ်သိမ်းလိုက်သဖြင့် နူးညံ့သိမ်မွေ့သော ကျောင်းတော်သားတစ်ယောက်အသွင်သို့ ပြန်လည်ရောက်ရှိသွားသည်။ သူ့၏မျက်လုံးများအတွင်း၌ ဒေါသအရိပ်အယောင်များ ရှိနေဆဲဖြစ်သော်လည်း မည်သည့်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမျှ ရှိမနေချေ။
ယခင်က သရဲတစ္ဆေဘုန်းတော်ကြီးသည် လုယွီကို မရှုမလှအခြေအနေသို့ရောက်အောင် တိုက်ခိုက်နိုင်ခဲ့သည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ သူသည် လုယွီ၏တိုက်ခိုက်မှုကို အချိန်တခဏခန့်ပင် တောင့်ခံနိုင်ခဲ့ခြင်းမရှိချေ။
"နင် နောက်ကိုလှည့်မကြည့်နဲ့အုံး"
ထိုအချိန်မှာပင် ခြင်တစ်ကောင်၏အသံကဲ့သို့ တိုးညှင်းသောအသံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
လုယွီသည် မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်သို့ပြန်လှည့်ကြည့်ခြင်း မပြုချေ။ထိုအစား သူသည် ခြေလှမ်းကျဲကြီးများဖြင့် သရဲတစ္ဆေဘုန်းတော်ကြီး၏နံဘေးသို့ လျှောက်လှမ်းသွားလိုက်သည်။
အစောပိုင်းက အသူရာနဂါး မိုးကောင်းကင်ကိုဆုတ်ဖြဲခြင်း နည်းစနစ်အောက်တွင် သရဲတစ္ဆေဘုန်းတော်ကြီး၏ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားခဲ့သည်။
သို့ရာတွင် သရဲတစ္ဆေဘုန်းတော်ကြီး၏ခန္ဓာကိုယ်၌ ဗာဂျရာတောင်ဝှေးတစ်ချောင်း ရှိနေဆဲပင်။
ရှေးဟောင်းထန်အင်ပါယာ ပျက်စီးသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေသည်ဖြစ်သည့်တိုင် ထိုဗာဂျရာတောင်ဝှေးမှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်နေဆဲဖြစ်သည်။
ဤဗာဂျရာတောင်ဝှေး၏မျက်နှာပြင်ပေါ်တွင် ထူထပ်သိပ်သည်းသော မှော်သင်္ကေတအက္ခရာများကို ရေးထွင်ထားသည်။ထိုတောင်ဝှေးမှနေ၍ မှော်စွမ်းအားအလင်းတန်းများ ထွက်ပေါ်နေသဖြင့် သာမန်ပစ္စည်းတစ်ခုမဟုတ်သည်မှာ သိသာထင်ရှားသည်။သရဲတစ္ဆေဘုန်းတော်ကြီးသည် ဤဗာဂျရာတောင်ဝှေးကိုအသုံးပြု၍တိုက်ခိုက်ခဲ့စဉ်၌ လုယွီ၏မြေအောက်လောကနန်းတော် မှော်မန္တန်ကိုပင် ချိုးဖျက်နိုင်ခဲ့သည်။ထိုအရာတွင် နတ်ဘုရားစွမ်းအားရှိသည်ဟု ဆိုနိုင်ပေ၏။
ဗာဂျရာတောင်ဝှေးအတွင်းမှနေ၍ မသေမျိုးအဆင့် မှော်ရတနာအပိုင်းအစတစ်ခု၏ ခပ်ဖျော့ဖျော့အရှိန်အဝါ ထွက်ပေါ်နေသည်။
ဤသည်မှာ လုယွီ အလိုရှိသောအရာပင်။
လုယွီသည် ထိုဗာဂျရာတောင်ဝှေးကို ကောက်ယူကာ သူ၏သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်သည်။ထိုအချိန်ကျမှသာ သူ၏နောက်မှ လှုပ်ရှားသံများ ထွက်ပေါ်နေသည်ကို သူ ကြားလိုက်ရသည်။
ဝေ့မင်ထျန်းသည် သူမ၏အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်နေခြင်းပင်။
"သူ ခုဏက အသုံးပြုလိုက်တဲ့ လှုပ်ရှားမှုက ဘာလဲ....ငါက သေဆုံးခြင်းချောက်ကမ်းပါးမှာ လမ်းလျှောက်နေရသလိုမျိုး ခံစားလိုက်ရတယ်.... ငါ့အဖိုးရဲ့အခြေတည်စိတ်ဝိညာဥ်ဓားချီတောင်မှ ဒီလိုအဆင့်တခုကို မရောက်သေးဘူး.... ငါ..ငါ့ကိုယ်ငါ ထိန်းချုပ်နိုင်မှု လွတ်ကင်းသွားတဲ့အထိ ကြောက်လန့်သွားမိမယ်လို့ မယုံကြည်နိုင်ဘူး"
အစောပိုင်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စကို ပြန်လည်တွေးတောမိချိန်၌ ဝေ့မင်ထျန်းသည် သူမ၏ပါးပြင်များ ပူနွေးလာသည်ကို ခံစားမိလေ၏။
အသူရာနဂါးထွက်ပေါ်လာချိန်၌ နဂါးဟိန်းသံများသည် မိုးခြိမ်းသံအလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ဤသည်မှာ ထိုအရာများသည် တစ်စုံတစ်ယောက်၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာရှိ ထိတ်လန့်ကြောက်ရွံ့မှုများကို တူးထုတ်လိုက်သည့်အလားပင်။
ဝေ့မင်ထျန်းသည် ယခင်ကတည်းက အသည်းအသန်ထွက်ပြေးနေရသဖြင့်သူမ၏ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာစွမ်းအားများ ကုန်ခမ်းနေလေပြီ။လုယွီ၏တိုက်ခိုက်မှုသည် အလွန်အစွမ်းထက်သဖြင့် ထိုအချိန်အခိုက်အတန့်တွင် သူမ၏အသိစိတ်လွတ်ကင်းသွားကာ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ချေ။
သူမသည် ဓားရေအိုင်မြင့်မြတ်နယ်မြေ၏သူတော်စင်မိန်းမပျိုပင်။သို့ရာတွင် သူမသည် တခြားတစ်စုံတစ်ယောက်၏ တိုက်ခိုက်မှုကိုကြည့်ပြီး အလွန်အမင်း ထိတ်လန့်ကြောက်ရွံခဲ့ပေ၏။
အကယ်၍ ဤကိစ္စသာ ပြင်ပလောကသို့ပေါက်ကြားသွားပါက သူမသည် တခြားလူများ၏ရယ်စရာပြက်လုံးကြီး ဖြစ်လာမည်ကို သူမ စိုးရိမ်မိသည်။
"နင့်ရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
ဝေ့မင်ထျန်းက အလွန်အမင်းတိုးညှင်းသောအသံဖြင့် ပြောဆိုသည်။
ယခုချိန်ထိတိုင် သူမ၏ခြေထောက်များ တုန်ရီနေကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်နေသည်။
ဝေ့မင်ထျန်း၏အသံကိုကြားချိန်၌ လုယွီက နောက်သို့ပြန်လှည့်ကြည့်လိုက်သည်။
ဝေ့မင်ထျန်းသည် ရိုးရှင်းသောဝတ်ရုံရှည်တစ်ထည်ကို လဲလှယ်ဝတ်ဆင်ထားသည်။ သူမ၏ဝတ်ရုံသည် ပွယောင်းယောင်းဖြစ်နေသော်လည်း သူမ၏လှပသောခန္ဓာကိုယ်ကို ကွယ်ဝှက်ထားနိုင်ခြင်းမရှိချေ။
ဝေ့မင်ထျန်း၏ခြေထောက်နံဘေးတွင်ရှိသော ရေကွက်တစ်ခုကို လုယွီက သတိပြုမိသွားသဖြင့် အချိန်တခဏကြာခန့် စဉ်းစားတွေးတောလိုက်သည်။ထို့နောက် သူသည် ကူကယ်ရာမဲ့စွာဖြင့် အံ့အားသင့်သွားပေ၏။
လုယွီသည် ဤကိစ္စကို တွေးတော၍ရသွားသော်လည်း ထုတ်ဖော်ပြောဆိုခြင်းမရှိချေ။ထိုအစား သူက တည်ငြိမ်စွာပြောဆိုလိုက်၏။
"ဒါက ပြဿနာမရှိပါဘူး...မပြောပလောက်တဲ့ လှုပ်ရှားမှုလေးတစ်ခုပါပဲ"
သရဲတစ္ဆေဘုန်းတော်ကြီးကို သူ ယှဉ်ပြိုင်လိုသည့်အကြောင်းအရင်းမှာ ပထမအချက်အနေဖြင့် သူ၏ရွှယ်အင်မော်တယ်နယ်ပယ်ခွန်အားကို စမ်းသပ်လိုသောကြောင့်ပင်။ဒုတိယအနေဖြင့် သူသည် သရဲတစ္ဆေဘုန်းတော်ကြီးထံမှ ဗာဂျရာတောင်ဝှေးကို ရယူလိုခြင်းဖြစ်သည်။
"ဘာမှ စိတ်မပူနဲ့...ငါ ဝေ့မင်ထျန်းက ကျေးဇူးကန်းတတ်တဲ့လူမဟုတ်ဘူး...ငါတို့ဝေ့မိသားစုက နင့်ကို ကြီးမားတဲ့အခွင့်အရေးတွေပေးမယ်.. ကျန်းဟန်ကတောင် နင့်ကို အခွင့်အရေးတွေ ပေးနိုင်မှတော့ ငါတို့ဝေ့မိသားစုကလည်း ပေးနိုင်တယ်"
ဝေ့မင်ထျန်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
ယခင်က သူမသည် ကျန်းဟန်ကို လှောင်ပြောင်သရော်ခဲ့သည်။ကျန်းမိသားစုခေါင်းဆောင်ဖြစ်သော ကျန်းဟန်သည် သူ၏အဆင့်အတန်းကိုနှိမ့်ချ၍ လုယွီကိုသိမ်းသွင်းနေသည်ဟု သူမ တွေးထင်ခဲ့လေ၏။
ယခုအချိန်မှသာ သူမသည် ရေတွင်းအောက်ခြေမှ ဖားသူငယ်တစ်ကောင်ဖြစ်နေကြောင်း သူမ နားလည်သွားသည်။
မည်သည့်ကိစ္စမျိုး ရှိနေပါစေ ဤကဲ့သို့ ငယ်ရွယ်ပြီး အစွမ်းထက်သော လူငယ်ပါရမီရှင်တစ်ယောက်ကို သူမ သိမ်းသွင်းရပေမည်။
Chapter 4142
"ဝေ့မိသားစုက မျက်နှာသာပေးမှာလား"
လုယွီသည် တီးတိုးရေရွတ်လိုက်သော်လည်း ဤကမ်းလှမ်းချက်ကို သူ ငြင်းဆန်ခြင်းမပြုချေ။
သူသည် တော်ဝင်မြို့တော်အတွင်းရှိ ထိပ်သီးမိသားစုအမြောက်အများကို ရန်စပြီးဖြစ်သည်။ရှမိသားစုနှင့်ရှောင်မိသားစုတို့သည် သူ့အား အလွန်အမင်းသတ်ဖြတ်လိုပေ၏။
ဝေ့မိသားစုသည် တော်ဝင်မြို့တော်အတွင်း၌ အလွန်ကြီးမားသော နာမည်ဂုဏ်သတင်းရှိသည်။ထို့ကြောင့် ဤကဲ့သို့မိသားစုတစ်စုနှင့်သူ့အကြားတွင် ကောင်းမွန်သောဆက်ဆံရေးရှိပါက သူ့အတွက် အကျိုးကျေးဇူးများရရှိနိုင်သည်။
"မင်းက ဝေ့မိသားစုရဲ့အကြီးဆုံးသခင်မလေး မဟုတ်လား....ဘယ်လိုလုပ်ပြီးတော့ မင်းက ဒီနေရာကို ရောက်နေတာလဲ"
လုယွီက မေးမြန်းသည်။
ချီဘုရင် ဤနေရာ၌ ထွက်ပေါ်လာသည့်အတွက် လုယွီက အံ့အားသင့်ခြင်းမရှိချေ။သို့ရာတွင် ဝေ့မင်ထျန်းသည် ဤနေရာ၌ ရောက်ရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။
ဝေ့မင်ထျန်း၏မျက်နှာပေါ်ရှိ ရှက်ရွံမှုအရိပ်အယောင်များ ယခုအချိန်ထိ ပျက်ပြယ်သွားခြင်း မရှိသေးချေ။လုယွီ၏မေးခွန်းကိုကြားချိန်တွင် သူမ၏ခေါင်းကို အနည်းငယ်မော့ကာ တုံ့ပြန်အဖြေပေးသည်။
"ငါ ပြောပြမယ်....အုပ်ချုပ်သူအရှင် အခုအချိန်မှာ နင်က အရာရှိတစ်ယောက်ဖြစ်နေတာတောင် ငါတို့ဝေ့မိသားစုရဲ့လုပ်ငန်းတချို့က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ ရှိနေတာကို နင် မသိဘူးလား....ချန်အန်းမြို့အမွေအနှစ်နယ်မြေ ထွက်ပေါ်လာတာက ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့တယ်...ငါက အစကတည်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ရောက်မနေဘူးဆိုရင် ဒီတကြိမ်ကိစ္စမှာ ဝင်ပါခဲ့မိမှာမဟုတ်ဘူး"
ယခုကြည့်ကြည့်တော့မှ ဝေ့မိသားစုသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ပေါ်တွင် စီးပွားရေးလုပ်ငန်းတချို့ ရှိနေခြင်းပင်။
ဝေ့မင်ထျန်းသည် သူမ၏မိသားစုမှ စီးပွားရေးကိစ္စများကိုလုပ်ဆောင်ရန် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သို့ ရောက်ရှိနေသဖြင့် ဤအခွင့်အရေးကို အရယူရန် အပြေးရောက်လာခြင်းဖြစ်သည်။
ချန်အန်းမြို့အမွေအနှစ်နယ်မြေသည် အလွန်ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထိုမြို့ကြီးရုတ်တရက်ထွက်ပေါ်လာသည်နှင့်အတူ ငြိမ်းချမ်းနေသောကြယ်တာယာကောင်းကင်ပြင်တစ်ခုလုံး ရုတ်တရက် ဆူပွက်သွားခဲ့သည်။
အင်အားစုများအနက်မှအများစုသည် ချန်အန်းမြို့၏ဝင်ပေါက်များ ပိတ်မသွားခင် မြို့အတွင်းသို့ ဝင်နိုင်ခဲ့ခြင်းမရှိချေ။
ဤမြို့အတွင်းသို့ လူနှစ်သောင်းခန့်သာ ဝင်ရောက်နိုင်ခဲ့သည်။
ဝေ့မင်ထျန်း၏စကားများကို ကြားချိန်တွင် ပြင်ပလောက၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို လုယွီက နားလည်သဘောပေါက်သွားသည်။
"ရှန်လင်းလုံ ရှကွေ့ကျုံး... သူတို့နှစ်ယောက်လည်း ရောက်နေတာလား...ရှကွေကျုံးက တာအိုသခင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ပြီးပြီ...ဒါက ငါ နည်းနည်းတော့ မမျှော်လင့်ထားတဲ့ကိစ္စပဲ"
လုယွီက တီးတိုးရေရွတ်လိုက်သည်။ထို့နောက် သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ထင်ဟပ်လာသည်။
သူနှင့်ရှန်လင်းလုံအကြားတွင် ကြီးမားသောသွေးကြွေးရန်ငြိုးတစ်ခု ရှိနေသည်။
အတိတ်ဘဝတွင် ရှန်လင်းလုံသည် သူ့အား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့ရုံသာမက ယဲ့ရွှယ်လန်ကိုသတ်ဖြတ်ပြီး မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေကို ဖျက်ဆီးခဲ့သည်။
ဤဘဝတွင် ရှကွေ့ကျုံးသည် အောက်ဘုံ၌ ကျီးချန်ယွီကိုသတ်ဖြတ်ကာ သူ့အား မိုင်းထောင်နှင့်ချီအကွာအဝေးထိ လိုက်လံဖမ်းဆီးပြီး သေလုမျောပါးအခြေအနေသို့ ရောက်ရှိစေခဲ့သည်။
သူ၏ဘဝနှစ်ခုမှ ရန်သူနှစ်ယောက်သည် အမှန်တကယ်ကို ပူးပေါင်းထားကြလေ၏။
"အင်း...ဒါနဲ့ အခု သူတို့နှစ်ယောက်က ဘယ်နေရာမှာလဲ"
လုယွီက အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏မျက်လုံးများအတွင်း၌ သွေးများဖြင့်ပြည့်နှက်နေပုံရသည်။သူ၏မျက်နှာပေါ်၌ မည်သည့်ဒေါသအရိပ်အယောင်မျှမရှိသော်လည်း သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ အရပ်မျက်နှာအဘက်ဘက်သို့ ပျံနှံ့နေသည်။ထို့ကြောင့် လုယွီ၏နံဘေးပတ်ဝန်းကျင်ကို အသူရာကြေးချွတ်သန့်စင်ဘုံတစ်ခုအလား ဖြစ်သွားစေသည်။
လုယွီ၏စိတ်နှလုံးသားနက်ရှိုင်းသောနေရာ၌ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ် ရပ် ကိန်းအောင်းနေသည်။
သူ၏အတိတ်ဘဝ၌ သူသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပင်။
မြေအောက်တာအိုသခင်သည် သတ်ဖြတ်ရာနှင့်လက်စားချေရာ၌ အလွန်ပြတ်သားသူပင်။ သူ၏နာမည်ဂုဏ်သတင်းကို အဖြူရောင်အရိုးများပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။လုယွီသည် သူ၏ပြင်ပပုံပန်းသွင်ပြင်ကို ဖုံးကွယ်ရန်အတွက် ကွန်ဖြူးရှပ်ဥပဒေသကို အသုံးပြုခဲ့သည်။သို့ရာတွင် ဤရန်သူနှစ်ယောက်နှင့် ဆုံတွေ့ရမည်ဟု သူ ကြားချိန်၌ သူတို့၏အရိုးများကိုလောက်ကျွမ်းစေကာ သူတို့၏စိတ်ဝိညာဥ်များကို ခြေမွှဖျက်ဆီးလိုသော စိတ်ဆန္ဒများ ပွင့် အံ့ထွက်လာသည်။
"လုယွီ...အဲ့ဒီလို မလုပ်ပါနဲ့....ငါ ကြောက်တယ်"
ဤစကားတစ်ခွန်းတွင် တောင်းပန်တိုးလျှိုးခြင်းများဖြင့် ပြည့်နှက်နေသည်။ဝေ့မင်ထျန်းသည် လုယွီ၏စကားကိုကြားပြီးနောက် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
သူမ၏နူးညံ့သေးသွယ်သော ခြေထောက်များ အဆက်မပြတ်တုန်ရီနေကာ သူမသည် နောက်ထပ်အချိန်အခိုက်အတန့်၌ မြေပြင်ပေါ်သို့ လဲကျသွားတော့မည့်အလားပင်။
သူတော်စင်မိန်းမပျိုတစ်ယောက်ဖြစ်သည့်တိုင် သူမသည် သူမကိုယ်သူမ ထိန်းချုပ်နိုင်မှု အလွန်အမင်းလွတ်ကင်းနေလေပြီ။
ဝေ့မင်ထျန်းသည် စိတ်အနှောက်အယှက်ဖြစ်ခြင်းနှင့်ရှက်ရွံ့ခြင်းတို့ကို ရောယှက်၍ခံစားနေရသည်။လုယွီ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုခြင်းအရှိန်အဝါကို သူမ ခံစားရချိန်တွင် သူမသည် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင်ရှေ့သို့ ရောက်ရှိနေသည့် သိုးတစ်ကောင်အလားပင်။သူမ၏ခြေထောက်များတုန်ရီနေကာ သူမထံ၌ မတ်တတ်ရပ်နိုင်ရန်ပင် ခွန်အားမကျန်ရှိတော့ချေ။
လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ မည်မျှထိ အားကောင်းသည်ကို မည်သူမျှ မပြောနိုင်ချေ။
သို့ရာတွင် ထိုသတ်ဖြတ်လိုခြင်းအရှိန်အဝါသည် အလွန်အမင်း ကျစ်လစ်သိပ်သည်းပုံရပေ၏။ ထိုအရာသည် ဝေ့မင်ထျန်း၏ခေါင်းထက်သို့ ကျရောက်သွားချိန်၌ သူမပေါ်သို့ ထိုက်တောင်ကြီးဖီစီးလာသည့်အလား ခံစားလိုက်ရကာ သူမ အသက်ရှူနိုင်ရန်ပင် အလွန်အမင်း ခက်ခဲနေသည်။
ယခုအချိန်၌ လုယွီ မည်သည့်အရာအား လုပ်ဆောင်လိုသည်ဖြစ်စေ သူမသည် ငြင်းဆန်နိုင်ခြင်းမရှိဘဲ လိုက်နာရပေမည်။
Chapter 4143
"အမ်..."
လုယွီ၏မျက်ခုံး ရုတ်တရက်မြင့်တက်သွားကာ သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထုတ်ဖော်ထားမိကြောင်း သူ သိရှိသွားသည်။
ဤသွေးဆာသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို သူ၏စိတ်နှလုံးသား အနက်ရှိုင်းဆုံးနေရာ၌ ကွယ်ဝှက်ထားကာ တစ်ကြိမ်တခါမျှ ထုတ်ဖော်ခဲ့ခြင်းမရှိချေ။
သို့ရာတွင် ယခုအချိန်၌ သရဲတစ္ဆေဘုန်းတော်ကြီးကို သတ်ဖြတ်ပြီးနောက် ရွှယ်အင်မော်တယ်တယောက်ဖြစ်သော လုယွီ၏တိုက်ပွဲဝင်စိတ်ဆန္ဒများ ထွက်ပေါ်လာခဲ့သည်။သူ့၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်နေကာ မည်သည့်နည်းနှင့်မျှ ပျက်ပြယ်သွားမည်မဟုတ်ချေ။ထို့ကြောင့် ရှကွေ့ကျုံးသည် တာအိုသခင်တစ်ယောက်ဖြစ်သွားပြီဟူသော သတင်းကို သူ သိရှိရသည့်တိုင် သူသည် သူတို့နှစ်ယောက်ကိုသတ်ဖြတ်လိုဆဲပင်။
ဤကဲ့သို့သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမျိုးကို နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံခဲ့ကာ ကိစ္စများစွာအား ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်လျှင် တောင့်ခံနိုင်မည်မဟုတ်ချေ။ထိုကြောင့် ဝေ့မင်ထျန်းကဲ့သို့ ငယ်ရွယ်သောမိန်းကလေးတစ်ယောက်သည် ဆိုဖွယ်ရာပင်မရှိတော့ချေ။
ဝေ့မင်ထျန်းသည် သူတော်စင်မိန်းမပျိုတစ်ယောက်ဖြစ်သော်လည်း ဤကဲ့သို့ကိစ္စမျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ခဲ့ဖူးခြင်းမရှိချေ။
လုယွီက သူ၏နံဘေးပတ်ဝန်းကျင်ရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ပြန်ရုတ်သိမ်းပြီးနောက် ပြောဆိုသည်။
"ငါက တာယွီတော်ဝင်နန်းတွင်းရဲ့အစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက်အကြောင်းကို ကြားခဲ့တာ အချိန်အတော်ကြာနေပြီ...ဒါကြောင့် ငါက သူတို့နှစ်ယောက်ကို ငါ့ရဲ့မျက်လုံးနဲ့ မြင်တွေ့ချင်တယ်"
"နင်....မဟုတ်သေးဘူး...နင်က သူတို့ကို တွေ့ခြင်ရုံပဲလား"
ဝေ့မင်ထျန်းသည် ကြောက်ရွံ့နေသော ယုန်ငယ်တစ်ကောင်အလား လုယွီကို ဂရုတစိုက်ကြည့်လိုက်၏။လုယွီသည် သူ၏ကျောင်းတော်သားအသွင်အပြင်မျိုးသို့ ပြန်လည်ရောက်ရှိသွားသည်ကို မြင်တွေ့ချိန်၌ သူမ၏ထိတ်လန့်ကြောက်ရွံ့မှုများ အနည်းငယ်ပျက်ပြယ်သွားသည်။သို့ရာတွင် သူမ၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ရှိနေဆဲပင်။
'ဖြစ်နိုင်တာတော့ သူနဲ့အဲ့ဒီလူနှစ်ယောက်ကြားမှာ ပဋိပက္ခတချို့ ရှိနေတာများလား... ဘယ်လောက်တောင်အားကောင်းတဲ့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒလဲ....ဒါက သူ့ရဲ့စိတ်နှလုံးသားထဲမှာ အမြစ်တွယ်နေလောက်ပြီ...ဒါက အမှန်ပဲ ...ငါ သူ့အကြောင်းကို စုံစမ်းကြည့်ခဲ့တဲ့အချိန်တုန်းက သူနဲ့ရှမိသားစုအကြားမှာ ရန်ငြိုးရန်စတချို့ရှိနေတယ်...ရှမိသားစုက သူ့ကိုဖိနှိပ်နိုင်ဖို့ အကြိမ်များစွာ ကြိုးစားခဲ့ဖူးတယ်...ဒါပေမဲ့ ရှမိသားစုက ငယ်ရွယ်တဲ့ပါရမီရှင်တစ်ယောက်ကို သူတို့ ဖိနှိပ်ခဲ့မိမယ်လို့ တွေးထင်မိမှာမဟုတ်ဘူး"
ဝေ့မင်ထျန်း၏စိတ်အတွင်း၌ မရေမတွက်နိုင်သောအတွေးများ ဖြတ်ပြေးသွားသည်။
"အခုအချိန်မှာ နင် သူတို့နဲ့ တွေ့လို့မရတော့မှာကို ငါ စိုးရိမ်မိတယ်...သူတို့နှစ်ယောက် ထွက်သွားတာ အချိန်အတော်ကြာနေပြီ"
ဝေ့မင်ထျန်းက သူမ၏ဆံပင်ကိုပွတ်သပ်ကာ သူမ၏ထိတ်လန့်ကြောက်ရွံ့နေမှုကို ဖုံးကွယ်လိုက်၏။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"သူတို့ ထွက်သွားပြီလား"
ဤသည်မှာ ချန်အန်းမြို့အပျက်အစီးနယ်မြေပင်။သူသည်ဤနေရာသို့ တခြားလူများထက် ကြိုတင်၍ရောက်ရှိခဲ့သည့်တိုင် ဤနေရာ၏ အဓိကလျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။
ရှန်လင်းလုံနှင့်ရှကွေ့ကျုံးတို့သည် ဤနေရာသို့ရောက်ရှိလာသောကြောင့် မည်သည့်အကျိုးအမြတ်မျှမရရှိဘဲ သူတို့ ပြန်သွားမည်မဟုတ်ချေ။
"နင်က အခု မြေပေါ်ကို ပြန်သွားမလို့လား...ဒါနဲ့ ငါ နင့်ကို အစတုန်းက မမြင်မိဘူး...သိပ်မကြာခင်အချိန်ကစပြီးတော့ ချန်အန်းမြို့အမွေအနှစ်နယ်မြေအတွင်းမှာ ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်သွားခဲ့တယ်"
ဝေ့မင်ထျန်းသည် ချန်အန်းမြို့၌ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ပြောဆိုစဉ်၌ သူမထံတွင် ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်တချို့ရှိနေသည်။
ချန်အန်းမြို့၏မြေပြင် ရုတ်တရက်ကွဲထွက်သွားကာ မြေပြင်မှနေ၍ ကြီးမားသောကျောက်ပြားတစ်ချပ် တိုးထွက်လာသည်။ထို့နောက် မြူခိုးများအကြားမှနေ၍ မရေမတွက်နိုင်သော သရဲတစ္ဆေများ ထွက်ပေါ်လာကာ မြို့အတွင်းသို့ဝင်ရောက်လာသည့်လူများကို အရူးအမူးသတ်ဖြတ်ကြတော့သည်။
ထိုသရဲတစ္ဆေများသည် အလွန်အမင်းအစွမ်းထက်သဖြင့် လူသားကျင့်ကြံသူများသည် သူတို့အား ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိချေ။သူတို့သည် အကာအကွယ်ရရှိရန်အတွက် ကောင်းကင်ဘုံဧကရီရှန်လင်းလုံရှိနေသော ဟန်ယွမ်နန်းတော်ထံသို့ အလျှင်အမြန်သွားခဲ့ကြသည်။
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် ချန်အန်းမြို့အတွင်း၌ ကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာသည်။
ထိုနောက် ရှန်လင်းလုံ၏လက်အတွင်းမှ လူသားဧကရာဇ်ဓားသည် ရုတ်တရက် ပျံ့လွင့်သွားကာ မြူခိုးများအကြားသို့ ပျံသန်းသွားပြီး အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားလေ၏။
"ဒါကြောင့် ကောင်းကင်ဘုံဧကရီရှန်လင်းလုံနဲ့ နတ်ဘုရားမြင့်မြတ်အမတ်ကြီးရှတို့က လူသားဧကရာဇ်နောက်ကို ချက်ချင်းလိုက်သွားကြတယ်"
ဝေ့မင်ထျန်းက သူမ၏ခေါင်းကိုခါယမ်းကာ ခါးသည်းစွာပြုံးလိုက်သည်။
"သူတို့က တခြားလူတွေရဲ့အသက်တွေကို နည်းနည်းလေးတောင် ဂရုမစိုက်ဘူး...အဲ့ဒီသရဲတစ္ဆေတွေက ဟန်းယွမ်နန်းတော်ရဲ့ထဲကို ချိုးဖျက်ဝင်ရောက်လာတာကြောင့် နန်းတော်တခုလုံး ပျက်စီးပြိုလဲတော့မယ်...အဲ့ဒီအချိန်မှာ မြေအောက်လမ်းကြောင်းတစ်ခု ထွက်ပေါ်လာတာကြောင့် ငါတို့တွေက ထိတ်လန့်တကြားနဲ့ ဒီနေရာကို ပြေးလာကြတာပဲ"
"လူသားဧကရာဇ်ဓားက အဝေးကို ပျံသန်းသွားတာလား"
လုယွီ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
လူသားဧကရာဇ်ဓားသည် ရှေးဟောင်းလူသားဧကရာဇ် အသုံးပြုခဲ့သော မှော်လက်နက်ပင်။ဤသည်မှာ လူသားမျိုးနွယ်အတွင်း၌ အစွမ်းထက်ဆုံး မသေမျိုးအဆင့်မှော်လက်နက်များအနက်မှ တစ်ခုဖြစ်ပေ၏။
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြောင်ပင်လျှင် လူသားဧကရာဇ်ဓားနှင့်နှိုင်းယှဉ်ပါက အနည်းငယ်အဆင့်နိမ့်နေသည်။
ဤသည်မှာ ရှေးဟောင်းလူသားဧကရာဇ်၏ဓားဖြစ်ကာ အထွတ်အမြတ်အခွင့်အာဏာ၏အထိမ်းအမှတ်သင်္ကေတပင်။ လူသားဧကရာဇ်ဓားကိုရရှိသော မည်သူမဆို လူသားမျိုးနွယ်၏အရှင်သခင်ဖြစ်လာကာ လောကကြီးတစ်ခုလုံး ထိုလူ၏အမိန့်ကို လိုက်နာရပေမည်။
ရှန်လင်းလုံသည် တာယွီအင်ပါယာ တော်ဝင်နန်းတွင်း၌ နက်ရှိုင်းသောအခြေခံအုတ်မြစ်မရှိချေ။သူမသည် ရာဇပလ္လင်ပေါ်၌ အခိုင်အမာထိုင်နေနိုင်သည့် အကြောင်းအရင်းမှာ ရှမိသားစု၏ကူညီထောက်ပံ့မှု ရရှိနေသည့်အပြင် လူသားဧကရာဇ်ဓားမှ သူမအား အရှင်သခင်အဖြစ် သတ်မှတ်ထားသောကြောင့်ပင်။
Chapter 4144
လူသားဧကရာဇ်ဓား၏အသိအမှတ်ပြုမှုကို ရရှိခြင်းကြောင့် ရှန်လင်းလုံသည် သူမကိုယ်သူမကောင်းကင်ဘုံဧကရီဟု သတ်မှတ်ကာ ကောင်းကင်ဘုံအင်ပါယာကို နာမည်ခံအရ အုပ်ချုပ်နိုင်ခြင်းပင်။
ထိုသို့မဟုတ်ပါက ရှမိသားစု၏ကူညီထောက်ပံမှုရှိနေလျှင်ပင် သူမကဲ့သို့ စည်းမျဉ်းမလိုက်နာသောသူပုန်တယောက်သည် ထီးနန်းကိုဆက်ခံနိုင်မည်မဟုတ်ချေ။ဖြောင့်မတ်မှန်ကန်သောစိတ်ထားရှိသည့် မည်သူမဆို သူမအားအပြစ်ပေးမည် ဖြစ်သည့်အပြင် တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအားမှ ကောင်းချီးပေးမှုကိုလည်း သူမ ရရှိနိုင်မည်မဟုတ်ချေ။
ယခုအချိန်၌ ဤကဲ့သို့ အရေးကြီးသောလူသားဧကရာဇ်ဓားသည် အဝေးသို့ ပျံသန်းသွားခဲ့သလော....
ဤသည်မှာ ရှန်လင်းလုံ၏အောက်ခြေစည်းမျဉ်းကို ထိတွေ့ခြင်းပင်။မည်သည့်ကိစ္စများရှိနေပါစေ သူမသည် လူသားဧကရာဇ်ဓားကို ရှာဖွေရပေမည်။ထိုသို့မဟုတ်ပါက တာယွီအင်ပါယာ မတည်မငြိမ်ဖြစ်လာကာ မည်သူကမျှ သူမကို ကောင်းကင်ဘုံဧကရီအဖြစ် အသိအမှတ်ပြုတော့မည်မဟုတ်ချေ။
'လူသားဧကရာဇ်ဓား ရုတ်တရက်ကြီး ပျံသန်းသွားတာက လူသားဧကရာဇ်နဲ့ တစ်ခုခုများသက်ဆိုင်နေမလား....'
မည်သည့်အကြောင်းအရင်းကြောင့်ဟု မသိရသော်လည်း လုယွီ၏စိတ်အတွင်း၌ လူသားဧကရာဇ်၏ပုံရိပ် ထွက်ပေါ်လာသည်။
သူ၏စီးတော်သားရဲသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးပင်။သူသည် အော်ငေါက်သံသက်သက်ဖြင့် နတ်ဆိုးဘိုးဘေးများအားလုံးကို နောက်ဆုတ်ရန် ဖိအားပေးနိုင်ခဲ့သည်။ဤကဲ့သို့ ပြိုင်ဘက်ကင်းအရှိန်အဝါမျိုးကို သိုင်းအာဏာရှင်တယောက်ယောက် သူ၏ခွန်အားကုန်ထုတ်ဖော်အသုံးပြုသောအချိန်မှသာ ပိုင်ဆိုင်နိုင်သည်။
ချန်အန်းမြို့၏မြေအောက်၌ အချိန်အတော်ကြာမြင့်သည်အထိ အင်ပါယာတစ်ခု နစ်မြုပ်နေခဲ့သည်။ယခုအချိန်၌ ဤအင်ပါယာ၏အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သဖြင့် လူသားဧကရာဇ်ဓားသည် ရှေးဟောင်းလူသားဧကရာဇ်၏အရှိန်အဝါကို အာရုံခံမိခြင်းဖြစ်ပေမည်။
လုယွီက ရုတ်တရက် မြေပြင်ပေါ်ရှိ သရဲတစ္ဆေဘုန်းတော်ကြီး၏အရိုးအစအနများကို ကြည့်ကာပြောဆိုသည်။
"သူ့ရဲ့ခွန်အားက သာမန်မဟုတ်ပေမယ့် သူက ယင်ချီတွေရဲ့ထိန်းချုပ်တာကို ခံထားရတဲ့ ရုပ်သေးတစ်ရုပ်ပဲ...ချီဘုရင်က ဒီလိုရုပ်သေးမျိုး လိုက်ဖမ်းတာကို ခံနေရတာကြောင့် ထွက်ပြေးနေတာတော့ မဖြစ်နိုင်ဘူး...ဟုတ်တယ်မလား"
ချီဘုရင်သည် အလွန်အစွမ်းထက်သူမဟုတ်သော်လည်း သူ၏လက်အတွင်း၌ တာယွီအင်ပါယာ၏ဘုရင်အဆင့် အခွင့်အာဏာစည်းတံဆိပ်ရှိနေသည်။
ဤစည်းတံဆိပ်တွင် အထွတ်အမြတ်ကံကြမ္မာစွမ်းအားများ ပါဝင်နေသောကြောင့် နယ်မြေသခင်တစ်ယောက်ဖြစ်သော ချီဘုရင်သည် သရဲတစ္ဆေဘုန်းတော်ကြီးကိုရင်ဆိုင်နိုင်ရန် လုံလောက်သည်ထက်ပိုသည်။
ဝေ့မင်ထျန်း၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
"မဟုတ်ဘူး....အပြင်မှာ ဒီထက်ပိုပြီးကြောက်ဖို့ကောင်းတဲ့ နတ်ဆိုးသက်ရှိတွေ အများကြီးရှိနေတယ်...နတ်ဘုရားမြင့်မြတ်အမတ်ကြီးရဲ့ကျင့်ကြံဆင့်နယ်ပယ်နဲ့တောင် ရိုက်ချက်တစ်ချက်တည်းနဲ့ အဲ့ဒီနတ်ဆိုသက်ရှိတွေကို မသတ်နိုင်ဘူး"
"အဲ့ဒီနတ်ဆိုးသက်ရှိတွေက လူသားပုံစံမျိုးရှိပေမယ့် လူသားတွေမဟုတ်ဘူး...သူတို့ရဲ့ပုံပန်းသွင်ပြင်တွေက အရမ်းကြောက်ဖို့ကောင်းတယ်...သူတို့က အုပ်စုဖွဲ့ပြီးတော့ အတူတူစုဝေးနေကြတယ်...ချီဘုရင်တောင်မှ သူတို့ကြောင့် ဒဏ်ရာရသွားခဲ့တယ်... ဟန်ယွမ်နန်းတော်ရဲ့နံဘေးပတ်လည်မှာ ထန်အင်ပါယာချန်ထားခဲ့တဲ့ အကာအကွယ်မှော်သင်္ကေတတွေ ရှိပေမယ့် ...နတ်ဆိုးသက်ရှိတွေက အချိန်တခဏအတွင်းမှာ အဲ့ဒီမှော်သင်္ကေတတွေအားလုံးကို ဖျက်ဆီးလိုက်တယ်"
ချီဘုရင်ရဲ့နံဘေးမှာ ဝေ့မိသားစုက နဂါးအစောင့်တစ်ယောက်ရှိနေတယ်...သူ့ရဲ့ခွန်အားက အရမ်းကောင်းတယ်...ဒါပေမဲ့ သူက နတ်ဆိုးသက်ရှိတွေရဲ့ ရိုက်ချက်တစ်ချက်ကိုတောင် မခုခံနိုင်ဘဲ သေဆုံးသွားခဲ့တယ်...ငါတို့တွေအားလုံးက အရမ်းထိတ်လန့်ကြောက်ရွံ့သွားတာကြောင့် ဒီနေရာကို ပြေးလာခဲ့တာပဲ"
ဝေ့မင်ထျန်းသည် သူတော်စင်မိန်းမပျိုဟု ခေါ်ဆိုခံရရန် ထိုက်တန်သည်။သူမသည် အဆုံးစွန်ဆုံးအဆင့်ထိ ထိတ်လန့်ကြောက်ရွံ့ခဲ့သည့်တိုင် တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းထားကာ ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်းကို ပြောပြနိုင်လေ၏။
လုယွီသည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို ချက်ချင်းနားလည်သဘောပေါက်သွားသည်။
သွေးလကြီးဆင်းသက်လာချိန်တွင် သူသည်လည်း ဧရာမမျက်နှာနတ်ဆိုးသက်ရှိများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
သရဲတစ္ဆေဘုန်းတော်ကြီးနှင့် နှိုင်းယှဉ်ပါက ထိုဧရာမမျက်နှာနတ်ဆိုးသက်ရှိများထံတွင် ကိုယ်ပိုင်အသိဉာဏ်ရှိပုံရကာ အလွန်အမင်းအစွမ်းထက်သည်။ယခုလက်ရှိ လုယွီ၏ခွန်အားဖြင့်ပင် ထိုနတ်ဆိုးသက်ရှိများကို ရင်ဆိုင်ရပါက ကြီးမားသောအန္တရာယ်အတွင်းသို့ ကျရောက်သွားနိုင်သည်။
ချီဘုရင်တို့လူစုသည် ဤနေရာထိ ထွက်ပြေးလာခဲ့သည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။အကယ်၍ သူတို့သည် မြို့အတွင်း၌ဆက်နေပါက သူတို့၏အဆုံးသတ်မှာ သေဆုံးသွားခြင်းသာဖြစ်ပေမည်။
"ဒီနေရာမှာ ကြာကြာနေလို့မကောင်းဘူး...အဲ့ဒီနတ်ဆိုးသက်ရှိတွေက အင်အားအရမ်းများတယ်...အချိန်တစ်ခုကြာရင် ငါတို့ကို ဖမ်းမိသွားလိမ့်မယ်....ဘယ်လိုပဲဖြစ်ဖြစ် သူတို့မှာ တခြားနည်းလမ်းတွေမရှိဘူးလို့ပြောဖို့ အရမ်းခက်ခဲတယ်"
ပတ်ဝန်းကျင်နေရာတဝိုက်၌ ယင်ချီများ ပို၍ထူထပ်သိပ်သည်းလာကာ မြေအောက်လမ်းကြောင်းတစ်ခုလုံးကို ရက်စက်ကြမ်းကြုတ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေစေသည်။ဤသည်မှာ ငရဲနယ်မြေတစ်ခုအလားပင်။
"ကောင်းပြီလေ....သွားကြစို့"
လုယွီ၏ယခုလက်ရှိခွန်အားဖြင့် အကယ်၍ သူသည် ဧရာမမျက်နှာနတ်ဆိုးသက်ရှိများကို အနိုင်မယူနိုင်လျှင်ပင် လွတ်မြောက်အောင် ထွက်ပြေးနိုင်စွမ်းရှိသည်။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ဤနေရာသည်ရှေးဟောင်းခေတ်အချိန်ကာလအတွင်း၌ ပျက်စီးသွားခဲ့သော အင်ပါယာတစ်ခုနှင့်ဆက်စပ်နေသည်။ဤနေရာတွင် ပြိုင်ဘက်ကင်းလျှို့ဝှက်ချက်တစ်ခု ပုန်းကွယ်နေပေမည်။လုယွီသည် ထိုကိစ္စကို ရှာဖွေတွေ့ရှိပြီးဖြစ်ရာ မည်သည်ကြောင့် သူသည် မမြင်ချင်ယောင်ဆောင်သွားနိုင်မည်နည်း။
Chapter 4145
ထို့ပြင် ရှန်လင်းလုံနှင့်ရှကွေ့ကျုံးတို့သည်လည်း ဤနေရာ၌ ရှိနေသည်။
သူတို့နှစ်ယောက်သည် လုယွီ၏အကြီးမားဆုံး ရန်သူတော်နှစ်ယောက်ပင်။လုယွီသည် ထိုလူနှစ်ယောက်ကို သူ၏ရိုးတွင်းခြင်ဆီထိလှိုက်အောင် မုန်းတီးပေ၏။အကယ်၍ သူသည် ယခုအချိန်၌ သူတို့နှစ်ယောက်အား လက်စားချေနိုင်ခြင်းမရှိလျှင်ပင် ဤကိစ္စကို လွယ်လင့်တကူ လက်လွတ်မပေးနိုင်ချေ။
လုယွီသည် နောက်သို့ချာခနဲလှည့်ကာ မြေအောက်နန်းတော်၏လမ်းကြောင်းတစ်လျှောက် ဆက်လက်၍လျှောက်လှမ်းသွားရန် ဟန်ပြင်လိုက်သည်။
ဝေ့မင်ထျန်းသည် ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်၏။သူမသည် လုယွီ၏နောက်သို့ လိုက်တော့မည်အချိန်မှာပင် ရုတ်တရက် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
"အား..."
ဝေ့မင်ထျန်း၏ခန္ဓာကိုယ် တုန်ရီသွားသည်။သူမသည် သူမ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်တော့ခြင်းမရှိသဖြင့် နံဘေးတစ်ဖက်သို့ကပ်ကာ မတ်တတ်ရပ်လိုက်သည်။
ထို့နောက် ဝေ့မင်ထျန်းသည် သူမ၏နူးညံ့သေးသွယ်သောလက်ဖြင့် လုယွီ၏ခန္ဓာကိုယ်ကို ဆုပ်ကိုင်လိုက်၏။
"ငါ တောင်းပန်ပါတယ်...ငါ ခဏလောက်အနားယူဖို့ လိုအပ်တယ်...နင် အရင်ဆုံး ထွက်သွားလိုက်တော့"
ဝေ့မင်ထျန်း၏အသံ တုန်ရီနေသည်။
သူမသည် လုယွီ၏သတ်ဖြတ်လိုခြင်းအရှိန်အဝါကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။သူမ၏ခြေထောက်များတွင် ယခုအချိန်ထိ ခြေလှမ်းလှမ်းရန်အတွက် ခွန်အားရှိမနေဆဲပင်။
"ငါ မင်းကို ခေါ်သွားပေးမယ်"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ဆိုရိုးစကားအရပြောဆိုရလျှင် လူတစ်ယောက်ကိုကူညီပါက အဆုံးထိ ကူညီရပေမည်။
သူမကို ဤနေရာ၌ ဆက်၍နေစေကာ သူမ၏လက်ရှိအခြေအနေကို ဖြည်းညှင်းစွာကုသစေပါက အချိန်ဖြုန်းခြင်းဖြစ်ပေမည်။
ထို့ပြင် ဝေ့မိသားစုသည် ယခုချိန်၌ လုယွီကို အခွင့်အရေးတစ်ခုပေးရန် အကြွေးတင်နေသည်။လုယွီက ဤအခွင့်အရေးသည် အလွန်ကြီးမားမည်ကို သိရှိထားပေ၏။
နောက်ထပ်အချိန်အခိုက်အတန့်တွင် လုယွီသည် ဝေ့မင်ထျန်း၏နူးညံ့သေးသွယ်သောလက်ကို သူ့၏လက်ဖြင့်ဆုပ်ကိုင်၍ ရှေ့သို့လျှောက်လှမ်းသွားသည်။သူသည် သူမ၏ပခုံးကိုဆုပ်ကိုင်ကာ သူ၏ခြေထောက်ဖြင့် မြေပြင်ကိုညင်သာစွာထိတွေ့ပြီးနောက် မြေအောက်နန်းတော်၏နက်ရှိုင်းသောနေရာသို့ ပြေးဝင်ခဲ့တော့သည်။
'ငါက သူ့ရဲ့လက်တွေကို တကယ်ကြီး ဆုပ်ကိုင်ခဲ့မိတာလား...ငါ ငါ ငါ
ဝေ့မင့်ထျန်းက သူမ၏ခေါင်းကို အောက်သို့ငုံလိုက်သည်။သူမ၏ရှက်ရွံနေသောမျက်နှာကို သူမ၏ဆံပင်များ ဖုံးကွယ်နေသော်လည်း သူမ၏ပါးပြင်များပူနွေးနေသည်ကို ခံစားမိလေ၏။
ဝေ့မင်ထျန်းသည် ချမ်းသာကြွယ်ဝသောမိသားစုတစ်စုတွင် မွေးဖွားလာသူပင်။ထို့ပြင် သူမ ငယ်ရွယ်စဉ်အချိန်မှစတင်၍ မိသားစု၏ဂုဏ်ယူဖွယ်ရာတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။
ဝေ့မိသားစုဝင်များအားလုံးသည် ဝေ့မင်ထျန်းကိုမြင်တွေ့ချိန်၌ အလွန်အမင်းရိုသေလေးစားစွာဆက်ဆံကြသည်။သူမသည် ဝေ့မိသားစု၏အနာဂတ်မိသားစုခေါင်းဆောင်နှင့် ဓားရေအိုင်မြင့်မြတ်နယ်မြေ၏အနာဂတ်မြင့်မြတ်အရှင်ဖြစ်ကြောင်း သူတို့အားလုံး သိရှိထားပေ၏။
တော်ဝင်မြို့တော်အတွင်း၌ ဝေ့မင်ထျန်းသည် ရေခဲအလှပိုင်ရှင်ဟု နာမည်ကျော်ကြားကာ သူမ၏အနီးသို့ မည်သူ့ကိုမျှ ချဥ်းကပ်ခွင့်မပြုချေ။
ယောက်ျားသားအမြောက်အများသည် ဝေ့မင်ထျန်း၏အနီးသို့ ချဉ်းကပ်လိုသော်လည်း သူမ၏ရေခဲတမျှအေးစက်သော အရှိန်အဝါဖြင့် ဟန့်တားခြင်းခံထားရသည်။
အကယ်၍ ဤမြင်ကွင်းကို တော်ဝင်မြို့တော်အတွင်းရှိ သခင်လေးများ မြင်တွေ့သွားပါက အသည်းကွဲမည့်သူ မည်မျှထိများမည်ကို မည်သူမျှမသိနိုင်ချေ။
လုယွီ၏ခန္ဓာကိုယ်မှနေ၍ ခပ်ဖျော့ဖျော့မွှေးရနံ့တစ်ခု ထွက်ပေါ်နေကာ လူအများအား အလွန်အမင်း ကြည်လင်အေးစက်သော ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။သူတို့သည် ထိုမွှေးရနံ့ကို အချိန်ကြာမြင့်စွာရှူရှိုက်မိပါက နှစ်ခြိုက်စွာအိပ်စက်ကျနိုင်ပေမည်။
သူသည် နတ်ဘုရားတစ်ပါးအလားပင်။
လုယွီသည် အစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်ကာ ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးလေပြီ။ရှေးဟောင်းအချိန်ကာလအတွင်း၌ပင် သူသည် အစစ်အမှန်အင်မော်တယ်တစ်ယောက်အဖြစ် ရပ်တည်နိုင်သည်။ယခုအချိန်၌ ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိပြီးနောက် သူ၏ခန္ဓာကိုယ်သည် အသစ်တဖန်မွေးဖွားလာသကဲ့သို့ ဖြစ်သွားကာ ယခင်ကဲ့သို့ သေမျိုးခန္ဓာကိုယ် မဟုတ်တော့ချေ။
ဤသည်မှာ နှောင်းပိုင်းမျိုးဆက်အတွင်းရှိ အတုအယောင်အင်မော်တယ်များ လုပ်ဆောင်နိုင်မည့် တစ်စုံတစ်ခုမဟုတ်ချေ။
'ငါက....သူ ကျန်းမိသားစုမှာရှိနေတုန်းက သူ့ရဲ့ထူးခြားချက်ကို ဘာလို့ ရှာမတွေ့ခဲ့တာလဲ...သူ့မှာ ဇနီးမယား ရှိပုံမရဘူး....ငါ ငါ ဘာတွေစဉ်းစားနေတာလဲ'
ဝေ့မင်ထျန်း၏စိတ်အတွင်း၌ အတွေးရိုင်းများဖြင့်ပြည့်နှက်နေကာ သူမ၏ခေါင်းကို အောက်သို့ပို၍ငုံလိုက်သည်။
လုယွီ ထွက်ခွာသွားပြီးနောက် မြေအောက်နန်းတော်သည် တည်ငြိမ်မှုကို ပြန်လည်၍ရရှိသွားလေပြီ။
သို့ရာတွင် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့် ကြာမြင့်ပြီးနောက် ဤနေရာသို့ နောက်ထပ်လူတစ်ယောက် ရောက်ရှိလာသည်။
ဤသည်မှာ သူ၏လက်အတွင်း၌ ဓားတစ်လက်ကိုကိုင်ဆောင်ထားသော လူငယ်တစ်ယောက်ပင်။သူ၏ခန္ဓာကိုယ်တွင် သွေးများရွှဲနစ်နေကာ သူ့ကိုကြည့်ရသည်မှာ အလွန်အမင်းမောဟိုက်နေပုံရသည်။
"သောက်ချေးပဲ...တကယ်လို့ ဒီအားနည်းတဲ့ခန္ဓာကိုယ်ကြောင့်သာမဟုတ်ရင် ငါက အဲ့ဒီသရဲတစ္ဆေလိုကောင်တွေရဲ့လက်ချက်နဲ့ ဘာလို့ ဒဏ်ရာရမှာလဲ"
လူငယ်က အံ့တင်းတင်းကြိတ်ကာ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။
ဤသည်မှာ ချန်ဓားဂိုဏ်းမှသခင်လေးလင်းချန်၏ခန္ဓာကိုယ်ကို အပိုင်စီးထားသော သွေးမိတ်ဆွေအမတ်ကြီး လုကျိုးရှောင်ပင်။
ဤအချိန်အခိုက်အတန့်တွင် လုကျိုးရှောင်၏မျက်နှာပေါ်၌ ဒေါသထွက်နေသော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။သူ၏ယခုလက်ရှိလုပ်ဆောင်ချက်များအပေါ် သူ စိတ်ကျေနပ်ခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။
"စိတ်အေးအေးထားစမ်းပါ...ဒေါသထွက်မနေနဲ့...မင်း ယင်ယန်ကျမ်းစာကိုရတာနဲ့ မင်းက ကျမ်းစာရဲ့စွမ်းအားကို အသုံးပြုပြီးတော့.... အချိန်နဲ့လေဟာနယ်ကို ဖြတ်သန်းသွားပြီး မင်းရဲ့ရုပ်ခန္ဓာကိုယ်ကို အသစ်ပြန်ပြီးတည်ဆောက်နိုင်လိမ့်မယ် ...အခုအချိန်မှာ ဒါက အခွံတစ်ခုသက်သက်ပဲ...ယင်ယန်ကျမ်းစာကို အရင်ဆုံးရှာတွေ့ဖို့က ပိုပြီးအရေးကြီးတယ်"
လုကျိုးရှောင်၏နံဘေးရှိ လေထုအတွင်း၌မျောလွင့်နေသော ကြာပန်းတစ်ပွင့်က မှုန်တေတေအသံဖြင့် ပြောဆိုသည်။
"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာက ငါ့ရဲ့တည်ရှိမှုကို အာရုံခံနိုင်တယ်...အခုအချိန်မှာ အဲ့ဒီကောင်လေးက မင်းကို သတိပြုမိသွားလို့မဖြစ်ဘူး...ဒါကြောင့် ငါက အရင်ဆုံး မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေရလိမ့်မယ်"
Thank For Reading.