← Chapters

အခန်း (၄၁၆၁-၄၁၆၅)

Vol. 211 Ch. 4161-4165

အခန်း (၄၁၆၁-၄၁၆၅)

Vol. 211 Ch. 4161-4165

Chapter 4161

ထိုပုံရိပ်များသည် အလွန်ရုတ်တရက်ဆန်စွာထွက်ပေါ်လာခြင်းဖြစ်သဖြင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် တုံ့ပြန်ရန် အချိန်မရရှိခဲ့​ချေ။

ထူထပ်သိပ်သည်းသော အမှောင်ထုကြီးအောက်ရှိ လေထုအတွင်း၌ အဖြူရောင်ဆံပင်များ လူးလွန့်နေသည်။ထိုအဖြူရောင်များသည် အလွန်ထူထပ်သိပ်သည်းသဖြင့် ထိုနတ်ဆိုးသက်ရှိ၏ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလေး မမြင်တွေ့နိုင်​ပေ။

အဖြူရောင်ဆံပင်များအကြားမှနေ၍ ခပ်ဖျော့ဖျော့အလင်းတန်းတစ်တန်း ဖြာထွက်နေသည့် မျက်လုံးတစ်စုံ ထွက်ပေါ်လာသည်။

ဤနတ်ဆိုးသက်ရှိ၏ခန္ဓာကိုယ်သည် အလွန်ကြီးမားသဖြင့် လူများအားလုံး၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားသော ဧရာမအရာကြီးတစ်ခုအလားပင်။

ဤှနတ်ဆိုးသက်ရှိကို မြင်တွေ့မိသော မည်သူမဆို သူတို့၏ဦးရေပြားများ ထုံကျင်လာပြီး သူတို့၏နောက်ကျောများတလျှောက် ချမ်းစိမ့်သွားသည်။

မြေအောက်နန်းတော်အတွင်းတွင်ရှိနေသော လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားပေ၏။

ဤကဲ့သို့တည်ရှိမှုကြီးတစ်ခု၏ရှေ့တွင် လူတိုင်းသည် သူတို့ကိုယ်သူတို့ အချိန်မရွေးသေဆုံးတော့မည့် ပုရွက်ဆိတ်များအလား ခံစားနေရသည်။

"ဒီသောက်ရေးမပါတဲ့ဟာကြီးက ဘယ်လိုလုပ်ပြီးတော့ အထဲကိုဝင်လာတာလဲ"

တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

မြေအောက်နန်းတော်အတွင်းသို့ သူတို့အားလုံး ပြေးဝင်ခဲ့သည့်အကြောင်းအရင်းမှာ ဤနေရာသို့ သေးငယ်သောယင်သရဲတစ္ဆေများသာ ဝင်ရောက်နိုင်ပြီး ဧရာမနတ်ဆိုးသက်ရှိများ ချိုးဖျက်ဝင်ရောက်နိုင်ခြင်း မရှိသောကြောင့်ပင်။

သို့ရာတွင် သူတို့၏ရှေ့ရှိ နတ်ဆိုးသက်ရှိများသည် မြေအောက်နန်းတော်၏ကျဥ်းမြောင်းသောဝင်ပေါက်ကို အတင်းအကြပ်ချိုးဖျက်ပြီး ဤနေရာသို့ ဝင်ရောက်လာကြသည်။

လူအုပ်၏တခြားတစ်ဖက်ခြမ်းမှနေ၍ မသဲမကွဲညည်းတွားသံတစ်သံ ထွက်ပေါ်လာသည်။

ယင်ချီများအကြားမှ ကြီးမားသောအရိုးလက်သည်းတစ်ချောင်း ဆန့်ထွက်လာကာ လူအုပ်ကြီးအကြားရှိ လူတစ်ယောက်ကိုဦးတည်၍ ဖမ်းဆုပ်လိုက်ခြင်းပင်။

"နတ်ဆိုးသက်ရှိ...."

ဤလူသည် မြင့်မြတ်နယ်မြေတစ်ခုမှ အကြီးအကဲတစ်ယောက်ဖြစ်ပြီး သူ၏မှော်စွမ်းအားများသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။

ဤနတ်ဆိုးသက်ရှိ၏ ရှောင်တခင်တိုက်ခိုက်မှုကိုမြင်သော အကြီးအကဲ၏ခန္ဓာကိုယ်မှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။သူသည် ချက်ချင်းဆိုသလိုပင် သူ၏လက်ညှိုးကို ရှေ့သို့ညွှန်လိုက်ရာ ဓားချီတစ်လှိုင်း ပွင့်အံ့ထွက်လာသည်။

သို့ရာတွင် အဖြူရောင်အရိုးလက်သည်းကြီးသည် ထိုက်တောင်ကြီးတစ်လုံးအလား အလွန်အမင်းလေးလံသည်။ထိုအရာကြီး အောက်သို့ပြင်းပြင်းထန်ထန် ကျရောက်လာသည်နှင့် ဓားချီကို ကြေမွှပျက်စီးသွားစေကာ အကြီးအကဲ၏ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည်။

မြင့်မြတ်နယ်မြေအကြီးအကဲသည် စူးရှနာကျင်စွာအော်ဟစ်ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အသွေးအသားများအဖြစ် ကြေမွှသွားတော့သည်။

တခြားလူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်တုန်လှုပ်သွားကာ သွေးရူးသွေးတန်းဖြင့် တိုက်ခိုက်လိုက်ကြ၏။

ပတ်ဝန်းကျင်နေရာတဝိုက်၌ မှော်မန္တန်အလင်းတန်းများဖြင့် ပြည့်နှက်သွားကာ လူအများ၏ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ထိုအဖြူရောင်အရိုးလက်သည်းကြီး၌ ချိုင့်များ အပေါက်များဖြင့် ပြည့်နှက်သွားတော့သည်။

ဤှတိုက်ခိုက်မှုများကြောင့် ပတ်ဝန်းကျင်ရှိယင်ချီများ နောက်သို့အနည်းငယ်ဆုတ်ခွာသွားလေရာ ထိုနတ်ဆိုးသက်ရှိ၏အစစ်အမှန်ပုံပန်းသွင်ပြင် ထွက်ပေါ်လာသည်။

ဤသည်မှာ ဧရာမအရိုးစုကြီးတစ်ခုပင်။ထိုအရာကြီးတစ်ခုလုံးကို ထူထပ်သိပ်သည်းသော အနက်ရောင်အခိုးအငွေ့များ လွှမ်းခြုံနေကာ ယင်ချီများဖြင့် ပြည့်နှက်နေပုံရသည်။

ထိုအရိုးစုကြီး၏ ဟောင်းလောင်းပေါက်မျက်လုံးအိမ် အတွင်းတွင် အပြာရောင်မီးတောက်နှစ်ခု ဖြည်းညှင်းစွာလှည့်ပတ်နေသည်။

အရပ်မျက်နှာအဘက်ဘက်မှနေ၍ ထူးဆန်းသောအသံသေးအသံကြောင်များ အဆက်မပြတ်ထွက်ပေါ်နေပေ၏။ဤအသံများသည် နိမ့်လိုက်မြင့်လိုက်ဖြစ်နေသဖြင့် ကြားရသည်မှာ အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

ထိုအရိုးစုကြီးအား ဂရုတစိုက်ကြည့်လိုက်ချိန်တွင် လူအများသည် သူ၏ဟောင်းလောင်းပေါက်မျက်လုံးအိမ်များအတွင်း၌ တောက်လောင်နေသော အပြာရောင်မီးတောက်နှစ်ခုသည် လူသားစိတ်ဝိညာဥ်များဖြစ်သည်ကို တွေ့မြင်မိပေ၏။

လူအများမှပူးပေါင်းတိုက်ခိုက်သော မှော်မန္တန်များသည် ထိုအရိုးစုကြီး၏လက်တစ်ဖက်ကိုသာ အနည်းငယ်ထိခိုက်ဒဏ်ရာ ရရှိသွားစေသည်။

အရိုးစုကြီးသည် ထိုလူများ၏တိုက်ခိုက်မှုများကို ခံယူရသဖြင့် အလွန်အမင်း ဒေါသထွက်နေသည်။

ထို့ကြောင့် သူ၏ကြီးမားသောခန္ဓာကိုယ်ကြီး ရှေ့သို့ရွေ့လျားလာကာ သူ၏ရှည်လျားသောအရိုးလက်ကြီးကို အားကုန်ဝှေ့ယမ်းလိုက်သည်။ကျင့်ကြံသူတချို့သည် ထိုအရိုးလက်ကြီးကို အချိန်မီရှောင်တိမ်းနိုင်ခြင်းမရှိသဖြင့် သေဆုံးသွားရတော့သည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လူခုနစ်ယောက် သေဆုံးသွားလေပြီ။သူတို့၏ခန္ဓာကိုယ်များသည် အစိတ်စိတ်အမွှာမွှာပြတ်တောက်ကာ နေရာအနှံ့အပြားသို့ လွင့်ထွက်သွားသည်။

ဤလူခုနစ်ယောက်သည် ပြင်ပလောကတွင် နယ်မြေတစ်ခုကို လှုပ်ခတ်နိုင်စွမ်းရှိသော တည်ရှိမှုကြီးများပင်။သို့ရာတွင် ဤနေရာ၌ သူတို့သေဆုံးသွားရမည်ဟု မည်သူမျှ မျှော်လင့်ထားမိမည်မဟုတ်ချေ။

ဟိန်းဟောက်သံများက မိုးကောင်းကင်ယံအတွင်း၌ တဖန်ပြန်၍ပြည့်နှက်သွားသည်။

ပတ်ဝန်းကျင်ရှိ နတ်ဆိုးသက်ရှိများသည် တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြပြီး ရပ်တန့်မည့်ပုံမရချေ။

ကျင့်ကြံသူများအားလုံး နောက်သို့ဆုတ်ခွာနေရသည်။မူလက သူတို့သည် အတူပူးပေါင်း၍ ထိုနတ်ဆိုးသက်ရှိများကိုတိုက်ခိုက်ရန် ကြံရွယ်ထားသည်။သို့ရာတွင် ထိုအစား သူတို့သည် နတ်ဆိုးသက်ရှိများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကိုခံရမည်ဟု မျှော်လင့်မထားမိချေ။

ကျင့်ကြံသူများ၏သေဆုံးမှုများ ပို၍ပို၍များပြားလာသည်။မြေပြင်ပေါ်သို့လဲကျသွားသော အလောင်းများကို အမှောင်ထုအတွင်းမှ ဆန့်ထွက်လာသောလက်များက ဆွဲယူသွားသည်။ထိုအလောင်းများသည် နတ်ဆိုးသက်ရှိများ၏စားခြင်းကိုခံရသည့်အပြင် သူတို့၏အရိုးများပင်လျှင် ကြိတ်ဝါးခြင်းခံရပေ၏။

တစ်စုံတစ်ယောက်သည် အရိုးစုကြီး၏နောက်ရှိ မြင်ကွင်းကိုမြင်တွေ့ချိန်၌ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

"အိုး ဘုရားရေ...ဘာလို့ အဲ့ဒီကောင်တွေအများကြီး ထပ်ရှိနေတာလဲ...."

Chapter 4162

ဤနတ်ဆိုးသက်ရှိသုံးကောင်ကိုပင် လူအများသည် မောပန်းနွမ်းနယ်စွာဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေရသည်။

သို့ရာတွင် သူတို့သည် ဤနတ်ဆိုးသက်ရှိများ၏နောက်သို့ ကြည့်လိုက်စဥ်တွင် ပို၍များပြားသော နတ်ဆိုးသက်ရှိများ ရှိနေသည်ကို မြင်တွေ့မိလေ၏။ယင်ချီများ မျောလွင့်နေခြင်းနှင့်အတူ ထိုနတ်ဆိုးသက်ရှိများ၏ ပါးစပ်များအတွင်းမှနေ၍ ထူးဆန်းသောအသံများ ထွက်ပေါ်နေသည်။

ကျင့်ကြံသူများအားလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည်။ဤနတ်ဆိုးသက်ရှိများသည် လှောင်အိမ်များမှလွတ်လာသည့်အလား ကျင့်ကြံသူများထံဦးတည်၍ တဟုန်ထိုးပြေးဝင်လာကြသည်။ဤရာနှင့်ချီသောလူများသည် နတ်ဆိုးသက်ရှိများ၏အမြင်အရ ပုရွက်ဆိတ်များအလားပင်။

"အရှင်ချီ...ကျေးဇူးပြုပြီး ငါတို့ကို ကူညီပေးပါအုံး"

လုချန်းချင်၏မှော်လက်နက်သည် ယခင်ကတည်းက ကြေမွှပျက်စီးသွားပေ၏။သူသည် နောက်သို့လှည့်ကာ ချီဘုရင်ထံမှ အကူအညီတောင်းခံလိုက်သည်။

အစောပိုင်းက လူတိုင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေစဥ်တွင် ချီဘုရင်သည် နံဘေးမှစောင့်ကြည့်ရန်သာ ရွေးချယ်ခဲ့သည်။သူ၏ကူညီမှုကိုရရှိပါက လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးပေါ်သို့ ကျရောက်နေသောဖိအား အနည်းငယ်လျော့ပါးသွားပေမည်။

ချီဘုရင်က တည်ငြိမ်စွာ ပြောဆိုသည်။

"အခုချိန်မှာ မြို့တံခါးကိုဖွင့်နိုင်ဖို့က အရေးကြီးဆုံးပဲ...ငါက ဆရာကျိုးကို ကာကွယ်ပေးရမယ်....ဒါကြောင့် မင်းတို့တွေက နောက်ပိုင်းကကိစ္စတွေကို စိုးရိမ်ဖို့မလိုဘူး"

ထိုစကားကိုကြားချိန်တွင် တခြားလူများသည် အထင်အမြင်သေးစွာဖြင့် အံ့တင်းတင်းကြိတ်လိုက်ကြ၏။

ချီဘုရင်တို့လူစု ရှိနေသောနေရာသည် လူအုပ်ကြီး၏နောက်၌ဖြစ်သည်။သူတို့သည် နတ်ဆိုးသက်ရှိများ၏တိုက်ခိုက်ခြင်းကို မခံရသည့်အပြင် မည်သည့်အန္တရာယ်မှ ရှိမနေချေ။

ထို့ပြင် ချီဘုရင်၏နံဘေးပတ်လည်၌ သူ့အားကာကွယ်ပေးနေသည့် ရာနှင့်ချီသော နဂါးအစောင့်များရှိနေသည်။ချီဘုရင်သည် သူကိုယ်တိုင် မလှုပ်ရှားရုံသာမက နဂါးအစောင့်များကိုလည်း တိုက်ခိုက်ရန်အမိန့်မပေးဘဲ တခြားကျင့်ကြံသူများ သေဆုံးသွားသည်ကို စောင့်ကြည့်နေပေ၏။

"ခွေးမသားကြီး...."

တစ်စုံတစ်ယောက်သည် တီးတိုးဆဲဆိုလိုက်သော်လည်း အသံကျယ်လောင်စွာ မထွက်ဝံ့ချေ။

မည်သို့ပင်ဆိုစေကာမူ ချီဘုရင်ကိုရင်ဆိုင်နိုင်သော လုယွီကဲ့သို့စွမ်းအားမျိုး လူများအားလုံးထံတွင် ရှိမနေချေ။ချီဘုရင်သည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းရှိ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများအနက််မှ တစ်ယောက်ပင်။

"မင်းတို့အားလုံး နောက်ပြန်ဆုတ်ကြတော့...မြို့တံခါးရဲ့ရှေ့မှာ အတားအဆီးတစ်ခုရှိနေတယ်...သူတို့ ဝင်မလာရဲဘူး"

လုယွီသည် အဝေးတစ်နေရာမှစောင့်ကြည့်ပြီးနောက် မြို့တံခါးရှေ့ရှိ ရှေးဟောင်းဝင်္ကပါကြီး၏သဲလွန်စတချို့ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။

ဤသည်မှာ ထိုဝင်္ကပါကြီးကို ချိုးဖျက်ရန်အတွက် မလုံလောက်သော်လည်း ဝင်္ကပါကြီး၏ အမျိုးမျိုးသောပြောင်းလဲမှုပုံစံများကို သူ သိရှိခဲ့ရသည်။

"ဆုတ်ကြ....ဆုတ်ကြတော့"

လူအများသည် ထိုစကားကိုကြားချိန်တွင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသည့်အလား နောက်သို့ အလျှင်အမြန်ပြန်ပြေးကြတော့သည်။

သူတို့သည် မူလက အစွမ်းကုန်ကြိုးစား၍ သူတို့ သေဆုံးသွားချိန်ထိ ထိုနတ်ဆိုးသက်ရှိများကိုတိုက်ခိုက်ရန် ရည်ရွယ်ထားခဲ့သည်။သို့ရာတွင် လုယွီ၏စကားကိုကြားလိုက်သဖြင့် သူတို့၏စိတ်နှလုံးသားများအတွင်း၌ မျှော်လင့်ချက်များ ထွက်ပေါ်လာသည်။

လုချန်းချင်ပင်လျှင် ဤအချိန်အခိုက်အတန့်၌ သူ၏ဂုဏ်သိက္ခာကို အနည်းငယ်မျှ ဂရုမစိုက်တော့ချေ။သူသည် နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးခဲ့လေ၏။

ဝေါင်း....

လူအုပ်ကြီး နောက်ဆုတ်ပြေးသွားသည်ကိုကြည့်ပြီး နတ်ဆိုးသက်ရှိများထံမှနေ၍ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

ထို့နောက် နတ်ဆိုးသက်ရှိတစ်ကောင်၏ခန္ဓာကိုယ်ပေါ်သို့ ကြီးမားသောကင်းခြေများတစ်ကောင် တွယ်တက်လာသည်။

ထိုကင်းခြေများ၏ခန္ဓာကိုယ်သည်လည်း အလွန်အမင်းကြီးမားကာ သူ၏ခေါင်းထက်မှဦးမှင်မွှေးသည် မိန်းကလေးတစ်ယောက်၏မျက်နှာခန့် တုတ်ခိုင်သည်။သူ၏ပါးစပ်ကို ကျယ်လောင်စွာဖွင့်ဟထားကာ သူ၏မျက်လုံးတစ်စုံသည် ပိန်းပိတ်သည်အထိ မှောင်မည်းနေကာ မနှစ်မြို့ဖွယ်ကောင်းသော တုန်လှုပ်ချောက်ချားဖွယ် ပုံပန်းသွင်ပြင်မျိုးရှိသည်။

ထိုကင်းခြေမျှား၏ပါးစပ်မှ စူးရှသောအော်သံတစ်သံ ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်ရှိယင်ချီများ ဆူပွက်သွားသည်။

ကင်းခြေမျှား၏ခန္ဓာကိုယ်ပေါ်မှ ထူထဲသောချိတ်များ ဆန့်ထွက်လာသည်ကိုကြည့်ပြီး လူအများ၏ဦးရေပြားများ ထုံကျင်သွားပေ၏။

နတ်ဆိုးသက်ရှိများသည်လည်း ရှေ့သို့ပြေးလာကာ ကျင့်ကြံသူများ ထွက်မပြေးနိုင်ရန် ဟန့်တားလိုကြသည်။

"မင်းတို့ကောင်တွေ အရင်ပြေးကြတော့"

ဤကဲ့သို့အရေးကြီးအချိန်အခိုက်အတန့်တွင် လုယွီသည် ထွက်ပြေးနေသူများအား ကာကွယ်ပေးရန် ရွေးချယ်လိုက်သည်။

ထို့နောက် လုယွီသည် ရွှေရောင်အလင်းတန်းတစ်တန်းအသွင်သို့ပြောင်းလဲကာ နတ်ဆိုးသက်ရှိများထံသို့ တိုးဝင်သွားသည်။ဤမြင်ကွင်းကိုကြည့်ပြီး တခြားလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။နတ်ဆိုးသက်ရှိများ၏စွမ်းအားကို သူတို့အားလုံး ကြုံတွေ့ခဲ့ပြီးဖြစ်သဖြင့် လုယွီ ပြေးဝင်၍တိုက်ခိုက်ဝံ့မည်ဟု သူတို့ မျှော်လင့်မထားမိချေ။

"လုယွီ...."

ဝေ့မင်ထျန်းက စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်သည်။

လူတိုင်း၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် လုယွီ၏ခန္ဓာကိုယ်မှနေ၍ နတ်ဘုရားအလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။သူသည် ကင်းခြေမျှားပေါ်သို့ ခြေတစ်ချက်ဆောင့်နင်းကာ မီတာရာနှင့်ချီအကွာအဝေးသို့ လွင့်ထွက်သွားစေသည်။

လုယွီသည် လေဟာနယ်အတွင်း၌ မျောလွင့်နေကာ မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသော နတ်ဘုရားတစ်ပါးအလားပင်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် မဟာတာအိုစွမ်းအားများ လှည့်ပတ်နေကာ သူ့ထံမှနေ၍ ရှေးဆန်သောအရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။

လုယွီ၏နောက်တွင် အလင်းဘီးကြီးတစ်ခု လှည့်ပတ်နေကာ တောက်ပသောအလင်းရောင်များ ဖြာထွက်နေပေ၏။အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော ယင်ချီများသည် မီးနှင့်တွေ့သည့် ရေခဲများအလား လုယွီ၏အနီးသို့ ချဥ်းကပ်နိုင်ခြင်းမရှိချေ။ထိုယင်ချီများသည် သူ၏အနီးသို့ အနည်းငယ်ရောက်ရှိသွားသည်နှင့် ချက်ချင်းအရည်ပျော်သွားသည်။

Chapter 4163

"ဗုဒ္ဓများ...နတ်ဘုရားများ...သန့်စင်သောနယ်မြေ...."

လုယွီ၏အသံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။သူ၏စကားလုံးများတွင် ကောင်းကင်ဘုံ၏စိတ်ဆန္ဒကို သယ်ဆောင်လာသည့်အလား အစွမ်းထက်ပြီး ချိုးဖောက်၍မရနိုင်ချေ။

လုယွီ၏နံဘေးပတ်လည်၌ နတ်ဘုရားများနှင့်ဗုဒ္ဓများ၏ပုံရိပ်ယောင်များ ထောင်နှင့်ချီ၍ ထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်များ၏နှုတ်မှနေ၍ ကျမ်းစာမန္တန်များကို အဆက်မပြတ်ရေရွတ်နေကာ တောက်ပသောအလင်းတန်းများ ဖြာထွက်လာသည်။

မြေအောက်နန်းတော်အတွင်း၌ ပျံ့နှံ့နေသောယင်ချီများ ချက်ချင်းနောက်သို့ပြန်ဆုတ်သွားကာ နတ်ဘုရားအလင်းတန်းများဖြာကျနေသော အချင်းဝက်တစ်မိုင်ခန့်အတွင်းသို့ မချဥ်းကပ်ဝံ့ချေ။

ဗုဒ္ဓများနှင့်နတ်ဘုရားများ၏ သန့်စင်သောနယ်မြေသည် ယင်ချီများကိုဖိနှိပ်ရာ၌ အလွန်အမင်းကြီးမားသော အကျိုးသက်ရောက်မှုရှိသည်။သန့်စင်သောနယ်မြေ၏အရှိန်အဝါအောက်တွင် ယင်ချီများသည် အရပ်မျက်နှာအဘက်ဘက်သို့ ဆုတ်ခွာသွားကြ၏။

ဧရာမနတ်ဆိုးသက်ရှိများသည်လည်း သန့်စင်သောနယ်မြေ၏သက်ရောက်ခြင်းကိုခံရကာ သူတို့၏လှုပ်ရှားမှုများ အလွန်အမင်းနှေးကွေးသွားသည်။

သူတို့၏တိုက်ခိုက်မှုများလည်း နှေးကွေးသွားသဖြင့် လုယွီပေါ်သို့ အနည်းငယ်မျှ သက်ရောက်ခြင်းမရှိတော့ချေ။

"မီးနတ်ဘုရား....ထွက်လာခဲ့စမ်း...."

လုယွီ၏အမိန့်သံနှင့်အတူ ဗုဒ္ဓများနှင့်နတ်ဘုရားများ၏သန့်စင်သောနယ်မြေမှနေ၍ မီးတောက်များလွှမ်းခြုံနေသော နတ်ဘုရားတစ်ပါး ရှေ့ထွက်လာသည်။ထိုနတ်ဘုရားသည် အရပ်မြင့်ပြီး ကြီးကျယ်ခမ်းနားကာ သူ၏မျက်လုံးတစ်စုံသည် ခြစ်ခြစ်တောက်ပူပြင်းသော နေနှစ်စင်းအလားပင်။သူ၏ခန္ဓာကိုယ်မှနေ၍ အရောင်အသွေးစုံလင်သော အလင်းတန်းများ ဖြာထွက်နေကာ သူ့ကိုကြည့်ရသည်မှာ မျက်စိကျိမ်းမတတ် စူးရှတောက်ပနေသည်။

ဤသည်မှာ မီးနတ်ဘုရားကျူးရုံပင်။

လုယွီသည် မီးနတ်ဘုရားကျူးရုံ၏ အစစ်အမှန်နတ်ဘုရားသွေးစက်ကို ရရှိထားခဲ့သည်။ဤသည်မှာ သူသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြု၍ မီးနတ်ဘုရားကျူးရုံ၏ပုံရိပ်ယောင်ကို ဆင့်ခေါ်နိုင်သည်ဟု ဆိုလိုခြင်းပင်။

သို့ရာတွင် ဤသည်မှာ သူ ယခင်ကအသုံးပြုခဲ့သော နည်းစနစ်နှင့် မတူညီတော့ချေ။ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် လုယွီသည် ကျောက်တုံးများကိုရွှေအဖြသို့ပြောင်းလဲနိုင်သည့်အလား သူ၏နည်းစနစ်များ အဆင့်မြင့်သွားခဲ့သည်။သူသည် ပုံရိပ်ယောင်များကို လက်တွေ့ဘဝသို့ ဆင့်ခေါ်နိုင်ပေ၏။

ပုံရိပ်ယောင်များကို လက်တွေ့ဘဝသို့ ဆင့်ခေါ်နိုင်သည်မှာ ပြောရမည်ဆိုလျှင် အလွန်ကြီးမားသော အပြောင်းအလဲတစ်ခုပင်။

မီးနတ်ဘုရားသည် သူ၏ကြီးမားသောမီးတောက်ဓားရှည်ကိုမြှောက်ကာ အောက်သို့ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။ထိုဓားချီတွင် ခြစ်ခြစ်တောက်ပူပြင်းသော မီးတောက်များဖြင့် ပြည့်နှက်နေကာ လေထုအတွင်းသို့ မြင့်တက်သွားပြီး လူအများသည် သူတို့၏မျက်လုံးများကိုပင် မဖွင့်နိုင်တော့ချေ။

ပတ်ဝန်းကျင်ရှိအပူရှိန် ရုတ်ချည်းမြင့်တက်လာသည်။ထိုဓားချီကျရောက်သွားသော အောက်ရှိမြေပြင်တဝိုက်လုံး မီးပင်လယ်ကြီးဖြစ်သွားလေ၏။

နတ်ဆိုးသက်ရှိများထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။အားနည်းသော နတ်ဆိုးသက်ရှိများသည် ထိုမီးတောက်များအကြားတွင် တိုက်ရိုက်လောင်ကျွမ်းသွားကာ ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ယခင်က ကောင်းကင်နှင့်မြေပြင် ပိတ်ဖုံးလုမတတ် အလွန်ကြီးမားကာ အစွမ်းထက်သော နတ်ဆိုးသက်ရှိများသည် ယခုချိန်၌ မီးတောက်များ၏လွှမ်းခြုံခြင်းကိုခံရသဖြင့် တောင့်မခံနိုင်သော နာကျင်မှုကို ခံစားနေရသည်။

"အရမ်းသန်မာအားကောင်းတာပဲ...ဧရာမနတ်ဆိုးသက်ရှိတွေတောင် သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး"

တစ်စုံတစ်ယောက်က သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။

မြင့်မြတ်နယ်မြေမှလူများဖြစ်စေ ထိပ်သီးမိသားစုများမှလူများဖြစ်စေ လုယွီ၏လုပ်ဆောင်ချက်များကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်နေကြသည်။သူတို့သည် မည်သည့်စကားကိုမျှ မဆိုနိုင်တော့ချေ။

"သူက အသက်ဘယ်လောက်ရှိသေးလို့လဲ"

မြင့်မြတ်အရှင်ဟွမ်ထျန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

တခြားလူများနှင့်နှိုင်းယှဥ်ပါက လုယွီ၏အသက်သည် အလွန်ငယ်ရွယ်ပေ၏။

ထိပ်သီးမိသားစုကြီးများနှင့်မြင့်မြတ်နယ်မြေများတွင်ပင် လုယွီ၏အသက်အရွယ်မှာ မျိုးဆက်သစ်လူငယ်တစ်ယောက်သာဖြစ်သည်။ထိုလူငယ်များသည် ပြင်ပလောကသို့သွားကာ အတွေ့အကြုံယူနေသော အဆင့်တွင်သာ ရှိနေပေမည်။

သို့ရာတွင် လုယွီကမူ ကြယ်မြစ်အုပ်ချုပ်သူအရှင်တစ်ယောက် ဖြစ်နေသည့်အပြင် သူ၏စွမ်းအားသည် မျိုးဆက်ဟောင်းမှကျင့်ကြံသူအများစုထက်ပင် သာလွန်နေသည်။

"အတိတ်မှာတုန်းက သွားလေသူဧကရာဇ်လည်း ဒီလိုမျိုး မြင့်တက်လာခဲ့တယ်....သူက ခေတ်ကာလတစ်ခုလုံးရဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေအားလုံးကို အနိုင်ယူပြီးတော့ ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့တယ်"

လုချန်းချင်သည် အံ့အားတသင့် ရေရွတ်လိုက်၏။

"ပဉ္စမအရှင်လု....လုယွီက သွားလာသူဧကရာဇ်ရဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေတာလို့ ပြောချင်တာလား"

ဝေ့မင်ထျန်း၏မျက်လုံးများ တောက်ပသွားသည်။

ဤှအချိန်အခိုက်အတန့်တွင် တခြားလူများသည်လည်း အသိဝင်လာကြသည်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ထွက်ပေါ်လာသောအချိန်မှစတင်၍ ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို လှုပ်ခတ်နိုင်ခဲ့သည်။သူသည် လူသားမျိုးနွယ်တစ်ခုလုံး၏ စစ်မှန်သောအုပ်ချုပ်သူအရှင်ပင်။

သူ သေဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သည့်တိုင် သူနှင့်ပတ်သက်သော ဒဏ္ဍာရီအမြောက်အများသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ တည်ရှိနေဆဲပင်။

လုချန်းချင်က ပြောဆိုသည်။

"ငါက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရဲ့နောက်ကို တစ်ချိန်လုံးလိုက်ခဲ့တာကြောင့် သူ့ရဲ့စွမ်းအားကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်...သွားလေသူဧကရာဇ် မင်းသားဘဝမှာ ရှိနေတဲ့အချိန်တုန်းက သူနဲ့သက်တူရွယ်တူတွေအကြားမှာ ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ....အဲ့ဒီအချိန်တုန်းက တော်ဝင်မြို့တော်မှာရှိတဲ့ လူငယ်ပါရမီရှင်တွေထဲမှာ ဘယ်သူကမှ သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး....ဒါ့ပြင် ရှေးဟောင်းခေတ်ကာလကတည်းက ကြွင်းကျန်ခဲ့တဲ့ မြင့်မြတ်နယ်မြေတွေက ဂရုတစိုက် ပျိုးထောင်ထားတဲ့ သူတော်စင်မိန်းမပျိုတွေ မြင့်မြတ်သားတော်တွေကတောင် သူ့ကို အနိုင်မယူနိုင်ဘူး...သွားလေသူဧကရာဇ်က သူတို့ကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူခဲ့တယ်"

"သူ ပထမဆုံး ထင်ပေါ်ကျော်ကြားလာပြီးတဲ့နောက်မှာ သူ့ရဲ့စွမ်းအားတွေက မြန်မြန်ဆန်ဆန်မြင့်တက်လာခဲ့တယ် ..အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူက ကောင်းကင်ဘုံနယ်မြေရဲ့ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတွေထဲက တစ်ယောက်ဖြစ်နေပြီ...အဲ့ဒီအချိန်တုန်းက မျိုးဆက်ဟောင်းကကျင့်ကြံသူတွေတောင် သွားလေသူဧကရာဇ်ရဲ့လက်အောက်မှာ ရှုံးနိမ့်ခဲ့ရတယ်"

"သွားလေသူဧကရာဇ်က အစွမ်းထက်တဲ့ ရန်သူတွေအားလုံးကို အနိုင်ယူခဲ့တယ်....သူ့မှာ ခွန်အားကြီးမားရုံတင်မကဘူး ကံကြမ္မာကောင်းလည်းရှိတယ်....သူ့ရဲ့ဘဝတလျှောက်လုံး တိုက်ခိုက်ခဲ့သမျှ တိုက်ပွဲတွေမှာ တစ်ခါမှမရှုံးနိမ့်ဖူးဘူး...ချွင်းချက်အနေနဲ့ကတော့ သူ့ရဲ့နောက်ဆုံးတိုက်ပွဲပဲ...."

Chapter 4164

ဤနေရာသို့အရောက်တွင် လုချန်းချင်က ရုတ်တရက် သူ၏ပါးစပ်ကို ပိတ်လိုက်သည်။

တခြားလူများသည်လည်း ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏နောက်ဆုံးတိုက်ပွဲသည် တားမြစ်ချက်တစ်ခုဖြစ်ကြောင်း ကောင်းစွာသိရှိထားပေ၏။

အတိတ်တွင် မြေအောက်လောကတာအိုသခင်သည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကို စိန်ခေါ်ခဲ့စဥ်၌ ကောင်းကင်ဘုံနယ်မြေတခွင်လုံးနီးပါး ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့သည်။ဤကိစ္စသည် မရေမတွက်နိုင်သောလူများ၏စိတ်အာရုံများကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့ရာတွင် ဤထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးနှစ်ယောက်အကြားရှိ တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ကြုံရသူဟူ၍ လူနည်းစုသာရှိသည်။ကျင့်ကြံဆင့်နယ်ပယ် နက်နဲသိမ်မွေ့သူတချို့သာလျှင် သူတို့၏နတ်ဘုရားစိတ်အာရုံများကို အသုံးပြု၍ သူတို့နှစ်ယောက်၏နည်းစနစ်များကို ဖမ်းဆုပ်နိုင်စွမ်းရှိသည်။

သူတို့နှစ်ယောက်သည် ကွဲပြားခြားနားသော ကမ္ဘာငယ်တစ်ခုအတွင်း၌ တိုက်ခိုက်ကြခြင်းဖြစ်သည်။

သူတို့နှစ်ယောက်အနက်မှ တစ်ယောက်ချင်းစီသည် ခြေတစ်ဖက်ဆောင့်နင်းရုံဖြင့် ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို တုန်ခါသွားစေသော တည်ရှိမှုကြီးများဖြစ်ပေ၏။သူတို့နှစ်ယောက်အကြားရှိတိုက်ပွဲမှ နောက်ချန်စွမ်းအားလှိုင်းများသည် အလွန်ပြင်းထန်သဖြင့် အဝေးတနေရာမှကြည့်နေသူများပင်လျှင် သက်ရောက်မှုကိုခံစားရသည်။

အဆုံးသတ်၌ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နှင့်မြေအောက်လောကတာအိုသခင်တို့သည် အတူတကွကြွေလွင့်သွားပေ၏။

သို့ရာတွင် ကောလဟာလများအရ ရှန်လင်းလုံသည် တခြားတာအိုသခင်များနှင့်ပူးပေါင်း၍ ထိုထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးနှစ်ယောက်ကို အလစ်အငိုက်ဖမ်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် သူတို့နှစ်ယောက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ဤသည်မှာ ကောလဟာလတစ်ခုသက်သက် ဖြစ်သည့်အပြင် ယခုချိန်၌ ရှန်လင်းလုံသည် ကောင်းကင်ဘုံဧကရာဇ်နေရာကို ရယူထားပြီးဖြစ်သည်။အကယ်၍ တစ်စုံတစ်ယောက်သည် သတိမပြုမိဘဲ ထိုစကားများကို ပြောဆိုမိပါက တခြားလူများကြားသွားလျှင် သူ့အတွက် ဘေးဒုက္ခများ ဆိုက်ရောက်လာပေမည်။

"မြင့်မားတဲ့အပင်တွေက လေပြင်းကြောင့် ကျိုးပဲ့သွားနိုင်တယ်...သူ ကြီးပြင်းလာတဲ့အချိန်ထိ စောင့်ကြည့်ကြအုံး..."

ထိုအချိန်မှာပင် နံဘေးတစ်ဖက်တွင်ထိုင်နေသော ချီဘုရင်က ဝင်ရောက်ပြောဆိုသည်။

လူအမြောက်အများသည် အေးစက်တင်းမာသောအကြည့်ဖြင့် သူ့ကို ကြည့်လိုက်ကြ၏။

သူတို့အားလုံး အတူပူးပေါင်း၍ နတ်ဆိုးသက်ရှိများကို တိုက်ခိုက်နေစဥ်တွင် ချီဘုရင်သည် နံဘေးမှသာ စောင့်ကြည့်နေပြီး လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် ရည်ရွယ်မထားခဲ့ချေ။

ယခုချိန်တွင် လုယွီသည် သူတို့အားလုံးအတွက် ရှေ့မှကာကွယ်၍ တိုက်ခိုက်ပေးနေသော်လည်း ချီဘုရင်သည် သူ့အား မကောင်းသဘောဆောင်သောစကားများ ပြောဆိုနေသည်။

ချီဘုရင်၏ခွန်အားနှင့်အဆင့်အတန်းကြောင့်သာ မဟုတ်ပါက လူအများသည် သူ့အား သင်ခန်းစာပေးပြီးဖြစ်ပေမည်။

သို့ရာတွင် ထိုအချိန်မှာပင် မြေအောက်နန်းတော်အတွင်းမှနေ၍ နောက်ထပ်ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။

အဝေးတစ်နေရာမှနေ၍ ထူထပ်သိပ်သည်းသောအနက်ရောင်မြူခိုးများ မျောလွင့်လာကာ ဤနေရာသို့ တဖြည်းဖြည်းချဥ်းကပ်လာပေ၏။

ဝေါင်း....

ထိုအနက်ရောင်မြူခိုးများအကြားမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဟိန်းဟောက်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ဤသည်မှာ ငရဲမှတွားသွားတက်လာသော သရဲတစ္ဆေတစ်ကောင်၏အော်သံအလား နှိုင်းယှဥ်ပြစရာမရှိသည်အထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

ပတ်ဝန်းကျင်ရှိလူများသည် ထိုအသံကိုကြားချိန်တွင် သူတို့၏နားစည်များ စူးရှနာကျင်လာသည်ကို ခံစားမိလေ၏။

စိတ်ဆန္ဒအားနည်းသူတချို့သည် သူတို့၏ရှေ့၌ သရဲတစ္ဆေပုံရိပ်ယောင်များ ထွက်ပေါ်လာသည်ကို မြင်တွေ့မိသည်။သူတို့၏မျက်နှာများ သေလုမတက်ဖြူရော်သွားကာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။

မြူခိုးများအကြားမှနေ၍ ကြီးမားသောနဂါးလက်သည်းကြီးတစ်ဖက် ဆန့်တန်းလာကာ လေးနက်တည်ကြည်သော အရှိန်အဝါတစ်ရပ် ပျံ့နှံ့လာသည်။ထိုအရာဖြတ်သန်းသွားသည့်နေရာတိုင်း မြေပြင်ပေါ်၌ပင်လျှင် ထူထပ်သိပ်သည်းသော ရေခဲလွှာများ ဖုံးလွှမ်းသွားသည်။

အနက်ရောင်မြူခိုးများအကြားမှနေ၍ ဧရာမအရိုးနဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။သူ၏နက်မှောင်နေသော မျက်လုံးတစ်စုံဖြင့် လက်ရှိနေရာတွင်ရှိနေသူများအားလုံးကို စူးစိုက်၍ကြည့်လိုက်၏။

ဤအရိုးနဂါးကြီးသည် အလွန်ကြီးမားကာ အစောပိုင်းက ဧရာမနတ်ဆိုးသက်ရှိများပင်လျှင် သူနှင့်နှိုင်းယှဥ်ပါက အသေးအမွှားများ ဖြစ်သွားလေပြီ။

ယခင်က နတ်ဆိုးသက်ရှိလေးကောင်သည် လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုကြီးတစ်ခုကို ကြိုဆိုနေသည့်အလားပင်။သူတို့သည် လုယွီကိုတိုက်ခိုက်နေခြင်းအား ရပ်တန့်ကာ မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြသည်။

သူတို့အားလုံးသည် အသိဥာဏ်ရှိသော နတ်ဆိုးသက်ရှိများဖြစ်ပြီး ရုပ်သေးများမဟုတ်ချေ။

လူသားကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။မြူခိုးများအကြား၌ မည်ကဲ့သို့အစွမ်းထက်သော တည်ရှိမှုကြီးတစ်ခု ပုန်းအောင်းနေသည်ကို မည်သူမျှမသိနိုင်ချေ။

"ကြည့်လိုက်အုံး....အဲ့ဒီအရိုးနဂါးပေါ်မှာ လူတစ်ယောက်ရှိနေတယ်"

လေလွင့်ကျင့်ကြံသူတစ်ယောက်သည် အလွန်ထိတ်လန့်ကြောက်ရွံနေသဖြင့် သူ၏သွားအချင်းချင်း တဂတ်ဂတ်ရိုက်နေသည်။သူသည် လူအုပ်ကြီး၏နောက်၌ပုန်းအောင်းကာ တိုးညှင်းသောအသံဖြင့် ပြောဆိုလိုက်၏။

လူများအားလုံး မော့ကြည့်လိုက်ရာ အရိုးနဂါး၏ကျောထက်တွင် လူတစ်ယောက်မတ်တတ်ရပ်နေသည်ကို တွေ့မြင်မိသည်။

ထိုလူသည် တောက်ပသော အဝါရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။ထိုဝတ်ရုံသည် အချိန်ကာလ၏တိုက်စားခြင်းကို ခံရသည့်တိုင် ယခင်အတိုင်း တောက်ပနေဆဲပင်။

သူ၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သော သေဆုံးခြင်းအငွေ့အသက်များ ထွက်ပေါ်နေသည်။ပတ်ဝန်းကျင်ရှိ ယင်ချီများအားလုံးသည် နဂါးတစ်ကောင်ပျံဝဲနေသည့်အလား သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ လူးလွန့်နေသည်။လေပြင်းများတိုက်ခတ်ခြင်းနှင့်အတူ သူ၏ဆံပင်ရှည်များ လူးလွန့်နေသည်။

ထိုလူသည် အရိုးနဂါးပေါ်မှ ခုန်ဆင်းလိုက်၏။နတ်ဆိုးသက်ရှိလေးကောင်သည် နတ်ဘုရားတစ်ပါးကို မြင်တွေ့ရသည့်အလား ဒူးထောက်၍အရိုအသေပြုလိုက်ကြသည်။

ဤမြင်ကွင်းသည် အလွန်ထူးဆန်းနေကာ လက်ရှိနေရာတွင်ရှိနေသော လူအများစုသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှ တုန်လှုပ်ချောက်ချားလာမှုကို ခံစားမိသည်။သူတို့၏ရှေ့၌ ထွက်ပေါ်လာသောမြင်ကွင်းသည် သူတို့၏နားလည်သဘောပေါက်နိုင်မှုထက် များစွာပို၍ကျော်လွန်နေလေပြီ။

"ကိုးကောင်းကင်ဘုံ နက်နဲသိမ်မွေ့နဂါးဝတ်ရုံ...အဲ့ဒီလူက ထန်အင်ပါယာရဲ့လီဧကရာဇ် မဟုတ်လား"

လက်ရှိနေရာတွင်ရှိနေသူများအနက်မှ တချို့သည် ဤနဂါးဝတ်ရုံကိုသိရှိသဖြင့် တုန်ရီနေသောအသံများဖြင့် ရေရွတ်လိုက်သည်။

Chapter 4165

အနက်ရောင်ယင်ချီမြူခိုးများဖြင့် ပြည့်နှက်နေသော တောက်ပသော အဝါရောင်နဂါးဝတ်ရုံသည် အလွန်အမင်းမျက်စိစူးရှဖွယ်ဖြစ်ပေ၏။

ဤသည်မှာ ထန်အင်ပါယာအတွင်း၌ အလွန်နာမည်ကျော်ကြားသော မှော်ရတနာတစ်ခုပင်။

ဤနဂါးဝတ်ရုံသည် ထန်ဧကရာဇ်အတွက် အထူးသီးသန့်ဖန်တီးထားခြင်းဖြစ်ပေ၏။ထန်ဧကရာဇ်တစ်ပါး သေဆုံးသွားချိန်တွင် ဤဝတ်ရုံကို ဧကရာဇ်၏အလောင်းနှင့်အတူ မြှုပ်နှံရသည်။

ကောလဟာလများအရ ကိုးကောင်းကင်ဘုံ နက်နဲသိမ်မွေ့နဂါးဝတ်ရုံကို ဝတ်ဆင်ထားပါက အဆိပ်မျိုးစုံကို ခံနိုင်ရည်ရှိသည့်အပြင် ရေမီးဘေးအန္တရာယ်များလည်း ချဥ်းကပ်နိုင်ခြင်းမရှိချေ။ထိုဝတ်ရုံသည် နတ်ဘုရားစိတ်အာရုံများဖြင့် စူးစမ်းထောက်လှမ်းခြင်းကိုပင် ကာကွယ်ဟန့်တားနိုင်သည်။

သာမာန်သေမျိုးတစ်ယောက်ပင်လျှင် ထိုဝတ်ရုံကို ဝတ်ဆင်ထားပါက ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပေမည်။ဤသည်မှာ ထန်အင်ပါယာ၏ အကန့်အသတ်မရှိသော ကံကြမ္မာစွမ်းအားများကြောင့်ပင်။

ထန်ဧကရာဇ်သည် ချန်အန်းမြို့တော်၏အလယ်ရှိ နန်းတော်အတွင်း၌ နေထိုင်သည်။သူ၏လက်အတွင်း၌ တော်ဝင်အခွင့်အာဏာစည်းတံဆိပ်ကို ကိုင်ဆောင်ထားကာ သူ၏ခန္ဓာကိုယ်ပေါ်၌ နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။သူသည် လူသူအများကိုအုပ်ချုပ်ရသော ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ယောက်ပင်။

ထိုအကြောင်းအရင်းကြောင့် ထန်အင်ပါယာမှ မျိုးရိုးစဥ်ဆက်ဧကရာဇ်များ၏ သင်္ချိုင်းဂူများသည် ကျင့်ကြံသူအမြောက်အများကို အုတ်ဂူဖောက်ရန်အတွက် ဆွဲဆောင်နိုင်စွမ်းရှိသည်။

သို့ရာတွင် ထိုသင်္ချိုင်းဂူများကို အလွန်နက်ရှိုင်းစွာ ကွယ်ဝှက်ထားပေ၏။အကယ်၍ ထိုသင်္ချိုင်းဂူများနှင့်ပတ်သတ်သော သဲလွန်စတစ်ခုကို ရရှိလျှင်ပင် လွယ်လင့်တကူ ရှာတွေ့နိုင်မည်မဟုတ်ချေ။လူအမြောက်အများသည် ကြီးမားသောအခက်အခဲများအကြားမှနေ၍ ထိုသင်္ချိုင်းဂူများ၏သဲလွန်စများကို ရှာတွေ့ခဲ့သော်လည်း ထောင်ချောက်များ အတားအဆီးအလွှာများကြောင့် အလောင်းအပြည့်အစုံပင်မကျန်ရှိဘဲ သေဆုံးသွားကြရသည်။

"ဒါက ဘယ်လိုကံကြမ္မာစွမ်းအားမျိုးလဲ....အလယ်ခေတ်ရဲ့ထန်အင်ပါယာက ပျက်စီးသွားပြီမဟုတ်လား....ဘယ်လို့လုပ်ပြီးတော့ ဒီထန်ဧကရာဇ်က ခုထိအသက်ရှင်နေတာလဲ...."

ကျင့်ကြံသူများအနက်မှတချို့သည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။

သူတို့ ဂရုတစိုက်ကြည့်လိုက်ကြချိန်တွင် ထိုအဝါရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသူသည် မည်ကဲ့သို့ပုံပန်းသွင်ပြင်မျိုးရှိသည်ကို သိရှိလိုက်ရသည်။

ထိုလူထံတွင် ကိုယ်လက်အင်္ဂါအပြည့်အစုံနှင့် တည်ငြိမ်အေးဆေးသော မျက်နှာအမူအယာရှိသည်။သူ၏ဖြူရော်ရော်ဖြစ်နေသောမျက်နှာမှလွဲ၍ သူသည် သာမာန်လူသားတစ်ယောက်နှင့် မည်သည့်ကွဲပြားခြားနားခြင်းမျှမရှိချေ။

"သူက လူသားလား ဒါမမဟုတ် သရဲတစ္ဆေတစ်ကောင်လား"

တစ်စုံတစ်ယောက်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

လုယွီသည် နဂါးဝတ်ရုံဝတ်ဆင်ထားသောလူ ချဥ်းကပ်လာသည်ကို မြင်တွေ့မိလေ၏။သူသည် လက်ညှိုးညွှန်ကာ မီးနတ်ဘုရားပုံရိပ်ယောင်ကြီးကို ထိုနဂါးဝတ်ရုံဝတ်ဆင်ထားသောလူထံသို့ တိုးဝင်တိုက်ခိုက်စေသည်။

မီးနတ်ဘုရားသည် မီးတောက်များလွှမ်းခြုံနေသည့် ဓားရှည်ကြီးကို လွှဲယမ်းလိုက်ချိန်၌ လေထုအတွင်းတွင် စူးရှသောလေတိုးသံများ ထွက်ပေါ်လာသည်။ထိုလေတိုးသံများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ လူအများအား သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်တုန်ရီသွားစေသည်။

သို့ရာတွင် မီးနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ထိုလူ၏အနီးသို့ ချဥ်းကပ်မိသည်နှင့် နတ်ဘုရားစွမ်းအားများအားလုံး ပျောက်ကွယ်သွားသည်။လေဟာနယ်သည် လုံးလုံးလျားလျား ပြောင်းလဲသွားသည့်အလား မီးနတ်ဘုရားပုံရိပ်ယောင်ကြီးသည် တွန့်လိမ်ပြီးပုံပျက်သွားပေ၏။

နဂါးဝတ်ရုံဝတ်လူက ရှေ့သို့ဆက်၍ လျှောက်လှမ်းလာသည်။

မီးနတ်ဘုရားပုံရိပ်ယောင်ကြီး ချက်ချင်းပျက်ပြယ်သွားကာ ထိုလူ၏ခန္ဓာကိုယ်ကို ထိတွေ့မိခြင်းပင်မရှိချေ။

"ထန်အင်ပါယာရဲ့ဧကရာဇ်....."

လုယွီ၏မျက်လုံးများ တောက်ပသွားကာ သူသည် မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ လူအုပ်အကြားသို့ ပြန်သွားလိုက်သည်။

"လုယွီ....နင် အဆင်ပြေရဲ့လား"

ဝေ့မင်ထျန်းက လုယွီ၏အနီးသို့ ရောက်ရှိလာကာ စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။

လုယွီက ခေါင်းညိတ်ပြလိုက်၏။

"ဒါက အဆင်ပြေပါတယ်....အဲ့ဒီနတ်ဆိုးသက်ရှိတွေက ငါ့ကို ထိခိုက်နာကျင်အောင် မလုပ်နိုင်ဘူး"

လုယွီ အဆင်ပြေသည်ကိုကြည့်ပြီး လူအများသည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြသည်။

ယခုလက်ရှိနေရာတွင် နယ်မြေသခင်သုံးယောက်ရှိကာ ချီဘုရင် လုချန်းချင်နှင့် မြင့်မြတ်အရှင်ဟွမ်ထျန်းပင်။

သို့ရာတွင် ချီဘုရင်သည် လှုပ်ရှားမှုမပြုလုပ်ချေ။အကယ်၍ လုချန်းချင်နှင့်မြင့်မြတ်အရှင်ဟွမ်ထျန်းတို့ ပူးပေါင်း၍တိုက်ခိုက်လျှင်ပင် ထိုနတ်ဆိုးသက်ရှိများကို ရင်ဆိုင်နိုင်စွမ်းမရှိချေ။လုယွီတစ်ယောက်တည်းကသာ ထိုနတ်ဆိုးသက်ရှိများကို ရင်ဆိုင်နိုင်စွမ်းရှိသည်။

အကယ်၍ သူသာ တစ်စုံတစ်ခုဖြစ်သွားပါက လက်ရှိနေရာတွင် ရှိနေသူများအားလုံး အဆုံးသတ်သွားပေမည်။

လုချန်းချင်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဒုက္ခတစ်ခုကို ခုထိမဖြေရှင်းရသေးဘူး...တခြားဒုက္ခတစ်ခု ထပ်ရောက်လာပြီ....အဲ့ဒီလူက နဂါးဝတ်ရုံကိုဝတ်ထားတယ်...သူက ထန်အင်ပါယာရဲ့ဧကရာဇ်တွေထဲက တစ်ပါးဖြစ်နိုင်တယ်....ဒါပေမဲ့ သူတို့အားလုံးက သေသွားကြပြီလေ.....ဒီတစ်ယောက်က ဘယ်လိုလုပ်ပြီး အသက်ရှင်နေတာလဲ"

လုယွီက ထိုနဂါးဝတ်ရုံဝတ်လူကို အချိန်အတော်ကြာစူးစိုက်ကြည့်ပြီးနောက် ပြောဆိုလိုက်၏။

"အဲ့ဒီလူက ထန်အင်ပါယာရဲ့ဧကရာဇ် လီရှုပဲ..."

"မင်းက ဒါကို ဘယ်လိုလုပ်ပြီးသိတာလဲ"

လူများအားလုံး သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလေသည်။

လုယွီက ထိုနဂါးဝတ်ရုံဝတ်လူ၏လက်ကို ညွှန်ပြကာ ပြောဆိုသည်။

"သူ့ရဲ့ညာဘက်လက်က လက်ညှိုးတစ်ချောင်းပြတ်နေတယ်....ဒါက သူ အသက်ရှင်သန်နေတဲ့အချိန်တုန်းက နတ်ဆိုးသူတော်စင်တစ်ပါးကြောင့် ပြတ်သွားခဲ့တာပဲ"

လူတိုင်းသည် နဂါးဝတ်ရုံဝတ်လူ၏လက်ကိုကြည့်လိုက်ကြရာ အမှန်တကယ်ကိုပင် ထိုလူ၏လက်ယာဘက်လက်၌ လက်ချောင်းလေးချောင်းသာရှိကြောင်း တွေ့မြင်မိသည်။

ဝေ့မင်ထျန်းက ပြောဆိုသည်။

"သမိုင်းမှတ်တမ်းတွေအရဆိုရင် ထန်အင်ပါယာရဲ့အဆုံးသတ်ကာလတွေမှာ တော်ဝင်နန်းတွင်းတစ်ခုလုံး ကြီးမားတဲ့ဘေးအန္တရာယ်အတွင်းကို ကျရောက်ခဲ့တယ်....ချန်အန်းမြို့တော်ထဲမှာ နတ်ဆိုးတွေ လှည့်ပတ်ပျံသန်းနေပြီးတော့ လူတွေအားလုံး တုန်လှုပ်ချောက်ချားနေတယ်...ဧကရာဇ်လီရှုက နတ်ဆိုးသူတော်စင်တစ်ပါးကြောင့် ဒဏ်ရာရပြီးတော့ စိတ်ပျက်လက်ပျက်နဲ့ သေဆုံးသွားခဲ့ရတယ်...အဲ့ဒီဒဏ်ရာက သူ့ရဲ့လက်ချောင်းတစ်ချောင်း ပြတ်သွားတာဖြစ်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

Thank For Reading.

All Chapters