← Chapters

အခန်း (၄၁၆၆-၄၁၇၀)

Vol. 212 Ch. 4166-4170

အခန်း (၄၁၆၆-၄၁၇၀)

Vol. 212 Ch. 4166-4170

Chapter 4166

ဤနေရာသို့ရောက်ရှိလာသော ကျင့်ကြံသူများသည် သမိုင်းမှတ်တမ်းများကို အနည်းနှင့်အများ နားလည်သဘောပေါက်ထားကြသည်။

ထန်အင်ပါယာသည် အချိန်အတော်ကြာ စည်ပင်ဝပြောခဲ့သော အင်ပါယာတစ်ခုဖြစ်သဖြင့် လူအများစုသည် ထိုအင်ပါယာ၏အရေးကိစ္စများနှင့်ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်သည်။

ထန်ဧကရာဇ်လီရှု သေဆုံးသွားသည်မှာ အလယ်ခေတ်အတွင်းရှိ ဖြစ်ရပ်ဆိုးကြီးတစ်ခုပင်။

သူအုပ်ချုပ်သော ခေတ်ကာလအတွင်း၌ ဖရိုဖရဲကိစ္စများ ဖြစ်ပျက်နေလေပြီ။အလယ်ခေတ်ထန်အင်ပါယာသည် အတိတ်တွင်ကဲ့သို့ အစွမ်းထက်ခြင်းမရှိတော့ချေ။မြို့အမြောက်အများသည် ယိုယွင်းပျက်စီးသောအခြေအနေသို့ ရောက်ရှိနေကာ အင်ပါယာ၏ကံကြမ္မာသည်လည်း အန္တရာယ်အတွင်းသို့ ကျရောက်နေလေပြီ။

ထိုအချိန်တွင် နတ်ဆိုးများသည် လူသားများ၏နယ်မြေများအတွင်း၌ ထင်ရာစိုင်းနေကြကာ ချန်အန်းမြို့တော်တွင်လည်း အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။နတ်ဆိုးမျိုးနွယ်၏ သူတော်စင်ဆယ့်ငါးပါးသည် အတူပူးပေါင်း၍ ချန်အန်းမြို့အတွင်းသို့ ဝင်ရောက်လာကာ မြို့တစ်မြို့လုံးကို ဖျက်ဆီးလုနီးပါးပင်။ဧကရာဇ်လီရှုပင်လျှင် နတ်ဆိုးမျိုးနွယ်၏သူတော်စင်များလက်အောက်၌ ရှုံးနိမ့်ခဲ့ရသည်။

ချန်အန်းမြို့အတွင်း၌ သေဆုံးသွားခဲ့သော လီရှုသည် အလယ်ခေတ်ထန်အင်ပါယာ၏ နောက်ဆုံးဧကရာဇ်ပင်။

သမိုင်းမှတ်တမ်းများအတွင်းတွင် ဤကိစ္စကို တိတိကျကျ ဖော်ပြမထားချေ။ထန်ဧကရာဇ်လီရှုနှင့်ပတ်သက်သော အကြောင်းအရာဟူ၍ အနည်းငယ်သာပါရှိသဖြင့် သူ၏ဒဏ်ရာသည် လက်ချောင်းတစ်ချောင်းပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း မည်သူမျှ တွေးထင်ထားမိခြင်းမရှိချေ။

ထို့နောက် လီရှုသည် စိတ်ပျက်လက်ပျက်ဖြင့် အချိန်အတော်ကြာ နေထိုင်ပြီးနောက် ထီးနန်းကို သူ၏ညီတော်လီကျီးထံသို့ လွှဲပြောင်းပေးခဲ့သည်။

"လက်ချောင်းတစ်ချောင်းပြတ်တာက သူ့ကို သေတဲ့အထိ ဖြစ်သွားစေတာလား"

လေလွင့်ကျင့်ကြံသူတစ်ယောက်က မေးမြန်းသည်။

"ဒါက အပေါ်ယံမှာတော့ မပြောပလောက်တဲ့ ဒဏ်ရာလေးတစ်ခုပဲ....ဒါပေမဲ့ နတ်ဆိုးသူတော်စင်တွေရဲ့လက်ချက်နဲ့ ရတဲ့ဒဏ်ရာဖြစ်နေတယ်....အဲ့ဒီနတ်ဆိုးသူတော်စင်တစ်ပါးချင်းစီမှာ မိုးနဲ့မြေကိုတောင် ဖျက်ဆီးနိုင်တဲ့စွမ်းအားမျိုးရှိတယ်...ဒါက ဧကရာဇ်လီရှုရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်စေခဲ့တာကြောင့် သူ သေဆုံးသွားခဲ့ရတာပဲ"

ဝေ့မင်ထျန်းသည်လည်း အတိတ်နှင့်ပစ္စုပ္ပန်မှ ကိစ္စများကို သိရှိထားသဖြင့် ရှင်းပြလေသည်။

လက်ရှိနေရာတွင်ရှိနေသူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဤကဲ့သို့ ဧကရာဇ်တစ်ပါးသည် အကယ်၍ အတိတ်တွင် အရှုံးသမားတစ်ယောက် ဖြစ်နေလျှင်ပင် လူတိုင်းမော့ကြည့်ရသော တည်ရှိမှုကြီးတစ်ခု ဖြစ်နေဆဲပင်။

နတ်ဆိုးသူတော်စင်ဆယ့်ငါးပါး၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် သူ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ခြင်းမှတဆင့် သူ၏ခွန်အားကို သက်သေပြရန် လုံလောက်သည်။

သို့ရာတွင် သမိုင်းမှတ်တမ်းများအတွင်းရှိ ဒဏ္ဍာရီလာတည်ရှိမှုကြီးတစ်ခုသည် သူတို့၏ရှေ့၌ အရှင်လတ်လတ်ထွက်ပေါ်လာပေ၏။ဤကဲ့သို့ကိစ္စမျိုးကို သူတို့ ယုံကြည်နိုင်ခြင်းမရှိချေ။

"အရှင်လု....တကယ်လို့ မင်းက လီရှုနဲ့တိုက်ခိုက်မယ်ဆိုရင် မင်းမှာ အနိုင်ရနိုင်တဲ့အခွင့်အရေးဘယ်လောက်ရှိလဲ"

မြင့်မြတ်အရှင်ဟွမ်ထျန်းက မေးမြန်းသည်။

မြင့်မြတ်အရှင်ဟွမ်ထျန်းသည် အစောပိုင်းက ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကာ ယခုချိန်ထိတိုင် သူ၏အရှိန်အဝါများ ပျက်ပြယ်သွားခြင်းမရှိချေ။သူ၏နံဘေးပတ်ဝန်းကျင်၌ လျှပ်စီးမိုးကြိုးများ မျောလွင့်နေကာ သူသည် မိုးကြိုးသံချပ်ကာကို ဝတ်ဆင်ထားသည့်အလားပင်။

လုယွီက သူ၏ခေါင်းကိုခါပြကာ ပြောဆိုလိုက်၏။

"သူ့ဆီမှာ ထန်အင်ပါယာရဲ့ကံကြမ္မာစွမ်းအားတွေ ရှိနေတယ်....သူ့အပေါ်ကို ဘယ်မှော်နည်းစနစ်မှ သက်ရောက်နိုင်မှာ မဟုတ်ဘူး...သူ့ကို ဒဏ်ရာရစေဖို့တောင် အရမ်းခက်ခဲလိမ့်မယ်"

ကျင့်ကြံသူတစ်ယောက်က ထိတ်လန့်တကြား ပြောဆိုသည်။

"အလယ်ခေတ်ထန်အင်ပါယာ ပျက်စီးသွားတာ အချိန်ဘယ်လောက်တောင် ကြာနေပြီလဲ....ကံကြမ္မာစွမ်းအားတွေက ဘာလို့ ခုထိမပျက်ပြယ်သေးတာလဲ"

ဤအချိန်တွင် လက်ရှိနေရာတွင်ရှိနေသူများအားလုံး ကြက်သေသေနေပေ၏။

ယေဘုယျကျကျပြောဆိုရလျှင် အင်ပါယာတစ်ခု ပျက်စီးသွားပြီးနောက် ကံကြမ္မာစွမ်းအားများ အလျှင်အမြန်ပျက်ပြယ်သွားပေမည်။

တခြားတစ်ဖက်တွင် အင်ပါယာတစ်ခု၏တော်ဝင်မိသားစုဝင်တစ်ယောက်သည်လည်း အင်ပါယာ၏ကံကြမ္မာစွမ်းအားများ တွယ်ကပ်နေခြင်းမရှိပါက သာမာန်ကျင့်ကြံသူတစ်ယောက်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။

အလယ်ခေတ်ထန်အင်ပါယာ ပျက်စီးသွားခဲ့သည်မှာ အနည်းဆုံး နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့်နေလေပြီ။

မြစ်ချောင်းများနှင့်မြေပြင်အနေအထား ပြောင်းလဲသွားကာ အရာအားလုံးသည် ယခင်နှင့်မတူညီတော့ပေ။တစ်ချိန်က နာမည်ကျော်ကြားပြီး အစွမ်းထက်သော ထန်အင်ပါယာမှကျင့်ကြံသူများပင်လျှင် ယခုချိန်၌ အရိုးစုများဘဝသို့ ပြောင်းလဲသွားလေပြီ။

သို့ရာတွင် အလယ်ခေတ်ထန်အင်ပါယာမှ ကံကြမ္မာစွမ်းအားများသည် ယခုချိန်ထိတိုင် ပျက်ပြယ်သွားခြင်းမရှိသေးချေ။

"ငါတို့တွေထဲမှာ တစ်ယောက်ကမှ သူ့ကို မယှဥ်ပြိုင်နိုင်မှာကို ငါ စိုးရိမ်မိတယ်..."

မြင့်မြတ်အရှင်ဟွမ်ထျန်းသည်လည်း အနည်းငယ်ထိတ်လန့်တုန်လှုပ်နေကာ သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုလိုက်၏။

ချန်အန်းမြို့အတွင်း၌ ထန်ဧကရာဇ်လီရှုကို မည်သူတစ်ဦးတစ်ယောက်ကမှ ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

ထန်အင်ပါယာ၏အဆုံးသတ်ကာလအတွင်း၌ နတ်ဆိုးသူတော်စင်ဆယ့်ငါးယောက်၏တိုက်ခိုက်မှုကပင် လီရှုအား ဒဏ်ရာရရှိရုံသာ ဖြစ်စေခဲ့ပြီး သတ်ဖြတ်နိုင်ခြင်းမရှိချေ။

ကံကြမ္မာစွမ်းအားများ၏ထောက်ပံ့ပေးမှုကြောင့် ချန်အန်းမြို့အတွင်း၌ လီရှုသည် အစစ်အမှန်အုပ်ချုပ်သူအရှင်ပင်။အကယ်၍ သူ သေဆုံးခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလျှင်ပင် သူ၏အင်ပါယာမှ ကံကြမ္မာစွမ်းအား ဤနေရာတွင်ရှိနေသရွေ့ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အား ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

လူများအားလုံး၏အကြည့်များအောက်တွင် လီရှုသည် သူတို့နှင့် မီတာရာအနည်းငယ်ခန့်အကွာသို့ လျှောက်လှမ်းလာပြီးနောက် ရပ်တန့်လိုက်သည်။

လီရှု၏နောက်ရှိ နတ်ဆိုးသက်ရှိများထံမှနေ၍ အရိုးကွဲလုမတတ် အေးစိမ့်သောယင်ချီများ ထုတ်လွှတ်ထားသည်။သူတို့၏မျက်လုံးများအတွင်း၌ သွေးဆာသောအလင်းတန်းများဖြင့် ပြည့်နှက်နေကာ လူသားကျင့်ကြံသူများအားလုံးကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

Chapter 4167

အေးစက်စက်အကြည့်များ တစ်ခုပြီးတစ်ခု ကျရောက်လာသဖြင့် လူသားကျင့်ကြံသူများ၏ ကျောရိုးများတလျှောက် ချမ်းစိမ့်သွားသည်။

ယခင်က သူတို့ မြင်တွေ့ခဲ့ရသည့် နတ်ဆိုးသက်ရှိများကို လီကျီးမှထိန်းချုပ်ထားပုံပင်။ထိုနတ်ဆိုးသက်ရှိများသည် ဟိန်းဟောက်ခြင်းမပြုဘဲ သူတို့အား တိတ်တဆိတ် ကြည့်နေကြလေ၏။

သို့ရာတွင် ဤသည်မှာ ယခင်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

လူများအားလုံး၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။ဤနတ်ဆိုးသက်ရှိများ မည်သည့်အချိန်၌ စတင်၍တိုက်ခိုက်မည်ကို မည်သူမျှမသိနိုင်ချေ။

"ဘာလို့ သူတို့က ခုထိ မတိုက်ခိုက်သေးတာလဲ"

တစ်စုံတစ်ယောက်က တုန်ရီနေသောအသံဖြင့် မေးမြန်းသည်။

သူတို့၏စိတ်နှလုံးသားများအတွင်းရှိ ထိတ်လန့်ကြောက်ရွံမှုများ မြင့်တက်လာသည်။သူတို့၏ရှေ့ရှိ နတ်ဆိုးသက်ရှိများ တိုက်ခိုက်လာပါက သူတို့ အသက်ရှင်သန်နိုင်မည်ဟု မည်သူမျှ အာမမခံနိုင်ချေ။

"ဒီကြေးနီမြို့တံခါးကို ဝင်္ကပါတစ်ခုနဲ့ ပိတ်ဆို့ထားတယ်....သူတို့ကိုကြည့်ရတာ ဒီမြို့တံခါးရဲ့နောက်မှာရှိတဲ့ တည်ရှိမှုကြီးတစ်ခုကို ကြောက်နေကြတဲ့ပုံပဲ"

လုယွီက တီးတိုးရေရွတ်လိုက်၏။

ထို့နောက် သူ၏မျက်လုံးအတွင်း၌ ခရမ်းရောင်မီးတောက်များ ထွက်ပေါ်လာကာ ဖြည်းညှင်းစွာလူးလွန့်နေသည်။

ဤနေရာပတ်ဝန်းကျင်ရှိ မြေပြင်အနေအထားတစ်ခုလုံးကို သူ၏မျက်လုံးတစ်စုံဖြင့် ခွဲခြမ်းစိတ်ဖြာပြီးဖြစ်သည်။မည်သည့်အသေးစိတ်အချက်အလက်တစ်ခုမျှ သူ၏မျက်လုံးအတွင်းမှ လွတ်မြောက်သွားခြင်းမရှိချေ။

လူများအားလုံး၏ခြေထောက်များအောက်တွင် ဝင်္ကပါတစ်ခုရှိနေသည်။

ဤဝင်္ကပါကို ကြေးနီမြို့တံခါးရှိ ရှေးဟောင်းဝင်္ကပါကြီးနှင့် ချိတ်ဆက်ထားပေ၏။ဤရှေးဟောင်းဝင်္ကပါကြီး၏ မြို့တံခါးရှေ့၌ပေါ်လွင်နေသော အစိတ်အပိုင်းပင်လျှင် အလွန်အစွမ်းထက်သည်။

ဤနေရာနှင့်မိုင်တစ်ရာအချင်းဝက်ပတ်လည်တွင် အလွန်ကြီးမားသော ဝင်္ကပါကြီးတစ်ခုရှိပုံရသည်။ဤသည်မှာ မြေအောက်၌ပုန်းအောင်းနေသော အစစ်အမှန်နဂါးတစ်ကောင်နှင့်တူညီပြီး အင်မော်တယ်စွမ်းအားအမြောက်အများ ကိန်းအောင်းနေသော်လည်း ထုတ်လွှတ်ထားခြင်းမရှိချေ။သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ဝင်္ကပါကြီး၏ အထွတ်အမြတ်စွမ်းအားများသည် အံ့အားသင့်ဖွယ်ကောင်းနေဆဲပင်။

ဤနေရာကို တည်ဆောက်ခဲ့သော လူထံတွင် သာလွန်ထူးကဲသော နည်းစနစ်တချို့ ရှိပုံရသည်။ထိုသို့မဟုတ်ပါက ဤကဲ့သို့ကြီးမားသော မြေအောက်ဝင်္ကပါကြီးတစ်ခုကို ကောင်းမွန်စွာခင်းကျင်းနိုင်ရန်မှာ မဖြစ်နိုင်ချေ။

ဤမြေအောက်ဝင်္ကပါကြီးသည် ယခုလက်ရှိချိန်တွင် လူများအားလုံးအတွက် အကာအကွယ်အလွှာကြီးတစ်ခု ဖြစ်နေလေပြီ။

နတ်ဆိုးသက်ရှိများထံတွင် သွေးဆာမှုများ လျော့ကျသွားသည့် အရိပ်အယောင်မျိုးမရှိချေ။သူတို့သည် တားမြစ်ကန့်သတ်ချက်တချို့ကို ထိတ်လန့်ကြောက်ရွံနေသည့်အလား ရှေ့သို့တိုးမလာဝံ့ကြရုံသက်သက်ပင်။

"ငှက်နက်ရုပ်ထုတွေ...အဲ့ဒါတွေက ဝင်္ကပါရဲ့ဗဟိုချက်ပဲ"

လုယွီက ရှေးဟောင်းဝင်္ကပါကြီးတစ်ခုလုံးကို ဂရုတစိုက်စူးဆန်းလေ့လာလိုက်သည်။နောက်ဆုံး၌ သူ၏အကြည့်သည် မြို့တံခါး၏ဘေးတစ်ဖက်တစ်ချက်တွင်ရှိနေသော ကျောက်ရုပ်ထုနှစ်ခုပေါ်သို့ ကျရောက်သွားပေ၏။

ထိုကျောက်ရုပ်ထုနှစ်ခုသည် ဆယ့်ငါးမီတာခန့်မြင့်မားပြီး ငှက်နက်ပုံသဏ္ဍာန် ထွင်းထုထားခြင်းဖြစ်သည်။ထိုငှက်နက်များသည် နေမင်းကြီးထံဦးတည်၍ တဟုန်ထိုးပျံသန်းသွားသောပုံစံရှိကာ ရှေးဟောင်းအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။

သူတို့ ဤနေရာသို့ စတင်ရောက်ရှိချိန်၌ ဤရုပ်ထုနှစ်ခုကို သတိပြုမိသော လူတချို့ရှိနေသော်လည်း များစွာအလေးအနက်မထားကြချေ။

လုယွီ၏စကားသံ ကျရောက်သွားပြီးနောက် ငှက်နက်ရုပ်ထုနှစ်ခုနှင့်ပတ်သက်ပြီး လူအများသည် ထူးခြားသော တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရသည်။

ဝုန်း....ဝုန်း....

ရုပ်ထုနှစ်ခု၏မျက်နှာပြင်မှ အဝါရောင်သဲများ ရုတ်တရက်ကွာကျသွားသည်။ထို့နောက် သိသာထင်ရှားသော အက်ကွဲကြောင်းများသည် ရုပ်ထုနှစ်ခုပေါ်၌ စတင်၍ပျံ့နှံ့သွားပေ၏။

ဤရုပ်ထုနှစ်ခုသည် သာမာန်မျက်စိဖြင့်မြင်နိုင်သောအရှိန်ဖြင့် ပျက်စီးစပြုလာသည်။

"အဲ့ဒီရုပ်ထုတွေ ပျက်စီးသွားရင် ဘာဖြစ်မှာလဲ"

မြင့်မြတ်အရှင်ဟွမ်ထျန်းက မေးမြန်းသည်။

သူတို့ထံတွင် လက်ခံနိုင်ဖွယ်ရှိသောစွမ်းအားမျိုး ရှိနေသော်လည်း ဝင်္ကပါပညာရပ်အပေါ် သူတို့၏နားလည်သဘောပေါက်မှုသည် လုယွီကဲ့သို့ ထူးချွန်ခြင်းမရှိချေ။

လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"တကယ်လို့ အဲ့ဒီကျောက်ရုပ်ထုနှစ်ခု ပျက်စီးသွားမယ်ဆိုရင်....ဒီနေရာပတ်ဝန်းကျင်မှာရှိတဲ့ ဝင်္ကပါကြီး ပျောက်ကွယ်သွားလိမ့်မယ်...အဲ့ဒီအချိန်ကျရင် ငါတို့ရဲ့ရှေ့မှာရှိနေတဲ့ နတ်ဆိုးသက်ရှိတွေအတွက် ဘာအဟန့်အတားမှမရှိတော့ဘူး...ဒါကြောင့် သူတို့က ငါတို့ဆီကို ပြေးဝင်တိုက်ခိုက်ကြလိမ့်မယ်"

လက်ရှိနေရာတွင်ရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ဤနတ်ဆိုးသက်ရှိများ၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။ယခုကြည့်ကြည့်တော့မှ သူတို့သည် ဝင်္ကပါကြီး ပျက်စီးသွားမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းပင်။

"ဒါက အရမ်းမြန်တယ်...အရင်က အဲ့ဒီရုပ်ထုတွေ အက်ကွဲတာ ဒီလောက်ထိမမြန်ဘူး"

လူများအားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။

အစောပိုင်းက ငှက်နက်ရုပ်ထုများ၏အက်ကွဲမှုသည် အလွန်လျှင်မြန်ခြင်းမရှိချေ။

သို့ရာတွင် လီရှု ထွက်ပေါ်လာပြီးနောက် ငှက်နက်ရုပ်ထုနှစ်ခုသည် အလွန်လျှင်မြန်စွာလောင်ကျွမ်းနေသော မီးတိုင်များအလား သာမာန်မျက်စိဖြင့်မြင်နိုင်သော အရှိန်နှုန်းဖြင့် ပျက်စီးနေသည်။

ကျင့်ကြံသူတချို့သည် လက်စည်းတံဆိပ်တချို့ကိုဖွဲ့စည်းကာ ငှက်နက်ရုပ်ထုများအား ကာကွယ်ပေးရန် ကြိုးစားသော်လည်း အချည်းနှီးပင်။

"အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာက အကြာဆုံးပဲ....အဲ့ရုပ်ထုနှစ်ခု ပျက်စီးသွားလိမ့်မယ်"

လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

ထိုအသံကိုကြားချိန်တွင် လူများအားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။

နံဘေးတစ်ဖက်မှ စောင့်ကြည့်နေသော ချီဘုရင်ပင်လျှင် သူ၏မျက်လုံးကိုဖွင့်ကာ မျက်မှောင်ကြုတ်လိုက်၏။

Chapter 4168

"ဆရာကျိုး....ဝင်္ကပါကြီးကို ချိုးဖျက်နိုင်ဖို့ အချိန်ဘယ်လောက်လိုသေးလဲ"

ချီဘုရင်က တင်းမာခက်ထန်စွာ ပြောဆိုသည်။

ဆရာကျိုးသည် ကြေးနီမြို့တံခါးကြီး၏ရှေ့၌ ပလ္လင်ခွေထိုင်နေကာ သူ၏နဖူးမှ ချွေးသီးချွေးပေါက်များ ယိုစီးကျနေသည်။

သူ၏မျက်လုံးများသည်လည်း သွေးနီရောင်သန်းနေပေ၏။ဤသည်မှာ သူ၏စိတ်စွမ်းအားကို အလွန်အကျွံအသုံးပြုထားကာ အဆုံးစွန်ဆုံးအဆင့်ထိ စိုးရိမ်ပူပန်နေရခြင်း၏ရလဒ်ပင်။

"ခဏပဲ ကြာတော့မယ်"

ဆရာကျိုးသည် အံ့တင်းတင်းကြိတ်ကာ သူ၏လက်မှ လက်စည်းသင်္ကေတများကို တဖန်ထပ်၍ပြောင်းလဲလိုက်သည်။

သူ၏လက်လှုပ်ရှားမှုများ တစတစပို၍လျှင်မြန်လာသည်။သူ၏လက်မှနေ၍ လျှို့ဝှက်ဆန်းကြယ်သော လက်စည်းတံဆိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ကြေးနီမြို့တံခါးကြီးပေါ်သို့ ကျရောက်သွားသည်။

ကြယ်ရောင်အလင်းတန်းများကို နယ်ရုပ်များအလား ပြောင်းလဲကာ သူ၏မှော်စွမ်းအားများကို စစ်တုရင်ခုံတစ်ခုံအဖြစ်သို့ သိပ်သည်းထားသည်။ဆရာကျိုး မှော်မန္တန်ရွတ်ဆိုလိုက်သည့်အချိန်တိုင်း ထိုကြယ်ရောင်အလင်းတန်းများ တဖြည်းဖြည်းပို၍တောက်ပလာသည်။

"မြန်မြန်လေး...သူတို့ ဒီနေရာကို ရောက်လာတော့မယ်"

ကျင့်ကြံသူတစ်ယောက်သည် လီရှု ရုတ်တရက် ရှေ့သို့ခြေတစ်လှမ်းတိုးလာသည်ကို မြင်တွေ့မိလေ၏။

ဤခြေတစ်လှမ်းတွင် နှိုင်းယှဥ်ပြစရာမရှိသည်အထိ နက်နဲသိမ်မွေ့သော စိတ်ဝိညာဥ်အမှတ်အသားတစ်ခုက လီရှု၏ခြေထောက်နံဘေး၌ ထွက်ပေါ်လာသည်။ဤစိတ်ဝိညာဥ်အမှတ်အသားသည် အချိန်တခဏကြာခန့် တောက်ပပြီးနောက် မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ ပျောက်ကွယ်သွားသည်။

ဤသည်မှာ ကြေးနီမြို့တံခါး၏ အကာအကွယ်ဝင်္ကပါပင်။

အရပ်မျက်နှာအဘက်ဘက်တွင် ယင်ချီများ တဖြည်းဖြည်း ပို၍ထူထပ်သိပ်သည်းလာသဖြင့် မြေအောက်နန်းတော်၏ အကာအကွယ်ဝင်္ကပါကြီး တိုက်စားခြင်းခံရကာ စွမ်းအားများ တစတစလျော့ပါးလာသည်။

တခြားနတ်ဆိုးသက်ရှိများသည်လည်း လီရှု၏နောက်သို့လိုက်ကာ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ကြ၏။

လူသားကျင့်ကြံသူများအားလုံး ထိတ်လန့်ကြောက်ရွံသွားကာ နောက်သို့ဆုတ်လိုက်ကြသည်။နတ်ဆိုးသက်ရှိများ လှုပ်ရှားနိုင်သောနယ်မြေသည် တစတစပို၍ကျယ်ပြန့်လာပြီး လူသားကျင့်ကြံသူများ၏နေရာ ပို၍ကျဥ်းမြောင်းလာသည်။

"လိပ်ပြာလေး...."

ရုတ်တရက် တစ်စုံတစ်ယောက်၏အမြင်အာရုံ ဝေဝါးသွားကာ အဝေးတစ်နေရာသို့ကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

သူ၏နံဘေးရှိလူသည် ထိတ်လန့်တုန်လှုပ်သွားကာ ကူကယ်ရာမဲ့စွာဖြင့် ဆဲဆိုလိုက်၏။

"မင်း ဘာလုပ်နေတာလဲ....ငါ့ကို ခြောက်လှန့်နေတာလား...ငါ့ရဲ့ဘေးကနေ ထွက်သွားစမ်း"

"မဟုတ်ဘူး...ဒီတစ်ကြိမ်တော့ ငါ မင်းကို လက်လွှတ်မပေးနိုင်ဘူး"

သို့ရာတွင် အမြင်အာရုံမှုန်ဝါးနေသောလူသည် တခြားလူများ၏ အော်သံများနှင့်ဆဲဆိုသံများကို မကြားသည့်အလား လူအုပ်အကြားမှ ပြေးထွက်သွားသည်။

သူ၏လှုပ်ရှားမှုသည် အလွန်ရုတ်တရက်ဆန်သဖြင့် မည်သူမျှ ခန့်မှန်းထားမိခြင်းမရှိချေ။

ထိုကျင့်ကြံသူသည် နတ်ဆိုးသက်ရှိများအကြားသို့ တဟုန်ထိုးပြေးဝင်သွားသည်။နတ်ဆိုးသက်ရှိများသည် သူ့ထံသို့ ခုန်ဝင်ပြီးနောက် မကြာမီမှာပင် စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

"အဲ့ဒီလူ ရူးသွားတာလား"

အစောပိုင်းက အော်ဟစ်ဆဲဆိုလိုက်သောလူသည် ယခုလက်ရှိချိန်၌ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ဇောချွေးများထွက်လာသည်။

ဤကဲ့သို့အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် လူများအားလုံးသည် သူတို့၏မသိစိတ်မှနေ၍ နောက်သို့ဆုတ်လိုက်ကြ၏။သူတို့သည် ရှေ့တွင်နေမိပါက ဤနတ်ဆိုးသက်ရှိများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းအား ခံရမည်ကို စိုးရိမ်နေမိသည်။

ဤလူသားစားနတ်ဆိုးသက်ရှိများ၏ လက်များအတွင်းသို့ ကျရောက်သွားပါက သူတို့သည် အသက်ရှင်သန်နိုင်ရန် နည်းလမ်းမရှိသည့်အပြင် သူတို့၏သေဆုံးခြင်းမှာလည်း အလွန်အမင်းဆိုးရွားပေမည်။

"အဲ့ဒီလူက အာရုံလှည့်စားခံရတာပဲ...လီရှုရဲ့မျက်လုံးတွေကို မကြည့်ကြနဲ့"

မြင့်မြတ်နယ်မြေတစ်ခု၏အကြီးအကဲတစ်ယောက်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

သူ၏နဖူးပေါ်တွင် အပြာရောင်သွေးကြောကြီးများ ထောင်ထနေကာ ဇောချွေးများ ယိုစီးကျနေသည်။ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်တိုက်ခိုက်မှုများကို ခုခံနိုင်ရန် သူသည် စွမ်းအားအမြောက်အများကို ထုတ်ဖော်အသုံးပြုထားရသည်။

အမှုမဲ့အမှတ်မဲ့ဖြင့် လီရှု၏မျက်လုံးများ အပြာရောင်သို့ ပြောင်းလဲသွားသည်။

ဤမျက်လုံးကိုမြင်တွေ့မိသော မည်သူမဆို သူတို့သည် အသူရာချောက်နက်ကြီးတစ်ခုအတွင်းသို့ ကျသွားသည့်အလား ခံစားမိလေ၏။သူတို့၏စိတ်ဝိညာဥ်များသည် သူတို့၏ခန္ဓာကိုယ်များနှင့် ကင်းကွာသွားကာ တစ်ဖက်လူ၏ထိန်းချုပ်ခြင်းကိုခံရသည့် ရုပ်သေးတစ်ရုပ်ဖြစ်လာတော့မည့်အလားပင်။

အစောပိုင်းက ကျင့်ကြံသူသည် လီရှု၏မျက်လုံးကို ကြည့်မိသဖြင့် သူ၏စိတ်ဝိညာဥ် ထိန်းချုပ်ခံလိုက်ရခြင်းဖြစ်သည်။သူ၏စိတ်နှလုံးသားအတွင်း၌ ပုံရိပ်ယောင်များ ထွက်ပေါ်လာသဖြင့် ရှေ့သို့ပြေးထွက်သွားခြင်းဖြစ်ပေ၏။

"ဒါက အရမ်းထူးဆန်းတယ်....ခုဏက ငါ သူ့ကိုကြည့်လိုက်တဲ့အချိန်မှာ ငါ့ရဲ့ဇာတိမြို့က မိသားစုဝင်တစ်ယောက်ကို တကယ်ကြီးတွေ့မြင်မိတယ်"

လူသားကျင့်ကြံသူများအနက်မှတစ်ယောက်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

"သူ့ရဲ့မျက်လုံးကို မကြည့်မိစေနဲ့"

မြင့်မြတ်အရှင်ဟွမ်ထျန်းသည်လည်း သူ၏မျက်လုံးကို စုံမှိတ်လိုက်၏။

လူများအားလုံး လီရှုထံမှ အကြည့်လွှဲလိုက်ကြသည်။တချို့သည် သူတို့၏မျက်လုံးများကိုစုံမှိတ်ကာ တချို့သည် သူတို့၏ခေါင်းများကို အောက်သို့ငုံထားသည်။

တစ်ဖက်လူသည် လှုပ်ရှားမှုတစ်ခုကိုပင် ပြုလုပ်ခြင်းမရှိချေ။သူ့ရှေ့ရှိလူများကို ကြည့်နေရုံသက်သက်ဖြင့် ထိုလူ၏စိတ်ဝိညာဥ်ကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ဤသည်မှာ အလွယ်ပြောရပါက နတ်ဘုရားဆန်သော နည်းစနစ်တစ်ခုပင်။ဤအကြောင်းကိုတွေးတောမိရုံဖြင့် လူသားကျင့်ကြံသူများ၏နောက်ကျောပြင်များသည် ဇောချွေးများဖြင့် ရွှဲနစ်သွားပေ၏။

သို့သော် ထို့အချိန်မှာပင် ထူးဆန်းသောအသံတစ်သံ ထွက်ပေါ်လာသည်။

Chapter 4169

ဤထူးဆန်းသောအသံသည် တိုးညှင်းပြီး ယောက်ျားတစ်ယောက် သို့မဟုတ် မိန်းမတစ်ယောက်၏ ငိုညည်းသံကဲ့သို့ မသဲမကွဲဖြစ်နေသော်လည်း လူအများ၏ဦးရေပြားကို တင်းကြပ်သွားစေသည်။

တိတ်ဆိတ်ပြီးမှောင်မိုက်သော မြေအောက်နန်းတော်အတွင်းတွင် ဤကဲ့သို့အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်မှာ အလွန်ထူးဆန်းပေ၏။

မည်သူတစ်ဦးတစ်ယောက်မျှ စကားသံတစ်သံ မထွက်ဝံ့ချေ။ဤနေရာတွင် မည်သည့်တားမြစ်ကန့်သတ်ချက်မျိုးရှိနေသည်ကို မည်သူမျှ မသိနိုင်ပေ။အစောပိုင်းက သေဆုံးသွားခဲ့သော ကျင့်ကြံသူ၏သွေးများသည် မြေပြင်ပေါ်၌ ဖြာကျနေဆဲဖြစ်သဖြင့် မည်သူကမျှ သူ၏ခြေလှမ်းအတိုင်း မလိုက်လိုချေ။

"အား အဖေ...အမေ...ကျွန်တော်က အဖေနဲ့အမေအတွက် လက်စားချေမယ်...ကျွန်တော်က သူတို့အားလုံးကို သတ်မယ်"

လေလွင့်ကျင့်ကြံသူတစ်ယောက်၏မျက်လုံးများ ရုတ်တရက် နီမြန်းသွားကာ သူသည် ရူးသွပ်သွားလုနီးပါးပင်။သူသည် ဓားကိုဆွဲထုတ်ကာ နံဘေးပတ်ဝန်းကျင်ရှိလူများကို ခုတ်ပိုင်းလိုက်၏။

သူ၏တိုက်ခိုက်မှုသည် အလွန်ရုတ်တရက်ဆန်သဖြင့် သူ၏နံဘေး၌မတ်တတ်ရပ်နေသော ကျင့်ကြံသူတစ်ယောက်သည် သတိလက်လွတ်ဖြစ်သွား​သောကြောင့် သူ၏ဓားဖြင့် ခုတ်ပိုင်းခြင်းကိုခံရကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ထိုလူကိုသတ်ဖြတ်ပြီးနောက် ထိုလေလွင့်ကျင့်ကြံသူသည် စိတ်ကျေနပ်ခြင်းမရှိဘဲ သူ၏လက်ဖြင့် ဓားကိုဆုပ်ကိုင်ကာ လူအုပ်အကြားသို့ ပြေးဝင်သွားတော့သည်။

"သူက အပြင်မှာရှိတဲ့ နတ်ဆိုးသက်ရှိတွေရဲ့ ထိန်းချုပ်တာကိုခံရပြီးတော့ သတ်ဖြတ်ခြင်းစက်ယန္တရားတစ်ခုဖြစ်သွားပြီ"

မြင့်မြတ်နယ်မြေတစ်ခု၏အကြီးအကဲတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး မြင့်မြတ်အရှင်ဟွမ်ထျန်းသည် သူ၏မှော်စွမ်းအားများကို ရွှေရောင်လက်စည်းတံဆိပ်တစ်ခုအဖြစ် သိပ်သည်းပြီး ရှေ့သို့ပျံ့လွင့်သွားစေသည်။

လူအများ၏ရှေ့သို့ ရောက်ရှိသွားသော ထိုလေလွင့်ကျင့်ကြံသူသည် ရွှေရောင်လက်စည်းတံဆိပ်ကြီးကြောင့် သွေးမြူများအဖြစ် ပေါက်ကွဲသွားလေ၏။သွေးများက နေရာအနှံ့အပြားသို့ ဖြာကျသွားသည်။

"ငါတို့က လီရှုကိုမကြည့်ဘဲနေတာတောင် သက်ရောက်ခံရတုန်းပဲလား"

"ပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်နေတဲ့အသံတွေက အရမ်းထူးဆန်းပြီးတော့ တုန်လှုပ်ချောက်ချားဖို့ကောင်းတယ်လို့ ငါ ခံစားနေရတယ်"

လူတချို့က တုန်ရီနေသောအသံများဖြင့် ပြောဆိုသည်။သူတို့သည် တစ်ဖက်လူကိုကြည့်ရှုခြင်းပင်မပြုဘဲ အဝေးတစ်နေရာတွင်နေသည့်တိုင် သက်ရောက်ခြင်းခံရမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

လုယွီသည် သူ၏မူလနေရာ၌ မတ်တတ်ရပ်နေဆဲပင်။သူသည် အစောပိုင်းက ငိုညည်းသံကိုကြားပြီးနောက် တိတ်တဆိတ် ခွဲခြမ်းစိတ်ဖြာလိုက်၏။သို့ရာတွင် သူ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်နေသည်။

ဤအသံသည် ငိုညည်းသံဖြစ်ပုံရသော်လည်း အမှန်အားဖြင့် မရေမတွက်နိုင်သော စကားစုများကို ဖွဲ့စည်းထားခြင်းပင်။ထိုစကားစုတစ်စုတိုင်းသည် ရက်စက်ကြမ်းကြုတ်သော ကျိန်စာတစ်ခုဖြစ်ပေ၏။

ရာနှင့်ချီသော ကျိန်စာများကို စုစည်းထားကာ နောက်ဆုံး၌ ငိုညည်းသံတစ်သံအဖြစ် ဖွဲ့စည်းသွားခြင်းပင်။

ဤငိုညည်းသံကိုကြားချိန်တွင် စိတ်စွမ်းအားအားနည်းသူတချို့၏စိတ်အတွင်း၌ မကောင်းသဘောဆောင်သောအတွေးများ ပေါက်ဖွားလာပေမည်။သူတို့သည် တဖြည်းဖြည်း ထိုကျိန်စာများ၏ထိန်းချုပ်ခြင်းကိုခံရကာ သတ်ဖြတ်ခြင်းစက်ယန္တရားများ ဖြစ်လာပေမည်။

လက်ရှိနေရာတွင်ရှိနေသူများသည် အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း သူတို့အနက်မှအများစု၏ အသက်ရှုနှုန်းများ လျှင်မြန်နေကာ သူတို့၏မျက်လုံးများ စူးရှတောက်ပနေသည်။ဤသည်မှာ သူတို့၏စိတ်နှလုံးသားများကို လွှမ်းမိုးခြင်းခံထားရသည့် သင်္ကေတပင်။

"အားလုံးပဲ....ငါက စိတ်စွမ်းအားကျင့်ကြံနည်းစနစ်တစ်ခု မင်းတို့ကို လက်ဆင့်ကမ်းပေးမယ်...မင်းတို့ရဲ့စိတ်နှလုံးသားတွေထဲကနေ အဲ့ဒီမှော်မန္တန်ကို ရွတ်ဆိုပြီးတော့ ပြင်ကကစွမ်းအားတွေကို ခုခံကြပါ"

လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ စိတ်စွမ်းအားကျင့်ကြံနည်းစနစ်တစ်ခုကို လူများအားလုံးထံသို့ လက်ကမ်းပေးလိုက်သည်။

ဤသည်မှာ ရှေးဟောင်းကျင့်ကြံနည်းစနစ်တစ်ခုဖြစ်သော မဟာနှလုံးသားကျင့်ကြံခြင်းနည်းစနစ်ပင်။တစ်စုံတစ်ယောက်သည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ထိုမှော်မန္တန်ကို ထပ်ခါတလဲလဲရွတ်ဆိုသည်နှင့် အထူးတလည်ကျင့်ကြံရန်မလိုအပ်ဘဲ အကျိုးသက်ရောက်မှုကို ချက်ချင်းရရှိစေနိုင်သည်။

ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၌ မြင့်မြတ်နယ်မြေများမှ အင်မော်တယ်အမြောက်အများသည် ကျင့်ကြံခြင်းမပြုသေးမီ ဤမှော်မန္တန်ကို ကြိမ်ဖန်များစွာ ရွတ်ဆိုကြသည်။ထို့ကြောင့် သူတို့၏စိတ်သည် တည်ငြိမ်အေးချမ်းနေကာ မလိုလားအပ်သောအတွေးများ ဝင်ရောက်လာနိုင်ခြင်းမရှိတော့ချေ။နောက်ဆုံး၌ သူတို့သည် အကောင်းမွန်ဆုံးအခြေအနေဖြင့် ကျင့်ကြံနိုင်ပေ၏။

ပတ်ဝန်းကျင်ရှိလူများသည် အစပထမ၌ ကြက်သေသေနေသော်လည်း ထိုမှော်မန္တန်ကို ရွတ်ဆိုပြီးနောက် သူတို့၏စိတ်နှလုံးသားများ အေးမြလာမှုကို ခံစားမိသည်။

သူတို့၏စိတ်နှလုံးသားများအတွင်းမှ မလိုလားအပ်သောအတွေးများနှင့်စိုးရိမ်သောကများသည် ဤအချိန်အခိုက်အတန့်၌ ပျက်ပြယ်သွားသည့်အလားပင်။

ထူးဆန်းသောငိုညည်းသံ ထွက်ပေါ်နေဆဲဖြစ်သော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သော ကျိန်စာစွမ်းအားသည် လက်ရှိနေရာတွင်ရှိနေသူများအားလုံးကို မသက်ရောက်နိုင်တော့ချေ။

"ဘယ်လောက်တောင် နက်နဲသိမ်မွေ့တဲ့ ကျင့်ကြံနည်းစနစ်လဲ....ဒါက ငါ့ရဲ့မြင့်မြတ်နယ်မြေမှာရှိတဲ့ ထိပ်သီးကျင့်ကြံနည်းစနစ်တွေနဲ့ တန်းတူအဆင့်မှာရှိနေတယ်"

မြင့်မြတ်အရှင်ဟွမ်ထျန်း၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ထိပ်သီးမိသားစုများမှလာသော လုချန်းချင်နှင့်ဝေ့မင်ထျန်းတို့ပင်လျှင် ဤကဲ့သို့ နက်နဲသိမ်မွေ့သော ကျင့်ကြံနည်းစနစ်တစ်ခုကို ယခင်က တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။

သူတို့သည် ထိုမှော်မန္တန်၏ပထမပိုင်းကို ရွတ်ဆိုရုံဖြင့် စိတ်တည်ငြိမ်အေးချမ်းသောအဆင့်သို့ ဝင်ရောက်နိုင်ခဲ့သည်။သူတို့ထံ၌ မည်သည့်မလိုလားအပ်သောအတွေးမျှ မရှိတော့ချေ။

အသိပညာကို လက်ဆင့်ကမ်း​ပေးခြင်း....

ဤနယ်မြေအတွင်းတွင် လူတစ်စုသည် လုယွီနှင့် ကံကြမ္မာရေစက်တစ်ခု ဖွဲ့စည်းသွားလေပြီ။

Chapter 4170

မဟာနှလုံးသားသန့်စင်ခြင်းနည်းစနစ်၏ အကူအညီဖြင့် လက်ရှိနေရာတွင်ရှိနေသော လူအများစုသည် ပတ်ဝန်းကျင်မှ ထူးဆန်းသောငိုညည်းသံကို တောင့်ခံနိုင်ခဲ့ပေ၏။

သို့ရာတွင် ဤသည်မှာ သူတို့အားလုံး တောင့်ခံနိုင်ရုံမျှသာပင်။

လီရှုက ရှေ့သို့လျှောက်လှမ်းလာသည်။သူ၏ခြေတစ်လှမ်းတိုင်းသည် အလွန်နှေးကွေးသော်လည်း ရှေ့သို့တဖြည်းဖြည်း တိုးလာပေ၏။

ဤသည်မှာ နတ်ဆိုးသက်ရှိများလှုပ်ရှားနိုင်သော နယ်မြေသည် ထပ်မံ၍ကျယ်ပြန့်သွားပြီဟု ဆိုလိုခြင်းပင်။

နှိုင်းယှဥ်ကြည့်ပါက လူသားကျင့်ကြံသူများသည် ကြေးနီမြို့တံခါးရှေ့၌ ပူးကပ်နေပြီး သေရမည်ကို တိတ်တဆိတ်စောင့်ဆိုင်းနေကြသည့်အလားပင်။

မြင့်မြတ်အရှင်ဟွမ်ထျန်းက ရုတ်တရက် ပြောဆိုသည်။

"အုပ်ချုပ်သူအရှင်လု...ပဉ္စမအရှင်လု...ငါတို့က လီရှုကို ဘယ်လိုနည်းနဲ့မှ ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး....ဒါပေမဲ့ အဲ့ဒီနတ်ဆိုးသက်ရှိတွေကိုတော့ ငါတို့ နည်းနည်းတော့ ရင်ဆိုင်နိုင်တယ်...တကယ်လို့ ငါတို့မှာ ဘာနည်းလမ်းမှမရှိတော့ဘူးဆိုရင် သူတို့ကိုသတ်ပြီးတော့ ဖောက်ထွက်ကြရအောင်...မင်းတို့ ဘယ်လိုသဘောရလဲ"

ဤသည်မှာ နောက်ဆုံးမှီခိုအားထားရာပင်။

ကျင့်ကြံသူအဖြစ်သို့ ရောက်ရှိသွားသော မည်သူမဆို သေဆုံးရမည်ကို ထိုင်စောင့်နေမည်မဟုတ်ချေ။အကယ်၍ သူတို့ သေဆုံးရလျှင်ပင် သေရမည်ကို စောင့်ဆိုင်းနေသည်ထက် တိုက်ခိုက်ရင်း သေဆုံးရသည်က ပို၍ကောင်းမွန်ပေမည်။

လုချန်းချင်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ငါ ရှေ့ကဦးဆောင်မယ်...အားလုံးပဲ ငါတို့တိုက်ခိုက်ပြီးတော့ ဖောက်ထွက်ရအောင်...ဒီနတ်ဆိုးသက်ရှိတွေရဲ့လက်ထဲမှာ ငါတို့ရဲ့အသက်တွေကို ဆုံးရှုံးခံလို့မဖြစ်ဘူး"

သူ့ထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။သူ၏ခန္ဓာကိုယ်မှနေ၍ မှော်စွမ်းအားများ ပွင့်အံ့ထွက်လာပေ၏။အရပ်မျက်နှာအဘက်ဘက်သို့ ပြင်းထန်ပြီး အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပျံ့နှံ့သွားသည်။

"တကယ်လို့ ငါတို့တွေ တိုက်ခိုက်ပြီးတော့ ဖောက်ထွက်မယ်ဆိုရင်....ငါတို့ထဲက ဘယ်သူမှ အသက်မရှင်နိုင်မှာကို ငါ စိုးရိမ်မိတယ်"

လုယွီ၏စိတ်အတွင်း၌ လွတ်လမ်းတစ်လမ်းကို ယခင်ကတည်းက စဥ်းစားပြီးလေပြီ။

အစောပိုင်းက သူ၏တိုက်ခိုက်မှုသည် အစွမ်းထက်ပုံရသော်လည်း အမှန်အားဖြင့် နတ်ဆိုးသက်ရှိများအနက်မှတစ်ကောင်ကိုမျှ သူ သတ်ဖြတ်နိုင်ခြင်းမရှိချေ။

ယင်ချီများ ပတ်ဝန်းကျင်တွင်ရှိနေသရွေ့ ထိုနတ်ဆိုးသက်ရှိများသည် ပင်လယ်အတွင်းသို့ဝင်ရောက်သွားသော နဂါးများအလားပင်။သူတို့သည် ထိခိုက်ဒဏ်ရာရရှိလျှင်ပင် ယင်ချီများ၏ကုသပေးခြင်းကြောင့် အလျှင်အမြန်ပြန်လည်ကောင်းမွန်သွားပေမည်။ထို့ပြင် ဤနတ်ဆိုးသက်ရှိများကို မီးတောက်များဖြင့်လည်း သတ်ဖြတ်၍မရနိုင်ချေ။

ဤနတ်ဆိုးသက်ရှိများ၏ကျင့်ကြံဆင့်သည် ပြင်ပလောကရှိ ကျင့်ကြံဆင့်နယ်ပယ်များထက် အဆများစွာသာလွန်နေသည်။အကယ်၍ ထိုနတ်ဆိုးသက်ရှိများ၏ခွန်အားသည် လူသားကျင့်ကြံသူများလောက် ကောင်းမွန်ခြင်းမရှိလျှင်ပင် သူတို့အား သတ်ဖြတ်နိုင်စွမ်းရှိမည်မဟုတ်ချေ။အဆုံးသတ်၌ လူသားကျင့်ကြံသူများသာ စွမ်းအားများကုန်ဆုံးပြီး မောပန်းနွမ်းနယ်ကာ သေဆုံးရပေမည်။

ထို့ပြင် ဤနေရာတွင် အခြေအနေအားလုံးကို ထိန်းချုပ်ထားသော ထန်ဧကရာဇ်လီရှုရှိနေသည်။

သူ့အား အနိုင်တိုက်ခိုက်နိုင်မည်ဟု မည်သူတစ်ဦးတစ်ယောက်ထံတွင်မျှ ယုံကြည်ချက်မရှိချေ။

လုယွီ၏စိတ်နှလုံးသားအတွင်း၌ ကံကြမ္မာဟောကိန်းနည်းစနစ်ကို စတင်၍အသုံးပြုလိုက်သည်။သူ၏စိတ်အတွင်း၌ ကံကြမ္မာလမ်းကြောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ကံကြမ္မာအဆိုးအကောင်းကို တွက်ချက်လိုက်၏။

"ဟား ဟား ဟား...ငါ ဒါကို ချိုးဖျက်နိုင်ပြီ"

ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောသံတစ်သံကို လူများအားလုံး ကြားလိုက်ရသည်။

ဆရာကျိုး၏ရှေ့တွင် ပါးလွှာသော အလင်းလွှာတစ်လွှာ ထွက်ပေါ်လာကာ ကြယ်ရောင်အလင်းတန်းများ အချင်းချင်းချိတ်ဆက်သွားပြီး လှည့်ပတ်နေကာ ရှည်လျားသောကြယ်မြစ်ကြီးတစ်ခုပုံစံသို့ ပြောင်းလဲသွားသည်။

ကြယ်ရောင်အလင်းတန်းများ ချိတ်ဆက်သွားသည်နှင့် ဝင်္ကပါကြီး ကျိုးပျက်သွားကာ ကြေးနီမြို့တံခါးမှနေ၍ ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံ မြည်ဟီးလာသည်။

မြေပြင်တပြင်လုံးတုန်ခါသွားကာ ကျောက်နံရံမှနေ၍ မရေမတွက်နိုင်သော ကျောက်စကျောက်နများ သဲမှုန်များ ပြုတ်ကျလာပေ၏။

ကျောက်နံရံပေါ်တွင် မူလက သဲမှုန်များကပ်နေသဖြင့် မူလပုံပန်းသွင်ပြင် ပျောက်ကွယ်နေခဲ့သည်။သို့ရာတွင် ယခုချိန်၌ ထိုကျောက်နံရံကြီး၏ပုံသဏ္ဍာန် တဖန်ပြန်၍ ထွက်ပေါ်လာလေပြီ။

ဖုန်မှုန့်များ ကွာကျသွားပြီးနောက် မြို့တံခါး၏အထက်၌ ကမ္ပည်းပြားတစ်ခု ထွက်ပေါ်လာသည်။ဤကမ္ပည်းပြားကို ကြေးနီဖြင့်ပြုလုပ်ထားပုံရကာ ထိုအရာပေါ်တွင် ထွင်းထုထားသော အက္ခရာသုံးလုံးမှနေ၍ ရှေးဆန်ပြီး လောကဓံတရားကိုခံခဲ့ရသော အရှိန်အဝါတစ်ရပ် ထုတ်လွှတ်ထားသည်။ထိုအရှိန်အဝါသည် အစွမ်းထက်ပြီး အကန့်အသန်မရှိနက်နဲသိမ်မွေ့သောစွမ်းအားပင်။

တချို့လူများသည် ထိုစာလုံးများကိုမြင်တွေ့ချိန်တွင် တီးတိုးရေရွတ်လိုက်ကြ၏။

"ဖန်းနန်းတော်...."

အချိန်များကြာညောင်းလာပြီးနောက် ပင်လယ်ပြင်သည် ပိုးစာပင်လယ်ကွင်းများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

ဤကြီးမားသောနန်းတော်ကြီးသည် မြေအောက်၌ တိတ်ဆိတ်ငြိမ်သက်စွာ ကိန်းအောင်းနေကာ တဖန်ပြန်၍ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည့်အလားပင်။

ကြေးနီမြို့တံခါးကြီးကို ဖြည်းညှင်းစွာဖွင့်လိုက်ချိန်တွင် ထိုအရာ၏နောက်၌ အမှောင်ထုကြီးရှိနေကာ နှစ်ပေါင်းများစွာကြာအောင် ပုန်းအောင်းနေခဲ့သော လျှို့ဝှက်ချက်တစ်ခုအလားပင်။နောက်ဆုံး၌ လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းလျှို့ဝှက်ချက်တစ်ခုသည် လူများအားလုံး၏ရှေ့၌ ထွက်ပေါ်လာလေပြီ။

ကျီ...ကျီ...

ထိုအချိန်မှာပင် ကြေးနီတံခါး၏ဘေးတစ်ဖက်တစ်ချက်ရှိ ငှက်နက်ရုပ်ထုနှစ်ခုထံမှနေ၍ တကျီကျီတကျာကျာအသံများ ထွက်ပေါ်လာသည်။

ဝင်္ကပါကြီး၏ပြင်ပတွင်ရှိသော နတ်ဆိုးသက်ရှိများသည် ကြေးနီတံခါးပွင့်သွားသည်ကို မြင်တွေ့ချိန်၌ ဒေါသူပုန်ထနေကြကာ ယင်ချီများ ပို၍ထူထပ်သိပ်သည်းလာသည်။

ကြေးနီတံခါးကြီး၏အတားအဆီးဝင်္ကပါကြီး ကျိုးပျက်သွားလေပြီ။

ပြင်ပတွင် နတ်ဆိုးသက်ရှိများအားလုံး ဟိန်းဟောက်နေကာ သူတို့၏အသံများသည် မိုးခြိမ်းသံတမျှ ကျယ်လောင်ပေ၏။

"သွားကြစို့...."

ချီဘုရင်သည် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချကာ ကြေးနီမြို့တံခါးအတွင်းသို့ တဟုန်ထိုးပြေးဝင်လိုက်သည်။

All Chapters