အခန်း (၄၁၇၆-၄၁၈၀)
Vol. 212 Ch. 4176-4180
Chapter 4176
ထန်ဧကရာဇ်လီရှုသည် သေဆုံးသွားသော်လည်း သူ၏စွမ်းအား လျော့ပါးသွားခြင်းမရှိချေ။
သမိုင်းကြောင်းတလျှောက်တွင် ဧကရာဇ်တချို့သည် နားဝေတိမ်တောင်ဖြစ်ကာ ကြွေလွင့်ခဲ့ရသော်လည်း သူတို့ထံတွင် အထွတ်အမြတ်စွမ်းအားရှိနေဆဲပင်။သူတို့သည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထိပ်သီးတည်ရှိမှုကြီးများဖြစ်ပေ၏။
ထန်အင်ပါယာတွင် လီတော်ဝင်မိသားစုသည် ဧကရာဇ်တစ်ပါးကိုရွေးချယ်ချိန်၌ သူတို့၏သွေးမျိုးဆက်ကို ထည့်သွင်းယူဆသည့်အပြင် သူတို့၏ခွန်အားကိုလည်း ထည့်သွင်းစဥ်းစားရန်လိုအပ်သည်။
အကယ်၍ သူတို့ထံတွင် အခြေခံအုတ်မြစ်အဖြစ် လုံလောက်သောခွန်အားမရှိပါက အိမ်ရှေ့စံမင်းသားဖြစ်လာလျှင်ပင် အန္တရာယ်များစွာကို ရင်ဆိုင်ရပေမည်။
လီရှု သေဆုံးသွားပြီးနောက် ထီးနန်းကို သူ၏ညီတော်လီကျီးကို လွှဲအပ်ခဲ့ခြင်းမှာ သူ့ထံ၌ သားတော်မရှိခြင်းကြောင့်မဟုတ်ချေ။လီရှု၏သားတော်သည် အသက်ငယ်ရွယ်ကာ ခွန်အားအလုံအလောက်မရှိသဖြင့် ထန်အင်ပါယာ၏ဝန်ထုပ်ဝန်ပိုးများကို တောင့်ခံနိုင်မည်မဟုတ်ချေ။
"အား...."
လီချန်းချင်သည် ကျယ်လောင်စွာအော်ဟစ်ကာ မြေအောက်လောကတွင်ရှိနေသော စစ်သူတော်စင်၏စိတ်ဆန္ဒဖြင့် ဆက်သွယ်နိုင်ရန် ကြိုးပမ်းနေသည်။
သို့ရာတွင် လီရှုသည် သူ၏ပါးစပ်ကိုဖွင့်ဟကာ ရုတ်တရက် အော်ဟစ်လိုက်သည့်အချိန်တွင် ညအမှောင်ယံအတွင်း၌ တစ္ဆေကြီးတစ်ကောင် ဟိန်းဟောက်လိုက်သည့်အလားပင်။
ထိုအသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားကာ ပတ်ဝန်းကျင်ရှိယင်ချီများကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေသည်။
မြေအောက်လောက၌ရှိနေသော စစ်သူတော်စင်၏စိတ်ဆန္ဒသည် အစွမ်းထက်သောအားလှိုင်းတစ်ရပ်၏ တားဆီးပိတ်ပင်ခြင်းကိုခံရကာ ဆင့်ခေါ်၍မရတော့ချေ။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
လုချန်းချင်က တီးတိုးရေရွတ်လိုက်သည်။
ဤသည်မှာ လုမိသားစု၏ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများသာ အသုံးပြုနိုင်သော နောက်ဆုံးဝှက်ဖဲပင်။
စစ်သူတော်စင်၏ပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်သည်နှင့် အလွန်ခိုင်မာသောစိတ်ဆန္ဒတစ်ရပ်ဖြင့် တစ်ဖက်ရန်သူကို ဖိနှိပ်နိုင်သည်။ဤစစ်သူတော်စင်၏ပုံရိပ်ယောင်ကို ယှဥ်ပြိုင်နိုင်သူဟူ၍ မရှိသလောက်နီးပါးပင်။
သို့ရာတွင် ယခုချိန်၌ လီရှုနှင့်ရင်ဆိုင်ရချိန်တွင် ယခင်က လုချန်ချင်း အလွန်ဂုဏ်ယူအားထားခဲ့သော နည်းစနစ်များအားလုံး၏အကျိုးသက်ရောက်မှုများ လျော့ပါးသွားခဲ့သည်။
လီရှုက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့လျှောက်လှမ်းလာသည်။သူသည် သူတို့အား အသက်ရှုရန်ပင် အခွင့်အရေးမပေးလိုချေ။သူသည် ဤအခြေအနေကိုအခွင့်ကောင်းယူ၍ သူတို့အား သတ်ဖြတ်လိုပုံရသည်။
"မင်း သေသွားခဲ့တာ အချိန်အတော်ကြာနေပြီ....ခုက မင်းရဲ့ခေတ်ကာလမဟုတ်တော့ဘူး"
လုယွီသည် ရုတ်တရက် သူ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်လှောင်ပိတ်ထားမှုကို ချိုးဖျက်ကာ လီရှုထံဦးတည်၍ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်၏။
သူ၏လက်ဝါးအတွင်းမှနေ၍ နှိုင်းယှဥ်ပြစရာမရှိသည်အထိ အစွမ်းထက်သောအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။လုယွီ၏သွေးချီများ လေထုအတွင်းသို့ မြင့်တက်သွားသည်။သူသည် သားကောင်ကိုဖမ်းရန် ခြုံအတွင်း၌ အချိန်အတော်ကြာမြင့်သည်အထိ ပုန်းအောင်းနေခဲ့သော ဝံပုလွေဘုရင်တစ်ပါးအလားပင်။
တခြားလူနှစ်ယောက်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
သူတို့သည် လီရှု၏နည်းစနစ်ကြောင့် လှောင်ပိတ်ခံထားရသည်။ထို့ကြောင့် လီရှု၏နည်းစနစ် မည်မျှထိကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့နှစ်ယောက်လုံး သိရှိထားသည်။
သူတို့သည် အင်အားကုန်အသုံးပြုသည့်တိုင် ဤလှောင်ပိတ်ခံထားရမှုမှ ရုန်းထွက်နိုင်ခြင်းမရှိချေ။
သို့ရာတွင် ယခုချိန်၌ လုယွီသည် ဤလေဟာနယ်လှောင်ပိတ်ခံထားရမှုအောက်၌ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပေ၏။
ဘုန်း...
လုယွီ၏လက်ဝါးရိုက်ချက်သည် လီရှု၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသောအချိန်၌ ကြေးနီရုပ်ထုတစ်ခုကို ရိုက်ခတ်မိသည့်အလား ကျယ်လောင်သောအသံတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
လီရှုက ခြေတစ်လှမ်းမျှသာ နောက်ဆုတ်လိုက်သည်။
တစ်ခုသိထားရမည်မှာ လုယွီ၏ယခုလက်ရှိခွန်အားဖြင့် သူ၏လက်ဝါးရိုက်ချက်တစ်ချက်သည် ရွှယ်အင်မော်တယ်တစ်ယောက်ကိုသတ်ဖြတ်ရန် လုံလောက်သည်။
သို့ရာတွင် လီရှုနှင့်ရင်ဆိုင်ချိန်တွင် သူ၏လက်ဝါးရိုက်ချက်သည် တစ်ဖက်လူအား ခြေတစ်လှမ်းမျှသာ နောက်ဆုတ်သွားစေသည်။
ဘန်း...ဘန်း...ဘန်း...
လုယွီက လက်ဝါးရိုက်ချက်အမြောက်အများကို ဆက်တိုက်ရိုက်ထုတ်လိုက်သည်။သူ၏လက်ဝါးရိုက်ချက်ကို အလွန်ကြီးမားသော သွေးချီစွမ်းအားများမှ ထောက်ပံပေးထားသဖြင့် အလွန်အမင်းအစွမ်းထက်သည်။ဤသည်မှာ လေထုအတွင်းမှ စစ်နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား ပတ်ဝန်းကျင်၌ စူးရှသောလေတိုးသံများ ထွက်ပေါ်လာသည်။
လီရှု၏ခန္ဓာကိုယ်မှနေ၍ သတ္တူအချင်းချင်းထိခတ်သကဲ့သို့ အသံများကို ကြားနေရသည်။
ဤသည်မှာ လုယွီ၏လက်အတွင်း၌ တူကြီးတစ်လက်ကိုကိုင်ထားပြီး ကြေးနီခေါင်းလောင်းကြီးတစ်လုံးကို ထုနှက်နေသည့်အလားပင်။ထိုအသံသည် ပတ်ဝန်းကျင်နေရာတဝိုက်၌ ပဲ့တင်ထပ်နေကာ အလွန်အမင်းကျယ်လောင်သည်။
လီရှု၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးဝတ်ရုံသည် လေတိုက်ခတ်ခြင်းမရှိဘဲ လူးလွန့်နေပေ၏။သူ၏ခန္ဓာကိုယ်ပေါ်တွင် နှိုင်းယှဥ်ပြစရာမရှိသည်အထိ မြင့်မြတ်သော ရွှေရောင်အလင်းလွှာတစ်လွှာ တောက်ပနေသည်။ဤသည်မှာ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော အတားအဆီးမှော်စွမ်းအားအလွှာတစ်လွှာ ရှိနေသည့်အလားပင်။
"အား..."
လီရှု၏ပါးစပ်မှနေ၍ အက်ရှရှအသံတစ်သံ ထွက်ပေါ်လာသည်။သူသည် အမှန်တကယ်ကိုပင် လုယွီကို လက်လျှော့အရှုံးပေးကာ လုချန်းချင်နှင့်မြင့်မြတ်အရှင်ဟွမ်ထျန်းတို့ထံသို့ လျှောက်လှမ်းသွားလေသည်။
ကြည့်ရသည်မှာ သူ၏အစီအစဥ်သည် သူတို့နှစ်ယောက်ကို အရင်ရှင်းထုတ်ပြီးမှ လုယွီကို ပစ်မှတ်ထားမည့်ပုံပင်။
"မင်းရဲ့ပြိုင်ဘက်က ငါပဲ"
လုယွီ၏ခန္ဓာကိုယ်မှနေ၍ သွေးချီများ တဖန်ထပ်၍ပွင့်အံ့ထွက်လာကာ ရှေ့သို့တဟုန်ထိုး ပြေးထွက်သွားသည်။
Chapter 4177
လေဟာနယ်ဥပဒေသသည် အလွန်နက်နဲသိမ်မွေ့သဖြင့် နယ်မြေသခင်နယ်ပယ်နှင့်အထက် ကျင့်ကြံသူများသာ ထိုအရာကိုချေဖျက်ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်စွမ်းရှိသည်။
လုချန်းချင်သည် စစ်သူတော်စင်ကို ဆင့်ခေါ်ထားသော်လည်း ထိုပုံရိပ်ယောင်၏တစ်စိတ်တစ်ပိုင်းကိုသာ ဆင့်ခေါ်နိုင်သည်။ထို့ကြောင့် သူသည် စစ်သူတော်စင်၏စိတ်ဆန္ဒကို အပြည့်အဝထုတ်ဖော်အသုံးပြုနိုင်ခြင်း မရှိချေ။
တခြားတစ်ဖက်တွင် လုယွီသည် သိုင်းသူတော်စင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ နတ်ဘုရားလမ်းကြောင်းကို ဝင်ရောက်ထားသူတစ်ယောက်လည်းဖြစ်သည်။
အရပ်လေးမျက်နှာကို ချိတ်ပိတ်ထားသော လေဟာနယ်ပိတ်လှောင်မှုသည် လုယွီကို အနည်းငယ်မျှ သက်ရောက်စေခြင်းမရှိချေ။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် လှောင်အိမ်မှလွတ်မြောက်လာသော နဂါးတစ်ကောင်အလားပင်။သူသည် စွမ်းအားများအားလုံးကို တစ်နေရာတည်း၌စုဝေးကာ လီရှုကို တိုက်ခိုက်လိုက်ခြင်းဖြစ်ပေ၏။
ဝေါင်း....
သူ၏လက်သီးချက်မှနေ၍ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။
လေထုအတွင်း၌ အသူရာနဂါးတစ်ကောင်၏ဝိုးတဝါးပုံရိပ် ထင်ဟပ်လာကာ ဒေါသတကြီးဟိန်းဟောက်လိုက်သည်။
ဤသည်မှာ မိုးကောင်းကင်ယံကို ဆုတ်ဖြဲလိုက်သည့်အလားပင်။လီရှု၏နံဘေးပတ်ဝန်းကျင်ရှိ ကိုယ်ပိုင်နယ်မြေ ကျိုးပျက်သွားလေ၏။
ဤသည်မှာ 'ခွန်အား'ပင်။ထိုအရာကို ထုတ်ဖော်အသုံးပြုလိုက်သည်နှင့် မည်သူမျှ ခုခံကာကွယ်ရန် အချိန်ရရှိမည်မဟုတ်ချေ။
မြင့်မြတ်အရှင်ဟွမ်ထျန်းနှင့်လုချန်းချင်တို့၏ ခန္ဓာကိုယ်များ တုန်ရီသွားသည်။သူတို့၏ခန္ဓာကိုယ်များကို လွှမ်းခြုံထားသည့် ချိတ်ပိတ်မှုစွမ်းအားများ ပျောက်ကွယ်သွားသည်ကို သူတို့ ခံစားမိလေ၏။ထို့နောက် သူတို့နှစ်ယောက်လုံး တဖန်ပြန်၍ လှုပ်ရှားနိုင်ခဲ့သည်။
"မင်းတို့တွေ အရင်သွားကြတော့...ငါ သူ့ကို ထိန်းထားလိုက်မယ်"
လုယွီက ကျယ်လောင်စွာအော်ဟစ်ကာ လီရှုနှင့် ဆက်လက်၍ တိုက်ခိုက်လိုက်သည်။
မြင့်မြတ်အရှင်ဟွမ်ထျန်းနှင့်လုချန်းချင်တို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။သူတို့သည် ဤနေရာ၌ဆက်နေပါကလည်း အသုံးမဝင်သည်ကို သူတို့နှစ်ယောက်လုံး သိရှိထားသည်။ထိုအစား သူတို့သည် လုယွီကိုဆွဲချသကဲ့သို့ ဖြစ်သွားပေမည်။
သူတို့နှစ်ယောက်သည် နောက်သို့ချာခနဲပြန်လှည့်ပြီး ကြေးနီမြို့တံခါးထံသို့ အပြေးသွားကာ အနီးရှိ နတ်ဆိုးသက်ရှိများကို တိုက်ခိုက်လိုက်သည်။
လူများအားလုံး၏မျက်လုံးအကြည့်များ လုယွီပေါ်သို့ ကျရောက်သွားသည်။
ပတ်ဝန်းကျင်ရှိနတ်ဆိုးသက်ရှိများသည် ဒီရေအလား ပြေးဝင်လာကာ သူတို့၏ရက်စက်ကြမ်းကြုတ်သောဟိန်းဟောက်သံများသည် ပတ်ဝန်းကျင်နေရာတဝိုက်၌ ပဲ့တင်ထပ်နေပေ၏။
ဤနေရာတွင် ထောင်သောင်းချီသော နတ်ဆိုးသက်ရှိများ စုဝေးနေသည်။
လုယွီတစ်ယောက်တည်းကသာ ထိုနတ်ဆိုးသက်ရှိများအကြား၌ လှောင်ပိတ်မိနေသည်။
လီရှုသည် တိုက်ခိုက်မှုတစ်ခုကိုပြုလုပ်ချိန်တိုင်း သူ၏လှုပ်ရှားမှုတစ်ခုစီတိုင်း ထူးခြားကာ သာလွန်ထူးကဲသည်။
သူ၏လက်သီးတစ်ချက် လက်ဝါးတစ်ချက် ကျရောက်သွားသည့်အချိန်တိုင်း ညင်သာသောအားလှိုင်းတစ်ရပ်ဖြစ်ပုံရသော်လည်း လုယွီပေါ်သို့ ကျရောက်သွားချိန်၌ ထိုက်တောင်ကြီးတစ်လုံး ဖိစီးလာသည့်အလားပင်။သူသည် ဖော်ပြရန်မစွမ်းသော မဟာတာအိုဥပဒေသများကို ထုတ်ဖော်အသုံးပြုနေပေ၏။
ဘုန်း....ဘုန်း...
လုယွီနှင့်လီရှုတို့ တိုက်ခိုက်နေသောနေရာမှ အလွန်အမင်း ကျယ်လောင်သောအသံများ ထွက်ပေါ်နေသည်။
မြေအောက်နန်းတော်အတွင်းရှိလေဟာနယ် တဖြည်းဖြည်းပုံပျက်သွားကာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူနှစ်ယောက်၏စွမ်းအားများကို တောင့်မခံနိုင်တော့သဖြင့် လေဟာနယ်အက်ကွဲကြောင်းများအဖြစ် ကွဲအက်သွားသည်။
"သူက လီရှုရဲ့တိုက်ခိုက်မှုကို တကယ်ကြီးတောင့်ခံနိုင်တယ်...ဒါက မယုံကြည်နိုင်စရာပဲ"
တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
လီရှုသည် အတိတ်တွင် ထန်အင်ပါယာ၏ဧကရာဇ်ပင်။သူသည် အလယ်ခေတ်ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်ပေ၏။
သူသည် ထူးဆန်းသောနည်းလမ်းတစ်ခုဖြင့် အသက်ပြန်လည်ရှင်သန်လာပြီးနောက် ယခင်ကဲ့သို့စွမ်းအားမျိုးကို ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိသော်လည်း သာမာန်လူတစ်ယောက်မဟုတ်ချေ။
လီရှု ထုတ်ဖော်အသုံးပြုထားသောစွမ်းအားသည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေကာ သူ့အား အချိန်မရွေး ခြေမွှဖျက်ဆီးတော့မည့်အလားပင်။
သို့ရာတွင် လုယွီ၏ရုပ်ခန္ဓာကိုယ်သည် အလွန်အစွမ်းထက်ပေ၏။ဤကဲ့သို့တိုက်ခိုက်မှုတစ်ခုကို ရင်ဆိုင်နေရသည့်တိုင် သူသည် အခိုင်အမာ မတ်တတ်ရပ်နေနိုင်ဆဲပင်။
လုယွီသည် ဆင်နတ်ဘုရားတစ်ကောင်အလားပင်။သူ၏အင်မော်တယ်စွမ်းအားများသည် အကန့်အသတ်မရှိသည့်အပြင် သူ၏သွေးချီစွမ်းအားများသည်လည်း မိုးကောင်းကင်ယံအတွင်းထိ မြင့်တက်နေသည်။သူ့ကိုကြည့်ရသည်မှာ ရက်စက်ကြမ်းကြုတ်သောကျားတစ်ကောင် တိုက်ခိုက်နေသည့်အလား သူ၏လက်သီးတစ်ချက်စီတိုင်းတွင် အလွန်အမင်းပြင်းထန်သော အရှိန်အဝါတစ်ရပ် ရောယှက်နေပေ၏။
တစ်ဖက်တွင် သူသည် အင်မော်တယ်တစ်ယောက်ဖြစ်ကာ တစ်ဖက်တွင် သိုင်းသူတော်စင်တစ်ယောက်ပင်။
အကယ်၍ ကျင့်ကြံဆင့်နယ်ပယ်တူခြင်းဆိုပါက လုယွီသည် လီရှုကို လွယ်လင့်တကူ အနိုင်ယူနိုင်ပေမည်။
မည်သို့ပင်ဆိုစေကာမူ လုယွီသည် ရုပ်ခန္ဓာကိုယ်နှင့်မှော်စွမ်းအား နှစ်မျိုးစလုံးကို ကျင့်ကြံသူဖြစ်သည်။သူ့ထံတွင် ရွှယ်အင်မော်တယ်တစ်ယောက်၏မှော်စွမ်းအားနှင့် သိုင်းပညာသူတော်စင်တစ်ယောက်၏ခွန်အား ရှိနေသည်။ဤသည်ကြောင့် သူသည် လီရှု၏တိုက်ခိုက်မှုများကိုခုခံကာ တန်ပြန်ရင်ဆိုင်နိုင်ခြင်းဖြစ်ပေ၏။
"သူ့ကိုကြည့်ရတာ ရုပ်သေးတစ်ရုပ်မဟုတ်ဘူး...သူ့မှာ ကိုယ်ပိုင်အသိစိတ်ရှိတယ်....အတိတ်ကကိစ္စတွေကို သူ ရှင်းရှင်းလင်းလင်း မှတ်မိမလားဆိုတာ ငါ မသိဘူး"
လုယွီသည် ပို၍တိုက်ခိုက်လေလေ ပို၍ထိတ်လန့်တုန်လှုပ်လာလေလေပင်။
လီရှုကိုကြည့်ရသည်မှာ အနည်းငယ်နားဝေတိမ်တောင်ဖြစ်နေသော်လည်း သူ့ထံ၌ ကိုယ်ပိုင်အသိစိတ်ရှိနေကာ ယင်သရဲတစ္ဆေဘုန်းတော်ကြီးနှင့် ကွဲပြားခြားနားသည်။
"ရှေးဟောင်းထန်ဧကရာဇ်က တကယ့်ကို သာလွန်ထူးကဲတဲ့လူပဲ"
လုယွီက သူ၏ပြိုင်ဘက်ခန္ဓာကိုယ်အတွင်းတွင် အစွမ်းထက်သောအားလှိုင်းတစ်ရပ် ကိန်းအောင်းနေသည်အား ရှင်းရှင်းလင်းလင်း အာရုံခံမိလေ၏။
Chapter 4178
သို့ရာတွင် လီရှုသည် အသက်ပြန်ဝင်လာသော်လည်း သူ၏အသိစိတ်သည် ယခုထိတိုင် အပြည့်အဝနိုးထခြင်းမရှိသေးချေ။သူသည် အထွတ်အမြတ်စွမ်းအားကို ဖမ်းဆုပ်ထားနိုင်သော်လည်း အပြည့်အဝထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိချေ။
ဤသည်မှာ လုယွီကို အခွင့်အရေးတစ်ခု ပေးအပ်လိုက်သည့်အလားပင်။
လုယွီသည် အလွန်ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေသည်အားကြည့်ပြီး ဝေ့မင်ထျန်းသည် ရုတ်တရက် ရှေ့သို့ထွက်ကာ စိုးရိမ်ပူပန်တကြီးပြောဆိုသည်။
"ငါတို့ အတူတိုက်ခိုက်ပြီးတော့ လုယွီကို ကယ်ကြရအောင်"
လုယွီသည် အလွန်အမင်းအန္တရာယ်များသော အခြေအနေတစ်ခုအတွင်းသို့ ကျရောက်နေသည်ကို လူတိုင်း သိရှိထားပေ၏။
လီရှုတစ်ယောက်တစ်ယောက်တည်းပင်လျှင် သူတို့အား အခက်တွေ့စေရန် လုံလောက်ပေရာ ပတ်ဝန်းကျင်တွင် နတ်ဆိုးသက်ရှိများရှိနေသောအချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။
ထိုနတ်ဆိုးသက်ရှိများသည် အရွယ်အစားကြီးမားရုံသာမက သူတို့၏ယင်ချီများသည် အလွန်ထူထပ်သိပ်သည်းသဖြင့် သူတို့အားရင်ဆိုင်နိုင်ရန် အလွန်ခက်ခဲသည်။
လီချန်းချင်က ဝေ့မင်ထျန်းကိုဟန့်တားကာ ပြောဆိုသည်။
"စိတ်အေးအေးထားပါ...သူ့မှာ နည်းလမ်းတစ်ခု ရှိနေလိမ့်မယ်"
ထို့နောက် လီချန်းချင်နှင့်မြင့်မြတ်အရှင်ဟွမ်ထျန်းတို့သည် သူတို့၏မှော်စွမ်းအားများကို ဖြန့်ကျက်လိုက်သည်။ခြစ်ခြစ်တောက်ပူပြင်းသောနေနှစ်စင်းအလား သူတို့၏မှော်စွမ်းအားများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
ကြေးနီတံခါး၏အနီးသို့ ချဥ်းကပ်လာသော နတ်ဆိုးသက်ရှိများအားလုံး အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအချိန်မှာပင် လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကို သိုလှောင်အိတ်အတွင်းသို့ စေလွှတ်လိုက်သည်။
"မင်းမှာ နတ်ဘုရားသွေးစက်တွေကျန်သေးလား"
လုယွီက ခွေးနက်ကြီးအား မေးမြန်းသည်။
သူသည် ဗုဒ္ဓလောကနှင့်တိုက်ခိုက်စဥ်၌ သူ့ထံတွင်ရှိသော နတ်ဘုရားသွေးစက်များကို အကုန်အစင်အသုံးပြုပြီးလေပြီ။
သူသည် နတ်ဘုရားသွေးစက်များကို မျောက်နှင့်ခွဲဝေယူရခြင်းဖြစ်သဖြင့် မျောက်ထံတွင် နတ်ဘုရားသွေးစက်တချို့ ရှိနေသည်။သို့ရာတွင် မျောက်စုတ်နှင့်ခွေးနက်ကြီးသည် အကျင့်စရိုက်တူညီသဖြင့် ခွေးနက်ကြီးထံတွင် နတ်ဘုရားသွေးစက်တချို့ ရှိနေနိုင်သည်။သူတို့သည် သစ္စာရှိသူများမဟုတ်ချေ။
"နတ်ဘုရားသွေးစက်လား...ငါ့မှာ ဒီလိုအဖိုးတန်ရှားပါးတဲ့အရာမျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ"
သိုလှောင်အိတ်အတွင်းမှနေ၍ ခွေးနက်ကြီး၏စိုးရိမ်ပူပန်စွာပြောဆိုလိုက်သောအသံ ထွက်ပေါ်လာသည်။
အကယ်၍ လုယွီထံတွင် တစ်ခုခုဖြစ်ပွားသွားပါက သူသည်လည်း သိုလှောင်အိတ်အတွင်း၌ ပုန်းအောင်းနေလျှင်ပင် မည်သို့မျှ အဆုံးသတ်မကောင်းနိုင်မဟုတ်ချေ။
ရုတ်တရက် ခွေးနက်ကြီးသည် နံဘေးတွင်အိပ်ပျော်နေသော သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို သတိပြုမိသွားသည်။ထို့ကြောင့် သူသည် ထိုကောင်စုတ်လေးကိုကိုက်၍နှိုးကာ ပြောဆိုလိုက်၏။
"ကောင်စုတ်လေး...မြန်မြန်ထစမ်း"
"အား....ငါ့ကို ဘယ်ကောင်ကိုက်တာလဲ"
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် စူးရှကျယ်လောင်စွာအော်ဟစ်၍ သူ၏တင်ပါးကိုဆုပ်ကိုင်ကာ ခုန်ပေါက်နေလေသည်။
ဤလက်နက်စိတ်ဝိညာဥ်၏တောက်ပမှု မှေးမှိန်နေသည်။
ယခင်က သူသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ သွေးခန္ဓာကိုယ်နှင့် တိုက်ခိုက်စဥ်တွင် သူ၏ခွန်အားကုန် ထုတ်ဖော်အသုံးပြုခဲ့သည်။ထို့ကြောင့် သူသည် ယခုချိန်ထိတိုင် အပြည့်အဝပြန်လည်ကောင်းမွန်ခြင်း မရှိသေးချေ။
ဤသည်မှာ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏စွမ်းအားသည် လုံလောက်ခြင်းမရှိဟု ဆိုလိုခြင်းမဟုတ်ချေ။သူသည် ယခုချိန်၌ မသေမျိုးအဆင့်မှော်လက်နက်ဖြစ်သော်လည်း ထိခိုက်ပျက်စီးသော အခြေအနေ၌ရှိနေသဖြင့် မူလစွမ်းအား၏သေးငယ်သောအစိတ်အပိုင်းကိုသာ ထုတ်ဖော်အသုံးပြုနိုင်သည်။
မသေမျိုးအဆင့်မှော်လက်နက်များသည် လွယ်လင့်တကူပြုပြင်နိုင်သော တစ်စုံတစ်ခုမဟုတ်ချေ။
ခွေးနက်ကြီးက ပြင်ပသို့လက်ညှိုးညွှန်ပြကာ ပြောဆိုသည်။
"တစ်စုံတစ်ယောက်က မင်းရဲ့သခင်ကို သင်ခန်းစာပေးချင်နေတယ်....အဲ့ဒီခွေးမသားကို ရိုက်လိုက်စမ်း...ငါက မင်းအတွက် နောက်ကနေ ထိန်းထားပေးမယ်"
ထိုစကားကိုကြားချိန်တွင် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် ဒေါသထွက်သွားပေ၏။
"အဲ့ဒီမစဥ်းစားမဆင်ခြင်တတ်တဲ့ ခွေးမသားက ဘယ်ကနေ ရောက်လာတာလဲ....သူက ဘယ်လိုသတ္တိမျိုးနဲ့ သခင်ကို ရန်စဝံ့တာလဲ"
သေခြင်းရှင်ခြင်းသံလိုကိအိမ်မြှောင်သည် သူ၏အင်္ကျီလက်များကို ခေါက်တင်လိုက်ကာ ဒေါသထွက်နေသော နတ်ဆိုးပေါက်လေးတစ်ကောင်အလားပင်။
သူသည် နှိုင်းယှဥ်ပြစရာမရှိသည်အထိ သန့်စင်ပြီး ချစ်ဖွယ်ကောင်းသော ကလေးငယ်တစ်ယောက်အဖြစ် မွေးဖွားလာခြင်းဖြစ်သည်။သို့ရာတွင် သူသည် ခွေးနက်ကြီးနှင့် အချိန်ကြာမြင့်စွာနေထိုင်ပြီးနောက် အမူအကျင့်ဆိုးများ ကူးစက်လာခဲ့သည်။
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် ပြင်ပသို့ပြေးထွက်ရန် ဟန်ပြင်လိုက်သော်လည်း လုယွီ၏နတ်ဘုရားစိတ်အာရုံမှ ဟန့်တားခြင်းကို ခံလိုက်ရသည်။
"မြန်မြန် ပြန်အနားယူစမ်း...အပြင်မှာ မင်းကို မလိုဘူး"
လုယွီသည် ထိုသို့ပြောဆိုပြီးနောက် လီရှုထံသို့ ပျံသန်းသွားလိုက်၏။
လုယွီ၏နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းတစ်ကြောင်း ယိုစီးကျလာသည်။
သို့ရာတွင် သူ၏မျက်နှာထက်၌ အပြုံးတစ်ခု ထင်ဟပ်နေသည်။သူသည် အကန့်အသတ်မရှိသော နတ်ဆိုးသက်ရှိများအကြားသို့ ခုန်ဝင်လိုက်သည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် နတ်ဆိုးသက်ရှိများအားလုံး ပွက်လောရိုက်သွားသည်။
လုယွီသည် မြေပြင်ပေါ်သို့ ခြေတစ်ဖက်ဆောင့်နင်းလိုက်၏။မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါသွားကာ နတ်ဆိုးသက်ရှိများအားလုံး လေထုအတွင်းသို့ မြောက်တက်သွားသည်။
ထို့နောက် လုယွီက သူ၏အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ရပ် ထွက်ပေါ်လာသည်။ထိုလေပြင်းသည် ပတ်ဝန်းကျင်ရှိနတ်ဆိုးသက်ရှိများကို ဖြတ်သန်းတိုက်ခတ်ကာ လွင့်ပါသွားစေပြီး လီရှုကို နစ်မြုပ်သွားစေသည်။
ဤအချိန်ကိုအခွင့်ကောင်းယူ၍ လုယွီ၏ခန္ဓာကိုယ်သည် ရေကူးခတ်နေသောနဂါးတစ်ကောင်အလား နတ်ဆိုးသက်ရှိများကို အလျှင်အမြန်ဖြတ်ကျော်သွားသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် ကြေးနီတံခါးကြီး၏ရှေ့သို့ ရောက်ရှိသွားပေ၏။
"တံခါးကို မြန်မြန်ပိတ်လိုက်တော့"
လုချန်းချင်က အလွန်ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လုယွီ ဝင်ရောက်ပြီးသည်နှင့် ကျင့်ကြံသူများအားလုံးသည် အတူပူးပေါင်း၍ လေးလံသောကြေးနီတံခါးကြီးကိုတွန်းကာ ပိတ်လိုက်ကြတော့သည်။
တံခါး၏ဟနေသောနေရာမှနေ၍ လီရှုအား ကာဆီထားသော နတ်ဆိုးသက်ရှိများအားလုံး အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားကာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။
လေထုအတွင်း၌ သွေးမြူခိုးများဖြင့်ပြည့်နှက်သွားကာ လီရှု၏အဖြူရောင်ဆံပင်ရှည်များ လူးလွန့်နေသည်။သူ၏နဂါးဝတ်ရုံသည် လှုပ်ခတ်နေကာ သူ၏ခန္ဓာကိုယ်ကို ငါးရောင်ခြယ်အလင်းတန်းများ ဝိုင်းရံထားသည်။မဟာတာအို၏အသံများကလည်း အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့နေပေ၏။
လီရှုသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ မြေပြင်ကိုကြုံသွားစေပြီး ချက်ချင်းဆိုသလိုပင် ကြေးနီတံခါး၏ရှေ့သို့ ရောက်ရှိလာသည်။
Chapter 4179
လူအများစုအတွက် ဤသည်မှာ လီရှုကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။
သို့ရာတွင် လီရှု၏ခန္ဓာကိုယ်မှနေ၍ နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေပြီး သူ၏အရှိန်အဝါသည် အလွန်မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသည်။ဤသည်မှာ လူသားမျိုးနွယ်အတွင်းသို့ နဂါးတစ်ကောင်ဆင်းသက်လာသည့်အလား သူတို့သည် သူ့အား စေ့စေ့မကြည့်ဝံ့ကြချေ။
သူ့ထံမှနေ၍ အစွမ်းထက်သောအရှိန်အဝါတစ်ရပ် ဖြာထွက်နေသည်။
ဒုန်း....
ဤကဲ့သို့အရေးကြီးအချိန်အခိုက်အတန့်တွင် လုယွီ၏လက်မှနေ၍ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောအားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။
ထိုအစွမ်းထက်သောအားလှိုင်း၏ ရိုက်ခတ်ခြင်းနှင့်အတူ ကြေးနီတံခါးကြီးကို ပိတ်သွားစေသည်။
ဂလောက်...ဂလောက်...
တံခါးကြီးပိတ်သွားခြင်းနှင့်အတူ တံခါးမင်းတုန်းရှစ်ခုကို တင်းတင်းကြပ်ကြပ်ပိတ်ပြီးလေပြီ။
ကြေးနီတံခါးကြီးပိတ်သွားသည်နှင့် ပြင်ပ၌ ရုန်းရင်းဆန်ခတ်ဖြစ်နေသောအသံများကို လူများအားလုံး ကြားလိုက်ရသည်။
ဤသည်မှာ ရှေးဟောင်းအမွှေးရှည်ဆင်တစ်ကောင်သည် ကြီးမားသောခန္ဓာကိုယ်ကြီးဖြင့် အားကုန်ဝင်ဆောင့်ကာ တံခါးကိုချိုးဖျက်လိုသည့်အလားပင်။
လူများအားလုံး နောက်သို့ တပြိုင်နက်တည်း ဆုတ်လိုက်ကြသည်။ဤပြင်းထန်သောတွန်းအားအောက်တွင် လူအများသည် အလွန်ကြီးမားသော ဖိအားအရှိန်အဝါကို ခံစားမိလေ၏။
ကံကောင်းထောက်မစွာဖြင့် ဤကြေးနီတံခါးကြီးသည် အလွန်ခိုင်ခံမာကြောသည်။ပြင်ပမှနေ၍ ပြင်းပြင်းထန်ထန် ထုရိုက်နေသည့်တိုင် ဤကြေးနီတံခါးကြီးသည် တင်းတင်းကြပ်ကြပ်ပိတ်နေပြီး ပြင်ပမှအရာများကို ကျူးကျော်ဝင်ရောက်လာခွင့်မပြုချေ။
"ကံကောင်းချင်တော့ သူတို့တွေ အထဲကိုဝင်မလာနိုင်ဘူး...မဟုတ်ရင် ငါတို့အားလုံး ဒီနေရာမှာပဲ သေရလိမ့်မယ်"
"အဲ့ဒီကောင်တွေ....ဒီထဲကို ဝင်မလာနိုင်ဘူးမဟုတ်လား"
ကျင့်ကြံသူတချို့သည် မြေပြင်ပေါ်၌ ထိုင်ချလိုက်ကြကာ သတိကြီးစွာထားလိုက်ကြသည်။အချိန်အတော်ကြာမှသာ သူတို့သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်ကြ၏။
သို့ရာတွင် သူတို့သည် အစောပိုင်းက ပြင်ပတွင်ကြုံတွေ့ခဲ့ရသော နတ်ဆိုးသက်ရှိဒီရေလှိုင်းကြီးအကြောင်းကိုတွေးတောပြီး အနည်းငယ်ထိတ်လန့်ကြောက်ရွံနေဆဲပင်။သူတို့သည် အဆက်မပြတ် တီးတိုးရေရွတ်နေကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်ကြောက်ရွံစိတ်များ ရစ်သိုင်းလွှမ်းခြုံနေသည်။
ချီဘုရင်နှင့်နဂါးအစောင့်များမှလွဲ၍ ဤနေရာတွင် တခြားကျင့်ကြံသူအယောက်သုံးရာကျော်ရှိသည်။
သို့ရာတွင် အစောပိုင်းက လူအုပ်အကြားသို့ နတ်ဆိုးသက်ရှိများ တိုးဝင်တိုက်ခိုက်စဥ်တွင် လူနှစ်ရာခန့်သာ အသက်ရှင်ရက်ကျန်ရှိခဲ့သည်။
ကြွင်းကျန်သောလူတစ်ရာကျော်သည် နတ်ဆိုးသက်ရှိများ၏လက်ချက်ဖြင့် သေဆုံးသွားရပေ၏။
"ဒီကြေးနီတံခါးကို အပြင်မှာရှိတဲ့နတ်ဆိုးသက်ရှိတွေက ယာယီအခိုက်အတန့်တော့ ချိုးဖျက်နိုင်မှာမဟုတ်ဘူး"
လုယွီက တံခါးပေါ်သို့ သူ၏လက်ကိုဖိနှိပ်လိုက်ရာ အေးစိမ့်သောခံစားချက်တစ်ခုကို ရရှိသည်။
ဤသည်မှာ ကြေးနီတံခါး၏အတွင်းဘက်တွင်ရှိသော ဝင်္ကပါတစ်ခုမှလာသော ခံစားချက်ဖြစ်ကြောင်း လုယွီက ချက်ချင်းသိရှိသွားသည်။
ကြေးနီတံခါးအတွင်း၌ မှော်စွမ်းအားစီးကြောင်းနှစ်ခု ရှိနေကာ ဝင်္ကပါပုံစံအတိုင်း ခေါက်တုံ့ခေါက်ပြန် စီးဆင်းနေသည်။
ဤဝင်္ကပါအတွင်းရှိစွမ်းအားများ အကောင်းပကတိရှိနေပါက ဤတံခါးကို ချိုးဖျက်၍ရမည်မဟုတ်ချေ။
"ဒီဝင်္ကပါက...."
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
လုချန်းချင်သည် ဤမြင်ကွင်းကိုမြင်တွေ့သဖြင့် မေးမြန်းလိုက်၏။
"ဘာပြဿနာရှိလို့လဲ...."
လုယွီက ထိုဝင်္ကပါကို အချိန်တခဏကြာခန့် စူးစမ်းလေ့လာပြီးနောက် ဖြည်းညှင်းစွာပြောဆိုလိုက်သည်။
"ဒီကြေးနီတံခါးရဲ့ဝင်္ကပါက ခုထိမကျိုးပျက်သေးဘူး"
လုချန်းချင်က တုံ့ပြန်သည်။
"ဒီနေရာမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ တားမြစ်ကန့်သတ်ချက်တွေ အများကြီးရှိနေနိုင်တယ်...တကယ်လို့ ဒီဝင်္ကပါကြီး ကျိုးပျက်သွားမယ်ဆိုရင်တောင် တားမြစ်ကန့်သတ်ချက်တွေကို ဖြတ်ကျော်ဖို့အတွက် အချိန်တော်တော်လိုလိမ့်မယ်"
"ဒါဆိုရင် ငါ စိုးရိမ်လွန်နေတာပဲဖြစ်မှာပါ"
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ စကားများစွာပြောဆိုခြင်းမပြုချေ။
ယခင်က သူသည် ဤကြေးနီမြို့တံခါး၏ဝင်္ကပါကို လေ့လာဆင်ခြင်ခဲ့ဖူးသည်။ယခုချိန်၌ သူ အတွင်းသို့ရောက်ရှိလာစဥ်တွင် ဤဝင်္ကပါကြီး၏နက်နဲသိမ်မွေ့မှုများကို ပို၍သိရှိခဲ့ရပေ၏။
ဤဝင်္ကပါကြီးကို အချိန်တိုအတွင်း၌ ချိုးဖျက်နိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
ဆရာကျိုးသည် ဝင်္ကပါကို ချိုးဖျက်ခဲ့ခြင်းမရှိဘဲ လှည့်ကွက်တချို့ကိုအသုံးပြု၍ ကြေးနီမြို့တံခါးကို တိုက်ရိုက်ဖွင့်ခဲ့ခြင်းဖြစ်သည်။
သမိုင်းမှတ်တမ်းဝင်မိသားစုများအနက် 'ကျိုး'မျိုးရိုးအမည်ရှိသည့် မိသားစုတစ်စုကို သူ မသိရှိချေ။
သို့ရာတွင် ကောင်းကင်ဘုံနယ်မြေသည် အလွန်ကြီးမားကျယ်ပြန့်သဖြင့် မိသားစုအမြောက်အများရှိသည်။ထို့ကြောင့် ကျိုးမိသားစုသည်လည်း သမိုင်းမှတ်တမ်းတွင် နာမည်ကျော်ကြားသော မိသားစုတစ်စုဖြစ်ပေမည်။
"ကျိုးထုံ ဘယ်မှာလဲ....အဲ့ဒီကောင် ဘယ်ရောက်သွားတာလဲ"
ထိုအချိန်မှာပင် မြင့်မြတ်အရှင်ဟွမ်ထျန်းက အော်ဟစ်လိုက်သည်။
တခြားလူများသည်လည်း ထိုကိစ္စကို အမှတ်ရသွားသဖြင့် ဒေါသထွက်သွားကြသည်။
သူတို့သည် ကြေးနီတံခါးကြီး၏ရှေ့၌ ရှိနေစဥ်တွင် ချီဘုရင်သည် အတွင်းသို့ဝင်ရောက်ပြီးနောက် တံခါးပိတ်ရန်အမိန့်ပေးသည်ကို စောင့်ကြည့်နေခဲ့ရသည်။
သူသည် သူတို့အား အသက်ရှင်သန်ရန်အခွင့်အရေး မပေးလိုချေ။သူသည် တံခါးကိုပိတ်ကာ ပြင်ပ၌ကျန်ခဲ့သောလူများအား သေစေလိုခြင်းပင်။
အကယ်၍ ချီဘုရင်၏အကြံအစည် ကျရှုံးသွားလျှင်ပင် သူသည် သူတို့အားလုံးကို အသေသတ်ရန်အတွက် ကြံစည်ခဲ့သည်မှာ သိသာထင်ရှားလှ၏။
Chapter 4180
မြင့်မြတ်အရှင်ဟွမ်ထျန်း၏ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးမိုးကြိုးလှိုင်းများ တဖန်ထပ်၍ ထွက်ပေါ်လာကာ သူသည် ဒေါသထွက်နေသော မိုးကြိုးနတ်ဘုရားတစ်ပါးအလားပင်။
သူသည် အလွန်အမင်း ဒေါသထွက်နေပေ၏။
ချီဘုရင်၏တစ်ကိုယ်ကောင်းဆန်မှုကြောင့် သူ၏အဝါရောင်ကောင်းကင်ဘုံ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူအမြောက်အများ သေဆုံးသွားခဲ့ရသည်။
သူသည် ယခင်ကတည်းက ချီဘုရင်အပေါ်တွင် အမြင်ကောင်းမရှိခဲ့ချေ။ယခုချိန်တွင် ချီဘုရင်သည် သူတို့အား ပြောင်ပြောင်တင်းတင်း ကြံစည်ခဲ့သဖြင့် သူတို့အကြားတွင် မည်သို့မျှ ပြန်လည်ပြေလည်နိုင်တော့မည်မဟုတ်ချေ။
ထိုအချိန်တုန်းက သူတို့သည် နောက်သို့လှည့်ရန်မြေမရှိသည့်အပြင် ရှေ့တွင်လည်း နတ်ဆိုးသက်ရှိများဖြင့် ပြည့်နှက်နေသည်။
လေလွင့်ကျင့်ကြံသူတစ်ယောက်က ပြောဆိုသည်။
"ချီဘုရင်က သူ့ရဲ့လူတွေနဲ့အတူ ထွက်သွားပြီ"
"ခွေးမသား....သူ့ကို တော်ဝင်နန်းတွင်းက ဘုရင်တစ်ယောက်ဆိုပြီးတော့ ငါတို့တွေ မျက်နှာသာပေးခဲ့တာ အလကားပဲ...သူ့ရဲ့လုပ်ရပ်တွေက နိမ့်ကျတဲ့လူတစ်ယောက်နဲ့ ဘာကွာခြားမှုမှမရှိဘူး"
"အဲ့ဒီအကြောင်းကို ထည့်မပြောစမ်းနဲ့...သူက ကျိုးမျိုးနွယ်ရဲ့ဘုရင်တစ်ယောက်ဖြစ်တာတောင် ကောင်းကင်ဘုံဧကရီရှန်လင်းလုံကို မျက်နှာချိုသွေးပြီးတော့ ခခယယဆက်ဆံနေတယ်...သူက တကယ့်ကို လက်ပါးစေတစ်ယောက်ပဲ....တကယ်လို့ ငါ ခုချိန်မှာ သူ့ကို မရိုက်နိုင်ဘူးဆိုရင်တောင် နောင်တစ်ချိန်မှာ သူ့ရဲ့ပါးကို ဖြတ်ရိုက်မယ်"
ဤအချိန်တွင် ကျင့်ကြံသူများသည် ချီဘုရင်၏အဆင့်အတန်းကို ဂရုမစိုက်တော့ဘဲ စတင်၍ဆဲဆိုလိုက်ကြသည်။
ဤသည်မှာ သူတို့အား သေဆုံးခြင်းချောက်ကမ်းပါးသို့ တွန်းပို့ခဲ့ခြင်းပင်။ထိုကိစ္စသည် နက်ရှိုင်းသောသွေးကြွေးရန်ငြိုးတစ်ခုနှင့် ကွဲပြားခြားနားခြင်းမရှိချေ။
လုချန်းချင်က အေးစက်တင်းမာစွာ ပြောဆိုသည်။
"သူ အရင်ဆုံး ထွက်သွားတာက ငါတို့တွေ လက်စားချေမှာကို ကြောက်လို့ပဲဖြစ်မယ်"
ချီဘုရင်သည် တော်ဝင်နန်းတွင်း၌ မြင့်မြတ်သောအဆင့်အတန်းရှိသော်လည်း အလကားကောင်သာဖြစ်သည်ကို သူ သိရှိထားပေ၏။
ဝေ့မင်ထျန်းက လုယွီကိုစူးစိုက်ကြည့်ကာ မေးမြန်းသည်။
"လုယွီ နင် အဆင်ပြေရဲ့လား...ဒဏ်ရာရသွားသေးလား"
လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလေသည်။
"ငါ အဆင်ပြေပါတယ်...ဒါက ငါ့ရဲ့မှော်စွမ်းအားတွေ နည်းနည်းလောက်သုံးလိုက်ရုံလေးပဲ...ငါ ဘာမှမဖြစ်ပါဘူး..."
အစောပိုင်းက လုယွီသည် လက်ရှိနေရာတွင်ရှိနေသူများအားလုံးကို ကယ်တင်ခဲ့သည်။
ပတ်ဝန်းကျင်တွင်ရှိနေသောလူများသည် မည်သည့်အင်အားစုမှ ဖြစ်နေပါစေ ကျေးဇူးတင်သောအကြည့်များဖြင့် သူ့အား ကြည့်နေကြ၏။
"အုပ်ချုပ်သူအရှင်လု....တကယ်လို့ မင်းမှာအချိန်ရှိရင် ဧည့်သည်တော်တစ်ယောက်အဖြစ်နဲ့ ငါ့ရဲ့အဝါရောင်ကောင်းကင်ဘုံ မြင့်မြတ်နယ်မြေကို အလည်လာခဲ့ပါအုံး"
မြင့်မြတ်အရှင်ဟွမ်ထျန်းက လုယွီကို တရားဝင်ဖိတ်ကြားလေသည်။
ပတ်ဝန်းကျင်ရှိလူများအားလုံး ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။တော်ဝင်နန်းတွင်းမှအရာရှိများနှင့် အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်နယ်မြေတို့သည် စေ့စပ်ညှိနှိုင်း၍မရသော ရန်သူတော်များပင်။
ဤသည်မှာ ရှေးဟောင်းအလယ်ခေတ်အတွင်းမှ စတင်၍ဆင်းသက်လာခဲ့သော ရန်ငြိုးတစ်ခုဖြစ်ပေ၏။
ရှေးဟောင်းအလယ်ခေတ်အတွင်းတွင် အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်နယ်မြေ၏ဘိုးဘေးသည် 'ငြိမ်းချမ်းခြင်းတာအိုနယ်မြေ'ကို တည်ထောင်ခဲ့သည်။သူသည် ဟွမ်ထျန်းအဆင့်မြင့်နတ်ဘုရားဖြစ်ကာ ယင်ယန်ဒြပ်စင်ငါးမျိုးတာအိုနည်းစနစ်နှင့်အဆောင်လက်ဖွဲ့တာအိုကို ကျင့်ကြံခဲ့ပေ၏။
အတိတ်တွင် ကောင်းကင်ဘုံနယ်မြေ ဖရိုဖရဲဖြစ်နေစဥ်၌ ငြိမ်းချမ်းခြင်းတာအိုနယ်မြေသည် တာယွီအင်ပါယာ၏တည်ထောင်သူဘိုးဘေးအား လောကကြီးကိုသိမ်းပိုက်နိုင်ရန်အတွက် ကူညီပေးခဲ့သည်။ရလဒ်အနေဖြင့် သူ့အားဝတ်ပြုကိုးကွယ်ခံရန်အတွက် နယ်မြေတစ်ခုကို အပိုင်စားရရှိခဲ့သည်။
ထို့ကြောင့် အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်နယ်မြေသည် ပြင်ပဂိုဏ်းအင်အားစုများအကြား၌ အစွမ်းထက်ဆုံးအင်အားစုအဖြစ် အချိန်ကြာမြင့်စွာ ရပ်တည်နိုင်ခဲ့ပေ၏။
အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်နယ်မြေသည် တစ်ချိန်က ဂိုဏ်းအင်အားစုများအားလုံး၏ ပြောရေးဆိုခွင့်ရအင်အားစုပင်။ဤအင်အားစုတွင် ကျင့်ကြံဆင့်နယ်ပယ် နက်နဲသိမ်မွေ့သော မွန်းစတားအိုကြီးများ အမြောက်အများရှိကာ သူတို့သည် အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်နယ်မြေ၏ အစစ်အမှန်အခြေခံအုတ်မြစ်များဖြစ်သည်။ထို့ကြောင့် သူတို့သည် တခြားအင်အားစုများကို ခြိမ်းခြောက်နိုင်ပေ၏။
နောက်ပိုင်းတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် ထီးနန်းဆက်ခံပြီးနောက် ဂိုဏ်းအင်အားစုများကိုဖိနှိပ်သည့် တော်ဝင်အမိန့်တော်ကို ထုတ်ပြန်ခဲ့သည်။သူသည် အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်နယ်မြေ၏အပိုင်စားနယ်မြေကို ပြန်လည်သိမ်းယူခဲ့ရုံသာမက မြောက်များစွာသော အခွန်အခများကိုလည်း ပေးဆောင်စေသည်။
ဤကဲ့သို့လုပ်ရပ်များသည် အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်နယ်မြေကဲ့သို့ ကြီးမားသောအင်အားစုကြီးတစ်စုအတွက် ကြီးမားသောထိခိုက်မှုကို ဖြစ်စေခဲ့သည်။
ထို့ကြောင့် အချိန်အတော်ကြာသည့်တိုင် အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်နယ်မြေနှင့် တော်ဝင်နန်းတွင်းအကြား၌ ပဋိပက္ခများစွာရှိခဲ့ပေ၏။နယ်မြေခံအရာရှိများပင်လျှင် အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်နယ်မြေကို ရန်စစော်ကားဝံ့ခြင်းမရှိချေ။ထိုအရာရှိများသည် အကယ်၍ သူတို့ သတိလက်လွတ်နေမိပါက သတ်ဖြတ်ခံရမည်ကို စိုးရိမ်နေမိသည်။
ယခုအချိန်တွင် မြင့်မြတ်အရှင်ဟွမ်ထျန်းသည် လုယွီကို ပြောင်ပြောင်တင်းတင်း ဖိတ်ခေါ်ခဲ့သည်။ဤသည်မှာ စိတ်စေတနာကောင်းဖြင့် ဖိတ်ခေါ်ဖြစ်ပြီး သူသည် လုယွီနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်လိုသည်မှာ သိသာထင်ရှားလှ၏။
အကယ်၍ အတိတ်တွင်ဆိုပါက ဤသည်မှာ စိတ်ကူးယဥ်တွေးတောကြည့်နိုင်ခြင်းပင်မရှိသော ကိစ္စဖြစ်သည်။
လုယွီက ပြောဆိုသည်။
"တကယ်လို့ အခွင့်အရေးတစ်ခုရှိရင် ငါ လာခဲ့မယ်"
လုချန်ချင်းကလည်း ပြောဆိုလေ၏။
"လုယွီ....နောင်အနာဂတ်မှာ မင်း တော်ဝင်မြို့တော်ကို ပြန်ရောက်လာရင် ငါက မင်းကို အထူးဧည့်သည်တော်တစ်ယောက်အဖြစ် ဧည့်ခံပါ့မယ်"
သူသည် လုမိသားစုနှင့်လုယွီအကြားရှိ ဆက်နွယ်မှုကို ထည့်သွင်းဖော်ပြသွားခြင်းမရှိချေ။သူသည် ရိုးသားစွာဖြင့် လုယွီကို ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။