← Chapters

အခန်း (၄၁၈၁-၄၁၈၅)

Vol. 212 Ch. 4181-4185

အခန်း (၄၁၈၁-၄၁၈၅)

Vol. 212 Ch. 4181-4185

Chapter 4181

သွေးသားဆက်နွယ်မှုအရ လုယွီ မွေးဖွားလာသော အောက်ဘုံမှလုမိသားစုသည် အမှန်တကယ်ကိုပင် စစ်သူတော်စင်လု၏မိသားစုခွဲတစ်ခုဖြစ်သည်။

လုယွီအား လုမိသားစုဝင်တစ်ယောက်ဟု ယူဆနိုင်သည်။

အတိတ်တွင် စစ်သူတော်စင်လုမိသားစုသည် အလွန်မောက်မာထောင်လွှားကာ အောက်ဘုံရှိလုမိသားစုခွဲမှမိသားစုဝင်များကို အသိအမှတ်ပြုလေ့မရှိချေ။

ထို့ပြင် သူတို့သည် အောက်ဘုံ၌နေထိုင်သော မိသားစုခွဲလေးတစ်ခုပင်။သူတို့သည် အောက်ဘုံ၌ မည်မျှထိကြီးမားသော အောင်မြင်မှုများ ရရှိသည်ဖြစ်စေ ကောင်းကင်ဘုံနယ်မြေအတွင်း၌ အသေးအမွှားများသာဖြစ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုမိသားစုသည် လုယွီကို အသိအမှတ်မပြုဘဲ မနေနိုင်တော့ချေ။လုယွီသည် လုမိသားစုအတွင်းသို့ ဝင်မဝင်ဟူသော သူ၏စိတ်ဆန္ဒကိုသာ ကြည့်ရပေမည်။

လုမိသားစုသည် အလွန်အစွမ်းထက်ကာ ထိပ်သီးမိသားစုရှစ်စုအနက်မှတစ်စုဖြစ်သည့်အပြင် အထူးသဖြင့် စစ်သူတော်စင်တစ်ယောက်၏မျိုးဆက်များဖြစ်ပေ၏။လုမိသားစုဝင်များသည် တော်ဝင်စစ်တပ်အတွင်း၌ အလွန်မြင့်မားသော နာမည်ဂုဏ်သတင်းရှိသည်။

သို့ရာတွင် လုယွီသည် ဤကဲ့သို့ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပြိုင်ဘက်ကင်းအောင်မြင်မှုများကို ရရှိထားခဲ့သည်။

သူသည် အသက်သုံးဆယ်မပြည့်မီမှာပင် တော်ဝင်နန်းတွင်း၏အဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်နေသည့်အပြင် သူ၏ခွန်အားသည် နယ်မြေသခင်တစ်ယောက်၏အဆင့်သို့ ရောက်ရှိနေလေပြီ။

ဤသည်မှာ အင်အားစုကြီးများမှ ထိပ်သီးလူငယ်ပါရမီရှင်များပင်လျှင် မရရှိနိုင်သော အောင်မြင်မှုမျိုးဖြစ်သည်။

လုချန်ချင်းသည် သူ၏သဘောထားကို ဖော်ပြပြီးနောက် လက်ရှိနေရာတွင်ရှိနေသော တခြားအင်အားစုများသည်လည်း လုယွီအပေါ် စိတ်ဆန္ဒကောင်းများကို ပြသကြသည်။

ဤသည်မှာ အဖိုးတန်ရှားပါးသော အခွင့်အရေးကြီးတစ်ခုပင်။သူတို့သည် ကောဟဟာလများကိုကြားရသည်ထက် မြင်တွေ့ရသည်က ပို၍သာလွန်သည်။လုယွီ၏တိုက်ခိုက်မှုများကို ကြည့်ပြီးနောက် သူတို့အားလုံးသည် သူ၏ခွန်အားကို အသိအမှတ်ပြုပြီးလေပြီ။

လုယွီ၏အနာဂတ်သည် အကန့်အသတ်ရှိမည်မဟုတ်ဟု လူအများစုက တွေးထင်ထားကြသည်။

ဤအချိန်တွင် သူနှင့်မိတ်ဆွေဖွဲ့ထားခြင်းဖြင့် သူတို့အတွက် မည်သည့်ထိခိုက်နစ်နာမှုမျှ မရှိနိုင်ချေ။

ဝေ့မင်ထျန်းသည် မည်သည့်စကားတစ်ခွန်းကိုမျှ မပြောဆိုချေ။သူမသည် မည်ကဲ့သို့ စကားပြောဆိုရမည်ကို မသိရှိသော ရေခဲအလှပိုင်ရှင်တစ်ယောက်ပင်။သူမ၏လှပသောမျက်လုံးတစ်စုံဖြင့် လုယွီကို စူးစိုက်၍ကြည့်နေကာ သူ့ကို ထွင်းဖောက်မြင်လိုသည့်အလားပင်။

ဒုန်း....ဒုန်း....

ကြေးနီတံခါး၏ပြင်ပမှနေ၍ တည်ငြိမ်ပြီးပြင်းထန်သော တံခါးထုရိုက်သံတချို့ ထွက်ပေါ်နေသည်မှလွဲ၍ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားလေပြီ။

ပြင်ပရှိ နတ်ဆိုးသက်ရှိများသည် သူတို့၏ပစ်မှတ် ပျောက်ဆုံးသွားသဖြင့် ယခင်ကဲ့သို့ ပြင်းထန်သောတိုက်ခိုက်မှုများကို မလုပ်ကြတော့ချေ။

"ရှေ့ကို ဆက်သွားကြစို့"

လုယွီက အကြံပြုလေသည်။

လူများအားလုံး သဘောတူညီလိုက်ကြ၏။တချို့လူများသည် သူတို့၏ဆေးလုံးများကို ဒဏ်ရာအပြင်းအထန်ရရှိထားသူများထံ ဝေမျှကာ ပြင်ပဒဏ်ရာများကို အရင်ဆုံးကုသစေသည်။

ဤနေရာရှိယင်ချီများသည် ယခင်ကဲ့သို့ ထူထပ်သိပ်သည်းခြင်းမရှိသော်လည်းအရာအားလုံးကို အမှောင်ထုကြီးက လွှမ်းခြုံနေသည်။

ကြွင်းကျန်သောလူများသည် အလင်းရောင်ထွက်ပစ္စည်းများကို ထုတ်ယူလိုက်ကြ၏။ညလင်းပုလဲများမှနေ၍ ခပ်ဖျော့ဖျော့အလင်းရောင်များ ထွက်ပေါ်လာကာ အမှောင်ထုကြီးကို အနည်းငယ်ပျက်ပြယ်သွားစေပြီး နေရာအစိတ်အပိုင်းအနည်းငယ်ကို အလင်းရောင်ရရှိသွားစေသည်။

အမှောင်ထုကြီးပျက်ပြယ်သွားပြီးနောက် ဥယျာဥ်တစ်ခုရှိနေသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။

ရှေးဟောင်းသစ်ပင်အိုကြီးများပေါ်တွင် နွယ်ပင်များရစ်ပတ်နေကာ နေရာအနှံ့အပြား၌ ထူထပ်သိပ်သည်းစွာရှိနေသည်။တောအုပ်အကြားရှိ ကျောက်ခင်းလမ်းပေါ်တွင် ခြေလှမ်းအနည်းငယ်အကွာတိုင်း လမ်း၏ဘေးတစ်ဖက်တစ်ချက်၌ ကျောက်တုံးမီးအိမ်နှစ်ခု ထွက်ပေါ်လာသည်။

အေးစက်စက်လေပြင်းများက လူတိုင်း၏ခန္ဓာကိုယ်များကို ဖြတ်သန်းတိုက်ခတ်နေကာ သူတို့အား တုန်လှုပ်ချောက်ချားမှုကို ခံစားရစေသည်။

မည်သူမျှ စကားတစ်ခွန်းမဆိုကြချေ။သူတို့အားလုံးသည် နာခံရို့ကျိုးစွာဖြင့် လုယွီ၏နောက်သို့ လိုက်နေကြ၏။ယခင်က မြင်တွေ့ခဲ့ရသည့် ထောင်သောင်းချီသောနတ်ဆိုးသက်ရှိများကြောင့် သူတို့၏စိတ်နှလုံးများ တုန်ရီနေဆဲပင်။

ရှည်လျားသောကျောက်ခင်းလမ်းကို ခြောက်နာရီခန့်ကြာအောင် လျှောက်လှမ်းပြီးနောက် လူများအားလုံးသည် အစပထမတွင် တုန်လှုပ်ချောက်ချားနေရာမှ သိချင်စိတ်ပြင်းပမှုသို့ ပြောင်းလဲလာသည်။

"ဒါက လူတစ်ယောက်က အထူးသီးသန့်ဖန်တီးထားတဲ့ ဥယျာဥ်တစ်ခုပဲ....ဒီဥယျာဥ်က အရမ်းကြီးမားတယ်....ငါတို့က အချိန်အကြာကြီးလမ်းလျှောက်ပြီးတာတောင် ခုထိ အပြင်ကို မထွက်နိုင်သေးဘူး"

တစ်စုံတစ်ယောက်က ညည်းတွားလိုက်သည်။

သူတို့၏အရှိန်နှုန်းကို နှေးကွေးသည်ဟု မဆိုနိုင်ချေ။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူတို့သည် ဥယျာဥ်၏ပြင်ပသို့ ထွက်နိုင်ခြင်း မရှိသေးပေ။ဤသည်မှတဆင့် ဥယျာဥ်ကြီး မည်မျှထိကျယ်ပြန့်သည်ကို တွေ့မြင်နိုင်ပေ၏။

ဤသည်မှာ ရိုးရှင်းသော ဥယျာဥ်တစ်ခုမဟုတ်ချေ။နေရာတိုင်းတွင် ကြီးကျယ်ခမ်းနားသော အဆောက်အအုံများ ရှိနေသည်။ပုံသဏ္ဍာန်နှင့်အရွယ်အစားအမျိုးမျိုးရှိသော ကျောက်ရုပ်ထုများ ဝိုင်းရံနေသည့် ခမ်းနားထည်ဝါသော ခန်းမဆောင်များလည်းရှိသည်။သစ်ပင်များအကြားမှနေ၍ စင်္ကြန်လမ်းတလျှောက် လေများဖြတ်သန်းတိုက်ခတ်နေပေ၏။ကျောက်ဆောင်တုများ ရေတံခွန်များ မြင်းဇောင်းများ တိုက်ပွဲစင်မြင့်များ အစရှိသဖြင့် အလွန်ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုပင်။ရှုခင်းထပ်နေသောနေရာဟူ၍ မရှိချေ။

တချို့လူများသည် သိချင်စိတ်ဖြင့် အဖွဲ့အတွင်းမှခွဲထွက်ကာ စူးစမ်းလေ့လာကြသည်။သို့ရာတွင် ဤနေရာရှိ ပစ္စည်းအများစုသည် ယိုယွင်းပျက်စီးကာ ဆွေးမြည့်နေပြီဖြစ်ကြောင်း သူတို့ သိရှိခဲ့ရသည်။

Chapter 4182

"ဒါက ဘယ်လိုနေရာမျိုးလဲ"

လုချန်းချင်က မျက်မှောင်ကြုတ်၍ ပြောဆိုသည်။

"ဒါက အရမ်းထူးဆန်းတယ်...ရှေးဟောင်းမှတ်တမ်းတွေအရဆိုရင် ချန်အန်းမြို့ရဲ့မြေအောက်မှာ ဒီလိုနေရာမျိုးတစ်ခု ပုန်းကွယ်နေတယ်ဆိုတာ ငါ တစ်ခါမှ မကြားခဲ့ဖူးဘူး"

မြင့်မြတ်အရှင်ဟွမ်ထျန်းသည်လည်း သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာကြည့်ပြီးနောက် လက်လျှော့အရှုံးပေးလိုက်၏။

ဤနေရာရှိလေထုအတွင်းတွင် ထူထပ်သိပ်သည်းသောမြူခိုးများ ရှိနေသဖြင့် နတ်ဘုရားစိတ်အာရုံဖြင့် စူးစမ်းလေ့လာခြင်းကို ပိတ်ဆို့ဟန့်တားထားသည်။

အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်နယ်မြေသည် အလယ်ခေတ်အချိန်ကတည်းမှစတင်၍ ယခုချိန်ထိ တည်ရှိနေဆဲပင်။သူတို့၏အင်အားစုတွင် လေ့လာဆင်ခြင်ရန်အတွက် ရှေးဟောင်းသမိုင်းစာအုပ် အမြောက်အများရှိသော်လည်း ချန်အန်းမြို့၏မြေအောက်ရှိ ဥယျာဥ်တစ်ခုနှင့်ပတ်သက်ပြီး မည်သည့်မှတ်တမ်းမှတ်ရာမျှမရှိချေ။

လုယွီသည် မည်သည့်စကားတစ်ခွန်းကိုမျှ ပြောဆိုခြင်းမပြုချေ။

သူသည် လမ်းတလျှောက်လုံး၌ ဂရုတစိုက် စူးစမ်းလေ့လာခဲ့ပြီးနောက် နေရာအမြောက်အများတွင် ငှက်နက်အမှတ်အသားကို မြင်တွေ့မိသည်။

ဤသည်မှာ ရှေးဟောင်းချင်အင်ပါယာ၏ အထိမ်းအမှတ်သင်္ကေတပင်။ဤနေရာသည် ချင်အင်ပါယာ ပျောက်ကွယ်သွားခြင်းနှင့်ပတ်သက်ပြီး ဆက်နွယ်မှုအမြောက်အများရှိနေမည်မှာ သေချာပေါက်ပင်။

"ကောင်လေး...ဒီနေရာမှာ ကောင်းတာလေးတချို့ရှိနေတယ်...ငါ့ကို အပြင်ထုတ်ပေးတော့"

ထိုအချိန်မှာပင် သိုလှောင်အိတ်အတွင်းတွင်ရှိနေသော ခွေးနက်ကြီးက အော်ဟစ်လိုက်သည်။

ဤသေသင့်သောခွေးစုတ်သည် အစောပိုင်းက နတ်ဆိုးသက်ရှိများရှိနေစဥ်တွင် အခြေအနေမကောင်းသည်ကို သိရှိပေ၏။သူသည် အစပထမ၌ သိုလှောင်အိတ်အတွင်းမှ ချောင်းကြည့်ပြီးနောက် ကောင်းမွန်သောအရာတစ်ခုကို အာရုံခံမိချိန်တွင် ပြင်ပသို့ထုတ်ပေးရန် ဆူညံပူညံလုပ်နေတော့သည်။

သိုလှောင်အိတ်၏အတားအဆီးများ ပြေလျော့သွားကာ ခွေးနက်ကြီးသည် မြှားတစ်စင်းအလား တဟုန်ထိုးပြေးထွက်လာသည်။

"ဒါက...."

လူများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။

လုယွီက အလျှင်အမြန် ရှင်းပြလိုက်၏။

"ဒါက ငါမွေးထားတဲ့ ခွေးနက်ကြီးပါ"

လုယွီ၏စကား အဆုံးသတ်သွားသော အချိန်မှာပင် ခွေးနက်ကြီး၏ကျယ်လောင်စွာအော်ဟစ်ရယ်မောသံက တခြားတစ်ဖက်ခြမ်းမှ ထွက်ပေါ်လာသည်။

"ဟီး ဟီး ဟီး...ဒီနေရာမှာ ကောင်းတာလေးတစ်ခုရှိနေတယ်ဆိုတာ ငါ သိတယ်...နောက်ဆုံးတော့ ငါ ဒါကို ရှာတွေ့ပြီ"

လူများအားလုံး ထူးဆန်းသောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်ကြသည်။လုယွီကဲ့သို့ ယဥ်ကျေးသိမ်မွေ့သူတစ်ယောက်သည် ဤကဲ့သို့ခွေးနက်ကြီးတစ်ကောင်အား မည်သည်ကြောင့်မွေးမြူထားသည်ကို သူတို့အားလုံး စဥ်းစားတွေးတောနိုင်ခြင်းမရှိချေ။

လုယွီက ချောင်းတစ်ချက်ဟန့်ကာ ပြောဆိုလိုက်သည်။

"အဲ့ဒီနေရာကိုသွားပြီးတော့ တစ်ချက်ကြည့်ကြစို့"

လူများအားလုံး အသံထွက်ပေါ်လာရာနေရာသို့ ဦးတည်၍ သွားလိုက်ကြ၏။ခွေးနက်ကြီးသည် ခန်းမဆောင်တစ်ခုအတွင်း၌ မတ်တတ်ရပ်နေကာ သူ၏လက်အတွင်း၌ ပန်းချီကားတစ်ချပ်ကို ကိုင်ထားသည်အား သူတို့အားလုံး မြင်တွေ့လိုက်ရသည်။သူသည် ထိုပန်းချီကားကိုကြည့်ကာ အဆက်မပြတ်ရယ်မောနေသည်။

ထိုခန်းမဆောင်၏နံဘေးတွင် မြစ်တစ်စင်းရှိနေကာ ရေများစီးဆင်းနေပေ၏။ထိုမြစ်၏နံဘေးရှိသစ်ပင်များပေါ်မှ အကိုင်းအခက်များနှင့်သစ်ရွက်များ လေတိုက်ခတ်ခြင်းမရှိဘဲ ယိမ်းနွဲ့နေသည်။ဤသည်မှာ အလွန်ညှို့မှိုင်းသော မြင်ကွင်းတစ်ခုပင်။

"အဲ့ဒီခွေးက ပန်းချီကားတစ်ချပ်ကိုကြည့်ပြီး ဘာလို့ရယ်နေတာလဲ....သူ့ကိုကြည့်ရတာ သူခိုးတစ်ယောက်အတိုင်းပဲ"

တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

ခွေးနက်ကြီး၏ခန္ဓာကိုယ်သည် အမှောင်ထုနှင့် ရောယှက်နေပေ၏။သူ၏ခွေးလက်ဝါးနှစ်ဖက်ဖြင့် ပန်းချီကားတစ်ချပ်ကို ကိုင်ထားသောမြင်ကွင်းမှာ အလွန်အမင်းထူးဆန်းနေသည်။

လုယွီက ခြေတစ်လှမ်းရှေ့တိုးကာ ခွေးနက်ကြီး၏လက်အတွင်းရှိ ပန်းချီကားကိုကြည့်ပြီးနောက် သူ၏စိတ်နှလုံးသား ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။

ထိုပန်းချီကားပေါ်၌ အမဲလိုက်ကွင်းတစ်ခု၏​ရုပ်ပုံကို ရေးဆွဲထားသည်။

ဤပန်းချီကားသည် ရေးဆွဲသူ၏ရှေ့မှမြင်ကွင်းကို ရေးဆွဲထားခြင်းပင်။မြစ်၏ဘေးတစ်ဖက်တစ်ချက်တွင် စစ်သားအမြောက်အများ မတ်တတ်ရပ်နေကာ သူတို့၏နံဘေးပတ်လည်၌ ချင်အင်ပါယာ၏ငှက်နက်အလံများကို စိုက်ထူထားပေ၏။ခန်းမဆောင်၏နံဘေးတွင် စစ်ရေးနှင့်အုပ်ချုပ်ရေးအရာရှိများ မတ်တတ်ရပ်နေသည်။

မြစ်အတွင်းရှိ လေထုအတွင်း၌ ရေပေါ်နဂါးတစ်ကောင် ပျံသန်းနေသည်။ထိုနဂါး၏အကြေးခွံများသည် အလွန်ကြည်လင်တောက်ပပြီး သူ၏မျက်လုံးတစ်စုံသည် လျှပ်စီးကဲ့သို့တောက်ပနေကာ သာလွန်ထူးကဲသော အရှိန်အဝါတစ်ရပ်ကို ပေးစွမ်းနိုင်သည်။

ထိုရေပေါ်နဂါး၏ပါးစပ်မှ နက်နဲသိမ်မွေ့ပုလဲတစ်လုံးကို မှုတ်ထုတ်ထားသည်။ထိုပုလဲလုံး၏နံဘေးပတ်လည်တွင် အဖြူရောင်အခိုးအငွေ့များ မျောလွင့်နေကာ ထိုအရာကို လေထုအတွင်းသို့ မြောက်တက်နေစေသည်။

ဤရေပေါ်နဂါးသည် ပုလဲလုံးနှင့်ဆော့ကစားကာ ဧကရာဇ်အတွက် ပစ်မှတ်ပြုလုပ်နေခြင်းပင်။

ပန်းချီကားသည် နဂါးဝတ်ရုံဝတ်ဆင်ထားသော လူကြီးတစ်ယောက်အတွက် အထူးသီးသန့်ရေးဆွဲထားခြင်းပင်။ထိုလူကြီး၏ခန္ဓာကိုယ်သည် တခြားလူများထက် သုံးလေးဆခန့် အရပ်ပို၍မြင့်မားသည်။သူ့ရှေ့ရှိ ရေပေါ်နဂါးပင်လျှင် သူ့ထက် များစွာပို၍သေးငယ်နေပုံရသည်။သူ့ထံတွင် စစ်နတ်ဘုရားတစ်ပါး၏အရှိန်အဝါမျိုး ရှိနေပေ၏။

"ဒါ....ဒါက လူသားဧကရာဇ်မဟုတ်လား...."

ဤပန်းချီကားသည် ထင်ရှားပြတ်သားသဖြင့် ထိုလူကြီးသည် လူသားဧကရာဇ်ဖြစ်ကြောင်း လုယွီက အကြည့်တစ်ချက်ဖြင့် ပြောဆိုနိုင်သည်။

လူသားဧကရာဇ်သည် သူ၏လက်တစ်ဖက်တည်းဖြင့် နတ်ဆိုးဘိုးဘေးများအား ဖိနှိပ်ခဲ့သည့်မြင်ကွင်းသည် သူ၏စိတ်အတွင်း၌ ကွက်ကွက်ကွင်းကွင်းရှိနေဆဲပင်။သို့သော် ယခုလက်ရှိချိန်၌ သူသည် ထိုပန်းချီကားကို တစ်ချက်ကြည့်မိချိန်တွင် အလွန်သာလွန်ထူးကဲသည်ကို ခံစားမိလေ၏။

ထိုပန်းချီကား၏အောက်ခြေ၌ စာလုံးငယ်လေးတချို့ကို ရေးထွင်းထားသည်။

'နွေဦးရာသီ...လူသားဧကရာဇ် အထက်ပိုင်းတောအုပ်ဥယျာဥ်အတွင်း၌ အမဲလိုက်ခြင်း'

ဤသည်မှာ လူသားဧကရာဇ်သည် အတိတ်တွင် အမဲလိုက်ထွက်သည့်မြင်ကွင်းကို နန်းတွင်းပန်းချီဆရာများမှ မှတ်တမ်းတင်ထားခြင်းပင်။

ဤပန်းချီကားကိုပြုလုပ်ထားသော ပစ္စည်းများသည် အလွန်ထူးခြားပေ၏။ဤပန်းချီကားသည် နှစ်ပေါင်းများစွာကြာညောင်းလာခဲ့သည့်တိုင် အရောင်အသွေးစုံလင်နေဆဲဖြစ်ပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။

Chapter 4183

"ဒီပန်းချီကားက ဘာလို့ အချိန်ဒီလောက်ထိကြာခဲ့တာတောင် အကောင်းပကတိရှိနေတာလဲ"

ဝေ့မင်ထျန်းက အံ့အားတသင့် ပြောဆိုသည်။သူမသည် ရှေ့သို့တိုးကာ ထိုပန်းချီကားကိုတစ်ချက်ကြည့်ရန်အတွက် ဆုပ်ကိုင်ရန် လက်လှမ်းလိုက်၏။

မမျှော်လင့်ဘဲ သူမ၏လက်ကို ဆန့်တန်းလိုက်သောအချိန်တွင် ခွေးနက်ကြီးသည် ပန်းချီကားကို သူ၏လက်မောင်းအကြားသို့ဆွဲသွင်းကာ သူ၏အစွယ်များကိုဖြဲဟပြီး ပြောဆိုသည်။

"မိန်းကလေး...ဒါက ငါ့ရဲ့ပစ္စည်း...မင်း ဒါကို မထိနဲ့"

"ဖြောင်း..."

လုယွီက ခွေးနက်ကြီး၏ခေါင်းကိုတစ်ချက်ရိုက်ကာ ပြောဆိုလိုက်သည်။

"ဘယ်သူကမှ မင်းဆီကနေ လုမယူဘူး...ဒီနေရာကို ယူလာခဲ့စမ်း...တစ်ချက်ကြည့်ရအောင်..."

"ဒါကို ငါ အရင်ဆုံးရှာတွေ့တာ...ဘယ်သူကိုမှ ထိခွင့်မပြုဘူး"

ခွေးနက်ကြီးထံတွင် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ်ရှိနေသော်လည်း သူသည် ပန်းချီကားကိုဖြန့်ကာ လူများအားလုံးကို ပြသလိုက်၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံးသည် သိချင်စိတ်ပြင်းပြစွာဖြင့် ပန်းချီကားကို တစ်ချက်ကြည့်လိုက်ကြသည်။

ပန်းချီကားပေါ်ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် လူအများစု၏မျက်နှာများထက်တွင် ထိတ်လန့်တုန်လှုပ်သောအမူအယာများ ထင်ဟပ်လာသည်။

နှစ်ပေါင်းထောင်သောင်းချီ ကြာမြင့်လာခဲ့ပြီးနောက် အချိန်ကာလ၏တိုက်စားမှုကို ခံရသဖြင့် ဤနေရာရှိပစ္စည်းအများစုသည် ယိုယွင်းပျက်စီးကာ ဆွေးမြည့်နေပြီး အကောင်းပကတိမကျန်ရှိခဲ့ချေ။

"ငါက ဒီပန်းချီကားမှာ လူတွေကို ထိတ်လန့်တုန်လှုပ်စေတဲ့ အစွမ်းထက်တဲ့အားလှိုင်းတစ်ခု ရှိနေတာကို ခံစားမိတယ်"

တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

ခွေးနက်ကြီးက ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုသည်။

"ဒီပန်းချီကားထဲကလူက ဘယ်သူလဲဆိုတာကို မင်းတို့ မသိကြဘူးလား....ဒါက ရှေးဟောင်းလူသားဧကရာဇ်ရဲ့ပုံတူကို ဆွဲထားခဲ့တဲ့ ပန်းချီကားပဲ...ဒီပန်းချီကားထဲမှာ လူသားဧကရာဇ်ရဲ့ပုံတူ ရှိနေတာကြောင့် အချိန်အတော်ကြာတဲ့အထိ အကောင်းပကတိရှိနေတာပဲ"

"ရှေးဟောင်းလူသားဧကရာဇ်တွေရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းတယ်...ဒါက ဘယ်လူသားဧကရာဇ်လဲဆိုတာ ငါ သိချင်မိတယ်"

ဝေ့မင်ထျန်းသည် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

ထိပ်သီးမိသားစုများနှင့်မြင့်မြတ်နယ်မြေများမှ ကျင့်ကြံသူများသည် အသိပညာဗဟုသုတကြွယ်ဝကာ ရှေးဟောင်းဘာသာစကားများကို နားလည်သဘောပေါက်ကြသည်။ထို့ကြောင့် သူတို့သည် ပန်းချီကားပေါ်ရှိစာလုံးများကို ဖတ်ရှုနိုင်ပေ၏။

ရှေးဟောင်းလူသားဧကရာဇ်သည် အတိတ်တွင် လူသားမျိုးနွယ်တစ်ခုလုံး၏အရှင်သခင်ပင်။

ယခုအချိန်၌ လူသားမျိုးနွယ်အတွင်းတွင် တာအိုသခင်အဆင့်ကျင့်ကြံသူ အမြောက်အများရှိသော်လည်း သူတို့အနက်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ လူသားဧကရာဇ်မဟုတ်ချေ။သူတို့သည် ခေါင်းဆောင်မရှိသော နဂါးတစ်စုအလားပင်။ဤသည်မှာ လောကကြီးတခွင်လုံး ဖရိုဖရဲဖြစ်နေသည့် အကြောင်းအရင်းလည်းဖြစ်သည်။

လူအများသည် ရှေးဟောင်းခေတ်အတွင်းမှ ဒဏ္ဍာရီများကို ပြန်လည်၍စဥ်းစားလိုက်သည်။သူတို့၏မျက်လုံးများအတွင်း၌ တမ်းတလွမ်းဆွတ်ခြင်းများနှင့် ပြည့်နှက်နေသည်။

ရေပေါ်နဂါးကဲ့သို့ မောက်မာထောင်လွှားသော သားရဲတစ်ကောင်သည် လူသားဧကရာဇ်ထံမှ မျက်နှာသာပေးမှုကိုရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေခဲ့သည်။ဤသည်မှာ မည်ကဲ့သို့ ရဲတင်းမှုမျိုး ဖြစ်သနည်း။

လုယွီက သိချင်စိတ်ပြင်းပြစွာဖြင့် ခွေးနက်ကြီးကို ကြည့်လိုက်သည်။

"မင်း ဒီပန်းချီကားကို ဘယ်လိုလုပ်ပြီး ရှာတွေ့တာလဲ...မင်းရဲ့ခွေးနှာခေါင်းက အနံ့ခံတော်တော်ကောင်းပါလား"

"ဝု...မင်းက ငါ့ကို ဆူပူကြိမ်းမောင်းနေတာလို့ ငါ သံသယဝင်မိတယ်"

ခွေးနက်ကြီးက အထင်အမြင်သေးသောအကြည့်ဖြင့် လုယွီကိုစူးစိုက်ကြည့်ကာ ပြောဆိုသည်။

"ငါ့ရဲ့အရည်အချင်းတွေကို မင်းလိုဂျူနီယာလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ"

လုယွီက ပန်းချီကားကို စူးစိုက်၍ကြည့်လိုက်သည်။

"မင်း ငါ့ကို စျေးပြောပါလား....ငါ မင်းဆီကနေ ဒီပန်းချီကားကို ပြန်ဝယ်မယ်"

ခွေးနက်ကြီးက ပြောဆိုသည်။

"ငါ့မှာ နတ်ဘုရားသွေးစက်တွေ မရှိဘူး...မင်း ငါ့ကို နတ်ဘုရားသွေးစက်တွေ ပေးပါလား...မင်းနဲ့ငါက မိတ်ဆွေတွေဖြစ်နေတဲ့အချက်ကို ထောက်ပြီးတော့ ငါက မင်းဆီကနေ အများကြီး မတောင်းဆိုဘူး...မင်း ဒါကို နတ်ဘုရားသွေးစက်အစက်တစ်ရာနဲ့ ဝယ်လို့ရတယ်"

ဤသည်မှာ ခြင်္သေ့တစ်ကောင် သူ၏ပါးစပ်ကို ဖွင့်ဟလိုက်သည့်အလားပင်။

ခွေးနက်ကြီးသည် မျောက်နှင့် အလွန်အမင်းတူညီပေ၏။သူသည် ရှေးဟောင်းခေတ်အတွင်း၌ အစွမ်းထက်သောတည်ရှိမှုကြီးတစ်ခု ဖြစ်ပုံရသော်လည်း ထိခိုက်ဒဏ်ရာအမြောက်အများကို ခံစားထားရပုံရှိသည်။

သူတို့၏ခွန်အားများ ပြန်လည်ကောင်းမွန်ရန်အတွက် နတ်ဘုရားသွေးစက်အမြောက်အများ လိုအပ်နေသည်။

သို့ရာတွင် ဤခွေးနက်ကြီးသည် သူ့ကိုယ်သူ အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားပေ၏။လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးသည့်တိုင် ခွေးနက်ကြီး၏နောက်ခံကို ထွင်းဖောက်တွေ့မြင်နိုင်ခြင်းမရှိချေ။

"ငါက နောင်အနာဂတ်ကျရင် မင်းကို နတ်ဘုရားသွေးစက်တွေပေးမယ်....ငါ့ကို အဲ့ဒီပန်းချီကား ကြိုပေးထားပါလား"

လုယွီက ပြောဆိုသည်။

"ဝု...မင်းက ငါ့ကိုလှည့်စားဖို့ ကြိုးစားနေတာလား....ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ခွေးနက်ကြီးသည် အလွန်အမင်း ထိတ်လန့်သွားကာ သူ၏မျက်လုံးအတွင်း၌ ဥာဏ်နီဥာဏ်နက်များသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ထိုသို့ပြောဆိုပြီးနောက် ခွေးနက်ကြီးသည် ပန်းချီကားကို ပြန်လည်သိမ်းဆည်းလိုက်ကာ သူ့ထံမှနေ၍ တစ်စုံတစ်ယောက်မှလုယူမည်ကို ထိတ်လန့်တုန်လှုပ်နေသည့်အလားပင်။

လူတိုင်း ဆွံ့အသွားပေ၏။ဤခွေးနက်ကြီးကိုကြည့်ရသည်မှာ ခေါင်းပုံဖြတ်သူတစ်ယောက်နှင့် တူညီနေသည်။

လုယွီက လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။

"ကောင်းပြီလေ....ဒီလိုဆိုမှတော့ ငါက မင်းဘာသာမင်း ရတနာတွေရှာခွင့် ပြုလိုက်မယ်"

မမျှော်လင့်ဘဲ လုယွီ၏စကားကိုကြားချိန်တွင် ခွေးနက်ကြီးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

"ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ....ငါ့ရဲ့အာရုံခံနိုင်မှုက ဒီမိုးကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းတယ်...ပတ်ဝန်းကျင်မှာ ဘာကိုမှမမြင်ရရင်တောင် လောကကြီးထဲမှာ ငါရှာမတွေ့နိုင်တဲ့ ရတနာဆိုတာ မရှိဘူး...ဒီပန်းချီကားကိုပဲကြည့် ဒါက အရမ်းတန်ဖိုးရှိတယ်....ကောင်လေး...ငါ့လိုကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ရှေ့မှာ မင်း ဟန်ရေးပြဖို့ မကြိုးစားစမ်းနဲ့"

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေကာ ရေစီးဆင်းသံများကိုသာ ကြားရသည်။

Chapter 4184

"အဲ့ဒီလိုလား....မင်းရဲ့ခွေးနှာခေါင်းက အနံ့ခံကောင်းမကောင်းကို ကြည့်ကြသေးတာပေါ့"

လုယွီက သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။

လုယွီ၏မျက်နှာအမူအယာကို မြင်တွေ့ချိန်တွင် ခွေးနက်ကြီးက သူ၏အစွယ်ကိုဖြဲဟ၍ ပြောဆိုလိုက်၏။

"တကယ်လို့ မင်း အရင်ရှာတွေ့ရင်...ငါက မင်းရဲ့မျိုးရိုးနာမည်ကို ပြောင်းပြီးခံယူလိုက်မယ်"

"ထားလိုက်တော့....ငါတို့လုမိသားစုမှာ လူတွေအများကြီးရှိတယ်...ခွေးတစ်ကောင်က ငါ့ရဲ့မိသားစုထဲကို ဝင်လာစရာမလိုဘူး"

"ကောင်စုတ်လေး...မင်းက ငါ့ကို အထင်သေးနေတာလား"

လုယွီသည် ခွေးနက်ကြီးကို အာရုံစူးစိုက်ခြင်းမရှိတော့ချေ။ထိုအစား သူသည် မြစ်၏မျက်နှာပြင်ရှိ ရေပွက်မြည်သံများမှအစ ပတ်ဝန်းကျင်ကိုအာရုံစူးစိုက်လိုက်သည်။

"ပန်းချီကားအရဆိုရင်....ငါတို့ခုရောက်နေတာက အထက်ပိုင်းတောအုပ်ဥယျာဥ်ပဲ...ဒါက ရှေးဟောင်းလူသားဧကရာဇ်ရဲ့ တော်ဝင်ဥယျာဥ်ပဲဖြစ်မယ်"

လုယွီက ပတ်ဝန်းကျင်ကိုစူးစိုက်ကြည့်ကာ ပြောဆိုသည်။

"အတိတ်မှာ လူသားဧကရာဇ်က အားလပ်တဲ့အချိန်တိုင်း ဒီနေရာကို မကြာခဏလာပြီးတော့ အမဲလိုက်လေ့ရှိတယ်"

လုချန်းချင်က မေးမြန်းလေ၏။

"ဒါက ထန်အင်ပါယာဟောင်းရဲ့အကြွင်းအကျန်နယ်မြေ မဟုတ်လား....ဘာလို့ ရှေးဟောင်းဥယျာဥ်တစ်ခုက ဒီနေရာမှာ ရှိနေတာလဲ"

"ချန်အန်းမြို့ရဲ့မြေအောက်မှာ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခု ပုန်းကွယ်နေတယ်....ဒါက အဲ့ဒီအပျက်အစီးနယ်မြေရဲ့ တည်နေရာပဲ"

လုယွီက တုံ့ပြန်အဖြေပေးသည်။

သူသည် ချင်အင်ပါယာနှင့်ပတ်သက်သည့် ကိစ္စကိုမူ တမင်သက်သက် ဖုံးကွယ်ထားခဲ့သည်။

ဤကဲ့သို့ ကြီးမားကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသော အင်ပါယာကြီးတစ်ခုသည် သမိုင်းမြစ်ကြီးအတွင်း၌ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့သည်။ဤသည်မှာ ရှင်းမပြနိုင်သောကိစ္စများ ရှိနေမည်မှာ သေချာပေါက်ပင်။

"အံ့အားသင့်စရာမရှိတော့ဘူး....ငါတို့တွေ ချန်အန်းမြို့ထဲက အုပ်ချုပ်ရေးရုံးတော်ထဲကို ဝင်ရှာခဲ့တဲ့အချိန်တုန်းက မြေပြင်လှုပ်ခတ်တာနဲ့ ပတ်သက်ပြီးတော့ မှတ်တမ်းတွေအများကြီး ရှာတွေ့ခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး...အခုကြည့်ရသလောက်တော့ အဲ့ဒီကိစ္စက ဒီနေရာနဲ့ ဆက်စပ်နေတဲ့ပုံပဲ"

"လူသားဧကရာဇ်တစ်ပါး နေထိုင်ခဲ့တဲ့နေရာမှာ ဘယ်လိုရတနာမျိုးတွေ ပုန်းကွယ်နေလဲဆိုတာ ငါ သိချင်မိတယ်"

လူတချို့သည် စိတ်ပျက်အားငယ်နေရာမှ ပျော်ရွှင်မှုသို့ ပြောင်းလဲသွားကာ သူတို့၏မျက်နှာများပေါ်၌ မျှော်လင့်ချက်အလင်းရောင်များ ထင်ဟပ်လာသည်။

နေရာတစ်နေရာသည် ပို၍ရှေးကျလေလေ သူတို့ရရှိနိုင်သော ရတနာများသည် ပို၍အဖိုးတန်လေလေပင်။

ရှေးဟောင်းခေတ်ကာလအချိန်အတွင်းမှ လက်ဆင့်ကမ်းဆင်းသက်လာသော အမွေအနှစ်အများစုသည် အလယ်ခေတ်၏ဖရိုဖရဲအချိန်ကာလများအတွင်း၌ ပျောက်ကွယ်သွားလေပြီ။

သူတို့သည် လက်ရှိချိန်တွင် ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခုအတွင်းသို့ ရောက်ရှိနေသဖြင့် အကောင်းပကတိကျန်ရှိနေသော ရတနာများကို ရှာဖွေတွေ့ရှိနိုင်ပေ၏။

ခွေးနက်ကြီး၏မျက်နှာပေါ်၌ အထင်အမြင်သေးသော အမူအယာတစ်ရပ် ထင်ဟပ်နေကာ အေးစက်စက်အပြုံးနှင့် ပြောဆိုသည်။

"ရတနာတွေရှာတဲ့အကြောင်း ပြောမယ်ဆိုရင် မင်းတို့နဲ့ဒီဘိုးဘေးကြားမှာ ကွာဟချက်တွေ အရမ်းကြီးမားတယ်....ငါက မရေမတွက်နိုင်တဲ့ ရှေးဟောင်းနယ်မြေတွေကို သွားခဲ့ပြီးတော့ ရတနာမျိုးစုံကို မြင်တွေ့ဖူးတယ်....မင်းတို့ထက် အရည်အချင်းရှိတဲ့ ငါက ဒီနေရာမှာရှိနေမှတော့ မင်းတို့တွေ ဘယ်လိုလုပ်ပြီး အခွင့်အရေးရနိုင်မှာလဲ"

ထိုသို့ပြောဆိုပြီးနောက် ခွေးနက်ကြီးက လုယွီကို စိန်ခေါ်လိုသောအကြည့်ဖြင့် ကြည့်လိုက်သည်။

"ကောင်လေး....မင်း ရတနာတွေ သွားရှာမလို့ မဟုတ်လား....ဒါဆိုရင်လည်း သွားရှာလေ"

"ငါ ရှာတွေ့ပြီးပြီ"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ဘယ်နေရာမှာလဲ...ငါ ဘာလို့ အဲ့ဒီရတနာကို ရှာမတွေ့တာလဲ"

ခွေးနက်ကြီးက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

လုယွီသည် ရုတ်တရက် သူ၏လက်ကို ရှေ့ရှိမြစ်ပြင်တစ်နေရာထံသို့ ဆန့်တန်းလိုက်သည်ကို ခွေးနက်ကြီးက မြင်တွေ့မိလေ၏။

သူ၏အစွမ်းထက်သော မှော်စွမ်းအားများသည် လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအသွင်ပြောင်းလဲကာ မြစ်အတွင်းသို့နစ်ဝင်သွားသည်။

ရုတ်ချည်းဆိုသလိုပင် ရေများ နေရာအနှံ့အပြားသို့ ဖြာကျသွားသည်။ဝုန်းခနဲမြည်သံနှင့်အတူ မှော်စွမ်းအားပုံရိပ်ယောင်လက်ကြီးသည် ရေအတွင်းမှ တစ်စုံတစ်ခုကိုဖမ်းဆုပ်ပြီးနောက် လုယွီထံသို့ တဖန်ပြန်၍ပျံ့လွင့်လာသည်။

ဤလှုပ်ရှားမှုသည် ရေစီးဆင်းသကဲ့သို့ ချောမွေ့နေကာ လုယွီသည် ရေအတွင်း၌နစ်မြုပ်နေသော တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည့်အလားပင်။

လုယွီ၏လက်အတွင်း၌ ကြီးမားသောရွှံတုံးတစ်တုံးထွက်ပေါ်လာကာ ထိုအရာကို ရေညှိများ ဖုံးလွှမ်းနေသည်။

"ဟာ ဟား ဟား....ကောင်စုတ်လေးလု မင်း ငါ့ကို ရယ်စရာတွေ လုပ်ပြနေတာလား....ဒီပစ္စည်းကို မင်းက ရတနာတစ်ခုလို့ ပြောနေတာလား"

ခွေးနက်ကြီးသည် အချိန်တခဏကြာခန့် ကြက်သေသေနေပြီးနောက် သူ၏ဝမ်းဗိုက်ကိုပုတ်ကာ အူလှိုက်သည်းလှိုက် ရယ်မောလိုက်တော့သည်။

လုယွီသည် ထိုခွေးစုတ်ကို လျစ်လျှူရှုလိုက်၏။သူ၏လက်ကို တစ်ချက်ခါယမ်းလိုက်ခြင်းနှင့်အတူ ရွှံတုံးပေါ်မှအညစ်အကြေးများ ကွာကျသွားသည်။

ထိုအညစ်အကြေးများ ကွာကျသွားသည်နှင့် ရွှံတုံးမှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

ထိုရွှေရောင်အလင်းတန်းများကြားတွင် ​စာလုံးတချို့ရေးထွင်းထားသော ရွှေရောင်မြှားတစ်စင်းရှိနေသည်။ထိုအရာသည် အလွန်ရှေးကျကာ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။

"လူသားဧကရာဇ် အမဲလိုက်တဲ့အချိန်မှာ မြှားက နက်နဲသိမ်မွေ့ပုလဲကို ထွင်းဖောက်သွားတယ်....အဲ့ဒီပုလဲလုံးက လူသားဧကရာဇ် ပစ်လွှတ်လိုက်တဲ့ မြှားရဲ့စွမ်းအားကို ဘယ်လိုမှ တောင့်ခံနိုင်မှာမဟုတ်ဘူး....အဲ့ဒီမြှားက သာမာန်မြှားတစ်စင်းမဟုတ်တာကြောင့် ပျက်စီးသွားမှာမဟုတ်ဘူး"

"မင်းတို့က ဒီပန်းချီကားကိုပဲ အာရုံစူးစိုက်နေကြတယ်...ဒီအထဲမှာ ပုန်းကွယ်နေတဲ့ အချက်အလက်တွေကိုတော့ မင်းတို့ မမြင်ကြဘူး"

လုယွီက သူ၏လက်ဖြင့် ထိုမြှားကိုဆုပ်ကိုင်ကာ ပြောဆိုသည်။

Chapter 4185

ထိုမြှားကိုကြည့်ရသည်မှာ ရွှေဖြင့်ပြုလုပ်ထားပုံရသော်လည်း ရွှေကဲ့သို့နူးညံပျော့ပျောင်းခြင်းမရှိချေ။ထိုအစား မြှားသည် အလွန်အမင်းမာကျောပေ၏။

ထိုမြှားကိုကြည့်ရသည်မှာ အလွန်ပေါ့ပါးသွက်လက်ပုံရသော်လည်း သူ၏လက်အတွင်း၌ ထိုအရာကို ကိုင်ထားချိန်တွင် လေးလံမှုကို ခံစားမိသည်။လုယွီက ထိုမြှားသည် ခြောက်ဆယ်ကီလိုဂရမ်ကျော်လေးမည်ဟု ခန့်မှန်းမိလေ၏။ရုပ်ခန္ဓာကိုယ်ခွန်အားကို တစ်ကြိမ်တစ်ခါမျှ ကျင့်ကြံဘူးခြင်းမရှိသောလူသည် ဤမြှားချက်ကိုပစ်လွှတ်နိုင်ရန် အလွန်ခက်ခဲပေမည်။

မြှား၏မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အက္ခရာစာလုံးများကို ထူထပ်သိပ်သည်းစွာ ရေးထွင်းထားသည်။ထိုမြှားပေါ်၌ မဟာတာအို၏ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ရပ် အဆက်မပြတ် လှည့်ပတ်နေသည်။

လူများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။

"ဒါက ဘယ်လိုမှော်ရတနာမျိုးလဲ...ငါက နတ်ဘုရားစိတ်အာရုံကိုသုံးပြီးတော့ အဲ့ဒါကို စူးစမ်းလေ့လာကြည့်တဲ့အချိန်မှာ စူးရှတဲ့နာကျင်မှုကို ခံစားရတယ်"

မြင့်မြတ်အရှင်ဟွမ်ထျန်းက မျက်မှောင်ကြုတ်၍ ပြောဆိုလိုက်၏။

သူသည် မျက်လုံးစုံမှိတ်ကာ အချိန်အတော်ကြာယူ၍ သူ၏စိတ်ကိုတည်ငြိမ်အောင် ပြန်လည်၍ထိန်းသိမ်းလိုက်သည်။သူသည် ထိုမြှားကိုတစ်ချက်ကြည့်မိရုံဖြင့် သူ၏နတ်ဘုရားစိတ်အာရုံ အနည်းငယ်ထိခိုက်နာကျင်သွားခဲ့သည်။

တခြားလူများသည်လည်း ထိုမြှားကိုတစ်ချက်ကြည့်ပြီးနောက် သူတို့အားလုံး ရင်တလှပ်လှပ်ဖြစ်သွားသည်။

ဤနေရာသည် နှစ်ပေါင်းများစွာကြာအောင် အချိန်ကြာညောင်းခဲ့ပြီဖြစ်သောကြောင့် ပစ္စည်းအများစုသည် ဆွေးမြည့်နေလေပြီ။

သို့ရာတွင် ဤမြှားကိုကြည့်ရသည်မှာ အသစ်စက်စက်အရာတစ်ခုအလား တောက်ပနေဆဲပင်။ထိုအရာတွင်စီးဆင်းနေသော မှော်စွမ်းအားများသည် ယခုချိန်ထိတိုင် ပျက်ပြယ်သွားခြင်းမရှိချေ။

ဤှမြှားကို လူသားဧကရာဇ် ပစ်လွှတ်လိုက်စဥ်အချိန်က အလွန်အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်ပေမည်။

သို့ရာတွင် သနားဖွယ်ကောင်းသည်မှာ ထိုပန်းချီကားပေါ်မှနေ၍ အတိတ်၏အရိပ်အယောင်များကို မည်သူမဆို တွေ့မြင်နိုင်ခြင်းမရှိချေ။

"ဒါက ရတနာတစ်ခု မဟုတ်ဘူး"

လုယွီသည် သူ၏လက်အတွင်း၌ ထိုမြှားကိုကိုင်ကာ အချိန်တခဏကြာခန့် လေ့လာဆင်ခြင်ပြီးနောက် ပြောဆိုလိုက်သည်။

"ဒါက မသေမျိုးအဆင့် မှော်လက်နက်တစ်ခုပဲ"

ဘာ....

လူများအားလုံး၏မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။သူတို့သည် လုယွီ၏လက်အတွင်းရှိမြှားကိုကြည့်ကာ သူတို့၏မျက်လုံးများ အရောင်ပြောင်းလဲသွားပေ၏။

"သောက်ချေးပဲ....မင်းက ငါ့ကို လှည့်ဖျားဖို့ကြိုးစားနေတာပဲ...ဒီပစ္စည်းက ငါ့ရဲ့အပိုင်ဖြစ်သင့်တယ်"

ခွေးနက်ကြီး၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်များ ပြည့်နှက်နေသည်။သူသည် လုယွီ၏လက်အတွင်းရှိမြှားကိုကြည့်ကာ ရှေ့သို့တိုးဝင်လိုက်သည်။

လုယွီသည် ခြေထောက်တစ်ဖက်ဖြင့် ခွေးနက်ကြီးကိုကန်ထုတ်လိုက်၏။ထို့နောက် သူသည် ခွေးနက်ကြီး၏အော်ဟစ်ငိုယိုသံများကို လျစ်လျှူရှုကာ မြှား၏စွမ်းအားကို ဆက်လက်၍ဖိနှိပ်လိုက်သည်။

မသေမျိုးအဆင့်မှော်ရတနာတစ်ခုတွင် လက်နက်စိတ်ဝိညာဥ်ရှိသည်။

စည်းတံဆိပ်ကျိုးပျက်သွားသောအချိန်အခိုက်အတန့်တွင် လက်နက်စိတ်ဝိညာဥ်၏ ကြီးမားသောဆန္ဒ ပွင့်အံ့ထွက်လာကာ လုယွီ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ရန် ကြိုးပမ်းနေသည်။

အကယ်၍ လုယွီသည် အင်အားကုန်ဖိနှိပ်ထားခြင်းကြောင့်သာ မဟုတ်ပါက ထိုမြှားသည် လေထုအတွင်းသို့ပျံသန်းကာ အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားပေမည်။

"ဒါက တကယ့်ကို မသေမျိုးအဆင့်မှော်လက်နက်တစ်ခုပဲ....ဒီအရာထဲမှာ မဟာတာအိုဥပဒေသတွေနဲ့ နက်နဲသိမ်မွေ့တဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေ ရောယှက်နေတယ်....ငါ အဲ့ဒါတွေကို ထွင်းဖောက်မမြင်နိုင်ဘူး"

လုချန်းချင်က ထိတ်လန့်တုန်လှုပ်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ငါက စစ်သူတော်စင်လုချန်ထားခဲ့တဲ့ ကောင်းကင်ဘုံမီးတောက်လှံကို မြင်တွေ့ဖူးတယ်....အဲ့ဒီမသေမျိုးအဆင့်မှော်လက်နက်ရဲ့ အရှိန်အဝါက ဒီမြှားနဲ့ တထပ်တည်းတူနေတယ်...ဒါက တကယ့်ကို မသေမျိုးအဆင့်မှော်လက်နက်တစ်ခုပဲ"

ရှေးဟောင်းမသေမျိုးအဆင့် မှော်လက်နက်တစ်ခုသည် အင်အားစုတစ်စု၏အခြေခံအုတ်မြစ်ပင်။

တော်ဝင်မြို့တော်အတွင်းရှိ ထိပ်သီးမိသားစုကြီးရှစ်စုအနက် မသေမျိုးအဆင့်မှော်လက်နက်ကို ပိုင်ဆိုင်ထားသည်မှာ အနည်းစုသာရှိသည်။ထို့ပြင် ထိုမသေမျိုးအဆင့်မှော်လက်နက်တစ်ခုစီတွင် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သော စွမ်းအားတစ်ရပ် ရှိနေပေ၏။

အတိတ်တွင် ရှောင်မိသားစုသည် လုယွီမှ မသေမျိုးအဆင့်မှော်လက်နက်တစ်ခုကို ရရှိသွားကြောင်း သတင်းဖြန့်ခဲ့သည်။ထို့ကြောင့် လုယွီသည် တော်ဝင်မြို့တော်အတွင်းမှ မရေမတွက်နိုင်သောလူများ၏ လိုက်လံဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရလေ၏။ဤသည်မှတဆင့် မသေမျိုးအဆင့်မှော်လက်နက်တစ်ခု မည်မျှထိဆွဲဆောင်နိုင်သည်ကို ပြသရန်လုံလောက်သည်။

မြင့်မြတ်အရှင်ဟွမ်ထျန်းက မေးမြန်းသည်။

"အုပ်ချုပ်သူအရှင်လု....မင်း ငါ့ကို အဲ့ဒီမြှား ခဏလောက်ပြလို့ရမလား"

လုယွီက တုံ့ပြန်အဖြေပေးသည်။

"ငါ ဒါကို ချိတ်ပိတ်ပြီးတဲ့အထိ ခဏလောက်စောင့်အုံး"

လူတိုင်းသည် သူတို့၏မျက်လုံးများရှေ့၌ အလင်းတန်းများ ဖြတ်ပြေးနေသည်ကိုသာ မြင်တွေ့မိလေ၏။လုယွီ၏လက်အတွင်း၌ တာအိုအမှတ်အသားတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုမြှားကို အပြည့်အဝချိတ်ပိတ်လိုက်သည်။

ထိုမြှား၏အထက်တွင် ထူထပ်သိပ်သည်းသော မှော်စွမ်းအားလှိုင်းများရှိနေကာ သံကြိုးကြီးများအလား ထိုမြှားကိုချိတ်ပိတ်ထားသည်အား တခြားလူများအားလုံး တွေ့မြင်လိုက်ရသည်။

မြှား၏တုန်ခါနေမှု တဖြည်းဖြည်း ရပ်တန့်သွားသည်။မြှား၏မျက်နှာပြင်ပေါ်ရှိ အလင်းရောင်များ အလွန်အမင်းမှေးမှိန်သွားကာ သာမာန်မြှားတစ်စင်းနှင့် မည်သည့်ကွဲပြားခြားနားချက်မျှ မရှိတော့ချေ။

"ဒီလိုနည်းစနစ်မျိုးကို....ငါ အရင်က တစ်ခါမှ မကြားဖူးဘူး"

"ဘယ်လောက်တောင် နက်နဲသိမ်မွေ့တဲ့ နည်းစနစ်လဲ....မသေမျိုးအဆင့်မှော်လက်နက်တစ်ခုကို ထိပ်သီးမိသားစုကလူတွေ ချိတ်ပိတ်မယ်ဆိုရင်တောင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေအများကြီး ပူးပေါင်းပြီး ဆောင်ရွက်ရတယ်...ဒါတောင်မှ မသေမျိုးအဆင့်မှော်လက်နက်တစ်ခုကို အခိုင်အမာချိတ်ပိတ်နိုင်ဖို့အတွက် ရက်နည်းနည်းလောက် အချိန်ယူရလိမ့်မယ်"

တခြားလူများသည် လုယွီ၏ချိတ်ပိတ်ခြင်းနည်းစနစ်ကို မြင်တွေ့ချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။

ဤမြှားကို ချိတ်ပိတ်ပြီးနောက် လုယွီ၏အပိုင် ဖြစ်သွားလေပြီ။အကယ်၍ တစ်စုံတစ်ယောက်သည် မြှားကိုရရှိသွားလျှင်ပင် ချိတ်ပိတ်ထားမှုကို ချိုးဖျက်နိုင်ခြင်းမရှိပါက အသုံးပြုနိုင်မည်မဟုတ်ချေ။

Thank For Reading.

All Chapters