← Chapters

အခန်း (၄၁၈၆-၄၁၉၀)

Vol. 213 Ch. 4186-4190

အခန်း (၄၁၈၆-၄၁၉၀)

Vol. 213 Ch. 4186-4190

Chapter 4186

မြင့်မြတ်အရှင်ဟွမ်ထျန်းသည် သူ၏လက်ဖြင့် မြှားကိုကိုင်ကြည့်ပြီးနောက် ရုတ်တရက် သူ၏မျက်ခုံးများ မြင့်တက်သွားကာ အံ့အားတသင့်ပြောဆိုသည်။

"ဘယ်လောက်တောင်လေးလံတဲ့မြှားလဲ...ဒီအရာကို ဘယ်ပစ္စည်းနဲ့လုပ်ထားလဲဆိုတာ ငါ သိချင်မိတယ်"

တခြားလူများသည်လည်း ရှေ့သို့လျှောက်လှမ်းလာကာ အနီးကပ်ကြည့်လိုက်ကြသည်။ဤကဲ့သို့ မသေမျိုးအဆင့်ရတနာတစ်ခုကို မြင်တွေ့နိုင်ရန်အတွက် သူတို့ထံတွင် အခွင့်အရေးများစွာမရှိခြင်း။ထိုကြောင့် ဤတစ်ကြိမ်၌ သူတို့သည် မြှားကိုအနီးကပ်ကြည့်လိုက်ကြ၏။

ခွေးနက်ကြီးသည် နံဘေး၌ဆောင့်ကြောင့်ထိုင်ကာ အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။

"မင်းရဲ့ပစ္စည်းက ငါ့ရဲ့ပန်းချီကားကိုကြည့်တာကနေ ရှာတွေ့သွားတယ်ဆိုတာ အသိသာကြီးလေ...ဒါကြောင့် ငါနဲ့လည်း တစိတ်တဒေသသက်ဆိုင်တယ်"

ဝေ့မင်ထျန်းက အပြုံးနှင့်ပြောဆိုလိုက်၏။

"ခွေးနက်ကြီး...နင်က အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ....နင့်ရဲ့ရတနာကိုရှာဖွေတဲ့စွမ်းရည်က မိုးကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းလို့ နင် ပြောခဲ့တယ်မဟုတ်လား...အခုကျမှ ဘာလို့ စောဒကတက်နေတာလဲ...နင်ရဲ့စကားကို ပြန်ရုတ်သိမ်းချင်နေတာလား"

"ဟမ့်...ငါက မိန်းကလေးတစ်ယောက်နဲ့ အငြင်းမပွားချင်ဘူး...စောင့်ကြည့်နေစမ်း...ငါက ရတနာတွေကို ပိုပြီးရှာနိုင်မှာ သေချာတယ်"

ခွေးနက်ကြီးသည် သူ၏ခေါင်းကို နံဘေးတစ်ဖက်သို့ လှည့်လိုက်၏။သူ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်မှာ သိသာထင်ရှားသည်။

မြင့်မြတ်အရှင်ဟွမ်ထျန်းက မြှားကို လုယွီထံသို့ ပြန်ပေးကာ မေးမြန်းသည်။

"တကယ်လို့ မင်းက အဲ့ဒီမြှားကိုအသုံးပြုမယ်ဆိုရင် လီရှုကို သတ်နိုင်လောက်လား"

လုယွီက သူ၏မျက်လုံးကိုစုံမှိတ်ကာ စဉ်းစားတွေးတောလိုက်သည်။ထို့နောက် သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။

"မပြောနိုင်ဘူး....လီရှုက အရမ်းလျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံဆင့်နယ်ပယ်တခုကို ရောက်နေပြီ....သူ အသက်ရှင်နေတုန်းက အထွတ်အထိပ်အဆင့်မှာရှိတဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ... တကယ်လို့ သူ့ဆီမှာ အသိဥာဏ်ကင်းမဲ့နေပြီးတော့ နားဝေတိမ်တောင်ဖြစ်နေတာကြောင့်သာမဟုတ်ရင် ငါတို့တွေက ဒီနေရာကို အသက်ရှင်ရက်ရောက်လာမှာမဟုတ်ဘူး"

"တကယ်လို့ ဒီမြှားရဲ့စွမ်းအားကို ထုတ်ဖော်အသုံးပြုချင်တယ်ဆိုရင်တောင် မြှားပစ်တဲ့လူရဲ့အရည်အချင်းပေါ် မူတည်လိမ့်မယ်...လုံလောက်တဲ့စွမ်းအားမရှိဘူးဆိုရင် ဒီမြှားရဲ့စွမ်းအားပြည့်ကို ထုတ်ဖော်အသုံးပြုနိုင်မှာမဟုတ်ဘူး"

တခြားလူများသည်လည်း ထန်ဧကရာဇ်လီရှုသည် သူ၏လမ်းကိုပိတ်ဆို့ထားသော နတ်ဆိုးသားရဲများအား သတ်ဖြတ်ခဲ့သည့်မြင်ကွင်းကို ပြန်လည်အမှတ်ရချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြသည်။

ဤကဲ့သို့ တည်ရှိမှုကြီးတစ်ခုကို သတ်ဖြတ်ရန်မှာ ကောင်းကင်ဘုံကိုတက်လှမ်းရန်ထက် ပို၍ခက်ခဲပေမည်။

"ဒါက အမှန်ပဲ....လီရှုက ရှေးဟောင်းထန်အင်ပါယာရဲ့ဧကရာဇ်တစ်ပါးဖြစ်ပြီးတော့ သူက နတ်ဆိုးသူတော်စင်တွေကိုတောင် တိုက်ခိုက်နိုင်ခဲ့တဲ့ လူတစ်ယောက်ပဲ...ငါတို့က သူ့ကိုရှောင်တိမ်းနေဖို့ လိုအပ်တယ်...ငါတို့ သူနဲ့တိုက်ခိုက်လို့ မဖြစ်ဘူး"

မြင့်မြတ်အရှင်ဟွမ်ထျန်းက ပြောဆိုသည်။

လက်ရှိနေရာတွင်ရှိနေသော လူများအနက်မှအများစုသည် အင်မော်တယ်မှော်ရတနာ၏ဆွဲဆောင်ခြင်းကို ခံလိုက်ရလေ၏။

ကျင့်ကြံသူတချို့သည် ရေအတွင်းသို့ဆင်းကာ စူးစမ်းရှာဖွေကြသော်လည်း သူတို့သည် အရိုးတချို့ကိုသာ ကောက်ယူနိုင်ခဲ့သည်။

"ဒီအရိုးတွေက နှစ်သောင်းနဲ့ချီပြီး ကြာမြင့်လာတာတောင် ဆွေးမြည့်မသွားဘူး...ဒါက ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတစ်ယောက်လို့ ယူဆနိုင်တယ်...ကံဆိုးချင်တော့ အရိုးစုတစ်ခုက ဘာမှအသုံးမဝင်ဘူး"

လူများအားလုံး သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြသည်။

ခွေးနက်ကြီးသည်လည်း အော်ဟစ်ကာ ရေအတွင်းသို့ ခုန်ဆင်းလိုက်သည်။အချိန်အတော်ကြာကူးခတ်ပြီးနောက် သူသည် ရေအတွင်းမှထွက်လာကာ ဆဲဆိုလိုက်၏။

"သောက်ချေးပဲ...ငါက ငါးတစ်ကောင်ကိုတောင် ရှာမတွေ့ဘူး...ဒါက ငါ့အတွက် အရှက်ရစရာကိစ္စပဲ"

သူသည် သူ၏ခွေးမွှေးများကို အားကုန်ခါယမ်းလိုက်ရာ ရေများသည် မိုးသီးမိုးပေါက်များအလား နေရာအနှံ့အပြားသို့ ဖြာကျသွားတော့သည်။

"ဒီဥယျာဉ်က အရမ်းကြီးမားပြီးတော့ တော်ဝင်ဥယျာဥ်တစ်ခုပဲ...ငါတို့တွေ နေရာတစ်နေရာကို အရင်ဆုံးရှာကြစို့...ငါတို့ တခြားတစ်ခုခုကို ရှာတွေ့နိုင်တယ်"

လုယွီက အကြံပြုသည်။

လုချန်းချင်ကလည်း ပြောဆိုသည်။

"ဒီရတနာက ကောင်းမွန်ပေမဲ့ ဒီနေရာက အရမ်းထူးဆန်းတယ်...တခြားအန္တရာယ်တွေ ရှိနေနိုင်တယ်....ငါတို့ လူခွဲမသွားသင့်ဘူး"

ကျင့်ကြံသူများအားလုံးသည် ထိုအကြံပြုချက်ကို သဘောတူညီလိုက်၏။

အကယ်၍ ယခင်ကဆိုလျှင် သူတို့ရရှိမည့်ရတနာများအပေါ် မည်သူတစ်ဦးတစ်ယောက်မျှ လက်လျှော့အရှုံးပေးမည်မဟုတ်ချေ။

သို့ရာတွင် အစောပိုင်းက သေရေးရှင်ရေးအခြေအနေကို ကြုံတွေ့ပြီးနောက် ကျင့်ကြံသူအများစုသည် အလွန်အမင်းထိတ်လန့်ကြောက်ရွံ့နေကာ ယခုအချိန်တွင် ဤနေရာမှ တတ်နိုင်သမျှအမြန်ဆုံး ထွက်သွားလိုကြသည်။

သူတို့လူစုသည် ရှေ့သို့ဆက်လက်၍လျှောက်လှမ်းခဲ့ကြသော်လည်း ဤအချိန်အခိုက်အတန့်၌ သူတို့၏စိတ်ပိုင်းဆိုင်ရာအခြေအနေများ အလွန်အမင်းကွဲပြားခြားနားသွားလေပြီ။

ဤသည်မှာ ရှေးဟောင်းလူသားဧကရာဇ်တစ်ပါး၏တော်ဝင်ဥယျာဥ်ဟု သိရှိပြီးနောက် သူတို့အနက်မှတစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသောအမူအယာများ ထင်ဟပ်နေသည်။

အကယ်၍ သူတို့သည် ဤနေရာတွင် မသေမျိုးအဆင့်မှော်လက်နက်တစ်ခုကိုရရှိပါက ကောင်းကင်ဘုံကိုအံ့တုကာ သူတို့၏ကံကြမ္မာကို ပြောင်းလဲနိုင်သည်နှင့် ညီမျှသည်။ထိုအချိန်မှစ၍ သူတို့သည် ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ဘုံနယ်မြေ၏အထွတ်အထိပ်နေရာသို့ တက်လှမ်းနိုင်ပေမည်။

လမ်းတစ်လျှောက်လုံး၌ လူတချို့သည် ရတနာများရှိမရှိကို စူးစမ်းစစ်ဆေးကြသည်။

ခွေးနက်ကြီး၏မျက်လုံးအတွင်းမှလည်း အစိမ်းရောင်အလင်းတန်းများ ဖြာထွက်နေသည်။သူသည် ပတ်ဝန်းကျင်ကိုစူးစမ်းရှာဖွေကာ ရတနာတစ်ခုခုကို ရှာဖွေတွေ့ရှိလိုခဲ့သည်။

သူတို့အားလုံး လမ်းလျှောက်လိုက်ရပ်နားလိုက် ပြုလုပ်ခဲ့ကြသည်။သူတို့အနက်မှတချို့သည် ရတနာတချို့ကို ရှာတွေ့ခဲ့သော်လည်း မသေမျိုးအဆင့်မှော်လက်နက်ကဲ့သို့ အဆင့်မြင့်ရတနာများမဟုတ်ချေ။

"ကြည့်ရတာတော့ အဝေးတစ်နေရာမှာ အလင်းရောင်တစ်ခု ရှိနေတဲ့ပုံပဲ"

နှစ်နာရီခန့်ကြာအောင် လမ်းလျှောက်ပြီးနောက် လူတိုင်းသည် ဥယျာဥ်၏အဆုံးသတ်နေရာကို မြင်တွေ့လိုက်ရသည်။

Chapter 4187

ဥယျာဉ်၏အဆုံးသတ်တွင် သစ်ပင်များစိမ်းလန်းနေကာ ရိုးရှင်းသောအဆောက်အအုံတချို့ ထွက်ပေါ်လာသည်။

ဤအဆောက်အအုံများသည် ယခုခေတ်အချိန်ကာလအတွင်းမှ အဆောက်အအုံများနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသည်။နန်းဆောင်တချို့သည် တောအုပ်တစ်ခုအတွင်း၌တည်ရှိကာ ထိုအရာများအနက်မှတစ်ခုစီသည် ကြီးကျယ်ခမ်းနားပေ၏။မြင့်မားသောအမိုးများကို တိုင်လုံးများဖြင့်ထောက်ပံ့ထားခြင်းမရှိဘဲ ကြီးမားသောကျောက်တုံးအုတ်ချပ်များဖြင့် တည်ဆောက်ထားသည်။ထိုအရာများပေါ်တွင် နဂါးများနှင့်ကျားများ၏ပုံသဏ္ဍာန်များကို ရေးထွင်းထားပေ၏။

တချိန်တည်းမှာပင် လူအုပ်ကြီး၏အထက်၌ အေးစက်စက်လတစ်စင်း ထွက်ပေါ်လာသည်။

လရောင်သည် ပတ်ဝန်းကျင်နေရာတဝိုက်ကို ဖြာကျနေသည်။ဤသည်မှာ ယခင်ကဲ့သို့မှောင်မည်းနေခြင်း မရှိတော့သဖြင့် လူအုပ်ကြီးသည် ဖော်ပြရန်မစွမ်းသောအေးမြမှုကို ခံစားမိသည်။

"ဒီနေရာက မြေအောက်မှာမဟုတ်လား...ဘယ်လိုလုပ်ပြီးတော့ လတစ်စင်းရှိနေတာလဲ"

တစ်စုံတစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်သည်။

အကယ်၍ သူတို့၏တည်နေရာသည် အမှန်ဖြစ်ပါက သူတို့ရှိနေသောနေရာသည် ချန်အန်းမြို့တော်၏မြေအောက်၌ ဖြစ်နေသင့်သည်။

သူတို့သည် ဤနေရာသို့ရောက်ရှိလာချိန်၌ လုံးလုံးလျားလျား မှောင်မည်းနေသော်လည်း ဤအချိန်၌ လတစ်စင်းထွက်ပေါ်လာသဖြင့် သူတို့၏သာမန်အသိအမြင်များထက် ကျော်လွန်နေသည်။

လုယွီက ပြောဆိုသည်။

"ဒီနေရာက သီးခြားလေဟာနယ်တစ်ခုပဲဖြစ်မယ် ...ဒါက ပြင်ပလောကနဲ့ ဆက်နွယ်မှုရှိနေပေမယ့် ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခုဖြစ်နေတယ်"

ဤသည်မှာ ကမ္ဘာငယ်လေးတစ်ခုဖြစ်ပြီး မပြည့်စုံသော မိုးကောင်းကင်တာအိုကို ပိုင်ဆိုင်ထားသည်။

ထိုအရာသည် လုယွီ၏သိုလှောင်အိတ်အတွင်းရှိ ကမ္ဘာငယ်လေးနှင့် တူညီပေ၏။

ပြင်ပရှိ ချန်အန်းမြို့အမွေအနှစ်နယ်မြေနှင့်မတူညီသော ကောင်းကင်နှင့်မြေပြင်တည်ရှိနေသောကြောင့် ဤနေရာသည် အမှီအခိုကင်းမဲ့သော လေဟာနယ်နယ်မြေတစ်ခုပင်။ထိုလေဟာနယ်နယ်မြေနှစ်ခုအကြား၌ ဆက်နွယ်မှုနှစ်ခုရှိနေသည်။

တစ်စုံတစ်ယောက်သည် ဤဆက်နွယ်မှုကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါက ထိုလေဟာနယ်နယ်မြေနှစ်ခုကြားကို ဖြတ်သန်းသွားလာနိုင်ပေမည်။

"လုယွီပြောတာ အမှန်ပဲ....ဒီနေရာမှာရှိတဲ့ ဥပဒေသတွေက ပြင်ပလောကနဲ့ ကွဲပြားခြားနားတယ်....ဒီနေရာမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက ပြင်ပနဲ့နည်းနည်းကွဲပြားတာကို မင်းတို့အားလုံး ခံစားမိတယ်မဟုတ်လား"

မြင့်မြတ်အရှင်ဟွမ်ထျန်းက ပြောဆိုသည်။

သူသည် နယ်မြေသခင်အဆင့်ကျင့်ကြံသူပင်။ထိုကြောင့် ဥပဒေသများအပေါ် သူ၏နားလည်သဘောပေါက်မှုသည် တခြားကျင့်ကြံသူများထက် သာလွန်ပေ၏။

မြင့်မြတ်အရှင်ဟွမ်ထျန်း၏စကားကို ကြားချိန်တွင် လူအများစုသည် ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအားများကို အာရုံခံလိုက်သည်။ထို့နောက် သူတို့၏မျက်လုံးများကို တပြိုင်နက်တည်းဖွင့်လိုက်ကြသည်။

"ဒီနေရာက စိတ်ဝိညာဥ်ချီစွမ်းအားတွေနဲ့ ပြည့်နေတယ်...ဒါပေမဲ့ လေထုထဲမှာ ယင်ချီအရိပ်အယောင်တွေလည်း ရောယှက်နေတယ်....တကယ်လို့ တစ်ယောက်ယောက်က သန့်စင်ယင်ခန္ဓာကိုယ်ကို ဒီနေရာမှာကျင့်ကြံမယ်ဆိုရင် တစ်ရက်တည်းနဲ့ အများကြီးခရီးရောက်နိုင်လိမ့်မယ်"

လုယွီသည် ဤအချက်ကို သတိပြုမိသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ဤနေရာသည် ရှေးဟောင်းကာလအတွင်းမှ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများ ချိတ်ပိတ်ခဲ့သော လေဟာနယ်နယ်မြေတစိတ်တစ်ပိုင်းဖြစ်ကာ ယခုချိန်ထိ အကောင်းပကတိကျန်ရှိနေဆဲပင်။

ရှေးဟောင်းခေတ်ကာလ၏စွမ်းအားများသည် ယခုခေတ်ကာလထက် များစွာပို၍ပေါကြွယ်ဝသည်။ယခုလက်ရှိခေတ်ကာလမှ လူများသည် ဤကဲ့သို့ထူထပ်သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအားများကို ရရှိရန်အတွက် အဖိုးတန်ရှားပါးသော ကျင့်ကြံခြင်းကုန်းမြေများတွင်သာ ရရှိနိုင်သည်။

"တကယ်လို့ ဒီနေရာရဲ့ထူးဆန်းမှုကြောင့်သာမဟုတ်ရင် ငါက ဒီနေရာမှာ အချိန်ခဏလောက်ကြာကြာနေပြီး ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို အရင်ဆုံးချိုးဖျက်တယ်"

လူတစ်ယောက်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

ယခုလက်ရှိနေရာတွင်ရှိနေသူများအနက် အများစုသည် အဆင့်မြင့်ကျင့်ကြံခြင်းအရင်းအမြစ်များကို မရရှိကြချေ။

ဤကဲ့သို့ စိတ်ဝိညာဉ်ချီပေါကြွယ်ဝသောနေရာများသည် သူတို့အတွက် အလွန်ကြီးမားသောကျင့်ကြံခြင်းအရင်းအမြစ်ပင်။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံနယ်မြေအတွင်း၌ ကျင့်ကြံသူအများစုသည် ရုန်းကန်နေရကာ ကျင့်ကြံခြင်းမြင့်မြတ်နယ်မြေတစ်ခုအတွက် တိုက်ခိုက်၍နေကြရသည်။

ထိုအချိန်မှာပင် ခွေးနက်ကြီးသည် ထက်ရှသောမြှားတစ်စင်းအလား ရှေ့သို့ပြေးထွက်လိုက်၏။

ဤလှုပ်ရှားမှုကြောင့် လူတိုင်းထိတ်လန့်တကြားဖြစ်သွားသည်။သူတို့အသိဝင်လာသောအချိန်တွင် ခွေးနက်ကြီးသည် အရိပ်အယောင်ပင် မကျန်ရှိဘဲ ပျောက်ကွယ်သွားလေပြီ။

"အဲ့ဒီခွေးစုတ်က ရတနာတစ်ခုကို ရှာတွေ့သွားတာပဲဖြစ်မယ်...ငါတို့ သူ့နောက်ကို လိုက်ဖမ်းပြီးတော့ တစ်ချက်ကြည့်ကြရအောင်"

လုယွီက ချက်ချင်းပြောဆိုသည်။

လူများအားလုံး ချက်ချင်းဆိုသလိုပင် အသိဝင်လာကြ၏။

ဤခွေးနက်ကြီးကိုကြည့်ရသည်မှာ အနည်းငယ်မနှစ်မြို့ဖွယ်ကောင်းသော်လည်း ထက်ရှသောအနံ့ခံအာရုံရှိသည်။

"မြန်မြန်လေး....ငါတို့ တစ်ချက်လောက်သွားကြည့်ရအောင်...ရှေးဟောင်းလူသားဧကရာဇ် နေထိုင်ခဲ့တဲ့နေရာမှာ ထူးခြားတဲ့ရတနာတွေအများကြီးရှိနေမှာ သေချာပေါက်ပဲ"

"ငါတို့တွေ မြန်မြန်သွားကြည့်ကြစို့"

လူ​များအားလုံးသည် ရှေ့သို့အလျှင်အမြန်သွားလိုက်ကြကာ သူတို့ရသင့်သည့် တစ်စုံတစ်ခုကို လွဲချော်သွားမည်အား စိုးရိမ်ထိတ်လန့်နေကြသည်။

ဥယျာဉ်ကိုဖြတ်သန်းပြီးနောက် သူတို့၏ရှေ့၌ ကြီးကျယ်ခမ်းနားသောနန်းတော်တခု ထွက်ပေါ်လာသည်။

လ၏အလင်းရောင်အောက်တွင် ခမ်းနားထည်ဝါသောနန်းတော်ကြီး၏ပုံသဏ္ဍန် ပေါ်လွင်လာသည်။ထိုနန်းတော်ကြီးကိုကြည့်ရသည်မှာ စကားလုံးဖြင့် ဖော်ပြရန်မစွမ်းသည့်အထိ အလွန်ကြီးကျယ်ခမ်းနားသည်။

Chapter 4188

သူတို့သည် အနီးကပ်သွားကြည့်မိချိန်တွင် တော်ဝင်နန်းတော်တစ်ခုဖြစ်နေသည်ကို ရှာဖွေတွေ့ရှိမိသည်။

ဤနန်းတော်တခုလုံးကိုကြည့်ရသည်မှာ သဘာဝဆန်ကာ မြောက်ဘက်ဆုံးအပိုင်းသည် အရှေ့ခန်းမပင်။နန်းတော်၏ပုံစံသည် အလွန်အမင်းမျက်စိပသာဒဖြစ်ဖွယ်ကောင်းကာ ကြီးကျယ်ခမ်းနားသည်။

အရှေ့နန်းတော်၏နံဘေး၌ နန်းဆောင်ငယ်များအစုလိုက်အပြုံလိုက်ရှိနေသည်။ထိုနန်းဆောင်ငယ်များသည် ကြယ်တာရာများအလား အရှေ့ခန်းမကို ဝိုင်းရံထားကာ အဆောင်ငါးဆယ်ကျော်ခန့်ရှိနေပေ၏။

သို့ရာတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ ထူးဆန်းသည်ဟု မခံစားရ​ချေ။

အကယ်၍ ရှေးဟောင်းခေတ်ကာလအတွင်းမှ ဗိသုကာလက်ရာများသည် ယခုခေတ်ကာလနှင့် တူညီသောပုံစံမျိုးဖြစ်နေပါက သရဲတစ္ဆေကိုမြင်တွေ့ရသည့်အလား အလွန်ထူးဆန်းသွားပေမည်။

"အားလုံးပဲ...သတိထားကြတာ အကောင်းဆုံးပဲ ...အရာအားလုံးက မင်းတို့ရဲ့ကိုယ်ပိုင်နည်းစနစ်တွေပေါ် မူတည်တယ်"

ထိုသို့ပြောဆိုပြီးနောက် လုယွီက ရှေ့သို့ပြေးထွက်ခဲ့တော့သည်။

တခြားသူများလည်း ရှေ့ကိုတဟုန်ထိုးပြေးထွက်ခဲ့ကြ၏။သူတို့သည် ချန်အန်းမြို့အမွေအနှစ်နယ်မြေသို့ ရောက်ရှိလာခဲ့သောအကြောင်းအရင်းမှာ ရတနာများကိုရယူနိုင်ရန်ပင်။

ယခုအချိန်တွင် သူတို့သည် ချန်အန်းမြို့အမွေအနှစ်နယ်မြေထက် ပို၍ရှေးကျသောနေရာတစ်ခုသို့ မတော်တဆရောက်ရှိလာခဲ့သည်။ဤသည်ကြောင့် လူအများသည် အလွန်အမင်းစိတ်လှုပ်ရှားနေကာ သူတို့သည် ကောင်းကင်ဘုံ၏ကူညီထောက်ပံ့မှုကို ရရှိသည်ဟု ယုံကြည်နေကြသည်။

လုယွီသည် ခွေးနက်ကြီး၏နောက်သို့ လိုက်သွားလေ၏။ဤခွေးနက်ကြီးထံတွင် ထက်ရှသောအနံ့ခံအာရုံရှိကြောင်း သူ သိရှိပြီးဖြစ်သဖြင့် ရတနာကောင်းတချို့ကို ရှာဖွေတွေ့ရှိနိုင်သည်။

တခြားလူများကမူ လုယွီ၏နောက်သို့လိုက်ရန် ရွေးချယ်ခြင်းမရှိချေ။

လုယွီသည် သူတို့၏အသက်ကို ကယ်တင်ခဲ့သည့်အတွက် သူတို့၏အသက်သခင်ကျေးဇူးရှင်ပင်။အကယ်၍ သူတို့သည် ရတနာတစ်ခုကိုရှာဖွေတွေ့ရှိလျှင်ပင် လုယွီနှင့်တိုက်ခိုက်မည်မဟုတ်ချေ။

ထို့ပြင် လုယွီ၏အလွန်အစွမ်းထက်သောစွမ်းအားဖြင့် အကယ်၍ သူ တစ်စုံတစ်ခုကိုအလိုရှိပါက တခြားလူများသည် ထိုအရာကို ယူဆောင်နိုင်မည်မဟုတ်​ချေ။

ခွေးနက်ကြီးသည် အလွန်လျှင်မြန်စွာပြေးလွှားနေကာ မျက်တောင်တခတ်စာအချိန်မှာပင် ကျောက်တုံးခန်းမတစ်ခုရှေ့သို့ ရောက်ရှိသွားပြီး အတွင်းသို့ဝင်ရောက်သွားလေ၏။

ပတ်ဝန်းကျင်ရှိ အဆောက်အအုံများအားလုံးသည် အနည်းငယ်အိုမင်းဟောင်နွမ်းနေသော်လည်း ကျိုးပဲ့နေသောနံရံမှတစ်ဆင့်တစ်စုံတစ်ယောက်သည် အတိတ်၏အရိပ်အယောင်များကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။

နှစ်ပေါင်းများစွာကြာညောင်းလာပြီးနောက် နေရာအများစုသည် ခက်ခဲကြမ်းတမ်းမှုများကိုကြုံတွေ့ခဲ့ရပုံပင်။သို့ရာတွင် ဤကဲ့သို့အခြေအနေဖြင့်ပင် နန်းတော်၏ကြီးကျယ်ခမ်းနားမှုသည် တစ်စုံတစ်ယောက်အား အံ့အားသင့်တုန်လှုပ်သွားစေရန် လုံလောက်သည်။

ကျောက်တုံးခန်းမ၏အထက်တွင် ကြေးနီကမ္ပည်းပြားတစ်ခုကို ချိတ်ဆွဲထားသည်။ထိုအရာပေါ်တွင် 'တော်ဝင်သမားတော်ဆောင်'ဟူသော ရှေးဟောင်းစာလုံးတချို့ကိုရေးသားထားသည်။ထိုစာလုံးများသည် ပြင်းထန်ပြီးအင်အားပြည့်ဝကာ နဂါးများပျံသန်းနေသည်နှင့်တူညီသည်။

လုယွီသည် ယခင်က သူ မြင်တွေ့ခဲ့ရသော ဆေးမီးဖိုကိုသတိရသွားသည်။ထိုဆေးမီးဖို၏နံဘေးတွင် တော်ဝင်သမားတော်ချုပ်၏မှတ်တမ်းများ ရှိနေပေ၏။

လုယွီ၏ခန့်မှန်းချက်အရ ဤသည်မှာ လူသားဧကရာဇ်အတွက် အထူးသီးသန့်ဆေးသန့်စင်သော သမားတော်များဖြစ်ပေမည်။

သူတို့သည် ဖီးနစ်နတ်ဘုရားဆေးလုံးကဲ့သို့ တည်ရှိမှုတစ်ခုကိုပင် အမှန်တကယ်သန့်စင်နိုင်ခဲ့သည်။ထိုဆေးလုံးသည် နှစ်သောင်းနှင့်ချီ၍ ကြာမြင့်လာသည့်တိုင် ဆေးစွမ်းအားများပျက်ပြယ်ခြင်းမရှိချေ။ဤသည်မှတဆင့်ဟသူတို့၏ဆေးသန့်စင်မှုသည် ရိုးရှင်းသောနည်းလမ်းများဖြင့် မဟုတ်နိုင်ကြောင်း ပြသနေသည်။

"ဟီး ဟီး...ဒီနေရာမှာ ရတနာတွေရှိတယ်ဆိုတာ ငါ သိတယ်"

ကျောက်တုံးခန်းမအတွင်းမှနေ၍ ခွေးနက်ကြီး၏အော်ဟစ်ရယ်မောသံ ထွက်ပေါ်လာသည်။

ခွေးနက်ကြီးသည် ဆေးမီးဖိုတစ်ခု၏အပေါ်၌ ဆောင့်ကြောင့်ထိုင်နေကာ သူ၏လက်သည်းများကြား၌ လိပ်နက်နတ်ဘုရားဆေးလုံးကိုကိုင်ထားပြီး အဆက်မပြတ်အော်ဟစ်ရယ်မောနေသည်။

ဤဆေးလုံးကိုကြည့်ရသည်မှာ ယခင်က ဖီးနစ်နတ်ဘုရားဆေးလုံးနှင့် တူညီသည်။ထိုဆေးလုံးမှနေ၍ ကြီးကျယ်ခမ်းနားသောအရှိန်အဝါများ ထွက်ပေါ်နေကာ ဆေးလုံး၏မျက်နှာပြင်ပေါ်တွင် လိပ်နက်တစ်ကောင်၏ပုံရိပ် ဝိုးတဝါးထွက်ပေါ်နေသည်။

လိပ်နက်သည် ရှေးဟောင်းသင်္ကေတအက္ခရာကြီးလေးခုအနက်မှတစ်ခုဖြစ်ပြီး ထိုက်တောင်ကြီးကဲ့သို့တည်ငြိမ်ကာ ဆေးလုံး၏စွမ်းအားသည်လည်း အလွန်နက်နဲသိမ်မွေ့သည်။

ထိုအကြောင်းကိုတွေးတောကြည့်ပါက ဤကဲ့သို့ဆေးလုံးတစ်လုံးကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ကာ ယခုအချိန်ထိ ပုပ်သိုးဆွေးမြည့်မှုမရှိခြင်းသည် အလွန်အမင်းအံ့အားသင့်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

"ကောင်စုတ်လေးလု...မင်းက ခွေးတစ်ကောင်လား...ငါ့ရဲ့နောက်ကို ဒီနေရာထိ မင်းက လိုက်လာခဲ့တယ်"

လုယွီဝင်ရောက်လာသည်ကို မြင်တွေ့ချိန်၌ ခွေးနက်ကြီးက ထိတ်လန့်တကြား ခုန်ပေါက်လိုက်သည်။ထို့နောက် သူ၏လက်အတွင်း၌ ကိုင်ထားသောဆေးလုံးကို အလျင်စလိုကာကွယ်လိုက်၏။

လုယွီက မျက်မှောက်ကြုတ်လိုက်သည်။

"ငါက မင်းဆီကနေလုယူဖို့ ကြိုးစားနေတာမဟုတ်ဘူး...အဲ့ဒီဆေးလုံး ငါ့ကို တစ်ချက်ကြည့်ခွင့်ပြုပါ...ငါကြည့်ပြီးတာနဲ့ မင်းကို ပြန်ပေးမယ်"

"သောက်ချေးပဲ...ငါက ဒီနတ်ဘုရားဆေးလုံးကို အရင်ဆုံးတွေ့ခဲ့တဲ့လူပဲ...ဒါပေမဲ့ မင်းက ငါ့ဆီကနေ လုချင်နေတယ်...ဘာကိစ္စပဲဖြစ်နေနေ ငါကမင်းကို ဒီဆေးလုံးမပြနိုင်ဘူး"

ခွေးနက်ကြီး၏မျက်နှာပေါ်၌ ရုန့်ရင်းကြမ်းတမ်းသော အမူအယာတစ်ရပ်ထွက်ပေါ်လာသည်။ထိုနောက် သူ၏ပါးစပ်ကိုဖွင့်ဟကာ လိပ်နက်နတ်ဘုရားဆေးလုံးကို ဝါးမြိုလိုက်တော့သည်။

Chapter 4189

ခွေးနက်ကြီး၏ခန္ဓာကိုယ်အတွင်းသို့ လိပ်နက်နတ်ဘုရားဆေးလုံး ဝင်ရောက်သွားသောအချိန်တွင် သူ၏ခန္ဓာကိုယ်မှနေ၍ မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သော တုန်ခါသံများ ထွက်ပေါ်လာသည်။

ဤဆေးစွမ်းအားများကို ​ချေဖျက်နေစဉ်တွင် အင်မော်တယ်အခိုးအငွေ့များက သူ၏နံဘေးပတ်လည်၌ ရစ်သိုင်းလွှမ်းခြုံနေသည်။ရုတ်ချည်းဆိုသလိုပင် ခွေးနက်ကြီးသည် လေထုအတွင်းသို့ပျံသန်းသွားကာ သူ၏အမွှေးများအဆုံးထိထောင်ထလာပြီး အင်မော်တယ်တစ်ယောက်အလားပင်။

ဤသည်မှာ အင်မော်တယ်တစ်ယောက်ဖြစ်လာခြင်း၏ သင်္ကေတပင်။

"အရမ်းကောင်းတယ်...ငါက မကြုံစဖူးစွမ်းအားတစ်ရပ်ကို ခံစားမိတယ်"

ခွေးနက်ကြီး၏မျက်နှာပေါ်၌ ကျေနပ်အားရသော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။

ခွေးနက်ကြီးသည် လုယွီကိုမြင်တွေ့ချိန်၌ တဖန်ထပ်၍ မောက်မာထောင်လွှားစပြုလာသည်။သူသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ပြောဆိုလိုက်၏။

"ကောင်လေး....ဒီတစ်ကြိမ်တော့ မင်း နောက်ကျသွားပြီ...ဒီနေရာမှာရှိတဲ့ ဆေးလုံးတွေအားလုံးကို ငါ ရှာပြီးပြီ...ဒီလိပ်နက်နတ်ဘုရားဆေးလုံးအပြင် အဖိုးတန်တဲ့အရာဆိုလို့ ဘာမှမရှိတော့ဘူး"

သူသည် လုယွီ၏ ကြေကွဲဝမ်းနည်းနေသော အမူအယာကို မြင်တွေ့လိုပုံရသည်။သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်သရော်လိုမှုများဖြင့် ပြည့်နှက်နေပေ၏။

သို့ရာတွင် ခွေးနက်ကြီး စိတ်ပျက်သွားခဲ့သည်။လုယွီ၏မျက်နှာအမူအယာသည် တည်ငြိမ်နေကာ သူသည် အရပ်မျက်နှာအဘက်ဘက်သို့ ဝေ့ဝိုက်၍ကြည့်လိုက်သည်။

ကျောက်တုံးခန်းမအတွင်း၌ ထူထပ်သိပ်သည်းသော ဖုန်မှုန့်များလွှမ်းခြုံနေသည်။ကြမ်းပြင်ပေါ်၌ ခွေးခြေရာများ အတန်းလိုက်ကျန်ရစ်ခဲ့သည်။ကြည့်ရသည်မှာ ခွေးနက်ကြီး၏ခြေရာများ ဖြစ်ပုံရသည်။

ခန်းမ၏နံဘေးပတ်လည်တွင် ရှုပ်ထွေးနေသောခြေရာများရှိနေသည်။တစ်စုံတစ်ယောက်သည် ဤနေရာသို့ မကြာသေးမီအချိန်က ရောက်ရှိခဲ့သည်မှာ သိသာထင်ရှားလှ၏။

ဆေးများကိုသိုလှောင်ရန်အတွက် အသုံးပြုထားသောဗီဒိုများ နံဘေးတစ်ဖက်သို့ ယိမ်းယိုင်နေသည်။ထိုအရာများသည် ကောင်းမွန်သောအနေအထား၌ မရှိတော့ချေ။

ဤနေရာကို တစ်စုံတစ်ယောက်မှနေ၍ ရှာဖွေသွားပြီးဖြစ်ပေမည်။

ယခင်က ဤနေရာတွင် အဖိုးတန်ရှားပါးသောဆေးလုံးအမြောက်အများ ရှိနေခဲ့ပေမည်။သို့ရာတွင် တစ်စုံတစ်ယောက်သည် သူတို့ထက်အရင်ဦးအောင်ရောက်ရှိလာကာ ထိုအရာများကို ယူဆောင်သွားခြင်းဖြစ်ပေမည်။

လုယွီသည် နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ ပတ်ဝန်းကျင်ကို စူးစမ်းရှာဖွေလိုက်သော်လည်း မည်သည့်ဆေးလုံး၏အရိပ်အယောင်မျှ မကျန်ရှိတော့ချေ။

"ကောင်စုတ်လေးလု...လက်လျှော့အရှုံးပေးလိုက်တော့...ငါ ဒီနေရာကို သေသေချာချာရှာပြီးပြီ....တခြားဆေးလုံးတစ်လုံးကို ရှာတွေ့ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး"

ခွေးနက်ကြီးက ကျယ်လောင်စွာအော်ဟစ်လိုက်ကာ သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားမှုများဖြင့် ပြည့်နှက်နေသည်။

လုယွီ၏ရှုံးနိမ့်မှုကို မြင်တွေ့ရခြင်းမှာ သူ့အတွက် ကြီးမားသော အောင်မြင်မှုကြီးတစ်ရပ်ပင်။

လုယွီသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် သူ၏မျက်လုံးများ ရုတ်တရက်တောက်ပသွားသည်။သူသည် ခြေတစ်လှမ်းရှေ့တက်ကာ နံဘေးရှိဆေးမီးဖိုတစ်ဖို၏ရှေ့သို့ ရောက်ရှိသွားသည်။

ထိုဆေးမီးဖိုကို ထောင့်တစ်နေရာတွင်နေရာချထားလေ၏။ဆေးမီးဖို၏မျက်နှာပြင်ပေါ်တွင် ဖုန်မှုန့်များလွှမ်းခြုံနေကာ ကြည့်ရသည်မှာ အလွန်သာမန်ဆန်သည်။

ဤဆေးမီးဖို၏ပုံသဏ္ဍာန်သည် ရိုးရှင်းပြီးအကြမ်းထည်ဆန်ခြင်းကြောင့် မည်သူမျှ ဂရုမစိုက်ခြင်းဖြစ်ပေမည်။ထက်ရှသောအမြင်အာရုံရှိသည့် ခွေးနက်ကြီးပင်လျှင် ဆေးမီးဖို၏ထူးခြားမှုကို သတိမပြုမိချေ။

လုယွီက သူ၏လက်ကိုမြောက်ကာ ထိုဆေးမီးဖို၏အဖုံးကို ရိုက်ဖွင့်လိုက်သည်။

ဆေးမီးဖိုမှနေ၍ ပြင်းထန်သောတုန်ခါသံကြီးတစ်သံ ထွက်ပေါ်လာသည်။ကြေးနီဆေးမီးဖို၏မျက်နှာပြင်သည် ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။ထို့နောက် ဆေးမီးဖို၏မျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့်များ ကွာကျသွားကာ မူလပုံပန်းသွင်ပြင် ထွက်ပေါ်လာသည်။

ဤသည်မှာ ကြေးနီဖြင့်ပြုလုပ်ထားသော ဆေးမီးဖိုတစ်လုံးပင်။ထိုဆေးမီးဖို၏မျက်နှာပြင်ပေါ်တွင် သားရဲတချို့၏ပုံသဏ္ဍာန်များကို ရေးထွင်းထားသည်။ထို့ပြင် အလွန်အမင်းကြီးမားသော ရှေးဟောင်းသင်္ကေတအက္ခရာများကိုလည်း ရေးထွင်ထားကာ ကြည့်ရသည်မှာ အလွန်ရှေးကျသည်။

"ဒီဆေးမီးဖိုကိုကြည့်ရတာတော့ အဖိုးတန်ရတနာတစ်ခုဖြစ်ပုံပဲ"

လုယွီက တီးတိုးရေရွတ်လိုက်သည်။ထို့နောက် သူ၏လက်အတွင်းတွင် နက်နဲသိမ်မွေ့သောအလင်းတန်းတစ်တန်း တောက်ပလာကာ အကန့်အသတ်မရှိသော လက်စည်းတံဆိပ်များကို ဖွဲ့စည်းလိုက်သည်။

ထိုနောက် သူ၏လက်ဝါးကို အောက်သို့ရိုက်ချလိုက်ချိန်တွင် မှော်စည်းတံဆိပ်တစ်ခု ပွင့်အံ့ထွက်လာသည်။ထိုအရာသည် ဆေးမီးဖိုပေါ်သို့ ကျရောက်သွားချိန်၌ မီးဖိုတစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။

ဆေးမိဖို့ပေါ်ရှိ သင်္ကေတအက္ခရာများမှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသပေ၏။ထို့နောက် ဆေးမီးဖို၏မျက်နှာပြင်ပေါ်တွင် ရေးထွင်းထားသော သားရဲအမှတ်အသားများသည် နှစ်ခြိုက်စွာအိပ်မောကျနေရာမှ နိုးထကာ အသိဝင်လာသည့်အလား ဟိန်းဟောက်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် ဆေးမီးဖိုမှနေ၍ ရောင်စုံအလင်းတန်းများ ဖြာထွက်လာကာ အလွန်အမင်းတောက်ပပြီး ခန့်ညားထည်ဝါသည်။

ဒေါင်....

လုယွီ၏လက်သီးချက် ဆေးမီးဖိုပေါ်သို့ ကျရောက်သွားသည်။သို့ရာတွင် မမျှော်လင့်ဘဲဆေးမီးဖိုပေါ်မှအလင်းတန်းများ ပို၍တောက်ပသွားသည်။ဆေးမီးဖို၏မျက်နှာပြင်ပေါ်တွင် အတားအဆီးတစ်ခု ထွက်ပေါ်လာကာ လုယွီ၏လက်သီးချက်ကို ကာကွယ်ဟန့်တားလိုက်၏။

တစ်ခုသိထားရမည်မှာ လုယွီ၏လက်သီးချက်သည် အလွန်အမင်း အစွမ်းထက်သည်။ဤလက်သီးချက်မှစွမ်းအားသည် တောင်တစ်လုံးကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသည်။

လုယွီသည် ဤလက်သီးချက်ကို သာမန်ကာလျှံကာထိုးနှက်ခဲ့ကာ ခွန်အားကိုထည့်သွင်းအသုံးပြုခဲ့ခြင်းမရှိသော်လည်းအလွန်ပြင်းထန်နေဆဲပင်။

ဤကဲ့သို့ ပြင်းထန်သောလက်သီးချက်နှင့် ရိုက်နှက်ခံရသည့်တိုင် ဆေးမီးဖိုသည် အနည်းငယ်မျှ ထိခိုက်ပျက်စီးသွားခြင်းမရှိချေ။ဤသည်မှတဆင့် ထိုဆေးမီးဖို မည်မျှထိ ခိုင်ခံမာကျောသည်ကို ပြသရန်လုံလောက်သည်။

"ဝု...မင်း ရတနာတစ်ခုကို ထပ်ပြီးရသွားပြန်ပြီ"

ခွေးနက်ကြီးသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ဒေါသတကြီးအော်ဟစ်လိုက်ကာ သူ၏နှလုံးသွေးများ ယိုစီးလုမတတ်ပင်။

Chapter 4190

ခွေးနက်ကြီးသည်အော်ဟစ်ကာ ရှေ့သို့တိုးဝင်ရန် ဟန်ပြင်လိုက်သည်။

သို့ရာတွင် သူ လုယွီ၏အနီးသို့ မချဉ်းကပ်နိုင်သေးမီမှာပင် စူးရှနာကျင်စွာ အော်ဟစ်လိုက်၏။ ထို့နောက် သူ၏ခွေးလက်ဝါးနှစ်ဖက်ဖြင့် သူ၏ဗိုက်ကိုဖုံးအုပ်ကာ ကွေးကောက်နေတော့သည်။

တချိန်တည်းမှာပင် ခွေးနက်ကြီး၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာသည်။ထိုအလင်းတန်းများအကြားတွင် မဟာတာအို၏သင်္ကေတအက္ခရာများ ခပ်ဖျော့ဖျော့ထွက်ပေါ်လာကာ နှိုင်းယှဉ်ပြစရာမရှိသည်အထိ လျှို့ဝှက်ဆန်းကြယ်သည်။

"ဒါက အရမ်းဆိုးတယ်...ငါ ခုဏကသောက်လိုက်တဲ့ လိပ်နက်နတ်ဘုရားဆေးလုံးရဲ့ဆေးစွမ်းအားတွေက အရမ်းပြင်းထန်တယ်..ငါ အဲ့ဒါကို မသန့်စင်နိုင်ဘူး"

ခွေးနက်ကြီး၏မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ တစ်စုံတစ်ယောက်သည် အစားအလွန်အကျွံ့ စားသောက်လိုက်သဖြင့် လှုပ်ရှား၍မရနိုင်တော့သည့်အလားပင်။

လုယွီသည် သူရှေ့၌ တခြားအဖိုးတန်ရတနာတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်အား သူရှင်းရှင်းလင်းလင်း မြင်တွေ့မိသည်။သို့ရာတွင် သူသည် ဤကိစ္စကို ကူကယ်ရာမဲ့စောင့်ကြည့်နေရုံသာတတ်နိုင်ပြီး တခြားမည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်ခြင်းမရှိချေ။

"အဲ့ဒီပစ္စည်းက ငါ့ရဲ့အပိုင် ဖြစ်သင့်တယ်"

ခွေးနက်ကြီးသည် အလွန်အမင်းစိတ်ပျက်နေပေ၏။သူသည် ယခုချက်ချင်း မတ်တတ်ထရပ်ကာ ဆေးမီးဖိုကို ယူဆောင်လိုသည်။

သိုင်းပညာသူတော်စင်တစ်ယောက်၏ထိုးနှက်ချက်ကို ခုခံနိုင်သောပစ္စည်းသည် အနည်းဆုံးအနေဖြင့် ဧကရာဇ်အဆင့်မှော်ရတနာတစ်ခု ဖြစ်ပေမည်။ထို့ပြင် ဤအရာသည် လွန်ခဲ့သော နှစ်သောင်းနှင့်ချီအကြာက အင်မော်တယ်များ၏အကြွင်းအကျန်ပစ္စည်းဖြစ်ပေ၏။

တန်ဖိုးအရကြည့်ပါက ထိုအရာသည် လိပ်နက်နတ်ဘုရားဆေးလုံးထက် များစွာပို၍အဖိုးတန်ရှားပါးသည်။

"မင်းက လိမ်လိမ်မာမာနေပြီးတော့ ဆေးလုံးကိုသန့်စင်တာ ပိုကောင်းလိမ့်မယ်"

လုယွီက ခွေးနက်ကြီးကိုလည်ဂုတ်မှဆွဲကာ သိုလှောင်အိတ်အတွင်းသို့ ပစ်ထည့်လိုက်သည်။

ဤသေသင့်သောခွေးသည် အလွန်လောဘကြီးပေ၏။

လုယွီပင်လျှင် ဤကဲ့သို့နတ်ဘုရားဆေးလုံးတစ်လုံးကို တိုက်ရိုက်ဝါးမြိုဝံ့ခြင်းမရှိချေ။

ဤနတ်ဘုရားဆေးလုံးကို နတ်ဘုရားအဆင့်ဆေးပင်များဖြင့် ဖော်စပ်ထားခြင်းဖြစ်သည်။ထိုဆေးလုံး၏ဆေးစွမ်းအားသည် ဧကရာဇ်အဆင့်ဆေးလုံးထက်ပင်ကျော်လွန်ကာ ကိုယ်ပိုင်အသိဉာဏ်ရှိသည်။

ဤနေရာရှိဆေးလုံးများသည် လွန်ခဲ့သောနှစ်ပေါင်းသောင်းနှင့်ချီအကြာက ကြွင်းကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

အချိန်အတော်ကြာမြင့်လာသည့်တိုင် ထိုဆေးလုံးများထံတွင် မူလကရှိသောဆေးစွမ်းအားများ ပျက်ပြယ်သွားခြင်းမရှိချေ။ထိုအစား ဆေးလုံးများမှနေ၍ မဖျက်ဆီးနိုင်သောအရှိန်အဝါတစ်ရပ် ထွက်ပေါ်နေကာ ဆေးစွမ်းအားများသည် အလွန်ပေါကြွယ်ဝပြီးသန့်စင်ပေ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် ဤကဲ့သို့ဆေးလုံးမျိုးကို ဝါးမြိုလိုပါက သင့်လျော်သောအချိန်တစ်ခုကို ရှာဖွေရပေမည်။ထို့နောက် သူသည် အထောက်အပံ့ပစ္စည်းများအဖြစ် တခြားဆေးပင်များကို ပြင်ဆင်ထားရမည်။ထိုနောက်မှသာ သူသည် ဆေးလုံး၏စွမ်းအားများကို တဖြည်းဖြည်းစုပ်ယူနိုင်ပေမည်။

သို့ရာတွင် ခွေးနက်ကြီးသည် ဆေးလုံးကို တိုက်ရိုက်ဝါးမြိုလိုက်သည်။

ဤခွေးစုတ်၏အရိုးများသည် အလွန်အမင်းမာကျောပေ၏။အကယ်၍ သူ၏နေရာတွင်သာမန်ကျင့်ကြံသူတစ်ယောက်ဆိုပါက သူ့၏ခန္ဓာကိုယ်ပေါက်ကွဲကာ သေဆုံးသွားပြီးဖြစ်ပေမည်။

"ငါ တကယ်ကို နောင်တရမိတယ်...တကယ်လို့ ဒီလိုဖြစ်လာမယ်ဆိုတာကို ငါ ကြိုသိခဲ့ရင် ဒီနေရာမှာရှိတဲ့အရာအားလုံးကို ငါ သေသေချာချာရှာဖွေခဲ့မိမှာပဲ"

ခွေးနက်ကြီးသည် ငိုကြွေးလိုသော်လည်း သူ၏မျက်လုံးအတွင်းမှ မျက်ရည်ကျမလာချေ။

ခွေးနက်ကြီးကို သိုလှောင်အိတ်အတွင်းသို့ ပြန်ပို့ပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး များစွာပို၍တိတ်ဆိတ်ငြိမ်သက်သွားသည်။

"ဒါက ရှေးဟောင်းခေတ်ကာလကတည်းက လက်ဆင့်ကမ်းဆင်းသက်လာတဲ့ ဆေးမီးဖိုတစ်လုံးပဲ"

လုယွီ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

သူသည် အခြေခံအားဖြင့် ဆေးလုံးများဖော်စပ်ရန်အတွက် ဆေးမီးဖိုတစ်လုံး မလိုအပ်ချေ။ သူသည် မီးတောက်ကို တိုက်ရိုက်ထိန်းချုပ်ကာ ဆေးမီးဖိုတစ်လုံးအဖြစ်ပြောင်းလဲပြီး လေဟာနယ်အတွင်း၌ ဆေးလုံးများဖော်စပ်နိုင်သည်။

သို့ရာတွင် ဤကဲ့သို့ပြုလုပ်ခြင်းသည် ရိုးရှင်းသောဆေးလုံးတချို့ကို ပြုလုပ်ရာ၌သာ အသုံးဝင်သည်။ထိုနည်းလမ်းဖြင့် လုယွီသည် စိတ်ဝိညာဉ်ချိတ်ဆက်ခြင်းအဆင့်ဆေးလုံးကို မဆိုထားနှင့် ဧကရာဇ်အဆင့်ဆေးလုံးကိုပင် ဖော်စပ်နိုင်သည်။

သို့ရာတွင် ထိုအဆင့်ထက်မြင့်မားသော ဆေးလုံးများကိုမူ လုယွီသည် လွယ်လင့်တကူဖော်စပ်နိုင်မည် မဟုတ်တော့ချေ။

ထိုအဆင့်မြင့်ဆေးလုံးများတွင် ဆေးပင်အမြောက်အများကို ရောနှောရုံကဲ့သို့ ရိုးရှင်းခြင်းမရှိချေ။ထိုအရာများအတွင်း၌ မဟာတာအို၏သဘောတရားများ ရောယှက်ပါဝင်နေသည်။ထိုဆေးလုံးများအနက်မှတစ်ချို့ကို သန့်စင်သောအချိန်တွင် မိုးကောင်းကင်တာအို၏အာရုံစိုက်မှုကိုပင် ဆွဲဆောင်နိုင်သည်။

ဆေးပညာရှင်တချို့သည် ထိုကဲ့သို့ဆေးလုံးများကို သန့်စင်ရန်အတွက် နှစ်ဆယ်နှင့်ချီ၍ အချိန်ယူရသည်။

အကယ်၍ ဤကဲ့သို့ကိစ္စများ အမှန်တကယ်ဖြစ်လာပါက အချိန်အမြောက်အများယူ၍ ဖော်စပ်ရမည်ဖြစ်သဖြင့် လေဟာနယ်အတွင်း၌ ဖော်စပ်၍ရမည်မဟုတ်ချေ။

ထိုအချိန်မျိုးကျပါက သူ့အတွက် ဆေးမီးဖိုတစ်လုံး လိုအပ်လာပေမည်။

"ဒါက နတ်ဘုရားအဆင့် ဆေးလုံးတစ်လုံးကိုတောင် သန့်စင်နိုင်တဲ့ ဆေးမီးဖိုတစ်လုံးပဲ...ဒါက တော်ဝင်သမားတော်ဆောင်မှာတောင် အဖိုးတန်ဆုံးတည်ရှိမှုကြီးတစ်ခု ဖြစ်လိမ့်မယ်"

လုယွီမျက်လုံးအတွင်း၌ တောက်ပသောအလင်းတန်းတစ်တန်း ထင်ဟပ်လာသည်။

သူသည် ဆက်လက်၍ရှာဖွေလိုက်၏။ကံအကြောင်းမလှစွာဖြင့် ဤနေရာသည် ပြောင်ရှင်းနေသည်အထိ ရှာဖွေခံထားရသည်ဖြစ်ရာ ဆေးညွှန်းများပင်လျှင် ကျန်ရစ်ခဲ့ခြင်းမရှိချေ။

နောက်ထပ်တစ်ကြိမ်ခန့် ရှာဖွေပြီးနောက် လုယွီသည် ဆေးမီးဖိုကို သိုလှောင်အိတ်အတွင်းသို့ထည့်ကာ ထွက်ခွာခဲ့တော့သည်။လူများအားလုံးသည် အရှေ့ခန်းမ၏ရှေ့၌ စုဝေးနေကြ၏။

ကျင့်ကြံသူတချို့သည် ယခင်ကတည်းက တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်လာကြသည်။သူတို့အနက်မှအများစု၏ မျက်နှာများပေါ်တွင် စိတ်ပျက်အားငယ်သောအမူအယာများ ရှိနေသည်။

"အရင်က ဒီနေရာကို တစ်ယောက်ယောက် လာသွားခဲ့တယ်...သူတို့က ဒီနေရာမှာရှိတဲ့ ရတနာတွေအားလုံးကို ယူသွားခဲ့ပြီ"

မြင့်မြတ်အရှင်ဟွမ်ထျန်းက သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

All Chapters