← Chapters

အခန်း (၄၂၀၁-၄၂၀၅)

Vol. 213 Ch. 4201-4205

အခန်း (၄၂၀၁-၄၂၀၅)

Vol. 213 Ch. 4201-4205

Chapter 4201

ချီဘုရင်သည် လက်ရှိနေရာတွင်ရှိနေသူများအားလုံးကို သတ်ဖြတ်ရန် ဆုံးဖြတ်ပြီးလေပြီ။

ဤသည်မှာ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုဖြစ်သဖြင့် လူအများစုသည် အဖိုးတန်ရှားပါးသော ရတနာများကို ရရှိထားကြသည်။ ချီဘုရင်သည် ထိုအရာများအားလုံးကို သူ့အတွက်ရယူရန် ဆုံးဖြတ်ပြီးဖြစ်သဖြင့် တခြားလူများအားလုံးကို သူ သတ်ဖြတ်ရပေမည်။

"ကောင်းကင်အက်ကွဲဓားချီ..."

ချီဘုရင်က အော်ဟစ်လိုက်သည်။

တော်ဝင်နယ်မြေအတွင်း၌ ထောင်သောင်းချီသောလေဓားသွားများ ရုတ်တရက်ထွက်ပေါ်လာကာ အတူတကွစုဝေးသွားပြီး နှိုင်းယှဉ်ပြစရာမရှိသည်အထိ ထက်ရှသောဓားမုန်တိုင်းကြီးအဖြစ် ဖွဲ့စည်းသွားသည်။

အလွန်ကြီးမားသော ဓားချီတစ်လှိုင်းသည် လေထုကိုဖြတ်သန်းသွားကာ ထိုအရာမှထွက်ပေါ်နေသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် မိုးကောင်းကင်ကိုပင် ဆုတ်ဖြဲနိုင်ပုံရသည်။

ဤဓားချီကြောင့် ပတ်ဝန်းကျင်ရှိတည်ငြိမ်နေသောလေဟာနယ် ပြင်းပြင်းထန်ထန်ပုံပျက်သွားကာ လေဟာနယ်အက်ကွဲကြောင်းများက လူတိုင်း၏မျက်လုံးရှေ့၌ ထွက်ပေါ်လာသည်။

"ဒါက ဧကရာဇ်ရဲ့အစစ်အမှန်ယန်ဂိုဏ်းက လှုပ်ရှားမှုပဲ"

တစ်စုံတစ်ယောက်သည် ထိုတိုက်ခိုက်မှုကို မှတ်မိသွားပေ၏။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ဘုရားကျောင်းများတွင် ယန်ဂိုဏ်းဟူသောနာမည်ကို ရေးထွင်းထားကာ သူ၏ဖခင်သည် မဟာယန်အစစ်အမှန်ဂိုဏ်းဝင်တစ်ယောက်ပင်။

သူသည်လည်း ပြိုင်ဘက်ကင်းအောင်မြင်မှုများကိုရရှိခဲ့သော ဧကရာဇ်တစ်ပါးပင်။သူ၏တည်ရှိနေမှုကြောင့် သားဖြစ်သူအား တည်ငြိမ်သောအခြေခံအုတ်မြစ်ဖြင့် ဧကရာဇ်တစ်ပါးဖြစ်စေခဲ့သည်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် နန်းတက်စဉ်အချိန်၌ မရေမတွက်နိုင်သော လုပ်ကြံသတ်ဖြတ်မှုများကို ကြုံတွေ့ခဲ့ရသည်။သို့ရာတွင် ထိုလုပ်ကြံသတ်ဖြတ်သူများသည် ဧကရာဇ်၏အနီးသို့ ချဉ်းကပ်နိုင်ခြင်းမရှိဘဲ အရပ်မျက်နှာအဘက်ဘက်မှ တိုက်ခတ်လာသော အေးစက်စက်လေညှင်းများကြောင့် အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားခဲ့သည်။

လေထုကိုဖြတ်သန်းလာသောဓားရှည်သည် အလွန်အမင်းပြင်းထန်သော စွမ်းအားတစ်ရပ်ကို သယ်ဆောင်လာကာ လုယွီကိုသတ်ဖြတ်တော့မည့်အလားပင်။

"ဂရုစိုက်...အဲ့ဒီဓားချက်ကို ခုခံဖို့မလွယ်ဘူး"

ဝေ့မင်ထျန်းက ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

အစစ်အမှန်ယန်ဂိုဏ်းသည် တစ်ချိန်က ဝေ့မိသားစု၏ဘိုးဘေးနှင့် ဓားပညာရပ်ချင်းဆွေးနွေးတိုင်ပင်ခဲ့ဖူးသည်။ဝေ့မိသားစုအတွင်းတွင် ဧကရာဇ်၏ အစစ်အမှန်ယန်ဂိုဏ်းနှင့်ပတ်သက်သော မှတ်တမ်းများစွာရှိပေ၏။

ဝေ့မိသားစု၏အကြီးဆုံးသခင်မလေးဖြစ်သော ဝေ့မင်ထျန်းသည် အစစ်အမှန်ယန်ဂိုဏ်း မည်မျှထိအစွမ်းထက်သည်ကို သိရှိထားသည်။သူမသည် ဤဓားချက်ကိုမြင်တွေ့ချိန်၌ သူမ၏မျက်လုံးသူငယ်အိမ်များ ချက်ချင်းကြုံဝင်သွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

လုယွီ နောက်သို့ဆုတ်သင့်သည်ဟု လက်ရှိနေရာတွင်ရှိနေသူများအားလုံး ခံစားမိသည်။

ဤသည်မှာ တာယွီအင်ပါယာ တော်ဝင်မိသားစု၏ အစွမ်းထက်ဆုံးနည်းစနစ်တစ်ခုဖြစ်ပြီး ဤလေဓားသွားများအောက်တွင် မရေမတွက်နိုင်သောလူများ သေဆုံးသွားခဲ့ရသည်။

သို့ရာတွင် လုယွီ၏လုပ်ရပ်သည် လူများအားလုံး၏မျှော်လင့်ချက်များထက် များစွာပို၍ကျော်လွန်နေသည်။သူသည် နောက်ဆုတ်ရမည့်အစား ရှေ့သို့တိုးကာ လေဓားသွားများကို ရင်ဆိုင်လိုက်၏။

မြေအောက်လောကနတ်ဘုရား ပုံရိပ်ယောင်ကြီးမှနေ၍ လက်များကိုဆန့်တန်းကာ လက်တစ်ဖက်စီသည် မတူကွဲပြားသော လက်ဟန်သင်္ကေတတစ်ခုကို ပြုလုပ်ထားသည်။ သူ၏နံဘေးပတ်လည်၌ အနက်ရောင်သင်္ကေတအက္ခရာများ လှည့်ပတ်ပျံဝဲနေပေ၏။

ပတ်ဝန်းကျင်ရှိလေဟာနယ်သည် လုယွီနှင့်အတူ မြင့်တက်သွားကာ ပြင်းပြင်းထန်ထန်လှုပ်ခတ်စပြုလာသည်။ထို့နောက် မြေအောက်လောကနတ်ဘုရား ပုံရိပ်ယောင်ကြီးထံမှနေ၍ လက်စည်းတံဆိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ဤလက်စည်းတံဆိပ်များတွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေကာ သူ့ရှေ့ရှိအရာရာတိုင်းကို သတ်ဖြတ်လိုသည့်အလားပင်။

ထိုလက်စည်းတံဆိပ်တစ်ခုစီသည့် အကန့်အသတ်မရှိသော မှော်မန္တန်များကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ထိုမှော်မန္တန်များအားလုံး၏ပေါင်းစပ်စွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်ပါက အရာရာတိုင်းကိုဖျက်ဆီးနိုင်စွမ်းရှိသည်။

မှော်မန္တန်တပုဒ်၏စွမ်းအားသည် လုယွီလိုအပ်သောအရာနှင့် အလွန်အလှမ်းကွာဟသည်။

သူသည် ထောင်သောင်းချီသောမှော်မန္တန်များအားလုံးကို တပြိုင်နက်တည်းထုတ်ဖော်ကာ လက်စည်းတံဆိပ်များအတွင်းသို့ သိပ်သည်းလိုက်ခြင်းဖြစ်သည်။ဤသည်မှာ သူသည် တစ်ချိန်တည်း၌ တိုက်ခိုက်မှုပေါင်းထောင်သောင်းချီ၍ ထုတ်ဖော်အသုံးပြုလိုက်သည်အလားပင်။ဤတိုက်ခိုက်မှု၏စွမ်းအားသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပေ၏။

ထိုလက်စည်းတံဆိပ်များနှင့် လေဓားသွားများ ပြင်းပြင်းထန်ထန်ရိုက်ခတ်မိချိန်တွင် ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံ မြည်ဟီးသွားသည်။

နှစ်ဖက်စလုံး၏တိုက်ခိုက်မှုများမှ စွမ်းအားများသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။

တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး ပြင်းထန်သောအရှိန်အဝါများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။နံဘေးဘက်မှစောင့်ကြည့်နေသော လူများအားလုံး ချက်ချင်းနောက်ဆုတ်လိုက်ကြသည်။လုချန်းချင်နှင့်မြင့်မြတ်အရှင်ဟွမ်ထျန်းတို့ပင်လျှင် ဤတိုက်ပွဲ၏အနီးသို့ ကပ်ဝံ့ခြင်းမရှိချေ။

ကံကောင်းထောက်မစွာဖြင့် ဤနေရာသည့် အရှေ့ခန်းမ၏နောက်ရှိ ကျယ်ပြန့်သောမြေကွက်လပ်ပေါ်တွင်ဖြစ်သဖြင့် သူတို့နှစ်ယောက်၏တိုက်ပွဲကို လွတ်လွတ်လပ်လပ်ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။

တိုက်ပွဲကိုနဘေးမှစောင့်ကြည့်နေသူများသည် ကြီးမားသောဖိအားအရှိန်အဝါကို ခံစားမိလေ၏။

ဤတိုက်ပွဲတစ်ခုတည်း၏စွမ်းအားသက်သက်ဖြင့် လူအများအား ထိတ်လန့်တုန်လှုပ်စေရန်လုံလောက်သည်။နတ်ဘုရားစိတ်အာရုံ အားနည်းသူတချို့သည် ဤတိုက်ပွဲကိုကြည့်ရန်အတွက် အရည်အချင်းမပြည့်မီချေ။

"ပဉ္စမအရှင်လု...လုယွီ အဆင်ပြေပါ့မလား"

ဝေ့မင်ထျန်းက စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။

လုချန်းချင်ကသူ၏ခေါင်းကိုခါယမ်းကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"ချီဘုရင်က သူ့ရဲ့အစစ်အမှန်ခွန်အားကို ဖုံးကွယ်ထားခဲ့တယ်...သူ့ရဲ့အစစ်အမှန်ခွန်အားကို ဘယ်သူမှမသိနိုင်ဘူး....ဒါပေမယ့် လုယွီရဲ့လက်ထဲမှာ မသေမျိုးအဆင့်မှော်လက်နက်တစ်ခု ရှိနေတယ်...တကယ်လို့ သူက ချီဘုရင်ကို အနိုင်မယူနိုင်ဘူးဆိုရင်တောင် သူ အသက်ရှင်ရက် လွတ်မြောက်နိုင်လိမ့်မယ်"

Chapter 4202

ဤတိုက်ပွဲအတွင်းသို့ မည်သူမျှ ​ကြားဝင်စွက်ဖက်ဝံ့ခြင်းမရှိချေ။

လုယွီသည် ထောင်သောင်းချီသောလက်စည်းတံဆိပ်များကို ထုတ်ဖော်အသုံးပြုလိုက်သော်လည်း ချီဘုရင်၏လေဓားသွားများနှင့် ထိတွေ့ပြီးနောက် လေထုအတွင်း၌ ပျက်ပြယ်သွားသည်။

"လုယွီ....ဒီနေ့ ငါ မင်းကို သတ်ရလိမ့်မယ်"

ချီဘုရင်၏မျက်နှာအမူအယာ တည်ငြိမ်နေကာ အရာရာတိုင်းသည် သူ၏ထိန်းချုပ်မှုအောက်၌ ရှိနေသည့်အလားပင်။

ဤတည်ငြိမ်မှုကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသူများအားလုံး စိုးရိမ်ကြောင့်ကြမှုကို ခံစားမိသည်။

သူ ယခင်က လူများအားလုံး၏ရှေ့တွင် ထုတ်ဖော်ပြသခဲ့သည် ကောင်းကင်ဘုံဧကရီရှန်လင်းလုံ၏ရှေ့တွင် ရိုသေကျိုးနွံစွာ ဆက်ဆံနေသောအပြုအမူသည် ဟန်ဆောင်ထားခြင်းပင်။ ယခုလက်ရှိအချိန်၌ သူ၏အစစ်အမှန်ပုံပန်းသွင်ပြင် ထွက်ပေါ်လာလေပြီ။

လုယွီသည် မည်သည့်စကားတစ်ခွန်းမျှ ပြောဆိုခြင်းမပြုချေ။သူ၏လက်ညိုးကိုမြှောက်ကာ မိုးကောင်းကင်ယံထံသို့ ညွှန်ပြလိုက်၏။ ထို့နောက် ထောင်နှင့်ချီသောဓားချီများက ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်အား ရစ်သိုင်းလွှမ်းခြုံသွားသည်။

ထို့နောက် သူ၏အင်မော်တယ်သုတ်သင်ခြင်းဓားချီနှင့် ချီဘုရင်၏ကောင်းကင်အက်ကွဲဓားချီတို့ လေထုအတွင်း၌ ထိပ်တိုက်ရင်ဆိုင်ဆုံတွေ့မိသည်။

ဘုန်း....ဘုန်း....ဘုန်း...

နှစ်ဖက်စလုံးသည် ဓားနည်းစနစ်များကို အသုံးပြုနေခြင်းပင်။တစ်ဖက်သည် ရှေးဟောင်းရွှေအင်မော်တယ်တစ်ယောက် ဖန်တီးထားသော ဓားနည်းစနစ်ကိုအသုံးပြုနေကာ တခြားတစ်ဖက်သည် တာယွီအင်ပါယာ ၏အစစ်အမှန်ယန်ဂိုဏ်းမှ နာမည်ကျော်ကြားသော ဓားနည်းစနစ်ကို အသုံးပြုသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နှစ်ဖက်စလုံးသည် တိုက်ကွက်ပေါင်းရာနှင့်ချီ၍ ဖလှယ်လိုက်ကြရာ ကောင်းကင်နှင့်မြေပြင်ပင် အရောင်ပြောင်းလဲသွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ဤကမ္ဘာငယ်လေးအတွင်းရှိ လေဟာနယ်သည် လုံလောက်သည်အထိ တည်ငြိမ်ပေ၏။သူတို့နှစ်ယောက်၏ပြင်းထန်သောတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်တိုင် လေဟာနယ်သည် ပြိုလဲသွားခြင်းမရှိချေ။

"ငါက အသက်ငါးနှစ်အရွယ်ကတည်းက တော်ဝင်နန်းတော်ရဲ့အတွင်းနန်းဆောင်မှာ ကျင့်ကြံခဲ့ပြီးတော့ အထွတ်အမြတ်အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားတယ်...မင်းက အောက်ဘုံကနေ တက်လှမ်းလာတဲ့ လူတစ်ယောက်ပဲ....မင်းက ဘာကိုအသုံးပြုပြီးတော့ ငါ့ကို တိုက်ခိုက်နိုင်မှာလဲ"

ချီဘုရင်သည် သူ၏အစစ်အမှန်စွမ်းအားကိုထုတ်ဖော်အသုံးပြုလိုက်ရာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ ရွှေရောင်အလင်းတန်းများသည် လောင်ကျွမ်းတော့လုမတက် အလွန်အမင်းတောက်ပလာသည်။

နှစ်ဖက်စလုံးသည် ဓားနည်းစနစ်များကို အသုံးပြု၍တိုက်ခတ်ကြသော်လည်း ချီဘုရင်၏ကောင်းကင်အက်ကွဲဓားချီသည် အကန့်အသတ်မရှိပုံရကာ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို လွမ်းခြုံထားသည်။

"မင်းက တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်နေရင်တောင် ငါက ဘာလို့ အရေးစိုက်ရမှာလဲ"

လုယွီ၏မျက်လုံးများအတွင်း၌ ခရမ်းရောင်အလင်းတန်းများ တောက်ပနေသည်။ချီဘုရင်၏နည်းစနစ်သည် အစွမ်းထက်သော်လည်း ဟာကွက်တစ်ခုလစ်ဟနေပေ၏။

ကောင်းကင်အက်ကွဲဓားချီသည် ယခင်က သူအသုံးပြုခဲ့သော နည်းစနစ်တစ်ခုနှင့်တူညီသည်။ဤသည်မှာ အလွန်အမင်းအစွမ်းထက်ပြီးပြင်းထန်သော ဓားနည်းစနစ်တစ်ခုပင်။

သို့ရာတွင် ဤဓားနည်းစနစ်တွင် အားနည်းချက်တစ်ခုရှိကာ ထိုအရာမှတစ်ဆင့် ဟာကွက်အမြောက်အများ ပေါက်ဖွားလာသည်။

အကယ်၍ အစစ်အမှန်ယန်ဂိုဏ်း၏ ပြိုင်ဘက်ကင်းဧကရာဇ်သည် ဤဓားနည်းစနစ်ကိုအသုံးပြုပါက စွမ်းအားသည် အလွန်အမင်းတုန်လှုပ်​ချောက်ချားဖွယ် ကောင်းပေမည်။ မည်သူမည်ဝါဖြစ်နေပါစေ ဤဓားချက်၏အောက်၌ ကြေမွှပျက်စီးသွားပေမည်။ဤဓားနည်းစနစ်တွင် မည်သည့်ဟာကွက်မျှ ရှိတော့မည် မဟုတ်ချေ။

သို့ရာတွင် ချီဘုရင်သည် ထိုကဲ့သို့ ပြိုင်ဘက်ကင်း ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် မဟုတ်ချေ။

လုယွီ၏ခန့်မှန်းချက်အရ ချီဘုရင်သည် နယ်မြေသခင်တတိယအဆင့်တွင် ရှိနေနိုင်သည်။ အခွင့်အာဏာစည်းတံဆိပ်၏ကောင်းချီးပေးမှုကြောင့် သူသည် နယ်မြေသခင်စတုတ္ထအဆင့်သို့ ရောက်ရှိနေပေ၏။

ဤသည်မှာ အလွန်အမင်းအစွမ်းထက်သော တည်ရှိမှုကြီးတစ်ယောက်ဖြစ်သော်လည်း လုယွီကိုရင်ဆိုင်ရန် မလုံလောက်သေးချေ။

လုယွီ၏ပုံရိပ် ရုတ်တရက် ရွေ့လျားသွားကာ ဝေဝါးသွားပြီးနောက် နဂါးတစ်ကောင်အလား ချီဘုရင်၏ရှေ့၌ ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်မှနေ၍ တဖျစ်ဖျစ်တဖျောက်ဖျောက်အသံများ ထွက်ပေါ်နေကာ ပြင်းထန်သောမှော်စွမ်းအားများသည် သူ၏မရီဒါန်းများအတွင်း၌ ပြည့်နှက်နေပေ၏။ထို့နောက် သူသည် ကောင်းကင်အက်ကွဲဓားချီ၏ဝိုင်းရံပိတ်ဆို့ထားမှုကို အတင်းအကြပ် ဖောက်ထွက်လိုက်သည်။

ဘန်း....

လုယွီ၏လက်သီးနှစ်ဖက်မှနေ၍ ရွှေရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ သူသည် နတ်ဘုရားတစ်ပါးအလားပင်။အချိန်တခဏအတွင်းမှာပင် သူသည် ချီဘုရင်၏ရှေ့သို့ ရောက်ရှိသွားကာ လက်သီးတစ်ချက်ထိုးနှက်လိုက်၏။

ချီဘုရင်၏မျက်လုံးအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်နေသည်။လုယွီသည် သူနှင့် ​မည်သည်ကြောင့် နီးကပ်လာသည်ကို သူ မသိရှိချေ။သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် သူသည် နောက်သို့ခြေလှမ်းများစွာ ဆုတ်လိုက်ရကာ သူ ဝတ်ဆင်ထားသော လက်သည်းလေး​ချောင်းရွှေရောင်နဂါးဝတ်ရုံပင်လျှင် ကြေမွှပျက်စီးသွားသည်။

"လုယွီရဲ့စွမ်းအားက ပိုပြီးမြင့်မားတယ်...ကျိုးထုံ ရှုံးလိမ့်မယ်"

လုချန်းချင်နှင့်တခြားလူများသည် အလွန်ပျော်ရွှင်သွားပေ၏။

ယုဝမ်ကျိုး၏မျက်နှာ ဖြူရော်သွားသည်။လုယွီ၏စွမ်းအားကို သူ မြင်တွေ့ရချိန်၌ ကမ္ဘာလောက၏အဆုံးသတ်သို့ ရောက်ရှိသွားသည့်အလား သူ ခံစားမိသည်။သူသည် အစွမ်းကုန်ကြိုးစား၍ ဤနေရာမှ ထွက်သွားလိုခဲ့သည်။

"အရမ်းကောင်းတယ်....မင်းရဲ့စွမ်းအားက ငါ မျှော်လင့်ထားတာထက် ကျော်လွန်နေတယ်"

ချီဘုရင်က အလေးအနက်ထားသောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်၏။

"ဒီဘုရင်က တကယ်တော့ မင်းနဲ့ ရန်သူတွေ မဖြစ်ချင်ခဲ့ဘူး...မင်းက ဝမ်မူကျီးကိုသတ်ခဲ့တာတောင်မှ ငါက မင်းကို အလွတ်ပေးခဲ့တယ်"

"မင်းနဲ့ငါက ရန်သူတွေ ဖြစ်မလာသင့်ဘူး"

Chapter 4203

"မင်းက အမိန့်တော်တစ်ခု ထုတ်ပြန်ပြီးတော့ရှေ့တန်းမှာရှိတဲ့ စစ်သားတွေအားလုံးကို လက်နက်ချပြီး အရှုံးပေးအညံ့ခံဖို့ အမိန့်ပေးတဲ့အချိန်ကတည်းက မင်းနဲ့ငါက သေတဲ့အထိတိုက်ခိုက်ရမယ့် ရန်သူတွေ ဖြစ်သွားပြီ"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း တောက်ပနေသည်။သူသည် လေဟာနယ်အတွင်း၌ မတ်တပ်ရပ်နေကာ မရေမတွက်နိုင်သော ဓားချီများက သူ့အား ဝိုင်းရံထားသည်။

သူသည် အနိုင်ရရှိခဲ့သော်လည်း ချီဘုရင်ကို ထိုးနှက်ချက်တစ်ခုတည်းဖြင့် သတ်ဖြတ်နိုင်ခဲ့ခြင်းမရှိချေ။

ချီဘုရင်ထံတွင် ဖုံးကွယ်ထားသော အကာအကွယ်နည်းစနစ် အမြောက်အများရှိနေသည်။လုယွီက သူ၏လက်သီးသည် ဝါဂွမ်းကို ထိုးနှက်မိသည့်အလား ခံစားမိလေ၏။

အကယ်၍ ဤအကာအကွယ်နည်းစနစ်ကြောင့်သာမဟုတ်ပါက ချီဘုရင်သည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပေမည်။

ချီဘုရင်သည် လုယွီအား သတ်ဖြတ်နိုင်ခြင်းမရှိချေ။သို့ရာတွင် လုယွီသည်လည်း ချီဘုရင်ကို တစ်စုံတစ်ခုမျှ လုပ်ဆောင်နိုင်ခြင်းမရှိပေ။

"အဲ့ဒီကောင်တွေက ပုရွက်ဆိတ်လေးတွေလေ ....သူတို့ရဲ့သေရေးရှင်ရေးကို မင်းက ဘာလို့ ဂရုစိုက်နေတာလဲ"

ချီဘုရင်က ရယ်မောလိုက်သည်။

"ဒီလောကကြီးက ဖရိုဖရဲဖြစ်နေပြီ...မင်းက ဘာလို့ တော်ဝင်နန်းတွင်းအတွက် ပင်ပင်ပန်းပန်းလုပ်နေတာလဲ...ငါတို့တွေ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ညီတူညီမျှခွဲယူကြမယ်ဆိုရင် မင်း ဘယ်လိုသဘောရလဲ...မင်းက ပါရမီရှင်တစ်ယောက်ပါ ..ငါက မင်းကို ဒီဘုရင်နဲ့ပခုံးချင်းယှဥ်နိုင်တဲ့ဘွဲ့ထူးမျိုး ချီးမြှင့်ပြီးတော့ အကန့်အသတ်မရှိတဲ့ ချမ်းသာကြွယ်ဝမှုတွေကို ရရှိစေမယ်...ငါတို့တွေ ဒီရှေးဟောင်းအပျက်အစီးနယ်မြေကနေ ထွက်သွားပြီးရင် အဲ့ဒီကိစ္စကို တိုင်ပင်ဆွေးနွေးလို့ရတယ်"

သူက မောက်မာထောင်လွှားစွာ ရယ်မောလိုက်သည်။

ဤရယ်မောသံသည် လူများအားလုံး၏နားအတွင်းသို့ ဝင်ရောက်လာချိန်၌ သူတို့အားလုံးသည် ယခင်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသော မြင်ကွင်းတစ်ခုကို မြင်နေရသည့်အလားပင်။

ဤသည်မှာ အတိတ်မှချီဘုရင်နှင့် မတူညီတော့​ချေ။

ချီဘုရင်သည် သူကိုယ်သူ အလွန်ကောင်းမွန်စွာဖုံးကွယ်ထားပြီး ကျားသားစားရန်အတွက် သိုးတစ်ကောင်ကဲ့သို့ ဟန်ဆောင်ထားသည့်အလားပင်။

သူသည် ဤကဲ့သို့ အတင့်ရဲသောစကားလုံးများကို ပြောဆိုခဲ့သဖြင့် ဘုရင်တစ်ပါးဖြစ်နေလျှင်ပင် အလွန်ကြီးလေးသောရာဇဝတ်မှုကြီးကို ကျူးလွန်ခြင်းပင်။သူ၏ကျင့်ကြံဆင့်နယ်ပယ် ဖျက်ဆီးခြင်းခံရကာ တော်ဝင်နန်းတွင်း၏အကျဉ်းထောင်အတွင်း၌ အကျဉ်းချခံရပေမည်။

သို့ရာတွင် ယခုအချိန်၌ ချီဘုရင်သည် ထိုစကားများကို မောက်မာထောင်လွှားစွာ ပြောဆိုခဲ့ကာ တခြားလူများကြားမည်ကို အနည်းငယ်မျှ အရေးမစိုက်သည့်အလားပင်။

"ချီဘုရင်က ပုန်ကန်ဖို့ ကြံစည်နေတာလား"

လုချန်းချင်သည် ထိတ်လန့်တကြားဖြစ်သွားလေ၏။

သို့ရာတွင် ဤသည်မှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ချေ။အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တွင် ပျံ့နှံနေသောသတင်းများမှတဆင့် ချီဘုရင်သည် ကိုယ်ပိုင်စစ်သားများကို တိတ်တဆိတ်မွေးမြူထားကာ ပုန်ကန်ရန်ကြံရွယ်နေကြောင်း လူတချို့မှ သိရှိထားပြီးဖြစ်သည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ ကျင်လည်ကျက်စားနေသော လေဟာနယ်ကြယ်ဓားပြများကို ချီဘုရင်မှ မြေတောင်မြှောက်ပေးထားခြင်းပင်။

သို့ရာတွင် ချီဘုရင်သည် ဤနေရာအရောက်တွင် သူ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုမည်ဟု မည်သူ​မျှ မျှော်လင့်မထားမိချေ။

လ၏အေးစက်စက်အလင်းရောင်အောက်တွင် လုယွီ၏မျက်လုံးများ ပိန်းပိတ်သည်အထိ နက်မှောင်နေကာ အေးစက်စက်လေများတိုက်ခတ်ခြင်းနှင့်အတူ သူ၏ဆံပင်များ လူးလွန့်နေသည်။

"တကယ်လို့ မင်းမှာ တခြားဝှက်ဖဲတွေမရှိတော့ဘူးဆိုရင် ဒီနေ့ မင်း ဒီနေရာမှာ သေရလိမ့်မယ်"

လုယွီက လေသံ​ပြတ်ပြတ်ဖြင့် ပြောဆိုသည်။

သူ၏မျက်လုံးအတွင်း၌ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်နေသည်။

မည်သည့်ကိစ္စမျိုးရှိနေပါစေ သူသည် ယနေ့တွင် ဤနေရာ၌ ချီဘုရင်ကို သတ်ဖြတ်ရပေမည်။

"ဟား ဟား ဟား..လုယွီ မင်းက လူတော်တစ်ယောက်ဆိုတာကို ငါ ဝန်ခံတယ်...မင်းရဲ့အသက်အရွယ်နဲ့ မင်းက ငါ့ကို ဒီလိုအဆင့်ထိရောက်အောင် ဖိအားပေးနိုင်တဲ့ ပထမဆုံးလူပဲ"

ချီဘုရင်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ငါက မင်းကို မှတ်ထားမယ်...ငါတို့ထွက်သွားပြီးတာနဲ့ ငါကိုယ်တိုင် မင်းရဲ့သင်္ချိုင်းဂူမှာ အမွေးတိုင်လာထွန်းပေးမယ်"

သူသည် ရုတ်တရက် နောက်ဆုတ်လိုက်ကာ တစ်ချိန်တည်းမှာပင် ဆရာကျိုးသည်လည်း လိုက်ပါသွားပေ၏။

အစောပိုင်းက ချီဘုရင်နှင့်လုယွီတို့ အသေအကျေတိုက်ခိုက်နေကြစဉ်တွင် ဆရာကျိုးသည် အမှောင်ထုအတွင်း၌ပုန်းအောင်းနေကာ မည်သည့်စကားတစ်ခွန်းမျှ မဆိုချေ။

ယခုအချိန်၌ သူတို့သည် အချိန်းအချက်တစ်ခုကို ပြုလုပ်ပြီးသည့်အလား တပြိုင်နက်တည်း နောက်ဆုတ်လိုက်ကြ၏။

လုယွီတို့လူစု မဆိုထားနှင့် ယုဝမ်ကျိုးနှင့်နဂါးအစောင့်များပင်လျှင် ဤသို့ဖြစ်လာမည်ဟု မျှော်လင့်ထားကြခြင်းမရှိချေ။

ချီဘုရင်သည် သူတို့အားလုံးကို စွန့်ပစ်သွားလေပြီ။

"အရှင် ငါ့ကို မထားခဲ့ပါနဲ့.."

ယုဝမ်ကျိုးသည် ထိတ်လန့်တကြားအော်ဟစ်ကာ ချက်ချင်းဆိုသလို ပြေးလိုက်သွားခဲ့သည်။

သူသည် ချီဘုရင်၏ခြေထောက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေ၏။

အစောပိုင်းက လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ယုဝမ်ကျိုးက အာရုံခံမိပြီးဖြစ်သည်။

အကယ်၍ သူသည် ဤနေရာ၌ ဆက်နေပါက လုယွီနှင့်ရင်ဆိုင်ရချိန်တွင် ဆိုးဝါးသောအဆုံးသတ်နှင့် ကြုံတွေ့ရမည်မှာ သေချာပေါက်ပင်။

ချီဘုရင်သည် အလွန်အမင်းလျှင်မြန်သဖြင့် မျက်တောင်တစ်ဖက်စာအချိန်အတွင်းမှာပင် သူနှင့်ဆရာကျိုးတို့သည် နန်းဆောင်များအကြားသို့တိုးဝင်ပြီး ပျောက်ကွယ်သွားခဲ့သည်။

"အား....."

ထိုအချိန်မှာပင် လေထုအတွင်း၌ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံတသံ ပဲ့တင်ထပ်လာသည်။

ခေါင်းတစ်လုံးက လေထုအတွင်းသို့ မြောက်တတ်လာပေ၏။ဤ‌သည်မှာ ယုဝမ်ကျိုး၏ခေါင်းပြတ်ကြီးပင်။သူ၏မျက်လုံးများပြူးကျယ်နေကာ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နက်နေသည်။

ဆရာကျိုးသည် နန်းဆောင်ခေါင်မိုးတစ်ခုပေါ်၌ မတ်တတ်ရပ်ကာ သူ၏လက်ဖြင့် တံဆိပ်ပြားတစ်ခုကိုကိုင်ပြီး အမိန့်ပေးလိုက်၏။

အေးစက်စက်လအလင်းရောင်အောက်ရှိ အမှောင်ထုအတွင်းမှနေ၍ ယင်သရဲတစ္ဆေစစ်သားများ အတန်းလိုက်ထွက်ပေါ်လာသည်။

ထိုယင်သရဲတစ္ဆေစစ်သားများသည် လှံရှည်များကို ဒူးလေးများကိုင်ထားကာ ဒူးထောက်လိုက်ကြသည်။တချို့ယင်သရဲတစ္ဆေများသည် သေသပ်ကျနသောဖွဲ့စည်းပုံဖြင့် မတ်တတ်ရပ်ကာ လက်ရှိနေရာတွင်ရှိနေသူများအားလုံးကို ဝိုင်းရံလိုက်၏။

ရှေးဟောင်းကြေးနီစစ်ရထားပေါ်တွင် ချင်အင်ပါယာ၏အလံကို စိုက်ထူထားကာ လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းကျော်ခန့်က တည်ရှိခဲ့သော အင်ပါယာ၏အလံသည် လေထုအတွင်း၌ လူးလွန့်နေဆဲပင်။

Chapter 4204

ထိုယင်သရဲတစ္ဆေစစ်သားများသည် အလွန်ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာပြီး အမှောင်ထုအတွင်း၌ ပုန်းအောင်းနေကြသဖြင့် သူတို့အား မည်သူကမျှ သတိပြုမိခြင်းမရှိချေ။

သို့ရာတွင် ဆရာကျိုးသည် သူ၏လက်ဖြင့် တံဆိပ်ပြားတစ်ခုကိုကိုင်ကာ စကားလုံးတချို့ကို တီးတိုးရေရွတ်ပြီးနောက် ထိုယင်သရဲတစ္ဆေစစ်သားများသည် အသက်ဝင်လာသည့်အလားပင်။သူတို့အားလုံး၏မျက်လုံးများ တောက်ပနေကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

သူတို့၏ခန္ဓာကိုယ်များပေါ်ရှိ ရွှံများကွာကျလာကာ သူတို့၏ကြေးနီရောင်အရေပြားများ ထွက်ပေါ်လာသည်။

အမှောင်ထုအတွင်းမှဖြစ်နေ၍ မရေမတွက်နိုင်သောစစ်သားများ ပြေးထွက်လာကာ လူအုပ်ကြီးထံဦးတည်၍ တိုးဝင်လာသည်။

"ဒါတွေက ဘာတွေလဲ"

လုချန်းချင်နှင့်တခြားလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

သူတို့သည် ထိုစစ်သားများထံမှလာသည့် ကြီးမားသောစွမ်းအားကို ခံစားမိလေ၏။

"ငါက ခန်းမထဲက နံရံဆေးရေးပန်းချီတချို့ထဲမှာ အဲ့ဒီလိုစစ်သားတွေကို မြင်တွေ့ခဲ့ဖူးတယ်...သူတို့က လူသားဧကရာဇ်ရဲ့စစ်သားတွေပဲ"

တစ်စုံတစ်ယောက်က ထိတ်လန့်တကြား ရေရွတ်လိုက်သည်။သူသည် သူရှေ့ရှိစစ်သားများကို မှတ်မိပေ၏။

"နောက်ဆုတ်ကြ....နောက်ဆုတ်ကြတော့"

မည်သူတစ်ဦးတစ်ယောက်မျှ လူသားဧကရာဇ်၏စစ်သားများကို ဆန့်ကျင်တိုက်ခိုက်ဝံ့ခြင်း မရှိချေ။

ခေတ်ကာလပေါင်းများစွာ ဖြတ်ကျော်လာခဲ့သည် သူတို့၏အသက်များကို မည်သည့်နည်းလမ်းဖြင့် ထိန်းသိမ်းထားနိုင်ခဲ့သည်ကို ကောင်းကင်ဘုံကသာ သိရှိနိုင်ပေမည်။

"သွားကြစမ်း"

မြင့်မြတ်အရှင်ဟွမ်ထျန်းသည် သူ၏လက်ကိုဆန့်တန်းကာ သူတို့ထံသို့ တိုးဝင်လာသောစစ်သားများထံသို့ လက်ညှိုးညွှန်လိုက်သည်။

အဝါရောင်ပိတ်စစစ်သည်တော် ဆယ်ယောက်ကျော်သည် ချက်ချင်းဆိုသလို ပြေးထွက်သွားကာ ထိုစစ်သားများနှင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်ကြ၏။

ထိုအဝါရောင်ပိတ်စစစ်သည်တော်များသည် အဆောင်လက်ဖွဲ့တာအိုဖြင့် ထိန်းချုပ်ခြင်းကိုခံထားရသော ရုပ်သေးများပင်။ဤသည်မှာ သာမန်တိုက်ခိုက်ရေးရုပ်သေးများနှင့် မတူညီဘဲ သူတို့ထံတွင် အသိစိတ်တချို့ရှိသည်။ထို့ပြင် သူတို့ထံတွင် တည်မြဲပြီးတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားရှိကာ သူတို့၏အရှင်သခင်အပေါ် သစ္စာစောင့်သိသည်။

အဝါရောင်ပိတ်စစစ်သည်တော်ဆယ်ယောက်ကျော်သည် ရှေ့သို့ပြေးထွက်ပြီး အချင်းချင်းပူးပေါင်းလိုက်ကြသဖြင့် သူတို့ဖွဲ့စည်းထားသော တိုက်ခိုက်ရေးစွမ်းအားသည် ရွှယ်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်တစ်ယောက်နှင့် ညီမျှသည်။

သို့ရာတွင် ထိုစစ်သားများသည် အဝါရောင်ပိတ်စစစ်သည်တော်များကို လုံးလုံးလျားလျား လျစ်လျှူရှုထားပုံပင်။

သူတို့သည် နက်နဲသိမ်မွေ့သောဖွဲ့စည်းပုံဖြင့် ရှေ့သို့တိုးဝင်လာကာ ရှေးဟောင်းတိုက်ပွဲဝင်ဝင်္ကပါ အစီအစဉ်တစ်ခုကို ထိန်းသိမ်းထားဆဲပင်။စစ်ရထားများသည် ရှေ့ဆုံးမှတိုးဝင်လာကာ လှံရှည်ကိုင်ထားသောစစ်သားများက နောက်တန်းတွင်ရှိနေသည်။သူတို့သည် အော်ဟစ်မာန်သွင်းခြင်းမပြုသော်လည်း သူတို့ထံမှနေ၍ ပြင်းထန်သော တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်နေသည်။

အဝါရောင်ပိတ်စစစ်သည်တော်များသည် ထိုစစ်သားများအား ဟန့်တားနိုင်ခြင်းမရှိချေ။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အဝါရောင်ပိတ်စစစ်သည်တော်များသည် စစ်သားများအကြားတွင် ကြေမွှပျက်စီးသွားပြီး အမှုန်အမွှားများပင် ကြွင်းကျန်ခဲ့ခြင်းမရှိချေ။

"ငါရဲ့ရုပ်သေးတွေကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားပြီ"

မြင့်မြတ်အရှင်ဟွမ်ထျန်းက မျက်မှောက်ကြုတ်လိုက်သည်။

သူတို့သည် နယ်မြေသခင်များဖြစ်သဖြင့် စစ်သားတစ်ယောက် နှစ်ယောက်ဖြင့် ရင်ဆိုင်နိုင်စွမ်းရှိသည်။

သို့ရာတွင် စစ်သားအမြောက်အများစုဝေးနေကာ ကြီးမားသောတိုက်ပွဲဝင်ဝင်္ကပါကြီးတစ်ခုကို ဖွဲ့စည်းထားသဖြင့် ဤသည်မှာ သူတို့၏စွမ်းအားဖြင့် လှုပ်ခတ်နိုင်သော တစ်စုံတစ်ခု မဟုတ်တော့ချေ။

"ငါတို့တွေ အရှေ့ဘက်တောအုပ်ဥယျာဥ်ဆီကို ဆုတ်ခွာကြမလား...အဲ့ဒီနေရာမှာ သစ်ပင်တွေအများကြီး ရှိနေတယ်...ဒါကြောင့် ငါတို့တွေက အဲ့ဒီစစ်သားတွေကို ရင်ဆိုင်လို့ရနိုင်တယ်"

တစ်စုံတစ်ယောက်က အကြံပြုသည်။

သို့ရာတွင် သူ၏စကားအဆုံးသတ်သွားသောအချိန်မှာပင် မြင်းခွာသံများက ရုတ်တရက် သူတို့၏နောက်ရှိ ကျောက်တုံးလမ်းပေါ်မှ ထွက်ပေါ်လာသည်။

ဤအေးစက်သောမြေအောက်နန်းတော်အတွင်းတွင် ကျယ်လောင်သောမြင်းခွာသံကြောင့် တိတ်ဆိတ်ငြိမ်သက်မှု ပျောက်ကွယ်သွားခဲ့သည်။

လူများအားလုံးသည် သူတို့၏နောက်သို့ ထိတ်လန့်တကြားကြည့်လိုက်ကြရာ လရောင်၏အောက်ရှိ ကျောက်တုံးလမ်းပေါ်၌ ​မြင်းစစ်သည်တော်များရှိနေသည်ကို မြင်တွေ့မိလေ၏။

ဤမြင်းစစ်သည်တော်များသည် ကြေးနီရောင်အသားအရေရှိကာ အနက်ရောင်သံချပ်ကာများ၏အောက်တွင် သူတို့၏မျက်နှာများကို ဖုံးကွယ်ထားသည်။ထိုမြင်းစစ်သည်တော်များသည် သူတို့၏လက်များအတွင်း၌ ထက်ရှသောဓားများကိုကိုင်၍ ရှေ့သို့တိုးဝင်လာကြ၏။

ထိုမြင်းစစ်သည်တော်များ၏နောက်တွင် လှံရှည်များကိုကိုင်ထားသော စစ်သားများ အတန်းလိုက်ရှိနေကာ​ ဖြည်းညှင်းစွာချီတက်လာကြသည်။

ဘုန်း....

မြေပြင်တပြင်လုံးတုန်ခါနေသဖြင့် နန်းဆောင်များမှနေ၍ ဖုန်မှုန့်များကွာကျလာသည်။

သူတို့၏နံဘေးပတ်ဝန်းကျင်သည် လုံးလုံးလျားလျား ဝိုင်းရံခြင်းခံထားရသဖြင့် သူတို့ထံတွင် နောက်ဆုတ်ရန်အတွက် နည်းလမ်းမရှိတော့ချေ။

ကျင့်ကြံသူတချို့သည် မိုးကောင်းကင်သို့ပျံသန်း၍ သို့မဟုတ် မြေကြီးအတွင်းသို့ငုပ်လျိုး၍ ထွက်ပြေးရန်ကြိုးပမ်းလိုက်သော်လည်း သူတို့အားလုံး ချွင်းချက်မရှိ ​ကျရှုံးသွားခဲ့သည်။

"ဒီနေရာမှာ ရှေးဟောင်းတားမြစ်အမှတ်အသားတွေ ရှိနေတယ်....ပျံသန်းဖို့ ဒါမှမဟုတ် မြေလျှိုးဖို့ဆိုတာ မဖြစ်နိုင်ဘူး"

သူတို့ထံတွင် အမှန်တကယ်ကို လွတ်မြောက်ရန်လမ်းမရှိတော့ချေ။

"ချီဘုရင်က ငါတို့ကို ဒီနေရာမှာ စောင့်ဆိုင်းဖို့ရွေးချယ်လိုက်တာ အံ့အားသင့်စရာမရှိတော့ဘူး...သူက ဒီစစ်သားတွေကို ထိန်းချုပ်နိုင်တဲ့အရည်အချင်းကို ပိုင်ဆိုင်ထားတာပဲဖြစ်မယ်....ဒါကြောင့် ထောင်ချောက်တစ်ခုကို ခင်းထားပြီးတော့ ငါတို့ထဲက တယောက်ယောက်ကိုသူက တမင်သတ်လိုက်တယ်...ပြီးတော့မှ သူက ငါတို့အားလုံးကို ဒီနေရာမှာ အမြစ်ပြတ်သုတ်သင်ဖို့ ကြံစည်နေတာပဲ"

ဝေ့မင်ထျန်းက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

Chapter 4205

သူတို့နှင့်မလှမ်းမကမ်းအကွာတွင်ရှိနေသော နဂါးအစောင့်များသည်လည်း တိုက်ခိုက်ရင်း နောက်သို့ဆုတ်ခွာလိုက်ကြ၏။ထိုနဂါးအစောင့်များသည် ယင်သရဲတစ္ဆေစစ်သားများနှင့် အနီးကပ်ဆုံးနေရာတွင်ရှိနေသဖြင့် အရင်ဆုံးရင်ဆိုင်လိုက်ရသည်။

အလွန်အမင်းပြင်းထန်သော ဓားချီများ အဆက်မပြတ်ထွက်ပေါ်လာကာ ထိုယင်သရဲတစ္ဆေစစ်သားများထံသို့ ကျရောက်သွားသည်။

နဂါးအစောင့်များသည် တာယွီတော်ဝင်စစ်တပ်အတွင်း၌ အထူးချွန်ဆုံးလက်ရွေးစင်စစ်သားများပင်။သူတို့သည် တော်ဝင်စစ်တပ်အတွင်း၌ နာမည်ကျော်ကြားကာ တော်ဝင်မိသားစုဝင်များကို ကာကွယ်ရုံသာမက ဧကရာဇ်၏နံဘေးပတ်ဝန်းကျင်ကိုလည်း စုံစမ်းထောက်လှမ်းရသည်။

နဂါးအစောင့်တပ်ဖွဲ့အတွင်းသို့ ဝင်ရောက်နိုင်သော မည်သူမဆို စစ်တပ်အတွင်း၌ ထူးချွန်သောစစ်သားတစ်ယောက်ဟု ယူဆနိုင်သည်။

သို့ရာတွင် နဂါးအစောင့်များသည် ယင်သရဲတစ္ဆေစစ်သားများနှင့် ရင်ဆိုင်ရချိန်၌ နောက်သို့ဆုတ်ခွာနေရလေ၏။သူတို့သည် ထိုယင်သရဲတစ္ဆေစစ်သားများအား ယှဉ်ပြိုင်နိုင်ခြင်းမရှိချေ။

ထိုယင်သရဲတစ္ဆေစစ်သားများသည် စစ်သားများမဟုတ်တော့ဘဲ သွေးဆာနေသောနတ်ဆိုးများအလားပင်။သူတို့၏ခြေလှမ်းတိုင်း စည်းစနစ်ကျကာ တိကျသောအရှိန်နှုန်းဖြင့် လှုပ်ရှားကြသည်။ဤသည်မှာ စစ်တပ်တစ်တပ်မှနေ၍ ပုံမှန်လေ့ကျင့်ရေးကို ပြုလုပ်နေသည့်အလားပင်။

ဓားချီတစ်လှိုင်းက လေဟာနယ်ကို ဖြတ်သန်းသွားသည်။သို့ရာတွင် စစ်သားတချို့ သေဆုံးသွားပြီးနောက် ယင်ချီများသည် သူတို့အား​ တဖြည်းဖြည်းလွှမ်းခြုံသွားကာ သူတို့၏ပျောက်ဆုံးသွားသောအစိတ်အပိုင်းများ ပြန်လည်၍ထွက်ပေါ်လာသည်။

မသေနိုင်သောစစ်တပ်....

ဤကဲ့သို့ရန်သူမျိုးနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ အသုံးဝင်မည်မဟုတ်ချေ။

"ချီဘုရင်က မင်းတို့ကို စွန့်ပစ်လိုက်ပြီ...ဘာလို့ မင်းတို့က သူ့အတွက် ဆက်ပြီးအလုပ်လုပ်ပေးနေတာလဲ"

လုချန်းချင်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

နဂါးအစောင့်များသည် အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် ဆက်လက်၍မတိုက်ခိုက်လိုတော့သဖြင့် နောက်သို့ဆုတ်ခွာလိုက်ကြ၏။

အကယ်၍ သူတို့သည် ဤနေရာ၌ဆက်နေပါက သူတို့အားလုံး သေဆုံးရပေမည်။တခြားတစ်ဖက်တွင် အကယ်၍ သူတို့သည် တခြားလူများနှင့်ပူးပေါင်းပါက အသက်ရှင်သန်နိုင်သောအခွင့်အရေး ရရှိလာနိုင်သည်။

နဂါးအစောင့်ခေါင်းဆောင်၏မျက်နှာပေါ်၌ ရှက်ကိုးရှက်ကန်းအမူအယာတစ်ရပ် ရှိနေသည်။ထို့နောက် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာပြောဆိုလိုက်၏။

"အုပ်ချုပ်သူအရှင်လု ကျင်းယန်အမတ်ကြီး ငါတို့က အစောပိုင်းက မင်းတို့အပေါ် အပြစ်ပြုခဲ့မိတယ်"

"မင်းတို့ကလည်း တာဝန်အရလုပ်ခဲ့တာပါ"

လုချန်းချင်က သူ၏လက်ကိုဝှေ့ယမ်းကာ နဂါးအစောင့်များနှင့် အငြင်းပွားခြင်းမပြုတော့ချေ။

အဝေးတစ်နေရာ၌ ဆရာကျိုးသည် တံဆိပ်ပြားကိုအသုံးပြုကာ မရေမတွက်နိုင်သော ယင်သရဲတစ္ဆေစစ်သားများကို ဆင့်ခေါ်နေသည်။ ထောင်နှင့်ချီသော စစ်သားများ မြင်းစစ်သည်တော်များသည် လုယွီတို့လူစုထံသို့ တိုးဝင်လာကာ သူတို့အား ဝိုင်းရံပိတ်ဆို့ထားကြသည်။

ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ ဆရာကျိုးသည် သူ၏လက်ကို တဖြည်းဖြည်းပြန်ရုတ်သိမ်းကာ သူ၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအပြုံးတစ်ခု ထင်ဟပ်လာသည်။

"သောက်ချေးပဲ....ငါ အစကတည်းက အဲ့ဒီကောင်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်ဆိုတာကို ခံစားမိတယ်...ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ ချီဘုရင်နဲ့ဆရာကျိုးက လူတိုင်းအပေါ် အကွက်ချကြံစည်ခဲ့တယ်...ငရဲကိုသွားစမ်း....."

လုချန်းချင်သည် ဤအပြုံးကိုမြင်တွေ့ချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် ဒေါသထွက်သွားပေ၏။

သူ၏ခန္ဓာကိုယ်မှနေ၍ နတ်ဘုရားအလင်းရောင်များ ဖြာထွက်လာသည်။သူ၏လက်ဝါးအတွင်း၌ ထူထပ်သိပ်သည်းသော မှော်စွမ်းအားများ ရစ်သိုင်းလွှမ်းခြုံနေသည်။ထို့နောက် သူ၏နောက်ကျော၌လွယ်ထားသော ဆေဘာဓားကို ဆွဲထုတ်လိုက်သည်။ထိုဆေဘာဓားကို သူ ဆွဲထုတ်လိုက်သည့်အချိန်တွင် ဓားသွားသည် သက်တန့်တစ်စင်းအလားပင်။

ဝှစ်....

ထိုဆေဘာဓားရှည်သည် ပြင်းထန်သောလေပြင်းတရပ်ကိုသယ်ဆောင်လာကာ လေဟာနယ်ကိုဖြတ်သန်းသွားပြီး ရှည်လျားသောနဂါးတစ်ကောင်အလား မိုးကောင်းကင်ယံအတွင်းသို့ မျောလွင့်သွားသည်။

ပြင်းထန်သောလေပြင်းကြောင့် ပတ်ဝန်းကျင်ရှိ နန်းဆောင်များမှ အုတ်ချပ်တချို့ ကြေမွှပျက်စီးသွားသည်။ဤဆေဘာဓား၏ဓားချီကို အလွန်များပြားသောမှော်စွမ်းအားများဖြင့် သိပ်သည်းထားကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ကြီးကျယ်ခမ်းနားသောအရှိန်အဝါတို့ဖြင့် ပြည့်နှက်နေသည်။

သူတို့သည် ဤဆေဘာဓား၏ ပစ်မှတ်မဟုတ်သည့်တိုင် ထိုအရာကိုတစ်ချက်ကြည့်မိရုံဖြင့် လူအများ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့အားလုံးသည် သူတို့၏အသက်များ သူတို့၏အပိုင် မဟုတ်တော့သည့်အလား ခံစားမိလေ၏။

ဆရာကျိုးက သူ့ရှေ့ရှိမြင်ကွင်းကိုမြင်တွေ့ချိန်၌ မျက်မှောင်ကြုတ်လိုက်သည်။

"ကြည့်ရတာတော့ ကျင်းယန်အမတ်ကြီးက အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးဘူးပဲ...ငါ ဒီနေရာမှာ ဆက်နေနေတဲ့အကြောင်းအရင်းက မင်းတို့ကောင်တွေကို နောက်ဆုံးနှုတ်ဆက်ချင်လို့ပဲ"

ဤကဲ့သို့အစွမ်းထွက်သောဓားချီဖြင့် ရင်ဆိုင်ရချိန်တွင် ဆရာကျိုး၏မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲပင်။သူသည် ဤမြင်ကွင်းကိုကြည့်ကာ ပျော်ရွှင်နေပုံရပေ၏။သူ၏စိတ်နှလုံးသားသည် တည်ငြိမ်နေကာ အနည်းငယ်မျှလှုပ်ခတ်သွားခြင်းမရှိချေ။

ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သော ယင်သရဲသစ္တေစစ်သားများ ရှေ့သို့တိုးဝင်လာကာ ဆရာကျိုးကို အခိုင်အမာကာကွယ်စောင့်ကြပ်လိုက်ကြသည်။

ဆေဘာဓားသည် မိုးကောင်းကင်ယံကိုဖြတ်သန်းသွားကာ ယင်သရဲတစ္ဆေစစ်သားများကို ရိုက်ခတ်မိသည်။ရုတ်ချည်းဆိုသလိုပင် ထိုယင်သရဲတစ္ဆေစစ်သားများ အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပေ၏။

သို့ရာတွင် ဆေဘာဓားသည် နောက်ဆုံးစစ်သားပေါ်သို့ ကျရောက်သွားချိန်တွင် ထိုစစ်သားသည် သူ၏လက်ကိုမြှောက်ကာ ဆေဘာဓားကို ဖမ်းဆုပ်လိုက်၏။သူသည် ထိုဆေဘာဓားကို သူ၏လက်ဖြင့် အမှန်တကယ်ကို ဆုပ်ကိုင်ထားသည်။ထိုဆေဘာဓားသည် မည်မျှပင်တုန်ခါနေသည်ဖြစ်စေ ရှေ့သို့အနည်းငယ်မျှ ရွေ့လျားနိုင်ခြင်းမရှိတော့ချေ။

လူများအားလုံး ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။လုချန်းချင်၏ခွန်အားဖြင့် ပစ်လွှတ်လိုက်သော ဆေဘာဓားကို ထိုယင်သရဲတစ္ဆေစစ်သားသည် အမှန်တကယ်ကို ဖမ်းဆုပ်ထားနိုင်ပေ၏။ထိုယင်သရဲတစ္ဆေစစ်သားများ၏ခွန်အားသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေလေပြီ။

Thank For Reading.

All Chapters