← Chapters

အခန်း (၄၂၀၆-၄၂၁၀)

Vol. 214 Ch. 4206-4210

အခန်း (၄၂၀၆-၄၂၁၀)

Vol. 214 Ch. 4206-4210

Chapter 4206

"မင်းက သေခြင်းနဲ့ရှင်ခြင်းကြားက ကွဲပြားခြားနားချက်ကို မသိဘူးပဲ...မင်းက ငါ့ကို ထိခိုက်နာကျင်အောင် လုပ်ချင်တာလား...အိပ်မက်မက်နေလိုက်စမ်း"

ဆရာကျိုး၏ငှက်မွှေးယပ်တောင်က လေထုအတွင်း၌ လူးလွန့်နေသည်။

သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ယင်သရဲတစ္ဆေစစ်သားများအားလုံး နေရာမှာပင် ရပ်တန့်သွားသည်။

အစောပိုင်းက ဆေဘာဓားကို ပိတ်ဆို့ဟန့်တားလိုက်သူသည် ဗိုလ်ချုပ်အဆင့် ယင်သရဲတစ္ဆေစစ်သားတစ်ယောက်ပင်။

ထိုယင်သရဲတစ္ဆေစစ်သား၏ခန္ဓာကိုယ်မှနေ၍ ကြေးနီရောင်အလင်းတန်းများ ဖြာထွက်နေကာ တခြားစစ်သားများထက် ပို၍တောက်ပသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာဝတ်စုံအရဖြစ်စေ သူ၏လက်အတွင်းရှိဓားအရဖြစ်စေ တခြားယင်သရဲတစ္ဆေစစ်သားများထက် ပို၍အဆင့်အတန်းမြင့်မားသူဖြစ်သည်မှာ သိသာထင်ရှားလှ၏။

ဆရာကျိုး၏မျက်နှာပေါ်တွင် မောက်မာဝံ့ကြွားမှုအေးဆေးတည်ငြိမ်မှုတို့ဖြင့် ပြည့်နှက်နေသည်။သူသည် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးကို အေးစက်တင်းမာစွာ စူးစိုက်ကြည့်နေကာ ဤလူများ တဖြည်းဖြည်းသေဆုံးသွားသည်ကို မြင်တွေ့လိုသည့်အလားပင်။

"ငါတို့နဲ့မင်းနဲ့ကြားမှာ ဘာရန်ငြိုးရန်စမှမရှိဘူး....ဘာလို့ မင်းက ချီဘုရင်ကိုကူညီပြီးတော့ ငါတို့ကို အန္တရာယ်ပေးတာလဲ"

ကျင့်ကြံသူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ငါတို့ရဲ့ကြားမှာ ရန်ငြိုးမရှိတာနဲ့ပဲ ငါက မင်းတို့ကို မသတ်ရတော့ဘူးလား"

ဆရာကျိုးက အေးဆေးတည်ငြိမ်စွာ ပြောဆိုသည်။

"မင်းတို့ရဲ့သွေးတွေနဲ့ ငါ့ရဲ့ဘိုးဘေးကို ဆက်သရမယ်....ဒီနေ့ကနေစပြီးတော့ ငါတို့ ကျိုးမိသားစုက ပြန်ပြီးမြင့်တက်လာလိမ့်မယ်"

"မင်းတို့ကျိုးမိသားစုက အရမ်းနာမည်ကျော်ကြားလို့လား"

တစ်စုံတစ်ယောက်က လှောင်ပြောင်သရော်လိုက်၏။

ကောင်းကင်ဘုံနယ်မြေသည် အလွန်ကြီးမားသည့်တိုင် အလွန်နာမည်ကျော်ကြားသော ထိပ်သီးမိသားစုဟူ၍ အနည်းစုသာရှိသည်။နယ်ပယ်ဒေသတချို့တွင်သာ နာမည်ကျော်ကြားသော မိသားစုများလည်းရှိနေပေ၏။

ဥပမာအနေဖြင့် တော်ဝင်မြို့တော်အတွင်းရှိ ထိပ်သီးမိသားစုရှစ်စုသည် အစွမ်းထက်သောမိသားစုမျိုးရိုးနာမည်ရှစ်ခုကို ကိုယ်စားပြုသည်။သူတို့သည် မိသားစု၏အတက်အလက်များကို ကောင်းကင်ဘုံနယ်မြေ၏နေရာအနှံ့အပြား၌ တည်ထောင်ထားကာ နေရာအများစုတွင် သူတို့၏အမွေအနှစ်များရှိသည်။

သို့ရာတွင် ကျိုးမိသားစု၏နာမည်ကိုကြားဖူးသူဟူ၍ လူနည်းစုသာရှိသည်။

ကြည့်ရသည်မှာ ဤကျိုးမိသားစုသည် နေရာတစ်နေရာ၌ နာမည်ကျော်ကြားသည်မှာ ဖြစ်နိုင်သော်လည်း အကန့်အသတ်မရှိကျယ်ဝန်းသော ကောင်းကင်ဘုံနယ်မြေတွင် ဤကဲ့သို့မိသားစုမျိုး မရေမတွက်နိုင်အောင်ရှိပေ၏။

"တခြားလူတွေက မေ့လျော့သွားလို့ရပေမယ့် တချို့လူတွေကတော့ ကျိုးမိသားစုကို သိနေသင့်တယ်...ကျင်းယန်အမတ်ကြီး အတိတ်မှာတုန်းက မင်းကိုယ်တိုင် စစ်သားတွေကိုဦးဆောင်ပြီးတော့ ငါတို့ကျိုးမိသားစုကို လုယက်ခဲ့တယ်...မင်း အဲ့ဒီကိစ္စကို မေ့သွားပြီလား"

ဆရာကျိုးက လုချန်းချင်ကိုကြည့်၍ မေးမြန်းသည်။

"လုယက်ခဲ့တာလား...."

လုချန်းချင်သည် အနည်းငယ်ကြက်သေသေသွားပြီးနောက် သူ့၏မှတ်ဥာဏ်များအတွင်း၌ ပြန်လည်စဉ်းစားတွေးတောလိုက်သည်။

အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် လုချန်းချင်သည် ရုတ်တရက် နားလည်သဘောပေါက်သွားပေး၏။

"ဒါဆိုရင် မင်းက အရင်ဧကရာဇ်ရဲ့လက်ထက်မှာ တော်ဝင်မြို့တော်မှာနေခဲ့တဲ့ ကျိုးမိသားစုဝင်လား....မင်းက ထပ်ပြီးပြဿနာရှာဝံ့တယ်...ကြည့်ရတာတော့ အဲ့ဒီအချိန်တုန်းက အရှင်ဧကရာဇ်ရဲ့သဘောထားကြီးမှုကို မင်းတို့က တန်ဖိုးထားခဲ့ပုံမရဘူး"

တော်ဝင်မြို့တော်အတွင်းရှိ ကျိုးမိသားစုဟုဆိုသလော...

အသက်အရွယ်အိုမင်းနေသော အကြီးအကဲတစ်ယောက်သည် အသိပညာဗဟုသုတကြွယ်ဝသဖြင့် ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုလိုက်သည်။

"ဒါက အရင်တုန်းက တော်ဝင်မြို့တော်မှာရှိတဲ့ လောကကြီးထဲမှာ အကြီးဆုံးငွေအပ်နှံဌာနကို ပိုင်ဆိုင်ထားခဲ့တဲ့ ကျိုးမိသားစုမဟုတ်လား"

လူငယ်မျိုးဆက်သစ်များအတွက် ကျိုးမိသားစု၏နာမည်သည် အလွန်စိမ်းသက်သက်ဖြစ်နေပေမည်။သို့ရာတွင် မျိုးဆက်ဟောင်းမှလူများအတွက်မူ ထိုနာမည်တွင် ဒဏ္ဍာရီများဖြင့် ပြည့်နှက်နေပေ၏။

ကျိုးမိသားစု၏ဘိုးဘေးသည် သူ၏ကိုယ်ပိုင်ခွန်အားဖြင့် အောက်ခြေမှမြင့်တက်လာသူဖြစ်ကာ ချမ်းသာကြွယ်ဝသောမိသားစုကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။

"ကျိုးမိသားစုရဲ့ဘိုးဘေးက ရှေးဟောင်းသင်္ချိုင်းဂူတစ်ဂူကို မတော်တဆရှာတွေ့ခဲ့ပြီးတော့ အထဲမှာရှိတဲ့ရတနာတွေကို ရသွားခဲ့တယ်...ဒါကြောင့် သူက မိသားစုတစ်စုတည်ထောင်ဖို့အတွက် မြို့တော်ကိုရောက်လာနိုင်ခဲ့တာပဲ"

"နောက်ပိုင်းမှာ သူတို့က ငွေအပ်နှံဌာနတွေကိုဖွင့်ပြီးတော့ ငွေကြေးတွေအများကြီးကို စုဆောင်းနိုင်ခဲ့တယ်...ဒါပေမဲ့ သူတို့က ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်ကို အပြစ်ပြုခဲ့မိတာကြောင့် သူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေအားလုံးသိမ်းပိုက်ခံရပြီးတော့...ကျိုးမိသားစုဝင်တွေအားလုံး အအေးကုန်းမြေဆီ နယ်နှင်ဒဏ်ပေးခံလိုက်ရတယ်"

အကြီးအကဲတစ်ယောက်က ပြောဆိုသည်။

"အတိတ်မှာ ကျိုးမိသားစုရဲ့ချမ်းသာကြွယ်ဝမှုတွေက အရမ်းတုန်လှုပ်ချောက်ချားဖို့ကောင်းတယ်လို့ ယူဆနိုင်တယ်...တကယ်လို့ ကျိုးမိသားစုသာ ဆက်ရှိနေအုံးမယ်ဆိုရင် ရှမိသားစုကိုတောင် ချေမှုန်းဖို့လုံလောက်တယ်...ကံဆိုးချင်တော့ သတိလွတ်လွတ်လုပ်လိုက်တဲ့ လုပ်ရပ်ကလေးတစ်ခုကြောင့် သူတို့ရဲ့အရာအားလုံး ဆုံးရှုံးသွားခဲ့တယ်....အဆုံးသတ်ကျတော့ မိသားစုရဲ့အခြေခံအုတ်မြစ်ကိုတောင် ထိန်းသိမ်းမထားနိုင်တော့ဘူး"

မျိုးဆက်ဟောင်းမှအကြီးအကဲများသည် အတိတ်ရှိကျိုးမိသားစုအကြောင်းကို မှတ်မိနေဆဲပင်။

ဤသည်မှာ အလွန်ရုတ်တရက်ဆန်စွာ ချမ်းသာကြွယ်ဝလာသော မိသားစုတစ်စုပင်။ချမ်းသာကြွယ်ဝပြီးအစွမ်းထက်သော မိသားစုအမြောက်အများနှင့် နှိုင်းယှဉ်ပါက ကျိုးမိသားစုထံတွင် လုံလောက်သောအခြေခံအုတ်မြစ် ရှိမနေချေ။

အတိတ်တွင် ကျိုးထျန်းရင်သည် မင်းသားအဆင့်၌ရှိနေစဉ်တွင် ကျိုးမိသားစုသည် ကျိုးထုံကို ပြောင်ပြောင်တင်းတင်းထောက်ပံ့ခဲ့သည်။ သူတို့သည် ကျိုးထုံ ထီးနန်းရရန်အတွက် ငွေလမ်းခင်းကာ ကူညီပေးခဲ့သဖြင့် ကျိုးထျန်းရင်ကို အလွန်အမင်းအပြစ်ပြုရာ ရောက်သွားခဲ့သည်။

နောက်ပိုင်းတွင် ကျိုးထျန်းရင်သည် ထီးနန်းဆက်ခံပြီးနောက် တော်ဝင်စစ်တပ်ကိုစေလွှတ်၍ ကျိုးမိသားစု၏စည်းစိမ်ဥစ္စာများကို သိမ်းယူစေခဲ့သော်လည်း သူတို့အား အမြစ်ပြတ်သုတ်သင်ခဲ့ခြင်းမပြုချေ။ထိုအစား ကျိုးမိသားစုတစ်ခုလုံးကို ဝေးလံခေါင်သီပြီးအေးစက်သော နေရာတနေရာသို့ နယ်နှင်ဒဏ်ပေးခဲ့သည်။

ထိုအချိန်မှစ၍ ကျိုးမိသားစု၏နာမည် ပျောက်ကွယ်သွားခဲ့သည်။

ရလဒ်အနေဖြင့် နောက်ပိုင်းမျိုးဆက်မှ ကျင့်ကြံသူများသည် တော်ဝင်မြို့တော်အတွင်း၌ ထိပ်သီးမိသားစုကြီးရှစ်စု ရှိသည်ကိုသာ သိရှိကြပြီး ကျိုးမိသားစုအကြောင်းကို မသိရှိတော့ချေ။

"ချီဘုရင်ရဲ့မျိုးရိုးနာမည်ကလည်း ကျိုးပဲ...ဖြစ်နိုင်တာတော့ သူက ကျိုးမိသားစုနဲ့ ပတ်သက်မှုတစ်ခုခု ရှိနေတာများလား"

လူတစ်ယောက်သည် ရုတ်တရက် တစ်စုံတစ်ခုကိုသတိပြုမိသွားပုံဖြင့် အံ့အားတသင့်ရေရွတ်လိုက်သည်။

Chapter 4207

"ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန် ကြွေလွင့်သွားပြီးတဲ့နောက်မှာ ကောင်းကင်ဘုံဧကရီရှန်လင်းလုံက အခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...ဒီလောကကြီးက အနှေးနဲ့အမြန် ပြောင်းလဲသွားမှာပဲ"

ဆရာကျိုးက မောက်မာထောင်လွှားစွာ ပြောဆိုသည်။

"ကျိုးထုံမှာ ဧကရာဇ်တစ်ပါးရဲ့ပုံရိပ် ရှိနေတယ်....သူက နောင်အနာဂတ်မှာ ရိုသေလေးစားခံရဆုံး လူတစ်ယောက်ဖြစ်လာမှာ သေချာပေါက်ပဲ....တခြားလူတွေအားလုံးကဟသူ့ရဲ့ခြေနင်းခံကျောက်တုံးတွေ ဖြစ်လာလိမ့်မယ်....ငါတို့ကျိုးမိသားစုမှာ အရင်းအမြစ်တွေပေါကြွယ်ဝတဲ့အပြင် ပြိုင်ဘက်ကင်းကျင့်ကြံနည်းစနစ်တွေလည်း အများကြီးရှိတယ်"

"ရိုင်းပျလိုက်တာ...သူ့ရဲ့အဆင့်က ဘုရင်တစ်ပါးအဆင့်ပဲရှိတယ်...ဘယ်လိုလုပ်ပြီးတော့ သူက ဧကရာဇ်လို့ ခေါ်ဆိုခံရဖို့ ထိုက်တန်မှာလဲ"

ချီဘုရင်၏အဆင့်အတန်းသည် တော်ဝင်မိသားစုအတွင်းရှိ ဘုရင်များအကြား၌ပင် မြင့်မားခြင်းမရှိချေ။

သူ၏ခွန်အားသည်လည်း နက်နဲသိမ်မွေ့ခြင်းမရှိဘဲ လက်ခံနိုင်ရုံမျှသာရှိသည်။

လူများအားလုံးသည် လောကကြီးအတွင်း၌ ဖရိုဖရဲဖြစ်နေသော အရိပ်အယောင်များကို မြင်တွေ့သော်လည်း မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ကျိုးထုံအုပ်ချုပ်နိုင်သည့် နေရာတစ်နေရာမဟုတ်ချေ။

"အခုလက်ရှိခွန်အားက အရာရာတိုင်းကို ဆုံးဖြတ်နိုင်မှာလား...ကံကြမ္မာက အရေးကြီးဆုံးပဲ....အခုအချိန်မှာ ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော်က လောကကြီးထဲမှာ ထွက်ပေါ်မလာသေးဘူး....ကျိုးထုံက နောင်အနာဂတ်မှာ အထွတ်အထိပ်အဆင့်ကိုရောက်မှာ သေချာတယ်"

"မင်းသားဆုက တော်ဝင်မိသားစုရဲ့ဘုရင်တွေအကြားမှာ နံပါတ်တစ်လို့ လူသိများကျော်ကြားတယ်...ဒါပေမယ့် သူ သေသွားခဲ့ပြီ...ချီဘုရင် ကျိုးထုံကတော့ အသက်ရှင်နေတုန်းပဲ...ဒါက အမှန်တရားမဟုတ်လား"

ဆရာကျိုးသည် အထင်အမြင်သေးသောအကြည့်ဖြင့် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးကို ကြည့်လိုက်သည်။

"ဒါက ရှေးဟောင်းလူသားဧကရာဇ်ရဲ့ အမွေအနှစ်နယ်မြေ....လူသားဧကရာဇ်ရဲ့အမွေအနှစ်ကိုရတဲ့ ဘယ်သူမဆို ဧကရာဇ်တစ်ပါးရဲ့ကံကြမ္မာကို ရသွားပြီ...အဲ့ဒီလိုကြီးမားတဲ့ကံကြမ္မာကောင်းကြီးတစ်ခုကို ကျိုးထုံတစ်ယောက်တည်းကပဲ ရသင့်တယ်...မင်းတို့တွေအားလုံးကတော့ သေသင့်တယ်"

လက်ရှိနေရာတွင်ရှိနေသူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

သူတို့သည် အရှေ့ပိုင်းတောအုပ်ဥယျာဥ်အတွင်းသို့ ခြေချခဲ့သည့်အချိန်မှစတင်၍ ဤနေရာသည် မည်ကဲ့သို့နေရာမျိုးဖြစ်သည်ကို ခန့်မှန်းပြီးဖြစ်သည်။

လူသားဧကရာဇ်၏ဥယျာဥ်...ရှေးဟောင်းနန်းတော်....ဤနေရာတွင် ရှေးဟောင်းအင်ပါယာတစ်ခု၏အငွေ့အသက်များ နေရာအနှံ့အပြား၌ ရှိနေသည်။

ရှေးဟောင်းလူသားဧကရာဇ်ထံတွင် ပြိုင်ဘက်ကင်းအောင်မြင်မှုများရှိကာ အတိတ်နှင့်လက်ရှိအချိန်ကာလတွင်ရှိသော လူများအားလုံးကို ထိတ်လန့်တုန်လှုပ်စေသည်။သူ၏အမွေအနှစ်ကိုရရှိသော မည်သူမဆို ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်မည်မှာ သေချာပေါက်ပင်။ဤသည်မှာ သစ်ဆွေးတုံးတစ်တုံးပင်လျှင် ပါရမီရှင်တစ်ယောက် ဖြစ်သွားစေနိုင်သည်။

သူတို့အားလုံးကမူ စတေးခံရသောအရာများဖြစ်လာပေမည်။

"ငါ မင်းတို့အားလုံးကို သိသင့်သလောက် ပြောပြပြီးပြီ....ငါတို့က လူသားဧကရာဇ်ရဲ့အမွေအနှစ်ရှိတဲ့နေရာကို ရှာတွေ့ပြီးပြီ...မင်းတို့အားလုံးကတော့ မင်းတို့ရဲ့လမ်းကို သွားကြတော့"

ဆရာကျိုးက ပျင်းရိငြီးငွေ့သောလေသံဖြင့် ပြောဆိုကာ သူ၏လက်အတွင်းတွင်ရှိနေသော တံဆိပ်ပြားကို ဝှေ့ယမ်းလိုက်၏။

ထို့နောက် သူသည် နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာသွားတော့သည်။

ပတ်ဝန်းကျင်တွင် အလွန်အမင်းများပြားသော ယင်သရဲတစ္ဆေစစ်သားများရှိနေသဖြင့် သူတို့အားလုံး မည်သည့်နည်းနှင့်မျှ အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။

"လုယွီ....ငါတို့တွေ အဝိုင်းခံထားတာကို ဖောက်ထွက်ကြရအောင်"

လုချန်းချင်က လုယွီကိုကြည့်ကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

ယခုလက်ရှိအချိန်၌ လုယွီသည် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏ အမာခံကျောရိုးပင်။

ဆရာကျိုး၏လက်ကို မြှောက်လိုက်သည့်အချိန်တွင် မရေမတွက်နိုင်သော ယင်သရဲတစ္ဆေစစ်သားများသည် လုယွီထံသို့ တပြိုင်နက်တည်း ပြေးဝင်လာကြ၏။

"မင်းတို့ကောင်တွေ မလှုပ်ရှားကြနဲ့"

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။ထို့နောက် သူ၏ခြေထောက်ကိုမြှောက်ကာ ရှေ့သို့ပြေးထွက်လိုက်သည်။

"မဆင်မခြင်မလုပ်နဲ့...."

လုချန်းချင်က ထိတ်လန့်တကြား အော်ဟစ်လေသည်။

သူတို့၏ရှေ့ရှိ စစ်သားများ၏ခွန်အားသည် အလွန်နက်နဲသိမ်မွေ့ပေ၏။ထိုယင်သရဲတစ္ဆေစစ်သားများသည် သူ့ထံမှ ခွန်အားပြည့်တိုက်ခိုက်မှုကို ခုခံနိုင်သည်။

လုယွီသည် ပါရမီရှင်တစ်ယောက် ဖြစ်သည့်တိုင် သူသည် လူတစ်ယောက်တည်းသာ ဖြစ်ပေ၏။ အကယ်၍ လုယွီသည် သူ့ရှေ့ရှိ ယင်သရဲတစ္ဆေစစ်သားများနှင့် ရင်ဆိုင်လိုပါက သူ၏သေရေးရှင်ရေးအခြေအနေကို မှန်းဆနိုင်ရန် အလွန်ခက်ခဲပေမည်။

လုယွီသည် သူ၏အင်္ကျီလက်ကြားမှ ကျားတံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုတံဆိပ်ပြားပေါ်တွင် ရှေးဟောင်းသင်္ကေတအက္ခရာများကို ရေးထွင်းထားကာ အဆက်မပြတ်တောက်ပနေပေ၏။

ထိုကျားတံဆိပ်ပြားမှနေ၍ နဂါးတစ်ကောင်နှင့်ကျားတကောင်၏ ဟိန်းသံများထွက်ပေါ်လာကာ အလွန်အမင်းကျယ်လောင်ပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

လုချန်းချင်နှင်တခြားလူများသည် လုယွီထံသို့ သွား၍ကူညီပေးလိုကြသည်။သို့ရာတွင် သူတို့သည် ထိုဟိန်းဟောက်သံကိုကြားချိန်တွင် မြေပြင်ပေါ်၌အမြစ်တွယ်နေသည့်အလား ကြက်သေသေသွားကာ သူတို့၏စိတ်များ ဗလာဟင်းလင်းဖြစ်သွားသည်။

ယခင်က သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့်ပြည့်နှက်နေသော စစ်သားများသည် သူတို့၏ခြေလှမ်းများကိုရပ်တန့်ကာ လုယွီ၏ရှေ့၌ ဒူးတစ်ဝက်ထောက်လိုက်ကြသည်။ထို့နောက် သူတို့၏မောက်မာထောင်လွှားသောခေါင်းများကို အောက်သို့ငုံလိုက်ကြ၏။

လုယွီသည် ဆရာကျိုး၏လက်အတွင်းရှိ တံဆိပ်ပြားကို အဝေးတစ်နေရာမှကြည့်ပြီးနောက် အချိန်အတော်ကြာခန့် စူးစမ်းလေ့လာနေခဲ့သည်။ထိုအချိန်ကျမှသာ ဆရာကျိုး၏တံဆိပ်ပြားသည် အမိန့်ပေးတံဆိပ်ပြားတစ်ခုဖြစ်နေကြောင်း သူ သိနားလည်သွားသည်။

ကျိုးမိသားစုသည် ထိုတံဆိပ်ပြားကို မည်သည့်နေရာကရရှိခဲ့ကြောင်း သူ မသိရှိချေ။သို့ရာတွင် စစ်တပ်အခွင့်အာဏာအရဆိုပါက ထိုတံဆိပ်ပြားသည် သူ့အား ဗိုလ်ချုပ်မုန့်မှပေးအပ်ခဲ့သည် ကျားတံဆိပ်ပြားလောက် မြင့်မားခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။

"သူ ဘယ်လိုလုပ်လိုက်တာလဲ"

မြင့်မြတ်အရှင်ဟွမ်ထျန်းက အံ့အားတသင့်ရေရွတ်လိုက်သည်။

Chapter 4208

"အဲ့ဒီ ဆရာကျိုးဆိုတဲ့သူက ကျိုးရှင်းပဲ...ကျိုးရှင်းရဲ့ညဘက်နားမှာ နည်းနည်းပြတ်နေတယ်...ဒါက တော်ဝင်စာမေးပွဲအတွင်းမှာ ထိပ်သီးကျောင်းတော်သားတစ်ယောက်က ဖြတ်ခဲ့တာပဲ....ဆရာကျိုးရဲ့အကျင့်စရိုက်က မောက်မာဝံ့ကြွားပြီးတော့ ရန်လိုမှုတွေနဲ့ပြည့်နေတယ်...တကယ်လို့ အဲ့ဒီထိပ်သီးကျောင်းတော်သားမှာ ကောင်းမွန်တဲ့စိတ်နေသဘောထားသာ မရှိဘူးဆိုရင် အဲ့ဒီနှစ် တော်ဝင်စာမေးပွဲမှာကတည်းက သူ သေနေလောက်ပြီ"

လုချန်းချင်၏စကားများကိုကြားချိန်၍ လူတိုင်းသည် ဆရာကျိုး၏ပုံပန်းသွင်ပြင်ကို ပြန်လည်၍တွေးတောလိုက်သည်။

သူ၏လက်ဝဲဘက်နားသည် ပုံမှန်နားရွက်ရှည်တစ်ခုဖြစ်သော်လည်း လက်ယာဘက်နားသည်မူ ပုံမှန်အရွယ်အစား၏တစ်ဝက်သာရှိသည်။သူ၏နားရွက်သည် ထိခိုက်ဒဏ်ရာရရှိထားသည်မှာ သိသာထင်ရှားလှ၏။

"ဒါက အမှန်ပဲ...သူက ကျိုးရှင်းပဲ...ဒါက သူပဲဖြစ်မယ်"

မြင့်မြတ်နယ်မြေတစ်ခုမှလာသော အကြီးအကဲတစ်ယောက်က အော်ဟစ်လိုက်သည်။

မျိုးဆက်ဟောင်းမှလူများသာ ထိုကိစ္စများကို သိရှိထားကြသည်။

သို့ရာတွင် ထိုကိစ္စကိုကြားသိသွားချိန်တွင် လူအများအား ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်သည်။တော်ဝင်စာမေးပွဲအတွင်းသို့ ဝင်ရောက်ဖြေဆိုခွင့်ရသော မည်သူမဆို ကောင်းကင်ဘုံနယ်မြေရှိ လူငယ်မျိုးဆက်သစ်များအကြားတွင် ပြိုင်ဘက်ကင်းဟုယူဆနိုင်သည်။သူတို့သည် လူငယ်ပါရမီရှင်အမြောက်အများကို ဖြတ်ကျော်ပြီးမှ ဤနေရာသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။

"အဲ့ဒီနှစ်တော်ဝင်စာမေးပွဲရဲ့ ထိပ်သီးကျောင်းတော်သားက အခုလက်ရှိ လုမိသားစုခေါင်းဆောင် လုကျူးတင်းပဲ....သူနဲ့တချိန်တည်းမှာ တော်ဝင်စာမေးပွဲကို အောင်မြင်လာကြတဲ့လူတွေက အခုအချိန်မှာ အင်ပါယာရဲ့သြဇာအာဏာရှိတဲ့ တည်ရှိမှုကြီးတွေ ဒါမှမဟုတ် နယ်မြေတစ်ခုကို လှုပ်ခတ်နိုင်တဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ ဖြစ်နေပြီ...သူတစ်ယောက်တည်းကပဲ

ကြွက်တစ်ကောင်လို ပုန်းအောင်းနေပြီးတော့ သူ့ကိုယ်သူ ဖုံးကွယ်ထားခဲ့တယ်....သူ့မှာ ဘယ်လိုစိတ်နေသဘောထားမျိုး ရှိနေလဲဆိုတာ ငါ သိချင်မိတယ်"

သူတို့သည် ဆရာကျိုး၏သရုပ်မှန်ကို မှန်းဆမိလေပြီ။

သူတို့အနက်မှအများစုသည် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပေ၏။ဆရာကျိုး၏စကားလုံးများတွင် နာကျည်းမုန်းတီးမှုများ ရုန့်ရင်းကြမ်းတမ်းမှုများဖြင့် ပြည့်နှက်နေသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။ယခုကြည့်ကြည့်တော့မှ သူသည် ထိုကဲ့သို့ မတော်တဆကိစ္စတစ်ရပ်ကို ကြုံတွေ့ခဲ့ရခြင်းဖြစ်ပေ၏။

"ငါတို့အားလုံး အဲ့ဒီနေရာကို ရောက်ပြီ"

လုယွီ၏အာရုံခံနိုင်မှုသည် အလွန်ထက်ရှသဖြင့် နန်းဆောင်တစ်ခု၏ရှေ့၌ ရပ်တန့်လိုက်သည်။

နန်းဆောင်၏နောက်တွင် မိုးထိလုမတတ်မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးများရှိနေသည်။

ထိုတောအုပ်ကိုဖြတ်ကျော်ပြီးနောက် ရေများစီးဆင်းနေသည့်အသံကို ကြားရပေ၏။အဝေးတစ်နေရာ၌ ရေအိုင်တအိုင်ရှိနေသည်။ရေမျက်နှာပြင်သည် ကြေးမုံမှန်တစ်ချပ်ကဲ့သို့ ကြည်လင်နေကာ မည်သည့်လှိုင်းဂယက်များမရှိချေ။

ထိုရေအိုင်၏အလယ်တွင် ဧကတစ်ရာခန့်ကျယ်ဝန်းသော ကျွန်းတစ်ကျွန်းရှိနေသည်။ထိုကျွန်း၏အထက်ရှိ မြေပြင်ပေါ်၌ မြင့်မားသောယဇ်ပုလ္လင်တစ်ခုကို တည်ဆောက်ထားသည်။ထိုယဇ်ပလ္လင်ကြီးကို သေးငယ်သောယဇ်ပလ္လင်ရှစ်ခုက ဝိုင်းရံထားပေ၏။ထိုယဇ်ပလ္လင်၏နံဘေးပတ်လည်တွင် စစ်ဗိုလ်ချုပ်ရုပ်တုအမြောက်အများကို ထွင်းထုထားကာ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေကြသည်။

ထိုယဇ်ပလ္လင်ကိုးခု၏နံဘေးပတ်လည်တွင် အနက်ရောင်သံကြိုးကြီးများဖြင့် ရစ်ပတ်ထားသည်။အလယ်ဗဟိုရှိယဇ်ပလ္လင်သည် အကြီးမားဆုံးပင်။ထိုအရာ၏အောက်ခြေတွင် နဂါးများ ကျားများ ချီလင်များ ဖီးနစ်များနှင့် တခြားနတ်ဘုရားသားရဲများ၏ ကျောက်တုံးရုပ်တုများရှိနေသည်။ထိုအရာများကိုကြည့်ရသည်မှာ အလွန်ရှေးကျပြီး သာလွန်ထူးကဲသည်။

ထိုယစ်ပုလ္လင်၏အထက်၌ အနက်ရောင်ခေါင်းတလားတစ်လုံး တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေသည်။ယဇ်ပလ္လင်၏အောက်ခြေရှိ မြေပြင်ပေါ်တွင် ထူထပ်သိပ်သည်းသော ရှေးဟောင်းသင်္ကေတအက္ခရာများ လွှမ်းခြုံနေကာ ထိုအရာများကိုကြည့်ရသည်မှာ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး မှန်းဆ၍မရချေ။

ထိုခေါင်းတလားကို သံကြိုးဆယ့်ကိုးကြိုးဖြင့် ရစ်ပတ်ထားကာ ခေါင်တလား၏မျက်နှာပြင်ပေါ်၌ ဟင်္သာပြဒါးဖြင့် သင်္ကေတအက္ခရာများကို ရေးသားထားသည်။ထိုအရာများသည် သွေးနီရောင်ရှိပြီး နှိုင်းယှဉ်ပြစရာမရှိသည်အထိ ကြောက်မက်ဖွယ်ကောင်းသည်။

ဤအချိန်အခိုက်အတန့်တွင် ချီဘုရင်နှင့်ဆရာကျိုးတို့သည် ယဇ်ပလ္လင်ပေါ်၌ မတ်တတ်ရပ်နေကာ သူတို့၏လက်များဖြင့် လက်စည်းတံဆိပ်များကို အဆက်မပြတ်ဖွဲ့စည်းနေကြသည်။သူတို့ကိုကြည့်ရသည်မှာ သံကြိုးကြီးများကိုချိုးဖျက်ပြီး ခေါင်းတလားကိုဖွင့်ရန် ကြံစည်နေပုံပင်။

"ကျိုးရှင်း...မင်းရဲ့အစီအစဉ် ကျရှုံးသွားပြီ"

လုချန်းချင်က ကျယ်လောင်စွာအော်ဟစ်လိုက်ကာ သူ၏အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်ပေ၏။

ထိုအသံကြောင့် ယဇ်ပလ္လင်ပေါ်တွင် မတ်တတ်ရပ်နေသော လူနှစ်ယောက်၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။

"အဲ့ဒီလူတွေက မသေသေသေးဘူးလား"

ချီဘုရင်က မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ကျိုးရှင်း၏ဟန့်တားမှုကြောင့် ထိုလူများ သေဆုံးသွားမည်ဖြစ်ကာ ခေါင်တလားကို သူ ဖွင့်လှစ်နိုင်မည်ဟု တွေးထင်ခဲ့သည်။သို့ရာတွင် စစ်သားများကိုအသုံးပြု၍ ထိုလူများအားသတ်ဖြတ်မည့်အကြံအစည် ကျရှုံးသွားခဲ့ခြင်းကြောင့် သူ အံ့အားသင့်သွားသည်။

ကျိုးရှင်းက ခြေတစ်လှမ်းရှေ့တိုးကာ သူ၏လက်ရှိ ငှက်မွှေးယပ်တောင်ကိုဝှေ့ယမ်းပြီး တည်ငြိမ်စွာပြောဆိုသည်။

"ဒါက အဆင်ပြေပါတယ်...ငါ့မှာ ရှေးဟောင်းချင်အင်ပါယာရဲ့အရာရှိစည်းတံဆိပ်ရှိနေတယ်...ငါက ဒီနေရာမှာ ပြိုင်ဘက်ကင်းတစ်ယောက်ပဲ....အရှင်က ခေါင်းတလားကို ဆက်ပြီးဖွင့်ပါ"

"သူတို့ကို အမြန်ဆုံး ရှင်းထုတ်လိုက်တော့"

ချီဘုရင်က အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။

ကျိုးရှင်းသည် ယဇ်ပလ္လင်၏အစွန်း၌ စိတ်အေးလက်အေးလမ်းလျှောက်နေကာ သူ၏မျက်နှာအမူအယာသည် လွတ်လပ်ပေါ့ပါးပြီး တည်ငြိမ်အေးဆေးနေသည်။ဤသည်မှာ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်၌ ရှိနေသည့်အလားပင်။

"ချင်အင်ပါယာရဲ့စစ်သားတွေ ငါ့ရဲ့အမိန့်ကို နားထောင်ကြစမ်း"

ကျိုးရှင်း၏ပါးစပ်မှနေ၍ ကျယ်လောင်ပြီးကြည်လင်ပြတ်သားသောအသံတစ်သံ ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ထို့နောက် ပတ်ဝန်းကျင်ရှိ ထူထပ်သိပ်သည်းသော တောအုပ်အ​ကြားမှနေ၍ မြင်းခွာသံများထွက်ပေါ်လာကာ သံချပ်ကာဝတ်စစ်သားများအားလုံး ရှေ့သို့ထွက်လာကြသည်။

ထိုစစ်သားများသည် စည်းစနစ်ကျနသော တိုက်ပွဲဝင်ဖွဲ့စည်းပုံဖြင့် ချီတက်လာကြကာ သူတို့အားလုံး၏စိတ်ဓာတ်များ တက်ကြွနေသည်။ မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပေ၏။ယဇ်ပလ္လင်၏နံဘေးပတ်လည်ရှိ ရေအိုင်မျက်နှာပြင်ပင်လျှင် သက်ရောက်ခြင်းခံရကာ လှိုင်းဂယက်များထလာသည်။

Chapter 4209

"အခု ငါက မင်းတို့သေတာကို စောင့်ကြည့်နေမယ်"

ကျိုးရှင်းက သူ၏ငှက်မွှေးယပ်တောင်ကို ဝှေ့ယမ်းကာ တည်ငြိမ်သောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

ထောင်သောင်းချီသောစစ်သားများသည် လူအုပ်ကြီးရှိရာနေရာသို့ ဦးတည်၍ ချီတက်လာကြ၏။

လုယွီတို့လူစုကို သတ်ဖြတ်နိုင်ရန်အလို့ငှာ ကျိုးရှင်းသည် သူ့၏လက်အတွင်းရှိ အခွင့်အာဏာစည်းတံဆိပ်၏စွမ်းအားကို အကန့်အသတ်ထိအသုံးပြုခဲ့သည်။သူသည် အရပ်မျက်နှာအဘက်ဘက်တွင်ရှိသော စစ်သားများအားလုံးနှင့် မြင်းစီးစစ်သည်တော်များအားလုံးကို စုဝေးခဲ့လေ၏။

အမှောင်ထုအတွင်း၌ မရေမတွက်နိုင်သော ချင်စစ်သားများ အိပ်မောကျနေသည်။ထိုစစ်သားများ နိုးထလာသောအချိန်တွင် သူတို့ထံ၌ ထူထပ်သိပ်သည်းသောအနီရောင်အလင်းတန်းများတောက်ပနေကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့သည် ချင်အင်ပါယာ၏အကြောင်းကို ရှေးဟောင်းအပျက်အစီးနယ်မြေသို့ ရောက်ရှိချိန်မှ သိရှိခဲ့ရခြင်းဖြစ်သည်။

"ရပ်လိုက်စမ်း"

လုယွီ၏ပါးစပ်မှနေ၍ ရှေးဟောင်းဘာသာစကားတစ်ခွန်း ထွက်ပေါ်လာသည်။ထိုနောက် သူ၏လက်အတွင်းရှိ ကျားတံဆိပ်ပြားကိုမြှောက်ကာ သူ၏အသံသည် ကျိုးရှင်း၏အမိန့်ပေးသံကို လွှမ်းခြုံသွားပေ၏။

ရုတ်ချည်းဆိုသလိုပင် အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော ဆူညံသံများ ရပ်တန့်သွားသည်။မရေမတွက်နိုင်သောစစ်သားများသည် နေရာမှာပင်ရပ်တန့်ကာ မလှုပ်ရှားကြတော့ချေ။

ပတ်ဝန်းကျင်သည် တဖန်ပြန်၍ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သောအခြေအနေသို့ ရောက်ရှိသွားသည်။ဤသည်မှာတစ်စုံတစ်ယောက်သည် ဇီသာတစ်ခုမှကြိုးများကိုဖြတ်တောက်ကာ တီးခတ်နေသော တိုက်ပွဲတေးသံကို အဆုံးသတ်သွားစေသည့်အလားပင်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...မင်းမှာလည်း ရှေးဟောင်းချင်အင်ပါယာရဲ့ အရာရှိစည်းတံဆိပ် ရှိနေတာလား"

ကျိုးရှင်း၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။သူသည် လုယွီ၏လက်အတွင်းရှိ ကျားတံဆိပ်ပြားကို စူးစိုက်ကြည့်ပြီး သူ၏မျက်လုံးကိုပင် သူ မယုံကြည်နိုင်တော့ချေ။

ရှေးဟောင်းချင်အင်ပါယာ၏ အရာရှိစည်းတံဆိပ် မည်မျှထိ အဖိုးတန်ရှားပါးသည်ကို သူ ကောင်းစွာသိရှိထားသည်။

ဤသည်မှာ ကျိုးမိသားစုဝင်များသာသိရှိသော လျှို့ဝှက်ချက်တစ်ခုပင်။

သို့သော် ယခုအချိန်၌ လုယွီထံတွင် တူညီသောစည်းတံဆိပ်တစ်ခုရှိသည့်အပြင် သူ့တွင်ရှိသော အရာရှိစည်းတံဆိပ်ထက် အဆင့်ပိုမြင့်ကြောင်း ကျိုးရှင်းက ရှာဖွေတွေ့ရှိသွားသည်။

"သတ်ကြစမ်း....မင်းတို့ ဘာလို့ မတ်တတ်ရပ်နေကြတာလဲ....တိုက်ခိုက်ကြစမ်း...."

ကျိုးရှင်းသည် သွေးရူးသွေးတန်းဖြင့် သူ၏လက်အတွင်းရှိ အရာရှိစည်းတံဆိပ်ကိုဝှေ့ယမ်းကာ ကျယ်လောင်စွာအော်ငေါက်လိုက်၏။

သူ၏လက်အတွင်းရှိ အရာရှိစည်းတံဆိပ်သည် ချင်အင်ပါယာ၏ ပဉ္စမအဆင့်အရာရှိတံဆိပ်ဖြစ်ပြီး ရှေးဟောင်းထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ သင်္ချိုင်းဂူကို တူးဖော်ရာမှ ရရှိခဲ့ခြင်းဖြစ်သည်။

ဤရှေးဟောင်းထိပ်သီးအစွမ်းချက်ကျင့်ကြံသူသည် သူ၏ရုပ်ခန္ဓာကိုယ်ကို သိုင်းသူတော်စင်အဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်။သူ၏ရုပ်ခန္ဓာကိုယ်သည် နှစ်သောင်းနှင့်ချီ၍ ကြာမြင့်လာသည့်တိုင် ပုတ်သိုးဆွေးမြည့်သွားခြင်းမရှိချေ။

ထိုအစား သူသည် ယင်ချီများ၏သက်ရောက်ခြင်စကိုခံရကာ ဖုတ်ကောင်ဘုရင်တစ်ပါးပင် ဖြစ်နေလေပြီ။

ဤအရာရှိစည်းတံဆိပ်ကိုရရှိနိုင်ရန်အတွက် ကျိုးမိသားစုသည် တန်ကြေးအမြောက်အများပေးဆပ်ခဲ့ရပြီး မိသားစုအတွင်းမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ သေဆုံးသွားခဲ့ရသည်။

ဤကဲ့သို့ ပြုလုပ်ခဲ့ရသော အကြောင်းအရင်းမှာ ကျိုးမိသားစုသည် ချန်အန်းမြို့၏မြေအောက်၌ ရှေးဟောင်းချင်အင်ပါယာ နစ်မြုပ်နေကြောင်းကို ရှာဖွေတွေ့ရှိပြီးဖြစ်သောကြောင့်ပင်။

မူလက သူတို့သည် ဤကိစ္စကို သေရေးရှင်ရေးအချိန်အခိုက်အတန့်၌ ဝှက်ဖဲတစ်ခုအဖြစ်အသုံးပြုရန် ကြံရွယ်ထားခဲ့သည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ ကျိုးရှင်းသည် သူ၏လက်အတွင်းရှိ အရာရှိတံဆိပ်ပြားကို မည်မျှထိ ဝှေ့ယမ်းသည်ဖြစ်စေ သူ့ရှေ့ရှိစစ်သားများသည် အေးခဲတောင့်တင်းနေသည့်အလား အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိချေ။

သူသည် ထိုစစ်သားများထံမှ မည်သည့်တုံ့ပြန်မှုကိုမျှ မရရှိပေ။

"သူတို့ကို သတ်စမ်း"

လုယွီက ယဇ်ပလ္လင်ပေါ်ရှိ ကျိုးရှင်းနှင့်ချီဘုရင်တို့ထံသို့ လက်ညှိုးညွှန်လိုက်သည်။

စစ်သားများသည် ချက်ချင်းဆိုသလိုပင် နောက်သို့ချာခနဲလှည့်ကာ ယဇ်ပလ္လင်ထံသို့ဦးတည်၍ ပြေးဝင်သွားကြသည်။

ဝုန်း....

မြေမှုန်များ အရပ်မျက်နှာအဘက်ဘက်သို့ လွင့်စင်သွားပြီးနောက် မရေမတွက်နိုင်သောစစ်သားများသည် ရေအိုင်ကိုဖြတ်ကာ ယဇ်ပလ္လင်ထံသို့ဦးတည်၍ ကူးခတ်သွားကြသည်။

ပတ်ဝန်းကျင်ကိုကြည့်ပါက နေရာအနှံ့အပြား၌ စစ်သားအမြောက်အများ ရှိနေသည်။သူတို့သည် တိုက်ပွဲဝင်ဝင်္ကပါတစ်ခုကိုဖွဲ့စည်းကာ ရှေ့သို့ချီတက်လိုက်ကြ၏။သူတို့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် မိုးထိလုမတတ် မြင့်မားနေလေပြီ။

ကျိုးရှင်း၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။

သူသည် ထိုစစ်သားများကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ချေ။ထို့ပြင် စစ်သားများ၏ပစ်မှတ်သည် သူတို့ကိုယ်တိုင် ဖြစ်နေလေပြီ။ထို့ကြောင့် ကျိုးရှင်းသည် သူ အသက်ရှင်သန်နိုင်ရန်အတွက်အခွင့်အရေးမရှိတော့ကြောင်း နားလည်သဘောပေါက်သွားသည်။

"ဘာတွေ ဖြစ်နေတာလဲ...မင်းက ဘာလို့ စစ်သားတွေကို ထိန်းချုပ်လို့မရတော့တာလဲ"

ချီဘုရင်က တင်းမာခက်ထန်စွာ အော်ငေါက်လိုက်သည်။

သူသည် ခေါင်းတလားပေါ်ရှိ သံကြိုးများအနက်မှတစ်ကြိုးကို ဖြတ်တောက်ပြီးလေပြီ။ထိုကြောင့် ခေါင်းတလားကိုချည်နှောင်ထားသော သံကြိုးများအားလုံး လျော့ရဲသွားသည်။ထိုအရာများကို ချိုးဖျက်နိုင်ရန်မှာ အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်တော့သည်။

ကျိုးရှင်း၏မျက်နှာ ဖြူရော်နေကာ သူက ပြောဆိုသည်။

"တစ်ဖက်လူဆီမှာ ငါ့ဆီမှာရှိတာထက် ပိုပြီးမြင့်မားတဲ့ အရာရှိစည်းတံဆိပ်ရှိနေတယ်...ငါက စစ်သားတွေကို မထိန်းချုပ်နိုင်တော့ဘူး"

သူ ထိုစကားကို ပြောဆိုနေစဉ်မှာပင် မရေမတွက်နိုင်သောစစ်သားများ ယဇ်ပလ္လင်ထံသို့ တိုးဝင်လာသည်။

ထိုစစ်သားများအကြားတွင် ဗိုလ်ချုပ်များလည်း ရှားပါးခြင်းမရှိချေ။စစ်သားများအားလုံးသည် သူတို့၏လက်များအတွင်းရှိ ရှေးဟောင်းကြေးနီဓားရှည်များကိုဆုပ်ကိုင်ကာ ခြေလှမ်းကျဲကြီးများဖြင့် ယဇ်ပလ္လင်ထံသို့ အလျှင်အမြန်ချဉ်းကပ်လာကြသည်။

Chapter 4210

ကျိုးရှင်းသည် သူ၏လက်အတွင်းရှိ ငှက်မွှေးယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ မီးတောက်များပျံ့နှံ့သွားပြီး ယဇ်ပလ္လင်၏နံဘေးပတ်လည်၌ မီးပင်လယ်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များမှတဆင့် မြင့်မားသောမီးနံရံကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားကာ ယဇ်ပလ္လင်၏နံဘေးပတ်လည်၌ အခိုင်အမာဝိုင်းရံထားပြီး စစ်သားများအားလုံး၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားသည်။

ဒုန်း...ဒုန်း...ဒုန်း...

ကံအကြောင်းမလှစွာဖြင့် သူ့ရှေ့ရှိစစ်သားများသည် နာကျင်မှု သို့မဟုတ် ကြောက်ရွံ့မှုကို မသိရှိကြချေ။

သူတို့အားလုံးသည် အမိန့်ကိုနားထောင်ရန်သာသိရှိသော ရုပ်သေးများပင်။စစ်သားများသည် သူတို့၏ခြေထောက်များကိုမြှောက်ကာ မီးနံရံကြီးကို ဖြတ်ကျော်လာကြသည်။ထိုမီးတောက်များသည် စစ်သားတချို့၏ခန္ဓာကိုယ်များပေါ်၌ လောင်ကျွမ်းနေသည့်တိုင် သူတို့သည် ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ဆက်လက်၍ ချီတက်နေဆဲပင်။

"ဟား ဟား ဟား...ဒါက ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ"

လုချန်းချင်၏မုတ်ဆိတ်မွှေးများ အနည်းငယ်တုန်ရီနေကာ သူက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။

ကျိုးရှင်းသည် မူလက ထိုစစ်သားများ၏စွမ်းအားကိုငှားရမ်း၍ သူတို့အားလုံးကို သတ်ဖြတ်လိုခဲ့သည်။သို့ရာတွင် ယခုချိန်၌ သူသည် စစ်သားများ၏ပိတ်ဆို့ခြင်းကိုခံရကာ သေဆုံးရတော့ပေမည်။

အခြေအနေသည် ချက်ချင်းဆိုသလိုပင် ပြောင်းပြန်ဖြစ်သွားလေ၏။

ခရက်....

ထိုအချိန်မှာပင် ကျိုးရှင်း၏နံဘေးမှနေ၍ အက်ကွဲသံတစ်သံ မြည်ဟီးလာသည်။

ယခုကြည့်ကြည့်တော့မှ ချီဘုရင်သည် မှော်မန္တန်တစ်ပုဒ်ကိုအသုံးပြု၍ ခေါင်းတလားပေါ်တွင်ချည်နှောင်ထားသော သံကြိုးကြီးများအနက်မှတစ်ကြိုးကို ဖြတ်တောက်လိုက်ခြင်းပင်။

ခေါင်းတလားပေါ်၌ အက်ကွဲကြောင်းများစတင်၍ထွက်ပေါ်လာကာ ထိုအရာများအကြားမှနေ၍ မီးခိုးရောင်အခိုးအငွေ့များ စိမ့်ထွက်လာသည်။ထို့ကြောင့် ပတ်ဝန်းကျင်ရှိအပူရှိန် တစ်စတစ်စ ပို၍အေးစက်လာသည်။

ခေါင်းတလားပေါ်တွင် ရေးထွင်းထားသော ဟင်္သာပြဒါးသင်္ကေတများမှနေ၍ အလင်းရောင်များ စတင်၍တောက်ပလာကာ တုန်ခါသံများထွက်ပေါ်လာသည်။

ဤအချိန်အခိုက်အတန့်တွင် ခေါင်းတလား၏မျက်နှာပြင်ပေါ်၌ ထူထပ်သိပ်သည်းသော သင်္ကေတအက္ခရာများ အလွှာလိုက်ရှိနေသည်ကို လူများအားလုံး မြင်တွေ့လိုက်ရသည်။ဤအချိန်အခိုက်အတန့်တွင် ထိုအရာများအားလုံး အသက်ဝင်လာသည့်အလား တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။

ကြီးမားကျယ်ပြန့်ပြီးမြင့်မြတ်သော ဖိအားအရှိန်အဝါတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

စစ်သားများအားလုံးသည် တားမြစ်ကန့်သတ်ချက်တစ်ခုကို ကြုံတွေ့လိုက်ရပုံဖြင့် ချက်ခြင်းဆိုသလို နောက်ဆုတ်လိုက်ကြကာ ရှေ့သို့မတိုးဝံ့ကြတော့ချေ။

လုယွီသည် ကျားတံဆိပ်ပြားကို ကိုင်ဆောင်ထားသည့်တိုင် ထိုစစ်သားများကို အမိန့်ပေးနိုင်စွမ်းမရှိတော့ပေ။

"လုယွီ....လူသားဧကရာဇ်ရဲ့ဖိအားအရှိန်အဝါက တခြားအရာတွေအားလုံးထက် သာလွန်တယ်... မင်းမှာ ဘယ်လိုနည်းလမ်းမျိုးပဲ ရှိနေပါစေ....အဆုံးသတ်ကျတော့ ငါက မင်းထက် ပိုပြီးသာလွန်တယ်....ငါက လူသားဧကရာဇ်ရဲ့အမွေအနှစ်ကို ဆက်ခံပြီးတာနဲ့ ငါ မင်းကို သတ်မယ်"

ချီဘုရင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။သူ၏စိတ်နှလုံးသားအတွင်း၌ နှစ်ပေါင်းများစွာ​ကြာအောင် ချိုးနှိမ်ထားခဲ့သော စိတ်ခံစားချက်များ နောက်ဆုံး၌ ပွင့်အံ့ထွက်လာကာ သူ့ထံ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

ဝှစ်....

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။တခြားမည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ သူသည် ရှေ့သို့တိုးကာ ရေအိုင်၏အလယ်ဗဟိုရှိ ကျွန်းထံသို့ ချက်ချင်းရောက်ရှိသွားပေ၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏လက်ဝါးအတွင်းမှနေ၍ မှော်စွမ်းအားများ တလိမ့်လိမ့်ထနေသည်။သူ့၏လက်ကို ဓားသွားအဖြစ်အသုံးပြုကာ သူသည် ကြီးမားသော ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုကို သိပ်သည်းပြီး လေထုကိုချိုးဖျက်လိုက်သည်။

လေပြင်းတချက်တိုက်ခတ်လာကာ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး၏အောက်တွင် လေဟာနယ်တစတစပြိုလဲသွားကာ လေဟာနယ်ကျင်းနက်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ဤသည်မှတစ်ဆင့် လုယွီ၏တိုက်ခိုက်မှု မည်မျှထိကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိနိုင်သည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...ထိုက်ယွမ်လက်ဝါး....

လုယွီသည် တခြားမည်သည့်စကားကိုမျှရမပြောဆိုဘဲ ကျွန်းပေါ်သို့ရောက်ရှိသည်နှင့် သူ၏သတ်ဖြတ်ခြင်းလှုပ်ရှားမှုကို ထုတ်ဖော်အသုံးပြုလိုက်၏။

အကယ်၍ တစ်စုံတစ်ယောက်သည် ထိုလက်ဝါးပုံရိပ်ယောင်ကြီးကိုခံယူရပါက သူ၏ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပေမည်။ထိုလူ၏စိတ်ဝိညာဉ်ပင်လျှင် လွတ်မြောက်နိုင်မည်မဟုတ်ချေ။

ထိုအခြင်းအရာကို မြင်တွေ့ပြီးနောက် ချီဘုရင်သည် သူ၏လက်မောင်းကြားမှ အခွင့်အာဏာစည်းတံဆိပ်ကိုထုတ်ယူကာ ပစ်လွှတ်လိုက်သည်။

ရွှေရောင်အခွင့်အာဏာစည်းတံဆိပ်သည် လေထုအတွင်း၌ မျောလွင့်နေကာ ထိုအရာမှနေ၍ ရွှေရောင်နဂါးတစ်ကောင် ထွက်ပေါ်လာသည်။ထိုရွှေရောင်နဂါးသည် ပါးစပ်ကြီးကိုဖွင့်ဟ၍ ကျယ်လောင်စွာဟိန်းဟောက်လိုက်၏။

ထိုရွှေရောင်နဂါးကြီးရှိနေသော လေဟာနယ်အတွင်းတွင် အလင်းလွှာတစ်လွှာ သိပ်သည်းသွားကာ ယဇ်ပလ္လင်၏နံဘေးပတ်လည်ကို ရစ်ပတ်လွှမ်းခြုံပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်နှင့် ပိုင်းခြားလိုက်သည်။

ဘုန်း....

ထိုရွှေရောင်လက်စည်းတံဆိပ်သည် အလင်းလွှာတစ်လွှာပေါ်သို့ ကျရောက်သွားချိန်တွင် ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံ မြည်ဟီးသွားသည်။ကြီးမားသောစွမ်းအားကြောင့် ဖြစ်ပေါ်လာသော တုန်ခါမူလှိုင်းများကရေအိုင်၏တည်ငြိမ်သော ရေမျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာပေ၏။

"ချီဘုရင်က ရူးသွပ်နေပြီ...သူက လုယွီရဲ့တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့အတွက် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ကံကြမ္မာစွမ်းအားတွေကို အသုံးပြုဖို့ ရွေးချယ်လိုက်ပြီ"

"အဲ့ဒီကံကြမ္မာစွမ်းအားက စွမ်းအားအမြောက်အများကို ကုန်ဆုံးစေတယ်...နှစ်နှစ်ဆယ်မပြည့်ခင် သူက အခွင့်အာဏာစည်းတံဆိပ်ရဲ့စွမ်းအားကို ပြန်ရနိုင်မှာမဟုတ်ဘူး...ကျိုးထုံက ကြီးမားတဲ့အလောင်းအစားတစ်ခုကို လုပ်ချင်နေတာပါလား"

ပတ်ဝန်းကျင်ရှိလူများအားလုံး ထိတ်လန့်တကြား ရေရွတ်လိုက်ကြသည်။

All Chapters