← Chapters

အခန်း (၄၂၁၆-၄၂၂၀)

Vol. 214 Ch. 4216-4220

အခန်း (၄၂၁၆-၄၂၂၀)

Vol. 214 Ch. 4216-4220

Chapter 4216

"ဟား ဟား ဟား...မင်းက အရမ်းမောက်မာလွန်းတယ်....ငါတို့ထဲကဘယ်သူမဆို မင်းကို ခွေးတစ်ကောင် သတ်သလိုသတ်နိုင်တယ်...ဒါတောင်မှ မင်းက ငါတို့ကို သတ်ချင်သေးတာလား"

ဓမ္မပုံရိပ်ယောင်ဆယ်နှစ်ခုထံမှနေ၍ ကျယ်လောင်စွာအော်ဟစ်ရယ်မောသံများ ပွင့်အံ့ထွက်လာသည်။

တာအိုပညာရှင်အိုကြီး၏မျက်နှာပေါ်ရှိ အရေးအကြောင်းများ ပြန့်သွားကာ သူ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။

"ငါက မင်းလိုမျိုးရည်မှန်းချက်ကြီးပြီးတော့ ကိုယ့်ကိုယ်ကိုယ်မှန်တယ်လို့ထင်နေတဲ့ လူငယ်တွေအများကြီးကို မြင်ခဲ့ဖူးတယ်...မင်း မသေဆုံးခင်အချိန်မှာ ခွင့်လွှတ်ဖို့အတွက်။ဘယ်လိုမျိုးအသနားခံတောင်းပန်နေမယ်ဆိုတာငါမြင်ယောင်မိတယ်။

ဘုန်း....

တာအိုပညာရှင်အိုကြီး၏စကား အဆုံးသတ်သွားသော အချိန်အခိုက်အတန့်မှာပင်...

လုယွီသည် ရုတ်တရက် တာအိုပညာရှင်အိုကြီး၏ရှေ့၌ ထွက်ပေါ်လာသည်။ထို့နောက် သူ၏လက်သီးချက် ကျရောက်သွားကာ တာအိုပညာရှင်အိုကြီး၏ဓမ္မပုံရိပ်ယောင်ကို ကြေမွှပျက်စီးသွားစေသည်။

ပတ်ဝန်းကျင်ရှိလူများအားလုံးသည် အစိမ်းရောင်အလင်းတန်းတတန်း ဖျတ်ခနဲတောက်ပသွားခြင်းကိုသာ မြင်တွေ့လိုက်ရသည်။ထို့နောက် ခပ်ဖျော့​ဖျော့နဂါးဟိန်းသံ ထွက်ပေါ်လာကာ သူတို့ အသိမဝင်သေးမီမှာပင် တာအိုပညာရှင်အိုကြီး အသတ်ခံလိုက်ရလေပြီ။

နှိုင်းယှဉ်ပြစရာမရှိသည်အထိ အစွမ်းထက်သော စွမ်းအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။ထို့နောက် ဓမ္မပုံရိပ်ယောင်ကြီးသည် ခုခံနိုင်ခြင်းမရှိသေးမီမှာပင် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပေ၏။

"မင်း...."

တာအိုပညာရှင်အိုကြီး၏ဓမ္မပုံရိပ်ယောင် ကြေမွှပျက်စီးသွားသော အချိန်အခိုက်အတန့်တွင် သူ၏မျက်နှာပေါ်၌ မယုံကြည်နိုင်သောအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

"ဒါက မင်းတို့ရဲ့စွမ်းအားလား... ချီဘုရင့်ရဲ့ဝှက်ဖဲလို့ခေါ်တဲ့အရာက စကားပြောဖို့ကိုပဲသိတဲ့လူတစ်စုလား"

လုယွီသည် ကျယ်လောင်စွာအော်ဟစ်လိုက်ကာသူ၏အသံသည် လေထုကိုဖြတ်သန်း၍ ပဲ့တင်ထပ်သွားသည်။

"ဒီလိုမျိုး ကောင်လေးတစ်ယောက်မှာ ခုလိုကြီးမားတဲ့စွမ်းအားမျိုး ရှိနေမယ်လို့ ငါ မယုံကြည်နိုင်ဘူး"

လှပချောမောသောအမျိုးသမီး၏မျက်နှာထက်တွင် ညို့အားပြင်းသောအပြုံးတစ်ခု ထင်ဟပ်လာကာ လုယွီထံသို့ ချဉ်းကပ်လာသည်။

"မောင်ငယ်လေး...ဒီအစ်မကြီးရဲ့ဘေးကို လာပါအုံး....ဒီအစ်မကြီးက မင်းကို ကောင်းတာလေးတစ်ခု ပြပေးမယ်"

သူမ၏မျက်နှာသည် မက်မွန်ပန်းပွင့်လန်းနေသည်နှင့်တူညီကာ သူမ၏မျက်လုံးအတွင်း၌ အနီရောင်အလင်းတန်းများ တောက်ပနေသည်။သူမသည် ဆွဲဆောင်မှုရှိစွာဖြင့် ရှေ့သို့လျှောက်လှမ်းလာသည်။

ဤသည်မှာ ညှို့ယူဖမ်းစားခြင်းနည်းစနစ်တစ်ခုပင်။

ညှို့ယူဖမ်းစားခြင်းနည်းစနစ်သည် နတ်ဆိုးနည်းစနစ်တစ်ခုနှင့် တူညီသည်။အလယ်ခေတ်အတွင်းမှ အစွမ်းထက်သော ရှေးဟောင်းဧကရာဇ်အမြောက်အများပင်လျှင် ယခင်က ဤနည်းစနစ်၏သက်ရောက်ခြင်းကို ခံခဲ့ရသည်။အမှုမဲ့အမှတ်မဲ့ဖြင့် သူတို့သည် ထိုမှော်မန္တန်ရွတ်ဆိုသောလူ၏လွှမ်းမိုးခြင်းကို ခံရပေ၏။

ထိုလှပချောမောသောအမျိုးသမီးသည် လုယွီ၏အနီးသို့ ချဥ်းကပ်လာပြီးနောက် သူမ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြားသောအပြုံးတစ်ခု ရှိနေသည်။

သူမ၏ရှေ့ရှိ လူငယ်ထံတွင် တက်ကြွဖျတ်လတ်မှုများဖြင့် ပြည့်နှက်နေသည်။သူမသည် ညှို့အားကိုအသုံးပြု၍ သူအားရင်ဆိုင်ရသည်မှာ အလွန်လွယ်ကူပေ၏။

သို့ရာတွင် သူမအား တုံ့ပြန်လိုက်သည်မှာ အပြုံးတစ်ခုမဟုတ်ဘဲ ကြီးမားသောလက်သီးတချက်ပင်။

ဘန်း....

လှပချောမောသောအမျိုးသမီး၏ဓမ္မပုံရိပ်ယောင်ကြီး ကြေမွှပျက်စီးသွားသည်။

လုယွီ၏မျက်လုံးသည် တောက်ပပြီးကြည်လင်နေဆဲပင်။သူသည် ထိုညှို့ယူဖမ်းစားခြင်းနည်းစနစ်၏ သက်ရောက်ခြင်းကို အနည်းငယ်မျှမခံရဘဲ ရှေ့သို့တိုးလိုက်သည်။

"သတ်ကြစမ်း"

ကြွင်းကျန်သောဓမ္မပုံရိပ်ယောင်များသည် ခြိမ်းခြောက်မှုတစ်ရပ်ကို အာရုံခံမိလေ၏။သူတို့သည် သူတို့၏အားအကောင်းဆုံးမှော်မန္တန်များကိုရွတ်ဆိုကာ လုယွီကို တိုက်ခိုက်လိုက်ကြသည်။

ဤလူများသည် ချီဘုရင်၏ဖိတ်ကြားခြင်းကိုခံရသော ဧည့်အကြီးအကဲများဖြစ်ရန် အမှန်တကယ်ကိုထိုက်တန်သည်။သူတို့အနက်မှနှစ်ယောက်သည် ရန်သူကိုလျှော့တွက်ခဲ့ကြသဖြင့် လုယွီ၏လွယ်လင့်တကူသတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ကြွင်းကျန်သောလူများသည် သူတို့၏အားအကောင်းဆုံး မှော်မန္တန်များကိုချက်ချင်းအသုံးပြုလိုက်ကြရာ လေဟာနယ်ပင်လျှင် ပုံပျက်သွားခဲ့သည်။

မိုးကောင်းကင်ယံအတွင်း၌ မှော်စွမ်းအားများစုဝေးနေကာ ထူးဆန်းသောသဘာဝလွန်ပုံရိပ်များ ထွက်ပေါ်နေသည်။ထို့နောက် သစ်တောအုပ်တစ်ခုကဲ့သို့ထူထပ်သိပ်သည်းသော ဓားချီများ သို့မဟုတ် ဆေဘာများမှအသွင်ပြောင်းလာသည့် နက်နဲသိမ်မွေ့သောအလင်းရောင်များ ရတနာသင်္ဘောပျံများ အဋ္ဌဂံကြေးမုံများ နတ်ဘုရားမီးအိမ်များနှင့် ကြေးနီခေါင်းလောင်းများစသည့် ရတနာများပါဝင်သည်။ထိုမှော်ရတနာများမှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်နေကာ မိုးကောင်းကင်ယံကိုပင် ထွင်းဖောက်နိုင်စွမ်းရှိပုံရသည်။

"လာကြစမ်း....."

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏လက်အတွင်းရှိ မှော်စွမ်းအားလှိုင်းသည် လေထုအတွင်းသို့ မြင့်တက်သွားကာ ကြီးမားသော ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးအသွင် ပြောင်းလဲသွားပြီ ရှေ့သို့ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။

ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် လုယွီ ထုတ်ဖော်အသုံးပြုနိုင်သော မှော်စွမ်းအားသည် နှစ်ဆဖြစ်သွားကာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။

ထိုဓမ္မပုံရိပ်ယောင်များမှ အသုံးပြုထားသော မှော်မန္တန်များနှင့်မှော်ရတနာများသည်အစွမ်းထက်သော်လည်း လုယွီ၏လက်ဝါးရိုက်ချက်ကြောင့် ကြေမွှပျက်စီးသွားသည်။

"သေကြစမ်း"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။သူသည် လက်ဝါးရိုက်ချက်တစ်ချက်ကို ထပ်မံ၍ထုတ်လွှတ်လိုက်ပြီးနောက် သူ့ရှေ့ရှိဓမ္မပုံရိပ်ယောင်ငါးခုကို ကြေမွှပျက်စီးသွားစေသည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ် ဝေ့ယန်ကြယ်နယ်မြေ...

ဤနေရာသည် ချီဘုရင်၏အိမ်တော်နှင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏အုပ်ချုပ်ရေးရုံး တည်ရှိသောနေရာပင်။

ဤအချိန်အခိုက်အတန့်တွင် ချီဘုရင်၏အိမ်တော်ရှိ ပင်မခန်းမအတွင်း၌ လူတစ်စုမတ်တတ်ရပ်နေသည်။သူတို့၏ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေပေ၏။

ချီဘုရင်၏ကံကြမ္မာစွမ်းအား အလျှင်အမြန်ကျဆင်းလာသဖြင့် သူ၏အိမ်တော်မှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံး၏စိတ်အာရုံများကို ဆွဲဆောင်သွားနိုင်ခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် ချီဘုရင်သည် အပျက်အစီးနယ်မြေ၏နက်ရှိုင်းသောနေရာ၌ရှိနေကာ အချိန်မရွေး သေဆုံးသွားနိုင်သောအန္တရာယ်ရှိသည်။ထို့ကြောင့် သူ၏ကံကြမ္မာစွမ်းအားများ အလျှင်အမြန်ကျဆင်းနေသည်မှာ မူမမှန်သောကိစ္စပင်။

မိဖုရားချီသည် ပင်မထိုင်ခုံပေါ်၌ ထိုင်နေပေ၏။

သူမ၏ရှေ့ရှိ ဘေးတစ်ဖက်တချက်တွင် အိမ်တော်မှ ဧည့်အကြီးအကဲအမြောက်အများ မတ်တတ်ရပ်နေကာ သူတို့၏မျက်လုံးများအတွင်း၌ သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေပြီး သူတို့၏စိတ်ဝိညာဉ်များ မျောလွင့်နေသည်။

ဖူး....ဖူး...ဖူး...

ရုတ်တရက် ထိုအကြီးအကဲများအနက်မှတချို့၏ခန္ဓာကိုယ်များ ယိမ်းယိုင်သွားကာ လဲကျလုဆဲဆဲအခြေအနေသို့ ရောက်ရှိသွားသည်။သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာကာ သူတို့၏ထိုင်ခုံများပေါ်မှ အောက်သို့ပြုတ်ကျသွားပေ၏။

Chapter 4217

ခန်းမအတွင်း၌ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

ဤခန်းမအတွင်း၌ မတ်တတ်ရပ်နေသူများသည် ချီဘုရင်အိမ်တော်၏လက်ရွေးစင်ကျင့်ကြံသူများပင်။သူတို့သည် ဧည့်အကြီးအကဲများကို အလျှင်အမြန်တွဲထူပေးကာ ဆေးရည်များတိုက်ကျွေးလိုက်ကြသည်။

"ဧည့်အကြီးအကဲတို့...အရှင်က ဘာဖြစ်နေတာလဲ"

မိဖုရားချီက အလျှင်အမြန် မေးမြန်းသည်။

ထိုအကြီးအကဲများ၏မျက်နှာများ အနည်းငယ်ဖြူရော်နေဆဲဖြစ်ကာ သူတို့က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"အရှင်နဲ့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့အုပ်ချုပ်သူအရှင် လုယွီတို့က အချင်းချင်းရင်ဆိုင်တိုက်ခိုက်နေကြတယ်...အဲ့ဒီလုယွီက အရှင့်ကို ထိခိုက်ဒဏ်ရာရအောင်လုပ်ဖို့အတွက် အခွင့်အာဏာစည်းတံဆိပ်ကို တိုက်ခိုက်နေတယ်"

သူတို့သည် စိတ်ဝိညာဥ်စွမ်းအားများကိုအသုံးပြု၍ သူတို့၏ဓမ္မပုံရိပ်ယောင်များကို မိုင်ထောင်နှင့်ချီဝေးကွာသောနေရာ၌ သရုပ်သကန်ထင်ဟပ်စေခြင်းဖြစ်သည်။ဤသည်ကြောင့် သူတို့၏စိတ်ဝိညာဥ်စွမ်းအားများ အလွန်အကျွံ့ကုန်ဆုံးသွားခဲ့သည်။

အကယ်၍ သူတို့သည် ကုသမှုများ ဆက်တိုက်ခံယူလျှင်ပင် သူတို့၏စိတ်ဝိညာဉ်များ အပြည့်အဝပြန်လည်ကောင်းမွန်လာစေရန် အချိန်အတော်ကြာယူရပေမည်။

"လုယွီ...."

မိဖုရားချီ၏မျက်နှာအမူအယာ ရုတ်တရက်အေးစက်တင်းမာသွားသည်။ထို့နောက် သူမကအံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"သူက သေလမ်းရှာနေတာလား...သူက ဘယ်လိုသတ္တိမျိုးနဲ့ အရှင့်ကို တိုက်ခိုက်ဝံ့တာလဲ....ဒါက စည်းကမ်းမလိုက်နာတဲ့ အပြုအမူပဲ...သူက ပုန်ကန်ချင်နေတာလား....အတိတ်မှာတုန်းက သူက အိမ်တော်သခင်မလေးရဲ့ခင်ပွန်းလောင်းကို သတ်ဖြတ်ခဲ့တယ်...အရှင်က သူ့ဆီကိုသွားပြီး မဖြေရှင်းခဲ့တာကတင် အရှင့်ရဲ့ကြင်နာမှုကို လုံလုံလောက်လောက် ပြပြီးနေပြီ...အဲ့ဒီလုယွီက သူ့ကိုယ်သူ ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ အခုထိ မသိသေးတာပါလား"

မီးခိုးရောင်ဝတ်စုံဝတ် တာအိုပညာရှင်အိုကြီးက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

"မိဖုရားချီ....စိတ်အေးအေးထားပါ..အဲ့ဒီကောင်လေးက တိုက်ဆိုင်မှုတစ်ခုကြောင့် ငါတို့မပြင်ဆင်ရသေးတဲ့အချိန်မှာ အလစ်အငိုက်ဖမ်းပြီးတိုက်ခိုက်ခဲ့တယ်...ဒါကြောင့် သူ အောင်မြင်မှုရသွားတာပါ....သူက ကောင်းကင်နဲ့မြေပြင်ရဲ့အတိမ်အနက်ကိုမသိတဲ့ ကောင်စုတ်လေးတစ်ယောက်ပါပဲ.....တခြားတာအိုရောင်းရင်းတွေက သူ့ကို အလွယ်တကူ နှိမ်နင်းနိုင်ပါလိမ့်မယ်"

လက်ရှိနေရာတွင်ရှိနေသော ဧည့်အကြီးအကဲဆယ့်နှစ်ယောက်အနက် ခုနစ်ယောက်သည် အမြစ်ပြတ်သုတ်သင်ခံရသဖြင့် အားအကောင်းဆုံးငါးယောက်သာ ကျန်ရှိတော့သည်။

ထိုလူငါးယောက်သည် အတူတကွပူးပေါင်း၍တိုက်ခိုက်ပါက လုယွီသေဆုံးရမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

မိဖုရားချီက ပြောဆိုသည်။

"ဧည့်အကြီးအကဲတွေက ပင်ပင်ပန်းပန်းကြိုးစားပြီးတော့ ကြီးမားတဲ့အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တယ်...လာကြစမ်း...ဧည့်အကြီးအကဲတွေကို ကုသပေးဖို့အတွက် သိုလှောင်ရုံကိုသွားပြီးတော့ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ စိတ်ဝိညာဥ်ဆေးပင်တွေအားလုံးကို ယူလာခဲ့ကြစမ်း"

"ဟုတ်ကဲ့"

ချီဘုရင်အိမ်တော်မှ လက်အောက်ငယ်သားများသည် အမိန့်ကိုလက်ခံရရှိသည်နှင့် ချက်ချင်းဆိုသလိုပင် ထွက်ခွာသွားကြသည်။

ထိုအချိန်ကျမှသာ လက်ရှိနေရာတွင်ရှိနေသော အကြီးအကဲတချို့၏မျက်နှာများပေါ်၌ စိတ်သက်သာရာရသွားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

သူတို့၏ဆုံးရှုံးမှုများသည် သေးငယ်သည်ဟုမဆိုနိုင်​ချေ။သို့ရာတွင် အကယ်၍ သူတို့သည် နှစ်တစ်ထောင်သက်တမ်းရှိသော ဆေးပင်များကိုရရှိပါက ဤအရာများအားလုံး ထိုက်တန်သွားပေမည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သည် စိတ်ဝိညာဉ်ဆေးပင်များ ပေါကြွယ်ဝသည့် နယ်မြေတစ်ခုပင်။ဤနာမည်အတွင်း၌ ဆေးဆိုင်များထောင်သောင်းချီ၍ရှိနေသည်။အလယ်အလတ်အရွယ်အစားနှင့် သေးငယ်သောအရွယ်အစားရှိသည့်ဆေးဆိုင်များ ဆေးသိုလှောင်ရုံများသည် မရေမတွက်နိုင်အောင်ရှိနေကာ နယ်မြေတစ်ခုလုံးအတွက်လိုအပ်သော ဆေးပင်များကို ထောက်ပံ့ပေးနိုင်သည်။

နှစ်စဉ်နှစ်တိုင်း ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ဆေးပင်အမြောက်အများကို နယ်မြေအတွင်းမှ ထုတ်လုပ်နိုင်သည်။ထိုဆေးပင်များ၏တစ်စိတ်တစ်ပိုင်းကို တော်ဝင်နန်းတွင်းသို့ ဆက်သရသော်လည်း အများစုသည် ချီဘုရင်၏အိမ်တော်သို့သာ ရောက်ရှိလာပေ၏။ချီဘုရင်၏အိမ်တော်တွင် ဆေးသန့်စင်သော မဟာဆေးပညာရှင်ဆယ့်ငါးယောက်ရှိကာ ကျင့်ကြံခြင်းအရင်းအမြစ်များသည် အလွန်ပေါကြွယ်ဝသည်ဟု ဆိုနိုင်ပေ၏။

ဤသည်မှာ မည်သည်ကြောင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် ချီဘုရင်၏အိမ်တော်သို့ ဝင်ရောက်လိုသည်ဟူသော အကြောင်းအရင်းလည်းဖြစ်သည်။ဤကဲ့သို့ ကျင့်ကြံဆင့်အရင်းအမြစ်များကို တခြားနေရာများ၌ ရရှိရန်မှာ မဖြစ်နိုင်​ချေ။

"မိဖုရားချီကို ကျေးဇူးတင်ပါတယ်"

ဧည့်အကြီးအကဲများက ဦးညွှတ်အရိုအသေပြုလိုက်သည်။

"အဲ့ဒီကောင်လေးက သူ့ရဲ့အရည်အချင်းကို ဟန်ရေးပြနေတာပဲ...သူက အနှေးနဲ့အမြန် ရှုံးနိမ့်သွားရလိမ့်မယ်...ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလိုအစွမ်းထက်နေပေမယ့် သူ့မှာ လုံလောက်တဲ့အခြေခံအုတ်မြစ်မရှိဘူး...အတိတ်မှာ လု မိသားစုက သူကို ခေါ်ယူချင်ခဲ့တယ်...ဒါပေမဲ့ သူက ငြင်းဆန်ခဲ့တယ်... ထိပ်သီးမိသားစုတစ်စုရဲ့အခြေခံအုတ်မြစ်မရှိရင် သူကို ဘာမှစိုးရိမ်စရာမလိုဘူး...သူက ဘယ်လိုလုပ်ပြီးတော့ ငါတို့ချီဘုရင်အိမ်တော်ကို ဆန့်ကျင်နိုင်မှာလဲ"

မိဖုရားချီ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာတစ်ရပ် ထင်ဟပ်နေသည်။ထို့နောက် သူမက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"တကယ်လို့ လုယွီ အသက်ရှင်နေအုံးမယ်ဆိုရင် ငါကိုယ်တိုင် သူ့ကို ဖမ်းမယ်...သူ့ကို နေ့ရောညပါနှိပ်စက်ပြီးတော့ မသန်မစွမ်းတစ်ယောက်ဘဝကို ပြောင်းပစ်မယ်"

အတိတ်တွင် သူမသည် နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်း၏ဂိုဏ်းချုပ်တစ်ယောက်ပင်။ သူမ၏လက်အောက်၌ မရေမတွက်နိုင်သော ယောက်ျားသားများ သေဆုံးသွားခဲ့ရသည်။

ထို့နောက် သူမက စိုးရိမ်ပူပန်သောမျက်နှာအမူအယာဖြင့် ပြောဆိုလိုက်၏။

"ဒီဘေးဒုက္ခကနေ အရှင်က အသက်ရှင်ရက်လွတ်မြောက်နိုင်ပါ့မလားဆိုတာ ငါ စိုးရိမ်မိတယ်"

"အဲ့ဒီကောင်လေးက လှည့်ကွက်တခုကို အသုံးပြုပြီးတော့ အလစ်အငိုက်ဖမ်းပြီး တိုက်ခိုက်နေရုံပါပဲ...တကယ်တော့ သူက သူ့ရဲ့အကန့်အသတ်အခြေအနေကို ရောက်နေပြီ...အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှစိုးရိမ်ဖို့မလိုဘူး...သူ့ကို တခြားတာအိုရောင်းရင်းတွေက သတ်တောင်ပြီးနေလောက်ပြီ"

"တာအိုရောင်းရင်းတွေရဲ့ အရည်အချင်းတွေက ပြိုင်ဘက်ကင်းတယ်....ဒါပြင် ဝေ့ယန်နတ်ဘုရားရဲ့အကူအညီရှိနေမှတော့ ငါတို့က အဲ့ဒီကောင်တွေကို ဖိနှိပ်နိုင်မှာ သေချာပေါက်ပဲ"

ဧည့်အကြီးအကဲများက အခိုင်အမာယုံကြည်ချက်ရှိစွာဖြင့် တုံ့ပြန်သည်။

မည်သို့ပင်ဆိုစေကာမူ ဧည့်အကြီးအကဲများအကြားတွင် သူတို့အားကူညီပေးမည့် နတ်ဘုရားတစ်ပါးရှိနေသည်။

ကုန်းမြေကြီးလေးခုကို ဖြတ်သန်းစီးဆင်းနေသော ဝေ့မြစ်၏အတွင်း၌ နတ်ဘုရားတစ်ပါးနေထိုင်သည်။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ ခေတ်ကာလအတောအတွင်း၌ သူအား 'စစ်နတ်ဘုရား'ဘွဲ့ကိုချီးမြင့်ကာ နတ်ဘုရားများစာရင်းသို့ ထည့်သွင်းခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် ကြွင်းကျန်သောဧည့်အကြီးအကဲငါးယောက်အနက်မှ တစ်စုံတစ်ယောက်၏ခန္ဓာကိုယ် တုန်ရီသွားကာ သူ့၏နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းများ ယိုစီးကျလာသည်။

တခြားတစ်ယောက်ထံမှာလည်း သူ၏ဒွာရခုနှစ်ပေါက်မှ သွေးများထွက်လာကာ သူ့၏မျက်နှာပေါ်တွင် ရှုံမဲ့တွန်လိမ်နေသော အမူအယာတစ်ရပ်ရှိနေသည်။သူသည် ထိုင်ခုံပေါ်၌ တောင့်တင်းစွာမတ်တပ်ရပ်နေကာ အနည်းငယ်မျှလှုပ်ရှားခြင်းမရှိတော့ချေ။

Chapter 4218

ဘန်း...ဘန်း...

ဝေ့ယန်နတ်ဘုရား၏နံဘေး၌ ကောင်းမွန်သောသစ်များဖြင့် ပြုလုပ်ထားသည့် စားပွဲများနှင့်ထိုင်ခုံများရှိနေသည်။ထိုသစ်သားများထံမှနေ၍ မွှေးပျံ့သောရနံ့များ ထွက်ပေါ်နေကာ ခိုင်ခံမာကြောရုံတင်သာမက တစ်စုံတစ်ယောက်၏ စိတ်နှလုံးသားကို ကြည်လင်စေနိုင်စွမ်းရှိသည်။

သို့ရာတွင် ထိုခိုင်ခံမာကြောသော စားပွဲခုံနှင့်ထိုင်ခုံများသည် လေလှိုင်းတချက် ဝှေ့ယမ်းတိုက်ခတ်လာသည်နှင့်အတူ စက္ကူတစ်ရွက်အလား ကျိုးပဲ့သွားသည်။

မိဖုရားချီ၏နဘေးတွင်ရှိနေသော အစေခံများသည် ခြေတစ်လှမ်းရှေ့တက်ကာ လက်စည်းတံဆိပ်များကိုဖွဲ့စည်း၍ အတားအဆီးအလွှာတစ်ခုကိုပြုလုပ်ပြီး သူမကို ကာကွယ်လိုက်ကြသည်။

တခြားလူများသည်လည်း ထို​စွမ်းအားများကိုပိတ်ဆို့ဟန်တားရန်အတွက် သူတို့၏မှော်စွမ်းအားများကို ထုတ်ဖော်အသုံးပြုလိုက်ကြ၏။

ကံကောင်းထောက်မစွာဖြင့် ဤသည်မှာ မတော်တဆဖြစ်ပွားသွားခြင်းသာဖြစ်ပြီး တိုက်ခိုက်မှုတစ်ခုမဟုတ်သဖြင့် များစွာထိခိုက်သွားစေခြင်းမရှိချေ။

ဝေ့ယန်နတ်ဘုရား၏မျက်လုံးများ ရုတ်တရက်ပွင့်လာသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။သူ၏မျက်လုံးအတွင်းမှ တောက်ပသောအလင်းတန်းတစ်တန်းဖြာထွက်လာကာ မိုးကောင်းကင်ယံအတွင်းရှိ တောက်ပသောလမင်းကြီးအလားပင်။ထိုအရာတွင် လျှို့ဝှက်ဆန်းကြယ်သော အနက်အဓိပ္ပါယ်များ ပါဝင်နေကာ အလွန်အမင်းနက်ရှိုင်းပြီး နားလည်ရန်ခက်ခဲသည်။

"မြင့်မြတ်တဲ့နတ်ဘုရား....မင်း အဲ့ဒီကောင်လေးကို သတ်ခဲ့လား"

တစ်စုံတစ်ယောက်က မေးမြန်းသည်။

တခြားလူများသည်လည်း မျှော်လင့်ချက်များပြည့်နှက်နေသောမျက်လုံးများဖြင့် သူ့အား ကြည့်လိုက်ကြသည်။

ချီဘုရင်၏အိမ်တော်ရှိ ဧည့်အကြီးအကဲဆယ့်နှစ်ယောက်အနက် ဝေ့ယန်နတ်ဘုရားသည် လျှို့ဝှက်ဆန်းကြယ်ဆုံးနှင့်အစွမ်းထက်ဆုံးလူပင်။

အတိတ်တွင် ဝေ့ယန်နတ်ဘုရားသည် နတ်ဘုရားဘွဲ့ကိုချီးမြှင့်ခြင်းခံရစဉ်၌ သူသည် တော်ဝင်နန်းတွင်း၏အရာရှိရာထူးကို လက်ခံရန် ငြင်းဆန်ခဲ့သည်။

သူသည် နတ်ဘုရားစာရင်းဝင် နတ်ဘုရားတစ်ပါးအဖြစ်ကိုသာ ခံယူခဲ့လေ၏။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ရှေးဟောင်းကောင်းကင်ဘုံနန်းတော်မှ ပြုလုပ်ခဲ့သော နည်းလမ်းအတိုင်း ကျင့်သုံးခဲ့သည်။သူသည် နတ်ဘုရားများအားလုံးကို ဧကရာဇ်၏အမိန့်အား လိုက်နာစေရန် ဖိနှိပ်ခဲ့လေ၏။

နတ်ဘုရားစာရင်းအတွင်း၌ပါဝင်သော နတ်ဘုရားများသာ အစစ်အမှန်နတ်ဘုရားများပင်။ ထိုအချိန်ကျမှသာ သူတို့သည် ဘုရားကျောင်းများကို ပြောင်ပြောင်တင်းတင်းတည်ထောင်ခွင့်ရပြီး အမွှေးနံ့သာစွမ်းအားများကို ခံစားနိုင်သည်။တခြားနတ်ဘုရားများသည် အတုအယောင်နတ်ဘုရားများနှင့် နတ်ဆိုးနတ်ဘုရားများပင်။အကယ်၍ သူတို့အား ရှာဖွေတွေ့ရှိပါက တော်ဝင်နန်းတွင်းမှနေ၍ သူတို့အားသတ်ဖြတ်ပေလိမ့်မည်။

နတ်ဘုရားစာရင်းဝင်နတ်ဘုရားများ၏ခွန်အားသည် ကောင်းမွန်ရန်လိုအပ်ရုံသာမက တာယွီအင်ပါယာအပေါ် သူတို့အားလုံး အကျိုးဆောင်ပေးရကာ ဧကရာဇ်အား သစ္စာစောင့်သိရသည်။

မီဖေးသည် လော့ရှန်းနတ်ဘုရားဘွဲ့ကိုရရှိထားခြင်းမှာ သူမထံတွင် စစ်ရေးအောင်မြင်မှုများရရှိထားရုံသာမက သူမသည် ဧကရာဇ်၏ကြင်ယာတော်တစ်ပါး ဖြစ်နေသောကြောင့်ပင်။

သို့ရာတွင် ဝေ့ယန်နတ်ဘုရားထံတွင် မည်သည့်စစ်ရေးအောင်မြင်မှုမျှ မရှိချေ။နောက်ပိုင်းတွေချီဘုရင်သည် သူ့အားကူညီကာ လိပ်နက်စစ်စခန်း၌ နာမည်ခံလက်ထောက်တပ်မှူးရာထူးကို စီစဉ်ပေးခဲ့ပြီး တောပုန်းဓားပြတချို့ကို သုတ်သင်စေခဲ့သည်။ဤသည်ကြောင့် သူထံတွင် စစ်ရေးအောင်မြင်မှုတချို့ ရရှိခဲ့ခြင်းပင်။

အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာမှသာ သူသည် တပည့်များ ခေါ်ယူခွင့်ရပေမည်။

ထို့ကြောင့် ဝေ့ယန်နတ်ဘုရားသည် တစတစပို၍သန်မာအားကောင်းလာပေ၏။နောက်ပိုင်းတွင် သူသည် ကျေးဇူးပြန်ဆပ်သည့်အနေဖြင့် ချီဘုရင်၏အိမ်တော်သို့ဝင်ရောက်ကာ ဧည့်အကြီးအကဲတစ်ယောက် ဖြစ်လာခဲ့သည်။

ဝေ့ယန်နတ်ဘုရား၏ပါးစပ်မှနေ၍ မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"သူက အရမ်းသန်မာအားကောင်းတယ်...သူက မိုးကြိုးစွမ်းအားကို အသုံးပြုပြီးတော့ ငါ့ရဲ့နတ်ဘုရားစိတ်အာရုံကို ကြေမွှပျက်စီးသွားစေခဲ့တယ်"

ဝေ့ယန်နတ်ဘုရား အမှန်တကယ် ရှုံးနိမ့်သွားခဲ့သလော....

လက်ရှိနေရာတွင်ရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ဤသည်မှာ ချီဘုရင်၏အိမ်တော်အတွင်း၌ အစွမ်းထက်ဆုံးဧည့်အကြီးအကဲပင်။သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်သည်မှာ နှစ်နာရီမပြည့်သေးမီမှာပင် သူ အမှန်တကယ်ရှုံးနိမ့်သွားခဲ့ပေ၏။

ဝေ့ယန်နတ်ဘုရားသည် ​ချဲ့ကားပြောဆိုနေခြင်းမဟုတ်ကြောင်း သူ၏နံဘေးပတ်ဝန်းကျင်တွင် ဝိုင်းရံနေသော အဖြူရောင်အခိုးအငွေ့များကိုကြည့်ခြင်းအားဖြင့် တခြားသူများအားလုံး သိရှိနိုင်သည်။သူသည် အလွန်အမင်းကြီးမားသော တန်ကြေးကိုပေးဆပ်ခဲ့ရသည်မှာ သိသာထင်ရှားသည်။

ဤအချိန်အခိုက်အတန့်တွင် လူများအားလုံး အသိစိတ်ပြန်ဝင်လာကြသည်။

"အတိတ်တုန်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့အုပ်ချုပ်သူအရှင်တွေမှာ ဒီလိုအရည်အချင်းမျိုး မရှိပါဘူး"

တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြေ၏ ယခင်အုပ်ချုပ်သူအရှင်များသည် စစ်ရေးအောင်မြင်မှုရမှတ်အမြောက်အများကို စုဆောင်းပြီးနောက် ရာထူးတိုးလာခြင်းဖြစ်သည်။ထိုလူများသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြစ်သော်လည်း လုယွီကဲ့သို့ ကြောက်မက်ဖွယ်မကောင်းချေ။

လက်ရှိနေရာတွင်ရှိနေသော ဧည့်အကြီးအကဲများအနက် မည်သူကမျှ သူ့အား မယှဉ်ပြိုင်နိုင်ကြချေ။ဧည့်အကြီးအကဲတစ်ယောက်ဆိုလျှင် အမှန်တကယ်ကို သေဆုံးသွားခဲ့ပေ၏။

လုယွီသည် စိတ်ဝိညာဥ်ချုပ်နှောင်ခြင်းနည်းစနစ်ကို အသုံးပြု၍ မိုင်းပေါင်းသောင်းနှင့်ချီအဝေးတွင်ရှိနေသော ထိုဧည့်အကြီးအကဲအား သတ်ဖြတ်လိုက်ခြင်းပင်။

ဤကဲ့သို့နည်းလမ်းတစ်ခုသည် အလွန်တုန်လှုပ်ဖွယ်ကောင်းပေ၏။

"အရှင်က အန္တရာယ်များတဲ့အခြေအနေကိုကျရောက်နေပြီ....လုယွီကိုရင်ဆိုင်နိုင်တာ ဘယ်သူမှ မရှိတော့ဘူးလား"

မိဖုရားချီက တင်းမာခက်ထန်စွာ အော်ငေါက်လိုက်သည်။

ခန်းမတစ်ခုလုံး တိတ်ဆက်ငြိမ်သက်နေကာ မည်သူမျှ စကားပြောဆိုခြင်းမပြုချေ။

ကြီးကြပ်ခမ်းနားပုံရသော ဧည့်အကြီးအကဲတစ်စုသည် သူတို့၏ပါးစပ်များကို ပိတ်ထားကြကာ သူတို့၏မျက်နှာများပေါ်တွင် ရှက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

ယခင်က သူတို့သည် လုယွီ၏အသက် အလွန်ငယ်နေသဖြင့် လှောင်ပြောင်ခဲ့ကြကာ သူ့အတွက် မည်သည့်အရာက ကောင်းမွန်သည်ကို မသိဟု ပြောဆိုခဲ့ကြသည်။အဆုံးသတ်၌ ထွက်ပေါ်လာသောဖြစ်ရပ်မှန်သည် သူတို့၏ပါးများကို ပြင်းပြင်းထန်ထန်ဖြတ်ရိုက်လိုက်သည်အလားပင်။

သူတို့အနက်မှ အားအကောင်းဆုံး ဝေ့ယန်နတ်ဘုရားပင်လျှင် လုယွီကို ယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။အကယ်၍ သူတို့အားလုံး တိုက်ခိုက်ပါကလည်း အချည်းနှီးသာဖြစ်ပေလိမ့်မည်။

Chapter 4219

"ကောင်းတယ်....အရမ်းကောင်းတယ်...နင်တို့အားလုံးကို အားကိုးလို့မရမှတော့ ဒီအရှင်မက အကူအညီရဖို့အတွက် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ဖိတ်ခေါ်ရုံပဲကျန်တော့တယ်"

မိဖုရားချီက မတ်တတ်ထရပ်ကာ သူမ၏ထက်ရှသောမျက်လုံးတစ်စုံဖြင့် နံဘေးပတ်ဝန်းကျင်ရှိလူများကို စူးစိုက်ကြည့်ပြီးနောက် ပြင်ပသို့ထွက်ရန်အတွက် သူမ၏ခြေထောက်ကို မြှောက်လိုက်သည်။

ကျွီ....

ထိုအချိန်မှာပင် ခန်းမ၏တံခါး ရုတ်တရက်တွန်းဖွင့်ခြင်းခံလိုက်ရကာ ပြင်ပမှနေ၍ ကလေးတစ်ယောက်ဝင်ရောက်လာသည်။

ထိုကလေးသည် ခန်းမအတွင်းရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို အနည်းငယ်မျှထိတ်လန့်ကြောက်ရွံ့ခြင်းမရှိချေ။သူက မိဖုရားချီကို ဦးညွှတ်အရိုအသေပြုကာ ပြောဆိုလိုက်၏။

"ပဉ္စမသခင်မလေး...ချီဘုရင်က အန္တရာယ်တွေ့နေပြီလို့ မိသားစုခေါင်းဆောင်က အာရုံခံမိတယ်...ဒါကြောင့် သူက အခုလှုပ်ရှားမှုတစ်ခုကို လုပ်နေပါပြီ...သခင်မလေး ဘာမှမစိုးရိမ်ဖို့ သူက ပြောလိုက်တယ်"

ပတ်ဝန်းကျင်ရှိလူများသည် ထိုကလေး၏စကားကိုကြားချိန်တွင် သူ၏မူရင်းဇစ်မြစ်ကို ခန့်မှန်းမိလေ၏။

ကျိုးမိသားစုတစ်ခုတည်းကသာ မိဖုရားချီအား ပဉ္စမသခင်မလေးဟု ခေါ်ဆိုသည်။

မိဖုရားချီသည် ကျိုးမိသားစုအတွင်း‌၌ ပဉ္စမသခင်မလေးပင်။သူမသည် တော်ဝင်မျိုးနွယ်တစ်ယောက်နှင့် လက်ထပ်ခဲ့သော်လည်း ကျိုးမိသားစုသည် သူမအား ပဉ္စမသခင်မလေးဟု ဆက်လက်၍သုံးနှုန်းနေဆဲပင်။

ထိုသတင်းကိုကြားချိန်တွင် မိဖုရားချီ၏မျက်နှာပေါ်၌ အနည်းငယ်စိတ်သက်သာရာရသွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။ထို့နောက် သူမက ထိုင်ခုံပေါ်၌ ပြန်ထိုင်လိုက်၏။

"ဘိုးဘေးက တခြားဘာပြောလိုက်သေးလဲ"

ကလေးတစ်ယောက်ပုံစံရှိသော ထုန်ကျီးက ပြောဆိုသည်။

"လုယွီက ပါရမီရှင်တစ်ယောက်လို့ ဘိုးဘေးက ပြောခဲ့တယ်...တကယ်လို့ သူ့ကို ကျိုးမိသားစုထဲရောက်အောင် သိမ်းသွင်းနိုင်မယ်ဆိုရင် အရေးပါတဲ့ရာထူးနေရာတစ်ခုမှာ သူ့ကိုထားမယ်...လုယွီကို သိမ်းသွင်းလို့မရရင်တော့ သူ့ကို မသန်မစွမ်းဖြစ်အောင်လုပ်ပြီး ကျိုးမိသားစုရဲ့ရုပ်သေးအဖြစ် ပြောင်းရလိမ့်မယ်"

မိဘုရားချီ၏မျက်လုံးအတွင်း၌ နာကြည်းမုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်လာကာ သူမက အော်ဟစ်လိုက်သည်။

"သူက အရှင်ကို မလေးမစားဆက်ဆံရဲတယ်...ဘာလို့ ငါတို့က သူ့ကို အရေးပါတဲ့ရာထူးနေရာမှာ ထားရမှာလဲ"

"လုယွီက မိသားစုအတွက် အရမ်းအသုံးဝင်တယ်"

ထုန်ကျီးက ပြောဆိုသည်။

"ငါတို့ကျိုးမိသားစုက နှစ်ပေါင်းများစွာ​ကြာအောင် တိမ်မြုပ်နေခဲ့ရတယ်...ဒါကြောင့် ငါတို့မိသားစုမှာ လူငယ်မျိုးဆက်သစ်တွေ အရမ်းရှားပါးနေတယ်...လုယွီက ပါရမီရှင်တစ်ယောက်ပဲ....တကယ်လို့ ငါတို့တွေက သူ့ကို မိသားစုထဲသိမ်းသွင်းနိုင်မယ်ဆိုရင် သူ့ကို နယ်ရုပ်တစ်ခုအဖြစ် အသုံးပြုပြီးတော့ မမျှော်လင့်ထားတဲ့ရလဒ်တွေ ရလာနိုင်တယ်"

ထုန်ကျီး၏အသံသည် ငယ်ရွယ်ပြီးနူးညံ့သိမ်မွေ့သည်မှာ သိသာထင်ရှားသော်လည်း သူ၏စကားလုံးများတွင် အိုမင်းမှုအရိပ်အယောင်များရှိနေသည်။သူသည် ဤနေရာသို့ သတင်းစကား လာရောက်ပို့ဆောင်သည်မှာ သိသာထင်ရှားလှ၏။

"သူက အရှင်ကို ရန်စစော်ကားခဲ့တယ်...ငါတို့က သူ့ကို အသက်ရှင်ခွင့်ပေးလို့မရဘူး"

ချီမိဘုရားက တင်းမာခက်ထန်သောလေသံဖြင့် အော်ငေါက်လိုက်သည်။

"ဘိုးဘေးက လှုပ်ရှားမှုတစ်ခုလုပ်နေပါပြီ....သခင်မလေးက ကျေးဇူးပြုပြီးတော့ ရလဒ်ကိုစောင့်နေရုံပါပဲ"

ထုန်ကျီးသည် မိဖုရားချီ၏ဒေါသကို လျစ်လျူရှုကာ ပြောဆိုသည်။

လက်ရှိနေရာတွေရှိနေသူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဤကောင်လေးသည် ကျိုးမိသားစုကို ကိုယ်စားပြုခြင်းဖြစ်သဖြင့် ရိုင်းပျစွာစကားပြောဆိုနေသည့်တိုင် မည်သူကမျှ ဟန့်တားဝံ့ခြင်းမရှိချေ။

ချီမိဘုရားသည် တော်ဝင်မျိုးနွယ်နှင့် လက်ဆက်ပြီးဖြစ်သော်လည်း သူမသည် ကျိုးမိသားစုဝင်တစ်ယောက်ဖြစ်နေဆဲပင်။ထို့ပြင် ကျိုးမိသားစု၏သြဇာအာဏာလွှမ်းမိုးမှုသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ ထောင့်တစ်နေရာတိုင်း၌ ရှိနေပေ၏။

ချီဘုရင်၏အိမ်တော်အတွင်း၌ပင် ကျိုးမိသားစု၏မျက်နှာသာပေးမှုကြောင့် ဧည့်အကြီးအကဲများဖြစ်လာသော လူအမြောက်အများရှိသည်။

ချီမိဖုရားသည် ထိုင်ခုံပေါ်သို့ ဒေါသတကြီးပြန်ထိုင်လိုက်၏။သူမ၏မျက်နှာနီမြန်းနေကာ သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်။သူမ၏မျက်လုံးအတွင်းတွင် နာကြည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသော်လည်း သူမထံတွင် အစွမ်းအစကင်းမဲ့နေပေ၏။

.....

ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်း၌....

ရေအိုင်မျက်နှာပြင်သည် ယခင်ကဲ့သို့ တည်ငြိမ်ခြင်းမရှိတော့ချေ။ကျိုးပဲ့သွားသော ကျောက်စကျောက်နများက နေရာအနှံ့အပြား၌ ပြန့်ကျဲနေသည်။ကျောက်ရုပ်တုတချို့သည် ကျိုးပဲ့ပြီးနောက် ရေထုအတွင်းသို့ ပြုတ်ကျသွားကာ ရေအိုင်အတွင်း၌ အလျားလိုက်နစ်မြုပ်နေပေ၏။

ဤနေရာအနီးတဝိုက်ရှိ မြေပြင်ပေါ်တွင် နေရာအနှံ့အပြား၌ နက်ရှိုင်းသောကျင်းကြီးများရှိနေသည်။ထိုကျင်းနက်ကြီးများမှနေ၍ အခိုးအငွေ့များထွက်ပေါ်နေကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

"သူတို့တွေ....သူတို့တွေအားလုံး ဖျက်ဆီးခံလိုက်ရပြီလား"

လုချန်းချင်နှင့်တခြားလူများအားလုံး ကြက်သေသေသွားကြသည်။သူတို့ရှေ့ရှိမြင်ကွင်းသည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းကာ သူတို့၏နားလည်သဘောပေါက်နိုင်မှုထက် ကျော်လွန်နေသည်ကို ခံစားမိလေ၏။

အစောပိုင်းက မိုးကောင်းကင်ယံအတွင်းသို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဆယ့်နှစ်ယောက်၏ ဓမ္မပုံရိပ်ယောင်များ ရောက်ရှိလာသည်။ထိုဓမ္မပုံရိပ်ယောင်များထံမှ ထုတ်လွှတ်ထားသော ဖိအားအရှိန်အဝါသည် အလွန်ကြီးမားကာ လူအများအား ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရစေသည်။

ဤသည်မှာချီဘုရင်၏အိမ်တော်ရှိအယ်အကြီးအကဲ၁၂ယောက်ပင်သူတို့အနက်မှာတစ်ယောက်စီသည်ဤလောကကြီးအတွင်း၌ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတယောက်ဖြစ်ပေ၏

အထူးသဖြင့် ဝေ့ယန်နတ်ဘုရားပင်။သူသည်လက်စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းကာ နတ်ဘုရားနယ်မြေကို ဖန်တီးပြီး လုယွီနှင့်သူတို့အကြားရှိ လေဟာနယ်ကို ပိုင်းခြားလိုက်သည်။ ထို့ကြောင့် သူတို့သည် လုယွီ၏အနီးသို့ ချဉ်းကပ်နိုင်ခဲ့ခြင်းမရှိချေ။

သို့ရာတွင် လုချန်းချင်နှင့်တခြားလူများသည် နတ်ဘုရားနယ်မြေကို ချိုးဖျက်ပြီးနောက် ထိုဓမ္မပုံရိပ်ယောင်ဆယ့်နှစ်ခုလုံး လုယွီကြောင့် ကြေမွှပျက်စီးသွားသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။

Chapter 4220

လေထုအတွင်း၌ တိုက်ပွဲ၏နောက်ချန်အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

လုယွီနှင့်ဝေ့ယန်နတ်ဘုရားတို့သည် ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို ဆင်နွှဲခဲ့ကြလေ၏။သူတို့သည် သူတို့၏အထွတ်အမြတ်နတ်ဘုရားစွမ်းအားများကို အသုံးပြုကာ တစ်ဖက်လူ၏ဓမ္မပုံရိပ်ယောင်ကို ခြေမွှဖျက်ဆီးရန်ကြိုးစားခဲ့ကြသည်။

ဤဓမ္မပုံရိပ်ယောင် ကြေမွှပျက်စီးသွားပါက သူ၏ကံကြမ္မာစွမ်းအားများ ပြိုလဲသွားခြင်းပင်။ ဤသည်မှာ ဓမ္မပုံရိပ်ယောင်တစ်ခုဖြစ်သော်လည်း ဝေ့ယန်နတ်ဘုရား၏အခြေခံအုတ်မြစ်ကို ထိခိုက်စေသည်။

ဤတစ်ကြိမ်တွင် ထိုအကြောင်းအရင်းကြောင့် သူ၏ဘုရားကျောင်းတစ်ရာကျော်ခန့် ပျက်စီးသွားခဲ့သည်။

ဝေ့ယန်နတ်ဘုရားသည် ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရသည်ဟု ဆိုနိုင်ပေ၏။သို့ရာတွင် ဤသည်မှတဆင့် လုယွီ မည်မျှထိ အစွမ်းထက်သည်ကို ပြသနေသည်။

"ချီဘုရင်...မင်းမှာ ဘာဝှက်ဖဲတွေ ကျန်သေးလဲ"

လုယွီ၏ဆံပင်များ ပြေလျော့နေကာ သူ၏မျက်လုံးအတွင်းမှ အလင်းရောင်များဖြာထွက်လာသည်။

ဤအကြည့်ကိုမြင်တွေ့မိချိန်၌ ချီဘုရင်သည် သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားမိလေ၏။

ဤသည်မှာ မည်ကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောခွန်အားမျိုး ဖြစ်သနည်း....

ထိုဧည့်အကြီးအကဲဆယ့်နှစ်ယောက်၏ကျင့်ကြံဆင့်နယ်ပယ်များကို သူ ကောင်းစွာသိရှိထားသည်။သူတို့သည် နယ်မြေတစ်ခုလုံးကို လှုပ်ခတ်နိုင်စွမ်းရှိသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ဖြစ်သော်လည်း လုယွီကို သတ်ဖြတ်နိုင်ခဲ့ခြင်းမရှိချေ။

အကယ်၍ သူတို့သည် အချိန်အတိုင်းအတာတစ်ခုထိ အချိန်ဆွဲ၍တိုက်ခိုက်ထားနိုင်ပါက သူ့အတွက် အဆင်ပြေသည်။

သို့ရာတွင် သူ မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့သော ဧည့်အကြီးအကဲများသည် အချိန်နှစ်နာရီခန့်ပင် တောင့်ခံနိုင်ခဲ့ခြင်းမရှိချေ။

"အမှိုက်တွေ...."

ချီဘုရင်က ဒေါသတကြီးဆဲဆိုလိုက်ကာသူ့၏လက်ဖြင့် လက်စည်းတံဆိပ်များကို အဆက်မပြတ်ဖွဲ့စည်းပြီး သံကြိုးကြီးများကို ရိုက်နှက်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် ခေါင်းတလားပေါ်၌ သံကြိုးသုံး​ချောင်းသာ ကျန်ရှိတော့သည်။

ထိုအရာများသည် တမူထူးခြားသောသံကြိုးများဖြစ်ပြီး ဟင်္သာပြဒါးအတွင်းသို့ စိမ်ထားသည့်အလား အနီရောင်ရှိကာ အလွန်အမင်းခိုင်ခံမာကျောသည်။

ချီဘုရင်နှင့်ကျိုးရှင်တို့သည် တိုက်စားမှုနည်းစနစ်ကိုအသုံးပြု၍ ထိုသံကြိုးများကို တတိတိဖြတ်တောက်နေခြင်းပင်။

ဤနည်းလမ်းသည် အနည်းငယ်ရိုးစင်းသော်လည်း အကျိုးသက်ရောက်မှုရှိနေဆဲပင်။သံကြိုးကြီးများ တုန်ခါသွားကာ ထိုအရာများ၏မျက်နှာပြင်ပေါ်၌ သေးငယ်သောအက်ကွဲကြောင်းလေးများ စတင်၍ထွက်ပေါ်နေလေပြီ။

သူတို့သည် ထိုခေါင်းတလားကို ဖွင့်နိုင်တော့မည့်အချိန်မှာပင် လုယွီသည် သူတို့အား ဟန့်တားထားလေ၏။

"လုယွီ...ငါတို့တွေ အတူပူးပေါင်းပြီးတော့ ဒီကံကြမ္မာစွမ်းအားအလင်းလွှာကို ချိုးဖျက်ကြရအောင်...ပြီးတော့မှ ငါတို့တွေ ကျိုးထုံတို့ကို ဆွဲထုတ်ကြမယ်"

လုချန်းချင်က အော်ဟစ်လိုက်သည်။

နဂါးအစောင့်များအပါအဝင် ပတ်ဝန်းကျင်ရှိလူများအားလုံးထံ၌ ရန်လိုသောမျက်နှာအမူအယာများရှိနေသည်။

ချီဘုရင်သည် သူတို့အားလုံးကို သတ်ဖြတ်ရန်အတွက် ထပ်ခါတလဲလဲကြံစည်ခဲ့သည်။လူအများ၏အမြင်အရ သူသည် တစ်ဖက်ဖက်မှ မသေဆုံးမချင်း အနားယူနိုင်မည်မဟုတ်သော ရန်သူတော်ကြီးတစ်ယောက်ပင်။

ယခုအချိန်၌ ချီဘုရင်သည် ခရားအတွင်းမှလိပ်တစ်ကောင် ဖြစ်နေလေပြီ။

အကယ်၍ သူသည် ရှေးဟောင်းလူသားဧကရာဇ်၏အမွေအနှစ်ကို လက်ခံရရှိလျှင်ပင် ဤကိစ္စကိုဖြေရှင်းနိုင်ရန် အလွန်အမင်း ခက်ခဲနေလေပြီ။

"အန္တရာယ် ကံကြမ္မာဟောကိန်း...ဘာလို့ ​အန္တရာယ်ကံကြမ္မာဟောကိန်း ထွက်ပေါ်လာတာလဲ"

လုယွီက ညည်းတွားလိုက်သည်။

သူသည် လုချန်းချင်တို့လူစုကို တိုက်ခိုက်ခွင့်မပြုသဖြင့် သူတို့အားလုံး နောက်သို့ဆုတ်လိုက်ကြသည်။

ကံကြမ္မာတာအိုနည်းစနစ်ကို ကျင့်ကြံပြီးနောက် လုယွီသည် ကံကြမ္မာအကောင်းအဆိုးအပေါ် နားလည်သဘောပေါက်မှုများ ရရှိလာသည့်အပြင် အန္တရာယ်ကိုအာရုံခံနိုင်စွမ်း မြင့်မားလာသည်။

ဤအချိန်အခိုက်အတန့်တွင် ဧည့်အကြီးအကဲဆယ့်နှစ်ယောက်၏ဓမ္မပုံရိပ်ယောင်များ ကြေမွှပျက်စီးသွားပြီဖြစ်သောကြောင့် မည်သည့်အန္တရာယ်မျှမရှိသောချေ။သို့ရာတွင် ကံကြမ္မာဟောကိန်းအရ သူ့ရှေ့ရှိ ကံကြမ္မာလမ်းကြောင်းများ မှေးမှိန်နေသည်ကို သူ ခံစားမိသည်။နေရာအနှံ့အပြား၌ အန္တရာယ်လမ်းကြောင်းများရှိနေကာ သူ သေဆုံးရမည်မှာ သေချာသလောက်နီးပါးပင်။

ချီဘုရင်နှင့်ကျိုးရှင်းတို့ထံတွင် ခုခံကာကွယ်ရန် စွမ်းအားမရှိတော့ချေ။အကယ်၍ သူတို့သည် ပြင်ပသို့ထွက်လာပါက သူတို့သေဆုံးရမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

"မင်းမှာ တခြားဘာဝှက်ဖဲတွေ ရှိသေးလဲ...အခုချက်ချင်း ထုတ်သုံးလိုက်စမ်း"

လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။

ချီဘုရင်သည် တုံ့ပြန်ပြောဆိုခြင်းမရှိချေ။သူသည် သံကြိုးကြီးများကိုဖြတ်တောက်နိုင်ရန်အတွက် သူ၏စွမ်းအားများကို ဆက်လက်၍အသုံးပြုလိုက်သည်။

"လုယွီ...သူက အကန့်အသတ်အခြေအနေကို ရောက်နေပြီ....သူ့မှာ တခြားဘာဝှက်ဖဲမှ မရှိနိုင်တော့ဘူး"

လုချန်းချင်က ရှေ့သို့ခြေတစ်လှမ်းတိုးကာ ပြောဆိုသည်။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် အဝေးတစ်နေရာရှိ လေဟာနယ်အတွင်းမှနေ၍ ကြီးကျယ်ခမ်းနားသောမှော်စွမ်းအားများ ရုတ်တရက် ပွင့်အံ့ထွက်လာသည်။

အထွတ်အမြတ်ရွှေရောင်အလင်းတန်းများက အရပ်မျက်နှာအဘက်ဘက်သို့ ဖြာကျသွားပေ၏။တစ်ချိန်တည်းမှာပင် ဆယ်နှင့်ချီသောအလင်းတိုင်လုံးများ ထွက်ပေါ်လာကာ ထိုအလင်းတန်းများအကြားမှနေ၍ လူအိုကြီးတစ်ယောက် လျှောက်လှမ်းထွက်လာသည်။

ထိုအလင်းတန်းကို အာရုံခံမိချိန်၌ အလင်းလွှာအတွင်း၌ရှိနေသော ကျိုးရှင်းသည် ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ငါတို့ကျိုးမိသားစုရဲ့ဘိုးဘေး ရောက်လာပြီ...မင်းတို့အားလုံး သေရတော့မယ်.....ဟားဟား ဟား...."

ကျိုးရှင်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်ကာ သူ၏မျက်လုံးများ တောက်ပနေသည်။

"ဖူး...."

ထိုနေရာနှင့် အနီးစပ်ဆုံးနေရာတွင်ရှိနေသော လုချန်းချင်သည် ထိုအရှိန်အဝါ၏ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။သူသည် သွေးများ အဆက်မပြတ်အန်ထုတ်လိုက်ရကာ နောက်သို့ခြေလှမ်းများစွာ ဆုတ်ခွာပြီးမှ ရပ်တန့်နိုင်ခဲ့သည်။

ရုတ်တရက်ထွက်ပေါ်လာသော လူအိုကြီးကိုကြည့်ပြီး လုချန်းချင်၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များထင်ဟပ်လာသည်။သူသည် လေအေးတစ်ချက်ရှိုက်သွင်းကာ တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်၏။

"ဒီစွမ်းအားက ကောင်းကင်ဘုံကိုကျော်လွန်ပြီးတော့ ဥပဒေသစွမ်းအားတွေကို လှည့်ပတ်နေစေတယ်"

"သောက်ချေးပဲ....နတ်ဘုရားမြင့်မြတ်အမတ်ကြီးအကြောင်းကို မေ့ထားလိုက်ရင်တောင်...ဘာလို့ ငါက တခြားတာအိုသခင်တစ်ယောက်နဲ့ ထပ်တွေ့ရတာလဲ"

All Chapters