အခန်း (၄၂၂၁-၄၂၂၅)
Vol. 214 Ch. 4221-4225
Chapter 4221
လုချန်းချင်သည် သူ၏ရင်ဘတ်ပေါ်သို့ တောင်ကြီးတစ်လုံး ဖိစီးလာသည့်အလား ခံစားမိလေ၏။ဤသည်မှာ သူ၏ခန္ဓာကိုယ်ပေါ်သို့ ထိုက်တောင်ကြီးဖိစီးလာသည့်အလား သူ့အား အသက်ရှူမွန်းကြပ်မှုကို ခံစားရစေသဖြင့် သူသည် သွေးများအန်ထွက်တော့လုနီးပါးပင်။
သူ့ရှေ့ရှိ ရွှေရောင်အလင်းတန်းများအကြားရှိ လူအိုကြီး၏ပုံရိပ်ယောင် တဖြည်းဖြည်း ပို၍ကြည်လင်ပြတ်သားလာသည်။ထိုလူအိုကြီးထံမှ ကြီးကျယ်ခမ်းနားပြီး အကန့်အသတ်မရှိသော ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်နေကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လွှမ်းခြုံသွားသည်။
မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်နေသောအလင်းတိုင်လုံးများသည် ကောင်းကင်ယံကိုမော့ကြည့်၍ ရက်စက်ကြမ်းကြုတ်စွာဟိန်းဟောက်နေသော နဂါးများအလားပင်။ ထူးဆန်းသောသဘာဝလွန်ပုံရိပ်များသည် အဆက်မပြတ် ထွက်ပေါ်နေပေ၏။
"တာအိုသခင်....ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"
လက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူများသည် ရွှေရောင်အလင်းတန်းများအကြားရှိ လူအိုကြီး၏အစစ်အမှန် ကျင့်ကြံဆင့်နယ်ပယ်ကို မသိရှိကြချေ။သူတို့ရှေ့ရှိ လေထုအတွင်းမှ ဓမ္မပုံရိပ်ယောင်ကြီးကို တစ်ချက်ကြည့်ရုံဖြင့် သူတို့၏စိတ်နှလုံးသားများအတွင်းသို့ မိုးကြိုးတစ်စင်း ရိုက်ခတ်သွားသည့်အလား ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားမိလေ၏။
နယ်မြေသခင်နယ်ပယ်၏အထက်တွင် တာအိုသခင်နယ်ပယ်ရှိသည်။
တာအိုသခင်များသည် တာအိုဥပဒေသများကိုကျွမ်းကျင်ပိုင်နိုင်ကာ အရာအားလုံး၏အုပ်ချုပ်သူအရှင်ပင်။
နယ်မြေသခင်တစ်ယောက်သည် တာအိုဥပဒေသများကို လေ့လာဆင်ခြင်နိုင်သည်ဆိုပါက တာအိုသခင်များသည် ဥပဒေသများကို ဖမ်းဆုပ်နိုင်သည်။ထို့ပြင် တာအိုသခင်များသည်ဥပဒေသများကိုအသုံးပြု၍ လျှို့ဝှက်ဆန်းကြယ်သောနည်းစနစ်များကို ထုတ်ဖော်အသုံးပြုနိုင်ပေ၏။
တစ်ဖက်သည် လေ့လာဆင်ခြင်မှုဖြစ်ပြီး တခြားတစ်ဖက်သည် ကျွမ်းကျင်တက်မြောက်မှုပင်။ ဤနယ်ပယ်နှစ်ခုကြားရှိကွာဟချက်မှာ မိုးနှင့်မြေတမျှ ကြီးမားသည်။
နယ်မြေသခင်တစ်ယောက် မည်မျှထိအစွမ်းထက်သည်ဖြစ်စေ တာအိုသခင်တစ်ယောက်၏ရှေ့တွင် သူတို့ထံ၌ မည်သည့်အားသာချက်မျှ မရှိချေ။
လူများအားလုံးသည် မိုးကောင်းကင်ယံကြီးပြိုကျလာတော့မည့်အလား ခံစားနေရသည်။သူတို့ဘက်တွင် လူအမြောက်အများရှိနေသော်လည်း အကန့်အသတ်မရှိသော ရွှေရောင်အလင်းတန်းများက အရပ်မျက်နှာအဘက်ဘက်သို့ လွှမ်းခြုံနေသည်။လူအိုကြီးသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်၏။သူ၏မျက်လုံးတစ်စုံသည် မှုန်ဝါးနေသော်လည်း အတွင်း၌ ရွှေရောင်အလင်းတန်းတတန်း တောက်ပနေသည်။လူများအားလုံး သူတို့၏ခေါင်းများကို အောက်သို့ငုံလိုက်ကြကာ ထိုလူအိုကြီးကို စေ့စေ့မကြည့်ဝံ့ကြချေ။
"အဲ့ဒီလူအိုကြီးက ဘယ်သူလဲဆိုတာ ငါ မှတ်မိပြီ....သူက ကျိုးမိသားစုရဲ့ဘိုးဘေးပဲ.... သွားလေသူဧကရာဇ်က ကျိုးမိသားစုရဲ့စည်းစိမ်ဥစ္စာတွေကို သိမ်းပိုက်တဲ့အချိန်မှာ အဲ့ဒီလူအိုကြီးက လေတောင်မလည်ဝံ့ဘူး...သူက သူ့ရဲ့ပေါင်ကြားထဲမှာ အမြှီးဝှက်ပြီး ထွက်ပြေးသွားခဲ့တယ်...အခု သူက ဒီနေရာမှာ ထွက်ပေါ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
လုချန်းချင်သည် အစွမ်းထက်သော ဖိအားအရှိန်အဝါကိုတောင့်ခံကာ အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။
အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်သည် ကျိုးးမိသားစု၏စည်းစိမ်ဥစ္စာများအားလုံးကို သိမ်းပိုက်ရန် အမိန့်ပေးခဲ့သည်။
ကျိုးမိသားစု၏ဘိုးဘေးသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကဲ့သို့ အထွတ်အမြတ်တည်ရှိမှုကြီးတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် စကားတစ်ခွန်းမျှမဆိုဝံ့ချေ။
သို့ရာတွင် ယခုလက်ရှိအခြေအနေသည် ယခင်နှင့် ကွဲပြားခြားနားသွားလေပြီ။
သူတို့ဘက်ရှိ အားအကောင်းဆုံးတိုက်ခိုက်ရေးစွမ်းအားသည် နယ်မြေသခင်အဆင့်တွင်သာရှိသည်။ဤကဲ့သို့ အစွမ်းထွက်သောတည်ရှိမှုကြီးတစ်ယောက်နှင့်ရင်ဆိုင်ရပါက သူတို့ထံတွင် ပြန်လည်တိုက်ခိုက်ရန်အတွက် အခွင့်အရေးမရှိနိုင်ချေ။
ကျိုးမိသားစုဘိုးဘေးသည် ရွှေရောင်အလင်းတန်းများကြားမှနေ၍ ဖြည်းညှင်းစွာလျှောက်လှမ်းထွက်လာသည်။ဤသည်မှာ ဓမ္မပုံရိပ်ယောင်တစ်ခုသက်သက်ဖြစ်သော်လည်း ချီဘုရင်၏အိမ်တော်မှ ဧည့်အကြီးအကဲဆယ့်နှစ်ယောက်၏ ဓမ္မပုံရိပ်ယောင်များထက် များစွာပို၍သန်မာအားကောင်းသည်။
ပတ်ဝန်းကျင်အတွင်း၌ တုန်ခါသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ကျိုးမိသားစုဘိုးဘေးသည် ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းရုံများဖြင့် သူ၏နံဘေးပတ်ဝန်းကျင်၌ မြောက်မြားစွာသော ဓမ္မပုံရိပ်ယောင်များ ထွက်ပေါ်လာပေ၏။မိုးကောင်းကင်ယံအတွင်း၌ နဂါးများ ဖီးနစ်များ ပျံသန်းနေကာ ရက်စက်ကြမ်းကြုတ်သောကျားများ ဟိန်းဟောက်နေကြသည်။
"လုယွီ....ရပ်လိုက်စမ်း...."
ကျိုးမိသားစုဘိုးဘေးက ပြောဆိုသည်။ သူ၏အသံသည် မိုးကောင်းကင်ယံမှဆင်းသက်လာသော အမိန့်စကားတစ်ခွန်းအလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
'သူက အရမ်းအစွမ်းထက်တယ်'
လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏စိတ်နှလုံးသားများအတွင်း၌ တူညီသောအတွေး ရှိနေသည်။
တစ်ဖက်လူသည် မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်သေးချေ။သို့ရာတွင် သူ့ထံမှထွက်လာသော စကားတစ်ခွန်းသက်သက်ဖြင့် လူအများအား ထိတ်လန့်ကြောက်ရွံသွားစေရန် လုံလောက်သည်။
"မင်းရဲ့ခွန်အားက သာလွန်ထူးကဲတယ်....မင်းရဲ့ပါရမီအရည်အချင်းကလည်း ကောင်းကင်ဘုံနယ်မြေမှာ ထိပ်သီးအဆင့်ပဲ....ငါ မင်းကို မသတ်ချင်ဘူး....ဒါကြောင့် ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်"
"မင်းက အခုထိ လက်မထပ်ရသေးဘူး....ငါတို့ကျိုးမိသားစုထဲမှာလည်း လက်မထပ်ရသေးတဲ့ အရွယ်ရောက်မိန်းကလေးတချို့ ရှိနေတယ်.... မင်း အလိုရှိသလောက် သူတို့ကို ရွေးချယ်ယူလို့ရတယ်....တကယ်လို့ မင်းက လက်ထပ်ပြီးတော့ ငါတို့ကျိုးမိသားစုထဲကို ဝင်မယ်ဆိုရင် ကျင့်ကြံခြင်းအရင်းအမြစ်တွေ အများကြီးရစေရမယ်...ငါ မင်းကို ကတိပေးနိုင်တာက ဒီဖရိုဖရဲလောကကြီးအတွင်းမှာ မင်းက နယ်မြေတစ်ခုကိုလှုပ်ခတ်နိုင်တဲ့လူ သေချာပေါက်ဖြစ်လာလိမ့်မယ်....မင်းက အခုလက်ရှိ မင်းရဲ့အောင်မြင်မှုတွေထက် သာလွန်အောင် စွမ်းဆောင်နိုင်လိမ့်မယ်"
ကျိုးမိသားစုဘိုးဘေးက တည်ကြည်လေးနက်သောအမူအယာဖြင့် ပြောဆိုသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းတစ်သောင်းခန့်ရှည်လျားသော ရွှေရောင်အလင်းတန်းကြီးမှ ရစ်သိုင်းလွှမ်းခြုံထားကာ သူကိုကြည့်ရသည်မှာ အလွန်မြင့်မြတ်ပြီး တည်ကြီးလေးနက်သည်။
သူ စကားပြောဆိုနေစဉ် လုချန်းချင်နှင့်မြင့်မြတ်အရှင်ဟွမ်ထျန်းတို့နှစ်ယောက်လုံး ဖိနှိပ်မှုကို ခံစားရသည်။အကယ်၍ သူတို့ စကားပြောဆိုလိုလျှင်ပင် ပြောဆိုနိုင်စွမ်း မရှိတော့ချေ။
လူများအားလုံး၏မျက်နှာများထက်၌ ထိတ်လန့်ကြောက်ရွံသော အမူအယာများ ထင်ဟပ်နေသည်။
ကျိုးမိသားစုဘိုးဘေးသည် လုယွီကိုသိမ်းသွင်းရန် ကြိုးပမ်းနေပေ၏။
အကယ်၍ လုယွီသည် ကျိုးမိသားစုအတွင်းသို့ ဝင်ရောက်သွားပါက သူသည် ချီဘုရင်၏ဘက်တော်သားဖြစ်သွားမည်မှာ သေချာပေါက်ပင်။ထိုအချိန်ကျပါက သူတို့သည် သူတို့၏အားအကောင်းဆုံးတိုက်ခိုက်ရေးစွမ်းအား ဆုံးရှုံးသွားရမည့်အပြင် ဤနေရာ၌ သူတို့အားလုံး သေဆုံးသွားနိုင်သည်။
"အတိတ်မှာ ကျိုးထျန်းရင်က ငါတို့ကျိုးမိသားစုကို ဘာလို့ဖျက်ဆီးခဲ့လဲဆိုတဲ့ အကြောင်းအရင်းက ငါတို့ကျိုးမိသားစုရဲ့စည်းစိမ်ဥစ္စာတွေကို သူက တပ်မက်နေလို့ပဲ....အခုချိန်မှာ ရှမိသားစုက ကောင်းကင်ဘုံနယ်မြေထဲမှာ ချမ်းသာကြွယ်ဝဆုံးမိသားစုလို့ နာမည်ကျော်ကြားတယ်....ဒါပေမဲ့ ငါတို့ကျိုးမိသားစုရဲ့ရှေ့မှာ သူတို့ရဲ့ချမ်းသာကြွယ်ဝမှုက ပင်လယ်ထဲကရေတစ်ပေါက်ပဲ...စကားထဲထည့်ပြောဖို့တောင် မထိုက်တန်ဘူး"
Chapter 4222
"ငါတို့ကျိုးမိသားစုက နေရာအနှံ့အပြားမှာ ငွေအပ်နှံ့ဌာနတွေ ဖွင့်ထားပြီးတော့ ငွေကြေးချမ်းသာကြွယ်ဝတယ်...တကယ်လို့ မင်းက ငါတို့ကျိုးမိသားစုကို လာမယ်ဆိုရင် နောင်အနာဂတ်မှာ မင်းက ကျင့်ကြံခြင်းအရင်းအမြစ်တွေနဲ့ပတ်သက်ပြီးတော့ဘာမှာစိုးရိမ်ပူပန်ဖို့မလိုဘူး....ငါတို့ကျိုးမိသားစုမှာ မင်းကို ထောက်ပံ့ပေးဖို့အတွက် ကျင့်ကြံခြင်းအရင်းအမြစ်တွေအလုံအလောက်ရှိတယ်....ငါတို့က မင်းကို သာလွန်ထူးကဲတဲ့ ကျင့်ကြံဆင့်နယ်ပယ် ရောက်တဲ့အထိ ထောက်ပံ့ပေးနိုင်တယ်"
လူများအားလုံးသည် ကြီးကျယ်ခမ်းနားသောဖိအားအရှိန်အဝါတစ်ရပ်ကို အဆက်မပြတ်ထုတ်လွှတ်နေသော ကျိုးမိသားစုဘိုးဘေးကို ကြည့်လိုက်ကြ၏။သူတို့၏နဖူးပြင်မှချွေးများ ယိုစီးကျလာကာ သူတို့၏နောက်ကျောပြင်များ၌ ဇောချွေးများရွှဲနစ်နေလေပြီ။
အစပထမ၌ သူသည် အစွမ်းထက်သောခွန်အားတစ်ရပ်ကို အသုံးပြု၍ လုယွီကိုဖိနှိပ်ပြီးနောက် နူးညံ့ညင်သာသောလေသံဖြင့် သူအား သိမ်းသွင်းနေခဲ့သည်။
ဤကဲ့သို့နည်းလမ်းမျိုးသည် လူတစ်ယောက်၏စိတ်နှလုံးသားကို လှုပ်ရှားသွားစေရန်လုံလောက်သည်။
ပတ်ဝန်းကျင်ရှိလေဟာနယ်အတွင်း၌ ထွက်ပေါ်နေသောစွမ်းအားများသည် တောင်တစ်လုံးကဲ့သို့ သန်မာအားကောင်းပေ၏။ကျိုးမိသားစုဘိုးဘေးသည် တိုက်ခိုက်ခြင်းမရှိသော်လည်းသူ၏အရှိန်အဝါသက်သက်ဖြင့် သူ၏စွမ်းအားကို ထုတ်ဖော်ပြသပြီးဖြစ်သည်။
အကယ်၍ လုယွီသည် ကျိုးမိသားစုဘိုးဘေး၏တောင်းဆိုချက်ကို သဘောတူညီခြင်းမရှိပါက သူ၏အဆုံးသတ်ရလဒ် ဆိုးဝါးမည်မှာ သေချာပေါက်ပင်။
"လုယွီ....အခြေအနေကို မင်း နားလည်သဘောပေါက်တာ ပိုကောင်းလိမ့်မယ်...မင်းက ငါတို့ကျိုးမိသားစုရဲ့ လက်အောက်ခံအနေနဲ့နေရမယ်...ဒီလောကကြီးတစ်ခုလုံးက ဖရိုဖရဲဖြစ်နေပြီ...ငါတို့ကျိုးမိသားစုက ပုန်းအောင်းနေတာ အချိန်အတော်ကြာနေပြီ...ငါတို့မိသားစု ဖုံးကွယ်ထားတဲ့ခွန်အားက မင်းတို့တွေ တွေးတောနိုင်တဲ့အရာမျိုး မဟုတ်ဘူး....မင်းကို ငါတို့က မျက်နှာသာပေးနေတာပဲ"
ကျိုးရှင်းက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
လုယွီသည် ကျိုးရှင်း၏အော်သံကို လျစ်လျူရှုကာ ကျိုးမိသားစုဘိုးဘေးကို ကြည့်လိုက်သည်။
"တကယ်လို့ ငါက ကျိုးမိသားစုထဲကို မဝင်ဘူးဆိုရင် ဘာဖြစ်မှာလဲ"
ကျိုးမိသားစုဘိုးဘေးသည် သူ၏မျက်လုံးကိုမှေးစင်း၍ တည်ငြိမ်စွာပြောဆိုသည်။
"ဒါဆိုရင် ဒီလူအိုကြီးက မင်းကိုသတ်ရလိမ့်မယ်"
"ကျိုးမိသားစုထဲကို ဝင်ရမှာလား"
လုယွီက ပြုံးလိုက်သည်။သူသည် သူ၏လက်သီးဆုပ်ကာ ထိုအလင်းလွှာပေါ်သို့ လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။
ထိုလက်သီးချက်တွင် အကန့်အသတ်မရှိသောရွှေရောင်အလင်းတန်းများကို သယ်ဆောင်လာသည်။ထိုအရာဖြတ်သန်းသွားချိန်တွင် လေထုအတွင်း၌ စူးရှသောပေါက်ကွဲသံများ ထွက်ပေါ်လာပေ၏။
ဤသည်မှာ လုယွီ၏အစွမ်းထက်ဆုံး တိုက်ခိုက်မှုစွမ်းအားထက်ပင် ပို၍သာလွန်နေသည်။ သူ၏လက်သီးချက်ဖြတ်သန်းသွားသော လေဟာနယ်သည် တစတစပြိုလဲသွားကာ သာမန်မျက်စိဖြင့်မြင်နိုင်သော အရှိန်နှုန်းဖြင့် ကျင်းနက်ကြီးများ ဖြစ်ပေါ်လာသည်။
ဤလက်သီးချက်၏စွမ်းအားသည် ထိုက်တောင်ကြီးအလား လေးလံပေ၏။ထိုအရာသည် ကျယ်လောင်သော ဘန်းခနဲမြည်သံနှင့်အတူ အောက်သို့ကျဆင်းသွားကာ တောင်တန်းများနှင့်မြစ်များကိုပင် ကြေမွှပျက်စီးစေနိုင်သော အစွမ်းထက်သည့် အားလှိုင်းတစ်ရပ်ပင်။
ခရက်....
အခွင့်အာဏာစည်းတံဆိပ်ဖြင့် ဖွဲ့စည်းထားသောအလင်းလွှာသည် လုယွီ၏လက်သီးချက်မှစွမ်းအားကို တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ ပေါက်ကွဲသွားတော့သည်။
မရေမတွက်နိုင်သော မှော်စွမ်းအားအစအနများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကြဲသွားပေ၏။
"လုယွီ....မင်း ဘာလို့ ဒီလိုလုပ်တာလဲ"
ကျိုးရှင်းသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် သူ၏မျက်နှာ ဖြူရော်သွားသည်။သူသည် သူ၏လက်အတွင်းရှိ ငှက်မွှေးယပ်တောင်ကိုဝှေ့ယမ်းကာ လုယွီကိုတိုက်ခိုက်ရန်အတွက် သူ၏မှော်နည်းစနစ်ကို အသုံးပြုလိုက်သည်။
ဘန်း.....
လုယွီက သူ၏ခြေထောက်တဖက်ကို မြှောက်လိုက်၏။ကျိုးရှင်း လှုပ်ရှားမှုတစ်ခု မပြုလုပ်နိုင်သေးမီမှာပင် လုယွီသည် သူ့အား ရေအတွင်းသို့ ကန်ချပြီးလေပြီ။
ရေမျက်နှာပြင်ပေါ်မှနေ၍ ရေများဖြာကျလာသည်။ကျိုးရှင်းသည် ရေအတွင်းသို့ကန်ချခံရပြီးနောက် သူ သေသလောရှင်သလောကို မည်သူမျှမသိနိုင်ချေ။
"ချီဘုရင်...တာအိုသခင်တစ်ယောက် ရောက်လာတာနဲ့ ငါက မင်းကိုမသတ်ရဲဘူးလို့ မင်း တကယ်ကြီးထင်နေတာလား"
လုယွီက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးလိုက်သည်။
လုယွီ ချဥ်းကပ်လာသည်ကိုကြည့်ပြီး ချီဘုရင်သည် ထိတ်လန့်တကြားဖြစ်သွားကာ အော်ဟစ်လိုက်၏။
"လုယွီ....ငါ မင်းကို မကြောက်ဘူး"
ဖြောင်း...
လုယွီသည် ချီဘုရင်၏စကားကို နားထောင်ခြင်းမရှိဘဲ သူအား ပါးတစ်ချက်ဖြတ်ရိုက်လိုက်သည်။
ချီဘုရင်သည် ပါးရိုက်ခံလိုက်ရခြင်းကြောင့် သူ၏မျက်နှာ ရွဲ့စောင်းသွားကာ သူ၏ပါးစပ်မှနေ၍ သွားတစ်ချောင်း ထွေးထုတ်လိုက်ရသည်။
ဘန်း....
ထို့နောက် လုယွီသည် သူ၏ခြေထောက်ဖြင့် နှစ်ချက်ကန်ကျောက်ပြီးနောက် ချီဘုရင်သည် သူ၏ရင်ဘတ်မွန်းကြပ်လာသည်ကို ခံစားရကာ သွေးနှစ်လုတ် အန်ထုတ်လိုက်ရသည်။
လုယွီသည် ချီဘုရင်ကိုရိုက်နှက်လိုသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ဤသည်မှာ အထူးသဖြင့် ရှေ့တန်းတွင်ရှိသောစစ်သားများအားလုံး၏သွေးများကို စတေးခဲ့ရသော ကောင်းကင်ချိုးဖျက်ခံတပ်အတွက်ပင်။ချီဘုရင်သည် ခုခံဟန့်တားခြင်းမပြုရဟု ထုတ်ပြန်လိုက်သောအမိန့်တော်ကြောင့် လုယွီသည် သူ့အား အလွန်အမင်း ရွံရှာစက်ဆုပ်နေခဲ့သည်။
နယ်စပ်ဒေသတွေရှိနေသော စစ်သားများအားလုံးအနက် ချီဘုရင်ကို သူတို့၏ကိုယ်ပိုင်လက်ဖြင့် မသတ်လိုသူဟူ၍ မရှိသလောက်နည်းပါးပင်။
"လုယွီ....အဟွတ်....အဟွတ်...အဟွတ်...မင်း စောင့်နေစမ်း"
ချီဘုရင်သည် သွေးများအန်ထုတ်ပြီးနောက် ရက်စက်ကြမ်းကြုတ်သောလေသံဖြင့် အော်ငေါက်လိုက်၏။
အခွင့်အာဏာစည်းတံဆိပ်၏ အကာအကွယ်မရှိတော့ပါက သူသည် လုယွီအတွက် ပြိုင်ဘက်မဖြစ်နိုင်ချေ။
"မင်းက ငါ့ကို ခြိမ်းခြောက်ရဲတာလား...ငါက မင်းကို တကယ်မသတ်ရဲဘူးလို့ မင်း ထင်နေတာလား"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။မရေမတွက်နိုင်သောလူများသည် ကြက်သေသေနေပြီး သူတို့ရှေ့ရှိမြင်ကွင်းကို စူးစိုက်ကြည့်နေကာ စကားတစ်ခွန်းမျှ ပြောဆိုနိုင်ခြင်းမရှိချေ။
လုချန်းချင် မြင့်မြတ်အရှင်ဟွမ်ထျန်းနှင့် တခြားလူများအားလုံး ကြက်သေသေနေကြသည်။
သူတို့သည် တာအိုသခင်ထံမှလာသော ဖိအားအရှိန်အဝါကို တောင့်ခံနိုင်ရုံမျှသာရှိသည်။ သို့ရာတွင် လုယွီသည် ထိုဖိအားအရှိန်အဝါအောက်တွင် အခွင့်အာဏာစည်းတံဆိပ်၏အလင်းလွှာကိုချိုးဖျက်၍ ချီဘုရင်ကိုရိုက်နှက်နေခဲ့သလော.....
Chapter 4223
မည်မျှထိ လွှမ်းမိုးချုပ်ကိုင်သော အပြုအမူဖြစ်သနည်း....မည်မျှထိ မောက်မာထောင်လွှားသနည်း...
တာအိုသခင်များသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးအတွင်း၌ အားအကောင်းဆုံးကျင့်ကြံသူများဖြစ်သည့်တိုင် လုယွီသည် ဤသို့ပြုလုပ်ဝံ့ပေ၏။
မြင့်မြတ်အရှင်ဟွမ်ထျန်းနှင့်လုချန်းချင်တို့ကို ကောင်းကင်ဘုံနယ်မြေအတွင်း၌ အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော မျိုးဆက်ဟောင်းမှကျင့်ကြံသူများဟု ယူဆနိုင်သော်လည်း သူတို့သည် ထိုသို့လုပ်ဝံ့ခြင်းမရှိချေ။
ကျိုးမိသားစုဘိုးဘေး၏ရှေ့တွင် သူတို့သည် တည်ငြိမ်စွာနေနိုင်သည်ကပင် အလွန်ကောင်းမွန်သည်ဟု ယူဆနိုင်ပေ၏။တစ်ချို့လူများသည် ကျိုးမိသားစုဘိုးဘေး၏ရှေ့၌ ဒူးထောက်ကာ သူ့အား အရိုအသေပြုလိုသည့်အတွေးမျိုးပင် ပေါက်ဖွားနေသည်။
"သူ့ကိုရိုက်နှက်ပြီးတော့ မင်းရဲ့ဒေါသတွေကို ဖြေဖျောက်လို့ရတယ်....ဒါပေမယ့် မင်း သူ့ကို သတ်လို့မရဘူး"
ကျိုးမိသားစုဘိုးဘေးက လေသံပြတ်ပြတ်ဖြင့် ပြောဆိုသည်။
တခြားလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။ကျိုးမိသားစုဘိုးဘေးသည် ချီဘုရင်ကို အနည်းငယ်မျှဂရုမစိုက်သလော....
သို့ရာတွင် ထိုကိစ္စကို အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် သူတို့အားလုံး နားလည်သဘောပေါက်သွားသည်။
ကျိုးမိသားစုဘိုးဘေးသည် တာအိုသခင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။ဤအဆင့်သို့အရောက်တွင် သူ့အား လောကီကိစ္စများနှင့် ချုပ်နှောင်ခံရသည်မှာ အလွန်ရှားပါးသွားလေပြီ။
ကျိုးမိသားစုဘိုးဘေး၏ရှေ့၌ ချီဘုရင်သည် နယ်ရုပ်တစ်ရုပ်အဆင့်သာ ရှိသည်။လုယွီနှင့်နှိုင်းယှဉ်ပါက ချီဘုရင်သည် အရေးမပါလှချေ။
"ဒါဆို ငါ သူ့ကိုသတ်လိုက်မယ်ဆိုရင် မင်း ဘယ်လိုသဘောရလဲ"
လုယွီ၏ဆံပင်များ ပြေလျော့နေကာ သူ၏မျက်နှာပေါ်၌ ရိုင်းပျပြီးမောက်မာထောင်လွှားသော အမူအယာတစ်ရပ်ရှိနေသည်။ထို့နောက် သူ၏လက်အတွင်းမှ ဓားချီတစ်လှိုင်း ပျံ့လွင့်လာကာ ချီဘုရင်၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။
ဘုန်း....
ထိုဓားချီသည် ချီဘုရင်၏အနီရောင်ဝတ်ရုံကို ထွင်းဖောက်သွားသော်လည်း မည်သည့်သွေးမျှထွက်မလာချေ။
ထိုဝတ်ရုံ၏အနောက်ရှိ လေထုအတွင်းမှနေ၍ သစ်သားတုံးတစ်တုံး ထွက်ပေါ်လာသည်။ဓားချီသည် သစ်သားတုံးကိုရိုက်ခတ်မိသွားကာ ထိုအရာ လွင့်ထွက်သွားသော်လည်း ချီဘုရင်သည် အနည်းငယ်မျှ ထိခိုက်ဒဏ်ရာရရှိမသွားချေ။
ထိုဝတ်ရုံပေါ်ရှိ သက်ရှည်သော့ခလောက်တစ်ခုသည် နှစ်ခြမ်းကွဲသွားကာ အောက်ကိုပြုတ်ကျလာပေ၏။
"အသက်အစားထိုး မှော်ရတနာ...."
လုယွီက မျက်မှောင်ကြုတ်ကာ အဝေးတစ်နေရာရှိ လေဟာနယ်အတွင်းသို့ ကြည့်လိုက်သည်။
ဤရတနာသည် အလွန်အမင်းအဖိုးတန်ရှားပါးကာ အစစ်အမှန်ဝှက်ဖဲတစ်ချပ်ပင်။
ဤကဲ့သို့ရတနာမျိုးကို သန့်စင်နိုင်ရန်အလို့ငှာ လိုအပ်သောပစ္စည်းများသည် အလွန်အဖိုးတန်ရှားပါးသည်။ထို့ပြင် ထိုအရာကိုဖန်တီးသူသည် တခြားသက်ရှိများ၏စိတ်ဝိညာဉ်များကို ဖမ်းဆီးချုပ်နှောင်ရန် လိုအပ်သည်။ဤကဲ့သို့နည်းလမ်းများသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး ယုတ်မာသဖြင့် နတ်ဆိုးကျင့်ကြံသူများ၏နည်းစနစ်သာဖြစ်သည်။
ဤမော်ရတနာကိုသန့်စင်ပြီးနောက် ပိုင်ရှင်၏အသက်သွေးကြောနှင့် ချိတ်ဆက်ထားသည်။အကယ်၍ ပိုင်ရှင်ဖြစ်သူထံတွင် သေစေနိုင်သော ဒဏ်ရာတစ်ခုကိုရရှိပါက အသက်အစားထိုးမှော်ရတနာမှနေ၍ ပိုင်ရှင်၏နေရာကိုအစားဝင်ယူကာ ထိုတိုက်ခိုက်မှုကို ခံယူပေးပေမည်။
ဤကဲ့သို့နည်းလမ်းမျိုးသည် ကောင်းကင်ဘုံကိုဖီဆန်ရန် လုံလောက်ပြီး ထိုအရာ၏တန်ဖိုးကိုမှန်းဆ၍မရချေ။ကောင်းကင်ဘုံနယ်မြေတခွင်လုံး၌ အသက်အစားထိုးရတနာဟူ၍ အနည်းငယ်သာရှိသဖြင့် ချီဘုရင့်ထံတွင် ဤကဲ့သို့ရတနာတစ်ခုရှိနေမည်ဟု လုယွီက တွေးထင်ထားမိခြင်းမရှိချေ။
ဤအချိန်အခိုက်အတန့်တွင် ချီဘုရင်သည် ကျိုးမိသားစုဘိုးဘေး၏နောက်သို့ ရောက်ရှိနေလေပြီ။
"ဘိုးဘေး....ငါ့ကို ကယ်ပါအုံး"
ချီဘုရင်၏မောက်မာထောင်လွှားမှုများအားလုံး ပျောက်ကွယ်သွားကာ သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
ဤကဲ့သို့ သေရေးရှင်ရေးအချိန်အခိုက်အတန့်၌ သူသည် သူ၏မောက်မာလွှားမှုများအားလုံးကို စွန့်လွတ်လိုက်ကာ ကြောက်ရွံစပြုလာသည်။
သူ့ထံတွင် မည်သည့်နည်းစနစ်များ ရှိသည်ဖြစ်စေ မည်သည့်အကွက်ချကြံစည်မှုမျိုး ရှိသည်ဖြစ်စေ အကယ်၍ သူ၏ဘဝ အဆုံးသတ်သွားပါက အရာအားလုံး ပျောက်ကွယ်သွားပေမည်။
"ငါရဲ့သဘောထားကြီးမှုက အကန့်အသတ်ရှိတယ်...မင်း သူ့ကိုသတ်နိုင်မယ်လို့ မင်း တကယ်ကြီးထင်နေတာလား"
ကျိုးမိသားစုဘိုးဘေးသည် ဒေါသထွက်သွားလေ၏။ဤကမ္ဘာငယ်လေးအတွင်း၌ တိမ်မည်းများ ရုတ်တရက်ထွက်ပေါ်လာသည်။ထိုတိမ်မည်းများသည် တစ်ခုနှင့်တစ်ခု ပူးကပ်နေကာ ထိုအရာများအကြားမှ လျှပ်စီးမိုးကြိုးခြိမ်းသံများ ထွက်ပေါ်နေသည်။
တာအိုသခင်၏ဒေါသတစ်ခုတည်းဖြင့် အရပ်မျက်နှာအဘက်ဘက်တွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားသွားစေကာ မူမမှန်သောသဘာဝလွန်ပုံရိပ်များ အဆက်မပြတ်ထွက်ပေါ်လာသည်။
"တကယ်လို့ မင်း မကျေနပ်ဘူးဆိုရင် တိုက်ခိုက်ကြစို့"
လုယွီသည် အနည်းငယ်မျှ လက်လျှော့အရှုံးပေးလိုခြင်းမရှိချေ။သူသည် ခြေတစ်လှမ်းရှေ့တက်ကာ သူ၏နောက်၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။
မြေအောက်လောကနတ်ဘုရား ပုံရိပ်ယောင်ကြီးသည် သူ၏လက်များအားလုံးကို ဆန့်တန်းကာ လက်စည်းတံဆိပ်များကို ဖွဲ့စည်းလိုက်သည်။ထိုပုံရိပ်ယောင်ကြီး၏လက်တစ်ဖက်စီအတွင်း၌ မှော်လက်နက်တစ်ခုကို ကိုင်ဆောင်ထားကာ အစွမ်းထက်သော မှော်နည်းစနစ်တစ်ခုကို ထုတ်ဖော်အသုံးပြုထားသည်။
လုယွီသည် မိုးကောင်းကင်ယံအတွင်းသို့ ခုန်တက်လိုက်၏။သူသည် မြေပြင်ပေါ်ရှိ တားမြစ်ဝင်္ကပါအမှတ်အသားများကို လျစ်လျူရှုထားသည်။သူ၏နောက်၌ ကြီးမားသောအလင်းဘီးကြီးတစ်ခု ထွက်ပေါ်လာပြီး သူ့အားထောက်ပံ့ပေးကာ လေထုအတွင်းသို့မြင့်တက်စေပြီး ကျိုးမိသားစုဘိုးဘေးနှင့် ထိပ်တိုက်ရင်ဆိုင်စေသည်။
လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။လုယွီသည် အမှန်တကယ်ကိုပင် တာအိုသခင်တစ်ယောက်အား ထိပ်တိုက်ရင်ဆိုင်ဝံ့သလော....
သူ ရူးသွပ်သွားသလော....
"ငါတို့တွေက လုယွီအကြောင်းကို အများကြီးမသိသေးဘူး...ဒါပေမဲ့ သူက ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ တာအိုသခင်တစ်ယောက်ကို ရင်ဆိုင်နိုင်တာကတင် အရမ်းကြောက်ဖို့ကောင်းနေပြီ"
Chapter 4224
လမ်းတစ်လျှောက်လုံး၌ လုယွီ၏ခွန်အား အလွန်အစွမ်းထက်သည်မှာလသိသာထင်ရှားလှ၏။မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့၏စွမ်းအားအပေါ် သံသယမရှိချေ။
နယ်မြေသခင်များဖြစ်သော လုချန်းချင်နှင့်မြင့်မြတ်အရှင်ဟွမ်ထျန်းတို့ပင်လျှင် ဤကိစ္စကို ယုံကြည်လက်ခံထားသည်။
ကောင်းကင်ဘုံနယ်မြေအတွင်း၌ ခွန်အားကောင်းသူသည်သာ ရိုသေလေးစားခံရသည်။
လုယွီသည် အသက်ငယ်ရွယ်ကာ အတွေ့အကြုံရင့်ကျက်ခြင်း မရှိသေးသော်လည်း သူ၏ခွန်အားကို လူများအားလုံး မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပေ၏။ဤသည်မှတစ်ဆင့် လူများအားလုံး၏ပါးစပ်များကို ပိတ်သွားစေရန် လုံလောက်သည်။
"ဒီလူအိုကြီးက မင်းကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီးပြီ"
ကျိုးမိသားစုဘိုးဘေးသည် စကားများစွာပြောဆိုခြင်းမပြုဘဲ သူ့၏သတ်ဖြတ်ခြင်းလှုပ်ရှားမှုကို ထုတ်ဖော်အသုံးပြုလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိတိမ်တိုက်များ တဝုန်းဝုန်းထလာကာ မိုးကောင်းကင်ယံမှတိမ်မည်းများ အောက်သို့တန်းတန်းမတ်မတ်ကျရောက်လာသည်။ဤသည်မှာ ကောင်းကင်နှင့်မြေပြင် ပြိုလဲတော့မည့်အလားပင်။
မှောင်မည်းနေသောမိုးကောင်းကင်ယံအတွင်းမှ အနက်ရောင်လေစီးကြောင်းအမြောက်အများသည် ကျိုးမိသားစုဘိုးဘေး၏လက်အတွင်း၌ စုဝေးသွားကာ သုံးခွမှိန်းတစ်လက်အဖြစ် ဖွဲ့စည်းသွားသည်။ထိုအရာပေါ်၌ ယင်ချီစွမ်းအားများ ရစ်သိုင်းလွှမ်းခြုံနေကာ ပတ်ဝန်းကျင်ရှိအပူရှိန်ကို များစွာလျော့ကျသွားစေသည်။
အနက်ရောင်မြူခိုးများအကြား၌ ကျိုးမိသားစုဘိုးဘေး၏ပုံရိပ်ကို ဝိုးတဝါးမြင်တွေ့နိုင်သည်။ သူ၏အရှိန်အဝါများသည် တစတစပို၍သန်မာအားကောင်းလာပေ၏။
"ငါက စိတ်ဝိညာဥ်စွမ်းအားတွေကို စုပ်ယူလို့မရတော့ဘူး"
"ဒါက တာအိုသခင်တစ်ယောက်ရဲ့တိုက်ခိုက်မှုလား...သူ့ရဲ့လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေအားလုံးကို ဖြတ်တောက်နိုင်တယ်...တကယ်လို့ ငါတို့တွေက သူနဲ့ရင်ဆိုင်ရမယ်ဆိုရင် ငါတို့ဘာမှမလုပ်ရသေးခင်မှာပဲ သူ သတ်တာကို ခံရလိမ့်မယ်"
လုချန်းချင်နှင့်တခြားလူများအားလုံး အလွန်အမင်းစိတ်လှုပ်ရှားသွားသည်။သူတို့သည် အနည်းငယ်အလှမ်းကွာဟသောနေရာ၌ ရှိနေသည့်တိုင် တာအိုသခင်တစ်ယောက်၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားမိလေ၏။ဤအချိန်အခိုက်အတန့်၌ သူတို့၏စိတ်နှလုံးသားများ မွန်းကြပ်နေကာ သူတို့သေဆုံးသွားတော့မည့်အလားပင်။
သို့ရာတွင် သူတို့သည် တာအိုသခင်၏ပစ်မှတ်မဟုတ်ချေ။
လုယွီသည် ထိုသတ်ဖြတ်ခြင်းလှုပ်ရှားမှု၏ အလယ်ဗဟို၌ရှိနေကာ သူတို့ထက် ပို၍မြင့်မားသော ဖိအားအရှိန်အဝါကို ရင်ဆိုင်နေရသည်။
သူတို့အားလုံး လုယွီကိုကြည့်လိုက်ချိန်၌ သူသည် အနည်းငယ်မျှ ထိတ်လန့်ကြောက်ရွံ့ခြင်းရှိမနေသည်ကို မြင်တွေ့မိသည်။လုယွီ၏မျက်နှာပေါ်တွင် တည်ငြိမ်အေးဆေးသော အမူအယာတစ်ရပ်ရှိနေကာ သူ့ထံတွင် ယုံကြည်ချက်အခိုင်အမာ ရှိနေသည့်အလားပင်။
"ဖြတ်တောက်စမ်း...."
ကျိုးမိသားစုဘိုးဘေးက အေးစက်တင်းမာစွာ အော်ဟစ်လိုက်သည်။သူ့၏လက်အတွင်းရှိ သုံးခွမှိန်းသည် ချက်ချင်းပျံ့လွင့်သွားကာ မိုးကြိုးတစ်စင်းပစ်ခတ်သည့်အလား အောက်သို့ကျရောက်လာသည်။
သူ့ထံ၌ သူ၏မာန်မာနရှိသည်။
သူသည် လုယွီကို သိမ်းသွင်းလိုသည်မှာ အမှန်ပင်။သို့ရာတွင် လုယွီသည် သူ့ကို ထပ်ခါတလဲလဲ ဆန့်ကျင်ခဲ့ပေ၏။ဤသည်မှာ သေလမ်းရှာဖွေခြင်းပင်။
ကျိုးမိသားစုဘိုးဘေးသည် သူ၏ဂုဏ်သိက္ခာကိုကာကွယ်ရန်အတွက် လုယွီကိုသတ်ဖြတ်ရန်မှတစ်ပါး တခြားရွေးချယ်စရာမရှိတော့ချေ။
လုယွီ၏မျက်နှာအမူအယာ တည်ငြိမ်နေသည်။သုံးခွမှိန်း ကျရောက်လာဆုဆဲဆဲအချိန်တွင် သူ၏လက်အတွင်း၌ ဝင်္ကပါအမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။သူ၏ခြေထောက်အောက်ရှိ ရေမျက်နှာပြင် ရုတ်တရက် လှိုင်းထန်လာပေ၏။ထို့နောက် ရေအတွင်းမှနေ၍ နဂါးနက်တစ်ကောင်ထွက်ပေါ်လာကာ သူ၏အကြေးခွံများ တလက်လက်တောက်ပနေသည်။ထိုနဂါးနက်၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် အေးစက်စက်ယင်ချီများ ရစ်သိုင်းလွှမ်းခြုံနေသဖြင့် သူ၏ပုံပန်းသွင်ပြင်အပြည့်အစုံကို တွေ့မြင်နိုင်ရန်မှာ မဖြစ်နိုင်ချေ။
ဝေါင်း.....
နဂါးနက်သည် သူ၏ပါးစပ်ကိုဖွင့်ဟကာ သုံးခွမှိန်းကို ဝါးမြိုလိုက်သည်။ထို့နောက် သူသည် ဒေါသတကြီးဟိန်းဟောက်လိုက်ရာ သူ၏အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်ပေ၏။ထိုအသံကြောင့် မိုးကောင်းကင်ယံအတွင်းရှိ တိမ်မည်းတချို့ပင်လျှင် လွင့်ပြယ်သွားပုံရသည်။
ဤနဂါးနက်သည် ပေတစ်သောင်းခန့်ရှည်လျားကာ ကောင်းကင်ကိုပိတ်ဖုံးလုမတတ် အလွန်ကြီးမားသည်။သူ့ထံတွင် အလွန်ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ရပ် ရှိနေပေ၏။
"အင်ပါယာတစ်ခုရဲ့ ကံကြမ္မာနဂါးသွေးကြော...ဒါက ရှေးဟောင်းအင်ပါယာရဲ့နဂါးသွေးကြောလား"
လုချန်းချင်၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ်ပင်။
လူများအားလုံးသည် နောက်ဆုံး၌ လုယွီ၏ဝင်္ကပါပညာရပ်အရည်အချင်းကို မြင်တွေ့လိုက်ရလေပြီ။
ယေဘုယျကျကျပြောဆိုရလျှင် အကယ်၍ တိုင်းပြည်တစ်ပြည် ပျက်စီးသွားလျှင်ပင် ကံကြမ္မာစွမ်းအား မပျက်ပြယ်သေးသရွေ့ နဂါးသွေးကြောများသည် မြေအောက်၌ပုန်းအောင်းနေကာ သေဆုံးသွားမည်မဟုတ်ချေ။
ဥပမာအနေဖြင့် ထန်အင်ပါယာသည် ပျက်စီးသွားပြီဟု ဆိုနိုင်သော်လည်း မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းဆင်းသက်လာခဲ့သည်။ထန်အင်ပါယာမှအသက်ရှင်ကျန်ရစ်သူ မည်မျှထိများများ လူအများကြား၌ ပုန်းကွယ်နေသည်ကို မည်သူမျှ မသိနိုင်ချေ။ထို့ကြောင့် သူတို့၏ကံကြမ္မာစွမ်းအားများသည်လည်း အချိန်အတော်ကြာသည်အထိ တည်ရှိနေသည်။
သို့ရာတွင် ဤသည်မှာ လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းခန့်အကြာရှိ ရှေးဟောင်းခေတ်အချိန်ကာလအတွင်းမှ နဂါးသွေးကြောဖြစ်သည်။
သူတို့ရှေ့ရှိ နဂါးသွေးကြောကို ကြည့်လိုက်မိစဉ်တွင် ထိုအရာသည် ရေအောက်မှ တိုးထွက်လာပုံရသည်။ထိုနဂါးနက်၏ခန္ဓာကိုယ်မှနေ၍ ရိုင်းပျပြီးအကန့်အသတ်မရှိသော အရှိန်အဝါတစ်ရပ် ထုတ်လွှတ်ထားကာ ပတ်ဝန်းကျင်တဝိုက်လုံးကို လှုပ်ခတ်နိုင်စွမ်းရှိသည်။
အချိန်များကုန်ဆုံးလာသည့်တိုင် ထိုနဂါးသွေးကြော၏အရှိန်အဝါသည် အားပျော့သွားခြင်းမရှိချေ။ထိုအစား သူသည် အလင်းရောင်ကို တဖန်ပြန်၍မြင်တွေ့ရသည့်အလား ဤအချိန်အခိုက်အတန့်တွင် အလွန်နက်နဲသိမ်မွေ့သောစွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်၏။
"ဒါဆိုရင် ဒါက မင်း မှီခိုအားထားနေတဲ့အရာလား...ဒါက အသုံးမဝင်ဘူး"
ကျိုးမိသားစုဘိုးဘေးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းကာ လေဟာနယ်အတွင်း၌ မှော်သင်္ကေတအက္ခရာဆယ့်ရှစ်ခုကို ရေးဆွဲလိုက်သည်။
ထိုမှော်သင်္ကေတအက္ခရာများ ထွက်ပေါ်လာချိန်တွင် ရှေးဆန်သောအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားပေ၏။
ထိုမှော်သင်္ကေတအက္ခရာများသည် လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သည်။ထိုအရာများအတူတကွ စုပေါင်းသွားချိန်တွင် ပြီးပြည့်စုံသော ပိတ်လှောင်ခြင်းဝင်္ကပါတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
Chapter 4225
"ဖိနှိပ်စမ်း"
ကျိုးမိသားစုဘိုးဘေးထံမှ အမိန့်သံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ မှော်သင်္ကေတအက္ခရာဆယ့်ရှစ်ခုသည် နဂါးနက်၏နံဘေးပတ်လည်၌ ထွက်ပေါ်လာပြီး ထိုအရာကို နေရာမှာပင် အခိုင်အမာလှောင်ပိတ်လိုက်၏။
နဂါးနက်သည် ဟိန်းဟောက်ကာ သူ၏ခန္ဓာကိုယ် တုန်ရီနေသည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှနေ၍ တုန်ခါသံများထွက်ပေါ်လာကာ မြေသားအစအနာများ ကြွေကျလာသည်။သူသည် ခွန်အားကုန်အသုံးပြု၍ ရုန်းကန်နေပေ၏။
ဤနဂါးနက်သည် မြေအောက်၌ ပုန်းအောင်းနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေလေပြီ။သူသည် အင်ပါယာတစ်ခု၏အထောက်အပံ့ဖြစ်ပြီး အင်ပါယာ၏ကံကြမ္မာစွမ်းအားကို သယ်ဆောင်ထားခြင်းပင်။
ရှေးဟောင်းအင်ပါယာတစ်ခုသည် ရှည်လျားသောသမိုင်းမြစ်ကြီးအတွင်း၌ ပျောက်ကွယ်သွားခဲ့သည်။သို့ရာတွင် နဂါးနက်သည် သေကြေပျက်စီးသွားခြင်းမရှိဘဲ အထွတ်အမြတ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ဘုန်း....ဘုန်း.....ဘုန်း....
နဂါးနက်သည် ပတ်ဝန်းကျင်ရှိ မှော်သင်္ကေတအက္ခရာများထံသို့ အဆက်မပြတ်တိုးဝင်၍ တိုက်ခိုက်လေသည်။ထိုမှော်သင်္ကေတအက္ခရာဆယ့်ရှစ်ခုသည် တောက်ပလာကာ အလင်းလွှာများထွက်ပေါ်လာသည်။ထိုအရာများသည်နောက်ထပ်အချိန်အခိုက်အတန့်၌ ပြိုကွဲသွားတော့မည့်အလားပင်။
"တာအိုသခင်တစ်ယောက်က အရမ်းအစွမ်းထက်တယ်....လုယွီက ရှေးဟောင်းအင်ပါယာရဲ့နဂါးးသွေးကြောကို ဆင့်ခေါ်ခဲ့တာတောင် သူ့ကို ထိခိုက်နာကျင်အောင် မလုပ်နိုင်ဘူး...ဒါ့ပြင် လုယွီတောင် ဖိနှိပ်ခံနေရတယ်"
တခြားလူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီသွားသည်။လုယွီသည် သူတို့၏အမာခံကျောရိုးပင်။
အကယ်၍ လုယွီသာ ရှုံးနိမ့်သွားပါက ဤနေရာတွင်ရှိသော လူများအားလုံး၏အဆုံးသတ်ရလဒ်သည် ကောင်းမွန်မည်မဟုတ်ချေ။
ကျိုးမိသားစုဘိုးဘေးသည် ပုန်းအောင်းနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေလေပြီ။ယခုအချိန်၌ သူသည် ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင့် အရာအားလုံး စီစဉ်ထားပြီးဖြစ်သည်မှာ သိသာထင်ရှားလှ၏။အကယ်၍ သူတို့သည် သူ၏အမိန့်ကို နာခံခြင်းမရှိပါကသူသည် သူတို့အားလုံးကို သတ်ဖြတ်ပေလိမ့်မည်။
မိုးကောင်းကင်ယံအတွင်း၌....
ကျိုးမိသားစုဘိုးဘေးသည် မှော်မန္တန်တပုဒ်ကို ထပ်မံ၍ရွတ်ဆိုကာ ပြင်းထန်သောလက်သီးတစ်ချက်ကို ထိုးနှက်လိုက်သည်။
ထိုလက်သီးချက်ကို ဝှေ့ယမ်းလိုက်သောအချိန်တွင် ပတ်ဝန်းကျင်ရှိလေထုအတွင်း၌ ထူးဆန်းသော သဘာဝလွန်ပုံရိပ်မျိုးစုံ ထွက်ပေါ်လာသည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ နဂါးနှင့်ကျားများ လှည့်ပတ်ဝိုင်းရံနေပြီး ကြယ်ရောင်အလင်းတန်းများလည်း ဖြာထွက်နေသည်။
ဘုန်း.....
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကျယ်လောင်သောမြည်ဟီးသံတသံက မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဤအသံသည် အလွန်ကျယ်လောင်ပေ၏။ ကျင့်ကြံဆင့်အားနည်းသော ကျင့်ကြံသူတချို့သည် သူတို့၏နားစည်များ နာကျင်သွားသည်ကိုခံစားမိသည်။သူတို့သည် သူတို့၏ရင်ဘတ်များကိုဆုပ်ကိုင်ကာ မြေပြင်ပေါ်သို့လဲကျပြီး သတိလစ်မေ့မျောသွားတော့သည်။
လူများအားလုံးသည် သူတို့၏ဦးရေပြားများ ထုံကျင်လာသည်ကို ခံစားမိသည်။ဤလက်သီးချက်သည် သူတို့အား တိုက်ရိုက်ပစ်မှတ်ထားခြင်းမဟုတ်သည့်တိုင် အကြည့်တချက်ဖြင့်ပင် ထိုအရာကို သူတို့အားလုံး ရှင်းရှင်းလင်းလင်းမှတ်မိသွားစေရန် လုံလောက်သည်။
ဤလက်သီးချက်၏စွမ်းအားသည် ဓားတစ်လက်ကဲ့သို့ ထက်ရှပေ၏။ရုတ်ချည်းဆိုသလိုပင် တောင်များကိုပြိုလဲစေပြီး ပင်လယ်များကိုကျွမ်းထိုးမှောက်ခုံဖြစ်စေသော အားလှိုင်းတစ်ရပ်က လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။
လုယွီသည် ထိုအရာကို ပိတ်ဆို့ဟန့်တားရန်အတွက် မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံအတွင်း၌ အရောင်အသွေးစုံလင်သော မှော်စွမ်းအားအလင်းတန်းများဖြင့် ပြည့်နှက်သွားတော့သည်။
လုယွီ၏ရှေ့ရှိ နတ်ဘုရားများနှင့်ဗုဒ္ဓများ၏သန့်စင်သောနယ်မြေ ချက်ချင်းကြေမွှပျက်စီးသွားသည်။လုယွီသည်လည်း နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ရကာ ရေမျက်နှာပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်သွားသည်။
လုယွီသည် ရေမျက်နှာပြင်ပေါ်၌ မတ်တတ်ရပ်လိုက်၏။ထို့နောက် သူထံသို့ကျရောက်လာသော အားလှိုင်းများကို ဖယ်ရှားလိုက်သည်။ သူ၏နောက်၌ ရေနံရံကြီးတစ်ခု ထွက်ပေါ်လာကာ လေထုအတွင်းသို့ မြင့်တက်သွားသည်။ဤအားလှိုင်းကြောင့် ရေအမြောက်အများ ဖြာကျလာပေ၏။
"မင်း အညံ့ခံမှာလား"
မိုးကောင်းကင်ယံအတွင်းမှနေ၍ ကျိုးမိသားစုဘိုးဘေး၏တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။
လုယွီက ရုတ်တရက် မိုးကောင်းကင်ယံကိုမော့ကြည့်လိုက်သည်။သူ၏မျက်လုံးအတွင်း၌ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်နေသည်။
"ထပ်ပြီးတိုက်ခိုက်ကြတာပေါ့"
ပြင်းထန်သော လက်သီးစွမ်းအားလှိုင်းတစ်လိုင်း ထပ်မံ၍ကျရောက်လာကာ လုယွီ၏ခန္ဓာကိုယ်ကို ရိုက်ခတ်မိသည်။
ဤတစ်ကြိမ်တွင် လုယွီသည် ရေအောက်သို့ မီတာဆယ်နှင့်ချီအကွာထိ နစ်ဝင်သွားသည်။ဤလက်သီးချက်မှစွမ်းအားသည် အလွန်အစွမ်းထက်ပေ၏။ထိုအရာသည် လုယွီအသုံးပြုလိုက်သော မှော်မန္တန်များကို ခြေမွှဖျက်ဆီးလိုက်ရုံသာမက ရေ၏ပြောင်းလွယ်ပြင်လွယ်သော သဘောသဘာဝကို ချိုးဖျက်ပြီး စွမ်းအားများအားလုံးကို လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားစေသည်။
လုယွီသည် သိုင်းပညာသူတော်စင်တစ်ယောက်ဖြစ်ကာ ရုပ်ခန္ဓာကိုယ်အလွန်သန်မာအားကောင်းသော်လည်း သူ၏ခန္ဓာကိုယ်မှ သွေးများ အဆက်မပြတ် ယိုစီးကျနေသည်။
ကျိုးမိသားစုဘိုးဘေးသည် လုယွီ၏ခေါင်းထက်သို့ မျောလွင့်လာကာ သူ့အား ငုံကြည့်လေ၏။
"အခု မင်း အညံ့ခံမှာလား"
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။လုယွီသည် ခက်ခဲသောအခြေအနေတစ်ရပ်အတွင်းသို့ ကျရောက်နေသည်ကို သူတို့အားလုံး ခံစားမိသည်။
ဤသည်မှာ ကောင်းကင်ဘုံနယ်မြေအတွင်း၌ အားအကောင်းဆုံး တိုက်ခိုက်ရေးစွမ်းအားရှိသော တာအိုသခင်တစ်ယောက်၏ဓမ္မပုံရိပ်ယောင်ပင်။
ဤကဲ့သို့ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတစ်ယောက်ရှေ့တွင် သာမန်ကာလျှံကာ စကားပြောဆိုနိုင်သည်ကပင် အလွန်ကောင်းမွန်သည်ဟု ယူဆနိုင်သည်။ထို့ပြင် လုယွီသည် ကျိုးမိသားစုဘိုးဘေး၏ထိုးနှက်ချက်နှစ်ချက်ကို တောင့်ခံနိုင်ခဲ့ပေ၏။အကယ်၍ ဤကိစ္စသည် ပြင်ပလောကသို့ ပေါက်ကြားသွားပါက လောကကြီးတခွင်လုံး ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်သည်။
"မင်းက အခုထိ တာအိူသခင်နယ်ပယ်ကို ပြီးမြောက်အောင်မြင်မှုမရှိသေးဘူး...ဟုတ်တယ်မလား"
လုယွီက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးကာ သူ၏ခေါင်းကို မော့လိုက်သည်။ သူ၏အရှိန်အဝါသည် အလွန်ကြီးကျယ်ခမ်းနားပေ၏။
"မင်းရဲ့ခန္ဓာကိုယ်က အင်မော်တယ်တစ်ယောက်ဖြစ်နေပေမယ့် မင်းရဲ့စိတ်ဝိညာဉ်ကတော့ တာအိုသခင်တစ်ဝက်အဆင့်ထိပဲ ကျင့်ကြံရသေးတယ်...ဒါတောင်မှ မင်းက ငါ့ကို အညံ့ခံဖို့တောင်းဆိုနေတယ်...ငါက အညံ့ခံရအောင် မင်းကိုယ်မင်း ဘာကောင် ထင်နေတာလဲ"
Thank For Reading.