အခန်း (၄၂၃၆-၄၂၄၀)
Vol. 215 Ch. 4236-4240
Chapter 4236
"လူသားဧကရာဇ်က တကယ့်ကို နိုးထလာခဲ့ပြီ"
ပတ်ဝန်းကျင်တွင် တိုက်ခိုက်နေသူများအားလုံးရပ်တန့်လိုက်ကာ ကြောင်စီစီအမူအယာများဖြင့် ထိုမြင်ကွင်းကို ကြည့်လိုက်ကြသည်။
ချီဘုရင်ဖြစ်စေ တခြားကျင့်ကြံသူများဖြစ်စေ သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ ခေါင်းတလားအတွင်းရှိအလောင်းကြီး နိုးထလာမည်ဟု မျှော်လင့်မထားမိချေ။
"ရှေးဟောင်းခေတ်ကာလကနေ နှစ်တစ်သောင်းကျော်လောက် ကြာမြင့်ခဲ့တာတောင်...ဘယ်လိုလုပ်ပြီးတော့ လူတစ်ယောက်က အသက်ရှင်နေတာလဲ"
"မျိုးဆက်ဟောင်းတွေမှာရှိတဲ့ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတွေက အောင်မြင်မှုနဲ့ကျော်ကြားမှုကို ဖမ်းဆုပ်ထားပြီးတော့ သာလွန်ထူးကဲတဲ့ မှော်စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတယ်...ဖြစ်နိုင်တာတော့ ထာဝရအသက်ကို ရရှိထားပြီးတော့ ကောင်းကင်ဘုံတည်ရှိနေသရွေ့ ဘယ်တော့မှမသေဆုံးနိုင်တဲ့ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတွေလည်း ရှိနေနိုင်တယ်"
သူတို့အားလုံးသည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ကိစ္စတစ်ခုကို သူတို့ ရှာဖွေတွေ့ရှိခဲ့သည်ဟု ယုံကြည်နေကြသည်။
လုယွီသည် နေရာ၌ ပလ္လင်ခွေထိုင်နေဆဲပင်။
ခေါင်းတလားအတွင်းရှိတည်ရှိမှုကြီး မတ်တတ်ထရပ်လာသည်ကို မြင်တွေ့ချိန်တွင် သူမျက်မှောက်ကြုတ်လိုက်၏။
အမှန်အားဖြင့် ဤလူကိုကြည့်ရသည်မှာ သူ၏မှတ်ဉာဏ်များအတွင်းရှိ လူသားဧကရာဇ်နှင့် တူညီနေသည်။
သို့ရာတွင် ထိုလူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရစ်သိုင်းလွှမ်းခြုံနေသော အရှိန်အဝါများသည် အေးစက်ပြီး နတ်ဆိုးဆန်သည်။ဤသည်မှာ ငရဲ၏နက်ရှိုင်းသောနေရာမှ တွားသွားတက်လာသော သရဲတစ္ဆေတစ်ကောင်အလားပင်။
ဤသည်မှာ သူ၏မှတ်ဉာဏ်အတွင်းရှိ အလွန်မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားသော လူသားဧကရာဇ်၏ပုံရိပ်နှင့် အလွန်ကွဲပြားခြားနားနေသည်။
"ရှေးဟောင်းလူသားဧကရာဇ်က နိုးထလာပြီးတဲ့နောက်မှာ ကျိုးရှင်းကိုသတ်လိုက်တယ်"
"ဒါက အရမ်းထူးဆန်းတယ်....ဒါက ငါတွေးထားတဲ့ လူသားဧကရာဇ်ရဲ့ပုံရိပ်နဲ့ အရမ်းကွဲပြားခြားနားနေတယ်"
လူအများသည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုလိုက်ကြ၏။ခေါင်းတလားနှင့်နီးကပ်သောနေရာတွေရှိနေသော လူတချို့သည် အလွန်ကြီးမားသော ဖိအားအရှိန်အဝါတစ်ရပ် သူတို့ထံသို့ တိုးဝင်လာသည်ကို ခံစားမိသည်။
"စီနီယာက လူသားမျိုးနွယ်ရဲ့လူသားဧကရာဇ်လား"
ကျင့်ကြံသူတစ်ယောက်က ရှေးဟောင်းဘာသာစကားဖြင့် ပြောဆိုသည်။
နဂါးဝတ်ရုံဝတ်လူကြီးက ဖြည်းညှင်းစွာမတ်တတ်ထရပ်လိုက်သည်။သူ၏မျက်လုံးများသည် ပိန်းပိတ်သည်အထိ မှောင်မည်းနေကာ ထိုကျင့်ကြံသူကို စူးစိုက်၍ကြည့်လိုက်သည်။ရုတ်တရက် သူ၏မျက်လုံးအတွင်းမှနေ၍ အလွန်တောက်ပသော အလင်းတန်းတတန်း ပျံ့လွင့်လာသည်။
ဘုန်း....
ရုတ်ချည်းဆိုသလိုပင် ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏အရိုးများပင် ကြွင်းကျန်ခဲ့ခြင်းမရှိချေ။
ထိုကျင့်ကြံသူ၏နံဘေး၌ လူတချို့ မတ်တတ်ရပ်နေသည်။
နဂါးဝတ်ရုံဝတ်လူကြီးက သူ၏လက်ကို ဆန့်တန်းကာ ထိုလူများကို ဖမ်းဆုပ်လိုက်သည်။ထိုလူများသည် အချိန်မီအသိဝင်ခြင်းမရှိသဖြင့် ချက်ချင်းသေဆုံးသွားကြကာ သွေးများက နေရာအနှံ့အပြားသို့ ဖြာကျသွားတော့သည်။
ထိုသွေးစက်များမှာတချို့သည် နဂါးဝတ်ရုံဝတ်လူကြီး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသဖြင့် သူ့ကိုကြည့်ရသည်မှာ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းနေသည်။
"ပြေးကြစို့...တစ်ခုခုတော့ မှားနေပြီ"
"အုပ်ချုပ်သူအရှင်လုပြောတာ အမှန်ပဲ...ဒါက အရမ်းရက်စက်ကြမ်းကြုတ်တဲ့ တည်ရှိမှုကြီးတစ်ခုပဲ"
အစောပိုင်းကပြေးထွက်သွားခဲ့သော လူတစ်စုသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံ့သွားသည်။ ထိုကြောင့် သူတို့သည် နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးခဲ့လေ၏။
ချီဘုရင်သည် အလျှင်မြန်ဆုံး ထွက်ပြေးခဲ့သူပင်။သူသည် သူ၏လက်အတွင်းရှိ ကျောက်စိမ်းတောင်ဝှေးကိုမြှောက်ကာ သက်တန့်ရောင်အလင်းတန်းများဖြင့် သူ့ကိုယ်သူ ရစ်ပတ်လွှမ်းခြုံထားသည်။
အစောပိုင်းက ချီဘုရင်နှင့်တိုက်ခိုက်နေခဲ့သော နဂါးဝတ်ရုံဝတ်အစောင့်ခေါင်းဆောင်သည် အချိန်တခဏကြာခန့် တုံ့ဆိုင်းသွားသဖြင့် နဂါးဝတ်ရုံဝတ်လူကြီး၏ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
"စီ...စီနီယာ....ငါတို့မှာ တခြားရည်ရွယ်ချက်မရှိပါဘူး...ငါတို့က စီနီယာရဲ့မြင့်မြတ်တဲ့မျက်နှာကို မြင်ဖူးချင်ရုံသက်သက်ပါ"
နဂါးအစောင့်ခေါင်းဆောင်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
နဂါးဝတ်ရုံဝတ်လူကြီးသည် ထိုစကားသံများကိုမကြားသည့်အလား ပြုမူလိုက်သည်။ထို့နောက် သူ၏လက်ကိုဆုပ်လိုက်ရာ ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိလေဟာနယ် တောင့်တင်းအေးခဲသွားသည်။
နဂါးအစောင့်ခေါင်းဆောင်သည် သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအားများကို ထုတ်ဖော်အသုံးပြုလိုက်သည်။သို့ရာတွင် ပတ်ဝန်းကျင်ရှိလေဟာနယ်သည် နဂါးအစောင့်ခေါင်းဆောင်ကို တိုက်ရိုက်ချိတ်ပိတ်ထားလေ၏။
သူ ပြေးရန်အတွက် မြေမရှိတော့ချေ။
ဖူး...
နောက်ထပ်မသဲမကွဲအသံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ နဂါးအစောင့်ခေါင်းဆောင်သည် ချက်ချင်းပေါက်ကွဲသွားကာ သွေးများက နေရာအနှံ့အပြားသို့ လွင့်စင်သွားတော့သည်။
ထို့နောက် နဂါးဝတ်ရုံဝတ်လူကြီးသည် သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ကာ ပတ်ဝန်းကျင်ရှိ နဂါးအစောင့်များအားလုံး မလှုပ်ရှားနိုင်တော့ချေ။သူတို့၏အသက်စွမ်းအားများသည် လုယူခြင်းခံလိုက်ရကာ သူတို့အားလုံး မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်။
တခြားလူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့၏ဆံပင်များ အဆုံးထိထောင်မတ်သွားကာ သူတို့၏နောက်ကျောများ၌ ဇောချွေးများဖြင့် ရွှဲနစ်သွားတော့သည်။
နဂါးအစောင့်ခေါင်းဆောင်သည် ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင်။ဤကဲ့သို့ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတစ်ယောက်ပင်လျှင် ပုရွက်ဆိတ်တစ်ကောင်အလား ချက်ချင်း သတ်ဖြတ်ခံလိုက်ရသည်။
ဤသည်မှာ တစ်ဖက်လူသည် မည်မျှထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ကို ညွှန်ပြနေခြင်းပင်။
ဝေါင်း.....
နဂါးဝတ်ရုံဝတ်လူကြီးသည် ရုတ်တရက် မိုးကောင်းကင်ယံကိုမော့ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
အေးစက်စက်လေပြင်းတစ်ရပ် တိုက်ခတ်လာခြင်းနှင့်အတူ ထူထပ်သိပ်သည်းသော အနက်ရောင်ချီစွမ်းအားများက ချက်ချင်းဆိုသလိုပင် နဂါးဝတ်ရုံဝတ်လူကြီးအား လွှမ်းခြုံသွားသည်။
သူ၏ဆံပင်ရှည်များနှင့် အဝတ်အစားများသည်လေထုအတွင်း၌ တဖျတ်ဖျတ်လူးလွန့်နေပေ၏။ နဂါးဝတ်ရုံဝတ်လူကြီး၏မျက်လုံးများသည် သွေးနီရောင်သို့ပြောင်းလဲသွားကာ လမင်းကြီး၏အလင်းရောင်က သူ့ပေါ်သို့ ဖြာကျနေသည်။သူသည် လေဟာနယ်အတွင်း၌ နတ်ဘုရားတစ်ပါးအလား မတ်တတ်ရပ်နေသည်။
Chapter 4237
"အား....."
ထွက်ပြေးနေသောကျင့်ကြံသူများသည် ထိုဟိန်းဟောက်သံကိုကြားချိန်တွင် သူတို့၏မျက်လုံးများ နားများ နှာခေါင်းများနှင့်ပါးစပ်များမှ သွေးများယိုစီးကျလာကာ သူတို့အားလုံး မြေပြင်ပေါ်သို့လဲကျပြီး သေဆုံးသွားတော့သည်။
တခြားလူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ သေခြင်းတရားသည် သူတို့ထံသို့ ချဉ်းကပ်လာပြီဟု ခံစားမိလေ၏။သူတို့သည်အင်အားကုန်အသုံးပြု၍ပြေးလွှားကာ နဂါးဝတ်ရုံဝတ်လူကြီးနှင့် တတ်နိုင်သမျှအဝေးသို့ရောက်ရှိရန် ကြိုးစားလိုက်ကြသည်။
အစောပိုင်းက သူတို့သည် လူသားဧကရာဇ်၏အမွေအနှစ်ကို ရရှိရန်အတွက် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်ခဲ့ကြသည်။သို့ရာတွင် သူတို့ရရှိသည်မှာ ကံကြမ္မာကောင်းတစ်ခုမဟုတ်ဘဲ သေခြင်းတရားဖြစ်နေမည်ဟု မည်သူကမျှ တွေးထင်မထားမိချေ။
နဂါးဝတ်ရုံဝတ်လူကြီး၏ခြေထောက်မှနေ၍ မမြင်နိုင်သောအတားအဆီးတစ်ရပ် ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထိုအတားအဆီးဖြတ်သန်းသွားသော မည်သည့်နေရာတွင်မဆို အရာအားလုံး ညှိုးနွမ်းခြောက်သွေ့သွားပေ၏။
ဤနန်းဆောင်၏နောက်တွင် မူလက သစ်ပင်အမြောက်အများရှိနေသည်။ထိုသစ်ပင်များသည် စိမ်းလန်းစိုပြေကာ အဖိုးတန်ရှားပါးသော စိတ်ဝိညာဥ်ဆေးပင်များလည်း ရှားပါးခြင်းမရှိချေ။နှစ်သောင်းနှင့်ချီ၍ ကြာမြင့်လာခဲ့သည့်တိုင် ထိုသစ်ပင်များသည် ပျက်စီးသွားခဲ့ခြင်းမရှိပေ။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ထိုစိတ်ဝိညာဉ်ဆေးပင်များအားလုံး ညှိုးနွမ်းခြောက်သွေ့ကာ အရွက်များ ကြွေကျသွားတော့သည်။
"အဲ့ဒီသစ်ပင်တွေရဲ့အသက်စွမ်းအားတွေ စုပ်ယူခံလိုက်ရပြီ"
လူများအားလုံးသည် သူတို့၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားမိသည်။
နဂါးဝတ်ရုံဝတ်လူကြီးသည် မည်သည့်နည်းစနစ်အား အသုံးပြုသွားသည်ကို သူတို့အားလုံး မမြင်တွေ့လိုက်ရချေ။သို့ရာတွင် ပတ်ဝန်းကျင်၌ရှိနေသော လူများနှင့်သက်ရှိအရာများ၏ အသက်စွမ်းအားများအားလုံး အလျှင်အမြန် ခမ်းခြောက်သွားသည်။
ဝေါင်း...ဝေါင်း....
နဂါးဝတ်ရုံဝတ်လူကြီးသည် သူ၏ခေါင်းကိုနောက်သို့လှန်ကာ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်အလား ဟိန်းဟောက်လိုက်သည်။
ပတ်ဝန်းကျင်ရှိလေဟာနယ်တစ်ခုလုံး ပုံပျက်စပြုလာကာ သဲမှုန်များနှင့်ကျောက်စကျောက်နများ ပျံ့လွင့်သွားသည်။ဤသည်မှာ လောကကြီး၏အဆုံးသတ်သို့ ကျရောက်လာသည့်အလားပင်။
နန်းဆောင်၏အနီးတွင် ထွက်ပြေးလာနိုင်ခဲ့သော ကျင့်ကြံသူဆယ်ယောက်ကျော်ခန့် ရှိနေသည်။ သို့ရာတွင် သူတို့သည် မြေပြင်ပေါ်သို့ ရောက်ရှိသည်နှင့် သူတို့၏ပါးစပ်များမှ သွေးများအဆက်မပြတ်အန်ထွက်လာကာ ဒဏ်ရာအပြင်းအထန်ရရှိသွားသည်မှာ သိသာထင်ရှားလှ၏။
ကျင့်ကြံသူတစ်ယောက်သည် သူ၏ဆံပင်များချက်ချင်းဖြူဖွေးသွားကာ သူ၏မျက်နှာပေါ်၌ အရေးအကြောင်းအမြောက်အများ ထင်ဟပ်လာပြီး သူသည် နှစ်ပေါင်းဆယ်နှင့်ချီ၍ အိုမင်းသွားသည့်အလားပင်။
ချီဘုရင်သည် နန်းဆောင်၏နံဘေးသို့ပြေးလာသော်လည်း သူသည် တခြားလူများမှ သူ့အားတိုက်ခိုက်မည်ကို စိုးရိမ်ပူပန်သဖြင့် အလျှင်အမြန်ပုန်းအောင်းလိုက်သည်။
ဝုန်း....
ပတ်ဝန်းကျင်ရှိနန်းဆောင်များမှနေ၍ ဆူညံသောပေါက်ကွဲသံများ ထပ်မံ၍ထွက်ပေါ်လာသည်။
နန်းဆောင်နံရံများမှနေ၍ တောက်ပသောသင်္ကေတအက္ခရာများ ထွက်ပေါ်လာကာ ထိုအစွမ်းထက်သောအားလှိုင်းကို ပိတ်ဆို့ဟန့်တားလိုက်၏။
"ဘာတွေဖြစ်နေတာလဲ...လူသားဧကရာဇ်က ဘာလို့ လူသားတွေကို တိုက်ခိုက်နေတာလဲ"
"ငါတို့က ဒီနေရာကို ကျူးကျော်ဝင်လာပြီးတော့ လူသားဧကရာဇ် အိပ်စက်နေတာကို နှောင့်ယှက်မိတာကြောင့် သူ ဒေါသထွက်သွားတာများလား"
ကျင့်ကြံသူများအနက်မှတချို့သည် ထိတ်လန့်တကြားဖြစ်နေကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။
ဤတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဖိအားအရှိန်အဝါသည် အလွန်ပြင်းထန်ကာ ရက်စက်ကြမ်းကြုတ်သည်။သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ်သည် အရာရာတိုင်းကို အမှုန်အမွှားများအဖြစ် ခြေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။
ဝုန်း....
ထိုအချိန်အခိုက်အတန့်မှာပင် တိမ်မည်းများက မိုးကောင်းကင်ယံအတွင်း၌ တဖန်ပြန်၍လွှမ်းခြုံသွားသည်။
နဂါးဝတ်ရုံဝတ်လူကြီးသည် ထပ်မံ၍ဟိန်းဟောက်ခြင်းမပြုတော့ချေ။ထိုအစား သူ၏ပါးစပ်ကိုဖွင့်ဟကာ အရပ်မျက်နှာအဘက်ဘက်ရှိ ယင်ချီများကို ဝါးမြိုလိုက်သည်။
သူ၏နဖူးပေါ်၌ ခေါင်းကိုးလုံးမြွေတစ်ကောင်၏ပုံရိပ်ယောင် ခပ်ဖျော့ဖျော့ထွက်ပေါ်လာပေ၏။ဤသည်မှာ နှိုင်းယှဉ်ပြစရာမရှိသည်အထိ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လုယွီ၏နှလုံးခုန်နှုန်း အလွန်အမင်းလျှင်မြန်သွားသည်။သူ့ရှေ့ရှိ တည်ရှိမှုကြီးသည် မည်သူမည်ဝါဖြစ်သည်ကို သူ နောက်ဆုံး၌ သိရှိသွားပေ၏။
"အဲ့ဒီကောင်ကြီးက ခုထိမသေသေးတာပါလား"
လုယွီက လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။
အချိန်များကုန်လွန်လာခဲ့သည့်တိုင်....
လူသားဧကရာဇ်၏သားရဲအဖြစ် ခေါ်ဆောင်သွားခြင်းခံရသော မြေကမ္ဘာနတ်ဆိုးဘိုးဘေး သည်ချိတ်ပိတ်ခြင်းခံထားရကာ အမှန်တကယ်ကိုအသက်ရှင်သန်နေဆဲပင်။
သူသည် သေဆုံးမသွားရုံသာမက လူသားဧကရာဇ်၏ပုံပန်းသွင်ပြင်သို့ အယောင်ဆောင်ထားကာ ယဇ်ပလ္လင်၏အထက်ရှိ ခေါင်းတလားအတွင်း၌ လဲလျောင်းနေခဲ့သည်။
"ဒီခေါင်းတလားက အစကတော့ လူသားဧကရာဇ်အတွက် ပြင်ဆင်ထားတာပဲဖြစ်မယ်.... ဒါပေမဲ့ မြေကမ္ဘာနတ်ဆိုးဘိုးဘေးက လူသားဧကရာဇ်ယောင်ဆောင်ပြီးတော့ အထဲမှာပုန်းအောင်းနေခဲ့တယ်"
"ဒါက လူသားဧကရာဇရဲ့နေရာကိုခိုးယူပြီးတော့ထာဝရအသက်ကိုရချင်နေတာပဲ
လုယွီ၏စိတ်အတွင်း၌ မရေမတွက်နိုင်သောအတွေးများ ဖြတ်ပြေးသွားသည်။သူသည် ရုတ်တရက် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အတွေးတစ်ခုကို တွေးတောမိလေ၏။
လူသားဧကရာဇ်သေဆုံးသွားခြင်းသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးနှင့် ဆက်စပ်နေသလော....
မိုးကောင်းကင်ယံအတွင်း၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ယင်ချီများကို အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့် ဝါးမြိုပြီးနောက် ရပ်တန့်လိုက်သည်။
သူသည် လူသားဧကရာဇ်၏ပုံပန်းသွင်ပြင်နှင့် ထွက်ပေါ်လာခဲ့သည့်တိုင် သူ၏အရှိန်အဝါကိုကြည့်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ စိတ်အေးချမ်းမှုကို မခံစားရချေ။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ရုတ်တရက် သူ၏လက်ကိုဆန့်တန်းကာ ဖမ်းဆုပ်လိုက်သည်။လေထုသည် တုန်ခါသွားပြီးနောက် ဓားရှည်တစ်လက်ထွက်ပေါ်လာကာ သူ၏လက်အတွင်းသို့ ကျရောက်သွားပေ၏။
လုယွီသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်အတွင်းရှိ ဓားရှည်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့ချိန်၌ ထိတ်လန့်တုန်လှုပ်သွားသည်။
ဤသည်မှာ လူသားဧကရာဇ်ဓားပင်။
Chapter 4238
လူသားဧကရာဇ်ဓားသည် လောကကြီး၏အထွတ်အမြတ်ရတနာတစ်ခုဖြစ်ကာ ဤဓားကိုကိုင်ဆောင်ထားသူသည် လူသားမျိုးနွယ်များကို ထိန်းချုပ်နိုင်ပေ၏။
ရှေးဟောင်းလူသားဧကရာဇ်များ သေကြေပျက်စီးသွားပြီးနောက် ဤမသေမျိုးအဆင့်မှော်လက်နက်သည် လူသားမျိုးနွယ်၏အထိမ်းအမှတ်သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။လူသားဧကရာဇ်ဓားကို ဆုပ်ကိုင်နိုင်သော မည်သူမဆို ကောင်းကင်ဘုံနယ်မြေ၏အရှင်သခင်ပင်။
ဤဓားသည် သုံးပေခန့်ရှည်လျားကာ ဓားတစ်လက်လုံး ကြေးနီရောင်ထနေသည်။ထိုဓား၏မျက်နှာပြင်ပေါ်တွင် ခပ်ဖျော့ဖျော့ရွှေရောင်အလင်းတန်းများ တောက်ပနေကာ ရှေးဟောင်းသင်္ကေတအက္ခရာဆယ့်နှစ်ခုကို ရေးထွင်းထားသည်။ထိုအရာမှနေ၍ ရှေးကျသောအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားပေ၏။
ကောလဟာလများအရ ပထမဆုံးလူသားဧကရာဇ်ယုသည် ဆေးမီးဖိုကိုးလုံးကို သွန်းလုပ်ရန်အတွက် ကောင်းကင်ဘုံနယ်မြေမှ နတ်ဘုရားရွှေကို ယူဆောင်ခဲ့သည်။သူသည် ထိုအရာများကိုသွန်းလုပ်စဉ်၌ အထွတ်အမြတ်မီးတောက်များနှင့် အချိန်လေးဆယ့်ကိုးရက် ကြာမြင့်ခဲ့ပေ၏။ထိုနတ်ဘုရားရွှေများသည် ဆေးမီးဖိုကိုးလုံးအဖြစ်သို့ ပြောင်းလဲသွားသော်လည်း သတ္တုအပိုင်းအစတစ်ခုသည် အလွန်အမင်းခိုင်ခံမာကြောကာ မီးတောက်များဖြင့် အရည်ပျော်အောင် ပြုလုပ်နိုင်စွမ်းမရှိချေ။
ထိုကြောင့် လူသားဧကရာဇ်ယုသည် ထိုသတ္တုအပိုင်းအစကိုယူကာ သူ၏အထွတ်အမြတ်စွမ်းအားများကို အသုံးပြု၍ ဓားတစ်လက်အဖြစ် သွန်းလုပ်ခဲ့သည်။ထို့ပြင် သူသည်ဧကရာဇ်တစ်ပါး၏စွမ်းအားများကို ဓားအတွင်းသို့ ပေါင်းစပ်ခဲ့ပေ၏။ထိုကြောင့် ဤဓားတွင် တော်ဝင်အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ မသေမျိုးအဆင့် မှော်လက်နက်တစ်ခုဖြစ်သော်လည်း ထိုအရာ၏စွမ်းအားသည် သာမန်မသေမျိုးအဆင့် မှော်လက်နက်များထက် ပို၍သာလွန်သည်။ထိုဓားသည် မျိုးဆက်တစ်ဆက်ပြီးတစ်လက်ဆင့်ကမ်းလာပြီးနောက် နောက်ဆုံး၌ လူသားမျိုးနွယ်၏အထိမ်းအမှတ်သင်္ကေတ ဖြစ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် လူသားဧကရာဇ်ဓားသည် လူများအားလုံး၏ရှေ့၌ ထွက်ပေါ်လာခဲ့ပေ၏။
လူများအားလုံးသည် ထိုဓား၏ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။သူတို့သည် ထိုဓားမှနေ၍ ရှေးကျသောအရှိန်အဝါတစ်ရပ်ကို ခံစားမိသည်။ထိုအရာ၏စွမ်းအားသည် မိုးကောင်းကင်ကိုလှုပ်ခတ်နိုင်ကာ လူအများအား လက်အောက်ခံလိုသောစိတ်မျိုး ပေါက်ဖွားစေသည်။
"ကောင်းကင်ဘုံဧကရီရှန်လင်းလုံက လူသားဧကရာဇ်ဓားကို မထိန်းချုပ်နိုင်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး....လူသားဧကရာဇ် ပြန်လည်မွေးဖွားလာတာကြောင့် ဓားက သူ့ရဲ့ပိုင်ရှင်ဆီကို ပြန်ရောက်သွားခဲ့ပြီ"
"အနာဂတ်မျိုးဆက်ရဲ့ဧကရာဇ်တွေက ရှေးဟောင်းလူသားဧကရာဇ်တွေနဲ့ မယှဥ်နိုင်ဘူး ...ဖရိုဖရဲလောကကြီး အဆုံးသတ်သွားတဲ့အချိန်မှာ လူသားဧကရာဇ် ထွက်ပေါ်လာတာကြောင့် ဘာတွေဖြစ်လာမလဲဆိုတာ ငါ သိချင်မိတယ်"
လူများအားလုံးသည်မှန်းဆကာ ကြုံရာကျပန်း ပြောဆိုနေကြသည်။
သို့ရာတွင် သူတို့အားလုံးသည် ချွင်းချက်မရှိဘဲ လူသားဧကရာဇ်အပေါ် အလိုအလျောက် ကြည်ညိုလေးစားနေကြသည်။မျိုးဆက်ဟောင်းမှကျင့်ကြံသူများသည် သူတို့၏ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့ချိန်မှစ၍ ရှေးဟောင်းလူသားဧကရာဇ်များ၏ဒဏ္ဍာရီများကို ကြားခဲ့ရသည်။
"ဒါက အရမ်းထူးဆန်းတယ်....လူသားဧကရာဇ်ရဲ့အရှိန်အဝါက ဘာလို့ အရမ်းကြောက်ဖို့ကောင်းနေတာလဲ...ဒါက ငါ နတ်ဆိုးနတ်ဘုရားတစ်ကောင်ကို မျက်နှာချင်းဆိုင်နေရသလိုပဲ"
တစ်စုံတစ်ယောက်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။သူသည် အစောပိုင်းက ပြင်ပသို့ပြေးထွက်သွားပြီးနောက် အပြေးမြန်သဖြင့် သေဘေးမှလွတ်မြောက်ခဲ့သူပင်။
"အုပ်ချုပ်သူအရှင်....ခုဏက မင်း ငါတို့အားလုံးကို ဟန့်တားခဲ့တယ်....မင်း ဒီအတွင်းရေးကိစ္စတွေကို သိနေတယ်မဟုတ်လား"
မြင့်မြတ်နယ်မြေတစ်ခု၏အကြီးအကဲတစ်ယောက်က လုယွီကိုကြည့်ကာ မေးမြန်းသည်။
တခြားလူများအားလုံး၏ မျက်လုံးအကြည့်များသည်လည်း လုယွီထံသို့ ကျရောက်သွားသည်။လုယွီသည် ထိုနေရာသို့မသွားရန် သူတို့အားလုံးကို ဟန့်တားခဲ့သည်။ထိုအချိန်တုန်းက သူတို့အနက်မှအများစု၏ စိတ်နှလုံးသားများအတွင်းတွင် မလိုလားမှုများရှိနေခဲ့ပေ၏။
သို့ရာတွင် ပြင်ပသို့ပြေးထွက်သွားသူများ၏ ဆိုးရွားသောအခြေအနေကို မျက်မြင်ကိုယ်တွေ့ကြုံရပြီးနောက် သူတို့သည် လုယွီကို အလွန်အမင်းကျေးဇူးတင်နေကြသည်။
"သူက လူသားဧကရာဇ် မဟုတ်ဘူး"
လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"သူက အထက်ဘုံရဲ့ရှေးဟောင်းနတ်ဆိုးဘိုးဘေးတစ်ကောင်ပဲ...သူ လူသားဧကရာဇ်လိုဟန်ဆောင်ထားတာက အရမ်းအန္တရာယ်များတယ်....ငါတို့တွေက နေရာတစ်နေရာရှာပြီးတော့ အရင်ဆုံးပုန်းအောင်းကြရအောင်...သူနဲ့ ထိပ်တိုက်ရင်ဆိုင်လို့မရဘူး"
"ဘာ...."
ထိုမြင့်မြတ်နယ်မြေအကြီးအကဲသည် ထိတ်လန့်တကြား ခုန်ပေါက်လိုက်၏။
"သူက လူသားဧကရာဇ်မဟုတ်ဘူးလို့ မင်း ပြောလိုက်တာလား"
လုယွီက သူ၏မျက်လုံးကိုစုံမှိတ်ကာ အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"မင်းတို့အားလုံးက သူ့ရဲ့ပုံပန်းသွင်ပြင်ကြောင့် လှည့်စားခံနေရပြီ...သူက နတ်ဆိုးဘိုးဘေးတစ်ကောင်ဖြစ်ပြီးတော့ အရမ်းရက်စက်ကြမ်းကြုတ်တယ်"
လုချန်းချင်က မျက်မှောင်ကြုတ်၍ ပြောဆိုလေသည်။
"ရှေးဟောင်းနတ်ဆိုးတွေအားလုံးကို ပြင်ပလေဟာနယ်ထဲမှာ ချိတ်ပိတ်ထားတယ်မဟုတ်ဘူးလား...လုယွီ မင်းပြောတာ သေချာလား"
"ငါ့မှာ ရှေးဟောင်းအင်ပါယာရဲ့ အရာရှိတံဆိပ်ပြားရှိနေတယ်...တကယ်လို့ သူက လူသားဧကရာဇ်တစ်ယောက် အမှန်တကယ်ဖြစ်နေတယ်ဆိုရင် ငါက တံဆိပ်ပြားကနေတဆင့် အာရုံခံမိလိမ့်မယ်"
လုယွီက ရှင်းပြသည်။
တခြားလူများသည် ချက်ချင်းဆိုသလိုပင် အံ့အားသင့်တုန်လှုပ်သွားပေ၏။သူတို့အနက်မှာတချို့သည် မျက်မှောင်ကြုတ်လိုက်ကြကာ ဤကိစ္စကို မယုံကြည်ဝံ့ကြချေ။
"လုယွီရဲ့စကားကို အရင်ဆုံးနားထောင်ပြီးတော့ နေရာတစ်နေရာရှာပြီး ပုန်းအောင်းကြရအောင်"
လုချန်းချင်က အကြံပြုသည်။
ဤအချိန်အခိုက်အတန့်တွင် လေဟာနယ်အတွင်း၌ မျောလွင့်နေသော နဂါးဝတ်ရုံဝတ်လူကြီးသည် သူတို့ကို သတိပြုမိပုံမရချေ။ထိုနဂါးဝတ်ရုံဝတ်လူကြီးအတွက် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးသည် ပုရွက်ဆိတ်များအလားပင်။
လူများအားလုံးသည် အရှေ့ဘက်ခန်းမသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ကျယ်ဝန်းသောခန်းမတစ်ခုကိုရှာဖွေကာ ဝင်လိုက်ကြသည်။
ဤသည်မှာ ရှေးဟောင်းနယ်မြေအတွင်းတွင် အကြီးမားဆုံးအရံခန်းမတစ်ခုပင်။ဤခန်းမအတွင်းရှိ ပရိဘောဂများအားလုံး အလွန်ခမ်းနားထည်ဝါပေ၏။ထို့ပြင် လိုက်ကာတစ်ခု၏နောက်၌ ရှေးကျသောထိုင်ခုံတချို့ရှိနေသည်။ကြည့်ရသည်မှာ ဤခန်းမသည် အတိတ်တွင် လူသားဧကရာဇ်သည် သူ၏အမတ်ကြီးများနှင့် တိုင်ပင်ဆွေးနွေးရာ၌ အသုံးပြုခဲ့သောနေရာ ဖြစ်ပုံပင်။
ဤအရံခန်းမ၏တိုင်လုံးများပေါ်၌ ရေးထွင်းထားသော သင်္ကေတအက္ခရာများသည် ပြီးပြည့်စုံပေ၏။ထိုအရာများမှနေ၍ အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသည်။အကယ်၍ လူသားဧကရာဇ်သည် ဤနေရာကို ရှာဖွေတွေ့ရှိသွားလျှင်ပင် ထိုမှော်သင်္ကေတများမှ အချိန်တခဏကြာသည်အထိ ပိတ်ဆို့ဟန့်တားနိုင်ပေမည်။
Chapter 4239
"လုယွီ...နင် အဆင်ပြေရဲ့လား"
ဝေ့မင်ထျန်းက လုယွီကို စောင်းငဲ့ကြည့်ကာ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ သဘာဝလွန်ပုံရိပ်ယောင်များ ဝိုင်းရံနေသည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ဖီးနစ်တစ်ကောင် လှည့်ပတ်ပျံဝဲနေကာ သူ့၏ခန္ဓာကိုယ်မှ သွေးများယိုစီးကျနေဆဲပင်။ သူသည် နတ်ဘုရားဆေးလုံး၏ဆေးစွမ်းအားကို ချေဖျက်နေဆဲဖြစ်ပေ၏။
"ငါ ပြန်ကောင်းလာဖို့အတွက် အနည်းဆုံး အချိန်တစ်နာရီလောက်လိုတယ်"
လုယွီက သူ၏မျက်လုံးကိုစုံမှိတ်ကာ သူ၏အာရုံခြောက်ပါးကို ချိတ်ပိတ်လိုက်၏။သူသည် နတ်ဘုရားဆေးလုံး၏ဆေးစွမ်းအားကိုအသုံးပြု၍ သိုင်းပညာသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်၏အတားအဆီးကိုချိုးဖျက်ရန် ကြိုးစားလိုက်သည်။
တခြားလူများက လုယွီသည် ဒဏ်ရာများကို ကုသနေခြင်းဖြစ်မည်ဟုသာ တွေးထင်မိပေမည်။ သို့ရာတွင် လုယွီသည် ဖီးနစ်နတ်ဘုရားဆေးလုံး၏စွမ်းအားကို အသုံးပြုကာ ပို၍မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်သို့ ချိုးဖျက်လိုခြင်းပင်။
သိုင်းပညာသူတော်စင်နယ်ပယ်နှင့် သိုင်းပညာအင်မော်တယ်နယ်ပယ်အကြားရှိ ကွဲပြားခြားနားချက်သည် မိုးနှင့်မြေတမျှပင်။
ရှေးဟောင်းသိုင်းပညာအင်မော်တယ်များသည် သူတို့၏လက်များကို လေးနှင့်မြှားအဖြစ်အသုံးပြု၍ နေမင်းကြီးကိုပစ်ချနိုင်ကာ ရွှေကျီးကိုးကောင်ကို ဆက်တိုက်သတ်ဖြတ်နိုင်သည်။သူတို့စကားပြောဆိုချိန်တွင် သူတို့၏စကားလုံးများကြောင့် ကောင်းကင်နှင့်မြေပြင်ကို အရောင်ပြောင်းလဲစေနိုင်သည်။
သူ၏ရုပ်ခန္ဓာကိုယ်ကို သိုင်းအင်မော်တယ်အဆင့်သို့ ရောက်ရှိနိုင်ရန်အလို့ငှာ သူ၏သွေးချီများသည် သိုင်းပညာသူတော်စင်နယ်ပယ်ထက်သာလွန်၍ အဆက်မပြတ် တလိမ့်လိပ့်စီးဆင်းနေရပေမည်။
တာအိုသခင်တစ်ယောက်နှင့် သူ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်အကြားရှိ ကွာဟချက်သည် အဆင့်များစွာကြီးမားသည်။ထို့ကြောင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ ကြီးကျယ်ခမ်းနားသောဆေးစွမ်းအားများကိုအသုံးပြု၍ သူ၏ရုပ်ခန္ဓာကိုယ်ကျင့်ကြံဆင့်ကို ချိုးဖျက်ရန်ကိုသာ လုယွီက ဆုံးဖြတ်လိုက်သည်။
"မင်း အဆင်ပြေတယ်ဆိုရင် အရမ်းကောင်းတာပဲ...ငါတို့တွေက အုပ်ချုပ်သူအရှင်သူအပေါ် ဆက်ပြီးမှီခိုရဦးမယ်"
တခြားလူများသည် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားမိလေ၏။လုယွီသည် သူတို့အားလုံးကြား၌ အစွမ်းထက်ဆုံးလူပင်။ အကယ်၍ သူ့ထံ၌ မတော်တဆကိစ္စတစ်ခု ဖြစ်ပွားသွားပါက သူတို့၏ဘေးကင်းလုံခြုံမှုလည်း လျော့ပါးသွားပေမည်။
ပြတင်းပေါက်မှတဆင့် ကြည့်လိုက်ချိန်တွင် စိမ်းစိုလန်းဆန်းနေသောဥယျာဉ်သည် ခြစ်ခြစ်တောက်ပူပြင်းသော မြေပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီကို သူတို့အားလုံး တွေးမြင်လိုက်ရသည်။
မူလက မြေဆီဩဇာကြွယ်ဝသောမြေပြင်သည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အဝါရောင်သဲသောင်ပြင်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။သစ်ပင်များပေါ်ရှိ သစ်ကိုင်းများနှင့်သစ်ရွက်များအားလုံး ညှိုးနွမ်းခြောက်သွေ့သွားကာ သဲကန္တာရတစ်ခုနှင့် တူညီနေသည်။
"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ သေဆုံးခြင်း အငွေ့အသက်တွေလဲ...တကယ်လို့ ခုဏက ငါ အဲ့ဒီနေရာမှာသာ နေခဲ့မိမယ်ဆိုရင် ငါတို့လည်း သေသွားလောက်ပြီ"
"တစ်ခုခုမှားယွင်းနေတယ်လို့ ငါ ခံစားမိတာ အံ့အားသင့်စရာမရှိတော့ဘူး....ဒါက ရှေးဟောင်းစာအုပ်တွေထဲမှာ ဖော်ပြထားတဲ့ လူသားဧကရာဇ်ရဲ့ပုံရိပ်နဲ့ ကွဲပြားခြားနားနေတယ်....အခုကြည့်ကြည့်တော့မှ ဒါကရွံရှာစပ်ဆုပ်ဖို့ကောင်းတဲ့ ရှေးဟောင်းနတ်ဆိုးတစ်ကောင် ဖြစ်နေတာပါလား"
ကျင့်ကြံသူများသည် အချင်းချင်းကြည့်လိုက်ကြကာ တစ်ယောက်၏မျက်လုံးအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုကို တခြားတစ်ယောက်က တွေ့မြင်မိသည်။
လူငယ်ကျင့်ကြံသူများသည် ဤကိစ္စများကို သိရှိနိုင်မည်မဟုတ်ချေ။သို့ရာတွင် မျိုးဆက်ဟောင်းမှကျင့်ကြံသူများသည် ရှေးဟောင်းနတ်ဆိုးများ ကောင်းကင်ဘုံနယ်မြေသို့ သယ်ဆောင်လာသည့် ဘေးကပ်ဆိုးကြီးအကြောင်းကို မည်သည့်နည်းနှင့်မျှ မေ့လျော့သွားမည်မဟုတ်ပေ။
ဤသည်မှာ လောကကြီးတခွင်လုံးပျက်စီးလုမတတ် ပြင်းထန်သောတိုက်ပွဲတစ်ပွဲပင်။မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဆိုးများသည် လောကနှစ်ခုတောင်တန်းကို ဖြတ်ကျော်ကာ လူသားမျိုးနွယ်၏နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
ထိုအချိန်တုန်းက မြင့်မြတ်ပြီးအစွမ်းထက်သော တာအိုသခင်များပင်လျှင် မြက်ပင်များအလား ကြွေလွင့်သွားခဲ့ရသည်။ထိုတိုက်ပွဲသည် အလွန်အမင်း ပြင်းထန်ပေ၏။
အဆုံးသတ်၌ လူသားမျိုးနွယ်မှအဓိကအင်အားစုများ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ရှေးဟောင်းနတ်ဆိုးများသည် လူသားမျိုးနွယ်၏နယ်မြေအတွင်းမှ မောင်းထုတ်ခြင်းခံလိုက်ရသည်။ထို့နောက် သူတို့အားလုံးကို ပြင်ပလေဟာနယ်နယ်မြေအတွင်း၌ ထာဝရချိတ်ပိတ်ထားပေ၏။
ယခုလက်ရှိချိန်၌ ရှေးဟောင်းနတ်ဆိုးတကောင်သည် ခေတ်ကာလပေါင်းများစွာကိုဖြတ်ကျော်၍ လောကကြီးအတွင်း၌ အသက်ပြန်ရှင်သန်လာခဲ့သည်။အကယ်၍ ဤသတင်းသာ ကောင်းကင်ဘုံနယ်မြေအတွင်းသို့ ပျံ့နှံ့သွားပါက ကြီးမားသောအုတ်အော်သောင်းနင်းနိုင်မှုကြီး ဖြစ်သွားမည်မှာ သေချာပေါက်ပင်။
ဘုန်း.....
ထိုအချိန်မှာပင် ပြင်ပမှနေ၍ ကျယ်လောင်သောပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
လူများအားလုံးသည် သူတို့၏နတ်ဘုရားစိတ်အာရုံများကို အသုံးပြုကာ ပြင်ပသို့ကြည့်လိုက်ကြ၏။
အဝေးတစ်နေရာရှိ မှောင်မည်းနေသောလေဟာနယ်အတွင်းမှနေ၍ ရွှေရောင်အလင်းတန်းတတန်း ရုတ်တရက် တောက်ပလာသည်။ထိုရွှေရောင်အလင်းတန်းသည် ပတ်ဝန်းကျင်တဝိုက်ပျံ့နှံလာကာ အမှောင်ထုကြီးကို ပျက်ပြယ်သွားစေရန် ကြိုးပမ်းနေသည်။
ထိုရွှေရောင်အလင်းတန်းများကြားမှနေ၍ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာသည်။
ထိုအမျိုးသားသည် အလွန်ခမ်းနားထည်ဝါသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ဗုဒ္ဓအလင်းရောင်များ ရစ်သိုင်းလွှမ်းခြုံနေသည်။ သူ၏ထွက်ပေါ်လာမှုသည် အလွန်တည်ကြည်လေးနက်ကာ သူ၏နံဘေးပတ်လည်မှနေ၍ ကျမ်းစာရွတ်ဆိုသံများ ခပ်သဲ့သဲ့ထွက်ပေါ်နေပေ၏။
အမျိုးသမီးသည် ရွှေရောင်နဂါးဝတ်ရုံကိုဝတ်ဆင်ထားကာ သူမ၏မျက်လုံးများ နီမြန်းနေပြီး သူမ၏အရေပြားသည် အဖြူရောင်ကျောက်စိမ်းကဲ့သို့ ဖြူဖွေးချောမွတ်နေသည်။သူမကိုကြည့်ရသည်မှာ မြင့်မြတ်သောအရှိန်အဝါတစ်ခုရှိပြီး လူအများအား ဦးညွှတ်အရိုအသေပြုလိုသော ခံစားချက်မျိုး ပေါက်ဖွားစေနိုင်သည်။
"ကောင်းကင်ဘုံဧကရီရှန်လင်းလုံနဲ့ နတ်ဘုရားမြင့်မြတ်အမတ်ကြီးတို့ ဒီနေရာကို ရောက်လာပြီ"
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သူတို့သည် တာယွီကောင်းကင်ဘုံအင်ပါယာ၌ အမြင့်မားဆုံးအခွင့်အာဏာကို ပိုင်ဆိုင်ထားသူနှစ်ယောက်ပင်။
"နင်က လူသားဧကရာဇ်ဓားကို ယူသွားတဲ့ကောင် မဟုတ်လား"
ရှန်လင်းလုံ၏မျက်လုံးအတွင်းမှ တောက်ပသောအလင်းရောင်များ ဖြာထွက်နေကာ သူမက အေးစက်တင်းမာစွာပြောဆိုသည်။
"ရှေးဟောင်းသက်ရှိတစ်ကောင်ပဲ...လူသားဧကရာဇ်ဓားကို မြန်မြန်လက်လွှဲပေးစမ်း....ငါက နင့်ကို ကိုယ်လက်အင်္ဂါအပြည့်အစုံနဲ့ သေခွင့်ပြုလိုက်မယ်"
နဂါးဝတ်ရုံဝတ်လူကြီး၏လက်အတွင်း၌ ခုန်နေသောနှလုံးတစ်ခု ရှိနေသည်။
သူသည် သူ၏မျက်လုံးကိုစုံမှိတ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။အရပ်မျက်နှာအဘက်ဘက်၌ မျောလွင့်နေသော သွေးမြူခိုးများအားလုံး ချက်ချင်းဆိုသလိုပင်သူ၏နှာခေါင်းပေါက်အတွင်းသို့ စီးဝင်သွားသည်။
"ငါ သူတို့ရဲ့မှတ်ဥာဏ်တွေကို ဖတ်ပြီးပြီ....မင်းတို့နှစ်ယောက်က အခုလက်ရှိလူသားမျိုးနွယ်ရဲ့ ထိပ်သီးအစွမ်းထက် တည်ရှိမှုကြီးတွေပဲ ဖြစ်မယ်"
နဂါးဝတ်ရုံဝတ်လူကြီး၏စကားလုံးများသည် ယခုခေတ်ကာလအသုံးအနှုန်းများဖြစ်ပြီး သူသည် ရှေးဟောင်းဘာသာစကားဖြင့် ပြောဆိုခြင်းမပြုချေ။
Chapter 4240
လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။ဤနတ်ဆိုးကောင်၏သင်ယူနိုင်မှုသည် အလွန်အမင်းမြင့်မားမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
သူသည် အစောပိုင်းကမှ မွေးဖွားလာခြင်းဖြစ်သည့်တိုင် တခြားလူများ၏မှတ်ဉာဏ်များကိုလုယက်ခြင်းမှတဆင့် ယခုလက်ရှိခေတ်ကာလအကြောင်းကို နားလည်သဘောပေါက်သွားလေပြီ။ဤသည်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော နည်းစနစ်တစ်ခုပင်။
"နင်က နဂါးဝတ်ရုံကို ဝတ်ထားတယ်...ဖြစ်နိုင်တာတော့ နင်က ရှေးဟောင်းဧကရာဇ်တစ်ပါးပဲ...အခုက နင့်ရဲ့ခေတ်ကာလမဟုတ်တော့ဘူး....လူသားဧကရာဇ်ဓားကို မြန်မြန်လွှဲပြောင်းပေးရင် ငါတို့က နင့်ရဲ့အသက်ကို ချမ်းသာပေးမယ်"
ရှန်လင်းလုံ၏ မက်မွန်သီးပုံမျက်လုံးလေးများ ပြူးကျယ်နေသည်။သူမ၏စိတ်နှလုံးသားအတွင်းရှိ ဒေါသများကြောင့် သူမ၏နံဘေးပတ်လည်တွင် သဘာဝလွန်ပုံရိပ်ယောင်အမြောက်အများ ထွက်ပေါ်နေပေ၏။
"ဟီး....ဟီး....ဟီး...."
နဂါးဝတ်ရုံဝတ်လူကြီးထံမှ ရုတ်တရက် ထူးဆန်းသောရယ်မောသံတစ်သံ ထွက်ပေါ်လာကာ သူ၏အကြည့်သည် ရှန်လင်းလုံနှင့်ရှကွေ့ကျုံးတို့ပေါ်သို့ ကျရောက်သွားသည်။
"မင်းတို့က ငါ့ရဲ့ပြန်ရှင်သန်လာမှုကို လာပြီးဟန့်တားဝံ့တယ်...မင်းတို့က သေလမ်းရှာနေတာလား"
သူ စကားပြောဆိုနေစဉ်တွင် ထူထပ်သိပ်သည်းသောယင်ချီများက မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
နန်းဆောင်နံရံများရှိ မှော်သင်္ကေတအက္ခရာများ လင်းလက်တောက်ပစပြုလာကာ ယင်ချီစွမ်းအားများကိုပိတ်ဆို့ဟန့်တားလိုက်သည်။ သို့ရာတွင် ထိုသို့ဆိုသည့်တိုင် နန်းတော်အတွင်း၌ရှိနေသော လူများအားလုံးသည် မိုးနှင့်မြေပြိုလဲသွားတော့မည့်အလား ခံစားနေရဆဲပင်။
ဤကဲ့သို့စွမ်းအားမျိုးသည် သူတို့၏နားလည်သဘောပေါက်နိုင်မှုအတွင်း၌ မရှိတော့ချေ။နယ်မြေသခင်အဆင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေလျှင်ပင် ဤဖျက်ဆီးခြင်းအရှိန်အဝါများအောက်တွင် သူ၏အသက်သည် သူ၏အပိုင်မဟုတ်တော့သည့်အလား ခံစားနေရသည်။
မည်သည့်အပိုစကားတစ်ခုမျှမဆိုဘဲ နဂါးဝတ်ရုံဝတ်လူကြီးက လက်ဦးမှုယူ၍ တိုက်ခိုက်လိုက်သည်။တစ်လိမ့်လိမ့်ထနေသော ယင်ချီများသည် ကြီးမားသောမြွေနက်ကြီးနှစ်ကောင်အသွင်သို့ပြောင်းလဲကာသူတို့ထံသို့တိုးဝင်လာသည်
ထိုမြွေနက်ကြီးနှစ်ကောင်၏အရှိန်အဝါများသည် အလွန်အမင်းပြင်းထန်ပေ၏။လေဟာနယ်အတွင်း၌ ထိုမြွေနက်ကြီးနှစ်ကောင် ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်နေရာတဝိုက်၌ လေဟာနယ်လှိုင်းဂယက်များ ထလာသည်။
နန်းတော်၏ပြင်ပနံရံများသည် အလွန်ကြီးမားသော စွမ်းအားဒဏ်ကို တောင့်မခံနိုင်တော့သဖြင့် တစ်ခုပြီးတစ်ခုကြေမွှပျက်စီးသွားလေ၏။
အဝါရောင်သဲများက မြေပြင်ပေါ်တွင် လွှမ်းခြုံနေကာ လေပြင်းများက နေရာအနှံ့အပြား၌ တိုက်ခတ်နေသည်။
"ကံကောင်းလို့သာပဲ...အုပ်ချုပ်သူအရှင်လုက ငါတို့ကို နန်းတော်ထဲကိုဝင်ပြီးပုန်းအောင်းနေဖို့ အချိန်မီသတိပေးခဲ့တယ်...တကယ်လို့ ငါတို့အပြင်မှာသာဆက်နေမယ်ဆိုရင် အကျိုးဆက်က မတွေးဝံ့စရာပဲ"
"ဒီအရှိန်အဝါတစ်ခုတည်းနဲ့တင် ငါတို့အားလုံးကိုသတ်ဖို့ လုံလောက်တယ်"
လူအမြောက်အများသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေကာ သူတို့သည် နန်းတော်အတွင်း၌ပုန်းအောင်းပြီး တိုက်ပွဲကိုစောင့်ကြည့်နေကြသည်။
ရှန်လင်းလုံက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။ထို့နောက် သူမ၏လက်အတွင်းမှနေ၍ ထောင်သောင်းချီသော နတ်ဘုရားသင်္ကေတအက္ခရာများ ပျံ့လွင့်လာသည်။ထိုနတ်ဘုရားသင်္ကေတအက္ခရာများသည် ရွှေရောင်သံချပ်ကာတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး သူမ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပေး၏။သူမကိုကြည့်ရသည်မှာ စစ်ဘုရားမတစ်ပါးအလားပင်။
သူမ၏ဆံပင်များသည် ရေတံခွန်တစ်ခုအလား လေထုအတွင်း၌ လူးလွန့်နေသည်။ သူမ၏မျက်နှာသည် လက်ရာမြောက်ပန်းပုရုပ်ထုတစ်ခုအလား အလွန်အမင်းလှပသည်။သူမသည် တိုင်းပြည်ပျက်စီးလောက်သည်အထိ လှပသော အမျိုးသမီးတစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားလှ၏။သို့ရာတွင် သူမသည် အလွန်အမင်းမြင့်မားသော တိုက်ခိုက်ရေးစွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။ထိုအချက်နှစ်ချက် ပေါင်းစပ်လိုက်သောအချိန်တွင် ရှန်လင်းလုံထံ၌ ပြိုင်ဘက်ကင်းညှို့အားတစ်ခုရှိနေပေ၏။
သူမ၏မျက်လုံးများကို စုံမှိတ်လိုက်ချိန်တွင် ပန်းပွင့်လေးများ ရှက်ရွံ့သွားစေသည်အထိ အလွန်အမင်းလှပချောမောသည်။
ဤသည်မှာ သူမသည် ရှေးဟောင်းပန်းချီကားချပ်အတွင်းမှထွက်လာသော မိန်းမလှတစ်ယောက်အလားပင်။
ထို့ပြင် သူမသည် အလှပြပန်းအိုးတစ်အိုးသက်သက်မဟုတ်ချေ။မည်သို့ပင်ဆိုစေကာမူ သူမသည် တာယွီကောင်းကင်ဘုံအင်ပါယာကို ထိန်းချုပ်နေသော ဧကရီတစ်ပါးပင်။
ရှန်လင်းလုံသည် ဧကရီတစ်ပါးဖြစ်လာရခြင်းမှာ ရှမိသားစု၏နောက်ခံအင်အား ရရှိထားရုံသာမက သူမ၏ကိုယ်ပိုင်ခွန်အားသည်ကောင်းကင်ဘုံနယ်မြေ၏ အထွတ်အထိပ်တည်ရှိမှုများအနက်မှတစ်ယောက် ဖြစ်နေသောကြောင့်လည်းဖြစ်သည်။
"ရှေးဟောင်းခေတ်ကာလ ကုန်ဆုံးသွားတာ အချိန်အတော်ကြာနေပြီ....နင် အခုချက်ချင်း ထွက်သွားသင့်တယ်"
ရှန်လင်းလုံက ခြေတစ်လှမ်းရှေ့တက်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
သူမ၏လက်အတွင်း၌ နတ်ဘုရားနည်းစနစ်များ ဆင့်ကဲပေါက်ဖွားလာကာ အလွန်အမင်းလက်ရာမြောက်ပြီး ကြီးကျယ်ခမ်းနားသော စေတီတစ်ဆူအဖြစ် ဖွဲ့စည်းသွားသည်။ထိုအရာမှနေ၍ ရွှေရောင်အလင်းတန်းများ တောက်ပစွာဖြာထွက်နေသည်။
"ဒီနည်းစနစ်မှာ မဟာတာအိုရဲ့အဆုံးစွန်ဆုံးအမှန်တရားတွေ ပါဝင်နေတယ်...ကောင်းကင်ဘုံဧကရီရှန်လင်းလုံက ဒီလိုအဆင့်ထိ ရောက်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"သူ့ကို မြေအောက်လောကတာအိုသခင်ကိုယ်တိုင် သင်ကြားပေးခဲ့တာ...သူ့မှာ ဒီလိုမျိုးအောင်မြင်မှုမျိုးရှိနေတာ အံ့အားသင့်စရာမရှိပါဘူး"
နန်းတော်အတွင်းမှစောင့်ကြည့်နေသူများသည် သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားသည်။
အထူးသဖြင့် နယ်မြေသခင်များဖြစ်သော လုချန်းချင်နှင့်မြင့်မြတ်အရှင်ဟွမ်ထျန်းတို့ဖြစ်သည်။ အကယ်၍ ကောင်းကင်တာအို ဆင်းသက်လာပါက လောကကြီးအတွင်းရှိအရာရာတိုင်းကို ဖိနှိပ်နိုင်စွမ်းရှိပေ၏။
ထိုစေတီမှနေ၍ ကျယ်လောင်သောတုန်ခါသံတစ်သံထွက်ပေါ်လာကာ ဘန်းခနဲမြည်သံနှင့်အတူ အောက်သို့ကျရောက်လာသည်။
ပတ်ဝန်းကျင်ရှိကျင့်ကြံသူများသည် အဝေးတစ်နေရာမှ စောင့်ကြည့်နေကြသည့်တိုင် တိုက်ပွဲမှဖိအားအရှိန်အဝါများကို ခံစားမိသည်။ဤဖိအားအရှိန်အဝါသည် မိုးထိလုမတတ်မြင့်မားနေပြီး သူတို့၏စိတ်များကို လှုပ်ခတ်နိုင်ပေ၏။
ဤစေတီသည် ချက်ချင်းဆိုသလိုပင် မြွေနက်ကြီးများထံသို့ ပျံသန်းသွားကာ ထိပ်တိုက်ရင်ဆိုင်မိသည်။