← Chapters

အခန်း (၄၂၆၆-၄၂၇၀)

Vol. 217 Ch. 4266-4270

အခန်း (၄၂၆၆-၄၂၇၀)

Vol. 217 Ch. 4266-4270

Chapter 4266

သို့ရာတွင်တွင် ချီအင်ပါယာကို တည်ထောင်ပြီးဖြစ်သဖြင့် သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်၏ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ထိုင်ကြည့်မနေနိုင်ကြချေ။

ရက်အနည်းငယ်ကြာပြီးနောက် ချီအင်ပါယာ၏ဝန်ကြီးချုပ် ယုဝမ်ကျီးမှနေ၍ ပုန်းကွယ်နဂါးစစ်တပ်မှ‌ ဝေ့ယန်ငွေအပ်နှံဌာနနှင့်တခြားငွေအပ်နှံဌာနများတွင် အပ်နှံထားသော ငွေများအားလုံးကို စာရင်းပိတ်ရန်အတွက် အမိန့်ပေးလိုက်သည်။

ပုန်းကွယ်နဂါးစစ်တပ်သည် လုယွီ ရွေးချယ်ထားသော အဓိကအင်အားစုပင်။ထိုအင်အားစု၏ လစာငွေများအနက် အနည်းစုကိုသာ တော်ဝင်နန်းတွင်းမှ ပေးရခြင်းဖြစ်ပြီး အများစုကိုမူ လုယွီကိုယ်တိုင် ထောက်ပံ့ပေးထားခြင်းဖြစ်သည်။

လုယွီသည် လက်ဝဲစစ်တပ်နယ်မြေအတွင်းသို့ ဝင်ရောက်ပြီးနောက် ဖေးထျန်ကွမ်း၏အကြံပြုချက်ကိုလက်ခံကာ အဓိကသော့ချက်ဖြစ်သော လုပ်ငန်းတချို့ကို ထိန်းချုပ်ခဲ့သည်။

လက်ဝဲစစ်တပ်နယ်မြေ၏ ကြယ်နယ်မြေသုံးဆယ့်ခြောက်ခုအတွင်းတွင် စိတ်ဝိညာဉ်ဆေးပင်စိုက်ခင်းများ စိတ်ဝိညာဉ်မိုင်းများ သံမဏိမိုင်းတွင်းများနှင့် တခြားလုပ်ငန်းများကို လုယွီက အခိုင်အမာဆုပ်ကိုင်ထားနိုင်ခဲ့သည်။

ထိုကြယ်နယ်မြေများအတွင်းရှိ ငွေအပ်နှံဌာနများနှင့်ဂိုဏ်းများမှနေ၍ လုယွီအတွက် ငွေကြေးများကို တိတ်တဆိတ်ထောက်ပံ့ပေးနေခဲ့သည်။

လုယွီထံတွင် စိတ်ဝိညာဥ်သွေးကြောများရှိနေသည့်အပြင် အတိတ်တွင် သူ ရရှိထားသော ကံကြမ္မာကောင်းများကြောင့် သူ့အားအလွန်အမင်းချမ်းသာကြွယ်ဝသူဟု ယူဆနိုင်သည်။

ဤကဲ့သို့ အလွန်များပြားသော ချမ်းသာကြွယ်ဝမှုများကြောင့် လုယွီသည် အစွမ်းထက်သောစစ်တပ်တစ်တပ်ကို ပျိုးထောင်နိုင်စွမ်းရှိပေ၏။

စံသတ်မှတ်ချက်အရဆိုလျှင် ပုန်းကွယ်နဂါးစစ်တပ်၏အင်အားသည် တာယွီအင်ပါယာ၏ နယ်မြေခံစစ်တပ်များအားလုံးအနက် အားအကောင်းဆုံးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများရရှိသော ဆေးလုံးများ ကျင့်ကြံနည်းစနစ်များ မှော်ရတနာများနှင့် သံချပ်ကာများသည် အကောင်းဆုံးများအနက်မှ အကောင်းဆုံးများပင်။ဤစစ်တပ်မှစစ်သားများပင်လျှင် တခြားစစ်တပ်မှစစ်ဗိုလ်ချုပ်များထက် သာလွန်သော ထောက်ပံ့မှုများကို ရရှိသည်။

ဤကဲ့သို့ ရက်ရောသောထောက်ပံ့မှုများကြောင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများကို စစ်တပ်အတွင်းသို့ဝင်ရောက်ရန် ဆွဲဆောင်နိုင်ခဲ့သည်။

အထူးသဖြင့် ရှန်လင်းလုံသည် သူမ၏လူသားဧကရာဇ်ဓားကို ဆုံးရှုံးခဲ့ရပြီးနောက် တော်ဝင်နန်းတွင်းအပေါ် သစ္စာစောင့်သိသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများသည် ပုန်းကွယ်နဂါးစစ်တပ်အတွင်းသို့ ဝင်ရောက်လာကြ၏။

အချိန်တိုအတွင်းမှာပင် ပုန်းကွယ်နဂါးစစ်တပ်အတွင်း၌ ပါရမီရှင်များဖြင့် ပြည့်နက်သွားတော့သည်။ယခုအချိန်၌ ဤစစ်တပ်တွင် တပ်ရင်းကိုးဆယ့်ကိုးရင်းရှိပြီး စစ်သား ငါးသိန်းကျော်ရှိသည်။

ဤသည်မှာ ဒေသခံစစ်တပ်တစ်တပ်၏အင်အားဖွဲ့စည်းပုံထက် များစွာပို၍သာလွန်နေသည်။ထိုကြောင့် ဤကဲ့သို့ကြီးမားသော စစ်တပ်တစ်တပ်သည် ထန်အင်ပါယာနှင့်ချီအင်ပါယာနှစ်ခုလုံးကို စိန်ခေါ်နိုင်စွမ်းရှိသည်။

ဤကဲ့သို့ ကြီးမားသောစစ်တပ်တစ်တပ်ကို လည်ပတ်စေရန်အတွက် ငွေကြေးသည်လည်း မရှိမဖြစ်လိုအပ်ပေ၏။

ပုန်းကွယ်နဂါးစစ်တပ်သည် ငွေအပ်နှံဌာနများ၌ ငွေကြေးအမြောက်အများကို အပ်နှံထားသည်။ ဤသည်ကြောင့် ငွေကြေးလှည့်ပတ်ရာ၌ ခိုင်မာမှုတစ်ခုကို ရရှိစေသည်။သူတို့သည် ငွေလက်မှတ်တစ်ခုကိုသာ အသုံးပြုရန်လိုအပ်ပြီး နေရာဒေသအသီးသီးရှိ စီးပွားရေးလုပ်ငန်းများမှငွေများကို အလွှဲအပြောင်းပြုလုပ်နိုင်သည်။

သို့ရာတွင် ချီအင်ပါယာသည် အလွန်ကောက်ကျစ်ယုတ်မာကာ ငွေကြေးများကိုပြောင်းပြောင်းတင်းတင်း ပိတ်ဆို့လိုက်မည်ဟု သူတို့ မျှော်လင့်မထားမိချေ။

ဤလုပ်ရပ်ကြောင့် ကောင်းကင်ဘုံနယ်မြေတခွင်လုံး အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။

"ဒါဆိုရင် ငွေအပ်နှံဌာနတွေမှာရှိတဲ့ ငွေတွေက ငါတို့ရဲ့ငွေတွေ မဟုတ်ဘူးပေါ့....ငါတို့ ဒီငွေတွေကို ထုတ်လို့ရမရဆိုတာက ချီဘုရင်ရဲ့အမြင်ပေါ်မှာ မူတည်နေတာလား"

"တကယ်လို့ တစ်ရက်ရက်မှာ ငါတို့က ချီဘုရင်ကို မတော်တဆအပြစ်ပြုမိမယ်ဆိုရင်...ငါတို့ရဲ့ငွေတွေအားလုံးကို ပြန်ထုတ်လို့မရတော့ဘူးလား"

ချမ်းသာကြွယ်ဝသူအမြောက်အများသည် ဘဏ်များအတွင်းရှိ သူတို့၏ငွေကြေးများကို စတင်၍လွှဲပြောင်းကြတော့သည်။ဤအချိန်အခိုက်အတန့်တွင် ချီအင်ပါယာ၏လက်အောက်ရှိ ငွေအပ်နှံဌာနငါးခုလုံး ပြင်းပြင်းထန်ထန်ဆုံးရှုံးမှုကို ခံစားရကာ စိတ်ဝိညာဥ်ကျောက်တုံးများ ထုတ်ယူရန်အတွက် နေ့စဉ်နေ့တိုင်း လူအမြောက်အများ ရောက်ရှိလာသည်။

ထိုငွေအပ်နှံဌာနများသည် လူများကို မည်မျှထိကြိုးစား၍ ရှင်းပြသည်ဖြစ်စေ လူချမ်းသာသူကြွယ်များသည် သူတို့အားလျစ်လျူရှုကာ ငွေကြေးများကို ခေါင်းမာမာဖြင့် လွှဲပြောင်းထုတ်ယူကြလေ၏။

ဤဖိအားအရှိန်အဝါအောက်တွင် ငွေအပ်နှံဌာနငါးခုသည် ကူကယ်ရာမဲ့ဖြစ်သွားကာ ချီဧကရာဇ်ကျိုးကျင်းထန်ထံသို့ အကူအညီတောင်းခံကြတော့သည်။

"ငါက ပုန်းကွယ်နဂါစစစ်တပ်ရဲ့​ငွေတွေကို စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးတောင် ထုတ်မပေးနိုင်ဘူး....အဲ့ဒီလူတွေက ပုန်ကန်သူတွေနဲ့သစ္စာဖောက်တွေပဲ...လုယွီက သေသွားပြီ...ဒါပေမဲ့ အဲ့ဒီလူတွေက အခုထိ ခေါင်းမာမာနဲ့ ခုခံနေကြတုန်းပဲ...သူတို့က သေခြင်းဆိုတာကို တကယ်မသိတဲ့လူတွေပဲ...သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်"

ချီဘုရင်သည် ပုန်းကွယ်နဂါးစစ်တပ်ကို ပုန်ကန်သူများအဖြစ် သတ်မှတ်လိုသည်မှာ သိသာထင်ရှားလှ၏။

"ဘယ်လို ဟာသမျိုးလဲ...ချီဘုရင်က ဒီလိုလုပ်လိုက်တာနဲ့ ငါတို့ပုန်းကွယ်နဂါးစစ်တပ်မှာ ငွေကြေးပြတ်လပ်သွားမယ်လို့ ထင်နေတာလား"

ခန်းမအတွင်း၌ထိုင်နေသော ဖေးထျန်ကွမ်းထံတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော အမူအယာတစ်ရပ်ရှိနေကာ ပုန်းကွယ်နဂါးစစ်တပ်တွင် ငွေကြေးပြတ်လပ်ခြင်းမရှိကြောင်း အခိုင်အမာပြောဆိုလိုက်သည်။

ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများအားလုံးကို နှစ်တစ်နှစ်၏အဆုံးသတ်ချိန်သို့ ရောက်ရှိချိန်တိုင်း ဆုလာဘ်အမြောက်အများ ပေးအပ်လေ့ရှိသည်။ထို့ကြောင့် ထိုစစ်သားများ၏စိတ်ဓာတ်များ အလွန်အမင်းတက်ကြွနေပေ၏။

ယခုလက်ရှိချိန်တွင် လုယွီ မရှိသော်လည်း သူထွက်ခွာမသွားမီ အချိန်ကတည်းက ဖေးထျန်ကွမ်းအတွက် အလွန်များပြားသော အရင်းအမြစ်များကို ချန်ထားခဲ့ပြီးဖြစ်သည်။

ဤအရင်းအမြစ်များကြောင့် ဖေးထန်ကွမ်းသည် ချီအင်ပါယာကို အချိန်အတော်ကြာသည်အထိ ရင်ဆိုင်နိုင်စွမ်းရှိပေမည်။

Chapter 4267

အရှေ့အောင်နိုင်ခြင်းကြယ်မြေ အနက်ရောင်မိုခံတပ်...

မြင့်မားသောမြို့ရိုးများပေါ်တွင် ထန်အင်ပါယာ၏အဝါရောင်မြေနဂါးအလံနှင့် ချီအင်ပါယာ၏စန်းဟယ်အလံတို့က လေထုအတွင်း၌ လူးလွန့်နေသည်။

ထန်အင်ပါယာသည် ချီအင်ပါယာ၏မဟာမိတ်ဖွဲ့ခြင်းကို လက်ခံပြီးဖြစ်သည်။ထိုကြောင့် ထန်စစ်တပ်သည် ချီအင်ပါယာစစ်စခန်း၏ နယ်မြေတစိတ်တပိုင်းကို လွှဲပြောင်းယူနိုင်ခဲ့လေ၏။

အပေါ်ယံ၌ ထန်အင်ပါယာသည် ချီအင်ပါယာကို ကာကွယ်စောင့်ကြပ်ရန် သူတို့၏အစောင့်တပ်ကို စေလွှတ်ထားသည်ဟု အမည်ခံထားသည်။

သို့ရာတွင် ချီအင်ပါယာသည် ရုပ်သေးတရုပ်သာဖြစ်ပြီး အစစ်အမှန်ထိန်းချုပ်ထားသည်မှာ ထန်အင်ပါယာဖြစ်ကြောင်း လူများအားလုံး သိရှိထားသည်။

ကျိုးကျင်းထန်၏စစ်ရေးအသုံးစရိတ်များ ထပ်ခါတလဲလဲ အသုံးပြုမှုအောက်တွင် ချီအင်ပါယာ၏စစ်တပ်သည် ပြိုပျက်စပြုလာကာ စစ်သားများသည် ဆယ်ပုံပုံလျှင်တစ်ပုံပင် မကျန်ရှိတော့ချေ။ချီစစ်သားအများစုသည် သူတို့၏နေ့စဉ်အသုံးစရိတ်များအတွက် သူတို့၏အထောက်အပံ့ပစ္စည်းများနှင့် မှော်ရတနာများကိုရောင်းချရန် ဖိအားပေးခံရသည်။စစ်တပ်မှရရှိသောအသုံးစရိတ်များသည် သူတို့၏နေ့စဉ်အသုံးစရိတ်ကိုကာမိရန် အလှမ်းကွာဟပေ၏။

ချီစစ်တပ်၏စစ်သားများအနက်မှ တချို့သည် စစ်တပ်အတွင်း၌ အသေးစားလုပ်ငန်းများကိုစတင်၍ လုပ်ကိုင်ကြရသောကြောင့် သူတို့၏အစစ်အမှန်ဝင်ငွေသည် ထိုလုပ်ငန်းများမှတဆင့် ရရှိလာခြင်းဖြစ်သည်။

ဤသည်မှာ ဟာသပြက်လုံးတစ်ခု မဟုတ်ချေ။ အမှန်အားဖြင့် စစ်တပ်အတွက်ထောက်ပံ့ငွေများ မလုံလောက်ပါက သူတို့၏လက်ရှိအင်အားဖွဲ့စည်းပုံကို ထိန်းသိမ်းထားနိုင်ရန် အလွန်ခက်ခဲပေမည်။

ချီအင်ပါယာသည် ပေါက်ဖွားလာသည်မှာ အချိန်ကြာမြင့်ခြင်း မရှိသေးသဖြင့် ကံကြမ္မာစွမ်းအားသည်လည်း အလွန်အမင်းအားနည်းသည်။

တာယွီအင်ပါယာအတွင်း၌ ကျင့်ကြံဆင့်ဆယ်ဆ မြှင့်တင်မှုရရှိခဲ့သော ကျင့်ကြံသူများသည် ချီအင်ပါယာ၌ ယခင်ကျင့်ကြံမှုအရှိန်နှုန်း၏ခြောက်ဆယ်ရာခိုင်နှုန်းသာရရှိပြီး တစတစပို၍လျော့ကျလာသည်။

သစ္စာရှိလူယုံအမြောက်အများ ရရှိနိုင်ရန်အလို့ငှာ ချီဘုရင်သည် နေရာအနှံ့အပြား၌ အရာရှိများ တင်မြှောက်ခဲ့သည်။ထို့ကြောင့် ဝေ့ယန်ကြယ်​မြစ်အတွင်း၌ အရာရှိဖွဲ့စည်းပုံများ ပျက်ပြားသွားခဲ့ကာ အဆင့်မြင့်အရာရှိများကို နေရာအနှံ့အပြား၌ မြင်တွေ့နိုင်သည်။

အရည်အချင်းရှိသူတချို့သည် ချီအင်ပါယာမှနေ၍ ထွက်ခွာကာ တခြားနေရာများသို့သွားရောက်၍ခိုလှုံကြသည်။သို့ရာတွင် ချီအင်ပါယာအတွင်းမှ ထွက်ခွာ၍မရသော လူတချို့ကျန်ရှိနေသည်။လေဟာနယ်ဓားပြများနှင့် အမာခံလူတချို့ထံတွင် တခြားရွေးချယ်စရာမရှိသဖြင့် ချီအင်ပါယာအတွင်း၌သာ ဆက်၍နေရတော့သည်။

ဤအချိန်အခိုက်အတန့်တွင် ထန်စစ်တပ်သည် အနက်ရောင်မိုခံတပ်အတွင်းသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သဖြင့် ထန်စစ်သားများကို နေရာအနှံ့အပြား၌ မြင်တွေ့နိုင်ပေ၏။

နေရောင်အောက်တွင် ထန်စစ်သားများ၏သံချပ်ကာများမှ တောက်ပသောအလင်းတန်းများ ဖြာထွက်နေသည်။

ထန်စစ်သားများသည် အရပ်မြင့်မားပြီး သန်မာအားကောင်းကာ တက်ကြွသောစိတ်ဓာတ်ရှိသည်။သူတို့သည် ခမ်းနားထည်ဝါသော မှော်ရတနာများကို ဝတ်ဆင်ထားသဖြင့် အကြည့်တစ်ချက်ဖြင့် ဤသည်မှာ ထန်စစ်တပ်၏လက်ရွေးစင်စစ်သားများဖြစ်ကြောင်း မည်သူမဆို သိရှိနိုင်သည်။

နှိုင်းယှဉ်ကြည့်ပါက ထန်စစ်သားများသည် စောင့်ကြပ်ရန်လာသည်ဟု ဆိုသည့်တိုင် ချီစစ်သားများထက် များစွာပို၍ကောင်းမွန်သောအခြေအနေမျိုး၌ ရှိနေသည်။

ချီစစ်တပ်အတွင်း၌ သင့်တင့်လျောက်ပတ်သောမှော်ရတနာကို ပိုင်ဆိုင်ထားသူဟူ၍ အရာရှိတချို့သာရှိသည်။သာမန်စစ်သားများသည်မူ မှော်ရတနာများ မဆိုထားနှင့် သံချပ်ကာဝတ်စုံအပြည့်အစုံကိုပင် ပိုင်ဆိုင်ခြင်းမရှိချေ။

အကယ်၍ သူတို့၏ခါများတွင် ချိတ်ဆွဲထားသော တံဆိပ်ပြားများကြောင့် မဟုတ်ပါက လူအများသည် သူတို့အား စစ်သားများဟု သိရှိမည်မဟုတ်ချေ။ဤသည်မှာ အသစ်ဖွဲ့စည်းထားသော ချီအင်ပါယာစစ်တပ်၏အခြေအနေပင်။

"ဖရိုဖရဲအခြေအနေတွေက မြင့်တက်နေပြီ... မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပဲ ချီအင်ပါယာရဲ့လူတွေက နိမ့်ကျသွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ...အတိတ်မှာတုန်းက တိုက်ခိုက်ခဲ့တဲ့ ငါတို့ရဲ့ရန်သူတွေက အခု ငါတို့ရှေ့မှာ ရှိနေတယ်... ဒါပေမဲ့ ငါတို့က အခု ထန်အင်ပါယာရဲ့စည်းမျဉ်းတွေကို လိုက်နာပြီးတော့ သူတို့ကို လေးလေးစားစားဆက်ဆံနေရတယ်"

နံဘေးပတ်ဝန်းကျင်ရှိ ကြယ်နယ်မြေများမှကျင့်ကြံသူများသည် ဤကိစ္စကို အေးစက်တင်းမာစွာ စောင့်ကြည့်နေကြ၏။

သူတို့အနက်မှအများစု၏ မျက်လုံးများအတွင်းတွင် နာကြည်းမုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ထန်စစ်တပ်မှတိုက်ခိုက်နေစဉ်တွင် အဓိကခံတပ်လေးနေရာသည် ပြင်းထန်စွာခံစားခဲ့ရလေ၏။ခုခံတိုက်ခိုက်သောစစ်သားအများစုသည် ထန်စစ်သားများနှင့် ပြင်းထန်သောထိတွေ့မှုဖြစ်ပွားခဲ့ကာ နှစ်ဖက်စလုံးထံတွင် အလွန်အမင်းနက်ရှိုင်းသော နာကြည်းမှုန်းတီးမှုများ ဖြစ်တည်လာခဲ့သည်။

ဤသည်မှာ နက်ရှိုင်းစွာအမြစ်တွယ်နေသော နာကြည်းမုန်းတီးမှုများဖြစ်သည်မှာ သိသာထင်ရှားသော်လည်း ကျိုးကျင်းထန်၏ သာမန်ကာလျှံကာထုတ်ပြန်သော အမိန့်များအောက်တွင် လုံးလုံးလျားလျားပယ်ဖျက်ခံလိုက်ရသည်။

ထို့ကြောင့် ထန်စစ်တပ်သည် ယခုအချိန်၌ သူတို့၏မျက်လုံးများရှေ့တွင် ရှိနေသည့်တိုင် သူတို့သည် မည်သို့မျှ လှုပ်ရှားနိုင်စွမ်းမရှိတော့ချေ။

ချီအင်ပါယာ၏စစ်တပ်ရှိနေသော်လည်း စစ်သားအများစုသည် သူတို့ကိုယ်တိုင်ပင် ရုန်းကန်နေရသဖြင့် တခြားလူများအပေါ် အာရုံစိုက်နိုင်စွမ်းမရှိတော့ချေ။

ဤတည်ငြိမ်မှုအခြေအနေသည် နောက်ဆုံး၌ ကျိုးပျက်သွားခဲ့လေ၏။

"မဟာစစ်ဗိုလ်ချုပ်...ကျေးဇူးပြုပြီးတော့ ငါ့ရဲ့မြေးမလေးအတွက် တရားမျှတမှုကို ရှာပေးပါ"

"ငါရဲ့မြေးမလေးက ထန်စစ်သားတွေရဲ့ဖျက်ဆီးရမ်းကားမှုကို ခံရတာကြောင့် သေဆုံးသွားခဲ့ရတယ်...သူက အသက်ဆယ့်ကိုးနှစ်ပဲရှိသေးတယ်"

မနက်စောစောအချိန်တွင်....

သံချပ်ကာဝတ်စုံဝတ် စစ်သားအိုကြီးတယောက်သည် သူ၏လက်အတွင်း၌ အမျိုးသမီးတစ်ယောက်၏ပုံတူကိုကိုင်ကာ အနက်ရောင်မိုခံတပ်၏မဟာစစ်ဗိုလ်ချုပ်အိမ်တော်ရှေ့၌ ဒေါသတကြီးအော်ဟစ်နေသည်။

ထိုစစ်သားအိုကြီး၏ခန္ဓာကိုယ်ပေါ်တွင် တံဆိပ်ပြားတချို့ရှိနေပေ၏။ဤသည်မှာ စစ်တပ်အတွင်း၌ ကြီးမားသောအကျိုးဆောင်မှုများကိုပြုလုပ်ခဲ့သူများသာ ရရှိနိုင်သော အရာများပင်။

Chapter 4268

မဟာစစ်ဗိုလ်ချုပ်အိမ်တော်၏နံဘေးပတ်ဝန်းကျင်၌ လူအမြောက်အများ စုဝေးနေသည်။

သူတို့အနက်မှအများစုသည် ဤနေရာ၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ဟူသော ကိစ္စနှင့်ပတ်သက်ပြီး သတင်းများရရှိပြီးဖြစ်သည်။လူအိုကြီးသည် နာကျင်ကြေကွဲစွာဖြင့် တောင်းပန်နေသည်ကိုကြည့်ပြီး သူတို့သည်လည်း မခံမရပ်နိုင်ဖြစ်နေကြ၏။သူတို့သည် ဤကိစ္စအား မဟာစစ်ဗိုလ်ချုပ်အိမ်တော်မှ မည်ကဲ့သို့ဖြေရှင်းမည်ကို မြင်တွေ့လိုကြသည်။

ဤလူအိုကြီး၏နာမည်မှာ ဝူစစ်ချန်ဖြစ်ပြီး တာယွီစစ်တပ်၏အနက်ရောင်မိုခံတပ်မှ လက်ထောက်တပ်မှူးဟောင်းတစ်ယောက်ပင်။သူသည် စစ်တပ်အတွင်း၌ တာဝန်ထမ်းဆောင်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ကာ သူ၏စစ်ရေးအောင်မြင်မှုများမှာလည်း အလွန်ကြီးမားသည်။

သူ၏သားနှင့်ချွေးမသည် စစ်ပွဲအတွင်း၌သေဆုံးသွားခဲ့ကာ သူ၏မြေးမလေးတစ်ယောက်သာလျှင် ကြွင်းကျန်ခဲ့သည်။မြေးအဖိုးနှစ်ယောက်သည် အသက်ရှင်သန်နိုင်ရန်အတွက် တစ်ယောက်ကိုတစ်ယောက် မှီခိုအားထားနေရလေ၏။

လူအိုကြီးဝူ၏မြေးမလေး ဝူရှုလန်သည် အသက်မွေးဝမ်းကျောင်းအတွက် အနက်ရောင်မိုခံတပ်၏လမ်းများပေါ်၌ တို့ဟူးများ လိုက်လံရောင်းချသည်။သူမ၏လှပသောပုံပန်းသွင်ပြင်နှင့် ခန္ဓာကိုယ်အချိုးအစားကြောင့် သူမအား တို့ဟူးသည်မိန်းမလှလေးဟု ခေါ်ဆိုကြသည်။

တခြားတစ်ဖက်တွင် လူအိုကြီးဝူသည် သူ၏ခြေထောက်တဖက် ဒဏ်ရာရရှိသွားမှုကြောင့် စစ်တပ်မှအငြိမ်းစားယူခဲ့သည်။ယခုအချိန်၌ သူသည် အလုပ်ကြမ်းတချို့ကို ရှာဖွေလုပ်ကိုင်နေခဲ့သည်။

မြေးအဖိုးနှစ်ယောက်၏ဘဝနေထိုင်မှုသည် အလွန်ကြမ်းတမ်းသော်လည်း သူတို့သည် သင့်တင့်​လျောက်ပတ်သော အနေအထားဖြင့် နေထိုင်နိုင်ကြသည်။

သို့ရာတွင် ယမန်နေ့ညက ရူးသွပ်ဖွယ်ကောင်းသောကိစ္စတစ်ခုကို လူအိုကြီးဝူ ကြုံတွေ့ခဲ့ရလေ၏။

အရက်မူးနေသော ထန်စစ်သားသုံးယောက်သည် အိမ်သို့ပြန်လာသော ဝူရှုလန်နှင့် လမ်းပေါ်‌၌ တွေ့ဆုံမိသည်။ဝူရှုလန်သည်

အလွန်လှပချောမောသည်ကို မြင်တွေ့ချိန်၌ သူတို့ထံတွင် ညစ်ညမ်းသောအတွေးများ ထွက်ပေါ်လာသည်။ သူတို့သည် ဝူရှုလန်ကို ခြုံပုတ်တစ်ခုအတွင်းသို့ဆွဲခေါ်ကာ သူမအား အနိုင်ကျင့်ခဲ့ကြသည်။

ဝူရှုလန်သည် အားကုန်ရုန်းကန်ခဲ့လေ၏။ထန်စစ်သားသုံးယောက်သည် ဒေါသထွက်သွားကာ သူမအား သေသည်အထိ ရိုက်နှက်ခဲ့ကြသည်။

လူအိုကြီးဝူသည် ဤကိစ္စကို သိရှိသွားချိန်၌ဟထိုနေရာသို့ အပြေးသွားခဲ့သည်။အခင်းဖြစ်ပွားသောနေရာသို့ သူ ရောက်ရှိသွားချိန်တွင် ဝူရှုလန်၏ခန္ဓာကိုယ် ဆိုးဆိုးရွားရွားပုံပျက်ပန်းပျက်ဖြစ်နေသည်ကို သူ မြင်တွေ့မိသည်။ဤသည်မှာ သူ တောင့်ခံနိုင်ရန်မဖြစ်နိုင်ခဲ့သော ဆိုးရွားသည့်မြင်ကွင်းတစ်ခုပင်။

"ငါရဲ့လန်အာလေး...."

လူအိုကြီးဝူက အော်ဟစ်ငိုယိုကာ သတိလစ်မေ့မျောသွားသည်။ကံကောင်းထောက်မစွာဖြင့် သူ၏အိမ်နီးနားချင်းများမှနေ၍ သူ့အားကူညီပေးကြသဖြင့် မည်သည့်မတော်တဆကိစ္စမျှ မဖြစ်ပွားသွားခဲ့ချေ။

လူအိုကြီးဝူသည် သတိပြန်ရလာပြီးနောက် သူ၏မြေးမလေးအတွက် တရားမျှတမှုကိုရှာဖွေရန် အနက်ရောင်မိုခံတပ်၏စစ်ဗိုလ်ချုပ်အိမ်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

"အဲ့ဒီထန်စစ်သားတွေက ခွေးတွေလိုမျိုး ပြုမူနေတာ....သူတို့မှာ သားရဲတွေလိုစိတ်မျိုးပဲရှိတော့တယ်....သူတို့လုပ်လိုက်တဲ့ကိစ္စက ဝက်တွေခွေးတွေရဲ့လုပ်ရပ်ထက်တောင် ပိုဆိုးနေတယ်"

"ရှုလန်က လိမ္မာတဲ့ ကလေးမလေးတစ်ယောက်... သူက မနက်ခင်းကနေ ညနေစောင်းအထိ လမ်းတွေပေါ်မှာ တို့ဟူးရောင်းနေတာကို ငါတို့အမြင်ပဲ...သူ့လို လိမ္မာတဲ့ကလေးတစ်ယောက်က အဲ့ဒီတိရစ္ဆာန်သုံးကောင်ကြောင့် ပျက်စီးသွားခဲ့ရတယ်"

"ထန်စစ်သားတွေက ငါတို့ကို လူသားတွေလို မဆက်ဆံဘူး...အဲ့ဒီကောင်တွေက ကောင်းတာတစ်ခုကိုမြင်တာနဲ့ ချက်ချင်းလုယူကြတယ်...သူတို့က အဲဒီပစ္စည်းအတွက် ငွေကြေးတောင်မပေးချင်ကြဘူး"

လူအမြောက်အများသည် ထန်စစ်သားများ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ဒေါသတကြီးပြောဆိုနေကြသည်။လူအိုကြီးဝူ၏ကြေကွဲဝမ်းနည်းဖွယ်ကောင်းသော ဖြစ်ရပ်နှင့်ရင်ဆိုင်ရချိန်တွင် သူတို့သည်လည်း အသက်ရှူမွန်းကြပ်လာကြ၏။

သူတို့သည် ထန်စစ်သားများ၏လက်အောက်ခံများဖြစ်နေသည့်တိုင် သူတို့၏မိသားစုဝင်များကို ဤကဲ့သို့နည်းလမ်းဖြင့် ဆက်ဆံခံရပါက သူတို့ လက်သင့်ခံနိုင်မည်မဟုတ်ချေ။

....

ဤအချိန်အခိုက်အတန့်တွင်

အနက်ရောင်မိုခံတပ်၏ မဟာစစ်ဗိုလ်ချုပ်အိမ်တော်အတွင်း၌....

အိမ်တော်၏ပင်မခန်းမအတွင်းတွင် လူငယ်တစ်ယောက် ထိုင်နေသည်။သူသည် ထန်အင်ပါယာ၏ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ၏ခါး၌ ခရမ်းရွှေရောင်အိတ်ကိုချိတ်ထားသည်။သူ့ကိုကြည့်ရသည်မှာ အလွန်မြင့်မားသော အဆင့်အတန်းရှိပုံပင်။

ထိုခရမ်းရောင်ဝတ်ရုံဝတ်လူသည် အသက်သုံးဆယ်ပြည့်သေးပုံမရချေ။သူသည် ငယ်ရွယ်ပြီး သူရဲကောင်းဆန်သော အရှိန်အဝါရှိသော်လည်း သူ့၏ခေါင်းထက်ရှိ ဆံပင်များအားလုံး ဖြူဖွေးနေသည်။သူ၏မျက်လုံးတစ်စုံသည် ခရမ်းရောင်ဖြစ်ကာ အနည်းငယ်ထူးဆန်းပေ၏။

ဤအချိန်အခိုက်အတန့်တွင် ထိုခရမ်းရောင်ဝတ်ရုံဝတ်လူထံမှနေ၍ မည်သည့်ဖိအားအရှိန်အဝါကိုမျှ ထုတ်လွှတ်ထားခြင်းမရှိချေ။သို့ရာတွင် သူ့၏ရှေ့၌မတ်တပ်ရပ်နေသောမည်သူမဆို သူတို့၏နောက်ကျောများတွင် မီးများလောင်ကျွမ်းနေသည့်အလား ခံစားနေရသည်။

"အရှင့်သား...ချီစစ်တပ်ကနေ လွှဲပြောင်းပေးလိုက်တဲ့ စာရင်းတွေရပါပြီ...ကျေးဇူးပြုပြီးတော့ တစ်ချက်ကြည့်ကြည့်ပါအုံး...တကယ်လို့ ဘာပြဿနာမှမရှိဘူးဆိုရင် အဲ့ဒီနေရာက ထန်အင်ပါယာရဲ့အပိုင် ဖြစ်သွားပြီ"

သူ၏နံဘေး၌ မတ်တတ်ရပ်နေသည်မှာ အနက်ရောင်မိုခံတပ်ကို တာဝန်ယူထားသော မဟာစစ်ဗိုလ်ချုပ်ကူချင်ပင်။

ကူချင်သည် လူလတ်ပိုင်းကြီးတစ်ယောက်ပင်။သူသည် အနက်ရောင်မိုခံတပ်အတွင်း၌ အစွမ်းထက်ဆုံးပုဂ္ဂိုလ်ဖြစ်သော်လည်း ထိုလူကိုဆက်ဆံရာ၌ အလွန်နှိမ့်ချရိုကျိုးနေသည်။သူသည် ခရမ်းရောင်ဝတ်ရုံဝတ်လူကို ဦးညွှတ်အရိုအသေပြုထားကာ သူ၏ခေါင်းကို မော့ကြည့်ဝံ့ခြင်းမရှိချေ။

ခရမ်းရောင်ဝတ်ရုံဝတ်လူက တည်ငြိမ်စွာပြောဆိုသည်။

"အင်း...မင်း ပင်ပင်ပန်းပန်းကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...မဟာစစ်ဗိုလ်ချုပ်ကူ စိတ်အေးအေးထားပါ...ငါတို့ထန်အင်ပါယာရဲ့ကာကွယ်မှုအောက်မှာ မင်း ဘာအန္တရာယ်နဲ့မှ တွေ့မှာမဟုတ်ဘူး"

ကူချင်သည် ချက်ချင်းဆိုသလို ထိတ်လန့်တကြားပြောဆိုလိုက်၏။

"ထန်အင်ပါယာရဲ့သစ္စာရှိအစေခံတယောက် ဖြစ်ရတာကိုပဲ ကျွန်တော်က စိတ်ကျေနပ်နေပါပြီ"

Chapter 4269

"ဟမ့်..."

ခရမ်းရောင်ဝတ်ရုံဝတ်လူသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အရောင်များ ထင်ဟပ်နေသည်။

ဤကူချင်သည် အလွန်အကျွံမြှောက်ပင့်ဖားယားတတ်သူပင်။အကယ်၍ ဤကဲ့သို့လူတစ်ယောက်ကို ထန်စစ်တပ်အတွင်း၌ထားပါက ခေါင်းဖြတ်သတ်ခံရပြီးဖြစ်ပေမည်။

သူသည် သူ့ကိုယ်ပိုင်အင်ပါယာ၏အကျိုးစီးပွားကို စွန့်လွှတ်ကာ ထန်အင်ပါယာထံမှနေ၍ မျက်နှာသာရရှိနိုင်ရန် သူ၏စိတ်နှလုံးသားကိုရင်း၍ ကြိုးပမ်းနေခဲ့သည်။ထို့ကြောင့် ထန်အင်ပါယာမှလူများသည် ကူချင်အား အလွန်အထင်အမြင်သေးနေကြ၏။

"အရှင့်သား...ညနေကျရင် ဒီစစ်ဗိုလ်ချုပ်က အရှင့်ကိုကြိုဆိုတဲ့ ညစာစားပွဲတစ်ခုကို ကျင်းပပေးချင်ပါတယ်...အရှင့်သား ဘယ်လိုသဘောရလဲ"

ကူချင်က သတိကြီးစွာထား၍ မေးမြန်းသည်။

ခရမ်းရောင်ဝတ်ရုံဝတ်လူက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"အဲ့ဒီလိုလုပ်ဖို့ မလိုအပ်ဘူး...အခုချိန်ကနေစပြီးတော့ စားသောက်ပွဲတွေအားလုံးကို ပယ်ဖျက်ရမယ်...အရင်ရက်တွေတုန်းမှာ ငါက ကောင်းကောင်းကျင့်ကြံနိုင်ခဲ့တယ်...ဒါကြောင့် ငါက အချိန်အတိုင်းအတာတစ်ခုထိ တံခါးပိတ်ကျင့်ကြံဖို့လိုအပ်တယ်...ငါ့ကို ဘယ်သူမှလာပြီး နှောက်ယှက်ခွင့်မပြုဘူး"

"ဟုတ်ကဲ့ပါ အရှင့်သား"

ကူချင်က မျက်နှာချိုသွေးသောအပြုံးဖြင့် အလျှင်အမြန်ပြောဆိုသည်။

"အရှင့်သားက ခုလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းကြီးမားတဲ့ အောင်မြင်မှုမျိုးတွေရအောင် စွမ်းဆောင်နိုင်တယ်...ဒါက ကောင်းကင်ဘုံနယ်မြေထဲမှာ အရမ်းရှားပါးတဲ့ လုပ်ရပ်ပဲ...အရှင့်သားရဲ့အနာဂတ်အောင်မြင်မှုတွေက အကန့်အသတ်ရှိမှာမဟုတ်ဘူး...အတိတ်မှာတုန်းက လုယွီရခဲ့တဲ့ အောင်မြင်မှုတွေကတောင် အရှင်သားနဲ့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး"

ခရမ်းရောင်ဝတ်ရုံဝတ်လူက အေးစက်စက်နှာတစ်ချက်မှုတ်ကာ ပြောဆိုသည်။

"မင်းရဲ့အမြင်က အရမ်းကျဉ်းမြောင်းတယ်. မင်း ဘာမှမသိသေးဘူး...အတိတ်မှာတုန်းက ငါတို့ထန်အင်ပါယာ ဘယ်လောက်ထိ ဂုဏ်သတင်းကြီးမားခဲ့တယ်ဆိုတာ မင်း သိလား...ငါ လုယွီအကြောင်းကို ကြားဖူးတယ်...သူက ကံကြမ္မာကောင်းတချို့ရခဲ့တဲ့ ကောင်စုတ်လေးတစ်ကောင်ဖြစ်နေရုံပဲ...သူ့လိုလူမျိုးကို မင်းတို့အားလုံးက ဘယ်လိုလုပ်ပြီးတော့ ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်ထားကြတာလဲ...ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဆိုတာက ဘယ်လိုလူမျိုးလဲဆိုတာ မင်းတို့သိကြလား"

"ဒါပေမဲ့ ထန်အင်ပါယာရဲ့အိမ်ရှေ့စံမင်းသား လီဖူတောင်မှ လုယွီကို ရှုံးနိမ့်ခဲ့တယ် မဟုတ်လား"

ကူချင်က သတိကြီးစွာထား၍ မေးမြန်းသည်။

"လီဖူလား....သူက ဒုတိယမျိုးဆက်ရဲ့ဆက်ခံသူလေးတစ်ယောက်ပဲ....ဒီအချိန်မှာ သူရဲ့စစ်တပ်အခွင့်အာဏာတွေအားလုံး ပြန်ရုပ်သိမ်းခံလိုက်ရပြီးတော့ ကောင်းကင်မူဝါဒရုံးတော်ကတောင်သူ့ကို ကန်ထုတ်လိုက်ပြီ... လီဖူက အရှုံးသမားတစ်ယောက်ပဲ....သူက ငါ့ကို ကြီးမားတဲ့အခွင့်အရေးတစ်ခုပေးခဲ့တယ်...ငါ သူ့ကိုမသတ်တာကတင် သူ တော်တော်လေးကံကောင်းနေပြီ"

ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ရုတ်တရက် မတ်တတ်ထရပ်ကာ မောက်မာထောင်လွှားသောလေသံဖြင့် ပြောဆိုသည်။

"ငါက အချိန်အတိုင်းအတာတစ်ခုထိ တံခါးပိတ်ကျင့်ကြံမယ်....မင်းနဲ့မင်းရဲ့လူတွေက အနက်ရောင်မိုခံတပ်တစ်ခုလုံးကို စောင့်ကြည့်ထားပါ...ဘာပြဿနာမှ မဖြစ်စေနဲ့"

"ဟုတ်ကဲ့ပါ အရှင့်သား"

ခရမ်းရောင်ဝတ်ရုံဝတ်လူ ထွက်ခွာသွားပြီးနောက် ပြင်ပ၌စောင့်ဆိုင်းနေသော အရာရှိများအားလုံး ခန်းမအတွင်းသို့ ဝင်လာကြသည်။

"မဟာစစ်ဗိုလ်ချုပ် ပြဿနာတစ်ခုဖြစ်နေပြီ"

စာရေးတယောက်က အိမ်တော်၏ပြင်ပတွင်ဖြစ်ပွားနေသော ကိစ္စများအားလုံးကို ကူချင်အား ပြောဆိုလိုက်၏။

"ပြဿနာ လာရှာနေတာလား...သူ့ကိုဖမ်းပြီးတော့ ရက်နည်းနည်းလောက် ချုပ်ထားကြစမ်း"

ကူချင်က ဒေါသတကြီးပြောဆိုသည်။

စာရေးက ထိတ်လန့်တုန်လှုပ်စွာဖြင့် တုံ့ပြန်သည်။

"မဟာစစ်ဗိုလ်ချုပ် ကျွန်တော် နည်းနည်းလောက် စုံစမ်းကြည့်ခဲ့တဲ့အချိန်မှာ ဒါက တကယ့်ကို ထန်စစ်သားတွေရဲ့အပြစ်ပဲ...မနေ့က စစ်စခန်းကနေ ထန်စစ်သားတွေအများကြီး ခိုးထွက်သွားကြတယ်...သူတို့က လမ်းပေါ်မှာပြဿနာရှာနေကြပေမယ့် မြို့ထဲမှာရှိတဲ့ စစ်သားတွေက သူတို့ကို မတားရဲဘူး...ဒါပေမဲ့ အဲ့ဒီကိစ္စကို သူတို့မြင်လိုက်ရတယ်"

ထန်စစ်သားများသည် ငယ်ရွယ်သောမိန်းကလေးတစ်ယောက်အား အတင်းအကြပ်ဆွဲခေါ်ကာ အဓမ္မပြုကျင့်ခဲ့သည်အား လူအမြောက်အများမှ မြင်တွေ့ခဲ့လေ၏။

ဤသည်ကြောင့် လူအများ ဒေါသထွက်နေကြသည်။

ကူချင်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"မင်းတို့က ငါ့ရဲ့အမိန့်ကို ဂရုတစိုက်နားထောင်တာ ပိုကောင်းလိမ့်မယ်...အခုအချိန်မှာ အရေးကြီးဆုံးကိစ္စက တည်ငြိမ်အောင် ထိန်းသိမ်းထားဖို့ပဲ....ငါ့အတွက် ဘာပြဿနာမှမဖြစ်စေနဲ့....အဲ့ဒီလူအိုကြီးကို လျော်ကြေးတချို့ပေးပြီးတော့ သူ့ရဲ့ပါးစပ်ကို ပိတ်ခိုင်းထားလိုက်စမ်း"

"ဗိုလ်ချုပ်...ဒါပေမဲ့ အပြင်မှာရှိတဲ့လူတွေက အရမ်းဒေါသထွက်နေကြတယ်...အိမ်တော်ရဲ့ပြင်ပမှာရှိတဲ့ စစ်သားတချို့တောင် ဒဏ်ရာရသွားပြီ...သူတို့က စစ်ဗိုလ်ချုပ်အိမ်တော်ထဲကိုတောင် ဝင်ပြီးတိုက်ခိုက်တော့မယ်"

အရာရှိတစ်ယောက်က ထိတ်လန့်တကြား ပြောဆိုသည်။

"ဘာ....အဲ့ဒီလူရမ်းကားတွေကို ဘယ်ကောင်က သတ္တိပေးလိုက်တာလဲ...သူတို့က စစ်ဗိုလ်ချုပ်အိမ်တော်ထဲထိတောင် ကျူးကျော်ဝင်ဝံ့တာလား"

ကူချင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ထို့နောက် သူ၏သက်တော်စောင့်တချို့ကို ခေါ်ဆောင်ကာ ပြင်ပသို့ထွက်သွားလေ၏။

ကူချင် ထွက်လာသည်ကိုမြင်တွေ့ချိန်၌ ပြင်ပတွင်ရှိသော လူအုပ်ကြီးသည် ချက်ချင်းလမ်းရှင်းပေးလိုက်ကြ၏။

လူအိုကြီးဝူသည် ကူချင်ကိုမြင်တွေ့ချိန်၌ သူ၏ကယ်တင်ရှင်ကို မြင်တွေ့သွားသည့်အလားပင်။သူသည် အက်ရှရှလေသံဖြင့် တောင်းပန်စကားပြောဆိုသည်။

"မဟာစစ်ဗိုလ်ချုပ် ဒီငယ်သားက တစ်ချိန်တုန်းက ဗိုလ်ချုပ်ရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်...ငါက အသက်နဲ့ရင်းပြီးတော့ ရာနဲ့ချီတဲ့တိုက်ပွဲတွေကို တိုက်ခိုက်ခဲ့တယ်... ဗိုလ်ချုပ် ကျေးဇူးပြုပြီးတော့ ငါ့အတွက် တရားမျှတမှုကို ယူပေးပါ"

ထိုစကားကိုပြောဆိုရင်း သူ့မြေးမလေး၏ပုံတူကို ကူချင်ထံ လက်ကမ်းပေးလိုက်သည်။

ဗြီ...

သို့ရာတွင် ထိုပုံတူပန်းချီသည် ကူချင်၏ဆုတ်ဖြဲခြင်းကို ခံလိုက်ရလေ၏။

"ဒါဆိုရင် မင်းက ပြဿနာရှာခဲ့တဲ့လူလား"

ကူချင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။သူသည် လူအိုကြီးကို ကန်​ကျောက်ကာ မြေပြင်ပေါ်သို့ လဲကျသွားစေသည်။

"သောက်ချေးပဲ....မင်းက ထန်စစ်သားတွေကိုတောင် စွပ်စွဲဝံ့တယ်...ငါ မင်းကို ရိုက်မယ်"

Chapter 4270

ရွှပ်...ရွှပ်...

ကူချင်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။သူသည် သူ၏ခါးတွင်ချိတ်ထားသော မြင်းမြှီးကြာပွတ်ကိုဖြုတ်ကာ လူအိုကြီးဝူကို ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။

သူသည် ခံတပ်၏မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သဖြင့် သာလွန်ထူးကဲသောခွန်အားကို ပိုင်ဆိုင်ထားသည်။သူသည် မှော်စွမ်းအားကိုအသုံးမပြုသော်လည်း သူ့၏ခွန်အားသက်သက်ကပင် အလွန်ကြီးမားသည်။

မြင်းမြှီးကြာပွတ် ပြင်းပြင်းထန်ထန်ကျရောက်သွားချိန်တွင် လေထုအတွင်း၌ ပေါက်ကွဲသံတချို့ပင် ထွက်ပေါ်လာသည်။ထို့​နောက် ကြာပွတ်သည် လေထုကိုဖြတ်သန်းပြီး လူအိုကြီးဝူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာသွေးစီးကြောင်းတချို့ ထွက်ပေါ်လာပေ၏။

လူအိုကြီးဝူသည် ယခင်ကတည်းက မသန်မစွမ်းတစ်ယောက်ဖြစ်သဖြင့် ဤကဲ့သို့ရိုက်နှက်ခြင်းကို တောင့်ခံနိုင်ခြင်းမရှိချေ။သူ၏ပိန်လှီနေသောခန္ဓာကိုယ်သည် ကွေးကောက်သွားကာ မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ပြီး သူ၏ခေါင်းကို သူ၏လက်များဖြင့် ကာထားလေ၏။

"ခွေးအရာရှိ...မင်း ဘာလို့ လူအိုကြီးဝူကိုရိုက်နေတာလဲ"

"တိရစ္ဆာန်ကောင်...."

ပတ်ဝန်းကျင်ရှိလူများသည် ထပ်မံ၍ ရပ်ကြည့်မနေနိုင်တော့ချေ။သို့သော် သူတို့သည် ခြေတစ်လှမ်းရှေ့တက်ကာ လူအိုကြီးဝူကိုကယ်တင်ရန် ကြိုးပမ်းလိုက်ကြ၏။

သို့ရာတွင် ပတ်ဝန်းကျင်၌ ချီစစ်သားအမြောက်အများစုဝေးနေကာ သူတို့၏လက်အတွင်းရှိ မှော်လက်နက်များကိုမြှောက်၍ လူများကို ဟန့်တားလိုက်ကြသည်။

"မင်းတို့အားလုံး လူခွဲကြစမ်း.. ဒီနေရာမှာဆက်နေတဲ့ ဘယ်သူ့ကိုမဆို ပြဿနာရှာတယ်လို့ယူဆပြီးတော့ စည်းမျဥ်းတွေအရ အရေးယူမယ်"

ကူချင်က ပတ်ဝန်းကျင်ရှိလူများကိုကြည့်ကာ အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

သံချပ်ကာဝတ်စုံဝတ်စစ်သားများသည် လူအုပ်ကြီး၏ရှေ့၌ မတ်တတ်ရပ်ကာ မည်သည့်ဖြေရှင်းချက်မျိုးကိုမျှ နားမထောင်ဘဲ သူတို့အား တွန်းထုတ်လိုက်ကြသည်။ချီစစ်သားများသည် ထိုလူများ၏အသက် သေရေးရှင်ရေးနှင့်ပတ်သက်ပြီး အနည်းငယ်မျှဂရုစိုက်ခြင်းမရှိပေ။

ဤနေရာတွင်ရှိနေသော လူများအနက်မှလူတချို့သည် တွန်းထုတ်ခံရခြင်းကြောင့် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ဤအချိန်အခိုက်အတန့်တွင် ထိုလူများပေါ်သို့ တခြားလူများမှ တက်နင်းသွားကြသဖြင့် လူအမြောက်အများ ထိခိုက်ဒဏ်ရာရရှိသွားပေ၏။

ကူချင်သည် ဤနေရာရှိ စူးရှနာကျင်စွာအော်ဟစ်သံများကို မကြားသည့်အလား ပြုမူနေသည်။သူသည် သူ့ခြေထောက်၏နံဘေး၌ ဝပ်တွားနေသော လူအိုကြီးဝူကို ငုံကြည့်လိုက်၏။

"မင်းရဲ့မြေးမအကြောင်းကို ငါ ကြားပြီးပြီ...သူက အနေအထိုင်မတတ်တဲ့ မိန်းကလေးတစ်ယောက်ပဲ...သူက ယောက်ျားသားတွေရှေ့မှာ ဟန်ရေးပြနေမှတော့ ဒီလိုရလဒ်မျိုးနဲ့ ထိုက်တန်တယ်...မင်းရဲ့မြေးမက ထန်စစ်သားတွေရဲ့စွမ်းအားကိုမြင်ပြီးတော့ သဘောကျသွားတာပဲဖြစ်နိုင်တယ်....ဒါကြောင့် သူက ထန်စစ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြားယောင်းသွေးဆောင်ခဲ့တာပဲဖြစ်မယ်"

ကူချင်က သရော်တော်တော်ပြောဆိုသည်။

ပတ်ဝန်းကျင်ရှိ လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားပေ၏။

ဤကဲ့သို့စကားလုံးများကို ပြောဆိုရန် လူတစ်ယောက်သည် မည်မျှထိ အရှက်မဲ့ရမည်နည်း.....

လူအိုကြီးဝူ၏မျက်လုံးများ ချက်ချင်းဆိုသလိုပင် နီမြန်းသွားသည်။သူသည်ဟသူ၏ခန္ဓာကိုယ်ပေါ်ရှိနာကျင်မှုများကို အနည်းငယ်မျှဂရုမစိုက်တော့ချေ။သူသည် သူကိုယ်သူဖိအားပေး၍ မတ်တတ်ထရပ်ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။

"ငါ မင်းနဲ့ သေတဲ့အထိ တိုက်ခိုက်မယ်"

သူသည် ရုတ်တရက် ရှေ့သို့တရကြမ်းပြေးဝင်တိုက်ခိုက်လိုက်သော်လည်း ဝှစ်ခနဲမြည်သံနှင့်အတူ ကူချင်၏လက်အတွင်းမှဓားသည် သူ၏နှလုံးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားလေ၏။

တခြားလူများသည် လူသူအများ၏ရှေ့၌ ကူချင်သည် လူသတ်မှုကိုကျူးလွန်ဝံ့သည်အား မြင်တွေ့ချိန်တွင် ဒေါသတကြီးအော်ဟစ်လိုက်ကြသည်။

"ခွေးအရာရှိ...လူတွေကို လက်လွတ်စပယ် သတ်နိုင်တဲ့ အခွင့်အာဏာမျိုး မင်း ဘယ်နေရာကနေ ရလာတာလဲ"

"ထန်စစ်တပ်ရဲ့ခွေး...အရှက်မဲ့ပြီးတော့ သူရဲဘောကြောင်တဲ့ကောင်...."

လူများအားလုံး ဒေါသထွက်နေကြသည်။

လူအိုကြီးဝူသည် စစ်ရေးအောင်မြင်မှုအမြောက်အများကို ရရှိထားကာ စစ်မြေပြင်၌ နှစ်ပေါင်းများစွာကြာအောင်တိုက်ခိုက်ခဲ့သော စစ်သားဟောင်းကြီးတစ်ယောက်ပင်။သို့ရာတွင် သူသည် စစ်ဗိုလ်ချုပ်အိမ်တော်သို့ ရောက်ရှိလာချိန်၌ သူ့၏မြေးမလေးအတွက် တရားမျှတမှုကို မရှာဖွေနိုင်ခဲ့ရုံသာမက လူသူအများရှေ့၌ သူ သတ်ဖြတ်ခံလိုက်ရသည်။

ကူချင်က အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။

"ထန်အင်ပါယာအတွက် တာဝန်ထမ်းဆောင်ပေးတာက ဘယ်လောက်တောင် ဂုဏ်သိက္ခာရှိတဲ့ကိစ္စလဲ...အဲ့ဒီကောင်တွေအားလုံးကို မောင်းထုတ်လိုက်ကြစမ်း...တကယ်လို့ တစ်ယောက်ယောက်က ဒီနေရာမှာ ဆက်နေဝံ့မယ်ဆိုရင် ပုန်ကန်သူလို့သတ်မှတ်ပြီးတော့ စီရင်မယ်"

ချီစစ်တပ်မှစစ်သားများသည် တုတ်များကိုကိုင်၍ လူအုပ်အကြားသို့ပြေးဝင်ကာ ရိုက်နှက်လိုက်တော့သည်။

လူအမြောက်အများသည် သူတို့၏ခေါင်းများအား ရိုက်နှက်ခြင်းခံရသဖြင့် သွေးများထွက်လာကာ နာကျင်စွာအော်ဟစ်ပြီး အဝေးသို့ထွက်ပြေးကြတော့သည်။

ပတ်ဝန်းကျင်၌ ရဲရင့်သော ကျင့်ကြံသူတချို့ရှိနေကာ ကူချင်ကိုဝိုင်းရံ၍ တိုက်ခိုက်လိုက်ကြသည်။သို့ရာတွင် ကူချင်သည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်ကာ သူ၏ခွန်အားသည်ကြီးမားသဖြင့် ထိုကျင့်ကြံသူများအားလုံးကို လွယ်လင့်တကူသတ်ဖြတ်လိုက်၏။

မဟာစစ်ဗိုလ်ချုပ်အိမ်တော်ရှေ့၌ ဖြစ်ပွားခဲ့သော သွေးစွန်းသည့်ကိစ္စသည် အလွန်တုန်လှုပ်​ချောက်ချားဖွယ်ရာပင်။ဤသည်မှာ အနက်ရောက်မိုခံတပ်အတွင်း၌ရှိနေသော လူများအားလုံး၏စိတ်နှလုံးသားများကို အေးစက်သွားစေသည်။

သူတို့သည် ချီအင်ပါယာ၏လူများ ဖြစ်သည့်တိုင် သတ်ဖြတ်ခံရရန် စောင့်ဆိုင်းနေရသော ဝက်များခွေးများ၏ဘဝနှင့် တူညီနေသည်။

ညအချိန်အရောက်တွင် တစ်စုံတစ်ယောက်သည် ထန်စစ်တပ်၏စစ်စခန်းအတွင်းသို့ခိုးဝင်ကာ ဝူရှုလန်ကို အဓမ္မကျင့်၍သတ်ဖြတ်ခဲ့သော ထန်စစ်သားသုံးယောက်ကို ဖမ်းဆီးလိုက်သည်။ ထို့နောက် သူသည် ထိုထန်စစ်သားသုံးယောက်ကိုသတ်ဖြတ်ကာ သူတို့၏အလောင်းများကို မြို့တံခါး၌ ချိတ်ဆွဲထားလေ၏။

နောက်တစ်နေ့တွင် အနက်ရောင်ခံတပ်မှလူများနိုးလာချိန်၌ ထိုစစ်သားသုံးယောက်၏ သွေးပျက်ဖွယ်ကောင်းသောအခြေအနေကို မြင်တွေ့လိုက်ရသည်။

ထိုအလောင်းများပေါ်၌ အဖြူရောင်အဝတ်စတစ်စဖြင့် ရစ်ပတ်ထားသည်။ထိုအဖြူရောင်အဝတ်စပေါ်တွင် သွေးများဖြင့် စာလုံးတချို့ကို ရေးသားထားလေ၏။

"သွေးကြွေးကို သွေးနဲ့ပြန်ဆပ်ရမယ်"

ထိုအဖြူရောင်အဝတ်စ၏အောက်တွင် 'သတ်ဖြတ်သူ...ပုန်းကွယ်နဂါးစစ်တပ်'ဟူသော စာလုံးများလည်းရှိနေသည်။

ထန်စစ်တပ်သည် အလွန်ဒေါသထွက်သွားပေ၏။ထန်စစ်ဗိုလ်ချုပ်တချို့သည် ကူချင်ကိုရှာဖွေကာ လူသတ်သမားကိုချက်ချင်းဖမ်းဆီးရန် ပြောဆိုလိုက်ကြသည်။

All Chapters