← Chapters

အခန်း (၄၂၈၆-၄၂၉၀)

Vol. 218 Ch. 4286-4290

အခန်း (၄၂၈၆-၄၂၉၀)

Vol. 218 Ch. 4286-4290

Chapter 4286

"လူသားဧကရာဇ်ရဲ့ပုံရိပ်ယောင်က လှုပ်ရှားလိုက်တာလား"

လုယွီသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပေ၏။သူသည် လူသားဧကရာဇ်နှင့် စကားပြောဆိုလိုသဖြင့် ခြေလှမ်းရှေ့တိုးလိုက်သည်။

သူသည် ရှေးဟောင်းအချိန်ကာလအတွင်းသို့ ရောက်ရှိခဲ့သဖြင့် ယခုလက်ရှိခေတ်ကာလတွင် လူသားဧကရာဇ်ကို မြင်တွေ့ဖူးသည့် တစ်ဦးတည်းသောလူဖြစ်သည်။

သူတို့ ထပ်မံ၍တွေ့ဆုံရချိန်တွင် ယခင်နှင့်တူညီသော အခြေအနေမျိုး၌ ရှိမနေတော့ချေ။ ရှေးဟောင်းခေတ်အတွင်းရှိ အရာရာတိုင်းသည် ချိတ်ပိတ်ခြင်းခံထားရကာ ရှည်လျားသောသမိုင်းမြစ်ကြီးအတွင်း၌ ပျောက်ကွယ်နေခဲ့သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လူသားဧကရာဇ်၏ပုံရိပ်ယောင်သည် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ပေါ်၌ ရှင်းရှင်းလင်းလင်းထွက်ပေါ်လာသည်။ဤပုံရိပ်ယောင်မှ ထုတ်လွတ်ထားသည့် အစွမ်းထက်ပြီးကြီးမားကျယ်ပြန့်သော အရှိန်အဝါသည် ယခင်နှင့် တစ်ထပ်တည်းတူညီနေပေ၏။သူသည် ထိုပုံရိပ်ယောင်ကို မြင်တွေ့ရချိန်၌ ရှေးဟောင်းခေတ်အချိန်ကာလအတွင်းရှိ လူသားဧကရာဇ်ကို မြင်တွေ့နေရသည့်အလား ခံစားမိသည်။

လူသားဧကရာဇ်၏ပုံရိပ်ယောင်သည် အလွန်ဝေဝါးသော်လည်း ထိုအရာမှနေ၍ သူရဲကောင်းဆန်သောအရှိန်အဝါကို သူ အာရုံခံမိဆဲပင်။

လူသားဧကရာဇ် ရောက်ရှိနေသည့် မည်သည့်နေရာတွင်မဆို တာအိုဥပဒေသများအားလုံးပင် ထိတ်လန့်ကြောက်ရွံ့နေပုံရသည်။

လေဟာနယ်သည် အေးခဲတောင့်တင်းသွားကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သော အမူအယာတစ်ရပ် ရှိနေလေ၏။ဤအချိန်အခိုက်အတန့်တွင် အချိန်နှင့်လေဟာနယ် ရပ်တန့်သွားသည့်အလားပင်။

သို့ရာတွင် လူသားဧကရာဇ်သည် လုယွီစကားပြောဆိုရန် အခွင့်အရေးမပေးချေ။

လူသားဧကရာဇ်ပုံရိပ်ယောင်သည် သူ၏လက်တစ်ဖက် တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။

ထို့နောက် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်သည်လည်း တစတစကြေမွှပျက်စီးသွားကာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲပြီး လေဟာနယ်အတွင်း၌ မျောလွင့်သွားသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ရုပ်ခန္ဓာကိုယ် ပျက်စီးသွားသည့်အပြင် သူ၏စိတ်ဝိညာဥ်သည်လည်း လွတ်မြောက်နိုင်ခဲ့ခြင်းမရှိချေ။

လေထုအတွင်း၌ ပြင်းထန်သောသွေးညှီနံ့များဖြင့် ပြည့်နှက်နေကာ ယခင်က မြေကမ္ဘာနတ်ဆိုးဘိုးဘေးရှိခဲ့သည်ကို သက်သေပြနေသည်။ သို့ရာတွင် လူသားဧကရာဇ်၏လှုပ်ရှားမှုကြောင့် မြေကမ္ဘာနတ်ဆိုးဘိုးဘေး ပျောက်ကွယ်သွားကာ ဆက်လက်၍တည်ရှိရန် အခွင့်အရေးတစ်ခုပင် မကျန်ရှိတော့ချေ။

ထို့ပြင် ဤသည်မှာ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်အတွင်း၌ ကြွင်းကျန်နေသော ပုံရိပ်ယောင်တစ်ခုသက်သက်ပင်။

"အတိတ်မှာတုန်းက လူသားဧကရာဇ်က ဘယ်လောက်ထိတောင် အစွမ်းထက်လိုက်မလဲ"

လုယွီသည်လည်း ထိတ်လန့်တုန်လှုပ်သွားပေ၏။တစ်စုံတစ်ယောက်သည် ရုပ်ခန္ဓာကိုယ်ကို အဆုံးစွန်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်ပါက သိုင်းအာဏာရှင်နယ်ပယ်သို့ ရောက်ရှိသွားကာ ရွှေအင်မော်တယ်တစ်ယောက်နှင့် ပုခုံးချင်းယှဥ်နိုင်ပြီး ထာဝရအသက်မီးအိမ်ကို ထွန်းညှိနိုင်မည်ဟု ​မျောက်ထံမှနေ၍ သူ သိရှိခဲ့ရသည်။ ဤသည်မှာ လူသားမျိုးနွယ်၏အကန့်အသတ်ပင်။

သို့ရာတွင် ဤကဲ့သို့နည်းစနစ်တစ်ခုသည် သူ စိတ်ကူးယဉ်တွေးတောနိုင်သည်ထက် ကျော်လွန်ကာ ခန့်မှန်း၍မရနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။

လူသားဧကရာဇ်ပုံရိပ်ယောင်မှ သူ၏စွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်စဥ်တွင် ပတ်ဝန်းကျင်၌ မြင့်မြတ်သောဖိအားအရှိန်အဝါများဖြင့် ပြည့်နှက်သွားသည်။ဤသည်မှာ လူသားဧကရာဇ် အမှန်တကယ် တည်ရှိနေသည့်အလားပင်။

ဤကိစ္စသည် အမှန်တကယ်ကို ယုံကြည်နိုင်ဖွယ်မရှိချေ။တစ်ဖက်ရန်သူသည် ရှေးဟောင်းနတ်ဆိုးဘိုးဘေးတစ်ယောက်ဖြစ်နေသည့်တိုင် လူသားဧကရာဇ်သည် ကြိုတင်ပြင်ဆင်ထားသောတိုက်ခိုက်မှုတစ်ခုဖြင့် ဖိနှိပ်နိုင်စွမ်းရှိပေ၏။

"လူသားဧကရာဇ်...."

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သို့ရာတွင် ဤသည်မှာ ပုံရိပ်ယောင်တစ်ခုသက်သက်ပင်။အမှန်အားဖြင့် ထိုအရာကို အကြွင်းအကျန်စိတ်ဝိညာဥ်တစ်ခုဟုပင် ယူဆ၍မရချေ။ထိုပုံရိပ်ယောင်ထံတွင် အတွေးတစ်ခုတည်းသာ ရှိနေပေ၏။

ဤသည်မှာ ရှေးဟောင်းနတ်ဆိုးဘိုးဘေးကို ရင်ဆိုင်ဖြေရှင်းရန်အတွက် အထူးသီးသန့်ချန်ထားခဲ့သော အတွေးစအမျှင်တန်းတစ်ခုပင်။

ယခုအချိန်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို သတ်ဖြတ်ပြီးဖြစ်သောကြောင့် ဤအတွေးစသည် ထပ်မံ၍တည်ရှိရန် မလိုအပ်တော့ချေ။ထိုအရာသည် တဖြည်းဖြည်းပျက်ပြယ်သွားလေ၏။

ဒေါင်....

တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်သည် မိုးကောင်းကင်ယံမှနေ၍ မြေပြင်ပေါ်သို့ ပြုတ်ကျလာကာ ကျယ်လောင်သောအသံတစ်သံ မြည်ဟီးသွားသည်။

ဤတော်ဝင်ကျောက်စိမ်းစည်းတံဆိပ်သည် အလွန်အမင်းမာကျောကာ အထွတ်အမြတ်နဘုရားစွမ်းအားများ ပါဝင်သည်။ဤသည်မှာအနိမ့်ဆုံးအနေဖြင့် မသေမျိုးမှော်လက်နက်အဆင့်တွင် ရှိနေသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေး သေဆုံးသွားကာ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို ပိုင်ဆိုင်နိုင်ခဲ့သဖြင့် လုယွီသည် အကြီးမားဆုံးအောင်နိုင်သူပင်။

သို့ရာတွင် လုယွီသည် ပျော်ရွှင်မှုကို အနည်းငယ်မျှ မခံစားရချေ။သူသည် သေခြင်းတရားမှ လွတ်မြောက်လာသည်မှာ သိသာထင်ရှားသော်လည်း သူ ပုံရိပ်ယောင်လောကတစ်ခုအတွင်း၌ ရှိနေသည်ဟု သူ ခံစားနေရဆဲပင်။

မည်သည်ကြောင့် လူသားဧကရာဇ်သည် ဤနေရာ၌ အတွေးစအမျှင်တန်းတစ်ခုကို ချန်ထားခဲ့သနည်း။မည်သည်ကြောင့် ခေါင်းတလားအတွင်း၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေး ရှိနေသနည်း။

လုယွီသည် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သော်လည်း သူသည် မည်သည့်စွမ်းအားကိုမျှ မခံစားရချေ။ထိုအရာသည် သာမန်ရှေးဟောင်းကျောက်စိမ်းတုံးတစ်တုံးအလားပင်။

ဤသည်မှာ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို လုယွီ ထိန်းချုပ်နိုင်ခြင်းမရှိဟု ဆိုလိုခြင်းလည်းဖြစ်သည်။အစောပိုင်းက ထွက်ပေါ်လာခဲ့သော လူသားဧကရာဇ်၏ပုံရိပ်ယောင်ကသာ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်၏စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းရှိသည်။

ဤအတွေးစအမျှင်တန်း ပျောက်ကွယ်သွားချိန်၌ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်၏စွမ်းအားများလည်း ပျက်ပြယ်သွားခဲ့သည်။

"ငါ ဒါကို ဘယ်လိုအသက်သွင်းရမလဲ"

လုယွီသည် မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုရန်ကြိုးစားလိုက်၏။သို့ရာတွင် ထိုမှော်မန္တန်သည် ကျောက်စိမ်းစည်းတံဆိပ်အတွင်းသို့ ဝင်ရောက်သွားသည့်တိုင် ပင်လယ်အတွင်းသို့ နစ်မြုပ်သွားသော ကျောက်တုံးတစ်တုံးအလားပင်။

နည်းလမ်းပေါင်းများစွာကို ကြိုးစားကြည့်ပြီးနောက် အကြောင်းမထူးသဖြင့် လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်၍ ကြည့်လိုက်သည်။

နန်းတော်၏ကြမ်းခင်းအုတ်ပြားများသည် အချိန်၏တိုက်စားမှုကို ခံရသောကြောင့် ရှေးကျသောအရာများ ဖြစ်လာသည်။ထိုကြမ်းခင်းများသည် အတိတ်တွင်ကဲ့သို့ ချောမွေ့မှုမရှိတော့သော်လည်း ယခင်က ဤနေရာသို့ တစ်စုံတစ်ယောက်မျှ ရောက်မလာခဲ့ဖူးသည့်အလားပင်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံမှ ဖြာကျလာသော အနက်ရောင်သွေးများမှလွဲ၍ တခြားမည်သည့်အရာမျှ ရှိမနေချေ။

ထိုအနက်ရောင်သွေးအိုင်အတွင်းရှိ မြေပြင်ပေါ်၌ ရှေးဟောင်းစာအုပ်တစ်အုပ် ရှိနေသည်။

Chapter 4287

လုယွီထံမှ အံ့အားတသင့်ရေရွတ်လိုက်သော အသံတစ်သံထွက်ပေါ်လာကာ သူ ရှေးဟောင်းစာအုပ်ထံသို့ဦးတည်၍ လျှောက်လှမ်းသွားလေသည်။

ဤရှေးဟောင်းစာအုပ်၏စာမျက်နှာများပေါ်တွင် အချိန်ကာလ၏တိုက်စားမှုကြောင့် အစက်အပြောက်များ ရှိနေသည်။ထိုစာအုပ်သည် ဤနေရာ၌ရှိနေသည်မှာ အချိန်ကာလများစွာ ကြာညောင်းခဲ့ပုံပင်။သို့ရာတွင် ဤရှေးဟောင်းစာအုပ်၏ နံဘေးပတ်ဝန်းကျင်တွင် လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်မှ ရစ်သိုင်းလွမ်းခြုံထားပုံရသည်။ပတ်ဝန်းကျင်နေရာတဝိုက်လုံး၌ သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း ထိုသွေးစက်များသည် ရှေးဟောင်းစာအုပ်၏စာမျက်နှာများကို စွန်းထင်းသွားခြင်းမရှိချေ။

ကျိုးထုံနှင့်ကျိုးရှင်းတို့သည် ခေါင်းတလားကို ဖွင့်စဥ်အချိန်က ထိုရှေးဟောင်းစာအုပ်သည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်အတွင်း၌ ရှိနေပေ၏။

ဤသည်မှတစ်ဆင့် ထိုရှေးဟောင်းစာအုပ် အလွန်ထူးခြားသည်ကို မြင်တွေ့နိုင်သည်။ လူသားဧကရာဇ်၏ပုံရိပ်ယောင်မှ ထုတ်ဖော်အသုံးပြုလိုက်သောစွမ်းအားသည် မိုးနှင့်မြေကို ပျက်စီးသွားစေလုမတတ် ပြင်းထန်သော်လည်း ထိုရှေးဟောင်းစာအုပ်သည် အနည်းငယ်မျှ ထိခိုက်ပျက်စီးသွားခြင်းမရှိချေ။

လုယွီသည် ရှေးဟောင်းစာအုပ်ကို ကောက်ယူလိုက်သော်လည်း သူ့၏မျက်ခုံးများ အနည်းငယ်မြင့်တက်သွားကာ သူ အံ့အားသင့်သွားသည်။

ဤရှေးဟောင်းစာအုပ်ကို ကြည့်ရသည်မှာ အလွန်ပါးလွှာသော်လည်း ထိုအရာကို ကောက်ကိုင်လိုက်ချိန်တွင် ဂျင်ထောင်ပေါင်းများစွာ လေးလံပုံရသည်။ထိုအရာသည် အလွန်အမင်းလေးလံပေ၏။

ကံကောင်းထောက်မစွာဖြင့် လုယွီထံတွင် သိုင်းသူတော်စင်အဆင့် ရုပ်ခန္ဓာကိုယ်ရှိနေသောကြောင့် ဤအလေးချိန်သည် သူ့အတွက် အသေးအမွှားပင်။

ရှေးဟောင်းစာအုပ်ကို ဖွင့်လိုက်ပြီးနောက် ထူထပ်သိပ်သည်းစွာ ရေးသားထားသည့် ရှေးဟောင်းအက္ခရာများသည် သူ၏မျက်လုံးရှေ့၌ အတန်းလိုက်ထွက်ပေါ်လာသည်။

"ယင်ယန်ကျမ်းစာ...ဒါက ယင်ယန်ကျမ်းစာပဲ"

လုယွီသည် တစ်ချက်ကြည့်ပြီးနောက် သူ၏စိတ်နှလုံးသားအတွင်း၌ လေပြင်းမုန်တိုင်းတစ်ခုတိုက်ခတ်သွားသည့်အလား တုန်ခါသွားသည်။

ဤသည်မှာ နှိုင်းယှဉ်ပြစရာမရှိသည်အထိ အလွန်အဖိုးတန်ရှားပါးသော ရှေးဟောင်းကျမ်းစာတစ်ခုပင်။ထိုအရာကို ရှေးဟောင်းခေတ်ကာလအတွင်းရှိ ဒဏ္ဍာရီလာ ရွှေအင်မော်တယ်တစ်ယောက်မှ ရေးသားခဲ့သည်။ဤကျမ်းစာတွင် မဟာတာအို၏အထွတ်အမြတ်ဥပဒေသများ ပါဝင်နေကာ ရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခုအနက်မှတစ်ခုပင်။

ဒဏ္ဍာရီများအရ ရှေးဟောင်းခေတ်ကာလအတွင်းရှိ အင်မော်တယ်များသည် ကြီးမားသောကပ်ဘေးများ ဆိုက်ရောက်လာတော့မည့်အချိန်၌ နိမိတ်များကို ကြိုတင်၍ရရှိကြသည်။ထိုကြောင့် သူတို့သည် ထာဝရအသက်၏လျှို့ဝှက်ချက်များကို ကျမ်းစာသုံးခုအဖြစ်ရေးသားကာ လောကကြီးအတွင်းသို့ လက်ဆင့်ကမ်းဖြန့်ဝေခဲ့ကြသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ဤရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခုကို စုစည်းနိုင်ပါက ထာဝရအသက်၏လျှို့ဝှက်ချက်များကို ရှာဖွေနိုင်ကာ အစစ်အမှန်အင်မော်တယ်များနှင့်တူညီသည့် ဘဝသက်တမ်းကို ရရှိနိုင်ပေမည်။

ဤအရာများအားလုံးသည် ရှေးဟောင်းခေတ်၏ဒဏ္ဍာရီများပင်။အကယ်၍ လုယွီသည် ဤဘဝတွင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို မရရှိခဲ့ပါက ဤကဲ့သို့ လျှို့ဝှက်ချက်တစ်ခုရှိနေမည်ဟု ယုံကြည်နိုင်မည်မဟုတ်ချေ။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် အသိပညာဗဟုသုတကို ကိုယ်စားပြုသည်။

ထိုက်ဟွာကျမ်းစာသည် စွမ်းအားကိုကိုယ်စားပြုကာ...

ယင်ယန်ကျမ်းစာသည် အချိန်နှင့်လေဟာနယ်ကို ကိုယ်စားပြုပေ၏။

စကြာဝဠာတစ်ခုလုံးအတွင်းရှိ မဟာတာအိုဥပဒေသများအနက် အချိန်နှင့်လေဟာနယ်ဥပဒေသသည် နက်နဲသိမ်မွေ့ဆုံးဥပဒေသပင်။

လုယွီသည် သူ၏အတိတ်ဘဝတွင် တာအိုသခင်တစ်ယောက်ဖြစ်ခဲ့ကာ တာအိုဥပဒေသအမြောက်အများကို ကျွမ်းကျင်ပိုင်နိုင်ခဲ့သော်လည်း အချိန်နှင့်လေဟာနယ်ဥပဒေသကို နားလည်သဘောပေါက်နိုင်ခဲ့ခြင်း မရှိချေ။

မဟာတာအိုကျမ်းစာသုံးခုအနက် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာနှင့် ထိုက်ဟွာကျမ်းစာတို့သည် ရံဖန်ရံခါ၌ ခေတ်လောကတစ်ခုစီတိုင်းတွင် ထွက်ပေါ်လာလေ့ရှိသည်။ထိုကျမ်းစာနှစ်ခုသည် ရှေးဟောင်းအလယ်ခေတ်အတွင်း၌ အကြိမ်ရေအနည်းငယ်ခန့် ထွက်ပေါ်လာခဲ့သည်။ထို့နောက် သွေးမုန်တိုင်းများနှင့်သတ်ဖြတ်မှုများ ထွက်ပေါ်လာခဲ့ကာ ကျမ်းစာနှစ်ခုသည် အရိပ်အရောင်မကျန်ရှိဘဲ ပျောက်ကွယ်သွားလေ၏။

သို့ရာတွင် ယင်ယန်ကျမ်းစာကမူ ဤလောကကြီးအတွင်းတွင် တစ်ကြိမ်တခါမျှ ထွက်ပေါ်လာခဲ့ဖူးပုံမရချေ။ရှေးဟောင်းစာအုပ်များကိုလေ့လာသော မဟာကွန်ဖြူးရှပ်ပညာရှင်တချို့သည် ဤကျမ်းစာ မတည်ရှိဟုပင် ခန့်မှန်းခဲ့ကြသည်။အကယ်၍ ဤကျမ်းစာ တည်ရှိခဲ့လျှင်ပင်ရှေးဟောင်းအချိန်ကာလအတွင်း၌ ပျက်စီးသွားပြီးဖြစ်မည်ဟု သူတို့က ပြောဆိုခဲ့ကြသည်။

သို့ရာတွင် ဤကျမ်းစာသည် အမှန်တကယ်တည်ရှိနေကာ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုအတွင်း၌ ပုန်းကွယ်နေမည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ တွေးထင်ထားမိမည်မဟုတ်ချေ။

လုယွီ၏စိတ်နှလုံးသားအတွင်း၌ စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူ၏တာအိုနှလုံးသားသည် ခိုင်မာသော်လည်း ဤအချိန်အခိုက်အတန့်၌ သူသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်စွမ်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ ဤကျမ်းစာသည် သူ၏အတိတ်ဘဝတွင် ထိတွေ့ခဲ့ဖူးခြင်းမရှိသည်တည်ရှိမှုကြီးတစ်ခုပင်။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် လုယွီကို အလွန်ကြီးမားသောအကူအညီများ ပေးခဲ့ပြီးဖြစ်သည်။ထိုကျမ်းစာကြောင့် သူသည် အသိဉာဏ်ပညာ၏ကောင်းချီးပေးမှုကို ရရှိခဲ့သည်။ထိုအရာကြောင့် သူ၏ကျင့်ကြံဆင့်နယ်ပယ် သိသိသာသာတိုးတက်လာခြင်းမရှိသော်လည်း သူ၏စိတ်ဝိညာဥ်အတွက်မူ အလွန်အသုံးဝင်နေဆဲပင်။သူ၏စိတ်ဝိညာဉ်သည် အတိတ်ဘဝထက်ပို၍ အားကောင်းလာခြင်းမှာ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကြောင့်ဖြစ်မည်ဟု လုယွီက ခံစားမိလေ၏။

ထိုက်ဟွာကျမ်းစာတွင်မူ နက်နဲသိမ်မွေ့ပြီး အစွမ်းထက်သော မှော်မန္တန်များကို မှတ်တမ်းတင်ထားသည်။လုယွီသည် ထိုကျမ်းစာကို အနည်းငယ်လေ့လာခဲ့ရခြင်းမှတဆင့် မကြုံစဖူးစွမ်းအားတစ်ရပ်ကို ခံစားမိသည်။

ယင်ယန်ကျမ်းစာ မည်မျှထိအစွမ်းထက်သည်ကိုမူ သူ တွေးတောမကြည့်ဝံ့ချေ။

လုယွီသည် ယင်ယန်ကျမ်းစာကိုဖွင့်ပြီးနောက် တိတ်တဆိတ်ဖတ်လိုက်သည်။မကြာမီမှာပင် သူသည် နောက်ထပ်စာမျက်နှာတစ်ရွက်ကို လှန်လိုက်၏။

သူ၏စိတ်ဝိညာဉ်အဆင့်ကြောင့် သူသည် အကြည့်တချက်ဖြင့် စာကြောင်းဆယ်ကြောင်းကို ဖတ်နိုင်ကာ သူ့ထံတွင် ခရေစေ့တွင်းကျမှတ်သားနိုင်သော မှတ်ဥာဏ်တစ်ခုရှိနေသည်။

သို့ရာတွင် လုယွီသည် နောက်ထပ်စာမျက်နှာတစ်ရွက်ကိုလှန်ပြီးနောက် သူ ရုတ်တရက်မျက်မှောင်ကြုတ်လိုက်ကာ သူ၏လက်ချောင်းများ ရပ်တန့်သွားသည်။

Chapter 4288

မရေမတွက်နိုင်သော ကျမ်းစာစာလုံးများက လုယွီ၏စိတ်အတွင်း၌ ဖြတ်ပြေးသွားသည်။

ဤကျမ်းစာစာလုံးများသည် နက်နဲသိမ်မွေ့ပြီး နားလည်သဘောပေါက်နိုင်ရန် ခက်ခဲသည်။ဤစာလုံးများကို ရိုးရှင်းစွာဖတ်နိုင်ရန် နေနေသာသာ အကယ်၍ ဆရာတစ်ယောက်မှ ထိုအရာများကို ရှင်းပြလျှင်ပင် နားလည်သဘောပေါက်နိုင်စွမ်း ရှိမည်မဟုတ်ချေ။

ကံကောင်းထောက်မစွာဖြင့် လုယွီထံတွင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ကူညီထောက်ပံ့မှုရှိနေသည်။သူ့အတွက် ဤကျမ်းစာစာလုံးများကို နားလည်သဘောပေါက်ရန်မှာ ခက်ခဲသောကိစ္စတစ်ရပ် မဟုတ်ချေ။

"ငါ ဘာလို့...."

လုယွီသည် သူ၏စိတ်နှလုံးသားကို တည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းပြီးနောက် ပထမစာမျက်နှာကို ပြန်ဖတ်လိုက်သည်။

ဒုတိယစာမျက်နှာကို လှန်ပြီးနောက် လုယွီသည် ရုတ်တရက် သူ၏မျက်လုံးကို စုံမှိတ်လိုက်၏။ထိုစာလုံးများသည် သူ၏နဖူးထက်၌ ပုံရိပ်ယောင်များအဖြစ် ဖြတ်ပြေးသွားသည်။

ဤသည်မှာ လုယွီ၏ခေါင်းထက်၌ ကြယ်ပွင့်များ လင်းလက်တောက်ပနေသည့်အလားပင်။ ထိုအရာသည် စိတ်ဝိညာဉ်မှ ပြင်းပြင်းထန်ထန်တွေးတောစဉ်အချိန်၌ ဖြစ်တည်လာသော ထူးဆန်းသည့် သဘာဝလွန်ပုံရိပ်ဖြစ်ပေ၏။

လုယွီသည် ယခုလက်ရှိအချိန်၌ ဤပထမစာမျက်နှာရှိ ကျမ်းစာစာလုံးများကို အပြည့်အဝနားလည်သဘောပေါက်ပြီးဖြစ်သည်။

သို့ရာတွင် အလွန်လျှင်မြန်စွာဖြင့် လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်မှနေ၍ ထိုမှတ်ဉာဏ်များကို သူ၏စိတ်အတွင်းမှ ပယ်ဖျက်လိုက်သည်။

လုယွီသည် ယခင်က ဤကျမ်းစာစာလုံးများကိုဖတ်ခဲ့သည်အား ရှင်းရှင်းလင်းလင်းသိရှိသော်လည်း သူသည် တစ်စုံတစ်ခုကို​မျှ မမှတ်မိတော့ချေ။

ဤသည်ကြောင့် သူသည် ကျမ်းစာကို လေ့လာဆင်ခြင်နိုင်စွမ်းမရှိပေ။

"ဒီကျမ်းစာကိုမဖတ်နိုင်အောင် ငါ့ကို တားဆီးဟန့်ထားထားတဲ့ အားလှိုင်းတစ်ခု ရှိနေတယ်"

လုယွီက ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။သူ၏မျက်လုံးအ​တွင်းမှ တောက်ပသောအလင်းတန်းတစ်တန်း ဖြာထွက်လာသည်။

ဤအားလှိုင်းသည် ပတ်ဝန်းကျင်ရှိ ဥပဒေသစွမ်းအားများထက် သာလွန်ကာ မဟာတာအို၏အထွတ်အမြတ်ဥပဒေသများဖြင့် တစ်တန်းတစားတည်း ရှိနေသည်။

အထူးသဖြင့် လုယွီထံတွင် တာအိုသခင်စိတ်ဝိညာဉ်ရှိနေသောကြောင့် သူ၏မှတ်ဥာဏ်တစ်စိတ်တစ်ပိုင်းကိုဖျက်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ် မဟုတ်ပေ။

လုယွီသည် ဤအားလှိုင်းကို အတင်းအကြပ်တွန်းလှန်ခြင်းမရှိချေ။ထိုအစား သူသည် ကျမ်းစာကိုဖတ်ပြီးနောက် သူ၏စိတ်အတွင်းရှိမှတ်ဉာဏ်များ ပျောက်ဆုံးသွားသောအချိန်ထိ တိတ်တဆိတ်စောင့်ဆိုင်းလိုက်သည်။

"ဖြစ်နိုင်တာတော့ ငါ့ရဲ့အခုလက်ရှိကျင့်ကြံဆင့်နယ်ပယ်နဲ့ ဒီကျမ်းစာကို မလေ့လာနိုင်တာများလား"

လုယွီသည် သူ၏စိတ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းကာ သူ စိတ်ပျက်အားငယ်သွားခြင်းမရှိချေ။

ဤယင်ယန်ကျမ်းစာသည် နှစ်ထောင်သောင်းချီ၍ တည်ရှိလာခဲ့သည့်တိုင် မည်သူတစ်ဦးတစ်ယောက်က​မျှ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိချေ။ အဆုံးသတ်၌ ထိုအရာသည် သူ၏လက်အတွင်းသို့ ရောက်ရှိလာပေ၏။ဤသည်မှတစ်ဆင့် သူ့ထံတွင် ကြီးမားသောကံကြမ္မာကောင်းတစ်ခုရှိနေသည်မှာ အမှန်ဖြစ်ကြောင်း ညွှန်ပြနေသည်။ ထို့ကြောင့် သူသည် နောင်အနာဂတ်တွင် ယင်ယန်ကျမ်းစာကို အပြည့်အဝလေ့လာဆင်ခြင်နိုင်မည့် တခြားနည်းလမ်းများ ရှိလာမည်မှာ သေချာပေါက်ပင်။

"ဒီယင်ယန်ကျမ်းစာမှာ အချိန်နဲ့လေဟာနယ်ကို ထိန်းချုပ်နိုင်တဲ့စွမ်းအား ရှိနေတယ်...ဒီကျမ်းစာကြောင့် ငါက ရှေးဟောင်းအချိန်ကာလကို ရောက်သွားတာများလား"

လုယွီက သက်ပြင်းတချက်ရှိုက်လိုက်သည်။ သူ၏နံဘေးပတ်ဝန်းကျင်၌ အပြောင်းအလဲများစွာ ဖြစ်ပွားသွားခဲ့သော်လည်း သူ ရရှိခဲ့သော သတင်းအချက်အလက်များသည် အကန့်အသတ်ရှိပေ၏။

နန်းတော်၏အမိုးခုံးကို မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏မှော်မန္တန်တစ်ခုမှ ထွင်းဖောက်သွားသောကြောင့် ပြင်ပရှိကမ္ဘာငယ်လေး၏မိုးကောင်းကင် ပေါ်လွင်နေသည်။

ဤအချိန်အခိုက်အတန့်တွင် နေဝင်တော့မည်ဖြစ်သောကြောင့် မိုးကောင်းကင်ယံအတွင်း၌ အမှောင်ထုကြီး တဖန်ပြန်၍ လွှမ်းခြုံစပြုလာသည်။ပတ်ဝန်းကျင်ရှိ မိုးကောင်းကင်ယံသည် မှောင်စပျိုးလာပေ၏။

"လမင်းကြီး မြင့်တက်လာတာနဲ့ ဒီလောကကြီးထဲမှာ အပြောင်းအလဲအသစ်တွေ ဖြစ်လာလိမ့်မယ်....ငါက ရှေးဟောင်းအချိန်ကာလကို ပြန်ရောက်သွားမှာလား"

လုယွီသည် သူ၏လက်ဖြင့် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကိုကိုင်ကာ နေဝင်ချိန်အထိ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းလိုက်သည်။

အမှောင်ထုကြီးက လုယွီကို လွှမ်းခြုံသွားသည်။

အရပ်မျက်နှာအဘက်ဘက်တွင် လေပြေလေးညှင်းတစ်ရပ် တိုက်ခတ်နေတာ မြေပြင်ပေါ်ရှိဖုန်မှုန့်များကို အထက်သို့မြောက်တက်သွားစေသည်။

မည်သည့်ကိစ္စများ ဖြစ်ပွားမလာခဲ့သည့်အပြင် ပြောင်းလဲမှုလည်း တစ်ခုတလေမျှ မရှိချေ။

"ငါ အတွေးလွန်တာပဲ ဖြစ်မှာပါ"

လုယွီက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုခါယမ်းကာ သူ၏စိတ်နှလုံးသားအတွင်းရှိ မလိုလားအပ်သောအတွေးများကို ဖယ်ရှားလိုက်သည်။

သို့ရာတွင် သူ လက်လျှော့တော့မည့်အချိန်မှာပင် နန်းတော်၏ပြင်ပမှနေ၍ ကျယ်လောင်သောစစ်ဗုံသံများ ရုတ်တရက်ထွက်ပေါ်လာသည်။

ထိုစစ်ဗုံသံများသည် တစ်စုံတစ်ယောက်၏စိတ်နှလုံးသားကို ထုနှက်နေသည့်အလားပင်။စစ်ဗုံသံ တစ်ချက်​မြည်ဟီးလာသည့်အချိန်တိုင်း လူတစ်ယောက်၏နှလုံးသားကို ပြင်းပြင်းထန်ထန်ခုန်သွားစေနိုင်သည်။

ဘုန်း...ဘုန်း...ဘုန်း...

စစ်ဗုံသံနှင့်အတူ တိုက်ပွဲခေါ်သံများလည်း ထွက်ပေါ်လာကာ လုယွီ၏နားအတွင်း၌ ပြည့်နှက်သွားသည်။

ဤအသံများသည် နန်းတော်၏ပြင်ပမှ ထွက်ပေါ်လာခြင်းပင်။

လုယွီသည် ရုတ်တရက် မတ်တတ်ထရပ်ကာ နန်းတော်၏ပြင်ပသို့ ထွက်လိုက်သည်။သူ နန်းတော်၏ပင်မတံခါးကို တွန်းဖွင့်လိုက်သည်နှင့် တည်ငြိမ်ပြီးအစွမ်းထက်သော တိုက်ပွဲခေါ်သံများ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်နေသည်ကို သူ ကြားမိလေ၏။

"ယင်ယန်ကျမ်းစာက အချိန်နဲ့လေဟာနယ်ကို တကယ်ကြီး ပြောင်းလဲနိုင်တယ်...ငါ ရှေးဟောင်းအချိန်ကာလဆီ ပြန်ရောက်လာတာကို ငါ မယုံနိုင်ဘူး"

လုယွီက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းရှိုက်လိုက်သည်။

နန်းတော်၏ပြင်ပ၌ တခြားကမ္ဘာလောကတစ်ခုရှိနေသည်။

ကျယ်ပြန့်သောမြေပြင်ပေါ်၌ ထောင်သောင်းချီသောစစ်သားများသည် တိုက်ပွဲဝင်ဖွဲ့စည်းပုံအတိုင်း မတ်တတ်ရပ်နေကြ၏။သူတို့အားလုံးသည် သံချပ်ကာဝတ်စုံများကိုဝတ်ထားကာ သူတို့၏လက်များအတွင်း၌ ထက်ရှသောဓားများကို ကိုင်ထားသည်။သူတို့ထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

Chapter 4289

ဤသည်မှာ အကန့်အသက်မဲ့ကျယ်ပြန့်သော ညကောင်းကင်ယံကြီးဖြစ်ပြီး ကြယ်များတောက်ပနေသည်။မိုးကောင်းကင်ယံအတွင်း၌ လမင်းကြီးတောက်ပနေကာ ကျိုးပဲ့ပျက်စီးနေသောနန်းဆောင်များကို နေရာအနှံ့အပြား၌ မြင်တွေ့နိုင်သည်။

ထိုညကောင်းကင်ယံအောက်တွင် အေးစက်စက်လေပြင်းများ တိုက်ခတ်နေသည်။ထိုလေပြင်းများသည် အရိုးကွဲလုမတက်အေးစိမ့်ကာ ဤနေရာ၏အထီးကျန်ဆန်မှုကို မီးမောင်းထိုးပြနေပေ၏။

ဤမြေကွက်လပ်ပေါ်တွင် ဒူးအထက်ခန့်ရှည်သော ပေါင်းပင်များဖြင့် ပြည့်နှက်နေသည်။ အဆောက်အအုံတိုင်း အလွန်အိုမင်းဟောင်နွမ်းကာ ယိမ်းယိုင်နေသည်။တချို့အဆောက်အအုံများ၏နံရံများပြိုလဲနေသဖြင့် အပျက်အစီးများကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။ဤအပျက်စီးများအကြားမှ အရုပ်တိုင်တစ်လုံးပေါ်တွင် ကောင်းကင်ဘုံရတနာခန်းမဟူသော စာလုံးများရှိနေသည်။

"ဒါက ရှေးဟောင်းကောင်းကင်ဘုံနန်းတော်လား... "

လုယွီသည် ယခင်က ရှေးဟောင်းကောင်းကင်ဘုံနန်းတော်သို့ ရောက်ခဲ့ဖူးသဖြင့် ဤနေရာ၏ဖွဲ့စည်းပုံကို ကောင်းစွာသိရှိထားသည်။

ဤနေရာတွင် အင်မော်တယ်လမ်းကြောင်းပြတ်တောက်ခြင်း မရှိသေးသဖြင့် အင်မော်တယ်ချီစွမ်းအားများ အလွန်ပေါကြွယ်ဝကာ ကောင်းကင်ဘုံရတနာခန်းမသည် အလွန်အစွမ်းထက်သော နေရာတစ်နေရာပင်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ဤနေရာသည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။ဤနေရာပတ်ဝန်းကျင်တဝိုက်၌ ခြောက်ကပ်ပြီး အထီးကျန်ဆန်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

အချိန်များ မည်မျှထိကြာညောင်းခဲ့ကြောင်း မည်သူမျှ မသိရှိနိုင်သော်လည်း သက်ရှိများ၏အရိပ်အယောင်များသည် နောက်ဆုံး၌ လူနေထိုင်ရန်မသင့်တော်သော ဤနေရာတွင် ထွက်ပေါ်လာခဲ့သည်။

ချင်အင်ပါယာ၏ငှက်နက်စစ်ပွဲအလံသည် အေးစက်စက်လေများအကြား၌ လူးလွန့်နေပေ၏။

လူသားမျိုးနွယ်မှချင်စစ်သားများသည် တစ်ချိန်က ရှေးဟောင်းကောင်းကင်ဘုံနန်းတော်၌ ထွက်ပေါ်လာခဲ့မည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ တွေးထင်ထားမိမည်မဟုတ်ချေ။

ဤလောကကြီးအတွင်းတွင် မည်သူက ထာဝရအသက်ရှင်သန်နိုင်မည်နည်း....

သေမျိုးများသည် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းလာပြီးနောက် ဤနေရာတွင် သူတို့တွေးထင်ထားသကဲ့သို့ အင်မော်တယ်များရှိမနေချေ။အရာရာတိုင်းသည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲနေလေပြီ။

ဤနေရာတွေ အင်မော်တယ်မရှိ နတ်ဘုရားများလည်းမရှိဘဲ ဒဏ္ဍာရီများအားလုံးသည် အမှားများပင်။ချင်စစ်သားများသည် ကြောင်စီစီအမူအယာများဖြင့် ပတ်ဝန်းကျင်ကိုကြည့်နေသော်လည်း အပျက်အစီးများမှအပ တခြားမည်သည့်အရာကို​မျှ မမြင်တွေ့ရချေ။

ဘူ....

ခရုသင်းမှုတ်လိုက်သော သာယာနာပျော်ဖွယ်အသံက ကောင်းကင်ဘုံနန်းတော်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

လုယွီသည် ချင်စစ်သားများကို မြင်တွေ့မိလေ၏။သူတို့ထံတွင် သန်မာအားကောင်းသောရုပ်ခန္ဓာကိုယ်ရှိကာ ကြေးနီရောင်သံချပ်ကာကို ဝတ်ဆင်ထားသည်။သူတို့၏မျက်လုံးများသည်စူးရှကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ပတ်ဝန်းကျင်ကိုကြည့်ပါက မည်သည့်နေရာတွင်မဆို ချင်စစ်သားများ၏တိုက်ပွဲဝင်္ကပါများရှိနေသည်။

ရံဖန်ရံခါ၌ ချင်စစ်သားများ ဝင်္ကပါ၏ပြင်ပသို့ထွက်လာကြသည်။သူတို့၏သံဖိနပ်ခွာများ မြေပြင်ပေါ်သို့ကျသွားချိန်၌ ကျယ်လောင်ပြီးအားကောင်းသော ခြေလှမ်းသံများ ထွက်ပေါ်လာသည်။

"မင်းက ဘယ်သူလဲ"

ချင်စစ်သားတချို့သည် လုယွီကိုသတိပြုမိသွားသဖြင့် ရှေ့သို့တိုးလာကာ မေးမြန်းလေသည်။

လုယွီသည် သူ၏ခါးတံဆိပ်ပြားကိုထုတ်ကာ သူတို့အား ပြလိုက်၏။

ချင်စစ်သားများသည် ထိုခါးတံဆိပ်ပြားကိုကြည့်ပြီးနောက် ထိတ်လန့်တုန်လှုပ်သွားကာ အလျှင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်သည်။

"တပ်မှူးလုကို အရိုအသေပြုပါတယ်"

လုယွီက မေးမြန်းသည်။

"ဒီစစ်သားတွေကို ဘယ်သူ ဦးဆောင်လာတာလဲ"

ချင်စစ်သားများက တုံ့ပြန်အဖြေပေးသည်။

"ကျွန်တော်တို့ရဲ့တပ်မှူးက မဟာစစ်ဗိုလ်ချုပ်ဝမ်ကျင်းပါ"

လုယွီသည် စစ်သားများ၏နောက်သို့ လိုက်သွားပြီးနောက် တိုက်ပွဲဝင်ဝင်္ကပါကြီး၏ရှေ့သို့ ရောက်ရှိလာသည်။

ထိုအချိန်မှာပင် ချီလင်သံချပ်ကာကိုဝတ်ဆင်ထားကာ ခြင်္သေ့နတ်ဆိုးသားရဲတစ်ကောင်ကိုစီးထားသော ချင်စစ်သားတစ်ယောက်က တိုက်ပွဲဝင်ဝင်္ကပါကြီး၏ရှေ့၌ ထွက်ပေါ်လာသည်။

ထိုခြင်္သေ့နတ်ဆိုးသားရဲအပြင် နဂါးမြင်း မင်သွေးကျားသစ်နတ်ဘုရားနှင့် တခြားနတ်ဆိုးသားရဲများသည်လည်း လေးလံသောသံချပ်ကာဝတ်စစ်သားများကို သယ်ဆောင်ကာ တိုက်ခိုက်ရင်ပြင်ဆင်နေကြ၏။ရှေ့ရှိမြေပြင်ပေါ်တွင် နတ်ဆိုးသားရဲများ၏ ဒေါသတကြီးဟိန်းဟောက်သံများကို ကြားနေရသည်။

မိုးကောင်းကင်ယံအတွင်း၌ ဗာမီလီယံမီးငှက်များ တောင်ပံဖြန့်၍ပျံသန်းနေသည်။ထောင်သောင်းချီသော ချင်စစ်သားများသည် ထိုသားရဲများပေါ်၌ထိုင်နေကာ လက်တစ်ဖက်နှင့် လက်စည်းသင်္ကေတတစ်ခုကို ဖွဲ့စည်းထားပြီး တခြားလက်တစ်ဖက်တွင် အဆောင်လက်ဖွဲ့တစ်ခုကိုကိုင်ထားသည်။သူတို့အနက်မှ မည်သည့်တစ်ယောက်မဆို အလွန်ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားပေ၏။

လေထုအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေကာ စစ်ပွဲအငွေ့အသက်များ အလွန်အမင်း​ပြင်းထန်နေသည်။ဤသည်မှာ လောကကြီးတစ်ခုလုံးကို လှုပ်ယမ်းတော့မည့်အလားပင်။

စစ်ဗိုလ်ချုပ်သံချပ်ကာကို ဝတ်ဆင်ထားသော လူထွားကြီးတယောက်သည် စင်မြင့်တခုပေါ်သို့ တက်လာကာ သူ့၏လက်အတွင်းရှိ ကြေးနီဓားကိုမြှောက်ပြီး အဝေးတစ်နေရာရှိလေဟာနယ်ထံသို့ ညွှန်ပြလိုက်သည်။

"မင်းတို့အားလုံး နားထောင်ကြစမ်း...နတ်ဆိုးတွေက ငါတို့လူသားတွေကို သတ်ပြီးတော့ ငါတို့လူသားမျိုးနွယ်ရဲ့နယ်မြေတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်....ငါတို့က မဟာတံတိုင်းကိုဖြတ်ပြီးတော့ နတ်ဆိုးအကြွင်းအကျန်တွေကို သတ်ရမယ်....ဒါပေမဲ့ သူတို့က အခုလောကနှစ်ခုတောင်တန်းရဲ့နောက်မှာ ပုန်းအောင်းနေပြီးတော့ လူသားမျိုးနွယ်ရဲ့အခြေခံအုတ်မြစ်ကို ဖျက်ဆီးဖို့ အကွက်ချကြံစည်နေကြတယ်"

"ငါတို့က အင်မော်တယ်တွေကို မှီခိုအားထားလို့မရဘူး...ပြီးတော့ နတ်ဘုရားတွေကိုလည်း အားကိုးလို့မရဘူး....ငါတို့တွေ လမ်းတလျှောက်လုံး ရန်သူတွေကိုသတ်ပြီးတော့ကောင်းကင်ဘုံနယ်မြေကို ရောက်လာကြတယ် ....ဒီနေ့ ငါတို့က လောကနှစ်ခုတောင်တန်းကိုဖြတ်ကျော်ပြီးတော့ နတ်ဆိုးတွေကိုအမြစ်ပြတ်သုတ်သင်မယ်....မဟာချင်စစ်သားတွေရဲ့သံမဏိခွာတွေ ဘယ်လောက်ထိကြောက်ဖို့ကောင်းတယ်ဆိုတာ သူတို့ကို ပြရမယ်"

ထိုလူထွားကြီး၏အသံသည် မိုးခြိမ်းသံအလားကျယ်လောင်ကာ ကြယ်တာရာကောင်းကင်အနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

မရေမတွက်နိုင်သောစစ်သားများ တပြိုင်နက်တည်း အော်ဟစ်လိုက်သဖြင့် သူတို့၏အသံများကြောင့် မိုးကောင်းကင်ယံကို တုန်ခါသွားသည်။ ဤသည်မှာ သူတို့၏အသံများသည် လေဟာနယ်ကိုထွင်းဖောက်၍ နယ်မြေကြီးသုံးခုကို လှုပ်ခတ်သွားစေသည့်အလားပင်။

ချင်စစ်တပ်သည် မိုးကောင်းကင်ကို တုန်ခါစေနိုင်သော အော်ဟစ်သံများနှင့်အတူ ရှေ့သို့ချီတက်ကာ စစ်သားများ၏ခြေလှမ်းသံများက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်။

လုယွီသည် အချိန်အတော်ကြာသည်အထိ စိတ်တည်ငြိမ်နိုင်ခြင်းမရှိချေ။သူသည် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ မည်သူ​မျှသိရှိနိုင်မည်မဟုတ်သည့် အတိတ်မှသမိုင်းတစ်ခုကို မျက်မြင်ကိုယ်တွေ့ကြုံနေရလေ၏။

အဝေးတစ်နေရာ၌ နယ်မြေနှစ်ခုတောင်တန်း၏ပုံရိပ် ထွက်ပေါ်လာသည်။

Chapter 4290

ကောင်းကင်ဘုံနန်းတော်၏ အပျက်အစီးနယ်မြေအတွင်း၌ ချင်စစ်သားများ အဆက်မပြတ်ထွက်ပေါ်လာသည်။

လေထုအတွင်း၌ အလံများလူးလွန့်နေကာ သားရဲများဟိန်းဟောက်နေပေ၏။ချင်စစ်တပ်၏ အနီရောင်နှင့်အနက်ရောင်အလံများအောက်တွင် စစ်ဗိုလ်ချုပ်တစ်ယောက်ဦးဆောင်၍ ရှေ့သို့တည်ငြိမ်စွာချီတက်နေသည်။

ဤချင်စစ်သားများသည် အဓိကအားဖြင့် ခန္ဓာကိုယ်ကျင့်ကြံမှုကို အာရုံစူးစိုက်ထားကြသည်။သူတို့အကြားတွင် သိုင်းပညာသူတော်စင်နယ်ပယ်ထိ ကျင့်ကြံပြီးသော စစ်သားများ ရှားပါးခြင်းမရှိချေ။သူတို့၏ခန္ဓာကိုယ်များနံဘေးပတ်လည်ရှိ သွေးချီများသည် အလွန်ပြင်းထန်ကာ မီးခိုးငွေ့များအလား မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်နေသည်။

သူတို့၏ခန္ဓာကိုယ်များသည်အလွန်သန်မာအားကောင်းကာ လုယွီသည် သူတို့ထံမှနေ၍ ချင်အင်ပါယာ သိုင်းပညာကျမ်းစာ၏အရိပ်အယောင်များကို မြင်တွေ့မိသည်။

လူသားဧကရာဇ်သည် လူသားကျင့်ကြံသူများအတွက် သိုင်းပညာကျမ်းစာကို ဖန်တီးခဲ့သဖြင့် နောက်ဆုံး၌ ဤကဲ့သို့အကျိုးသက်ရောက်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။

ယခုလက်ရှိချိန်တွင် လူသားမျိုးနွယ်များအကြား၌ ထိပ်သီးကျင့်ကြံသူများ တိမ်လိုလေလိုပေါများကာ မိုးရွာပြီးနောက်ထွက်လာသော ဝါးမျှစ်များအလားပင်။လူသားမျိုးနွယ်သည် အလွန်အစွမ်းထက်သော မျိုးနွယ်တစ်ခုဖြစ်ပေ၏။

"အခုကြည့်ကြည့်တော့မှ လူသားမျိုးနွယ်က တစ်ချိန်တုန်းက ရှေးဟောင်းနတ်ဆိုးတွေကို တန်ပြန်တိုက်ခိုက်ခဲ့ဖူးတာပါလား"

လုယွီ၏စိတ်နှလုံးသားအတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။သူသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာအတွင်း၌ ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်းကို ပြန်လည်စဉ်းစားလိုက်သည်။

ကောင်းကင်ဘုံနန်းတော် တည်ရှိနေစဉ်အချိန်ကပင် အင်မော်တယ်များသည် ရှေးဟောင်းနတ်ဆိုးများကို တစ်ကြိမ်တစ်ခါမျှ တိုက်ခိုက်ခဲ့ခြင်းမရှိချေ။ထိုအစား သူတို့သည် ရှေးဟောင်းနတ်ဆိုးများကို လောကနှစ်ခုတောင်တန်း၏ပြင်ပသို့သာ မောင်းထုတ်ပြီး မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ခဲ့ပေ။

နှိုင်းယှဉ်ကြည့်ပါက လူသားများ၏လုပ်ဆောင်ချက်များသည် အံ့အားသင့်ဖွယ်ကောင်းသည်ဟု ယူဆနိုင်ပေ၏။

သူတို့သည် သေမျိုးအသွေးအသားခန္ဓာကိုယ်နှင့် လမ်းတလျှောက်လုံးသတ်ဖြတ်ကာ ကောင်းကင်ဘုံနန်းတော်သို့ ရောက်ရှိလာခဲ့သည်။ဤသည်မှာ ချင်အင်ပါယာစစ်သားများ၏အောင်မြင်မှုကြီးပင်။

မကြာမီမှာပင် သူတို့၏ရှေ့၌ လောကနှစ်ခုတောင်တန်း ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံနန်းတော်၏နယ်စပ်တွင် မြင့်မားသောတောင်တန်းကြီး ရှိနေသည်။ထိုတောင်တန်းသည် ပေတစ်သောင်းကျော်ခန့်မြင့်မားကာ နယ်မြေနှစ်ခုကို လုံးလုံးလျားလျား ပိုင်းခြားထားသည်။

ကျိုးပဲ့နေသောတာအိုခန်းမများကို နေရာအနှံ့အပြား၌ မြင်တွေ့နိုင်သည်။ဤသည်မှာ တစ်ချိန်က အင်မော်တယ်များ ကျင့်ကြံခဲ့သောနေရာပင်။သို့ရာတွင် ရှေးဟောင်းနတ်ဆိုးများ ထွက်ပေါ်လာပြီးနောက် ကောင်းကင်ဘုံနန်းတော်၏နေရာအနံ့အပြားကို ဖျက်ဆီးခဲ့သည်။ထိုနေရာများသည်အတိတ်တွင် မြင့်မြတ်သောအင်မော်တယ်များ၏အထိမ်းအမှတ်များ ဖြစ်သော်လည်း ယခုအချိန်၌ ပျက်စီးသွားခဲ့လေပြီ။

ချင်စစ်တပ်ကိုဦးဆောင်သော စစ်ဗိုလ်ချုပ်ဝမ်ကျင်းသည် နဂါးမြင်းကိုစီးထားကာ ရှေ့ဆုံး၌ မားမားမတ်မတ်ရှိနေသည်။သူ၏သန်မာအားကောင်းသောခန္ဓာကိုယ်တွင် တောင်များကိုပြိုလဲစေနိုင်သည့် အကန့်အသတ်မရှိသော စွမ်းအားတစ်ရပ် ပါဝင်နေပုံရသည်။

ဝမ်ကျင်း၏နောက်တွင် လုယွီနှင့်တခြားစစ်ဗိုလ်ချုပ်များရှိနေပြီး အင်အားကြီးမားသော စစ်တပ်ကြီးသည် လောကနှစ်ခုတောင်တန်းကို အလျှင်အမြန်ဖြတ်ကျော်၍ လူသားများ ခြေမချခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကုန်းမြေပေါ်သို့ ရောက်ရှိလာခဲ့သည်။

အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံအတွင်းတွင် တိမ်မည်းများမျောလွင့်နေကာ လေထုအတွင်း၌ ထူထပ်သိပ်သည်းသောမြူခိုးများ ပြည့်နှက်နေသည်။ရံဖန်ရံခါ၌ သရဲတစ္ဆေဆန်သော အော်ညည်းသံများက မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်နေပေ၏။

မိုးကောင်းကင်ယံသည် နိမ့်ဆင်းနေသဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ်ကို ပေးစွမ်းနိုင်သည်။

သန်းနှင့်ချီသောစစ်သားများ နောက်ဆုံး၌ ဤနေရာတွင် စုဝေးနေကြသည်။

အဝေးတစ်နေရာ၌ လှည့်လည်သွားလာနေသော ရှေးဟောင်းနတ်ဆိုးတချို့ ရှိနေသည်။သူတို့သည် အဆင့်နိမ့်ရှေးဟောင်းနတ်ဆိုးများဖြစ်ပြီး ဥာဏ်ရည်ဥာဏ်သွေးမြင့်မားခြင်းမရှိချေ။သူတို့သည် သွေးဆာသောစိတ်ဆန္ဒတစ်ခုတည်းကိုသာ ပိုင်ဆိုင်ထားပေ၏။

ဝှစ်....ဝှစ်...ဝှစ်...

နတ်ဘုရားစည်းတံဆိပ် အမြောက်အ​များသည် အလင်းတန်းများအသွင်သို့ပြောင်းလဲသွားကာ ထိုရှေးဟောင်းနတ်ဆိုးများ၏ ခန္ဓာကိုယ်များပေါ်သို့ ကျရောက်သွားသည်။

ထိုနတ်ဘုရားစည်းတံဆိပ်များ ရုတ်တရက်ပေါက်ကွဲသွားကာ ကျယ်လောင်သောမြည်ဟီးသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ထိုနတ်ဘုရားစည်းတံဆိပ်များသည် လျှပ်စီးမိုးကြိုးများအလား ရှေးဟောင်းနတ်ဆိုးများကို အမှုန်အမွှားများအဖြစ်သို့ ကြေမွှပျက်စီးသွားစေသည်။

ရုတ်ချည်းဆိုသလိုပင် စစ်တပ်ကြီး၏ရှေ့တွင် ရှေးဟောင်းနတ်ဆိုး တစ်ကောင်တစ်လေမျှ မကျန်ရှိတော့ချေ။

ချင်အင်ပါယာ၏ ​ချီကျင့်ကြံသူများသည် ပထမဆုံးတိုက်ခိုက်လိုက်ကြ၏။သူတို့သည် ဗာမီလီယန်မီးငှက်နှင့်တခြားနတ်ဘုရားသားရဲများကို စီးနင်းထားကြ၏။ထိုမှော်သားရဲများသည် တောင်ပံများကိုဖြန့်၍ လေထုအတွင်း၌ပျံသန်းကာ ရှေးဟောင်းနတ်ဆိုးများ၏ဗဟိုချက်နေရာသို့ တန်းတန်းမတ်မတ်တိုးဝင်သွားကြသည်။

တိမ်မည်းများပျက်ပြယ်သွားကာ မိုးကောင်းကင်ယံတွင် မီးတောင်များဖြင့် လောင်ကျွမ်းနေပုံရသည်။ဗာမီလီယန်မီးငှက်များ၏ပါးစပ်မှ မီးတောက်များမှုတ်ထုတ်လိုက်ကာ ရှေးဟောင်းနတ်ဆိုးများကို ​ပြာပုံများအဖြစ်သို့ ပြောင်းလဲသွားစေသည်။

အဝေးတစ်နေရာတွင် ပုံရိပ်အမြောက်အများ ထွက်ပေါ်လာကာ သူတို့၏ခန္ဓာကိုယ်များကို အနက်ရောင်ဝတ်ရုံများ ခြုံလွမ်းထားသဖြင့် သူတို့၏မျက်နှာများကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်​ချေ။

ပေါက်ကွဲသံများ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်နေသည်နှင့်အတူ ရှေးဟောင်းနတ်ဆိုးများအားလုံး ထိတ်လန့်တုန်လှုပ်နေကြ၏။ လူသားမျိုးနွယ်သည် သူတို့အား တိုက်ခိုက်မည်ဟု သူတို့ တစ်ကြိမ်တခါမျှ တွေးတောထားမိခြင်းမရှိချေ။

ဝေါင်း....

မှော်သားရဲများ၏ကျယ်လောင်သောဟိန်းဟောက်သံများက မိုးကောင်းကင်ယံအနှံ့ ပျံ့နှံ့သွားသည်။မြင်းစီးစစ်သားအမြောက်အများသည် မလွမ်းမကမ်းအကွာတွင်ရှိနေသော ရှေးဟောင်းနတ်ဆိုးအုပ်စုထံသို့ တိုးဝင်သွားကြ၏။

"ဒီနေ့ ငါတို့ချင်အင်ပါယာက နတ်ဆိုးတွေကို အမြစ်ပြတ်သုတ်သင်မယ်"

ဝမ်ကျင်းက အော်ဟစ်ကြုံးဝါးလိုက်သည်။

"သတ်မယ်...သတ်မယ်...သတ်မယ်...."

ချစ်စစ်သားများသည်လည်း အော်ဟစ်ကြုံးဝါးကာ ရှေ့သို့တိုးဝင်တိုက်ခိုက်ကြတော့သည်။

All Chapters