အခန်း (၄၃၁၁-၄၃၁၅)
Vol. 219 Ch. 4311-4315
Chapter 4311
ဘုန်း...
ထိုအသံသည် ဓားတစ်လက်အလား လူသားဧကရာဇ်၏ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်းကျရောက်သွားသည်။
လောကကြီးအတွင်း၌ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးဖြစ်သော လူသားဧကရာဇ်၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်တုန်ခါသွားကာ သူ၏ပါးစပ်မှ သွေးအမြောက်အများ အန်ထွက်လာသည်ကို လူများအားလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
"အရှင်ဧကရာဇ်..."
ပိုင်ချီနှင့်တခြားလူများသည် သူတို့၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ် စောင့်ကြည့်နေကြသည်။နောက်ဆုံး၌ သူတို့သည် ထိုတိုက်ခိုက်မှုကို တားဆီးဟန့်တားရန်အတွက် ရှေ့သို့ပြေးဝင်လိုက်ကြ၏။
လုယွီသည် ထိုက်အမ်းဓားကိုဆုပ်ကိုင်ကာ သိုင်းပညာအင်မော်တယ်များနှင့်အတူ ရှေ့သို့ပြေးဝင်လိုက်သည်။
သို့ရာတွင် မဟာနတ်ဆိုးဘိုးဘေးငါးယောက်သည် ရှေ့သို့ပြေးဝင်လာကာ သူတို့အား ဝိုင်းရံထားပြီး ဖြတ်ကျော်သွားခွင့်မပြုချေ။
"သတ်ကြစမ်း....ဘယ်လိုပဲဖြစ်ဖြစ် သူက လူသားတစ်ယောက်ပဲ...သူ အကြာကြီး တောင့်ခံနိုင်မှာမဟုတ်ဘူး"
တခြားမဟာနတ်ဆိုးဘိုးဘေးများနှင့်နတ်ဆိုးဘိုးဘေးများအားလုံးသည် သူတို့၏အားအကောင်းဆုံးနည်းစနစ်များကို အသုံးပြုကာ လူသားဧကရာဇ်ကို ဝိုင်းရံ၍တိုက်ခိုက်လိုက်ကြ၏။
ဘုန်း....
လူသားဧကရာဇ်သည် မဟာတာအိုဥပဒေသများကို အသုံးပြုကာ အရပ်မျက်နှာအဘက်ဘက်မှ ပြေးဝင်လာသော နတ်ဆိုးများကို တိုက်ခိုက်လိုက်သည်။နတ်ဆိုးဘိုးဘေးများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားလေ၏။သို့ရာတွင် လူသားဧကရာဇ်၏အကြည့်သည် အမှောင်ထုအတွင်းရှိအနက်ရှိုင်းဆုံးနေရာသို့သာ အခိုင်အမာကျရောက်နေဆဲပင်။
လူသားဧကရာဇ်၏လက်မှနေ၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာသည်။
သူသည် ရုတ်တရက် အမှောင်ထုအတွင်းမှ မဟာနတ်ဆိုးဘိုးဘေးတစ်ယောက်ကို ဆွဲထုတ်လိုက်သည်။သူ၏လက်ကို တစ်ချက်ညှစ်လိုက်ခြင်းနှင့်အတူ ရှေးဟောင်းမဟာနတ်ဆိုးဘိုးဘေးသည် နေရာမှာပင် သေဆုံးသွားလေ၏။ထိုမဟာနတ်ဆိုးဘိုးဘေး၏ရုပ်ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်တို့သည် သွေးမြူများအဖြစ်သို့ ချက်ချင်းပေါက်ကွဲသွားတော့သည်။
"မဟာနတ်ဆိုးဘိုးဘေးတစ်ယောက် သေသွားပြီ...လူသားဧကရာဇ်မှာ တိုက်ခိုက်နိုင်တဲ့စွမ်းအား ကျန်နေတုန်းပဲ"
ရှေးဟောင်းနတ်ဆိုးများ၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်သောအမူအယာများ ထင်ဟပ်လာသည်။လူသားဧကရာဇ်သည် သွေးများ အန်နေရသည့်တိုင် သူတို့အထင်အမြင်သေးနိုင်သော တည်ရှိမှုကြီးတစ်ခု မဟုတ်ချေ။
သို့ရာတွင် ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။
လူသားဧကရာဇ်သည် ထပ်မံ၍ရှေ့သို့တိုးကာ သူ၏လက်သီးကိုဆုပ်လိုက်ပြီး သူသည် လေဟာနယ်အတွင်းမှ တခြားနတ်ဆိုးဘိုးဘေးတစ်ယောက်ကိုဖမ်းဆုပ်ကာ ဆုတ်ဖြဲလိုက်သည်။
အသွေးအသားများ နေရာအနှံ့အပြားသို့ပြန့်ကျဲသွားကာ သူ၏အနက်ရောင်နဂါးဝတ်စုံပေါ်တွင် သွေးများစွန်းထင်းသွားသည်။အစွမ်းထက်သောသွေးချီလှိုင်းများက ပတ်ဝန်းကျင်နေရာတဝိုက်သို့ ပျံ့နှံ့သွားပေ၏။
နောက်ထပ်မဟာနတ်ဆိုးဘိုးဘေးတစ်ယောက် သေဆုံးသွားလေပြီ။အရပ်လေးမျက်နှာလုံး၌ သေဆုံးသွားသော မဟာနတ်ဆိုးဘိုးဘေးများ၏ထူးဆန်းသောပုံရိပ်များဖြင့် ပြည့်နှက်နေသည်။
လူသားဧကရာဇ်သည် သိုင်းပညာအာဏာရှင်တစ်ယောက်ပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လူသားဧကရာဇ်၏မျက်နှာ အလွန်အမင်းဖြူရော်နေသည်။ဤသည်မှာ သူသည် မီးစာကုန်ဆီခန်းအခြေအနေသို့ ရောက်ရှိနေသည့်အလားပင်။
ဤမြင်ကွင်းကိုမြင်တွေ့ရသော လူသားများထိတ်လန့်တုန်လှုပ်နေရုံသာမက ရှေးဟောင်းနတ်ဆိုးများ၏မျက်နှာများပေါ်တွင်လည်း ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ကြည့်ရတာတော့ မင်းက ငါနဲ့ သေတဲ့အထိတိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ"
အဝေးတစ်နေရာရှိ အနက်ရောင်မြူခိုးများအကြားမှာနေ၍ တည်ကြည်လေးနက်ပြီး အိုမင်းသောအသံတစ်သံ ထပ်မံ၍ထွက်ပေါ်လာသည်။
ဤအသံသည် နူးညံညင်သာသော်လည်း သူ၏စကားလုံးတစ်လုံးစီတိုင်းသည် ထက်ရှသောဓားတစ်စင်းအလား လူသားဧကရာဇ်၏ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
လူသားဧကရာဇ်၏အင်္ကျီလက်တလျှောက် သွေးစီးကြောင်းတစ်ကြောင်း စီးကျနေသည်ကို လူများအားလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့မိသည်။
ဝုန်း....
ကျယ်လောင်သော ဝုန်းခနဲမြည်သံကြီးနှင့်အတူ အနက်ရောင်မြူခိုးများ ရုတ်တရက် ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားသည်။
ထိုအနက်ရောင်မြူခိုးများအကြားမှနေ၍ ဧရာမနွားရိုင်းစိမ်းကြီးတစ်ကောင် ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာပြီး ထိုအရာသည် တောင်တစ်တလုံးစာပမာဏမျှ ကြီးမားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို သန်မာအားကောင်းသောကြွက်သားများ ဖုံးလွှမ်းထားသည်။
ထိုနွားရိုင်းစိမ်းကြီး၏ကျောပေါ်တွင် တာအိုဝတ်စုံဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက်ထိုင်နေသည်။သူ့ထံ၌ သူတော်စင်တစ်ယောက်ကဲ့သို့ ပုံပန်းသွင်ပြင်မျိုးရှိနေကာ သူ၏ဆံပင်ရှည်များ လေထုအတွင်း၌ လူးလွန့်နေသည်။သူ့ကိုကြည့်ရသည်မှာ အစစ်အမှန်အင်မော်တယ်တစ်ယောက်အလားပင်။
နွားရိုင်းစိမ်းကြီးကိုစီးနင်းထားသော လူအိုကြီးသည် ပတ်ဝန်းကျင်ရှိ ရက်စက်ကြမ်းကြုတ်သော ရှေးဟောင်းနတ်ဆိုးများနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေပေ၏။ နတ်ဆိုးမျိုးနွယ်၏နောက်ဆုံးဝှက်ဖဲသည် ဤကဲ့သို့ လူအိုကြီးတစ်ယောက် ဖြစ်နေမည်ဟု တွေးတောကြည့်ရန် အလွန်ခက်ခဲသည်။
နွားရိုင်းစိမ်းကိုစီးထားသော လူအိုကြီး ထွက်ပေါ်လာချိန်၌ လုယွီသည် ရုတ်တရက် သူ၏ခန္ဓာကိုယ်အတွင်းရှိ ထိုက်ကျိအမှတ်အသား ပြင်းပြင်းထန်ထန်တုန်ခါသွားသည်ကို ခံစားမိသည်။ဤသည်မှာ နောက်ထပ်အချိန်အခိုက်အတန့်တွင် ထိုအရာသည် သူ၏ခန္ဓာကိုယ်မှ ထွက်သွားတော့မည်အလားပင်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...."
လုယွီသည် ထိတ်လန့်တုန်လှုပ်သွားကာ ထိုက်ကျိအမှတ်အသားကို အလျှင်အမြန်ဖိနှိပ်လိုက်၏။
"ယင်ကျန်း...မင်းက အရမ်းအရေးကြီးတဲ့ တည်ရှိမှုကြီးတစ်ခုပဲ...လူသားမျိုးနွယ်မှာ လူသားဧကရာဇ်ကိုးယောက်ရှိခဲ့ပေမယ့် မင်းတစ်ယောက်တည်းကပဲ ငါ့ရဲ့စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့တယ်"
လူအိုကြီးက လေသံပြတ်ပြတ်ဖြင့် ပြောဆိုသည်။
ပတ်ဝန်းကျင်ရှိ ရှေးဟောင်းနတ်ဆိုးများအားလုံးသည် နောက်သို့ အလျှင်အမြန်ဆုတ်လိုက်ကြကာ လူအိုကြီးကို ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်၏။
"မူလဘူတခေတ်ကာလရဲ့သက်ရှိ...."
လူသားဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။
လူသားဧကရာဇ်၏အမူအယာကိုကြည့်ပြီး နွားရိုင်းစိမ်းကိုစီးထားသော လူအိုကြီး၏အဆင့်အတန်း အလွန်မြင့်မားသည်ကို သိရှိနိုင်သည်။လူသားဧကရာဇ်ပင်လျှင် ထိုလူအိုကြီးကို ထိတ်လန့်ကြောက်ရွံ့နေပုံရသည်။
ဤစကားတစ်ခွန်းသည် ညည်းတွားလိုက်ပုံရသော်လည်း လုယွီ ကြားလိုက်သောအချိန်တွင် အဓိပ္ပါယ်အမြောက်အများ ရှိနေသည်။လုယွီ၏စိတ်နှလုံးသားအတွင်း၌ မုန်တိုင်းထန်သွားသည့်အလားပင်။ဤသည်မှာ သူ ယခုထိတိုင် မဖြေရှင်းနိုင်ခဲ့သော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုကို ယနေ့တွင် ဖြေရှင်းနိုင်တော့မည်အလားပင်။
Chapter 4312
ရှေးဟောင်းခေတ်၏ရှေ့အချိန်ကာလကို မူလဘူတခေတ်ဟု ခေါ်ဆိုသည်။
မူလဘူတခေတ်ကာလသည် ဖရိုဖရဲအချိန်ကာလဖြစ်ကာ သက်ရှိအမျိုးအစားမျိုးစုံ စုဝေးနေသည်။သို့ရာတွင် မမျှော်လင့်သောဘေးကပ်ဆိုးကြီးတစ်ခု ဆိုက်ရောက်လာပြီးနောက် သက်ရှိများအားလုံး တစ်ကောင်ပြီးတကောင်သေကြေပျက်စီးသွားခဲ့သည်။ဤသည်ကြောင့် နောက်ပိုင်းတွင် ရှေးဟောင်းဘုရားပန်ဂုသည် မိုးကောင်းကင်ယံကို ကွဲအက်စေခဲ့ခြင်းဖြစ်သည်။
ဤလူအိုကြီးသည် အလွန်လျှို့ဝှက်ဆန်းကြယ်ကာ အင်မော်တယ်တစ်ယောက် သို့မဟုတ် နတ်ဆိုးတစ်ယောက်ဟု ပြောဆို၍မရချေ။သူ့ထံမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်နေကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေပေ၏။သူ၏မျက်နှာပေါ်တွင် သနားကြင်နာသော အမူအယာတစ်ရပ် ရှိနေသည့်တိုင် သူသည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ အစွမ်းထက်သော တည်ရှိမှုကြီးပင်။
"မူလဘူတခေတ်ရဲ့သက်ရှိတွေက သေသွားတာ ကြာနေပြီမဟုတ်လား"
မုန့်ရီက တီးတိုးရေရွတ်လိုက်သည်။
လုယွီ၏စိတ်နှလုံးသားအတွင်း၌လည်း မေးခွန်းများရှိနေသည်။
လုယွီနေထိုင်သော နောင်အနာဂတ်မျိုးဆက်တွင် ရှေးဟောင်းခေတ်မှ ထိပ်သီးကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာသည်ကပင် အလွန်ကြောက်မက်ဖွယ်ကောင်းနေလေပြီ။
ရှေးဟောင်းခေတ်၏ရှေ့တွင်ရှိသော မူလဘူတခေတ်မှ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီး၏စွမ်းအားသည် မယုံကြည်နိုင်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိပြီးဖြစ်ပေမည်။
"ယင်ကျန်း...ငါ့ရဲ့လက်အောက်မှာ မင်းလိုလူတစ်ယောက်ကို လိုအပ်တယ်...မင်းရဲ့ခွန်အားက မဆိုးဘူး...မင်း ဘာလို့ ငါနဲ့မပူးပေါင်းတာလဲ"
လူအိုကြီးက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ယင်ကျန်း…ငါက မင်း အသက်ရှင်နိုင်မယ့် အခွင့်အရေးတစ်ခုကို ပေးပြီးပြီ...နောင်အနာဂတ်မှာ မင်းက တာအိုကို အောင်မြင်ပြီးမြောက်နိုင်တဲ့ အခွင့်အရေးတစ်ခု ရှိလာပြီးတော့ ဘုံသုံးဘုံလုံးမှာ အစွမ်းထက်ဆုံး လူသားစစ်သည်တော်ဖြစ်လာလိမ့်မယ်"
ပတ်ဝန်းကျင်ရှိ ရှေးဟောင်းနတ်ဆိုးများ၏မျက်နှာများပေါ်တွင်လည်း ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ရှိနေသည်။
အကယ်၍ လူသားဧကရာဇ်သာ အမှန်တကယ်ပူးပေါင်းပါက သူသည် နတ်ဆိုးမျိုးနွယ်အကြားတွင် အားအကောင်းဆုံးတည်ရှိမှုကြီး ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
"စကားတွေအများကြီးပြောဖို့ မလိုတော့ဘူး...တိုက်ခိုက်ကြစို့"
လူသားဧကရာဇ်သည် စကားများစွာပြောဆိုခြင်းမပြုချေ။သူသည် သူ၏သဘောထားကိုဖော်ပြသော စကားလုံးတချို့ကိုသာ ပြောဆိုလိုက်သည်။
"ငါတို့ကကျွန်တစ်ယောက်ဖြစ်တာထက် တိုက်ခိုက်ရင်း အသေခံမယ်"
ချင်စစ်သားများသည်လည်း အလွန်ဒေါသထွက်နေကြ၏။သူတို့ရှေ့၌ လူသားဧကရာဇ်ကို ကျေးကျွန်တစ်ယောက်အဖြစ် ခေါ်ဆောင်လိုသည်မှာ သူတို့အား စော်ကားခြင်းပင်။
စစ်သားများအားလုံးသည် ဒေါသတကြီးဖြင့် ရှေ့သို့ချီတက်ကာ နတ်ဆိုးမျိုးနွယ်နှင့်သေသည်အထိတိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်လိုက်ကြ၏။
လုယွီသည် ထိုက်အမ်းဓားကိုဆုပ်ကိုင်၍ သိုင်းပညာအင်မော်တယ်လေးယောက်၏နောက်သို့ လိုက်သွားသည်။သူတို့သည် သေသည်အထိတိုက်ခိုက်ရန် ပြင်ဆင်ထားလေပြီ။
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် လူအိုကြီးသည် ရုတ်တရက် သူ၏လက်ကိုဆန့်တန်းကာ အောက်သို့လက်ညှိုးညွှန်လိုက်သည်။
"ဖမ်းချုပ်စမ်း..."
ဤသည်မှာ စကားလုံးသုံးလုံးပင်။
သို့သော် ဤစွမ်းအား ကျရောက်လာသည်နှင့် စစ်သားများသည် သူတို့၏ခန္ဓာကိုယ်အတွင်းမှ အသက်စွမ်းအားများ ခိုးယူခြင်းခံလိုက်ရသကဲ့သို့ ခံစားရသည်။
ဤသည်မှာ သူတို၏စိတ်ဝိညာဥ်များသာမက သူတို့၏အသက်စွမ်းအားများလည်း ပါဝင်သည်။
မြေပြင်ပေါ်၌ အနက်ရောင်မြူခိုးများ လွှမ်းခြုံသွားကာ ဤနေရာ၌ စုဝေးနေသောစစ်သားများအားလုံး တောင့်တင်းသွားပုံရပြီး အနည်းငယ်မျှမလှုပ်ရှားနိုင်တော့ချေ။
သဲများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကာ လူများအားလုံး၏မျက်နှာများကို ဖုံးလွှမ်းသွားသည်။မျက်တောင်တစ်ခက်စာအချိန်အတွင်းမှာပင် အစောပိုင်းက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသော ချင်စစ်သားများအားလုံးသည် သဲရုပ်တုများအဖြစ်သို့ ပြောင်းလဲသွားပေ၏။
သူတို့၏အသက်စွမ်းအားများကို နှုတ်ယူခြင်းခံလိုက်ရကာ သူတို့သည် သက်ရှိလူသားများအဖြစ်မှနေ၍ ရွှံစစ်သားများအဖြစ်သို့ပြောင်းလဲသွားလေပြီ။
"ဒီနည်းလမ်းက...."
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။သူသည်သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် သေဆုံးခြင်းအရှိန်အဝါတစ်ရပ် ရစ်သိုင်းလွှမ်းခြုံနေသည်ကို ခံစားမိသည်။
မျက်တောင်တစ်ဖက်စာအချိန်အတွင်းမှာပင် လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ ထိုက်ကျိအမှတ်အသားမှစွမ်းအားများ ပျံ့လွင့်သွားကာ သေဆုံးခြင်းအငွေ့အသက်များကို ဝါးမြိုလိုက်၏။
ရုတ်ချည်းဆိုသလိုပင် အခြေအနေသည် ပြောင်းပြန်ဖြစ်သွားလေပြီ။
အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် လွင်ပြင်ကြီးအနှံ့ ပြည့်နှက်နေသော ချင်စစ်သားများသည် ရွှံစစ်သားများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သိုင်းပညာသူတော်စင်နယ်ပယ် ကျင့်ကြံသူများပင်လျှင် ဤကံကြမ္မာမှ ရှောင်တိမ်းနိုင်ခြင်းမရှိချေ။သိုင်းပညာအင်မော်တယ်များသာလျှင် သူတို့၏အစွမ်းထက်သော ရုပ်ခန္ဓာကိုယ်များဖြင့် သေဆုံးခြင်းအရှိန်အဝါ၏တိုက်စားမှုကို ခုခံထားနိုင်ခဲ့သည်။
"မဟုတ်ဘူး...ဒါက မဖြစ်နိုင်ဘူး..."
မုန့်ရီသည် သူ၏နောက်ရှိ ရွှံစစ်တပ်ကြီးကိုကြည့်ပြီး ဝမ်းနည်းကြေကွဲသောမျက်နှာအမူအယာဖြင့် အော်ဟစ်လိုက်သည်။
ဤသည်မှာ သူနှင့်အတူ တိုက်ပွဲများစွာကိုတိုက်ခိုက်ခဲ့သော စစ်သားများပင်။
သူတို့သည် အကြောင်းအရင်းမသိရဘဲ သေဆုံးသွားခဲ့သည်။သူတို့၏အသက်များသည် ချက်ချင်းနှုတ်ယူခြင်းခံလိုက်ရပေ၏။
"လောကကြီးရဲ့ဥပဒေသတွေက အရမ်းရက်စက်တယ်...အားနည်းတဲ့သားကောင်တွေက အစားခံရတယ်....မင်းတို့အားလုံး ဒါတွေကို အရင်ကတည်းက သိခဲ့သင့်တယ်...ယင်ကျန်း မင်းကတော့...အမ်..."
လူအိုကြီးသည် စကားတစ်ဝက်တစ်ပျက်သို့အရောက်မှာပင် ရုတ်တရက် အံ့အားသင့်သွားကာ မယုံကြည်နိုင်သောအသံတစ်သံ ထွက်ပေါ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် လူသားဧကရာဇ်၏ခန္ဓာကိုယ်တစ်ခုလုံး အလျှင်အမြန်လောင်ကျွမ်းနေသည် သူ့၏ခန္ဓာကိုယ်တစ်ခုလုံးကို တဟုန်းဟုန်းတောက်လောင်နေသောမီးတောက်များမှ ဝါးမြိုနေလေ၏။
"အရှင်ဧကရာဇ်...ဒီငယ်သားကလည်း တိုက်ခိုက်နိုင်တယ်"
ပိုင်ချီ၏မျက်လုံးများ နီမြန်းသွားကာ သူက ရုတ်တရက်အော်ဟစ်လိုက်သည်။
လုယွီ၏စိတ်နှလုံးသား တုန်ရီသွားသည်။လူသားဧကရာဇ် မည်သည့်အရာအား ပြုလုပ်လိုသည်ကို သူ ကောင်းစွာသိရှိပေ၏။
Chapter 4313
ရုပ်ခန္ဓာကိုယ်ဖြင့် မီးထွန်းညှိခြင်း....
သိုင်းပညာအာဏာရှင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ရုပ်ခန္ဓာကိုယ်ကို အသုံးပြု၍ မီးထွန်းညှိလိုက်ချိန်တွင် အလွန်အမင်းလွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။
မိုးကောင်းကင်ယံအတွင်း၌ တဟုန်းဟုန်းတောက်လောင်နေသောမီးတောက်များ ပြည့်နှက်သွားကာ လေထုအတွင်းသို့ မြင့်တက်သွားသည်။ပူပြင်းသောအရှိန်အဝါတစ်ရပ် ပျံ့နှံလာကာ မီးတောင်ကြီးတစ်တောင် ပေါက်ကွဲတော့မည့်အလားပင်။
ဤသည်မှာ ကျင့်ကြံသူတစ်ယောက်၏နောက်ဆုံးနည်းစနစ်ပင်။ထိုနည်းစနစ်ကို တစ်စုံတစ်ယောက်သည် ကူကယ်ရာမဲ့ဖြစ်နေသော အခြေအနေသို့ရောက်မှသာ အသုံးပြုလေ့ရှိသည်။တစ်ဖက်လူသည် ဒဏ်ရာရသည်ဖြစ်စေ မရသည်ဖြစ်စေ ထိုနည်းစနစ်ကိုအသုံးပြုသောလူသည် သေဆုံးရပေမည်။
သို့ရာတွင် လူသားဧကရာဇ်သည် ဤဆုံးဖြတ်ချက်ကို ချခဲ့မည်ဟု လုယွီက တကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိချေ။ဤသည်မှတဆင့် နွားရိုင်းစိမ်းကိုစီးထားသော လူအိုကြီး မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို ပြသနေသည်။
"မင်း ငါ့ကို မသတ်နိုင်ပါဘူး"
လူအိုကြီး၏မျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားကာ သူက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
တဟုန်းဟုန်းသောက်လောင်နေသော မီးတောက်များက မိုးကောင်းကင်ယံအတွင်း၌ ပျံ့လွင့်နေကာ လူသားဧကရာဇ်သည် လေထုအတွင်း၌ မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသည်။ထို့နောက် သူက တည်ငြိမ်သောအသံဖြင့် ပြောဆိုသည်။
"ငါရဲ့ရုပ်ခန္ဓာကိုယ်ကို လောင်ကျွမ်းပြီးတော့ မင်းတို့အားလုံးကို နှစ်တစ်သောင်း ချိတ်ပိတ်ထားနိုင်ရင် လုံလောက်ပြီ"
အကန့်အသတ်မရှိသောမီးတောက်များသည် နတ်ဆိုးနယ်မြေ၏ ထောင့်တစ်နေရာတိုင်း၌ ပြင်းပြင်းထန်ထန်လောင်ကျွမ်းနေပေ၏။
မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဆိုးများထံမှနေ၍ နာကျင်မှုကြောင့် အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်နေသည်။သူတို့သည် ဤနေရာမှ ထွက်ပြေးလိုသော်လည်း ပတ်ဝန်းကျင်ရှိလေဟာနယ်ကို ချိတ်ပိတ်ထားသဖြင့် သူတို့ ထွက်ပြေးနိုင်ခြင်းမရှိတော့ချေ။
အသူရာနဂါး ကျားဖြူတို့၏ ဟိန်းဟောက်သံများ ကြားနေရကာ ထူးဆန်းသော သဘာဝလွန်ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။ဤသည်မှာ လူသားဧကရာဇ် ကြွေလွင့်သွားတော့မည့် အရိပ်အယောင်များပင်။
"အရှင်ဧကရာဇ်...."
ပိုင်ချီ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီးနောက် သူ ရုတ်တရက် တောင့်တင်းစပြုလာသည်။
သူ၏ခန္ဓာကိုယ်တခြမ်းသည် ရွှံရုပ်ထုဖြစ်သွားသည့်တိုင် သူ၏မှုန်ဝါးနေသောမျက်လုံးများအတွင်း၌ မျက်ရည်စများရှိနေဆဲပင်။သူသည် သူ၏လက်ကိုဆန့်တန်းကာ မိုးကောင်းကင်ယံအတွင်းရှိ ကြီးကျယ်ခမ်းနားသောပုံရိပ်ကို ထိတွေ့လိုသည်။
ကံအကြောင်းမလှစွာဖြင့် သူ ထိုသို့ပြုလုပ်နိုင်ခြင်း မရှိတော့ချေ။
အေးခဲတောင့်တင်းခြင်းက ပျံ့နှံ့လာကာ အဆုံးသတ်၌ သူနှင့်တခြားသိုင်းပညာအင်မော်တယ်သုံးယောက်သည် ပတ်ဝန်းကျင်ရှိ သေဆုံးခြင်းချီများမှ တိုက်စားမှုကို တောင့်မခံနိုင်ကြတော့ချေ။သူတို့သည်လည်း ရွှံစစ်သားများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။
အရပ်လေးမျက်နှာလုံးကို လုံးလုံးလျားလျားချိတ်ပိတ်ပြီးလေပြီ။
လူသားဧကရာဇ်သည် သူ၏အထွတ်အမြတ်စွမ်းအားကိုအသုံးပြု၍ နတ်ဆိုးနယ်မြေတစ်ခုလုံးကို ချိတ်ပိတ်လိုက်သည်။
ဖျားနာခြင်း...နာကျင်ခြင်း...အိုမင်းခြင်း....သေဆုံးခြင်း....
လူအိုကြီးသည် မှော်မန္တန်များကို ဆက်လက်၍ရွတ်ဆိုကာ လူသားဧကရာဇ်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားစေသည်။
လူသားဧကရာဇ်၏ရုပ်ခန္ဓာကိုယ် အလျှင်အမြန် ပျက်စီးစပြုလာသည်။သူ၏နှုတ်ခမ်းထောင့်မှ သွေးများ အဆက်မပြတ်ယိုစီးကျနေကာ သူ၏ဆံပင်များ နှင်းကဲ့သို့ဖြူဆွတ်သွားသည်။
သို့ရာတွင် လူသားဧကရာဇ်သည် သူ၏ကိုယ်ပိုင်ရုပ်ခန္ဓာကိုယ်ကို လောင်ကျွမ်းနေမှုအား ရပ်တန့်ခြင်းမရှိချေ။
မီးတောက်များ၏အလင်းရောင်များ တစ်စတစ်စပို၍တောက်ပလာကာ နတ်ဆိုးဘိုးဘေးများသည်လည်း သေဆုံးသွားကြသည်။ရှေးဟောင်းနတ်ဆိုးများရှိနေသော လေဟာနယ်သည် ပို၍ကျဉ်းမြောင်းစပြုလာပေ၏။
နွားရိုင်းစိမ်းကြီးသည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးကာ အရပ်မျက်နှာအဘက်ဘက်ရှိလေဟာနယ်ကို ရိုက်နှက်လိုက်သည်။သို့ရာတွင်ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်သည် လုံးလုံးလျားလျားအေးခဲတောင့်တင်းနေကာ အနည်းငယ်မျှ လှုပ်ခတ်သွားခြင်းမရှိချေ။
"ယင်ကျန်း....မင်းလိုကောင်စုတ်လေးတစ်ကောင်ကများ...မင်း နောင်တရအောင် ငါ လုပ်ပြမယ်"
နွားရိုင်းစိမ်းကိုစီးထားသော လူအိုကြီး၏မျက်နှာပေါ်တွင် ရူးသွပ်မှုများဖြင့်ပြည့်နှက်နေသည်။
သူသည် ရုတ်တရက် မိုးကောင်းကင်ယံထံသို့လက်ညှိုးညွန်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"ချင်အင်ပါယာရဲ့ကံကြမ္မာစွမ်းအားတွေကို နှုတ်ယူစမ်း"
သူ၏စကားလုံးများတွင် ဥပဒေသစွမ်းအားများပါဝင်နေကာ အစွမ်းထက်သောအားလှိုင်းတစ်ရပ်က ကောင်းကင်နှင့်မြေပြင်အကြား၌ ပျံ့နှံ့သွားသည်။ထိုစွမ်းအားသည် ဘုံသုံးဘုံလုံးအတွင်းသို့ ရောက်ရှိသွားပေ၏။
ရုတ်ချည်းဆိုသလိုပင် ပင်လယ်ကြီးလေးစင်းနှင့်နယ်မြေကြီးရှစ်ခုတွင်ရှိသော သက်ရှိများအားလုံး လူအိုကြီး၏ရူးသွပ်နေသောအသံကို ကြားလိုက်ရသည်။
ကျယ်လောင်သော မြည်ဟီးသံကြီးနှင့်အတု ကြီးကျယ်ခမ်းနားသော တော်ဝင်နန်းဆောင်များ ပြိုလဲပျက်စီးကာ မြေကြီး၏နက်ရှိုင်းသောနေရာသို့ နစ်ဝင်သွားသည်။
ငှက်နက်အလံသည်လည်း လေထုအတွင်း၌ လောင်ကျွမ်းသွားကာ မဟာတံတိုင်းကြီး၏နေရာအမြောက်အများ ပြိုလဲပျက်စီးသွားသည်။
မရေမတွက်နိုင်သော လူများနှင့်နတ်ဆိုးသားရဲများသည် ဇဝေဇဝါဖြစ်နေသောအခြေအနေ၌ ရှိနေဆဲပင်။သူတို့၏မျက်လုံးများ ကြောင်စီစီဖြစ်နေကာ သူတို့သည် မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ဘဲ မိုးကောင်းကင်ယံထံသို့ ထိတ်လန့်တကြားမော့ကြည့်လိုက်ကြ၏။
"ငါတို့ တစ်ခုခုကို မေ့သွားတာလား..."
"ချင်အင်ပါယာ...ချင်အင်ပါယာ...ငါ ငါက ဘယ်နေရာကလာတယ်ဆိုတာ ဘာလို့မမှတ်မိတော့တာလဲ"
မရေမတွက်နိုင်သောလူများသည် နာကျင်မှုကြောင့် သူတို့၏ခေါင်းများကို ဆုပ်ကိုင်လိုက်ကြ၏။သူတို့မည်မျှပင် စဉ်းစားတွေးတောသည်ဖြစ်စေ ဤမှတ်ဉာဏ်များသည် ထပ်မံ၍ထွက်ပေါ်လာခြင်း မရှိတော့ချေ။
ချင်အင်ပါယာကိုကိုယ်စားပြုသော ငှက်နက်အမှတ်အသားသည်လည်း လောကကြီးအတွင်းမှပျောက်ကွယ်သွားကာ ချင်အင်ပါယာနှင့်ဆက်စပ်သောအရာများအားလုံး လွင့်ပြယ်သွားခဲ့သည်။
ကြီးကျယ်ခမ်းနားသော ရှေးဟောင်းအင်ပါယာကြီးတစ်ခုသည် လောကကြီးအတွင်းမှ ပျောက်ကွယ်သွားခဲ့လေပြီ။
လူသားမျိုးနွယ်အတွင်း၌ ကိုးဆက်မြောက် လူသားဧကရာဇ်ရှိခဲ့ကြောင်း မည်သူတစ်ဦးတစ်ယောက်မျှ မှတ်မိတော့မည်မဟုတ်ချေ။
တစ်ချိန်က ကောင်းကင်ဘုံနယ်မြေထိရောက်အောင် နတ်ဆိုးများကိုသတ်ဖြတ်ကာ နတ်ဆိုးများ၏ဗဟိုချက်နယ်မြေအတွင်းထိ ဝင်ရောက်ခဲ့သော ချင်စစ်သားများ၏ချင်အင်ပါယာကိုလည်း မည်သူမျှ မှတ်မိတော့မည်မဟုတ်ပေ။
ငှက်နက်စစ်ပွဲအလံသည် နတ်ဆိုးနယ်မြေအတွင်း၌နစ်ဝင်သွားကာ ရွှံစစ်သားများပေါ်သို့ သဲများ တဖြည်းဖြည်းလွှမ်းခြုံသွားလေပြီ။
Chapter 4314
လုယွီသည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေကာ သူ့အားဝိုင်းရံထားသော အားလှိုင်းတစ်ရပ်သည် သူ့၏မှတ်ဉာဏ်များအနက်မှတချို့ကို ပယ်ဖျက်လိုကြောင်း သူ ခံစားမိသည်။
သို့ရာတွင် ထိုအားလှိုင်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ထိုက်ကျိအမှတ်အသားနှင့် ထိတွေ့မိသော အချိန်အခိုက်အတန့်တွင် ပျက်ပြယ်သွားလေ၏။ထိုက်ကျိအမှတ်အသားသည် ဤအားလှိုင်းကို ဖိနှိပ်ထားနိုင်ပုံရကာ နတ်ဆိုးများထံမှမည်သည့်စွမ်းအားများကိုမဆို ဝါးမြိုနိုင်သည်။
"ဒါဆိုရင် လူသားမျိုးနွယ်ရဲ့မှတ်ဉာဏ်တွေက ဖျက်ဆီးခံလိုက်ရတာပါလား..."
လုယွီက တီးတိုးရေရွတ်လိုက်သည်။
ဤကဲ့သို့ ကြီးမားသော ရှေးဟောင်းအင်ပါယာကြီးတစ်ခုသည် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးဖြစ်လုနီးပါးပင်။ဤသည်မှာ သမိုင်းမှတ်တမ်း၌ နာမည်တစ်ခုစိုက်ထူရန် လုံလောက်သည်။
သို့ရာတွင် ဤတိုက်ပွဲအဆုံးသတ်သွားချိန်တွင် လူများအားလုံးထံ၌ ချင်အင်ပါယာနှင့်ပတ်သတ်သည့် မှတ်ဥာဏ်များ ပျောက်ကွယ်သွားခဲ့သည်။
ချင်အင်ပါယာ၏တည်ရှိမှုအရိပ်အယောင်များသည်လည်း အကန့်အသတ်မရှိသော အမှောင်ထုကြီးအတွင်းသို့ နစ်မြုပ်သွားကာ တဖြည်းဖြည်း လောကကြီး၏အမေ့ခံဖြစ်သွားလေ၏။
ဤကဲ့သို့အပြစ်ဒဏ်ထက် ပြင်းထန်သောအရာဟူ၍ မရှိတော့ချေ။
ဟူး...
လူသားဧကရာဇ်ထံမှ သက်ပြင်းရှိုက်သံတစ်သံ ထွက်ပေါ်လာသည်။သူ၏နှုတ်ခမ်းထောင့်မှနေ၍ အနီရောင်ရင့်ရင်သွေးများ ယိုစီးကျနေသည်။ဤသည်မှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
သူ့ကိုကြည့်ရသည်မှာ အလွန်အမင်း ဆိုးရွားနေကာ သူသည် ဒဏ်ရာအပြင်းအထန်ရရှိထားလေ၏။သူသည် လောကကြီးအတွင်း၌ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ခု ဖြစ်သည့်တိုင် ဤအချိန်အခိုက်အတန့်တွင် အားနည်းသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
"နည်းစနစ်တစ်သောင်း...ပျက်စီးစမ်း..."
နွားရိုင်းစိမ်းကိုစီးထားသော လူအိုကြီးက မြင့်မြတ်သော စကားတစ်ခွန်းကို ရေရွတ်လိုက်သည်။ဤစကားတစ်ခွန်းသည် ကောင်းကင်ဘုံတာအို၏အသံအလား အလွန်အမင်းကျယ်လောင်သည်။
ဤအသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ လူသားဧကရာဇ်ကို ဝိုင်းရံထားသော မဟာတာအိုဥပဒေသများ အလျှင်အမြန်ပျက်ပြယ်သွားသည်။
ဤသည်မှာ မယုံကြည်နိုင်ဖွယ်ကောင်းသော နည်းလမ်းတစ်ခုပင်။လူအိုကြီးချီနျူ၏ကျင့်ကြံဆင့်နယ်ပယ်သည် ပြီးပြည့်စုံခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိလေလေပြီ။မဟာတာကိုဥပဒေသများပင်လျှင် သူ၏စကားတစ်ခွန်းဖြင့် ပျောက်ကွယ်သွားခဲ့သည်။
လူသားဧကရာဇ်၏မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲပင်။မဟာတာအိုဥပဒေသများစွမ်းအားများ ပျောက်ကွယ်သွားသည့်တိုင် သူသည် ထိတ်လန့်တကြား ဖြစ်သွားခြင်းမရှိချေ။
သူ၏ခန္ဓာကိုယ်မှနေ၍ အလွန်ကြီးမားသော သွေးချီစွမ်းအားများ ပွင့်အံ့ထွက်လာသည်။သူသည် ဂျင်ထောင်ပေါင်းများစွာလေးလံသော လက်သီးတချက်ကို ထိုးနှက်လိုက်၏။ဤစွမ်းအားသည် တောင်များနှင့်မြစ်များကို ပြိုလဲပျက်စီးစေပြီး နေနှင့်လကို ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေရန် လုံလောက်သည်။
ဝွန်း...
လူအိုကြီး၏အောက်ရှိ နွားရိုင်းစိမ်းကြီးက ထိုလက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ထိုနွားရိုင်းစိမ်းကြီး၏ခန္ဓာကိုယ်မှ ကြေးနီရောင်အလင်းတန်းများထွက်ပေါ်လာကာ ဦးချိုနှစ်ဖက်ကိုမြှောက်၍ အားကုန်ခတ်လိုက်သည်။
မိုးကောင်းကင်ယံအတွင်း၌ ကျယ်လောင်သောအသံများ မြည်ဟီးသွားသည်။နှစ်ဖက်စလုံးသည် မည်သည့်လှည့်ကွက်ကိုမျှ အသုံးပြုခြင်းမရှိဘဲ ခွန်အားကိုအသုံးပြု၍ ထိပ်တိုက်ရင်ဆိုင်ခြင်းပင်။
လူသားဧကရာဇ်၏လက်သီးကြောင့် နွားရိုင်းစိမ်းကြီး နောက်သို့လွင့်ထွက်သွားသည်။နွားရိုင်းစိမ်းကြီး၏မာကျောသောခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတချို့ ရရှိသွားလေ၏။
သို့ရာတွင် နွားရိုင်းစိမ်းကြီးသည် တည်ငြိမ်စွာရပ်တည်နိုင်ဆဲပင်။ထိုသားရဲသည် လူသားဧကရာဇ်၏လက်သီးချက်ကို အမှန်တကယ်ခံယူနိုင်ခဲ့သည်။ဤသည်မှာ သာမန်နတ်ဆိုးသားရဲတစ်ကောင် မဟုတ်နိုင်ချေ။
"ဖိနှိပ်စမ်း..."
လူအိုကြီးက သူ့၏လက်ကိုထပ်မံ၍ ဆန့်တန်းလိုက်သည်။သူသည် သူ၏လက်ချောင်းငါးချောင်းကိုဖြန့်ကာ လူသားဧကရာဇ်ထံသို့ ဦးတည်၍ ပြင်းပြင်းထန်ထန်ဖိနှိပ်လိုက်၏။
လူအိုကြီး၏လက်ဝါးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်ခြင်းလှုပ်ရှားမှုအမြောက်အများ ပုန်းကွယ်နေသည်။ဤသည်မှာ ရှေ့တွင်ရှိနေသော အရာအားလုံးကို ဝါးမြိုနိုင်သည့် ကျင်းနက်ကြီးတစ်ခုအလားပင်။
လူသားဧကရာဇ်၏ပါးစပ်မှ သွေးများအန်ထွက်လာသည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကိုးရောင်ခြယ်အလင်းတန်းများသည်လည်း ပျောက်ကွယ်စပြုလာပေ၏။သူသည် လူအိုကြီး၏လက်ဝါးရိုက်ချက်မှစွမ်းအားကို တောင့်ခံနိုင်ခြင်းမရှိချေ။
သို့ရာတွင် လူသားဧကရာဇ်သည် သူ့ကိုယ်သူ အတင်းအကြပ်ဖိအားပေး၍ တောင့်ခံထားဆဲပင်။တဟုန်းဟုန်းတောက်လောင်နေသောမီးတောက်များသည် သူ၏ခါးထိ ရောက်ရှိနေလေပြီ။ပတ်ဝန်းကျင်ရှိ မိုးနှင့်မြေသည်လည်း ချိတ်ပိတ်ခံထားရသော အခြေအနေ၌ ရှိနေဆဲပင်။ဤနေရာမှနေ၍ မည်သည့်ရှေးဟောင်းနတ်ဆိုးမျှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
လူအိုကြီးသည် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ လူသားဧကရာဇ်၏စွမ်းအားသည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ မာကျောသော လှောင်အိမ်ကြီးတစ်လုံးအလား နတ်ဆိုးနယ်မြေကို အခိုင်အမာချိတ်ပိတ်ထားသည်။
"စီနီယာ..."
လုယွီသည် နောက်ဆုံး၌ ထပ်မံ၍ ရပ်ကြည့်မနေနိုင်တော့ချေ။သူသည် ဤကဲ့သို့အစွမ်းထက်သော လူသားမျိုးနွယ်တစ်ယောက် သူ့ရှေ့၌သေဆုံးသွားတော့မည်ကို မကြည့်ရက်ချေ။
ထိုက်အမ်းဓားသည် ပြင်းပြင်းထန်ထန်တုန်ခါသွားကာ အကန့်အသတ်မရှိသောအားလှိုင်းများ စုဝေးနေသည်။ဤသည်မှာ အတိတ်တွင်ကောင်းကင်ဘုံဧကရာဇ်၏ဓားဖြစ်သဖြင့် ထိုအရာအတွင်းတွင် တော်ဝင်အရှိန်အဝါတစ်ရပ် ကိန်းအောင်းနေသည်။
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် မြေပြင်မှနေ၍ တောက်ပသောအလင်းတိုင်လုံးအမြောက်အများ ထွက်ပေါ်လာကာ တိမ်စိုင်များ၏နက်ရှိုင်းသောနေရာအတွင်းသို့ ပျံ့လွင့်သွားသည်။
ဤနေရာသည် လုံးလုံးတရားလျား ပိုင်းခြားခံလိုက်ရလေပြီ။မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဆိုးများသည် ဤနေရာသို့မောင်းထုတ်ခြင်းခံထားရကာ ပြင်ပရှိမိုးကောင်းကင်ယံအတွင်း၌ မီးတောက်များ တဟုန်းဟုန်းတောက်လောင်နေသည်။မည်သူတစ်ဦးတစ်ယောက်မျှ ဤနေရာမှ လွတ်မြောက်နိုင်ခြင်းမရှိတော့ချေ။
"ဒါဆိုရင် မင်းက ငါ့ကို လှောင်ပိတ်ထားရင်တောင် ဘာဖြစ်လာမှာမလို့လဲ....နှစ်တစ်သောင်းကြာပြီးတဲ့နောက်မှာ ငါက ဒီလောကကြီးထဲမှာ ပြန်ပြီးထွက်ပေါ်လာလိမ့်မယ်....ဒီလောကကြီးက အနှေးနဲ့အမြန် ငါ့ရဲ့အုပ်ချုပ်မှုအောက်ကို ရောက်လာမှာပဲ"
လူအိုကြီး၏အသံသည် အေးစက်တင်းမာပြီး ရက်စက်ကြမ်းကြုတ်ကာ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည်။
Chapter 4315
လူသားဧကရာဇ်သည် သူ၏ရုပ်ခန္ဓာကိုယ်ကိုစတေး၍ နတ်ဆိုးများကို နှစ်ပေါင်းတစ်သောင်းကြာ ချိတ်ပိတ်ခဲ့သော်လည်း လူအိုကြီးသည်အနည်းငယ်မျှ ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိချေ။
ဤလူအိုကြီးသည် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ခုပင်။ဤလောကကြီးအတွင်း၌ အစွမ်းထက်ဆုံးလူသားဧကရာဇ်ပင်လျှင် သူ၏ပြိုင်ဘက် မဟုတ်ခဲ့ချေ။
သူ၏တိုက်ခိုက်မှုများအောက်တွင် လူသားဧကရာဇ်သည် ခုခံတိုက်ခိုက်ရန်အခွင့်အရေး မရှိခဲ့သလောက်နီးပါးပင်။လူသားဧကရာဇ်သည် သွေးအန်သည်အထိ ထပ်ခါတလဲလဲရိုက်နှက်ခံရကာ ပြိုလဲလုနီးပါးဖြစ်သွားလေ၏။သူ နှစ်ပေါင်းတစ်သောင်းကြာမြင့်အောင် ချိတ်ပိတ်ခဲ့သည့်တိုင် လူအိုကြီးသည် လောကကြီးအတွင်း၌ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ခုအဖြစ် ဆက်လက်၍ရှိနေပေမည်။မည်သူတစ်ဦးတစ်ယောက်ကမျှ လူအိုကြီးကို နှိမ်နင်းနိုင်မည်မဟုတ်ချေ။
"နှစ်တစ်သောင်းကြာပြီးတဲ့နောက်မှာ မင်းကိုနှိမ်နင်းနိုင်မယ့် လူတစ်ယောက် ရှိလာလိမ့်မယ်"
လူသားဧကရာဇ်၏ပုံရိပ် တစတစဝေဝါးသွားသည်။ဤမီးတောက်များသည် သူ၏ရုပ်ခန္ဓာကိုယ်အပြင် သူ၏စိတ်ဝိညာဉ်ကိုလည်း လောင်ကျွမ်းသွားပေ၏။
လူအိုကြီးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ငါက ချင်အင်ပါယာရဲ့ကံကြမ္မာကို ဖျက်ဆီးလိုက်ရုံတင်မကဘူး....ကောင်းကင်ဘုံဧကရာဇ်ရဲ့အမွေအနှစ်ကိုလည်း ဖျက်ဆီးပြီးပြီ... နောက်အနာဂတ်မှာ အင်မော်တယ်လမ်းကြောင်း မရှိနိုင်တော့ဘူး....ဒါကြောင့် အင်မော်တယ်နည်းစနစ်တွေအားလုံး ပြတ်တောက်သွားလိမ့်မယ်...နှစ်အနည်းငယ်လောက်ကြာရင် လူသားမျိုးနွယ်က ပိုပြီးအားနည်းလာလိမ့်မယ်....အစစ်အမှန်အင်မော်တယ်တွေ မွေးဖွားလာနိုင်တော့မှာမဟုတ်ဘူး...မင်းက ငါ့ကို ဘာနဲ့ဆန့်ကျင်တိုက်ခိုက်မှာလဲ"
လူသားဧကရာဇ်သည် စကားတုံ့ပြန်ပြောဆိုခြင်းမပြုမီ သူ၏အကြည့်သည် ရုတ်တရက် လုယွီထံသို့ ကျရောက်လာပေ၏။
လူအိုကြီးသည်လည်း လုယွီထံသို့ ကြည့်လိုက်သည်။လုယွီသည် ရွှံစစ်သားအဖြစ်သို့ ပြောင်းလဲမသွားသည်ကို မြင်တွေ့ချိန်တွင် သူသည် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တကြားအော်ဟစ်လိုက်၏။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...."
လူအိုကြီး၏စူးစိုက်ကြည့်မှုကို ခံရချိန်တွင် သူ၏ခန္ဓာကိုယ်မှ ထိုက်ကျိအမှတ်အသားကို နောက်ဆုံး၌ ထိန်းချုပ်နိုင်မှု လွတ်ကင်းသွားတော့သည်။ထိုအရာသည် လုယွီ၏နောက်၌ သရုပ်သကန်ထင်ဟပ်လာကာ ဖြည်းညှင်းစွာလှည့်ပတ်နေသည်။
ထိုက်ကျိအမှတ်အသားသည် ကောင်းကင်ဘုံအတွင်းမှ ဖန်တီးမှုများအားလုံး၏အဋ္ဌဂံရှစ်ခုပင်။ထိုအရာ လှည့်ပတ်လိုက်သည်အချိန်တိုင်း နက်နဲသိမ်မွေ့ပြီး အကန့်အသတ်မရှိသော မဟာတာအိုဥပဒေသများ ရောယှက်နေသည်။
လုယွီ၏ရွှယ်အင်မော်တယ်စွမ်းအားများသည်လည်း ပွင့်အံ့ထွက်လာသည်။သူသည် အစိမ်းရောင်ကြာပွင့်ပေါ်သို့ ခြေချကာ သူ၏မှော်စွမ်းအားများ လေထုအတွင်းသို့ မြင့်တက်သွားသည်။ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က လူအိုကြီးထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားပေ၏။
"နောက်ဆုံးအရင်းအမြစ်က ဒီနေရာမှာပါလား....မဟုတ်ဘူး...သူက ဒီပင်မလောကကြီးက လာတာမဟုတ်ဘူး....သူ့မှာ လေဟာနယ်အချိန်ဥပဒေသတွေရဲ့အရှိန်အဝါ ရှိနေတယ်"
လူအိုကြီးက အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားသည်။အထူးသဖြင့် လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ ထိုက်ကျိအမှတ်အသားကို မြင်တွေ့ပြီးနောက် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။
လူအိုကြီးထံမှနေ၍ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ပွင့်အံ့ထွက်လာသည်။လက်ချောင်းတစ်ချောင်းသည် မိုးကောင်းကင်ယံအတွင်းမှ ဆင်းသက်လာပြီးနောက် လုယွီကိုသတ်ဖြတ်ရန် ရည်ရွယ်ထားလေ၏။
ပတ်ဝန်းကျင်ရှိလေဟာနယ် တစတစပြိုလဲစပြုလာသည်။နတ်ဆိုးနယ်မြေ၏ ကောင်းကင်နှင့်မြေပြင်သည် ဤလက်ချောင်း၏စွမ်းအားကို တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ မဟာတာအိုဥပဒေသများပင်လျှင် ပျက်စီးလုဆဲဆဲအခြေအနေသို့ ရောက်ရှိသွားလေပြီ။
လုယွီသည် မိုးကောင်းကင်ယံထံမှ ကျရောက်လာသော သတ်ဖြတ်ခြင်းလက်ချောင်းကို ကြည့်လိုက်၏။သူသည် ထိုက်အမ်းဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ အတွင်းရှိတော်ဝင်အရှိန်အဝါများဖြင့် ထိုလက်ချောင်းကိုဖြတ်တောက်ရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်မှာပင်....
ကြီးကျယ်ခမ်းနားသော ပုံရိပ်တစ်ခုက ရုတ်တရက် လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။
ဤသည်မှာ အရေးကြီးသောအချိန်အခိုက်အတန့်တွင် လူသားဧကရာဇ်သည် လုယွီ၏ရှေ့၌ ပိတ်ဆို့ဟန့်တားလိုက်ခြင်းပင်။
ဤအချိန်အခိုက်အတန့်တွင် လူသားဧကရာဇ်၏ခန္ဓာကိုယ်ကို တဟုန်းဟုန်းတောက်လောင်နေသောမီးတောက်များက လွမ်းခြုံနေလေပြီ။
ပြင်းထန်သောမီးတောက်များသည် သူ၏သွေးချီများအားလုံးကို လောင်ကျွမ်းသွားကာ မိုးကောင်းကင်ယံအတွင်း၌ ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးတစ်စင်းအဖြစ် ဖွဲ့စည်းသွားသည်။
လူသားဧကရာဇ်၏ ဝေဝါးနေသောပုံရိပ်မှရုတ်တရက် လက်တစ်ဖက် ဆန့်တန်းသွားကာ လူအိုကြီး၏လက်ချောင်းကို တင်းတင်းကြပ်ကြပ်ဖမ်းဆုပ်ပြီး အနည်းငယ်မျှ ပျံ့လွင့်သွားစေခြင်းမရှိချေ။
"လူသားဧကရာဇ်..."
လုယွီ၏ခန္ဓာကိုယ် တုန်ရီသွားသည်။
သူသည် ထိုပုံရိပ်ကြီးကို ကြည့်လိုက်၏။ဤပြင်းထန်သောတိုက်ခိုက်မှုအောက်တွင် လူသားဧကရာဇ်၏ပုံရိပ်သည် ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေကာ သူ၏နှုတ်ခမ်းထောင့်မှနေ၍ သွေးများ အဆက်မပြတ်ယိုစီးကျနေသည်။
လူအိုကြီး၏မျက်နှာအမူအယာသည် တဖြည်းဖြည်း ရက်စက်ကြမ်းကြုတ်မှုသို့ ပြောင်းလဲသွားပေ၏။
"သူတစ်ယောက်တည်းနဲ့ အရာရာတိုင်းကို ပြောင်းလဲနိုင်မယ်လို့ မင်းက ထင်နေတာလား"
လူသားဧကရာဇ်သည် တည်ငြိမ်မှုကိုထိန်းသိမ်းထားဆဲပင်။သူက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"အနာဂတ်မှာဖြစ်လာမယ့် ကိစ္စတွေကို အနာဂတ်မျိုးဆက်တွေ ရင်ဆိုင်ဖြေရှင်းဖို့ ချန်ထားခဲ့ပြီ....ဒီဘဝမှာ ထပ်ပြီးထွက်ပေါ်လာဖို့ မလိုတော့ဘူး"
မိုးကောင်းကင်ယံအတွင်း၌ ကိုးရောင်ခြယ်အလင်းတန်းများ တပြိုင်နက်တည်း တောက်ပလာကာ မိုးနှင့်မြေကိုလွှမ်းခြုံသွားပြီး လူအိုကြီး၏ပုံရိပ်ကိုလည်း အပြည့်အဝဖုံးအုပ်သွားပေ၏။
လူအိုကြီး၏ဒေါသတကြီးအော်ဟစ်သံ တစတစအားပျော့သွားကာ တဖြည်းဖြည်းပျက်ပြယ်သွားတော့သည်။
တောက်ပသောမီးတောက်များသည် ချိတ်ပိတ်ခံထားရသော နတ်ဆိုးနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည်။ဤနယ်မြေအတွင်း၌ နတ်ဆိုးအမြောက်အများ ရုံးကန်နေသည်။သို့ရာတွင် သူတို့ မည်မျှထိရုန်းကန်သည်ဖြစ်စေ ဤနေရာမှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
တခြားတစ်ဖက်တွင် လူသားဧကရာဇ်၏ပုံရိပ်သည် အလွန်မှေးမှိန်နေလေပြီ။ဤသည်မှာ အကြွင်းအကျန်စိတ်ဝိညာဥ် အမျှင်တန်းတစ်ခုသာ ကျန်ရှိတော့ပြီး အချိန်မရွေး သေဆုံးသွားတော့မည့်အလားပင်။
လူသားမျိုးနွယ်သည် ချင်အင်ပါယာကို တန်ကြေးအဖြစ်ပေးဆပ်ကာ နောင်အနာဂတ်မျိုးဆက်များအတွက် နတ်ဆိုးများကို ယာယီချိတ်ပိတ်ထားနိုင်ခဲ့သည်။
ထို့ပြင် အစွမ်းထက်ပြီး စိတ်သဘောထားကြီးမားသော လူသားဧကရာဇ်သည် သူ၏အသက်ကိုပင် စွန့်လွှတ်ခဲ့လေ၏။