← Chapters

အခန်း (၄၃၂၁-၄၃၂၅)

Vol. 219 Ch. 4321-4325

အခန်း (၄၃၂၁-၄၃၂၅)

Vol. 219 Ch. 4321-4325

Chapter 4321

လုကျိုးရှောင်၏ခန္ဓာကိုယ်တစ်ခုလုံး ရွှံများဖြင့် ဖုံးလွှမ်းနေသည်။

ယခင်က ပြင်ပလောကတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး ဆင့်ခေါ်ထားသော ရှေးဟောင်းနတ်ဆိုးများ၏ပုံရိပ်များဖြင့် ပြည်နှက်နေခဲ့သည်။ထိုပုံရိပ်များသည် သန်းနှင့်ချီ၍ရှိနေကာ အနက်ရောင်မြူခိုးများ ထူထပ်သိပ်သည်းနေသည်။

ရှေးဟောင်းနတ်ဆိုးများ၏ စိတ်ဝိညာဥ်များကို ရှောင်တိမ်းနိုင်ရန်အလို့ငှာ လုကျိုးရှောင်သည် ရွှံများအတွင်း၌ပုန်းအောင်းပြီး သူ၏အသက်ရှုနှုန်းကိုထိန်းချုပ်ကာ အခွင့်ကောင်းတစ်ခုကို စောင့်ဆိုင်းနေခဲ့သည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အလွန်အစွမ်းထက်ပေ၏။လုကျိုးရှောင်သည် သူ၏အထွတ်အထိပ်အခြေအနေ၌ ရှိနေလျှင်ပင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်အတွင်းသို့ ကျရောက်သွားပါက အသက်ရှင်သန်နိုင်မည် မဟုတ်ချေ။ထို့ကြောင့် လုကျိုးရှောင်သည် တိတ်တဆိတ်ပုန်းအောင်းကာ အခွင့်ကောင်းကိုရှာဖွေရန် ရွေးချယ်ခဲ့သည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် လုယွီကို ဝါးမြိုခဲ့သည့်အချိန်က သူ ထွက်လာခဲ့ခြင်းမရှိချေ။

လုယွီနှင့်မြေကမ္ဘာနတ်ဆိုးဘိုးဘေးတို့ တိုက်ခိုက်နေစဉ်ကလည်း သူ ထွက်မလာခဲ့ချေ။

လုယွီသည် ယင်ယန်ကျမ်းစာကြောင့် အဝေးသို့ရောက်ရှိသွားသည့်တိုင် သူ နေရာ၌ပုန်းအောင်းနေဆဲပင်။

လုကျိုးရှောင်သည် သားကောင်၏အားအနည်းဆုံးအချိန်ကို ရှာဖွေကာ တစ်ချက်တည်းဖြင့် အသေသတ်လိုသည့် အထီးကျန်ဝံပုလွေတစ်ကောင်အလား အမှောင်ထုအတွင်း၌ ပုန်းအောင်းနေခဲ့သည်။

ဤသည်ကြောင့် သူသည် သွေးမိတ်ဆွေအမတ်ကြီးဟူသော အမည်ကို ရရှိလာခဲ့ခြင်းပင်။သူသည် မည်သည့်သားကောင်ကိုမဆို အသက်ရှင်သန်နိုင်ရန်အတွက် အခွင့်အရေးမပေးချေ။

လုကျိုးရှောင်သည် ပိန်ပါးသောလူငယ်တစ်ယောက်၏ရုပ်ခန္ဓာကိုယ်ကို အပိုင်စီးထားသည်။သူ၏ခန္ဓာကိုယ်ကို ရွှံ​များဖုံးလွှမ်းနေသဖြင့် သူ့ကိုကြည့်ရသည်မှာ သူတောင်းစားတစ်ယောက်နှင့် တူညီနေသည်။

သို့ရာတွင် သူသည် အလွန်ဆိုးရွားသောအခြေအနေ၌ရှိနေသည့်တိုင် သူ၏မျက်လုံးအတွင်းမှနေ၍ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပွင့်အံ့ထွက်နေသည်။

"လုယွီ....မင်းက တကယ့်ကိုထူးချွန်တဲ့ လူတစ်ယောက်ပဲ...မင်းရဲ့ပါရမီအရည်အချင်းက ငါမြင်ဖူးသမျှ ပါရမီရှင်တွေထဲမှာ အကောင်းဆုံးဆိုတာ ငါ ဝန်ခံတယ်....ဒါပေမဲ့ ဒီလောကကြီးထဲမှာ ပါရမီရှင်တွေ မရေမတွက်နိုင်အောင် ရှိနေတယ်... အသက်ရှင်သန်နိုင်တဲ့လူကပဲ တခြားလူတွေရဲ့ မှတ်မိတာကိုခံရဖို့ အရည်အချင်းပြည့်မီတယ်"

"မင်းက ယင်ယန်ကျမ်းစာနဲ့ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ရထားခဲ့တယ်...ကောလဟာလတွေအရတော့ ယင်ယန်ကျမ်းစာမှာ အချိန်နဲ့လေဟာနယ်ကို ဖြတ်သန်းသွားနိုင်တဲ့စွမ်းရည် ရှိနေတယ်...မင်းက တခြားအချိန်နဲ့လေဟာနယ်ကို ဖြတ်သန်းသွားပြီးတော့ အကျိုးကျေးဇူးတွေ အများကြီးရခဲ့မှာကို ငါ စိုးရိမ်မိတယ်"

လုကျိုးရှောင်သည် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ သူ၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာသည်။

"ဒါပေမဲ့ အဲ့ဒီအကျိုးကျေးဇူးတွေအားလုံးက အခု ငါ့ရဲ့အပိုင်ဖြစ်သွားပြီ"

"သူက ဒီကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်ပြီးရင် နောက်ထပ်ကျင့်ကြံဆင့်နယ်ပယ်ကို ချိုးဖျက်နိုင်တော့မယ်...အဲ့ဒါက သူ့ရဲ့အားအနည်းဆုံးအချိန်ပဲ...အဲ့ဒီအခွင့်အရေးကိုယူပြီးတော့ သူ့ကို သတ်ရမယ်"

ထိုအချိန်မှာပင် ထိုက်ဟွာကျမ်းစာသည် လေထုအတွင်း၌ ခရမ်းရောင်ပန်းပွင့်တစ်ပွင့်အသွင်ဖြင့် ထွက်ပေါ်လာသည်။

"ငါတို့ ထပ်ပြီးစောင့်လို့ မရတော့ဘူး...တကယ်လို့ ငါတို့ ထပ်စောင့်လိုက်မယ်ဆိုရင် အပြောင်းအလဲတွေအများကြီး ဖြစ်လာနိုင်တယ်"

လုကျိုးရှောင်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။သူသည် သူ၏လက်အတွင်းရှိ ဓားရှည်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလေ၏။ထိုနောက် ဓားထိပ်ဖျားမှနေ၍ ကျန်းတစ်သောင်းကျော်ရှည်လျားသော အေးစက်စက်အလင်းတန်းတစ်တန်း ပျံ့လွင့်သွားကာ လုယွီကို တိုက်ခိုက်လိုက်သည်။

ခရက်...ခရက်...ခရက်....

ပြင်းထန်သောဓား​ချီကြောင့် နန်းတော်၏ကြမ်းခင်းကျောက်ပြားများ အက်ကွဲသွားသည်။လုကျိုးရှောင်သည် ရုပ်ခန္ဓာကိုယ်တစ်ခုကို အပိုင်စီးထားလေ၏။ဤသည်မှာ သူ၏အထွတ်အထိပ်စွမ်းအားနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိသော်လည်း လျှော့တွက်၍မရသောအဆင့်၌ ရှိနေဆဲပင်။

လုယွီသည် လုကျိုးရှောင်၏ရောက်ရှိလာမှုကို ယခင်ကတည်းက သတိပြုမိပြီးဖြစ်သည်။

သို့ရာတွင် နတ်ဘုရားသုတ်သင်ခြင်းကပ်ဘေးမိုးကြိုးသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပေ၏။ယခုလက်ရှိချိန်တွင် လုယွီ၏စိတ်ဝိညာဉ်သည် အကန့်အသတ်မရှိသော သတ်ဖြတ်ခြင်းကပ်ဘေးမိုးကြိုးများ၏အလယ်၌ ရှိနေသည်။သူ၏စိတ်အတွင်း၌ ထူးဆန်းသောပုံရိပ်များဖြင့် ပြည့်နှက်နေသဖြင့် လုကျိုးရှောင်၏လုပ်ကြံသတ်ဖြတ်မှုကို သူ ရင်ဆိုင်ရန်မှာ မဖြစ်နိုင်​ချေ။

ဤသည်မှာ သူ သေချာပေါက်သေဆုံးရတော့မည့် အခြေအနေမျိုးဖြစ်ပြီး အလွန်အမင်းအန္တရာယ်များသည်။

ဒေါင်....

ဓားအချင်းချင်းထိခတ်သည့် အသံတစ်သံသည် ရုတ်တရက် လုယွီ၏နံဘေးမှ ထွက်ပေါ်လာပြီးနောက် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

လူသားဧကရာဇ်ဓားမှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ ကြီးမားကျယ်ပြန်ပြီး မြင့်မြတ်သော တော်ဝင်အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။ဤသည်မှာ မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားပြီး ကမ္ဘာငယ်လေးတစ်ခုလုံးကို တုန်ခါသွားစေသည်။

လုယွီသည် လူသားဧကရာဇ်ဓား၏အသိအမှတ်ပြုမှုကို ရရှိထားပြီးလေပြီ။ဤအချိန်အခိုက်အတန့်၌ လူသားဧကရာဇ်ဓားသည် လုယွီထံ၌ အန္တရာယ်ရှိနေသည်ကို အာရုံခံမိသဖြင့် ဤတိုက်ခိုက်မှုကို ပိတ်ဆို့ဟန်တားလိုက်ခြင်းဖြစ်သည်။

ကြီးမားကျယ်ပြန့်သော လူသားဧကရာဇ်ဓားချီသည် ကြက်ဥတစ်လုံးဖြင့် ကျောက်ဆောင်ကိုပေါက်သည့်အလား လုကျိုးရှောင်၏တိုက်ခိုက်မှုကို ကြေမွှပျက်စီးသွားစေသည်။လုယွီသည်မည်သည့် ထိခိုက်ဒဏ်ရာမျှ မရရှိချေ။

"လူသားဧကရာဇ်ဓားလား...သူက လူသားဧကရာဇ်ဓားရဲ့အသိအမှတ်ပြုမှုကို တကယ်ကြီးရသွားတာလား ဘယ်လိုလုပ်ပြီးတော့ အောက်ဘုံကလာတဲ့ အမှိုက်ကောင်တစ်ကောင်က လူသားဧကရာဇ်ဓားရဲ့အသိအမှတ်ပြုမှုကို ရသွားတာလဲ"

လုကျိုးရှောင်သည် ထိတ်လန့်တုန်လှုပ်မှုနှင့်ဒေါသထွက်မှုတို့ကို ခံစားနေရလေ၏။သူ့၏မျက်လုံးများအတွင်း၌ နာကျည်းမုန်းတီးမှု မနာလိုမှုများဖြင့် ပြည့်နှက်နေသည်။သူသည် လူသားဧကရာဇ်ဓား၏ အကန့်အသတ်မရှိသောဓားချီများကို​ ချေဖျက်လိုက်သည်။

လူသားဧကရာဇ်ဓားကိုရရှိသူသည် ဧကရာဇ်တစ်ပါးဖြစ်ပြီး ကောင်းကင်ဘုံနယ်မြေအတွင်းရှိ သက်ရှိများအားလုံး၏ ရိုသေလေးစားခြင်းကို ခံယူရပေမည်။

လုကျိုးရှောင်၏စိတ်နှလုံးသားအတွင်း၌ ဤဓားသည် သူ၏ပိုင်ဆိုင်မှုသာ ဖြစ်သင့်ပေ၏။

လုယွီကိုမူ သူ၏စိတ်အတွင်း၌ အောက်ဘုံမှလာသော အမှိုက်ကောင်တစ်ကောင်ဟုသာ သတ်မှတ်ထားသည်။မည်သည်ကြောင့် လူသားဧကရာဇ်ဓားသည် လုယွီကို အသိအမှတ်ပြုခဲ့သနည်း။

"ငါ မင်းကို သတ်ပြီးတာနဲ့ လူသားဧကရာဇ်ဓားက ငါ့ရဲ့ပိုင်ဆိုင်မှု ဖြစ်လာလိမ့်မယ်"

လုကျိုးရှောင်၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပို၍ပြင်းထန်လာသည်။

Chapter 4322

အဖြူရောင်စကျင်ကျောက်စင်မြင့်၏ အပျက်အစည်းများအကြားတွင် လုယွီသည် ပလ္လင်ခွေထိုင်၍ ကျင့်ကြံနေဆဲပင်။ပြင်ပလောကရှိ မည်သည့်ကိစ္စမဆို သူ့အား သက်ရောက်စေခြင်းမရှိချေ။

မိုးကောင်းကင်ယံအတွင်း၌ မိုးကြိုးပစ်ခတ်သံများ မြည်ဟီးနေသည်။နတ်ဘုရားသုတ်သင်ခြင်းကပ်ဘေးမိုးကြိုးသည် လုယွီ၏စိတ်ဝိညာဉ်ကို ဆက်လက်၍ရိုက်ခတ်နေဆဲပင်။

သူ့စိတ်ဝိညာဉ်၏မျက်နှာပြင်တွင် အလင်းရောင်များတောက်ပနေသည်။ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ ကျရောက်လာသည်နှင့်အ​မျှ ထိုအလင်းလွှာ ပို၍ကျစ်လစ်သိပ်သည်းလာကာ သူ၏စိတ်ဝိညာဥ်သည် အသစ်တဖန် ပြန်လည်၍မွေးဖွားလာသည့်အလားပင်။

သူ၏အတိတ်ဘဝတွင်ရှိခဲ့သည့် တာအိုသခင်စိတ်ဝိညာဉ်သည် အစွမ်းထက်သော်လည်း သူသည် မှားယွင်းသောလမ်းကြောင်းကို လျှောက်ခဲ့မိလေ၏။

လုယွီ၏ကျင့်ကြံဆင့်နယ်ပယ် အလွန်အားနည်းနေသောအချိန်၌ တာအိုသခင်စိတ်ဝိညာဉ်သည်သူ့ကို အမြောက်အ​များကူညီပေးနိုင်ခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ တာအိုသခင်စိတ်ဝိညာဉ်သည် သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာလေပြီ။

ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် သူ၏စိတ်ဝိညာဉ်ကို မီးတောက်များအကြားမှ ပြန်လည်မွေးဖွားနိုင်ရန်အတွက် အခွင့်အရေးတစ်ခု ပေးနေလေ၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ရင်ဆိုင်ရာ၌ အာရုံစူးစိုက်ထားသည်။သူသည် လုကျိုးရှောင်၏တည်ရှိမှုကို အာရုံခံမိသော်လည်း ဂရုမစိုက်ခဲ့ချေ။

သူ၏ရှေ့တွင်ရှိနေသော အန္တရာယ်နှင့်နှိုင်းယှဥ်ပါက လုယွီသည် ဘဝတစ်သက်စာတွင် တစ်ကြိမ်သာရနိုင်သည့် အခွင့်အရေးကို ပို၍အာရုံစူးစိုက်သည်။

"သူ့မှာ လူသားဧကရာဇ်ဓားရဲ့အကာအကွယ် ရှိနေတယ်...ငါတို့ အခု ဘာလုပ်ကြမလဲ"

လုကျိုးရှောင်သည် အလွန်ဒေါသထွက်နေပေ၏။ချမ်းသာကြွယ်ဝမှုသည် သူရှေ့၌ရှိနေသည်မှာ သိသာထင်ရှားသော်လည်း သူချဉ်းကပ်ခြင်းမှ ကာကွယ်ဟန့်တားရန်အတွက် သူ၏လမ်းကြောင်းတွင် တောင်ကြီးတစ်လုံးပိတ်ဆို့နေသည်။

လူသားဧကရာဇ်ဓားသည် လောကကြီးအတွင်းရှိ ကြောက်မက်ဖွယ်အကောင်းဆုံး မသေမျိုးအဆင့် မှော်လက်နက်များအနက်မှတစ်ခုပင်။ထိုဓား၏အင်အားပြည့်တိုက်ခိုက်မှုအောက်တွင် တာအိုသခင်များပင်လျှင် ဒဏ်ရာအပြင်းအထန်ရရှိသွားနိုင်ကာ သေဆုံးသွားခြင်းပင်ဖြစ်နိုင်သည်။

ယခုလက်ရှိအချိန်၌ ဤဓားကို မည်သူမျှအသုံးပြုထားခြင်းမရှိဘဲ အလိုအလျောက် ကာကွယ်ပေးနေသည်။သို့ရာတွင် လူသားဧကရာဇ်ဓား၌ စွမ်းအားအလုံအလောက်ရှိနေဆဲပင်။

လုကျိုးရှောင်သည် လူသားဧကရာဇ်ဓားမှ ဖျက်ဆီးခြင်းအရှိန်အဝါကို အာရုံခံမိလေ၏။ဤသည်မှာ မြင့်မြတ်သော တော်ဝင်အရှိန်အဝါတစ်ရပ်သည် သူ၏လောဘများကို အတင်းအကြပ်ဖိနှိပ်နေသည့်အလားပင်။

"လူသားဧကရာဇ်ဓားက သူ့ကို အသိအမှတ်ပြုထားပေမယ့် အရှင်သခင်လို့ သတ်မှတ်ထားတာမဟုတ်ဘူး...သူက အခုအချိန်ထိ လူသားဧကရာဇ် မဟုတ်သေးဘူး....ဒါကြောင့် လူသားဧကရာဇ်ဓားက သူ့ကို အစွမ်းကုန်ကာကွယ်ပေးမှာမဟုတ်ဘူး"

ထိုက်ဟွာကျမ်းစာထံမှနေ၍ ရုတ်တရက် အလင်းတန်းများ ဖြာထွက်လာသည်။ ခရမ်းရောင်အလင်းတန်းများသည် တိမ်စိုင်များအတွင်းသို့ မြင့်တက်သွားကာ ဆံဖြူလူအိုကြီးတယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။သူ့ထံတွင် ငယ်ရွယ်သောမျက်နှာရှိကာ သူ၏မျက်လုံးများအတွင်း၌ တက်ကြွဖျတ်လတ်မှုများဖြင့် ပြည့်နှက်နေသည်။

ထိုက်ဟွာဘိုးဘေး၏ပုံရိပ် ထွက်ပေါ်လာလေပြီ။ သူသည် တစ်ချိန်က ကောင်းကင်ဘုံနန်းတော်၏ရွှေအင်မော်တယ်တစ်ယောက်ပင်။ သူ၏အရှိန်အဝါသည် အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်ကာ သူသည် ရက်စက်ကြမ်းကြုတ်သူတစ်ယောက်ပင်။

ထိုက်ဟွာဘိုးဘေးသည် သူ၏လက်ကိုဆန့်တန်းကာ လူသားဧကရာဇ်ဓားကိုဖမ်းဆုပ်ပြီး ဤလောကကြီးနှင့် ပိုင်းခြားနိုင်ရန်ကြိုးစားလိုက်၏။

ဘုန်း....

လူသားဧကရာဇ်ဓားသည် ခြိမ်းခြောက်မှုကို အာရုံခံမိလေ၏။ဓားချီများသည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားကာထိုက်ဟွာဘိုးဘေး၏ဖမ်းချုပ်မှုကို ဖြတ်တောက်လိုက်သည်။

ထိုက်ဟွာဘိုးဘေးထံမှ မရေမတွက်နိုင်သော ခရမ်းရောင်သင်္ကေတအက္ခရာများ ထွက်ပေါ်လာကာ လေထုအတွင်း၌ ပျံ့လွင့်နေပြီး လူသားဧကရာဇ်ဓားကို အခိုင်အမာချိတ်ပိတ်ထားသည်။

ဘုန်း....

လူသားဧကရာဇ်ဓားမှနေ၍ ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သော အရှိန်အဝါတစ်ရပ် အဆက်မပြတ်ထွက်ပေါ်နေသည်။ထိုအရာသည် ပတ်ဝန်းကျင်တွင်ရှိနေသော ခရမ်းရောင်သင်္ကေတအက္ခရာများ ပျက်ပြယ်သွားစေရန်အတွက် တစ်ခုပြီးတစ်ခု​ချေဖျက်နေရသည်။ ။ ထို့ကြောင့် ထိုက်ဟွာကျမ်းစာသည် လူသားဧကရာဇ်ဓား၏တိုက်ခိုက်မှုကို ယာယီဟန့်တားနိုင်ခဲ့သည်။

မဟာတာအိုကျမ်းစာသုံးခုအနက်မှ တစ်ခုဖြစ်သော ထိုက်ဟွာကျမ်းစာသည် အလွန်နက်နဲသိမ်မွေ့ကာ အတွင်းရှိ နည်းစနစ်များသည် ပို၍လျှို့ဝှက်ဆန်းကြယ်ပေ၏။ထိုအရာများသည် လူသားဧကရာဇ်ဓားကို မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်းမရှိသော်လည်း အချိန်တခဏကြာမျှ ချိတ်ပိတ်ထားနိုင်ရန် လုံလောက်သည်။

"ငါက လူသားဧကရာဇ်ဓားကို ပိတ်ဆို့ဟန့်တားထားမယ်....မင်းက လုယွီကို သွားသတ်တော့"

ထိုက်ဟွာဘိုးဘေး၏အသံက လေဟာနယ်အတွင်း၌ ထွက်ပေါ်လာသည်။

လုကျိုးရှောင်၏မျက်လုံးများ တောက်ပသွားပေ၏။သူသည် အချိန်ဖြုန်းလို့မရသည်ကို နားလည်သဘောပေါက်သဖြင့် အလျှင်အမြန်အသုံးချလိုက်သည်။

သူ၏လက်အတွင်းရှိဓားရှည် အဆက်မပြတ်တုန်ခါနေသည်။သူ အပိုင်စီးထားသော ရုပ်ခန္ဓာကိုယ်သည် အထွတ်အထိပ်အခြေအနေ၌ မရှိဘဲ သူ့မူလခွန်အား၏ဆယ်ရာခိုင်းနှုန်းမျှသာ ရှိသော်လည်း မလှုပ်ရှားနိုင်သော လုယွီကိုသတ်ဖြတ်ရန် လုံလောက်သည်။

လုကျိုးရှောင်သည် လုယွီကို အောက်ဘုံမှလူရိုင်းတစ်ယောက်ဟု အဆက်မပြတ် ပြောဆိုနေခဲ့သော်လည်း သူ၏မျက်လုံးအတွင်းရှိ လောဘများကို ဖုံးကွယ်ထား၍မရချေ။

လုယွီသည် ကံကြမ္မာကောင်းကြီးတစ်ခုကို ရရှိထားလေ၏။

သူသည် တော်ဝင်နန်းတွင်း၏အမတ်ကြီးနှင့်လုမိသားစု၏သခင်လေးဖြစ်သည့်တိုင် လုယွီ၏ကံကြမ္မာကောင်းကို သူ့အတွက် ရယူနိုင်ရန် လောဘကြီးနေဆဲပင်။

"ငါ မင်းကို ဒီအတိုင်းသေခွင့်ပြုလိုက်ရင် အရမ်းလွယ်သွားလိမ့်မယ်...ဒါကြောင့် ငါ မင်းကို သတ်ပြီးတဲ့နောက်မှာ မင်းရဲ့မိသားစုကိုရှာပြီးတော့ ငါ့ရဲ့မုန်းတီးမှုတွေကို သူတို့အပေါ် ပုံချမယ်"

လုကျိုးရှောင်၏စိတ်နှလုံးသားအတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ရက်စက်ကြမ်းကြုတ်သော အတွေးမျိုးစုံသည် သူ၏စိတ်အတွင်း၌ အဆက်မပြတ်ထွက်ပေါ်နေပေ၏။

ဝုန်း....

ထိုအချိန်အခိုက်အတန့်မှာပင် လုယွီ၏နံဘေးရှိ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ် ရုတ်တရက် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။

ထိုကျောက်စိမ်းစည်းတံဆိပ်ပေါ်တွင်ရှိနေသော ရွှေရောင်နဂါးပုံရိပ်သည် ပြင်ပသို့ထွက်လာကာမိုးကောင်းကင်ယံထံသို့ဦးတည်ပြီး ဟိန်းဟောက်လိုက်သည်။

Chapter 4323

နဂါးဟိန်းသံသည် ကြီးမားကျယ်ပြန့်သောနန်းတော်အတွင်း၌ ပဲ့တင်ထပ်သွားလေ၏။

ထူထပ်သိပ်သည်းသော ကံကြမ္မာစွမ်းအားများသည် ကောင်းကင်ကိုတုန်ခါစေသော စွမ်းအားတစ်ရပ်ကို သယ်ဆောင်ထားကာ တိမ်တိုက်များ၏နက်ရှိုင်းသောနေရာသို့ ပျံ့လွင့်သွားပြီး ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ပြည့်နှက်သွားစေသည်။

ဤသည်မှာ နှစ်ပေါင်းများစွာကြာမြင့်အောင် အိပ်မောကျနေသော ဧကရာဇ်တစ်ပါးသည် ရုတ်တရက်နှိုးထလာကာ သန်းရာနှင့်ချီသော သူ၏လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည့်အလားပင်။

ဘုန်း....

ပတ်ဝန်းကျင်နေရာတဝိုက်၌ ကျယ်လောင်သောတုန်ခါသံများ မြည်ဟီးလာသည်။ပတ်ဝန်းကျင်ရှိ ကျောက်နံရံများအတွင်းတွင် အနားယူနေသော ရွှံ့စစ်သားများသည် နှစ်ခြိုက်စွာအိပ်မောကျနေရာမှ နိုးထလာကာ သူတို့၏မျက်လုံးများအတွင်းမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။

ထောင်နှင့်ချီသောစစ်သားများ ခုန်ထွက်လာကာ လုကျိုးရှောင်ကို ပိတ်ဆို့ဟန့်တားလိုက်ကြ၏။

ဤသည်မှာ ချင်အင်ပါယာနန်းတော်၏တော်ဝင်အစောင့်အကြပ်များပင်။သူတို့သည် သေဆုံးသွားခဲ့သည့်တိုင် သူတို့၏တိုက်ပွဲစိတ်ဝိညာဥ်များသည် မသေမျိုးများအလား တည်ရှိနေကာ ဧကရာဇ်အတွက် ဆက်လက်၍တိုက်ခိုက်လိုကြသည်။

"ဒီသောက်ရေးမပါတဲ့အရာတွေ ထပ်လာပြန်ပြီ...သူက ဘယ်လိုလုပ်ပြီးတော့ အကျိုးကျေးဇူးတွေအားလုံးကို ရနေတာလဲ"

လုကျိုးရှောင်သည် မနာလိုမှုကြောင့် ရူးသွပ်သွားလုနီးပါးပင်။

သူသည် လူအုပ်အကြား၌ သူ့ကိုယ်သူနှိမ့်ချကာ လေလွင့်ကျင့်ကြံသူတစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့ရသည်။လုယွီသည် ထိုစစ်သားများအားလုံးကို အစေခံများအလား အမိန့်ပေးနေသည်ကို သူ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရလေ၏။

လုယွီထံတွင် ရှေးဟောင်းအင်ပါယာ၏တံဆိပ်ပြားရှိနေကာ လမ်းတစ်လျှောက်၌ အတားအဆီးဟူသမျှကို ဖြတ်ကျော်နိုင်ခဲ့သည်။တခြားသူများသည် ပတ်ဝန်းကျင်ရှိ ရှေးဟောင်းအပျက်အစီးများကြောင့် ထိတ်လန့်တုန်လှုပ်နေစဉ်တွင် လုယွီသည် ဤရှေးဟောင်းအပျက်အစီးနယ်မြေကို သူ၏လက်ဖမိုးအလား သိရှိထားသည်။

ဤရှေးဟောင်းအပျက်အစီးနယ်မြေအတွင်းတွင် နေရာအနှံ့အပြား၌ ရှေးဟောင်းအမွေအနှစ်များရှိနေသည်။ဤသည်မှာ တချိန်က လူသားဧကရာဇ်တစ်ပါး နေထိုင်ခဲ့သောနေရာဖြစ်နိုင်သည်။ဤနေရာတွင် တုန်လှုက်ချောက်ချားဖွယ်ကောင်းသော လျှို့ဝှက်ချက်များ ကိန်းအောင်းနေပေ၏။

ဤလျှို့ဝှက်ချက်များအားလုံးကို လုယွီတစ်ယောက်တည်းက သိမ်းပိုက်သွားခဲ့သည်။

ပြင်းထန်သောမနာလိုမှုသည် သူ၏စိတ်နှလုံးသားအတွင်းသို့ ရိုက်ခတ်နေသောကြောင့် လုကျိုးရှောင်၏မျက်လုံးများ နီမြန်းသွားသည်။သူသည် ဓားရှည်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ စစ်သားများအကြားသို့ တိုးဝင်လိုက်၏။

ဘုန်း....

ရုတ်ချည်းဆိုသလိုပင် သူ၏သွေးချီစွမ်းအားများ လေထုအတွင်းသို့ မြင့်တက်သွားသည်။

သူ၏ဓားချီများသည် ပြင်းထန်သောမုန်တိုင်းတစ်ခုအလား မိုးကောင်းကင်ယံအတွင်း၌ ပြည့်နှက်သွားကာ စစ်သားများ၏ခန္ဓာကိုယ်များပေါ်သို့ ကျရောက်သွားသည်။

ဤစစ်သားများသည် ရှေးဟောင်းခေတ်ကာလအတွင်း၌ အလွန်ရဲဝံ့သော စစ်သည်တော်များဖြစ်သည်မှာ အမှန်ပင်။သို့ရာတွင် ယခုလက်ရှိအချိန်၌ သူတို့သည် ရွှံစစ်သားအဖြစ်သာ ကြွင်းကျန်တော့သည်။သူတို့၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများသည် ရွှံရုပ်တုများအတွင်း၌ ကိန်းအောင်းနေသဖြင့် သူတို့၏တိုက်ခိုက်ရေးစွမ်းအားများသည် အတိတ်နှင့် အလွန်အလှမ်းကွာဟပေ၏။

လုကျိုးရှောင်၏တိုးဝင်တိုက်ခိုက်မှုအောက်တွင် ရာနှင့်ချီသောစစ်သားများသည် ဖိနှိပ်ခြင်းခံလိုက်ရကာ နောက်သို့ဆုတ်ခွာလိုက်ရသည်။သူတို့သည် လုကျိုးရှောင်ကို ခုခံတိုက်ခိုက်နိုင်ရန် အလွန်အမင်းခက်ခဲနေသည်။

"ငါ့ကို ဘယ်သူက ဟန့်တားနိုင်မှာလဲ...ငါ့ကို ဟန့်တားရဲတဲ့ ဘယ်သူမဆို သေရမယ်"

လုကျိုးရှောင်က အော်ဟစ်ကြုံးဝါးပြီး ရှေ့သို့ခြေလှမ်းအနည်းငယ် တိုးလိုက်သည်။

စစ်သားအများစု၏ခန္ဓာကိုယ်များ ပြတ်တောက်သွားသည် လေထုအတွင်းသို့ ခြေပြတ်လက်ပြတ်များ ပျံ့လွင့်လာပြီးနောက် သူတို့သည် အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားလေ၏။

ထိုစစ်သားများအနက်မှတချို့သည် ပြင်းထန်သောအားလှိုင်းကြောင့် လွင့်ထွက်သွားကာ အစိပ်စိပ်အမွှာမွှာ ကြေမွှပျက်စီးသွားသည်။

လုယွီကိုသတ်ဖြတ်ရန်အတွက် အခွင့်ကောင်းကိုရနိုင်ရန်အလို့ငှာ လုကျိုးရှောင်သည် အင်အားကုန်ထုတ်ဖော်အသုံးပြုရန် ကြံရွယ်ထားသည်။သူသည် လုမိသားစု၏ရက်စက်ကြမ်းကြုတ်ဆုံးမှော်မန္တန်ကို ထုတ်ဖော်အသုံးပြုကာ ရှေးဟောင်းခေတ်ကာလအတွင်းမှ စစ်နတ်ဘုရားလု၏ပုံရိပ်ယောင်ကို ဆင့်ခေါ်ပြီး သူ၏နောက်သို့ ရောက်ရှိလာစေသည်။

အကယ်၍ အတိတ်မှ လုကျိုးရှောင်ဆိုပါက သူသည် ဤလျှို့ဝှက်နည်းစနစ်ကို လွယ်လင့်တကူ အသုံးပြုနိုင်ပေမည်။သို့ရာတွင် ယခုချိန်၌ သူ ဤနည်းစနစ်ကိုအသုံးပြုရသည်မှာ အလွန်ခက်ခဲနေပုံရသည်။

သူ အပိုင်စီးထားသော ရုပ်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည့် လင်းချန်သည် လူငယ်တစ်ယောက်ပင်။

သို့ရာတွင် ဤလျို့ဝှက်နည်းစနစ်ကို အသုံးပြုပြီးနောက် လုကျိုးရှောင်၏ဆံပင်များ အနက်ရောင်မှငွေရောင်သို့ ပြောင်းလဲသွားသည်။ သူ၏ဆံပင်များသည် ခြောက်ကပ်သွားကာ သူ၏အသက်စွမ်းအားပမာဏ အမြောက်အများကုန်ဆုံးသွားပုံရသည်။

သို့ရာတွင် လုကျိုးရှောင်သည် ဂရုမစိုက်ချေ။

သူသည် လုယွီ၏ကံကြမ္မာကောင်းကိုလုယူကာ လုမိသားစုသို့ ပြန်လည်ရောက်ရှိသည်နှင့် သူ့ကိုယ်သူ ပြန်လည်ကုသရန်အတွက် အရင်းအမြစ်အမြောက်အများကို ချက်ချင်းရရှိနိုင်ပေမည်။

လုံလောက်သောအရင်းအမြစ်များ ရှိနေပါက သူသည် အထွတ်အထိပ်အခြေအနေသို့ အမြင့်ဆုံးအရှိန်နှုန်းဖြင့် ပြန်လည်ရောက်ရှိလာပေမည်။

"လုယွီ ဒီနေ့ ဘယ်သူကမှ မင်းကို ကယ်တင်နိုင်မှာမဟုတ်ဘူး"

လုကျိုးရှောင်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

သို့ရာတွင် သူ့အား တုံ့ပြန်လိုက်သည်မှာပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုတစ်ခုပင်။

နန်းတော်နံရံ၏ရှေ့တွင်ရှိနေသော ကြီးမားသော စစ်ဗိုလ်ချုပ်ကျောက်ရုပ်ထုကြီးသည် ရုတ်တရက်လျှောက်လှမ်းလာ လုကျိုးရှောင်ကို ကန်​လိုက်သည်။

ဤကန်ချက်တွင် ကြီးမားသောခွန်အားလှိုင်းတစ်ရပ် ပါဝင်နေပုံရကာ ထိုက်တောင်ကြီးကဲ့သို့လေးလံပြီး ပြင်းထန်သောတုန်ခါသံများ ပဲ့တင်ထပ်သွားသည်။

လုကျိုးရှောင် ဆင့်ခေါ်ထားသော စစ်နတ်ဘုရားလု၏ပုံရိပ်ယောင်သည် မည်သည့်အရာမျှမရှိခဲ့သည့်အလား ပြောင်းလဲသွားပေ၏။

လုကျိုးရှောင်သည် နောက်သို့မီတာရာနှင့်ချီအကွာထိ လွင့်ထွက်သွားသည်။သူသည် နန်းတော်၏တိုင်တစ်လုံးနှင့် ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသဖြင့် ထိုတိုင်လုံး ပြင်းပြင်းထန်ထန်သုံးခါသွားသည်။ကံကောင်းထောက်မစွာဖြင့် နန်းတော်ကိုတည်ဆောက်ထားသည့် ပစ္စည်းများသည် အလွန်ထူးခြားပေ၏။ဤမျှထိ ပြင်းထန်သောရိုက်ခတ်မှုကို ခံရသည့်တိုင့် တိုင်လုံးသည် အကောင်းပကတိရှိနေဆဲပင်။

Chapter 4324

ဖူး...

လုကျိုးရှောင်၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။သူသည် သူ၏ခန္ဓာကိုယ်မှကြွက်သားနှင့်အရိုးများအားလုံး နေရာလွဲသွားသကဲ့သို့ ခံစားမိလေ၏။

စစ်နတ်ဘုရားလု၏ပုံရိပ်ယောင်ကို ဆင့်ခေါ်ထားသည့်စွမ်းအား၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပျက်ပြယ်သွားခဲ့သည်။တော်ဝင်မြို့တော်၏ ထိပ်သီးမိသားစုကြီးရှစ်စုအနက်မှ တစ်စုဖြစ်သော လုမိသားစု၏လျှို့ဝှက်နည်းစနစ်ကို လျော့တွက်၍မရချေ။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် လုကျိုးရှောင်သည် ဒဏ်ရာအပြင်းအထန် ရရှိသွားဆဲပင်။

ဤကဲ့သို့ဒဏ်ရာမျိုးသည် ဂိုဏ်းငယ်လေးတစ်ဂိုဏ်း၏သခင်လေးဖြစ်သော လင်းချန်ကို သေဆုံးသွားစေရန် လုံလောက်သည်။သို့ရာတွင် လုကျိုးရှောင်၏စိတ်ဝိညာဉ်သည် အလွန်အစွမ်းထက်သဖြင့် ဤဒဏ်ရာကို တောင့်ခံနိုင်စွမ်းရှိသည်။

ဆယ်ကျန်းခန့်အရပ်မြင်သော လူဘီလူးကြီးတစ်ကောင်က နန်းတော်အတွင်း၌ မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသည်။

တခြားစစ်သားများနှင့်နှိုင်းယှဉ်ပါက ဤဗိုလ်ချုပ်ရွှံရုပ်ထုသည် ပို၍ကြီးမားပေ၏။လုကျိုးရှောင်သည် ဤရွှံရုပ်ထု၏ရှေ့၌ ပုရွက်ဆိတ်တစ်ကောင်အလားပင်။

"ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုးအစွမ်းထက်တဲ့ ဗိုလ်ချုပ်တစ်ယောက်က သူ့ရဲ့အမိန့်ကို နာခံနေတာလဲ"

လုကျိုးရှောင်၏စိတ်နှလုံးသားအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများ လွှမ်းခြုံသွားသည်။ သူ့၏မိသားစုအတွင်းရှိ အကြီးအကဲအမြောက်အများနှင့် ရင်ဆိုင်ရသောအချိန်ကပင် သူသည် ဤကဲ့သို့ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါမျိုးကို ခံစားရခြင်းမရှိချေ။

ဤပြင်းထန်သော ထိတ်လန့်တုန်လှုပ်မှုမှတဆင့် မနာလိုမှုနှင့်ဒေါသများကို သယ်ဆောင်လာခဲ့သည်။

လုကျိုးရှောင်၏အမြင်အရေ ဤအရာများအားလုံး သူ၏ပိုင်ဆိုင်မှုသာ ဖြစ်သင့်သည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ ထိုအကျိုးကျေးဇူးများအားလုံးကို လုယွီမှယူဆောင်ထားခဲ့သည်။

ဘုန်း....

လုကျိုးရှောင်၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို အာရုံခံမိသည့်အလား ဗိုလ်ချုပ်ရွှံရုပ်ထုသည် ခြေလှမ်းကျဲကြီးများဖြင့် သူ့ထံသို့ လျှောက်လှမ်းလာပေ၏။

သူ ခြေတစ်လှမ်း လှမ်းလိုက်သောအချိန်တိုင်း မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန်တုန်ခါသွားကာ ကျယ်လောင်သောမြည်ဟီးသံများ ထွက်ပေါ်လာသည်။

ဤအသံသည် လုကျိုးရှောင်၏စိတ်နှလုံးသားအတွင်း၌ အသုဘခေါင်းလောင်းထိုးသံအလားပင်။

လုကျိုးရှောင်ထံတွင် ရွေးချယ်စရာမရှိတော့သဖြင့် မတ်တတ်ထရပ်ကာ ထွက်ပြေးရန်ဟန်ပြင်လိုက်သည်။သူသည် ဗိုလ်ချုပ်ရွှံရုပ်ထုနှင့် စတင်၍ရင်ဆိုင်လိုက်ကာ သူ၏လှုပ်ရှားမှုနည်းစနစ်ကိုအသုံးပြု၍ တစ်ဖက်လူ၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

"လုယွီ..ငါက ဒီနေ့ မင်းရဲ့အရိုးတွေကိုမီးရှို့ပြီးတော့ မင်းရဲ့ပြာတွေကို ဖြန့်ကျဲမယ်"

လုကျိုးရှောင်သည် အရှက်ခွဲခံရသကဲ့သို့ ခံစားနေရလေ၏။

သူသည် တာယွီအင်ပါယာ၏အမတ်ကြီးတစ်ယောက်ဖြစ်ပြီး သူ၏မျိုးဆက်တွင် အစွမ်းထက်ဆုံးကျင့်ကြံသူတစ်ယောက်ပင်။သူသည် မည်သည့်အချိန်ကစတင်၍ ဤကဲ့သို့ဆက်ဆံခြင်းမျိုး ခံခဲ့ရသနည်း။

သို့ရာတွင် သူ့ထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် ထွက်ပြေးခဲ့ရသည်။သူ့၏ယခုလက်ရှိ ရုပ်ခန္ဓာကိုယ်ဖြင့် ဤရွှံရုပ်ထု၏ပြိုင်ဘက် မဖြစ်နိုင်ချေ။

ဘန်း...

ရုတ်တရက် လုကျိုးရှောင်၏နားအတွင်း၌ ကျယ်လောင်သောအသံတစ်သံ ထပ်မံ၍မြည်ဟီးသွားသည်။

သူ အသိမဝင်သေးမီမှာပင် နောက်ထပ်ဧရာမရွှံ့ရုပ်ထုတစ်ခုသည် နံရံမှခုန်ထွက်လာကာ သူ၏ရင်ဘတ်အား ကန်လိုက်သည်။

လုကျိုးရှောင်သည် သူ၏နှာခေါင်းမှ သွေးများယိုစီးကျလာသည်ကို ခံစားမိလေ၏။သူသည် နောက်သို့လွင့်ထွက်သွားကာ တစ်ခြားဧရာမရွှံစစ်သားတစ်ယောက်၏ ခြေထောက်အနီးသို့ ရောက်သွားသည်။

မျှော်လင့်ထားသကဲ့သို့ပင် ကျယ်လောင်သောမြည်ဟီးသံတစ်သံ ထပ်မံ၍ထွက်ပေါ်လာသည်။ လုကျိုးရှောင်သည် လေထုအတွင်းသို့ မြောက်တက်သွားကာ ကျောက်တိုင်လုံးကြီးတစ်လုံးနှင့် ရိုက်ခတ်မိသွားသည်။

အလွန်အမင်းမာကျောသော တိုင်လုံးကြီးပေါ်တွင် လူသားပုံသဏ္ဍာန် အပေါက်ကြီးတစ်ပေါက် ရှိနေလေ၏။

လုကျိုးရှောင်၏ယခုလက်ရှိအခြေအနေကို အလွန်ဆိုးရွားသည်ဟု ဆိုနိုင်သည်။

သူ၏ခြေထောက်နှစ်ချောင်း ကျိုးသွားကာသူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မရေမတွက်နိုင်သောဒဏ်ရာများ ဖုံးလွှမ်းနေသည်။ရွှံ​များပေကျံနေသော သူ၏ဝတ်စုံဖြင့် ပေါင်းစပ်လိုက်ပါက သူသည် အလွန်အမင်းဆိုးရွားသော အခြေအနေမျိုး၌ ရှိနေသည်။

လုကျိုးရှောင်သည် ပြင်းပြင်းထန်ထန်​ချောင်းဆိုးကာ သွေးများအန်ထုတ်လိုက်ရသည်။သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေကာ သူ့ရှေ့ရှိမြင်ကွင်းကို ကြည့်လိုက်သည်။

ဧရာမရွှံရုပ်ထုကြီးလေးရုပ်သည် နံရံမှထွက်လာကာ သူ့ထံသို့ ခြေလှမ်းတစ်လမ်းခြင်း ချဥ်းကပ်လာသည်။

ဤရွှံရုပ်တုများသည် အလွန်အစွမ်းထက်ပေ၏။အကယ်၍ ထိုရုပ်တုများသည် လှုပ်ရှားခြင်းမရှိဘဲ မတ်တတ်ရပ်နေလျှင်ပင် အစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။

"မြန်မြန်တိုက်ခိုက်တော့လေ....မင်းက ဘာကို စောင့်နေတာလဲ"

မိုးကောင်းကင်ယံအတွင်းတွင်ရှိနေသော ထိုက်ဟွာဘိုးဘေးက စိုးရိမ်ပူပန်တကြီးလေသံဖြင့် တိုက်တွန်းနှိုးဆော်သည်။

လူသားဧကရာဇ်ဓားသည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ ထက်ရှသဖြင့် သူ အချိန်အကြာကြီး ချိတ်ပိတ်ထားနိုင်မည်မဟုတ်ချေ။

လုကျိုးရှောင်သည် မျက်လုံးစုံမှိတ်ကာ ကျင့်ကြံနေသော လုယွီကိုကြည့်ပြီး သူ၏မျက်လုံးအတွင်း၌ ရုန့်ရင်းကြမ်းတမ်းမှုများ ဖြတ်ပြေးသွားသည်။

"လုယွီ....မင်းက ငါ့ကို ဒီလိုလုပ်ဖို့ ဖိအားပေးခဲ့တာပဲ"

သူသည် ရုတ်တရက် သူ၏ရင်ဘတ်ကိုရိုက်ပုတ်ကာ သူ၏စိတ်ဝိညာဥ်ကိုဖြတ်တောက်ပြီး ဓားပျံတစ်စင်းကို ထုတ်ယူလိုက်၏။

ဤဓားပျံပေါ်တွင် သူ၏စိတ်ဝိညာဥ်အမျှင်တန်း တွယ်ကပ်နေသည်။မိုင်ပေါင်းထောင်နှစ်ကြီးအကွာကပင် ထိုဓားပျံသည် ရန်သူ၏ခေါင်းကို ဖြတ်နိုင်သည်။

"ခုတ်ပိုင်းစမ်း"

လုကျိုးရှောင်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

ဓားပျံသည် လေထုကိုဖြတ်သန်းသွားကာ ချက်ချင်းဆိုသလိုပင် လုယွီထံသို့ ရောက်ရှိသွားသည်။

လုယွီသည် ဤတိုက်ခိုက်မှုကိုခုခံရန် ကြိုတင်ပြင်ဆင်ထားခြင်းမရှိချေ။အကယ်၍ သူ့အား ဤဓားချက်ထိမှန်သွားပါက သူ သေဆုံးသွားခြင်းမရှိလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားပေမည်။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင်....

လုယွီ၏ခါးရှိ သိုလှောင်အိတ် ရုတ်တရက်တုန်ခါသွားသည်။

ခွေးနက်ကြီးတကောင်သည် သိုလှောင်အိတ်အတွင်းမှ တွားသွားထွက်လာကာ သူ၏ပါးစပ်မှနေ၍ နတ်ဆိုးအမြူတေတစ်လုံးကို ထွေးထုတ်လိုက်၏။

ထိုနတ်ဆိုးအမြူတေတွင် ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများဖြင့် ပြည့်နှက်နေသည်။ထိုအရာ၏မျက်နှာပြင်သည် ကျစ်လစ်သိပ်သည်းပြီး တောက်ပကာ လိပ်နက်တစ်ကောင်၏ပုံရိပ် ထင်ဟပ်နေသည်။

"နှစ်ပေါင်းတစ်သောင်းကြာပြီးတဲ့နောက်မှာ ငါ့ရဲ့နတ်ဆိုးအမြူတေ ပြီးပြည့်စုံသွားပြီ...ငါ ဘိုးဘေးက ပြန်လာနိုင်ခဲ့ပြီ"

ခွေးနက်ကြီးထံတွင် တက်ကြွမှုများဖြင့်ပြည့်နှက်နေကာ သူ၏မျက်လုံးအတွင်း၌ လောကကြီးကို အထင်အမြင်သေးသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

သူသည် လိပ်နက်နတ်ဘုရားဆေးလုံးကို ဝါးမြိုပြီးနောက် အကျိုးကျေးဇူးအမြောက်အများ ရရှိခဲ့သည်။သူသည် ပြင်းထန်သောဆေးစွမ်းအားများကို အသုံးပြု၍ ဤနတ်ဆိုးအမြူတေကို သိပ်သည်းနိုင်ခဲ့လေ၏။

ဤအချိန်အခိုက်အတန့်တွင် ခွေးနက်ကြီး၏မျက်လုံးအတွင်း၌ မျက်ရည်များဖြင့် ပြည့်နက်နေသည်။သူသည် ဤနတ်ဆိုးအမြူတေကို သိပ်သည်းနိုင်ရန်အတွက် အချိန်နှင့်အင်အားစိုက်ထုတ်မှုပမာဏ​ မည်မျှထိများများ ပြုလုပ်ခဲ့ရသည်ကို သူ မသိရှိတော့ချေ။

ကံကောင်းထောက်မစွာဖြင့် သူ၏ပြင်းပြင်းထန်ထန်ကြိုးစားခဲ့မှုများ အရာထင်လာခဲ့လေပြီ။

ဝှစ်....

ထက်ရှသောလေတိုးသံတစ်သံနှင့်အတူ ဓားပျံက လုယွီ၏ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

သို့ရာတွင် ထိုဓားပျံ၏ထိပ်ဖျားသည် လုယွီကို သတ်ဖြတ်နိုင်ခြင်းမရှိဘဲ ခွေးနက်ကြီး၏နတ်ဆိုးအမြူတေကို ထိမှန်သွားပေ၏။

အက်ကွဲသံတစ်သံနှင့်အတူ နတ်ဆိုးအမြူတေ ပြင်းပြင်းထန်ထန် တုန်ခါသွားကာ ထိုအရာ၏မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။

ထို့နောက် ဓားပျံသည် စွမ်းအားများဆုံးရှုံးသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ဖူး...

လုကျိုးရှောင်၏မျက်လုံးများ ပြူးကျယ်နေကာ သူသည် ကူကယ်ရာမဲ့စွာဖြင့် သွေးတစ်လုတ်အန်ထုတ်လိုက်ရ၏။

သူသည် သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး မယုံကြည်နိုင်စွာဖြင့် ပြောဆိုသည်။

"ဒီနေရာမှာ ဘယ်လိုလုပ်ပြီးတော့ ခွေးတစ်ကောင် ရှိနေတာလဲ"

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ခွေးနက်ကြီး၏ သွေးပျက်ဖွယ်ကောင်းသော ဒေါသတကြီးအော်သံက နန်းတော်အတွင်း၌ ပဲ့တင်ထပ်သွားသည်။

"ယီးပဲ.... "

Chapter 4325

နန်းတော်အတွင်း၌ အေးစက်စက်လေပြင်းများတိုက်ခတ်လာသည်။

ခွေးနက်ကြီး၏အမွှေးများ အဆုံးထိထောင်ထနေသည်။သူသည် သူ ပင်ပင်ပန်းပန်းကြိုးစား၍ သန့်စင်ခဲ့ရသော နတ်ဆိုးအမြူတေ အက်ကွဲသွားသည်ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေလေ၏။နတ်ဆိုးအမြူတေအတွင်းရှိ နတ်ဆိုးချီစွမ်းအားများ ချက်ချင်းပျက်ပြယ်သွားသည်။

ဤနတ်ဆိုးအမြူတေကို သန့်စင်နိုင်ရန် အလွန်အမင်းခက်ခဲသည်။မှော်သားရဲအများစုသည် နှစ်ပေါင်းတစ်ရာတိုင်တိုင် ကျင့်ကြံပြီးမှသာ ထိုအရာကို သန့်စင်နိုင်သည်။သို့ရာတွင် ခွေးနက်ကြီးသည် နှစ်ပေါင်းတစ်သောင်းကျော်ပြင်းပြင်းထန်ထန်ကြိုးစားပြီးမှသာ ဤနတ်ဆိုးအမြူတေကို သန့်စင်နိုင်ခဲ့ခြင်းဖြစ်သည်။

"အား...သောက်ချေးပဲ....ဘယ်လိုသောက်ရေးမပါတဲ့ကောင်က ဒီဓားကို လွှတ်လိုက်တာလဲ"

ခွေးနက်ကြီးက ကြေကွဲဝမ်းနည်းစွာဖြင့် ညည်းတွားလိုက်သည်။ထို့နောက် သူသည် ဒေါသထွက်နေသော အခြေအနေသို့ ကျရောက်သွားကာ သူ၏လက်သည်းများဖြင့် ဓားပျံကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖျက်ဆီးလိုက်သည်။

မြေပြင်ပေါ်ရှိ အက်ကွဲသွားသော နတ်ဆိုးအမြူတေကိုကြည့်ပြီး ခွေးနက်ကြီးသည် မူးဝေလာကာ သွေးအန်တော့လုမတတ်ပင်။

သူသည် နတ်ဆိုးအမြူတေကို သန့်စင်နိုင်ခဲ့ခြင်းမှာ ကောင်းကင်ဘုံရတနာတစ်ခုဖြစ်သော လိပ်နက်နတ်ဘုရားဆေးလုံး၏အကူအညီကြောင့်ပင်။ထို့ပြင် သူ့ထံ၌ ကံကြမ္မာကောင်းရှိနေ၍သာ ဤအရာကို သန့်စင်နိုင်ခဲ့သည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ ပင်ပင်ပန်းပန်းသန်စင်ခဲ့ရသော နတ်ဆိုးအမြူတေ အက်ကွဲသွားခဲ့လေပြီ။ဤအရာအား ပြန်လည်၍ဖွဲ့စည်းနိုင်ရန်အတွက် အချိန်အတော်ကြာ ယူရပေမည်။

ခွေးနက်ကြီးသည် အမှန်တကယ်ကို ရူးသွပ်သွားတော့လုမတက်ပင်။သူ ရရှိလုဆဲဆဲဖြစ်နေသောစွမ်းအားသည် သူ၏မျက်လုံးရှေ့မှ ချော်ထွက်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။

ခွေးနက်ကြီး ညည်းတွားနေသည်ကိုကြည့်ပြီး လုကျိုးရှောင်သည် ထပ်မံ၍သည်းမခံနိုင်တော့ချေ။သူ၏ပါးစပ်မှနေ၍ သွေးတစ်လုတ် ထပ်မံ၍အန်ထွက်လာသည်။

သူသည် ရုတ်တရက် လုယွီကသာ ကောင်းကင်ဘုံ၏ အစစ်အမှန်ကံကြမ္မာသားတော့ဖြစ်သည်ဟူသော ပုံရိပ်ယောင်မျိုးကိုပင် မြင်နေရလေ၏။

လုကျိုးရှောင်သည် အခွင့်ကောင်းတစ်ခုရရန်အတွက် ရွှံ့များအတွင်းတွင် အချိန်အတော်ကြာပုန်းအောင်း၍ စောင့်ဆိုင်းနေခဲ့ရသည်။

ဤကဲ့သို့ ကောင်းကင်ဘုံမှပေးအပ်သော အခွင့်အရေးကြောင့် လုယွီ သေဆုံးရမည်မှာ သေချာသလောက်နီးပါးပင်။သို့ရာတွင် သူသည် ထပ်ခါတလဲလဲ ရှုံးနိမ့်ခဲ့လေ၏။

အစပထမတွင် လူသားဧကရာဇ်ဓား ထို့နောက် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ် ရှိနေကာ နောက်ဆုံး၌ ဤခွေးနက်ကြီးပင်။

ဤသည်မှာ လောကကြီးအတွင်းရှိ သက်ရှိများအားလုံးသည် လုယွီကိုကာကွယ်ပေးနေသည့်အလားပင်။

"ငါ ဒါကို လက်မခံနိုင်ဘူး"

လုကျိုးရှောင်က အံ့တင်းတင်းကြိတ်ထားကာ သူ၏မျက်လုံးအတွင်း၌ နာကြည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

သူသည် ကောင်းကင်ဘုံ၏ကံကြမ္မာသားတော်ဖြစ်သဖြင့် လုယွီထံမှ အရာရာတိုင်းကို ယူဆောင်မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။သို့ရာတွင် ကိစ္စများအားလုံးသည် သူ၏ဆန္ဒအတိုင်း ဖြစ်ပေါ်လာခြင်းမရှိဘဲ ဆန့်ကျင်ဘက်အဖြစ်သာ သွေဖည်သွားလေ၏။

"ခုဏက ဒီဓားကိုပစ်လိုက်တာ မင်း မဟုတ်လား...ငါ မင်းကို သေတဲ့အထိကိုက်မယ်"

ခွေးနက်ကြီးသည် ရုတ်တရက် လုကျိုးရှောင်ကိုကြည့်ကာ သူ၏မျက်လုံးအတွင်း၌ အကန့်အသတ်မရှိသော နာကြည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

သူသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ လုကျိုးရှောင်ထံဦးတည်၍ ခုန်အုပ်လိုက်သည်။

"သောက်ချေးပဲ...ငါယိုးမခွေး..."

လုကျိုးရှောင်သည် အလွန်ဒေါသထွက်သွားလေ၏။သူသည် ဓားရှည်တစ်လက်ကိုဆင့်ခေါ်ကာ ခွေးနက်ကြီးထံဦးတည်၍ ခုတ်ပိုင်းလိုက်သည်။

လုမိသားစု၏ သခင်လေးတစ်ယောက်ဖြစ်သော သူ၏ဓားနည်းစနစ်သည် အလွန်အစွမ်းထက်ပေ၏။သူ၏ဓားကို တစ်ချက်ဝှေ့ရမ်းလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ထောင်သောင်းချီသောဓားချီများ ရစ်သိုင်းလွှမ်းခြုံသွားသည်။ထိုအရာများအားလုံး ဝေဝါးသွားကာ ခွေးနက်ကြီးထံဦးတည်၍ တိုးဝင်သွားသည်။

ဤဓားချက်သည် အလွန်အမင်း ကြီးကျယ်ခမ်းနားပေ၏။ထိုဓားချီများကို ကြည့်ရသည်မှာ ခွေးနက်ကြီး၏နံဘေးပတ်ဝန်းကျင်ရှိ ဆုတ်လမ်းများအားလုံးကို ပိတ်ဆို့ထားပြီး သူ့အား လှောင်ပိတ်ကာ သတ်ဖြတ်လိုသည့်အလားပင်။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် ခွေးနက်ကြီးသည် သူ၏ပါးစပ်ကိုကျယ်လောင်စွာဖွင့်ဟကာ လျှို့ဝှက်ဆန်းကြယ်သော အဋ္ဌဂံကြေးမုံတစ်ချပ်ကို ထွေးထုတ်လိုက်သည်။

ဤအဋ္ဌဂံကြေးမုံသည် အလွန်ရှေးကျကာ ထိုအရာပေါ်၌ ဓားများ လှံများ ထိုးစိုက်ခြင်းခံထားရသည့် အရိပ်အယောင်များ ရှိနေသည်။ထိုအရာသည် အချိန်ကာလအမြောက်အများကို ဖြတ်ကျော်ခဲ့ရသည်မှာ သိသာထင်ရှားလှ၏။

အဋ္ဌဂံကြေးမုံ ထွက်ပေါ်လာသောအချိန်အခိုက်အတန့်၌ ပတ်ဝန်းကျင်ရှိလေဟာနယ်ကို သက်ရောက်ခြင်းခံရကာ တုန်ခါသံများ အဆက်မပြတ် မြည်ဟီးလာသည်။ရောင်စုံတိမ်တိုက်များ မျောလွင့်လာကာ အဋ္ဌဂံကြေးမုံ၏အရပ်မျက်နှာအဘက်ဘက်တွင် အဖြူရောင်ကြိုးကြာများ ပျံသန်းနေသည့် သဘာဝလွန်ပုံရိပ်များ ထွက်ပေါ်လာသည်။

ဘန်း....

ဓားချီများသည် ကြေးမုံကို ရိုက်ခတ်သွားသော်လည်း ထိုအရာသည် ကြေမွှပျက်စီးသွားခြင်းမရှိရုံသာမကာ ဓားချီများပြန်ကန်ထွက်လာသည်။

ဝှစ်ခနဲအသံတစ်သံနှင့်အတူ ဓားချီများသည် လုကျိုးရှောင်ရှိနေသောနေရာသို့ ပြန်ကန်ထွက်လာပေ၏။လုကျိုးရှောင်သည် အလျှင်အမြန်ရှောင်တိမ်းလိုက်သော်လည်း ဓားချီလှိုင်းများ​က သူ၏ပေါင်ကို ထိမှန်သွားသည်။

အား....

ပြင်းထန်သောနာကျင်မှုကြောင့် လုကျိုးရှောင်သည် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။

သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ လေထုအတွင်း၌ မျောလွင့်နေသော အဋ္ဌဂံကြေးမုံကို မြင်တွေ့မိသည်။သူ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"မသေမျိုးအဆင့် မှော်ရတနာ....ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ခွေးတစ်ကောင်မှာ မသေမျိုးအဆင့်မှော်ရတနာ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ"

လုမိသားစုသည် စစ်နတ်ဘုရား၏မျိုးဆက်များဖြစ်သည့်တိုင် မသေမျိုးအဆင့်မှော်လက်နက်တစ်ခုကိုသာ ပိုင်ဆိုင်ထားခဲ့သည်။

Thank For Reading.

All Chapters