← Chapters

ယန်ချန်ရဲ့ အငွေ့အသက်

Vol. 18 Ch. 171

ယန်ချန်ရဲ့ အငွေ့အသက်

Vol. 18 Ch. 171

ကြည်လင်ပြတ်သားသည့် အသံတခုနဲ့အတူ ပုံရိပ်နှစ်ခု ဟင်းလင်ပြင်ထဲမှ တည်ငြိမ်စွာ ထွက်ပေါ်လာသည်။

သားရဲသခင်ရဲ့အကြည့်က ထိုပုံရိပ်နှစ်ခုဆီကို ရောက်ရှိသွားသည်။ အကြောင်းမှာ ထိုပုံရိပ်နှစ်ခုရဲ့ ချဥ်းကပ်လာမှုကို ယခုနေရာတခုလုံးမှ မည်သူကပင် အာရုံမရခဲ့ခြင်းဖြစ်ပြီး ထိုအချက်က မူလဧကရာဇ်ကိုပင် အနည်းငယ် ထိတ်လန့်သွားစေသည်။

“မင်း..ဘယ်သူလဲ”

သားရဲသခင်က မင်ယုရှန်းကိုရည်ရွယ်၍ မေးလိုက်သည်။ ထိုသေမျိုးသူတော်စင်မရဲ့ အဆင့်ကိုတချက်ကြည့်ရုံနဲ့ မြင်နိုင်သော်လည်း ထူးခြားစွာဖြင့် ထိုသေမျိုးက ခြိမ်းခြောက်မှုအချို့ ပေးစွမ်းနေလေသည်။

တင်းဟောက်မှာ လုလင်းယွဲ့ကိုမြင်ချိန်၌ သက်ပြင်းချလိုက်သည်။ အခြေနေက လုလင်းယွဲ့ရောက်လာပြီးဆိုမှတော့ အရာအားလုံးကို ကိုင်တွယ်ရန် လုံလောက်သည်ဟု သူထင်သည်။

သူထင်တဲ့အတိုင်းပင်။ လုလင်းယွဲ့က သုံးပေသာရှိသည့် ဓားတချောင်းကို ဆုပ်ကိုင်ထားပြီး ထိုဓားဆီမှ သိမ်မွေ့တဲ့ အရှိန်ဝါတချို့ ထုတ်ဖော်နေသည်။

“ရှင် အဆင်ပြေတယ်မဟုတ်လား”

တင်းဟောက်က ခေါင်းညိတ်ပြလိုက်သည်။ လုလင်းယွဲ့၏ အကြည့်ကတော့ မူလဧကရာဇ်ဆီကို ရောက်ရှိသွားပြီး သူမအကြည့်ထဲ စူးရှတဲ့သတ်ဖြတ်လိုစိတ်များကို ဖုံးကွယ်ထားခြင်းမရှိချေ။

“ရှင်က ကျွန်မတို့လောကနှစ်ခုကြား စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ချင်နေပုံပဲ”

သူမလေသံမှာ လုံးဝတည်ငြိမ်နေသည်။ ထိုအခြေနေက မူလဧကရာဇ်နဲ့ သားရဲသခင်တို့ကို စိတ်မသက်မသာ ခံစားနေရစေသည်။ သားရဲသခင်က

“ဧကရီရောက်လာတာပဲ ကောင်းတယ် ကောင်းတယ် ကျုပ်တို့ကြားကိစ္စအကုန်လုံး တခါတည်းရှင်းလို့ရတာပေါ့”

သားရဲသခင်က ထိုသိုပြောရင်း တဖက်မှာလည်း လုလင်းယွဲ့ကိုင်ဆောင်ထားတဲ့ ဓားဆီမှ ရင်းနီးတဲ့ အရှိန်ဝါကို သတိပြုမိသွားသည်။

“ဟုတ်တယ် တစ်ခါတည်း ရှင်းကြတာပေါ့”

လုလင်းယွဲ့က ထိုသို့ပြောပြီးနောက် ဓားကိုဝေ့ယမ်းလိုက်သည်။ ဓားဆီမှ အငွေ့အသက်များ ပြန့်ကားထွက်လာပြီး နတ်ဘုရားအဆင့်ဓားတလက်ရဲ့ စွမ်းအားမှာ ဟင်းလင်ပြင်ကိုတောင် လှုပ်ခါသွားစေသည်။

“ဒါ..ဟိုပုဂ္ဂိုလ်ရဲ့ အငွေ့သက်ပဲ”

သားရဲသခင်မှာ အဆုံး၌ ယန်ချန်ရဲ့အရှိန်ဝါကို မှတ်မိသွားသည်။ မူလက အနည်းငယ် သံသယဝင်နေသေးသော်လည်း ဓားဆီမှ ဖိအားတချို့ စတင်ထွက်ပေါ်လာချိန်မှာတော့ သူ့အထင်များက ရာနှုန်းပြည့် မှန်သွားချေပြီ။

“မင်း မင်းနဲ့အဲ့လူ ဘယ်လိုပက်သက်လဲ”

အထိတ်တလန့်ဖြစ်နေသည့် သားရဲသခင်ကိုကြည့်ကာ မူလဧကရာဇ်တစ်ယောက် နားမလည်နိုင် ဖြစ်နေသည်။ နတ်ဘုရားတစ်ပါး ဖြစ်လုနီးနီး သားရဲသခင်က ဓားတချောင်းကိုမြင်ချိန်၌ မည်သည့်အတွက်ကြောင့် ထိတ်လန့်နေရသနည်း။

“နောက်ဆုံးတော့ ရှင်မှတ်မိသွားပြီပဲ”

မင်ယုရှန်းက ထေ့ငေါ့ကာ ပြောသည်။ ထိုသားရဲကောင်ကြီးကို မကြာသေးခင်ကပင် ယန်ချန်က ဆုံးမပေးခဲ့သည်မဟုတ်လား။ ထိုအတွက်ကြောင့် ယန်ချန့်အငွေ့သက်ကို ရသွားသည့်အခါမှာတော့ ထိတ်လန့်သွားသည်မှာ မဆန်းချေ။

“ငါမင်းကို မကူညီနိုင်တော့ဘူး မင်းပြဿနာကို မင်းပဲရှင်းသင့်တယ် မူလဧကရာဇ်”

ထိုစကားကြားချိန်မှာတော့ မူလဧကရာဇ်တစ်ယောက် ထိတ်လန့်တကြား ဖြစ်သွားရသည်။ ထိုသူက အစောပိုင်းကပင် ကူညီမည်ဟု ပြောခဲ့ပြီး ယခုတော့ ရှောင်လွှဲချင်နေသည် မဟုတ်လား။

“ခင်ဗျား ဘယ်လိုတောင် ခေါင်းရှောင်ရဲတာလဲ”

မူလဧကရာဇ်ရဲ့ စွပ်စွဲမှုကို သားရဲသခင်က အနည်းငယ်မျှပင် အရေးမလုပ်ချေ။ သူသတိထားနေသည်က သေမျိုးသူတော်စင်မနဲ့ လုလင်းယွဲ့ကိုမဟုတ်။ ဓားဆီမှ သူ့ကိုကြောက်လန့်စေတဲ့ အရှိန်ဝါကိုသာဖြစ်ကာ သူပါဝင်လိုက်ပါက ထိုပုဂ္ဂိုလ်ရဲ့ အမြတ်ဒေါသကို နောက်တကြိမ် ခံရနိုင်သည်ဟု တွက်ဆမိနေခြင်း ဖြစ်သည်။

“မင်း ကြိုက်သလိုပြောနိုင်တယ် မူလဧကရာဇ်”

လုလင်းယွဲ့က မူလဧကရာဇ်ဆီ တိုးဝင်သွားသည်။ သူမက ဓားသမားမဟုတ်သည့်အတွက် ဓားကိုသုံး၍ တိုက်ခိုက်ရာ၌ တင်းဟောက်ကဲ့သို့ မထူးချွန်သော်လည်း နတ်ဘုရားတစ်ဝက်အဆင့် ဧကရီမဆီ၌ များပြားသည့် ကျင့်စဥ်များ ရှိနေပါသေးသည်။

ထိုအရာကိုမြင်လျင် တင်းဟောက်နဲ့ အခြားသူများက အနောက်သို့ ဆုတ်ခွါလိုက်ပြီး သားရဲသခင်မှာလည်း ထို့အတူပင်။ မင်ယုရှန်းရဲ့အကြည့်က သားရဲသခင်ဆီ စူးစိုက်ကြည့်နေသည့်အတွက် သားရဲသခင်မှာ တိုက်ပွဲနေရာမှ ထွက်သွားရန် မဝံ့ရဲချေ။

“ဟမ့် ငါကတော့နင့်ကို ကြောက်နေမှာမဟုတ်ဘူး ကျောက်စိမ်းဧကရီ”

လုလင်းယွဲ့ ခုန်ဝင်လာသည်ကိုမြင်လျင် မူလဧကရာဇ်က လက်နှစ်ဖက်ကို ပူးကပ်လိုက်သည်။ ထိုအရာက ကျင့်စဥ်တစ်မျိုးဖြစ်ပြီး ကျင့်ကြံဆင့်အား အချိန်တခုထိ တိုးမြင့်ပေးနိုင်သည်။

လက်ရှိအနေထားအရ တင်းဟောက်နဲ့တိုက်ပွဲ ကြောင့် ဒဏ်ရာရထားသည့်သူ့အတွက် ထိုတားမြစ်ကျင့်စဥ်ကို အသုံးပြုမှသာ လုလင်းယွဲ့ကို ရင်ဆိုင်နိုင်မည်ဆိုသည့်အချက်အား သတိပြုမိလေသည်။

ထိုစဥ် မူလဧကရာဇ်ရဲ့ လက်ရုံးနှစ်ဆူက လုလင်းယွဲ့ကို ကြားဖြတ်တိုက်ခိုက်လာသည်။ နတ်ဘုရားလမ်းစဥ်ကို ထိတွေ့နေသည့် ကျင့်ကြံသူနှစ်ဦးရဲ့ တိုက်ခိုက်မှုက ပြင်းထန်ပြီး ထိုသူနှစ်ဦးကလည်း အနည်းငယ်မျှပင် အစွမ်းထိန်ချန်ထားခြင်း မရှိချေ။

ဝုန်း…

လုလင်းယွဲ့က ထိုတိုက်ခိုက်ချက်နှစ်ခုကို ဓားဖြင့်ခုတ်ပိုင်း၍ သက်တောင့်သက်သာပဲ ဟန့်တားလိုက်သည်။ ပြီးနောက် ချက်ချင်းပဲ ဓားချက်တခု ထုတ်ဖော်လိုက်ပြီး အရဲစွန့်တိုက်ခိုက်လာသည့် လက်ရုံးနှစ်ဆူမှာ ဓားဆီမှ ပြင်းထန်တဲ့ စွမ်းအင်ကို သတိပြုမိချိန်မှာတော့ နောင်တရသွားကြတော့သည်။

တစ်ကွက်တည်းနဲ့ ငါတို့အဆုံးသတ်ရတော့မယ် နဲ့တူတယ်။

ထိုအတွေးက သူတို့ရဲ့နောက်ဆုံးအတွေးသာ ဖြစ်ပြီး မူလဧကရာဇ်ရဲ့ ကျင့်စဥ်အသုံးပြုမှုကို လုလင်းယွဲ့ မတားဆီးစေရန် ကြိုးစားလိုက်ခြင်းက ထိရောက်သော်လည်း ရင်းနီးရခြင်းမှာတော့ သူတို့အသက်များ ဖြစ်နေတော့သည်။

“အား….”

သုံးပေသာရှည်သည့် ဓားက ပေသုံးရာကျော်နီးပါး ဓားအလင်းတစ်ခုနဲ့အတူ အချိန်ကြာမြင့်စွာ ထိပ်သီးကျင့်ကြံသူများအဖြစ် ရပ်တည်ခဲ့သည့် လက်ရုံးနှစ်ဆူကို ညင်သာစွာပဲ ပိုင်းဖြတ်သွားတော့သည်။ ရှောင်တိမ်းခြင်း ခုခံခြင်း မည်သည့်အရာကမှ အသုံးမဝင်ခဲ့ချေ။ ထိုအရာက နတ်ဘုရားအဆင့် လက်နက်ရဲ့ စွမ်းအားဖြစ်သည်။

တင်းကြပ်တဲ့ ဟင်းလင်းပြင်က ထိုသူနှစ်ဦးကို ဖမ်းချုပ်ထားပြီး လောခ့်ချခံထားရသည့် အနေထား၌ သူတို့အတွက်အခွင့်ရေးက သုညသာဖြစ်တော့သည်။

All Chapters