← Chapters

မူလဧကရာဇ်ရဲ့ အဆုံးသတ်

Vol. 18 Ch. 172

မူလဧကရာဇ်ရဲ့ အဆုံးသတ်

Vol. 18 Ch. 172

အကုန်လုံးက တိုက်ပွဲကို ဆွံ့အစွာငေးကြည့်နေကြပြီး ဧကရီ၏ ဓားက နတ်ဘုရားလမ်းစဥ်ကို ထိတွေ့ထားသည့် လက်ရုံးနှစ်ဆူကို ဤမျှရိုးရှင်းစွာ အဆုံးသတ်နိုင်လိမ့်မည်ဟု မထင်ခဲ့ကြချေ။

တဖက်တွင် သားရဲသခင်မှာ တုန်လှုပ်နေပြီး သူ့အဆင့်အရ ဧကရီ၏ စွမ်းအားထက် ဓားရဲ့စွမ်းအားက ယခုကဲ့သို့ဖြစ်စေမှန်း တွက်ဆမိနေခဲ့သည်။

တားမြစ်ကျင့်စဥ်ကို အသက်သွင်းပြီးသွားချေပြီ။ မူလဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကြီးက သားရဲသခင်နည်းတူ ကြီးမားသွားပြီး ပြင်းထန်တဲ့ဖိအားများကို အဆက်မပြတ် ထုတ်လွှင့်နေလေသည်။

ထိုဖိအားများက တင်းဟောက်နဲ့ အခြားသူများကို စိတ်မသက်မသာဖြစ်စေသော်လည်း မင်းယုရှန်း လုလင်းယွဲ့တို့ကတော့ တည်ငြိမ်စွာပဲ ရှိနေသည်။ သားရဲသခင်မှာ သိသာစွာပဲ အနောက်သို့အနည်းငယ် ဆုတ်လိုက်သည်။

မူလဧကရာဇ်မှာ မထူးဇာတ်ခင်းတော့မည်မှန်း တွက်ဆမိပြီး ထိုကောင်မှာ လုလင်းယွဲ့အနောက်မှ ပုဂ္ဂိုလ်အကြောင်း မသိထားခြင်းက ယခုကဲ့သို့ ရူးမိုက်စေခြင်း ဖြစ်ပေသည်။ သားရဲသခင်က ဖြည်းလေးစွာ ခေါင်းယမ်းလိုက်မိသည်။ သူပါဝင်ရန် စိတ်ကူးမရှိတော့ချေ။

လုလင်းယွဲ့က အင်မော်တယ်ပုံရိပ်ကို ဆင့်ခေါ်လိုက်သည်။ ပုံရိပ်ကြီးမှာ အေးစက်သည့် အငွေ့သက်များ ဖုံးလွှမ်းထားတဲ့ ဧကရီမ ပုံတူဖြစ်ပြီး ထိုပုံရိပ်ကြီးဆီ၌လည်း နတ်ဘုရားအဆင့်ဓားကို ကိုင်ဆွဲထားသေးသည်။

တုန်လှုပ်နေမှုကို ထိန်းချုပ်၍ မူလဧကရာဇ်က ဟင်းလင်းပြင်ထဲ ခြေတလှမ်း လှမ်းလိုက်သည်။ သူ့ခြေလှမ်းက ဟင်းလင်ပြင်ကို ခါရမ်းသွားစေပြီး ပတ်ဝန်းကျင်တခုလုံး ပေါက်ကွက်သွားစေကာ ထိုပေါက်ကွဲမှုကြားမှ ကြီးမားသည့် လက်ကြီးနှစ်ဖက်က လုလင်းယွဲ့ကို တိုက်ရိုက်ပဲ ဆုပ်ကိုင်ရန် ကြိုးစားလာသည်။

“ဧကရီ သတိထား”

တင်းဟောက် မိုးမြေဧကရာဇ်နဲ့ အခြားအင်မော်တယ်များက အထိတ်တလန့် သတိပေးလိုက်ကြသည်။ ကြီးမားတဲ့လက်ကြီးရဲ့ ရွေ့လျားမှုက နှေးကွေးသည်ဟု ထင်ရသော်လည်း အမှန်တကယ်မှာတော့ အနည်းငယ်ပင်နှေးကွေးခြင်း မရှိချေ။

လုလင်းယွဲ့၏ ပုံရိပ်ကြီးက ဓားကိုကန့်လန့်ဖြတ်ကိုင်ကာ အသင့်အနေထား ပြင်လိုက်သည်။ ဟင်းလင်းပြင်တခုလုံး ခါရမ်းသွားချိန်မှစ၍ သူမက အလေးအနက်ဖြစ်သွားခဲ့ပြီး အဆင့်တူနှစ်ဦး တိုက်ခိုက်ရာ၌ အနည်းငယ်မျှပင် ပေါ့ဆရဲခြင်းမရှိချေ။

မူလ လောကမှကျင့်ကြံသူများမှာ ထိုပုံရိပ်ကြီးဆီမှ ဖိအားကြောင့် ထွက်ပြေးရန်ပင် မေ့လျောနေပြီး မူလဧကရာဇ်၏ တိုက်ခိုက်မှုကိုမြင်ချိန်မှာတော့ ကျောက်စိမ်းဧကရီတယောက် အဆုံးသတ်ရန် သေချာနေပြီဟု တွေးထင်လိုက်ကြသည်။

သို့သော် အမှန်တရားက ခါးသီးလွန်းပြီး လက်ဝါးကြီးနှစ်ခု နီးကပ်လာချိန်၌ လုလင်းယွဲ့၏ မျက်လုံးအစုံက အလင်းရောင်တချို့ ဖျတ်ခနဲ လက်သွားသည်။ သူမက အင်မော်တယ်စွမ်းအင်ကို အနည်းငယ်မျှပင် ထိန်ချန်ထားခြင်းမရှိပဲ ဓားဆီပို့လွှတ်ကာ ခုတ်ပိုင်းလိုက်သည်။

ရွှီး…..

ဓားက ဟင်းလင်းပြင်တလျှောက် ဖြတ်သန်းသွားပြီး လက်ဝါးကြီးနှစ်ခုနဲ့ ထိပ်တိုက်တွေ့သွားသည်။

အုန်း…..

ပေါက်ကွဲသံကြီးနဲ့အတူ ဟင်းလင်းပြင်နေရာအချို့ ပြိုကျသွားသည်။ မည်မျှပြင်းထန်တဲ့ စွမ်းအင်ဖြစ်သနည်း။ တင်းဟောက်သာမက သားရဲသခင်ပင် တုန်လှုပ်နေပြီး မင်ယုရှန်းကတော့ တည်ငြိမ်စွာပဲ ဆက်ကြည့်နေလေသည်။

မူလဧကရာဇ်က ထိုဓားအလင်းကို ဆုပ်ကိုင်ရန် ကြိုးစားသော်လည်း ဓားအလင်းက ပိုင်းဖြတ်သွားခဲ့ပြီး လက်ဝါးကြီးနှစ်ခုက ဟင်းလင်းပြင်ထဲမှာပဲ ပျက်ပျယ်သွားတော့သည်။

“ကောင်းတယ်..ဟမ့်”

မူလဧကရာဇ်က အနည်းငယ်ပင် မာန်မလျှော့ချေ။ နောက်ထပ် တိုက်ကွက်တစ်ခု အလျင်မြန်ထုတ်ဖော်လိုက်ပြီး ဒီတကြိမ်မှာတော့ လုလင်းယွဲ့အနီး တိုးကပ်သွားပြီး အမှောင်စွမ်းအင်များ ပြည့်နေသည့် လက်ဝါးဖြင့် ရိုက်ချလာသည်။

လုလင်းယွဲ့က နှာခေါင်းရှုံ့လိုက်သည်။ ထိုလက်ဝါးရိုက်ချက်ကို သူမအနည်းမျှပင် ဂရုမစိုက်ချေ။ နောက်တဖန် ဓားဖြင့်ခုတ်ပိုင်းလိုက်ပြီး အစမှအဆုံးထိ သူမက သာမန်ဓားချက်များကိုသာ အသုံးပြုခဲ့လေသည်။

နောက်တကြိမ် လက်ဝါးနဲ့ဓားအလင်းတို့ ထပ်မံထိတွေ့ခဲ့ပြီး ဤတကြိမ်၌ ဓားအလင်းက အသိဉာဏ်ရှိနေသည့်အလား မူလဧကရာဇ်၏ ခန္ဓာကိုယ်ကြီးဆီ တိုးဝင်သွားသည်။

“ဘယ်..ဘယ်လိုဖြစ်ပြီး..”

မူလဧကရာဇ်မှ ထိတ်လန့်သွားပြီး ဓားအလင်းကို ရှောင်ရန်ကြိုးစားသည်။ သူခန္ဓာကိုယ်နဲ့မလိုက်အောင်ပင် မြန်ဆန်တဲ့ အရှိန်နဲ့ ရှောင်တိမ်းလိုက်ခြင်းဖြစ်ပြီး ထိုအမြန်နှုန်းက နတ်ဘုရားတစ်ပါးနီးပါး ရှိနေသည်။

သို့သော် ဓားအလင်းက ဝေ့ဝိုက်စွာဖြင့် သူ့ဆီ တိုးဝင်သွားပြီး စကားသံတချက်ပင် မထွက်လိုက်နိုင်ချေ။

“သွားပြီ ငါတို့တော့ အဆုံးသတ်ပြီ”

မူလဧကရာဇ်ရဲ့ ကြီးမားတဲ့ကိုယ်ကြီးမှာ ထက်ပိုင်းပြတ်သွားပြီး မူလဧကရာဇ်ရဲ့ မျက်လုံးထဲမှာတော့ လုလင်းယွဲ့ ကိုင်ဆောင်ထားတဲ့ ဓားကိုကြည့်၍ စိတ်ရှုပ်ထွေးခြင်း နားမလည်ခြင်း အငွေ့သက်များ ပြည့်နေလေသည်။

ယခုအခါမှာတော့ သားရဲသခင် မည်သည့်အတွက်ကြောင့် ထိတ်လန့်နေရသည်ကို သူနားလည်သွားခဲ့ပြီး တဆက်တည်း ဧကရီက ထိုနတ်ဘုရားအဆင့်ဓားကို မည်ကဲ့သို့ ရခဲ့သည်အား သိလိုသွားမိသည်။

လုလင်းယွဲ့အနောက်၌ မည်သူရှိနေသနည်း။ ထိုအတွေးမှာ တဝက်တပျက်မှာပဲ ပျောက်ကွယ်သွားသည်။ အကြောင်းမှာ နှစ်ပေါင်းများစွာ ကြီးစိုးလာခဲ့သည့် မူလဧကရာဇ်တစ်ယောက် ဟင်းလင်းပြင်ထဲ အမှုန်အမွှားများအဖြစ် ပြောင်းလဲသွား၍ ဖြစ်သည်။

မူလကျင့်ကြံသူများမှာ အင်မော်တယ်များကို မျက်လုံးချင်းဆုံ မကြည့်ရဲတော့ပေ။ သူတို့အားကိုးသည့် ဧကရာဇ်ကြီး ကျဆုံးသွားပြီးနောက် သူတို့အထဲ မည်သူက နတ်ဘုရားတစ်ဝက်အဆင့် ကျင့်ကြံသူနှစ်ဦးကို ရင်ဆိုင်နိုင်မည်နည်း။ လက်ရုံးနှစ်ဆူလည်း မရှိတော့ချေ။

ပိုဆိုးသည်က နတ်ဘုရားတစ်ဝက်အဆင့်ကိုပင် နတ်ဘုရားအဆင့်လက်နက် ရှိနေခြင်းက ထိုသူများ၏ ထွက်ပြေးမည့်စိတ်ကူးများအား အဆုံးသတ်သွားစေသည်။ ထွက်ပြေးလျင်တောင် လွတ်မည်တဲ့လား။ ထို့အပြင် သူတို့က မည်သည့်နေရာကို ထွက်ပြေးရမည်နည်း။

All Chapters