သားရဲသခင် ထွက်ခွာခြင်း
Vol. 18 Ch. 173
မူလဧကရာဇ်ရဲ့ သေဆုံးသွားမှုက မူလလောက ကျင့်ကြံသူများကို စိတ်ဓာတ်ကျသွားစေတော့သည်။
တိုက်ပွဲက လျင်မြန်စွာ အဆုံးသတ်သွားခဲ့ပြီး မူလဧကရာဇ်ဖြစ်စေ လက်ရုံးနှစ်ဆူဖြစ်စေ အင်မော်တယ်လောကနဲ့ ရင်ဆိုင်ရာ၌ အသက်ပေးခဲ့ရပြီး ယခုသူတို့ရဲ့အသက်များက တဖက်သူများလက်ထဲ အပြည့်အဝ ရောက်နေလေပြီ။
သားရဲသခင်က စိတ်ရှုပ်ထွေးစွာဖြင့် မင်ယုရှန်းတို့အား ကြည့်နေခဲ့သည်။ အစမှအဆုံးထိ တချက်ကလေးပင် ဝင်မကူခဲ့ချေ။ အကြောင်းက သူမဝင်ပါရဲခြင်းဖြစ်ပြီး သူ့အနေဖြင့် နတ်ဘုရားတစ်ပါး ဖြစ်လာရန် အခွင့်ရေးရှိနေသေးပြီး ဤနေရာ၌ မသေဆုံးလိုပေ။
အင်မော်တယ်များရဲ့အကြည့်က မူလလောက ကျင့်ကြံသူများဆီ ရောက်ရှိသွားသည်။ တိုက်ပွဲ အရှုံးအနိုင် အဖြေပေါ်သွားပြီဖြစ်၍ ယခုအချိန်က အဆုံးသတ်ရတော့မည့် အချိန်တစ်ခုဖြစ်သည်။
“သူ တို့ကိုသွားခွင့်ပေးလိုက်ပါ”
လုလင်းယွဲ့က တည်ငြိမ်စွာပဲ ပြောသည်။ ထိုစကားကိုကြားလျင် မိုးမြေဧကရာဇ်တို့မှာ ကြောင်အသွားပြီး သွေးအေးရက်စက်သည့် ဧကရီမအနေဖြင့် ရန်သူများကို ခွင့်လွှတ်လိမ့်မည်ဟု သူတို့မထင်မိခဲ့ချေ။ တင်းဟောက်က နားလည်စွာဖြင့် ခေါင်းညိတ်သည်။
လုလင်းယွဲ့၏ စိတ်ကူးကို သူခန့်မှန်းနိုင်ခဲ့ပြီး ယန်ချန်က လောကသုံးခုပေါင်းစည်းခဲ့ပြီး ထိုအတွက်ကြောင့် လောကတခုခုအဆုံးသတ်ကို မြင်ချင်လိမ့်မည် မဟုတ်ဟု သူလည်းခံစားမိသည်။
မူလလောက ကျင့်ကြံသူများမှာတော့ မယုံနိုင်ဟန်ဖြင့် ကျောက်စိမ်းဧကရီအား ကြည့်နေကြသည်။ လုလင်းယွဲ့က
“ရှင်တို့ရဲ့ အဖိုးမတန်တဲ့အသက်ကို ကျွန်မ မယူတော့ဘူး ဒါပေမယ့် ရှင်တို့သိထားရမှာက ရှင်တို့ကိုကယ်ခဲ့တာ သခင်လေးယန်ပဲ သူက ဒီလောကသုံးခုကို စည်းစည်းလုံးလုံး ရှိစေချင်မယ်လို့ ကျွန်မထင်တယ်”
သူမက အကုန်လုံးအား တချက်ဝေ့ကြည့်သည်။ ပြီးနောက်
“ဒီတော့ ရှင်တို့အခုထွက်သွားလို့ရပြီ နောက်ထပ်ဘယ်တော့မှ လောကနှစ်ခုကြား စစ်ပွဲကိုပြန်စခွင့်မပြုဘူး”
သူမစကားအဆုံး၌ မူလလောကမှ ကျင့်ကြံသူတစ်ဦးက အရဲစွန့်ကာဝင်မေးသည်။
“ကျတော်တို့ကို အသက်ကယ်ခဲ့တယ်ဆိုတဲ့ သခင်လေးယန်ကို တွေခွင့်ရှိမလား ဧကရီ”
ထိုစကားကြားလျင် မင်ယုရှန်းက တင်းမာပြတ်သားစွာ တုန့်ပြန်သည်။
“ရှင်တို့မှာ အခွင့်ရေးမရှိဘူး”
မူလ လောကကျင့်ကြံသူများမှာ ထိုစကားအတွက် စိတ်မဆိုးကြချေ။ အသက်ရှင်သန်ခွင့်ရသည်ကပင် အကျိုးမြတ်ကြီးတစ်ခု ဖြစ်နေသည်မဟုတ်လား။
“ကောင်းပါပြီ ဒါဆို ကျတော်တို့သွားပါတော့မယ်”
မူလ လောကမှ ကျင့်ကြံသူများအားလုံး ထွက်ခွာသွားကြတော့သည်။ တဖက်တွင်တော့ သားရဲသခင်မှာ တစုံတရာကို အလေးနက်တွေးနေဟန် ရှိသည်။ မင်ယုရှန်းက
“ရှင်ကကော တိုက်ခိုက်ဖို့ ဆန္ဒရှိနေသေးလား”
သားရဲသခင်က မင်ယုရှန်းအမေးကိုကြားလျင် သတိဝင်လာပြီး ခေါင်းယမ်းပြသည်။
“မရှိပါဘူး ငါ့အနေနဲ့ အဲ့လူကိုမယှဥ်နိုင်တာ လက်ခံပြီးသားပဲ ဒါကြောင့် ငါထွက်သွားတော့မယ် မင်းတို့လောကသုံးခုကြား ငါဝင်မပါတော့ဘူး”
အင်မော်တယ်များမှာ မူလက သားရဲသခင်ကို တိုက်ခိုက်ရန်တွေးထားကြသော်လည်း ဓားဖြူနဲ့ ကျောက်စိမ်းဧကရီတို့ မလှုပ်ရှားသည်ကိုမြင်လျင် သိတတ်စွာပဲ ငြိမ်သက်နေကြလေသည်။ လုလင်းယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ ရှင့်စကားအတိုင်း အပြီးထွက်သွားမယ်ဆို ကျွန်မ တကြိမ်လွှတ်ပေးလိုက်မယ်”
“ဧကရီ ဒါက..”
မိုးမြေဧကရာဇ်က ဝင်ရောက်ပြောလိုသော်လည်း တင်းဟောက်က ဟန့်တားလိုက်သည်။ လောကနှစ်ခုကြားတိုက်ပွဲ အဆုံးသတ်ခဲ့ပြီး သားရဲသခင်မှာလည်း ယန်ချန်ကြောင့် နောက်ထပ် ဝင်ရောက်စွတ်ဖတ်တော့မည် မဟုတ်ပေ။
သားရဲသခင်ရဲ့အကြည့်က အကုန်လုံးဆီ ဝေ့ဝဲ သွားပြီးနောက် ခေါင်းတချက်ညိတ်ပြကာ တည်ငြိမ်စွာပဲ ထွက်ခွာသွားတော့သည်။ သေချာသည်က အမှောင်ထုလောကတခုလုံး ဝေးရာနေရာတခုဆီကို ရှောင်လွှားသွားမည်ဖြစ်ပြီး ယန်ချန့်ကိုဂါဝရပြုမည့် အတွေးကိုတော့ သူနတ်ဘုရားတစ်ပါး ဖြစ်လာမှသာ ပြုလုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။
လုလင်းယွဲ့တို့က ထွက်ခွာသွားသည့် သားရဲသခင်အား အချိန်အတော်ကြာ စောင့်ကြည့်နေပြီးနောက် အင်မော်တယ်လောကထဲ ပြန်ဝင်သွားတော့သည်။ အင်မော်တယ်လောကအတွင်း ကိစ္စအသစ်များစွာ စတင်ရမည်ဖြစ်ပြီး ယန်ချန်ကိုဖိတ်ခေါ်ရန် သူမအတွေးရှိထားလေသည်။
မင်ယုရှန်းကတော့ လုလင်းယွဲ့ကိုနှုတ်ဆက်၍ ထျန်းဟွမ်လောကထဲ ပြန်လည်ဝင်ရောက်သွားသည်။ တဖက်၌ ပြိုင်ပွဲမှာ ဆက်လက်ရှိနေသေး၍ ဖြစ်ပြီး သူမက ယန်ချန့်အနား အချိန်အတော်ကြာ ဆက်၍ နေလိုသေးသည် မဟုတ်လား။
ထိုအချိန် ပြိုင်ပွဲမှာတော့ ထိပ်ဆုံးအယောက်၅၀၀ နှစ်ဖွဲ့ ရရှိနေပြီး ထိုကျင့်ကြံသူများက နောက်ရက်၌ နောက်ထပ်တဆင့်ကို ဆက်လက်ယှဥ်ပြိုင်ကြမည် ဖြစ်သည်။
ယန်ချန်က ရှုယင်နဲ့အတူ ခြံဝန်းဆီပြန်လည်ထွက်ခွာသွားပြီး အခြားသူများမှာတော့ ကိုယ်စီအနားယူရာနေရာများအား ထွက်ခွာသွားကြလေသည်။ ပြိုင်ပွဲကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။