ထိပ်ဆုံး အယောက် ၁၀၀
Vol. 18 Ch. 174
ပြိုင်ပွဲရက်များက ဆက်လက်ကျင်းပနေသည်။
ထိုရက်များ၌ ယန်ချန်ဖြစ်စေ မင်ယုရှန်းဖြစ်စေ ဆုလာဒ်အချို့ တိုက်ရိုက်ပေးခဲ့ကြပြီး ဆုရသူများမှာ ဝမ်းသာပျော်ရွှင်သွားကြလေသည်။
မည်သို့ပင်ဆိုစေကာမူ ယန်ချန်က ထျန်းဟွမ်လောက၏ အထွဋ်အထိပ်ဖြစ်ကာ မင်ယုရှန်း ကျင်းလုံတို့က ထိပ်သီးကျင့်ကြံသူများဖြစ်၍ ၎င်းတို့ပေးအပ်သည့် ဆုများက အနိမ့်ဆုံးအရာများကပင် မက်မောဖွယ်ကောင်းပေသည်။
ပြိုင်ပွဲ၏ နောက်ပိုင်းရက်များ၌ ယှဥ်ပြိုင်မှုများက ပို၍ပြင်းထန်လာသည်။ ထိပ်ဆုံးအယောက်တစ်ရာအဆင့်ကို တက်ရောက်နိုင်သူများက ပါရမီရှင်များထဲမှ ပါရမီရှင်များဖြစ်ပြီး မဟာယာနအဆင့်ဖြစ်စေ ကပ်ဘေးဖြတ်ကျော်အဆင့်များဖြစ်စေ အဆင့်ကျော်တိုက်ခိုက်ရာ၌ ထူးချွန်သူများ ဖြစ်ကြသည်။
ကုလင်က ပြိုင်ဘက်ရဲ့တိုက်ကွက်များကို တည်ငြိမ်စွာပဲ တုန့်ပြန်နေသည်။ ပြိုင်ဘက်က အစွမ်းကုန်ထုတ်သုံးနေခဲ့ပြီး အချိန်ကြာလာသော်လည်း ကုလင်ကိုအနည်းငယ်မျှပင် ထိခိုက်ရန်မစွမ်းနိုင်ချိန်မှာတော့ အနည်းငယ် ထိတ်လန့်စပြူလာသည်။
“အချိန်ဆွဲပီး ပြိုင်ဘက်ကို မောပန်းအောင်လုပ်တာပဲ ဗျူဟာကောင်းတယ်”
မင်ဝမ်က ချီးကျူးလိုက်သည်။ လူငယ်ပါရမီရှင်များက စိတ်မြန်လက်မြန်ရှိကြပြီး ပြိုင်ဘက်ကိုအမြန်ဆုံး အဆုံးသတ်ရန်သာ စိတ်အားထက်သန်ကြသည်။ ကုလင်ကတော့ ထိုသို့မဟုတ်ချေ။
ပြိုင်ဘက်ရဲ့တိုက်ကွက်များကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာနေပြီး ထိုအထဲမှ သင်ယူစရာများကို ခေါင်းအေးအေးထားကာ လေ့လာသင်ယူနေသည်။ ထိုသို့တည်ငြိမ်မှုမျိုးက ပါရမီရှင်များကြား ရှားပါးပေသည်။
“ဟုတ်တယ်…ဒါက ရေရှည်ပြိုင်ပွဲတွေမှာ အသုံးဝင်တယ် ကိုယ့်အစွမ်းအကုန် ထုတ်မသုံးပဲ ခွန်အားကိုချိန်ညှိထားတာ ကောင်းတယ် ညီမစုဂိုဏ်းသားတွေကတော့ တကယ့်လူတော်တွေပါပဲ”
ကျင်းလုံက ပြိုင်ပွဲကိုကြည့်ရင်း မင်ဝမ့်နည်းတူ ချီးကျူးလာသည်။ စုလဲ့တယောက် ကျေနပ်နေသော်လည်း တည်ငြိမ်ဟန်ဆောင်ကာ အနည်းငယ်သာ ပြုံးနေလေသည်။
“ဒါက သူ့ရဲ့ပင်ကိုယ်အရည်သွေးပါပဲ”
“ဟုတ်တယ် ပင်ကိုယ်အရည်သွေးပဲ”
ယန်ချန်က ထိုသူများရဲ့စကားကိုကြားလျင် တည်ငြိမ်စွာပဲ ရှိနေသည်။ သူ့အနေဖြင့် ကုလင်ရဲ့ဗျူဟာကို ခန့်မှန်းမိသော်လည်း ထိုအရာမျှသာဖြစ်သည်။ တိုက်ကွက်များ ကျင့်စဥ်များနဲ့ပက်သက်၍ သူဝင်ပြောနိုင်သည့် အရာများ ရှိမနေချေ။ ထိုအတွက် တည်ငြိမ်ဟန်ဆောင်ကာ ငြိမ်သက်နေခြင်း ဖြစ်သည်။
ထိုအချိန် စင်မြင့်ပေါ်မှာတော့ ကုလင်က တိုက်ကွက်တစ်ခုထုတ်ဖော်ကာ ပြိုင်ဘက်အား အနိုင်ယူလိုက်သည်။ ပွဲချိန်က အထိုက်လျောက် ကြာမြင့်လာပြီဖြစ်၍ အဆုံးသတ်ရတော့မည် ဖြစ်သည်။
“ဟေး…ငါတို့တေးသံသာဂိုဏ်း နိုင်ပြီကွ”
ဂိုဏ်းသားများမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြီး ကုလင်ရဲ့နိုင်ပွဲကြောင့် ကုလင် ကျစ်ယွဲ့တို့မှာ ထိပ်ဆုံး၅၀ ထိဝင်ရောက်သွားကြတော့သည်။ ကျစ်ယွဲ့မှာလည်း ပြိုင်ဘက်အား အနိုင်ရခဲ့၍ ဖြစ်သည်။ အခြားသူများကတော့ ထိပ်ဆုံးတစ်ရာထိပင် ဝင်မလာနိုင်ခဲ့ချေ။
အခြားစင်မြင့်များ၌ ဆက်လက်ယှဥ်ပြိုင်နေကြပြီး ပြိုင်ပွဲများအားလုံး ပြီးဆုံးသွားချိန်၌ ညနေစောင်းဖြစ်နေလေပြီ။ ယနေ့မှာတော့ ရှုယင်လိုက်ပါမလာပဲ ယင်ယင်ကလည်း ယန်ပိုင်တို့နဲ့အတူ ဆော့ကစားရန်ခြံဝန်းထဲ ကျန်ရစ်ခဲ့လေသည်။
ယန်ချန်က မင်ယုရှန်းတို့အား နှုတ်ဆက်၍ ပြိုင်ပွဲမှ ထွက်လာခဲ့သည်။
“ငါက သေမျိုးဖြစ်နေပေမယ့် တကယ့်ပြိုင်ပွဲကြီးကိုတောင် ထိပ်တန်းကျင့်ကြံသူတွေနဲ့ အတူကြည့်နိုင်နေပြီပဲ”
ယန်ချန်တယောက် အနည်းငယ် ဂုဏ်ယူသလို ခံစားလိုက်ရသည်။ သေမျိုးတစ်ယောက်အတွက် ထိုအချက်က သေချာပေါက်ဂုဏ်ယူရမည့် ကိစ္စဖြစ်သည်။
ခြံဝန်းဆီပြန်ရောက်လာပြီးနောက် ရှုယင်ပြင်ပေးသည့် ညနေစာအားစားသောက်ပြီး နတ်သမီးသစ်ပင်ဆီ ထွက်လာခဲ့သည်။
နတ်သမီးသစ်ပင်မှာ ယန်ချန်ရဲ့ခါးတဝက်ကျော်ထိ မြင့်မားနေခဲ့ပြီး အဖူးများစွာ ပေါ်ထွက်နေပြီဖြစ်သည်။
ယန်ချန်က နတ်သမီးသစ်ပင်ကို ညင်သာစွာ ကိုင်တွယ်လိုက်ပြီး အဖူးအချို့အား ခူးဆွတ်လိုက်သည်။ နောက်ထပ် ဆေးအနည်းငယ်ဖော်ရန် ကုန်ကြမ်းရပြီဖြစ်ပြီး ယခုတကြိမ်ပြီးလျင်တော့ ရှုယင်ကို ဆေးလုံးအနည်းငယ်ပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုနေ့ည၌ ယန်ချန်တယောက် ဆေးဖော်စပ်ခြင်းဖြင့် တညလုံးကုန်ဆုံးခဲ့ပြီး မနက်မိုးသောက်ချိန်ရောက်မှသာ ဖော်စပ်၍ ပြီးသွားခဲ့သည်။ သူဆေးဖော်စပ်ခန်းမှ ထွက်လာချိန်၌ ရှုယင်မှာ နိုးထနေပြီဖြစ်ကာ မနက်စာအတွက်ပင် ပြင်ဆင်နေလေပြီ။
ယန်ချန်က ရှုယင်အား ခေါ်လိုက်သည်။
“အစ်မရှု ခဏလာပါဦး”
ရှုယင်မှာ ယန်ချန့်ခေါ်သံကြောင့် မီးဖိုချောင်မှ ထွက်လာခဲ့သည်။ ယန်ချန်က သူအသင့်ဆောင်ထားသည့် ဆေးလုံးအနည်းငယ်အား ထုတ်ပေးလိုက်သည်။
“ဒါက ရုပ်ပိုင်းဆိုင်ရာနုပျိုမှုကို ထိန်းပေးတဲ့ဆေးပဲ အစ်မရှုအတွက်ပါ”
ထိုစကားကြားလျင် ရှုယင်မှာ အတော်ကြာသည်အထိ မှင်သက်နေလေသည်။