ရှုယင်၏ ခံစားချက်
Vol. 18 Ch. 175
ယန်ချန်လက်ထဲမှ ဆေးလုံးများမှာ အစိမ်းနုရောင်သန်းနေပြီး ဆေးရဲ့အစွမ်းမှာလည်း ထိပ်တန်းအဆင့်ဖြစ်မှန်း သိသာနေသည်။
ထိုဆေးမျိုးမှာ ကျင့်ကြံသူများပင် လိုချင်ပြီး ရုပ်ခန္ဓာကျင့်ကြံသူများအတွက် အလွန်အဖိုးတန်ပေသည်။ ထို့အပြင် နတ်သမီးသစ်ပင်၏ အခြားအစွမ်းတစ်ခုမှာ စားသုံးသူ၏ အသက်ဓာတ်ကို အားကောင်းစေပြီး သာမန်ပြင်ပရောဂါများ တိုးမပေါက်တော့ချေ။
ထိုဆေးတစ်လုံးသောက်သုံးပြီးပါက သန်မာတဲ့ရုပ်ပိုင်းဆိုင်ရာကို ရရှိစေပြီး ရုပ်ရည်သွင်ပြင်ကိုလည်း နုပျိုစေသည်။ ယန်ချန်က ထိုသို့ဆေးလုံးများစွာ ဖော်စပ်ထားပြီး အမျိုးသမီးကျင့်ကြံသူများ ဖြစ်သည့် မင်ယုရှန်း ကျန်းရင်ရင် လီဖူယွဲ့ ချူလင်းယု စုလဲ့ ရှချင်းယုံ မုရုံးလင်းတို့အား မျှဝေမည်ဖြစ်သည်။
ထိုဆေးဖြင့်ဆိုလျှင် လုလင်းယွဲ့ကဲ့သို့ မသေမျိုးအင်မော်တယ်များပင် အာနိသင်အချို့ သက်ရောက်လိမ့်မည်ဟု ယန်ချန်ယုံကြည်သည်။ အဆုံး၌ နတ်သမီးသစ်ပင်မှာ လောကရတနာတစ်ခုနီးနီး အသုံးဝင်သည့် ဆေးပင်တစ်မျိုးဖြစ်ပြီး တစ်လောလုံး၌ တစ်ပင်သာ ရှိသည့် ရှားပါးအပင်တစ်မျိုး ဖြစ်ပေသည်။
ရှုယင်တစ်ယောက် မှင်သက်စွာဖြင့် ရပ်နေမိသည်။ သူမက မနက်စာပြင်ရန် ခပ်စောစောအမြဲထလေ့ရှိသူဖြစ်ပြီး ယခုလည်း မနက်စာပြင်နေခြင်းဖြစ်သည်။ မနေ့ညက ယန်ချန်တယောက် ဆေးဖော်စပ်ခန်းထဲ ဝင်သွားသည်ကို သိလိုက်သော်လည်း သူမအတွက် ဆေးဖော်စပ်ပေးမည်ဟု မထင်ခဲ့ချေ။ တညလုံးအချိန်ယူကာ ဆေးဖော်စပ်နေခြင်း ဖြစ်သည်။
သူမက ယန်ချန်တယောက် သူမရဲ့အသွင်ပြင်ကို အလေးနက်ရှိနေလိမ့်မည်ဟု မထင်ထားခဲ့။
သူမက သေမျိုးဖြစ်သည့်အတွက် သူမရဲ့နုပျိုမှုနဲ့ပက်သက်ပြီး အစောတည်းကပင် စိုးရိမ်နေခဲ့သူဖြစ်သည်။
မင်ယုရှန်း လုလင်းယွဲ့ စုလဲ့တို့ကဲ့သို့ မဟုတ်သောကြောင့် နောက်နှစ်အနည်းငယ်ကြာလျင် သူမမှာ အိုမင်းသွားမည်ဖြစ်ကာ မျက်နှာပေါ်၌ အရေးကြောင်းများ ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။
ထိုအချက်က သူမကိုစိတ်ဖိစီးစေပြီး သူမသာရုပ်ဆိုးသွားပါက ယန်ချန်မနှစ်သက်တော့မည်ကို စိုးရိမ်နေမိသည်။ မူလကပင် ကလေးအမေဖြစ်နေခြင်းက သူမကိုအားငယ်စေပြီးသား ဖြစ်သည်။
ယန်ချန်တစ်ယောက်ရှုယင်ရဲ့ အမူရာကိုမြင်လျင် သိနားလည်စွာဖြင့် ပြုံးနေသည်။ အလှပမကြိုက်သည့် မိန်းမဟူ၍ မရှိချေ။ ဧကရီမများဖြစ်သည့် မင်ယုရှန်း လုလင်းယွဲ့ နဲ့ ဂိုဏ်းချုပ်စုလဲ့တို့ပင် အသွင်ပြင်ကို ဂရုစိုက်ကြပြီး သူမတို့အားမည်သည့်အချိန်ကြည့်ကြည့် စွဲမက်ဖွယ်အလှတရားများအား မြင်တွေ့နိုင်လေသည်။
ရှုယင်က ဆေးလုံးကိုငြင်းပယ်ခြင်း မရှိချေ။ ထိုအစားတုန်ယင်နေသည့် လက်အစုံဖြင့် လှမ်းယူလိုက်ပြီး ထိုအတိုင်းပင် အချိန်အတော်ကြာသည်အထိ ယန်ချန့်အနား ရပ်နေလေသည်။
ယန်ချန်ရဲ့ဆေးပညာက ထိပ်တန်းအဆင့်ဖြစ်ပြီး ထိုဆေးဝါးကိုရရန် ကျင့်ကြံသူဘယ်လောက်များများ ဂယက်ထကြမည်ကို သူမတွေးကြည့်စရာပင် မလိုချေ။
ယန်ချန်က သူမလက်နှစ်ဖက်အား ညင်သာစွာအုပ်ကိုင်လိုက်ပြီး နှစ်သိမ့်လေသည်။
“စိတ်ထဲ ဘာမှမတွေးနဲ့အစ်မရှု ဒီဆေးက အစ်မရှုကိုနောက်နှစ်ရာဂဏန်းထိ နုပျိုနေစေမယ်လို့ ကျတော်အာမခံတယ် ဟုတ်ပြီလား”
ထိုစကားကြားလျင် ရှုယင်တစ်ယောက် မျက်ရည်များဖြင့် ရစ်သိုင်းနေသည့် မျက်လုံးအစုံနဲ့အတူ ယန်ချန့်အား မော့ကြည့်လာသည်။ သူမက နှစ်လိုစွာ ပြုံးလိုက်သည်။ ယန်ချန့်စိတ်ထဲ သူမကိုမည်သည့်နေရာ၌ ထားသည်ဖြစ်စေ ယခုလိုသူမအတွက် ဆေးလုံးပေးခြင်းကပင် လုံလောက်နေပြီဖြစ်ပြီး ယန်ချန့်နဲ့အတူ သူမသေဆုံးချိန်အထိ အတူရှိနေရန် ဆုံးဖြတ်လိုက်သည်။
“ ဆေးလုံးအတွက် ကျေးဇူးတင်ပါတယ် သခင်လေး”
ယန်ချန်က ခေါင်းယမ်းလိုက်သည်။ သူ့အနေဖြင့် ရှုယင်၏မျက်လုံးအစုံမှ စိတ်ခံစားချက်တစွန်းတစအား မြင်တွေ့လိုက်ရပြီး ထိုခံစားချက်များကို သူ့ဘက်က လက်ခံနိုင်လိုခြင်း ရှိမရှိ တိတ်တဆိတ် မေးခွန်းထုတ်နေမိသည်။
ရှုယင်ဆိုသည်ကား ယန်ချန့်အတွက် ပထမဆုံးဤလောကထဲမှ မိတ်ဆွေတစ်ဦးဖြစ်ကာ ယန်ချန်အယုံကြည်ရဆုံးသူ ဆိုလည်း မမှားချေ။ အချိန်အတော်ကြာ တအိမ်တည်း နေခဲ့ကြပြီးနောက် ရှုယင်၏ ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ အပြုမူများကြောင့်ဖြစ်စေ အနည်းငယ်မှပင် စိတ်မလှုပ်ရှားဟု ပြောလျင် လိမ်ရာ ကျပေမည်။
ရှုယင်၏အားနည်းချက်က ကလေးအမေ ဖြစ်နေခြင်းသာဖြစ်ပြီး သူ့အတွက်တော့ ထိုအချက်က အရေးမပါပေ။ သို့သော် ရှုယင်ကမူ ထိုအချက်ကို အလေးနက်ထားလွန်းခဲ့ပြီး ယန်ချန့်ကိုဆက်ဆံရာ၌ အလွန်အလေးနက်ထား ဆက်ဆံနေသည်ကို ယန်ချန် သတိပြုမိတာကြာလေပြီ။
ယန်ချန့်အကြည့်များက ဖြူနုသည့်ပါးပြင်နှစ်ဖက်အား ကြည့်လိုက်မိသည်။ သူမ၏ ပါးနှစ်ဖက်မှာ ချွေးအနည်းငယ်စို့နေပြီး အနည်းငယ်လည်း နီနေသည်။ ပြီးနောက် မျက်ရည်များဝဲနေသည့် မျက်လုံးအစုံက ကြယ်များအလား တောက်ပနေကာ ထိုမျက်လုံးများထဲမှ ယန်ချန့်အပေါ်ခံစားချက်များက ဖုံးမရဖိမရ ထွက်ပေါ်နေလေသည်။
ရှုယင်တစ်ယောက် ယန်ချန့်အကြည့်များကို သတိပြုမိလျင် ဆတ်ခနဲ တုန်ယင်သွားသည်။ သူမရဲ့အကြည့်များက အနည်းငယ်လွန်ကဲသွားသည်ကိုလည်း သူမ သတိပြုမိသွားပြီး ယန်ချန့်အရှေ့မှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
တဒုန်းဒုန်းဖြစ်နေသည့် နှလုံးခုန်သံက အပြင်လူများပင် ကြားရလုနီးပါး ကျယ်လောင်နေပြီး သူမကိုယ်တိုင်ပင် နေရာ၌ ပျောက်ကွယ်သွားချင်နေမိသည်အထိ ရှက်ရွံနေလေသည်။
(သွားပြီ ငါမထိန်းချုပ်လိုက်နိုင်ဘူး)
ယန်ချန်ကတော့ အနည်းငယ်ပြုံး၍သာ ကြည့်နေခဲ့ပြီး တားဆီးရန်စိတ်ကူးမရှိချေ။ သူကိုယ်တိုင်လည်း ပြန်လည်ဆန်းစစ်ရန် လိုအပ်နေသေးသည် မဟုတ်လား။