← Chapters

ထိပ်ဆုံးအယောက်၅၀

Vol. 18 Ch. 176

ထိပ်ဆုံးအယောက်၅၀

Vol. 18 Ch. 176

နေ့ရက်များက ရိုးစင်းစွာပဲ ကုန်ဆုံးသွားခဲ့လေသည်။ ပြိုင်ပွဲမှာ ဆက်လက်၍ အကြိတ်အနယ် ယှဥ်ပြိုင်နေခဲ့ကြပြီး ထိပ်ဆုံးအယောက် ၅၀ အဆင့် ရောက်ရှိလို့ လာသည်။

ထိုရက်များ၌ ယန်ချန်က မင်ယုရှန်း ကျင်းလုံ ရှောင်ချီ ရှယီ မင်ဝမ်တို့နဲ့အတူ ပြိုင်ပွဲကို စိတ်လိုလက်ရ သွားရောက်ကြည့်ရှုခဲ့ပြီး လက်နက်အချို့ ဆေးလုံးအချို့တို့ကိုလည်း အလျင်းသင့်သလို ဆုပေးခဲ့သည်။

ထို့ကြောင့် ယှဥ်ပြိုင်သူများမှာ ပို၍တက်ကြွလာခဲ့ကြပြီး အင်အားစုအသီးသီးမှ ပါရမီရှင်များကလည်း တနေ့ထက်တနေ့ပိုမိုကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ယှဥ်ပြိုင်ကြတော့သည်။

ယန်ချန်ထိုရက်များ၌ မင်ယုရှန်း စုလဲ့ လီဖူယွဲ့ ချူလင်းယု ကျန်းရင်ရင် တို့ကို ရှုယင်အားသူပေးခဲ့သည့် ဆေးလုံးအချို့ မျှဝေပေးလိုက်သေးသည်။

အတိကျပင် သူမတို့မှာ အချိန်တော်ကြာ မှင်သက်နေခဲ့ကြပြီး သူတော်စင်အဆင့်ကို ကျော်လွန်စပြုနေပြီး မသေမျိုးဖြစ်တော့မည့် မင်ယုရှန်း စုလဲ့တို့လည်း ထိုနည်းတူပင် ဖြစ်သည်။

ဆေးလုံးရဲ့အစွမ်းမှာ ရိုးစင်းသော်လည်း လူတယောက်ရဲ့ အသွင်ပြင်ကိုနှစ်ပေါင်းများစွာ ထိန်းသိမ်းနိုင်ခြင်းဆိုသည်က မလွယ်ကူလှပေ။ ယန်ချန်ရဲ့ ဆေးလုံးက သူမတို့၏ နဂိုရှိပြီးသားအလှတရားများကို နှစ်ပေါင်းများစွာ တည်တံ့စေမည်ဆိုမှတော့ ငြင်းပယ်စရာ အကြောင်းမရှိတော့ချေ။

မင်ယုရှန်းက ဆေးလုံးအနည်းငယ်ကို လုံခြုံစွာသိမ်းဆည်းလိုက်ပြီး မျက်လုံးထောင့်မှတဆင့် ယန်ချန်အား တချက်ခိုးကြည့်လိုက်သည်။ ထိုလူငယ်မှာ တည်ငြိမ်အေးဆေးသည့် နေထိုင်မှုရှိသည့်အပြင် စွမ်းအားအရမှာလည်း ထိပ်ဆုံး၌ ရှိနေသူဟုပြောလျင် မမှားချေ။

သို့သော် အနှီလူငယ်က ခွန်အားကြောင့် မောက်မာခြင်းမရှိပဲ တကယ့်သေမျိုးဘဝထဲ နှစ်နှစ်ကာကာ တိုးဝင်နေပုံက ထူးခြားပေသည်။ ထိုအချက်များက မင်ယုရှန်းကို မသိမသာ ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်ပေမည်။

ယန်ချန်ရဲ့အကြည့်က ထိပ်ဆုံးအယောက်၅၀ ပြိုင်ပွဲကိုသာ အာရုံစိုက်နေခဲ့ပြီး သူမတို့ဆီမှာ ထူးခြားတဲ့ အကြည့်အမျိုးမျိုးကို သတိမပြုမိပေ။ တဖက်တွင်တော့ ကျင်းလုံ မင်ဝမ် ရှောင်ချီ ရှယီတို့မှာ မနာလိုသလို ခံစားနေရသည်။ ခက်သည်က သူတို့အနေဖြင့် အမျိုးသမီးများကဲ့သို့ ရုပ်ရည်ထိန်းသိမ်းခြင်း ဆေးလုံးကို သုံးစွဲရန်မဖြစ်နိုင်ချေ။ ယန်ချန်ကလည်း ပေးမည်မဟုတ်တာ သေချာနေသည်။

သို့သော် ယန်ချန်မသိလိုက်သည်မှာ မင်ယုရှန်းတယောက် ဆေးလုံးကိုသုံးစွဲလိုက်ချိန်မှာတော့ သူမနဂိုက ထိတွေ့ထားသည့် အသက်နိယာမများမှာ ပို၍ အားကောင်းလာတော့သည်။

မင်ယုရှန်းက တင်ပျဥ်ခွေထိုင်ရင်း ပတ်ဝန်းကျင်ရှိ အသက်ဓာတ်များအား ထိတွေ့ရန် ကြိုးစားနေခဲ့သည်။ သူမက မထင်မှတ်ထားတဲ့ အကျိုးမြတ်အနေဖြင့် ဆေးလုံးဆီမှ အလွန်များပြားသည့် အသက်ဓာတ်များကို ခံစားမိခဲ့ကာ ထိုအသက်ဓာတ်များက အင်မော်တယ်လမ်းစဥ်ကို ထိတွေ့ရာ၌ အကူညီဖြစ်စေခဲ့သည်။

အခန်းကျဥ်းထဲမှာတော့ အစိမ်းရောင် အလင်းများ ပြန့်ကျဲနေသည်။ ထိုအလင်းများက ပြင်းထန်တဲ့အသက်ဓာတ်များကို သယ်ဆောင်ထားပြီး မင်ယုရှန်း၏ အနီးပတ်ပတ်လည်မှ လေထုကိုပင် ပို၍အားကောင်းလာသလို ခံစားသွားရစေသည်။

“ကြောက်ဖို့ကောင်းလိုက်တဲ့ အသက်ဓာတ်ပဲ ဒီတိုင်းဆို ငါ့သက်တမ်းက သာမန်အင်မော်တယ်တွေထက်တောင် ပိုမြင့်နေလောက်တယ်”

မင်ယုရှန်းက တီးတိုးရေရွတ်လိုက်ပြီး သူမရဲ့ကိုယ်တွင်းအင်္ဂါများအား စနစ်တကျ ပြန်လည်စစ်ဆေးကြည့်နေခဲ့သည်။

ထျန်းဟွမ်လောကတခုလုံး၏ ချီစွမ်းအင်များ သိပ်သည်းသွားပြီးနောက် အင်မော်တယ်လောကမှ စည်းမျဥ်းများမှာ သေမျိုးကျင့်ကြံသူများကို ဖိနှိပ်ခြင်း မရှိတော့ချေ။ ထို့ကြောင့် သူတော်စင်အဆင့်မှ မသေမျိုးအင်မော်တယ်လမ်းစဥ်ကို ထိတွေ့၍ အင်မော်တယ်တစ်ပါးဖြစ်လာခြင်းမှာ လွယ်ကူနေလေသည်။

သူမနည်းတူ ကျင်းလုံ စုလဲ့ ရှောင်ချီ ရှယီနဲ့ အခြားသူတော်စင်မျညးကလည်း အင်မော်တယ်လမ်းစဥ်ကို စတင်ထိတွေ့နေကြပြီး ထိုအထဲ၌ သူမက အရင်ဆုံးပြီးပြည့်စုံသည်အထိ အသက်နိယာမအား ထိတွေ့မိနေခြင်း ဖြစ်သည်။ ထိုအရာက သူမ မထင်မှတ်ထားတဲ့ အကျိုးမြတ်တခုဖြစ်ပြီး ယန်ချန်က ထိုအရာကို ပြုလုပ်ပေးခဲ့သူဖြစ်သည်။

မင်ယုရှန်း၏ အသားအရေမှာ ပို၍ ဝင်းပလာပြီး အားကောင်းလာသည့် အသက်ဓာတ်ကြောင့် မင်ယုရှန်းအနေဖြင့် အသက်သေဆုံးခါနီး လူများကိုပင် အသက်နိယာမဖြင့် ပြန်လည် ကယ်တင်နိုင်လောက်သည်ဟု ခံစားမိသွားသည်။

ထို့အပြင် ပန်းချီကားထဲမှ လေဟာနယ်နိယာမ မှာလည်း တစတစ တိုးတက်လာပြီဖြစ်ကာ သူမအနေဖြင့် နိယာမနှစ်ခုကို ဆုပ်ကိုင်၍ အင်မော်တယ်တစ်ပါး ဖြစ်လာတော့မည်မှာ သေချာသလောက် ရှိနေသည်။

မင်ယုရှန်းတစ်ယောက် ပန်းချီကားထဲမှ ပြန်လည်ထွက်လာခဲ့သည်။ အပြင်ဘက်၌ ညမှောင်နေခဲ့ပြီး သူမက တနေ့တာပြိုင်ပွဲ ပြီးဆုံးချိန်၌ သူမနေထိုက်သည့် ခြံဝန်းဆီအမြန်ပြန်ကာ ယန်ချန်လက်ဆောင်ပေးသည့် ဆေးလုံးကိုသောက်၍ လေ့ကျင့်နေခြင်း ဖြစ်သည်။

ထိုအချိန် ယန်ချန်ရဲ့ ခြံဝန်းထဲမှာတော့ ထိပ်ဆုံးအယောက်၅၀ အတွက် ဆုသေးသေးလေးများပေးရန် စီစဥ်နေခဲ့ပြီး ဆုလာဘ်များအနေဖြင့် သူတော်စင်အဆင့်နိမ့် လက်နက်များ ရွေးချယ်နေလေသည်။

ယန်ချန့်ဘေး၌ ရှုယင်ရှိနေပြီး သူမက ယန်ချန့်ကို ကူညီပေးနေခဲ့သည်။ တခါတရံ၌ ယန်ချန့်ကိုခိုးကြည့်မိသော်လည်း ယန်ချန်ကတော့ ထိုအပြုအမူကို သတိထားမိခြင်း မရှိချေ။

ပြိုင်ပွဲသတင်းက ထျန်းဟွမ်လောကတခုလုံး ပျံ့နှံ့နေပြီး ယန်ချန်ရဲ့ဂုဏ်သတင်းကလည်း ထပ်တူမြင့်မားနေလေသည်။ အင်အားစုများမှာ ပြိုင်ပွဲကို အကြိတ်နယ်ပါဝင် ယှဥ်ပြိုင်နေကြပြီး ခြံဝန်းတစ်ခုရမည့် ဆုလာဒ်က တကယ်ကိုမက်မောဖွယ်ရာ ဖြစ်နေသည်။

သိထားရမည်မှာ ထာဝရကျေးရွာအတွင်း တွေ့ကရာလူနေထိုင်ခွင့်မရှိချေ။ ကျင်းလုံကိုယ်တိုင်ပင် ခြံဝန်းတခုရရင် ယန်ချန့်ဆီမှ တောင်းဆိုခဲ့ရပြီး ယန်ချန်ကလည်း လူရင်းမိတ်ဆွေများအား ခြံဝန်းတစ်ခုဆီ ပေးအပ်ခဲ့သည်။

ထိုခြံဝန်းများက ကျင့်ကြံသူများအတွက် အင်မော်တယ်ဘုံတစ်ခုအလား တန်ဖိုးကြီးမားသည်မှာ ပြောစရာပင်မလိုချေ။ ထာဝရကျေးရွာမှာ သဘာဝအစားအသောက်များ ပြည့်ဝပြီးအားကောင်းသည့် ချီဓာတ်စွမ်းအင်များ တခါတရံ ယန်ချန့်ဆီ၌ အင်မော်တယ်များပင် လောဘတတ်နိုင်သည့် ရတနာများစွာရှိနေခြင်းက အခြားသူများကို ယန်ချန့်ရဲ့ပေါင်လုံးများ ဖက်ရန်အတွက် တွန်းအားပေးနေလေသည်။

All Chapters