← Chapters

ထိပ်ဆုံးဆယ်ယောက်နဲ့ ရှချင်းယုံရဲ့ခွန်အား

Vol. 18 Ch. 177

ထိပ်ဆုံးဆယ်ယောက်နဲ့ ရှချင်းယုံရဲ့ခွန်အား

Vol. 18 Ch. 177

နောက်တနေ့မနက်၌ ယန်ချန်က ရှုယင်နဲ့အတူ ပြိုင်ပွဲကွင်းပြင်ဆီ ထွက်လာခဲ့သည်။ ယင်ယင်မှာတော့ ပျင်းစရာကောင်းသည်ဟု ညည်းညူကာ လိုက်ပါမလာခဲ့။ သူမလေးက ယန်ပိုင်တို့နဲ့အတူ ဆော့ကစားရန်သာ စိတ်များနေလေသည်။

ယန်ချန်ရောက်သွားပြီး မကြာခင်မှာပဲ ထိပ်ဆုံးဆယ်ယောက်ရွေးချယ်မည့် ပြိုင်ပွဲများက စတင်တော့သည်။ ကုလင် ကျစ်ယွဲ့ ရှောင်ကျန့် ရှချင်းယုံ တို့မှာ လက်ရှိအချိန်ထိ အချင်းချင်း ပြန်လည်ရင်ဆိုင်ရခြင်း မရှိသေး တိုက်ဆိုင်စွာပဲ ထိပ်ဆုံးဆယ်ယောက်အဆင့်အား ဝင်ရောက်ရန် အခွင့်ရေးများနေသည်။

ရှောင်ချီ ရှယီတို့မှာတော့ ပါးစပ်နားရွက်ချိတ်မတက် ပြုံးဖြီးနေကာ ၎င်းတို့မိသားစု၏ ပါရမီရှင်လူငယ်များက မိသားစုကို ဂုဏ်တက်ရန် အစွမ်းကုန်ကြိုးစားပေးနေခဲ့သည်။ သေချာသည်က ထိပ်ဆုံးဆယ်ယောက်တည်း ပါဝင်ခဲ့လျင် ထာဝရကျေးရွာအတွင်း ခြံဝန်းတစ်ခုမှာ ရရန်သေချာသွားပြီဖြစ်ကာ တန်ဖိုးမဖြတ်နိုင်တဲ့ လက်နက်များ ဆေးဝါးများလည်း ရဦးမည်ဖြစ်သည်။

ထိုဆုများက ယန်ချန့်ဆီမှ ဆုများဖြစ်ပြီး ထိုအရာကို ကျင့်ကြံသူမည်မျှ လိုချင်နေကြသနည်း။ မေးရန်ပင် မလိုချေ။

ဂိုဏ်းကြီးများသာမက ထိပ်တန်းမိသားစုကြီးများသည်လည်း ထာဝရကျေးရွာ၏ စွမ်းအားကိုမျက်မြင်တွေ့ ပြီးနောက် ကျေးရွာအတွင်း နေထိုင်ခွင့်ရခြင်းက ကျင့်ကြံသူများရဲ့ ခွန်အားကို အမြန်ဆုံးတိုးတက်စေမည်ဖြစ်ကာ သူတော်စင်အဆင့် မဟုတ်သေး အင်မော်တယ်တစ်ပါး ဖြစ်လာရန်မှာ အလွယ်ကလေး ဖြစ်သည်။

စင်မြင်ပေါ်၌ ရှချင်းယုံက သွယ်လျလှပသည့် ကိုယ်ဟန်ဖြင့် ယုံကြည်မှုရှိရှိ မတ်မတ်ရပ်နေခဲ့ကာ သူမရဲ့ ပြိုင်ဘက်မှာတော့ သန်မာထွားကြိုင်းသည့် လူငယ်တိုက်ခိုက်ရေး သမားတစ်ဦးဖြစ်သည်။ ထိုလူငယ်က ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူဖြစ်ပြီး ၎င်း၏မိသားစုများကလည်း ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကြောင့် အနောက်ပိုင်းဒေသ၌ အမည်ကျော်ကြားလေသည်။

လူငယ်နဲ့ ရှချင်းယုံ အပြန်အလှန်ဂါဝရ ပြုလိုက်ပြီးနောက် ပြိုင်ပွဲစတင်တော့သည်။ တဖက်လူငယ်မှာ သန်မာတဲ့ တိုက်ခိုက်ရေးနည်းလမ်းများကြောင့် ယခုအဆင့်ထိ ပြိုင်ဘက်များကို အပြတ်အသတ် ဖိနှိပ်၍ တက်လာခြင်းဖြစ်ကာ ရှချင်းယုံ၏ ခွန်အားအစစ်မှန်ကိုတော့ မည်သူမှ ခန့်မှန်းမရသေးချေ။

“သင်ကြားပေးပါဦး”

“သင်ကြားပေးပါဦး”

လူငယ်က စကားဆုံးသည်နှင့် ပြင်းထန်တဲ့ လက်သီးချက်များဖြင့် စတင်တိုက်ခိုက်လာသည်။ လက်သီးအရိပ်များက ရှုပ်ယှက်ခက်စွာ ထွက်ပေါ်လာပြီး ပြင်းထန်တဲ့ခွန်အားကြောင့် ကျယ်လောင်တဲ့ မြည်ဟီးသံကြီး ထွက်ပေါ်နေကာ အသည်းငယ်သူများအဖို့ စင်မြင်ပေါ်၌ အသံကြားရုံနဲ့တင် အရှုံးပေးသွားရနိုင်သည်။

ရှချင်းယုံကတော့ တည်ငြိမ်စွာပဲ ရှောင်တိမ်းနေသည်။ သူမက ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို အသည်းယားစဖွယ် ပွတ်ကာသီကာ ရှောင်တိမ်းနေခြင်းဖြစ်ပြီး အများအမြင်၌ လက်သီးချက်များကို ရှချင်းယုံတစ်ယောက် ထိပ်တိုက်ရင်မဆိုင်ရဲဟု ယူဆနေကြသည်။

ရှယီမှာလည်း ဖိအားပေးခံနေရသည့် သမီးဖြစ်သူအစား စိုးရိမ်နေသည်။ တဖက်လူငယ်မှာ ရုပ်ပိုင်းဆန်ရာ၌ အားကောင်းလွန်းပြီး မဟာယာနအဆင့်ဖြစ်သော်လည်း ထိုလက်သီးချက်များကို သူတော်စင်များပင့ ပေါ့တီးပေါ့ဆ ရင်ဆိုင်၍မရချေ။

“ယုံအာ…ဂရုစိုက်ပါ”

ရှယီက တီးတိုးရေရွတ်လိုက်သည်။ အနောက်ပိုင်းသူတော်စင်ကတော့ အနည်းငယ် ကျေနပ်နေဟန်ဖြင့် ပြုံးနေခဲ့ပြီး သူမိသားစုမျိုးဆက်များက ထိပ်ဆုံးအယောက်၅၀ အဆင့်၌ ပြုတ်ကျသွားခြင်းက သူ့ကိုအရှက်ရစေခဲ့သည်။ ယခု လူငယ်က မြောက်ပိုင်းသူတော်စင်တစ်ဖြစ်လဲ ရှယီရဲ့သမီးကို ဖိအားပေးကယ တိုက်ခိုက်နေသည်ကိုမြင်လျင် အနည်းငယ် စိတ်ကျေနပ်သလို ခံစားနေရလေသည်။

ဤတကြိမ်၌ ရှချင်းယုံက လက်သီးချက်ကို အနည်းငယ်ကပ်ရှောင်ပြီးနောက် လူငယ်၏ ညယဘက်ခါးစပ်အား ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ဓားချက်မှာ ရိုးရှင်းပြီး တဖက်သူကို မည်သည့် ထောင်ချောက်မှ ထည့်သွင်းမထားချေ။

ထို့ကြောင့်ပင် လူငယ်က မြွေတကောင်ကဲ့သို့ လူးလွန့်ကာ ရှောင်ရှားသွားခဲ့ပြီး ဓားတကမ်းစာအကွာ မဖြစ်စေရန် ရှချင်းယုံအနီး ပြန်လည် ပြေးကပ်လိုက်သည်။ ထိုသို့လုပ်ခြင်းက လက်နက်နဲ့တိုက်ခိုက်ရေးသမားကို ရင်ဆိုင်ရာ၌ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး လက်နက်မဲ့တိုက်ခိုက်ရေးသမားများ၏ အဓိက အားသာချက်လည်းဖြစ်သည်။

ဝုန်း…

အနားတိုးကပ်ပြီးသည်နှင့် ရှချင်းယုံရဲ့ ရင်ဝအား လက်သီးချက်တစ်ခု ထိုးနှက်လိုက်သည်။ ရှချင်းယုံမှာ ရုတ်ချည်းကျဥ်းမြောင်းသွားသည့် အကွာအဝေးကြောင့် ရှောင်တိမ်းရန်ခက်ခဲသွားပြီး ဓားကိုကန့်လန်ကိုင်ကာ လက်သီးချက်အား ထိပ်တိုက်တွေ့စေသည်။

ပြင်းထန်တဲ့ထိပ်တိုက်တွေ့မှုက ရှချင်းယုံကို အနောက်သို့လွင့်စင်သွားစေပြီး လူငယ်ကတော့ အနောက်ပေအနည်းငယ် လွင့်စင်ပြီးနောက် တည်ငြိမ်သွားသည်။ သေချာသည်က ယခုထိပ်တိုက်တွေ့ခြင်းမှတဆင့် ခွန်အားအရာ၌ ရှချင်းယုံမှာ တဖက်လူငယ်ကို အသာစီးမရသည်မှာ သေချာလေသည်။

ရှယီမှာ မျက်စိမျက်နှာပျက်သွားသည်။ သမီးဖြစ်သူလွင့်စင်သွားပြီးနောက် မျက်နှာအမူအရာ လေးနက်သွားသည်ကို မြင်လိုက်ပြီး ထိုအချက်က ရှချင်းယုံတယောက် ဖိအားများစတင်ခံစားနေရသည်ဟု အထင်မှားသွားခဲ့သည်။

“အိုး တကယ်ကိုကြောက်ဖို့ကောင်းအောင် သန်မာတဲ့လူငယ်ပဲ”

“ဟုတ်ပါ့ အဆင့်တူချင်းရင်ဆိုင်ရတာတောင် အတော်ဝေးဝေးလွင့်သွားအောင် ထိုးလိုက်နိုင်တယ် တော်သေးတယ် ရှချင်းယုံရဲ့ဓားက ကောင်းကောင်းခုခံလိုက်နိုင်လို့ မဟုတ်ရင်တော့”

ပရိတ်သက်များက ထိပ်တိုက်တွေ့ဆုံမှု နောက်ဆက်တွဲ အဖြစ်ပျက်များကို အားတက်သရော ဆွေးနွေးနေကြပြီး အများစုက ရှချင်းယုံတယောက် ရှုံးနိမ့်တော့မည်ဖြစ်ကြောင်း ပြောဆိုနေကြလေသည်။ စင်မြင့်ပေါ်ရှိ လူငယ်မှာလည်း တဖက်သူ၏ ခွန်အားကို ခန့်မှန်းမိသွားပြီဖြစ်ကာ အနည်းငယ်လည်း စိတ်ဓာတ်တက်ကြွသွားသည်။

ထိပ်ဆုံးဆယ်ယောက်ထဲ ပါရန်က လက်တကမ်းသာ လိုတော့သည်မဟုတ်လား။ ထိုအချိန် ရှချင်းယုံက အများမထင်မှတ်ထားသည့် ကိစ္စတစ်ခုအား လုပ်ဆောင်လေသည်။ ထိုအရာက သူမရဲ့ဓားကို ပြန်လည်သိမ်းဆည်းလိုက်ပြီး နောက်ဆက်တွဲအနေဖြင့် လူငယ်အား ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ရင်ဆိုင်ရန် စတင်လိုက်ခြင်းဖြစ်သည်။

“ဒီကောင်မလေး တကွက်တည်းနဲ့ စိတ်လွတ်သွားတာလား”

“ ဒီသွယ်လျတဲ့ ခန္ဓာကိုယ်လေးနဲ့ သူမက ခန္ဓာကိုယ်ချင်း တိုက်ခိုက်ချင်နေတယ် ရူးမိုက်လိုက်တာ”

ရှယီတစ်ယောက် အငြိမ်ထိုင်မနေနိုင်တော့ပေ။ ပွဲကြည့်စင်ပေါ်မှနေ၍ သမီးဖြစ်သူထံ အသံပေးပို့နေပြီး ထိုသို့မလုပ်ရန်ပြောနေသော်လည်း ရှချင်းယုံက ခေါင်းမာစွာဖြင့် ငြင်းပယ်လိုက်သည်။

သူမက ယုံကြည်မှုရှိစွာဖြင့် ရင်ဆိုင်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကာ တခါက ယန်ချန့်ထံမှ ရခဲ့သည့်ရှေးဥိီးတောကျွဲအသားဆီမှ ခွန်အားများကို ပြန်လည်ထုတ်သုံးတော့မည် ဖြစ်သည်။

All Chapters