← Chapters

ပြိုင်ပွဲပြီးဆုံးခြင်း

Vol. 18 Ch. 179

ပြိုင်ပွဲပြီးဆုံးခြင်း

Vol. 18 Ch. 179

နောက်ရက်များ၌ ပြိုင်ပွဲက ဆက်လက် ကျင်းပနေခဲ့သည်။

ဆယ်ဦးအဆင့်မှ နောက်ထပ် ဆီမီးဖိုင်နယ်အဆင့်ကို ရောက်သွားချိန်မှာတော့ ရှောင်ကျန့်နဲ့ကျစ်ယွဲ့ ကုလင်နဲ့ ရှချင်းယုံတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံမှုက ပြိုင်ပွဲတလျှောက် အကောင်းဆုံးတွေ့ဆုံမှုဖြစ်ကာ ဆီမီးဖိုင်နယ်ရဲ့ ပထမအဆင့်ရဲ့ ပွဲစဥ်ဖြစ်သည့် ရှောင်ကျန့်နဲ့ ကျစ်ယွဲ့တို့ပွဲစဥ်မှာတော့ ကျစ်ယွဲ့က ပွတ်ကာသီကာဖြင့် အနိုင်ရသွားခဲ့သည်။

ပြိုင်ပွဲယှဥ်ပြိုင်မှုကလည်း နေ့တဝက်နီးပါး ကြာမြင့်ခဲ့ပြီး ကျစ်ယွဲ့မှာ သူမ၏ခွန်အားအကုန် အသုံးပြုခဲ့ရပြီး ဇွဲကောင်းသည့် ရှောင်ကျန့်က နောက်ဆုံးအချိန်ထိ တောင့်ခံကာ ရင်ဆိုင်သွားခဲ့သည်။

ယန်ချန်က ဒဏ်ရာကိုယ်စီရသွားသည့် ကျစ်ယွဲ့တို့အား ကုသဆေးများပေးလိုက်ပြီး ဒဏ်ရာများက မပြင်းထန်သည်ဖြစ်၍ နာရီအနည်းငယ်နဲ့ပင် သက်သာသွားတော့သည်။

အခြားစင်မြင့်ပေါ်ရှိ ပြိုင်ဘက်များမှာတော့ ကုလင်နဲ့ ရှချင်းယုံဖြစ်ကာ ထိုပွဲစဥ်က ရှချင်းယုံ၏ ခွန်အားကိုနောက်ထပ်တကြိမ် မှတ်ကျောက်တင်ခဲ့လေသည်။

ကုလင်မှာ တေးသံသာဂိုဏ်း၏ ထိပ်ဆုံးပါရမီရှင်ဖြစ်ပြီး တခါကပြိုင်ပွဲ၌ ကျန်းရင်ရင်ကို ရှုံးပြီးနောက် မည်သူ့ကိုမှထပ်မံ ရှုံးနိမ့်ခြင်းမရှိတော့ချေ။

ရှချင်းယုံမှာမူ ရုပ်ခန္ဓာသန်မာသော်လည်း သူမ၏ အချိန်အများစုက မိသားစုအရေးကိစ္စများကိုသာ ကိုင်တွယ်နေခဲ့ရပြီး လေ့ကျင့်ချိန်နည်းပါးခဲ့သည်။

ထို့ကြောင့်အတွေ့ကြုံ ကြွယ်ဝသည့် ကုလင်နဲ့ ရင်ဆိုင်ရချိန်မှာတော့ ဖိအားများဖြစ်ပေါ်စေကာ သွေးအေးပြီးတည်ငြိမ်သည့် ကုလင်က ပွဲအစမှအဆုံးထိ ပြိုင်ပွဲအားစိတ်ကြိုက် ထိန်းချုပ်သွားခဲ့သည်။

“ကုလင်က သွေးအေးတယ် အကွက်ကျကျ တိုက်ခိုက်တတ်တယ် အဆင့်တူချင်းမှာဆို ကျန်းရင်ရင်ပဲ ကုလင်ကိုအနိုင်ရနိုင်တယ်”

စုလဲ့က တိုက်ပွဲကိုကြည့်ရင်း ကျေနပ်စွာဖြင့် ချီးကျူးလေသည်။ မင်ယုရှန်း မင်ဝမ်တို့ကလည်း ကုလင်၏ ကျင့်ကြံသူစိတ်ဓာတ်ကို သဘောကျမိသည်။ ကျင့်ကြံသူများမှာ နေ့စဥ်သေဘေးနဲ့နီးကပ်သည့် လမ်းကြောင်းအားလျှောက်နေရသူများဖြစ်ပြီး တစ်ချက်အမှားက အသက်တစ်ချောင်းနဲ့ ညီပေသည်။

“အဓိက ချင်းယုံအနေနဲ့ ခေါင်းအေးအေးထားပြီး တဖက်သူရဲ့တိုက်ကွက်သူကို လေ့လာပြီး တုန့်ပြန်သင့်တယ်”

ရှယီမှာ သမီးဖြစ်သူ ဤအဆင့်ထိရောက်လာသည့်အတွက် ကျေနပ်နေပြီး ထိုထက်ပိုသည့်အဆင့်ကိုတော့ မတောင်းဆိုတော့ချေ။ ဤအခြေနေကပင် လိုတာထက်ပို လုံလောက်နေချေပြီ။ သေချာသည်က ပြိုင်ပွဲပြီးပါက သမီးဖြစ်သူကို ရှမိသားစုအရေးကိစ္စများ ကိုင်တွယ်ခြင်းမှ အနားပေးပြီး ကျင့်ကြံရေးကိုသာ အားစိုက်စေတော့မည် ဖြစ်သည်။

ကုလင်တို့၏ပြိုင်ပွဲက နာရီအနည်းငယ်ကြာပြီးနောက် အဆုံးသတ်သွားခဲ့သည်။ ရှချင်းယုံမှာ ဒဏ်ရာအများပြားရခဲ့ပြီး အနိုင်ရသွားသည့် ကုလင်မှာလည်း သက်သာလှသည်တော့ မဟုတ်ချေ။

ရှချင်းယုံ၏ ရုန်းကန်မှုက သူ့ကိုပင် အံ့သြမိစေခဲ့ပြီး ထိုအမျိုးသမီးက ရုပ်ခန္ဓာခွန်အားနှင့် ကျင့်စဥ်များကို တွဲဖက်အသုံးပြုကာ ပွဲချိန်အတွင်း သူ့အပေါ် ဖိအားအချို့ ဖြစ်ပေါ်စေခဲ့သည်။

ပြိုင်ပွဲပြီးဆုံးချိန်၌ ယန်ချန်က ထာဝရကျေးရွာအတွင်းမှ ခြံဝန်းများအား ဆုအနေဖြင့် ပေးအပ်လိုက်သည်။ ဗိုလ်လုပွဲမှာ တေးသံသာဂိုဏ်းမှ ပါရမီရှင်များဖြစ်သည့်အပြင် ကျစ်ယွဲ့ကလည်း ကုလင်ကိုသာ ပထမဆုပေးရန် ပြောကြားခဲ့သည်။

ထို့ကြောင့် ထျန်းဟွမ်လောက ပြိုင်ပွဲကြီး၏ ပထမဆုရှင်မှာ ကုလင်ဖြစ်ပြီး ကျစ်ယွဲ့ ရှောင်ကျန့် ရှချင်းယုံ တို့က အဆင့်များအသီးသီးရပ်တည်ခဲ့ကြသည်။

ထိပ်ဆုံးဆယ်ဦးထဲ၌ အနောက်ပိုင်းနဲ့အရှေ့ပိုင်းသူတော်စင်များ၏ မျိုးဆက်များမပါဝင်ပဲ အလယ်ကုန်းမြေမှ ပါရမီရှင်များပါဝင်ကာ သူတော်စင်နတ်မြတ်ဂိုဏ်း ပန်းကိုးပွင့်ဂိုဏ်း ချူမိသားစု စသည့်တို့မှ လူငယ်တစ်ဦးစီ ပါဝင်ခဲ့သည်။

ထို့ကြောင့် အနောက်ပိုင်းနဲ့ အရှေ့ပိုင်းသူတော်စင်များမှာ မျက်စိမျက်နှာပျက်နေကြပြီး ကံကောင်းသည်က ကပ်ဘေးဖြတ်ကျော်အဆင့် ပြိုင်ပွဲများ၌ ရလာဒ်များကောင်းမွန်ခဲ့ပြီး ခြံဝန်းတခုစီတော့ ရခဲ့ကြလေသည်။

ယန်ချန်က ဆုပေးပွဲကို ညအတော်မှောင်သည်အထိ ပြုလုပ်ပေးခဲ့ပြီး လက်နက်များ ဆေးလုံးများအပြင် တိုက်ခိုက်ရေးနည်းလမ်းများ ရေးသားထားသည့် ကျင့်စဥ်စာအုပ်များလည်း ပါဝင်သည်။

ဆုရသူများမှာ ပြုံးပျော်စွာဖြင့် ဆုများကို လက်ခံလိုက်ကြပြီး ဆုမရသူများမှာတော့ မျက်နှာများရှုံ့မဲ့နေကြသည်။

မင်ယုရှန်းက ယန်ချန်နဲ့အတူ ဆုပေးခြင်းကို ကူညီခဲ့သည်။ ကျင်းလုံ မင်ဝမ် ကျန်းဝမ်လီတို့ကလည်း ဆုလာဒ်များကူညီပေးခဲ့ပြီး ညနက်ချိန်မှာတော့

ယန်ချန်တစ်ယောက် အနည်းငယ်ပင်ပန်းသလိုပင် ခံစားသွားရသည်။

ထိုအချိန် အင်မော်တယ်လောကမှာတော့ လုလင်းယွဲ့က အခြေနေများကို ရှင်းပြနေခဲ့ပြီး သူမက ထူးခြားသည့်ပုဂ္ဂိုလ်နဲ့အတူ ရှိနေခဲ့ပြီး ထိုပုဂ္ဂိုလ်မှာ မကြာခင် အင်မော်တယ်လောကဆီ လာရောက်လည်ပတ်မည်ဟု ပြောလိုက်ချိန်မှာတော့ တင်းဟောက်နဲ့ အခြားသူများမှာ တုန်လှုပ်သွားကြသည်။

ကျောက်စိမ်းဧကရီ၏ ရှင်းပြမှုအပြင် တင်းဟောက်ရဲ့ သက်သေခံမှုအရ ထိုလူမှာ နတ်ဘုရားတစ်ပါးထက်ပင် ပိုမြင့်တဲ့အဆင့်၌ ရှိနေသူဖြစ်ပြီး ထိုအရာက နတ်ဘုရားလမ်းစဥ်ကို ထိတွေ့ကာစ အင်မော်တယ်များအား ဖိအားများဖြစ်ပေါ်စေသည်။

သူတို့က ထိုလူကိုမည်သို့ ကြိုဆိုကြမည်နည်း။ ထိုလူသာ စိတ်ကျေနပ်မှုမရှိပါက အင်မော်တယ်လောကအား တချက်တည်းဖြင့် ပျောက်ကွယ်စေလိုက်မည်ကို စိုးရိမ်မိသွားကြသည်။

“ရှင်တို့ အဲ့လောက်စိုးရိမ်နေစရာမလိုပါဘူး သတိထားစရာတခုက သခင်လေးယန်က သေမျိုးဘဝမှာ အတော်လေးနက်နက်ရှိုင်းရှိုင်းဖြစ်နေပြီ ဒီတော့ သူ့ခွန်အားနဲ့ပက်သက်ပြီး ရှင်တို့သံသယဝင်တာ ဒါမှမဟုတ် စမ်းသပ်တာမျိုး မလုပ်ဖို့မှာချင်တယ် မဟုတ်ရင်တော့ နောက်ဆက်တွဲကို ရှင်တို့တောင့်ခံနိုင်မှာမဟုတ်ဘူး”

ကျောက်စိမ်းဧကရီ၏ စကားအား တင်းဟောက်ကလည်း ထောက်ခံသည်။

“အမှန်ပဲ သခင်လေးယန်က စိတ်သဘောထားမြင့်မြတ်တဲ့သူပါ ဒါကြောင့်အရမ်းကြီး စိုးရိမ်နေစရာတော့ မလိုဘူး ဒါပေမယ့် သခင်လေး ဒီကိုလာလည်တဲ့အချိန် သခင်လေးကိုစိတ်အနှောင့်ယှက်ဖြစ်စေမယ်ဆိုရင်တော့ ကျုပ်ကိုအပြစ်မဆိုကြနဲ့”

တင်းဟောက်က တည်ငြိမ်စွာပဲ ဝင်ရောက်ပြောဆိုသည်။ ယန်ချန်လာလည်မည့် ကိစ္စမှာ အင်မော်တယ်လောကအတွက် ကိစ္စကြီးတစ်ခုဖြစ်ပြီး သူတို့ကသာ ယန်ချန့်ကိုစိတ်မကျေနပ်စေပါက နောက်ဆက်တွဲကို စဥ်းစားစရာပင်မလိုတော့ချေ။

မိုးမြေဧကရာဇ်နဲ့ အခြားထိပ်သီးအင်မော်တယ်များမှာ ပြိုင်တူပင်ခေါင်းညိတ်လိုက်ကြသည်။

(ငါတို့ကလည်း အဲ့လိုပုဂ္ဂိုလ်ကြီးတွေကို အပြစ်မပြုရဲပါဘူးနော် ဟုတ်ပြီလား)

မည်သူက လောကများကို ပေါင်းစည်းနိုင်သနည်း။ မည်သူက အင်မော်တယ်တစ်ပါးကို နတ်ဘုရားလမ်းစဥ် ထိတွေ့ရန် ကူညီနိုင်မည်နည်း။ မည်သူက အမှောင်ထုသားရဲသခင်ကို အငွေ့သက်လေးပြရုံဖြင့် ကြောက်လန့်စေမည်နည်း။ ထိုကဲ့သို့သူမျိုး အင်မော်တယ်လောက၌ လုံးဝမရှိချေ။

ကျောက်စိမ်းဧကရီ လုလင်းယွဲ့က တည်ငြိမ်စွာပဲ ခေါင်းညိတ်လိုက်သည်။ မကြာခင် အင်မော်တယ်လောကတခုလုံး မှင်သက်ဖွယ်ကောင်းအောင် တိုးတက်တော့မည်ဖြစ်ပြီး အင်မော်တယ်များအနေဖြင့် အခွင့်ရေးအားဆုပ်ကိုင်လိုပါက ယန်ချန့်အပေါ် အလေးနက်ရှိရမည် ဖြစ်သည်။

All Chapters