အခန်း (၄၃၄၁-၄၃၄၅)
Vol. 220 Ch. 4341-4345
Chapter 4341
ထိုအမျိုးသမီး၏နောက်ကျောတွင် မုန့်ပေါင်းများနှင့်ပြည့်နေသည့် ခြင်တောင်းတစ်တောင်းရှိနေသည်။
သူမ လွင့်ထွက်သွားသောအချိန်၌ ခြင်းတောင်းအတွင်းရှိမုန်ပေါင်းများသည်လည်း မြေပြင်ပေါ်သို့ ကျသွားလေ၏။အမျိုးသမီးသည် ဒဏ်ရာ အပြင်းအထန်ရရှိသွားခဲ့သည်။သူမ၏ဒဏ်ရာများမှ သွေးမှာယိုစီးကျလာကာ မုန့်ပေါင်းများကို အနီရောင်များစွန်းထင်းသွားစေသည်။
လူအုပ်အကြားမှနေ၍ ကလေးတစ်ယောက် ပြေးထွက်လာသည်။သူသည် သူ့မိခင်၏ရှေ့သို့တဟုန်ထိုးပြေးသွားပြီး သူ့ကိုကြည့်ရသည်မှာရူးသွပ်သွားသည့်အလားပဲ။
ဤကလေးသည် လုယွီ အတိတ်တွင် နင်မိသားစုထံသို့ သွားရောက်လည်ပတ်ခင်က ဆုံတွေ့ခဲ့ရသော နင်ချန်းရှန်ပင်။
"အမေ..."
နင်ချန်းရှန်က တိုးညှင်းသောလေသံဖြင့် ခေါ်လိုက်သည်။
အမျိုးသမီးသည် မြေပြင်ပေါ်၌ တောင့်တင်းစွာလဲလျောင်းနေကာ အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိချေ။
ဤအချိန်ကျမှသာ နင်ချန်းရှန်က သူ့မိခင်၏နဖူးသည် ကျောက်တုံးတစ်တုံးဖြင့်ဆောင့်မိသဖြင့် ကွဲသွားကာ သွေးများယိုစီးကျနေကြောင်း သတိပြုမိသွားသည်။
နင်ချန်းရှန်သည် သူ၏တုန်ရီနေသောလက်များကို အသုံးပြု၍ သူ့မိခင်၏အသက်ရှူနှုန်းကိုစမ်းသပ်လိုက်သည်။သူ၏မျက်နှာသည် သေလုမတတ်ဖြူရော်သွားကာ နေရာမှာပင် တောင့်တင်းသွားတော့သည်။
သူ၏မိခင် သေဆုံးသွားခဲ့လေပြီ။
နင်ချန်းရှန်၏ဖခင်နင်ရှို့သည် ကောင်းကင်ကွန်ယက်၏သူလျှိုတစ်ယောက်ဖြစ်ပြီး ထန်စစ်တပ်နှင့်တိုက်ပွဲအတွင်း၌ သေဆုံးသွားခဲ့သည်။
လုယွီသည် ကောင်းကင်ချိုးဖျက်ခံတပ်သို့ ပထမဆုံးအကြိမ် ရောက်ရှိချိန်၌ နင်မိသားစုထံသို့ အလည်အပတ်သွားခဲ့သည်။သူသည် နင်မိသားစုမှသားအမိနှစ်ယောက် ကောင်းကင်ချိုးဖျက်ခံတပ်တွင် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ရန် လုံလောက်သည့် ငွေကြေးပမာဏကို ပေးခဲ့လေ၏။
သို့ရာတွင် အပြောင်းအလဲများက အလွန်လျှင်မြန်စွာ ဖြစ်ပွားသွားခဲ့သည်။
ချီစစ်သားများ မြို့အတွင်းသို့ ဝင်ရောက်လာပြီးနောက် အရာအားလုံးပြောင်းလဲသွားခဲ့သည်။ယခင်က နင်မိသားစုရရှိထားခဲ့သည့် တိုက်ပွဲအကျိုးဆောင်မှုများသည် အာလူးပူတစ်လုံးကဲ့သို့ ဖြစ်သွားလေ၏။နင်သားအမိနှစ်ယောက်သည် နေအိမ်မှနေ၍ အတင်းအကြပ်နှင့်ထုတ်ခြင်းခံရကာ ကြွင်းကျန်သောငွေကြေးများအားလုံးကိုလည်း ချီစစ်သားများမှ လုယူသွားခဲ့သည်။
နင်ချန်းရှန်၏မိခင်သည် ကူကယ်ရာမဲ့စွာဖြင့် သူမ ကွယ်ဝှက်ထားသော နောက်ဆုံးလက်ကျန်ငွေအနည်းငယ်ကို အသုံးပြုကာ ကောင်းကင်ချိုးဖျက်ခံတပ်၏အစွန်အဖျားတစ်နေရာ၌ အိမ်ငယ်လေးတစ်လုံးကို ငှား၍နေထိုင်ခဲ့သည်။နေ့စဉ်နေ့တိုင်း သူမသည် မုန့်တချို့ကိုပြုလုပ်ပြီး ရောင်းချကာ အသက်ရှင်သန်နိုင်ရန်အတွက် တောင်ခံခဲ့သည်။
သူမသည် ဤကဲ့သို့ ခါးသည်းသောဘဝမျိုးနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် ညည်းတွားခဲ့ခြင်းမရှိသော်လည်း ယနေ့တွင် အဆုံးသတ်သွားလေပြီ။
"အမေ...."
နင်ချန်းရှန်သည် အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားလေ၏။ပြင်းထန်သော ကြေကွဲဝမ်းနည်းမှုကြောင့် သူသည် ဤအချိန်အခိုက်အတန့်၌ တည်ငြိမ်နိုင်ခြင်းမရှိတော့ချေ။
"ငါတို့ ဒီအလောင်းကို ကူပြီးရွှေ့ပေးမယ်"
ပတ်ဝန်းကျင်တွင်ရှိနေသော အလုပ်သမားများသည် နင်ချန်းရှန်၏အနီးသို့ရောက်ရှိလာကာ ပြောဆိုလိုက်ကြသည်။
ဤနေရာနှင့်အနီးရှိ လမ်းပေါ်၌ အနားယူနေသော အလုပ်သမားအမြောက်အများရှိနေသည်။
နေမွန်းတည့်ချိန်ဖြစ်သောကြောင့် အရာရှိများနှင့်အထက်တန်းလွှာများသည်လည်း နေရာတစ်နေရာရှာ၍ အချိန်တစ်ခဏခန့် အနားယူနေကြသည်။ထို့ကြောင့် အလုပ်သမားများသည် ပြင်ပသို့ထွက်ကာ လမ်းများဖော်ရှိ သစ်ပင်ရိပ်များအောက်တွင် အနားယူနေကြခြင်းဖြစ်သည်။
"မင်းတို့ ဘာလုပ်နေတာလဲ...ဒီနေရာကနေ ထွက်သွားကြစမ်း"
မြင်းရထားလုံးမောင်းသူက အလွန်အမင်းမောက်မာထောင်လွှားသောလေသံဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ဤစကားလုံးများ ထွက်ပေါ်လာသောအချိန်တွင် လူအများကို ဒေါသထွက်သွားစေသည်။
"ထန်အင်ပါယာရဲ့လူတွေက တကယ့်ကို မောက်မာထောင်လွှားနေတာပါလား...မင်းတို့က လူတွေကို ဆန္ဒရှိသလို ဝင်တိုက်လို့ရတယ်လို့ ထင်နေတာလား"
"လူတစ်ယောက်ကိုသတ်လိုက်ရင် မင်းတို့ရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်...ဒီနေ့ မင်းတို့ ထွက်သွားလို့မရဘူး"
ပတ်ဝန်းကျင်ရှိ အလုပ်ကြမ်းသမားများအားလုံးသည် နင်ချန်းရှန်၏မိခင် နေ့စဉ်နေ့တိုင်း ဤနေရာ၌ မုန့်ပေါင်းများ ရောင်းချသည်ကို မကြာခဏမြင်တွေ့ဖူးသည်။သူတို့သားအမိ၏ဘဝသည် မလွယ်ကူကြောင်း သူတို့အားလုံး သိရှိပြီးဖြစ်သည်။
ယခုအချိန်၌ နင်ချန်းရှန်၏မိခင်သည် မြင်းရထားလုံးဝင်တိုက်ခံရခြင်းကြောင့် သေဆုံးသွားခဲ့လေရာ အလုပ်သမားများအားလုံးထံ၌ ဒေါသများဖြင့်ပြည့်နက်နေပြီး သူတို့သည် ဤကိစ္စကို မည်သို့မျှ သည်းခံနိုင်ခြင်းမရှိတော့ချေ။
မြင်းရထားလုံးမောင်းသူက လူအုပ်ကြီးကို ဝေ့ဝိုက်၍ကြည့်ပြီးနောက် သရော်တော်တော်ပြောဆိုသည်။
"နိမ့်ကျတဲ့လူတွေက ငါတို့အရှင်ရဲ့ရထားလုံးရှေ့မှာ လမ်းပိတ်ပြီးတော့ နေဝံ့တာလား....ထွက်သွားကြစမ်း"
သူသည် ထိုစကားကိုပြောဆိုပြီးနောက် သူ၏ကြာပွတ်ကိုမြှောက်ပြီး ဝှေ့ယမ်းလိုက်ရာ လေထုအတွင်း၌ ပေါက်ကွဲသံများထွက်ပေါ်လာသည်။
ဤမြင်းရထားလုံးမောင်းသူထံ၌ ခွန်အားတချို့ရှိနေပေ၏။သူ ကြာပွတ်ကိုဝှေ့ယမ်းလိုက်သောအချိန်တွင် မှော်စွမ်းအားလှုပ်ခတ်မှုများ ထွက်ပေါ်လာသည်။
"ကျုပ် ခင်ဗျားကို သတ်မယ်"
ငယ်ရွယ်သောကောင်လေးတစ်ယောက်၏အသံ ရုတ်တရက်ထွက်ပေါ်လာသည်။
နင်ချန်းရှန်၏ဒေါသများ ပေါက်ကွဲသွားသည်။သူသည် အလွန်လျှင်မြန်စွာဖြင့် မြင်းရထားလုံးပေါ်သို့ခုန်တက်ကာ ထိုရထားလုံးမောင်းသူ၏လည်ပင်းကို ညှစ်လိုက်၏။
သူသည် ငယ်ရွယ်သော ကလေးတစ်ယောက်သာဖြစ်သဖြင့် သူ၏လက်များတွင် ခွန်အားများစွာရှိမနေချေ။သို့ရာတွင် သူ၏ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှုသည် မြင်းရထားလုံးမောင်းသမားအား ထိတ်လန့်တုန်လှုပ်သွားစေသည်။
"ခွေးမသားလေး...သွားသေလိုက်စမ်း"
မြင်းရထားလုံးမောင်းသူသည် ရက်စက်ကြမ်းကြုတ်သော အကျင့်စရိုက်ရှိသူပင်။သူသည် လက်ကိုနောက်သို့လှန်ပြီး နင်ချန်းရှန်၏ဆံပင်ကိုဆောင့်ဆွဲကာ သူ့အား အထက်သို့မြှောက်ပြီး လက်သီးတစ်ချက်ထိုးနှက်ကာ လွင့်ထွက်သွားစေသည်။
နင်ချန်းရှန်၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရသည်။သူသည်လေထုအတွင်းသို့ မြောက်တက်လာသဖြင့် တခြားလူများမှ သူအား အလျှင်အမြန်ဖမ်းယူလိုက်၏။
သူသည် အလွန်ငယ်ရွယ်သော ကလေးတစ်ယောက်ဖြစ်သဖြင့် ဤလက်သီးချက်မှာ သူ့အားသေဆုံးသွားစေရန် လုံလောက်သည်။
Chapter 4342
သို့ရာတွင် နင်ချန်းရှန်၏လက်ကောက်ဝတ်တွင်ရှိနေသော ကျောက်စိမ်းဆွဲပြားမှ ရုတ်တရက် ခပ်ဖျော့ဖျော့အလင်းတန်းများ ဖြာထွက်လာကာသူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးလိုက်သည်။
မြင်ရထားမောင်းသူ၏လက်သီးချက်သည် အလွန်ပြင်းထန်သော်လည်း နင်ချန်းရှန်သည် ပြင်ပဒဏ်ရာအနည်းငယ်ကို ရရှိသွားသည်မှအပ သူ၏အသက်အန္တရာယ် မရှိချေ။
ဤကျောက်စိမ်းဆွဲပြားကို အတိတ်တွင် လန်ဝူရှင်းမှနေ၍ နင်ချန်းရှန်ကို ပေးထားခဲ့ခြင်းပင်။ထိုအချိန်မှစ၍ နင်ချန်းရှန်သည် ကျောက်စိမ်းဆွဲပြားကို သူ၏လက်၌ အစဉ်အမြဲပတ်ထားခဲ့သည်။
ယခင်က ချီစစ်သားများ လာရောက်လုယက်စဉ်တွင် ကလေးတစ်ယောက်ထံ၌ ဤကဲ့သို့ရတနာမျိုးရှိနေမည်ဟု သူတို့ တွေးထင်မထားကြသဖြင့် ဤအရာကို ရှာမတွေ့သွားခဲ့ချေ။
"မင်းက လူရိုက်ရဲတာလား"
"ဒီနေရာက ထန်အင်ပါယာ မဟုတ်ဘူး...ဒါက မင်းတို့လိုကောင်တွေ မောက်မာရိုင်းစိုင်းလို့ရတဲ့နေရာတစ်နေရာ မဟုတ်ဘူး"
ပတ်ဝန်းကျင်ရှိ အလုပ်ကြမ်းသမားများသည် အလွန်ဒေါသထွက်သွားကာ ထိုမြင်းရထားမောင်းသူကို တိုက်ခိုက်ရန်အတွက် ရှေ့သို့ပြေးဝင်သွားတော့သည်။
"နိမ့်ကျတဲ့ကောင်တွေ...ဒီနေရာကနေ ထွက်သွားကြစမ်း"
မြင်းရထားလုံးမောင်းသူသည် အေးစက်စက်အော်ငေါက်ကာ သူ၏လက်အတွင်းရှိကြာပွတ်ကို လူအုပ်ကြီးထံဦးတည်၍ ဝှေ့ယမ်းလိုက်သည်။
ထိုကြာပွတ်ကို ဝှေ့ယမ်းလိုက်သောအချိန်တွင် လေတိုးသံများ ထွက်ပေါ်လာကာ အလွန်စူးရှကျယ်လောင်သည်။
ဤမြင်းရထားလုံးမောင်းသူသည် ကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် သူ၏ကြာပွတ်တွင် မှော်စွမ်းအားများ ပါဝင်နေသည်။
ဝှစ်...ဝှစ်...ဖြောင်း...
ကြာပွတ်သံအနည်းငယ်ထွက်ပေါ်လာပြီးနောက် ရထားလုံးမောင်းသူ၏ရှေ့ရှိ လူများ၏အဝတ်အစားများ စုတ်ပြဲသွားပြီးသူတို့၏ခန္ဓာကိုယ်ပေါ်တွင် အညိုအမဲများစွဲလာသည်အထိ ရိုက်နှက်ခြင်းခံလိုက်ရသည်။
ပတ်ဝန်းကျင်၌ နာကျင်စွာအော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာချိန်တွင် မြင်းရထားလုံးမောင်းသူ၏မျက်နှာပေါ်၌ သူ့ကိုယ်သူပို၍ကျေနပ်အားရဖြစ်သွားသော အမူအယာမျိုး ထင်ဟပ်လာသည်။
ထိုအချိန်မှာပင် လမ်းများပေါ်၌ ရုတ်တရက်ရှင်းလင်းသွားကာ ချီအင်ပါယာ၏စစ်သားအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာသည်။
သူတို့သည် ဤနေရာ၌ ထိန်းသိမ်းစောင့်ရှောက်ရန် ချီအင်ပါယာမှအမိန့်ပေးထားသဖြင့် ရောက်ရှိလာခြင်းပင်။
ကောင်းကင်ချိုးဖျက်ခံတပ်တွင် ယခင်က အနှောင့်အယှက်တချို့ရှိခဲ့သော်လည်း အလျှင်အမြန်ဖိနှိပ်နိုင်ခဲ့သည်။ယခင်ရက်အနည်းငယ်အတွင်းတွင် ကင်းလှည့်စစ်သားများသည် မည်သည့်ကိစ္စကိုမျှ လုပ်ဆောင်ရန်မရှိခဲ့ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ မြို့အတွင်းတွင် ပြဿနာရှာဝံ့သော တစ်စုံတစ်ယောက်ရှိနေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
"မင်းတို့အားလုံး ရပ်လိုက်ကြစမ်း"
ကင်းလှည့်အဖွဲ့၏ခေါင်းဆောင်အရာရှိက အော်ဟစ်လိုက်သည်။
ခေါင်းဆောင်အရာရှိတစ်ယောက်ဖြစ်သော သူ့ထံတွင် ရန်ပွဲများကို တားဆီးဟန့်တားရန် အခွင့်အာဏာတချို့ရှိနေသည်။
အလုပ်ကြမ်းသမားများသည် အရာရှိ၏အသံကိုကြားချိန်၌ တိုက်ခိုက်နေခြင်းကို ချက်ချင်းရပ်တန့်လိုက်ကြ၏။
ချီစစ်တပ်မှကင်းလှည့်စစ်သားများသည် လူအုပ်ကြီးကို လူစုခွဲပြီးနောက် ဒဏ်ရာရထားသောအလုပ်ကြမ်းသမားများကို နံဘေးတစ်နေရာသို့ တွန်းထုတ်လိုက်သည်။
"အရာရှိကြီး...ကျေးဇူးပြုပြီးတော့ ငါတို့အတွက် ဆုံးဖြတ်ပေးပါ ...ဒီထန်အင်ပါယာရဲ့ရထားလုံးက လမ်းတွေပေါ်မှာ ဒုံးစိုင်းမောင်းနေပြီးတော့ ဒီကလေးရဲ့အမေကို တိုက်သွားခဲ့တယ်..ဒါက အရမ်းကြီးလေးတဲ့ ရာဇဝတ်မှုပဲ...ငါတို့က ဒီလူရမ်းကားကို အလွတ်မပေးသင့်ဘူး"
အလုပ်ကြမ်းသမားတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ငါ့ကို လွှတ်ပေးကြစမ်း...ငါ သူ့ကိုသတ်မယ်"
နင်ချန်းရှန်၏မျက်လုံးများ နီမြန်းနေကာ သူ၏မိခင်အတွက်လက်စားချေရန်အတွက် သူ့ကိုဖက်ထားသောလူများ၏လက်အတွင်း၌ ရုန်းကန်နေသည်။
မြေပြင်ပေါ်တွင် နင်ချန်းရှန်၏မိခင်သည် လဲလျောင်းနေဆဲဖြစ်ကာ ပတ်ဝန်းကျင်နေရာတဝိုက်တွင် မြင်းခွာများရိုက်ခတ်ခြင်းကြောင့် ဖုန်မှုန့်များ တထောင်ထောင်းထနေသည်။
သွေးများကြောင့် မုန့်ပေါင်းများသည်လည်း အနီရောင်သို့ ပြောင်းလဲသွားသည်။မုန့်ပေါင်းတစ်ခုစီတိုင်းတွင် ထိုအမျိုးသမီး၏သွေးများ စွန်းထင်းနေပေ၏။
ကင်းလှည့်အရာရှိသည် ဤမြင်ကွင်းကို တစ်ချက်ကြည့်လိုက်သော်လည်း မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိချေ။
ပိုင်းခြားသိမြင်နိုင်သော အမြင်အာရုံရှိသည့်မည်သူမဆို ဤသည်မှာ ထန်အင်ပါယာ၏လူများအလွန်ဖြစ်ကြောင်း သိရှိနိုင်သည်။သူတို့သည် လမ်းများပေါ်၌ မြင်းရထားလုံးကိုဒုံးစိုင်းမောင်းနှင်ကာ လူများကို ထိခိုက်စေခဲ့ခြင်းပင်။
ဤကဲ့သို့ကိစ္စများသည် ကောင်းကင်ချိုးဖျက်ခံတပ်၌ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ"
ကင်းလှည့်အရာရှိသည် မြင်းရထားလုံးပေါ်ရှိ အဝါရောင်မြေနဂါးအမှတ်အသားကိုကြည့်ပြီး အနည်းငယ်အားပျော့သောအသံဖြင့် မေးမြန်းသည်။
မြင်းရထားလုံးမောင်းသူက သူ၏လက်ကိုပိုက်ပြီး မောက်မာထောင်လွှားစွာ ပြောဆိုသည်။
"ငါတို့ရဲ့အရှင်မှာ အရေးတကြီး လုပ်စရာကိစ္စတချို့ရှိနေတယ်...ဒါပေမဲ့ ဒီလူတွေက ငါတို့ကို လမ်းပိတ်ထားခဲ့တယ်...ဒါကြောင့် သူတို့သေသင့်တယ်"
"ဒါပေမဲ့ မင်းတို့တွေက လူတစ်ယောက်ကို သတ်ခဲ့တယ်လေ...မင်းတို့က သူတို့ကို မတောင်းပန်သင့်ဘူးလား"
ကင်းလှည့်အရာရှိ၏အသံသည် အလွန်တိုးညှင်းနေကာ သူသည် တောင်းပန်တိုးလျှိုးနေသည့်အလားပင်။
မြင်းရထားလုံးမောင်းသူ၏မျက်နှာပေါ်တွင် သရော်တော်တော်အမူအယာတစ်ရပ် ထင်ဟပ်လာကာ တံဆိပ်ပြားတစ်ခုကိုပစ်ပေးလိုက်သည်။
"ငါတို့ရဲ့အရှင်က ထန်အင်ပါယာရဲ့ကောင်းကင်မူဝါဒရုံးတော်က အဖွဲ့ဝင်တစ်ယောက်ပဲ...ဘာလဲ မင်းက ငါ့ကို တောင်းပန်စေချင်တာလား"
ကင်းလှည့်အရာရှိသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
ကောင်းကင်မူဝါဒရုံးတော်သည် ထန်အင်ပါယာ၏အဆင့်မြင့်အမတ်ကြီးများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုပင်။ဤသည်မှာတာယွီအင်ပါယာ၏ အရှေ့နန်းဆောင်နှင့် တူညီသောနေရာဖြစ်သည်။
ကောင်းကင်မူဝါဒရုံးတော်အတွင်း၌ အရေးပါသောပုဂ္ဂိုလ်များရှိနေသဖြင့် သူ မည်သို့မျှ အပြစ်ပြု၍မရချေ။
ကင်းလှည့်အရာရှိသည် မြင်းရထားလုံးမောင်းသူကို ကိုးယိုးကားယားဖြင့် တစ်ချက်ကြည့်ပြီးနောက် တိုးညှင်းစွာပြောဆိုသည်။
"ဒါဆိုရင် အရှင်..မင်းရဲ့မြင်းတွေ အဆင်ပြေရဲ့လား"
"ဟမ့် နိမ့်ကျတဲ့မိန်းမတစ်ယောက်က ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ထန်အင်ပါယာရဲ့စစ်မြင်းတွေကို ဒဏ်ရာရအောင် လုပ်ရဲတာလဲ...သူတို့ကို မြန်မြန်ဖယ်ထုတ်လိုက်စမ်း...ငါတို့အရှင်ရဲ့အစီအစဉ်တွေကို မနှောင့်နှေးစေနဲ့"
မြင်းရထားလုံးမောင်းသူက ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းလိုက်သည်။
Chapter 4343
"ဟုတ်ကဲ့ ဟုတ်ကဲ့...အရှင်ရဲ့ကိစ္စက ပိုပြီးအရေးကြီးပါတယ်"
ချီအင်ပါယာ၏ကင်းလှည့်အရာရှိက ဦးညွှတ်အရိုအသေပြုလိုက်သည်။ထို့နောက် သူသည် ဤနေရာရှိလူများကို ရှင်းလင်းရန် သူ၏လက်အောက်ငယ်သားများကို အလျှင်အမြန်အမိန့်ပေးလိုက်၏။
မြင်းရထားလုံးမောင်းသူသည် လှောင်ပြောင်သရော်ပြီးနောက် မြင်းရထားလုံးကို အဝေးသို့မောင်းနှင်သွားတော့သည်။
သူ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသော အရိပ်အယောင်များရှိနေသည်။ချီအင်ပါယာ၏စစ်သားများကိုကြည့်သော သူ၏အကြည့်သည် ပုရွက်ဆိတ်များကို ကြည့်နေသည့်အလားပင်။
ပတ်ဝန်းကျင်ရှိ အလုပ်သမားများအားလုံး အလွန်ဒေါသထွက်သွားသည်။
လက်သည်တံရားခံသည် သူ၏အသက်ဖြင့် ပြန်ပေးဆပ်ရခြင်း မရှိရုံသာမက မည်သည့်လျော်ကြေးကိုမျှ မပေးဆပ်ရဘဲ လွတ်လွတ်လပ်လပ် ထွက်သွားနိုင်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။
"မင်းတို့မှာ သူ့ကိုလွှတ်ပေးဖို့ ဘာအခွင့်အာဏာရှိလို့လဲ..သူက လူသတ်သမားတစ်ယောက်လေ"
အလုပ်သမားများက ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။
သူတို့သည် ထန်အင်ပါယာမှလူများနှင့် ပတ်သက်သည့် ဆိုးရွာသောနာမည်ဂုဏ်သတင်းများကို ကြားသိပြီးဖြစ်သည်။သို့ရာတွင် ဤမတော်တဆကိစ္စကမူ သူတို့၏မျက်လုံးများရှေ့၌ ဖြစ်ပွားသွားခဲ့သည်။
"ဘယ်လိုပဲဖြစ်ဖြစ် သူက အပြင်လူတစ်ယောက်ပဲ...ငါတို့က သူ့ကို အခွင့်အရေးတစ်ခု ပေးရမယ် ...သူတို့လို ရာထူးကြီးတဲ့လူတွေကို ငါတို့က ရိုသေလေးစားရမယ်မဟုတ်လား"
ကင်းလှည့်အရာရှိကမျက်မှောင်ကြုတ်၍ပြောဆိုသည်။
အလုပ်သမားများအားလုံးသည် ဒေါသထွက်နေသည့်အကြားမှ ပျက်ရယ်ပြုလိုက်ကြသည်။
ဤသည်မှာ မည်ကဲ့သို့သဘောတရားမျိုး ဖြစ်သနည်း....
နေ့လည်ခင်းကြောင်တောင်တွင် လူသတ်ခဲ့သော်လည်း တရားခံသည် အပြစ်ပေးမခံရရုံသာမက သူတို့သည် သူ့အား ရိုသေလေးစားရမည်ဟု ဆိုလိုက်သလော....
"လူသတ်သမားကို အပြစ်ပေးစမ်း"
"ထန်အင်ပါယာကလူတွေက ဘာကောင်တွေမလို့လဲ....သွေးကြွေးကို သွေးနဲ့ပြန်ဆပ်ရမယ်"
ကောင်းကင်ချိုးဖျက်ခံတပ်မြို့အတွင်းမှ လူများသည် ဖိနှိပ်ခံထားရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခုလက်ရှိချိန်တွင် သူတို့၏အော်သံများသည် ပတ်ဝန်းကျင်နေရာတဝိုက်၌ ပြည့်နှက်နေပေ၏။
ဤနေရာ၌ လူများပို၍ပို၍စုဝေးလာကာ အများစုသည် အလုပ်ကြမ်းသမားများဖြစ်ပြီး သူတို့အားလုံး အလွန်အမင်းဒေါသထွက်နေသည်။
"အတင့်ရဲလိုက်တာ...မင်းတို့လို ရိုင်းစိုင်းတဲ့ကောင်တွေက အုပ်ချုပ်ရေးအဖွဲ့ကို ပြန်ပြီးမေးခွန်းထုတ်ရဲတာလား.. ပြဿနာရှာတဲ့ကောင်တွေကို ဖမ်းချုပ်ပြီးတော့ ထောင်ထဲပို့လိုက်စမ်း"
ကင်းလှည့်အရာရှိသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် လက်အောက်ငယ်သားများက အလုပ်သမားများကို ဖမ်းဆီးရန်အတွက် ရှေ့သို့တိုးဝင်လာကြသည်။
အလုပ်သမားများကို ခေါင်းဆောင်သော လူတစ်ယောက်၏မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"လူသတ်သမားက သူ့ရဲ့ခေါင်းကိုမော့ပြီးတော့ ထွက်သွားနိုင်တယ်... ဒါပေမဲ့ ငါတို့တွေကတော့ အဖမ်းခံရတယ်....ဒီနေရာမှာ တရားမျှတမှုမရှိတော့ဘူးလား...ငါတို့က ချီအင်ပါယာရဲ့လူတွေဖြစ်နေတာတောင် ချီအင်ပါယာက ငါတို့ကို ကာကွယ်မပေးဘူးလား"
"ငါတို့ချီအင်ပါယာက ထန်အင်ပါယာနဲ့ မိတ်ဆွေဖွဲ့ချင်တယ်..ဒါကြောင့် ငါတို့က ထန်အင်ပါယာရဲ့လူတွေကို လေးလေးစားစားဆက်ဆံပြီးတော့ သူတို့ကို ဦးစားပေးရမယ်...မင်းတို့ နားလည်ကြလား...မင်းတို့လို နိမ့်ကျတဲ့ကောင်တွေရဲ့ခေါင်းတွေထဲမှာ ရွှံတွေပဲရှိတယ်...ဒီနေရာမှာလာပြီးတော့ ပေါက်ကရစကားတွေ ပြောမနေကြနဲ့...သူတို့အားလုံးကို ဖမ်းလိုက်ကြစမ်း"
ကင်းလှည့်အရာရှိက အမိန့်ပေးသည်။
ချီစစ်သားများသည် မည်သည့်စကားကိုမျှပြောဆိုခြင်းမပြုဘဲ အလုပ်သမားများနှင့် နင်ချန်းရှန်တို့ကို ဆွဲခေါ်ကာ ဖမ်းချုပ်ထားလေ၏။
....
မြင်းရထားလုံးသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် မောင်းနှင်လာပြီးနောက် ကောင်းကင်ချိုးဖျက်ခံတပ်ကို စောင့်ကြပ်နေသော မဟာစစ်ဗိုလ်ချုပ်အိမ်တော်ရှေ့သို့ ရောက်ရှိသွားသည်။
ဤနေရာသည် မူလက ဝမ်ရှင်းအမတ်ကြီး၏အိမ်တော်ပင်။သို့ရာတွင် ယခုလက်ရှိအချိန်၌ ဤနေရာကို ချီစစ်တပ်မှ သိမ်းပိုက်ထားပြီးလေပြီ။
ချီအင်ပါယာသည် ကောင်းကင်ချိုးဖျက်ခံတပ်၏ တပ်မှူးအဖြစ် ဗိုလ်ချုပ်ယုဝမ်ယဲ့ကို ခန့်အပ်ထားသည်။ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ချိုးဖျက်မြို့အတွင်းမှ စစ်ရေးနှင့်အုပ်ချုပ်ရေးအရာရှိများအားလုံး အိမ်တော်၏ပြင်ပါ၌ စောင့်ဆိုင်းနေကြသည်။
မြင်းရထားလုံးရပ်တန့်သွားပြီးနောက် ယုဝမ်ယဲ့ခေါင်းဆောင်သော အရာရှိများအားလုံးက အလျင်စလိုဆီးကြိုနှုတ်ဆက်လိုက်သည်။
"ထန်အင်ပါယာရဲ့သံတမန်ကြီးကို ကြိုဆိုပါတယ်"
ယုဝမ်ယဲ့က မြင်းရထားလုံးထံသို့ဦးတည်ပြီး ဦးညွှတ်အရိုအသေပြုလိုက်သည်။
မြင်းရထားလုံး၏လိုက်ကာ ပွင့်သွားကာ ခမ်းနားထည်ဝါစွာဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက်ထွက်လာသည်။
ချီအင်ပါယာမှ လူငယ်အရာရှိတစ်ယောက်သည် ချက်ချင်းဆိုသလိုပင် ရှေ့သို့ပြေးထွက်ကာ မြေပြင်ပေါ်၌ဒူးထောက်ပြီး သူ၏နောက်ကျောကို လူအိုကြီးခြေနင်းရန် ကျောက်တုံးအဖြစ် အသုံးပြုစေသည်။
"ငါက ကောင်းကင်မူဝါဒရုံးတော်ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ရှီရှားကျိုးပဲ...ငါ ဒီနေရာကိုလာတာက အရင်အရာရှိတွေရဲ့အရေးကိစ္စကိုကိုင်တွယ်ဖို့အတွက်ပဲ...ဗိုလ်ချုပ်ယုဝမ် အချိန်မဖြုန်းနဲ့တော့....မင်းရဲ့လက်ရှိအခြေအနေ ငါ့ကိုပြောပြစမ်း"
လူအိုကြီးက မောက်မာထောင်လွှားစွာ ပြောဆိုသည်။
အဆင့်အတန်းအရဆိုလျှင် ယုဝမ်ယဲ့သည် ကောင်းကင်ချိုးဖျက်ခံတပ်၏အစောင့်တပ်မှူးဖြစ်သဖြင့် ဤအဖွဲ့ခေါင်းဆောင်လေးတစ်ယောက်ထက် များစွာပို၍အဆင့်မြင့်သည်။
သို့ရာတွင် တစ်ဖက်လူသည် ထန်အင်ပါယာမှလာသော သံတမန်ဖြစ်နေပေ၏။
ယုဝမ်ယဲ့ မဆိုထားနှင့် သူ၏အထက်လူကြီးများပင်လျှင် ဤလူအိုကြီးကို ရိုသေလေးစားစွာ ဆက်ဆံရပေမည်။
ယုဝမ်ယဲ့က အလျင်စလိုဦးညွှတ်အရိုအသေပြုပြီး ပြောဆိုသည်။
"ဟုတ်ကဲ့....ဝမ်ရှင်းအမတ်ကြီးရဲ့မိသားစုဝင်တွေအားလုံးကိုလည်း ဖမ်းချုပ်ထားတယ်...သူတို့က ခေါင်းဖြတ်ကွက်မျက်ခံရဖို့အတွက် စောင့်ဆိုင်းနေရတယ်"
ရှားကျိူးက မျက်မှောင်ကြုတ်လိုက်သည်။
"ခေါင်းဖြတ်ကွက်မျက်မှာလား...တခြားရက်ကို ရွေးမနေနဲ့တော့....မနက်ဖြန်ကျရင် သူတို့အားလုံးကိုသတ်ပြီးတော့ ကောင်းကင်ချိုးဖျက်ခံတပ်မှာ ကျန်နေသေးတဲ့ တာယွီအင်ပါယာရဲ့လူတွေကို ပြရမယ်"
"သူတို့အားလုံးကို သတ်မှာလား"
ယုဝမ်ယဲ့က ထိတ်လန့်တကြားပြောဆိုသည်။
"အဲ့ဒီလူတွေရဲ့အဆင့်အတန်းက မနိမ့်ဘူး...တကယ်လို့ ငါတို့က သူတို့အားလုံးကို သတ်လိုက်မယ်ဆိုရင် ကောင်းကင်ချိုးဖျက်ခံတပ်ထဲမှာ ပုန်ကန်မှုတွေဖြစ်လာမှာကို ငါ စိုးရိမ်မိတယ်"
"ငါတို့ ထန်အင်ပါယာရှိနေမှတော့ မင်းက ဘာတွေကို ကြောက်နေတာလဲ....အခုချိန်မှာ တာယွီမြို့တော်ကို ထန်စစ်တပ်က ဝိုင်းထားတယ်...ပုန်းကွယ်နဂါးစစ်တပ်က ပုန်ကန်သူတွေလည်း အရှုံးနဲ့ဆုတ်ခွာသွားကြပြီ...မကြာခင်မှာ ထန်အင်ပါယာက ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို အုပ်စိုးနိုင်တော့မယ်...ဘယ်ကောင်က အတင့်ရဲပြီးတော့ ပုန်ကန်ဝံ့မှာလဲ...ငါ့ရဲ့ဦးဆောင်မှုအောက်မှာ ဘာမှဖြစ်လာမှာမဟုတ်ဘူး"
ရှားကျိုးက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"သူတို့ကို ဒီနေ့ သေသေချာချာ စောင့်ကြည့်ထားစမ်း...မနက်ဖြန်ကျရင် သူတို့ကို သတ်တဲ့နေရာမှာ ငါကိုယ်တိုင် ကြီးကြပ်မယ်"
Chapter 4344
ရှားကျိုး၏အာမခံချက်ကြောင့် ယုဝမ်ယဲ့သည်ချက်ချင်းဆိုသလိုပင် စတင်၍လှုပ်ရှားလိုက်တော့သည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် ယုဝမ်ယဲ့၏စွမ်းဆောင်ရည်သည် အလွန်မြင့်မားသည်ဟု ဆိုနိုင်ပေ၏။
တစ်ရက်အချိန်အတောအတွင်းတွင် ကောင်းကင်ချိုးဖျက်မြို့အတွင်းရှိ ဝမ်ရှင်းအမတ်ကြီးနှင့် ဆက်နွယ်နေသောလူများအားလုံး ဖမ်းဆီးခြင်းခံရသည်။
ထိုလူများအနက်မှတချို့သည် သူတို့၏စစ်တပ်သံချပ်ကာများကိုချွတ်၍ လယ်ယာစိုက်ပျိုးနေကြသည်။တချို့ကမူ ကောင်းကင်ချိုးဖျက်ခံတပ်၏ချီစစ်တပ်အတွင်း၌ စစ်သားများအဖြစ်ရှိနေဆဲပင်။သူတို့အားလုံးသည် ကောင်းကင်ချိုးဖျက်မြို့အတွင်း၌ အသက်ရှင်သန်နိုင်ရန် ရုန်းကန်နေခဲ့ရသည်။
သူတို့သည် ဤနေရာ၌ အသက်ရှင်သန်နိုင်ရန် အလွန်ခက်ခဲနေသော်လည်း ချီစစ်တပ်သည် သူတို့အားလုံးကိုသတ်ဖြတ်လိုမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။
"တကယ်လို့ ချီအင်ပါယာက ငါတို့အားလုံးကိုသတ်ချင်တယ်ဆိုရင် ငါတို့က သေမှာကိုထိုင်စောင့်မနေနိုင်ဘူး...သူတို့နဲ့ သေတဲ့အထိတိုက်ခိုက်ကြစို့"
မြို့အတွင်း၌ ပုန်းအောင်းနေသော လူများအနက်ကောင်းကင်ချိုးဖျက်ခံတပ်၏ စစ်သားဟောင်းအမြောက်အများ ရှိနေသည်။
ဤပဋိပက္ခသည် အလွန်ကြီးမားသွားပေ၏။ထိုလူများကို ရှာဖွေဖမ်းဆီးရာ၌ ဦးဆောင်သော ချီစစ်သားများသည် ဤကဲ့သို့ပုန်ကန်မှုမျိုး ဖြစ်ပွားလာမည်ဟု မျှော်လင့်မထားမိသဖြင့် သူတို့အားလုံး သတ်ဖြတ်ခြင်းခံလိုက်ရသည်။
ချီစစ်သားများ၏စွမ်းရည်မပြည့်ဝမှုကြောင့် မြို့အတွင်းတွင်ရှိနေသော ပုန်ကန်သူအင်အားစုများ ပို၍ရဲတင်းလာသည်။ချီစစ်တပ်မှစစ်သားအများစုသည် သတိထား၍စောင့်ကြည့်နေရကာ သူတို့အား လက်စားပြန်ချေမည်ကို ထိတ်လန့်ကြောက်ရွံ့နေကြသည်။
ချီအင်ပါယာကို တည်ထောင်ပြီးသွားသောအချိန်တွင် ချီဘုရင်ပိုင်ဆိုင်သော အဓိကစစ်တပ်တချို့မှလွဲ၍ ကြွင်းကျန်သောစစ်တပ်များအားလုံးမှာ လေလွင့်ကျင့်ကြံသူများကိုစုစည်းထားခြင်းဖြစ်သည်။
ဤသည်မှာ ချီဘုရင်ကို ပုန်ကန်မှုကြီး စတင်ခဲ့သည့်အလားပင်။
တာယွီကောင်းကင်ဘုံအင်ပါယာသည် အထွတ်အထိပ်အခြေအနေ၌ ရှိနေစဉ်အချိန်ကပင် လေလွင့်ကျင့်ကြံသူများကို သိမ်းသွင်းသောစွန့်စားမှုကြီးကို မပြုလုပ်ခဲ့ချေ။
စစ်တပ်အင်အားကို ဖြည့်တင်းနိုင်ရန်အလို့ငှာ ချီအင်ပါယာသည် နယ်မြေခံဂိုဏ်းများ သူခိုးဓားပြများနှင့် တခြားအင်အားစုများထံမှ လူအင်အားအရေအတွက် အမြောက်အများကို ခေါ်ယူခဲ့သည်။အချိန်တိုအတွင်းမှာပင် ထိုလူများအားလုံးသည် ချီအင်ပါယာ၏တရားဝင်စစ်သားများ ဖြစ်လာကြ၏။
ဤကဲ့သို့ အကောင်းအဆိုးရောနေသောစစ်သားများကြောင့် ချီအင်ပါယာ၏တိုက်ခိုက်ရေးစွမ်းအားသည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ အလွန်အမင်းအားနည်းသည်။
ယုဝမ်ယဲ့သည် တနေကုန်လိုက်လံဖမ်းဆီးခဲ့သည့်တိုင် သူသည် အသက်အရွယ်အိုမင်းသူများ အားနည်းသူများ အမျိုးသမီးများနှင့်ကလေးများကိုသာ ဖမ်းဆီးမိသည်။သို့ရာတွင် သူ၏လူများသည်လည်း ပုန်ကန်သူများ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရလေ၏။
"သံတမန်ကြီး ငါ့ကို အခွင့်အရေးတစ်ခုလောက်ထပ်ပေးပါဦး....ဒီနေ့ည သူတို့တွေ ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ ငါက သူတို့အားလုံးကို ဖမ်းဆီးမယ်"
ယုဝမ်ယဲ့က ပြောဆိုသည်။
ရှားကျိုး အထင်အမြင်သေးသောအမူအယာဖြင့် ယုဝမ်ယဲ့ကိုတစ်ချက်ကြည့်ပြီးနောက် အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"ချီစစ်သားတွေကို မှီခိုအားထားလို့မရဘူးဆိုတာ ငါ သိတယ်..မင်း အဲ့ဒီကိစ္စကို လုပ်ဖို့မလိုတော့ဘူး"
ယုဝမ်ယဲ့၏မျက်နှာ နီမြန်းသွားသော်လည်း ရှားကျိုးပြောဆိုသောစကားများမှာ အမှန်ပင်။
ချီအင်ပါယာ၏တရားဝင်စစ်တပ်သည် အားနည်းသောလူတစ်သိုက်ကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး စစ်တပ်ဘက်တွင်မူ စစ်ဗိုလ်ချုပ်များနှင့်စစ်သားများ ဆုံးရှုံးသွားခဲ့သည်။
အကယ်၍ ဤသတင်းသာ ပြန့်သွားပါက သူသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံး၏ ရယ်စရာပြက်လုံးကြီးတစ်ခု ဖြစ်လာပေမည်။
"မင်း ဘာမှလုပ်ဖို့မလိုတော့ဘူး...ပုန်းကွယ်နဂါးစစ်တပ်ကို ထိန်းချုပ်ဟန့်တားဖို့အတွက် ဒီလူတွေကို အမြန်ဆုံးသတ်ရမယ်လို့ သခင်လေးကိုယ်တိုင် ငါ့ကို အမိန့်ပေးထားတယ်"
ရှားကျိုးက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ထန်စစ်တပ်က မြို့ထဲကို ရောက်နေပြီ ...ကွပ်မျက်ရေးစင်မြင့်ကို ကြိုပြီးတည်ဆောက်ထားလိုက်တော့..မနက်ဖြန်ကျရင် လမ်းပေါ်မှာ အဲ့ဒီလူတွေအားလုံးကို ခေါင်းဖြတ်ကွပ်မျက်မယ်""
ကောင်းကင်ချိုးဖျက်ခံတပ်၏ခုခံကာကွယ်ရေးစစ်သားအများစုသည် ပုန်းကွယ်နဂါးစစ်တပ်နှင့် အဆက်အသွယ်ရှိပေ၏။
လီထန်း၏အမိန့်အရ ရှားကျိုးသည် ကောင်းကင်ချိုးဖျက်ခံတပ်မှ စစ်သားများအားလုံးကိုသတ်ဖြတ်ပြီး ထန်အင်ပါယာကိုဆန့်ကျင်ခြင်း၏အကျိုးဆက်များကို တခြားလူများအားလုံး သိရှိအောင် ပြာသရပေမည်။
ယုဝမ်ယဲ့၏နောက်တွင်ရှိနေသော စစ်ဗိုလ်ချုပ်များသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့ထံတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်ချိုးဖျက်ခံတပ်သည် နာမည်ခံအားဖြင့် ချီအင်ပါယာ၏နယ်မြေပင်။သို့ရာတွင် ထန်စစ်တပ်သည် မြို့အတွင်းသို့ မဆင်မခြင်ကျူးကျော်ဝင်ရောက်လာဝံ့သည့်အပြင် ချီအင်ပါယာမှတပ်မှူးထံသို့ပင် အကြောင်းကြားခဲ့ခြင်းမရှိချေ။
"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်အရှင်....ငါ့ရဲ့ကိုယ်စား ဆောင်ရွက်ပေးတဲ့အတွက် အရှင့်ကို ကျေးဇူးတင်ပါတယ်"
ယုဝမ်ယဲ့သည် ထိတ်လန့်ကြောက်ရွံစွာဖြင့် တုန်တုန်ရီရီပြောဆိုကာ သူ၏မျက်နှာပေါ်တွင် ကျေးဇူးတင်မှုအရိပ်အယောင်များဖြင့် ပြည့် နှက်နေသည်။
ညအချိန် ရောက်ရှိလာစဉ်တွင်...
သံချပ်ကာဝတ်မြင်းစီးစစ်သားတစ်စုသည် ကောင်းကင်ချိုးဖျက်ခံတပ်အတွင်း၌ ထွက်ပေါ်လာပေ၏။
အိမ်များအတွင်းမှနေ၍ မရေမတွက်နိုင်သောမျက်လုံးအကြည့်များ ပြင်ပသို့ရောက်ရှိသွားသော်လည်း သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော စစ်သားများကိုမြင်တွေ့ချိန်တွင် သူတို့အားလုံး ထိတ်လန့်ကြောက်ရွံ့သွားသည်။
ထန်အင်ပါယာ၏ ထျန်းစီမြင်းစီးစစ်သည်တော်များ...
ဤသည်မှာ ထန်စစ်တပ်၏လက်ရွေးစင် စစ်တပ်များအနက်မှတစ်တပ်ဖြစ်ပြီး ကောင်းကင်မူဝါဒရုံးတော်သခင်လေးများ၏အမိန့်အောက်၌ ရှိနေသည်။
ချီအင်ပါယာမှအရာရှိများ၏ ဦးဆောင်မှုအောက်တွင် ထျန်းစီစစ်တပ်သည် ကောင်းကင်ချိုးဖျက်ခံတပ်မှ အကြွင်းအကျန်များ ပုန်းအောင်းနေသည့်နေရာကို အလျှင်အမြန်ရှာဖွေတွေ့ရှိသွားလေ၏။
"ထန်စစ်သားတွေ ဘယ်လိုလုပ်ပြီး ကျူးကျော်ဝင်ရောက်လာတာလဲ"
"ဖောက်ထွက်ကြ....ဖောက်ထွက်ကြစမ်း"
ထိတ်လန့်တကြားအော်သံများနှင့် ဒေါသတကြီးအော်ဟစ်သံများက လမ်းများအတွင်းမှ ထွက်ပေါ်လာကာ မကြာမီမှာပင် တိုက်ပွဲစတင်တော့သည်။
သို့ရာတွင် အလွန်လျှင်မြန်စွာဖြင့် ထျန်းစီစစ်သားများသည် ထိုလမ်းများအတွင်းမှ အလောင်းအမြောက်အများကို သယ်ထုတ်လာကာ ပတ်ဝန်းကျင်သည် တဖန်ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
ထန်စစ်တပ်သည် ဤနေရာရှိ လူများအားလုံးကိုသတ်ဖြတ်ပြီးနောက် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တခြားနေရာတနေရာသို့ ရောက်ရှိသွားသည်။
Chapter 4345
နောက်တစ်နေ့တွင်....
မိုးကောင်းကင်ယံအတွင်း၌ ရောင်နီလာစပြုနေလေပြီ။
ထောင်သောင်းချီသောလူများသည် သူတို့၏လက်များနှင့်ခြေထောက်များကို ချည်နှောင်ခြင်းခံရကာ ကြီးမားကျယ်ပြန်သောမြေပြင်ပေါ်၌ ဒူးထောက်နေရသည်။
ဤနေရာသည် မူလက ကောင်းကင်ချိုးဖျက်စစ်တပ်မှစစ်သားများ လေ့ကျင့်ရေးကွင်းပြင်အဖြစ် အသုံးပြုသောနေရာပင်။သို့ရာတွင် ယခုလက်ရှိချိန်၌ ဤနေရာသည် ကွပ်မျက်ရေးကွင်းပြင်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။
ဤကွင်းပြင်၏နံဘေးပတ်ဝန်းကျင်တွင် ချီစစ်သားများရှိနေကာ ပတ်ဝန်းကျင်နေရာတဝိုက်ကို အခိုင်အမာကာကွယ်စောင့်ကြပ်ထားသည်။ပြင်ပတွင်မူ ထျန်းစီမြင်းစီးစစ်သည်တော်တစ်ရာကျော်မှ စောင့်ကြပ်နေလေ၏။
ကွပ်မျက်ရေးကွင်းပြင်၏ပြင်ပတွင် လာရောက်စောင့်ကြည့်သော လူအမြောက်အများလည်း ရှိနေသည်။ထိုလူများသည် ကွပ်မျက်ရေးကွင်းပြင်အတွင်းရှိ လှုပ်ရှားမှုတစ်ခုစီတိုင်းကို စူးစိုက်၍ကြည့်နေကြသည်။
"စုံစမ်းစစ်ဆေးစမ်း"
ရှားကျိုနှင့်ယုဝမ်ယဲ့တို့သည် ကြီးကြပ်ကွပ်ကဲသူနေရာ၌ ထိုင်လိုက်ကြ၏။သူတို့သည် အဆင့်အတန်းမြင့်မားသူများဖြစ်သဖြင့် သူတို့၏မျက်နှာများပေါ်တွင် မောက်မာထောင်လွှားသောအမူအယာများ ရှိနေသည်။
သူတို့၏အမိန့်သံနဲ့အတူ ကွပ်မျက်ရေးကွင်းပြင်ပေါ်၍ လေးလံသောသံကြိုးများမှအသံများ မြည်ဟီးလာသည်။
အကျဉ်းထောင်ဝတ်စုံကိုဝတ်ဆင်ထားသော လူတချို့သည် ဖရိုဖရဲဖြစ်နေသောဆံပင်များဖြင့် ကွင်းပြင်အတွင်းသို့ ရောက်ရှိလာသည်။သူတို့၏လက်ကောက်ဝတ်များနှင့်ခြေချင်းဝတ်များတွင် လေးလံသောသံကြိုးများဖြင့်ချည်နှောင်ထားကာ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် မှော်စွမ်းအားတားမြစ်အဆောင်လက်ဖွဲ့များကို ကပ်ထားလေ၏။သူတို့၏မျက်နှာများပေါ်တွင် ဖုန်မှုန်များဖြင့် ပေကျန်နေသည်။
ကွင်းပြင်၏ပြင်ပတွင်ရှိနေသော လူများထံမှ ထိတ်လန့်တကြားရေရွတ်သံများ ထွက်ပေါ်လာသည်။ထို့နောက် လူအများသည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးတိုင်ပင်ဆွေးနွေးလိုက်ကြ၏။သူတို့သည် သူတို့၏မျက်လုံးများကိုပင် မယုံကြည်နိုင်တော့ချေ။
ဤအကျဉ်းသားများ၏ရှေ့ဆုံး၌ရှိနေသူသည် လူလတ်ပိုင်းကြီးတစ်ယောက်ပင်။သူ၏ဆံပင်များ ဖရိုဖရဲဖြစ်ပြီးရှုပ်ထွေးနေကာ ဆံပင်ဖြူများကိုပင် မြင်တွေ့နိုင်သည်။ဤသည်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
ဝမ်ရှင်းအမတ်ကြီး ယင်ကျန်းသဲ...
သူသည် ယခင်က ကောင်းကင်ချိုးဖျက်ခံတပ်ကို ကာကွယ်စောင့်ကြပ်ခဲ့သော အမတ်ကြီးတစ်ယောက်ပင်။မြို့အတွင်း၌ သူသည် ကျော်ကြားသူတစ်ယောက်ဖြစ်ကာ သူ့ထံတွင် အလွန်မြင့်မားသော နာမည်ဂုဏ်သတင်းရှိသည်။
ဤကဲ့သို့ သူရဲကောင်းတစ်ယောက်သည် တရက်တွင် အကျဉ်းသားတစ်ယောက် ဖြစ်လာမည်ဟု မည်သူကမျှ တွေးထင်ထားမိခြင်းမရှိပေ။
ယင်ကျန်းသဲ၏နောက်တွင် အမျိုးသားနှင့်အမျိုးသမီးတစ်စု ရှိနေသည်။ထိုလူစုအနက် ယင်ထျန်းမင်နှင့်ယင်ချူးရွှေတို့အပြင် ယင်မိသားစုမှအကြီးအကဲများ အမျိုးသမီးများနှင့်ကလေးများပါဝင်သည်။သူတို့အားလုံးသည် လူတစ်ရာကျော် ရှိနေပေ၏။
သူတို့သည် ယင်မိသားစု၏တိုက်ရိုက်မျိုးဆက်များပင်။
သူတို့၏လက်များကို နောက်ပြန်ချည်နှောင်ခြင်းခံထားရကာ သူတို့တစ်ယောက်ခြင်းစီသည် သစ်သားဆိုင်းဘုတ်ပြားတစ်ခုကို ကိုင်ထားရသည်။ထိုဆိုင်းဘုတ်ပြားပေါ်တွင် 'သေဒဏ်'ဟု တောက်ပသောအနီရောင်စာလုံးကြီးများဖြင့် ရေးသားထားသည်။
ယင်မိသားစုမှလူများအားလုံး မြေပြင်ပေါ်၌ ဖိနှိပ်ခြင်းခံလိုက်ရသည်။ယင်ကျန်းသဲသည် ခေါင်းမော့ထားသဖြင့် ထျန်းစီမြင်းစီးစစ်သားလေးယောက်မှ သူ့အား အောက်သို့ဖိနှိပ်လိုက်သည်။ထိုအချိန်ကျမှသာ သူသည် မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။
ယင်ကျန်းသဲ၏မျက်နှာပေါ်တွင် ရှည်လျားသောအမာရွတ်ကြီးတစ်ခု ရှိနေသည်။သူသည် အကျဉ်းထောင်အတွင်း၌ ရိုက်နှက်ခံခဲ့ရသည်မှာ သိသာထင်ရှားသည်။
"ယင်ကျမ်းသဲ...မင်းရဲ့အပြစ်ကို မင်း သိလား"
ယုဝမ်ယဲ့က အော်ဟစ်လိုက်သည်။
ယင်ကျန်းသဲသည် အေးစက်တင်းမာစွာဖြင့် ယုဝမ်ယဲ့ကိုကြည့်ကာ မည်သည့်စကားကိုမျှ တုံ့ပြန်ပြောဆိုခြင်းမရှိချေ။
ဤသည်မှာ ရဲတင်းသော အထင်အမြင်သေးခြင်းပင်။ယုဝမ်ယဲ့သည် ဤကဲ့သို့ အရှက်ခွဲခံရသဖြင့် ဒေါသထွက်သွားကာ ပြောဆိုလိုက်၏။
"မင်းက စစ်သားတွေကိုလွှတ်ပြီးတော့ ထန်စစ်သားတွေကို သတ်ဖြတ်ခဲ့တယ်...မင်းရဲ့လက်မှာ မရေမတွက်နိုင်တဲ့သွေးတွေ စွန်းထင်းနေတယ်...ဒါက ကြီးလေးတဲ့ပြစ်မှုကြီးမဟုတ်လား"
ယင်ကျန်သဲက သူ၏ခေါင်းကိုမော့ပြီး ပြောဆိုသည်။
"ငါက တော်ဝင်နန်းတွင်းရဲ့အမိန့်အရ နယ်စပ်ကစခန်းကာကွယ်ခဲ့တယ်...ငါက ဘာပြစ်မှုကို ကျူးလွန်ခဲ့လို့လဲ"
"တော်ဝင်နန်းတွင်းလား...ဘာတော်ဝင်နန်းတွင်းလဲ...တာယွီတော်ဝင်နန်းတွင်းက အနှေးနဲ့အမြန် ပြိုလဲပျက်စီးသွားလိမ့်မယ်...အခုအချိန်မှာ ဒီနေရာက ချီအင်ပါယာရဲ့လက်အောက်မှာ ရှိနေတယ်"
ယုဝမ်ယဲ့က ခြေတစ်ချက်ဆောင့်ပြီး အော်ဟစ်လိုက်သည်။
"ဒါက ထန်အင်ပါယာရဲ့ခွေးတစ်ကောင်ပဲ မဟုတ်လား...မင်းတို့ကောင်တွေကို ဖြေရှင်းမယ့် တစ်စုံတစ်ယောက်က အနှေးနဲ့အမြန် ထွက်ပေါ်လာလိမ့်မယ်"
ယင်ကျန်းသဲ၏မျက်နှာအမူအယာ တည်ငြိမ်နေကာ သူက အေးစက်တင်းမာစွာ ပြောဆိုသည်။
"အမှိုက်ကောင်...လာကြစမ်း...သူ့ကို အရင်ဆုံး အချက်လေးဆယ်ရိုက်ကြစမ်း...သူ့ရဲ့မာနတွေကို အရင်ဆုံးရိုက်ချိုးရမယ်"
ယုဝမ်ယဲ့သည် အလွန်ဒေါသထွက်နေပေ၏။
သူသည် အမှန်အားဖြင့် ထန်အင်ပါယာစိတ်ကျေနပ်အောင် ပြောဆိုနေခြင်းပင်။သို့ရာတွင် ဤကိစ္စကို ယင်ကျန်းသဲက ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ဤသည်မှာ သူ့အား မျက်နှာချင်းဆိုင်၍ အရှက်ခွဲခြင်းပင်။
"ခဏနေအုံး"
ထိုအချိန်မှာပင် နံဘေးတစ်ဖက်တွင်ရှိနေသော ရှားကျိုးက ရုတ်တရက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ယင်ကျန်းသဲကိုရိုက်ရန် ဟန်ပြင်နေသော စစ်သားများသည် ချက်ချင်းဘေးသို့ဖယ်ကာ ရှားကျိုးပေးအပ်မည့်အမိန့်ကို စောင့်ဆိုင်းလိုက်ကြသည်။
ရှားကျိုးက ယင်ကျန်းသဲကိုစူးစိုက်ကြည့်ပြီး ပြောဆိုသည်။
"ဝမ်ရှင်းအမတ်ကြီး....မင်းတို့ယင်မိသားစုရဲ့ မိသားစုဝင်အယောက်တစ်ရာကျော်ရဲ့ အသက်တွေက မင်းရဲ့လက်ထဲမှာ ရှိနေတယ်....မင်းရဲ့လက်အောက်ငယ်သားတွေထဲကတချို့က လုယွီရဲ့လူတွေဆီက လှည့်စားတာကို ခံခဲ့ရတယ်...ဒါကြောင့် သူတို့က ငါတို့ထန်အင်ပါယာကို ဆန့်ကျင်တိုက်ခိုက်ခဲ့တာပဲ...ငါတို့ထန်အင်ပါယာက မင်းကို အရမ်းတန်ဖိုးထားတယ်...ဒါကြောင့်မင်းက အမှားကိုပြန်ပြင်ပြီးတော့ ငါတို့ထန်အင်ပါယာနဲ့ပူးပေါင်းမယ်ဆိုရင် အရှင်ဧကရာဇ်က မင်းကို ငါတို့အင်ပါယာမှာ အမတ်ကြီးတစ်ယောက်ရာထူး ရစေရမယ်လို့ ကတိပေးထားတယ်"
ယင်ကျန်းသဲက ရှားကျိုးကို တစ်ချက်ကြည့်လိုက်သည်။
"မင်းက ဘယ်သူလဲ"
"ငါက ကောင်းကင်မူဝါဒရုံးတော်ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ရှားကျိုးပဲ"
"မင်းရဲ့အရှင်သခင်တွေဆီကို ပြန်သွားပြောလိုက်စမ်း...ငါ့ကိုထန်အင်ပါယာဆီမှာ လက်အောက်ခံစေချင်တဲ့ကိစ္စက ဘယ်လိုမှ ဖြစ်လာမှာမဟုတ်ဘူး...ငါ့ရဲ့မိသားစုဝင်တွေနဲ့မိတ်ဆွေတွေအားလုံးကို သတ်လိုက်ရင်တောင် ဘာဖြစ်လာမှာမလို့လဲ....ငါ ယင်ကျန်းသဲက ဘယ်တော့မှ ငါ့ရဲ့အင်ပါယာကို သစ္စာမဖောက်ဘူး"
Thank For Reading.