← Chapters

အခန်း (၁၃၉-၁၄၁)

Vol. 10 Ch. 139-141

အခန်း (၁၃၉-၁၄၁)

Vol. 10 Ch. 139-141

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၃၉)

"ဒီတော့ ငါတို့ ဘာဆက်လုပ်ကြမလဲ"

ကျွမ်ရှန်းနီက အမြဲတမ်းပဲ ကျားလေးယောက်ကို အရာရာလုပ်စေခဲ့တာပါ။နတ်ဆရာ(မှော်ဆေးဆရာကို နတ်ဆရာလို့ ပြောင်းသုံးပါပြီ)ဌာနရဲ့ ထိပ်သီးကျောင်းသားနှစ်ယောက် စာရင်းမှာ သူမ ပါဝင်နေရခြင်းက ဌာနက ကျောင်းသားတွေရဲ့ လုပ်ဆောင်ပေးမှုကြောင့်ပါပဲ သူမတော်လွန်းလှလိုပ မဟုတ်ပါဘူး။

အခုတော့ ဒီလိုအဖြစ်ကို ကြုံရချိန်မှာ သူမ ငိုချင်တာပဲ သိပါတယ်။

"ငါလည်းမသိဘူး။စစ်ဆေးပွဲမစခင်က နည်းပြက ငါတို့ကို အချက်ပြကျောက်ပေးခဲ့တယ်မလား။ ငါ အခုပဲ တွေးမိလိုက်တာက ငါတို့သာ ကျောက်ကိုမချေမွလိုက်ရင် နည်းပြက ငါတို့တံဆိပ်တွေအကုန် မရှိတော့တာကို သိမှာမဟုတ်ဘူး"

မန်ယိဂျွန်က သူ့မျက်ခုံးမွှေးကို ပွတ်လိုက်ရင်း ပြောလိုက်ပါတယ်။ သူ့မျက်နှာကတော့ ကြေကွဲနေတယ်ပုံပါပဲ။

"အခုတော့ တစ်ခြားအသင်းတွေရဲ့ တံဆိပ်တွေကို စောနိုင်သမျှစောစောရအောင် လုပ်မှပဲ ငါတို့တံဆိပ်တွေ မရှိတော့တာကို သူများတွေမသိအောင် လုပ်လို့ရမှာပဲ"

"ဟုတ်တယ် ငါတို့က အချက်ပြကျောက်ကို မချေရုံပဲလေ။ ငါတို့ ကျဆုံးတာကို ဘယ်သူမှ သိမှာမဟုတ်ဘူး"

လိရှန်း စိတ်သက်သာရသွားပါပြီ။ အဲ့ဒီနောက်တော့ သူတို့အဖွဲ့အတွက် မျှော်လင့်ချက်ဖြစ်တဲ့ ရှန်ဂေါင်းရှောင်ဆီ လှမ်းကြည့်လိုက်ပါတယ်။

"ရှန်ဂေါင်း ဖြေဆေးအတွက် တိုးတက်မှုအခြေအနေက ဘယ်လိုလဲ"

ရှန်ဂေါင်းရှောင်ဟာ သူ့ကို ပြန်ကြည့်လိုက်ကာ အေးဆေးစွာပဲ ပြောလိုက်ပါတယ်။

"အနည်းနဲ့အများတော့ ငါ ဖြေဆေးကို စပ်နိုင်မှာပဲ။ ဒါပေမဲ့ ငါ့ဆီမှာရှိတဲ့ ဆေးမြစ်တွေက နည်းနေပြီ။ ကံကောင်းတာကတော့ ဖြေဆေးစပ်ဖို့ လိုတဲ့ဆေးမြစ်တွေအားလုံးကို ဒီအနက်ရောင်တောထဲမှာ ရှာလို့ရတာပဲ။ ဆေးမြစ်တွေကို ရပြီးတာနဲ့ သုံးရက်အတွင်း ဖြေဆေးရမှာပဲ"

ဒီအဖွဲ့သားတွေကြောင့် သူ မကျဆုံးချင်ရင် သူအစွမ်းကုန်ကြိုးစားရမှာပါပဲ။

"ရှန်ဂေါင်းရှောင် ဖြေဆေးစပ်နိုင်တာနဲ့ ငါတို့ရဲ့ မူလအားတွေ ပြန်ရမှာပဲ။ ငါတို့အင်အားနဲ့ဆို သူများတွေဆီကနေ တံဆိပ်တွေယူတာက လွယ်မှာပဲ။ ကြူရှီယာရဲ့ အဖွဲ့ကပဲ ငါတို့နဲ့ယှဉ်ပြိုင်နိုင်မှာ ကျန်တဲ့အဖွဲ့တွေကတော့ ဖားတွေပဲ။ နောက်ပြီးတော့လည်း တောထဲကို မလာခင်မှာ ငါသတင်းရထားတာက ကြူရှီယာတို့အဖွဲ့က ဆေးကျောင်းသားနှစ်ယောက် ပါပေမယ့်လို့ ကျောင်းသားသစ်တွေတဲ့။ သူတို့ရဲ့ ဆေးပညာက ရှန်ဂေါင်းရှောင်နဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး"

မန်ယိဂျွန် စိတ်အေးလက်အေးနေလိုက်ပါတယ်။ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ ရှန်ဂေါင်းရှောင်အား ဖြေဆေးဖော်စပ်ခိုင်းဖို့ပါပဲ။ ကံကောင်းလို့ပေါ့ သူတို့သာ အချက်ပြကျောက်ကို မသုံးသရွေ့ နည်းပြတွေဟာ သူတို့ရဲ့ အနေအထားကို သိမှာမဟုတ်ပါဘူး။ ဒါ သိပ်မဆိုးဘူးပဲ။

ရှန်ယန်ရှောင်က သစ်ကိုင်းပေါ်မှာထိုင်နေပြီး သူမပါးစပ်ထဲမှာတော့ အသားခြောက်ကို ဝါးနေပါတယ်။ သူမက ချောင်းရှူတို့ရဲ့ ဖြစ်ပျက်နေတာတွေကို ကြည့်ကာ ရယ်ချင်နေပါတယ်။

သူတို့ရဲ့ အကြံက သူမအတွက် အံ့အားသင့်စရာ မရှိပါဘူး။ ဒီလူတွေက သက်ဆိုင်ရာဌာနတွေရဲ့ အတော်ဆုံးလူတွေထဲ ပါဝင်ကြလို့ စစ်ဆေးပွဲကနေ အစောကြီးကန်ထုတ်ခံရမှာကို လက်ခံနိုင်မှာမဟုတ်ဘူးလေ။ မင်း ကျဆုံးတာကို ဖုံးကွယ်ထားတယ်ဆိုတာ ပုံမှန်လူတစ်ယောက်လုပ်မယ့် အရာပါပဲ။

သူမ စိတ်ဝင်စားတာကတော့ သူတို့ဒီကိုမလာခင် နည်းပြ ပြောခဲ့တယ်ဆိုတဲ့ အကြောင်းကိုပါ။

နည်းပြပြောခဲ့တာကတော့ အဖွဲ့ရဲ့ ငါးယောက်ထဲက တစ်ယောက်မှာ တံဆိပ်ရှိနေသရွေ့ သူတို့အသင်းဟာ စစ်ဆေးပွဲအတွက် အရည်အချင်းပြည့်မှီသေးတယ်ဆိုတာကိုပါ။ ဒါပေမဲ့ ငါးယောက်လုံး တံဆိပ်မရှိတော့တာနဲ့ အလိုအလျောက်ပဲ စစ်ဆေးပွဲကနေ ထုတ်ခံရမယ်လို့ ပြောခဲ့ပါတယ်။

သူမ သိချင်နေတာက တော်ဝင်ရိုလန်ကျောင်းရဲ့ နည်းပြဆရာတွေဟာ ကျောင်းသားတွေက သူတို့မသိအောင် ဖုံးကွယ်ထားမှာကို မစိုးရိမ်ကြဘူးလားဆိုတဲ့ အချက်ကိုပါ။

အချက်ပြကျောက်ဆိုတာက အသုံးပြုရတဲ့အရာဖြစ်လို့ ဘယ်အဖွဲ့ကမှ တစ်ကယ်တန်း သုံးကြမှာမဟုတ်ဘူး။

အချက်ပြကျောက်သာ မသုံးရင် ဘယ်သူကမှ အဖွဲ့ရဲ့ ကျဆုံးမှုကို သိကြမှာလည်း မဟုတ်တော့ဘူး။

ဒီအခြေအနေအရ အဖွဲ့တွေရဲ့ ကျဆုံးမှုကို ဆုံးဖြတ်မယ့်စည်းကမ်းက အသုံးမဝင်သလို ဖြစ်နေပါတယ်။ အချက်ပြကျောက်တွေကိုပဲ စစ်ဆေးပွဲကျဆုံးမှုရလာဒ်အဖြစ် အသုံးပြုမယ်ဆိုရင် စစ်ဆေးပွဲပြီးတဲ့အချိန်ထိ ကျဆုံးတဲ့အသင်း တစ်သင်းမှရှိမှာမဟုတ်ပါဘူး

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၄၀)

သူမကတော့ တော်ဝင်ရိုလန်ကျောင်းရဲ့ နည်းပြဆရာတွေက ဒီလိုယိုပေါက်ကြီးကို ဘာမှမလုပ်ဘဲ ပစ်ထားမယ်လို့ မယုံကြည်ပါဘူး။ သူမကတော့ လုပ်စရာအရေးတကြီးမရှိလို့ ချောင်းရှူတို့အခြေအနေကိုပဲ ဆက်လက်စောင့်ကြည့်နေပါတယ်။

သူတို့ကတော့ အခြေအနေဆိုးကနေ လွတ်မြောက်ပြီလို ယုံနေကြသော်လည်း သူတို့ရဲ့ စိတ်ကူးသက်သက်ပါပဲ။

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က တောင်ဝှေးတစ်ချောင်းကိုကိုင်လျှက် ဂူဝမှာထွက်ပေါ်လာပါတယ်။

ဆေးမြစ်တွေကို ဘယ်လိုရှာကြမလဲဆိုတာကို အကြိတ်အနယ်ဆွေးနွေးနေကြတဲ့ ဆယ်ကျော်သက်လေးတွေဟာ ရုတ်တရက်ထွက်ပေါ်လာတဲ့ သက်လတ်ပိုင်းအရွယ်လူကြီးဆီ အာရုံရောက်သွားကြပါတယ်။

အဆိုပါလူရဲ့ မျက်နှာကို တွေ့လိုက်တာနဲ့ လိရှန်းမျက်နှာသွေးဆုတ်သွားပါတယ်။

"ကန်းဆီ နည်းပြ"

လိရှန်းက ရုတ်တရက်ရောက်လာတဲ့ နည်းပြကို စိုးရိမ်စွာနဲ့ ကြည့်လိုက်ပါတယ်။

ချောင်းရှူနဲ့ တစ်ခြားသူတွေလည်း လန့်သွားကြပါတယ်။

သူတို့ရှေ့မှာပေါ်လာတဲ့ သက်လတ်ပိုင်းလူက တစ်ခြားလူမဟုတ်ဘဲ သူတို့အဖွဲ့အတွက် တာဝန်ရှိတဲ့ နည်းပြဆရာဖြစ်ပြီး တောအုပ်ဆီလိုက်ပို့ခဲ့တာလည်း ဒီနည်းပြပဲဖြစ်ပါတယ်။ ကန်းဆီဟာ မှော်ပညာဌာနကဖြစ်ပြီး လိရှန်းရဲ့ နည်းပြလည်းဖြစ်ပါတယ်။

"နည်းပြ ဘာဖြစ်လို့ နည်းပြက ဒီကိုလာတာလဲ"

လိရှန်းက ကန်းဆီရဲ့ မျက်နှာအမူအယာကို ကြည့်ကာ အပြစ်မကင်းသလိုခံစားနေရပါတယ်။ သူ့ရင်ဘတ်ကို မသိမသာလေး လက်နဲ့ကာလိုက်မိပါတယ်။

ကန်းဆီရဲ့ မျက်လုံးအစုံက ဂူထဲက လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်ပါတယ်။

"မင်းတို့ကို အနက်ရောင်တောအုပ်ထဲကနေ ခေါ်ထုတ်ပေးဖို့ ငါလာတာပဲ"

"ဘာ"

ကန်းဆီရဲ့ စကားက လိရှန်းတို့ကို တန့်ကနဲဖြစ်သွားစေခဲ့ပါတယ်။

သူတို့ရဲ့ တံဆိပ်ငါးခုလုံး မရှိတော့တာကို ကန်းဆီသိသွားပြီပေါ့။ ဒါပေမဲ့ သူတို့က အချက်ပြကျောက်ကို မချေခဲ့ပါဘူး။

ကန်းဆီက ဒီလူငယ်တွေရဲ့ ခေါင်းထဲမှာဘာတွေးနေလဲဆိုတာ သိဟန်နဲ့ မနှစ်မြို့ဟန်နဲ့ ပြောလိုက်ပါတယ်။

"မင်းတို့သာ အချက်ပြကျောက်ကို မသုံးခဲ့ရင် မင်းတို့တံဆိပ်တွေ မရှိတော့ဘူးဆိုတာကို ငါ မသိဘူးလို့ ထင်ကြတယ်ပေါ့ ဘယ်လောက် တုံးလိုက်သလဲကွာ"

လိရှန်းတို့ဟာ တံတွေးမြိုချလိုက်မိပါတယ်။ ဘဝင်အမြင့်ဆုံး ချောင်းရှူတောင် ကန်းဆီရှေ့မှာတော့ အတွန့်မတက်ရဲပါဘူး။

"ကျောင်းသားတွေအားလုံးကို တောအုပ်ဆီလိုက်ပို့တဲ့ နည်းပြတွေအားလုံးက မှော်ပညာဌာနကဆိုတာ မင်းတို့ မရိပ်မိကြဘူးလား"

ကန်းဆီက သူ့ရဲ့ အေးစက်တဲ့လေသံကြောင့် ပိုလန့်လာကြတဲ့ အဖွဲ့ကို ကြည့်ရင်း ပြောလိုက်ပါတယ်။

"မင်းတို့ တောထဲဝင်တာနဲ့ ငါက မင်းတို့တံဆိပ်တွေအပေါ်မှာ ဂါထာတစ်ခု သုံးထားလိုက်တယ်လေ။ မင်းတို့တံဆိပ်ငါးခုလုံး မရှိတော့တာနဲ့ ငါ တန်းသိတာပဲ"

ကန်းဆီရဲ့ စကားက ချောင်းရှူတို့ခေါင်းအား အိပ်မက်မက်နေတုန်း ရေအေးအေးနဲ့ လောင်းချလိုက်သလိုပါပဲ။ မျှော်လင့်ချက်လေးမှိန်ပျပျကို တွေ့လိုက်ချိန်မှာပဲ အကုန်ပျက်စီးသွားခဲ့ရပါပြီ။

"ကန်းဆီနည်းပြ ကျေးဇူးပြုပြီး ကျွန်တော်ပြောတာ နားထောင်ပေးပါ။ ဒီအဖြစ်က လုံးဝကိ မတော်တဆဖြစ်ခဲ့တာပါ။ ဖြစ်တာတွေအားလုံးက ချောင်းရှူကြောင့်ပါ သူ့ကြောင့်သာမဟုတ်ရင် တံဆိပ်ပျောက်မှာ မဟုတ်ဘူး"

လိရှန်းက ကန်းဆီဆီသို့ သွားလိုက်ပြီး အခြေအနေကို ကယ်တင်နိုင်ဖို့ လုပ်လိုက်ပါတယ်။

"နည်းပြကန်းဆီ ကျွန်တော်တို့ကို အချိန်လေး နည်းနည်းပိုပေးလိုက်ပါလား။ ကျွန်တော်တို့တံဆိပ်တွေက ဂူထဲက တစ်နေရာရာမှာ ကျနေတာပဲဖြစ်မှာပါ။ ကျွန်တော်တို့ကို ရှာခွင့်ပေးပါနော်"

မန်ယိဂျွန်ကလည်း မြန်မြန်ဝင်ပြောလိုက်ပါတယ်။

ကန်းဆီ မဲ့လိုက်ပြီး အေးစက်စက်ပြောလိုက်ပါတယ်။

"မေ့လိုက်တော့။ ငါ့ဂါထာအောက်မှာ မင်းတို့ရဲ့ တံဆိပ်တွေက မင်းတို့နဲ့ ဆယ်မီတာအတွင်းမှာ ရှိနေသရွေ့ အချက်ပေးမှာမဟုတ်ဘူး။ နောက်ပြီးအခုက အချက်ပေးသံမြည်နေတယ်။ မင်းတို့ရဲ့ တံဆိပ်က ဒီဂူထဲမှာ မရှိတော့ဘူူး"

ဂူတစ်ခုလုံးက ဆယ်မီတာထက် နည်းနည်းပဲကြီးမှာပါ။ ချောင်းရှူနဲ့ တစ်ခြားလေးယောက်က တစ်နေရာထဲမှာ စုနေတာမဟုတ်ဘဲ ဖြန့်ကျက်နေကြလို့ တံဆိပ်သာ ဂူထဲမှာရှိသေးရင် မတွေ့စရာအကြောင်း မရှိပါဘူး။

ကန်းဆီရဲ့ စကားက ချောင်းရှူတို့အဖွဲ့အား အရေးနိမ့်စေလိုက်ပါတယ်။ စိတ်အားတက်ကြွနေတဲ့ လူငယ်ငါးယောက်က ချက်ချင်းပဲ ညှိုးငယ်နွမ်းနယ်သွားကြပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၄၁)

ဂူအပြင်မှာတော့ ကန်းဆီရဲ့ စကားတွေကို ကြားလိုက်ရတဲ့ ရှန်ုယန်ရှောင်ဟာ သူမလျှာလေးကို ထုတ်လိုက်မိပါတယ်။ သူတို့နဲ့ သူမရဲ့ အကွာအဝေးက ဆယ်မီတာထက် ပိုဝေးပေမယ့် သူမသာ အနည်းငယ်တိုးလိုက်မိရင် သူမ လက်စွပ်ထဲက တံဆိပ်တွေက အချက်ပြမှုထုတ်လွှတ်လိုက်မှာကို သူမ စိုးရိမ်စွာ တွေးမိလိုက်ပါတယ်။

ကံကောင်းစွာနဲ့ ချောင်းရှူတို့ အခြေအနေကို ကြည့်ဖို့ သူမ စောင့်နေခဲ့လို့သာပေါ့လေ မဟုတ်ရင် တံဆိပ်တွေမှာ ဒီလိုအချက်တွေရှိတာကို သူမ သိမှာမဟုတ်ပါဘူး။

ဒီနေရာကနေ မြန်မြန်ထွက်သွားတာ အကောင်းဆုံးလို့ သူမတွေးလိုက်ပါတယ်။ ဇာမဏီငှက်ကိုခေါ်ပြီး ထွက်သွားမယ်အလုပ်မှာပဲ ကန်းဆီဟာ သူ့လက်စွပ်ထဲကနေ အပြာနုရောင်ဆေးရည်လေးပုလင်းကို ထုတ်လိုက်ပါတယ်။

"ဒီဟာက အားကျဆေးအတွက် ဖြေဆေးပဲ။ အခု ဒီဆေးကိုသောက်လိုက် ပြီးရင် ငါနဲ့အတူ တောထဲကနေပြန်ကြမယ်"

ရှန်ယန်ရှောင်မျက်လုံးတွေ တောက်ပသွားပါတယ်။ သူမရဲ့ ရွှန်းလက်နေတဲ့မျက်လုံးက ကန်းဆီလက်ထဲက ဆေးရည်ပုလင်းတွေကို ကြည့်နေပါတယ်။

တစ်ကယ်ပဲ ရေငတ်တုန်းရေတွင်းထဲကျတာပဲ။

နည်းပြက ဖြေဆေးဆောင်ထားမယ်လို့ သူမ မတွေးမိခဲ့ပါဘူး။

ဂူထဲက အခြေအနေကို သူမ ဆက်လက်စောင့်ကြည့်နေလိုက်ပါတယ်။ ရှန်ဂေါင်းရှောင်ကလွဲရင် ကျန်တဲ့လေးယောက်လုံး မသောက်ချင်စွာနဲ့ ဖြေဆေးသောက်လိုက်ကြပါတယ်။ ခဏတောင်မကြာလိုက်ဘဲ လေးယောက်လုံး မူလအားအင်တွေ ပြန်ရသွားကြါပတယ်။

ချောင်းရှူတို့က ဌာနတွေရဲ့ ထိပ်သီးကျောင်းသားသုံးယောက်ပါဝင်တဲ့ အဖွဲ့က ဒုတိယနေ့မှာပဲ ကျဆုံးမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။ နောက်ပြီးတော့လည်း သူတို့ရဲ့ တံဆိပ်တွေဘယ်လိုဖြစ်လို့ ပျောက်သွားတာလဲဆိုတာကို မသိရဘဲ ကန်းဆီက တော်အုပ်ထဲကနေ သူတို့ကို ခေါ်ထုတ်သွားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ ချောင်းရှူပတ်သတ်နေတာကတော့ သေချာပါတယ်။ ချောင်းရှူဝန်ခံခံ မခံခံ ကျန်တဲ့လေးယောက်လုံးက သူ့အပေါ် ရန်သူလို့မြင်နေကြပါပြီ။

ဒီအဖွဲ့ကို ကျဆုံးစေခဲ့သူ မိစ္ဆာတို့ရဲ့ မူလအစဖြစ်တဲ့ ရှန်ယန်ရှောင်ကတော့ ကျေနပ်နေပါတယ်။

တံဆိပ်ပေါ်က မှော်အကြောင်းကို သူမ သိခဲ့ရရုံသာမက ဖြေဆေးကို အလကားရမယ့် နည်းကိုလည်း ရှာတွေ့ခဲ့ပါတယ်။

သူမရဲ့ ဝက်လိုအဖွဲ့သားလေးကောင်အပေါ် သူမ သိပ်ဂရုမစိုက်ပေမယ့် အားကိုးအားထားပြုခံရသူ ဖြစ်လို့ ဝက်လေးကောင်ကို သူမ ကယ်တင်ပေးရဦးမှာပါ။

နည်းပြဆရာဆီက ဖြေဆေးကို ရအောင် ဘယ်လိုယူမလဲဆိုတာက အဖြေထုတ်ရမယ့်အရာပါပဲ။

သူမက တောထဲမှာ တစ်နေ့လုံးနီးပါး လှည့်ပတ်သွားနေပါတယ်။ သူမက တစ်ခြားကျောင်းသားတွေနဲ့ ခဏခဏ တွေ့ဆုံခဲ့ပါတယ်။ များသောအားဖြင့်က အဖွဲ့တွေ တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ မှော်အမျိုးမျိုးနဲ့ မြှားတွေက ကောင်းကင်မှာ ပျံဝဲနေကြပြီး တော်ထဲမှာ ဆူညံနေပါတယ်။

အဲ့ဒီကျောင်းသားတွေကလွဲရင် နည်းပြတွေကို သူမ မတွေ့ပါဘူး။

ကြည့်ရတာ သူတို့ရဲ့ သက်ဆိုင်တဲ့ အဖွဲ့တွေ မကျဆုံးဘူးဆိုရင် တောထဲကို ဝင်ခွင့်ပြုဟန်မတူဘူး။

သူမလုပ်ဖို့လိုတာဆိုလို့ တောအုပ်ထဲက နည်းပြတစ်ယောက်ကို လှည့်စားဖို့ပါပဲ။

နည်းပြက တောထဲဝင်လာပြီဆိုတာနဲ့ ဖြေဆေးသုံးပုလင်းကို နည်းပြရဲ့ လက်စွပ်ထဲကနေ ခိုးယူဖို့အတွက် နည်းလမ်းအမျိုးမျိုး သူမမှာရှိပါတယ်နော် ပြောရရင် ဘုရားတောင်မှ အဲ့ဒီနည်းတွေကို သိမှာမဟုတ်ဘူး။

နည်းပြကို တောထဲဝင်လာစေဖို့ သူမ ဘယ်လိုလုပ်ရမလဲဆိုတာကတော့.....

ဟုတ်တာပေ့ါ.......

တစ်ခြားအဖွဲ့ရဲ့ တံဆိပ်တွေကို ဓားပြတိုက်ရမှာပေါ့။

"အိုး..ဘယ်လောက် ကံမကောင်းလိုက်သလဲနော်"

သူမ အစီအစဉ်ဆွဲပြီးတာနဲ့ သူမအတွက် ပစ်မှတ်ကို တွေ့လိုက်ရပါတယ်။

ဒီအဖွဲ့က မိန်းကလေး လေးယောက်နဲ့ ကျားတစ်ယောက်အဖွဲ့ပါ။ ဒီအချိန်မှာတော့ တောထဲမှာ တစ်နေ့နဲ့တစ်ည သွားလာထားရတဲ့ မိန်းကလေး လေးယောက်က တောထဲက ရေပူစမ်းထဲမှာ သဘာဝစတိုင်နဲ့ ရေချိုးနေကြပါတယ်။

တစ်ယောက်တည်းသော ယောကျ်ားလေးဖြစ်သူဟာ မျက်နှာကြီးနီရဲနေပြီး သစ်ပင်တစ်ပင်ရဲ့နောက်မှာ ထိုင်ကာ မွှေးရနံ့သင်းပျံ့နေတဲ့ တံဆိပ်လေးခုကို ကိုင်ထားပါတယ်။

All Chapters