← Chapters

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၄၈)

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီကိစ္စက တော်တော်အန္တရာယ်များလွန်းတယ်"

တစ်ခြားနည်းပြတွေအဖို့ ကျောင်းသားတွေကြားမှာ ဆင့်ခေါ်သူတစ်ယောက်ရှိနေခြင်းက မအပ်စပ်တဲ့ အန္တရာယ်များလွန်းတဲ့ အဖြစ်တစ်ခုပါပဲ။

"နည်းပြ လင်းယူ ဒီဆင့်ခေါ်သူရဲ့ အဆင့်ကိုသိမြင်နိုင်သလား"

နာကန်မျက်မှောင်ကုတ်လိုက်မိပါတယ် သူလည်းပဲစိတ်ထဲမှာ စိုးရွံ့နေမိပါတယ်။

သက်ကြီးနည်းပြက တစ်ကယ်တန်းတော့ ဒီစာမေးပွဲရဲ့ အဓိကခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ဒီနေ့အဖြစ်အပျက်တွေအတွက် သူတို့အားလုံးက နည်းပြလင်းယူရဲ့ အမိန့်ကိုနာခံယုံပဲရှိတာပါ။

လင်းယူ မျက်မှောင်ကုတ်ကာ တွေးနေလိုက်ပြီးနောက် ပြောလိုက်ပါတယ်။

"လင်းကီနဲ့ ချောင်းရှူတို့ရဲ့ အခြေအနေတွေအရ သူတို့အပေါ်သုံးထားတဲ့ ကျိန်စာက စိတ်ကိုခိုင်းစေထိန်းချုပ်တဲ့ကျိန်စာဖြစ်ပြီးတော့ အနိမ့်ဆုံးကျိန်စာအဆင့်က လေးမျိုးပေါင်းစပ်ကျိန်စာပဲ"

"လေးမျိုးပေါင်းစပ်ကျိန်စာ"

တဲတစ်ခုလုံး ပွက်လောရိုက်သွားပါတယ်။ ဆင့်ခေါ်သူတွေဟာ နိမ့်ကျနေပြီဖြစ်သော်လည်း သူတို့နဲ့ ပတ်သတ်တဲ့ ကောလာဟလတွေက ဘယ်တော့မှပျောက်ကွယ်မသွားပါဘူး။ အရိုးဆုံးအဆင့် ဆင့်ခေါ်သူအတတ်တွေဟာ တစ်မျိုးကျိန်စာတွေဖြစ်ပြီး ဆင့်ခေါ်သူကျောင်းသားတစ်ဦးကတောင် သင်ယူလေ့လာနိုင်ပါတယ်။ ပေါင်းစပ်ကျိန်စာတွေကတော့ တစ်ကယ်ဆင့်ခေါ်သူတွေသာ သင်ယူနိုင်တာဖြစ်ပြီး ပေါင်းစပ်မှုများလေလေ ခက်ခဲလေလေပါပဲ။

မူလတန်းဆင့်ခေါ်သူတစ်ယောက်က နှစ်မျိုးပေါင်းစပ်ကျိန်စာကိုသာ သုံးနိုင်ပြီး သုံးမျိုးနဲ့လေးမျိုးပေါင်းစပ်ကျိန်စာတွေကိုတော့ အလတ်တန်းဆင့်ခေါ်သူတွေသာ သုံးနိုင်ပါတယ်။ ငါးမျိုးနဲ့ခြောက်မျိုးတွေကိုတော့ အကြီးတန်းဆင့်ခေါ်သူတွေသာသုံးနိုင်ကြပါတယ်။

ဒါဆိုရင် အနက်ရောင်တောအုပ်ထဲက ဆင့်ခေါ်သူရဲ့ အစွမ်းကအလတ်တန်းအဆင့်ပေါ့။ နောက်ပြီးတော့လည်း လေးမျိုးပေါင်းစပ်ကျိန်စာကိုသုံးနိုင်တဲ့အတွက် ကြယ်လေးပွင့်အလတ်တန်းဆင့်ခေါ်သူ ဖြစ်ပြီးတော့ အကြီးတန်းအဆင့်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။

လက်ရှိရှိနေတဲ့နည်းပြအားလုံးက အကြီးတန်းမှော်ဆရာတွေဖြစ်ကြပါတယ်။ အလတ်တန်းဆင့်ခေါ်သူဟာ သူတို့လောက်အစွမ်းမရှိပေမယ့် ဆင့်ခေါ်သူပညာရပ်ဟာ ရန်သူနဲ့ထိပ်တိုက်ရင်ဆိုင်တဲ့ ပညာမဟုတ်ပါဘူး။

သူတို့ရဲ့အဆင့်ကမြင့်ပေမယ့်လို့ အမှောင်ထဲကနေတိုက်မယ့် ဆင့်ခေါ်သူအား သူတို့ကိုင်တွယ်နိုင်ဖို့က မသေချာပါဘူး။

နောက်ပြီးတော့လည်း ဆင့်ခေါ်သူကျိန်စာအတတ်ကနေ ကာကွယ်ဖု့ိကခက်ခဲပါတယ်။ ဘယ်နေရာကနေ ဘယ်လိုကျိန်စာမျိုးနဲ့တိုက်မယ်ဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။

"တစ်ဖက်လူက ကြယ်လေးပွင့်အလတ်တန်းဆင့်ခေါ်သူဖြစ်ဟန်တူပြီး အကြီးတန်းအဆင့်ကိုရောက်ကာနီးနေဖို့က ပိုဖြစ်နိုင်ခြေများတယ်။ ခြုံပြောရရင် လေးမျိုးပေါင်းစပ်ကျိန်စာကိုသုံးထားတာက သူဟာအလတ်တန်းဆင့်ခေါ်သူထဲမှာ ထိပ်ဆုံးနားရောက်နေတယ်ဆိုတာပြနေတာပဲ"

လင်းယူစိတ်ထဲ နေလို့မကောင်းဘူးဖြစ်နေပါတယ်။ ဆင့်ခေါ်သူတွေဆိုတာ ပြည်မကလူတွေအားလုံးအတွက် အိပ်မက်ဆိုးကြီးပါပဲ။ အလတ်တန်းဆင့်ခေါ်သူတစ်ယောက်ကတောင် သူတို့ကိုခေါင်းကိုက်အောင်လုပ်နေပါပြီ။

တစ်ဖက်လူသာ အကြီးတန်းဆင့်ခေါ်သူ ဒါမှမဟုတ် အဆင့်မြင့်ဆင့်ခေါ်သူအဖြစ် ရောက်ရှိသွားရင် သူ့အနေနဲ့အဆင့်မြင့်မှော်ဆရာတန်းမှာ ထိပ်ဆုံးရောက်နေရင်တောင် ထိုဆင့်ခေါ်သူကိုယှဉ်နိုင်မှာ မဟုတ်သေးပါဘူး။

"လက်ရှိအနေအထားမှာ ငါတို့ဖက်ကလက်လွတ်စံပါယ် လုပ်လို့မဖြစ်သေးဘူး။ အဲ့လူက ကျောင်းသားတွေကို တစ်ကယ်အန္တရာယ်ပေးခဲ့တာလည်းမဟုတ်တော့ သူ့ကိုယ်သူလူသိမခံချင်တာပဲဖြစ်မယ်။ ငါတို့ကသာ ကျောင်းသားတွေကို ပြန်ခေါ်လိုက်ရင် သူသတိထားမိသွားမှာပဲ။ ဆင့်ခေါ်သူကိုချောင်ပိတ်အောင် ငါတို့လုပ်လိုက်မိရင် နောက်ဆက်တွဲဖြစ်ရပ်တွေက မတွေးဝံ့စရာဖြစ်သွားမယ်။ ရက်စက်တဲ့ကျိန်စာတစ်ချို့ ပေါင်းစပ်ကျိန်စာတွေထဲမှာရှိတယ်။ အခုလောလောဆယ် ငါတို့ဘာမှလုပ်လို့မရသေးတော့ ကျောင်းကိုပြန်ရောက်ချိန်သာစောင့်ပြီး ရောက်တာနဲ့ကျောင်းအုပ်ကို ဒီကိစ္စကိုင်တွယ်ခိုင်းလိုက်မယ်လေ"

` လင်းယူအနေနဲ့လည်း ကျဉ်းထဲကြပ်ထဲရောက်နေပြီး သူကိုယ်တိုင်ဘာမှလုပ်နိုင်တာလည်းမရှိပါဘူး။ သူသိတာတစ်ခုကတော့ ဆင့်ခေါ်သူဟာ ကျောင်းသားတွေကြားမှာရှိနေတယ်ဆိုတာပါပဲ။

ဒါပေမဲ့ အဲ့လူက ဘယ်သူလဲ....

သူက ဘာဖြစ်လို့ ကျောင်းသားတွေကြားမှာ ပုန်းကွယ်နေရတာလဲ....

သူ့ရည်ရွယ်ချက်က ဘာလဲ......

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၄၉)

ညအခါကာလ ရောက်ချိန်မှာတော့ အနက်ရောင်တောအုပ်တစ်ခုလုံးမှာ တိုက်ခိုက်သံတွေကို ပြန်ကြားနေရပါပြီ။

အဖွဲ့ငါးဖွဲ့က သူတို့ပစ်မှတ်ဖြစ်တဲ့ လူလေးယောက်ကို သဲကြီးမဲကြီးလိုက်လံတိုက်ခိုက်နေပါတယ်။

သူတို့အရှေ့မှာက စုတ်ပြတ်သတ်နေတဲ့ လူပုံစံရှိပုံရတဲ့လေးယောက်က အသဲအသန်ပြေးနေကြပါတယ်။

အခုလိုထွက်ပြေးနေရတဲ့ စုတ်တီးစုတ်ပြတ်လေးယောက်ဟာ တစ်ခြားသူတွေမဟုတ်ပါဘူး ရှန်ယန်ရှောင်ရဲ့ အသင်းဖော်တွေဖြစ်တဲ့ ဝက်လေးကောင်ပါပဲ။

"အဲ့ကောင်တွေတော့ကွာ။ ငါတို့တံဆိပ်တွေကို အခြားအဖွဲ့တွေဆီပေးခဲ့တာလို့ ပြောတာကို သူတို့ကဘာလို့ လက်မလျှော့ကြသေးတာလဲ"

နောက်ကနေပစ်လိုက်တဲ့ မြှားတွေကိုရှောင်လိုက်ရင်းနဲ့ တန်နာဇီက စိတ်လက်မရွှင်စွာနဲ့ အော်လိုက်ပါတယ်။

ဘာဖြစ်လို့ နတ်သိကြားတွေက သူတို့အပေါ်မကောင်းလုပ်နေတာလဲဆိုတာ သူတို့မသိပါဘူး။ အနက်ရောင်တောအုပ်ထဲဝင်ပြီးတာနဲ့ သူတို့နောက်ကို ကျောင်းသားအုပ် ခြောက်အုပ်ခုနှစ်အုပ်လောက်ကနေ သူတို့ကိုသတ်မယ်ဆိုပြီး လိုက်တာခံနေရပါတယ်။ အဆိုပါကျောင်းသားတွေရဲ့ ရည်ရွယ်ချက်က သူတို့တွေအင်အားပြန်မရခင် ချေမှုန်းဖို့ဆိုတာတော့ ထင်ရှားပါတယ်။ သူတို့လေးယောက်ကနေ ဘယ်လိုပဲရှင်းပြရှင်းပြ သူတို့ရဲ့တံဆိပ်တွေမရှိတော့ဘူးဆိုတာကို မယုံကြဘဲသူတို့ကိုဖမ်းကာ တံဆိပ်တွေရှာမယ်ပဲလုပ်ပြါတယ်။

နှစ်ရက်နဲ့တစ်ညတိုင်တိုင် သူတို့နောက်ကိုဘယ်နှစ်ကြိမ်လောက် အလိုက်ခံခဲ့ရတာကိုတောင် မမှတ်မိတော့ပါဘူး။ သန့်ရှင်းတောက်ပြောင်နေတဲ့ အဝတ်အစားအားလုံးလည်း စုတ်ပြတ်သတ်နေပါပြီ။

မှော်ဆရာတွေက မီးလုံးသုံးလိုက်တိုင်း မီးလောင်ရာတွေကျန်ရစ်ခဲ့ပါတယ်။ ကျန်တဲ့နေရာတွေကလည်း သစ်ကိုင်းဆူးခက်တွေနဲ့ညိကာ စုတ်ပြဲကုန်ပါပြီ။

တန်နာဇီနဲ့ကျန်သခင်လေးသုံးယောက်လုံးအဖို့ မွေးတည်းကနေလက်ရှိအချိန်ထိမှာ ဒီတစ်ကြိမ်သာ အရှက်ကွဲတာလို့ပြောနိုင်ပါတယ်။

သူတို့နောက်ကကျောင်းသားတွေက ခွေးရူးတွေလိုပဲ မည်းမည်းမြင်ရာကိုက်ပုံစံနဲ့ မီးလုံးတွေ မြှားတွေကိုထိချင်ရာထိပစ်လွှတ်နေကြတာပါ။

ရှေ့ကနေပြေးနေတဲ့ လေးကောင်လုံးမနားရဲပါဘူး။ သူတို့ခဏလေးရပ်တာနဲ့ သူတို့နောက်မှာ ကပ်ပါလာတဲ့ ဓားသမားတွေကခုန်အုပ်ထိုးနှက်တိုက်ခိုက်ကြမှာကို ကြောက်နေရလို့ဖြစ်ပါတယ်။

"သူတို့တွေ ငါတို့ပြောတာကိုမယုံလို့ဘဲလေ"

ကြူရှီယာကတော့ ပြုံးနေဆဲဖြစ်ပေမယ့် သူ့ရဲ့ချောမောတဲ့မျက်နှာမှာတော့ ထိခိုက်အနာတရဖြစ်ထားတာတွေပြည့်နေပါတယ်။ မှော်ဆရာတစ်ယောက်အနေနဲ့ မှော်အတတ်ကိုမသုံးနိုင်တော့ သူလည်းဘာမှမတတ်နိုင်ပါဘူး။

နောက်ကလိုက်နေတဲ့ လေးသမားတွေ မှော်ဆရာတွေအားလုံးက သူ့ကိုဝိုင်းပြီးအဓိကထားတိုက်ခိုက်ကြပါတယ်။ သူသာသွက်လက်မှုမရှိရင် ဒီအချိန်ဆိုတော်တော်လေးထိခိုက်နေပါပြီ။

"သူတို့က ငါတို့တွေ အချက်ပြကျောက်ကိုသုံးပြီး တောထဲကနေထွက်ရအောင် ဖိအားပေးနေကြတာပဲ"

ကြူရှီယာကပြေးရင်းလွှားရင်းနဲ့ ညကောင်းကင်ကိုမော့ကြည့်လိုက်ပါတယ်။ သူတို့တံဆိပ်တွေကို ပေးအပ်လိုက်တာက လုံးဝကောင်းမွန်တဲ့အစီအမံလို့ သူထင်ခဲ့မိပါတယ်။ ဒါပေမဲ့တစ်ခြားအဖွဲ့တွေနဲ့ တိုးမိမယ်လို့ သူမထင်ခဲ့မိပါဘူး။

သူတို့တံဆိပ်အားလုံး မရှိတော့ဘူးလို့ပြောလည်း တစ်ခြားသူတွေအနေနဲ့ အခုအချိန်ထိတောထဲမှာရှိနေသေးတဲ့ သူတို့ကိုယုံမှာမဟုတ်ပါဘူး။

သာမန်နေ့မှာသာဆိုရင် နောက်မှာလိုက်နေတာ အယောက်နှစ်ဆယ်လို့မပြောနဲ့ဦး နှစ်ဆရှိတယ်ဆိုရင်တောင် ဘယ်သူကများ သူတို့ကိုအထင်သေးရဲမှာလဲ။ သို့သော်လည်း သူ့လက်ရှိအစွမ်းက အခုအချိန်မှာဘာမှမလုပ်နိုင်ပါဘူး။

နေ့စဉ်လေ့ကျင့်မှုရဲ့ အသီးအပွင့်ဖြစ်နေတဲ့ ကိုယ်လက်ကြံ့ခိုင်မှုကလွဲရင် သူဟာအရိုးရှင်းဆုံးဖြစ်တဲ့ မီးလုံးကိုတောင်အနည်းငယ်မျှ မပစ်လွှတ်နိုင်ပါဘူး။

"ချီးပဲ။ဒီလူတွေက စိတ်ပျက်စရာအရမ်းကောင်းတာပဲကွ"

အမြဲတမ်းသရော်တော်တော်ပြောတတ်တဲ့ ယန်းရှီတောင် အခုလိုအလိုက်ခံရတာကို ပျော်စရာကောင်းတယ်လို့မထင်ပါဘူး။ ခုခံနိုင်စွမ်းအကောင်းဆုံးဖြစ်တဲ့ စစ်သူရဲတစ်ယောက်ဖြစ်လို့ လေးကောင်ထဲမှာ သူသာအခြေအနေအကောင်းဆုံးပါ။

တိုက်ခိုက်မှုအများဆုံးကို သူ့ဒိုင်းနဲ့ကာကွယ်နိုင်ပေမယ့် မှော်မီးတောက်ကြောင့် သူလည်းမီးလောင်ခံထားရပါတယ်။

အဆက်မပြတ်လိုက်ခံနေရမှုကြောင့် ဆေးဒဏ်ခံနေရတဲ့ သုံးကောင်လုံးမပျော်မရွှင်ဖြစ်နေရပါတယ်။

သူတို့အနေနဲ့နားချိန်တောင်မရသေးပါဘူး။

မနေ့ညတုန်းကလည်း အိပ်စက်ဖို့အတွက် တိတ်ဆိတ်တဲ့နေရာကိုရှာတွေ့ခဲ့ပေမယ့် မမျှော်လင့်ဘဲတစ်ခြားနှစ်ဖွဲ့နဲ့ရင်ဆိုင်တွေ့ခဲ့ရတယ်လေ။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၅၀)

လှဲတောင်မလှဲရသေးခင်မှာပဲ အတိုက်ခံခဲ့ရလို့ ပြန်တိုက်ကာထွက်ပြေးရုံကလွဲရင် ဘာမှမလုပ်နိုင်ခဲ့ပါဘူးလေ။

ဒေါသထွက်နေတဲ့လေးကောင်ထဲက နောက်ဆုံးကနေပြေးနေတဲ့ ယန်ယုမှာ တစ်ခုခုဖြစ်သွားပါတယ်။

နဂိုတည်းက ဖြူလျော်နေတဲ့မျက်နှာဟာ ဒီရက်ပိုင်းတွေမှာအညှင်းခံနေခဲ့ရလို့ သွေးမရှိတော့သလိုကိုဖြစ်သွားပါတယ်။ အကြာကြီးပြေးလွှားခဲ့ရမှုကြောင့် အသက်ကိုခက်ခဲစွာရှူနေရပါတယ်။

သူက ကြိုးစားကာလေရှိုက်သွင်းလိုက်သော်လည်း အသက်ရှူမဝဖြစ်နေပါတယ်။ ဖြူလျော်နေတဲ့မျက်နှာဟာ အစိမ်းရောင်သန်းသွားပါတယ်။

"ယန်ယု မင်းအခြေအနေကောင်းလား"

ယန်းရှီက ပြေးနှုန်းကိုလျှော့ချလိုက်ကာ ယန်ယုဘေးကနေမေးလိုက်ပါတယ်။

ယန်ယုလည်း ကြိုးစားပန်းစားနဲ့ ခေါင်းယမ်းပြလိုက်ပါတယ်။ ချွေးသီးချွေးပေါက်တွေက သူ့နဖူးပြင်ကနေကျဆင်းနေပြီး သူ့မျက်လုံးတွေေ၀ဝါးလာပါတယ်။

ယန်ယုရဲ့အနေအထားကိုတွေ့လိုက်တာနဲ့ အခြေအနေမလှတာကို သူတို့သိလိုက်ပါတယ်။

"နာဇီ ငါ့ပစ္စည်းတွေကိုကူသယ်ပေးဦး။ ယုလေး နေမကောင်းဖြစ်ပြန်ပြီ။ ငါ သူ့ကိုသယ်ခဲ့လိုက်မယ်"

ယန်းရှီလည်း လျှင်မြန်စွာနဲ့ သူ့ဒိုင်းနဲ့ ဓားအား တန်နာဇီဘေးကိုပစ်ချလိုက်ကာ ယန်ယုအားကျောပေါ်တင်ကာ ပြေးပါတော့တယ်။

ယန်ယုရဲ့ခေါင်းက ယန်းရှီပုခုံးပေါ်မှာမှီနေပါတယ်။ ယန်းရှီဟာ ယန်ယုရဲ့ အသက်ရှူသံနှေးကွေးနေတာကို ကြားသိနေပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ အသက်ရှူရပ်တော့မလိုဖြစ်နေတာကို သိလိုက်ပါတယ်။

"ချီးပဲဟေ့"

တန်နာဇီလည်း စိုးရိမ်စွာနဲ့ သတိမေ့နေပြီဖြစ်တဲ့ ယန်ယုအားကြည့်လိုက်ပါတယ်။ သူ့ညာလက်က ယန်းရှီရဲ့ဓားအားဆုပ်ကိုင်လိုက်ကာ နောက်မှာလိုက်လာနေတဲ့ ခွေးရူးတွေအားလှည့်ကြည့်လိုက်ပါတယ်။

"လက်လွတ်စံပါယ်မလုပ်နဲ့။ မင်းအခုလုပ်လို့မရသေးဘူး။ မင်းအဖေကို ကတိပေးထားခဲ့တာကို မင်းမေ့သွားပြီလား"

ကြူရှီယာက တန်နာဇီစိတ်အခြေအနေ ဆိုးဆိုးလာတာကို သိလိုက်ပါတယ်။ ချက်ချင်းပဲ တန်နာဇီလက်အားဆွဲကာ ရှေ့သို့ခေါ်လိုက်ပါတယ်။ ထို့နောက် နောက်ကလာတဲ့မြှားသုံးစင်းအား ရေခဲဓားသုံးစင်းနဲ့ကာလိုက်ပါတယ်။

"ဒီသောက်ကောင်တွေတော့...သူတို့ကို မကြာမတင်ဘဲ သင်ခန်းစာပြန်ပေးရမယ်"

တန်နာဇီဟာ ဓားရိုးကိုမြဲမြံစွာဆုပ်ကိုင်ထားပါတယ်။ အဲ့ဒီနောက်ခေါင်းပြန်လှည့်လိုက်ကာ ဆက်ပြေးလိုက်ပါတယ်။ ယန်းရှီနဲ့ယန်ယုနောက်သို့သွားလိုက်ကာ ဒိုင်းကိုအသုံးပြုပြီး ကာကွယ်ပေးနေလိုက်ပါတယ်။

ကြူရှီယာပြုံးလိုက်ပါတယ်။ ဒါပေမဲ့ အဆိုပါအပြုံးရဲ့နောက်ကွယ်က အေးစက်စက်မျက်ဝန်းတွေက မြင်တွေ့သူတိုင်းကိုကြက်သီးထစေနိုင်ပါတယ်။

"အနှေးနဲ့အမြန်ပေါ့ကွာ သူတို့ကိုအကြောင်းသိအောင်ပြရမှာပေါ့။ လောလောဆယ်တော့ ယုလေးကိုစိတ်ချရတဲ့နေရာကိုခေါ်သွားပြီး ဆေးတိုက်မှဖြစ်မယ် မဟုတ်ရင်...."

ကြူရှီယာ ဆက်မပြောတော့ပေမယ့် တန်နာဇီနဲ့ ယန်းရှီနှစ်ယောက်လုံး ဘာဖြစ်မယ်ဆိုတာကို နားလည်ကြပါတယ်။

ပြောရရင် သူတို့လေးယောက်တွေ့ဆုံခဲ့ကြတာဟာ သူတို့ဆယ်နှစ်သားလောက်တည်းကပါ။ စတွေ့တွေ့ချင်းမှာတော့ သူတို့မျိုးနွယ်စုတွေရဲ့ယှဉ်ပြိုင်မှုကြောင့် အချင်းချင်းမတည့်ခဲ့ကြပါဘူး။

တစ်ရက်မှာတော့ ကြူရှီယာက အဆိုပါမျက်မုန်းကျိုးမှုတွေအား ချေဖျက်ခဲ့ပြီး လေးယောက်လုံးပေါင်းသင်းခဲ့ကြပါတော့တယ်။

အချင်းချင်းသိကျွမ်းခင်မင်လာတာ ခြောက်နှစ် ခုနှစ်နှစ်ခန့်ရှိပြီဖြစ်လို့ တစ်ယောက်အကြောင်းတစ်ယောက် နောကြေနေကြပါပြီ။

ကျားဖြူမျိုးနွယ်ဝင်တစ်ယောက်အနေနဲ့ ယန်ယုခန္ဓာကိုယ်ဟာ မွေးတည်းကပြဿနာရှိခဲ့တယ်ဆိုတာကို သူတို့သိကြပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ကျားဖြူမျိုးနွယ်က သူ့အတွက်နည်းအမျိုးမျိုးနဲ့ ကုသပေးခဲ့ပေမယ့် အဆင့်မပြေခဲ့ပါဘူး။

သူတို့အနေနဲ့ တန်ဖိုးကြီးဆေးတွေကို သုံးကာသူ့အသက်အားဆွဲဆန့်ထားရုံပဲ တတ်နိုင်ခဲ့ပါတယ်။

အင်အားကြီးမျိုးနွယ်ဖြစ်တဲ့ ကျားဖြူမျိုးနွယ်ကသာမဟုတ်ရင် ယန်ယုအခုချိန်ဆို သေပြီးလောက်ပြီလို့ သူတို့တွေးမိပါတယ်။

ဒါကြောင့်လည်း ယန်ယုရဲ့မျက်နှာက တစ်ခြားလူတွေထက် ဖြူလျော်နေရတာပဲဖြစ်ပါတယ်။

အခုအခါမှာတော့ ကြာရှည်ပင်ပန်းမှုကြောင့် ယန်ယုရဲ့ကျန်းမာရေးက ဖောက်လာပြန်ပါပြီ။ ယန်ယုရဲ့ ရောဂါအခြေအနေကို မြင်တွေ့နေရတဲ့သူတို့တွေအနေနဲ့လည်း သူ့လက်ရှိအခြေအနေကို မမြင်ချင်ပါဘူး။

သူတို့ရှေ့သွားရမဲ့ခရီးက မရေရာပါဘူး။ ကျောင်းသားအုပ်စုလိုက်တာခံနေရတဲ့ သူတို့အတွက် အခြေအနေက အဆိုးဆုံးဖြစ်နေတာလို့ ပြောလို့ရပါတယ်။

"ဟေး မင်းတို့အားလုံးတော်သေးဘူးလား။ ငါတို့မှာ ထိခိုက်ထားတာတစ်ယောက်ရှိတယ်ဟေ့ မင်းတို့ကဆက်တိုက်ချင်ကြသေးတာလား"

တန်နာဇီက နောက်ဖက်ကိုအော်ပြောလိုက်ပါတော့တယ်။

All Chapters