← Chapters

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၅၇)

သူဟာ ၁၆နှစ်သာရှိသေးသော်လည်း အကြီးတန်းမှော်ဆရာဖြစ်နေပြီပဲ..ဒီလိုအရည်အချင်းမျိုးကို နှစ်တစ်ရာမှာတစ်ခါတွေ့ဖို့တောင် ခဲယဉ်းလွန်းပါတယ်။ ပြောရရင် တော်ဝင်ရိုလန်ကျောင်းရဲ့ ကျောင်းအုပ်အိုးယန်ဟွမ်းယူနဲ့တောင် နှိုင်းလို့ရပါတယ်။

သူတို့ကို ပိုပြီးတုန်လှုပ်စေခဲ့တာကတော့ အစကနေအဆုံးထိ ကြူရှီယာဂါထာရွတ်ဖတ်တာကို သူတို့မတွေ့ခဲ့ရတာကိုပါပဲ။

မှော်အတတ်တိုင်းက ချက်ချင်းဖြစ်ပေါ်လာခဲ့တာပါ။

ဒါက လုံးဝကို မယုံနိုင်လောက်အောင်ပါပဲ။ အရိုးရှင်းဆုံးဆိုတဲ့ မှော်အတတ်တောင် အနည်းဆုံးတစ်စက္ကန့်လောက်ရွတ်ဖတ်ချိန်လိုပြီး အဆင့်မြင့်လေအချိန်ပိုကြာလေပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့မီးလုံးရော အခုသုံးလိုက်တဲ့ ရေခဲနဲ့ နှင်းရောမှာ ကြူရှီယာဂါထာရွတ်တာကို သူတို့မတွေ့ခဲ့ကြပါဘူး။

နှိုင်းမရတဲ့ပါရမီပါလာသူ ဉာဏ်ကြီးရှင်တစ်ယောက်တောင် အခုလိုအလွန်အကျူးပုံစံတော့ မလုပ်နိုင်လောက်ပါဘူး။

တိုက်ခိုက်လိုစိတ်အနည်းငယ်ကျန်သေးတဲ့ မှော်ကျောင်းသားအချို့လည်း ကြူရှီယာရဲ့ အကြီးတန်းမှော်အတတ်ကိုတွေ့လိုက်ရတာနဲ့ စိတ်ဓာတ်ကျသွားကြပါတယ်။

သောက်ရမ်းကြီးဂျွတ်မပြနဲ့လေကွာ။ သူတို့က မူလတန်းမှော်ဆရာတွေသာဖြစ်ပြီး အတော်ဆုံးသူတောင် အလတ်တန်းအဆင့်ကိုမရောက်သေးပါဘူး။ သူတို့အတွက်တော့ အကြီးတန်းမှော်ဆရာနဲ့တိုက်ခိုက်ဖို့ဆိုတာ သတ်သေခြင်းတစ်မျိုးပါပဲလေ။

ကျန်တဲ့ကျောင်းသားတွေကတော့ မှော်ကျောင်းသားတွေလောက် မှော်အကြောင်းကိုနားလည်မှုမရှိတာကြောင့် နှင်းပွင့်တွေတဖြည်းဖြည်းများလာမှသာ ကြောက်ရွံ့လာကြပါတယ်။ ဓားသမားခြောက်ယောက်လုံး ရေခဲရုပ်တွေကဲ့သို့ ဖြစ်နေပြီဖြစ်ကာ သူတို့အသက်ရှူသွင်းနေတဲ့ အငွေ့ကြောင်းကိုပဲ တွေ့မြင်နေရပါတော့တယ်။

လူတွေရဲ့ကျောမှာ ချမ်းစိမ့်စိမ့်ဖြစ်ကာ လန့်သွားကြပါတယ်။

ပျော့တယ်ဆိုတဲ့ မှော်ဆရာက ဘယ်သူ့ကိုပြောတာလဲ။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဓားသမားခြောက်ယောက် ရေခဲရိုက်ခံလိုက်ရပြီလေ။

ပျော့တယ်ဆိုတဲ့မှော်ဆရာက ဘယ်မှာလဲဟေ့။ အနီးကပ်တိုက်ပွဲတွေမှာ ဘာမှမလုပ်နိုင်ဘူးဆိုတာကရော ဘာဖြစ်သွားပြီလဲ။

တစ်ခဏအတွင်းမှာပဲ ကြူရှီယာက တိုက်ပွဲဝင်လိုစိတ်တွေကို ချိုးနှိမ်လိုက်နိုင်ပါတယ်။ အလင်းဒိုင်းကိုမချိုးဖောက်နိုင်တဲ့ လေးသမားတွေ ၊ ရေခဲရိုက်ခံလိုက်ရတဲ့ ဓားသမားတွေ ၊ စီးနင်းတိုက်ခိုက်စရာမပါဝင်တဲ့ စစ်သူရဲတွေက တိုက်ပွဲမှာအသာစီးမရပါဘူး ၊ မှော်ဆရာတစ်အုပ်လုံးကတော့ သူတို့ခြေထောက်တွေတုန်ယီပျော့ခွေနေတာ တော်တော်ကြာပါပြီ။ သူတို့အနေနဲ့ အဖွဲ့ထဲကနတ်ဆေးဆရာတွေ သမားတော်တွေကိုအားကိုးပြီး သုံးယောက်ကို ခဲနဲ့ပေါက်ပြီးသတ်ခိုင်းရမှာလား။

နောက်မနေပါနဲ့တော့....

ချက်ချင်းပဲ ကျောင်းသားတွေဟာ လန့်ပျံတဲ့ငှက်အုပ်အဖြစ်သို့ ရောက်ရှိပြောင်းလဲသွားရပါတော့တယ်။ သူတို့ပြေးတာနှေးနေရင် အဆိုပါ ငဂျွတ်သုံးကောင်က သူတို့ကိုလက်စားချေမှာကို ကြောက်နေမိကြပါတယ်။

စစ်သူရဲဌာနက ယန်းရှီမှာသာ စီးစရာရှိနေရင် သူတို့နောက်ကိုလိုက်ပြီး ကြက်သတ်ငှက်သတ်သလို မသတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ အဲ့ကောင်မှာသာ စစ်မြင်းရှိနေရင် သူတို့အားလုံးပြေးလို့လည်းလွတ်မှာမဟုတ်ပါဘူး။

သို့သော်လည်း ကြူရှီယာက သူတို့ထွက်ပြေးဖို့အတွက် အခွင့်အရေးမပေးပါဘူး။ နေရာကျဉ်းလေးမှာကျဆင်းနေတဲ့ နှင်းပွင့်တွေက ကျယ်ပြန့်သွားကာ အထိတ်ထိတ်အလန့်လန့်နဲ့ထွက်ပြေးနေကြတဲ့ ကျောင်းသားတွေအပေါ်မှာ ကျရောက်သွားပြီး ခဲသွားစေပါတယ်။

လူငယ်အတော်များများရဲ့ ခြေထောက်တွေကရေခဲသွားတာကြောင့် တစ်ယောက်ပြီးတစ်ယောက် မြေပေါ်ကိုလဲပြိုသွားကြပါတယ်။ ကြောက်ရွံ့နေတဲ့မျက်လုံးတွေက ချောမောခန့်ညားတဲ့ မျိုးရိုးကြီးသခင်လေးကို ကြည့်နေကြပါတယ်။

" အလျင်စလိုကြီးမသွားကြပါနဲ့ဦးလေ။ မင်းတို့ဆီကယူစရာ အကြွေးတောင်မယူရသေးဘူးလေကွာ"

ကြူရှီယာခေါင်းကိုမော့ကာ ပြောလိုက်ပြီး သူ့အပြုံးကိုကြည့်ရတာ လူတွေအားလုံးအသည်းငယ်သွားစေပါတယ်။

ညသန်းခေါင်အလယ်မှာ အနက်ရောင်တောအုပ်ထဲက အထိတ်တလန့်အော်ဟစ်သံတွေက ကောင်းကင်ပေါ်သို့ရောက်ရှိသွားခဲ့ပါတယ်။

မနက်ခင်းနေရောင်ခြည် သက်ဆင်းလာမှသာလျှင် လူငါးယောက်ဟာ အရုဏ်ဦးအလင်းအောက်မှာပဲ နှင်းဖုံးမြေကနေထွက်ခွာသွားပါတော့တယ်။

ရှန်ယန်ရှောင်လည်ပင်းအား လက်နဲ့ဖက်ထားတဲ့ ကြူရှီယာက ပျင်းရိစွာသန်းလိုက်ပါတယ်။ သူ့ကိုယ်လုံးက ရှန်ယန်ရှောင်ရဲ့ ပိန်ပိန်သေးသေးလူကောင်အတွက် လေးလံလွန်းလှပါတယ်။ သူမရဲ့မျက်လုံးတွေထဲမှာတော့ မျက်ရည်စအချိုကရှိနေပါတယ်။

" ခက်ခဲပင်ပန်းတဲ့ညပဲ အရမ်းအိပ်ချင်နေပြီ"

ကြူရှီယာက အိပ်ချင်မူးတူးအသံနဲ့ရေရွတ်လိုက်ပါတယ်။ ရှန်ယန်ရှောင်ကတော့ ဒီတိရစ္ဆာန်ကောင်ကို သူမကိုယ်ပေါ်ကနေလွှင့်ပစ်သင့်မသင့် စဉ်းစားနေပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၅၈)

ဒီကောင် သူမှီတွဲနေတဲ့သူက သူ့ပုခုံးတောင်မရောက်သေးတဲ့ ကလေးတစ်ယောက်ဆိုတာ မသိဘူးလား။

"နားစရာနေရာအရင်ရှာကြရအောင်။ ငါတို့အတော်များများက ဒီရက်ပိုင်းထဲမှာ ကောင်းကောင်းကိုမနားရသေးလို့ ငါတို့ပြန်လန်းဆန်းလာမှ အမဲလိုက်ကြစို့"

ယန်ယုက သိပ်မဝေးတဲ့နေရာက သစ်ပင်အုပ်ရှိရာကို လှမ်းကြည့်လိုက်ပြီး နားလို့ရမရအကဲခတ်နေပါတယ်။ ရှန်ယန်ရှောင်ကလွဲရင် သူတို့လေးယောက်လုံး နှစ်ရက်နှစ်ညတိုင်အောင် မအိပ်စက်ရသေးပါဘူး။

သူ့ရဲ့စောင်မခြင်းက နွမ်းနယ်မှုကိုချေဖျောက်နိုင်သော်လည်း ခန္ဓာကိုယ်ကိုအနားမပေးရင် ဘယ်လောက်များတဲ့စောင်မမှုဖြစ်နေပါစေ ကြာရှည်တိုက်ပွဲအတွက်မခံနိုင်ပါဘူး။

မကြာခင်မှာပဲ တိတ်ဆိတ်တဲ့နေရာကို တွေ့လိုက်ကြပါတယ်။ ချာတိတ်လေးကောင်လုံး ဘာစကားမှမပြောတော့ဘဲ တန်းအိပ်လိုက်ကြပါတယ်။ တစ်ယောက်တည်းကျန်နေခဲ့လို့ ရှန်ယန်ရှောင်ကြောင်တက်တက်ဖြစ်သွားကာ မြေပေါ်မှာလှဲလျောင်းအိပ်စက်နေကြတဲ့ သူမရဲ့အဖွဲ့သားလေးကောင်ကိုကြည့်လိုက်မိပါတယ်။

သူမထိုင်လိုက်ပါတယ်။ သူမ မအိပ်ချင်လို့မဟုတ်ပါဘူး ဒါပေမဲ့ မနေ့ညကမြင်ခဲ့ရတာက သူမကိုတုန်လှုပ်စေခဲ့လို့ပါ။

သူမသိသမျှအားလုံးက အပေါ်ယံလောက်ပဲရှိပါတယ်။ မနေ့ညက ကြူရှီယာရဲ့တိုက်ခိုက်မှုကို တွေ့ခဲ့တော့မှပဲ မှော်ဆရာတွေဘာလို့ လူသိများထင်ရှားလဲဆိုတာကို သူမ သဘောပေါက်သွားရပါတယ်။

လူတစ်ယောက်တည်းနဲ့ နှစ်ဆယ့်ငါးယောက်ကို ယှဉ်ပြိုင်တိုက်ခိုက်ပြီး တစ်စက်မှမထိခိုက်မခံစားခဲ့ရတဲ့အပြင် မှော်အတတ်တစ်ခုတည်းနဲ့ ပွဲသိမ်းခဲ့ပါတယ်။ အဲ့ဒီလိုအစွမ်းမျိုးက သေချာပေါက်ကို လူတွေလေးစားသင့်တာပဲ။

သူမရဲ့အဖွဲ့သားလေးယောက်လုံး သာမန်လူသားတွေနဲ့နှိုင်းလို့မရဘူးဆိုတာကိုလည်း သူမနားလည်လိုက်ပါတယ်။ မနေ့ညကအသုံးပြုခဲ့တဲ့ ယန်ယုရဲ့ စောင်မခြင်းအတတ်အချို့ကြောင့် သူမ အခုထိကို ပင်ပန်းတာမခံစားရသေးပါဘူး။

ကြူရှီယာရဲ့ မှော်အတတ်ကတော့ ပိုမိုလှပပြီး ပိုရက်စက်တာကိုလည်း သူများတွေနဲ့ယှဉ်ပြီးသိရှိခဲ့ရပါတယ်။

မနေ့တုန်းက ယန်းရှီအနေနဲ့ ဘာမှမလုပ်ခဲ့ပေမယ့် စစ်သူရဲဌာနမှာ ထိပ်ဆုံးမှာရှိနေတာကို ကြည့်ခြင်းအားဖြင့် ဟိုနှစ်ယောက်ထက်တော့ အစွမ်းမသေးတာကို သူမသိပါတယ်။

သေချာပါတယ်လေ မျိုးနွယ်ငါးစုရဲ့ ထက်မြက်သူတွေက ထိပ်ဆုံးအဆင့်ကချည်းပါပဲ။

ရှန်ယန်ရှောင်လည်း သူမလက်စွပ်ထဲကနေ တံဆိပ်သုံးဆယ်ကျော်လောက်ကို ထုတ်လိုက်ပြီးမြေပေါ်ချလိုက်ပါတယ်။

တံဆိပ်တွေထဲက ဆယ်ခုက သူမရဲ့အသီးအပွင့်တွေဖြစ်ပြီး နှစ်ဆယ့်ငါးခုကတော့ ကြူရှီယာတို့ရိတ်သိမ်းလာတာတွေပဲ ဖြစ်ပါတယ်။

ခဏတာတွေးတောနေလိုက်ပြီး သူမပိုင်တဲ့တံဆိပ်ဆယ်ခုကို ယူလိုက်ပါတယ်။ အနားကမြစ်ဆီကိုသွားလိုက်ပြီး သူမလက်ထဲကတံဆိပ်တွေကို ရေထဲပစ်ချလိုက်ပါတယ်။

အနက်ရောင်တောထဲမှာ တော်ဝင်ရိုလန်ကျောင်းသားထောင်ချီရှိပါတယ်။ ကြူရှိယာနဲ့အဖွဲ့ရဲ့ အစွမ်းအစကိုတွေ့ပြီးတဲ့နောက်မှာ သူမအနေနဲ့ တံဆိပ်တွေထပ်ရဖို့အတွက် ပူစရာမလိုတော့ပါဘူး။ သူမခိုးယူလာတဲ့ တံဆိပ်ဆယ်ခုက သိပ်အဆင်မပြေဘူးလို့တွေးလိုက်မိပါတယ်။

မှော်ဌာနက နည်းပြပြောပုံအရ ဒီတံဆိပ်တွေမှာနည်းပြတွေရဲ့ မှော်တွေရှိနေပါတယ်။ တံဆိပ်တွေကိုဘယ်သူရသွားလဲဆိုတာကို တစ်ရက်အတွင်းမှာသိမသိကို သူမသံသယဝင်နေပါတယ်။

ဘာပဲဖြစ်ဖြစ် တံဆိပ်တွေအတွက် သူမပူစရာမလိုတော့ပါဘူး။ ဒီတံဆိပ်ဆယ်ခုရှိနေလို့လည်း ဘာမှမထူးသွားပါဘူး။

စောရတစ်ယောက်အနေနဲ့ သူမကိုသံသယဝင်စေမယ့် ဟာကွက်ကိုသူမဘယ်တော့မှ အဖြစ်မခံပါဘူး။

သူမရဲ့ဆုံးဖြတ်ချက်ကြောင့် နောင်ဖြစ်လာမယ့်ပြဿနာတွေကို မကြုံတွေ့ရတော့မှာကိုတော့ သူမ မသိခဲ့ပါဘူး။

တံဆိပ်တွေကိုလွှင့်ပစ်ခဲ့ပြီးတာနဲ့ မူလနေရာကိုပြန်သွားလိုက်ပါတယ်။ တင်ပျဉ်ခွေထိုင်လိုက်ပြီး အိပ်ပျော်နေတဲ့လေးယောက်ကို ကြည့်နေလိုက်ပါတယ်။ လွှင့်မပစ်တဲ့တံဆိပ်တွေကတော့ မြက်ခင်းပေါ်မှာပဲ ရှိနေတုန်းပါပဲ။

သူမပျင်းလာချိန်မှာပဲ ခြေသံတွေကြောင့်သူမသတိထားလိုက်ပါတယ်။ အသံထွက်ရာကိုလှမ်းကြည့်လိုက်တော့ ကျောင်းသားအချို့က သူမတို့ဖက်ကိုလာနေတာကို တွေ့လိုက်ရပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၅၉)

ကျောင်းသားငါးယောက်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ သူတို့တွေလည်း ရှန်ယန်ရှောင်ကိုတွေ့လိုက်ရတော့ အံ့အားသင့်သွားပေမယ့် သူမခြေထောက်နားမှာချထားတဲ့ တံဆိပ်နှစ်ဆယ်ခန့်ကိုတွေ့လိုက်ရတော့ လောဘအငွေ့တွေက လူငါးယောက်ရဲ့မျက်လုံးတွေထဲမှာ ဖြတ်သန်းသွားပါတယ်။

တံဆိပ်တွေက သူတို့တံခါးပေါက်ကိုလာခေါက်နေတာပဲဟေ့။

လူငါးယောက်အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး မြေပေါ်မှာထိုင်ချလိုက်ကာ ရှန်ယန်ရှောင်အားကြည့်လိုက်ကြပါတယ်။ အဲ့ဒီနောက် မြေပေါ်မှာလဲှနေတဲ့လူလေးယောက်ဆီ အကြည့်ရောက်သွားပါတယ်။

တချို့လူငယ်တွေက နေရောင်စူးလွန်းတယ်ဆိုပြီး မျက်နှာအုပ်တဲ့ အနက်ရောင်အစတွေတပ်ဆင်ထားလို့ လေးယောက်ရဲ့သွင်ပြင်ကိုကောင်းကောင်း မမြင်ရဘူးဖြစ်နေပါတယ်။

"ဟေး ကြည့်ရတာ အဲ့ဒီလေးယောက်အိပ်ပျော်နေပုံပဲကွ။ ဒီကောင်လေးကိုကင်းစောင့်ထားခဲ့တာပဲ တစ်ကယ်ပါပဲကွာ။ ငါမြင်တာတော့ ဒီကောင်သေးလေးက ဆေးပညာဌာနရဲ့တံဆိပ်နဲ့ဆိုတော့ ဆေးပညာကျောင်းသားသစ်ပဲဖြစ်ရမယ်"

ဓားကိုင်ထားတဲ့လူငယ်ဟာ သူ့ရှေ့မှာတံဆိပ်နှစ်ဆယ်ကျော်ကို တွေ့လိုက်ရလို့ လက်ယားလာသလိုခံစားနေရပါတယ်။

"ဒါပေမဲ့ ငါတို့ဓားပြတိုက်မယ်ဆိုရင် ဒီကောင်လေးက သူ့လူလေးယောက်ကိုနှိုးမလားဘဲ။ သူတို့နိုးလာရင် ငါတို့က သူတို့နဲ့ယှဉ်နိုင်မှာမဟုတ်လောက်ဘူးနော်"

နတ်ဆရာဝတ်စုံနဲ့ လူငယ်ကတုံ့ဆိုင်းဟန်နဲ့ပြောလိုက်ပါတယ်။ တံဆိပ်နှစ်ဆယ်ကျော်ကိုရထားတဲ့ အဖွဲ့အနေနဲ့ ဘယ်လိုမှအင်အားနည်းမှာမဟုတ်ပါဘူး။

"မင်း ဘာကြောက်နေတာလဲဟ။ အဲ့ဒီလေးယောက်လုံး ဝက်လိုအိပ်နေတာကို မင်းမတွေ့ဘူးလား။ နောက်ပြီးတော့ အဲ့ဒီဆေးပညာဌာနက ကလေးကိုကြည့်ရတာ ခေါင်းကောင်းပုံမရဘူး မဟုတ်ရင် သူ့အဖော်တွေကို နှိုးပြီးရောပေါ့ကွာ"

အကွက်ချတတ်ပုံပေါ်တဲ့ စစ်သူရဲကလောဘတက်စွာနဲ့ ကြည့်ရင်းပြောလိုက်ပါတယ်။ သူတို့အားလုံးတောထဲကိုရောက်နေတာ နှစ်ရက်နှစ်ညရှိပြီဖြစ်ကာ အခုထိဖြေဆေးလည်းမရ တံဆိပ်လည်းမရသေးပါဘူး။

သူတို့အဖွဲ့က လတ်တလောဖွဲ့ထားတဲ့အဖွဲ့သာဖြစ်ပြီး သူတို့အစွမ်းကလည်းသာမန်ပါပဲ။ တစ်ခြားအဖွဲ့တွေနဲ့တွေ့ရင်တောင် သူတို့နိုင်ရင်မှနိုင်မှာပါ။ အဲ့ဒီတော့ အခုလိုအခွင့်အလမ်းမျိုးကို ဘယ်လက်လွတ်ခံချင်ပါ့မလဲ။

"ကျားသိုက်ထဲမဝင်ဘဲနဲ့တော့ ကျားပေါက်လေးကိုဖမ်းလို့ရမှာမဟုတ်ဘူး။ မြေပေါ်မှာက အနည်းဆုံးတံဆိပ်အခုနှစ်ဆယ်လောက်ရှိတယ်ဆိုတော့ ကံကောင်းရင် တစ်ယောက်ကိုငါးခုစီရမှာပဲ။ အဲ့ဒီတံဆိပ်တွေရရင် ငါတို့တွေ အနီရောင်နဲ့ အဝါရောင်အတန်းတွေကနေထွက်ပြီး အစိမ်းရောင်အတန်းကိုတက်ရောက်နိုင်မှာပဲ"

သူတို့ထဲက လေးသမားကလည်း သူ့အတွေးကိုဖော်ပြလိုက်ပါတယ်။

ကျန်တဲ့ နတ်ဆရာနဲ့ သမားတော်တို့က အနည်းငယ်တုံ့ဆိုင်းသွားကြပါတယ်။ သူတို့ငါးယောက်က အဆင့်မြင့်ကျောင်းသားတွေမဟုတ်ပါဘူး။ သူတို့ထဲကဘယ်သူမှ အတန်းကောင်းကိုမတက်နိုင်သလို အမြဲတမ်းပဲအဆင့်ဘိတ်တန်းမှာ မနေချင်ကြပါဘူး။

"ကောင်းပြီလေ ဒါပေမဲ့ တစ်ခုခုမှားတာနဲ့ ချက်ချင်းထွက်ပြေးမှာနော်"

နတ်ဆရာက သတိကြီးစွာနဲ့ဖြေလိုက်ပါတယ်။

"မပူပါနဲ့ကွာ သူတို့တွေလည်း မနေ့ညကခက်ခဲတဲ့ညတာကို ဖြတ်သန်းခဲ့ရလို့ အင်အားမရှိတော့ဘူးလို့ငါထင်တယ်။ သူတို့လေးယောက်ကိုယ်ပေါ်က စုတ်ပြတ်နေတဲ့အဝတ်တွေကိုကြည့်လိုက်လေ။ သူတို့နားနားကပ်ပြီး အော်ရင်တောင် နိုးမှာမဟုတ်ဘူးရယ်"

ဓားသမားက နတ်ဆရာဟာသွေးကြောင်လွန်းတယ်လို့ ခံစားလိုက်ရပြီး လေးသမားနဲ့ စစ်သူရဲတို့က အားပေးစကားပြောလိုက်ကြပါသေးတယ်။ သူတယ်ယောက်တည်း ရှန်ယန်ရှောင်ရှိရာကိုသွားလိုက်ပါတယ်။

ရှန်ယန်ရှောင်လည်း ခေါင်းကိုစောင်းလိုက်ပြီး ရည်ရွယ်ချက်ကိုတောင်ဖုံးကွယ်မထားတဲ့ ဓားသမားကိုကြည့်လိုက်ပါတယ်။

ဓားသမားက သူမဘေးကိုရောက်လာကာ ဓားနဲ့သူမကိုချိန်ရွယ်ပြီး ကြမ်းတမ်းတဲ့ပုံနဲ့ပြောလိုက်ပါတယ်။

"ဟေ့ကောင်လေး အသံမထွက်နဲ့နော် မဟုတ်ရင်ငါက ညှာနေမှာမဟုတ်ဘူး။ မင်းအသံနည်းနည်းထွက်ရင်တောင် ငါ့သူချင်းကမင်းခေါင်းကို ပစ်ထည့်လိမ့်မယ်"

ရှန်ယန်ရှောင်လည်း ဓားပြတွေလုပ်တာထက် ပိုပြီးဓားပြဟန်ဖမ်းနေတဲ့ ဓားသမားကိုကြည့်ပြီး ဘာပြောရမှန်းမသိဖြစ်သွားပါတယ်။ အဲ့ဒီနောက်မှာတော့ မနီးမဝေးကနေသူမကို ချိန်ရွယ်ထားတဲ့လေးသမားကို တွေ့လိုက်ရပါတယ်။

ဒီကောင်တွေက ကျောင်းသားတွေလား ဓားပြတွေလားဟ။

All Chapters