အခန်း (၁၆၀-၁၆၂)
Vol. 11 Ch. 160-162
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၆၀)
ရှန်ယန်ရှောင်ဆီကနေ ဘာတုံ့ပြန်တာမှမတွေ့ရတော့ ဓားသမားတွေးလိုက်မိတာက သူ့ကိုကြောက်လွန်းပြီး ဘာမှမပြောရဲတာဖြစ်မယ်လို့ပါပဲ။ သူစိတ်ကျေနပ်သွားပါတယ်။
"မြေပေါ်က တံဆိပ်တွေကို လှမ်းလိုက်စမ်း"
ဓားသမားက ခပ်ထန်ထန်ပြောလိုက်ပါတယ်။
ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်မိပါတယ်။ ကြည့်ရတာတော့ ဒီကောင်တွေက တစ်ကယ့်ကိုပဲ အနာမခံဘဲအသာစံချင်နေကြတာပဲ။
ဒါပေမဲ့.....
ဒီကောင်တွေကများ သူမရဲ့ပစ္စည်းတွေကို မျက်စိကျရဲပြီး သူမကိုတောင်ခြိမ်းခြောက်လိုက်ကြသေးတယ်။ ဒီကောင်တွေသေချင်နေကြတာလားမသိ။
"မင်းတို့မှာ ဓားပြတွေလို နည်းစနစ်မရှိတာတော့ စိတ်ပျက်စရာအတော်ကောင်းတယ်"
ရှန်ယန်ရှောင်က ဓားသမားရဲ့ လောဘမျက်လုံးတွေကိုကြည့်ပြီး ဒီငတုံးငအတွေကို ဘယ်လိုသင်ခန်းစာပေးရမလဲလို့ စဉ်းစားလိုက်ပါတယ်။
"မင်း ဘာပြောလိုက်တယ်"
ဓားသမားဟာ ဒီကောင်ပေါက်စလေးက သူ့ကိုကြိမ်းမောင်းရဲမယ်လို့ မထင်ထားခဲ့ပါဘူး။ သူ့မျက်နှာမည်းမှောင်သွားပါတော့တယ်။
ဆေးကျောင်းသားလေးကများ သူ့ကို အခုလိုပြောရဲတယ်ပေါ့။
ဓားသမားက သူ့လက်ကောက်ဝတ်ကိုလှုပ်ရှားလိုက်ကာ သူ့လက်ထဲကဓားက ရှန်ယန်ရှောင်လည်ပင်းဆီရောက်သွားပါတယ်။ သူမရဲ့ဆံပင်လေးတောင် ပြတ်သွားရပါတယ်။
"ကောင်စုတ်လေး မင်းရိုးရိုးသားသားရှိတာအကောင်းဆုံးပဲလို့ ငါအကြံပေးလိုက်မယ်နော် မဟုတ်ရင် ငါ တစ်ကယ်ညှာမှာမဟုတ်ဘူး"
ဓားသမားက မတုန်မလှုပ်ဖြစ်နေတဲ့ ရှန်ယန်ရှောင်ကိုကြည့်လိုက်ကာ လူမိုက်ဆန်ဆန်ပြုံးလိုက်ပါတယ် ရှန်ယန်ရှောင်က အကြောက်လွန်ပြီးရူးကြောင်ကြောင်ဖြစ်နေတာလို့ပဲ တွေးလိုက်ပါတယ်။
တစ်ကယ်ပါပဲ ဆေးပညာဌာနကကျောင်းသားတွေအကုန်လုံး လူကြောက်တွေချည်းပဲကိုး။ သူကဒီကောင်လေးကို နည်းနည်းပဲလှန့်လိုက်တာနဲ့ ဒီလောက်အထိကိုကြောက်ရွံ့ပြီး လှုပ်တောင်မလှုပ်ရဲတော့ဘူးပဲ။
ရှန်ယန်ရှောင် မြေပေါ်ကိုကျသွားတဲ့ ဆံသားလေးကိုကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ်ကုတ်သွားပါတယ်။
ဘယ်သူကမှ ဒီသောက်ရူးကိုမပြောဖူးဘူးလား မိန်းမတစ်ယောက်ရဲ့ဆံပင်ဆိုတာ မိန်းမတစ်ယောက်ရဲ့ ဒုတိယမျက်နှာပဲဆိုတာကို။
ကောင်းပြီလေ ဒီကောင်ကတော့ ငရဲကို အကြောင်းပြချက်ကောင်းကောင်းနဲ့ သွားလို့ရပြီလေ။
ဓားသမားကတော့ သူ့သေမင်းအကြောင်းကို မသိသေးပါဘူး။ သူက ဂုဏ်ယူဝံ့ကြွားစွာနဲ့ သူ့အဖော်တွေဆီလှည့်ကာ ဟန်ရေးပြနေတုန်းမှာပဲ ရှန်ယန်ရှောင်ရဲ့ သေးသွယ်တဲ့လက်လေးတွေက အလွန်မြန်စွာနဲ့ လှုပ်ရှားနေတာကို မသိလိုက်ပါဘူး။
ဓားသမားလည်း ပြန်လှည့်ပြီး ကောင်စုတ်လေးကို သင်ခန်းစာပေးမယ်လုပ်တုန်းမှာပဲ ကျောက်တုံးကြီးတစ်တုံးနဲ့ ပစ်ပေါက်ခံလိုက်ရသလိုဖြစ်သွားပါတယ်။ ရေထဲကိုပစ္စည်းတစ်ခုကျသွားသံထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးမြေပေါ်ကျသွားကာ ခြေလက်တွေက ဆန့်နေပါတယ်။
မမြင်နိုင်တဲ့အားအင်တစ်ခုက သူ့ကိုယ်ထဲကိုရောက်နေသလိုမျိုးနဲ့ တစ်ကိုယ်လုံးမြက်ခင်းပေါ်မှာ တောက်တဲ့ကပ်သလိုမျိုးကပ်နေကာ အသက်ရှူတာတောင်ခက်ခဲလာပါတယ်။ သူ့လက်တွေကမြေမှာထိကပ်နေပြီး ဓားကိုကိုင်ဖို့မပြောနဲ့ လက်ချောင်းလေးတောင် မလှုပ်နိုင်တေ့ပါဘူး။
တစ်ကိုယ်လုံးက အားအင်တွေဟာ ချက်ချင်းပဲပျောက်ကွယ်သွားပါတယ်။ သူ့ခေါင်းထဲမှာ စီစီစီစီသံတွေကြားနေရပြီး အမြင်တွေေ၀ဝါးလာပါတယ်။ သူ့ရှေ့မှာထိုင်နေတဲ့ ဆေးကျောင်းသားကလေးမျက်နှာမှာ ရင်တုန်ဖွယ်အပြုံးတစ်ခုဖြစ်ပေါ်နေတာကိုပဲ သူမပီမသတွေ့လိုက်ရပါတယ်။
သူဘာဖြစ်သွားတာလဲဆိုတာရယ် မျက်စိတစ်မှိတ်အတွင်းမှာပဲ သူမလှုပ်မရှားနိုင်ဖြစ်သွားရတာရယ်ကို ဘာကြောင့်လဲဆိုတာ သူတွေးမရပါဘူး။
ရှန်ယန်ရှောင်ကတော့ သူမရဲ့ ကျိန်စာအစွမ်းသက်ရောက်မှုကိုကြည့်ပြီး အလွန်ပျော်နေပါတယ်။ အခု ဓားသမားကိုသုံးလိုက်တဲ့ကျိန်စာက လဲပြိုကျိန်စာဖြစ်ပါတယ်။ ဓားသမားအစွမ်းကိုကြည့်ပြီး သူမထက် အဆင့်ငါးဆင့်တော့ မမြင့်နိုင်တာသိလိုက်ပါတယ်။
လဲပြိုကျိန်စာရဲ့အစွမ်းက အပြည့်အဝသက်ရောက်သွားပြီး တစ်ခြားလူရဲ့လှုပ်ရှားမှုကို ဖိနှိပ်လိုက်ရုံသာမကဘဲ ဓားသမားကို ရွှံ့တုံးတစ်ခုလိုကိုဖြစ်သွားစေပါတယ်။
တစ်ယောက်ယောက်ကနေ သူမဆီကိုလာပြီး သူမရဲ့ကျိန်စာကိုစမ်းသပ်နိုင်ဖို့ အခွင့်အရေးလာပေးတာကို သူမ ဘယ်လိုလုပ်ပြီး ငြင်းဆန်ရဲမှာလဲ။
သူတို့ရဲ့အဖွဲ့သားက ရုတ်တရက်ကြီးမြေပေါ်ကိုလဲကျသွားတာကို တွေ့လိုက်ရတော့ အဝေးမှာရပ်နေတဲ့လူတွေ ဘာလဲဟဆိုပြီးဖြစ်သွားကြပါတယ်။
"အဲ့ကောင်ဘာဖြစ်သွားတာလဲ"
လေးနဲ့မြှားကိုကိုင်ထားတဲ့ လေးသမားကသူ့အဖွဲ့သားတွေကို မေးလိုက်ပါတယ်။ ဓားသမားရဲ့အခြေအနေက ထူးဆန်းလွန်းနေပါတယ်။ သူ့ကိုယ်သူဂုဏ်ယူနေတုန်းရှိသေးတာကို ချက်ချင်းပဲမြေပေါ်လဲကျသွားတယ်လေ။
"ငါလည်းသေချာမသိဘူး သွားကြည့်ကြမလား"
စစ်သူရဲက တုန့်ဆိုင်းစွာပြောလိုက်ပါတယ်။ အဖြစ်အပျက်က ရုတ်တရက်ကြီးဖြစ်သွားကာ မူမမှန်တာကိုလည်း သူတို့တွေမတွေ့လိုက်ရပါဘူး။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၆၁)
လူလေးယောက်က မြေပေါ်မှာငြိမ်သက်စွာ အိပ်စက်နေကြဆဲပါ။ ဓားသမားကိုတော့ လေတိုက်ရင်လဲမယ့်ပုံပေါက်နေတဲ့ ဆေးကျောင်းသားလေးကပဲ ရင်ဆိုင်နေတာပါ။ နောက်ပြီးတော့လည်း သူတို့အားလုံးတွေ့နေရတာက ဆေးကျောင်းသားလေးက မြက်ခင်းပေါ်မှာထိုင်နေပြီးတော့ ဘာမှလည်းမပြောသလို ဘာမှလုပ်တာကိုလည်း မတွေ့ရပါဘူး။ တုန်လှုပ်ခြောက်ခြားမှုကြောင့် သူ့လက်တွေကိုအဆက်မပြတ်ပွတ်နေပေမယ့် တိုက်ခိုက်ဟန်လည်းမရှိပါဘူး။
"အဲ့ဒီကောင် ရောဂါတစ်မျိုးမျိုးရှိတာတော့ မဟုတ်လောက်ပါဘူးနော်"
သူတို့လေးယောက်က အလှမ်းနည်းနည်းဝေးတာရယ် ဓားသမားကကွယ်ထားတာရယ်ကြောင့် ရှန်ယန်ရှောင်ရဲ့လှုပ်ရှားမှုအကုန်ကို သူတို့မတွေ့ကြပါဘူး။ ဒါကြောင့်လည်း သူတို့ဓားပြတိုက်နေတဲ့ ဆေးကျောင်းသားလေးက အကြီးတန်းဆင့်ခေါ်သူဆိုတာကို သူတို့မသိကြပါဘူး။
ဟုတ်ပါတယ် ရှန်ယန်ရှောင်က ငါးမျိုးပေါင်းစပ်ကျိန်စာကို တတ်မြောက်ပြီးဖြစ်လို့ အကြီးတန်းအဆင့်ရောက်နေပါပြီ။ ဒါပေမဲ့လည်း ဆင့်ခေါ်သူအတတ်ကို သိပ်နားမလည်သေးတာရယ် ရှင်းပြသင်ကြားမယ့်သူမရှိတာရယ်ကြောင့် သူမအနေနဲ့ ရေရေရာရာတော့ မရှိသေးပါဘူး။ သူမထင်နေတာက သူမဟာ ဆင့်ခေါ်သူအတတ်ကို အခုမှစတတ်မြောက်ကာစလို့ပဲ ထင်နေပါတယ်။
သူမဟာ အခုမှဆင့်ခေါ်သူကျောင်းသားအဆင့်လောက်ပဲ ရှိသေးတယ်လို့တွေးမိနေတာပါ။
ဆယ်ကျော်သက်လေးယောက်လည်း မူမမှန်တာဘာမှမတွေ့ရပါဘူး။ သူတို့ထင်မိတာကတော့ ဓားသမားက ရောဂါတစ်ခုခုကြောင့်အခုလိုဖြစ်နေတာလို့ပါပဲ။
ကောင်လေးတွေက အဖွဲ့ရဲ့နတ်ဆရာကို ဓားသမားအခြေအနေအား သွာအကဲခတ်ဖို့လောဆော်ခံနေရပြီး လေးသမားကတော့ ရှန်ယန်ရှောင်ကနေ သူ့အဖွဲ့သားတွေကိုမနှိုးနိုင်အောင် လေးနဲ့ချိန်ထားပါတယ်။
တောင်ဝှေးကိုကိုင်ထားပြီး နတ်ဆရာက ဓားသမားဘေးကိုသွားလိုက်ပါတယ်။ သူက သတိထားပြီး ရှန်ယန်ရှောင်ကိုအကဲခတ်လိုက်ပေမယ့် ပြုံးနေတဲ့သူမဆီကနေ မှားနေတာမတွေ့ရပါဘူး။ တစ်ဖက်လူက အသက်ဆယ့်သုံးနှစ်အရွယ် ဆေးကျောင်းသားဖြစ်ဟန်ရှိကာ တိုက်ခိုက်ရည်မရှိပုံပါပဲ။ အသက်အရ ကျောင်းသားသစ်ဖြစ်မှာကြောင့် ကာကွယ်ဆေးရည်လိုမျိုး အစွမ်းထက်ဆေးကိုလည်း ဖော်နိုင်ဖို့ကမဖြစ်နိုင်ပါဘူး။
ရှန်ယန်ရှောင်က အန္တရာယ်မပေးနိုင်ဘူးဆိုမှသာ နတ်ဆရာလည်းထိုင်ချလိုက်ပြီး ဓားသမားကိုစမ်းစစ်ဖို့လုပ်ပါတယ်။
တွေ့လိုက်ရတာက နတ်ဆရာကို အံ့အားသင့်သွားစေပါတယ်။
ဓားသမားပါးစပ်ကနေ အမြှုပ်တွေထွက်နေပြီး မျက်ဖြူလန်ကာ သတိမေ့နေပါတယ်။
ဓားသမားဘာဖြစ်တာလဲဆိုတာကို မသိခင်မှာဘဲ နတ်ဆရာတစ်ကိုယ်လုံးကို အားကြီးတစ်ခုကဖိနှိပ်လာပါတယ်။
ဓားသမားဖြစ်တဲ့ပုံစံအတိုင်းပဲ နတ်ဆရာလည်းလဲကျသွားကာ ဓားသမားထက်ပိုဆိုးတာကတော့ သူကမှောက်လျက်လဲသွားတာပါပဲ။
တစ်ခြားသုံးယောက်လည်း နတ်ဆရာကိုမယုံနိုင်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်လိုက်မိကြပါတယ်။ အခြေအနေကောင်းနေတဲ့ လူနှစ်ယောက်က ရုတ်တရက်ကြီးနဲ့ အဲ့နေရာရောက်ချိန်မှာ ဘာလို့လဲကျသွားရတာလဲ။ ဘာကိုမှလည်း သူတို့မတွေ့ရပါဘူး။
"မကောင်းတော့ဘူး။ အဲ့ဒီမှာလှဲနေတဲ့ လေးယောက်ကအိပ်ချင်ယောင်ဆောင်နေတာပဲဖြစ်ရမယ်။ သူတို့ကမြေပေါ်မှာ မှော်အတတ်နဲ့လှည့်စားထားပြီး တံဆိပ်တွေနဲ့မြှားတာပဲဖြစ်မယ်"
ဆေးကျောင်းသားက အခြေအနေမကောင်းတော့လို့ ချွေးပြန်လာပါတယ်။ သူကသတ္တိသိပ်မရှိလို့ အခုအခြေအနေကိုတွေ့လိုက်တာနဲ့ ကျောရိုးတစ်ခုလုံးစိမ့်တက်သွားပါတယ်။
သူ့စကားက တစ်ခြားနှစ်ယောက်ကိုလည်း တွေးမိသွားစေပါတယ်။
အခုမှ သူတို့တွေးမိလိုက်တာကတော့ ကျယ်ပြန့်လှတဲ့ကမ်းစပ်အနားမှာ အန္တရာယ်မပြုနိုင်တဲ့ ဆေးကျောင်းသားအသစ်လေးကို စောင့်ခိုင်းထားပြီး သူတို့လေးယောက်ကအိပ်နေတယ်လေ။
ဒါ့အပြင်လည်း တစ်ခြားလူတွေလာယူစေလိုဟန်နဲ့ မြက်ခင်းပေါ်မှာက တံဆိပ်တွေကိုချထားလိုက်သေးတယ်။ ဒါက ထောင်ချောင်ပဲဟ.....
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၆၂)
စဉ်းစားလေလေ သုံးယောက်လုံး ပိုကြောက်လာလေလေပါပဲ။ နောက်ဆုံးမှာတော့ သူတို့အားလုံးအနေနဲ့ ဒါဟာထောင်ချောက်ပဲလို့ ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်။ သူတို့အဖွဲ့ဝင်နှစ်ယောက်ကိုတောင် မကယ်ရဲတော့ဘဲ ထွက်ပြေးကြပါတော့တယ်။
မြေပေါ်မှာလှဲနေတဲ့လေးယောက်က ရုတ်တရက်ခုန်ထလာပြီး သူတို့ကိုဖမ်းဆီးမှာကိုကြောက်နေမိကြတာလည်းပါပါတယ်။
ကြောက်အားလန့်အားနဲ့ထွက်ပြေးသွားတဲ့ သုံးယောက်ကိုကြည့်လိုက်ပြီး ရှန်ယန်ရှောင်စိတ်ဓာတ်ကျသွားပါတယ်။
ဒါပဲလားဟ...
သူမက နောက်ထပ်တံဆိပ်တွေထပ်ရဖို့ ပြင်ဆင်ထားနေတာကိုကွာ။
သူမလက်နဲ့ကျိန်စာတိုက်တာကို သူတို့မမြင်အောင်ကောင်းကောင်းဖုံးကွယ်ထားတာကို သူမသေချာပါတယ်။ တစ်ခြားအဖွဲ့အနေနဲ့ သူတို့လူနှစ်ယောက်က ပယောဂတစ်ခုခုကြောင့်လဲကျတာဆိုတာကို မသိဖို့များပါတယ်။ ဒါပေမဲ့....
ဘာဖြစ်လို့ သူတို့တွေက ထွက်ပြေးကြတာလဲ။
တံဆိပ်သုံးခုက သူမလက်ထဲကနေထွက်ပြေးသွားပါပြီ။ သူမလည်း မြေပေါ်ကတုတ်ချောင်းတစ်ချောင်းကို ကောက်ယူလိုက်ပြီး ဓားသမားရဲ့အမြှုပ်ထွက်နေတဲ့ပါးစပ်ကို ကြင်နာမှုကင်းစွာထိုးလိုက်ပါတယ်။
"မင်းက ဒီကဖိုးဖိုးဖြစ်သူကို ဓားပြလာတိုက်ရဲတယ်ပေါ့လေ"
"မင်းကဆရာကြီးစတိုင်ဖမ်းရဲသေးတယ်ပေါ့လေ"
"မင်းက အကောင်းအဆိုးကိုမခွဲတတ်ဘူးဘဲ"
"မင်းက ဓားပြတွေသိက္ခာကျအောင် လုပ်နေတာပဲကွ"
ဓားသမားရဲ့မျက်နှာဟာ တုတ်ချောင်းနဲ့ကြမ်းတမ်းစွာ အကြိမ်ကြိမ်ထိုးခြင်းခံနေရပါတယ်။ အစောတည်းကမျက်နှာဆိုးနဲ့ပါပြော အခုဆိုသူ့မျက်နှာမှာ အနီစက်တွေအများကြီးဖြစ်ပေါ်လာပါပြီ။
ရှန်ယန်ရှောင်ပျင်းရိနေမှုကို သက်ပြင်းနဲ့အတူမှုတ်ထုတ်လိုက်ပါတယ်။ မြေပေါ်မှာလဲနေတဲ့ နှစ်ကောင်ကိုကြည့်လိုက်ပြီး သူမစိတ်ထဲမှာ ညစ်ကျယ်ကျယ်အတွေးပေါက်သွားပါတယ်။ ချက်ချင်းပဲ လှည့်စားကျိန်စာအား မေ့မျောနေတဲ့နတ်ဆရာအပေါ်အသုံးပြုလိုက်ပါတယ်။ ထို့အတူပဲ အနှေးကျိန်စာအား ဓားသမားအပေါ်မှာအသုံးပြုလိုက်ပါတယ်။
ဓားသမားက တွေတွေငေးငေးဖြစ်ကာ နိုးလာပြီး တစ်ကိုယ်လုံးကျင်ထုံနေတာကိုပဲခံစားလိုက်မိပါတယ်။ သူမျက်လုံးဖွင့်ကြည့်လိုက်ချိန်မှာတော့ သူ့အဖွဲ့ထဲကနတ်ဆရာဟာ သူ့ခါးပေါ်မှာတင်ပျဉ်ခွေထိုင်နေတာကို တွေ့လိုက်ရသလို ဘယ်အချိန်တုန်းက သူကိုယ်တုံးလုံးဖြစ်နေမှန်းလည်းမသိဘူး ဖြစ်နေပါတယ်။
"မင်း..မင်း ဘာလုပ်နေတာလဲ"
ဓားသမားက သူ့အပေါ်မှာထိုင်နေပြီး ဗီလိန်အပြုံးပြုံးနေတဲ့ နတ်ဆရာကို ထိတ်လန့်စွာနဲ့ကြည့်လိုက်မိပါတယ်။
"ဟေး..."
နတ်ဆရာရဲ့မျက်နှာမှာ တဏှာခိုးဝေနေတဲ့ အပြုံးတစ်ခုဖြစ်ပေါ်လာကာ ဓားသမားရဲ့ရင်ဘတ်ကို သူ့လက်နဲ့ယုယစွာကိုင်လိုက်ပါတယ်။
"အား..အား..အား"
ဓားသမားက ဆက်တိုက်အော်ဟစ်လိုက်ပါတယ်။
ရှန်ယန်ရှောင်ကတော့ တိတ်ဆိတ်စွာထိုင်နေပြီး လှည့်စားမှုအောက်မှာရောက်နေတဲ့ နတ်ဆရာက ထိန်းကွပ်မရတဲ့တိရစ္ဆာန်တစ်ကောင်လိုမျိုး ဓားသမားရဲ့ကိုယ်အောက်ပိုင်းဆီသို့လက်လှမ်းသွားတာကို ကြည့်နေပါတယ်။
အလန့်တကြားဟစ်ကြွေးလိုက်သံက ဓားသမားဆီကနေထွက်ပေါ်လာပါတယ်။ သူ့ခြေလက်တွေက တစ်နေ့လုံးပင်ပန်းနွမ်းနယ်ထားလို့လားတော့မသိ ခဲတွေဆွဲထားသလိုလေးလံနေပြီး နတ်ဆရာကိုသူ့ကိုယ်ပေါ်ကနေ မဖယ်နိုင်ဘူးဖြစ်နေရပါတယ်။
နတ်ဆရာရဲ့လက်က ယောကျာ်းတစ်ယောက်ရဲ့အရေးကြီးဆုံးအစိတ်အပိုင်းဆီကို ချည်းကပ်လာတာကိုကြည့်ပြီး ဒေါသထွက် ကြောက်ရွံ့နေတဲ့ဓားသမားရဲ့မျက်လုံးတွေ ေ၀ဝါးသွားပါတယ်။
ရှန်ယန်ရှောင်က ပျင်းဖို့ကောင်းတဲ့ မေ့မြောသွားရှာတဲ့ဓားသမားကို ကန်ထည့်လိုက်ပြီး လှည့်စားကျိန်စာအား နတ်ဆရာဆီကနေဖယ်ရှားပေးလိုက်ပါတယ်။
ကျိန်စာနှစ်ခုကိုဆက်တိုက်ခံထားရတဲ့ နတ်ဆရာကချက်ချင်းပဲမေ့သွားပြီး ဓားသမားကိုယ်ပေါ်ကိုလဲကျသွားပါတော့တယ်။
နေ့လည်ခင်းရောက်တော့မှသာ သေနေတဲ့လေးကောင်လုံး နိုးလာပါတော့တယ်။
ဒါပေမဲ့ သူတို့ထမယ်လုပ်မယ့်အခါ လူငယ်နှစ်ယောက်ရဲ့အရှက်တရားကင်းစွာ ဖက်တွယ်ထားတဲ့ပုံကိုတွေ့လိုက်ကြပါတယ်။
လေးကောင်လုံးရဲ့ မျက်နှာတွေပျက်ယွင်းသွားကြပါတယ်။
"ဂျူလေး...ဘာ ဖြစ် နေ တာလဲဟင်"
တန်နာဇီ ထစ်ငေါ့စွာပြောလိုက်ပြီး တုန်ယီနေတဲ့သူ့လက်နဲ့ ထိုနှစ်ယောက်ကိုထိုးပြလိုက်ပါတယ်။ သူက အိပ်ရုံပဲအိပ်တာပါ ဘယ်လိုဖြစ်ပြီး နိုးလာတာနဲ့ ဒီလိုမျိုးကိစ္စကိုမျက်မြင်ကိုယ်တွေ့ကြုံရတာလဲ။
"ငါလည်း မသိဘူးလေ ငါလည်းခုမှနိုးတာပဲ"
ရှန်ယန်ရှောင်ပုခုံးတွန့်ပြလိုက်ပြီး သူမမျက်နှာမှာတော့ ငါနဲ့မဆိုင်ဘူးလေ ငါကအပြစ်ကင်းပါတယ်ဆိုသော အမူအယာနဲ့ပါ။
"အိမ်း...ငါတို့ကျောင်းရဲ့ကျောင်းသားတွေက တော်တော်မျက်နှာပြောင်လှကြပြီပဲ။ နေ့ခင်းကြောင်တောင်ကြီး ကောင်းကင်နဲ့မြေကြီးရဲ့မျက်မှောက်မှာ ဒီလိုအရှက်ကင်းမဲ့တဲ့လုပ်ရပ်ကိုတောင် လုပ်ရဲနေကြပြီပဲ"
တန်နာဇီအနေနဲ့ အဲ့ဒီကျောင်းသားနှစ်ယောက်ကို သေချာမကြည့်ရဲတော့ပါဘူး။