← Chapters

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၉၃)

ရှူပြောခဲ့ဖူးတာက ဘာပညာရပ်မှာပဲဖြစ်ဖြစ် လက်နက်တစ်ခုကိုရွေးချယ်တော့မယ်ဆိုရင် ကံစပ်တယ်ဆိုတဲ့စကားလုံးကို အထူးအရေးပေးဂရုစိုက်ဖို့ဖြစ်ပါတယ်။ လက်နက်တွေမှာလည်း သူတို့ရဲ့ကိုယ်ပိုင်ဝိညာဉ်တွေရှိလို့ သူတို့နဲ့သင့်တော်တဲ့ပိုင်ရှင်ကိုတွေ့ရင် တုံ့ပြန်မှုပြုလုပ်မှာဖြစ်ပါတယ်။ ရှန်ယန်ရှောင်လည်း သူမကိုတုံ့ပြန်မှုရှိမယ့် လေးကိုလိုက်ရှာနေပါတယ်။

အတန်းလိုက်ရှိနေတဲ့လေးတွေကိုကြည့်ပြီးတာနဲ့ သူမစိတ်ညစ်သွားရပါတယ်။ ဒီရာချီပြီးရှိနေတဲ့ လေးတွေထဲကတစ်စင်းမှ သူမနဲ့ကံပါတဲ့လေးကိုမတွေ့ရလို့ သူမစိတ်ထဲမှာ ထူးဆန်းတယ်လို့ခံစားနေမိပါတယ်။

"ဒီလိုဆင်းရဲနုံချာလှတဲ့ သူရဲလေးက ဘယ်လိုလုပ်ပြီးရွှေပန်းပဲလက်နက်ဆိုင်ထဲကို ရောက်လာတာလဲ"

လေးရွေးနေတဲ့လူငယ်တစ်ယောက်က စူပုပ်ပုပ်ဖြစ်နေတဲ့ ရှန်ယန်ရှောင်ကိုကြည့်ကာပြောလိုက်တာဖြစ်ပါတယ်။ ရှန်ယန်ရှောင်ဝတ်ထားတဲ့ သာမန်အဝတ်အစားတွေကိုကြည့်ကာ သူ့မျက်လုံးထဲမှာအထင်သေးဟန်ပေါ်ပေါက်သွားပါတယ်။

ရွှေပန်းပဲလက်နက်ဆိုင်ရဲ့ လက်နက်တွေကဈေးကြီးမြင့်တာကြောင့် အမည်းရောင်မြို့မှာကျော်ကြားပါတယ်။ အခြေခံအကျဆုံးလက်နက်တွေရဲ့ဈေးတန်းကတောင် တစ်ခြားနေရာတွေထက်အဆမတန်မြင့်မားပါတယ်။ တော်ဝင်ရိုလန်ကျောင်းသားတွေကတော့ ဆိုင်ကြီးထဲမှာဝယ်ရတာကို နှစ်သက်ကြသူတွေဖြစ်ပါတယ်။ ဒီကလက်နက်တွေရဲ့လက်ရာက တော်တော်ကောင်းမွန်ပြီး ဈေးနှုန်းကလည်းမြင့်လို့ ဒီကလက်နက်ကိုဝယ်ကိုင်တာက အဆင့်အတန်းတစ်ခုလိုဖြစ်နေပါတယ်။

တော်ဝင်ရိုလန်ကျောင်းရဲ့ ကျောင်းသားသစ်တွေတောင်မှ ကျောင်းသားကြီးတွေကြောင့် ဒီပြိုင်ဆိုင်မှုထဲကိုပါဝင်လာကြပါတယ်။

စွမ်းအားပြိုင်တာကတစ်ခု၊ ငွေကြေးချမ်းသားမှုပြိုင်ဆိုင်တာက တစ်ခုသပ်သပ်ဖြစ်ပါတယ်။ တစ်ချို့ကျောင်းသားတွေအနေနဲ့ ကြွားလုံးထုတ်စရာစွမ်းအားမရှိရင်တောင် ငွေကြေးကိုအသုံးပြုကာဟန်ရေးပြနိုင်ပါသေးတယ်။

ဒါကြောင့် အခုလိုသာမန်အဝတ်အစားကိုဝတ်ဆင်ထားပြီး ပိန်လှီကာ ဘယ်လိုမှဆွဲဆောင်မှုမရှိလှတဲ့ ချာတိတ်လေးတစ်ယောက်က ခမ်းနားထည်ဝါလှတဲ့လက်နက်ဆိုင်ထဲကိုရောက်နေခြင်းက လူတွေကိုဟန်တစ်လုံးထင်သွားစေပါတယ်။

"ဘယ်သူပြောနိုင်မှာလဲ။ ဒါပေမဲ့ သူ့ပုံစံကြည့်လိုက်တာနဲ့ ဘာမှဝယ်နိုင်မှာမဟုတ်တာကို တန်းပြောနိုင်ပါတယ်ကွာ။ ဒီလေးတွေကိုကြည့်ချင်ရုံသက်သက်ပဲဖြစ်မှာပေါ့"

တစ်ခြားလူငယ်တစ်ယောက်ကလည်း ရှန်ယန်ရှောင်အပေါ်ထားတဲ့ သူ့အမြင်ကိုထုတ်ပြောလိုက်ပါတယ်။ ရှန်ယန်ရှောင်က ဒီလေးတွေကိုကြည့်ချက်ရုံသက်သက်လို့ တမင်ပြောလိုက်ပါတယ်။ ဈေးနှုန်းကိုကြည့်လိုက်ကာ အထင်သေးဟန်နဲ့ ပြောလိုက်ပါသေးတယ်။

"ရွှေပြား၇၀၀ဆိုပဲ။ ဒီအစုတ်အပြတ်ကို ဘယ်သူကသုံးမှာလဲဟ"

စကားပြောလိုက်တဲ့လူငယ်လေးက ပြုံးလိုက်ပြီး ရှန်ယန်ရှောင်ကိုတစ်ချက်ကြည့်လိုက်ကာ ပြောလိုက်ပြန်ပါတယ်။

"ဒီလိုအစုတ်အပြတ်မျိုးက မင်းနဲ့မဟပ်စပ်ပေမယ့် ဒီအစုတ်မျိုးကိုတောင် တစ်ချို့ကဝယ်နိုင်မှာမဟုတ်သေးဘူးဟ"

ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်မိပါတယ်။ သူမကအတွေးထဲမြောနေပြီး ဒီလေးကိုမသိလိုက်မသိဖာသာကြည့်လိုက်မိတာဖြစ်ပါတယ်။ ဒီအရူးနှစ်ကောင်က ပေါက်တက်ကရစကားတွေကို ဒါအတွက်နဲ့ပြောဆိုနေကြမယ်လို့ မမျှော်လင့်ခဲ့မိပါဘူး။

သူမအတွက်လေးကိုရှာတွေ့ဖို့ ကြိုးစားနေတဲ့ရှန်ယန်ရှောင်ဟာ ဒီအရူးနှစ်ကောင်က သူမကိုလှောင်ပြောင်နေတာကို မသိသေးပါဘူး။

"ဒုတိယထပ်ကိုသွား"လို့ ရှူကပြောလိုက်ပါတယ်။

သူမလည်း ဒုတိယထပ်ကိုတက်ဖို့လှေကားကို လှမ်းကြည့်လိုက်ပါတယ်။ ဒါက တော်တော်တော့ထူးဆန်းနေတာပဲ ပထမထပ်မှာလူတွေပြည့်ကျပ်နေသော်လည်း ဒုတိယထပ်ကိုတော့ ဘယ်သူမှတက်မသွားကြပါလား။

"ဒုတိယထပ်မှာ ကောင်းတာလေးတစ်ခုခုရှိတယ်"လို့ ရှူကသူမကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

သူမလည်း ရှူ့ကိုယုံတာကြောင့် လှေကားဆီကိုသွားလိုက်ပါတယ်။

ဘယ်လောက်ချမ်းသာကြောင်းကြွားဝါနေတဲ့ လူငယ်နှစ်ယောက်လည်း သူတို့လှောင်ပြောင်နေတဲ့သူက လှေကားကိုတက်ဖို့သွားနေတာကို တွေ့လိုက်ရတာနဲ့ ဖော်ပြရန်ခက်တဲ့အမူအယာတွေ သူတို့မျက်နှာမှာဖြစ်ပေါ်သွားပါတယ်။

"ဒီကလေးက ဘာလုပ်မလို့လဲဟ"

"ရယ်ချင်စရာပဲ ဟဟ။ သူက ဒုတိယထပ်ကိုသွားချင်နေတာပဲ။ သူ့တစ်ဘလုံးစာရသမျှကိုပေါင်းရင်တောင် အဲ့ဒီကလေးတစ်စင်းဖိုးတတ်နိုင်မှာမဟုတ်သေး..မဟုတ်ဘူး လေးညှို့တစ်ချောင်းစာတောင်တတ်နိုင်မှာမဟုတ်ဘူး"

"ဟုတ်တယ်။ ဒုတိယထပ်ကလက်နက်တွေရဲ့ဈေးနှုန်းက ထောင်ကြီးပိုင်းကစတယ်ဆိုတာကို မသိတဲ့လူဘယ်သူရှိလို့လဲ။ အဲ့ဒီကလေး တတ်နိုင်မှာလည်းမဟုတ်ဘဲနဲ့"

လူငယ်နှစ်ယောက်က သူတို့ကြွယ်ဝမှုကိုဟန်ရေးပြနေပေမယ့် မြေညီထပ်မှာပဲဝယ်ရဲတာဖြစ်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၉၄)

ဒုတိယထပ်...

အဲ့ဒီနေရာဟာ တစ်ကယ့်ကိုချမ်းသာတဲ့လူတွေသာ သွားနိုင်တဲ့နေရာပါ။

သူမ ဒုတိယထပ်ကိုရောက်သွားပြီး မြေညီထပ်နဲ့တော့ မြင်ကွင်းခြင်းမတူညီပါဘူး။ ပစ္စည်းတွေရောင်းချတဲ့နေရာမှာကြီးကြပ်သူ သက်လတ်ပိုင်းလူတစ်ယောက်ကလွဲရင် ဝယ်သူတစ်ယောက်တောင်မတွေ့ရပါဘူး။

မြေညီထပ်မှာက လက်နက်မျိုးစုံကို တောက်ပစုံလင်စွာခင်းကျင်းပြသရောင်းချသော်လည်း ဒုတိယထပ်မှာတော့ ရွှေပန်းပဲဆိုင်ရဲ့ခင်းကျင်းပုံက ခြားနားသွားပါတယ်။ ဒီမှာရှိတဲ့လက်နက်အရေအတွက်က များများစားစားမရှိပါဘူး။ လက်နက်တစ်ခုတိုင်းကို သလင်းစင်တစ်ခုစီမှာသပ်သပ်စီထားထားပြီး သလင်းစင်တိုင်းမှာလည်း လက်မအရွယ်ရှိတောက်ပနေတဲ့ကျောက်လေးတွေနဲ့ အလှဆင်ထားပါတယ်။

ဒီမြင်ကွင်းက ခေတ်သစ်ကမ္ဘာရဲ့ ဆိုင်ကြီးတွေအတိုင်းပါပဲ။

သူမက လှေကားနားမှာရှိတဲ့ သစ်သားတုတ်တစ်ချောင်းကို ကြည့်လိုက်ပါတယ်။ နက်ညိုရောင်တုတ်မှာ အဆင့်နိမ့်မှော်အမြူတေခုနှစ်လုံးရှစ်လုံးခန့် တပ်ထားပါတယ်။ တုတ်ဖျားပိုင်းမှာတော့ ကြက်ဥအရွယ်ရှိတဲ့ အဆင့်ခြောက်မှော်အမြူတေကိုတပ်ထားပါတယ်။ အောက်မှာပြထားတဲ့ ဈေးနှုန်းကလည်း ကြောက်စရာကောင်းလှပါတယ်။

"၃၈၀၀၀..."

သူမရဲ့ပါးစပ်တွန့်ချိတ်သွားပါတယ်။ ခုနလေးတင်မှ အဆင့်နှစ်မှော်အမြူတေတပ်ထားတဲ့လေးကို ရွှေပြား၁၂၀၀လို့တွေ့ခဲ့ပါတယ်။ အဲ့ဒါက ဒီတုတ်ချောင်းရဲ့အစအနနဲ့တောင်ယှဉ်လို့ရမှာမဟုတ်ဘူး။

ကောင်းပါပြီ တုတ်ချောင်းကလည်း တန်ဖိုးကြီးသင့်ပါတယ်။ အဆင့်နှစ်နဲ့သုံးရှိတဲ့အဆင့်နိမ့်အမြူတေတွေကို အလှတပ်ထားတာကိုး။ ဘယ်လောက်တောင်ကြီးကျယ်လိုက်သလဲ။

ရှန်ယန်ရှောင်လည်း သွေးစိမ်းရှင်ရှင်ထွက်ဖို့ပြင်ဆင်ထားလိုက်ပြီး လေးတွေပြထားတဲ့ဆီကိုသွားလိုက်ပါတယ်။

ဆိုင်အကူက သူမကို ပျင်းရိလေးတွဲ့စွာလှမ်းကြည့်လိုက်ပါတယ်။ ဒီထက်ပိုပြီးသာမန်မဖြစ်နိုင်တော့တဲ့ သူမအသွင်အပြင်ကိုတွေ့လိုက်တာနဲ့ သူ့ပါးစပ်က အထင်သေးစွာတွန့်သွားပါတယ်။ သူ့ခေါင်းကိုတစ်ဖက်လွှဲလိုက်ပြီး ရှန်ယန်ရှောင်အားကူညီပြသဖို့ တွေးပူမနေတော့ပါဘူး။

သူဆင်းရဲလေးက သူတို့ဆိုင်ကိုတောင်လာရဲတယ်တဲ့ တစ်ကယ့်ကိုရှက်စရာပဲ။

သူမကတော့ သူ့အတွေးကိုမသိပါဘူး။ ဘယ်သူမှလာမကြိုဆိုမှတော့ သူမကိုယ်တိုင်ရှာတာပိုကောင်းပါတယ်။

ဒုတိယထပ်က လေးအရေအတွက်က တစ်ဆယ်ကျော်ရှိပြီး ကျကျနနပြသခင်းကျင်းထားပါတယ်။

သူမအကြည့်တွေက ဒီလေးတွေပေါ်ကိုပဲ စူးစိုက်ရောက်ရှိနေပါတယ်။ ဒီလေးတွေပေါ်မှာအသုံးပြုထားတဲ့ မှော်အမြေူတေတွေဟာ အဆင့်ငါးမှော်အမြူတေထက် မနိမ့်ပါဘူး။ စင်ထဲမှာချထားတာတောင်မှ အားလှိုင်းအငွေ့အသက်ကိုခံစားမိစေပါတယ်။

လက်နက်တစ်ခုကိုရွေးချယ်ချိန်မှာ လက်ရာအပြင် မှော်အမြူတေရဲ့အဆင့်ကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်။ မှော်အမြူတေရဲ့အဆင့်မြင့်လေ လက်နက်စွမ်းအားပိုကောင်းလေဖြစ်ပါတယ်။ ဒါကလည်း မှော်အမြူတေရဲ့တန်ဖိုးကိုမြင့်တက်စေခဲ့တာဖြစ်ပြီး အဆင့်မြင့်မှော်အမြူတေနဲ့ ပေါင်းစပ်ထားတဲ့လက်နက်တွေတန်ဖိုးဟာလည်း မိုးထိအောင်မြင့်မားသွားပါတယ်။

ဒီတန်ဖိုးကြီးလေးတွေကြားမှာ တစ်စင်းကပိုပြီးသိသာထင်ရှားပါတယ်။

ဒီလေးက ရွှေရောင်လေးရှည်တစ်စင်းဖြစ်ကာ လေးတစ်စင်းလုံးကို ရွှေသစ်နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ သံမဏိထက်ပိုပြီး ခိုင်မြဲရုံသာမက မာကျောမှုမှာလည်း ပိုသာပါတယ်။ ဒါက လေးတွေထဲက အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ရွှေသစ်က နတ်သူငယ်တွေနေထိုင်ကြတဲ့ လနတ်တိုက်ပေါ်မှာပဲ ပေါက်ရောက်ရှင်သန်တာဖြစ်ပါတယ်။ ကွမ်းမင်တိုက်မှာပြုစုပျိုးထောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်လို့ လနတ်တိုက်ကနေပဲ တင်သွင်းရတာပါ။ တန်ဖိုးကလည်း လန့်စရာပါ။ ရွှေသစ်နဲ့လုပ်တဲ့ လေးဆိုတာနဲ့ တန်ဖိုးက လူတွေကိုလန့်ဖျားဖျားစေနိုင်ပါတယ်။

မှော်အမြူတေနဲ့ပေါင်းစပ်မထားရင်တောင် ရွှေသစ်နဲ့ပြုလုပ်ထားတဲ့လေးက အဆင့်ငါးမှော်အမြူတေတပ်ဆင်ထားတဲ့တစ်ခြားလေးနဲ့ စွမ်းအားချင်းတူညီပါတယ်။

သူမရှေ့က လေးရှည်ကတော့ ရွှေသစ်နဲ့ပြုလုပ်ထားရုံတင်မက မှော်အမြူတေကိုလည်း နှစ်လုံးတောင်ပေါင်းစည်းထားပါသေးတယ်။

လေးရဲ့အဖျားတစ်ဖက်စီမှာ အစိမ်းရောင်ရှိတဲ့ အဆင့်ရှစ်မှော်အမြူတေတစ်လုံးစီတပ်ထားပါတယ်။ အစိမ်းရောင်မှော်အမြူတေဟာ သစ်သားဓာတ်ပါတဲ့မှော်သားရဲဆီကနေရတာဖြစ်ပြီး လေးမှာပေါင်းစပ်လိုက်ပါက လက်နက်ရဲ့စွမ်းအားကိုတိုးစေရုံသာမကဘဲ လေးသည်ရဲ့စိတ်ကိုလည်း ငြိမ်စေပြီး တည့်မတ်မှုနဲ့ အရှိန်ကိုလည်းတည်ငြိမ်စေပါတယ်။

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၉၅)

ရှန်ယန်ရှောင်အများကြီးနားမလည်ပေမယ့် သူမကြည့်နေတဲ့ ဒီ‌သစ်ရွှေသားလေးဟာ အကောင်းဆုံးတွေထဲက တစ်ခုဆိုတာကိုတော့ ခန့်မှန်းနိုင်ပါတယ်။

လေးမှာကပ်ထားတဲ့ တန်ဖိုးကိုကြည့်လိုက်မိတဲ့အခါမှာတော့ သူမပါးစပ်အဟောင်းသား ဖြစ်သွားရပါတယ်။

ရွှေပြားတစ်သန်းသုံးသိန်း...အိုးခိုင်မော့

ဒီတန်ဖိုးက ပထမထပ်ကလက်နက်အားလုံးကို ဝယ်လို့ရမှာပါ….

ပစ္စည်းကောင်းဆိုတာ ပစွည်းကောင်းဆိုတဲ့အတိုင်း ဈေးနှုန်းတွေက လူတွေအား သွေးအန်စေနိုင်ပါတယ်။

သူမစိတ်ကူးနဲ့ လက်စွပ်ထဲမှာရှိနေတဲ့ ခိုးရာပါရတနာတွေအကြောင်း တွက်ချက်ကြည့်လိုက်ပါတယ်။ အနည်းဆုံး ဆယ်သန်း သန်းနှစ်ဆယ်ရှိသော်လည်း သူမ စိတ်ညစ်သွားမိပါသေးတယ်။

သူမလိုချင်ရချင်တဲ့ ဘယ်အရာအတွက်ကိုမှ ဝယ်ယူခဲ့တာ မရှိပါဘူး ဟုတ်ပြီလား။

စောရတစ်ယောက်အတွက် ဝယ်ယူရတာကိုက သိက္ခာကျစရာပါ။

နည်းနည်းလောက် တွေးကြည့်လိုက်မိတဲ့အခါ လေးကိုခိုးမယ်ဆိုရင် သူမ ပြဿနာတက်မှာကို နားလည်လိုက်ပါတယ်။ လေးရဲ့အသွင်အပြင်က သိသာလွန်းတာကြောင့် သူမထုတ်သုံးတဲ့အခါ သိသွားကြမှာဖြစ်ပါတယ်။ တွေ့သွားကြရင် သူမ တော်ဝင်ရိုလန်ကျောင်းမှာ ဘယ်လိုနေထိုင်ရတော့မလဲ။

" ဖြစ်ချိန်တန်လို့ပေါ့လေ"

ရှန်ယန်ရှောင် သက်ပြင်းချလိုက်မိတယ်။ ရှူပြောသလိုမျိုး လေးကိုတွေ့ချိန်မှာ စိတ်လှုပ်ရှားတာမျိုး မဖြစ်သော်လည်း လေးနဲ့သူမကြားမှာ ဆက်နွယ်မှုတစ်ခုခု ရှိနေတာကိုတော့ ခံစားရမိနေပါတယ်။

‌သင်ယူလေ့လာဖို့ စာအုပ်တွေရှိနေပေမယ့် လက်တွေ့အသုံးချစရာ လေးမရှိတာကြောင့် ရှင်လျှက်နဲ့သေနေသလို ဖြစ်နေပါတယ်။

ဘာပဲဖြစ်ဖြစ် နိုင်ငံ့ဘဏ္ဍာတိုက်ကနေ ငှားလာတာတွေနဲ့ ဖြေရှင်းရမှာပဲ။

" အဆင့်မီလုလုပါပဲ"

ရှူကနေ လေးရဲ့အရည်အသွေးကို အေးစက်စက် မှတ်ချက်ပေးလိုက်ပါတယ်။ သူ့လေသံထဲမှာ သိပ်သဘောမကျဟန် ပေါ်နေပါတယ်။

ရှန်ယန်ရှောင်ကတော့ သွေးတွေသာ အန်ထုတ်ပစ်ချင်စိတ် ဖြစ်သွားရပါတယ်။ သစ်ရွှေသားနဲ့ပြုလုပ်ထားပြီး အဆင့်ရှစ် မှော်အမြုတေနှစ်လုံး တပ်ထားတဲ့ လေးကိုတောင်မှ ရှူအတွက်က အဆင့်မီလုလုတဲ့ သူ့လေသံကိုလည်း ကြည့်လိုက်ဦး။

ဒီပစ္စည်းက တစ်ဘဝစာဇိမ်နဲ့နေလို့ရတဲ့ တန်ကြေးကြီးနဲ့နော်။

ရှန်ယန်ရှောင်ကနေ လက်စွပ်ထဲကရွှေတွေကို ထုတ်ယူကာ ရှင်းမယ်လုပ်ချိန်မှာပဲ ဒုတိယထပ်ကို ဧည့်သည်သစ်တွေ ရောက်လာပါတယ်။

" လူကြီးမင်းမန် ဘယ်လိုတိုက်ဆိုင်မှုပါလိမ့်။ ကျွန်တော်က လူကြီးမင်းကို ဒီမှာတွေ့မယ်လို့ မထင်ထားဘူး"

ဖားယားလိုတဲ့လေသံကို ကြားလိုက်ရပါတယ်။

အဆိုပါ စကားသံနှင့်အတူ ပေါ့ပေါ့ပါးပါးသာ ဝတ်စားဆင်ယင်ထားတဲ့ မန်ယိဂျွန်က လူငယ်နှစ်ယောက်နှင့်အတူ ဒုတိယထပ်သို့ ရောက်ရှိလာတာကို တွေ့လိုက်ရပါတယ်။

လူငယ်နှစ်ယောက်က အောက်ထပ်မှာ ရှန်ယန်ရှောင်အား လှောင်ပြောင်ခဲ့တဲ့ နှစ်ယောက်ပဲ ဖြစ်ပါတယ်။

မန်ယိဂျွန်ကတော့ အခုလို မြှောက်ပင့်ပြောဆို မှုတွေကိုမကြာခဏ ကြားရကာရိုးအီနေတာကြောင့် ဘယ်လိုမှမနေပါဘူး။

" ဒီတစ်ခေါက်မှာ ဘယ်လိုလေးကိုများ လူကြီးမင်းမန်က ရွေးချယ်မလဲဗျ"

ဝမ်းလီဆိုတဲ့ ကျောင်းသားက ပြုံးဖြဲဖြဲနဲ့ အမးလိုက်တာဖြစ်ပါတယ်။ သူဟာ လေးဌာနရဲ့ ကျောင်းသားသစ်ဖြစ်ကာ မန်ယိဂျွန်ကို သူ့ရဲ့စံနမူနာထားရမယ့်သူလို့လည်း သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒီနေ့မှာပဲ သူနဲ့ တွေ့ဆုံရမယ်လို့ ထင်မထားခဲ့မိသလို မန်ယိဂျွန်က ယဉ်ကျေးပျူငှာစွာနဲ့ သူ့ကို ပြန်လည်ပြောဆိုပါသေးတယ်။ ဒါကြောင့် ပြုံးဖြီးဖြီးဖြစ်နေရတာပါ။

"အရင်ဆုံး ကြည့်ကြည့်ဦးမယ်"

မန်ယိဂျွန် မျက်နှာကသိပ်မရွှင်ပါဘူး။ စာမေးပွဲရဲ့ ရက်စက်မှုကြောင့် ခရမ်းတန်းကနေ အနီတန်းကို သူ ရောက်ခဲ့ပါတယ်။ သူဟာ ခရမ်းတန်းကနေ ဘယ်အတန်းကိုမှ မရောက်ဖူးသူဖြစ်လို့ အနီတန်းမှာ တက်ရတာကို လက်သင့်မခံနိုင်ဘူး ဖြစ်နေရပါတယ်။ ကံကောင်းတာတစ်ချက်က တော်ဝင်ရိုလန်ကျောင်းရဲ့ စည်းကမ်းတွေထဲမှာ ကျောင်းသားတစ်ဦးက သူ့ကိုယ်သူ အစွမ်းအစရှိတယ်လို့ ယုံကြည်ရင် တစ်ခြားအတန်းက ကျောင်းသားကို ရက်သတ္တပတ်ရဲ့ နောက်ဆုံးနေ့တိုင်းမှာ စိန်ခေါ်ခွင့်ရှိတယ်ဆိုပြီး သတ်မှတ်ထားခြင်းပါပဲ။ အဆိုပါကျောင်းသားကို အနိုင်ရရှိတဲ့ စိန်ခါ်သူ ကျောင်းသားသို့မဟုတ် ကျောင်းသူဟာ စိန်ခေါ်ခံရတဲ့ ကျောင်းသားရှိတဲ့ အတန်းကို တိုက်ရိုက်တက်ခွင့်ရပါတယ်။

မန်ယိဂျွန်က အနီတန်းကနေ ခရမ်းတန်းကို ရောက်ဖို့အတွက် နှစ်ပါတ်အချိန်ပေးခဲ့ရပါတယ်။

လှည့်ပတ်ကြည့်နေရင်းနဲ့ပဲ မန်ယိဂျွန်ရဲ့ အာရုံက သစ်ရွှေသားလေးဆီ ကျရောက်သွားပါတယ်။ လေးသမားတစ်ဦးဖြစ်တဲ့ မန်ယိဂျွန်အဖို့ သစ်ရွှေသားရဲ့ ရှားပါးမှုကို ကောင်းကောင်းကြီး သဘောပေါက်ပါတယ်။ ချက်ချင်းပဲ ထိုနေရာသို့ တန်းသွားလိုက်ပါတော့တယ်။

All Chapters