← Chapters

အခန်း (၄၃၆၁-၄၃၆၅)

Vol. 221 Ch. 4361-4365

အခန်း (၄၃၆၁-၄၃၆၅)

Vol. 221 Ch. 4361-4365

Chapter 4361

စစ်သားများသည် တိုက်ပွဲတခုကို ဖြတ်ကျော်ပြီးနောက် အလွန်ပင်ပန်းနွမ်းနယ်နေသဖြင့် မြေပြင်ပေါ်၌ ခြေပစ်လက်ပစ်ထိုင်နေကြသည်။

မြေပြင်ပေါ်၌ ပေကျံနေသော်လည်း စစ်သားများအတွက် အနားယူရန် နေရာရရှိသရွေ့ လုံလောက်နေလေပြီ။

လုယွီသည် မြေပြင်ပေါ်ရှိ အညစ်အကြေးများကို ဂရုမစိုက်ဘဲ စစ်သား၏နံဘေး၌ ထိုင်လိုက်သည်။

"ငါ အရမ်းသိချင်မိတယ်...တကယ်လို့ မင်းသိထားတာ တစ်ခုခုရှိတယ်ဆိုရင် ငါ့ကို ပြောပြပါလား...မင်းမှာ အတွင်းဒဏ်ရာတွေ ရထားတယ်ဆိုတာ ငါ မြင်တယ်...ဒါက မင်းရဲ့အတွင်းဒဏ်ရာတွေကို ပျောက်ကင်းသွားစေနိုင်တဲ့ ကုသရေးဆေးလုံးပဲ"

လုယွီသည် သူ၏လက်ကိုမြှောက်ကာ ဆေးလုံးတစ်လုံးကိုထုတ်ယူပြီးနောက် ထိုစစ်သားထံသို့ ပေးလိုက်သည်။

ဤဆေးလုံးများသည် အတိတ်တွင် လုယွီ အားလပ်စဥ်အချိန်တိုင်း ပမာဏအမြောက်အများ သန့်စင်ထားခဲ့သည့် အရာများပင်။

လုယွီ၏ယခုလက်ရှိ ဆေးဖော်စပ်မှုစွမ်းရည်ဖြင့် အကယ်၍ သူသည် အစွမ်းကုန်အသုံးပြုပြီး ဆေးဖော်စပ်ပါက ဆေးဖော်စပ်သည့်ဂိုဏ်းများမှလူများအားလုံး အတူပူးပေါင်း၍ ဖော်စပ်လျှင်ပင် သူ့ဖော်စပ်သည့်အရေအတွက်ကို လိုက်မီမည်မဟုတ်ချေ။

လုယွီသည် ဤဆေးလုံးများကို သူ၏ကမ္ဘာငယ်လေးအတွင်းရှိ သိုလှောင်ရုံအတွင်း၌ သိမ်းဆည်းထားခဲ့သည်။သူ့အတွက် ဤဆေးလုံးများကို အသုံးပြုရန်မလိုအပ်တော့သော်လည်း တခြားသူများကို လက်ဆောင်ပေးရာ၌ အသုံးပြုနိုင်သဖြင့် သူ သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။

လုယွီ ဆေးသန့်စင်ရာ၌ အဆင့်အနိမ့်ဆုံးဆေးလုံးသည် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်ဆေးလုံးများ ဖြစ်ပေ၏။

ထိုစစ်သားသည် ဆေးလုံးကိုမြင်တွေ့ချိန်၌ သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။သူသည် ထိုဆေးလုံးကို ချက်ချင်းယူကာ သူ၏ပါးစပ်အတွင်းသို့ ထည့်သွင်းလိုက်သည်။

ဝုန်း...

ပြင်းထန်သောဆေးစွမ်းအားများက စစ်သား၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။

တလိမ့်လိမ့်ထနေသော ဆေးစွမ်းအားများသည် ညင်သာသော စွမ်းအားလှိုင်းတစ်ရပ်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများအတွင်းသို့ စီးဆင်းသွားသည်။

သာမန်မျက်စိဖြင့်မြင်နိုင်သော အရှိန်နှုန်းဖြင့် စစ်သား၏ခန္ဓာကိုယ်ပေါ်ရှိ ပြင်ပဒဏ်ရာများ အလျှင်အမြန်ကောင်းမွန်လာသည်။ သူ၏မျက်နှာပေါ်မှ အသွေးအရောင်သည်လည်း တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာကာ သွေးရောင်သန်းလာပေ၏။

အချိန်တခဏကြာပြီးနောက် စစ်သားသည်သူ၏ကျင့်ကြံနေမှုကိုရပ်တန့်ပြီး သူ၏မျက်လုံးအတွင်းမှ တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။

သူ၏ခန္ဓာကိုယ်အတွင်းမှဒဏ်ရာများ ပျောက်ကင်းသွားသဖြင့် သူသည် မူလအခြေအနေသို့ရောက်ရှိသွားလေပြီ။

"ကျေးဇူးတင်ပါတယ်"

စစ်သားသည် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ကျေးဇူးတင်သောအမူအယာဖြင့် ပြောဆိုသည်။

"ဒီဆေးလုံးက စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် ဆေးလုံးမဟုတ်လား...ဒါက အရမ်းစျေးကြီးတယ်...တကယ်လို့ မင်းကဒီဆေးလုံးကို မှောင်ခိုစျေးမှာ သွားရောင်းမယ်ဆိုရင် ဈေးကောင်းကောင်းနဲ့ရောင်းရမှာ သေချာတယ်"

ထိုစစ်သားသည် လုယွီကို တစ်ချက်ပြန်ကြည့်ပြီးနောက် ဤသည်မှာ အတွေ့အကြုံရှာရန်အတွက် စစ်တပ်အတွင်းသို့ ရောက်ရှိလာသည့် လူချမ်းသာသခင်လေးတစ်ယောက် ဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

စစ်တပ်အတွင်းရှိစစ်သားအများစုသည် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် ဆေးလုံးများကို လွယ်လင့်တကူမရရှိနိုင်ချေ။

ချမ်းသာကြွယ်ဝသောမိသားစုများမှ သခင်လေးတချို့သာလျှင် ဤကဲ့သို့ အဖိုးတန်ရှားပါးသောဆေးလုံးများကို လျစ်လျှူရှုထားပေမည်။

"မင်းက စစ်တပ်ထဲကို ဝင်လာပေမယ့်...ရှေ့တန်းကို မသွားချင်ဘူးမဟုတ်လား"

"ဘာလို့လဲ"

"တကယ်လို့ မင်း မပြောဘူးဆိုရင်တောင် ငါ သိတယ်...မင်း ဘာမှမစိုးရိမ်နဲ့...မင်းက ငါ့ကို အများကြီးကူညီထားခဲ့တယ်...ငါက မင်းရဲ့ဆေးလုံးကို အလကားမယူဘူး...ငါတို့တပ်ရင်းရဲ့ဗိုလ်ချုပ်စီကုံးနဲ့ပတ်သက်ပြီးတော့ ငါ အများကြီးသိထားတယ်...မင်းက အဲ့ဒီကိစ္စကို သိချင်တာမဟုတ်လား"

စစ်သားက ရုတ်တရက် တီးတိုးမေးမြန်းသည်။

လုယွီက ခေါင်းညိတ်ပြလိုက်၏။

ဗိုလ်ချုပ်စီကုံးသည် ရှေ့တန်းသို့သွားရောက်ခြင်း မရှိချေ။သူသည် စစ်စခန်းကိုကာကွယ်စောင့်ကြပ်ရာ၌ တာဝန်ယူထားသော စစ်ဗိုလ်ချုပ်ပင်။သူသည် စစ်ပွဲအချိန်ကာလအတောအတွင်း၌ စစ်ရေးအောင်မြင်မှုများကို စီမံကွပ်ကဲရာ၌ တာဝန်ယူထားသည်။

စစ်ဗိုလ်ချုပ်များမှအစ သာမန်စစ်သားများအထိ အကယ်၍ သူတို့သည် ရာထူးတိုးလိုပါက စစ်ရေးအောင်မြင်မှုရမှတ်များရှိနေရန် လိုအပ်သည်။

ထိုစစ်သားက လေသံတိုးတိုးဖြင့် ပြောဆိုသည်။

"တကယ်လို့ မင်းမှာ ဒီလိုမျိုးအရည်အသွေးရှိတဲ့ ဆေးလုံးတွေ ရှိနေသေးတယ်ဆိုရင် ဗိုလ်ချုပ်စီကုံးကို ပေးလို့ရတယ်...ဒါဆိုရင် သူက မင်းကို နောက်တန်းမှာ ရွှေ့ပြောင်းထားလိမ့်မယ်...အဲ့ဒီလိုဆိုရင် မင်းက ရှေ့တန်းကိုသွားပြီး တိုက်ခိုက်ဖို့မလိုတော့ဘူး... မင်း အန္တရာယ်ကနေ ဝေးဝေးနေနိုင်လိမ့်မယ်"

သူက အလေးအနက်ထားသောအကြည့်ဖြင့် လုယွီကိုကြည့်ပြီး ဆက်လက်ပြောဆိုသည်။

"ဒါတွေအားလုံးက အတွေ့အကြုံတွေပဲ...တကယ်လို့ မင်းမှာ ဆေးလုံးတွေအများကြီးရှိနေတယ်ဆိုရင် မင်းက လက်ထောက်တပ်မှူးတစ်ယောက်တောင် ဖြစ်လာနိုင်တယ်.... လူချမ်းသာသခင်လေးအများစုက ဒီနည်းလမ်းကို အသုံးပြုကြတယ်"

"အရာရှိရာထူးကို ဒီလိုမျိုး ရောင်းစားတာလား... အဲ့ဒီဗိုလ်ချုပ်စီကုံးက အတင့်ရဲလှချည်လား"

လုယွီက တည်ကြည်လေးနက်သောအသံဖြင့် မေးမြန်းသည်။

သူသည် တချိန်က စစ်ရေးနှင့်အုပ်ချုပ်ရေးရာထူးများအတွက် တံစိုးလက်ဆောင် လက်ခံရယူခြင်းမပြုရန် တင်းတင်းကြပ်ကြပ်အမိန့်ထုတ်ပြန်ထားခဲ့သည်။တခြားလူများထံမှ တံစိုးလက်ဆောင်ကို လက်ခံခြင်းဖြင့် ဆိုးရွားသောကိစ္စများ ဖြစ်ပွားလာနိုင်သည်။

ဤစည်းမျဉ်းကိုဖောက်ဖျက်သော မည်သူမဆို သေဒဏ်ကျခံရပေမည်။

"ဟမ့် တကယ်လို့ တပ်မှူးအောင်းကွမ်းသာ ဒီနေရာမှာရှိနေရင် သူက ဘယ်လိုလုပ်ပြီးတော့ ဒီလိုလုပ်ရဲမှာလဲ...ဒါပေမဲ့ သူက စစ်ရေးအကြံပေးနဲ့ ပူးပေါင်းထားတာ အချိန်အတော်ကြာနေပြီ..ငါတို့အားလုံး ဒါတွေကို သိထားတယ်...ဗိုလ်ချုပ်စီကုံးရဲ့နောက်မှာ စစ်ရေးအကြံပေးလော့ရှင်းရှိနေတယ်...ဒါကြောင့် ဘယ်သူက သူ့ကို မလေးမစားဆက်ဆံရဲမှာလဲ"

ထိုစစ်သားက မကျေမချမ်းဖြင့် ရေရွတ်လိုက်သည်။

Chapter 4362

"စစ်ရေးအကြံပေး...သူက အဲ့ဒီလောက်ထိ အခွင့်အာဏာ ကြီးမားနေတာလား"

လုယွီက ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်သည်။

စစ်ရေးအကြံပေးများသည် နာမည်ခံအားဖြင့် ဆုံးဖြတ်ချက်ချနိုင်သူများဖြစ်သော်လည်း အမှန်အားဖြင့် သူတို့သည် တပ်မှူး၏လက်ထောက်များသာ ဖြစ်သည်။

စစ်ပွဲကာလအတောအတွင်းတွင် စစ်ရေးအကြံပေးများသည် တပ်မှူးအတွက် အကြံဉာဏ်များ ထောက်ပံ့ပေးရသော်လည်း သူတို့ထံတွင် အခွင့်အာဏာကြီးကြီးမားမားမရှိချေ။

စစ်ဗိုလ်ချုပ်တယောက်သည် အရာရှိဘွဲ့ထူးများကို ရောင်းချဝံ့ပေ၏။ဤလုပ်ရပ်ကို အလွန်အမင်း အတင့်ရဲသည်ဟု ဆိုနိုင်သည်။ဤအပြစ်ဒဏ်သည် သူအား ဆယ်ကြိမ်မကသေစေရန် လုံလောက်သော်လည်း သူ၏နောက်ခံအင်အားအနေဖြင့် စစ်ရေးအကြံပေးတစ်ယောက်တည်းသာ ရှိနေသည်။

ဤသည်မှာ အလွန်အမင်း ကိုးရိုးကားယားနိုင်သော ကိစ္စတစ်ရပ်ပင်။

"မင်း မသိပါဘူး...အဲ့ဒီစစ်ရေးအကြံပေးလော့ရှင်က တပ်မှူးအောင်းကွမ်းရဲ့ အသိအမှတ်ပြုမှုကို ရထားတယ်...အခုချိန်မှာ တပ်မှူးအောင်းကွမ်းကို ထန်စစ်တပ်က ဖမ်းဆီးထားတယ်...သူ အဖမ်းမခံရခင်တုန်းက လော့ရှင်းကို စစ်ရေးအခွင့်အာဏာလွှဲပြောင်းပေးတဲ့ စာတစ်စောင် ချန်ထားခဲ့တယ်"

"အဲ့ဒီစစ်ရေးအကြံပေးလော့ရှင်းက သူ့ကိုယ်သူ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားကြဘူး...အရင်တုန်းကဆိုရင် လော့ရှင်းက တပ်မှူးအောင်ကွမ်းရဲ့လက်ထောက်တွေထဲက တစ်ယောက်ပဲ.. သူ့ရဲ့အဆင့်က နောက်ဆုံးမှာပဲရှိနေတယ်...ဒါပေမဲ့ ဘယ်သူက ထင်မိမှာလဲ...အဆုံးသတ်ကျတော့ သူက စစ်ရေးအခွင့်အာဏာကို ထိန်းချုပ်ခွင့်ရသွားခဲ့တယ်"

စစ်သားက လုယွီကို ရှင်းပြလေ၏။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"အခုလက်ရှိ ပြင်ပကတိုက်ပွဲအခြေအနေကို ထိန်းချုပ်ထားတာက လော့ရှင်းလား"

စစ်သားက တုံ့ပြန်ပြောဆိုသည်။

"ဒါက အမှန်ပဲ.. ငါတို့ရဲ့နံပါတ်လေးတပ်ရင်းက ဒီနေရာအရောက်မှာ ဆိုးဆိုးရွားရွားတိုက်ခိုက်ခံနေရတယ်...ဒီကိစ္စတွေက စစ်သားတွေကို စစ်ရေးအကြံပေးလော့ရှင်း အမိန့်ပေးကတည်းက ဖြစ်လာတာပဲ"

'အောင်းကွမ်းက ဒီလိုလူမျိုးကို တကယ်ကြီး အာဏာလွှဲပြောင်းပေးခဲ့တာလား'

အောင်ကွမ်းမှနေ၍ လော့ရှင်းကို အာဏာလွှဲပြောင်းပေးခဲ့သည်ဟူသောကိစ္စအား လုယွီကယုံကြည်နိုင်ခြင်းမရှိချေ။

သို့ရာတွင် ဤကိစ္စသာအမှန်ဖြစ်နေပါက လော့ရှင်း၏ သူ့ကိုယ်သူဖုံးကွယ်ထားနိုင်သော အရည်အချင်းသည် အလွန်မြင့်မားသောအဆင့်သို့ ရောက်ရှိနေပေမည်။

"မင်းဆီမှာ ဘာမှော်ရတနာမှ မရှိဘူးဆိုတာ ငါမြင်တယ်...ဒီသံချပ်ကာနဲ့ စစ်မြေပြင်မှာ ဘယ်လိုလုပ်ပြီးတော့ မင်းကိုယ်မင်း ကာကွယ်နိုင်မှာလဲ"

လုယွီက စစ်သား၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာကိုကိုင်ကြည့်ပြီးနောက် ပြောဆိုသည်။

ဤသံချပ်ကာသည် မာကျောပုံရသော်လည်း သာမန်သေမျိုးလောကအတွင်းရှိ သံချပ်ကာများနှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။ဤသံချပ်ကာပေါ်၌ အလွန်သေးငယ်သောအကာအကွယ်အမှတ်အသားတစ်ခုကိုသာ ရေးထွင်းထားသည်။

ဤသည်မှာ မှော်ရတနာတစ်ခု မဟုတ်ချေ။ အလွန်ဆုံးအနေဖြင့် ဤအရာသည် သာမန်သံချပ်ကာများထက် ပို၍မာကျောရုံသာရှိပြီး များစွာအကြမ်းခံမည်မဟုတ်ချေ။

ကျင့်ကြံသူများ၏စစ်မြေပြင်အတွင်း၌ အချိန်တိုင်းလိုလို အလွန်အမင်းအန္တရာယ်များသည်။ ဤသံချပ်ကာကိုဝတ်ဆင်ပြီး တိုက်ပွဲအတွင်း၌ တိုက်ခိုက်မည်ဆိုပါက တစ်စုံတစ်ယောက်၏အသက်သည် ကြိုးတန်းပေါ်၌ လမ်းလျှောက်နေရသည့်အလား ဖြစ်သွားပေမည်။

စစ်သားက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။

"ငါ မင်းကို အရင်ကတည်းက ပြောခဲ့ပါတယ်... အခုအချိန်မှာ နံပါတ်လေးတပ်ရင်းကို အဲ့ဒီခွေးမသားတွေက ထိန်းချုပ်ထားတယ်...မင်း ငါပြောတာကို မယုံလည်းနေ... ပုန်းကွယ်နဂါးစစ်တပ်ရဲ့တခြားတပ်ရင်းတွေက အရင်တုန်းကထက်အများကြီးပိုအစွမ်းထက်သွားပြီ...ငါတို့ရဲ့တပ်ရင်းကတော့ တပ်မှူးအောင်းကွမ်း အဖမ်းခံလိုက်ရကတည်းက ဘာမှကို သုံးစားလို့မရတော့ဘူး"

စစ်သားသည် သူ၏လက်ဖြင့် သံချပ်ကာကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ဆဲဆိုလိုက်၏။

"အဲ့ဒီလော့ရှင်းဆိုတဲ့ကောင်က ငါတို့ရဲ့နောက်မှာ ဘာနောက်ခံအင်အားမှမရှိဘူးဆိုတာ သိထားတယ်...ဒါကြောင့် သူက ဒီလိုအမှိုက်ကိုအသုံးပြုပြီး ငါတို့ကို အရူးလုပ်ခဲ့တာပဲ...သူက ငါတို့ကိုအမြှောက်စာတွေအနေနဲ့ အသုံးပြုပြီးတော့ အနက်ရောင်မိုခံတပ်ထဲက ထန်စစ်သားတွေကို မျှားခေါ်ချင်တာပဲ"

"မင်းတွေးသလိုမျိုးမရိုးရှင်းမှာကို ငါ စိုးရိမ်မိတယ်"

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ဤသည်မှာ သူ ယခင်က ဖွဲ့စည်းခဲ့သော စစ်တပ်၏အခြေအနေနှင့် အလွန်အမင်းကွဲပြားခြားနားနေသည်။

စုန်ချင်းဖုန်း၏စကားများအရ လုယွီသည် ရှီးလျန်နယ်မြေ၏ ယခုလက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ကောင်းစွာသိရှိထားသည်။

သူ ယခင်ကတည်းက ကြိုတင်ပြင်ဆင်ထားသော အစီအစဉ်များသည် ပြီးပြည့်စုံပေ၏။ဖေးထျန်ကွမ်းသည် ပုန်းကွယ်နဂါးစစ်တပ်၏ကိစ္စအဝဝကို လွှဲပြောင်းယူနိုင်ခဲ့သည်။

စစ်တပ်များအကြား၌ အထောက်အပံ့ပစ္စည်းများ ခွဲဝေရာတွင် မမျှမတဆက်ဆံခြင်းသည် တားမြစ်ချက်တစ်ခုပင်။

ဖေးထျန်ကွမ်း၏ စိတ်နေသဘောထားနှင့်အတွေ့အကြုံများအရ သူသည် ဤကဲ့သို့မှားယွင်းသောကိစ္စတစ်ခုကို ပြုလုပ်မည်မဟုတ်ချေ။

ထို့အချိန်မှာပင် ခမ်းနားထည်ဝါစွာဝတ်ဆင်ထားသော လူတစ်စုက ဒဏ်ရာရစစ်သားများ၏တဲအတွင်းသို့ ဝင်ရောက်လာသည်။

ဤလူများသည် တောက်ပသောဝတ်စုံများကိုဝတ်ဆင်ထားကာ သူတို့၏မျက်နှာများ နီမြန်းနေသည်။သူတို့သည် နံဘေးပတ်ဝန်းကျင်တွေရှိနေသော ဒဏ်ရာရစစ်သားများနှင့် အလွန်ကွဲပြားခြားနားပေ၏။

"အဲ့ဒီလူတွေက စီမံကွပ်ကဲရေးဌာနကပဲ...ရှေ့ဆုံးက ဦးဆောင်လာတဲ့လူက စစ်တန်းလျားအရာရှိပဲ"

စစ်သားက သတိပေးသည်။

လုယွီသည်လည်း ထိုလူများကို သတိပြုမိလေ၏။

စီမံကွပ်ကဲရေးဌာနမှလူများသည် အဖိုးတန်သော မှော်ရတနာများကို ဝတ်ဆင်ထားကြောင်း လုယွီက ရှာဖွေတွေ့ရှိခဲ့သည်။

စစ်တန်းလျားအရာရှိ၏ လက်မမှလက်စွပ်သည် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် မှော်ရတနာတစ်ခုပင်။ထိုအရာရှိသည် လက်တစ်ဖက်တည်းတွင် ထိုကဲ့သို့လက်စွပ်မျိုးသုံးကွင်းကို ဝတ်ထားကာ အဖိုးတန်သောအဆင်တန်ဆာတစ်ခုကို သူ၏ခါးပတ်လည်၌ ချည်ထားသည်။

သူ၏လည်ပင်းတွင် လည်ဆွဲတစ်ကုံးကိုဆွဲထားကာ သူ၏ခါးတွင်ရှိနေသော ကျောက်စိမ်းတံဆိပ်ပြားမှနေ၍ အလင်းရောင်များ ဖြာထွက်နေသည်။

Chapter 4363

ထိုလူစု ဤနေရာသို့ ရောက်ရှိလာချိန်တွင် လက်ထောက်အရာရှိတစ်ယောက်က စစ်တန်းလျားအရာရှိ၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားလိုက်သည်။

"အရှင် ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို ကုသရေးဆေးလုံးတချို့ပေးပါ . မဟုတ်ရင် သူ သေသွားလိမ့်မယ်"

လက်ထောက်အရာရှိက ခါးသည်းသောလေသံဖြင့် တောင်းပန်သည်။

ထိုလက်ထောက်အရာရှိ၏နောက်တွင် ဒဏ်ရာရထားသော စစ်သားတစ်ယောက် ရှိနေသည်။

ဒဏ်ရာရစစ်သား၏ခြေထောက်တစ်ချောင်းပြတ်နေကာ သူ၏မျက်လုံးတစ်ဖက် ကန်းနေလေပြီ။သူ၏ခန္ဓာကိုယ်ပေါ်တွင် ပုခုံးမှခါးအထိ ရှည်လျားသော ဒဏ်ရာကြီးတစ်ခု ရှိနေသည်။ ဤဒဏ်ရာကြီးသည် အလွန်နက်သဖြင့် သူ၏အရိုးများကိုပင် မြင်တွေ့နိုင်သည်။

သူ၏ပြင်ပဒဏ်ရာများကို ပတ်တီးများစည်းထားသော်လည်း သွေးများအလွန်အကျွံ့ထွက်နေသောကြောင့် ပတ်တီးစများ၏ပြင်ပထိ သွေးများယိုစိမ့်ထွက်နေသည်။

အကယ်၍ သူ့ကို ဆေးလုံးများဖြင့် ကုသပေးခြင်းမရှိပါက သူ သေဆုံးသွားပေမည်။

"သူက ဘာလို့ အသက်ရှင်နေသေးတာလဲ"

စစ်တန်းလျားအရာရှိသည် ဒဏ်ရာရစစ်သားကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။

လက်ထောက်အရာရှိ၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး သူက အလျင်စလိုတောင်းပန်လိုက်၏။

"အရှင် ငါရဲ့ညီလေးက ရှေ့ဆုံးကနေ တိုက်ခိုက်ခဲ့ရတာပါ...သူက အသေခံစစ်သားတွေထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့ တစ်ဦးတည်းသောလူပဲ...သူ့အတွက် ကုသရေးဆေးလုံးလေး တစ်လုံးပဲလိုအပ်တာပါ"

သူ၏ညီလေး အသက်ချမ်းသာရာရရန်အတွက် လက်ထောက်အရာရှိသည် သူ၏မျက်နှာကိုအောက်သို့ချပြီး တောင်းပန်နေသည်။

"သူ ရှေ့ဆုံးကနေ တိုက်ခိုက်တာက ငါနဲ့ဘာဆိုင်လို့လဲ...တကယ်လို့ ဒီနေရာမှာ ရောက်နေတဲ့လူတိုင်းက ဆေးလုံးလာတောင်းမယ်ဆိုရင် ငါက ဘယ်လိုလုပ်ရမလဲ"

စစ်တန်းလျားအရာရှိသည် သူ၏လက်နှစ်ဖက်ဖြင့်ခါးထောက်ပြီး ဒေါသတကြီးပြောဆိုသည်။

"သူက ဒီဒဏ်ရာလောက်ကိုတောင် သည်းမခံနိုင်ဘူးလား...ဒါဆိုရင် သူက ဘာလို့သတ္တိကောင်းချင်ယောင်ဆောင်ပြီး စစ်တပ်ထဲကိုရောက်လာလဲ"

လက်ထောက်အရာရှိက အလျင်စလိုဦးညွှတ်အရိုအသေပြုပြီး တောင်းပန်လိုက်သည်။

"အရှင် ကျွန်တော်တောင်းပန်ပါတယ်...ဒါပေမဲ့ ကျွန်တော်ရဲ့ညီလေးက တကယ့်ကို အသက်အန္တရာယ်ရှိနေတယ်...ကျွန်တော်တို့ရဲ့လက်ထဲမှာ ကျင့်ကြံခြင်းဆေးလုံးတစ်လုံးပဲ ကျန်တော့တယ်...ကုသရေးဆေးလုံးတွေ မရှိတော့ဘူး...အရှင် ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို သနားပါအုံး"

"ထွက်သွားစမ်း...အခုချက်ချင်း ထွက်သွားစမ်း...ငါ့မှာ မင်းနဲ့ငြင်းခုံနေဖို့ အချိန်မရှိဘူး"

စစ်တန်းလျားအရာရှိသည် သူ့ရှေ့တွင်ရှိနေသောလက်ထောက်အရာရှိကိုတွန်းထုတ်ရန်လတစ်စုံတစ်ယောက်ကို စေခိုင်းလိုက်သည်။

"အား...ကြည့်လိုက်အုံး သူ သေတော့မယ်"

ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ကြွင်းကျန်သောလူများသည် ထိုနေရာသို့ တပြိုင်နက်တည်း ကြည့်လိုက်ကြ၏။ဒဏ်ရာရစစ်သား၏တလုံးတည်းကျန်သောမျက်လုံး ပြူးကျယ်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်ကို သူတို့အားလုံး တွေ့မြင်မိသည်။သူသည် ပါးစပ်ဟစိဟစိဖြစ်နေကာ အသက်ကို ခက်ခက်ခဲခဲရှူရှိုက်နေရလေ၏။

ဤသည်မှာ သူ သေဆုံးသွားတော့မည့်လက္ခဏာများပင်။

လက်ထောက်အရာရှိသည်အလွန်စိုးရိမ်ပူပန်သွားသဖြင့် နောက်သို့ပြန်လှည့်ပြီး မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။

"အရှင် တကယ်လို့ ကုသရေးဆေးလုံး မပေးဘူးဆိုရင် သူ တကယ်ကြီးသေသွားလိမ့်မယ်"

ကြွင်းကျန်သောစစ်သားတချို့သည်လည်း ဤနေရာသို့ ရောက်ရှိလာကာ ဝိုင်းဝန်း၍တောင်းပန်လိုက်ကြ၏။

သို့ရာတွင် မမျှော်လင့်ဘဲ စစ်တန်းလျားအရာရှိသည် စစ်သားများ စုဝေးလာသည်ကို မြင်တွေ့ချိန်၌ ခက်ထန်တင်းမာစွာ အော်ငေါက်လေသည်။

"ဘာလဲ မင်းတို့က လူအင်အားပိုများတယ်ဆိုပြီး ငါကို ဖိအားပေးချင်တာလား...ငါက စစ်တပ်ဥပဒေနဲ့အညီ မင်းတို့ကို ဖမ်းချုပ်ထားရမှာလား"

တခြားစစ်သားများ၏မျက်နှာများထက်တွင် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။သူတို့အနက်မှအများစုသည် စစ်တပ်ဥပဒေများကိုချိုးဖောက်ရာ၌ ပါဝင်လိုခြင်းမရှိချေ။

"ကုသရေးဆေးလုံးက ဘယ်လောက်တောင် အဖိုးတန်လိုက်လဲ...အဲ့ဒီလိုအရာတွေက စစ်ဗိုလ်ချုပ်တွေကိုကယ်တင်ဖို့ပဲ ရှိတယ်...မင်းတို့လိုသာမန်စစ်သားလေးတွေရဖို့ကတော့ မစဥ်းစားစမ်းနဲ့"

စစ်တန်းလျားအရာရှိသည် စစ်သားများ နောက်ဆုတ်သွားသည်ကို မြင်တွေ့ချိန်၌ သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။သူသည် ဒဏ်ရာရနေသောစစ်သားများအားလုံးကို ဝေ့ဝိုက်ကြည့်ပြီး ပြောဆိုလိုက်၏။

"သူက ခြေတစ်ဖက်ဆုံးရှုံးသွားပြီးတော့ မသန်မစွမ်းဖြစ်နေပြီ...ကုသရေဆေးလုံးကို သုံးပြီးတော့ သူ့ကိုကယ်တင်တာက ဖြုန်းတီးတာပဲဖြစ်လိမ့်မယ်"

ပတ်ဝန်းကျင်ရှိစစ်သားများအားလုံး သူတို့၏စိတ်နှလုံးသားများအတွင်း၌ အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။

ယခုကြည့်ကြည့်တော့မှ သူတို့သည် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိသွားသည်နှင့် အရေးပါသောအရာရှိများ၏မျက်လုံးအတွင်းတွင် သူတို့သည် မသန်မစွမ်းတစ်ယောက်သာဖြစ်သွားပေမည်။

ရုတ်တရက် လူရိပ်တစ်ရိပ်က လက်ထောက်အရာရှိ၏နောက်၌ ထွက်ပေါ်လာကာ သူ့အားတွဲထူပေးလေသည်။

"ယောက်ျားတွေ ဒူးထောက်တာက ရွှေထက်ပိုပြီး တန်ဖိုးကြီးတယ်...မင်း ဘာလို့ သူ့ရဲ့ရှေ့မှာ ဒူးထောက်နေတာလဲ"

လုယွီက ပေါ့ပေါ့ပါးပါးပြောဆိုသည်။

ထိုသို့ပြောဆိုပြီးနောက် လုယွီသည် ဆေးလုံးတစ်လုံးကိုထုတ်ယူကာ ဆေးစွမ်းအားများကို လေထုအတွင်း၌ ပျော်ဝင်သွားစေသည်။ ထို့နောက် သူသည် ထိုဆေးစွမ်းအားများကို ဒဏ်ရာရစစ်သား၏ခန္ဓာကိုယ်အတွင်းသို့ ရိုက်ပုတ်သွင်းလိုက်၏။

ထူထပ်သိပ်သည်းသောဆေးစွမ်းအားများသည် ဒဏ်ရာရစစ်သား၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာပြီးနောက် လေထုအတွင်း၌ ဖီးနစ်တစ်ကောင်အော်မြည်နေသော ပုံရိပ်ယောင်အဖြစ် ဖွဲ့စည်းသွားသည်။

တလိမ့်လိမ့်ထနေသော ဆေးစွမ်းအားများသည် ဒဏ်ရာရစစ်သား၏ မရီးဒါန်းများအတွင်းသို့ စိမ့်ဝင်သွားသည်။သူ၏ပြတ်နေသောခြေထောက်နေရာတွင် ထူထပ်သိပ်သည်းသော သွေးချီစွမ်းအားများ ဝိုင်းရံသွားကာ အချိန်တိုအတွင်းမှာပင် အဖြူရောင်အရိုးတစ်ချောင်းအဖြစ် ဖွဲ့စည်းသွားသည်။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ဒဏ်ရာရစစ်သား၏ အဖြူရောင်ခြေထောက်အရိုးပေါ်တွင် အသွေးအသားများထွက်ပေါ်လာသည်။

ထို့နောက် ဒဏ်ရာရစစ်သား၏မျက်လုံးတစ်ဖက်သည်လည်း ပြန်လည်၍ကောင်းမွန်လာပေ၏။ ဤသည်မှာ ယခင်နှင့် တူညီလုနီးပါးပင်။

ဒဏ်ရာရစစ်သားက ရုတ်တရက် သူ၏မျက်လုံးတစ်စုံကို ဖွင့်လိုက်သည်။သူ၏မျက်လုံးများသည် တောက်ပနေကာ တက်ကြွဖျတ်လတ်မှုများနှင့် ပြည့်နှက်နေပေ၏။

ဤသည်မှာ သူသည် ယခင်က တစ်ကြိမ်တစ်ခါမျှ ဒဏ်ရာမရရှိခဲ့သည့်အလားပင်။

Chapter 4364

အဖြူရောင်အရိုးကို အသစ်ပြန်၍ပေါက်ဖွားစေကာ အသွေးအသားများကို ဖြစ်တည်စေခြင်း...

ပတ်ဝန်းကျင်တွင်ရှိနေသော စစ်သားများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့သည် ဤကဲ့သို့ မှော်ဆန်သောဆေးလုံးတစ်လုံး ရှိနေမည်ဟု တကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိချေ။

"ငါ အသက်ရှင်နေသေးတာလား"

ယခင်က ဒဏ်ရာရထားသော စစ်သား၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

အစောပိုင်းက သူ၏အသက်စွမ်းအားများ တဖြည်းဖြည်းပျောက်ကွယ်နေသည်ကို သူ ရှင်းရှင်းလင်းလင်း အာရုံခံမိသည်။

သို့ရာတွင် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပြင်းထန်သောအသက်စွမ်းအားလှိုင်တစ်လှိုင်း သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာကာ သူ့အား အသက်ဆက်ရှင်ခွင့်ပြုခဲ့သည်။

လုယွီသည် ဤကိစ္စကို နံဘေးတစ်ဖက်မှစောင့်ကြည့်ခဲ့ပြီးနောက် သည်းခံနိုင်ခြင်းမရှိတော့ချေ။

ပုန်းကွယ်နဂါးစစ်တပ်အတွင်းတွင် သူသည် အလွန်များပြားသော အရင်းအမြစ်များကိုချန်ထားသည့်ကိစ္စအား ဘေးဖယ်ထားလျှင်ပင် စစ်တပ်အတွင်း၌ ဆေးလုံးများ ပြတ်လပ်မနေသင့်ချေ။

အကယ်၍ ဆေးလုံးများ အမှန်တကယ်ပြတ်လပ်နေလျှင်ပင် လုယွီသည် ဤဒဏ်ရာရစစ်သားများအပေါ်၌ထားရှိသော စစ်တပ်အရာရှိများ၏သဘောထားကို သည်းမခံနိုင်ပေ။

ရှေ့တန်းတွင် အသက်စွန့်၍တိုက်ခိုက်ခဲ့သော စစ်သားတစ်ယောက်သည် ဒဏ်ရာများနှင့် ပြန်လည်ရောက်ရှိလာခဲ့သည်။သူသည် သင့်လျော်သောကုသမှုကို မခံယူရရုံသာမက ထိုအရာရှိများသည် သူ့အား အနည်းငယ်မျှပင် လေးစားခြင်းမရှိချေ။

ဤစစ်တပ်အရာရှိများသည် သူတို့၏လက်အောက်ငယ်သားများအပေါ်တွင်ပင် ရက်စက်ကြမ်းကြုတ်လေရာ မည်သည့်နည်းဖြင့် အရာရှိအဖြစ်ရွေးချယ်ခံရကြောင်း သူ မသိတော့ချေ။

စစ်တန်းလျားအရာရှိသည် လုယွီ၏လက်အတွင်းရှိ ဆေးလုံးကိုကြည့်ပြီး သူ၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူသည် ရုတ်တရက် လုယွီ၏ရှေ့သို့ လျှောက်လှမ်းသွားပြီး မေးမြန်းလိုက်၏။

"မင်းက ဘယ်သူလဲ....မင်း ဘာလုပ်ချင်တာလဲ"

လုယွီက စစ်တန်းလျားအရာရှိကို အေးစက်တင်းမာစွာကြည့်ပြီး ပြောဆိုသည်။

"သူက တိုက်ပွဲမှာ ရန်သူတွေကြောင့် ဒဏ်ရာရလာခဲ့တာ....မင်းတို့က နောက်တန်းမှာ ဘာလုပ်နေကြတာလဲ...စစ်သားတစ်ယောက်ကို ဒီလိုမျိုးမလေးစားတဲ့စကားတွေ ပြောဝံ့တဲ့သတ္တိမျိုး မင်းကို ဘယ်သူက ပေးလိုက်တာလဲ"

ဤစကားများသည် ယခုလက်ရှိနေရာတွင်ရှိနေသော စစ်သားများအားလုံး၏စိတ်နှလုံးသားများအတွင်း၌ ပဲ့တင်ထပ်သွားသည်။

သူတို့သည် ရှေ့တန်း၌ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ကြသည်။သို့ရာတွင် သူတို့ ပြန်လည်ရောက်ရှိလာချိန်တွေ စစ်တန်းလျားအရာရှိကြောင့် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရလေ၏။

သူတို့၏သံချပ်ကာများ ထိခိုက်ပျက်စီးနေသည်ကို သူတို့ သည်းခံနိုင်သည်။

ဆေးလုံးများရှားပါးသည်ကိုလည်း သူတို့ သည်းခံနိုင်စွမ်းရှိသည်။

သို့ရာတွင် သူတို့၏စစ်စခန်းသို့ ပြန်လည်ရောက်ရှိလာချိန်တွင် သူတို့ရသင့်ရထိုက်သော ရိုသေလေးစားမှုမျိုးကို မရရှိခဲ့ချေ။

စစ်တန်းလျားအရာရှိသည် အနည်းငယ် ထိတ်လန့်ကြောက်ရွံ့သွားပေ၏။သူသည် ရုတ်တရက် လုယွီကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။

"ကောင်စုတ်လေး...မင်းက ဒီနေရာကိုလာပြီးတော့ ပြောင်ပြောင်တင်းတင်း ပုန်ကန်ဝံ့တာ...ငါ မင်းကို အရင်ဖမ်းမယ်"

သူသည် အစောပိုင်းက လုယွီ ထုတ်ယူလိုက်သောဆေးလုံးကို မြင်တွေ့မိသည်။ထို့ကြောင့် ယခုအချိန်တွင် လုယွီ၏လက်အတွင်း၌ ဆေးလုံးများကျန်ရှိနေအုံးမည်ဟု သူ တွေးထင်မိသည်။

လုယွီကို ဖမ်းဆီးနိုင်သည်နှင့် ထိုဆေးလုံးများအားလုံး သူ၏အပိုင် ဖြစ်သွားပေမည်။

စစ်တန်းလျားအရာရှိ မလှုပ်ရှားနိုင်သေးမီမှာပင် လုယွီက လက်ဦးမှုယူပြီး တိုက်ခိုက်လိုက်၏။

သူသည် စစ်တန်းလျားအရာရှိကို ပါးဖြတ်ရိုက်ပြီး လေထုအတွင်းသို့ လွင့်ထွက်သွားစေသည်။

ဖြောင်း...

စစ်တန်းလျားအရာရှိသည် ထိုပါးရိုက်ချက်မှ အစွမ်းထက်သောစွမ်းအားကြောင့် လေထုအတွင်း၌ ချာလပတ်လည်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

သူ၏ပါးစပ်အတွင်းရှိ သွားနှစ်ချောင်း ကျွတ်ထွက်သွားလေပြီ။

"ဒီပါးရိုက်ချက်က မင်းရဲ့ရိုင်းပျတဲ့ စကားတွေအတွက်ပဲ"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

စစ်ရေးစီမံကွပ်ကဲရေးဌာနမှ တခြားလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

တစ်စုံတစ်ယောက်က တုန်ရီနေသောအသံဖြင့်ပြောဆိုသည်။

"မင်း...မင်းက အရာရှိတစ်ယောက်ကို ဘယ်လိုသတ္တိမျိုးနဲ့ တိုက်ခိုက်ရဲတာလဲ"

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ငါက သူ့ကိုရိုက်ရုံတင်မကဘူး...မင်းတို့ စီမံကွပ်ကဲရေးဌာနတစ်ခုလုံးကို စုံစမ်းစစ်ဆေးမယ် ....ကြီးကြပ်ခမ်းနားတဲ့ နံပါတ်လေးတပ်ရင်းမှာ ကုသရေးဆေးလုံးတစ်လုံးတောင် မရှိဘူး...ဒါက ဘယ်လောက်တောင် ရယ်ဖို့ကောင်းတဲ့ကိစ္စလဲ"

စစ်ရေးစီမံကွပ်ကဲရေးဌာနမှလူများက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။

"မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့စီမံကွပ်ကဲရေးဌာနကို စစ်ဆေးမယ်လို့ ပြောရဲတာလဲ"

လုယွီက တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်သည်။

ထိုတံဆိပ်ပြားပေါ်တွင် ရစ်ခွေနေသောနဂါးတစ်ကောင်သည် မိုးကောင်းကင်ယံထံသို့ ဦးတည်၍ ဒေါသတကြီးဟိန်းဟောက်နေသောပုံစံကို ထွင်းထုထားသည်။

"ပုန်းကွယ်နဂါးတံဆိပ်ပြား..."

လက်ရှိနေရာတွင်ရှိနေသူများအားလုံး၏ မျက်နှာများထက်တွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်လာကာ သူတို့အားလုံး နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြ၏။

အစောပိုင်းက လုယွီနှင့်စကားပြောဆိုနေခဲ့သော စစ်သား၏မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားသော အမူအယာတစ်ရပ် ထင်ဟပ်လာကာ တီးတိုးရေရွတ်လိုက်သည်။

"ငါ ခုဏက အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက်နဲ့ တကယ်ကြီး စကားစမြည်ပြောခဲ့မိတာလား"

ဤတံဆိပ်ပြားသည် ဧကရာဇ်တစ်ပါး၏ 'ငါကိုယ်တိုင်ကြွချီလာသကဲ့သို့'ဟူသော တံဆိပ်ပြားနှင့် သဘောတရားခြင်း တူညီသည်။

လုယွီသည် အတိတ်တွင် ဤတံဆိပ်ပြားကို သူ့အယုံကြည်ရဆုံး လက်အောက်ငယ်သားများထံသို့ ပေးထားခဲ့သည်။

ထို့ပြင် လုယွီထံ၌လည်း ဤကဲ့သို့တံဆိပ်ပြားတစ်ခု ရှိနေပေ၏။

"ဒါဆိုရင် အရှင်သံတမန်ကြီး ရောက်လာတာပါလား...ငါက မင်းကို အပြစ်ပြုခဲ့မိပါတယ်...ငါ့ရဲ့အပြစ်အတွက် အကြိမ်ပေါင်းတစ်သောင်းလောက် သေဖို့ထိုက်တန်တယ်"

စစ်တန်းလျားအရာရှိထံတွင် ဒေါသများဖြင့်ပြည့်နှက်နေသော်လည်း တံဆိပ်ပြားကိုမြင်တွေ့ချိန်၌ သူ၏ဒေါသများအားလုံး ချက်ချင်းပျက်ပြယ်သွားသည်။

သူသည် ထိတ်လန့်ကြောက်ရွံ့ပြီး သူ၏ခြေထောက်များ ပျော့ခွေသွားသည်။သူသည် သံမဏိပြားကြီးကို ကန်ခဲ့မိပြီဖြစ်ကြောင်း သူ သိရှိသွားလေ၏။

လုယွီက စစ်တန်းလျားအရာရှိကို တစ်ချက်ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။

"ငါ စီမံကွပ်ကဲရေးဌာနကို စစ်ဆေးပြီးတဲ့အချိန်ကျရင် မင်းသေဖို့ ထိုက်တန်မတန် သိရလိမ့်မယ်"

Chapter 4365

စစ်တန်းလျားအရာရှိက ရုတ်တရက် သူ၏ခေါင်းကိုမော့ပြီး အော်ဟစ်လိုက်သည်။

"စစ်ဆင်ရေးနယ်မြေဒေသကို ရောက်နေတဲ့အချိန်မှာ နောက်တန်းကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားဖို့လိုအပ်တယ်...တကယ်လို့ မင်းမှာ ပုန်းကွယ်နဂါးတံဆိပ်ပြားရှိနေတယ်ဆိုရင်တောင် မင်းက တပ်မှူးရဲ့အမိန့်မရဘဲနဲ့ စစ်စခန်းထဲကို ဝင်လာလို့မရဘူး"

"အခုလက်ရှိတပ်မှူးက စစ်ရေးအကြံပေးလော့ရှင်းမဟုတ်လား...သူ့ကို ဒီနေရာဆီ ခေါ်လာခဲ့ကြစမ်း"

လုယွီက ပြောင်ပြောင်တင်းတင်း ပြောဆိုသည်။

ပုန်းကွယ်နဂါးတံဆိပ်ပြား၏ထွက်ပေါ်လာမှုသည် လုယွီကိုယ်တိုင် ဤနေရာသို့ ရောက်ရှိလာသည်နှင့် ညီမျှသည်။

အကယ်၍ စစ်တပ်၏တပ်မှူး ဤနေရာ၌ရှိနေလျှင်ပင် ထိုတံဆိပ်ပြားကိုင်ဆောင်ထားသူအား ကိုယ်တိုင်ကိုယ်ကျ ဆီးကြိုနှုတ်ဆက်ရပေမည်။

စစ်တန်းလျားအရာရှိက ပျာပျာသလဲပြောဆိုသည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့...ဒါပေမဲ့ ဒီနေ့ စစ်ရေးအကြံပေးလော့မှာ လုပ်ဆောင်စရာကိစ္စတွေ အများကြီးရှိနေတယ်...ငါတို့က ဒီလိုကိစ္စငယ်လေးတစ်ခုအတွက်နဲ့ သူ့ကို ဒုက္ခပေးဖို့မလိုအပ်ပါဘူး...ငါ ခုဏက စကားပြောမှားသွားခဲ့တာကြောင့် ညီအကိုတွေကို တောင်းပန်ဖို့ဆန္ဒရှိပါတယ်"

ယခင်က သူသည် ဒဏ်ရာရစစ်သားကို မြင်တွေ့ရချိန်တွင် မောက်မာထောင်လွှားစာဖြင့် မသန်မစွမ်းဟု ပြောဆိုခဲ့သည်။

သို့ရာတွင် ယခုအချိန်၌ လုယွီထွက်ပေါ်လာသည်ကိုကြည့်ပြီး သူသည် ဒဏ်ရာရစစ်သားများကို ညီအစ်ကိုများဟု ပြောင်းလဲခေါ်ဝေါ်ခဲ့လေ၏။

"ဘယ်သူက မင်းရဲ့ညီအကိုလဲ. ငါက နောက်ကျောကနေ ဓားနဲ့ထိုးခံရတဲ့တစ်ယောက် မဖြစ်ချင်ဘူး"

"ဒါက အမှန်ပဲ...ငါတို့က ရှေ့တန်းမှာ ပင်ပင်ပန်းပန်းတိုက်ခိုက်နေရတယ်...ဒါပေမဲ့ နောက်တန်းမှာနေတဲ့ မင်းတို့က ငါတို့ကို ဆေးလုံးလေးတလုံးတောင် မပေးချင်ဘူး...ဒါက ဘာသဘောလဲ"

စစ်သားများအားလုံး ဒေါသထွက်နေကြတာ သူတို့သည် ကျယ်လောင်စွာအော်ဟစ်၍ ဆဲဆိုလိုက်ကြ၏။

ယခုအချိန်တွင် လုယွီ၏ကာကွယ်ပေးမှုရှိနေသောကြောင့် သူတို့သည် စစ်တန်းလျားအရာရှိမှ လက်စားပြန်ချေမည်ကို စိုးရိမ်ပူပန်ရန် မလိုအပ်တော့ချေ။ထို့ကြောင့် သူတို့သည် စစ်တန်းလျားအရာရှိကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဆဲဆိုလိုက်ကြသည်။

စစ်ရေးအရာရှိ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသော်လည်း သူ၏နဖူးပေါ်၌ ချွေးများဖြင့်ရွှဲနစ်နေသည်။

သူသည် ဒဏ်ရာရစစ်သား၏ရှေ့သို့ လျှောက်လှမ်းသွားပြီး တိုးညှင်းစွာပြောဆိုသည်။

"ညီအစ်ကို ခုဏက ငါ မင်းကို အပြစ်ပြုခဲ့မိတယ်...ငါ မင်းကို တောင်းပန်ပါတယ်"

ဤသည်မှာ ပေါ့ပေါ့တန်တန်ပြောဆိုသော စကားတစ်ခွန်းပင်။

စစ်တန်းလျားအရာရှိမှ ဤစကားမျိုးပြောဆိုသည်မှာ လုယွီ၏လွှမ်းမိုးချုပ်ကိုင်နိုင်မှုကြောင့်ဖြစ်ကြောင်း စစ်သားများအားလုံး နားလည်သဘောပေါက်သည်။ထိုသို့မဟုတ်ပါက သူသည် ဒဏ်ရာရစစ်သားများကို စကားပြောဆိုရန် အနည်းငယ်မျှ စိတ်ဝင်စားမည်မဟုတ်ပေ။

လုယွီသည် ဤနေရာ၌အချိန်ဖြုန်းရန် အလွန်ပျင်းရိငြီးငွေ့နေသည်။ထိုကြောင့် သူက တိုက်ရိုက်ပြောဆိုလိုက်၏။

"စီမံကွပ်ကဲရေးဌာနက ဘယ်နေရာမှာလဲ...ငါ့ကို အဲ့ဒီနေရာဆီ ခေါ်သွားစမ်း"

လုယွီသည် စီမံကွပ်ကဲရေးဌာနကို စုံစမ်းစစ်ဆေးလိုဆဲဖြစ်သည်ကို ကြားချိန်၌ စစ်တန်းလျားအရာရှိ၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။

"မင်း စုံစမ်းစစ်ဆေးလို့မရဘူး...တပ်မှူးရဲ့အမိန့်မရဘဲနဲ့ ဘယ်သူကမှ ဒါကို စုံစမ်းစစ်ဆေးလို့မရဘူး"

စစ်တန်းလျားအရာရှိသည် လုယွီ၏လမ်းကြောင်းကို ပိတ်ဆို့ထားကာ သူ၏မျက်နှာပေါ့၌ မရိုးဖြောင့်သောအရိပ်အယောင်တစ်ရပ် ရှိနေသည်။

သို့ရာတွင် လုယွီသည် မည်သည်ကြောင့် သူ၏စကားကို နားထောင်မည်နည်း။

"သူ့ကို ဖမ်းခေါ်လာခဲ့စမ်း...စီမံကွပ်ကဲရေးဌာနကိုသွားမယ်"

လုယွီ၏မျက်နှာ သုန်မှုန်သွားသည်။

စီမံကွပ်ကဲရေးဌာနကို စုံစမ်းစစ်ဆေးမည်အား တားဆီးနေသဖြင့် ဤလူများထံတွင် အကြောင်းအရင်းတစ်ခု ရှိနေပေမည်။

မကြာမီမှာပင် ထွားကျိုင်းသန်မာသော စစ်သားတစ်စုသည် စီမံကွပ်ကဲရေးဌာနမှအရာရှိများကို ဖမ်းဆီးလိုက်၏။

သူတို့၏နောက်ခံအဖြစ် လုယွီရှိနေသောကြောင့် စစ်သားများသည် ယခင်ကဲ့သို့ ထိတ်လန့်ကြောက်ရွံ့နေခြင်း မရှိတော့ချေ။

သူတို့အားလုံးသည် အလွန်လျှင်မြန်စွာဖြင့် စီမံကွပ်ကဲရေးဌာနသို့ ရောက်ရှိလာခဲ့သည်။

စစ်သားအမြောက်အများသည် စီမံကွပ်ကဲရေးဌာနကို စုံစမ်းစစ်ဆေးမည်ဟူသော သတင်းကိုကြားချိန်၌ အပြေးအလွှားရောက်လာကြသည်။ ရုတ်ချည်းဆိုသလိုပင် ဤနေရာ၏ပြင်ပ၌ လူများဖြင့် ပြည့်နှက်သွားတော့သည်။

စစ်စခန်းအတွင်း၌ စစ်ရေးစီမံကွပ်ကဲရေးဌာနနှင့်သိုလှောင်ရုံတို့ကို သာမန်အားဖြင့် အတူတကွပူးကပ်ထားသည်။

ဤသည်မှတစ်ဆင့် အရင်းအမြစ်များဖြည့်တင်းရန် လွယ်ကူရုံသာမက အရေးကြီးသောအချိန်အခိုက်အတန့်တွင် သိုလှောင်ရုံအတွင်းမှ အထောက်အပံ့ပစ္စည်းများကို အချိန်မီလွှဲပြောင်းပေးနိုင်ပေမည်။

လုယွီသည် စီမံကွပ်ကဲရေးဌာနကို ဝေ့ဝိုက်ကြည့်ပြီးနောက် တောင်တစ်လုံးကဲ့သို့စုပုံနေသောစာရွက်စာတန်းအမြောက်အများကို မြင်တွေ့မိသည်။သူသည် စာရွက်စာတန်းတစ်ခုကို သာမန်ကာလျှံကာယူကြည့်လိုက်ရာ ထိုအရာပေါ်၌ တပ်ထားသောနေ့စွဲသည် လွန်ခဲ့သောခုနစ်ရက်အကြာက ဖြစ်နေကြောင်း မြင်တွေ့မိသည်။

"မင်းက ဌာနရဲ့အရေးကိစ္စတွေကို နေ့တိုင်းမဖြေရှင်းဘူးလား"

လုယွီက မေးမြန်းသည်။

စစ်တန်းလျားအရာရှိက သတ္တိမွေးပြီးတုံ့ပြန်အဖြေပေးသည်။

"ငါတို့က အမြဲတမ်း တာဝန်ကျေပွန်အောင် ထမ်းဆောင်ပါတယ်...အဲ့ဒီစာရွက်စာတန်းတွေက ရန်သူဘက်ကသူလျှိုတွေကို စိတ်ရှုပ်ထွေးအောင်လုပ်ဖို့ အသုံးပြုရုံသက်သက်ပဲ"

"ဟမ့်...ရန်သူဘက်ကသူလျှိုတွေက ဒီစီမံကွပ်ကဲရေးဌာနကိုလာပြီးစုံစမ်းထောက်လှမ်းဖို့ လိုလို့လား"

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ပြီးနောက် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

ဤအဆိုပြုချက်သည် အလွန်ရယ်ရွှင်ဖွယ်ကောင်းပေ၏။

အကယ်၍ ရန်သူဘက်မှသူလျှိုများ အမှန်တကယ် ရောက်ရှိလာလျှင်ပင် သူတို့သည် ပင်မတဲထံသို့သာ ချက်ချင်းဝင်ရောက်သွားပေမည်။သူတို့သည် ဤနေရာသို့ လာမည်မဟုတ်ချေ။

ထို့ပြင် စစ်ရေးအထောက်အပံ့ပစ္စည်းများကိုတိုက်ရိုက်ဖျက်ဆီးခြင်းသည် ဤအတွင်းရေးကိစ္စများကို စုံစမ်းထောက်လှမ်းနေခြင်းထက် ပို၍တန်ဖိုးရှိသည်။

တာဝန်ကိုပျက်ကွက်သည့်အတွက် ဆင်ခြေပေးခြင်း....

လုယွီ၏စိတ်နှလုံးသားသည် ကြေးမုံမှန်တစ်ချပ်ကဲ့သို့ ကြည်လင်နေလေ၏။သူသည် ဤလူများအကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိထားပြီးလေပြီ။

ထို့နောက် လုယွီက သိုလှောင်ရုံထံသို့ သွားလိုက်သည်။

သိုလှောင်ရုံကို အနက်ရောင်သမဏိတံခါးကြီးဖြင့် အခိုင်အမာချိတ်ပိတ်ထားသည်။တံခါးပေါ်တွင် ချိတ်ပိတ်ထားသော သော့ခလောက်ကိုးလုံးရှိနေကာ ထိုအရာများပေါ်တွင် သင်္ကေတအက္ခရာများ ထူထပ်သိပ်သည်းစွာ ရေးထွင်းထားသည်။

ထိုသံမဏိသော့ခလောက်များမှနေ၍ အလင်းတန်းများ ဖြာထွက်နေကာ အလွန်အမင်းခိုင်ခံမာကျောသည်။

Thank For Reading.

All Chapters