အခန်း (၄၃၆၆-၄၃၇၀)
Vol. 222 Ch. 4366-4370
4366
စစ်တန်းလျားအရာရှိသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ သရော်တော်တော်ရယ်မောလိုက်သည်။
"အရှင်....ကံဆိုးချင်တော့ ငါက ဒီသိုလှောင်ရုံရဲ့သော့ ဘယ်နေရာမှာ ထားမိလဲဆိုတာ မေ့နေတယ်....ငါ ပြန်စဉ်းစားဖို့အတွက် အချိန်နည်းနည်းလောက် ပေးပါဦး...တကယ်လို့ ငါ ပြန်မှတ်မိတဲ့အချိန်ကျရင် မင်း ဒီနေရာကိုပြန်လာပြီးတော့ စုံစမ်းစစ်ဆေးလို့ရတယ်"
စစ်တမ်းလျားအရာရှိတစ်ယောက်ဖြစ်သော သူသည် သိုလှောင်ရုံ၏သော့ မည်သည့်နေရာ၌ထားသည်ကို မေ့လျော့နေသည်ဟု ဆိုသလော။
ဤသည်မှာ တာဝန်ပျက်ကွက်မှုမဟုတ်တော့ဘဲ ကြီးလေးသောပြစ်မှုကြီး ဖြစ်နေလေပြီ။
တစ်ဖက်လူသည် မည်သည့်အရာအား စဉ်းစားတွေးတောနေသည်ကို လုယွီက သိရှိထားသည်။ ထိုကြောင့် သူသည် စစ်တမ်းလျားအရာရှိကိုထပ်မံ၍ စစ်မေးလိုခြင်းမရှိတော့ချေ။
"ဒီလိုနက်နဲသိမ်မွေ့သံမဏိသော့ခလောက်လောက်နဲ့ မင်းက ငါ့ကို ဟန့်တားထားနိုင်မယ်လို့ မင်း ထင်နေတာလား"
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
ထို့နောက် သူ၏ခေါင်းကိုမော့ပြီး သူ၏လက်ကိုသော့ခလောက်ပေါ်သို့တင်ကာ ညင်သာစွာဖိနှိပ်လိုက်၏။
ခရက်...
လုယွီသည် ခွန်အားများစွာ အသုံးပြုခဲ့ခြင်းမရှိသော်လည်း အနက်ရောင်သော့ခလောက်ကြီး ကြေမွှပျက်စီးသွားသည်။
စစ်တန်းလျားအရာရှိ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။ကျယ်လောင်သောအသံသည် သူ၏နားအတွင်း၌ ပဲ့တင်ထပ်နေပေ၏။လုယွီသည် ဤမျှထိ ခိုင်ခံမာကျောသောသော့ခလောက်တစ်ခုကို လွယ်လင့်တကူချိုးဖျက်နိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
သံမဏိတံခါးကြီးကိုဖွင့်ပြီးနောက် တောင်တစ်လုံးကဲ့သို့ စုပုံနေသော အရင်းအမြစ်များပေါ်လွင်လာသည်
သူ၏အမြင်အာရုံအတွင်းသို့ ပထမဆုံးဝင်လာသည့်အရာများမှာ သပ်သပ်ရပ်ရပ်နေရာချထားသော သံချပ်ကာများနှင့်မှော်လက်နက်များပင်။
ထိုအရာများ၏နောက်တွင် ဆေးသေတ္တာများရှိနေသည်။ထိုဆေးသေတ္တာအတွင်းတွင် ဆေးပုလင်းများဖြင့် ပြည့်နှက်နေပေ၏။
ထိုဆေးသေတ္တာများအကြားတွင် ကုသရေးဆေးလုံးသေတ္တာများသည် နေရာအမြောက်အများယူထားသည်။အဖြူရောင်ပုလင်းအမြောက်အများသည် သေတ္တာများအတွင်း၌ အတန်းလိုက်ရှိနေကာ ထိုအရာများကို ယခင်က တစ်ကြိမ်တခါမျှ အသုံးပြုခဲ့ခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။
လူများအားလုံးသည် သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားသည်။
ပုန်းကွယ်နဂါးစစ်တပ်သည် အလွန်ချမ်းသာကြွယ်ဝသည်ကို သူတို့အားလုံး သိရှိထားပြီးဖြစ်သည်။သို့ရာတွင် သူတို့သည် နံပါတ်လေးတပ်ရင်းကို ဝင်ရောက်ခဲ့ချိန်မှစတင်၍ မည်သည့်အကျိုးကျေးဇူးကိုမျှ မရရှိခဲ့သဖြင့် ဤသည်မှာ ကောလဟာလဟုသာ သူတို့ သတ်မှတ်လိုက်ကြသည်။
သူတို့ထံ၌ ဆေးလုံးများအလွန်ရှားပါးကာ သံချက်ကာများသည်လည်း ထိခိုက်ပျက်စီးနေခဲ့သည်။နံပါတ်လေးတစ်ရင်း၏အခြေအနေသည် လေဟာနယ်ဓားပြတချို့ထက်ပင် ပို၍ဆိုးဝါးနေပေ၏။
အကယ်၍ ပြင်ပလောကတွင် မရရှိနိုင်သော ကျင့်ကြံနည်းစနစ်များနှင့်မှော်မန္တန်များကို သင်ယူနိုင်သော အချက်ကြောင့်သာ မဟုတ်ပါက သူတို့သည် ဤနေရာမှ ထွက်ပြေးသွားပြီးဖြစ်ပေမည်။
"ဒီနေရာမှာ အထောက်အပံ့ပစ္စည်းတွေ တောင်ပုံရာပုံရှိနေတာတောင် ဘာလို့ ငါတို့ကို အသုံးပြုခွင့်မပေးတာလဲ"
"ဒါက အမှန်ပဲ...မင်းတို့က ဘာလို့ ဒီပစ္စည်းတွေကိုထုတ်မပေးတာလဲ...ဘာလို့ ဒီပစ္စည်းတွေကို သိုလှောင်ရုံထဲမှာပဲ သိမ်းဆည်းထားတာလဲ"
စစ်သားများအားလုံး အလွန်အမင်းဒေါသထွက်သွားကာ အော်ဟစ်လိုက်ကြသည်။
သူတို့သည် အသုံးမဝင်သောသံချပ်ကာများကို ဝတ်ဆင်ထားရသဖြင့် တိုက်ပွဲတိုက်ခိုက်သည့်အချိန်တိုင်း ထန်စစ်တပ်၏မြှားများကြောင့် သူတို့ဘက်တွင် အသေအပျောက်များစွာ ခံစားခဲ့ရသည်။
သူတို့ထံတွင် လုံလောက်သောဆေးလုံးများ မရှိခြင်းကြောင့် ဒဏ်ရာရနေသော လူအများစုသည် သူတို့ကိုယ်သူတို့ကုသနိုင်ရန် နည်းလမ်းများကိုသာ စဉ်းစားတွေးတောခဲ့ရသည်။ သူတို့အနက်မှတချို့သည် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သေဆုံးရမည့်အချိန်ကို စောင့်ဆိုင်းနေရလေ၏။
ရှီးလျန်အိမ်တော်သည် နံပါတ်လေးတပ်ရင်းအတွက် လုံလောက်သောအရင်းအမြစ်များကို ထောက်ပံ့ပေးခြင်းမရှိဟု သူတို့အားလုံး တွေးထင်ခဲ့ကြသည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူတို့ရှေ့ရှိမြင်ကွင်းကြောင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ဤကဲ့သို့ အလွန်များပြားသော အရင်းအမြစ်များဖြင့် အကယ်၍ ဤအရာများမှအနည်းငယ်ကိုသာ ထုတ်ပေးလျှင်ပင် သူတို့သည် တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်နိုင်ပေမည်။
ပတ်ဝန်းကျင်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြင်းထန်လာသည်ကို အာရုံခံမိသဖြင့် စစ်တန်းလျားအရာရှိ၏ခြေထောက်များ ချက်ချင်းပျော့ခွေသွားသည်။
သို့ရာတွင် သူ၏ဆင်ခြင်တုံတရားကိုထိန်းသိမ်းထားဆဲဖြစ်ပြီး တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"စစ်ရေးအထောက်အပံ့ပစ္စည်းတွေမှာလည်း သက်ဆိုင်တဲ့စည်းမျဉ်းတွေရှိတယ်...ငါက ဒီကိစ္စတွေအားလုံးကို စည်းမျဉ်းနဲ့အညီ လုပ်ဆောင်ခဲ့တာပဲ...ဒါက မင်းတို့လိုချင်တယ်ဆိုတိုင်း အသုံးပြုလို့ရတဲ့အရာတွေ မဟုတ်ဘူး"
လုယွီက စစ်တန်းလျားအရာရှိကိုကြည့်ပြီး အေးစက်တင်းမာစွာပြောဆိုသည်။
"မင်းက ခုထိဟန်ဆောင်ချင်သေးတာလား"
ထိုသို့ပြောဆိုပြီးနောက် လုယွီသည် ရုတ်တရက် သူ၏လက်ကိုမြှောက်ပြီး အနီးရှိနေရာတနေရာထံဦးတည်၍ ဖမ်းဆုပ်လိုက်သည်။နောက်၌ပုန်းကွယ်နေသော သေတ္တာတချို့သည် ချက်ချင်းဆိုသလိုပင် လုယွီ၏ခြေထောက်အနီးသို့ ကျရောက်လာပေ၏။
လုယွီသည် ထိုသေတ္တာများအနက်မှတစ်လုံးကို သာမန်ကာလျှံကာဖွင့်ပြီး ကြွေပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ထို့နောက် သူသည် ကြွေပုလင်းကိုဖွင့်ကာ သူ၏လက်ဝါးပေါ်သို့ သွန်ချလိုက်၏။
ကြွေပုလင်းအတွင်း၌ ဗလာဟင်းလင်းဖြစ်နေကာ အတွင်းရှိဆေးလုံးများ ပျောက်ဆုံးနေလေပြီ။
လုယွီက လေးငါးကြိမ်ခန့် ဆက်တိုက်စမ်းသပ်လိုက်သည်။ကြွေပုလင်းများအားလုံးအတွင်းရှိ ဆေးလုံးများ အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ဆုံးနေသည်။
စစ်သားများအားလုံး ကြက်သေသေသွားသည်။
ကြွေပုလင်းတလုံးအတွင်းရှိ ဆေးလုံးများ ပျောက်သွားခြင်းကို မတော်တဆကိစ္စတစ်ရပ်ဟု ယူဆနိုင်သည်။သို့ရာတွင် အကယ်၍ ကြွေပုလင်းများအားလုံး ဗလာဟင်းလင်းဖြစ်နေပါက တစ်စုံတစ်ခု မှားယွင်းနေလေပြီ။
"ဒီနေရာမှာ လူဘယ်လောက်များများရှိလဲ...ဒီနေရာက ပစ္စည်းတွေအားလုံးကို ငါ့အတွက်စစ်ဆေးပေးစမ်း"
လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
ရုတ်ချည်းဆိုသလိုပင် စစ်သားတချို့သည် ရှေ့သို့တိုးလာပြီး သိုလှောင်ရုံအတွင်းရှိ ပစ္စည်းများအားလုံးကို စစ်ဆေးလိုက်သည်။
ရလဒ်သည် တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေ၏။
အမြင်အားဖြင့် ကြီးကြပ်ခမ်းနားပုံရသော သံချပ်ကာများအားလုံးသည် သတ္တုအစအနများကို တွယ်ဆက်ထားခြင်းသာဖြစ်သည်။ဤသံချပ်ကာများတွင် ခုခံကာကွယ်သည့်မှော်မန္တန်ဟူ၍ တစိုးတစိမျှရှိမနေသဖြင့် စစ်သားများ ယခုလက်ရှိဝတ်ဆင်ထားသော သံချပ်ကာနှင့်ပင် နှိုင်းယှဉ်၍ရမည်မဟုတ်ချေ။
Chapter 4367
မှော်လက်နက်များသည်လည်း ဟန်ပြသက်သက်သာဖြစ်ပြီး မည်သည့်မှော်စွမ်းအားမျှမရှိချေ။ထိုအရာများသည် သာမန်လက်နက်များသာ ဖြစ်ပေ၏။
ဆေးသေတ္တာများ အစုလိုက်အပြုံလိုက်ရှိနေသော်လည်း အတွင်းရှိ ဆေးလုံးများအားလုံးမှာမူ အရိပ်အရောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားလေပြီ။
သိုလောင်ရုံတစ်ရုံလုံးသည် ပစ္စည်းများဖြင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သော်လည်း လက်တွေ့ဖြစ်ရပ်မှန်မှာမူ အရာအားလုံး ကင်းမဲ့နေသည်။
"ဘာတွေ ဖြစ်သွားတာလဲ"
လုယွီက အသံနက်ကြီးဖြင့်မေးမြန်းသည်။
စစ်တန်းလျားအရာရှိသည် ဤကိစ္စ ထွက်ပေါ်သွားသည်ကို မြင်တွေ့ချိန်တွင် သူသည် အလွန်ထိတ်လန့်ကြောက်ရွံ့သွားကာ သူ၏မျက်နှာ ချက်ချင်းဖြူရော်သွားသည်။
သို့ရာတွင် သူသည် အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်၏။
"ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါလည်း မသိဘူး ...ငါတို့က ဒီပစ္စည်းတွေကို သိုလှောင်ရုံထဲ ထည့်ထားခဲ့တာပဲ...အဲ့ဒီပစ္စည်းတွေ ဘယ်ပျောက်သွားလဲဆိုတာ ငါ မသိဘူး"
လုယွီက ပြုံးလိုက်သည်။
"မင်း ဆိုလိုတဲ့သဘောက ဒီဆေးလုံးတွေအားလုံး သူ့အလိုလို ပျံထွက်သွားတယ်လို့ ပြောချင်တာလား...ပုန်းကွယ်နဂါးစစ်တပ်ရဲ့ဆေးလုံးတွေ ဒီလောက်ထိ မှော်ဆန်တယ်ဆိုတာ ငါ မသိခဲ့ဘူး"
ပိုင်းခြားသိမြင်နိုင်သည့် အမြင်အာရုံရှိသော မည်သူတစ်ဦးတစ်ယောက်မဆို ဤအထောက်အပံ့ပစ္စည်းများကို တစ်စုံတစ်ယောက်မှ တိတ်တဆိတ်ထုတ်ယူသွားသည်အား အကြည့်တစ်ချက်ဖြင့် ပြောနိုင်ပေမည်။
"နံပါတ်လေးတပ်ရေးရဲ့သိုလှောင်ရုံကို မင်းတို့ထဲက ဘယ်သူ လှုပ်ရှားခဲ့တာလဲ"
လုယွီသည် စစ်တန်းလျားအရာရှိတို့လူစုကိုကြည့်ပြီး သူ၏သိုင်းပညာအင်မော်တယ်မန္တရားကို အသက်သွင်းလိုက်သည်။
သူ၏အသံသည် အလွန်ကြီးမားကျယ်ပြန့်ပြီးရှေးကျကာ အထက်ကိုးကောင်းကင်ဘုံ၏နတ်ဘုရားတစ်ပါးမှ ပေးအပ်သော အမိန့်သံအလားပင်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။လူများအားလုံးသည် သူတို့၏အသက်ရှူနှုန်းကိုပင် မှန်ကန်အောင်ထိန်းမထားနိုင်တော့ချေ။ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံး၏ရှေ့၌ နတ်ဘုရားတစ်ပါး ရှိနေသည်ဟု မြင်ယောင်နေကြ၏။
လုယွီသည် သူတို့အားလုံး၏ရှေ့၌ မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသည်။တစ်ဖက်လူများသည် သူတို့၏စိတ်နှလုံးသားများအတွင်းရှိ လျှို့ဝှက်ချက်များကို မည်မျှထိဖုံးကွယ်ထားလိုသည်ဖြစ်စေ ဖုံးကွယ်ထား၍မရနိုင်ချေ။
စစ်တန်းလျားအရာရှိသည် ကြက်သေသေသွားလေ၏။သူ၏မျက်လုံးသည် လှုပ်ရှားမှုကင်းမဲ့စပြုလာကာ မှေးမှိန်သွားသည်။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် စစ်တန်းလျားအရာရှိကို အားလှိုင်းတစ်ရပ်မှထိန်းချုပ်သွားပုံရကာ သူက တောင့်တင်းသောအသံဖြင့် ပြောဆိုသည်။
"မှော်လက်နက်တွေ သံချပ်ကာတွေနဲ့ ဆေးလုံးတွေကို ငါက မှောင်ခိုစျေးမှာရောင်းခဲ့တယ်..ဒါက မမျှော်လင့်ဘဲရလာတဲ့ ငွေကြေးတွေပဲ...ဒီငွေတွေနဲ့ဆိုရင် ငါ့ရဲ့ဘဝသက်တမ်းတလျှောက်မှာ ဘာကိုမှ စိုးရိမ်ပူပန်ဖို့ မလိုတော့ဘူး"
"အဲ့ဒီပစ္စည်းတွေတင် မကဘူး...ငါက စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်တွေ ဝင်္ကပါချိုးဖျက်ခြင်းဒူးလေးတွေနဲ့ ဝင်္ကပါဖွဲ့စည်းမှုပုံစံတွေကိုလည်း ရောင်းစားခဲ့တယ်...နံပါတ်လေးတပ်ရင်းရဲ့လစာငွေတွေကိုလည်း ငါက ယူထားခဲ့တယ်"
ဘုန်း...
လက်ရှိနေရာတွင်ရှိနေသော စစ်သားများအားလုံး အလွန်ဒေါသထွက်သွားသည်။
သူတို့၏လစာများ မရရှိခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
စစ်သားအများစုက ဤကိစ္စသည် ရှီးလျန်အိမ်တော်မှ ထုတ်မပေးခြင်းကြောင့်ဖြစ်မည်ဟု ယူဆထားခဲ့သည်။နံပါတ်လေးတပ်ရင်းတွင် တပ်မှူးမရှိသည်ကို ရှီးလျန်အုပ်ချုပ်ရေးအိမ်တော်မှ သိရှိထားသဖြင့် အထောက်အပံ့ပစ္စည်းများအားလုံးကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခြင်းဖြစ်မည်ဟု သူတို့ တွေးထင်ခဲ့ကြလေ၏။
သို့ရာတွင် ဤကဲ့သို့ဖြစ်လာမည်ဟု သူတို့အားလုံး မျှော်လင့်ထားမိခြင်းမရှိချေ။
တစ်စုံတစ်ယောက်သည် နံပါတ်လေးတပ်ရင်း၏အထောက်အပံ့ပစ္စည်းများကို ယူဆောင်၍ သူ၏အပိုင် ပြုလုပ်နေခြင်းပင်။
"သောက်ချေးပဲ....တကယ်လို့ ဒီလိုကိစ္စမျိုးရှိနေတယ်ဆိုတာသာ ငါ ကြိုသိခဲ့ရင်...အဲ့ဒီခွေးမသားကို အရင်ကတည်းက သတ်ပစ်တယ်"
ပတ်ဝန်းကျင်ရှိစစ်သားများအားလုံး အလွန်ဒေါသထွက်နေသည်။စစ်သားတချို့၏မျက်နှာများ နီမြန်းနေကာ သူတို့၏ခါးများမှဓားများကို ဆွဲထုတ်ပြီးဖြစ်သည်။
"ဟား ဟား ဟား...ငါက နည်းနည်းလေးတောင်မကြောက်ဘူး...အဲ့ဒီငွေတွေက ငါရဲ့ဘဝတလျှောက်လုံး အေးအေးဆေးဆေးနေဖို့လုံလောက်တယ်...ငါ့ကို စုံစမ်းစစ်ဆေးမယ့်အချိန်ကျရင် ငါက ထန်အင်ပါယာစီကိုသွားပြီးတော့ ခိုလှုံလိုက်မယ်...အဲ့ဒီအချိန်ကျရင် ငါက ဘာပြစ်မှုကိုမှ ထပ်ပြီးမကျူးလွန်တော့ဘူး..ငါက ချမ်းသာကြွယ်ဝတဲ့ လူတစ်ယောက်အဖြစ်နဲ့ ဘဝကိုဖြတ်သန်းတော့မယ်"
စစ်တန်းလျားအရာရှိက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။
သိုင်းပညာအင်မော်တယ်မန္တရား၏ထိန်းချုပ်မှုအောက်တွင် စစ်တန်းလျားအရာရှိ၏စိတ်အတွင်းမှ အရာများ ထွက်ပေါ်လာခဲ့သည်။
လုယွီသည် စီမံကွပ်ကဲရေးဌာနမှ တခြားအရာရှိများကို ကြည့်လိုက်၏။
လုယွီ၏လွှမ်းမိုးချုပ်ကိုင်နိုင်မှုအောက်တွင် ထိုအရာရှိများအားလုံး မြေပြင်ပေါ်၌ဒူးထောက်ကာ တောင်းပန်လိုက်ကြ၏။
"အရှင် ကျွန်တော်တို့တွေက ဒီဌာနမှာ အလုပ်လုပ်ခဲ့ပေမယ့် အဲ့ဒီကိစ္စတွေကို ဘာတစ်ခုမှမသိခဲ့ပါဘူး"
လုယွီ၏နည်းလမ်းများကြောင့် သူတို့လည်း ထိတ်လန့်ကြောက်ရွံနေသည်။
သူ့ထံတွင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ နက်ရှိုင်းစွာဖုံးကွယ်ထားသောအရာများကို ဖွင့်ဟပြောလာအောင် ပြုလုပ်နိုင်စွမ်းရှိနေပေ၏။
လုယွီ၏ရှေ့တွင် လျှို့ဝှက်ချက်များကိုထိန်းသိမ်းရန်မှာ တောင်တစ်လုံးတက်သည်ထက် ပို၍ခက်ပေမည်။
ထိုအချိန်မှာပင် ပြင်ပမှနေ၍ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။
"ယာယီတပ်မှူး ရောက်လာပါပြီ"
Chapter 4368
စစ်သားများအားလုံး လမ်းဖယ်ပေးလိုက်ကြသည်။
ပိန်ပါးပါးလူတစ်ယောက်က ပြင်ပမှနေ၍ လျှောက်လှမ်းလာသည်။သူ့၏လက်အတွင်း၌ ငှက်မွေးယပ်တောင်တစ်ချောင်းကို ကိုင်ထားကာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူ့ကိုကြည့်ရသည်မှာ သန့်စင်သော ကျောင်းတော်သားတစ်ယောက်နှင့် တူညီနေပေ၏။
ထိုလူကိုမြင်တွေ့ချိန်တွင် စစ်သားများအားလုံး ဦးညွှတ်အရိုအသေပြုလိုက်သည်။
ဤသည်မှာ ယခုလက်ရှိချိန်တွင် နံပါတ်လေးတပ်ရင်း၏တပ်မှူးအဖြစ် တာဝန်ယူထားသည့် စစ်ရေးအကြံပေးလော့ရှင်းပင်။
လော့ရှင်၏ခါး၌ ကျားတံဆိပ်ပြားတစ်ခြမ်းကိုချိတ်ဆွဲထားကာ ဤသည်မှာ ပုန်းကွယ်နဂါးစစ်တပ်၏တပ်မှူးသင်္ကေတပင်။
အောင်းကွမ်းသည် ထန်စစ်တပ်၏ဖမ်းဆီးခြင်းကို ခံခဲ့ရသော်လည်း သူ ပြင်ပသို့ထွက်ခွာမသွားမီ အစီအစဉ်တစ်ချို့ကို ချန်ထားခဲ့သည်။ထို့ကြောင့် လော့ရှင်းသည် ယာယီတပ်မှူးအဖြစ် တာဝန်ယူကာ နံပါတ်လေးတပ်ရင်းတစ်ခုလုံးကို ထိန်းချုပ်ခဲ့လေ၏။
"စစ်ရေးအကြံပေးလော့...ဒါက..."
စစ်သားတစ်ယောက်က ရှေ့သို့ထွက်ကာ လော့ရှင်းကို လုယွီနှင့်မိတ်ဆက်ပေးရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် လော့ရှင်းသည် ထိုစစ်သားကိုဟန့်တားပြီး လုယွီကို ကြည့်လိုက်သည်။
"မင်းက ပုန်းကွယ်နဂါးတံဆိပ်ပြားကို ကိုင်ထားတဲ့လူပဲဖြစ်မယ်...ဟုတ်တယ်မလား...မင်းက တော်တော်လေးငယ်သေးတာပဲ...ငါ မင်းကို အရင်က ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှာ မမြင်ဖူးဘူး"
ရှီးလျန်ကြယ်နယ်မြေ၌ လူနည်းစုကသာ လုယွီကို မြင်တွေ့ဖူးသည်။
လုယွီနှင့်အတူလက်တွဲ၍ တိုက်ခိုက်ခဲ့ဖူးသော လက်အောက်ငယ်သားများမှလွဲ၍ ပုန်းကွယ်နဂါးစစ်တပ်၏ အဆင့်နိမ့်နှင့်အလယ်အလတ်အဆင့်အရာရှိများ စစ်သားများသည် လုယွီကို မသိရှိကြချေ။
ထို့ပြင် နံပါတ်လေးတပ်ရင်း၌ အသေအပျောက်များစွာရှိခဲ့သည်။သူတို့သည် စစ်တပ်အင်အားကိုဖြည့်တင်းရန် တပ်သားသစ်အမြောက်အများကို ခေါ်ယူခဲ့ရသည်။ထိုလူများသည် လုယွီ၏နာမည်ကို ကြားဖူးသော်လည်း သူ၏မျက်နှာကို မြင်တွေ့ဖူးခြင်းမရှိပေ။
လော့ရှင်းသည် ထိုလူများအနက်မှတစ်ယောက်ပင်။
အတိတ်တွင် သူသည် အောင်းကွမ်၏နံဘေးရှိ မထင်မရှား လက်ထောက်ငယ်လေးတစ်ယောက်သာဖြစ်သည်။ထိုကြောင့် သူ လုယွီကို မြင်တွေ့နိုင်ရန်မှာ မဖြစ်နိုင်ချေ။
လုယွီသည် သူ၏သရုပ်မှန်ကို စောစောစီးစီးထုတ်ဖော်ပြောဆိုရန် ရည်ရွယ်မထားချေ။သူသည် နံပါတ်လေးတပ်ရင်း၏ အစစ်အမှန်ပြဿနာကို မြင်တွေ့လိုသည်။
"ငါက ရှီးလျန်အုပ်ချုပ်ရေးရုံးတော်က မဟုတ်ဘူး"
လုယွီက လေသံပြတ်ပြတ်ဖြင့် ပြောဆိုသည်။
ဤသည်မှာ ဒွိဟဖြစ်စေသော အဖြေတစ်ခုဖြစ်သော်လည်း လော့ရှင်းသည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပုံရသည်။
"အော် မင်းက ငါ့ဆီကနေ သင်ယူဖို့အတွက် တပ်မှူးတစ်ယောက်က စေလွှတ်လိုက်တဲ့ လူငယ်တစ်ယောက်ပဲဖြစ်မယ်"
လော့ရှင်းက လုယွီကို ရှေ့ဆုံးခေါင်းဆုံးကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
"ပုန်းကွယ်နဂါးတံဆိပ်ပြားရဲ့မျက်နာကြောင့်...ငါက ဝန်လေးမိပေမယ့် မင်းကို သင်ကြားပေးဖို့ လက်ခံလိုက်မယ်...ဒါပေမဲ့ စစ်သားတွေကိုအသုံးပြုတဲ့ ငါ့ရဲ့နည်းလမ်းတွေက အရမ်းနက်နဲသိမ်မွေ့တယ်...တကယ်လို့ မင်းမှာ နားမလည်တာ တစ်ခုခုရှိတယ်ဆိုရင် ငါ့ကို အချိန်မရွေးလာမေးနိုင်တယ်"
သူ၏အပြုအမူသည် အလွန်မောက်မာဝံ့ကြွားပေ၏။
ဤသည်မှာ ကျောင်းတော်သားတစ်ယောက်သည် ယခုမှ ပညာသင်ယူရန်လာသော လူငယ်တစ်ယောက်ကို ဆုံးမစကားပြောဆိုနေသည့်အလားပင်။
လုယွီသည် ဒေါသထွက်သွားခြင်းမရှိချေ။ထိုအစား သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်သည်။
"ဒါဆိုရင်လည်း အဆင်ပြေပါတယ်..ဒါပေမဲ့ ငါ့မှာ ဖြေရှင်းစရာကိစ္စတွေ ကျန်နေသေးတယ်"
လော့ရှင်းက မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကိုဝေ့ဝိုက်၍ ကြည့်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
ထို့နောက် လော့ရှင်းက အသံနက်ကြီးဖြင့် မေးမြန်းသည်။
မကြာမီမှာပင် နံဘေးတွင်ရှိနေသော စစ်သားတစ်ယောက်သည် သူ့အား ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်းကို ပြောပြလေ၏။
"လာဘ်စားတာလား"
လော့ရှင်း၏မျက်နှာပေါ်တွင် သံသယများဖြင့် ပြည့်နှက်သွားသည်။
"ဒါက မဖြစ်နိုင်ပါဘူး...ဟုတ်တယ်မလား"
ထိုစစ်သားက စစ်တန်းလျားအရာရှိကိုလက်ညှိုးညွှန်ပြပြီး ပြောဆိုလိုက်သည်။
"တပ်မှူးလော့ ဒါက အမှန်ပါပဲ...သူကိုယ်တိုင် ဝန်ခံပြီးပြီ"
လော့ရှင်၏မျက်လုံးအတွင်း၌ အံ့အားသင့်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သို့ရာတွင် သူသည် သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်၏။
"ဒါက အသေးအမွှားကိစ္စလေးတစ်ခုပဲ...ဒီလိုပုဂ္ဂိုလ်ရေးလောဘတက်တဲ့ ကိစ္စမျိုးရှိနေတာကြောင့် သူ ယူထားတဲ့ငွေတွေအားလုံးကို ပြန်ထုတ်ပေးခိုင်းပြီးတော့ ဒီကိစ္စကို ထားလိုက်တော့"
လော့ရှင်းသည် ဤကိစ္စကို ပေါ့ပေါ့တန်တန်ဖြေရှင်းရန် ကြံရွယ်နေသည်။
စစ်တန်းလျားအရာရှိသည် သူ၏အယုံကြည်ရဆုံး လူယုံများအနက်မှတစ်ယောက်ပင်။
ယခုလက်ရှိနေရာတွင်ရှိနေသော စစ်သားများ၏မျက်နှာများပေါ်တွင် သုန်မှုန်နေသောအမူအယာများ ထင်ဟပ်လာသည်။
စစ်တန်းလျားအရာရှိသည် စစ်ပွဲအချိန်အတောအတွင်းတွင် အထောက်အပံ့ပစ္စည်းများကို ကိုယ်ကျိုးအတွက် အသုံးပြုထားခဲ့သည်။အရင်းအမြစ်များ ကင်းမဲ့နေခြင်းကြောင့် လူမည်မျှထိများများ သေဆုံးခဲ့ရသည်ကို မည်သူမျှ မသိနိုင်ချေ။
ဤလူအရေအတွက်ကို ချရေးနိုင်ရန်ပင် အလွန်ခက်ခဲပေမည်။
လော့ရှင်းသည် ထိုစစ်တန်းလျားအရာရှိကို ငွေများပြန်ပေးခိုင်းရုံမျှသာ အပြစ်ပေးမည်ဟု မည်သူက တွေးထင်မိမည်နည်း။
ဤသည်မှာ မည်သည့်အပြစ်မျှ မပေးသလောက်နီးပါးဖြစ်နေပြီး စစ်တန်းလျားအရာရှိအပေါ် များစွာထိခိုက်စေမှုရှိမည်မဟုတ်ချေ။
လုယွီက မျက်မှောင်ကြုတ်ပြီး လော့ရှင်းကိုမေးမြန်းလိုက်သည်။
"သူက စစ်တပ်ထဲမှာ ဒီလိုမျိုး မိုက်မဲတဲ့အပြစ်ကို ကျူးလွန်ခဲ့တယ်...မင်း ဒီကိစ္စကို ကြိုမသိခဲ့ဘူးလား"
"ကိစ္စကြီးတွေကို လုပ်နေတဲ့ လူတစ်ယောက်က ဒီလိုအသေးအမွှားကိစ္စတွေကို ဂရုစိုက်ဖို့ အချိန်မရှိဘူး"
လော့ရှင်းက အေးစက်စက်အော်ငေါက်လိုက်သည်။သူသည် ဤကိစ္စကို ကိစ္စကြီးတစ်ခုဟု စဉ်းစားတွေးတောထားခြင်းမရှိချေ။
လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"စစ်တပ်ဥပဒေအရဆိုရင် အင်မော်တယ်ကျောက်တုံးတစ်သောင်းထက်ပိုပြီး လာဘ်စားခဲ့တဲ့လူကို ငါတို့ ဘယ်လိုဖြေရှင်းရမလဲ"
နံဘေးတွင်ရှိနေသော စစ်သားတစ်ယောက်က တုံပြန်အဖြေပေးသည်။
"အရှင်ရဲ့မေးခွန်းကို ဖြေပါရစေ...အဲ့ဒီအပြစ်သားရဲ့ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ ခုတ်ပိုင်းပြီးတော့ ကွပ်မျက်ရမယ်"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်၏။
"ဒါဆိုရင် သူ့ကို ဆွဲထုတ်သွားပြီးတော့ ကွပ်မျက်လိုက်စမ်း"
Chapter 4369
ထိုစကားကိုကြားချိန်တွင် လော့ရှင်းသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
သူသည် လုယွီကိုဟန့်တားရန်အတွက် ရှေ့သို့အလျှင်အမြတ်တိုးလိုက်သည်။ထို့နောက် သူသည် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် လုယွီကို ဒေါသတကြီးအော်ငေါက်လေသည်။
"မင်း ဘာလုပ်တာလဲ...အဓိပ္ပါယ်မရှိတာတွေ...ဒီနေရာမှာ မင်းက တပ်မှူးလား ဒါမှမဟုတ် ငါကတပ်မှူးလား"
လုယွီက ခက်ထန်တင်းမာသောအကြည့်ဖြင့် လော့ရှင်းကိုကြည့်လိုက်သည်။
"တပ်မှူးလော့...ဘာလဲ မင်းက ဒီအရှက်မဲ့တဲ့လူရဲ့ပြစ်မှုတွေကို ဖုံးကွယ်ပေးချင်တာလား"
လော့ရှင်းက စိတ်ပျက်လက်ပျက်အမူအယာဖြင့် လုယွီကိုကြည့်ပြီး သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"စစ်နည်းဗျူဟာစာအုပ်အရဆိုရင် စစ်ပွဲအချိန်ကာလအတွင်းမှာ အရာရှိတစ်ယောက်ကို သတ်တာက ကြီးမားတဲ့ တားမြစ်ချက်ကြီးတစ်ခုပဲ....သူက ဗိုလ်ချုပ်တစ်ယောက်အဖြစ် နှစ်တွေအများကြီးကြာအောင် တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ စစ်ရေးအကျိုးဆောင်မှုတွေလည်း အများကြီးရထားတယ်...သူ့ကို အရည်အချင်းရှိတဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်လို့ ယူဆနိုင်တယ်.... လောဘကြီးတာက လူသားတွေရဲ့သဘာဝပဲ... အမှားမကျူးလွန်မိတဲ့လူဆိုလို့ ဘယ်သူရှိလို့လဲ... ငါတို့က သူ့ကိုယ်သူ အမှန်ပြန်ပြင်နေအောင် အခွင့်အရေးမပေးသင့်ဘူးလား"
လုယွီက တုံ့ပြန်မေးမြန်းသည်။
"တကယ်လို့ သူက အမှားတွေကိုပဲ လုပ်ခဲ့တယ်ဆိုရင် ငါတို့က သူ့ကို အမှန်ပြန်ပြင်နိုင်တဲ့အခွင့်အရေး ပေးလို့ရတယ်...ဒါပေမဲ့ သူ့ကြောင့်ဒဏ်ရာရနေတဲ့စစ်သားတွေ အများကြီးသေဆုံးသွားခဲ့တယ်...အဲ့ဒီဒဏ်ရာရစစ်သားတွေအတွက် ဘယ်သူက အခွင့်အရေးပေးခဲ့လို့လဲ"
လော့ရှင်းက သူ၏ခေါင်းကိုခါးယမ်းပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"စစ်နည်းဗျူဟာစာအုပ်အရဆိုရင် စစ်တပ်ရဲ့စိတ်ဓာတ်က အရမ်းအရေးကြီးတယ်.... တကယ်လို့ သူက အမှားတစ်ခုကိုကျူးလွန်ခဲ့တယ်ဆိုရင်တောင် တိုက်ပွဲစစ်မြေပြင်မှာ သူ့ရဲ့အပြစ်ကို သင်ပုန်းချေခွင့်ပြုလိုက်တာက ပိုကောင်းလိမ့်မယ်...တကယ်လို့ မင်း သူ့ကို ခုလိုမျိုးသတ်လိုက်မယ်ဆိုရင် တပ်ထဲမှာရှိတဲ့စစ်သားတွေ စိတ်ဓာတ်ကျသွားနိုင်တယ်"
"ငါ သူ့ကိုမသတ်ဘူးဆိုရင် တပ်ထဲမှာရှိတဲ့စစ်သားတွေက ပိုပြီးစိတ်ဓာတ်ကျသွားမှာ မဟုတ်ဘူးလား"
လုယွီ၏အသံ တစတစပို၍အေးစက်တင်းမာလာသည်။
လော့ရှင်းက မျက်မှောင်ကြုတ်ပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
"ငါ ပြောမယ်...မင်း ဘာလို့ ဒီလောက်ထိခေါင်းမာနေတာလဲ...လူငယ်လေး...မင်းရဲ့နားလည်သဘောပေါက်မှုနဲ့ငါ့ရဲ့နားလည်သဘောပေါက်မှုက မတူဘူး...စစ်နည်းဗျူဟာစာအုပ်အရဆိုရင်..."
"မင်းမှာရှိတဲ့ စစ်နည်းဗျူဟာစာအုပ်ကို ငါ ဂရုမစိုက်ဘူး...ငါက မင်းနဲ့တိုင်ပင်ဆွေးနွေးနေတာမဟုတ်ဘူး...စစ်တပ်ထဲမှာ ပုန်းကွယ်နဂါးတံဆိပ်ပြားကို ကိုင်ထားတဲ့လူက အခွင့်အာဏာအမြင့်ဆုံးပဲ...လာကြစမ်း အခုချက်ချင်း ဒီစစ်တန်းလျားအရာရှိကို ဆွဲထုတ်ပြီးတော့ သူ့ကို သေဒဏ်ပေးလိုက်စမ်း"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြီး လော့ရှင်း၏စကားများကို လုံးလုံးလျားလျားလျစ်လျှူရှူလိုက်သည်။
"ဟုတ်ကဲ့"
ပတ်ဝန်းကျင်ရှိစစ်သားများထံမှ တညီတညွတ်တည်း တုံ့ပြန်လိုက်သည့်အသံများ ထွက်ပေါ်လာသည်။
စစ်သားများ၏မျက်လုံးများ နီမြန်းနေသည်။
သူတို့၏အပေါင်းအဖော်များသည် ဤစစ်တန်းလျားအရာရှိ၏ယုတ်မာမှုကြောင့် သေဆုံးသွားခဲ့ရသည်။
တစ်ချို့လူများဆိုလျှင် သူတို့သည် စစ်တန်းလျားအရာရှိကို အရှင်လတ်လတ်ဝါးစားနိုင်ရန်ပင် ဆုတောင်းနေမိသည်။
"အား...မင်းတို့...မင်းတို့ ဘာလုပ်နေတာလဲ...တပ်မှူးလော့ တပ်မှူးလော့ ငါ့ကို ကယ်ပါအုံး"
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူအသုံးပြုထားသော သိုင်းပညာအင်မော်တယ်မန္တရားကို ဖယ်ရှားပြီးလေပြီ။
စစ်တန်းလျားအရာရှိသည် သူ၏အသိစိတ်ကို ပြန်လည်ရရှိသွားပြီဖြစ်သောကြောင့် သူ့အားသစ်သားတိုင်တစ်လုံး၌ ချည်နှောင်ခြင်းခံထားရသည်ကို မြင်တွေ့မိသည်။စစ်သားများသည်နီမြန်းနေသောမျက်လုံးများဖြင့် သူ့အား ဝိုင်းရံထားကာ သူတို့၏လက်များအတွင်းရှိ ဓားများဖြင့် ခုတ်ပိုင်းလိုက်ကြ၏။
မကြာမီမှာပင် စစ်တန်းလျားအရာရှိထံမှနေ၍ အလွန်အမင်းကျယ်လောင်သောအော်သံကြီး ထွက်ပေါ်လာသည်။
"မင်းတို့အားလုံး ရပ်လိုက်ကြစမ်း...မင်းတို့က ပြဿနာရှာနေကြတာပဲ"
လော့ရှင်းသည် ဒေါသတကြီးဖြင့် မြေပြင်ပေါ်သို့ခြေထောက်ဆောင့်နင်းပြီး အော်ဟစ်လိုက်သည်။
သို့ရာတွင် ပတ်ဝန်းကျင်ရှိ စစ်သားများအနက် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ၏အမိန့်ကို မလိုက်နာချေ။
အကယ်၍ ဤသည်မှာ နံပါတ်လေးတပ်ရင်း၏ယခင်တပ်မှူး အောင်းကွမ်းဆိုပါက သူ၏အမိန့်များကို သူတို့အားလုံးလိုက်နာမည်မှာ သေချာပေါက်ပင်။
လော့ရှင်းထံ၌ စစ်တပ်အခွင့်အာဏာရှိသော်လည်း သူ၏နာမည်ဂုဏ်သတင်းသည် အောင်းကွမ်းကိုလိုက်မီရန် လွန်စွာအလှမ်းကွာဟသည်။
"ဒါတွေအားလုံးက မင်းရဲ့အပြစ်ပဲ...ဘယ်တပ်မှူးက မင်းကို ဒီနေရာဆီ ပို့လိုက်တာလဲ...မင်းက စစ်ဗိုလ်ချုပ်တစ်ယောက်ကို ကြက်ကလေးငါကကလေးတစ်ကောင်လို ဆက်ဆံခဲ့တယ်... ဒီလိုမျိုး အရည်အချင်းရှိတဲ့စစ်ဗိုလ်ချုပ်တစ်ယောက်ကို သတ်လိုက်တာကြောင့် ငါတို့ရဲ့စစ်စခန်းမှာ ဖရိုဖရဲကိစ္စတွေ ဖြစ်လာနိုင်တယ်"
လော့ရှင်းက လုယွီကိုလက်ညှိုးထိုးပြီး အော်ငေါက်လေသည်။
လုယွီက တည်ငြိမ်သောမျက်နှာအမူအယာဖြင့် တုံ့ပြန်ပြောဆိုသည်။
"စစ်စခန်းထဲမှာ အခုထက်ပိုပြီး ဖရိုဖရဲဖြစ်စရာကိစ္စ ကျန်သေးလို့လား"
သူသည် စစ်သားများအနက်မှတယောက်ကို သာမန်ကာလျှံကာဆွဲထုတ်ပြီးနောက် သူ၏လက်ကို သံချပ်ကာပေါ်သို့တင်လိုက်သည်။သူ ညင်သာစွာဖိနှိပ်လိုက်ရုံဖြင့် ထိုသံချပ်ကာ ကြေမွှပျက်စီးသွားသည်။
ဤသံချပ်ကာများသည် စက္ကူတစ်ရွက်အလား လွယ်လင့်တကူ ပျက်စီးသွားနိုင်ပေ၏။
လုယွီက လော့ရှင်းကိုကြည့်ပြီး အေးစက်တင်းမာစွာပြောဆိုသည်။
"မင်းက ဒီလို အမှိုက်ကောင်တစ်ကောင်ကို ထိန်းသိမ်းထားပြီးတော့ ပုန်းကွယ်နဂါးစစ်တပ်ရဲ့စစ်သားတွေကို ဆက်ပြီးထိခိုက်ဒဏ်ရာရအောင် လုပ်ချင်တာလား"
လော့ရှင်းက ဤသည်မှာ ကိစ္စကြီးတစ်ရပ်ဟု တွေးတောထားခြင်းမရှိချေ။ထို့ကြောင့် သူကအေးစက်စက်နှာတစ်ချက်မှုတ်ပြီး တုံ့ပြန်လိုက်သည်။
"ဟမ့် ဒါကအမှားလေးတစ်ခုပဲ မဟုတ်လား..သူ ယူထားခဲ့တဲ့ ငွေတွေအားလုံးကို ပြန်ထုတ်ပေးပြီးတာနဲ့ ငါက စစ်တပ်တစ်တပ်လုံးအတွက် သံချပ်ကာတွေကို ပြောင်းပေးမယ်"
ထိုသို့ပြောဆိုပြီးနောက် လော့ရှင်းသည် မြေပြင်ပေါ်၌ ဒူးထောက်နေသော စစ်တပ်အရာရှိတစ်ယောက်ကို လက်ညှိုးထိုးပြီး ပြောဆိုလိုက်သည်။
"မင်း...အခုချိန်ကနေစပြီးတော့ မင်းက စစ်တန်းလျားအရာရှိ ဖြစ်သွားပြီ....မင်းကအကောင်းဆုံးကြိုးစားပြီးတော့ တာဝန်ထမ်းဆောင်ရမယ်...လာဘ်စားတဲ့ကိစ္စမျိုးတွေ မလုပ်နဲ့"
Chapter 4370
"ကျွန်တော်လား...."
လော့ရှင်း၏လက်ညှိုးညွှန်ခြင်းကို ခံလိုက်ရသောအရာရှိသည် ရုတ်တရက် သူ၏ခေါင်းကိုမော့လိုက်ကာ သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
ယခင်စစ်တန်းလျားအရာရှိသည် လောဘတကြီးလာဘ်စားခဲ့ခြင်းကြောင့် အစိပ်စိပ်အမွှာမွှာခုတ်ပိုင်း၍သတ်ဖြတ်ခြင်း ခံလိုက်ရလေပြီ။
အမှန်အားဖြင့် ထိုစစ်တန်းလျားအရာရှိသည် ဤမျှထိ အလွန်အကျွံ့လုပ်ဆောင်ရန် မလိုအပ်ချေ။သူသည် ထိုရာထူးမှနေ၍ အကျိုးအမြတ်တချို့ကို ထုတ်ယူနိုင်သည်နှင့် မကြာမီမှာပင် ချမ်းသာကြွယ်ဝသူတစ်ယောက် ဖြစ်သွားပေမည်။
"တပ်မှူးလော့ကို ကျေးဇူးတင်ပါတယ်"
ထိုအရာရှိသည် သူ၏ကျေးဇူးတင်မှုကိုဖော်ပြသည့်အနေဖြင့် အလျှင်အမြန်ဦးညွှတ်အရိုအသေပြုလိုက်သည်။
"ဟူး ကံကောင်းချင်တော့ မင်းမှာ အဆက်အသွယ်ကောင်းတချို့ ရှိနေတယ်.... မဟုတ်ရင် မင်းက ပုန်းကွယ်နဂါးတံဆိပ်ပြားကိုကိုင်ပြီးတော့ ငါ့ရဲ့စစ်စခန်းကိုရှုပ်ထွေးအောင် ဘယ်လိုလုပ်ပြီး လုပ်လို့ရမှာလဲ"
လော့ရှင်းသည် အဓိပ္ပါယ်ပါသောအကြည့်ဖြင့် လုယွီ၏လက်အတွင်းရှိ ပုန်းကွယ်နဂါးတံဆိပ်ပြားကို ကြည့်လိုက်သည်။
ပုန်းကွယ်နဂါးစစ်တပ်အတွင်းတွင် ပုန်းကွယ်နဂါးတံဆိပ်ပြားသည် လူလေးယောက်ထံတွင်သာရှိကြောင်း သူ သိရှိထားသည်။
ဤလူများမှာ လုကျင်းရှန့် သိုက်ဖုန်း အောင်းကွမ်းနှင့်ဖေးထျန်ကွမ်းတို့ပင်
လုယွီ၏ပုန်းကွယ်နဂါးတံဆိပ်ပြားသည် မည်သူ့ထံမှရရှိလာသည်ကို သူ မသိရှိချေ။
လုယွီက ထိုစစ်တပ်အရာရှိကို တစ်ချက်ကြည့်ပြီးနောက် အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"မရဘူး...အဲ့ဒီလူတွေအားလုံးကို ပုန်းကွယ်နားကစစ်တပ်ကနေ ထုတ်ပယ်လိုက်ပြီ.. သူတို့တွေထဲက ဘယ်သူ့ကိုမှ ပြန်ပြီးသုံးလို့မရဘူး"
ဘာ...
လော့ရှင်းသည် အလွန်ဒေါသထွက်သွားသဖြင့် အော်ဟစ်လိုက်သည်။
သူသည် လုယွီကို အချိန်အတော်ကြာ စူးစိုက်ကြည့်ပြီးနောက် သရော်တော်တော်ပြောဆိုလိုက်၏။
"ငါတို့ရဲ့စစ်တပ်မှာ နောက်တန်းကို ဘယ်လိုကာကွယ်စောင့်ရှောက်ရမယ်ဆိုတာ သိတဲ့လူဆိုလို့ အနည်းစုပဲကျန်တော့တယ်..တကယ်လို့ မင်းက သူတို့အားလုံးကို မောင်းထုတ်လိုက်မယ်ဆိုရင် ဘယ်ကလူတွေကို အသုံးပြုမှာလဲ"
လုယွီက တုံ့ပြန်မေးမြန်းသည်။
"မင်း စီမံကွပ်ကဲရေးဌာနကို အမြဲတမ်းသွားခဲ့ဖူးလား"
"ငါ သွားခဲ့တယ်လေ...ဘာဖြစ်လို့လဲ"
လော့ရှင်းက ပြောဆိုသည်။
"စီမံကွပ်ကဲရေးဌာနရဲ့စားပွဲတွေပေါ်မှာ စားကြွင်းစားကျန်တွေ ရှိနေတဲ့အပြင် စာရွက်စာတန်းတွေက တောင်တစ်လုံးလို စုပုံနေတယ်...လွန်ခဲ့တဲ့ခုနစ်ရက်အကြာတုန်းက စာရွက်စာတန်းကိုတောင် အခုအချိန်ထိ မဖတ်ရသေးဘူး....သူတို့က အစားအသောက်ကိုပဲသိပြီးတော့ တခြားဘာအလုပ်ကိုမှ မလုပ်တဲ့လူတွေ ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"
လုယွီသည် မလှမ်းမကမ်းအကွာရှိ စစ်ရေးစီမံကွပ်ကဲရေးဌာနကို လက်ညှိုးညွှန်ပြလိုက်သည်။
"သူတို့က ဒီအခြေခံစာရွက်စာတမ်းတွေကိုတောင် မဖြေရှင်းနိုင်ရင် တခြားဘာကိစ္စတွေကိုလုပ်နိုင်မယ်လို့ မင်းက မျှော်လင့်နေတာလဲ"
လော့ရှင်း၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။
စစ်ရေးစီမံကွပ်ကဲရေးဌာနမှလူများသည် အစဉ်အမြဲမောက်မာထောင်လွှားပြီး လောဘကြီးကြောင်း သူ သိရှိထားသည်။
"ဒါက နည်းနည်းလေးနှောင့်နှေးသွားတဲ့ ကိစ္စငယ်လေးတချို့ပဲ မဟုတ်လား...ဘာကိစ္စကြီးမလို့လဲ...မင်းက ဒီအချက်ကို ဆုပ်ကိုင်ထားပြီးတော့ ဌာနတခုလုံးကို အပြစ်မပြောသင့်ဘူး"
လော့ရှင်းက မကျေမနပ်ဖြစ်နေသောအသံဖြင့် ပြောဆိုသည်။
"ကိစ္စငယ်လေးတွေလား"
လုယွီက အေးစက်စက်နှာတစ်ချက် မှုတ်လိုက်သည်။
"တကယ်လို့ ငါ လာတာ နည်းနည်းနောက်ကျသွားရင် မင်းရဲ့စစ်စခန်းတစ်ခုလုံး ဟောင်းလောင်းပေါက် ဖြစ်နေလောက်ပြီ....ဒါကို ကိစ္စငယ်လေးတစ်ခုလို့ ယူဆလို့ရလား"
ပတ်ဝန်းကျင်တွင်ရှိနေသော စစ်သားများအားလုံး၏အေးစက်စက်အကြည့်များသည်လည်း လော့ရှင်းထံသို့ ကျရောက်နေပေ၏။
လော့ရှင်းက သူ၏နောက်ကျောကို ဓားများဖြင့်ထိုးစိုက်နေသည့်အလား ခံစားမိသည်။
သူသည် သက်တောင့်သက်သာ မဖြစ်သကဲ့သို့ ခံစားနေရသဖြင့် အေးစက်စက်အော်ငေါက်လိုက်သည်။
"မင်းမှာ ပုန်းကွယ်နဂါးတံဆိပ်ပြားရှိနေတာကြောင့် ငါ မင်းနဲ့အငြင်းမပွားချင်ဘူး...ငါက ရန်သူရဲ့တိုက်ပွဲဝင်ဝင်္ကပါကို ချိုးဖျက်ပြီးတော့ အနက်ရောင်မိုခံတပ်ထဲကို ဝင်နိုင်တာနဲ့ ဒီကိစ္စတွေအားလုံးကို ငါက ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ဆီ တင်ပြမယ်"
သူသည် မာန်မာနကြီးသူတစ်ယောက်ပင်။စစ်ရေးစီမံကွပ်ကဲရေးဌာနမှ ကိစ္စငယ်လေးတချို့အတွက်နှင့် သူသည် လုယွီ၏ရှေ့တွင် အောက်ကျခံမည်မဟုတ်ချေ။
လုယွီက ချက်ချင်းဆိုသလိုပင် လော့ရှင်း၏နောက်မှ လိုက်သွားခဲ့သည်။
ဤစစ်ရေးအကြံပေးသည် စစ်သားများအား မည်ကဲ့သို့ဦးဆောင်နေသည်ကို သူ မြင်တွေ့လိုသည်။
....
စစ်စခန်း၏အလယ်ဗဟို၌....
သဲခုံစားပွဲတစ်ခုကိုချထားကာ နံဘေးပတ်လည်၌ စစ်ဗိုလ်ချုပ်အယောက်နှစ်ဆယ်ကျော်ရှိနေပြီး အခြေအနေကို တိုင်ပင်ဆွေးနွေးနေသည်။
လော့ရှင်း ဝင်ရောက်လာသည်ကို မြင်တွေ့ချိန်တွင် စစ်ဗိုလ်ချုပ်များအားလုံး တပြိုင်နက်တည်း ဦးညွှတ်အရိုအသေပြုလိုက်သည်။ သို့ရာတွင် သူတို့သည် လုယွီကိုမြင်တွေ့ချိန်၌ အံ့အားသင့်သွားပေ၏။
"သူက ပုန်းကွယ်နဂါးတံဆိပ်ပြားကိုကိုင်ပြီးရောက်လာတဲ့ သံတမန်ပဲ...သူ ဒီနေရာကိုရောက်လာတာက စစ်မြေပြင်မှာ စစ်သားတွေကိုဘယ်လိုအမိန့်ပေးရမယ်ဆိုတာ သင်ယူဖို့အတွက်ပဲ"
လော့ရှင်းသည် လုယွီနှင့်မိတ်ဆက်ပေးရန် ဆန္ဒမရှိသဖြင့် စကားလုံးတချို့ကိုသာ ပြောဆိုလိုက်သည်။
ထိုအချိန်ကျမှသာ စစ်ဗိုလ်ချုပ်များအားလုံး နားလည်သဘောပေါက်သွားသည်။လုယွီသည် စစ်ပညာသင်ယူရန် လာရောက်သူဖြစ်သဖြင့် သူ၏အသက်ငယ်ရွယ်နေသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။
လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ ဤစစ်ဗိုလ်ချုပ်များအားလုံးသည် သူနှင့်ရင်းနှီးခြင်းမရှိကြောင်း တွေ့မြင်မိသည်။သူတို့အားလုံးသည် နောက်ပိုင်းတွင် အသစ်ခေါ်ယူထားသော စစ်ဗိုလ်ချုပ်များဖြစ်ပေမည်။
ထိုစစ်ဗိုလ်ချုပ်များသည်လည်း လုယွီကိုမသိရှိသဖြင့် သူ့အား လျစ်လျူရှုထားကြသည်။ထို့ကြောင့် လုယွီသည် နံဘေးတဖက်မှနေ၍ အခြေအနေကိုစောင့်ကြည့်လိုက်၏။
"တပ်မှူးလော့....ထန်စစ်တပ်ရဲ့ ထျန်းစီမြင်းစီးစစ်တပ်နဲ့ကျိုးရှောင်စစ်တပ်က ပင်မစစ်မြေပြင်ထဲကိုဝင်လာပြီ"
စစ်ဗိုလ်ချုပ်တချို့က အခြေအနေကိုစတင်၍သတင်းပို့သည်။
လော့ရှင်းသည် ထိုကိစ္စများကိုနားထောင်ပြီးနောက် ရံဖန်ရံခါ သူ၏ကောင်းကိုခါယမ်းနေကာ ရံဖန်ရံခါ၌ သူ၏ယပ်တောင်ကို ဝှေ့ယမ်းနေသည်။သူ့ကိုကြည့်ရသည်မှာအလွန်လွတ်လပ်ပေါ့ပါးပုံရပေ၏။
စစ်ဗိုလ်ချုပ်များအားလုံး၏သတင်းပို့မှုများ အဆုံးသတ်သွားချိန်၌ လော့ရှင်းက ယုံကြည်ချက်အခိုင်အမာရှိသောအပြုံးနှင့် ပြောဆိုသည်။
"ငါက စစ်ဗိုလ်ချုပ်တွေအားလုံးကို အုပ်စုငါးစုခွဲပြီးတိုက်ခိုက်ဖို့ အမိန့်ပေးပြီးပြီ...ဒါဆိုရင်သူတို့တွေက ရန်သူရဲ့စစ်ဦးပိုင်းကို ရှောင်ရှားပြီးတော့ အမြှီးပိုင်းကို တိုက်ခိုက်နိုင်လိမ့်မယ်..ငါတို့က ရန်သူတွေကို အနိုင်ရပြီးတော့ ဒီတိုက်ပွဲကို အောင်နိုင်လိမ့်မယ်"
"ငါတို့အားလုံးက အောင်ပွဲရတဲ့သတင်းကို စောင့်ဆိုင်းနေဖို့ပဲလိုတယ်"
လော့ရှင်းထံတွင် ယုံကြည်ချက်များနှင့် ပြည့်နှက်နေကာ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်၌ ရှိနေသည့်အလားပင်။
သဲခုံစားပွဲ၏နံဘေးတစ်ဖက်မှ စောင့်ကြည့်နေသော လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ဤသည်မှာ အမှန်တကယ်ကို ပုန်းကွယ်နဂါးစစ်တပ်၏တိုက်ပွဲဝင်နည်းဗျူဟာ ဖြစ်သလော...
ဤကဲ့သို့တပ်မှူးတစ်ယောက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။
ဤနည်းဗျူဟာများသည် လုံးလုံးလျားလျားအကျိုးမရှိဘဲ စာရွက်ပေါ်တွင် ဖတ်ကောင်းရုံမျှသာရှိသော အရာများပင်။
ပုန်းကွယ်နဂါးစစ်တပ်သည် ဤသဲခုံစစ်ပွဲပေါ်ရှိတိုက်ပွဲဝင်ဝင်္ကပါကို အသုံးပြု၍ တိုက်ခိုက်ခြင်းကြောင့် ရှုံးနိမ့်ခဲ့ရသည်မှာ သေချာပေါက်ပင်။
လော့ရှင်းသည် ရုတ်တရက် လုယွီ စကားတစ်ခွန်းမျှ မပြောသည်ကို မြင်တွေ့သွားသဖြင့် သရော်တော်တော်ပြောဆိုလိုက်သည်။
"ငါရဲ့နည်းဗျူဟာက နက်နဲမွေ့တယ်...မင်းရဲ့အသက်က ငယ်သေးတာကြောင့် မင်း ဒါကိုနားမလည်နိုင်ဘူးဆိုရင်လည်း အရမ်းမစဥ်းစားနဲ့...ဒါက ပုံမှန်ပါပဲ"