← Chapters

အခန်း (၄၃၇၆-၄၃၈၀)

Vol. 222 Ch. 4376-4380

အခန်း (၄၃၇၆-၄၃၈၀)

Vol. 222 Ch. 4376-4380

Chapter 4376

"မဖြစ်နိုင်ဘူး....လုယွီက သေသွားပြီမဟုတ်လား"

လော့ရှင်းက မယုံကြည်နိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

လုယွီသည် ပုန်းကွယ်နဂါးတံဆိပ်ပြားကိုကိုင်၍ ရောက်ရှိလာသည်အား မြင်တွေ့ချိန်၌ လေ့ကျင့်ရန်လာသော သခင်လေးတစ်ယောက်ဟုသာ သူ၏မသိစိတ်မှနေ၍ တွေးထင်ခဲ့သည်။

သို့ရာတွင် သူ့ရှေ့ရှိလူငယ်လေးသည် ပုန်းကွယ်နဂါးစစ်တပ်၏တည်ထောင်သူ ဖြစ်နေမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။

တခြားစစ်ဗိုလ်ချုပ်များသည်လည်း လုယွီကို ထိတ်လန့်တကြားကြည့်လိုက်ကြ၏။

သူတို့အားလုံးသည် ပုန်းကွယ်နဂါးစစ်တပ်မှ အသစ်ခန့်အပ်ထားသော စစ်ဗိုလ်ချုပ်များပင်။ သူတို့သည် လုယွီ၏ဒဏ္ဍာရီများကို ကြားဖူးသော်လည်း သူ၏အစစ်အမှန်ပုံပန်းသွင်ပြင်ကို မမြင်တွေ့ဖူးချေ။

ထို့ပြင် လုယွီသည် ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုအတွင်း၌ သေဆုံးသွားပြီဟုလည်း သူတို့ ကြားခဲ့ရသည်။

သို့ရာတွင် လုယွီသည် သူတို့၏ရှေ့၌ ရုတ်တရက်ထွက်ပေါ်လာမည်ဟု သူတို့ မျှော်လင့်မထားမိပေ။

"မင်းက အရှင်လုလို့ အယောင်ဆောင်နေတာလား...မင်းက ကြီးလေးတဲ့ပြစ်မှုကြီးတစ်ခုကို ကျူးလွန်နေတာပဲ"

လော့ရှင်းက တင်းမာခက်ထန်သောမျက်နှာအမူအယာဖြင့် အော်ငေါက်လိုက်သည်။

သူသည် ကျားတံဆိပ်ပြားကိုထုတ်ယူပြီး လုယွီကို လက်ညှိုးညွှန်လိုက်သည်။

"အဲ့ဒီလူကိုဖမ်းဖို့ ငါ အမိန့်ပေးတယ်"

ကျားတံဆိပ်ပြားမှနေ၍ ကျားဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။

ဤကြေးနီရောင်ကျားတံဆိပ်ပြားတွင် ကိုယ်ပိုင်အသိစိတ်ရှိနေပုံရကာ အသက်ဝင်လာသည့်အလားပင်။ထိုကျား၏မျက်လုံးတစ်စုံမှနေ၍ အစိမ်းရောင်အလင်းတန်းတစ်တန်း ပျံ့လွင့်လာကာ လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်မှနေ၍ နဂါးတစ်ကောင်၏ပုံရိပ် ပျံ့လွင့်လာကာ ကျားတံဆိပ်ပြားရှိနေသောနေရာသို့ ဦးတည်ပြီး ဟိန်းဟောက်လိုက်၏။

လက်ရှိနေရာတွင်ရှိနေသူများအားလုံးသည် သူတို့၏နားများအတွင်း၌ ကျယ်လောင်သောဟိန်းဟောက်သံကြီး မြည်ဟီးသွားသည်ကို ကြားလိုက်ရသည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင် လော့ရှင်း၏လက်အတွင်းမှ ကျားတံဆိပ်ပြား လွတ်ထွက်သွားကာ လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

လုယွီ၏ခန္ဓာကိုယ်ကို တလိမ့်လိမ့်ထနေသောကံကြမ္မာစွမ်းအားများ ဝိုင်းရံသွားသည်။သူသည် ကံကြမ္မာစွမ်းအားများ၏အလယ်ဗဟို၌ မတပ်ရပ်နေပေ၏။ဤသည်မှာ သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သန်းရာနှင့်ချီသောလူများ၏သေရေးရှင်ရေးကို ထိန်းချုပ်နိုင်သည့်အလားပင်။

ပုန်းကွယ်နဂါးစစ်တပ်အတွင်းတွင် သူသည် နတ်ဘုရားတစ်ပါး၏တည်ရှိမှုမျိုးနှင့် တူညီသော အရှင်သခင်ပင်။

ကျားတံဆိပ်ပြားမှာနေ၍ တုန်ခါသံတစ်သံထွက်ပေါ်လာသည်။

မကြာမီမှာပင် လော့ရှင်းသည် သူနှင့်ကျားတံဆိပ်ပြားအကြားရှိဆက်နွယ်ချက် လုံးလုံးလျားလျား ပြတ်တောက်သွားသည်ကို ခံစားမိလေ၏။

"ဒါက အဆုံးသတ်သွားပြီ"

လော့ရှင်း၏ခြေထောက်များ ပျော့ခွေသွားကာ သူ၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။

ကျားတံဆိပ်ပြားထက် ပို၍အဆင့်မြင့်သောအခွင့်အာဏာရှိမှသာ ဤအရာကို ပြန်လည်ရုတ်သိမ်းနိုင်စွမ်းရှိသည်။

ပုန်းကွယ်နဂါးစစ်တပ်တစ်တပ်လုံးတွင် ဤကဲ့သို့ ပြုလုပ်နိုင်သောအခွင့်အာဏာသည် လုယွီမှလွဲ၍ တခြားမည်သည့်လူငယ်ထံတွင်မျှ ရှိနေနိုင်မည်မဟုတ်ချေ။

"ငါတို့က အရှင်လုကို အရိုအသေပြုပါတယ်"

လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံး လုယွီကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

ဤသတင်းသည် အလွန်လျှင်မြန်စွာဖြင့် ပြင်ပရှိ စစ်စခန်းထံသို့ ပျံ့နှံ့သွားသည်။

ရုတ်ချည်းဆိုသလိုပင် နံပါတ်လေးတပ်ရင်းတစ်ခုလုံးမှနေ၍ အံ့အားတသင့်အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"အရှင်လုက အသက်ရှင်နေတုန်းပဲ"

"ဒါဆိုရင် ခုဏရောက်လာတဲ့ လူငယ်လေးက လုယွီပေါ့"

"ငါတို့ပုန်းကွယ်နဂါးစစ်တပ်က ကယ်တင်ခံရပြီ...ငါတို့တွေ နောက်ဆုံးတော့ အခက်အခဲတွေကို ဖြတ်ကျော်နိုင်တော့မယ်"

စစ်သားများသည် ဝမ်းသာအားရအော်ဟစ်နေတာ သူတို့အနက်မှအများစု၏ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်လာသည်။

ပုန်းကွယ်နဂါးစစ်တပ်တစ်တပ်လုံးအတွက် လုယွီသည် စစ်တပ်၏စိတ်ဝိညာဥ်ပင်။

ထန်စစ်တပ်သည် အောင်းကွမ်းကိုဖမ်းဆီးထားသဖြင့် နံပါတ်လေးတပ်ရင်းသည် ခေါင်းဆောင်မရှိဘဲ ရန်သူများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။စစ်သားအများစုသည် မွန်းကြပ်နေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခုအချိန်၌ သူတို့ မြိုသိပ်ထားခဲ့ရသော စိတ်ခံစားချက်အားလုံးကိုထုတ်လွှတ်ရန် အခွင့်အရေးတစ်ခုရရှိလာခဲ့သည်။

လုယွီသည် သူ၏လက်ဖြင့် ကျားတံဆိပ်ပြားကိုဆုပ်ကိုင်ပြီး လက်ထောက်တပ်မှူးကို အမိန့်ပေးလိုက်သည်။

"လက်ရွေးစင်သံချပ်ကာတပ် ခေါ်သွားပြီးတော့ လက်ဝဲဘက်ကနေ ချီစစ်တပ်ကိုတိုက်ခိုက်မယ်... ချီစစ်တပ်ရဲ့ ချီလင်စစ်ရထားလုံးကို ငါ့အတွက် ယူလာခဲ့စမ်း"

"ဟုတ်ကဲ့ပါ အရှင်"

လက်ထောက်တပ်မှူးသည် အလွန်အမင်းစိတ်လှုပ်ရှားသွားကာ နောက်သို့ပြန်လှည့်ပြီး ချက်ချင်းထွက်ခွာသွားတော့သည်။

သူသည် အောင်ကွမ်း၏နောက်သို့ လိုက်ခဲ့စဉ်အချိန်၌ လုယွီနှင့်စကားပြောဆိုရန် အခွင့်အရေးများစွာမရခဲ့ချေ။ယခုအချိန်၌ လုယွီသည် သူ့အား အမိန့်တစ်ခု ပေးအပ်လိုက်လေပြီ။

ဤသည်မှာ သူ၏အရည်အချင်းကို လုယွီ၏ရှေ့၌ ပြသနိုင်သောအခွင့်အရေးပင်။ ထို့ကြောင့် သူ အလွန်ဝမ်းသာပျော်ရွှင်နေသည်။

ပြင်ပရှိ ဝမ်းသာအားရအော်ဟစ်သံများနှင့် နှိုင်းယှဉ်ပါက လော့ရှင်း၏စိတ်နှလုံးသားသည် ဆီးနှင့်ဖြင့်ဖုံးလွှမ်းခံရသည့်အလား အေးခဲတောင့်တင်းနေသည်။

သူသည် ရုတ်တရက် သူ ယခင်က ပြောဆိုခဲ့သောစကားများကို သတိရသွားသည်။ဤစကားလုံးတိုင်းသည် သူ၏မျက်နှာအား ပါးတစ်ချက်ဖြတ်ရိုက်လိုက်သည့်အလားပင်။

လော့ရှင်းက သူသည် လုမိသားစု၏တပည့်တစ်ယောက်ဖြစ်ကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုခဲ့သည်။သူသည် တစ်ချိန်က လုမိသားစု၏စစ်နည်းဟာသင်တန်းကျောင်းတစ်ခုတွင် ပညာသင်ယူခဲ့လေ၏။သို့ရာတွင် ကောလာဟလများအရ လုယွီသည် ပင်မလုမိသားစု၏မိသားစုဝင်တစ်ယောက်ပင်။လုမိသားစုမှနေ၍ လုယွီအားအသိအမှတ်ပြုရန် ဖိတ်ခေါ်နေသော်လည်း သူသည် သဘောတူညီခြင်း မရှိသေးချေ။

Chapter 4377

လူတစ်ယောက်သည် လုမိသားစုနှင့်ဆက်သွယ်ချက်ကို ရတနာတစ်ပါးအဖြစ် မှတ်ယူထားချိန်တွင် တခြားတစ်ယောက်သည် လုမိသားစုဝင်ဟူသော အဆင့်အတန်းကို အမှိုက်တစ်စအလား မှတ်ယူထားသည်။

ဤသည်မှတစ်ဆင့် မည်သူသည် သန်မာအားကောင်းသူဖြစ်ပြီး မည်သူသည် အားနည်းသူဖြစ်သည်မှာ သိသာထင်ရှားသည်။

လော့ရှင်းက သူသည် ဤတစ်ကြိမ်တွင် သံပြားကြီးကို ဆောင့်ကန်ခဲ့မိပြီဖြစ်ကြောင်း သိရှိသွားသည်။သို့ရာတွင် သူ၏စိတ်ကို အလျှင်အမြန်အလုပ်ပေးကာ ဤကိစ္စကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းဗျူဟာတစ်ခုကို စဉ်းစားတွေးတောလိုက်သည်။

လော့ရှင်းက ကျယ်လောင်သောအသံဖြင့် ပြောဆိုလိုက်၏။

"ဒါဆိုရင် ဒါက အရှင်လုပေါ့...ဖြစ်ခဲ့တာတွေအားလုံးက ငါ့ရဲ့အပြစ်ပါ...ဒါပေမဲ့ ပုန်းကွယ်နဂါးစစ်တပ်အပေါ် ငါက ဘာအမှားကိုမှ မကျူးလွန်ခဲ့ဘူး...ငါက လွန်ခဲ့တဲ့ရက်တွေအတွင်းမှာ ပုန်းကွယ်နဂါးစစ်တပ်အတွက် ပင်ပင်ပန်းပန်းကြိုးစားခဲ့တယ်...ငါ့ရဲ့အချိန်နဲ့စွမ်းအားတွေကို စစ်တပ်အတွက် မြှုပ်နှံထားခဲ့တယ်.... တကယ်လို့ ငါက ဘာအကျိုးဆောင်မှုကိုမှ မလုပ်ခဲ့ဘူးဆိုရင်တောင် ငါ ပင်ပင်ပန်းပန်းကြိုးစားခဲ့တာကတော့ အမှန်ပဲမဟုတ်လား"

လုယွီက လော့ရှင်းကို စောင်းငဲ့ကြည့်ပြီး တည်ကြည်လေးနက်စွာပြောဆိုသည်။

"ပုဂ္ဂိုလ်ရေးအရပြောမယ်ဆိုရင် မင်းက ဘာအမှားကိုမှ မကျူးလွန်ခဲ့ဘူး...ဒါပေမဲ့ မင်းက စစ်တပ်မှာ ရှိမနေသင့်ဘူး...မင်းက စစ်နည်းဗျူဟာတွေကိုတောင် မသိဘဲနဲ့ တပ်မှူးရာထူးကို ယူထားခဲ့တယ်"

"မင်းက တစ်ယောက်တည်းမဟုတ်ဘူး...မင်းရဲ့အမိန့်အောက်မှာ ထောင်သောင်းချီတဲ့ ညီအစ်ကိုတွေရှိနေတယ်...အခွင့်အာဏာပလ္လင်ပေါ်မှာ အရည်အချင်းမပြည့်စုံတဲ့လူတစ်ယောက် ထိုင်နေတာက အကြီးမားဆုံးအမှားပဲ...မင်းလုပ်လိုက်တဲ့အမှားတစ်ခုကြောင့် မရေမတွက်နိုင်တဲ့လူတွေ သေဆုံးသွားနိုင်တယ်"

"ငါ မင်းကို အခွင့်အရေးတစ်ခုပေးခဲ့ပြီးပြီ.... စစ်နည်းဗျူဟာအကြောင်းကို အသေးစိတ်ကျကျ ငါ မင်းကို ရှင်းပြခဲ့တယ်...ဒါပေမဲ့ မင်း ဘယ်လိုတုံပြန်ခဲ့လဲ...မင်းက ခေါင်းမာပြီးတော့ ကိုယ်ကိုယ့်ကိုယ် အမှန်လို့ ထင်နေခဲ့တယ်...မင်းက စစ်သားတွေရဲ့အသက်တွေကို မင်း နာမည်ကျော်ကြားဖို့အတွက် လောင်းကစားတိုကင်ပြားတွေလို ဆက်ဆံခဲ့တယ်....တကယ်လို့ ခုဏစစ်တမ်းလျားအရာရှိက နောက်တန်းကိုအန္တရာယ်ကျရောက်စေခဲ့တယ်ဆိုရင် မင်းက စစ်တပ်တစ်တပ်လုံးကို အန္တရာယ်ကျရောက်စေခဲ့တာပဲ....မင်းရဲ့အပြစ်က သူ့ထက်တောင် ပိုဆိုးတယ်"

လော့ရှင်း၏မျက်နှာ နီမြန်းသွားသည်။

သူသည် မာန်မာနကြီးမားသော အကျင့်စရိုက်ရှိသူပင်။ထို့ကြောင့် လုယွီ၏စကားကို သူ မည်သို့ သည်းခံနိုင်မည်နည်း။သူက ချက်ချင်းဆိုသလိုပင် ချေပပြောဆိုလိုက်၏။

"မင်းရဲ့အဆင့်အတန်းက မြင့်မားတာကြောင့် တခြားသူတွေကို မင်း အပြစ်တင်ချင်တိုင်းတင်လို့ရတာလား"

"မင်းက စစ်နည်းဗျူဟာကို နားမလည်ဘူးဆိုတဲ့ ငါရဲ့စကားကို မင်း လက်မခံချင်တာ မဟုတ်လား"

လုယွီက အေးစက်တင်းမာသောအကြည့်ဖြင့် လော့ရှင်းကို စူးစိုက်၍ကြည့်လိုက်သည်။

လုယွီ၏စူးစိုက်ကြည့်ခြင်းကို ခံရချိန်တွင် လော့ရှင်းသည် ချက်ချင်းဆိုသလိုပင် ဖိအားအရှိန်အဝါတစ်ရပ်ကို ခံစားမိလေ၏။

အကယ်၍ တခြားစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေပါက လော့ရှင်သည် လုမိသားစု‌၌သင်ယူခဲ့သည်ဟူသော သူ၏အဆင့်အတန်းကိုအသုံးပြု၍ ထိုလူအား ဖိနှိပ်နိုင်ပေမည်။

သို့ရာတွင် လုယွီနှင့်ရင်ဆိုင်ရချိန်တွင် သူ၏အဆင့်အတန်းသည် အသုံးမဝင်တော့ချေ။

လုယွီသည် လုမိသားစု၏မိသားစုဝင်တစ်ယောက်ဖြစ်သည်ဟူသော အချက်ကို ဘေးဖယ်ထားလျှင်ပင် လုယွီထံ၌ ထန်စစ်တပ်ကို အောင်နိုင်ခဲ့သော တိုက်ပွဲမှတ်တမ်းရှိနေသည်။ သူသည် စစ်ပွဲအတွင်း၌ အောင်မြင်မှုအမြောက်အများရရှိခဲ့ကာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးကို ကယ်တင်ပေးနိုင်ခဲ့သည်။

ပုန်းကွယ်နဂါးစစ်တပ်၌ အတွေ့အကြုံရင့်ကျက်သော စစ်ဗိုလ်ချုပ်အိုကြီးများ ရှိနေသည်။သို့ရာတွင် ဤကဲ့သို့ ခေါင်းမာသောအကျင့်စရိုက်ရှိသည့် စစ်ဗိုလ်ချုပ်အိုကြီးများပင်လျှင် လုယွီကို သဘောကျနှစ်ခြိုက်နေပေ၏။

သို့ရာတွင် လော့ရှင်း၏ မောက်မာထောင်လွှားသော အကျင့်စရိုက်ဖြင့် သူသည် မည်သည့်ကြောင့် လွယ်လင့်တကူ အရှုံးပေးနိုင်မည်နည်း။

လော့ရှင်းက ရုတ်တရက် သူ၏ခေါင်းကိုခါယမ်းပြီး သရော်တော်တော်ပြောဆိုလိုက်သည်။

"ဆိုရိုးစကားအရပြောမယ်ဆိုရင် 'သစ္စာရှိတဲ့စကားလုံးတွေက တခြားတယောက်ရဲ့နားထဲမှာ ဆန့်ကျင်ဘက်ဖြစ်သွားတယ်'...အရှင်လုက ငါ့ရဲ့စကားတွေကို မယုံကြည်မှတော့ စစ်ပွဲမှာရှုံးနိမ့်မှာကို စောင့်နေရုံပဲရှိတော့တယ်"

စစ်ဗိုလ်ချုပ်များသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်၏။

ဤလော့ရှင်းသည် အလွန်မောက်မာထောင်လွှားပေ၏။သူသည် လုယွီ၏ရှေ့၌ ဤကဲ့သို့အပြုအမူမျိုးကို လုပ်ဆောင်ဝံ့သည်။

"ကောင်းပြီလေ...မင်းက မကျေမနပ်ဖြစ်နေမှတော့ မင်း အရှုံးပေးအောင်လုပ်ဖို့အတွက် ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်"

လုယွီ၏မျက်နှာအမူအယာ တည်ငြိမ်နေကာ ထိုင်ခုံတလုံးပေါ်၌ ထိုင်ချလိုက်သည်။

စစ်သားတစ်ယောက်သည် နံဘေးတစ်ဖက်မှနေ၍ ရှေ့သို့ထွက်လာကာ လုယွီကို လက်ဖက်ရည်ငှဲ့ပေးလေ၏။

လုယွီသည် လက်ဖက်ရည်ကို တစ်ငုံငုံ၍သောက်ပြီး ဂရုတစိုက်အရသာခံနေကာ သူသည် ပြင်ပရှိအခြေအနေများကို အနည်းငယ်မျှ ဂရုမစိုက်သည့်အလားပင်။

တခြားစစ်ဗိုလ်ချုပ်များအားလုံး အနည်းငယ်စိုးရိမ်ပူပန်နေသည်။

စစ်ဗိုလ်ချုပ်တစ်ယောက်သည် အောင့်အည်းမထားနိုင်တော့သဖြင့် မတ်တတ်ထရပ်ပြီး ဂရုတစိုက်မေးမြန်းလေသည်။

"အရှင် လက်ထောက်တပ်မှူးက အန္တရာယ်နဲ့တွေ့နေနိုင်တယ်...ငါတို့က သူ့ကိုစစ်ကူပေးဖို့အတွက် တစ်ယောက်ယောက်ကို မလွှတ်သင့်ဘူးလား"

လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"မလိုဘူး...အချိန်ကိုတွက်ကြည့်မယ်ဆိုရင် သူ ပြန်ရောက်လာသင့်ပြီ"

လုယွီ၏စကားကိုကြားချိန်တွင် လော့ရှင်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။

"မင်းက ငါ့ရဲ့စစ်နည်းဗျူဟာကို မလိုမှတော့ ရှုံးနိမ့်ဖို့ ကံကြမ္မာပါပြီးသားပဲ...မင်း ရှုံးနိမ့်သွားတဲ့အချိန်ကျရင် ဆက်ပြီးမောက်မာနိုင်မလားဆိုတာ ငါ စောင့်ကြည့်နေမယ်"

လော့ရှင်းက ခနဲ့တဲ့တဲ့ပြောဆိုသည်။

ရှေးဟောင်းအချိန်ကာလမှစတင်၍ မည်သည့်လက်အောက်ငယ်သားမဆို သူတို့၏အရှင်သခင်များရှေ့၌ အခွင့်အာဏာကိုစိန်ခေါ်သည့်စကားမျိုး မပြောဝံ့ကြချေ။

လော့ရှင်းသည် အလောင်းအစားတစ်ခု ပြုလုပ်နေခြင်းပင်။လုယွီသည် နာမည်ဂုဏ်သတင်း ပျက်ပြားမည်ကို စိုးရိမ်သဖြင့် သူ ရိုင်းပျစွာဆက်ဆံနေသည့်တိုင် သူ့အား တစ်စုံတစ်ခုကိုမျှ ပြုလုပ်မည် မဟုတ်ပေ။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် အံအားတသင့်အော်ဟစ်လိုက်သော အသံတစ်သံက ပင်မတဲ၏ပြင်ပမှ ထွက်ပေါ်လာသည်။

Chapter 4378

လက်ထောက်တပ်မှူးသည် စစ်စခန်းအတွင်းသို့ဝင်ရောက်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသွေးများရွဲနစ်နေပြီး သွေးလူသားတစ်ယောက်အသွင်သို့ ပြောင်းလဲနေသည်။

နံဘေးတွင်ရှိနေသော စစ်သားတစ်ယောက်သည်ချက်ချင်းရှေ့သို့တိုးကာ ပိုးထည်တစ်စကို လက်ကမ်းပေးလိုက်သည်။လက်ထောက်တပ်မှူးသည် ထိုအဝတ်စဖြင့် သူ၏မျက်နှာကို အကြိမ်ရေအနည်းငယ်ခန့် ခပ်ကြမ်းကြမ်းသုတ်ပြီး လုယွီ၏ရှေ့သို့သွားကာ ဦးညွှတ်အရိုအသေပြုလိုက်၏။

"အရှင် ငါက လက်အောက်ငယ်သားတွေကိုဦးဆောင်ပြီးတော့ ချီစစ်တပ်ရဲ့ခုခံကာကွယ်မှုကို ချိုးဖျက်နိုင်ခဲ့တယ်...ငါတို့က ချီစစ်သားနှစ်သောင်းကျော်ကို သတ်နိုင်ခဲ့ပြီးတော့ ကြီးမားတဲ့အောင်ပွဲတစ်ခုကို အောင်နိုင်ခဲ့တယ်"

သူ အမှန်တကယ်ကို အနိုင်ရရှိခဲ့သလော....

ဝမ်းသာအားရအော်ဟစ်သံများ ပြင်ပမှထွက်ပေါ်လာသည်။

မကြာမီမှာပင် စစ်သားတစ်ယောက်သည် ပင်မတဲအတွင်းသို့ဝင်ရောက်လာပြီး သတင်းပို့သည်။

"အပြင်မှာရှိတဲ့ ထန်စစ်တပ်ဆီကနေ ဆုတ်ခွာဖို့အမိန့်ပေးတဲ့ တံပိုးခရာသံကို ကြားလိုက်ရတယ်...သူတို့တွေ ဆုတ်ခွာသွားကြပြီ"

ပင်မတဲအတွင်းရှိ လူများအားလုံး အလွန်စိတ်လှုပ်ရှားသွားသည်။

စစ်ဗိုလ်ချုပ်များသည် ဤကိစ္စကို မယုံကြည်ရဲသဖြင့် စစ်ဆေးရန်အတွက် ပြင်ပသို့ အလျှင်အမြန်ထွက်လိုက်ကြ၏။

သူတို့သည် ပင်မတဲ၏ပြင်ပသို့ ရောက်ရှိချိန်၌ ဝမ်းသာအားရအော်ဟစ်နေသော အသံများကိုကြားလိုက်ရသည်။

စစ်စခန်း၏ထောင့်တစ်နေရာတွင် ချီစစ်တပ်ထံမှသိမ်းယူလာခဲ့သော မှော်လက်နက်များသံချပ်ကာများနှင့်တခြားပစ္စည်းများ အပုံလိုက်ရှိနေသည်။ထိုနေရာတွင် ဖမ်းဆီးလာခဲ့သောနတ်ဆိုးသားရဲတချို့လည်း ရှိနေပေ၏။ထို့ပြင် ချီစစ်တပ်၏တိုက်ပွဲအလံအမြောက်အများလည်း ရှိနေသည်။

သူတို့သည် နတ်ဘုရားစိတ်အာရုံကိုအသုံးပြုပြီး ပြင်ပသို့ကြည့်လိုက်ချိန်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည့် ထန်ချီမဟာမိတ်စစ်တပ်သည် သူတို့၏အသက်သွေးကြောကို ရိုက်နှက်ခံလိုက်ရသည့်အလား စစ်မြေပြင်မှနေ၍ အလျှင်အမြန်ဆုတ်ခွာနေသည်ကို မြင်တွေ့မိသည်။

နံပါတ်လေးတပ်ရင်းသည် ဤဘေးကပ်ဆိုးကြီးမှ အသက်ရှင်သန်ခွင့် ရရှိသွားလေပြီ။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

လော့ရှင်းသည် ကြက်သေသေနေလေ၏။

သူ၏စိတ်အတွင်းတွင် စစ်တပ်ကြီးသည် ပြင်းထန်သောရှုံးနိမ့်မှုကို ခံစားရပြီး ပြန်လည်ရောက်ရှိလာကာ လုယွီသည် သူ့အား တောင်းပန်ရမည်ဟု တွေးထင်ထားခဲ့သည်။

သို့ရာတွင် သူ့ရှေ့၌ ဖြစ်ပျက်သွားခဲ့သည့်ကိစ္စသည် သူ တွေးထင်ထားသည်နှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက်ဖြစ်နေသည်။

လော့ရှင်းသည် ရုတ်တရက် တစ်စုံတစ်ခုကိုတွေးတောမိသွားပုံဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"အရှင်လု...ဒါက ငါ့ရဲ့အောင်မြင်မှုပဲ...တကယ်လို့ ခုဏက ငါ့ရဲ့စစ်နည်းဗျူဟာနဲ့တိုက်ခိုက်ခဲ့တာကြောင့်သာမဟုတ်ရင် အခုချိန်မှာ ရန်သူတွေကို အလွယ်တကူ အနိုင်ယူနိုင်မှာမဟုတ်ဘူး....ဒီအောင်မြင်မှုက ငါ့ရဲ့အပိုင် ဖြစ်သင့်တယ်"

လက်ရှိနေရာတွေရှိနေသောလူများ၏မျက်နှာများထက်တွင် ရွံရှာစပ်စုတ်မှုအရိပ်အရောင်များထင်ဟပ်လာသည့်

ယခင်က သူတို့သည် ရက်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့သည့်တိုင် မည်သည့်အကျိုးကျေးဇူးကိုမျှ မရရှိခဲ့ချေ။

လုယွီ ရောက်ရှိလာပြီးနောက် ပထမဆုံးပေးအပ်သည့်အမိန့်ဖြင့် နံပါတ်လေးတပ်ရင်းသည် ကြီးမားသောအောင်ပွဲတစ်ခုကို ရယူနိုင်ခဲ့လေ၏။

မည်သူက အကျိုးဆောင်သူဖြစ်သည်မှာ သိသာထင်ရှားသည်။

သို့ရာတွင် ဤအခြေအနေသို့ ရောက်နေသည့်တိုင် လော့ရှင်းသည် တိုက်ပွဲအကျိုးဆောင်မှုကိုလုယူရန် ကြံရွယ်နေသည်။မည်သည့်အရာက သူ့အတွက် ကောင်းမွန်သည်ကို သူ မသိရှိပေ။

"ဟမ့် မင်းကိုယ်မင်း အထင်ကြီးမနေစမ်းနဲ့...မင်းရဲ့အစုတ်အပြတ် တိုက်ခိုက်ရေးနည်းဗျူဟာတွေနဲ့များ...တကယ်လို့ ငါတို့စစ်တပ်က အရမ်းသန်မာအားကောင်းနေတာကြောင့်သာ မဟုတ်ရင် ထန်စစ်တပ်ကိုရှုံးနိမ့်သွားတာ အချိန်အတော်ကြာနေလောက်ပြီ...အရင်တုန်းက မင်းမှာ ကျားတံဆိပ်ပြားသာ ရှိမနေခဲ့ရင် ငါ မင်းရဲ့ပါးစပ်ကို ဆွဲဖြဲပြီးနေလောက်ပြီ"

လက်ထောက်တပ်မှူးသည် ထပ်မံ၍သည်းခံနိုင်ခြင်းမရှိတော့သဖြင့် ချက်ချင်းအော်ငေါက်လိုက်သည်။

သူသည် အစဉ်အမြဲ လော့ရှင်းအပေါ် အထင်အမြင်သေးခဲ့သည်။ယခုအချိန်၌ လော့ရှင်းထံတွင် ကျားတံဆိပ်ပြားမရှိတော့သဖြင့် သူသည် ထပ်မံ၍ဂရုစိုက်ရန် မလိုအပ်တော့ချေ။

"မင်း...မင်း အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့ ...မင်းတို့က အခွင့်အာဏာကိုသုံးပြီးတော့ တခြားလူကို အနိုင်ကျင့်ချင်တာလား"

လော့ရှင်းက ခြေတစ်ဖက်ဆောင့်ပြီးပြောဆိုကာ သူ၏မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။

"ငါက အဓိပ္ပါယ်မရှိတာတွေ ပြောနေတယ်လို့ မင်း ထင်နေတာလား...ဟား ဟား ဟား မင်း စိတ်ပါလက်ပါလက်ခံလာအောင် ငါ လုပ်ပြမယ်"

ထို့နောက် လက်ထောက်တပ်မှူးသည် လက်ခုပ်တစ်ချက်တီးပြီး ပြင်ပသို့ပြောဆိုလိုက်သည်။

"သူ့ကို အထဲခေါ်လာခဲ့တော့"

ပြင်ပမှနေ၍;အနက်ရောင်သံချပ်ကာဝတ် စစ်သားလေးယောက် ဝင်ရောက်လာသည်။သူတို့သည်အတူပူးပေါင်း၍ လူငယ်တစ်ယောက်ကို ဖမ်းချုပ်ထားပေ၏။

ထိုလူငယ်သည် တောက်ပသောအဝါရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ဆံပင်များ ဖရိုဖရဲဖြစ်နေကာ သူ၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံ့သော အမူအယာတစ်ရပ်ရှိနေသည်။

"ငါ့ကို မသတ်ပါနဲ့...မင်းတို့ ငါ့ကို ဘာပဲလုပ်ချင်ချင် ငါက ပူးပေါင်းဖို့ဆန္ဒရှိပါတယ်"

လူငယ်သည် အလွန်အမင်းထိတ်လန့်ကြောက်ရွံ့နေသဖြင့် ပင်မတဲအတွင်းသို့ ရောက်ရှိလာသောအချိန်အခိုက်အတန့်တွင် ကျယ်လောင်စွာအော်ဟစ်၍ အသနားခံတောင်းပန်လေသည်။

လက်ထောက်တပ်မှူးသည် ရှေ့သို့လျှောက်လှမ်းသွားကာ ထိုလူငယ်၏မျက်နှာကို ပါးတစ်ချက်ဖြတ်ရိုက်လိုက်၏။ထို့နောက် သူက ဆူပူကြိမ်းမောင်းလိုက်သည်။

"အရှင်ရဲ့ရှေ့မှာ တိတ်တိတ်နေစမ်း"

ထိုလူငယ်သည် ချက်ချင်းဆိုသလိုပင် ငြိမ်ကျသွားသော်လည်း သူ၏မျက်လုံးအတွင်းရှိ ထိတ်လန့်ကြောက်ရွံမှုများ ပို၍ပီပြင်ထင်ရှားလာသည်။

"အရှင် မင်းမှာ တကယ့်ကို လိမ္မာပါးနပ်တဲ့အစီအစဉ်တစ်ခု ရှိနေတာပါလား...ချီစစ်တပ်ရဲ့ချီလင်စစ်ရထားလုံးထဲမှာ အရေးကြီးတဲ့လူတစ်ယောက်ရှိနေတယ်"

လက်ထောက်တပ်မှူးက လူငယ်ကိုလက်ညှိုးညွှန်ပြပြီး ဆက်လက်၍ပြောဆိုသည်။

"သူက ချီအင်ပါယာရဲ့နဝမမင်းသားပဲ...သူကချီဘုရင်ရဲ့သားတော်တစ်ပါးဖြစ်ပြီးတော့ အခုလက်ရှိတိုက်ပွဲကို စီမံကွပ်ကဲနေတယ်"

သူသည် အမှန်တကယ်ကိုပင် ချီအင်ပါယာ၏မင်းသားတစ်ပါးကို ဖမ်းဆီးနိုင်ခဲ့လေ၏။

ပတ်ဝန်းကျင်မှနေ၍ အံ့အားတသင့်ရေရွတ်သံများထွက်ပေါ်လာကာ လူအများ၏မျက်လုံးများ တောက်ပသွားသည်။

ချီဘုရင်သည် ပုန်ကန်မည်ဟု ထုတ်ပြန်ကြေညာခဲ့သဖြင့် ချီဘုရင်အိမ်တော်မှတစုံတစ်ယောက်ကို ဖမ်းဆီးနိုင်ပါက အလွန်ကြီးမားသောဆုလာဘ်ကိုရရှိမည်ဟု တော်ဝင်နန်းတွင်းမှ အမိန့်ထုတ်ပြန်ထားသည်။

Chapter 4379

ယခုအချိန်ထိ ဤဆုလာဘ်ကို အတည်ပြုထားဆဲပင်။

ကျင့်ကြံခြင်းလောကမှ ကျင့်ကြံသူများ၏အမြင်တွင် ချီအင်ပါယာ၏တော်ဝင်မိသားစုကို တော်ဝင်မိသားစုဟု သတ်မှတ်မထားချေ။သူတို့ကို လမ်းလျှောက်နေသော ဆုလာဘ်ကြီးတစ်ခုဟုသာ ယူဆထားသည်။

ပုန်းကွယ်နဂါးစစ်တပ်အတွင်း၌ တိုက်ပွဲတိုက်ခိုက်နေစဉ် အချိန်အတောအတွင်းတွင် ချီတော်ဝင်မိသားစုမှမိသားစုဝင်တစ်ယောက်ကို ဖမ်းဆီးနိုင်ရန်အတွက် စိတ်အားထက်သန်နေသော လူအမြောက်အများရှိနေသည်။

သူတို့သည် ချီအင်ပါယာ၏တော်ဝင်မိသားစုဝင်တစ်ယောက်ကို ဖမ်းဆီးနိုင်သည်နှင့် အလွန်မြင့်မားသောဆုလာဘ်ကို ရရှိနိုင်ပေမည်။

"မင်းက တပ်မှူးပဲဖြစ်မယ်...ငါက အဲ့ဒီဆုလာဘ်ကို နှစ်ဆပေးဖို့ ဆန္ဒရှိပါတယ်...မဟုတ်ဘူး ငါ သုံးဆပေးမယ်...မင်း ငါ့ကိုလွှတ်ပေးတာနဲ့ ငါက ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိပါတယ်"

ချီအင်ပါယာ၏နဝမမင်းသားသည့် အဆက်မပြတ် ဦးတိုက်အရိုအသေပြုနေကာ မည်သည့်ဂုဏ်သိက္ခာကိုမျှ ထိန်းသိမ်းမထားချေ။

စစ်ဗိုလ်ချုပ်များ၏မျက်နှာများပေါ်တွင် အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

အင်ပါယာတစ်ခု၏မင်းသားများအကြားတွင် ပါရမီရှင်တချို့ရှိနေသည်။မည်သို့ပင်ဆိုစေကာမူ တော်ဝင်မိသားစုမှအရင်းအမြစ်များ၏ထောက်ပံ့မှုကြောင့် တစ်စုံတစ်ယောက်ထံတွင် ပါရမီအနည်းငယ်ရှိနေလျှင်ပင် အစွမ်းထက်သူတစ်ယောက်အဖြစ် အလျှင်အမြန်ရပ်တည်နိုင်ပေမည်။

သို့ရာတွင် ဤနဝမမင်းသားကမူ ထိုပါရမီရှင်များအနက်မှတယောက် မဟုတ်သည်မှာ သိသာထင်ရှားလှ၏။

တော်ဝင်မိသားစုအတွင်း၌ မိသားစုဝင်တချို့သည် အလေးအနက်ထား၍ ကျင့်ကြံခြင်းမပြုကြချေ။အကြောင်းအရင်းမှာ သူတို့သည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ သူတို့ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို ပြုလုပ်နိုင်ခြင်းကြောင့်ပင်။

လူပေါ်ကျော့များသည် အမြဲတစေ သူတို့၏နောက်ခံအင်အားကို အသုံးပြု၍ အခွင့်အာဏာကို ပြသကြသည်။သူတို့သည် အန္တရာယ်တခုခုနှင့် ကြုံတွေ့သောအချိန်၌ လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံ့သွားကာ ယခင်ကဲ့သို့ ကြီးကျယ်ခမ်းနားသောအရှိန်အဝါမျိုးကို ထိန်းသိမ်းမထားနိုင်တော့ချေ။

"သူက မင်းရဲ့အပိုင်ပဲ"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

လက်ထောက်တပ်မှူးသည် အော်ဟစ်ရယ်မောပြီး နဝမမင်းသား၏ခေါင်းကို သူ၏လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ထို့နောက်သူ၏လက်ကို တစ်ချက်လှည့်လိုက်ခြင်းနှင့်အတူ နဝမမင်းသား၏ဇက်ကျိုးကာ သေဆုံးသွားတော့သည်။

"တော်ဝင်နန်းတွင်ရဲ့အမိန့်အရဆိုရင် ပုန်းကန်သူတစ်ယောက်ရဲ့ခေါင်းကို ပြနိုင်တာနဲ့ ဆုလာဘ်ကိုထုတ်ပေးလိမ့်မယ်....အရှင်က ဒီဆုလာဘ်ကြီးကို ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

လက်ထောက်တပ်မှူးက အပြုံးနှင့်ပြောဆိုသည်။

သူတို့ရှေ့ရှိမြင်ကွင်းသည် အလွန်အမင်းသွေးပျက်ဖွယ်ကောင်းပေ၏။

သို့ရာတွင် လက်ရှိနေရာ၌ရှိနေသော လူများအနက်အများစုသည် တိုက်ပွဲစစ်မြေပြင်၌ အချိန်အတော်ကြာနေထိုင်ခဲ့သည့် အတွေ့အကြုံရင့်ကျက်သော စစ်ဗိုလ်ချုပ်များပင်။ထို့ကြောင့် သူတို့သည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ မျက်တောင်တစ်ချက် မခတ်ကြပေ။

လော့ရှင်းတယောက်တည်းကသာ သူ၏ခြေတောက်များပျော့ခွေသွားသည်အထိ ထိတ်လန့်ကြောက်ရွံ့နေပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

"ဟမ့်..."

စစ်ဗိုလ်ချုပ်များထံမှနေ၍ အေးစက်စက်နှာမှုတ်သံများ ထွက်ပေါ်လာသည်။

လော့ရှင်းသည် စစ်ရေးအခွင့်အာဏာကို ကိုင်ဆောင်ထားသော်လည်း တိုက်ပွဲအတွင်းသို့ သူကိုယ်တိုင် တစ်ကြိမ်တစ်ခါမျှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းမရှိချေ။

သူသည် စစ်နည်းဗျူဟာရှင်တယောက်အဖြစ် အယောင်ဆောင်နေသော်လည်း အမှန်အားဖြင့် လော့ရှင်းသည် တိုက်ပွဲအတွင်း၌ တိုက်ခိုက်ရမည်ကို ကြောက်ရွံ့နေပေ၏။

"ငကြောက်ကောင်"

လက်ထောက်တပ်မှူးက အေးစက်တင်းမာစွာပြောဆိုသည်။

"ထန်စစ်တပ်ရဲ့တိုက်ခိုက်မှုက ပြင်းထန်ပြီးတော့ ချီစစ်တပ်ရဲ့ခုခံကာကွယ်မှုကတော့ ချိုးဖျက်နိုင်တဲ့ နေရာတစ်နေရာပဲ...ငါတို့ရဲ့တံခါးရင်းကို လာပြီးတော့ ပို့ဆောင်နေတဲ့ အကျိုးကျေးဇူးတွေကို ငါတို့က ဘာလို့ မလိုချင်ဘဲနေမှာလဲ...ဒါပေမဲ့မင်းက စစ်အင်အားကိုခွဲခြမ်းပြီးတော့ ထန်စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ပဲ ခေါင်းမာနေခဲ့တယ်...မင်းရဲ့ဦးနှောက်ထဲမှာ ဝက်ချေးတွေနဲ့ပဲ ပြည့်နေလားဆိုတာ ငါ သိချင်မိတယ်"

လော့ရှင်း၏မျက်နှာ နီမြန်းသွားသည်။သူသည် ချေပပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် ထိုသို့ပြုလုပ်နိုင်စွမ်းမရှိတော့ကြောင်း နားလည်သဘောပေါက်သွားသည်။

သူသည် ဤစစ်တပ်အား ရက်ပေါင်းများစွာကြာအောင် အုပ်ချုပ်ခဲ့သည်။သို့သော် အဆုံးသတ်၌ သူ၏အုပ်ချုပ်မှုအောက်တွင် စစ်သားများနှင့်စစ်ဗိုလ်ချုပ်များ ဆုံးရှုံးသွားခဲ့ရသော်လည်း မည်သည့်တိုးတက်မှုမျှ ရှိမလာခဲ့ပေ။

လုယွီကမူ သူသည် ကျားတံဆိပ်ပြားကို ပြန်လည်ယူဆောင်ပြီးနောက် အမိန့်တစ်ခုပေးအပ်လိုက်သည်နှင့် နံပါတ်လေးတပ်ရင်းအတွက် ကြီးမားသောအောင်ပွဲတစ်ခုကို ယူဆောင်ပေးနိုင်ခဲ့သည်။

အရာအားလုံးသည် လက်တွေ့ဖြစ်ရပ်မှန်များအပေါ်၌ အခြေခံပေ၏။

မည်သို့ပင်ဆိုစေကာမူ သူသည် ချေပပြောဆိုရန်အတွက်လအကြောင်းအရင်းတစ်ခုကို ရှာမတွေ့ချေ။

"မင်းတို့က ဒီအချိန်အခိုက်အတန့်မှာဖြစ်နေတဲ့ ကိစ္စကိုပဲ မြင်ကြတာပါလား...စစ်တပ်တစ်တပ်မှာ အနိုင်နဲ့အရှုံးဆိုတာက သာမာန်ကိစ္စလေးတွေပဲ"

လော့ရှင်းက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။

နံဘေးတစ်ဖက်တွင်ရှိနေသော စစ်ဗိုလ်ချုပ်တစ်ယောက်သည် ထပ်မံ၍သည်းမခံနိုင်တော့သဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"စစ်ရေးအကြံပေးခေါင်းဆောင်လော့...စစ်ပွဲစတင်တဲ့အချိန်ကနေ အခုအချိန်ထိ မင်း ပင်မတဲထဲကနေ အပြင်ကိုထွက်ခွာဖူးလား"

"တိုက်ပွဲတိုက်ခိုက်တဲ့အချိန်တိုင်း မင်းက သဲခုံစားပွဲရဲ့ဘေးကနေပဲ ကြည့်နေခဲ့တယ်...မင်းက တိုက်ပွဲအခြေအနေကို ကြည့်ဖို့အတွက် စစ်မြေပြင်ကို ရောက်လာခဲ့ဖူးလား...မင်းက မင်းမမှားဘူးလို့ အမြဲတမ်းပြောနေခဲ့တယ်...ဒါပေမဲ့ မင်း ဘယ်နေရာမှာမှားနေလဲဆိုတာကို မင်း နည်းနည်းလေးတောင် မမြင်ခဲ့ဘူး"

လော့ရှင်း၏မျက်နှာ နီမြန်းသွားသည်။

သူသည် စစ်ရေးအကြံပေးတစ်ယောက်ဖြစ်သော်လည်း သူ့ထံတွင် တိုက်ပွဲအတွေ့အကြုံဟူ၍ တစ်ခုတလေမျှ ရှိမနေချေ။

ကြီးမားသောရှုံးနိမ့်မှုကြီးတစ်ခုကို ကြုံတွေ့ရပြီးနောက် သူသည် တာဝန်ယူရန်ခေါင်းရှောင်ကာ သူ၏အမှားကိုဝန်ခံရန် ရည်ရွယ်မထားချေ။

"သူ့ကို ခေါ်သွားတော့"

လုယွီက တည်ငြိမ်သောလေသံဖြင့် ပြောဆိုသည်။

ရုတ်ချည်းဆိုသလိုပင် စစ်သားတချို့သည်ဟပင်မတဲအတွင်းသို့ ဝင်ရောက်လာကာ လော့ရှင်းကို ဆွဲခေါ်သွားတော့သည်။

လော့ရှင်းသည် စကားပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း စစ်သားများသည် အဝတ်စတစ်စဖြင့် သူ၏ပါးစပ်အတွင်းသို့ ဆို့လိုက်ကြ၏။ထိုကြောင့် သူသည် စကားတစ်လုံးကိုမျှ ပြောဆိုနိုင်ခြင်း မရှိတော့ချေ။

လော့ရှင်း၏မှားယွင်းသောအမိန့်များကြောင့် စစ်သားအမြောက်အများ၏အသက်များဟဆုံးရှုံးသွားခဲ့ရသည်။ထိုကြောင့် စစ်သားများသည် သူ့အား ရိုးတွင်းခြင်ဆီထိလိုက်အောင် မုန်းတီးနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

Chapter 4380

ပင်မတဲအတွင်းမှနေ၍ လော့ရှင်းကိုဆွဲထုတ်သွားပြီးနောက် အလွန်တည်ငြိမ်အေးချမ်းသွားသည်။

"အရှင်...အရှင်ပြန်ရောက်လာတဲ့သတင်းကို ဖြန့်လိုက်ရမလား"

လက်ထောက်တပ်မှူးက သတိကြီးစွာထား၍ မေးမြန်းသည်။

သူ့ကိုကြည့်ရသည်မှာ ကြမ်းတမ်းပုံရသော်လည်း သူသည် ကိစ္စများကိုပြုလုပ်ရာ၌ အလွန်သတိကြီးသူတစ်ယောက်ပင်။ အကယ်၍ ဤသတင်းပျံ့နှံသွားပါက လုယွီ၏ကိစ္စကြီးများအတွက် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်သွားမည်ကို သူ စိုးရိမ်မိသည်။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"အဲ့ဒီသတင်းကို အခုချက်ချင်းဖြန့်လိုက်တော့...ဘာမှလျှို့ဝှက်နေဖို့မလိုဘူး"

သူသည် ယခင်ကတည်းက ကောင်းကင်ချိုးဖျက်ခံတပ်တွင် ထွက်ပေါ်လာခဲ့ပြီးဖြစ်သည်။ဤသတင်းသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးအနှံ့ အနှေးနှင့်အမြန်ပျံ့နှံ့သွားပေမည်။ထို့ကြောင့် ဤကိစ္စကို သူ ဖုံးကွယ်နေရန် မလိုအပ်ချေ။

"ရှီးလျန်အုပ်ချုပ်ရေးရုံးတော်က လူတွေအားလုံးအရှင် ပြန်ရောက်လာတယ်ဆိုတာကိုသာ သိရင်အရမ်းပျော်သွားလိမ့်မယ်"

လက်ထောက်တပ်မှူးက စိတ်လှုပ်ရှားစွာဖြင့်ပြောဆိုသည်။

လုယွီ ပြန်လည်ရောက်ရှိလာခြင်းကြောင့် ပုန်းကွယ်နဂါးစစ်တပ်တစ်တပ်လုံးတွင် အမာခံကျောရိုးတစ်ခု ရှိသွားလေပြီ။

သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းမှာ ပထမဆုံးအနေဖြင့် အကျိုးအမြတ်များအတွက်ဖြစ်ပြီး ဒုတိယအနေဖြင့် အနာဂတ်အတွက်ပင်။

အတိတ်တွင် လူအမြောက်အများသည် စစ်တပ်အတွင်းသို့ဝင်ရန် ရွေးချယ်ခဲ့ခြင်းမှာ ပုန်းကွယ်နဂါးစစ်တပ်၏ အလွန်ရက်ရောသောဆုလာဘ်များကြောင့်ပင်။

သို့သော် ယခုလက်ရှိချိန်၌ ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်းတွင် လုယွီ သေဆုံးသွားခြင်းမရှိဘဲ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူတို့သည် သူ၏နောက်သို့ ဆက်လက်၍လိုက်နေပါက သူတို့ထံတွင် အလားအလာကောင်းသော အနာဂတ်တစ်ခုရှိနေသည်ဟု ဆိုလိုခြင်းပင်။

လူများအားလုံးထံတွင် ရည်မှန်းချက်များနှင့်ပြည့်နှက်နေသည်။သူတို့အနက်မှအများစုသည် သူတို့၏အရည်အချင်းများကို ထုတ်ဖော်ပြသရန် ဆုံးဖြတ်လိုက်ကြ၏။

လုယွီက ပြောဆိုသည်။

"ငါ ပြန်ရောက်လာခဲ့တဲ့အတွက် ပုန်းကွယ်နဂါးစစ်တပ်က ခုလိုမျိုး ဆက်ပြီးနေဖို့မလိုတော့ဘူး....ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး ဖရိုဖရဲဖြစ်နေပြီ...ငါတို့မှာလည်း ငါတို့ရဲ့ကိုယ်ပိုင်နယ်မြေ ရှိသင့်တယ်"

ပတ်ဝန်းကျင်ရှိ လူများအားလုံးထံမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

လုယွီသည် သူ၏ကိုယ်ပိုင်နယ်မြေကိုတည်ထောင်မည်ဟု ပြောဆိုလိုက်ခြင်းပင်။ တခြားစကားပြောင်းဆိုရလျှင် ပုန်းကွယ်နဂါးစစ်တပ်သည် နောင်အနာဂတ်တွင် သူတို့၏ကိုယ်ပိုင်နယ်မြေကို ဆက်လက်၍ချဲ့ထွင်ခြင်းအား ဆောင်ရွက်ရပေမည်။

သူတို့သည် လုယွီ၏နောက်သို့ လိုက်နေသရွေ့ သူတို့၏ကိုယ်ပိုင်နယ်မြေကိုဆက်လက်၍ချဲ့ထွင်နိုင်ကာ သူတို့၏အခွင့်အာဏာသည်လည်း မြင့်မားလာပေမည်။

"ငါတို့က အရှင့်အပေါ် သေတဲ့အထိ သစ္စာစောင့်သိဖို့ ဆန္ဒရှိပါတယ်"

စစ်ဗိုလ်ချုပ်များအားလုံး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။

"အခု နံပါတ်လေးတပ်ရင်းရဲ့အကြောင်းကိုပြောဖို့ အချိန်ကျပြီ"

လုယွီက လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံးကို ဝေ့ဝိုက်ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"တကယ်လို့ တပ်မှူးက မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကို လုပ်ခဲ့တယ်ဆိုရင်တောင်.. လက်အောက်ငယ်သားတွေက ငြင်းဆန်ပြီးတော့ သူ့ကို အကြံပေးရမယ်...လော့ရှင်းက စာရွက်ပေါ်မှာ စကားပြောဖို့ပဲသိတဲ့ ကျောင်းတော်သားတစ်ယောက်ပဲ.. သူက သူ့ကိုယ်သူ အရမ်းအထင်ကြီးနေခဲ့တယ်...မင်းတို့က ဒီကိစ္စကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ဘူးလား"

ထိုစကားကိုကြားချိန်၌ စစ်ဗိုလ်ချုပ်များအားလုံး သူတို့၏ခေါင်းများကို အောက်သို့ငုံလိုက်ကြသည်။

ယခင်က သူတို့သည် လော့ရှင်း၏မှားယွင်းသောစစ်နည်းဗျူဟာအတိုင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုကြောင့် နံပါတ်လေးတပ်ရင်းသည် အသေအပျောက်များစွာ ခံစားခဲ့ရကာ နေရာအနှံ့အပြား၌ အလောင်းများဖြင့် ပြည့်နှက်နေသည်ဟုဆိုနိုင်သည်။

တိုက်ပွဲအတွင်းတွင် နံပါတ်လေးတပ်ရင်းမှ စစ်အင်အားတစ်ဝက်ကျော် ဆုံးရှုံးသွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အကယ်၍ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ စစ်ကူများသာ ရောက်ရှိမလာပါက သူတို့သည် ယခုချိန်ထိ တောင့်ခံထားနိုင်မည်မဟုတ်ပေ။

"လော့ရှင်းက လုမိသားစုရဲ့တပည့်တစ်ယောက်လို့ နာမည်ကျော်ကြားတယ်...ဒါကြောင့် ငါတို့က သူ့ကို မေးခွန်းမထုတ်ရဲခဲ့ဘူး"

စစ်ဗိုလ်ချုပ်တယောက်က သတ္တိမွေးပြီး ပြောဆိုသည်။

"ဘာလို့ မေးခွန်းမထုတ်ရဲတာလဲ"

လုယွီက မေးမြန်းသည်။

"အကြောင်းကတော့ လုမိသားစုက စစ်သူတော်စင်မိသားစုဖြစ်နေလို့ပဲ...သူတို့ရဲ့မျိုးဆက်တွေ စစ်တပ်ကိုအသုံးပြုတဲ့ နည်းဗျူဟာတွေမှာ သူတို့ရဲ့ကိုယ်ပိုင်အတွေးတွေ ရှိနေတယ်"

ထိုစစ်ဗိုလ်ချုပ်က တုံ့ပြန်အဖြေပေးသည်။

လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအနက်မှအများစုသည် သက်ပြင်းရှိုက်လိုက်ကြ၏။

သူတို့၏စိတ်နှလုံးသားများအတွင်းတွင် လုမိသားစုသည် ဖီဆန်၍မရသော မိုးကောင်းကင်ကြီး ဖြစ်လုနီးပါးပင်။ပြောရမည်ဆိုလျှင်ဤသည်မှာ ဗုဒ္ဓဂိုဏ်းဝင်များ၏စိတ်ဝိညာဉ်တောင်နှင့် တူညီပေ၏။

လော့ရှင်းထံတွင် လုမိသားစု၏တပည့်တစ်ယောက်ဟူသော အဆင့်အတန်းရှိနေသဖြင့် သူပြောဆိုသမျှ မည်သည့်ကိစ္စကိုမဆို မည်သူကမျှ မေးခွန်းပြန်မထုတ်ဝံ့ချေ။

လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီး အသံနက်ကြီးဖြင့်ပြောဆိုသည်။

"လုပိုယွမ်ပြောတဲ့ ဘယ်အရာကိုမဆို မင်းတို့က အမှန်လို့ ထင်ကြမှာလား"

ဤစကားတစ်ခွန်းကြောင့် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ကြက်သေသေသွားသည်။

သူတို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သူတို့၏ခေါင်းများကိုမော့ပြီး လုယွီကို ကြည့်လိုက်ကြ၏။

လုယွီ....သူ ရူးသွပ်သွားသလော။

သူသည် အမှန်တကယ်ကိုပင် သူ၏ဘိုးဘေးကို နာမည်တပ်ခေါ်ဝံ့သည့်အပြင် ပြောင်ပြောင်တင်းတင်းပင် မေးခွန်းထုတ်ခဲ့သလော....

"စစ်သူတော်စင်လု မွေးဖွားလာခဲ့တဲ့ ခေတ်ကာလတုန်းက အင်ပါယာကြီးသုံးခုကိုတည်ထောင်ထားပြီးတော့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေက တိမ်စိုင်တွေလိုပေါများတယ်...တကယ်လို့ သူက လှုပ်ရှားမှုတစ်ခုကို လုပ်ချင်တယ်ဆိုရင်တောင် အခြေအနေကိုကြည့်ပြီးတော့ ဆောင်ရွက်ဖို့ လိုအပ်တယ်...သူ့ရဲ့ နည်းဗျူဟာတွေကိုလည်း အချိန်မရွေးပြောင်းလဲနိုင်ဖို့ ပြင်ဆင်ထားရတယ်...ငါတို့က အဲ့ဒီနည်းဗျူဟာတွေအတိုင်း အမြဲတမ်းလိုက်နာပြီးတော့ ဆောင်ရွက်နေရမှာလား"

"အတိတ်မှာတုန်းက ရှေးဟောင်းအလယ်ခေတ်အင်ပါယာတစ်ခုရဲ့ ဧကရာဇ်တစ်ပါးကနေ ကျင့်ကြံသူတွေကို အသားစားခွင့်နဲ့ဝိုင်အရက်သောက်ခွင့်မပြုဘူးလို့ အမိန့်ချမှတ်ခဲ့တယ်...မင်းတို့အားလုံးက အခုထိ အသားမစားဝိုင်အရက်မသောက်ဘဲနဲ့ နေနိုင်ကြလို့လား"

"နောင်အနာဂတ်မှာ မင်းတို့တွေက စစ်တပ်ကို ဦးဆောင်ရလိမ့်မယ်...မင်းတို့က အမြဲတမ်း ရှေးခေတ်က လူတွေရဲ့စကားအတိုင်း လုပ်ဆောင်ပြီးတော့ သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုပဲလိုက်နာနေမှာလား...ဒါဆိုရင် မင်းတို့က တခြားသူတွေရဲ့ အကွက်ချကြံစည်မှုထဲကို အနှေးနဲ့အမြန်ကျရောက်သွားလိမ့်မယ်"

လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ သူ၏မျက်လုံးအတွင်းမှနေ၍ စူးရှသောအလင်းရောင်များ ဖြာထွက်နေသည်။

"မိုးကောင်းကင်တာအိုက လုံလောက်တဲ့အထိ ကြောက်ဖို့မကောင်းဘူး...ဘိုးဘေးတွေရဲ့နည်းဗျူဟာတွေက မပြည့်စုံဘူး...စကားလုံးတွေနဲ့ဆုံးရှုံးမှုတွေကို လျော်ကြေးမပေးနိုင်ဘူး"

All Chapters