အခန်း (၄၃၈၁-၄၃၈၅)
Vol. 222 Ch. 4381-4385
Chapter 4381
ဤစကားသုံးခွန်းကို လုယွီ ပြောဆိုလိုက်သောအချိန်တွင် စစ်တဲအတွင်း၌ သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဤသည်မှာ အလွန်အတင့်ရဲသော စကားများပင် ။အကယ်၍ ဤစကားများသာ ပြင်ပသို့ ပြန့်သွားပါက လုယွီကို လူအမြောက်အများမှအပြစ်ပေးလိုမည့်အပြင် လုမိသားစုမှလူများပင်လျှင် သူအား လိုက်လံဖမ်းဆီးကြပေမည်။
သို့ရာတွင် လုယွီသည် ဤစကားများကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ပြောဆိုခဲ့ကာ မည်သည့်စိုးရိမ်ပူပန်မှုမျှ မရှိချေ။
"ငါတို့ သင်ယူနိုင်ခဲ့ပါတယ်"
လက်ထောက်တပ်မှူးနှင့် တခြားစစ်ဗိုလ်ချုပ်များအားလုံးသည် ဦးညွှတ်အရိုအသေပြုပြီး သူတို့၏ကျေးဇူးတင်မှုကို ဖော်ပြလိုက်ကြသည်။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သော်လည်း သူ့၏မျက်လုံးအကြည့်သည် တဲ၏ပြင်ပသို့ရောက်ရှိနေကာ ကြည်လင်ပြတ်သားသောအသံဖြင့် ပြောဆိုသည်။
"မင်းတို့ နားထောင်နေတာ အချိန်အတော်ကြာနေပြီ...မင်းတို့က ခုထိပုန်းအောင်းနေဖို့ ကြံရွယ်ထားတုန်းပဲလား"
ဤရုတ်တရက်အပြောင်းအလဲကြောင့် လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံး ကြက်သေသေသွားသည်။
လက်ထောက်တပ်မှူးသည် အရင်ဆုံးအသိဝင်လာကာ သူသည် နောက်သို့ချာကနဲလှည့်ပြီး တင်းမာခက်ထန်စွာ အော်ငေါက်လိုက်၏။
"အပြင်မှာ ဘယ်ကောင်တွေ ပုန်းနေတာလဲ"
ဘုန်း....ဘုန်း....ဘုန်း....
ထိုအချိန်မှာပင် တဲ၏ပြင်ပမှနေ၍ ပြင်းထန်သော အရှိန်အဝါအမြောက်အများ ရုတ်တရက်ထွက်ပေါ်လာသည်။
ဤအရှိန်အဝါများသည် မုန်ယိုနေသောဆင်တစ်ကောင်နှင့်တူညီကာ တောင်တစ်လုံးကဲ့သို့လေးလံသော ဖိအားအရှိန်အဝါတစ်ရပ် သက်ရောက်လာသည်။လေပြင်းများကြောင့် တဲ၏လိုက်ကာ လွင့်ထွက်သွားကာ မြေပြင်ပေါ်၌နက်ရှိုင်းစွာ နှစ်မြုပ်ထားသော သံများပင်လျှင် ကျွတ်ထွက်သွားခဲ့သည်။လေပြင်းများကြောင့် ပင်မတဲတစ်ခုလုံး လှုပ်ယမ်းသွားပေ၏။
ပင်မတဲ၏အထက်ရှိ မိုးကောင်းကင်ယံတွင် လူဆယ်ယောက်ကျော် ထွက်ပေါ်လာသည်။သူတို့အားလုံးသည် တောက်ပသောနဂါးသံချပ်ကာနှင့် သံမဏိခေါင်းစွပ်များကို ဝတ်ဆင်ထားသည်။သူတို့သည် ထန်စစ်ဗိုလ်ချုပ်များဖြစ်ပြီး သူတို့၏ခန္ဓာကိုယ်များမှနေ၍ ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါများကို ထုတ်လွှတ်ထားပေ၏။
"ထျန်းစီမြင်းစီးစစ်သည်တော်အဖွဲ့ရဲ့ ဗိုလ်ချုပ်တွေလား"
လက်ထောက်တပ်မှူးသည် ဤထန်စစ်ဗိုလ်ချုပ်များကို မြင်တွေ့ချိန်၌ သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
တိုက်ပွဲတိုက်ခိုက်သည်မှာ အချိန်အတော်ကြာမြင့်လာပြီးနောက် ဤထန်စစ်ဗိုလ်ချုပ်များ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ သိရှိထားသည်။
သူတို့သည် ကောင်းကင်မူဝါဒရုံးတော်၏သခင်လေးကို အထူးသီးသန့်ကာကွယ်စောင့်ရှောက်နေသော တည်ရှိမှုကြီးများပင်။သူတို့အနက်မှမည်သည့်တစ်ယောက်မဆို ထန်စစ်တပ်၏လက်ရွေးစင်တစ်ယောက်ဖြစ်ပြီး သူတို့၏တိုက်ခိုက်ရေးခွန်အားသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။
"အရှင် မကောင်းတော့ဘူး...မြန်မြန်ထွက်သွားတော့...သူတို့က အရှင့်ကို လုပ်ကြံသတ်ဖြတ်ဖို့ ပြင်ဆင်ထားတာပဲ"
လက်ထောက်တပ်မှူးသည် နဂါးတစ်ကောင်အသွင်သို့ ချက်ချင်းအသွင်ပြောင်းကာ လေထုအတွင်းသို့ခုန်တက်ပြီး တိုက်ခိုက်ရန်ဟန်ပြင်လိုက်သည်။
သို့ရာတွင် ကောင်းကင်မူဝါဒရုံးတော်၏စစ်ဗိုလ်ချုပ်များသည် လက်ထောက်တပ်မှူးကို လုံးလုံးလျားလျားလျစ်လျှူရှူထားလေ၏။
"လုယွီက အသက်ရှင်နေတုန်းပဲ...အဲ့ဒီလူက ငါတို့ထန်အင်ပါယာရဲ့အကြီးမားဆုံးရန်သူတော်ကြီးပဲ...ငါတို့ သူ့ကို သတ်ရမယ်"
လူအိုကြီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
ထို့နောက် မိုးကောင်းကင်ယံအတွင်းရှိ ထန်စစ်ဗိုလ်ချုပ်များအားလုံးသည် တပြိုင်နက်တည်း အော်ဟစ်ကြုံးဝါးလိုက်ကြကာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော တိုက်ပွဲဝင်ဝင်္ကပါကြီးတစ်ခု ဆင်းသက်လာသည်။
ဤဖိအားအရှိန်အဝါသည် တောင်တစ်လုံးပြိုကျလာသည်နှင့်တူညီပြီး ဟန့်တား၍မရနိုင်ချေ။
လက်ထောက်တပ်မှူး၏အစစ်အမှန်ခန္ဓာကိုယ်သည်လည်း ဖိနှိပ်ခြင်းခံလိုက်ရသည်။ဤဖိအားအရှိန်အဝါအောက်တွင် ကျန်းတစ်ထောင်ကျော်ရှည်လျားသော အသူရာနဂါးတကောင်ပင်လျှင် လှုပ်ရှားနိုင်စွမ်းမရှိတော့ချေ။
မရေမတွက်နိုင်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ လုယွီထံသို့ တိုးဝင်လာသည် ။
ကောင်းကင်မူဝါဒရုံးတော်၏စစ်ဗိုလ်ချုပ်များသည် သူတို့၏အစွမ်းထက်ဆုံးမှော်မန္တန်ကိုအသုံးပြု၍ အင်အားကုန်တိုက်ခိုက်လိုက်ကြသည်။
အချိန်တိုအတွင်းမှာပင် ထိုစစ်ဗိုလ်ချုပ်များမှ ထုတ်လွှတ်ထားသည့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါသည် လုယွီကိုလွမ်းခြုံသွားပေ၏။
"မင်းတို့က ငါ့ကို သတ်ချင်တယ်ဆိုရင် အစွမ်းထက်တဲ့ လူတချို့ကို ပို့သင့်တယ်...ဒီလိုယင်ကောင်ငယ်လေးတွေကတော့...."
လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီး တင်းမာခက်ထန်စွာ အော်ဟစ်လိုက်သည်။
"မင်းတို့က ငါ့ကိုသတ်ဖို့ အရည်အချင်းပြည့်မီတယ်လို့ ထင်နေတာလား"
နဂါးဟိန်းသံတစ်သံသည် ကောင်းကင်နှင့်မြေပြင်အကြား၌ ပဲ့တင်ထပ်သွားပေ၏။
လူများအားလုံးသည် ရုတ်တရက် မူးဝေမှုကိုခံစားလိုက်ရကာ သူတို့၏နားများအူသွားပြီး မည်သည့်အသံကိုမျှ မကြားနိုင်တော့ချေ။
ဤသည်မှာ မိုးကောင်းကင်ယံကြီးတခွင်လုံး၌ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများဖြင့် ပြည့်နှက်နေကာ သူ့အပေါ်တွင် သစ္စာစောင့်သိခြင်းမရှိသည့်လူများကို အပြစ်ပေးသည့်အနေဖြင့် ကျရောက်လာသည့်အလားပင်။
ဤနေရာပတ်ဝန်းကျင်ရှိ မိုင်တစ်ထောင်ပတ်လည်အတွင်း၌ ပြင်းထန်သောသွေးချီစွမ်းအားများဖြင့် ပြည့်နှက်သွားသည်။
လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အလင်းတန်းများဖြာထွက်လာကာ အရာရာတိုင်းကိုလောင်ကျွမ်းနိုင်စွမ်းရှိသည့် နေမင်းကြီးတစ်စင်းအလားပင်။
ကောင်းကင်နှင့်မြေပြင်အကြားတွင် ပေတစ်သောင်းခန့်ရှည်လျားသော အလင်းတန်းများဖြာထွက်လာသည်။လုယွီ ကျယ်လောင်စွာအော်ဟစ်လိုက်သောအချိန်တွင် မိုးကောင်းကင်ယံအတွင်းမှနေ၍ နတ်ဘုရားအမိန့်တော်တစ်ခု ကျရောက်လာသည့်အလားပင်။မည်သူမည်ဝါဖြစ်နေပါစေ သူတို့ထံတွင် ရွေးချယ်စရာမရှိတော့ဘဲ ထိုအမိန့်ကို လိုက်နာရပေမည်။
လုယွီသည် ရုတ်တရက် သူ၏လက်သီးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကာ မိုးကောင်းကင်ယံအတွင်း၌ရှိနေသည့် ကောင်းကင်မူဝါဒရုံးတော်မှ စစ်ဗိုလ်ချုပ်များထံဦးတည်ပြီး လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။
ဤလက်သီးချက်သည်...
တောင်များပြိုလဲကာ သစ်ပင်ပန်းမန်များ ညှိုးနွမ်းသွားပြီး စကြာဝဠာအတွင်းရှိ ဥပဒေသများ တုန်ခါသွားသည့်အလားပင်။လုယွီ၏လက်သီးချက်အောက်တွင် လေဟာနယ်သည် အက်ကွဲစပြုလာပေ၏။
ဘုန်း.....
ပေါက်ကွဲသံဆယ်သံကျော်ကို ဆက်တိုက်ကြားလိုက်ရပြီးနောက်....
ကောင်းကင်မူဝါဒရုံးတော်၏ ထန်စစ်ဗိုလ်ချုပ်ဆယ်ယောက်ကျော်သည် သွေးမြူများအဖြစ်ပေါက်ကွဲသွားကာ ပါးလွှာသောလေထုအတွင်း၌ ပျက်ပြယ်သွားတော့သည်။
"ထွက်သွားဖို့မစဉ်းစားစမ်းနဲ့...အခုချက်ချင်း ထွက်လာခဲ့စမ်း"
လုယွီက ခြေတစ်လှမ်းရှေ့တက်ကာ လေဟာနယ်အတွင်း၌ မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူ၏လက်ကို ဆန့်တန်းကာ အမှောင်ထုအတွင်းသို့ဦးတည်ပြီး ဖမ်းဆုပ်လိုက်၏။
Chapter 4382
လုယွီသည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေလေ၏။သူ၏နံဘေးပတ်ဝန်းကျင်ရှိ လေထုအတွင်း၌ ရက်စက်ကြမ်းကြုတ်သော သွေးချီစွမ်းအားများ အချိန်အတော်ကြာသည်အထိ ရစ်သိုင်းလွှမ်းခြုံနေသည်။
ထိုသွေးချီစွမ်းအားလှိုင်းများသည် အခိုးအငွေ့များအလား မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်နေသဖြင့် လူအများအား ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရစေသည်။
လုယွီသည် သူ၏လက်ကိုမြှောက်ပြီး ဖမ်းဆုပ်သည့်လက်ဟန်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်ရာ သူ၏ရှေ့ရှိလေဟာနယ် ချက်ချင်းပုံပျက်သွားသည်။
လေဟာနယ်ဥပဒေသသည် ဆုတ်ဖြဲခြင်းခံလိုက်ရပေ၏။ဤသည်မှာ လုယွီသည် ကောင်းကင်နှင့်မြေပြင်ရှိ မဟာတာအိုစွမ်းအားများကို ပြောင်းလဲနိုင်စွမ်းရှိသည့် အန္တိမစွမ်းအားတစ်ရပ်ကို ပိုင်ဆိုင်ထားသည့်အလားပင်။
သူသည် လေဟာနယ်အတွင်းမှနေ၍ လူအိုကြီးတစ်ယောက်ကို ဆွဲထုတ်လိုက်၏။
ထိုလူအိုကြီး၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာ ကြေမွှပျက်စီးနေသည်။အစောပိုင်းက လုယွီ၏လက်သီးချက်သည် အလွန်အမင်းပြင်းထန်သော တိုက်ခိုက်မှုတစ်ခုပင်။ဤလူအိုကြီးသည် လေဟာနယ်အတွင်း၌ ပုန်းအောင်းနေခဲ့သော်လည်း ဤတိုက်ခိုက်မှု၏သက်ရောက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်။
"သူတို့အားလုံး သေသွားပြီ..မင်းက ဘာလို့ အခုထိ အသက်ရှင်နေတာလဲ"
လူအိုကြီး၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ထန်စစ်တပ်အတွင်းတွင် လုယွီ၏ပုံတူပန်းချီကား ရှိနေသည်။
တာယွီအင်ပါယာ၏အမတ်ကြီးများကဲ့သို့ပင် လုယွီသည်လည်း ထန်အင်ပါယာအတွင်း၌ နံပါတ်တစ်ရန်သူတော်ကြီးအဖြစ် သတ်မှတ်ခံထားရသည်။
လူအိုကြီးသည် စစ်ဗိုလ်ချုပ်များကိုစေလွှတ်၍ နံပါတ်လေးတပ်ရင်း၏ပင်မစစ်တဲအတွင်းရှိ လူများအားလုံးကို အမြစ်ပြတ်သုတ်သင်လိုခဲ့သည်။သို့ရာတွင် ဤနေရာ၌ မမျှော်လင့်သောကိစ္စတစ်ခု ဖြစ်ပွားသွားမည်ဟု သူ တွေးထင်မထားခဲ့ချေ။
လုယွီ၏လုပ်ဆောင်ချက်များသည် သူ၏မျှော်လင့်ချက်များထက် များစွာပို၍ကျော်လွန်နေသည်။
ထန်စစ်တပ်၏အတွင်းရေးသတင်းများအရ လုယွီ၏ခွန်အားကို နယ်မြေသခင်တစ်ယောက်နှင့်နီးကပ်နေပြီဟု ခန့်မှန်းထားကြသည်။အကြမ်းဖျင်းအားဖြင့် သူ၏ခွန်အားသည် နယ်မြေသခင်ပထမအဆင့်နှင့် နယ်မြေသခင်ဒုတိယအဆင့်အကြား၌ ရှိနေပေ၏။
သို့ရာတွင် အစောပိုင်းက တိုက်ခိုက်ခဲ့သည် ကောင်းကင်မူဝါဒရုံးတော်မှ စစ်ဗိုလ်ချုပ်များအားလုံးသည် ရွှယ်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူများပင်။သူတို့သည် လုယွီ၏လက်သီးတစ်ချက်ဖြင့် လွယ်လင့်တကူသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
လူအိုကြီးသည်လည်း နယ်မြေသခင်တစ်ယောက်ဖြစ်သည့်တိုင် ဒဏ်ရာအပြင်းအထန်ရရှိသွားပေ၏။
"ချန်အန်းမြို့အပျက်အစီးနယ်မြေထဲမှာ ငါ့ကိုလှောင်ပိတ်ထားဖို့အတွက် ထန်အင်ပါယာက တန်ကြေးကြီးကြီးပေးဖို့ ဆန္ဒရှိခဲ့တာလား"
လုယွီက သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
"ကံဆိုးချင်တော့ မင်းတို့ရဲ့အစီအစဉ်တွေက အရာမထင်ခဲ့ဘူး"
လူအိုကြီးသည် သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်လာမှုကို ရုတ်တရက် ခံစားလိုက်ရသည်။
ချန်အန်းမြို့အပျက်အစီးနယ်မြေပင်လျှင် လုယွီကို လှောင်ပိတ်ထားနိုင်ခြင်းမရှိချေ။ဤလူငယ်လေးသည် မည်မျှအဆင့်ထိ သန်မာအားကောင်းနေသနည်း။
"မင်းရဲ့အသက်က အရမ်းငယ်သေးတယ်...မင်းက အရမ်းသန်မာအားကောင်းမယ်လို့ ငါ မယုံကြည်ဘူး"
လူအိုကြီးက အော်ဟစ်ကြုံးဝါးလိုက်သည်။
သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် တောက်ပသော နတ်ဘုရားအလင်းတန်းများ ရစ်သိုင်းလွှမ်းခြုံနေပေ၏။သူ၏ပါးစပ်မှ မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်ခြင်းနှင့်အတူ ထိုအလင်းတန်းများသည် နဂါးအမှတ်အသားများပါဝင်သော ရွှေရောင်သံချပ်ကာတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
လူအိုကြီး၏ခန္ဓာကိုယ်မှနေ၍ ရုတ်တရက် ပေတစ်သောင်းကျော်ရှည်လျားသော အလင်းတန်းကြီးတစ်တန်း ထွက်ပေါ်လာသည်။စူးရှသောအလင်းရောင်ကြောင့် လူအများသည် သူတို့၏မျက်လုံးများကိုပင် မဖွင့်နိုင်တော့ချေ။
သူသည် သူ၏လက်ဝါးကိုဖြန့်လိုက်ကာ အရာရာတိုင်းကို သူ၏လက်ချောင်းငါးချောင်းအတွင်း၌ ထိန်းချုပ်ထားနိုင်သည့်အလားပင်။စကြာဝဠာကြီးဖရိုဖရဲဖြစ်နေကာ လောကကြီးအတွင်းရှိအရာရာတိုင်းကို ဤလူအိုကြီး၏လက်ဝါးအတွင်း၌ ဖမ်းဆုပ်ထားနိုင်ပုံရသည်။
"ငါရဲ့အစစ်အမှန်သွေးစက်ကို အသုံးပြုပြီးတော့ ငါ့ရဲ့စိတ်ဝိညာဉ်ဓားအတွက် ယဇ်ပူဇော်မယ်"
အစောပိုင်းက လုယွီ၏လက်သီးချက်ကြောင့် လူအိုကြီးသည် အမှန်တကယ်ကို ထိတ်လန့်တုန်လှုပ်နေပေ၏။
သူသည် ထိုလက်သီးချက်မှနေ၍ သေဆုံးခြင်းအရှိန်အဝါကို အာရုံခံမိသည်။သူသည် မည်သည့်နည်းစနစ်ကို အသုံးပြုသည်ဖြစ်စေ ဤလက်သီးချက်၏အောက်၌ အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားမည်ဟူသော ခံစားချက်မျိုး ရရှိနေသည်။
ဤထိတ်လန့်ကြောက်ရွံ့မှုသည် သူ၏စိတ်နှလုံးသားအတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေဆဲပင်။ထိုကြောင့် လူအိုကြီးသည် လုယွီကိုတိုက်ခိုက်ရန်အတွက် သူ၏အားအကောင်းဆုံးတိုက်ခိုက်မှုကို အသုံးပြုလိုက်သည်။
လူအိုကြီး၏ခန္ဓာကိုယ်မှနေ၍ မရေမတွက်နိုင်သောသွေးစက်များ ထွက်ပေါ်လာကာ ဓားရှည်တစ်လက်ပေါ်သို့ ကျသွားသည်။
ဤဓားရှည်တွင် ကိုယ်ပိုင်အသိစိတ်ရှိနေပုံရကာ တုန်ခါသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ထို့နောက် ပေတစ်သောင်းကျော်ရှည်လျားသော ဓားချီတစ်လှိုင်းသည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားပေ၏။
တောင်များကိုပြိုလဲစေပြီး မြစ်များကိုပျက်စီးစေနိုင်သော စွမ်းအားရှိသည့် ကြီးမားသောဓားချီလှိုင်းကြီးက လုယွီထံသို့ ကျရောက်လာသည်။
ဘုန်း...ဘုန်း....ဘုန်း...
ဤဓားချီအောက်တွင် ပတ်ဝန်းကျင်ရှိ လေဟာနယ်ပုံပျက်သွားကာ လေဟာနယ်အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။ဤဓားနည်းစနစ်နှင့်အတူ လေပြင်းများတိုက်ခတ်လာကာ သစ်ပင်ကြီးများသည် အမြစ်မှကျွတ်ထွက်သွားပေ၏။
ဤတိုက်ခိုက်မှုအောက်တွင် ပတ်ဝန်းကျင်ရှိ စစ်ဗိုလ်ချုပ်များနှင့်စစ်သားများအားလုံး ဖိနှိပ်ခြင်းခံထားရသည်။သူတို့သည် သူတို့၏ခန္ဓာကိုယ်များကို အောက်သို့နှိမ့်ထားပြီး ဤအရှိန်အဝါ၏သက်ရောက်မှုကို မခံရစေရန် တောင့်ခံထားကြသည်။
"ဒါက ကောင်းကင်မူဝါဒရုံးတော်ရဲ့အကြီးအကဲပဲ...သူတို့က ဒီနေရာကို တိုက်ခိုက်ဖို့အတွက် ဒီလိုလူစားမျိုးကိုတောင် လွှတ်လိုက်တာလား"
လက်ထောက်တပ်မှူးသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီသွားကာ သူ၏ခန္ဓာကိုယ်မှ ဇောချွေးများထွက်လာသည်။
ကောင်းကင်မူဝါဒရုံးတော်၏အကြီးအကဲများသည် သခင်လေး၏ဘေး၌သာ အစဉ်အမြဲနေထိုင်ပြီး ဘေးကင်းလုံခြုံအောင် ကာကွယ်စောင့်ရှောက်ရသည်။
ဤသည်မှာ ကောင်းကင်မူဝါဒရုံးတော်၏ အစွမ်းထက်သော တည်ရှိမှုကြီးများပင်။သူတို့အနက်မှ မည်သည့်တစ်ယောက်မဆို အနည်းဆုံးအနေဖြင့် နယ်မြေသခင်အဆင့်ခွန်အားရှိသည်။
Chapter 4383
ပြောရမည်ဆိုလျှင် ဤလူများ တစ်ကြိမ်ထွက်ပေါ်လာသည်နှင့် သူတို့ ရောက်ရှိသွားသောနေရာကို ပျက်စီးစေနိုင်စွမ်းရှိသော တည်ရှိမှုကြီးများပင်။
ဤဓားချီ၏အောက်ရှိ လေပြင်းများအကြား၌ လုယွီ၏အဝတ်အစားများ လူးလွန့်နေသော်လည်း သူသည် ခြေလှမ်းတစ်လှမ်းမျှ နောက်ဆုတ်ခြင်းမရှိချေ။
ဓားစိတ်ဆန္ဒသည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်နေကာ အရာရာတိုင်းကို ဆုတ်ဖြဲနေသော်လည်း လုယွီကို လှုပ်ခတ်နိုင်စွမ်းမရှိချေ။
"သူတို့က ငါ့ကို မသတ်နိုင်ဘူး...မင်းလည်း အတူတူပဲ"
လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေကာ သူသည် နောက်ထပ် ပြင်းထန်သောလက်သီးတစ်ချက်ကို ထိုးနှက်လိုက်သည်။
သူသည် မည်သည့်အပိုလှုပ်ရှားမှုကိုမျှ အသုံးမပြုဘဲ လက်သီးတစ်ချက်ကို ထိုးနှက်လိုက်ရုံသက်သက်ပင်။
ဤလက်သီးစွမ်းအားသည် ပြင်းထန်သောသွေးချီစွမ်းအားများနှင့် အတူယှဉ်တွဲ၍ ပွင့်အံထွက်လာပြီး ကျားဟိန်းသံတစ်သံမြည်ဟီးသွားသည်။
အရပ်လေးမျက်နှာလုံးရှိ မိုးကောင်းကင်တာအိုဥပဒေသများ ပြောင်းလဲသွားသည်။ဤနေရာရှိ မြေဆွဲအားသည် ယခင်နှင့် တူညီပုံမရတော့ချေ။
လုယွီ၏လက်သီးချက်အောက်တွင် လူအိုကြီး၏ရှေ့ရှိလေဟာနယ် ဖိနှိပ်ခြင်းခံရကာ အလျှင်အမြန် ကျုံဝင်သွားသည်။ဤမြေဆွဲအားသည် သာမန်ထက် အဆတစ်ရာကျော် ပို၍မြင့်တက်သွားပေ၏။
လူအိုကြီး၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သူ၏မှော်စွမ်းအားနယ်မြေအပေါ် ထိုစွမ်းအားလှိုင်းမှ သက်ရောက်လာသည်အား ခံစားလိုက်ရကာ သူ၏ထိန်းချုပ်မှုအောက်မှ အမှန်တကယ်ကို လွတ်ကင်းသွားခဲ့သည်။
နယ်မြေသခင်တစ်ယောက်သည် နယ်မြေတစ်ခု၏အရှင်သခင်ပင်။
လူအိုကြီးသည် သူ၏ကိုယ်ပိုင်နယ်မြေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့သည်အား ရှာဖွေတွေ့ရှိမိသဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။
မြေဆွဲအားများ ပို၍ပြင်းထန်လာခြင်းနှင့်အတူ လူအိုကြီး၏နဖူးမှနေ၍ ချွေများယိုစီးကျလာသည်။သူ ထုတ်လွှတ်လိုက်သောဓားချီသည် လုယွီ၏အနီးသို့ မရောက်ရှိသေးမီမှာပင် ကြေမွှပျက်စီးသွားလေပြီ။
"အား...."
လူအိုကြီးထံမှနေ၍ ရုတ်တရက် နာကျင်စွာညည်းတွားလိုက်သောအသံကြီး ထွက်ပေါ်လာသည်။
သူ၏ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်နေသော မြေဆွဲအားသည် သိသိသာသာမြင့်တက်လာကာ ဤသည်မှာ တောင်တစ်လုံးပြီးတစ်လုံး သူ၏ခန္ဓာကိုယ်ပေါ်သို့ ဖိစီးလာသည့်အလားပင်။
ဤမြေဆွဲအား၏ဖိအားအရှိန်အဝါသည် အကန့်အသတ်ရှိပုံမရချေ။လုယွီ၏လက်သီးချက်နှင့်အတူ ဖိအားအရှိန်အဝါများသည် လူအိုကြီး၏ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ်ကျရောက်နေပေ၏။
ခရက်...ခရက်...ခရက်
လူအိုကြီး၏ခန္ဓာကိုယ်အတွင်းရှိ အရိုးများမှနေ၍ အက်ကွဲသံများ ထွက်ပေါ်လာကာ နောက်ထပ်အချိန်အခိုက်အတန့်တွင် ကြေမွှပျက်စီးသွားတော့မည့်အလားပင်။
"မင်းက ဘာလို့ ဒီလောက်ထိ သန်မာအားကောင်းနေတာလဲ"
လူအိုကြီးက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။
သူသည် ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းတွင်ရှိသော တခြားထိပ်သီးကျင့်ကြံသူများနှင့် ရင်ဆိုင်ခဲ့ဖူးသည်။သို့ရာတွင် သူသည် ယခုလောက်ထိအစွမ်းထက်သော အားလှိုင်းတစ်ရပ်ကို ခံစားခဲ့ဖူးခြင်းမရှိချေ။
ဤသည်မှာ တောင်တလုံးကဲ့သို့ ကြီးကျယ်ခမ်းနားပြီး အရာအားလုံးကို ခြေမွှဖျက်ဆီးတော့မည့်အလားပင်။
ထိုနောက် လူများအားလုံး၏မျက်လုံးများအောက်တွင် လုယွီ၏လက်သီးချက်သည် အောက်သို့ ပြင်းပြင်းထန်ထန်ကျရောက်သွားပေ၏။
လုယွီနှင့်လူအိုကြီး၏အကြားတွင် အကွာအဝေး အနည်းငယ် ပိုင်းခြားနေသည်။ထိုလက်သီးချက်ကို ထိုးနှက်လိုက်သည့်တိုင် လူအိုကြီးခန္ဓာကိုယ်ပေါ်သို့ အမှန်တကယ် ကျရောက်သွားခြင်းမရှိချေ။
အစစ်အမှန်သတ်ဖြတ်ခြင်းလှုပ်ရှားမှုမှာ လုယွီထုတ်ဖော်အသုံးပြုလိုက်သော လက်သီးချက်မှအားလှိုင်းပင်။
ဤလက်သီးစွမ်းအားသည် အကန့်အသတ်မဲ့ပြီး ပြိုင်ဘက်ကင်းသည်။ဤအရာမှနေ၍ မီးတောင်တစ်တောင်အလား တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သွေးချီစွမ်းအားများ ပွင့်အံ့ထွက်လာကာ လူအိုကြီး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
မြေဆွဲအားသည် အဆသန်းနှင့်ချီ၍မြင့်တက်လာကာ လူအိုကြီးပေါ်သို့ ရုတ်တရက် ဆင်းသက်သွားသည်။
ဘန်း....
ဘန်းခနဲမြည်သံကြီးနှင့်အတူ လေထုအတွင်း၌ မတ်တတ်ရပ်နေသည့် လူအိုကြီး၏ခန္ဓာကိုယ်ပေါက်ကွဲသွားကာ သူ၏အသွေးအသားများသည်လည်း အရိပ်အရောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားပေ၏။
ထူထပ်သိပ်သည်းသောသွေးမြူများ ပတ်ဝန်းကျင်ရှိ လေထုအတွင်းသို့ မျောလွင့်သွားသည်။သို့ရာတွင် ခြစ်ခြစ်တောက်ပူပြင်းသော ယန်ချီစွမ်းအားများအောက်တွင် ထိုအရာများလုံး အလျှင်အမြန်အငွေ့ပြန်သွားသည်။
လုယွီ၏ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်ပြီးရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ရပ်ရှိနေသည်။သူသည် လေထုအတွင်း၌ ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးတစ်စင်းအလား မျောလွင့်နေသည်။
"ဒါက ငါတို့အရှင်ရဲ့အခုလက်ရှိခွန်အားလား"
မြေပြင်ပေါ်မှနေ၍ စောင့်ကြည့်နေသော ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများအားလုံး ကြက်သေသေသွားသည်။သူတို့သည် အစောပိုင်းက သူတို့မြင်တွေ့လိုက်ရသည့်မြင်ကွင်းကို မယုံကြည်နိုင်ကြချေ။
လုပ်ကြံသတ်ဖြတ်သူများအနက် ကောင်းကင်မူဝါဒရုံးတော်၏စစ်ဗိုလ်ချုပ်များသာမက နယ်မြေသခင်အဆင့် အကြီးအကဲတစ်ယောက်လည်း ပါဝင်သည်။
သို့ရာတွင် ထိုထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် လုယွီ၏လက်အတွင်း၌ တိုက်ခိုက်မှုတစ်ခုကိုပင် တောင့်ခံနိုင်ခဲ့ခြင်းမရှိချေ။
သူတို့အားလုံးသည် လက်သီးတချက်တည်းဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရကာ သူတို့၏အရိုးများပင် ကြွင်းကျန်ခဲ့ခြင်းမရှိချေ။
ဤသည်မှာ အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်သော နည်းလမ်းတစ်ခုပင်။သူသည် ခြေမွှဖျက်ဆီးခြင်းစွမ်းအားကို အသုံးပြု၍ သူ၏ရန်သူများကို ပြတ်ပြတ်သားသားသတ်ဖြတ်လိုက်သည်။
စစ်သားများသည် ဝမ်းသာအားရအော်ဟစ်လိုက်ကြကာ သူတို့၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
လုယွီကဲ့သို့ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတစ်ယောက်၏ ဦးဆောင်မှုအောက်တွင် သူတို့ကိုယ်သူတို့ယုံကြည်ချက်များ ပြန်လည်ရရှိသွားလေပြီ။
"ကောင်းကင်မူဝါဒရုံးတော်ရဲ့အကြီးအကဲကအနည်းဆုံး နယ်မြေသခင်နယ်ပယ် အဆင့်သုံးကျင့်ကြံသူတစ်ယောက်ပဲ...တော်ဝင်နန်းတွင်းမှာရှိတဲ့ အမတ်ကြီးအများစုတောင် သူ့ကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး...အရှင်လုမှာ ဘယ်လိုခွန်အားမျိုးရှိနေလို့ လက်သီးတစ်ချက်တည်းနဲ့ အဲ့ဒီအကြီးအကဲကို သတ်နိုင်ခဲ့တာလဲ"
လက်ထောက်တပ်မှူးက လေးလေးနက်နက်စဉ်းစားတွေးတောလိုက်သည်။
Chapter 4384
"သူက တာအိုသခင်တစ်ယောက် ဖြစ်နေပြီလို့တော့ ငါ့ကို မပြောနဲ့"
ထိုအတွေးသည် လက်ထောက်တပ်မှူး၏စိတ်အတွင်း၌ ရုတ်တရက်ထွက်ပေါ်လာသည်။
သို့ရာတွင် ဤအတွေးသည် အချိန်တခဏကြာခန့်သာ ထွက်ပေါ်လာပြီးနောက် လုံးလုံးလျားလျားပျောက်ကွယ်သွားသည်။
လုယွီသည် အသက်မည်မျှ ရှိသေးသနည်း။ သူ၏အသက်အရွယ်ဖြင့် နယ်မြေသခင်တစ်ယောက်ဖြစ်နေလျှင်ပင် သူ့ထံ၌ အလွန်မြင့်မားသော ပါရမီအရည်အချင်းရှိသည်ဟု ဆိုနိုင်သည်။သူသည် တာအိုသခင်တစ်ယောက် ဖြစ်နေရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
အကယ်၍ သူသည် အမှန်တကယ်ကိုပင် ဤကဲ့သို့အသက်အရွယ်၌ တာအိုသခင်ခွန်အားကို ပိုင်ဆိုင်ထားပါက အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေမည်။
"အရှင် ငါတို့ အခုဘာဆက်လုပ်ကြမလဲ"
လက်ထောက်တပ်မှူးသည် ရှေ့သို့တိုးသွားကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။
ယခုအချိန်၌ ထန်စစ်တပ်သည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများကို ဆုံးရှုံးလိုက်ရလေပြီ။သူတို့သည် ဤကိစ္စကို အလွတ်ပေးမည်မဟုတ်ချေ။
နှိုင်းယှဉ်ကြည့်ပါက ပုန်းကွယ်နဂါးစစ်တပ်သည် ယခင်က ရှုံးနိမ့်မှုအမြောက်အများကိုခံစားခဲ့ရသည်။လုယွီကြောင့် တိုက်ပွဲတစ်ပွဲကိုအနိုင်ရရှိခဲ့သဖြင့် သူတို့၏စိတ်ဓာတ်များ ပြန်၍တက်ကြွလာသည့်တိုင် သူတို့ဘက်၌ ဆုံးရှုံးနစ်နာမှုအမြောက်အများ ရှိနေသည်။
အကယ်၍ ထန်စစ်တပ်သည် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ပါက သူတို့သည် မည်သည်နည်းနှင့်မျှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ချေ။
"ထန်စစ်တပ်က ငါတို့ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် လူတွေစေလွှတ်လိုက်တယ်...သူတို့က ငါတို့ရဲ့ပင်မစစ်တဲထဲကို ခိုးဝင်လာပြီးတော့ ငါတို့အားလုံးကို တစ်ချက်တည်းနဲ့ အမြစ်ပြတ်သုတ်သင်ဖို့ ကြံရွယ်ထားတာပဲ...ငါက သူတို့ရဲ့နည်းလမ်းကို အခြေခံပြီးတော့ သူတို့ကို ပြန်ပြီးတုံပြန်မယ်...သူတို့ရဲ့ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေအားလုံးကို ငါ သတ်လိုက်တယ်...သူတို့ဘက်ကနေ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ ဘယ်လောက်ထိများများ ထပ်ပြီးလွှတ်နိုင်မလဲဆိုတာ ငါ စောင့်ကြည့်နေမယ်"
ထို့နောက် လုယွီသည် မိုးကောင်းကင်ယံအတွင်းသို့ခြေချကာ ထန်စစ်တပ်၏စစ်စခန်းထံသို့ ဦးတည်၍ပျံသန်းသွားသည်။
သူ့၏လှုပ်ရှားမှုသည် အလွန်ရုတ်တရက်ဆန်ပေ၏။
ပုန်းကွယ်နဂါးစစ်တပ်၏စစ်ဗိုလ်ချုပ်များသည် တုံ့ပြန်ရန်အတွက် အချိန်မရှိခဲ့ချေ။
"ဒါ... ဒါက အရမ်းစိတ်မြန်လွန်းတယ်"
တချို့လူများသည် အချိန်အတော်ကြာပြီးနောက် အသိပြန်ဝင်လာကြကာ တီးတိုးရေရွတ်လိုက်ကြသည်။
တခြားတစ်ဖက်တွင် သန်းနှင့်ချီသောရန်သူများရှိနေသည်။
လုယွီသည် မည်မျှထိ သန်မာအားကောင်းနေပါစေ သန်းနှင့်ချီသော ရန်သူစစ်သားများကို သူတစ်ယောက်တည်းဖြင့် ရင်ဆိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
"မြန်မြန်လုပ်ကြစမ်း....ကြွင်းကျန်တဲ့စစ်သားတွေအားလုံးကို စုစည်းပြီးတော့ အရှင့်ကိုထောက်ပံ့ကူညီဖို့ ပြင်ဆင်ကြစမ်း"
လက်ထောက်တပ်မှူးက ပြတ်ပြတ်သားသားအမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
စစ်ဗိုလ်ချုပ်များအားလုံး ချက်ချင်းလှုပ်ရှားလိုက်ကြသည်။ရုတ်ချည်းဆိုသလိုပင် ပုန်းကွယ်နဂါးစစ်တပ်၏စစ်စခန်းအထက်ရှိ မိုးကောင်းကင်ယံအတွင်းတွင် တိုက်ပွဲတံပိုးခရာသံများ ပဲ့တင်ထပ်သွားသည်။
ပုန်းကွယ်နဂါးစစ်တပ်ဘက်တွင် စစ်အင်အားများ မစုစည်းရသေးမီမှာပင် လုယွီသည် ထန်စစ်တပ်၏အထက်ရှိ မိုးကောင်းကင်ယံအတွင်းသို့ ရောက်ရှိသွားလေပြီ။
ဤအချိန်အခိုက်အတန့်တွင် ချီစစ်တပ်သည်လည်း ဖရိုဖရဲဖြစ်နေသည်။
လက်ထောက်တပ်မှူးသည်သူ၏လက်အောက်ငယ်သားများကို ဦးဆောင်၍ ဝင်ရောက်တိုက်ခိုက်ကာ ချီအင်ပါယာ၏နဝမမင်းသားကို ဖမ်းဆီးသွားခဲ့သည်။ထို့ကြောင့် ချီစစ်တပ်တစ်တပ်လုံး ဖရိုဖရဲဖြစ်နေလေပြီ။
နှိုင်းယှဉ်ကြည့်ပါက တခြားတစ်ဖက်တွင်ရှိနေသော ထန်စစ်တပ်သည် စည်းစနစ်ကျနာသောဖွဲ့စည်းပုံကို ထိန်းသိမ်းထားပြီး သူတို့၏သံချပ်ကာများသည် မာကျောခိုင်ခံကာ သူတို့၏မှော်လက်နက်များသည်လည်း အရည်အသွေးမြင့်မားပေ၏။ထန်စစ်သားများရှိနေသော ပတ်ဝန်းကျင်နေရာတဝိုက်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
ထန်နှင့်ချီစစ်တပ်နှစ်ခုအကြားရှိ ကွဲပြားခြားနားချက်သည် မိုးနှင့်မြေအလားပင်။
"ဒါက လုယွီပဲ..."
"သူက အသက်ရှင်နေတုန်းပဲ...ဖြစ်နိုင်တာတော့ ကောင်းကင်မူဝါဒရုံးတော်ရဲ့ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ စီစဉ်ခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုက ကျရှုံးသွားတာလား"
လုယွီ အသက်ရှင်ရက်ထွက်လာသည်ကို မြင်တွေ့ချိန်၌ ထက်စစ်သားများ၏မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
"မင်းတို့အားလုံးရဲ့မှော်လက်နက်တွေကို ဆင့်ခေါ်ပြီးတော့ သူ့ကို အစိတ်စိတ်အမွှာမွာဖြစ်အောင် ခြေမွှဖျက်ဆီးလိုက်စမ်း"
ထန်စစ်တပ်၏နောက်မှနေ၍ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံနှင့်အတူ ကျယ်လောင်သောတုန်ခါသံများက ပတ်ဝန်းကျင်နေရာတဝိုက်၌ ပဲ့တင်ထပ်သွားသည်။
ထန်စစ်တပ်၏အတွင်းပိုင်းမှာနေ၍ အနက်ရောင်အမြှောက်များ ထွက်ပေါ်လာသည်။ထိုအမြှောက်များအားလုံး လုယွီကို ချိန်ရွယ်ထားကာ ထိုအရာများအတွင်း၌ ဖျက်ဆီးခြင်းအရှိန်အဝါတစ်ရပ် ရောယှက်နေသည်။
ထောင်နှင့်ချီသောအမြှောက်ကြီးများကို ထူထပ်သိပ်သည်းစွာ နေရာချထားသည်။ဖျက်ဆီးခြင်းစွမ်းအားလှိုင်းများသည် ပြင်းထန်သောအရှိန်အဝါတစ်ရပ်နှင့်အတူ အရမ်းမျက်နှာအဘက်ဘက်၌ ပြည့်နှက်သွားပေ၏။
ထန်စစ်တပ်၏နက်ရှိုင်းသောနေရာမှနေ၍ နွားရိုင်းများ၏ဟိန်းဟောက်သံများကို ကြားနေရသည်။
မိုးကောင်းကင်ယံအတွင်း၌ ကြီးမားသော အနက်ရောင်နွားရိုင်းပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။ထိုနွားရိုင်းတကောင်စီ၏ခေါင်းပေါ်တွင် ရှည်လျားသောဦးချိုတစ်ချောင်းရှိကာ လေထုအတွင်း၌ သူတို့၏ဟိန်းဟောက်သံများဖြင့် ပြည့်နှက်နေသည်။
သစ်တောအုပ်တစ်ခုအတွင်း၌ ကျားများ ကျားသစ်များ ဆင်များနှင့်နွားရိုင်းများသည် စွမ်းအား၏အမှတ်သင်္ကေတပင်။သူတို့သည် ရန်သူများကိုတိုက်ခိုက်ရန်အတွက် အရိုင်းဆန်သောခွန်အားကို အသုံးပြုကြသည်။
ဤသည်မှာ ထန်စစ်တပ်၏တပ်မှူး ခင်းကျင်းထားသော တိုက်ပွဲဝင်ဝင်္ကပါပင်။စစ်သားများ၏သွေးချီများကိုစုစည်း၍ လေဟာနယ်အတွင်း၌ နွားရိုင်းများ၏ဓမ္မပုံရိပ်ယောင်များအဖြစ် ဖွဲ့စည်းကာ ရန်သူများကိုသတ်ဖြတ်ရန် အသုံးပြုသည်။
ယခင်က ဤနွားရိုင်းပုံရိပ်ယောင်များနှင့် ရင်ဆိုင်ရသောအချိန်တွင် ပုန်းကွယ်နဂါးစစ်တပ်၏စစ်သင်္ဘောအမြောက်အများ ကြေမွှပျက်စီးသွားခဲ့သည်။
Chapter 4385
"လုယွီ....မင်းက ကံကောင်းပြီးတော့ အပျက်အစီးနယ်မြေထဲမှာ မသေခဲ့ဘူး...ဒါပေမဲ့ မင်းက အရမ်းမောက်မာထောင်လွှားပြီးတော့ ငါတို့ရဲ့စစ်တပ်တစ်တပ်လုံးကို မင်းတစ်ယောက်တည်းနဲ့ လာပြီးတိုက်ခိုက်ရဲတယ်... ဒါက ဉာဏ်ပညာရှိတဲ့လုပ်ရပ် မဟုတ်ဘူး...ဒီနေ့ ငါတို့က မင်းကိုသတ်မယ်...ပါရမီရှင်လို့ခေါ်ခံနေရတဲ့ မင်းက ထန်စစ်တပ်ရဲ့လက်အောက်မှာ ကြွေလွင့်စေရမယ်"
ထန်အင်ပါယာ၏ကျိုးရှောင်စစ်တပ်ကို အုပ်ချုပ်သော တပ်မှူးသည် လုယွီတစ်ယောက်တည်း ရောက်ရှိလာခြင်းကြောင့် လျှော့တွက်ခြင်းမရှိချေ။ထိုအစား သူသည် တိုက်ပွဲစတင်သည်နှင့် အစွမ်းထက်ဆုံးနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်သည်။
ကျားသစ်တကောင်သည် ယုန်တကောင်ကိုတိုက်ခိုက်လျှင်ပင် ခွန်အားကုန်အသုံးပြုရန် လိုအပ်သည်။
စစ်တပ်တစ်တပ်၏တပ်မှူးတစ်ယောက်အဖြစ် တာဝန်ယူထားသောလူသည် အရူးတစ်ယောက်မဟုတ်ချေ။ဤတပ်မှူးသည် လုယွီကို မည်သည့်အခွင့်အရေးမျှ မပေးလိုပေ။သူသည် လုယွီရောက်ရှိလာသည်နှင့် လျှပ်ပြက်သကဲ့သို့အရှိန်နှုန်းဖြင့် သတ်ဖြတ်လိုသည်။
မူ....
လေဟာနယ်အတွင်း၌ နွားရိုင်းပုံရိပ်ယောင်များ ထွက်ပေါ်လာကာ ထိုအရာများ၏ခွာများမြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် လေထုအတွင်း၌ အလွန်အမင်းကျယ်လောင်သောအသံများ မြည်ဟီးသွားသည်။
ထန်စစ်သားများသည် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြကာ သူတို့၏သွေးချီစွမ်းအားများသည်လည်း ပို၍အစွမ်းထက်စပြုလာသည်။
သူတို့၏အရှိန်အဝါများ ပေါင်းစည်းလိုက်ချိန်၌ မိုးကောင်းကင်ယံတခွင်လုံးကို လွှမ်းခြုံသွားလုနီးပါးပင်။
အရပ်မျက်နှာအဘက်ဘက်ရှိ လေထုအတွင်းတွင် မှော်လက်နက်များ ဆွဲထုတ်လိုက်သည့်အသံများကို ကြားနေရကာ နားအူလုမတက် အလွန်အမင်းကျယ်လောင်သည်။
ဤနွားရိုင်းပုံရိပ်ယောင်များ၏ရှေ့တွင် လုယွီ၏ပုံရိပ်သည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ သေးငယ်နေပုံရသည်။
သို့ရာတွင် သူ၏မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲပင်။ကြီးမားသောနွားရိုင်းပုံရိပ်ယောင်များ သူ၏ရှေ့၌ ထွက်ပေါ်လာသည့်တိုင် သူ အာရုံစူးစိုက်ရန်အတွက် အနည်းငယ်မျှ ထိုက်တန်ပုံမရချေ။
မင်းတို့ကဒီဝင်ကမ္ဘာကိုသုံးပြီးတော့ငါးကိုသတ်ချင်တာလား။
ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လုယွီက သူ၏ခေါင်းကို ခါးယမ်းလိုက်သည်။
သူ၏မျက်နှာပေါ်တွင် အထင်အမြင်သေးမှုလည်းမရှိ လှောင်ပြောင်သရော်မှုလည်း ရှိမနေဘဲ တည်ငြိမ်မှုသာရှိနေသည်။
သူ့၏ရှေ့တွင် သန်းနှင့်ချီသော အင်အားကောင်းသည့် စစ်တပ်ကြီး၏ပူးပေါင်းတိုက်ခိုက်မှု ရှိနေသည့်တိုင် သူ၏စိတ်ခံစားချက်များကို လှုပ်ခတ်အောင် အနည်းငယ်မျှ ပြုလုပ်နိုင်ခြင်းမရှိချေ။
"ဒီတစ်ကြိမ်တော့ ငါက မင်းတို့ထန်စစ်တပ်ကို ချိုးနှိမ်မယ်...ငါက မင်းတို့ကြောက်ရွံလာပြီးတော့ ဒီနေရာကို ခြေမချရဲတော့တဲ့အထိ သတ်မယ်"
လုယွီ၏ခန္ဓာကိုယ်မှ သွေးချီများသည် အစိုင်အခဲတစ်ခုအလား မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားကာ မီးတောင်ကြီးတစ်တောင် ပေါက်ကွဲသွားသည့်အလားပင်။
တလိမ့်လိမ့်ထလာသော သွေးချီစွမ်းအားများနှင့်အတူ သူ၏အနက်ရောင်ဆံပင်များ လူးလွန့်နေသည်။သူသည် ရုတ်တရက် သူ၏လက်ကိုမြှောက်ပြီး အောက်သို့ဖိနှိပ်လိုက်သည်။ဤသည်မှာ စကြာဝဠာကြီးတစ်ခုလုံးကို သူ၏လက်ဝါးအတွင်းသို့ စုပ်ယူလိုက်သည့်အလားပင်။
"ချုပ်ငြိမ်းစမ်း"
လုယွီက သူ၏လက်ဝါးကို အောက်သို့ဖိနှိပ်လိုက်သည်။သူ၏အသံနှင့်အတူ လက်ဝါးရိုက်ချက်မှ ပြင်းထန်သောအသံလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားလေ၏။
အလွန်အမင်းကျယ်လောင်သော အသံလှိုင်းများထွက်ပေါ်လာသည်။ထန်စစ်တပ်အတွင်းမှ စစ်သားအမြောက်အများ၏သံချပ်ကာများ အက်ကွဲစပြုလာကာ သူတို့အနက်မှတချို့၏ မျက်လုံးများ နှာခေါင်းများနှင့် ပါးစပ်များမှသွေးများယိုစီးကျလာသည်။သူတို့သည်လုယွီ၏လက်ဝါးရိုက်ချက်မှ အသံလှိုင်းများကို တောင့်ခံနိုင်ခြင်းမရှိချေ။
ဘန်း....
သန်းနှင့်ချီသောစစ်သားများ စုပေါင်း၍ဖွဲ့စည်းထားသော နွားရိုင်းပုံရိပ်ယောင်များအားလုံး ပျက်ပြယ်သွားသည်။
ထိုပုံရိပ်ယောင်များသည် အမှုန်အမွှားများအဖြစ်သို့ ရောက်ရှိသွားသော်လည်း လုယွီ၏လက်ဝါးရိုက်ချက်မှစွမ်းအားသည် ပျက်ပြယ်သွားခြင်းမရှိချေ။ထိုစွမ်းအားလှိုင်းသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားပေ၏
ဤအချိန်အခိုက်အတန့်တွင် ထန်စစ်တပ်အတွင်းရှိ စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များသည်လည်း စွမ်းအားများကို စုစည်းပြီးဖြစ်သဖြင့် လုယွီထံဦးတည်ပြီး ပစ်ခတ်လိုက်သည်။
ထောင်နှင့်ချီသောအမြှောက်များကို တပြိုင်နက်တည်းပစ်ခတ်လိုက်သဖြင့် မိုးကောင်းကင်ယံအတွင်း၌ ထူထပ်သိပ်သည်းသော အလင်းတန်းများ လွှမ်းခြုံသွားသည်။
"အရှင်လု..."
ပုန်းကွယ်နဂါးစစ်တပ်အတွင်း၌ စစ်အင်အားစုစည်းနေသော လက်ထောက်တပ်မှူးနှင့်တခြားလူများသည် လုယွီကို မရေမတွက်နိုင်သောအလင်းတန်းများမှ ဝိုင်းရံသွားသည်အား မြင်တွေ့မိသည်။
မရေမတွက်နိုင်သော အမြှောက်ဆန်မီးတောက်များကြောင့် သူ၏ပုံရိပ်မှေးမှိန်သွားကာ သူသည် အချိန်မရွေး လဲကျသွားတော့မည့်အလားပင်။
လက်ထောက်တပ်မှူး၏မျက်လုံးများ ပြူးကျယ်သွားသည်။သူသည် လုယွီထံသို့ အပြေးသွား၍ ကူညီပေးရန်အတွက် သူ၏အစစ်အမှန်ခန္ဓာကိုယ်သို့ ပြောင်းလဲလိုက်၏။
"မင်းတို့အားလုံးက ငါ့ကို ဒီလိုမျိုးပုံစံနဲ့ သတ်နိုင်မယ်လို့ ထင်နေကြတာလား"
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် မရေမတွက်နိုင်သော အမြှောက်ဆန်အလင်းတန်းများကြားမှနေ၍ လုယွီ၏အေးစက်စက်အသံ ထွက်ပေါ်လာသည်။
လုယွီသည် ရုတ်တရက် ထောင်နှင့်ချီသောအမြှောက်ဆန်အလင်းတန်းများကို ဖြတ်ကျော်လိုက်သည်။ ထို့နောက် သူ့၏အင်္ကျီလက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ သူ့၏လက်ကို ဓားတလက်အသွင်သို့ပြောင်းလဲပြီး အင်အားကုန်ခုတ်ပိုင်းလိုက်၏။
ဟွာတောင်ပိုင်းခြင်း...မင်ဟုန်ဆေဘာဓားစိတ်ဆန္ဒ...
ထက်ရှသောဆေဘာဓားချီတစ်လှိုင်းသည် အရပ်မျက်နှာအဘက်ဘက်သို့ ပွင့်အံ့ထွက်သွားကာ ထိုအရာများအကြား၌ ပြင်းထန်သောလေတိုးသံများ ရောယှက်နေသည်။
ထန်စစ်တပ်၏ ထောင်နှင့်ချီသောစိတ်ဝိညာဥ်အမြှောက်များသည် ချက်ချင်းနှစ်ခြမ်းကွဲထွက်သွားကာ ထိုအရာများအားလုံး၏မူလလုပ်ဆောင်ချက်များ ဆုံးရှုံးသွားသည်။
"မင်းတို့ထန်စစ်တပ်ကိုရင်ဆိုင်ဖို့ ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်...ငါက ပြိုင်ဘက်ကင်းတယ်"
လုယွီက မိုးကောင်းကင်ယံမှနေ၍ ခြေတစ်လှမ်းဆင်းသက်လိုက်ရာအစွမ်းထက်သောအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။ရုတ်ချည်းဆိုသလိုပင် ထောင်သောင်းချီသောထန်စစ်သားများ ချက်ချင်းသေဆုံးသွားပေ၏။
Thank For Reading.