အခန်း (၄၃၉၆-၄၄၀၀)
Vol. 223 Ch. 4396-4400
Chapter 4396
ထိုလှိုဏ်ခေါင်း၏နက်ရှိုင်းသောနေရာမှနေ၍ အေးစက်စက်လေများ ပျံ့လွင့်လာသည်။
ဟူး....ဟူး...ဟူး....
ထိုလေများအတွင်းမှနေ၍ တဟူးဟူးမြည်သံများကို ကြားနေရကာ တစ်စုံတစ်ယောက်မှ တိတ်တဆိတ်ငိုကြွေးနေသည့်အလားပင်။
လုယွီသည် ရှေ့သို့လျှောက်လှမ်းသွားပြီးနောက် မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။သူသည် လေထုအတွင်း၌ အလွန်ကြီးမားသော နာကြည်းမုန်းတီးမှုစွမ်းအားများကို အာရုံခံမိသည်။
ဤကဲ့သို့အရှိန်အဝါမျိုးကို သေဒဏ်ကျအကျဥ်းသားများ၏ အကျဉ်းထောင်တချို့အတွင်း၌သာ မြင်တွေ့ရလေ့ရှိသည်။ဤသည်မှာ အကျဉ်းထောင်အတွင်း၌ လူအမြောက်အများ သေဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသောအရှိန်အဝါပင်။သူတို့၏စိတ်ဝိညာဥ်များသည် အကျဉ်းထောင်အတွင်းမှ လွတ်မြောက်နိုင်ခြင်းမရှိသဖြင့် အချိန်များကုန်လွန်လာချိန်တွင် နာကြည်းမှုန်းတီးမှုစွမ်းအားများ စုဝေးသွားခြင်းဖြစ်သည်။
ဤကဲ့သို့အရှိန်အဝါမျိုးသည် အစောပိုင်းက စစ်နတ်ဘုရားလီကျင်း ရှိနေစဉ်အချိန်၌ ထွက်ပေါ်နေသော ကြီးကျယ်ခမ်းနားပြီးမြင့်မြတ်သော အရှိန်အဝါနှင့် လုံးလုံးလျားလျားကွဲပြားခြားနားနေသည်။
ဤသည်မှာ တစ်စုံတစ်ယောက်သည် ကောင်းကင်ဘုံနန်းတော်မှ ထွက်ခွာခဲ့ပြီးနောက် ငရဲနယ်မြေသို့ ပြုတ်ကျသွားသည်အလားပင်။
"ထန်စစ်တပ်က ဒီနေရာမှာ လျှို့ဝှက်ခန်းတစ်ခုကို တည်ဆောက်ထားခဲ့တယ်...ဖြစ်နိုင်တာတော့ သူတို့က ဒီနေရာမှာ တခုခုကိုအကျဉ်းချထားချင်တာများလား"
လုယွီသည် ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းသွားကာ ပတ်ဝန်းကျင်နေရာတဝိုက်၌ သူ၏ခြေလှမ်းသံများကိုသာ ကြားနိုင်သည်။
သူသည် ဤနေရာ၌ မည်သည့်အစောင့်ကိုမျှ ရှာမတွေ့ချေ။ကြည့်ရသည်မှာ ထန်စစ်တပ်သည် ဤနေရာသို့ တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာနိုင်မည်ဟု မျှော်လင့်ထားပုံမရပေ။
ပိန်းပိတ်သည့်အထိမှောင်မည်းသော နံရံများပေါ်တွင် နေရာအနှံ့အပြား၌ သွေးစက်များစွန်းထင်းနေသည်။
ထိုသွေးစက်များအနက်မှတချို့သည် အနက်ရောင်လက်ဝါးရာကြီးများအဖြစ်သို့ ပြောင်းလဲနေလေပြီ။ဤနေရာ၌ရှိနေသော လူတချို့သည် ရုန်းကန်ခဲ့ကြသော်လည်း လွတ်မြောက်နိုင်ခဲ့ခြင်းရှိပုံမရချေ။
လုယွီသည် လိုဏ်ခေါင်းအတွင်းသို့ဝင်ရောက်ပြီးနောက် ဖြောင့်တန်းသောလမ်းကြောင်းတစ်ခုကိုမြင်တွေ့လိုက်ရကာ ဘေးတစ်ဖက်တစ်ချက်၌ အကျဥ်းခန်းအလွတ်များရှိနေသည်။
ထိုအကျဉ်းခန်းအလွတ်များအတွင်း၌ ညှဉ်းပန်းနှိပ်စက်ရာ၌ အသုံးပြုသော ပစ္စည်းတချို့ကို ခင်းကျင်းထားလေ၏။ပြင်ပမှနေ၍ ထိုအရာများကိုကြည့်ရသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ထိုညှဉ်းပန်းနှိပ်စက်ခြင်းပစ္စည်းများအနက်မှအများစုပေါ်တွင် ထူထပ်သိပ်သည်းသော သွေးအလွှာတစ်လွှာဖြင့် ဖုံးလွှမ်းနေသည်။
ဤသည်မှာ အမှန်တကယ်ကို အကျဉ်းတောင်တစ်ခုပင်။
ဤနေရာကို စစ်နတ်ဘုရား၏ရုပ်တုအား စောင့်ကြပ်စေခြင်းမှတဆင့် ဤနေရာ၏အရေးပါပုံကို တွေ့မြင်နိုင်သည်။
"ဒီနေရာမှာ အကျဥ်းသားတွေ ရှိမနေဘူးလား"
လုယွီ၏စိတ်အတွင်း၌ မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် လုယွီသည် သူ့အား အေးစက်စက်အကြည့်တစ်ခုမှစိုက်ကြည့်ခြင်းကို ခံနေရကြောင်း ခံစားမိသည်။ ထိုအကြည့်သည် တစ်စုံတစ်ယောက်၏ဆံပင်များကို အဆုံးထိထောင်မတ်သွားစေသည်အထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းကာ သူသည်ငရဲ၏နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားသည့်အလားပင်။
လုယွီသည် ရုတ်တရက် နောက်သို့လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းအကွာရှိ ကျောက်တုံးနံရံပေါ်၌ ဖမ်းချုပ်ခံထားရသော ပိန်လှီလှီလူကြီးတစ်ယောက်ကို တွေ့မြင်မိသည်။
ထိုလူ၏ခန္ဓာကိုယ်ရှိ အသွေးအသားများသည် ခြောက်ကပ်သည်အထိ စုပ်ယူခြင်းခံထားရကာ အရိုးများပေါ်၌ကပ်နေသော အရေပြားသာကျန်တော့သည်။
သူ၏ခေါင်းသည် နံဘေးတစ်ဖက်သို့ တိမ်းစောင်းနေလေ၏။သူသည် သေဆုံးသွားသော်လည်း သူ၏မျက်လုံးများ ပြူးကျယ်နေဆဲပင်။သူ၏မျက်တွင်းဟောင်းလောင်းပေါက်အတွင်း၌ ကြီးမားသောမျက်လုံးတစ်စုံရှိနေသဖြင့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောခံစားချက်ကို ပေးစွမ်းနိုင်သည်။
အစောပိုင်းက အေးစက်စက်အကြည့်သည် ဤခြောက်ကပ်နေသောအလောင်းထံမှ ထွက်ပေါ်လာခြင်းပင်။
"ဒါက နဂါးပျံနတ်ဘုရားရုပ်ခန္ဓာကိုယ်ပဲ...ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး ဖြစ်သွားတာလဲ"
လုယွီသည် ထိုအလောင်းကို အချိန်တခဏကြာခန့် စူးစမ်းလေ့လာပြီးနောက် ဤအလောင်းပိုင်ရှင်၏ မူလရုပ်ခန္ဓာကိုယ်အမျိုးအစားကို သိရှိသွားသည်။
ဤလောကကြီးအတွင်းတွင် လျှို့ဝှက်ဆန်းကြယ်ပြီး မှော်ဆန်သော ရုပ်ခန္ဓာကိုယ်အမျိုးအစားများ ရှိနေသည်။
ဥပမာအနေဖြင့် ပိုင်ဆုချင်၏ယင်ဘေးကပ်ဆိုးခန္ဓာကိုယ်သည်လည်း ထိုအရာများအနက်မှာတစ်ခုပင်။ဤကဲ့သို့ ရုပ်ခန္ဓာကိုယ်တစ်ခုရှိနေခြင်းကြောင့် သူမသည် ယင်ချီစွမ်းအားနှင့်ပတ်သတ်သော ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံပါက တစ်ဝက်ခန့်အင်အားစိုက်ထုတ်သည်နှင့် အကျိုးကျေးဇူးနှစ်ဆရှိပေမည်။
မွေးရာပါနတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားကာ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် အလွန်မြင့်မားသော ပါရမီအရည်အချင်းကို ပြသနိုင်သည့် လျှို့ဝှက်ဆန်းကြယ်သောရုပ်ခန္ဓာကိုယ်များလည်း ရှိနေသည်။
အင်အားစုအမြောက်အများသည် ဤကဲ့သို့ အထူးရုပ်ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိသူများကို ကြိုဆိုကြသည်။အကြောင်းအရင်းမှာ ထိုရုပ်ခန္ဓာကိုယ်ဖွဲ့စည်းပုံများသည် သူတို့၏ထူးခြားသော ရှေ့အလားအလာကို ကိုယ်စားပြုနေသောကြောင့်ပင်။
လုယွီသည် အလောင်း၏ခြေထောက်နှစ်ဖက်ကို တစ်ချက်ကြည့်လိုက်ရာ ဖြတ်တောက်ခြင်းခံထားရကြောင်း မြင်တွေ့မိသည်။
ထိုကြောင့် ဤအလောင်းသည် သေဆုံးသွားသည့်တိုင် အသက်ရှင်သန်နေစဉ်အချိန်၌ နာကျင်မှုအမြောက်အများကို ကြုံတွေ့ရသည့် ပုံပန်းသွင်ပြင်မျိုး မြင်နေရခြင်းပင်။သူ၏မျက်နှာပေါ်တွင် အလွန်အမင်းနာကျင်မှုကို ခံစားနေရသော အမူအယာတစ်ရပ် ထင်ဟပ်နေဆဲဖြစ်ပေ၏။
"နဂါးပျံနတ်ဘုရားရုပ်ခန္ဓာကိုယ်က နဂါးမျိုးနွယ်နဲ့တောင် တူညီတဲ့ ရုပ်ခန္ဓာကိုယ်တစ်ခုပဲ..ဒီရုပ်ခန္ဓာကိုယ်က ပြီးပြည့်စုံခြင်းအဆင့်ထိ တိုးတက်လာမယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ နတ်ဘုရားစွမ်းအားတွေအားလုံးက သူ့ရဲ့အရိုးတွေထဲမှာ သိပ်သည်းသွားလိမ့်မယ်...ဒါက ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတွေ အိပ်မက်မက်နေရတဲ့ နတ်ဘုရားရုပ်ခန္ဓာကိုယ်အမျိုးအစားပဲ"
လုယွီက မျက်မှောင်ကြုတ်ကာ အလေးအနက်ထားသောအသံဖြင့် ရေရွတ်လိုက်သည်။
"သူ့ရဲ့နဂါးပျံအရိုးကို တစ်ယောက်ယောက်က ထုတ်ယူသွားခဲ့တယ်....သူ့ရဲ့ခန္ဓာကိုယ်က သွေးတွေကိုတောင် အလွတ်မပေးခဲ့ဘူး...ဒါက ဘယ်လို နတ်ဆိုးနည်းစနစ်မျိုးလဲ"
Chapter 4397
သွေးများကိုယူဆောင်ပြီး အရိုးများကိုထုတ်ယူခြင်း....
ပြောရမည်ဆိုလျှင် အထူးခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိသော ဤပါရမီရှင်သည် မသန်မစွမ်းတစ်ယောက် ဖြစ်သွားလေပြီ။
ဤလောကကြီးအတွင်း၌ လူတစ်ယောက်၏နတ်ဘုရားအရိုးများကို တခြားလူထံသို့ အတင်းအကြပ်ပြောင်းရွှေသည့် အံ့အားသင့်ဖွယ်ကောင်းသော နည်းစနစ်တချို့ရှိနေသည်။ဤနည်းလမ်းဖြင့် သူတို့၏အရိုးများဖြင့် ပြန်လည်၍တည်ဆောက်ခြင်းခံရသော လူများသည် အထူးရုပ်ခန္ဓာကိုယ်ဖွဲ့စည်းပုံများကို ပိုင်ဆိုင်သွားကြလေ၏။
သို့ရာတွင် ဤသည်မှာ နတ်ဆိုးနည်းစနစ်တစ်ခုပင်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဤအရိုးကိုထုတ်ယူလိုပါက ထိုပါရမီရှင် အသက်ရှင်သန်နေစဉ်အချိန်တွင် သူ၏ခန္ဓာကိုယ်မှအရိုးများကို ဆွဲထုတ်ရန်အတွက် ရက်စက်ကြမ်းကြုတ်ဆုံးနည်းလမ်းများကို အသုံးပြုရပေမည်။သို့ရာတွင်သူတို့သည် ဤနတ်ဘုရားအရိုးများ၏သဘာဝကြောင့် ထိုပါရမီရှင်ကို အရိုးများထုတ်ယူနေစဉ်ကာလအတွင်း၌ မသေဆုံးအောင် ပြုလုပ်ထားရပေမည်။
ဤလုပ်ငန်းစဉ်သည် အလွန်အမင်းရက်စက်ကြမ်းကြုတ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။
အကျိုးဆက်အနေဖြင့် အင်အားစုကြီးအမြောက်အများသည် ထိုကဲ့သို့ပါရမီရှင်များကို တင်းတင်းကြပ်ကြပ်ကာကွယ်ထားကြသည်။သူတို့၏အရိုးများကို တခြားသူများခိုးယူခြင်းမှ ကာကွယ်ဟန့်တားနိုင်ရန်အတွက် ထိုပါရမီရှင်များ၏နံဘေးတွင် တာအိုအစောင့်အရှောက်များကို ကာကွယ်စောင့်ကြပ်စေသည်။
လေထုအတွင်း၌ သွေးညှီနံ့များ ပျံ့နှံ့နေသည်။ဤလူသေဆုံးသွားသည်မှာ အချိန်အလွန်ကြာမြင်သေးပုံမရချေ။သူသည် ဤကဲ့သို့ခြောက်ကပ်သွားသော အလောင်းတစ်လုံးဖြစ်သွားရသည့် အကြောင်းအရင်းမှာ သူ၏ခန္ဓာကိုယ်မှ သွေးများအားလုံး ခြောက်ခမ်းသည်အထိ စုပ်ယူခြင်းခံရသောကြောင့်ပင်။
ဤနည်းလမ်းသည် အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ် ကောင်းပေ၏။
လုယွီက ဆက်လက်၍ လျှောက်လှမ်းလိုက်သည်။နောက်ထပ်အကျဉ်းခန်းတစ်ခန်းတွင်လည်း ပုံပျက်ပန်းပျက်ဖြစ်နေသော အလောင်းတစ်လောင်းရှိနေသည်။သူသည် ထိုကဲ့သို့အလောင်းများရှိနေသော အကျဥ်းခန်းများကို ဆက်တိုက်မြင်တွေ့မိလေ၏။
ထိုအလောင်းများအနက်မှာတချို့သည် သူတို့၏မျက်လုံးများကို ကော်ထုတ်ခြင်းခံထားရကာ တစ်ချို့သည် သူတို့၏လက်များကို ဖြတ်တောက်ခြင်း ခံထားရလေ၏။တချို့အလောင်းများ၏အတွင်းအင်္ဂါများ ဗလာဟင်းလင်းဖြစ်နေကာ အခွံလွတ်ကြီးတစ်ခုသာ ကျန်ခဲ့တော့သည်။
ဤကိစ္စများအားလုံးသည် အလွန်ဆိုးရွားသဖြင့် တွေ့မြင်မိသော မည်သူမဆို အော့အန်လိုစိတ်များ ပေါက်ဖွားလာပေမည်။
"တစ်ယောက်ယောက်က ဒီပါရမီရှင်တွေကို ပစ်မှတ်ထားနေတာပဲ...သူတို့ရဲ့နတ်ဘုရားစွမ်းအားတွေနဲ့အရိုးတွေကို ဖယ်ရှားပြီးတော့ တခြားသူရဲ့ခန္ဓာကိုယ်ထဲမှာ အစားထိုးနေတာဖြစ်တယ်"
လုယွီသည် သူ၏အတိတ်ဘဝ၌ နတ်ဆိုးကျင့်ကြံသူအမြောက်အများကို မြင်တွေ့ခဲ့ဖူးသည်။ထိုလူများသည်သူတို့၏စွမ်းအားများကို မြှင့်တင်နိုင်ရန်အလို့ငှာ လိုအပ်သောမည်သည့်နည်းလမ်းကိုမဆို အသုံးပြုရန် ဆန္ဒရှိကြသည်။
နတ်ဆိုးကျင့်ကြံသူများသည် တုန်လှုပ်ချောက်ချားဖွယ် ကိစ္စအမြောက်အများကို ဖန်တီးကြလေ၏။ယခုမြင်တွေ့နေရသည်မှာလည်း ထိုကိစ္စများအနက်မှတစ်ခုပင်။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် ဆိုးရွားသောနိမိတ်တစ်ခုကို ရရှိသွားသည်။
သူ၏မျက်လုံးအတွင်းမှ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာကာ သူ၏ရှေ့၌ ကံကြမ္မာလမ်းကြောင်းများ ထွက်ပေါ်လာပြီး မှန်ကန်သောဦးတည်ချက်တစ်ခုကို သူအား လမ်းညွှန်ပေးနေသည်။
အကျဉ်းခန်းအမြောက်အများကို ဖြတ်သန်းသွားပြီးနောက် ထောင့်တစ်နေရာအရောက်၌ လုယွီသည် လူနှစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်မိလေ၏။
သူ့ရှေ့ရှိလူနှစ်ယောက်သည် တာအိုဝတ်စုံကိုဝတ်ဆင်ထားကာ သူတို့၏လက်များအတွင်း၌ ခရားနှစ်လုံးကိုကိုင်ထားသည်။သူတို့သည် ပြင်ပသို့ထွက်ရန် ဦးတည်၍လျှောက်လှမ်းနေခြင်းပင်။
"အား...မင်းက ဘယ်သူလဲ...မင်း ဘယ်လိုလုပ်ပြီးတော့ ဒီနေရာကို ဝင်လာတာလဲ"
လုယွီကိုမြင်တွေ့ချိန်တွင် တာအိုပညာရှင်နှစ်ယောက်သည် ထိတ်လန့်တုန်လှုပ်သွားကာ အလျှင်အမြန်အော်ဟစ်လိုက်ကြသည်။
လုယွီသည် အေးစက်စက်နှာတစ်ချက်မှုတ်ပြီး သူ၏လက်ကိုမြှောက်ကာ ထိုလူနှစ်ယောက်ကိုရိုက်နှက်လိုက်သည်။ပြင်းထန်သောအားလှိုင်း၏အောက်တွင် တာအိုပညာရှင်နှစ်ယောက်သည် ရှောင်တိမ်းရန်ပင်အချိန်မရဘဲ သူတို့၏ခေါင်းများ ကြေမွှပျက်စီးသွားသည်။သူတို့သည် နေရာမှာပင် သေဆုံးသွားလေ၏။
ဘုန်း...ဘုန်း...
ဦးခေါင်းမဲ့သွားသော အလောင်းနှစ်လောင်းသည် အကြောဆွဲနေပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
သူတို့၏လက်များအတွင်း၌ ကိုင်ထားသော ခရားများလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ဤခရားများသည် သာမန်ခရားများမဟုတ်ဘဲ ထူးခြားသောပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ထိုအရာများသည် အမြင့်တစ်နေရာမှပြုတ်ကျသွားသည့်တိုင် အက်ကွဲသွားခြင်းမရှိချေ။
လုယွီက ခရားအဖုံးကို ဖွင့်လိုက်သည်။ခရားအတွင်း၌ သွေးများဖြင့် ပြည့်နှက်နေပေ၏။
ထိုသွေးများသည် လတ်ဆတ်ကာ ခြစ်ခြစ်တောက်ပူပြင်းသော အရှိန်အဝါတစ်ရပ်နှင့် ပြည့်နှက်နေသည်။ထိုသွေးများ၏မျက်နှာပြင်ပေါ်တွင် အပူစီးကြောင်းတစ်ကြောင်း ပျံ့လွင့်နေပေ၏။ထိုသွေးတစ်စက်စီတိုင်းသည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ မြင့်မြတ်သောတောက်ပမှုမျိုး ရှိနေပုံရသည်။ထိုသွေးစက်များအားလုံးစုဝေးသွားသောအချိန်၌ ရွှေရောင်အလင်းတန်းတစ်တန်း ဖြာထွက်နေသည်။
"ဒါက အစစ်အမှန်နဂါးတစ်ကောင်ရဲ့သွေး မဟုတ်လား"
လုယွီသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။ သူ၏စိတ်နှလုံးသားအတွင်းရှိ နိမိတ်ဆိုးပို၍ပို၍စစ်မှန်လာပုံရသည်။
သူသည် အကျဉ်းထောင်၏နက်ရှိုင်းသောနေရာသို့ တဟုန်ထိုးအပြေးသွားလိုက်သည်။ထိုလမ်းကြောင်း၏အဆုံးသတ်၌ ကြီးမားသောတံခါးတစ်ချပ် ထွက်ပေါ်လာသည်။
လုယွီသည် တံခါးကိုတွန်းဖွင့်လိုက်ရာ သူ့ရှေ့၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ရှိနေသည်။
ဤသည်မှာ အလွန်ကျယ်ဝန်းသော ခန်းမကြီးတစ်ခုဖြစ်ပြီး လေးဘက်လေးတန်၌ တုတ်ခိုင်သောတိုင်လုံးကြီးလေးလုံးကို စိုက်ထူထားသည်။လက်မောင်းလုံးတစ်လုံးစာတုတ်သော သံကြိုးကြီးများဖြင့် ထိုတိုင်လုံးများကြီးများ၏နံဘေးပတ်လည်ကို ရစ်ပတ်ထားကာ ခန်းမ၏အလယ်ဗဟိုထိ ဆန့်တန်းနေသည်။
ထိုအလယ်ဗဟိုနေရာ၌ ကြီးမားသော အစစ်အမှန်နဂါးတစ်ကောင် ရှိနေသည်။ထိုနဂါး၏ခန္ဓာကိုယ်ကို ထူထပ်သိပ်သည်းသောသံကြိုးများဖြင့် ရစ်ပတ်ထားကာ မလှုပ်ရှားနိုင်အောင် အခိုင်အမာချည်နှောင်ထားသည်။
Chapter 4398
ထိုဧရာမနဂါးကြီး၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများ မှေးမှိန်နေကာ သူ၏ခန္ဓာကိုယ်သည် ယခင်ထက် နှစ်ဆနီးပါးခန့် ပို၍ကြီးမားနေသည်။
ယခုချိန်၌ သူ့ကိုကြည့်ရသည်မှာ ကြီးမားပုံရသော်လည်း သူ၏အထွတ်အထိပ်အခြေအနေ၌ရှိနေသော အရှိန်အဝါမျိုး ထုတ်လွှတ်ထားနိုင်ခြင်း မရှိတော့ချေ။
ဤသည်မှာ အောင်းကွမ်းပင်။
သူသည် ထန်အင်ပါယာမှလီထန်ရှု၏ဖမ်းဆီးခြင်းကိုခံရပြီးနောက် ဤနေရာ၌ အကျဉ်းချခြင်းကို ခံထားရလေ၏။
ပုန်းကွယ်နဂါးစစ်တပ်သည် အောင်းကွမ်းကိုကယ်တင်ရန်အတွက် လူများကို ထပ်ခါတလဲလဲစေလွှတ်ခဲ့သည်။သူတို့သည် သူ့အား ကယ်တင်ရန်အတွက်ကို စစ်တပ်တစ်တပ်ကိုဦးဆောင်၍ပင် ရောက်ရှိလာသော်လည်း ပြန်သွားနိုင်ခြင်းမရှိတော့ချေ။သူတို့သည် အနက်ရောင်မိုခံတပ်အတွင်းသို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ သေဆုံးသွားခဲ့သည်။
တာယွီအင်ပါယာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အဓိကနယ်စပ်လေးနေရာမှတစ်နေရာဖြစ်သော အနက်ရောင်မိုခံတပ်သည် ခုခံကာကွယ်ရန်လွယ်ကူပြီး တိုက်ခိုက်ရန်ခက်ခဲသည့်နေရာပင်။ဤသည်ကြောင့် ပုန်းကွယ်နဂါးစစ်တပ်သည် အနက်ရောင်မိုခံတပ်ကို တိုက်ခိုက်နိုင်ရန် မလွယ်ကူခဲ့ချေ။
အောင်းကွမ်းကမူ ထန်စစ်တပ်၏လက်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် အောင်းကွမ်းကိုကြည့်ရသည်မှာ အလွန်အမင်းအားနည်းနေပုံရသည်။သူ့၏မျက်လုံးတစ်စုံကို တင်းတင်းကြပ်ကြပ်ပိတ်ထားကာ သူ၏အရှိန်အဝါ အလွန်အမင်းဖျော့တော့နေသည်။သူ့၏အသက်မီးတောက်သည် အချိန်မရွေး ငြိမ်းသေးသွားတော့မည့်အလားပင်။
အောင်ကွမ်း၏နံဘေး၌ တာအိုဝတ်စုံဝတ်ဆင်ထားသော လူဆယ်ယောက်ကျော် မတ်တတ်ရပ်နေသည်။
ထိုတာအိုပညာရှင်များ၏လက်များအတွင်း၌ ဆေဘာဓားများကို ကိုင်ထားသည်။သူတို့သည်ပထမဆုံး ထိုဆေဘာဓားများကိုအသုံးပြု၍ နဂါးကြေးခွံများကို ဖြတ်တောက်လိုက်၏။ထို့နောက် ထက်ရှသောလှံစွပ်ဖြင့် အောင်းကွမ်း၏အသွေးအသားများအတွင်းသို့ ထိုးစိုက်လိုက်သည်။
အစစ်အမှန်နဂါးတစ်ကောင်၏အရေပြားသည် အလွန်အမင်း မာကျောသော်လည်း ဤတာအိုပညာရှင်များတွင် အထူးသီးသန့်ပြုလုပ်ထားသော လှံစွပ်များရှိနေသည်။ထိုလှံစွပ်၏မျက်နှာပြင်ပေါ်တွင် ထူထပ်သိပ်သည်းသော မှော်သင်္ကေတအက္ခရာများကို ရေးထွင်းထားကာ အလွန်ထက်ရှပုံရသည်။
ထိုလှံစွပ်သည် နဂါးကြီး၏ခန္ဓာကိုယ်အတွင်းသို့ထွင်းဖောက်ဝင်ရောက်သွားပြီးနောက် ရုတ်ချည်းဆိုသလိုပင် လှံစွပ်တလျှောက် အနီရင့်ရောင်သွေးများ စီးကျလာသည်။
ရှဲ...ရှဲ...
အစစ်အမှန်နဂါးတစ်ကောင်၏သွေးချီများသည် အလွန်အမင်းပြင်းထန်ကာ လှိုင်းလုံးများအလား ဆူပွက်နေပြီး အကန့်အသတ်မရှိစီးဆင်းနေသည်။
တာအိုပညာရှင်တစ်ယောက်သည် ရှေ့သို့တိုးလာကာ ခရားတစ်လုံးကိုအသုံးပြုပြီး လတ်ဆတ်သောသွေးများကို သိမ်းဆည်းလိုက်သည်။ထိုခရားတစ်လုံး ပြည့်သွားပြီးနောက် မကြာမီမှာပင် တခြားလူတစ်ယောက်သည် နောက်ထပ်ခရားတစ်လုံးကို ထပ်မံ၍ယူဆောင်လာပြီး လတ်ဆတ်သောသွေးများကို ခံယူလေ၏။
ခရားသုံးလုံးပြည့်သွားပြီးနောက် သွေးများစီးကျနေသောအရှိန်နှုန်း အနည်းငယ်လျော့နည်းသွားသည်။
သို့ရာတွင် ထိုတာအိုပညာရှင်သည် စိတ်ကျေနပ်ခြင်းမရှိသေးသည်မှာ သိသာထင်ရှားလှ၏။သူသည် သူ၏လက်ဖြင့် ထက်ရှသောဓားမြှောင်တစ်လက်ကိုကိုင်ကာ ဒဏ်ရာအတွင်းသို့ ပြင်းပြင်းထန်ထန်ထိုးစိုက်လိုက်သည်။သူသည်အကြိမ်ရေအနည်းငယ်ခန့် ထိုးစိုက်ပြီးနောက် မည်သည့်သွေးမျှ ထွက်မလာသည်ကို အတည်ပြုပြီးမှ နောက်ထပ်နဂါးကြေးခွံတစ်ခုထံသို့ လျှောက်လှမ်းသွားလေ၏။
ဤဒဏ်ရာကို မည်သူတစ်ဦးတစ်ယောက်မျှ ကုသပေးခြင်းမရှိချေ။အောင်ကွမ်း၏ဒဏ်ရာနေရာတွင် အသွေးအသားများ ဖွာလန်ကျဲနေသည်။
အစစ်အမှန်နဂါးတစ်ကောင်၏ ပြန်လည်ကုသနိုင်ခြင်းစွမ်းရည်သည် အလွန်အမင်းအားကောင်းပေ၏။သို့ရာတွင် ယခုလက်ရှိချိန်၌ အောင်ကွမ်းသည် သွေးပမာဏ မည်မျှထိများများ ကုန်ဆုံးခဲ့သည်ကို မသိနိုင်ဘဲ အလွန်အမင်းအားနည်းသော အခြေအနေသို့ ရောက်ရှိနေလေပြီ။ထိုကြောင့် သူသည် ဤကဲ့သို့ ပြင်ပဒဏ်ရာမျိုးကိုပင် အလျှင်အမြန်ပြန်လည်ကုသနိုင်ခြင်း မရှိတော့ချေ။
ခန်းမ၏ထောင့်တစ်နေရာ၌ ပြင်းထန်သောသွေးနံ့များ ထွက်ပေါ်နေသည့် ခရားများ တောင်ငယ်တစ်လုံးစာမျှ စုပုံနေသည်။
ဤခရားများအတွင်းတွင် အစစ်အမှန်နဂါးသွေးများဖြင့် ပြည့်နှက်နေပေ၏။
ကောင်းကင်ဘုံနယ်မြေတခွင်လုံး၌ နဂါးမျိုးနွယ်များသည် အလွန်အမင်းရှားပါပေ၏။ထိုနဂါးမျိုးနွယ်များအနက် အစစ်အမှန်နဂါးသွေးမျိုးဆက်သည် အရှားပါးဆုံးပင်။
ဤနဂါးသွေးများကို ဆေးလုံးများဖော်စပ်ခြင်း အဆောင်လက်ဖွဲ့များရေးဆွဲခြင်း မှော်လက်နက်များသွန်းလုပ်ခြင်းစသည့် နေရာများတွင် အသုံးပြုနိုင်ပြီး အလွန်အမင်းအဖိုးတန်ရှားပါးသော ပါဝင်ပစ္စည်းတစ်ခုပင်။
အကယ်၍ နဂါးသွေးတစ်ခရားကို လေလံအိမ်တစ်ခုအတွင်း၌ လေလံတင်ပါက အနည်းဆုံးအင်မော်တယ်ကျောက်တုံးသန်းတစ်ထောင်နှင့် ရောင်းချနိုင်ပေမည်။သို့ရာတွင် ထိုနဂါးသွေးများကို စျေးကွက်အတွင်း၌ ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ချေ။
ဤခန်းမအတွင်း၌ ပစ္စည်းအမြောက်အများကို ခင်းကျင်းထားသည်။
ဤနေရာတွင် နဂါးသွေးများသာမက နဂါးကြေးခွံများ နှုတ်ခမ်းမွှေးများနှင့် ခုတ်ပိုင်းခံထားရသောနဂါးဦးချိုနှစ်ချောင်း ရှိနေသည်။ထို့ပြင် နဂါးခြေထောက်တစ်ချောင်းပင် ရှိနေလေ၏။
နဂါးလက်သည်းများသည်ထက်ရှကာ အကြေးခွံများမှနေ၍ အေးစက်စက်အလင်းရောင်များ ဖြာထွက်နေသည်။ထိုနဂါးခြေထောက်သည် အလွန်ကြီးမားကာ ထောင့်တစ်နေရာ၌ အပုံလိုက်ချထားသည်။ဤသည်မှာအလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
အစစ်အမှန်နဂါးတစ်ကောင်၏ခန္ဓာကိုယ်တွင် ရတနာများဖြင့် ပြည့်နှက်နေသည်။
လုယွီသည် အောင်ကွမ်း၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ဒဏ်ရာများဖြင့်ပြည့်နှက်နေသည်ကို မြင်တွေ့မိသည်။
တစ်ဖက်လူများ၏တိုက်ခိုက်မှုသည် အလွန်အမင်းရက်စက်ကြမ်းကြုတ်ပေ၏။ပြင်ပရှိ အကျဉ်းခန်းများအတွင်း၌ရှိနေသော အလောင်းများသည် ဤလူများ၏လက်ချက်ဖြစ်သည်မှာ သိသာထင်ရှားသည်။
အောင်းကွမ်းသည် မည်သည့်အရာကိုမျှ ကြောက်လန့်ခြင်းမရှိသော နဂါးတစ်ကောင်ပင်။သူသည် ဤနေရာတွင် မည်မျှထိ ကြီးမားသောညှဉ်းပန်းနှိပ်စက်မှုများကို ခံယူခဲ့ရသည်အား မည်သူမျှ မသိနိုင်ချေ။ခုအချိန်၌ သူထံ၌ ရုန်းကန်ရန်ပင် ခွန်အားမကျန်ရှိတော့ပေ။
ရုတ်တရက် လုယွီသည် မလှမ်းမကမ်းအကွာ၌ရှိနေသော တာအိုပညာရှင်တချို့သည် မှော်ရတနာများကိုအသုံးပြု၍ ပစ္စည်းတချို့ကိုပြင်ပသို့ပို့နေသည့်အား သတိပြုမိသွားသည်။
ဤသည်မှာ ကြီးမားသောနဂါးသွားဆယ်ချောင်းကျော်နှင့် တောက်ပနေသောနဂါးလျှာတစ်ချောင်းပင်။
ထိုနဂါးလျှာ၏အရင်းတွင် သွေးများစွန်းထင်းနေပေ၏။
Chapter 4399
ဤလူများ၏လောဘကြီးမှုသည် အဆုံးစွန်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။
သူတို့သည် အောင်းကွမ်း၏ခန္ဓာကိုယ်မှ အရာရာတိုင်းကို အမဲဖျက်နေသော်လည်း သူ့အား သေဆုံးသွားခွင့်မပြုချေ။
အောင်ကွမ်း မသေဆုံးသေးသရွေ့သူတို့အား အကန့်အသတ်မရှိသော နဂါးသွေးများကို ထောက်ပံ့ပေးနိုင်ပေမည်။ဤတာအိုပညာရှင်များသည် အောင်းကွမ်းကို သွေးဖန်တီးခြင်းပစ္စည်းတခုအဖြစ် ဆက်ဆံနေကြကာ ဤကိစ္စများ၏နောက်တွင်ရှိနေသော လူများအတွက် အကန့်အသတ်မရှိသောသွေးများကို ထုတ်လုပ်ပေးနေသည်။
ဤတစ်ကြိမ် သူ အဝေးသို့ထွက်ခွာသွားချိန်၌ အောင်းကွမ်းသည် တက်ကြွဖျတ်လတ်ပြီး အားကောင်းသန်မာသော နဂါးတစ်ကောင်အဖြစ် ကျန်နေခဲ့သည်။သို့ရာတွင် သူ ပြန်လည်ရောက်ရှိလာချိန်၌ အောင်းကွမ်းသည် ဤကဲ့သို့ပုံစံမျိုး ဖြစ်နေလေပြီ။
ဤမြင်ကွင်းကိုကြည့်ပြီး လုယွီသည် ထပ်မံ၍သည်းမခံနိုင်တော့သဖြင့် ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။
"မင်းက ဘယ်သူလဲ"
ခြေလှမ်းသံများကိုကြားချိန်တွင် အလုပ်ရှုပ်နေသော တာအိုပညာရှင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ဤသည်မှာ ကွဲပြားခြားနားသော ကမ္ဘာငယ်လေးတစ်ခုပင်။ပြင်ပလောက၌ မည်သည့်ကိစ္စများ ဖြစ်နေပါစေ သူတို့ အာရုံခံနိုင်ခြင်းမရှိချေ။
လုယွီ၏လက်ဝါးရိုက်ချက်ကြောင့် အနက်ရောင်မိုခံတပ်ကြီး ပြိုလဲပျက်စီးသွားသည့်တိုင် တာအိုပညာရှင်များသည် သူတို့၏ကိုယ်ပိုင်အရေးကိစ္စများဖြင့်သာ အလုပ်ရှုပ်နေသည်။ထိုကြောင့် သူတို့သည် ဤနေရာ၌ တစ်စုံတစ်ယောက် ရုတ်တရက်ထွက်ပေါ်လာမည်ဟု မျှော်လင့်မထားမိချေ။
သို့ရာတွင် လုယွီသည် ထိုလူများနှင့်စကားပြောဆိုပြီး အချိန်ဖြုန်းလိုစိတ်မရှိပေ။
သူသည် ရုတ်တရက် သူ၏လက်ကိုမြှောက်ကာ ခါယမ်းလိုက်သည်။ပြင်းထန်သောအားလှိုင်းတစ်ရပ်သည် လုယွီ၏လက်ဝါးမှ ပွင့်အံ့ထွက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
သူ့ရှေ့ရှိ တာအိုပညာရှင်များသည် တုံ့ပြန်ရန်အတွက် အချိန်မရရှိခဲ့ချေ။သူတို့သည် သွေးမြူများအဖြစ် ချက်ချင်းပေါက်ကွဲသွားကာ အရိုးအစအနပင် ကြွင်းကျန်ရစ်ခြင်းမရှိပေ။
အဝေးတစ်နေရာတွင်ရှိနေသော တာအိုပညာရှင်သုံးယောက်သာလျှင် ကြွင်းကျန်ခဲ့သည်။သူတို့သည် ဤနေရာသို့ တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာသည်ကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်နေပေ၏။
"ရိုင်းပျတဲ့ကောင်...ဒီနေရာကို ဘယ်လိုသတ္တိမျိုးနဲ့ ဝင်လာရဲတာလဲ...သေလမ်းရှာနေတာလား"
တာအိုပညာရှင်များအနက်မှတစ်ယောက်က ရုတ်တရက် နံရံပေါ်ရှိ စက်ယန္တရားတစ်ခုအား ရိုက်နှက်လိုက်သည်။
ခန်းမကြီးတစ်ခုလုံး၏အောက်ရှိ မြေပြင်မှနေ၍ ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်သင်္ကေတအမှတ်အသားများ ရုတ်တရက် မြင့်တက်လာသည်။ထိုအရာများတွင် အလင်းတန်းများ တဖျတ်ဖျတ်လင်းလက်နေကာ ကြည်လင်တောက်ပသော ရွှေရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။
ပင်မခန်းမ၏နံဘေးပတ်လည်ရှိ လေထုအတွင်းတွင် နတ်ဘုရားပုံရိပ်ယောင်ဆယ်ခုကျော်ထွက်ပေါ်လာကာ လုယွီကို ဝိုင်းရံလိုက်ကြ၏။ထိုပုံရိပ်ယောင်များအနက်မှတစ်ခုစီသည် ပီပြင်ထင်ရှားပြီးအသက်ဝင်ကာ အထွတ်အမြတ်နတ်ဘုရားစွမ်းအားများ အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
ထန်အင်ပါယာသည် အလယ်ခေတ်အချိန်ကာလအတောအတွင်း၌ နံပါတ်တစ်အင်ပါယာပင်။ ထို့ကြောင့် ထန်အင်ပါယာတွင် နက်ရှိုင်းသောအခြေခံအုတ်မြစ်ရှိပြီး ထူးချွန်သောပါရမီရှင်များဖြင့် ပြည့်နှက်နေသည်။အတိတ်တွင် မည်မျှထိများပြားသော စစ်နတ်ဘုရားများကို ဖန်တီးခဲ့ကြောင်း မည်သူမျှ မသိနိုင်ချေ။
လီကျင်းသည် ထိုနတ်ဘုရားများအနက်မှတစ်ပါးပင်။ဤနတ်ဘုရားပုံရိပ်ယောင်များအနက်မှမည်သည့်တစ်ခုမဆို အလွန်ကြီးမားသောအမွေးနံ့သာစွမ်းအားများကို ပိုင်ဆိုင်ထားကာ အလွန်အစွမ်းထက်သည်။
"ဒါဆိုရင် ပုန်းကွယ်နဂါးစစ်တပ်က ဒီနဂါးကိုကယ်ဖို့ ရောက်လာတာပဲဖြစ်မယ်...ဒါပေမဲ့ မင်းရဲ့အစီအစဉ်က ကျရှုံးသွားပြီ...ဒီနဂါးနဲ့အတူ မင်း သေလိုက်တော့"
ဝင်္ကပါကြီး အသက်ဝင်လာသည်ကိုကြည့်ပြီး တာအိုပညာရှင်သုံးယောက်သည် အကြောက်အလန့်ကင်းမဲ့နေပုံရပေ၏။
"စိတ်ဝိညာဥ်ဆင့်ခေါ်ခြင်းဝင်္ကပါ....မင်းတို့က ဒါကို ထန်အင်ပါယာရဲ့သိုင်းပညာဘုရားကျောင်းကနေ ရထားတာပါလား"
လုယွီ အနည်းငယ်အံ့အားသင့်သွားသည်။
သူသည် ခန်းမအတွင်းသို့ ဝင်လာချိန်၌ အောင်းကွမ်း၏ဆိုးရွားသောအခြေအနေကို အာရုံစိုက်နေသဖြင့် ပတ်ဝန်းကျင်နေရာတဝိုက်ကို စစ်ဆေးခဲ့မိခြင်းမရှိချေ။
သို့ရာတွင် လုယွီက အလျှင်အမြန်အသိပြန်ဝင်သွားခဲ့သည်။ထန်စစ်တပ်သည် ဤနေရာ၌ ယခင်ကတည်းက ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့သည်။
အစစ်အမှန်နဂါးတစ်ကောင်၏တန်ဖိုးသည် အလွန်ကြီးမားပေ၏။
နဂါးသွေးများ နဂါးအရိုးများ နဂါးဦးချိုများအစရှိသဖြင့် တန်ဖိုးရှိသောအရာအမြောက်အများကို အစစ်အမှန်နဂါးတစ်ကောင်ထံမှ ရရှိနိုင်သည်။
အကယ်၍ အောင်းကွမ်းသေဆုံးသွားလျှင်ပင်သူ၏နဂါးဝိညာဉ်ကိုဆွဲထုတ်ပြီး လျှို့ဝှက်နည်းစနစ်တစ်ခုဖြင့် သန့်စင်နိုင်ပေမည်။ထိုအချိန်ကျပါက သူတို့သည် နဂါးမျိုးနွယ်၏နတ်ဘုရားအရည်အချင်းများအနက်မှ အစိတ်အပိုင်းတစ်ခုကို ရရှိနိုင်ပေမည်။
ဤသည်မှာ တန်ဖိုးမဖြတ်နိုင်သော အရာတစ်ခုဖြစ်သဖြင့် သူတို့ အလေးအနက်ထား၍ကာကွယ်စောင့်ကြပ်ရန် လိုအပ်သည်။
သူတို့သည် အန္တရာယ်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဤနေရာ၌ ဝင်္ကပါကြီးတစ်ခုကို ခင်းကျင်းထားခြင်းဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာကိုတိုက်ခိုက်လာပါက ဝင်္ကပါကြီးကို အသက်သွင်းလိုက်သည်နှင့် ကျူးကျော်သူအား အတွင်း၌ လုံးလုံးလျားလျား လှောင်ပိတ်ထားနိုင်ပေမည်။
"ပုန်းကွယ်နဂါးစစ်တပ်က မင်းတစ်ယောက်တည်းကို လွှတ်လိုက်တာလား...ဟား ဟား ဟား သူတို့ ရူးသွားကြတာလား"
"သခင်လေးက အရမ်းဉာဏ်ကောင်းတာပဲ...မင်းတို့ ဒီနဂါးကို လာကယ်မယ်ဆိုတာ သူက ကြိုသိထားတယ်...သူက မင်းတို့ရောက်လာမှာကို စောင့်နေခဲ့တာပဲ"
တာအိုပညာရှင်သုံးယောက်သည် လုယွီကိုစူးစိုက်ကြည့်ပြီး လှောင်ပြောင်သရော်လိုက်ကြ၏။
"ဒါဆိုရင် ဒီနေရာကကိစ္စတွေက မင်းတို့သခင်လေးရဲ့လက်ချက်လို့ ဆိုလိုတာလား"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"အမှန်ပဲ....မင်းက သေခြင်းတရားနဲ့မျက်နှာချင်းဆိုင်နေရတောင် စကားပြောနိုင်သေးတယ်...ငရဲကိုသွားစမ်း..."
တာအိုပညာရှင်တစ်ယောက်သည် သူ၏လက်အတွင်းရှိ ဝင်္ကပါအလံကို လုယွီထံဦးတည်ပြီး ဝှေ့ယမ်းလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် စစ်နတ်ဘုရားပုံရိပ်ရာဆယ်ခုကျော်သည် သူတို့၏လက်များအတွင်း၌ မှော်ရတနာအမျိုးမျိုးကို ဆုပ်ကိုင်ကာ အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်ပြီး လုယွီကို တိုက်ခိုက်ကြလေ၏။
Chapter 4400
ဤစစ်နတ်ဘုရားပုံရိပ်ယောင်များ၏စွမ်းအားသည် လီကျင်းလောက် ကြီးမားခြင်းမရှိချေ။သို့ရာတွင် သူတို့၏သတ်ဖြတ်ခြင်းလှုပ်ရှားမှုများကို တပြိုင်နက်တည်း ထုတ်ဖော်အသုံးပြုလိုက်သည့်အချိန်၌ ထွက်ပေါ်လာသောစွမ်းအားသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။
သူတို့အနက်မှတစ်ယောက်စီသည် ယခင်က တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် စစ်ဗိုလ်ချုပ်အိုကြီးတစ်ယောက်ပင်။သူတို့သည် စစ်နည်းဗျူဟာပညာရပ်ကို ကျွမ်းကျင်မှုရှိရုံသာမက တစ်ဦးချင်းခွန်အားသည်လည်း အလွန်သန်မာအားကောင်းသည်။
ဤသည်မှတစ်ဆင့် လီထန်ရှု၏အဆင့်အတန်းကို ပြသနေသည်။
စစ်ပညာဘုရားကျောင်းကဲ့သို့ နေရာတစ်နေရာသည် ထန်အင်ပါယာအတွင်းရှိ စစ်ဗိုလ်ချုပ်များကို ဝတ်ပြုကိုးကွယ်သောနေရာပင်။ဤသည်မှာ ထန်တော်ဝင်နန်းတွင်းမှနေ၍ အစစ်အမှန်နတ်ဘုရားများကို မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ တည်ဆောက်ထားသောနေရာဖြစ်သည်။
နာမည်ကျော်ကြားမှုအရဖြစ်စေ နတ်ဘုရားစွမ်းအားများအရဖြစ်စေ ထန်အင်ပါယာမှနတ်ဘုရားများ၏စွမ်းအားကို သာမန်အဆင့်နိမ့်ဘုရားများ ယှဉ်ပြိုင်နိုင်ရန် လွန်စွာအလှမ်းကွာဟသည်။
ထို့ကြောင့် စစ်ပညာဘုရားကျောင်းများမှ နတ်ဘုရားတစ်ပါး၏စိတ်ဝိညာဥ်အမျှင်တန်းကို ဆင့်ခေါ်နိုင်ရန်အတွက် အရည်အချင်းပြည့်မီသူဟူ၍ အနည်းစုသာရှိသည်။
လီဖူကို ဥပမာယူ၍ကြည့်လျှင် သူသည် ကောင်းကင်မူဝါဒရုံးတော်၏ သခင်လေးတစ်ယောက်ရှိသည့်တိုင် သူ၏အခွင့်အာဏာသည် အကန့်အသတ်ရှိကာ သူ၏စွမ်းအားသည်လည်း စစ်ပညာဘုရားကျောင်း နတ်ဘုရားတစ်ပါးကိုဖိတ်ခေါ်ရန် လုံလောက်ခြင်းမရှိချေ။
သို့ရာတွင် လီထန်ရှုကမူ ကွဲပြားခြားနားပေ၏။
သူသည် စစ်ဘုရားလီကျင်းကို ဖိတ်ခေါ်ထားနိုင်ရုံသာမက ထန်အင်ပါယာ၏တခြားမျိုးဆက်များမှ စစ်နတ်ဘုရားများကိုလည်း ဖိတ်ခေါ်ထားခဲ့သည်။
ဤသည်မှတဆင့် သူ၏အဆင့်အတန်းသည် အသေးအမွှားမဟုတ်သည်ကို ပြသနေပေ၏။ကြည့်ရသည်မှာ သူသည် ထန်အင်ပါယာ၏အိမ်ရှေ့စံနေရာအတွက် ရွေးချယ်ခံများအနက်မှတစ်ယောက်ဖြစ်ပုံပင်။
"ကောင်းပြီလေ...နောင်တစ်ချိန်ကျရင် ငါက ထန်အင်ပါယာရဲ့ စစ်ပညာဘုရားကျောင်းကိုသွားပြီးတော့ တစ်ချက်ကြည့်ရမယ်"
လုယွီ၏မျက်နှာအမူအယာ တည်ငြိမ်နေသည်။သူသည် အရပ်မျက်နှာအဘက်ဘက်သို့ဦးတည်၍ သူ၏လက်သီးကို ဝှေ့ယမ်းလိုက်သည်။
ပြင်းထန်သောလက်သီးအားလှိုင်းတရပ်သည် မြစ်ကိုဖြတ်ကူးသော ရက်စက်ကြမ်းကြုတ်သည့် နဂါးတကောင်အလား ထွက်ပေါ်လာသည်။ဤအားလှိုင်းသည် ကြီးမားကျယ်ပြန့်ပြီး ပြင်းထန်ကာ ပတ်ဝန်းကျင်ရှိ စစ်နတ်ဘုရားပုံရိပ်ယောင်များအားလုံးကို ခြေမွှဖျက်ဆီးလိုက်သည်။
တချိန်တည်းမှာပင် လုယွီက သူ့၏ပါးစပ်ကိုဖွင့်ဟပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။
ဤစစ်နတ်ဘုရားများမှ ကြွင်းကျန်သော အမွှေးနံ့သာစွမ်းအားများအားလုံး လုယွီ၏ဝါးမြိုခြင်းကို ခံလိုက်ရကာ သူ၏ကိုယ်ပိုင်စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားသည်။
ဝုန်း...
အမွှေးနံ့သာစွမ်းအားများသည် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ တလိမ့်လိမ့်စီးဆင်းနေသော ပင်လယ်ကြီးအလား လူးလွန့်နေသည်။
ထိုစစ်နတ်ဘုရားပုံရိပ်ယောင်များသည် လုယွီကို ထိခိုက်နာကျင်စေခြင်း မရှိရုံသာမက သူ့အတွက် အကူအညီကိုပင် ရရှိစေခဲ့သည်။
"မင်း မင်း မင်း...မင်းက ဘယ်သူလဲ"
တာအိုပညာရှင်သုံးယောက်သည် သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်နေကြ၏။
သူတို့သည် နောက်သို့အဆက်မပြတ်ဆုတ်နေကာ သူတို့၏မျက်လုံးများအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
စစ်နတ်ဘုရားပုံရိပ်ယောင်များကို လွယ်လင့်တကူ ကြေမွှပျက်စီးသွားစေနိုင်သော စွမ်းအားရှိသည့် တစ်စုံတစ်ယောက်ရှိနေမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိချေ။
ဤသည်မှာ မည်ကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် စွမ်းအားမျိုး ဖြစ်သနည်း...
"ငါ ဘယ်သူလဲဆိုတာ မင်းတို့ကိုပြောပြဖို့ လိုလို့လား"
လုယွီက သူ၏လက်ကိုမြှောက်ပြီး ထိုလူသုံးယောက်ထံသို့ လက်ညှိုးညွှန်လိုက်သည်။
တာအိုပညာရှင်သုံးယောက်၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်တောင့်တင်းသွားကာ သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားပြီး သွေးများ မြေပြင်ပေါ်သို့ ဖြာကျသွားတော့သည်။
ထို့နောက် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ လုယွီ၏ခြေထောက်အောက်ရှိ ဝင်္ကပါကြီး ပျက်ပြယ်သွားခြင်းမရှိသေးချေ။
ဝင်္ကပါကြီး၏တောက်ပသောအလင်းတန်းများသည် ပတ်ဝန်းကျင်နေရာတဝိုက်၌ ပျံ့လွင့်နေပေ၏။လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်း၌ ပြင်းထန်သောလှုပ်ခတ်မှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုလေဟာနယ်လှိုင်းဂယက်အတွင်းမှနေ၍ ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက် ထွက်လာသည်။ဤသည်မှာ ဝင်္ကပါကြီးမှဖန်တီးထားသော ပုံရိပ်ယောင်တစ်ခုသာဖြစ်ပြီး ထိုလူငယ်သည် ဤနေရာ၌ အမှန်တကယ်ရှိမနေချေ။
သို့ရာတွင် ပုံရိပ်ယောင်တစ်ခုဖြစ်သည့်တိုင် ထိုလူငယ်ထံမှနေ၍ အလွန်အစွမ်းထက်သောစွမ်းအားလှိုင်းများ ဖြာထွက်နေသည်။
လူငယ်၏ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေကာ သူ၏ပတ်လည်၌ နဂါးတစ်ကောင်နှင့်ကျားတစ်ကောင်၏ပုံရိပ်ယောင်များ ရှိနေသည်။ဤသည်မှာ စစ်ဧကရာဇ်တစ်ပါးမှနေ၍ လူအများအား ငုံကြည့်နေသည့်အလားပင်။
သူသည် ကောင်းကင်မူဝါဒရုံးတော်၏ သခင်လေးလီထန်ရှု ဖြစ်ပေ၏။
သူသည် ဤနေရာ၌ရှိမနေသော်လည်း သူ၏နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ ကိုယ်ပွားတစ်ခုကို ချန်ထားခဲ့သည်။
"အခုချက်ချင်း ဒူးထောက်ပြီးတော့ မင်းရဲ့ပိုင်ဆိုင်မှုတွေအားလုံး ငါ့ကို ပေးစမ်း...ဒါဆိုရင် ငါက မင်းကို အသက်ချမ်းသာခွင့်ပေးမယ်"
လီထန်ရှု၏အသံသည် နက်ရှိုင်းပြီးအစွမ်းထက်ကာ ငြင်းပယ်၍မရနိုင်သော မဟာတာအို၏စကားသံအလားပင်။
သူသည် လူငယ်တယောက်ဖြစ်ကာ အသက်သုံးဆယ်အရွယ်၌ နယ်မြေသခင်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။သူသည် ကောင်းကင်ဘုံနယ်မြေ၏ ထိပ်သီးပါရမီရှင်များအနက်မှ တစ်ယောက်ဖြစ်သည်။
လီထန်ရှု ထွက်ပေါ်လာသည်နှင့် သူ၏တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါကို ထုတ်ဖော်ပြသကာ လုယွီကို ခြိမ်းခြောက်လိုခဲ့သည်။
လုယွီသည် လှောင်ပြောင်သရော်လိုက်၏။သူသည် မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ သူ၏လက်ကိုမြှောက်ကာ လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။
ဘုန်း...
ကြီးမားသော ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် အလွန်ကြီးမားသော နတ်ဘုရားစွမ်းအားကိုသယ်ဆောင်ကာ လီထန်ရှု၏နတ်ဘုရားစိတ်အာရုံကိုယ်ပွားကို ပြင်းပြင်းထန်ထန်ရိုက်နှက်ပြီး ပေါက်ကွဲသွားစေသည်။