အခန်း (၄၄၀၁-၄၄၀၅)
Vol. 223 Ch. 4401-4405
Chapter 4401
ဘုန်း....
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံက ခန်းမအတွင်း၌ ပဲ့တင်ထပ်သွားသည်။
လီထန်ရှုသည် လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါနှင့်ထွက်ပေါ်လာသော်လည်း သူ မည်သည့်နည်းစနစ်ကိုမျှ အသုံးမပြုရသေးမီမှာပင် သူ၏နတ်ဘုရားစိတ်အာရုံကိုယ်ပွားသည် လုယွီကြောင့် ကြေမွှပျက်စီးသွားလေပြီ။
"အား...မင်း ဘယ်သူပဲဖြစ်နေနေ...မင်း မြှုပ်နှံစရာမြေမရှိဘဲ သေရမယ်"
လေဟာနယ်အတွင်းမှနေ၍ လီထန်ရှု၏ ဒေါသတကြီးအော်ဟစ်လိုက်သောအသံကြီး မြည်ဟီးလာသည်။
သူသည် မည်ကဲ့သို့ လူစားမျိုးဖြစ်သနည်း။ သူ၏ခွန်အားသည် နက်နဲသိမ်မွေ့ရုံသာမက သူ၏အဆင့်အတန်းသည်လည်း သာလွန်ထူးကဲပေ၏။
ကောင်းကင်ဘုံနယ်မြေအတွင်းရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်လျှင် လီထန်ရှုကိုမြင်တွေ့ချိန်၌ ရိုသေလေးစားစွာ ဆက်ဆံရသည်။
လီထန်ရှုသည် ဤကဲ့သို့ အခြေအနေတစ်ရပ်ကို တစ်ကြိမ်တခါမျှ ကြုံတွေ့ခဲ့ဖူးခြင်းမရှိချေ။ သူသည် ခန်းမအတွင်းသို့ ရောက်ရှိလာပြီးနောက် မည်သည့်စကားကိုမျှ မပြောဆိုရသေးမီမှာပင် တစ်ဖက်လူ၏ခြေမွှဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
ဤနတ်ဘုရားစိတ်အာရုံကိုယ်ပွားသည်လည်း သူ၏စိတ်ဝိညာဥ်ဖြင့် သန့်စင်ထားခြင်းပင်။
ထိုအရာ ကြေမွပျက်စီးသွားသောကြောင့် သူ၏စိတ်ဝိညာဥ်ကိုလည်း ပြင်းထန်စွာထိခိုက်သွားစေခဲ့သည်။
"ငါက လုယွီ...မင်း မှတ်ထားစမ်း"
လုယွီ၏အသံသည် အေးစက်တင်းမာနေပေ၏။သူသည် လီထန်ရှုကို စူးစိုက်ကြည့်ပြီးနောက် သူ၏အင်္ကျီလက်ကို တစ်ချက်ဝှေ့ယမ်းကာ တစ်ဖက်လူ၏နတ်ဘုရားစိတ်အာရုံကိုယ်ပွားကို အပြီးတိုင်ဖျက်ဆီးလိုက်တော့သည်။
အောင်းကွမ်းသည် သူ၏လက်အောက်ငယ်သားတစ်ယောက်ပင်။ဤလီထန်ရှုသည် အလွန်ဆိုးဝါးသောနည်းလမ်းဖြင့် အောင်းကွမ်းကို ဆက်ဆံခဲ့သည်။လီထန်ရှုသည် သေသင့်သော ပြစ်မှုကြီးကို ကျူးလွန်ပြီးဖြစ်ပေ၏။
လီထန်ရှု၏နတ်ဘုရားစိတ်အာရုံ ပျောက်ကွယ်သွားသည်နှင့် ပတ်ဝန်းကျင်ရှိ ဝင်္ကပါကြီးလည်း ချက်ချင်းပျက်ပြယ်သွားသည်။
ဝင်္ကပါကြီး၏ကာကွယ်ပေးမှု မရှိတော့သောကြောင့် မူလကစုဝေးနေသော ကြီးကျယ်ခမ်းနားသည့် ဖိအားအရှိန်အဝါများသည်လည်း ချက်ချင်းပျောက်ကွယ်သွားပေ၏။
ခရက်...ခရက်...ခရက်....
လုယွီက သူ၏လက်ကိုဆန့်တန်းကာ အောင်းကွမ်းကို ချည်နှောင်ထားသော သံကြိုးကြီးများအားလုံးကို ဖြတ်တောက်လိုက်သည်။
ထိုသံကြိုးကြီးများ၏မျက်နှာပြင်ပေါ်တွင် မှော်စွမ်းအားလှိုင်းများ ထွက်ပေါ်နေကာ အလွန်အမင်းခိုင်ခံမာကျောသည်။သို့ရာတွင် ထိုအရာများသည် လုယွီ၏လက်အတွင်း၌ နှိုင်းယှဉ်ပြစရာမရှိသည်အထိ နုနယ်နေပုံရသည်။သူ၏လက်မှစွမ်းအားသည် ထိုသံကြိုးကြီးများနှင့် ထိတွေ့မိသည်နှင့် ထိုအရာများအားလုံး အစိတ်စိတ်အမွှာမွှာကြေမွှပျက်စီးသွားပေ၏။
အောင်ကွမ်း၏ကြီးမားသောနဂါးခန္ဓာကိုယ်ကြီးသည် ချည်နှောင်ထားမှုများ မရှိတော့သဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
အောင်းကွမ်းသည် ပင်ပန်းနွမ်းနယ်နေသောသူ၏မျက်လုံးတစ်စုံကို ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်သည်။သူသည် ရုတ်တရက် လုယွီကိုမြင်တွေ့မိသဖြင့် သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်သွားသည်။
"အရှင် မင်း အသက်ရှင်နေတုန်းလား..."
အောင်ကွမ်းက နတ်ဘုရားစိတ်အာရုံဖြင့် ထိတ်လန့်တကြားပြောဆိုသည်။
အောင်ကွမ်း၏သွားများအားလုံး ဆွဲနှုတ်ခြင်းခံထားရသဖြင့် စကားပီပီသသပြောနိုင်ခြင်းမရှိတော့ချေ။ထိုကြောင့် သူ ပြောဆိုလိုသောစကားများကို ဖော်ပြရန် သူ၏နတ်ဘုရားစိတ်အာရုံကိုသာ အသုံးပြုနိုင်သည်။
သူ၏ယခုလက်ရှိပုံပန်းသွင်ပြင်သည် အလွန်မောက်မာထောင်လွှားသော လက်သည်းငါးချောင်းရွှေရောင်နဂါးတစ်ကောင်နှင့် လုံးလုံးလျားလျားဆန့်ကျင်ဘက်ဖြစ်နေသည်။သူ့ကိုကြည့်ရသည်မှာ အလွန်အမင်း ဆိုးရွားနေပေ၏။
"မင်းက အရမ်းအဆင်အခြင်မဲ့ခဲ့တယ်လို့ သူတို့ပြောတာကို ငါ ကြားခဲ့တယ်"
လုယွီသည် ထိုသို့ပြောဆိုလိုက်သည့်တိုင် သူ၏စိတ်နှလုံးသားအတွင်း၌ အကန့်အသတ်မရှိသောဒေါသများ တလိမ့်လိမ့်ထနေသည်။
ဤသည်မှာ သူ၏လက်အောက်ငယ်သားပင်။ အကယ်၍ အောင်ကွမ်းသည် တိုက်ပွဲစစ်မြေပြင်၌ သေဆုံးသွားပါက သူ မည်သည့်စကားတစ်ခွန်းကိုမျှ ပြောဆိုမည်မဟုတ်ချေ။ သို့ရာတွင် အောင်ကွမ်းသည် ဖမ်းဆီးခံရပြီးနောက် တခြားလူများ၏ ရက်ရက်စက်စက်ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရလေ၏။
"အရှင်....ဒါတွေအားလုံးက ငါ့ရဲ့အပြစ်တွေပါ....ငါ ရှက်ရွံမိပါတယ်"
အောင်းကွမ်းက သူ၏ခေါင်းကို အောက်သို့ငုံထားကာ သူ၏မျက်လုံးအတွင်း၌ ရှက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။
သူသည် ဤကဲ့သို့ နှိပ်စက်ညှဉ်းပန်းခြင်းခံရကာ အရှက်ကွဲရသည်ထက် တစ်ဖက်လူသည် သူ့ကို တိုက်ခိုက်မှုတစ်ခုတည်းဖြင့် အနိုင်ယူနိုင်ခဲ့သည်အား ပြန်လည်တွေးသောမိကာ ပို၍ရှက်ရွံနေသည်။
"ရှုံးနိမ့်တာက ရှက်စရာမဟုတ်ဘူး...ကြောက်ဖို့အကောင်းဆုံးကိစ္စက လူတစ်ယောက်ရဲ့စိတ်ဆန္ဒ ပျောက်ဆုံးသွားပြီးတော့ အသုံးမကျတဲ့ကောင်ဖြစ်သွားတာပဲ...မင်းရဲ့ဒဏ်ရာတွေကို ပြန်လည်ကုသပြီးတာနဲ့ မင်းရဲ့ခွန်အားကို အသုံးပြုပြီးတော့ မင်းရဲ့အရှက်ရမှုကို ဆေးကြောရမယ်"
လုယွီသည် သိုင်းပညာအင်မော်တယ်မန္တရားကို အသုံးပြုလိုက်၏။ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအားများအားလုံးစုဝေးလာကာ အောင်းကွမ်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ဧရာမနဂါးခန္ဓာကိုယ်ကြီးပေါ်၌ မရေမတွက်နိုင်သောဒဏ်ရာများ ရှိနေသည်။ထိုဒဏ်ရာများအနက်မှတချို့သည် အချိန်အတော်ကြာသည်အထိ ကုသခြင်းမရှိသဖြင့် ပုပ်သွေးဆွေးမြည့်တော့မည့် အရိပ်အယောင်များ စတင်နေလေပြီ။
ယခုအချိန်၌ စိတ်ဝိညာဉ်စွမ်းအားများ စုဝေးလာမှုအောက်တွင် ထိုဒဏ်ရာများအားလုံးသည် သာမန်မျက်စိဖြင့်မြင်နိုင်သော အရှိန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာပေ၏။
ငါးရောင်ခြယ်နဂါးကြေးခွံများက အောင်းကွမ်း၏ခန္ဓာကိုယ်ပေါ်၌ ထွက်ပေါ်လာသည်။
အသစ်ထွက်ပေါ်လာသော နဂါးကြေးခွံများသည် ယခင်အတိုင်း မာကျောကာ အေးစက်စက်အလင်းရောင်များ တောက်ပနေသည်။
အောင်ကွမ်း၏ပြင်ပဒဏ်ရာများကို ကုသပေးပြီးနောက် လုယွီသည် အသူရာနဂါးနတ်ဘုရားဆေးလုံးကို ထုတ်ယူကာ အောင်းကွမ်းကို တိုက်ကျွေးလိုက်၏။
"ဒါက နတ်ဘုရားဆေးလုံးတစ်လုံးပဲ...အရှင် ဒါက အရမ်းတန်ဖိုးကြီးတယ်"
အောင်းကွမ်းက ထပ်ခါတလဲလဲငြင်းဆန်သည်။
ချင်အင်ပါယာ၏နန်းတော်အတွင်း၌ လုယွီသည် နတ်ဘုရားဆေးလုံးလေးလုံးကို ရရှိခဲ့သော်လည်း ယခုအချိန်၌ သူ့ထံတွင် အသူရာနဂါးနတ်ဘုရားဆေးလုံးတစ်လုံးသာ ကျန်တော့သည်။
Chapter 4402
ဤနတ်ဘုရားဆေးလုံးများကို အတိတ်တွင် ချင်အင်ပါယာ၏ဆေးပညာရှင်များမှ သန့်စင်ခဲ့ခြင်းပင်။
နှစ်ပေါင်းများစွာကြာမြင့်လာပြီးနောက် ချင်အင်ပါယာနန်းတော်အတွင်းရှိ ဆေးလုံးအမြောက်အများ ဆွေးမြည့်သွားခဲ့သည်။ဤနတ်ဘုရားဆေးလုံးလေးလုံးသာလျှင် အစွမ်းထက်သောဆေးစွမ်းအားများဖြင့် ပြည့်နှက်နေပြီး ထိုအရာများအတွင်းရှိ ဆေးအာနိသင်များသည် အနည်းငယ်မျှ ပျက်ပြယ်သွားခြင်းမရှိချေ။
အောင်းကွမ်းသည် အသူရာနဂါးနတ်ဘုရားဆေးလုံးကို ဝါးမြိုပြီးနောက် သူ၏ပင်ပန်းနွမ်းနယ်နေသောခန္ဓာကိုယ်မှ ရုတ်တရက် ကျယ်လောင်သောပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ဝုန်း....
အောင်ကွမ်း၏ခန္ဓာကိုယ်အတွင်းမှနေ၍ ရေလှိုင်းများရိုက်ခတ်သကဲ့သို့ တဝုန်းဝုန်းအသံများ ထွက်ပေါ်နေသည်။
သူ ဆုံးရှုံးသွားခဲ့သော နဂါးသွေးများသည်လည်း အသူရာနဂါးနတ်ဘုရားဆေးလုံး၏ ကုသပေးမှုအောက်တွင် တဖန်ပြန်၍ ပြည့်တင်းသွားသည်။ဆေးစွမ်းအားများသည် အောင်းကွမ်း၏မရီဒါန်းများအတွင်းသို့ ထွင်းဖောက်ဝင်ရောက်သွားကာ အဆက်မပြတ်စီးဆင်းနေသည်။
အားနည်းနေသော နဂါးခန္ဓာကိုယ်ကြီးသည် တဖြည်းဖြည်းပြန့်ကားစ ပြုလာပေ၏။ဤဆေးလုံးတလုံးတည်းဖြင့် အောင်ကွမ်း၏နဂါးခန္ဓာကိုယ်ကို ယခင်အဆင့်သို့ ပြန်လည်ရောက်ရှိသွားစေရန် လုံလောက်သည်။
နဂါးသွားများ နဂါးလျှာ နဂါးဦးချိုများ နဂါးနှုတ်ခမ်းမွှေးများအပြင် ဖြတ်တောက်ခြင်းခံလိုက်ရသော နဂါးခြေထောက်သည်လည်း အလျှင်အမြန် အသစ်ပေါက်ဖွားလာသည်။
အောင်ကွမ်း၏နေရာတွင် တခြားသက်ရှိတစ်ကောင်ဖြစ်နေပါက အကယ်၍ သူသည် အသူရာနဂါးနတ်ဘုရားဆေးလုံးကို ဝါးမြိုလျှင်ပင် အကျိုးအာနိသင်များသည် ဤမျှထိ သိသာထင်ရှားမည်မဟုတ်ချေ။
သင်္ကေတကြီးလေးခု၏ခေါင်းဆောင်ဖြစ်သော အသူရာနဂါးသည် ရဲဝံ့မှုနှင့်ခေါင်းမှာမှုတို့ကြောင့် နာမည်ကျော်ကြားသည်။အထူးသဖြင့် ဤနတ်ဘုရားဆေးလုံး၏အတွင်းတွင် အသူရာနဂါးတစ်ကောင်၏ စိတ်ဝိညာဉ်အမျှင်တန်းတစ်ခု ရောယှက်နေခြင်းပင်။
အသူရာနဂါးနတ်ဘုရားဆေးလုံး၏စွမ်းအားများသည် ဆေးလုံးလေးလုံးအနက် အပြင်းထန်ဆုံးပင်။ထိုဆေးလုံးကို ဝါးမြိုပြီးနောက် ချေဖျက်နိုင်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။
သို့ရာတွင် အောင်းကွမ်းသည် သန့်စင်သောသွေးမျိုးဆက်ရှိသည့် နဂါးတစ်ကောင်ပင်။
ဤအသူရာနဂါးနတ်ဘုရားဆေးလုံးသည် သူ့အတွက် အလွန်အမင်းသင့်တော်ပေ၏။
အောင်းကွမ်း၏ခန္ဓာကိုယ်မှနေ၍ အနှစ်သာရစွမ်းအားများ ပျံ့လွင့်လာကာ သူ့၏နံဘေးပတ်လည်၌ အရောင်အသွေးစုံသောအလင်းတန်းများသည် တိမ်စိုင်များအလား ထွက်ပေါ်လာသည်။ကြီးမားကျယ်ပြန့်ပြီးမြင့်မြတ်သော နဂါးအရှိန်အဝါသည် တဖန်ပြန်၍ ဆင်းသက်လာပေ၏။
"မင်း အရင်ဆုံး အနားယူလိုက်တော့...မင်းကိုယ်မင်း နည်းနည်းလောက် အားပြန်ဖြည့်ပြီးမှ စကားပြောကြရအောင်"
လုယွီက သူ၏သိုလှောင်အိတ်ကမ္ဘာငယ်လေးအတွင်းသို့ အောင်းကွမ်းကို ထည့်သွင်းလိုက်သည်။
သူသည် ဤကမ္ဘာငယ်လေးအတွင်း၌ ကြီးမားသော နတ်ဘုရားစမ်းရည်အိုင်တစ်ခုကို ခင်းကျင်းထားသည်။ထိုရေအိုင်အတွင်းရှိ စိတ်ဝိညာဥ်ရေများအတွင်း၌ အင်မော်တယ်စွမ်းအားများဖြင့် ပြည့်နှက်နေပေ၏။
ခွေးနက်ကြီးသည် သူ၏နတ်ဆိုးအမြူတေ ပျက်စီးသွားသဖြင့် ထိုနေရာ၌ အနားယူနေသည်။အောင်းကွမ်းကို ထိုနေရာ၌ နေထိုင်ခိုင်းကာ အချိန်အတိုင်းအတာတစ်ခုထိ အနားယူစေသည်က သင့်တော်သောကိစ္စဖြစ်ပေမည်။
ထိုကိစ္စများအားလုံးကို လုပ်ဆောင်ပြီးနောက် လုယွီက သူ၏ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ရာ သူ၏မျက်လုံးများ တစတစပို၍အေးစက်တင်းမာလာသည်။
ထန်အင်ပါယာ၏အိမ်ရှေစံမင်းသားနေရာအတွက် မြင့်မြတ်သောရွေးချယ်ခံများအနက်မှတစ်ယောက်ဖြစ်ကာ ကောင်းကင်မူဝါဒရုံးတော်၏သခင်လေးတစ်ယောက်ဖြစ်သော လီထန်ရှုသည် လူအများ၏နောက်ကွယ်၌ ဤကဲ့သို့ နတ်ဆိုးနည်းစနစ်တစ်ခုကို အသုံးပြုနေမည်ဟု မည်သူကမျှ တွေးတင်မိမည်မဟုတ်ချေ။
ဤကိစ္စကို လူသိရှင်ကြားထုတ်ပြန်ကြေညာလိုက်ပါက လီထန်ရှု၏နာမည်ဂုဏ်သတင်းအပေါ် အလွန်အမင်းကြီးမားသော ထိခိုက်မှုကြီး ဖြစ်ပွားသွားပေမည်။
တော်ဝင်နန်းတွင်းသည် ဂိုဏ်းတစ်ဂိုဏ်းမဟုတ်သဖြင့် အရာရာတိုင်းကို ပြောင်ပြောင်တင်းတင်းလုပ်ဆောင်၍မရချေ။နာမည်ဂုဏ်သတင်းသည် ကျင့်ကြံသူများအတွက် အသေးအမွှားသာဖြစ်သော်လည်း ထီးနန်းဆက်ခံရမည့် မင်းသားတစ်ပါးအတွက်မူ အလွန်အမင်းအရေးကြီးသည်။
ကောင်းကင်မူဝါဒရုံးတော်၏သခင်လေးတစ်ယောက်ဖြစ်သော လီထန်ရှုသည် အကယ်၍ သူ၏နာမည်ဂုဏ်သတင်း ညှိုးနွမ်းသွားပါက သူ မည်မျှထိ သန်မာအားကောင်းသည်ဖြစ်စေ အိမ်ရှေ့စံမင်းသားနေရာအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိတော့မည်မဟုတ်ချေ။
"ထားလိုက်တော့....ဒီနေရာက ဆက်ပြီးရှိနေဖို့ မလိုတော့ဘူး"
လုယွီက ဤလေဟာနယ်နယ်မြေအတွင်းမှ ထွက်ခွာခဲ့တော့သည်။
သူ၏နောက်တွင်ရှိနေသော လီကျင်း၏ကြီးမားသောရုပ်ထုကြီးသည်လည်း ရုတ်တရက် ကြေမွှပျက်စီးသွားပေ၏။ ဤအရာ၏နောက်တွင် ပုန်းကွယ်နေသော လေဟာနယ်နယ်မြေသည် ဆက်လက်၍တည်ရှိနေဆဲပင်။
ဤနေရာသည် လီထန်ရှု၏အားနည်းချက်တစ်ခုဖြစ်သည်မှာ သိသာထင်ရှားသည်။ အကယ်၍ လုယွီသည် ဤကိစ္စကို ဖမ်းဆုပ်ပြီး အသုံးချလိုက်ပါက ထန်အင်ပါယာ လီတော်ဝင်မိသားစု၏သခင်လေးတစ်ယောက်ကို ခြိမ်းခြောက်နိုင်ပေမည်။
သို့ရာတွင် လုယွီသည် ထိုသို့ပြုလုပ်ရန် မလိုအပ်ချေ။
လုယွီ၏မျက်လုံးများအတွင်း၌ လီထန်ရှုကို သေလူဟု သတ်မှတ်ထားပြီးဖြစ်သည်။ထို့ကြောင့် လီထန်ရှု၏နာမည်ဂုဏ်သတင်းသည် အနည်းငယ်မျှ အရေးမပါတော့ချေ။
ပြင်ပတွင် သတ်ဖြတ်နေသောအသံများ အဆက်မပြတ်ထွက်ပေါ်နေကာ ပတ်ဝန်းကျင်ရှိလေဟာနယ်ကို တုန်ခါသွားစေသည်။
ပုန်းကွယ်နဂါးစစ်တပ်သည် မြို့အတွင်းသို့ တိုးးဝင်တိုက်ခိုက်နေလေ၏။အနက်ရောင်မိုခံတပ်မြို့အတွင်းမှ ခုခံကာကွယ်ရေးစစ်သားများသည် အနည်းငယ်မျှ ခုခံတိုက်ခိုက်နိုင်ခြင်းမရှိချေ။သူတို့သည် ရှုံးနိမ့်သွားကာ နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေကြ၏။
ဤတိုက်ပွဲအတွင်းတွင် ထန်စစ်တပ်သည် သူတို့၏ပင်မစစ်ဗိုလ်ချုပ်များအားလုံးနီးပါးကို ဆုံးရှုံးလိုက်ရသည်။ထန်စစ်တပ်တစ်တပ်လုံးတွင် ခေါင်းဆောင်များ မရှိတော့သဖြင့် အလွန်အမင်းဖရိုဖရဲဖြစ်နေသည်။
ချီစစ်တပ်၏အမာခံကျောရိုးသည် ထန်စစ်တပ်ဖြစ်သည်ဟူသောကိစ္စကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။ထန်စစ်တပ် ရှုံးနိမ့်သွားသည်ကိုကြည့်ပြီး ချီစစ်သားအမြောက်အများသည် သူတို့၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ဆုံးရှုံးသွားသည်။သူတို့သည် သူတို့၏မှော်လက်နက်များကိုပစ်ချကာ အဝေးသို့ထွက်ပြေးသွားလေ၏။
Chapter 4403
ချီအင်ပါယာ၏အုပ်ချုပ်မှုအောက်သို့ ရောက်ရှိနေသော အနက်ရောက်မိုခံတပ်အတွင်းတွင် ရှိနေသည့် လူများအားလုံး၏ထိတ်လန့်ကြောက်ရွံ့မှုသည် စကားလုံးများဖြင့် ဖော်ပြနိုင်ရန်ထက်ပင် ကျော်လွန်နေလေပြီ။
ချီဘုရင်၏ပုန်ကန်မှုသည် အလွန်ရုတ်တရက်ဆန်သဖြင့် သူသည် ကြိုတင်ပြင်ဆင်မှုအမြောက်အများကို မပြုလုပ်ခဲ့ရချေ။ထိုကြောင့် သူ့ကို တာယွီတော်ဝင်နန်းတွင်း၏ လက်အောက်ငယ်သားတစ်ယောက်ဟု ယူဆထားဆဲဖြစ်သော လူအမြောက်အများရှိနေဆဲပင်။
ထို့ကြောင့် ပုန်းကွယ်နဂါးစစ်တပ်သည် အနက်ရောင်မိုခံတပ်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်စဉ်၌ မြို့သူမြို့သားတချို့သည် သူတို့အားကူညီကာ ချီစစ်တပ်ကို တိုက်ခိုက်ခဲ့ကြသည်။
မည်သူတစ်ဦးတစ်ယောက်မဆို ဤတိုက်ပွဲအတွင်းတွင် ပုန်းကွယ်နဂါးစစ်တပ်မှအသာစီးရနေကြောင်း ပြောဆိုနိုင်သည်။
"အခုက ထွက်သွားဖို့ အချိန်ကျပြီ"
လုယွီထွက်သွားရန် ဟန်ပြင်လိုက်သောအချိန်အခိုက်အတန့်မှာပင် အုပ်ချုပ်ရေးအိမ်တော်၏အထက်ရှိ မိုးကောင်းကင်ယံကြီးရုတ်တရက် ကြည်လင်သွားသည်။ထို့နောက် မိုးခြိမ်းသံအလား ကျယ်လောင်သောတုန်ခါသံကြီးတစ်သံ မြည်ဟီးလာပေ၏။
ထက်ရှသောဓားတစ်လက်သည် မိုးကောင်းကင်ယံကိုဖြတ်သန်းပြီး လုယွီထံဦးတည်၍ တိုးဝင်လာသည်။
ဤဓားမှဓားချီသည် မီတာပေါင်းများစွာရှည်လျားပြီး အကန့်အသတ်မဲ့ကျယ်ဝန်းသောမိုးကောင်းကင်ယံအတွင်း၌ ရှိနေသည့်တိုင် နှိုင်းယှဉ်ပြစရာမရှိသည်အထိ ကြီးမားသည်ကို တွေ့မြင်နိုင်သည်။
ထိုဓားချီပေါ်တွင် အေးစက်စက်အလင်တန်းတစ်တန်း ရစ်သိုင်းလွှမ်းခြုံနေကာ အလွန်ကျယ်လောင်သော လေတိုးသံများက တိမ်စိုင်များကိုထွင်းဖောက်၍ မြည်ဟီးနေသည်။
ဤဓား၏အရှိန်အဝါသည် အလွန်ကြီးမားပြီး တောင်များနှင့်မြစ်များကို ပြိုလဲသွားစေနိုင်သည့်အလားပင်။ကြည်လင်သောမိုးကောင်းကင်ယံသည် ချက်ချင်းဆိုသလိုပင် အလွန်အမင်းပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကြောင့် မှောင်မည်းသွားတော့သည်။
သို့ရာတွင် လုယွီ၏မျက်နှာအမူအယာ တည်ငြိမ်နေသည်။
မိုးကောင်းကင်ယံမှကျဆင်းလာသော ဓားချီနှင့်ရင်ဆိုင်ရချိန်တွင် သူ၏လက်ကိုဆန့်တန်းပြီး လေဟာနယ်တစ်နေရာထံသို့ ဦးတည်၍ရိုက်ထုတ်လိုက်သည်။
ထိုဓားသည် လုယွီ၏လက်ဝါးရိုက်ချက်နှင့် ထိတွေ့မိလေ၏။ထိုအရာသည် အလွန်အမင်း ခိုင်ခံမာကျောပုံရသော်လည်း လုယွီ၏ခွန်အားကို တောင့်ခံနိုင်ခြင်းမရှိဘဲ ကြေမွှပျက်စီးသွားသည်။
ထိုဓားချီ ကြေမွှပျက်စီးသွားသော အချိန်အခိုက်အတန့်၌ ထိုအရာအတွင်းမှနေ၍ ကြီးကျယ်ခမ်းနားသော ဓားချီလှိုင်းများ ပွင့်အံ့ထွက်လာသည်။
ကြေမွှပျက်စီးသွားသောဓားမှနေ၍ ထောင်သောင်းချီသောဓားချီများအဖြစ် ဖြာထွက်သွားကာ ရေတံခွန်တစ်ခုမှရေများ စီးဆင်းကျလာသည့်အလားပင်။
ဤဓားချီသည် ကောင်းကင်နှင့်မြေပြင်အနှံ့ လွှမ်းခြုံသွားကာ လုယွီကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲလိုသည့်အလား ပြင်းပြင်းထန်ထန်တိုးဝင်လာသည်။
ဤသည်မှာ ပုံးလျှိုးကွယ်လျှိုးတိုက်ခိုက်သော လှုပ်ရှားမှုတစ်ခုပင်။လူအများသည် ဓားရှည်၏တိုက်ခိုက်မှုကို ခုခံကာကွယ်ပြီးနောက် ထိုအရာ ကြေမွှပျက်စီးသွားသည်နှင့် စိတ်အေးသွားပေမည်။သို့ရာတွင် ထိုဓားရှည်အတွင်းရှိ ဓားချီများပွင့်အံ့ထွက်လာကာ ထိုလူအား အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခြေမွှဖျက်ဆီးပစ်ပေမည်။
လုယွီက အော်ဟစ်လိုက်သည်။သူသည် အသက်တစ်ချက်ရှိုက်ကာ ထောင်သောင်းချီသော ဓားချီများထံဦးတည်ပြီး လက်သီးတစ်ချက်ထိုးနှက်လိုက်၏။
ပြင်းထန်သောလက်သီးစွမ်းအားလှိုင်းသည် လေထုအတွင်းသို့ ပျံ့လွင့်သွားကာ လောကကြီးအတွင်းရှိ အရာရာတိုင်းကို ခြေမွှဖျက်ဆီးတော့မည့်အလားပင်။
သူ့ရှေ့တွင်ရှိနေသော မရေမတွက်နိုင်သည့်ဓားချီများသည် တစတစကွဲအက်သွားလေ၏။ထိုအရာများသည် လုယွီ၏အနီးသို့ ချဉ်းကပ်နိုင်ခြင်းမရှိသေးမီမှာပင် ကြေမွှပျက်စီးသွားသည်။
"ငါက ဒီနေရာမှာ ထန်အင်ပါယာရဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ရှိနေတယ်ဆိုတာ သတိပြုမိတယ်...ကောင်းကင်မူဝါဒရုံးတော်ရဲ့အကြီးအကဲတွေက လီထန်ရှုကို ကာကွယ်ဖို့အတွက် အထူးသီးသန့်ရှိနေတဲ့လူတွေပဲ....ဒါကြောင့် မင်းက ထန်စစ်တပ်ထဲက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲဖြစ်မယ်"
လုယွီက သူ့ရှေ့ရှိလေဟာနယ်တစ်နေရာသို့ စူးစိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် အနက်ရောင်ပုံရိပ်တစ်ရိပ်က ထိုနေရာ၌ ထွက်ပေါ်လာသည်။ထန်စစ်တပ်သည် အင်အားအလုံးအရင်းဖြင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ကျူးကျော်ဝင်ရောက်လာခဲ့သည်။ထိုကြောင့် သူတို့သည် ဤနေရာသို့ ယင်ကောင်ငယ်လေးတချို့ကိုသာ စေလွှတ်ထားရန်မှာ မဖြစ်နိုင်ချေ။
လုယွီသည် အနက်ရောင်မိုခံတပ်အတွင်းသို့ ဝင်ရောက်ခဲ့စဉ် အချိန်ကတည်းက လေဟာနယ်တစ်နေရာအတွင်း၌ ပုန်းအောင်းနေသည့် အလွန်အမင်းအစွမ်းထက်သော အရှိန်အဝါတစ်ရပ်ကို အာရုံခံမိပြီးဖြစ်သည်။
ထိုလူသည် လုယွီကို တချက်တည်းဖြင့် အသေသတ်နိုင်ရန်အတွက် အခွင့်ကောင်းကို ရှာဖွေနေခဲ့ခြင်းပင်။
သို့ရာတွင် ယခင်က လုယွီသည် အောင်းကွမ်းကိုရှာဖွေရန်အတွက် သူ၏အချိန်များကို အကောင်းဆုံးအသုံးပြုနေခဲ့ရသည်။ထို့ကြောင့် သူသည်ဟထိုထိပ်သီးအစွမ်းထက်ကျင့်ကြံသူကို အာရုံစိုက်ရန်အတွက် အချိန်မရခဲ့ချေ။
သူ အုပ်ချုပ်ရေးရုံးတော်အတွင်းမှထွက်လာသည်နှင့် ထိုလူသည် အခွင့်ကောင်းတစ်ခုရှာဖွေကာ သူ့အား ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။
မီးခိုးငွေ့များနှင့်ဖုန်မှုန့်များ၏အကြားမှနေ၍ အနက်ရောင်သံချပ်ကဝတ်စစ်ဗိုလ်ချုပ်တစ်ယောက် ထွက်ပေါ်လာသည်။ထိုစစ်ဗိုလ်ချုပ်၏ လက်အတွင်း၌ လေးတစ်စင်းကိုကိုင်ထားပြီး လေကြိုးကို အစွမ်းကုန်ဆွဲထားသည်။ထိုလေးမှနေ၍ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်များအသံများ မြည်ဟီးနေသည်။
ထိုနောက်မှနေ၍ မြှားတစ်စင်းသည် သက်တန့်တစ်ခုအသွင်ပြောင်းလဲပြီး ဖျက်ဆီးခြင်းအရှိန်အဝါတစ်ရပ်ကို သယ်ဆောင်ကာ လုယွီထံသို့ တိုးဝင်လာသည်။
ဤမြှား၏အရှိန်သည် အလွန်ပြင်းထန်သဖြင့်ပတ်ဝန်းကျင်ရှိ မိုးနှင့်မြေကို တုန်ခါသွားစေသည်။ဤမြှားကြောင့် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်ပင် အရောင်ပြောင်းလဲသွားခဲ့သည်။
ဝှစ်....
ဤမြှားသည် အလွန်လျှင်မြန်သဖြင့် ရှောင်တိမ်းရန်အတွက် အချိန်မရသလောက်နီးပါးပင်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုမြှားသည် လုယွီ၏ခန္ဓာကိုယ်ကို ထွင်းဖောက်ပြီး သူ၏အသားအတွင်းသို့ စိုက်ဝင်သွားသည်။ထိုဒဏ်ရာမှနေ၍ သွေးများယိုစီးကျလာပေ၏။
လုယွီထံ၌ သိုင်းပညာအင်မော်တယ်ရုပ်ခန္ဓာကိုယ် ရှိနေသည်။
ဤမြှားသည် သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက်နိုင်ခဲ့သဖြင့် မည်မျှထိ အစွမ်းထက်သည်ကို ပြသနေသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။သူသည် ဤမြှားမှနေ၍ မသေမျိုးအဆင့်မှော်လက်နက်တစ်ခု၏အရှိန်အဝါကို အာရုံခံမိလေ၏။
Chapter 4404
ဤမြှားကို ရွှေဖြင့်သွန်းလုပ်ထားပုံရကာ မြှား၏မျက်နှာပြင်မှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။
မြှား၏မျက်နှာပြင်ပေါ်၌ ထူထပ်သိပ်သည်းသော သင်္ကေတအက္ခရာများ ထွင်းထုထားကာ ထိုအရာများ၏စွမ်းအားဖြင့် မြှား၏စွမ်းအားကို မြှင့်တင်ထားလေ၏။မြှားထိပ်သည် အလွန်ထက်ရှကာ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ထွင်းဖောက်သွားသည်နှင့် သူ၏ခုခံကာကွယ်မှုကို ချိုးဖျက်လိုက်သည်။
"အတိတ်မှာတုန်းက စစ်နတ်ဘုရား အသုံးပြုခဲ့တဲ့မြှားက အနည်းဆုံးတော့ မင်းရဲ့ခန္ဓာကိုယ်ထဲကို ထွင်းဖောက်သွားခဲ့ပြီ..မင်းရဲ့ခန္ဓာကိုယ်ထဲကသွေးချီတွေအားလုံး ပေါက်ကွဲသွားလိမ့်မယ်...မင်း သေဆုံးရမယ်ဆိုတာ သံသယဖြစ်ဖို့မလိုဘူး"
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်က အေးစက်တင်းမာစွာပြောဆိုသည်။သူ၏လက်ကောက်ဝတ်ဝတ်နေရာမှနေ၍ သွေးစီးကြောင်းတစ်ကြောင်း ယိုစီးကျနေလေ၏။
သူသည် အလွန်အမင်းကြီးမားသော ခွန်အားကိုအသုံးပြု၍ အစောပိုင်းကမြှားကို ပစ်လွှတ်ခဲ့ရသည်။သူ၏အကန့်အသတ်ထက်ကျော်လွန်သောခွန်အားကို အသုံးပြုခဲ့ရသဖြင့်သူ့၏လက်ကောက်ဝတ်မှအရွတ်များ ပျက်စီးသွားလုနီးပါးပင်။
အကယ်၍ ဤမြှားသည် မသေမျိုးအဆင့်မှော်လက်နက်တစ်ခုမဟုတ်လျှင်ပင် မသေမျိုးတစ်ဝက်အဆင့် မှော်ရတနာအဆင့်၌ ရှိနေပေမည်။ထိုသို့မဟုတ်ပါက သူ၏ရွှေအင်မော်တယ်ရုပ်ခန္ဓာကိုယ်၏ ခုခံကာကွယ်မှုကို ချိုးဖျက်နိုင်မည်မဟုတ်ချေ။
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်သည် လေဟာနယ်အတွင်း၌ ပုန်းအောင်းနေခဲ့သည်မှာ အချိန်မည်မျှထိ ကြာမြင့်ခဲ့ကြောင်း မသိနိုင်ချေ။သူသည် အစပထမ၌ ဓားချီများဖြင့် လုယွီကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခဲ့သည်။ ထို့နောက် သူ၏အကြီးမားဆုံးခွန်အားကို ထုတ်ဖော်အသုံးပြုပြီး လေးကြိုးကိုဆွဲကာ မြှားကိုပစ်ခတ်လိုက်ခြင်းပင်။
"မင်းက ဘယ်သူလဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်က လုယွီကိုကြည့်ပြီး အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ထန်အင်ပါယာရဲ့ကျန်းယွမ်အမတ်ကြီး ဖန်ကျန်း"
သူသည် ထန်အင်ပါယာ၏အမတ်ကြီးတစ်ပါးဖြစ်သည့်အပြင် ထန်စစ်တပ်၏တပ်မှူးလည်းဖြစ်သည်။သူ၏ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။
ဝူတင်းအမတ်ကြီးလီကျိုးစီကဲ့သို့ပင် သူသည်လည်း စစ်တပ်အတွင်းမှနေ၍ အမတ်ကြီးရာထူးကို တိုးမြှင့်ပေးခြင်း ခံရသူတစ်ယောက်ပင်။
"ပြင်ပလောကမှာ မင်းသေသွားပြီလို့ ပြောနေကြတယ်...ဒါပေမဲ့ ချန်အန်းမြို့အမွေအနှစ်နယ်မြေက ဘယ်လောက်ထိ အန္တရာယ်များတဲ့ နေရာတစ်နေရာလဲဆိုတာ သူတို့ သိကြမှာမဟုတ်ဘူး...မင်းက အဲ့ဒီလိုနေရာမျိုးကတောင် အသက်ရှင်ရက် ပြန်ပြီးထွက်လာနိုင်ခဲ့တယ်...မင်းက ငါတို့ထန်အင်ပါယာရဲ့အကြီးမားဆုံးရန်သူတော်ကြီးတွေထဲကတစ်ယောက်ပဲ...မင်းကိုသတ်လိုက်တာက အကောင်းဆုံးအဖြေပဲ ဖြစ်လိမ့်မယ်...ယွမ်ဝမ်ချန်းက မင်းကို တကယ်ကြီးသိမ်းသွင်းချင်နေတာလား...သူ့မှာကျောင်းတော်သားတစ်ယောက်ရဲ့အတွေးမျိုးပဲရှိနေတယ်...မင်းနဲ့ထန်အင်ပါယာကြားက ကိစ္စတွေက စာရွက်ပေါ်မှာ ဖြေရှင်းလို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူး"
ဖန်ကျန်းသည် သူ၏ပါးစပ်ကိုဖွင့်ဟပြီး စကားပြောဆိုလိုက်၏။သူ၏အသံသည် တိုးညှင်းသော်လည်း ရုန့်ရင်းကြမ်းတမ်းကာ အစွမ်းထက်သည်။
လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။သူသည် သူ၏ရင်ဘတ်၌စိုက်နေသောမြှားကိုကြည့်ကာ ခက်ထန်တင်းမာစွာပြောဆိုလိုက်၏။
"ဒီမြှားက ငါ့ကိုသတ်နိုင်မယ်လို့ မင်း ထင်နေတာလား"
"မင်းက ငယ်ရွယ်ပြီးတော့ အရည်အချင်းရှိတဲ့လူတစ်ယောက်ဆိုပေမယ့် မင်းရဲ့စွမ်းအားက မလုံလောက်သေးဘူး..အလယ်ခေတ်ကာလအတွင်းမှာ လီကွမ်းက မြှားတစ်စင်းနဲ့ ကောင်းကင်နဲ့မြေပြင်ကို ချိုးဖျက်နိုင်ခဲ့တယ်...သူက နတ်ဘုရားတွေနဲ့ဗုဒ္ဓတွေကိုတောင် သတ်နိုင်ခဲ့တယ်"
"နောက်ဆုံးကျန်တဲ့ မြှားသုံးချောင်းကို စစ်ပညာဘုရားကျောင်းမှာ တစ်ချိန်လုံးသိမ်းဆည်းထားခဲ့တယ်....အဲ့ဒီမြှားတွေက နေ့ရောညပါ အမွေးနံ့သာစွမ်းအားတွေနဲ့ ပူဇော်တာကို ခံခဲ့ရတယ်...ဒီနတ်ဘုရားမြှားတွေက ငါတို့အင်ပါယာအတွက် အဓိကရန်သူကြီးတွေဖြစ်တဲ့ ကျိုးတော်ဝင်မိသားစုက တာအိုသခင်တွေကို ရင်ဆိုင်ဖို့အတွက် အထူးသီးသန့်ပြင်ဆင်ထားတာပဲ....မင်း ဒီမြှားရဲ့အောက်မှာ သေဆုံးရတာက ဂုဏ်ယူစရာတစ်ခုပဲ"
ဖန်ကျန်းသည် ပြတ်ပြတ်သားသားဖြင့် ယုံကြည်ချက်ရှိစွာ ပြောဆိုသည်။လုယွီသည် ဆက်လက်၍ အသက်ရှင်သန်နိုင်မည်ဟု သူ မယုံကြည်ချေ။
မြှားသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ထွင်းဖောက်သွားပြီးနောက် ထိုအရာမှနေ၍ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာကာ တဖြည်းဖြည်းပျံ့နှံ့သွားသည်။
ဤသတ်ဖြတ်လိုခြင်းအရှိန်အဝါသည် အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ် ကောင်းပေ၏။ဤအရာသည် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများအတွင်းသို့ ဝင်ရောက်နေသော အခိုးအငွေ့များတူညီကာ သူ့၏ခန္ဓာကိုယ်ကို ပေါက်ကွဲသွားစေတော့မည့်အလားပင်။
လုယွီက သူ၏မျက်လုံးကိုမှိတ်လိုက်ပြီးနောက် ရုတ်တရက် ပြန်ဖွင့်လိုက်သည်။ သူ၏မျက်လုံးအတွင်း၌ တည်ကြည်ပြတ်သားသော အရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။
"ဒီမြှားကို မင်း အသုံးပြုတာက ဖြုန်းတီးမှုတစ်ခုပဲ"
လုယွီက ရုတ်တရက် သူ၏လက်ကိုဆန့်တန်းပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ ထွင်းဖောက်နေသောမြှားကို ဆွဲထုတ်လိုက်သည်။
သူ၏ဒဏ်ရာမှ သွေးများယိုစီးကျလာသော်လည်း အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ထိုဒဏ်ရာသည် အလျှင်အမြန်ပြန်လည်ကောင်းမွန်သွားလေ၏။
"အမ် ..."
ဖန်ကျမ်းက မျက်မှောင်ကြုတ်လိုက်သည်။
လုယွီ၏ယခုလက်ရှိပုံပန်းသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် သူသည် အနည်းငယ်မျှ ဒဏ်ရာရရှိပုံမပေါ်ချေ။
"ဒီမြှားထဲမှာရှိနေတဲ့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေက တကယ်တော့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမဟုတ်ဘူး...ရှေးဟောင်းခေတ်ကာလအချိန်အတွင်းမှာ လီကွမ်းက ဒီမြှားနဲ့အတူ စစ်နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့တယ်...သူက ဒီမြှားမှာရှိတဲ့စိတ်ဆန္ဒကို မှီခိုအားထားခဲ့တယ်...သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ မဟုတ်ဘူး... မင်းက ဒီအရာအားလုံးကို အချည်းနှီးဖြစ်သွားစေခဲ့တယ်..ဒီလိုမျိုး မသေမျိုးအဆင့်မှော်လက်နက်တစ်ခုက မင်းရဲ့လက်ထဲကို ရောက်သွားတဲ့အချိန်မှာ ဖုန်မှုန့်တွေဖုံးလွှမ်းနေတဲ့ ပုလဲတစ်လုံးနဲ့ တူနေတယ်"
လုယွီက သူ၏လက်ကိုမြှောက်ပြီး မြှားကိုဆုပ်ကိုင်လိုက်သည်။သူ၏လက်မှနေ၍ အားလှိုင်းတစ်ရပ် ထုတ်ဖော်အသုံးပြုလိုက်ခြင်းနှင့်အတူ သူ၏လက်မောင်းပေါ်၌ အပြာရောင်သွေးကြောကြီးများ ရုတ်တရက် ထောင်ထလာသည်။ထို့နောက် မြှားပေါ်တွင် ပြင်းထန်သောအားလှိုင်းတစ်ရပ် ရောယှက်သွားပေ၏။
ထို့နောက် လုယွီက သူ၏လက်ကိုမြှောက်ပြီး မြှားကိုပစ်ခတ်လိုက်သည်။
ထိုမြှားသည် ရှည်လျားသောအလင်းတန်းတစ်တန်းအသွင်ပြောင်းလဲကာ ဖန်ကျမ်း၏ခေါင်းကို ထွင်းဖောက်သွားသည်။သူ့၏ခေါင်းသည် ချက်ချင်းပေါက်ကွဲသွားကာ သွေးမြူများက နေရာအနှံအပြားသို့ ပြန့်ကျဲသွားလေ၏။
ဖန်ကျန်းကိုသတ်ဖြတ်ပြီးနောက် လုယွီသည် မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းကာ လေဟာနယ်အတွင်း၌ မတ်တတ်ရပ်လိုက်သည်။သူ့ကိုကြည့်ရသည်မှာ သေမျိုးလောကအတွင်းသို့ ဆင်းသက်လာသော နတ်ဆိုးနတ်ဘုရားတစ်ပါးအလားပင်။
"ငါ မင်းတို့ကို အချိန်တစ်နာရီပေးမယ်....အချိန်စေ့တာနဲ့ အနက်ရောင်မိုခံတပ်ထဲမှာ ဆက်ပြီးနေဝံ့တဲ့ ဘယ်သူမဆို သေရမယ်"
Chapter 4405
လုယွီက မိုးကောင်းကင်ယံအတွင်းရှိ မြင့်မားသောနေရာမှနေ၍ အော်ဟစ်လိုက်သည်။ သူ၏အသံသည် အလွန်အမင်းကျယ်လောင်ကာ နတ်ဘုရားတစ်ပါးမှနေ၍ အမိန့်တော်တစ်ခုကို ထုတ်ပြန်ကြေညာလိုက်သည်အလားပင်။
ဤသည်မှာ ပုန်ကန်သူများအားလုံးအတွက် နောက်ဆုံးအသက်ကယ်ကောက်ရိုးတစ်မျှင်ပင်။
ချီစစ်တပ်သည် လုံးလုံးလျားလျား ရှုံးနိမ့်သွားလေပြီ။ထန်စစ်တပ်သည်လည်း ထပ်မံ၍ခုခံကာကွယ်နိုင်ခြင်းမရှိတော့ဘဲ ကစဥ့်ကလျားဖြစ်နေလေ၏။
အချိန်တစ်နာရီသည် အလွန်အမင်းတိုတောင်းပေ၏။ထန်စစ်သားအမြောက်အများသည် လွတ်မြောက်နိုင်ရန်အတွက် အလျှင်အမြန်ရုန်းကန်ကြသည်။သူတို့သည် မှော်လက်နက်များနှင့်အထောက်အပံ့ပစ္စည်းများကို မြေပြင်ပေါ်သို့ပစ်ချပြီး ထိတ်လန့်တကြားဖြင့် ထွက်ပြေးကြတော့သည်။
တိုက်ပွဲကြီးအဆုံးသတ်သွားပြီးနောက် ပုန်းကွယ်နဂါးစစ်တပ်သည် ရန်သူများထံမှ အလွန်များပြားသော စစ်ရေးအထောက်အပံ့ပစ္စည်းများကို သိမ်းပိုက်နိုင်ခဲ့သည်။ထိုအရာများအနက် ထန်အင်ပါယာ၏စိတ်ဝိညာဉ်အမြောက်များလည်း ပါဝင်သည်။ထန်စစ်တပ်သည် ဤအရာများကို ပစ်ခတ်နိုင်ခြင်း မရှိသေးမီမှာပင် ရှုံးနိမ့်သွားခဲ့လေ၏။
"အရှင် မင်းက ပြိုင်ဘက်ကင်းတစ်ယောက်ပဲ"
လက်ထောက်တပ်မှူးသည် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်တစ်စုနှင့်အတူ လုယွီထံသို့ လျှောက်လှမ်းလာသည်။အုပ်ချုပ်ရေးရုံးတော်တစ်ခုလုံး ဗလာဟင်းလေးဖြစ်နေကာ လုယွီတစ်ယောက်တည်းသာ ကျန်တော့သည်ကိုမြင်တွေ့ချိန်၌ သူ့၏မျက်နှာပေါ်တွင် လေးစားကြည်ညိုမှုအရိပ်အရောင်များ ဖြတ်ပြေးသွားသည်။
သူတို့အတွက် ဤသည်မှာ ဒဏ္ဍာရီတစ်ခုအလားပင်။
အနက်ရောင်မိုခံတပ်သည် မည်ကဲ့သို့ တည်ရှိမှုကြီးဖြစ်သည်ကို သူတို့အားလုံး ကောင်းစွာသိရှိပေ၏။
သို့ရာတွင် လုယွီ၏တိုက်ခိုက်မှုကြောင့် ထန်စစ်တပ်သည် အချိန်တခဏအတွင်းမှာပင် ရှုံးနိမ့်သွားခဲ့သည်။ထိုကြောင့် ပုန်းကွယ်နဂါးစစ်တပ်သည် အနက်ရောင်မိုခံတပ်ကို လုံးလုံးလျားလျား လွှဲပြောင်းယူနိုင်ခဲ့သည်။
ဤသည်မှာ ယခင်က သူတို့ အိပ်မက်ပင်မမက်ခဲ့ဘူးသော ကိစ္စတစ်ခုပင်။
လုယွီ၏မျက်နှာအမူအယာကို ကြည့်ခြင်းအားဖြင့် သူ့ထံ၌ ဒဏ်ရာများစွာ ရရှိထားပုံမရချေ။ သူ၏ရင်ဘတ်၌ သွေးစို့ရာအပေါက်တစ်ခု ရှိနေသော်လည်း သွေးထွက်ခြင်း ရပ်တန့်သွားလေပြီ။
"အရှင် ဒဏ်ရာရထားတာလား"
လက်ထောက်တပ်မှူးက ဂရုတစိုက်မေးမြန်းသည်။
"ပြဿနာမရှိဘူး...ဒါက အသေးအမွှားဒဏ်ရာလေးပဲ"
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
လီကွမ်၏မြှားသည်အစွမ်းထက်သော်လည်း ထန်အင်ပါယာ၏အမတ်ကြီးသည် မြှား၏စွမ်းအားကို အပြည့်အဝထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိချေ။ထိုကြောင့် မြှားသည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ထွင်းဖောက်သွားသော်လည်း သူ့အား ဒဏ်ရာကြီးကြီးမားမား ရရှိစေနိုင်ခြင်းမရှိချေ။
မသေမျိုးအဆင့်မှော်လက်နက်များသည် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ အစွမ်းထက်ဆုံး သတ်ဖြတ်ခြင်းမှော်လက်နက်များအနက်မှတစ်ခုပင်။
မသေမျိုးအဆင့်မှော်လက်နက်ကို တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် အခြေခံအားဖြင့် မိုးနှင့်မြေကိုဖျက်ဆီးရန် လုံလောက်သောစွမ်းအားမျိုး ပါရှိသည်။ဤလက်နက်ဖြင့် ရင်ဆိုင်ရပါက တာအိုသခင်တစ်ယောက်ပင်လျှင် အသက်အန္တရာယ်ရှိနိုင်သည်။သို့ရာတွင် ဤကဲ့သို့ မှော်လက်နက်တစ်ခုကို မည်သူ အသုံးပြုသည်ဟူသော ကိစ္စပေါ်တွင်လည်း မူတည်သည်။ကလေးတစ်ယောက်သည် ပြိုင်ဘက်ကင်းဓားတစ်လက်ကို အသုံးပြုနေသည့်တိုင် လူငယ်တစ်ယောက်၏ပြိုင်ဘက် မဖြစ်နိုင်သည့်အလားပင်။
သိုင်းပညာအင်မော်တယ်များသည် 'မဖျက်ဆီးနိုင်သော ရွှေခန္ဓာကိုယ်'ပိုင်ရှင်များအဖြစ် နာမည်ကျော်ကြားသည်။သူတို့သည် ပြင်ပဒဏ်ရာများကို ရရှိထားလျှင်ပင် အချိန်တိုအတွင်း၌ အလျှင်အမြန်ပျောက်ကင်းသွားပေမည်။
"ငါက မင်းတို့ရဲ့တပ်မှူးကို ကယ်တင်ပြီးပြီ...ဒါပေမယ့် သူက ဒဏ်ရာအပြင်းအထန်ရထားကြောင့် အနားယူဖို့ လိုအပ်နေတယ်...ဒီအချိန်အတောအတွင်းမှာ မင်းက နံပါတ်လေးတပ်ရင်းကို ယာယီအုပ်ချုပ်ထားရမယ်"
လုယွီက လက်ထောက်တပ်မှူးကို ကြည့်ပြီးပြောဆိုသည်။
လက်ထောက်တပ်မှူးသည် မြေပြင်ပေါ်၌ ဒူးထောက်ကာ ပြောဆိုလေ၏။
"ဒီငယ်သား အောင်းလော့ရှင်းက အမိန့်ကိုနာခံပါ့မယ်"
ထိုနာမည်ကိုကြားချိန်၌ လုယွီသည် အချိန်တစ်ခဏကြာခန့် ကြက်သေသေသွားလေ၏။
လုယွီသည် ယခုလက်ရှိချိန်၌ အောင်းကွမ်းသည် မည်သည်ကြောင့် ယာယီတပ်မှူးနေရာအတွက် စာရွက်ပေါ်တွင် စကားပြောဆိုရန်ကိုသာသိသော လူတစ်ယောက်အား စစ်ရေးအကြံပေးအဖြစ် ရွေးချယ်ခဲ့သည်ကို နားလည်သဘောပေါက်သွားသည်။
အစစ်အမှန်နဂါးမျိုးနွယ်၏မျိုးရိုးနာမည်သည် 'အောင်း'ပင်။
လက်ထောက်တပ်မှူးသည် အသူရာနဂါးတစ်ကောင်ဖြစ်ကာ အောင်းကွမ်းနှင့်မျိုးနွယ်ခြင်းတူညီသည်။အောင်းကွမ်းသည် သာမန်အားဖြင့် လက်ထောက်တပ်မှူးအား ခေါ်ဆိုချိန်တွင် မျိုးရိုးနာမည်ကို အသုံးပြုမည်မဟုတ်ချေ။
တစ်စုံတစ်ယောက်သည် အောင်းကွမ်း၏အမိန့်ကို လက်ခံရရှိချိန်၌ 'လော့ရှင်း'ဟူသော အမည်ကိုမြင်တွေ့ချိန်တွင် လူမှားသွားကာ မောက်မာထောင်လွှားသော ကျောင်းတော်သားတစ်ယောက်ကို ယာယီတပ်မှူးအဖြစ် လက်ခံလိုက်ခြင်းဖြစ်ပေမည်။
လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။
"ပြီးခဲ့တာတွေကို ထားလိုက်တော့...ငါက မြို့ထဲမှာ ဝင်္ကပါတစ်ခုကို ခင်းကျင်းမယ်...ငါတို့စစ်တပ်ရဲ့လက်အောက်ကို မြို့တစ်မြို့လုံး အချိန်တိုအတွင်းမှာ ရောက်လာအောင် ငါ မင်းကို ဆောင်ရွက်စေချင်တယ်"
"ဒီလက်အောက်ငယ်သားက အမိန့်ကို နာခံပါ့မယ်"
လက်ထောက်တပ်မှူးသည် အလွန်အမင်းစိတ်လှုပ်ရှားနေပေ၏။ဤသည်မှာ လုယွီသည် မြို့ကိုစီမံအုပ်ချုပ်မည်ဟူသော အဓိပ္ပာယ်ပင်။
အတိတ်တွင် အနက်ရောင်မိုခံတပ်သည် တာယွီတော်ဝင်နန်းတွင်း၏အပိုင် ဖြစ်ပေ၏။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ဤကြီးမားသောစစ်တပ်မြို့ကြီးတစ်မြို့သည် လုယွီ၏ပိုင်ဆိုင်မှုအောက်သို့ ရောက်ရှိသွားလေပြီ။
လုယွီသည် အနက်ရောင်မိုခံတပ်အတွင်း၌ ဝင်္ကပါကြီးတစ်ခုကို ခင်းကျင်းပြီးနောက် ထွက်ခွာသွားတော့သည်။
သူသည် လက်ထောက်တပ်မှူးမှတဆင့် ချီဘုရင်ကျိုးထုံသည် မူလက အောက်ဘုံအတွင်း၌ရှိနေသော လုမိသားစုဝင်များကို တိုက်ခိုက်လိုခဲ့ကြောင်း ကြားသိခဲ့ရသည်။သို့ရာတွင် လုမိသားစုဝင်များကို ဖေးထျန်ကွမ်းမှ ကြိုတင်၍ခေါ်ဆောင်ထားနိုင်ခဲ့သည်။
လုယွီသည် ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာခဲ့သဖြင့် သူ၏မိသားစုနှင့် မတွေ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
"အခုက ငါရဲ့အဖေ အမေနဲ့ အစ်မတို့ကို ပြန်တွေ့ဖို့အချိန်ကျပြီ"
လုယွီသည် ရုတ်တရက် သူ၏စိတ်နှလုံးသား ပူနွေးလာသည်ကို ခံစားမိကာ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ထံဦးတည်၍ အလျှင်အမြန်ပျံသန်းခဲ့တော့သည်။
Thank For Reading.