← Chapters

🍼 Chapter 50 🍼 The Clever Qingqing

Vol. 6 Ch. 50

🍼 Chapter 50 🍼 The Clever Qingqing

Vol. 6 Ch. 50

ရင်းနှီးနေကျဖြစ်သော ကား၏တုန်ခါမှု၊ ကျဉ်းမြောင်းလှသော နေရာလပ်၊ ပြီးတော့ နောက်ဆုံးမှာတော့...

မဟုတ်သေးပါ။ အရင်တစ်ခေါက်တုန်းက ချင်ချင်လေးသည် ယခုကဲ့သို့ လက်ခြေအချည်ခံထားရခြင်းမျိုးမရှိခဲ့ဖူးပါ။ သို့သော် ဤတစ်ကြိမ်တွင်မူ သူမသည် တစ်ကိုယ်လုံးကို တင်းတင်းကြပ်ကြပ် အချည်ခံထားရပြီး မြေပြင်ပေါ်၌ ပိုးကောင်လေးတစ် ကောင်ကဲ့သို့သာ လူးလွန့်နိုင်ရှာတော့သည်။

ပါးစပ်ထဲသို့လည်း အဝတ်စတစ်ခုကို အတင်းအဓမ္မ ထိုးထည့်ခံထားရသဖြင့် သူ စကားမပြောနိုင်တော့ပေ။ ထိတ်လန့်မှုကြောင့် ဝိုင်းစက်နေသော သူ့မျက်လုံးအစုံသည် ဗင်ကားထဲရှိ အရပ်ရှည်ရှည် ဗလတောင့်တောင့် ပြန်ပေးဆွဲသမားများကို ကြည့်ရင်း ကြောက်ရွံ့တုန်ယင်နေမိသည်။

ဗင်ကားပေါ်သို့ ရောက်ရှိသွားချိန်မှ ချင်ချင်လေး သတိထားမိသည်မှာ အချည်ခံထားရသူမှာ သူမတစ်ယောက်တည်း မဟုတ်ခြင်း ပင်။ ဟန်ဟန်၊ ဆရာမဟွားထန်နှင့် ဦးဦးအားပုတို့လည်း ကားပေါ်ပါလာကြသည်။ ဦးဦးအားတသည် သတိလစ်ကာ လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေပြီး၊ ဆရာမ ဟွားထန်ကမူ သူမ၏အားနည်းလှသော ခန္ဓာကိုယ်လေးဖြင့် ဘာကိုမျှမကာကွယ်ပေးနိုင်မှန်း သိလျက် နှင့်ပင် ကြောက်လန့်နေသော ချင်ချင်လေးနှင့် ဟန်ဟန်တို့ကိုအနောက်၌ ကွယ်ပေးနိုင်ရန် ခန္ဓာကိုယ်ကို ဟိုဘက်ဒီဘက်ရွှေ့ရင်း အတတ်နိုင်ဆုံး ကြိုးစားနေရှာသည်။

ဗင်ကားနောက်ခန်း၌ ထိုင်နေသော ပြန်ပေးဆွဲသမားတစ်ယောက်သည် ဟွားထန်၏အချည်းနှီးသော ရုန်းကန်မှုကို ကြည့်ကာ အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။

"လာ ကာမနေနဲ့စမ်း! နင့်ကိုယ် နင် အရေးကြီးတဲ့သူလို့ ထင်နေတာလား"

သူတို့၏ပစ်မှတ်မှာ ဤကလေးနှစ်ယောက်သာ။ တိတိကျကျ ပြောရလျှင် သူတို့မိသားစုများထံမှ ရရှိနိုင်မည့် ကြီးမားသောပြန်ပေး ငွေကိုသာ လိုချင်ကြခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ ငွေကြေးမရှိသော လူကြီးနှစ်ယောက်ကိုမူ သူတို့ လုံးဝ စိတ်မဝင်စားကြပေ။

"အင့်... အင့်..."

ဟန်ဟန်သည် ကြောက်လန့်တကြား ရှိုက်ကြီးတငင် ငိုကြွေးနေပြီး၊ သူ့ ကိုယ်လေးကို ချင်ချင်လေးအနားသို့ တဖြည်းဖြည်း တိုးကပ်လာရင်း အားကိုးရာရှာနေရှာသည်။ ချင်ချင်လေးသည် ဟန်ဟန် သူ့အပေါ် အားကိုးနေသည်ကို သိရှိသွားသည့်အခါ သူကိုယ်တိုင်လည်း ကြောက်ရွံ့မှုများကိုဖယ်ရှားကာ တဖြည်းဖြည်းပြန်လည်တည်ငြိမ်လာခဲ့သည်။

ကံကောင်းသည်မှာ သူ့လက်လေးများကို အနောက်ဘက်၌ ချည်ထားခြင်းကြောင့် ပြန်ပေးဆွဲသမားများက သူမ လှုပ်ရှားမှုကို မမြင်ရခြင်းပင်။ ဤအခြေအနေကို အခွင့်ကောင်းယူကာ ချင်ချင်လေးသည် သူ့လက်ကောက်ဝတ်ကို သေချာစွာစမ်းကြည့် လိုက်သည်။ နာရီကမူ ရှိနေသေးသည်!

သူ သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။ ကလေးဝတ်နာရီသည် ကစားစရာနှင့် တူနေသောကြောင့်ပင်လား၊ သို့မဟုတ် ချင်ချင်လေး၏ အင်္ကျီလက်ရှည်က ဖုံးကွယ်ထားသောကြောင့်လား မသိရသော်လည်း လူဆိုးများ သတိမထားမိကြပေ။ ဤသည်မှာ အကူအညီ တောင်းခံရန် တစ်ခုတည်းသော မျှော်လင့်ချက်ပင်။ လက်ဖမိုးမှတစ်ဆင့် အောက်ဘက်သို့ စမ်းကြည့်လိုက်ရာ တတိယမြောက် ခလုတ်တစ်ခုကိုတွေ့ရှိလိုက်သည်။

'အရေးပေါ် အချက်ပေးခလုတ်!' (One-click alarm) ခလုတ်ကို နှိပ်လိုက်သည့်ခဏ၌ပင် ချင်ချင်လေးနာရီသည် အသံတိတ်စနစ် သို့ အလိုအလျောက်ပြောင်းလဲသွားသည်။ ဤသည်မှာ အန္တရာယ်ရှိသော အခြေအနေ၌ လူဆိုးများမရိပ်မိစေဘဲ ရဲတပ်ဖွဲ့ကို အချက်ပေး နိုင်ရန်ထည့်သွင်းထားသော ထူးခြားသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ တစ်ချိန်တည်းမှာပင် ချင်ချင်လေး အချက်ပေးခလုတ် နှိပ်လိုက်သည်နှင့် သူ့ တည်နေရာကို ချိတ်ဆက်ထားသော မိသားစုဝင်များအားလုံးနှင့် ရဲစခန်းသို့ ချက်ချင်းပေးပို့လိုက်ပြီ ဖြစ်သည်။

"ချင်ချင်လေးဆီက အချက်ပေးစာရပြီ! သူတို့ မြို့ပြင်ဘက်ကို ထွက်သွားကြပြီ! အမြန်ဆုံး လိုက်ကြစို့!"

လမ်း၌ ရှိနေသော ဖူဟန်တို့အဖွဲ့သည် ဖုန်းများကို အမြဲမပြတ်စောင့်ကြည့်နေသဖြင့် သတင်းတက်လာသည်နှင့် ကားကို ချက်ချင်း လှည့်ကာ GPS ပြသသည့် လမ်းအတိုင်းအရှိန်အဟုန်ဖြင့် မောင်းထွက်သွားကြတော့သည်။

ဖူဟန်တို့ မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို မသိရသော်လည်း ချင်ချင်လေးသည် အချက်ပေးပြီးသည်နှင့် နာရီကို လက်မောင်းအတွင်းဘက်သို့ တိုးဝင်အောင် ပြုလုပ်ကာ မရိပ်မိစေရန် ဖုံးကွယ်ထားလိုက်သည်။ သူမ ဤအရာများကို တိတ်တဆိတ် လုပ်ဆောင်နေခြင်းကြောင့် ဘေးနားရှိ ဟန်ဟန်ပင် သတိမထားမိလိုက်ပေ။ သို့သော် သူ့ သူငယ်ချင်းလေး တည်ငြိမ် နေသည်ကို မြင်ရသောအခါ ဟန်ဟန်လည်း တဖြည်းဖြည်းစိတ်အေးလာရှာသည်။

တစ်မိနစ်... နှစ်မိနစ်... အချိန်များ တရွေ့ရွေ့ ကုန်ဆုံးနေပြီး ကားသည်လည်း လမ်းမပေါ်၌ အရှိန်ဖြင့် ပြေးလွှားနေဆဲပင်။ ချင်ချင် လေး၏ စိုးရိမ်စိတ်များ တိုးလာချိန်၌ ရှေ့ခန်းတွင် ထိုင်နေသော ပြန်ပေးဆွဲသမားတစ်ယောက်ထံ ဖုန်းဝင်လာသည်။ သူ ဖုန်းပြော ပြီးသည်နှင့် ချက်ချင်းလှည့်ကြည့်လိုက်ရာ၊ သူ့ ရက်စက်ကြမ်းကြုတ်သော အကြည့်များသည် ချင်ချင်လေးထံ၌ကျရောက်နေတော့ သည်။

ချင်ချင်လေး ရင်များ တဒိတ်ဒိတ်ခုန်သွားရသည်။ လူဆိုးခေါင်းဆောင်သည် ဝုန်းခနဲ ထလာကာ နောက်ခန်းသို့ ကူးလာသဖြင့် ကျန်သော လူဆိုးများပင် အံ့အားသင့်သွားကြသည်။

"ဘာဖြစ်လို့လဲ ဆရာ"

"တစ်ခုခု မှားနေလို့လား"

"မှားတာပေါ့! ဒီကလေးမလေးဆီမှာ GPS ပါနေတယ်!"

ရက်စက်သော ထိုလူသည် ချင်ချင်လေးကိုကာကွယ်ရန် အပြေးအလွှား ကြိုးစားသည့် ဆရာမ ဟွားထန်ကို တွန်းဖယ်လိုက်ပြီး၊ ချင်ချင်လေးကို ကြမ်းတမ်းစွာဆွဲယူကာ သူ့လက်လေးများကို လှန်လှော စစ်ဆေးတော့သည်။

"ဟင် ? ဘာမှမရှိပါလား"

အံ့အားသင့်သွားသော ပြန်ပေးဆွဲသမားသည် မယုံကြည်နိုင်ဘဲ ချင်ချင်လေး၏အင်္ကျီလက်နှစ်ဖက်စလုံးကို အပေါ်အထိ လိပ်တင်ကာ အိတ်ကပ်များကိုပါ အနှံ့အပြား ရှာဖွေသော်လည်း နာရီကိုရှာမတွေ့တော့ပေ။ "ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ" ဟု သူသည် မယုံနိုင်သလို ရေရွတ်နေမိသည်။ ထိုသည်ကို မြင်သောအခါ ကျန်သော လူဆိုးများက "ဆရာ... ဆရာ အလိမ်ခံလိုက်ရတာ မဟုတ်ဘူးလား"

"အေးလေ... အဲဒီကလေးမှာသာ တကယ်လို့ GPS ပါနေရင် ဘယ်သူက သိမှာလဲ ? တို့ကားထဲမှာ တစ်ယောက်ယောက်က သူလျှိုကင်မရာ လာတပ်ထားတာလား”

"ဘယ်ကောက်ကျစ်တဲ့ ကောင်က ဆရာ့ကို ဒီသတင်းအမှားတွေ လာပေးတာလဲ”

...

"မဖြစ်နိုင်တာ!"

ပြန်ပေးဆွဲသမား၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များဖြတ်ပြေးသွားသည်။ သူသည် ချင်ချင်လေး၏ ရုန်းကန်မှုကို ဂရုမစိုက်ဘဲ သူ့ကျောပိုးအိတ်လေးကို အတင်းလုယူကာ ဇစ်ကို ဆွဲဖွင့်ပြီးတစ်အိတ်လုံးကို ဇောက်ထိုးမှောက် ချလိုက်သည်။ အိတ်ထဲရှိပစ္စည်းများသည် မိုးပေါက်များသဖွယ် မြေပြင်ပေါ်သို့ပြန့်ကျဲကျလာတော့သည်။

"အင့်... အင့်..."

ချင်ချင်လေးမှာ ဒေါသကြောင့် မျက်နှာလေးနီမြန်းနေသော်လည်း သူ့ အဖိုးတန်ပစ္စည်းများကို လူဆိုးများက နင်းခြေနေသည်ကို ကြည့်ကာ ဘာမှမတတ်နိုင်ဘဲ ရင်ထုမနာဖြစ်နေရရှာသည်။

"ဟေ့ကောင်... လာကူရှာစမ်း!"

သူသည် နောက်လိုက်တစ်ယောက်ကို လှမ်းခေါ်ကာ ချင်ချင်လေး၏ပစ္စည်းများကို တစ်ခုချင်းစီ သေချာစစ်ဆေးကြသည်။ မုန့်များနှင့် အချိုရည်များကိုမူ သူတို့ စိတ်မဝင်စားကြပေ။ တစ်ရှူးဘူးနှင့် ဦးထုပ်လေးမှာမူ ရှုပ်ယှက်ခတ်နေသည့်ကြားတွင် လွှင့်ပစ်ခြင်း၊ နင်းခြေခြင်းခံလိုက်ရသည်။ ငွေသားများကိုမူ လူဆိုးများက ချက်ချင်းအိတ်ထဲ ကောက်ထည့်လိုက်ကြတော့သည်။

ငရုတ်ကောင်းစပရေးနှင့် လျှပ်စစ်သေနတ်များကို တွေ့လိုက်ရသည့်အခါ အနည်းငယ် အံ့သြသွားသော်လည်း သူတို့အတွက်တော့ အရေးမပါလှပေ။

"ဆရာ... တကယ် ဘာမှမရှိဘူးဗျ”

ဝိုင်းရှာပေးနေသော နောက်လိုက်မှာ သူ့ဆရာ ဘာကို ရှာနေမှန်း မသိဘဲ ဇဝေဇဝါဖြစ်နေရရှာသည်။

ပြန်ပေးဆွဲသမားခေါင်းဆောင်မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တင်းမာနေသည်။ နောက်ဆုံးတွင် သူက ကျန်သည့်သူ သုံးယောက်လုံးကိုပါရှာဖွေရန်နှင့် တွေ့သမျှ ပစ္စည်းအားလုံးကို ကားပြတင်းပေါက်မှ အပြင်သို့ လွှင့်ပစ်ရန် အမိန့်ပေး လိုက်တော့သည်။ ရှာမတွေ့လျှင် အကုန်လွှင့်ပစ်လိုက်ခြင်းကသာ အန္တရာယ်ကင်းဆုံးဖြစ်ပေလိမ့်မည်။

ထိုသို့ ရှုပ်ယှက်ခတ်နေသည့်ကြားတွင် ချင်ချင်လေးသည် သူ့ဖိနပ်လေးအား တိတ်တဆိတ်ပြင်ဆင်နေသည်ကို မည်သူမျှ သတိမပြုမိလိုက်ကြပေ။

ဗင်ကားကြီးသည် အဝေးပြေးလမ်းမကြီးအတိုင်း အရှိန်ပြင်းစွာမောင်းနှင်နေဆဲဖြစ်သည်။ ကားနောက်ဖုံးကြား အဟလေးထဲမှ နာရီလက်ပတ်ကြိုးစလေးတစ်ခုမှာ လေထဲတွင် တလွင့်လွင့်နှင့် ထွက်ပေါ်နေတော့သည်။

ရှေ့ခန်းသို့ ပြန်ရောက်သည့်အခါ စိတ်မအေးနိုင်သေးသော ပြန်ပေးဆွဲသမားသည် သူ့ဖုန်းကိုထုတ်ကာ အစောပိုင်းနံပါတ်သို့ ပြန်ခေါ်လိုက်သည်။

"ဟယ်လို... ငါပဲ”

"ဘယ်လိုလဲ... နာရီကို တွေ့ပြီလား”

ပြန်ပေးဆွဲသမားသည် ဖုန်းကို အသံချဲ့စက် (Speaker) မဖွင့်ထားသော်လည်း ကားထဲတွင် တိတ်ဆိတ်နေသဖြင့် တစ်ဖက်မှ ထွက်ပေါ်လာသော အမျိုးသမီးအသံကို အားလုံးကြားနေရသည်။ အီလက်ထရွန်နစ်စနစ်ဖြင့် အသံပြောင်းထားသဖြင့် အနည်းငယ် ဝေဝါးနေသော်လည်း အသက် ၃၀ ကျော် ၄၀ ဝန်းကျင်ခန့်ရှိသော အမျိုးသမီးတစ်ဦး၏အသံဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။

ချင်ချင်လေးသည် ဆံပင်များဖရိုဖရဲဖြစ်ကာ မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားလျက်ခေါင်းငုံ့နေသည်။ သူမသည် ကြောက်လန့် နေသည့်ပုံ ပေါက်နေသော်လည်း အမှန်စင်စစ်တွင်မူ ပြန်ပေးဆွဲသမားနှင့် တစ်ဖက်လူတို့၏စကားပြောသံကို အာရုံစိုက်နားထောင် နေခြင်း ဖြစ်သည်။

"ငါ့ကို နောက်နေတာလား ? ဘာမှ ရှာမတွေ့ဘူး!" ပြန်ပေးဆွဲသမား၏ လေယူလေသိမ်းမှာ စိတ်မရှည်တော့ပေ။

"ဘာမှမရှိဘူး ဟုတ်လား ? မဖြစ်နိုင်တာ!" တစ်ဖက်မှ အမျိုးသမီးမှာ သူထက်ပင် ပိုအံ့အားသင့်သွားပုံရသည်။

"အဲဒီကလေး ဝှက်ထားတာလား ? သေချာပြန်ရှာကြည့်ဦး”

သူမက ခပ်တည်တည်ပင် အမိန့်ပေးနေသဖြင့် ပြန်ပေးဆွဲသမားမှာ ဒေါသထွက်သွားကာ— "နင်က... ငါ မရှာဘူးလို့ ထင်နေတာ လား ? ကျန်တဲ့ သုံးယောက်လုံးကိုပါ အထက်အောက် အနှံ့ရှာပြီးပြီ၊ ဘာမှမရှိဘူး၊ နင် ငါ့ကို လိမ်နေတာလား”

"တခြားလူတွေကိုပါ ဖမ်းလာတာလား ? ပစ်မှတ်က အဲဒီကလေးမလေး တစ်ယောက်တည်းလို့ ပြောထားတယ် မဟုတ်လား”

အမျိုးသမီးအသံမှာ ရုတ်တရက် ကျယ်လောင်သွားပြီး စူးစူးဝါးဝါး အော်ဟစ်သံတစ်ခုထွက်ပေါ်လာသည်။

ပြန်ပေးဆွဲသမားသည် ဖုန်းကို နားမှခွာကာ ကုတ်လိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်— "ငါ့ညီက ပထမတော့ သေချာ မမြင်လိုက်လို့ လူမှားဖမ်းမိတာ၊ ဒါပေမဲ့ ဒီလိုနာမည်ကြီး မူကြိုကျောင်း တက်နိုင်တဲ့ကလေးဆိုတာ ချမ်းသာတဲ့ မိသားစုကပဲ ဖြစ်မှာပေါ့၊ ဒါ အပိုဝင်ငွေရတာပဲလေ၊ ဘာတွေ အလန့်တကြားဖြစ်နေတာလဲ ? ကျန်တဲ့ နှစ်ယောက်ကတော့ သူတို့ဘာသာ သူတို့ တို့ဆီ ရောက်လာတာဆိုတော့ အကုန်လုံးသိမ်းကျုံးခေါ်လာလိုက်တာ”

သူ့ နောက်လိုက်က အဓိကပစ်မှတ်အား မည်သို့ခေါ်လာနိုင်သည်၊ သက်တော်စောင့်ကရော ဘယ်ကမှန်းမသိသော ဆေးဖြင့် ဘယ်လိုသတိလစ်သွားမှန်း သူကိုယ်တိုင်လည်း သေချာမသိသော်လည်း...

သူ့အတွေးများ ခဏတာရပ်တန့်သွားသည်။ ပြန်ပေးဆွဲသမားသည် တစ်ခုခုမှားနေပြီဟု ရိပ်မိသွားကာ မျက်လုံးများကို ရက်စက်စွာ မှေးလိုက်ပြီး— "နင်... ငါ့ကို တကယ် လိမ်နေတာတော့ မဟုတ်ပါဘူးနော်?"

"ဒီကလေးက နင်တို့ယောက်ျားရဲ့ အချစ်ဆုံး တရားမဝင်သမီးလေးမို့ အလိုလိုက်ခံထားရတာဆိုတာရယ်၊ ငါတို့ကို သင်ခန်းစာ ပေးခိုင်းတာရယ်၊ အကောင်းဆုံးကတော့ ဒုက္ခိတဖြစ်အောင် လုပ်ပြီး နင့်ယောက်ျားဆီက ငွေညှစ်ချင်တာဆိုတာရယ်... ဒါတွေ အားလုံးက နင် ငါ့ကို လိမ်နေတာ မဟုတ်လား”

ပြန်ပေးဆွဲသမား၏လေယူလေသိမ်းမှာ တစ်စထက်တစ်စ ပိုမိုပြင်းထန်လာပြီး နောက်ဆုံးတွင် ဒေါသတကြီး ဟောက်လိုက်ပါ တော့သည်။

"နင်... နင် ငါ့ကို သေတွင်းထဲ ပို့ဖို့ ကြိုးစားနေတာပဲ! ဖာသည်မ!"

သူကိုယ်တိုင်မှာ လူကောင်းတစ်ယောက်မဟုတ်သော်လည်း အချို့သောသူများ၏သားသမီးများကိုမူ လုံးဝ လုံးဝ သွားရောက် မထိပါးအပ်ကြောင်း သူ ကောင်းကောင်းသိသည်။ ယခုမူ သူသည် လှည့်ဖြားခြင်းခံရပြီး ကြီးမားသော ပြဿနာတစ်ခုအတွင်းသို့ ကိုယ်တိုင်တိုးဝင်မိသွားပြီဖြစ်ကြောင်း ရိပ်မိသွားသည်။

"ကားရပ်စမ်း!"

တောလမ်းမှလွတ်မြောက်လာစပြုနေသော ဗင်ကားကြီးမှာ ဘရိတ်အုပ်သံ အကျယ်ကြီးနှင့်အတူ ရုတ်တရက်ရပ်တန့်သွားသည်။ ထို့နောက်တွင်မူ လူကြီးနှစ်ဦးနှင့် ကလေးနှစ်ဦး— စုစုပေါင်း လူလေးဦးကို အမှိုက်များသဖွယ် ကားပေါ်မှကန်ချပစ်လိုက်ကြသည်။ ပြီးသည်နှင့် ဗင်ကားကြီးမှာ မျက်စိတစ်မှိတ်အတွင်း အရှိန်ပြင်းစွာ မောင်းထွက်ပြီး ပျောက်ကွယ်သွားတော့သည်။

ချင်ချင်လေး မျက်မှောင်ကိုတင်းတင်းကြုတ်ထားမိသည်။ ကားပေါ်မှ အပစ်ချခံရသည့် အရှိန်မှာ အတော်လေးပြင်းထန်လှသည်။

ကံကောင်းသည်မှာ သူမသည် ဦးဦးအားတကိုယ်ပေါ်သို့ ကျသွားသဖြင့် ပြင်းပြင်းထန်ထန်ဒဏ်ရာမရခဲ့ခြင်းပင်။ သို့သော် ဦးဦးအားတခန္ဓာကိုယ်မှာ အလွန်မာကျောလှသဖြင့် ချင်ချင်လေး ပုခုံးမှာ ဆောင့်မိသည့်ဒဏ်ကြောင့် အတော်ပင် နာကျင်နေရှာ သည်။

ဟန်ဟန်မှာမူ ပြင်းထန်သော ဒဏ်ရာရပုံမပေါ်ဘဲ တင်ပါးဖြင့် အရင်ကျခဲ့သော်လည်း အလွန်အမင်း ထိတ်လန့်နေပုံရသည်။ သူ့ ပါးစပ်ထဲမှ အဝတ်စကို ကိုက်လျက် တရှုံ့ရှုံ့နှင့် ကြေကွဲစွာငိုနေတော့သည်။

"အင့်... ဟင့်..." ချင်ချင်လေးနှင့် နှိုင်းယှဉ်လျှင် ဆရာမ ဟွားထန်၏ အခြေအနေမှာ ပို၍ ဆိုးရွားလှသည်။ သူမသည် ကျောက်ခဲပုံ ပေါ်သို့ တိုက်ရိုက်ကျသွားခဲ့သဖြင့် ဒူးနှင့် လက်မောင်းများတွင် ဖုန်မှုန့်များနှင့် ရောနှောနေသောသွေးများမှာ အရှိန်အဟုန်ဖြင့် စီးကျနေသည်။

သို့သော်လည်း သူမသည် သူ့ ကိုယ်ပေါ်ရှိ ကြိုးများကို ရုန်းကန်ဖြတ်တောက်နိုင်ရန် အစွမ်းကုန် ကြိုးစားနေရှာသည်။ သူတို့သည် လူသူကင်းမဲ့သော နေရာတစ်ခုတွင် လက်ခြေများအချည်ခံထားရပြီး ပါးစပ်၌လည်း အဝတ်များ အထိုးခံထားရသဖြင့် အကူအညီ တောင်းရန်မဖြစ်နိုင်ချေ။ ဤအခြေအနေသည် အလွန်အန္တရာယ်များလှပြီး အထူးသဖြင့် ကလေးငယ်နှစ်ဦးအတွက် ပိုစိုးရိမ်စရာ ကောင်းလှသည်။

ကံမကောင်းစွာဖြင့် ဗလတောင့်တောင့် သက်တော်စောင့်ကြီးမှာ သတိမရသေးပေ။ အကယ်၍ သူသာ သတိရလာပါက သူတို့ သုံးဦးထက်ပိုအကူအညီဖြစ်ပေလိမ့်မည်။

လူ့ဆန္ဒဆိုသည်မှာ တစ်ခါတစ်ရံ တကယ်ပင် အစွမ်းထက်လှသည်။ ဟွားထန်က အာဒါတစ်ယောက် သတိရလာပါစေဟု ဆုတောင်းနေစဉ်မှာပင် သူ တကယ်သတိရလာခဲ့သည်။

သူ၏တင်းတင်းပိတ်ထားသော၊ အေးစက်စူးရှသော မျက်ဝန်းအစုံမှာ ချက်ချင်းပင် ပွင့်လာသည်။ ခဏတာ ဝေခွဲမရဖြစ်သွားသော် လည်း သူ့ အာရုံများမှာ တစ်စက္ကန့်အတွင်း ပြန်လည်ကြည်လင်လာခဲ့သည်။ သူ့ ကိုယ်ပေါ်ရှိ အလေးချိန်ကို ခံစားမိသည့်အခါ အာတ ကိုယ်မှာတောင့်တင်းသွားသော်လည်း၊ ဖိထားသူမှာ မည်သူဖြစ်ကြောင်း မြင်လိုက်ရသည့်အခါမှ စိတ်လျှော့လိုက်တော့ သည်။

"အင့်..." မမလေး ချင်ချင်

သူ့ပါးစပ်တွင်လည်း အဝတ်စအထိုးခံထားရသဖြင့် စကားပြော၍မရသော်လည်း ၎င်းမှာ ပြဿနာမဟုတ်ပေ။ သူသည် ပါးစပ်ကို အစွမ်းကုန် ဟလိုက်ရာမှတစ်ဆင့် ပါးစပ်ထဲမှ အဝတ်စကို အမြှောင်းလေးဖြစ်အောင် ဖိသိပ်လိုက်ပြီးနောက် အခက်အခဲများစွာဖြင့် စကားပြောနိုင်ရန် ကြိုးစားလိုက်သည်။

"မမလေး ချင်ချင်... ဘာမှမဖြစ်ဘူးမလား ?"

သူ့အသံမှာ အဝတ်စကြောင့် အက်ကွဲနေသော်လည်း ချင်ချင်လေး နားလည်သည်။

"အင်း..." ချင်ချင်လေးက ခေါင်းယမ်းပြလိုက်ပြီးနောက်၊ သူ့ခြေထောက်ကို အားတ မြင်နိုင်ရန်မြှောက်ပြလိုက်သည်။

"ဖိနပ်ထဲမှာ ဘာရှိလို့လဲ?"

အာဒါသည် ချင်ချင်လေး၏သက်တော်စောင့်အဖြစ် လအတော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရာ သူလေး၏ ဆိုလိုရင်းကို ချက်ချင်းရိပ်မိသွားသည်။

"ခဏလေးစောင့်ပါ မမလေး... ကျွန်တော် မမလေးရဲ့ ပါးစပ်က အဝတ်စကို အရင်ဖြုတ်ပေးပါ့မယ်”

ပြန်ပေးဆွဲသမားများသည် အတွေ့အကြုံရှိသူများဖြစ်ရာ ၎င်းတို့၏ကြိုးချည်နည်းမှာ အလွန်ထူးခြားလှသည်။ အထူး လွတ်မြောက် ရေးလေ့ကျင့်ခန်းများ သင်ယူထားသော အားတပင်လျှင် ကြိုးများကို ရုန်း၍မရနိုင်ပေ။ သို့သော် ပါးစပ်မှအဝတ်စကို ဖြေရှင်းရန် နည်းလမ်းရှိသည်။

အဝတ်စကို ကိုက်ထားခြင်းဖြင့် ပါးစပ်လှုပ်ရှားရန် နေရာရလာသောအခါ အာတမှ ချင်ချင်လေးအား ငြိမ်ငြိမ်နေရန်အချက်ပြ လိုက်သည်။ ထို့နောက် သူသည် ရှေ့သို့ ကိုင်းညွတ်လိုက်ပြီး ချင်ချင်လေးခေါင်းနောက်ဘက်ရှိ ကြိုးထုံးအား သွားဖြင့်ကိုက်ကာ အကြိမ်အနည်းငယ် ဆွဲလိုက်ရာ ချင်ချင်လေး ပါးစပ်မှ အဝတ်စမှာပြုတ်ထွက်သွားတော့သည်။

All Chapters