← Chapters

🍼 Chapter 54

Vol. 6 Ch. 54

🍼 Chapter 54

Vol. 6 Ch. 54

“မှောင်တော့မယ်၊ ငါ့အိမ်က ဒီနားတင်ပဲ၊ စစ်ကျင်း၊ ညစာ လာစားပါလား? မင်းရဲ့ မရီးကို ဟင်းကောင်းကောင်းလေးတွေ ပြင်ခိုင်းလိုက်မယ်လေ”

သူတို့နှစ်ဦးကြားက စကားဝိုင်းသည် အကွာအဝေးကို လျင်မြန်စွာ ကျဉ်းမြောင်းပေးလိုက်ပြီး ယခုအခါ ဒါရိုက် တာကောင်းမှ ဖူစစ်ကျင်းအား နာမည်ရင်းဖြင့်ပင် ရင်းနှီးစွာ ခေါ်ဝေါ်နေပြီဖြစ်သည်။

“ဒါ…”

ဖူစစ်ကျင်းသည် ချင်ချင်ထံ တစ်ချက်ကြည့်ကာ တုံ့ဆိုင်းနေမိသည်။ အသစ်စက်စက် သူငယ်ချင်းလေး နှစ်ယောက်မှာ လက်ချင်းချိတ်ကာ ပျော်ရွှင်စွာလမ်းလျှောက်နေကြပြီး ချက်ချင်းမခွဲချင်ကြသေးသည်မှာ သိသာလှသည်။

“ဒါဆိုရင်တော့ အားနာနာနဲ့ပဲ အနှောင့်အယှက် ပေးရတော့မှာပေါ့”

“ဟားဟားဟား... အနှောင့်အယှက် မဟုတ်ပါဘူး၊ မင်း လာတာ ငါ့အတွက် ဂုဏ်ယူစရာပဲ!”

ဒါရိုက်တာကောင်းက ဖူစစ်ကျင်းပုခုံးကို ပုတ်ကာ ရယ်မောရင်း သူ့အိမ်သို့ တိုက်ရိုက် ခေါ်ဆောင်သွားသည်။

သူ့အိမ်မှာ ကော်ဖီဆိုင်နှင့် တကယ်နီးသည်။ လှေကားအတက်အဆင်း လုပ်ရရုံမျှသာ။

နင်နင်ကမူ အိမ်ကို သူ့ဘာသာ အလွယ်တကူပြေးသွားနိုင်သည်။

“ညီမလေး၊ လာ၊ ငါတို့အိမ်မှာ ကစားဖို့လိုက်ခဲ့”

နင်နင် ချင်ချင့်လက်ကလေးကို ဆွဲကာ လူကြီးနှစ်ယောက်ကို ထားရစ်ခဲ့ပြီး ရှေ့မှ ပြေးထွက်သွားသည်။

"ကျဲကျဲ... ဖြည်းဖြည်း... ဖြည်းဖြည်းသွားပါ"

ချင်ချင့် ခြေထောက်လေးများမှာ တိုပြီး နင်နင်လောက်လည်း သွက်လက်မှုမရှိသဖြင့် အသက်ရှူရှိုက်ရသည်မှာ ပြင်းထန်နေတော့သည်။

"ညီမလေး၊ မြန်မြန်လုပ်!"

နင်နင် တိုက်တွန်းသော်လည်း၊ သူမသည် ရပ်တန့်ကာ ချင်ချင် အမောဖြေနိုင်အောင် စောင့်ပေးပြီးမှ ဆက်သွားသည်။ ယခုတစ်ခါတွင်မူ သူမသည် ချင်ချင့်ခြေလှမ်းတိုလေးများနှင့် ကိုက်ညီအောင် တမင်ပင် ဖြည်းဖြည်းချင်း လျှောက်ပေးလိုက်သည်။

ဒါရိုက်တာကောင်း၏ မိသားစုမှာ ဓာတ်လှေကားမပါသော ရှေးဟောင်းတိုက်ခန်းတွဲတွင် နေထိုင်ကြသဖြင့် သူတို့သည် လှေကားတစ်ထပ်ချင်းစီကို တက်ခဲ့ကြရသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့က တတိယထပ်မှာသာ နေသဖြင့် လှေကားတက်ရသည်မှာ သိပ်တော့ မပင်ပန်းလှပေ။

"အာ့!"

နင်နင့် နောက်မှ ကပ်လိုက်လာသော ချင်ချင်သည် လှေကားပေါ်ရှိ ခိုင်မာသော 'နံရံ' တစ်ခုကို ရုတ်တရက် ဝင်တိုက်မိရာ၊ ခေါင်းပင် မူးနောက်သွားရသည်။

"ကလေးလေး၊ အဆင်ပြေရဲ့လား ?"

အပေါ်မှ စိုးရိမ်တကြီး မေးသံထွက်ပေါ်လာပြီး သူမ၏ ယိမ်းယိုင်နေသော ပုခုံးလေးကို ထိန်းပေးလိုက်သည်။

သူလေး ကိုယ်လုံးလေးမှာ ဗီဇအရပင် တုန်ရင်သွားပြီး၊ ချင်ချင် တိုးတိုးလေးပြန်ဖြေလိုက်သည်။

"ဟင့်အင်း... သမီး အဆင်ပြေပါတယ်"

သူလေး၏ ချိုသာသော အသံလေးမှာ အနည်းငယ် တုန်ရီနေသည်။

"အဆင်ပြေရင် ပြီးတာပါပဲ"

ချင်ချင် ဝင်တိုက်မိသော ထိုလူမှ ညင်သာစွာပြုံးပြပြီး သူမကိုလွှတ်ပေးကာ လှေကားအတိုင်းဆက်ဆင်းသွားသည်။

သူ လှေကားထစ်များကို တစ်ထပ်ချင်း ဆင်းသွားရင်း၊ နောက်မှကပ်လိုက်လာသော ဖူစစ်ကျင်းတို့ အုပ်စုကို ဘာမှမပြောဘဲ တိတ်တဆိတ်ဖြတ်ကျော်သွားခဲ့သည်။

ဖူစစ်ကျင်း ရုတ်တရက် ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သော်လည်း ဝေးကွာသွားသော ကျောပြင်ကိုသာ မြင်လိုက်ရသည်။

"စစ်ကျင်း ?"

ဖူစစ်ကျင်း၏ မျက်နှာ အနည်းငယ် ဖြူဖျော့သွားသည်ကို မြင်သောအခါ ဒါရိုက်တာကောင်းက စိုးရိမ်တကြီး မေးလိုက်သည်။

"နေမကောင်းလို့လား?"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ လူမှားသွားလို့ပါ"

ဖူစစ်ကျင်း အတင်းပြုံးလိုက်ပြီး ခေါင်းငုံ့ကာ လှေကားပေါ်သို့ အမြန်တက်သွားတော့သည်။

အခြားတစ်ဖက်တွင်မူ ချင်ချင့်လက်ကလေးကို ပြန်လှည့်လာသော နင်နင်က ဆွဲကိုင်လိုက်သည်။ လက်ကလေးမှာ ရေခဲတုံးလိုအေးစက်နေသည်။ နင်နင် စူးစမ်းစွာ မေးလာသည်မှာ "ညီမလေး ချမ်းနေတာလား?"

"ဟင့်အင်း"

ချင်ချင် ခေါင်းလေးကို ခါယမ်းပြပြီး သူ့ဗိုက်ကို ကိုင်လိုက်သည်။

"ဗိုက်ဆာလို့ပါ"

ထိုအချိန်မှာပင် ချင်ချင့် ဗိုက်ထဲမှ အသံကျယ်ကြီးမြည်လာရာ၊ နင်နင်နှင့် ခုလေးတင်ရောက်လာသော ဖူစစ်ကျင်းတို့ အားလုံးရယ်မောလိုက်ကြသည်။

"မရယ်နဲ့"

ကလေးမလေးက အလှောင်ခံရသည်ဟုထင်သဖြင့် စိတ် ကောက်ကာ နှုတ်ခမ်းလေးစူလိုက်သည်။

သူလေး စိတ်ဆိုးနေပြီး၊ သူလေးကို အလွယ်တကူ ချော့၍ မရနိုင်ပေ။

"အို၊ စိတ်ဆိုးနေတုန်းလား?"

ဒါရိုက်တာကောင်း ချင်ချင့်အား ချီလိုက်ပြီး သူမ စိတ် ကျေနပ်အောင် လှုပ်ယမ်းကာလျှောက်သွားရင်း ချော့မြှူလိုက်သည်။

"စိတ်မဆိုးပါနဲ့ ကလေးလေးရယ်၊ အိမ်ရောက်ရင် အန်တီ့ကို 'ရေခဲမုန့်ကြော်' လုပ်ခိုင်းပေးမယ်နော်"

"ရေခဲမုန့်ကို ကြော်လို့ရလို့လား?"

အရည်ပျော်သွားမှာ မဟုတ်ဘူးလား?

ရေခဲမုန့်ကြော်အကြောင်း တစ်ခါမှ မကြားဖူးသော ချင်ချင်က အံ့ဩတကြီးမေးလိုက်သည်။

"ရတာပေါ့! စားလို့ရတဲ့ ဘယ်အရာမဆို ကြော်လို့ရတယ်"

ဒါရိုက်တာကောင်းသည် အကြော်အလှော်ကို အလွန်ဝါသ နာထုံသူ ဖြစ်ပုံရသည်။

အိမ်ရှေ့သို့ ရောက်သောအခါ ဒါရိုက်တာကောင်း တံခါးပင် မခေါက်ရသေးမီ၊ အပြင်ထွက်ရန် တံခါးလာဖွင့်သော မစ်ကောင်းနှင့် ဝင်တိုက်မိတော့သည်။

"ဘာလို့ တံခါးဝမှာ ပိတ်ရပ်နေတာလဲ?"

သူ ဒါရိုက်တာကောင်းအား စိတ်ပျက်သလို တွန်းဖယ်လိုက်သော်လည်း၊ သူ့လက်ထဲရှိ ချစ်စရာလေးကိုမြင်သွားသည့်အခါ မစ်ကောင်းက ရပ်တန့်သွားပြီး အသံကိုရှစ်ဆလောက် မြှင့်ကာအော်လိုက်သည်။

"ကောင်းချုံးကွမ်! ရှင် ကျွန်မကို သတ်ချင်နေတာလား? ဒီကလေးကို ဘယ်က ခိုးလာတာလဲ ? အခုချက်ချင်း ပြန်ပို့လိုက်!"

ဖူစစ်ကျင်း: "..."

ဒါ ကျွန်တော့်ကလေးပါ။

"ငါက ဘယ်လိုလုပ် သူများကလေးခိုးတဲ့ လူဆိုးဖြစ်ရမှာလဲ ? ဒီကလေးက ငါနဲ့အတူ လိုလိုလားလား လိုက်လာတာလည်း ဖြစ်နိုင်တာပဲ မဟုတ်ဖူးလား?"

ကောင်းချုံးကွမ် ဇနီးဖြစ်သူ၏စွပ်စွဲချက်ကြောင့် ဝမ်းနည်း ပက်လက်အော်ပြောလိုက်သည်။ သူ့ဇနီးမှာမူ အလွန်လန့်သွားသဖြင့် ငိုမတတ်ဖြစ်ကာ အော်ဟစ်လိုက်သည်။

"ရှင်... ရှင် ကလေးကိုတောင် ပြန်ပေးဆွဲလာတယ်ပေါ့ !"

ဖူစစ်ကျင်း: "..."

ချင်ချင်: "..."

နင်နင်:"..."

"ဟိုလေ... မေမေ..."

နင်နင် သူ့အမေ အင်္ကျီလက်ကိုဆွဲပြီး သူမဖခင်အတွက် ကူညီရှင်းပြပေးလိုက်သည်။

"ညီမလေးက ဒီဦးဦးရဲ့ကလေးလေ၊ သူတို့က အိမ်ကို အလည်လာကြတာ"

"အာ..."

ဒါရိုက်တာကောင်း၏ဇနီးမှာ ခဏတာ အရှက်ရသွားပြီး ဆွံ့အသွားကာ၊ ရုတ်တရက် စောင်ကိုဆွဲယူပြီး

"အားလုံး အထဲဝင်ပြီး ထိုင်ကြဦးနော်၊ ကျွန်မ အောက်ထပ်ဆင်းပြီး စောင်သွားလှန်းလိုက်ဦးမယ်" ဟု ပြောကာ အလျင်အမြန် ထွက်သွားတော့သည်။

သူမ အမူအရာမှာ တကယ့်ကို အရှက်ပြေထွက်ပြေးသွားသည့် ပုံစံမျိုးပင်။

သူ့နောက်တွင်တော့ ဒါရိုက်တာကောင်း၏ထိန်းမနိုင်သိမ်းမရရယ်မောသံမှာ ဟိန်းထွက်နေပြီး၊ ဒါရိုက်တာကောင်းဇနီးကမူ စိတ်ထဲကနေကြိတ်ပြီး အံကြိတ်နေမိသည်။

ကောင်းချုံးကွမ်... ရှင် ဒီညတော့ ပြန်အိပ်ရဖို့ မစဉ်းစားနဲ့တော့!

ဒါရိုက်တာကောင်း၏နွေးထွေးသော ကြိုဆိုမှုအောက်တွင် ဖူစစ်ကျင်းနှင့် ချင်ချင်တို့သည် တရားဝင် ဧည့်သည်အဖြစ် ရောက်ရှိလာခဲ့ကြသည်။

နင်နင်၏အဖိုးနှင့် အဖွားတို့မှာလည်း အိမ်မှာရှိနေကြသည်။ ဧည့်သည်များ ရောက်လာသည်ကိုမြင်သောအခါ၊ သက် ကြီးရွယ်အို နှစ်ဦးစလုံးက ဧည့်ဝတ်ပြုရန် လက်ဖက်ရည် ဖျော်ခြင်းနှင့် သစ်သီးများတည်ခင်းရန်အတွက် မီးဖိုချောင် သို့သွားရန် ချက်ချင်းထရပ်ကြသည်။

ဖူစစ်ကျင်း သူတို့ကို အမြန်တားလိုက်သည်။

"မလိုပါဘူး ဦးလေးနဲ့ အန်တီရယ်၊ ကျွန်တော်တို့ အခုလို ရောက်လာတာနဲ့တင် တော်တော်လေး အနှောင့်အယှက် ဖြစ်နေပါပြီ၊ လက်ဖက်ရည်ဖျော်ပေးဖို့အထိ ဒုက္ခမပေးပါရစေနဲ့တော့"

"ဧည့်သည်ဆိုတာ ဧည့်သည်ပဲလေ၊ ဧည့်ခံရတာ ဘာဒုက္ခရှိမှာလဲ"

အဖိုးဖြစ်သူက သဘောမတူဘဲ မီးဖိုချောင်ထဲသို့ ဇွတ်ဝင်ရန် ကြိုးစားသဖြင့် ဖူစစ်ကျင်းက ချင်ချင့်ထံ အကြည့်တစ်ချက် အမြန်ပေးလိုက်သည်။

ချင်ချင် နားလည်သွားပြီး ချက်ချင်းပင် ချိုချိုသာသာ ရှေ့တိုးလိုက်ကာ

"မင်္ဂလာပါ အဖိုးနဲ့ အဖွား၊ သမီးနာမည်က ချင်ချင်ပါ၊ ဖူမိသားစုကပါ၊ သမီးက ဒီနှစ်မှာ သုံးနှစ်ရှိပါပြီ"

"အို... ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးလေးက ဘယ်ကနေ ရောက်လာတာလဲ"

အဖွားဖြစ်သူမှာ လိမ္မာပြီးချစ်စရာကောင်းလှသည့် ချင်ချင်လေးကိုမြင်မြင်ချင်း စွဲလန်းသွားရသလို၊ အဖိုးဖြစ်သူမှာလည်း အံ့သြသွားသည်။

သက်ကြီးရွယ်အို နှစ်ဦးစလုံးမှာ ချင်ချင်လေးကို ဝိုင်းအုံပြီး မုန့်တွေ၊ အအေးတွေ ပေးနေကြကာ သူတို့၏မြေးအရင်းကိုပင် လုံးဝအရေးမစိုက်တော့ပေ။

နင်နင်ကတော့ ဂရုမစိုက်ချေ။ သူ့အား ဘယ်သူမှမနှောင့် ယှက်တော့သဖြင့် ဆိုဖာပေါ်တက်ထိုင်ကာ တီဗီကြည့်နေလိုက်ပြီး၊ ဆိုဖာခေါင်းအုံးကြားထဲကနေ ရီမုကိုဆွဲထုတ်ကာ သူမ အကြိုက်ဆုံး ချန်နယ်ကိုပြောင်းလိုက်သည်။

သူမ မကြာသေးမီကမှ "ဝက်ဝံကြီးနှစ်ကောင်" ကားကြည့်ရခြင်းကို သဘောကျနေပြီး၊ နေ့စဉ်အပိုင်းသစ်များ စောင့်ကြည့်နေသူဖြစ်သည်။

ယနေ့ အပြင်သွားနေရသဖြင့် တစ်ပိုင်း လွတ်သွားခဲ့သည်။ ထို့ကြောင့် ခဏနေရင် မေမေ့အားကွန်ပျူတာပေါ်မှာ ပြန်ကြည့်လို့ရအောင် ရှာပေးဖို့ ပူဆာရဦးမည်။

ညစာအတွက် ဟင်းနှစ်ပွဲ ပိုပြင်ပေးဖို့ မိဘတွေကိုပြောပြီးနောက်၊ ဒါရိုက်တာကောင်း ဖူစစ်ကျင်းအား စာကြည့်ခန်းထဲသို့ ဆွဲခေါ်သွားသည်။

၎င်းတို့၏ဆွေးနွေးမှုက မပြီးပြတ်သေးပေ။

ဒါရိုက်တာကောင်း၏မိသားစုက ရှေးဟောင်းပုံစံ ရပ်ကွက်တစ်ခုတွင် နေထိုင်သော်လည်း၊ ယခင်ကမူ ချမ်းသာသော ရပ်ကွက်တစ်ခု ဖြစ်ခဲ့သည်။

ကျဉ်းမြောင်းသော လူသွားလမ်းများနှင့် ဓာတ်လှေကားမရှိတာကို ကြည့်ပြီးအထင်မသေးပါနှင့်။ တံခါးကို ဖွင့်လိုက်သည်နှင့် အိပ်ခန်း ၅ ခန်း၊ ဧည့်ခန်း ၂ ခန်းနှင့် ဥယျာဉ်ပါသည့် လသာဆောင်ကျယ်ကြီးပါဝင်သော အိမ်ကြီးအိမ် ကောင်းကို တွေ့ရမည်ဖြစ်သည်။

သူ့မိသားစုအတွက် အိပ်ခန်း ၃ ခန်းအပြင်၊ ဒါရိုက်တာကောင်းသညါ တစ်ခါတလေ အလည်လာတတ်သည့် ယောက္ခမများအတွက်လည်း ဧည့်ခန်းတစ်ခန်း သီးသန့် ချန်ထားပေးသေးသည်။

ကျန်ရှိသော အခန်းကိုတော့ သူ့စာကြည့်ခန်းအဖြစ် အသုံး ပြုသည်။ အိမ်မှာလုပ်စရာရှိသည့် အလုပ်မှန်သမျှကို အဘယ်ကြောင့် သူ ဒီအခန်းထဲမှာ မလုပ်ဘဲနေမည်နည်း။

ယခုအချိန်တွင် ဖူစစ်ကျင်းသည် သူနှင့်အတူ စာကြည့် တိုက်ခန်းထဲ၌ ဇာတ်ညွှန်းပြင်ဆင်ရန်ဆွေးနွေးနေပြီး၊ ချင်ချင်ကမူ နင်နင့် ဖိတ်ခေါ်မှုကြောင့် လသာဆောင်တွင် သွားကစားနေသည်။

"ညီမလေး ဘတ်စကက်ဘော ကစားတတ်လား"

နင်နင် ဘတ်စကက်ဘောအား ကောက်ကိုင်လိုက်ပြီး နံရံမှာ တပ်ဆင်ထားသည့် ဂိုးတိုင်ကိုညွှန်ပြလိုက်သည်။

ထိုနံရံမှာ ဂိုးတိုင်နှစ်ခုရှိပြီး တစ်ခုကမူမြင့်ကာ တစ်ခုက နိမ့်သည်။ အနိမ့်မှာ နင်နင့်အတွက် သီးသန့် ရည်ရွယ်ပြီး လုပ်ထားတာ ဖြစ်နိုင်သည်။

"မကစားတတ်ဘူး" ချင်ချင် ခေါင်းခါပြလိုက်သည်။

သူမသည် ဘတ်စကက်ဘောကို တစ်ခါမှ မမြင်ဖူးသလို၊ သဘာဝကျကျပင် မည်သို့ကစားရမလဲဆိုတာ မသိပေ။

တကယ်တော့ ဖူမိသားစုရော၊ ကူးမိသားစုပါပုံမှန်လေ့ကျင့် ခန်းလုပ်သည့် အလေ့အကျင့် ရှိကြသော်လည်း၊ သူတို့၏ လေ့ကျင့်ခန်းများမှာ များသောအားဖြင့် အေရိုးဗစ်ပြေးခြင်း သို့မဟုတ် ကြွက်သားသန်မာအောင် လေ့ကျင့်ခြင်းများသာ။

ယောက်ျားလေးများ ဝါသနာပါသည့် ဘောလုံးအားကစားမျိုးဖြစ်သော ဘတ်စကက်ဘောကိုမူ ၎င်းတို့ ကစားလေ့ရှိသည်မျိုးတွေ့ရခဲလှသည်။

"ရပါတယ်၊ ကျဲကျဲ သင်ပေးမယ်"

ချင်ချင်၏ကြောင်တောင်တောင် ဖြစ်နေသည့် မျက်နှာလေးကိုမြင်သောအခါ၊ နင်နင်မှာ ဆရာလုပ်ချင်စိတ်တွေ ချက်ချင်းပေါ်ပေါက်လာရတော့သည်။

"ကြည့်နော်၊ ဒါ ဘောလုံးပုတ်တာလို့ ခေါ်တယ်"

သူမ ဘတ်စကက်ဘောကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး၊ ပြန်ကန်တက်လာသည့်အခါ တိတိကျကျပြန်ပုတ်လိုက်သည်။ ဘောလုံးက ပြန်တက်လာလိုက်၊ ပြန်ကျသွားလိုက်နှင့် ထိုသံသရာအတိုင်း ထပ်ခါတလဲလဲဖြစ်နေသည်။

မကြာမီမှာပင် ဘတ်စကက်ဘောသည် နင်နင့် လက်ထဲတွင် စည်းချက်ကျကျ ခုန်ပေါက်နေပြီး၊ ချင်ချင်လေးမှာ အံ့သြမှင်သက်နေမိသည်။

"မမ တကယ်တော်တာပဲ" သူလေး စိတ်အားထက်သန်စွာဖြင့် လက်ခုပ်တီးပြီးအော်ဟစ်လိုက်သည်။ သူ့ အားကျနေသည့် အမူအရာမှာ နင်နင့်အား အလွန်ကျေနပ်သွားစေသည်။

"လာ၊ ညီမလေး စမ်းကြည့်"

နင်နင် ချင်ချင်ထံ ဘတ်စကက်ဘော ပေးလိုက်ပြီး၊ ဘော လုံး မည်သို့ပုတ်ရမည်အားသင်ပေးရန် ဘေးသို့တိုးပေး လိုက်သည်။

မူလက သူ ချင်ချင်အား ဘောလုံးပုတ်နည်း သင်ပေးချင်ခဲ့သော်လည်း၊ ချင်ချင်မှာ သေးငယ်လွန်းပြီး လက်ကလေးများကလည်း သေးကာ အားအင်မလုံလောက်ပေ။ ထို့ ကြောင့် ဘောလုံးအားပုတ်ရုံနှင့်ပင် သူလေးအတွက် ခက်ခဲနေခဲ့သည်။

"၁၊ ၂၊ ၃..."

ဒါကတော့ ချင်ချင် အားကုန်သုံးပြီး အများဆုံးပုတ်နိုင်ခဲ့သည့် အကြိမ်အရေအတွက်ပင်။

ပထမသုံးကြိမ်အထိကတော့ အဆင်ပြေသော်လည်း၊ ထို့ နောက်တွင်တော့ သူ ချက်ချင်းလက်လျှော့လိုက်တော့ သည်။

ချင်ချင့် အဖြစ်အပျက်ကို ကြည့်ပြီး နင်နင် စိတ်ပျက်သွားကာ

"ရပါပြီ၊ ရပါပြီ၊ ဒါဆိုရင်လည်း တော်ပြီ" ဟု ဆိုလိုက်သည်။

ချင်ချင်ဆီက ဘောလုံးကို ယူလိုက်ပြီးနောက်၊ နင်နင် ဘောလုံးပုတ်ခြင်း၊ ဘောလုံးထိန်းခြင်းနှင့် ခြေလှမ်းသုံးလှမ်းလှမ်းကာ ဂိုးသွင်းခြင်းတို့ကို ကျွမ်းကျင်စွာပြသလိုက်သည်။

"ဝါး— နင်နင်ကျဲက တကယ်တော်တာပဲ!"

ချင်ချင် အော်ဟစ်ကာ ချီးကျူးလိုက်သည်။

အထဲရှိ သက်ကြီးရွယ်အို ဇနီးမောင်နှံသည် အပြင်မှာ ပျော်ပျော်ရွှင်ရွှင်ကစားနေကြသည့် ကလေးငယ် နှစ်ယောက်ကို ကြည့်ပြီးပြုံးနေကြသည်။ သူတို့ကိုယ်တိုင် တစ်လက်မမျှ မလှုပ်ရှားရသော်လည်း၊ ကလေးများနည်းတူ ပျော်ရွှင်မှုကို ခံစားနေရသည်။

ဒီကစားပွဲသည် ညစာစားချိန်အထိ ဆက်ဖြစ်နေခဲ့သည်။

ဒါရိုက်တာကောင်းဇနီးနှင့် သူမ ယောက္ခမဖြစ်သူတို့ ဟင်းချက်ပြီးသွားသောအခါ "ထမင်းစားဖို့ ပြင်ကြတော့!" ဟု လှမ်းအော်လိုက်ကြသည်။

နင်နင် ချင်ချင်အား ချက်ချင်းဆိုသလို ဆွဲခေါ်သွားပြီး၊ သူတို့နောက်တွင်တော့ စာကြည့်တိုက်ခန်းထဲမှ ထွက်လာသည့် ဒါရိုက်တာကောင်းနှင့် ဖူစစ်ကျင်းတို့ လိုက်ပါလာကြသည်။

အဖိုးဖြစ်သူသည် ဟင်းပွဲများတည်ခင်းရန်နှင့် ပန်းကန်၊ ထမင်းစားတူများကိုယူရန် မီးဖိုချောင်ထဲတွင် ကူညီပေးနေပြီဖြစ်သည်။

မိသားစု၏သဟဇာတဖြစ်လှသော အငွေ့အသက်ကြောင့် ချင်ချင်မှာ မှင်သက်သွားရသည်။

သူ့ ရင်ထဲတွင် အားကျစိတ်ကလေး ဖြစ်ပေါ်လာသည်။ သူ့အနေဖြင့် ပုံမှန်မိသားစုတစ်ခု၏အငွေ့အသက်မျိုးကို တစ်ခါမှ မခံစားခဲ့ဖူးသလိုပင်။

"ချင်ချင်၊ အဖိုးကို ပန်းကန်နဲ့ ထမင်းစားတူတွေ ကူယူပေးမလား"

ချင်းချင်း သတိမထားမိခင်မှာပင် ဖူစစ်ကျင်း သူ့နောက်သို့ ရောက်ရှိလာပြီး၊ ထိုင်ချလိုက်ကာ သူမနားနားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။

"...ချင်ချင် ကြောက်တယ်"

ချင်ချင် တွန့်ဆုတ်နေပြီး၊ ရှေ့သို့မသွားရဲဘဲ ကြောက်ရွံ့နေမိသည်။

သူမသည် ထိုကဲ့သို့သဟဇာတဖြစ်နေသော ပတ်ဝန်းကျင်နှင့် မထိုက်တန်သလိုခံစားနေရပြီး၊ အမြဲတမ်း လူစိမ်းတစ်ယောက်လိုဖြစ်နေသည်ဟု ထင်နေမိသည်။

"ရပါတယ်၊ အတူလိုက်ခဲ့ပေးမယ်လေ"

တကယ်တော့ ဖူစစ်ကျင်းလည်း ထိုနည်းလည်းကောင်း ခံစားနေရသည်။ သို့သော် ငယ်ရွယ်သည့် ချင်ချင်လေးအား အားပေးနိုင်ရန်အတွက် သူကိုယ်တိုင်လည်းသတ္တိမွေးရပေမည်။

"...ဟုတ်ကဲ့"

ချင်ချင် ခဏတာ ဝေခွဲမရဖြစ်နေသော်လည်း၊ သူ့ အတွင်းစိတ်ထဲရှိ လိုလားတောင့်တမှုက အနိုင်ရသွားခဲ့သည်။

သူ ဖူစစ်ကျင်း လက်ချောင်းတစ်ချောင်းကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး၊ ၎င်းသည် သူလေးအား အဖိုးဖြစ်သူရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။

"အဖိုး၊ သမီး ထမင်းစားတူတွေ ကူသယ်ပေးရမလားဟင်"

ပန်းကန်လုံးများနှင့် ဇွန်းများကိုကိုင်ရသည်မှာ ခက်ခဲသည်။ ချင်ချင့် လက်ကလေးများက မြဲမြံအောင်ကိုင်ထားနိုင်လောက်အောင် မကြီးမားသလို၊ ပြုတ်ကျရန်လည်း လွယ်ကူသဖြင့် ထမင်းစားတူများကသာ သူမအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

"တော်လိုက်တာ ကလေးလေးရယ်၊ မြေးလေးက တကယ် လိမ္မာလိုက်တာ"

အဖိုးဖြစ်သူ ရယ်မောပြီး ချင်းချင်းအား ထမင်းစားတူနှစ်စုံ ပေးလိုက်သည်။ ချင်ချင် ၎င်းတို့ကို ချက်ချင်းဖမ်းယူလိုက်ပြီး တန်ဖိုးကြီးရတနာများအား သယ်ဆောင်လာရသကဲ့သို့ ထမင်းစားပွဲဆီသို့ သယ်သွားတော့သည်။

All Chapters