← Chapters

အခန်း (၄၄၃၆-၄၄၄၀)

Vol. 225 Ch. 4436-4440

အခန်း (၄၄၃၆-၄၄၄၀)

Vol. 225 Ch. 4436-4440

Chapter 4436

"ငါက သူတို့နဲ့မတူဘူး"

"သူတို့က ဗုဒ္ဓကို ကြည်ညိုလေးစားကြတယ်....ဒါကြောင့် မရေမတွက်နိုင်တဲ့ပညတ်ချက်တွေနဲ့ သူတို့ကိုယ်သူတို့ ထိန်းချုပ်ကန့်သတ်ထားတယ်...ငါက အကြီးအမြတ်ဆုံးလူတစ်ယောက်ဖြစ်တာကြောင့် ဘယ်ဥပဒေသနဲ့မှ ငါ့ကို နှောင်ဖွဲ့မထားနိုင်ဘူး"

လုယွီ၏ကိုယ်ပိုင်တာအိုလမ်းကြောင်း ပေါက်ဖွားလာလေပြီ။

ယခင်က သူ၏ကျင့်ကြံနည်းစနစ်များကို အမတ်ကြီးချွယ်မှ သူ့အား သင်ကြားပေးခဲ့ခြင်းပင်။ အတိတ်ဘဝတွင် သူ၏အမွေအနှစ်သည် သရဲတစ္ဆေဧကရာဇ်၏အမွေအနှစ်ဖြစ်ပြီး ယခုလက်ရှိ သူ၏သိုင်းပညာအင်မော်တယ်ခွန်အားပင်လျှင် သူ့အား လူသားဧကရာဇ်မှ ပေးအပ်ခဲ့ခြင်းပင်။

လုယွီသည် သူ၏ကိုယ်ပိုင်လမ်းကြောင်းအပေါ် လျှောက်လှမ်းနေသော်လည်း သူသည် တခြားလူများ၏နည်းစနစ်များကို အသုံးပြုနေဆဲပင်။

သူ အသုံးပြုသော အင်မော်တယ်မှော်နည်းစနစ်များဖြစ်စေ ရုပ်ခန္ဓာကိုယ်ခွန်အားဖြစ်စေ ထိုအရာများသည် ရှေးဟောင်းခေတ်ကာလအတွင်းမှ အမွေဆက်ခံထားသော ပြိုင်ဘက်ကင်းပြီးအစွမ်းထက်သည့် အရင်းအမြစ်များပင်။ထိုအရာများသည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ ရက်စက်ကြမ်းကြုတ်ကာ သူ့အား ရန်သူများမှ ဟန့်တား၍ မရနိုင်သည်အထိ ဖြစ်စေခဲ့သည်။

သို့ရာတွင် လုယွီ၏အတိတ်ဘဝ၌ သူသည် ကောင်းကင်ဘုံနယ်မြေ၌ နာမည်ကျော်ကြားသော တာအိုသခင်တစ်ယောက် ဖြစ်ခဲ့သူပင်။သူသည် သူ့မျိုးဆက်၏မဟာဆရာသခင်တစ်ယောက်ဖြစ်ခဲ့ကာ ဂိုဏ်းတစ်ဂိုဏ်း၏အချုပ်အနှောင်များမှ ကင်းဝေးစေရန်အတွက် အရည်အချင်းပြည့်မီသည်။

ပြင်ပတွင် အန္တရာယ်များဖြင့် ပြည့်နှက်နေသော်လည်း လုယွီသည် သူ၏စိတ်နှလုံးသားအတွင်း၌ လေးလေးနက်နက်လေ့လာဆင်ခြင်နေကာ တည်ငြိမ်မှုများဖြင့် ပြည့်နှက်နေသည်။

ထိုနောက် လုယွီ၏လက်အတွင်းမှနေ၍ ကြီးမားသော ရွှေရောင်သင်္ကေတအက္ခရာများ ဆက်တိုက်ထွက်ပေါ်လာသည်။ထိုအရာများအတွင်းတွင် အကန့်အသတ်မရှိသော မဟာတာအိုစွမ်းအားများ ကိန်းအောင်းနေကာ တစ်ချက်ကြည့်မိသော မည်သူမဆို မူးဝေမှုကို ခံစားရပေမည်။

"သူနဲ့ပတ်သက်ပြီးတော့ တစ်ခုခုမှားနေတဲ့ပုံပဲ...သူ့ကို အင်အားကုန်တိုက်ခိုက်ပြီးတော့ ဗုဒ္ဓကိုပုတ်ခတ်တဲ့ ငမိုက်သားရဲ့စိတ်ဝိညာဥ်ကို ဖျက်ဆီးလိုက်ကြစမ်း"

ဗုဒ္ဓဘုရားလောင်းတစ်ပါးသည် လုယွီ၏အခြေအနေကို ရှာဖွေတွေ့ရှိသွားသဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

အမှန်အားဖြင့် တခြားဗုဒ္ဓဘုရားလောင်းများသည်လည်း လုယွီကို အခွင့်အရေးမပေးချေ။သူတို့သည် သူတို့၏အစွမ်းထက်ဆုံးဗုဒ္ဓမှော်မန္တန်များကို အင်အားကုန်ထုတ်ဖော်အသုံးပြုကာ အရပ်မျက်နှာအဘက်ဘက်မှနေ၍ လုယွီကို တိုက်ခိုက်ကြသည်။

လုယွီသည် သူ၏လက်များကို စက်ဝိုင်းပုံဝှေ့ယမ်းကာ ထိုတိုက်ခိုက်မှုများကို ပိတ်ဆို့ဟန်တားပြီး သူ၏အင်မော်တယ်မှော်နည်းစနစ်ကို အသုံးပြုလိုက်သည်။သို့ရာတွင် သူသည် ထိုတိုက်ခိုက်မှုများကြောင့် မီတာဆယ်နှင့်ချီအကွာအဝေးသို့ လွင့်ထွက်သွားသည်။

ဤသည်မှာ အလွန်အမင်းအန္တရာယ်များသော အခြေအနေတစ်ခုပင်။လုယွီသည် သူ၏အကန့်အသတ်ထိရောက်အောင် တွန်းပို့ထားပြီးဖြစ်သည်။သူ၏စိတ်ဝိညာဉ်သည် အလွန်အမင်းမှေးမှိန်နေကာ ပျက်ပြယ်သွားလုနီးပါးအခြေအနေသို့ ရောက်ရှိနေလေပြီ။

သို့ရာတွင် လုယွီ၏မျက်လုံးအတွင်း၌ တောက်ပသော အလင်းရောင်များရှိနေကာ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

လုယွီ၏စိတ်အတွင်း၌ မရေမတွက်နိုင်သော ရှေးဟောင်းအမွေအနှစ်များ ဖြတ်ပြေးသွားကာ သူ့ထံတွင် အကန့်အသတ်မရှိ ကြီးမားကျယ်ပြန်သော ချီစွမ်းအားများဖြင့် ပြည့်နှက်နေပုံရသည်။ဤသည်မှာ လုယွီ၏အခြေခံအုတ်မြစ်ပင်။အကယ်၍ တစ်စုံတစ်ယောက်သည်သူ၏စိတ်နှလုံးသားအတွင်းရှိ စုတ်တံနှင့်မင်ကို အသုံးမပြုပါက သူသည် မည်သည့်အရာတစ်ခုကိုမျှ ဖန်တီးနိုင်မည်မဟုတ်ချေ။

လုယွီသည် ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်း၌ ထွက်ပေါ်လာသော မူလဘူတသက်ရှိ၏ပုံရိပ်ကို ပြန်မြင်ယောင်မိသည်။

ဤရှေးဟောင်းသက်ရှိကို ကြည့်ရသည်မှာ အလွန်အမင်းအသက်အိုမင်းနေပုံရသည်။ထိုလူအိုကြီးစီးနင်းထားသော နွားရိုင်းကြီး၏သွေးချီများပင်လျှင် သူ့ထက် အဆများစွာပို၍ သန်မာအားကောင်းသည်။

သို့ရာတွင် သာမာန်လူအိုကြီးတစ်ယောက်ဖြစ်ပုံရသော မူလဘူတသက်ရှိ၏ခန္ဓာကိုယ်အတွင်း၌ အကန့်အသတ်မရှိသောစွမ်းအားများ ကိန်းအောင်းနေသည်။ရှေးဟောင်းလူသားဧကရာဇ်ပင်လျှင် သူ့အား ယှဉ်ပြိုင်နိုင်ခြင်းမရှိချေ။

"သူ အသုံးပြုတဲ့တာအိုက ငါတို့တွေနဲ့ ကွဲပြားခြားနားတယ်"

လုယွီသည် ရှေးဟောင်းခေတ်အချိန်ကာလအတွင်းမှ အမတ်ကြီးချွယ်နှင့်တူညီသည်။သူသည် အစွမ်းထက်သောကျင့်ကြံသူများထံမှ အင်မော်တယ်မှော်နည်းစနစ်များကို သင်ယူကာ ထိုအရာများအတွင်းမှ အားနည်းချက်များကို ပြင်ဆင်ခဲ့သည်။နောက်ဆုံး၌ သူသည် ထိုအရာများကို သူ၏ကိုယ်ပိုင်မှော်နည်းစနစ်အဖြစ် သိပ်သည်းနိုင်ခဲ့ပေ၏။

မူလဘူတသက်ရှိသည် လက်ချောင်းတစ်ချောင်းကိုဆန့်တန်းကာ စကားလုံးအနည်းငယ်ကို ပြောလိုက်ရုံဖြင့် လောကကြီး၏ဥပဒေသများကို ကပြောင်းကပြန်ဖြစ်သွားစေနိုင်စွမ်းရှိသည်။

ရှေးဟောင်းအင်မော်တယ်များအတွက် သူတို့သည် အများဆုံးအနေဖြင့် မိုးကောင်းကင်တာအိုကို အသုံးပြုနိုင်သော်လည်း အစစ်အမှန်မဟာတာအိုသဘောတရားကို ဖမ်းဆုပ်နိုင်ခြင်းမရှိချေ။

သို့ရာတွင် ထိုမူလဘူတသက်ရှိသည် အလွန်အစွမ်းထက်ပေ၏။သူ၏စကားများအတွင်းမှ ဥပဒေသဖြင့် ပတ်ဝန်းကျင်ရှိဥပဒေသများအားလုံးအား သူ၏အမိန့်ကိုလိုက်နာအောင် ပြုလုပ်နိုင်သည်။

"ဥပဒေသတွေက ကြားခံအရာတွေသက်သက်ပဲ ...မိုးကောင်းကင်တာအိုရဲ့ တားဆီးကန့်သတ်ထားမှု မဟုတ်ဘူး.. ငါတို့အားလုံးက အတိတ်မှာတုန်းက မှားယွင်းခဲ့ကြတယ်"

လုယွီက သူသည် ယခင်က တစ်စုံတစ်ယောက်မျှ တွေ့မြင်ခဲ့ဖူးခြင်းမရှိသည့် အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့သည်အား ခံစားမိသည်။

သူ၏စိတ်နှလုံးသားအတွင်း၌ မရေမတွက်နိုင်သော တာအိုအရင်းအမြစ်များ စုဝေးလာကာ လျှို့ဝှက်ဆန်းကြယ်သော မှော်မန္တန်တစ်ပုဒ်အဖြစ် ဖွဲ့စည်းသွားသည်။

လုယွီ၏ရှေ့၌ ကြီးမားသောကျောက်ပြားတစ်ချပ် သိပ်သည်းသွားသည်။

"ဘာလဲ...မင်းတို့က တိုက်ခိုက်ရတာကို ပျော်နေကြတာလား"

လုယွီက အော်ဟစ်ကာ သူ၏ရှေ့ရှိကျောက်ပြားကြီးကို အောက်သို့ဖိနှိပ်ပြီး ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်း၏ခေါင်းကို ချိန်ရွယ်လိုက်သည်။

"အင်မော်တယ်မှော်မန္တန် အထွတ်အမြတ်နတ်ဆိုးဖိနှိပ်ခြင်းကျောက်ပြား..."

လုယွီ၏စိတ်ဝိညာဥ်အမျှင်တန်းသည် မိုးကောင်းကင်ယံအတွင်းသို့ ခုန်တက်ကာ သူ၏လက်အတွင်းရှိ ကျောက်ပြားကြီးကို အားကုန်ဖိနှိပ်ပြီး သူ့ရှေ့ရှိ ဗုဒ္ဓဘုရားလောင်းများထံဦးတည်၍ ဝှေ့ယမ်းလိုက်သည်။

Chapter 4437

ထိုကျောက်ပြားကြီးသည် ဆယ်မီတာခန့်ရှည်လျားကာ လေးထောင့်ကျပြီး ထိုအရာပေါ်တွင် ရှေးဟောင်းသင်္ကေတအက္ခရာများကို အတန်းလိုက်ထွင်းထုထားသည်။

ဤသင်္ကေတအက္ခရာများသည် မဟာတာအို၏သရုပ်သကန်ထင်ဟပ်မှုများကို ဖွဲ့စည်းခြင်းမှ ဖြစ်တည်လာခြင်းပင်။

ဤသည်မှာ ယခင်က လုယွီအသုံးပြုခဲ့သော မှော်နည်းစနစ်များနှင့် ကွဲပြားခြားနားသည်။ယခုနည်းစနစ်သည် မဟာတာအိုဥပဒေသစွမ်းအားကို ငှားယူခြင်းမှ အပြည့်အဝဖွဲ့စည်းထားခြင်းဖြစ်ပြီး လုယွီ၏ကိုယ်ပိုင်မှော်စွမ်းအားဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ချေ။

ယခင်က လုယွီ အသုံးပြုသော အင်မော်တယ်နည်းစနစ်ဖြစ်စေ တိုက်ခိုက်ခြင်းနည်းစနစ်ဖြစ်စေ ထိုအရာအား ထောက်ပံ့ပေးရန်အတွက် သူ၏ကိုယ်ပိုင်မှော်စွမ်းအားများကို အသုံးပြုရန်လိုအပ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ အသုံးပြုလိုက်သော နည်းစနစ်အတွက် မည်သည့်မှော်စွမ်းအားကိုမျှ မလိုအပ်ချေ။ဤအရာကို ကောင်းကင်နှင့်မြေပြင်အကြားမှ မဟာတာအိုစွမ်းအားများ၏ကူညီထောက်ပံ့မှုဖြင့် အပြည့်အဝသိပ်သည်းထားခြင်းဖြစ်သည်။

ဤနေရာသည် စိတ်ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေသော စိတ်ဝိညာဥ်တောင်ဖြစ်ကာ ပြီးပြည့်စုံသော မိုးကောင်းကင်တာအိုရှိသည်။ဤသည်မှာ ဗုဒ္ဓဂိုဏ်း၏မြင့်မြတ်နယ်မြေပင်။

အထွတ်အမြတ် နတ်ဆိုးဖိနှိပ်ခြင်းကျောက်ပြားကို ဤနေရာ၌ အသုံးပြုသည်မှာ အလွန်အမင်းပြီးပြည့်စုံပြီး ဟာကွက်ကင်းမဲ့နေကာ သဘာဝအလျောက် ဖြစ်တည်လာသည့်အလားပင်။

လေးလံသောကျောက်ပြားကြီးသည် မိုးကောင်းကင်ယံမှ ကျဆင်းလာကာ ထိုက်တောင်ကြီးတစ်တောင် အောက်သို့ကျရောက်လာသည့်အလား ပတ်ဝန်းကျင်ရှိလေဟာနယ်ကို ပုံပျက်သွားစေသည်။

ဘုန်း...

ကျောက်ပြားကြီးသည် ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်း၏နဖူးပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်သွားကာ သူ၏နောက်ရှိ အလင်းဘီးကြီးကြေမွှပျက်စီးသွားသည်။အကန့်အသတ်မရှိသော ဗုဒ္ဓစွမ်းအားများ ဖြာထွက်လာကာ ထိုကျောက်ပြားကြီးကို အနည်းငယ်မျှ ဟန့်တားနိုင်ခြင်းမရှိပေ။

သွေးများသည် မိုးရေစက်များအလား ဖြာကျလာကာ ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်း၏နဖူး ချိုင့်ဝင်သွားသည်။သူသည် ခြေလှမ်းနှစ်လှမ်းခန့် နောက်သို့ဆုတ်လိုက်ရကာ မူးဝေမှုကို ခံစားလိုက်ရသည်။သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားလေပြီ။

"ဒါက ဘာမှော်မန္တန်လဲ"

"သူ့ကို မြန်မြန်လေး ဟန့်တားကြစမ်း"

ပတ်ဝန်းကျင်ရှိ ဗုဒ္ဓကျင့်ကြံသူများအားလုံး ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။ သူတို့သည် လုယွီ၏အင်မော်တယ်နည်းစနစ်မှစွမ်းအားများ ဤမျှထိ ပြင်းထန်မည်ကို မျှော်လင့်မထားသည်မှာ သိသာထင်ရှားလှ၏။

သို့ရာတွင် လုယွီသည် တည်ငြိမ်နေဆဲပင်။သူသည် သူ့၏လက်အတွင်းမှ ကျောက်ပြားကိုအဆက်မပြတ် ဝှေ့ယမ်းနေကာ အရပ်မျက်နှာအဘက်ဘက်၌ လေတဟူးဟူးတိုက်ခတ်သံများ ကြွင်းကျန်ခဲ့သည်။

ဘုန်း...

လုယွီသည် ဗုဒ္ဓဘုရားလောင်းနှစ်ယောက်အား အသက်ချမ်းသာပေးမည်မဟုတ်ဟု ပြောဆိုခဲ့ပြီးဖြစ်သည်။ထို့ကြောင့် ယခုလက်ရှိအချိန်၌ သူ့ကိုဟန့်တားရန်မှာ မဖြစ်နိုင်ချေ။

လုယွီသည် သူ၏လက်အတွင်းရှိ အထွတ်အမြတ်နတ်ဆိုးဖိနှိပ်ခြင်းကျောက်ပြားကို အားကုန်ဝှေ့ယမ်းနေသဖြင့် ထိုအရာကိုကြည့်ရသည်မှာ အလေးချိန်ပေါ့ပါးပုံရသည်။

နံဘေးတွင်ရှိနေသော ဗုဒ္ဓဘုရားလောင်းတချို့သည် လုယွီကိုဟန့်တားလိုကြသဖြင့် တပြိုင်နက်တည်းတိုက်ခိုက်လိုက်ကြ၏။

"ဒီနေ့ ငါက မင်းတို့အားလုံးကို သတ်မယ်...မင်းတို့အားလုံး သေရမယ်"

လုယွီသည် ဗုဒ္ဓဘုရားလောင်းများ၏ဝိုင်းရံတိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။အကြွင်းမဲ့အန္တရာယ်ကျရောက်နေသော အခြေအနေအောက်တွင် သူသည် မဟာတာအိုလမ်းကြောင်းအသစ်တစ်ခုကို လေ့လာဆင်ခြင်နိုင်ခဲ့သည်။

အကန့်အသတ်မရှိသော မှော်မန္တန်ရွတ်ဆိုသံများကို ပတ်ဝန်းကျင်မှနေ၍ ကြားနေရသည်။ဤသည်မှာ လောကကြီးအတွင်း၌ ကျင့်ကြံနည်းစနစ်အသစ်တစ်ခု မွေးဖွားလာခြင်းကြောင့် ဖြစ်ပေါ်လာသော ရှားပါးသည့်သဘာဝလွန်ပုံရိပ်ပင်။

လုယွီက အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော အမွှေးနံ့သာစွမ်းအားများအားလုံးကို ရှုရှိုက်လိုက်သည်။

သူ၏လက်အတွင်းရှိ အထွတ်အမြတ်နတ်ဆိုးဖိနှိပ်ခြင်းကျောက်ပြားမှ အကန့်အသတ်မရှိသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ ဗုဒ္ဓကျင့်ကြံသူများအားလုံး၏တိုက်ခိုက်မှုများကို နောက်သို့လွင့်ထွက်သွားစေသည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏လက်ကိုမြှောက်ပြီး နတ်ဆိုးဖိနိပ်ခြင်းကျောက်ပြားကို အနက်ရောင်အရိပ်တစ်ခုအသွင်ပြောင်းလဲကာ ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်း၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်။

အား....

ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းထံမှနေ၍ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

သူ၏သွေးများသည် မြေပြင်ပေါ်သို့ဖြာကျသွားကာ ဗုဒ္ဓဘုရားလောင်းအဆင့် ဗုဒ္ဓထိပ်သီးကျင့်ကြံသူတစ်ယောက်သည် နေရာမှာပင် သွေးမြူခိုးများဖြစ်သည်အထိ ရိုက်နှက်ခြင်းခံလိုက်ရပေ၏။

စိတ်ဝိညာဉ်တောင်၏အထက်ရှိ မိုးကောင်းကင်ယံကြီး ရုတ်တရက် မှေးမှိန်သွားကာ သွေးနီရောင်မြူခိုးများအကြားတွင် အနက်ရောင်တိမ်တိုက်များ ရစ်သိုင်းလွှမ်းခြုံလာသည်။

အရပ်မျက်နှာအဘက်ဘက်၌ လေတဟူးဟူးတိုက်ခတ်သံများ ထွက်ပေါ်လာကာ ဗုဒ္ဓထိပ်သီးကျင့်ကြံသူတစ်ယောက်၏သေဆုံးခြင်းကို ပူဆွေးဝမ်းနည်းနေသည့်အလားပင်။

နံဘေးတစ်ဖက်တွင်ရှိနေသော ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"မင်းက ကြီးလေးတဲ့ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့တယ်...မင်းသေသွားတာနဲ့ ငရဲကြီးဆယ့်ရှစ်ထပ်ကို အပို့ခံရလိမ့်မယ်.. မင်းက ဘယ်တော့မှပြန်လည်ဝင်စားနိုင်တော့မှာမဟုတ်ဘူး"

"ငရဲလား...ငါက ငါ့ရဲ့အတိတ်ဘဝမှာ အဲဒီအရာကို တစ်ကြိမ်တွေ့ကြုံခံစားပြီးပြီ"

လုယွီက နောက်သို့ချာခနဲလှည့်ကာ ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းကို အေးစက်တင်းမာစွာကြည့်လိုက်သည်။

"မင်းက ငါ့ရဲ့မိသားစုကို တိုက်ခိုက်ခဲ့တဲ့လူတစ်ယောက် မဟုတ်လား"

နတ်ဆိုးဖိနှိပ်ခြင်းကျောက်ပြားသည် ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးတစ်စင်းအလား လေထုအတွင်း၌ရှိနေသည်။ဤသည်မှာ နတ်ဘုရားစွမ်းအား၏အောက်တွင် ကြယ်များအားလုံးသည် နှိမ့်ချ၍ဝတ်တွားနေရသည်အလားပင်။

လုယွီသည် ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းကို အလွတ်ပေးရန် ရည်ရွယ်မထားချေ။သူသည် နတ်ဆိုးဖိနှိပ်ခြင်းကျောက်ပြားကိုကိုင်၍ ရှေ့သို့တိုးဝင်ကာ သူ့ရှေ့ရှိ ဗုဒ္ဓဘုရားလောင်းများအားလုံးကို လွင့်ထွက်သွားစေသည်။ထိုနောက် သူသည် ချက်ချင်းဆိုသလိုပင် ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်း၏ရှေ့သို့ ရောက်ရှိသွားပေ၏။

အေးစက်စက်ကျောက်ပြားသည် အလွန်ကျစ်လစ်မာကျောပြီး မဟာတာအို၏အထွတ်အမြတ်ဥပဒေသများ ရောယှက်နေသည်။ထိုကျောက်ပြားသည် ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်း၏နံဘေးသို့ ထိတွေ့မိသည်နှင့် သူ၏နံဘေးပတ်ဝန်းကျင်ရှိ ဗုဒ္ဓအလင်းတန်းအကာအကွယ်ကို ချိုးဖျက်လိုက်သည်။

Chapter 4438

အထွတ်အမြတ်နတ်ဆိုးဖိနှိပ်ခြင်းကျောက်ပြားသည် အလွန်ထက်ရှကာ အေးစက်စက်အလင်းတန်းတစ်တန်း ရစ်သိုင်းလွှမ်းခြုံနေသည်။

ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းသည် ကျမ်းစာတစ်ပုဒ်ကို ကျယ်လောင်စွာရွတ်ဆိုကာ ဗုဒ္ဓအလင်းတန်းများဖြင့် သူ၏ခန္ဓာကိုယ်ပေါ်၌ သံချပ်ကာတစ်ခုကို ဖွဲ့စည်းလိုက်သည်။ထိုသံချပ်ကာ၏မျက်နှာပြင်တွင် ရွှေရောင်အလင်းတန်းများတောက်ပနေကာ လူအများမှနေ၍ သူတို့၏မျက်လုံးများကိုဖွင့်၍ ထိုအရာအားကြည့်နိုင်ရန် အလွန်ခက်ခဲပေမည်။

သူသည် ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းကဲ့သို့ သွေးဆူလွယ်သူမဟုတ်ချေ။အရာအားလုံးကို အသိဉာဏ်ပညာဖြင့်တိုင်းတာကာ နောက်ဆုံး၌ မှန်ကန်သောဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်လေ့ရှိသည်။

သို့ရာတွင် ယခုအချိန်၌ သူ တွက်ကိန်းမှားသွားလေပြီ။

လက်ရှိနေရာတွင်ရှိနေသော ဗုဒ္ဓဘုရားလောင်းများအနက် သူတို့နှစ်ယောက်သည် လုယွီနှင့် ပထမဆုံး တွေ့ဆုံခဲ့သည့်လူများပင်။

လုယွီသည် စိတ်ဝိညာဥ်အမျှင်တန်းတစ်ခုကိုသာ စေလွှတ်လိုက်သည်အား သူတို့ မြင်တွေ့ချိန်၌ လုယွီကို လျှော့တွက်ခဲ့ကြသည်။လုယွီသည် ထို့ထက်ပို၍ မည်သည့်ကိစ္စကိုမျှ လုပ်ဆောင်နိုင်သည် မဟုတ်သဖြင့် အနည်းငယ်မျှ စိုးရိမ်ပူပန်ရန်မလိုဟု သူတို့ တွေးထင်ခဲ့ပေ၏။

သို့ရာတွင် အဆုံးသတ်၌ သူတို့သည် အမှားအယွင်းတစ်ခုကို ပြုလုပ်ခဲ့မိသည်။

ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းသည် မဟာမိုးခြိမ်းသံဘုရားကျောင်းမှ ဘုန်းတော်ကြီးများအားလုံး၏ခေါင်းဆောင် ဖြစ်သော်လည်း လုယွီ၏တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သေဆုံးသွားခဲ့သည်။သူသည် တုံ့ပြန်တိုက်ခိုက်ရန်ပင် အခွင့်အရေးမရခဲ့ချေ။

ဤကဲ့သို့နည်းစနစ်မျိုးကို တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ဟု ယူဆနိုင်သည်။သူသည် ရုတ်တရက် လုယွီ၏တိုက်ခိုက်မှုများသည် ပို၍နက်နဲသိမ်မွေ့လာကာ ခန့်မှန်း၍မရတော့သော ခံစားချက်မျိုးပင် ရရှိလာသည်။

ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းသည် တိုက်ခိုက်ရင်းနောက်ဆုတ်နေကာ လုယွီကို ထိပ်တိုက်ရင်ဆိုင်ရန် ကြံရွယ်မထားချေ။

ပတ်ဝန်းကျင်တွင်ရှိနေသော ဗုဒ္ဓထိပ်သီးကျင့်ကြံသူများသည် လုယွီထံဦးတည်၍ သူတို့၏တိုက်ခိုက်မှုများကို တပြိုင်နက်တည်းထုတ်လွှတ်လိုက်ကြသည်။

ကောင်ကင်နှင့်မြေပြင်ကို ပိတ်ဖုံးလုမတတ်အလွန်များပြားသော ရွှေရောင်အလင်းတန်းများသည် အကန့်အသတ်မဲ့လုနီးပါးဖြစ်နေကာ လုယွီ၏နံဘေးပတ်လည်သို့ ပြင်းပြင်းထန်ထန်ကျရောက်သွားသည်။

ရွှေရောင်လက်စည်းတံဆိပ်များအနက်မှတချို့သည် လုယွီ၏စိတ်ဝိညာဥ်အမျှင်တန်းကို ရိုက်ခတ်မိကာ သူ၏စိတ်ဝိညာဉ်ကို တစတစ ပို၍မှေးမှိန်သွားစေသည်။သို့ရာတွင် လုယွီ၏မျက်လုံးအတွင်းရှိ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများသည် အနည်းငယ်မျှ အားနည်းသွားခြင်းမရှိပေ။

"မင်း ဒီနေ့ သေရမယ်...ဘယ်သူကမှ မင်းကို ကယ်တင်နိုင်မှာမဟုတ်ဘူး"

လုယွီ၏စိတ်ဝိညာဥ်အမျှင်တန်းသည် မရေမတွက်နိုင်သော ဗုဒ္ဓထိပ်သီးကျင့်ကြံသူများအကြား၌ ရှေ့နောက်လူးလွန့်နေသည်။

ဗုဒ္ဓထိပ်သီးကျင့်ကြံသူများသည် လုယွီကိုဟန့်တားရန် ကြိုးစားလိုက်ကြသော်လည်းသူ၏အရှိန်နှုန်းသည် အလွန်အမင်းလျှင်မြန်ပေ၏။သူ ကိုင်ထားသော ကျောက်ပြားကြီးသည် သူ့၏လှုပ်ရှားမှုများကို အနည်းငယ်မျှ သက်ရောက်စေပုံမရချေ။

ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းသည် သူ၏နောက်မှ တိုးဝင်လာသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားမိသည်။အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကြောင့် သူ၏ဆံပင်များကို အဆုံးထိထောင်မတ်သွားစေသည်။

ဗုဒ္ဓကျင့်ကြံနည်းစနစ်များအကြားတွင် တစ်စုံတစ်ယောက်၏စိတ်ဝိညာဉ်ကို အားဖြည့်ပေးကာ ကြောက်ရွံ့မှုများနှင့်ရင်ဆိုင်ရချိန်တွင် အကြောက်အလန့်ကင်းမဲ့သောသတ္တိဖြင့် ရင်ဆိုင်နိုင်ရန်အတွက် အသုံးပြုသော ကျင့်ကြံနည်းစနစ်အမြောက်အများရှိသည်။

သို့ရာတွင် ဤသည်မှာ ကြောက်ရွံမှု၏ပုံရိပ်ယောင်များသက်သက်ပင်။ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းသည် လုယွီမှနေ၍ သူ့အား အမှန်တကယ်သတ်ဖြတ်ရန် ကြံရွယ်နေသည်ကို ရှင်းရှင်းလင်းလင်းခံစားမိသည်။

"အဲ့ဒီလူက စိတ်ဝိညာဥ်တောင်ထဲမှာ မဆင်မခြင် လုပ်ဆောင်နေခဲ့တယ်....ဒါက ငါတို့ဗုဒ္ဓဂိုဏ်းအတွက် ဂုဏ်သိက္ခာပျက်ပြားစေတဲ့ကိစ္စပဲ...မင်းတို့အားလုံး ဘာကိုမှ ထပ်ပြီးကွယ်ဝှက်မထားကြနဲ့တော့ ..မင်းတို့ရဲ့အားအကောင်းဆုံးနည်းလမ်းတွေကို အသုံးပြုပြီးတော့ ဒီခွေးမသားကို သတ်ကြစမ်း"

ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းက အော်ဟစ်လိုက်သည်။

တခြားဗုဒ္ဓဘုရားလောင်းများ၏မျက်လုံးများအတွင်းတွင် အသိဉာဏ်ပညာအလင်းတန်းများတဖျတ်ဖျတ်တောက်ပနေသည်။သူတို့သည် ဗုဒ္ဓကျမ်းစာများကို ရေရွတ်လိုက်ကြပြီးနောက် သူတို့ထံမှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

ဘုန်း....

လုယွီသည် အစွမ်းထက်သော မှော်မန္တန်များ၏အဆက်မပြတ်ရိုက်ခတ်ခြင်းကို ခံနေရသဖြင့် သူ၏စိတ်ဝိညာဥ်အမျှင်တန်းသည် အားအနည်းဆုံးအခြေအနေသို့ ရောက်ရှိနေပေ၏။

သို့ရာတွင် သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အနည်းငယ်မျှ အားနည်းသွားခြင်းမရှိချေ။

"နတ်ဆိုးဖိနှိပ်ခြင်း..."

လုယွီက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ၏စိတ်ဝိညာဥ်အမျှင်တန်း၌ ခြိမ်းခြောက်နိုင်သော အကြည့်တစ်ရပ်ထွက်ပေါ်လာကာ ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ဤအကြည့်သည် တောက်လောင်နေသောမီးတောက်တစ်ခုအလားပင်။

အထွတ်အမြတ်နတ်ဆိုးဖိနှိပ်ခြင်းကျောက်ပြားသည် ရုတ်တရက် လုယွီ၏လက်အတွင်းမှ ပျံ့လွင့်လာကာ ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းထံသို့ ကျရောက်သွားသည်။

"အော် မီ တော ဖော...."

ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းသည် ဗုဒ္ဓ၏အမည်နာမကို ရေရွတ်ကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်သံချပ်ကာမှနေ၍ အလင်းတန်းများ ဖြာထွက်လာသည်။

ထိုရွှေရောင်သံချပ်ကာပေါ်တွင် ဆင်များ နဂါးများနှင့် စိတ်ဝိညာဥ်သက်ရှိခုနစ်မျိုးတို့၏ ထူးဆန်းသောပုံရိပ်များ ထင်ဟပ်နေသည်။ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများကို အကန့်အသတ်မရှိ ကြားနေရကာ ကံကြမ္မာစွမ်းအားများက လေထုအတွင်း၌ မျောလွင့်နေသည်။ကံကြမ္မာစွမ်းအားများ၏ကူညီထောက်ပံ့မှုကြောင့် ရွှေရောင်သံချပ်ကာကို အလွန်အမင်းမာကျောသွားစေကာ ဖျက်ဆီး၍မရနိုင်လုနီးပါးအဆင့်သို့ ရောက်ရှိသွားစေသည်။

ဝုန်း....

အထွတ်အမြတ်နတ်ဆိုးဖိနှိပ်ခြင်းကျောက်ပြားပေါ်တွင် နွားရိုင်းစီးထားသော လူအိုကြီးတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။

အထွတ်အမြတ်စွမ်းအားတစ်ရပ် ဆင်းသက်လာကာ ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းသည် အချိန်မီခုခံကာကွယ်နိုင်ခြင်းမရှိချေ။ရုတ်ချည်းဆိုသလိုပင် သူသည် ကျောက်ပြား၏ဖိနှိပ်ခြင်းကိုခံလိုက်ရကာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အထွတ်အမြတ်နတ်ဆိုးဖိနှိပ်ခြင်းကျောက်ပြားကို 'နတ်ဆိုးဖိနှိပ်ခြင်း'ဟု ခေါ်ဆိုသော်လည်း ပထမဆုံး ဖိနှိပ်၍သတ်ဖြတ်ခဲ့သည်မှာ ဗုဒ္ဓဘုရားလောင်းနှစ်ယောက်ပင်။

"ငါ့ရဲ့တာအိုက နတ်ဘုရားတွေနဲ့ဗုဒ္ဓတွေအားလုံးရဲ့အထက်မှာ ရှိနေတယ်"

လုယွီ၏အနက်ရောင်ဆံပင်များ ပြေလျော့နေသည်။သူ၏စိတ်ဝိညာဥ်အမျှင်တန်းသည် လေထုအတွင်း၌ မတ်တတ်ရပ်နေကာ စိတ်ဝိညာဉ်တောင်ပေါ်မှ မရေမတွက်နိုင်သော ဗုဒ္ဓကျင့်ကြံသူများကို ငုံကြည့်နေလေ၏။

Chapter 4439

ဤသည်မှာ လုယွီသည် အင်မော်တယ်နည်းစနစ်များကို လေ့လာဆင်ခြင်ပြီးနောက် သူ၏စွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်သည့် ပထမဆုံးအကြိမ်ပင်။

သူ၏စိတ်ဝိညာဥ်အမျှင်တန်းမှစွမ်းအားဖြင့် ဗုဒ္ဓဘုရားလောင်းနှစ်ယောက်ကို ဆက်တိုက်သတ်ဖြတ်နိုင်ခဲ့သည်။ဤတိုက်ပွဲဝင်မှတ်တမ်းကို ပြင်ပလောကမှလူများ သိရှိသွားပါက မျိုးဆက်ထောင်သောင်းချီကြာမြင့်သည်အထိ ဒဏ္ဍာရီတခုဟု ခေါ်ဆိုကြပေမည်။

လုယွီသည် အသက်ရှူရှိုက်ကာ အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော ကံကြမ္မာစွမ်းအားများကို ဝါးမြိုပြီး သူ၏စိတ်ဝိညာဉ်ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားစေသည်။သူသည် ထိုအရာများကို ဆက်လက်၍ ဝါးမြိုနေသည်နှင့်အမျှ သူ၏စိတ်ဝိညာဉ်အမျှင်တန်း တဖြည်းဖြည်းပို၍ကျစ်လစ်သိပ်သီးကာ ပီပြင်ထင်ရှားလာသည်။

လုယွီ၏အင်မော်တယ်ဖိအားအရှိန်အဝါ့ ပို၍အစွမ်းထက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ မိုးနှင့်မြေတွင် ကြီးမားသောပြောင်းလဲမှုတစ်ခုဖြစ်ပွားလာခဲ့သည်။

တခြားဗုဒ္ဓဘုရားလောင်းတစ်ယောက်သည် နေရာမှာပင် လဲကျသွားလေ၏။ကောင်းကင်နှင့်မြေပြင်အကြားတွင် ပူဆွေးဝမ်းနည်းသည့် ထူးဆန်းသော သဘာဝလွန်ပုံရိပ်ယောင်များကလည်း ပို၍ကြည်လင်ပြတ်သားလာသည်။ တစ်စုံတစ်ယောက်သည် ဤအသံများကို တစိုက်မတ်မတ်နားထောင်ကြည့်ပါက လေဟာနယ်အတွင်းမှနေ၍ ငိုရှိုက်သံများ ထွက်ပေါ်နေသည်ကို ကြားရပေမည်။

ယခင်က ဗုဒ္ဓဂိုဏ်း၏မြင့်မြတ်နယ်မြေဖြစ်သော စိတ်ဝိညာဥ်တောင်သည် ယခုလက်ရှိအချိန်၌ အသူရာသတ်ဖြတ်ခြင်းမြေပြင်တစ်ခု ဖြစ်နေလေပြီ။

ဗုဒ္ဓဘုရားလောင်းများ၏သွေးများသည် ပတ်ဝန်းကျင်ရှိ မြေကြီးအတွင်းသို့ စိမ့်ဝင်သွားကာ သွေးများ နေရာအနှံ့အပြား၌ စွန်းထင်းနေသည်။မိုးကောင်းကင်ယံအတွင်းရှိ နေလုံးကြီးပင်လျှင် တဖြည်းဖြည်း အနီရောင်သို့ ပြောင်းလဲသွားပေ၏။

"သူ့ကို ဘာအခွင့်အရေးမှမပေးနဲ့"

"သူ့ကို သတ်ကြစမ်း"

ဗုဒ္ဓကျင့်ကြံသူများအားလုံး ဒေါသထွက်သွားသည်။လုယွီသည် သူတို့အားလုံး၏မျက်လုံးများရှေ့၌ အဆင့်အတန်းမြင့်မားသော ဗုဒ္ဓဘုရားလောင်းနှစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။

ဤသည်မှာ ရိုးရှင်းစွာပြောရပါက သူတို့၏ဗုဒ္ဓဂိုဏ်းကို အနည်းငယ်မျှ ဂရုမစိုက်ခြင်းပင်။

"တခြား ဘယ်သူ သေချင်သေးလဲ"

လုယွီ၏စိတ်ဝိညာဥ်အမျှင်တန်းက လေထုအတွင်း၌ ပျံသန်းနေသည်။သူ၏လက်အတွင်း၌ အထွတ်အမြတ်နတ်ဆိုးဖိနှိပ်ခြင်းကျောက်စာတိုင် တဖန်ထပ်၍သိပ်သည်းလာကာသူ့၏မျက်လုံးအတွင်းမှ အေးစက်စက်အလေးရောင်များ ဖြာထွက်လာသည်။

သူသည် ထောင်နှင့်ချီသော ဗုဒ္ဓထိပ်သီးကျင့်ကြံသူများနှင့် ရင်ဆိုင်နေရသည့်တိုင် အကြောက်အလန့်ကင်းမဲ့နေပြီး သူတို့အားလုံးကို ထိပ်တိုက်ရင်ဆိုင်နေသည်။

သူ၏လက်အတွင်းရှိ အထွတ်အမြတ်နတ်ဆိုးဖိနှိပ်ခြင်းကျောက်စာတိုင်ပေါ်တွင် ရှေးဟောင်းသင်္ကေတအက္ခရာများကို ထူထပ်သိမ်းသည်းစွာရေးထွင်းထားပြီး ထိုအရာများမှနေ၍ တောက်ပသော ရွှေရောင်အလင်းတန်းများဖြာထွက်နေသည်။

အစောပိုင်းက မကျေမနပ်ပြောဆိုနေသော ဗုဒ္ဓထိပ်သီးကျင့်ကြံသူများအားလုံး ဤအချိန်အခိုက်အတန့်၌ တိတ်ဆိတ်သွားသည်။ အံ့အားသင့်ဖွယ်ကောင်းစွာဖြင့် သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ ဦးဆောင်၍တိုက်ခိုက်ဝံ့ခြင်းမရှိချေ။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လုယွီ သရော်တော်တော်ရယ်မောလိုက်သည်။

"လူတွေကို အကြောက်အလန့်ကင်းမဲ့ရမယ်လို့ သင်ပေးနေတဲ့ ဗုဒ္ဓကျင့်ကြံသူတွေက မင်းတို့ကိုယ်တိုင် ရင်ဆိုင်ရတဲ့အချိန်မှာ ဆန့်ကျင်ဘက်ဖြစ်နေတယ်...တစ်ယောက်ယောက်က သူ့ကိုယ်သူ စတေးမှာလားလို့ တခြားတစ်ယောက်က စောင့်ကြည့်နေကြတယ်....အခုကြည့်ကြည့်တော့မှ မင်းတို့ရဲ့နည်းလမ်းတွေက တခြားသူတွေကို တွန်းအားပေးဖို့ပဲ အသုံးဝင်တယ်...မင်းတို့မှာ ငါ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ သတ္တိမရှိဘူး"

မိုးကောင်းကင်ယံအတွင်း၌ ဘုန်းတော်ကြီးများ ဗုဒ္ဓဘုရားလောင်းများဖြင့် ပြည့်နှက်နေသော်လည်း သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

အစောပိုင်းက ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းနှင့် ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းတို့ ဦးဆောင်နေသဖြင့် သူတို့သည် ရှေ့သို့ထွက်၍ တိုက်ခိုက်ဝံ့သည်။ သို့ရာတွင် ယခုလက်ရှိအချိန်၌ မည်သူတစ်ဦးတစ်ယောက်မျှ ရှေ့သို့ ခြေတစ်လှမ်းတိုးဝံ့ခြင်းမရှိသဖြင့် သူတို့ အရင်ရှေ့ထွက်၍ တိုက်ခိုက်ရမည်ကို ထိတ်လန့်ကြောက်ရွံ့နေကြသည်။

လုယွီသည် ရှေးဟောင်းခန်းမအတွင်း၌ သူ မြင်တွေ့ခဲ့ရသော ဘုန်းတော်ကြီး၏အလောင်းကို ပြန်မြင်ယောင်မိသည်။

ဤအလောင်းသည် ရှေးဟောင်းအချိန်ကာလအတွင်း၌ ကျန်ရှိနေခဲ့ခြင်းဖြစ်ကာ မှောထရတနာတစ်ခုအတွင်း၌ အထီးကျန်စွာ သေဆုံးသွားခဲ့ရသည်။သူ၏တည်ရှိမှုကို မည်သူတစ်ဦးတစ်ယောက်ကမျှ မသိရှိချေ။

ထိုဘုန်းတော်ကြီးသည် သူ၏ကိုယ်ပိုင်စွမ်းအားကို မှီခိုအားထား၍ ရှေးဟောင်းငရဲနယ်မြေအတွင်း၌ရှိသော သန်းရာနှင့်ချီသည့် သရဲတစ္ဆေများကို သန့်စင်ခဲ့သည်။

"ငရဲနယ်မြေက ဘယ်တော့မှ ဗလာဟင်းလင်းဖြစ်မှာ မဟုတ်ဘူး...ငါက ဗုဒ္ဓတစ်ပါး ဖြစ်မလာနိုင်ပေမယ့် အတိတ်မှာတုန်းက မဟာဆုတောင်းကြီးကိုလုပ်ခဲ့တဲ့ ဘုန်းတော်ကြီးကို လွတ်မြောက်ခွင့်ပေးမယ်လို့ ငါ ကျိန်ဆိုတယ်...ဒါပေမဲ့ အခုလက်ရှိ စိတ်ဝိညာဉ်တောင်ကိုတော့ အတုအယောင်ဗုဒ္ဓကျင့်ကြံသူတစ်စုကသိမ်းပိုက်ထားတယ်"

လုယွီထံ၌ ရုတ်တရက် အတွေးတစ်ခု ရရှိသွားသည်။သူ့၏လက်အတွင်းရှိ နတ်ဆိုးဖိနှိပ်ခြင်းကျောက်ပြားသည် အစစ်အမှန်နတ်ဆိုးများကို သတ်ဖြတ်မည်ဟု ဆိုလိုခြင်းမဟုတ်ချေ။

သွေးဆာခြင်းသည် နတ်ဆိုးတစ်ကောင်ပင်။

အယူအဆမှားခြင်းသည် နတ်ဆိုးတစ်ကောင်ပင်။

တဏှာရာဂမီးတောက်နေခြင်းသည်လည်း နတ်ဆိုးတစ်ကောင်ပင်။

သူ၏လက်အတွင်းရှိသွေးများသည် သင်္ကန်းရုံထားသော နတ်ဆိုးတစ်သိုက်၏သွေးများသက်သက်ပင်။

"ဘယ်သူက ဆက်ပြီးတိုက်ခိုက်ရဲသေးလဲ"

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။သူ၏အသံသည် စိတ်ဝိညာဥ်တောင်၏အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားကာ လီသုံးထောင်ပတ်ပတ်လည်နေရာတဝိုက်ကို တုန်ခါသွားစေသည်။ထိုအသံသည် အချိန်အတော်ကြာသည်အထိ တည်ငြိမ်သွားခြင်းမရှိချေ။

ဘုန်း....

ထိုအချိန်မှာပင် မိုးကောင်းကင်ယံအတွင်းမှနေ၍ ကျယ်လောင်သောတုန်ခါသံကြီးတစ်သံ ထွက်ပေါ်လာသည်။

မိုးကောင်းကင်ယံမှနေ၍ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ဆင်းသက်လာကာ ပေသုံးသောင်းကျော်ခန့် ကြီးမားကျယ်ပြန့်ပြီး ကောင်းကင်နှင့်နေရောင်ကို ပိတ်ဖုံးသွားသည်။ဤသည်မှာ အလွန်ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုပင်။

သဲများနှင့်ကျောက်စကျောက်နများ မြေပြင်ပေါ်၌ တထောင်းထောင်းထလာကာ ထိုလက်ဝါးပုံရိပ်ယောင်ကြီး ဆင်းသက်လာချိန်တွင် ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် တဖြည်းဖြည်းဖိနပ်ခံလိုက်ရပုံဖြင့် ကျုံဝင်သွားသည်။ပတ်ဝန်းကျင်နေရာတဝိုက်ရှိ အမည်ခံဥပဒေသများအားလုံးသည်လည်း ဖိနှိပ်ခြင်းခံလိုက်ရလေ၏။

ဘိုးဘေးဗုဒ္ဓသည် နောက်ဆုံး၌ သူ၏လှုပ်ရှားမှုကို ပြုလုပ်လိုက်လေပြီ။

တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဖိအားအရှိန်အဝါတစ်ရပ်သည် လောကကြီးအတွင်းရှိအရာရာတိုင်းကို ဖိနှိပ်နိုင်ပုံရသည်။

သူသည် ဗုဒ္ဓဂိုဏ်း၏ခေါင်းဆောင်ဖြစ်ပြီး သူ၏မှော်စွမ်းအားသည် သာလွန်ထူးကဲပေ၏။ သူသည် တာအိုသခင်နယ်ပယ်သို့ ခြေချနိုင်ခဲ့ပြီဖြစ်ရာ သက်ရှိများအားလုံးကို အထင်အမြင်သေးသည်။သူသည် လောကကြီးအတွင်း၌ အထွတ်အမြတ်တည်ရှိမှုကြီးပင်။

လုယွီသည် ဗုဒ္ဓဘုရားလောင်းနှစ်ယောက်ကို ဆက်တိုက်သတ်ဖြတ်လိုက်သဖြင့် ဘိုးဘေးဗုဒ္ဓကို ထွက်ပေါ်လာအောင် မျှားခေါ်နိုင်ခဲ့သည်။

တထာဂတနတ်ဘုရားလက်ဝါးကြီး ရိုက်နှက်လိုက်ချိန်တွင် ပတ်ဝန်းကျင်၌ရှိနေသော ဘုန်းတော်ကြီးများနှင့်ဗုဒ္ဓများအားလုံး အဝေးသို့ရှောင်ပြေးသွားကြသည်။ဤအရာမှ စွမ်းအားသည် သူတို့အားသက်ရောက်လာမည်ကို ထိတ်လန့်ကြောက်ရွံ့နေသည့်အလားပင်။

Chapter 4440

ဝုန်း.....

လုယွီ၏စိတ်ဝိညာဥ်အမျှင်တန်း ရှိနေသောနေရာတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ပွင့်အံ့ထွက်လာသည်။

နားအူလုမတတ်ကျယ်လောင်သောအသံများ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ဤအသံသည် အလွန်ကျယ်လောင်သဖြင့် လူအများကို မူးဝေသွားစေသည်။သူတို့သည် ဤအသံကိုကြားမိသည်နှင့်သူတို့၏စိတ်နှလုံးသားများအတွင်း၌အကန့်အသတ်မရှိသော ထိတ်လန့်ကြောက်ရွံ့မှုများကို ခံစားရလေ၏။

တထာဂတနတ်ဘုရားလက်ဝါး မိုးကောင်းကင်ယံမှ ဆင်းသက်လာသည်။ထိုလက်ဝါးရိုက်ချက်၏အရှိန်အဟုန်သည် အလွန်ကြီးကျယ်ခမ်းနားပြီး ထိုအရာ၏လမ်းကြောင်းတွင်ရှိနေသော မည်သည့်အရာကိုမဆို ခြေမွှဖျက်ဆီးနိုင်ပုံရသည်။

မိုင်အနည်းငယ်အတွင်းရှိ အရာရာတိုင်း အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားသည်။

စိတ်ဝိညာဥ်တောင်တစ်တောင်လုံး ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။မြင့်မားသောတောင်ကြီးအောက်ရှိ နဂါးသွေးကြောထံမှ ငိုကြွေးမြည်တမ်းသံများ ထွက်ပေါ်လာကာထိုလက်ဝါးရိုက်ချက်၏စွမ်းအားကို တောင့်မခံနိုင်သည့်အလားပင်။

ရက်စက်ကြမ်းကြုတ်ပြီး အစွမ်းထွက်သော တထာဂတနတ်ဘုရားလက်ဝါးကြီး တဖြည်းဖြည်းပျက်ပြယ်သွားကာ လေဟာနယ်အတွင်း၌ မှော်စွမ်းအားများ စီးဆင်းနေသည်။

ဤလက်ဝါးရိုက်ချက် ပြင်းပြင်းထန်ထန်ကျရောက်လာချိန်တွင် လုယွီ၏စိတ်ဝိညာဥ်အမျှင်တန်းသည် ဤအရှိန်အဟုန်ကို တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။

လေညှင်းတစ်ချက် တိုက်ခတ်လာသည်နှင့်အတူ ဖုန်မှုန့်များ တဖြည်းဖြည်းပျက်ပြယ်သွားလေ၏။

လုယွီ၏ပုံရိပ်သည် အပျက်အစီးများအကြား၌ မရှိတော့ချေ။

"ဒါက နောက်ဆုံးတော့ ပျောက်ကွယ်သွားခဲ့ပြီ"

"အဲ့ဒီလူက လုယွီပဲဖြစ်မယ်...အရင်တစ်ခေါက်တုန်းက သူက မိုးကောင်းကင်နဂါးဗုဒ္ဓဘုရားလောင်းကို သတ်ခဲ့တယ်...အခု သူက နောက်ထပ်ဗုဒ္ဓဘုရားလောင်းနှစ်ယောက်ကို ထပ်ပြီး သတ်လိုက်တယ်...ဒါက ငါတို့ဗုဒ္ဓဂိုဏ်းရဲ့ဂုဏ်ကျက်သရေကို ညှိုးနွမ်းစေတယ်....အဲ့ဒီလူက တကယ့်ကိုအတင်ရဲပြီးတော့ စည်းမျဉ်းမရှိတာပါလား"

လုယွီ၏စိတ်ဝိညာဥ်အမျှင်တန်း ပျောက်ကွယ်သွားသောအချိန်တွင် ဗုဒ္ဓထိပ်သီးကျင့်ကြံသူတချို့သည် ဒေါသတကြီးကျိန်ဆဲလိုက်ကြ၏။

သို့ရာတွင် လုယွီသည် ထိုဒေါသတကြီးအော်ဟစ်သံများကို ထပ်မံ၍မကြားနိုင်တော့ချေ။

မိုးကောင်းကင်ယံအတွင်း၌ ရွှေရောင်ဗုဒ္ဓတစ်ပါး ထွက်ပေါ်လာသည်။သူ၏နောက်တွင် အလွန်စူးရှသော ဗုဒ္ဓအလင်းတန်းများ တောက်ပနေပေ၏။

"အန္တိမဗုဒ္ဓအရှင်...."

စိတ်ဝိညာဉ်တောင်ပေါ်တွင်ရှိနေသော ဗုဒ္ဓဘုရားလောင်းများနှင့်ဘုန်းတော်ကြီးများသည် တည်ကြည်လေးနက်သော အမူအယာများဖြင့် မိုးကောင်းကင်ယံအတွင်းရှိ ရွှေရောင်ဗုဒ္ဓပုံရိပ်ယောင်ကြီးကိုကြည့်ပြီး အရိုအသေပြုလိုက်ကြသည်။

ဧရာမဗုဒ္ဓပုံရိပ်ယောင်ကြီးသည် သူ၏မျက်လုံးကိုဖွင့်ကာ အရပ်မျက်နှာအဘက်ဘက်သို့ ဝေ့ဝိုက်၍ကြည့်လိုက်ပြီး သူ့၏မျက်လုံးအတွင်းမှ မည်သည့်အရာမျှ မလွတ်မြောက်နိုင်သည့်အလားပင်။

ထို့နောက် ကြီးမားသော ရွှေရောင်ဗုဒ္ဓပုံရိပ်ယောင်ကြီးသည် သူ၏လက်ညှိုးကိုမြှောက်ကာ လေဟာနယ်တစ်နေရာသို့ ညွှန်ပြလိုက်သည်။

အစောပိုင်းက ပျက်စီးသွားခဲ့သော ဘုရားကျောင်းများအားလုံး တစ်ခုပြီးတစ်ခု ပြန်လည်ကောင်းမွန်သွားသည်။

မြေပြင်ပေါ်၌စွန်းထင်းနေသော ဗုဒ္ဓဘုရားလောင်းများ၏သွေးများပင်လျှင် သန့်စင်သွားလေ၏။အမွှေးတိုင်များ၏ရနံ့များကလည်း လေထုအတွင်း၌ မျောလွင့်နေကာ မည်သည့်အရာမျှ မဖြစ်ပွားခဲ့သည့်အလားပင်။

"လုယွီနဲ့ပတ်သက်တဲ့ကိစ္စတွေကို တိုင်ပင်ဆွေးနွေးမယ်"

ဗုဒ္ဓအရှင်သည် သူ၏လက်ကိုမြှောက်ပြီး ဝှေ့ယမ်းလိုက်၏။ဗုဒ္ဓသူတော်စင်အဆင့်နှင့် အထက်တွင်ရှိသော ဗုဒ္ဓကျင့်ကြံသူများအားလုံး နေရာမှနေ၍ ပျောက်ကွယ်သွားသည်။

စိတ်ဝိညာဉ်တောင်သည် လုယွီနှင့်ပတ်သက်သောကိစ္စများကို တိုင်ပင်ဆွေးနွေးရန်အတွက် ဆယ်ရက်တိုင်တိုင်တံခါးပိတ်လိုက်၏။

....

ရှီးလျန်မြို့၌....

လုယွီသည် သူ့၏စိတ်ဝိညာဥ်အမျှင်တန်းကို ပြန်ရုတ်သိမ်းလိုက်သော်လည်း သူ့၏မျက်လုံးကို စုံမှိတ်ထားဆဲဖြစ်ကာ အတွေးများအတွင်း၌ နစ်မြောနေသည့်အလားပင်။

အကယ်၍ တစ်စုံတစ်ယောက်သည် သူ့အား အနီးကပ်ကြည့်ရှုပါက သူ၏နဖူးပတ်လည်တွင် ထူထပ်သိပ်သည်းသော သင်္ကေတအက္ခရာများ အဆက်မပြတ် လှည့်ပတ်ပျံသန်းနေသည်ကို မြင်တွေ့ရပေမည်။

လုယွီသည် အစောပိုင်းက တိုက်ခိုက်ခဲ့သော တိုက်ပွဲအတွင်းရှိ အတွေ့အကြုံများကို စုပ်ယူနေခြင်းပင်။

အစမှအဆုံးတိုင် သူသည် သူ၏ရန်သူများကိုရင်ဆိုင်ရန်အတွက် မှော်စွမ်းအားကိုသာ အသုံးပြုခဲ့သည်။

အထူးသဖြင့် သူ လေ့လာဆင်ခြင်နိုင်ခဲ့သော အထွတ်အမြတ်နတ်ဆိုးဖိနှိပ်ခြင်းကျောက်ပြားပင်။သူသည်ထိုအရာကိုအသုံးပြု၍ ဗုဒ္ဓဘုရားလောင်းနှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။လုယွီသည် အဆက်မပြတ်စဉ်းစားတွေးတောကာ ပြုပြင်ပြောင်းလဲပြီးနောက် ထိုနည်းစနစ်တွင် လှစ်ဟနေသော နေရာဆယ်နေရာကျော်ကို ပြင်ဆင်နိုင်ခဲ့သည်။

ထိုနောက် ပြီးပြည့်စုံသွားသော အထွတ်အမြတ်နတ်ဆိုးဖိနှိပ်ခြင်းကျောက်ပြားသည် ပို၍အားကောင်းပြီးအစွမ်းထက်လာမည်မှာ သေချာပေါက်ပင်။

"ဒီတိုက်ပွဲက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်...ငါက အစကတော့ ဗုဒ္ဓထိပ်သီးကျင့်ကြံသူတွေအတူပူးပေါင်းပြီး ငါ့ကိုတိုက်ခိုက်မယ်လို့ ထင်ထားခဲ့တာ...ဒါပေမယ့် ကံဆိုးချင်တော့ သူတို့အားလုံးက သူရဲဘောကြောင်တဲ့ကြွက်တွေ ဖြစ်နေတယ်...ဒါ့ပြင် ဘိုးဘေးဗုဒ္ဓရဲ့ကျင့်ကြံဆင့်နယ်ပယ်က အရမ်းအစွမ်းထက်တယ်....တကယ်လို့ ငါက စိတ်ဝိညာဉ်အမြင်တန်းကို အသုံးပြုပြီးတော့ သူ့ကိုတိုက်ခိုက်ချင်တယ်ဆိုရင် သူ့ရဲ့လက်ထဲမှာ သေဆုံးမသွားအောင် ရှောင်တိမ်းဖို့တောင် တော်တော်ခက်ခဲလိမ့်မယ်"

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။သူ့၏အဆင့်ဖြင့် ပြိုင်ဘက်တစ်ယောက်ကို ရှာဖွေနိုင်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။

ထိပ်သီးကျင့်ကြံသူအများစုသည် သူတို့၏ကျင့်ကြံခြင်းလမ်းကြောင်း၌ မှားယွင်းခဲ့သောအချက်များကို ပြင်ဆင်ပြီးမှသာ အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခြင်းဖြစ်သည်။အကယ်၍ သူတို့သည် ရန်သူတချို့နှင့်ရင်ဆိုင်ရလျှင်ပင် ချက်ချင်းသတ်ဖြတ်ခြင်းမပြုချေ။ထိုအစား သူတို့သည် ရန်သူများကို ခြေနင်းကျောက်တုံးများအဖြစ် အသုံးပြုခဲ့သည်။

ဗုဒ္ဓဂိုဏ်းမှနေ၍ ပိုင်ဆုချင်ကို ညှင်းပန်းနှိပ်စက်နေသည့်မြင်ကွင်းသည် သူ၏စိတ်အတွင်း၌ ကွက်ကွက်ကွင်းကွင်းရှိနေဆဲပင်။အကယ်၍ ဗုဒ္ဓလောကသည် ယခုကိစ္စအတွက် သူ့အားလက်စားချေမှု မပြုလုပ်လျှင်ပင် လုယွီသည် စိတ်ဝိညာဉ်တောင်ကို ခြေမွှဖျက်ဆီးရန်အတွက် နေ့တစ်နေ့ရွေးချယ်ရပေမည်။

သို့ရာတွင် ဤတစ်ကြိမ် လုယွီ၏လှုပ်ရှားမှုကို တောင်အတွင်းသို့ တုတ်တစ်ချက်ရိုက်ပြီး ကျားကိုခြောက်လန့်ခြင်းဟု ယူဆနိုင်သည်။ထိုကြောင့် ဗုဒ္ဓဂိုဏ်းသည် အချိန်အတိုင်းအတာတစ်ခုထိ ငြိမ်းချမ်းစွာတည်ရှိနိုင်ပေမည်။

All Chapters