← Chapters

အခန်း (၄၄၄၁-၄၄၄၅)

Vol. 225 Ch. 4441-4445

အခန်း (၄၄၄၁-၄၄၄၅)

Vol. 225 Ch. 4441-4445

Chapter 4441

"တကယ်လို့ မင်းတို့က စိတ်ဝိညာဉ်တောင်ပေါ်မှာပဲ ငြိမ်ငြိမ်သက်သက်နေမယ်ဆိုရင်...ငါက မင်းတို့ အနားယူပြီးအင်အားပြန်ဖြည့်တင်းဖို့အတွက် အချိန်တစ်ချို့ ပေးထားနိုင်လိမ့်မယ်...အဲ့ဒီလိုမဟုတ်လို့ကတော့ ငါ့ကို အပြစ်မတင်နဲ့"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

နံဘေးတစ်ဖက်တွင် လဲလျောင်းနေသော ခွေးနက်ကြီးသည် လုယွီကိုစူးစိုက်ကြည့်ပြီး တိုးညှင်းသောအသံဖြင့် မေးမြန်းသည်။

"ကောင်လေး...ခုဏတုန်းက မင်းရဲ့စိတ်ဝိညာဥ်က မင်းရဲ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာသွားပြီးတော့ တစ်ခုခုကိုလုပ်ခဲ့တယ်လို့ ငါ ဘာလို့ခံစားနေရတာလဲ"

လုယွီက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ဤသေသင့်သောခွေးတွင် ထက်ရှသော အနံ့ခံအာရုံရှိရုံသာမက ကောင်းမွန်သော အာရုံခံနိုင်စွမ်းလည်း ရှိနေသည်။

သူသည် မည်သည့်အရာကိုမျှ ကွယ်ဝှက်မထားဘဲ အစောပိုင်းက သူ လုပ်ဆောင်ခဲ့သမျှ အရာရာတိုင်းကို ပြောဆိုလိုက်၏။

"သောက်ချေးပဲ...မင်းက တကယ့်ကို အဆင်အခြင်မဲ့တာပဲ...ဒါက လူတိုင်းကို သတိပေးသလိုဖြစ်သွားတဲ့ သတ်ဖြတ်ခြင်းလှုပ်ရှားမှုတစ်ခုပဲ ....နောင်အနာဂတ်မှာ တကယ်လို့ ဗုဒ္ဓဂိုဏ်းဝင်တွေက မင်းကိုထိချင်တယ်ဆိုရင်တောင် သူတို့က သူတို့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အရင်ဆုံးချိန်ဆကြလိမ့်မယ်"

ခွေးနက်ကြီးက တီးတိုးရေရွတ်လိုက်သည်။

"ရှေးဟောင်းဗုဒ္ဓလောကက အခုလက်ရှိဗုဒ္ဓလောကနဲ့ အရမ်းကွဲပြားခြားနားတယ်....ငါက ရှေးဟောင်းခေတ်အတွင်းမှာ ခေါင်းပြောင်ကြီးတွေနဲ့ ထိတွေ့ဆက်ဆံမှု အများကြီးမရှိဘူးဆိုပေမယ့် သူတို့က တခြားလူရဲ့မိသားစုတွေကို သတ်ဖို့အတွက်....လုပ်ကြံသတ်ဖြတ်သူတွေကို စေလွှတ်မယ့် လူစားမျိုးတွေတော့ မဟုတ်ဘူး"

လုယွီက မေးမြန်းသည်။

"အခုလက်ရှိ ဗုဒ္ဓလောကက ရှေးဟောင်းခေတ်အချိန်ကာလက အမွေအနှစ်တွေကို ဆက်ခံထားတာလား"

ခွေးနက်ကြီးက သူ၏ခွေးလက်ဝါးဖြင့် သူ့၏ခေါင်းထက်မှ အမွှေးများကို ဆွဲနှုတ်လိုက်သည်။သူသည် အချိန်တစ်ခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်၏။

"ရှေးဟောင်းခေတ်ကာလအတွင်းမှာ ဘယ်လိုကိစ္စတွေ ဖြစ်သွားခဲ့လဲဆိုတာ ဘယ်သူက အတိအကျပြောနိုင်မှာလဲ....ငါက ရှေးဟောင်းခေတ်ကာလကို ကူးပြောင်းသွားတာ နှစ်ကြိမ်ရှိပြီဆိုပေမယ့် ငါ ရခဲ့တဲ့ သတင်းအချက်အလက်ပမာဏက အရမ်းနည်းတယ်...ရှေးဟောင်းခေတ်ကာလအတွင်းမှာ ကိစ္စတွေအများကြီး ဖြစ်သွားခဲ့တယ်....တကယ်လို့ မင်းက အဲ့ဒီကိစ္စတွေကို မင်းကိုယ်တိုင် အပြည့်အဝမကြုံတွေ့ခဲ့ရဖူးဆိုရင် ဘာတွေဖြစ်သွားခဲ့လဲဆိုတာကို မင်း ဘယ်တော့မှ အတိအကျသိနိုင်မှာ မဟုတ်ဘူး"

"ဒါပေမဲ့ တကယ်က သူတို့ကို အတုအယောင်ဗုဒ္ဓတွေလို့ သတ်မှတ်လို့ရတယ်...အတိတ်မှာတုန်းကရှိခဲ့တဲ့ ရှေးဟောင်းဗုဒ္ဓကျင့်ကြံသူတွေက စကားပြောလို့ အရမ်းလွယ်တယ်...အဲ့ဒီသေသင့်တဲ့မျောက်စုတ်ကတော့ ချွင်းချက်ပဲ...ထွီ ငါ ဘာလို့ အဲ့ဒီမျောက်အကြောင်းကို တွေးမိတာပါလိမ့်"

ခွေးနက်ကြီးသည် တီးတိုးရေရွတ်နေရင်း ရုတ်တရက် သူ့အား ဒေါသထွက်စေခဲ့သည်တစ်စုံတစ်ခုကို ပြန်လည်၍တွေးတောမိသွားပုံရတယ်။သူသည် မြင်းရထားလုံးပေါ်မှ ချက်ချင်းခုန်ဆင်းကာ လူသားအသွင်ပြောင်းလဲလိုက်၏။ထို့နောက် သူ၏စိတ်အတွင်းမှ ဒေါသမီးတောက်များကို ဖယ်ရှားရန်အတွက် ရှီးလျန်မြို့၏ဆောင်ကြာမြိုင်ထံသို့ ဦးတည်သွားကာ ခြံစည်းရိုးအကြားမှ ချောင်းကြည့်လိုက်သည်။

လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး ဤမှီခိုအားထား၍မရသောခွေးကို လျစ်လျူရှုလိုက်သည်။

သူ စိတ်ဝိညာဉ်တောင်၌ လုပ်ဆောင်ခဲ့သည့်အရာများသည် တခြားလူများ၏အာရုံခံနိုင်မှုအောက်မှ လွတ်မြောက်ခဲ့ခြင်းမရှိချေ။

မကြာမီမှာပင် လုယွီသည် စိတ်ဝိညာဥ်တောင်ကိုတိုက်ခိုက်ကာ ဗုဒ္ဓဘုရားလောင်းနှစ်ယောက်အား သတ်ဖြတ်ခဲ့သောသတင်းသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးအနှံ့ ပျံ့နှံ့သွားပေ၏။

အချိန်တိုအတွင်းမှာပင် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ ကြယ်မြေများအားလုံးမှ မရေမတွက်နိုင်သောသက်ရှိများ ထိတ်လန့်တုန်လှုပ်သွားသည်။

ကျင့်ကြံသူအများစုအတွက် ဗုဒ္ဓလောကသည် အလွန်ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုကြီးတစ်ခုပင်။

ဗုဒ္ဓဂိုဏ်းသည် အမြဲတစေသိုသိုသိပ်သိပ်နေသော်လည်း သူတို့သည် တခြားလူများအား ထိတ်လန့်ကြောက်ရွံ့နေသည်ဟု ဆိုလိုခြင်းမဟုတ်ချေ။ဗုဒ္ဓလောကအတွင်း၌ မရေမတွက်နိုင်သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ပုန်းအောင်းနေသည်။သူတို့အနက်မှမည်သည့်တစ်ယောက်မဆို ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို လှုပ်ခတ်နိုင်သောလူများ ဖြစ်ပေ၏။

သို့ရာတွင် လုယွီသည် စိတ်ဝိညာဉ်တောင်ကို တိုက်ခိုက်ခဲ့ရုံသာမက ဗုဒ္ဓဂိုဏ်း၏ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူနှစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့သည်။

ဤသည်မှာ ဗုဒ္ဓဂိုဏ်းအား ပါးဖြတ်ရိုက်လိုက်ခြင်းနှင့် တူညီသည်။

"လုယွီက အခုလက်ရှိလောကကြီးရဲ့ နတ်ဆိုးတစ်ကောင်ပဲ...ငါတို့က သူ့ကို ပြန်ပေးဆပ်လာအောင်လုပ်ရမယ်"

"သူက စိတ်ဝိညာဥ်တောင်ကိုတောင်သွားပြီး သတ်ဖြတ်ရဲတယ်...ဒါက ဗုဒ္ဓကို ပုတ်ခတ်စော်ကားတာပဲ...လုယွီကို ဒီကိစ္စအတွက်တောင်းပန်ဖို့ ငါတို့အားလုံး တောင်းဆိုရမယ်"

ဗုဒ္ဓကျင့်ကြံသူများအားလုံး ဒေါသထွက်နေကြ၏။သူတို့အတွက် စိတ်ဝိညာဥ်တောင်သည် မြင့်မြတ်နယ်မြေတစ်ခုပင်။

ဤတိုက်ခိုက်မှုသည် ဗုဒ္ဓဂိုဏ်း၏မျက်နှာကို ပါးဖြတ်ရိုက်လိုက်ခြင်းနှင့် တူညီသဖြင့် သူတို့၏စိတ်နှလုံးသားအတွင်း၌ ဗုဒ္ဓမြင့်မြတ်နယ်မြေကို မြူများလွှမ်းခြုံသွားသည့်အလားပင်။

ဤကဲ့သို့ကိစ္စများဖြစ်နေသည့်တိုင် လုယွီသည် အနည်းငယ်မျှ အာရုံစူးစိုက်ခြင်းမရှိချေ။

သို့ရာတွင် ဤကိစ္စသည် တစတစပို၍ပြင်းထန်လာပြီး အဆုံးသတ်၌ ဗုဒ္ဓဂိုဏ်း၏တပည့်များသာမက မဟာအတွင်းဝန်ရုံးပင်လျှင် လုယွီကို ပြစ်တင်ရှုံ့ချသော အမိန့်စာတစောင်အား ထုတ်ပြန်ခဲ့သည်။

လောရွှေကြယ်မြစ်ရှေ့တန်းနေရာတွင် တာယွီစစ်တပ်ကို ကူညီထောက်ပံ့ပေးနေသော ဘုန်းတော်ကြီးအမြောက်အများ ရှိနေဆဲပင်။ထိုဘုန်းတော်ကြီးများရှိနေသောကြောင့်သာ သူတို့သည် ထန်အင်ပါယာ၏တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခြင်းဖြစ်ပေ၏။

ယခုအချိန်၌ တာယွီတော်ဝင်နန်းတွင်းသည် ဗုဒ္ဓလောကနှင့် အလွန်နီးကပ်သော ဆက်ဆံရေးရှိကာ အထူးသဖြင့် မဟာအတွင်းဝန်ရုံး၏အမတ်ချုပ်ကြီး ရှကွေ့ကျုံးပင်။သူနှင့်ဗုဒ္ဓလောကသည် အလွန်နီးစပ်သဖြင့် သူသည် လုယွီ၏ရိုင်းပျသောအပြုအမူကို သည်းခံနိုင်ခြင်းမရှိချေ။

ဤကိစ္စကိုတုံ့ပြန်သည့်အနေဖြင့် လုယွီက တိုက်ရိုက်ထုတ်ပြန်ကြေငြာလိုက်သည်။ အကယ်၍ ရှကွေ့ကျုံးထံတွင် ကျောထောက်နောက်ခံများရှိနေပါက တာယွီတော်ဝင်နန်းတွင်းသည် ဗုဒ္ဓလောကထံမှအကူအညီတောင်းခံကာ အပေးအယူလုပ်ရန် တောင်းဆိုလိမ့်မည်မဟုတ်ချေ။

'တကယ်လို့ ငါက ငါ့ရဲ့မိသားစုကိုတောင် မကာကွယ်နိုင်ဘူးဆိုရင် ကျင့်ကြံခြင်းအကြောင်းကို ဘယ်လိုလုပ်ပြီး ဆက်ပြောနိုင်မှာလဲ...တကယ်လို့ ဗုဒ္ဓဂိုဏ်းက ငါ့ရဲ့မိသားစုကို ထပ်ပြီးထိဝံ့မယ်ဆိုရင် ငါကိုယ်တိုင် စိတ်ဝိညာဥ်တောင်ကိုသွားမယ်..ငါက ဗုဒ္ဓဘုရားလောင်းနဲ့ဘုန်းတော်ကြီးတွေ ဘယ်လောက်ထိများများ ငါ့အတွက် အသေခံမလဲဆိုတာ ကြည့်ချင်တယ်"

လုယွီက ပြောဆိုသည်။

Chapter 4442

လုယွီ၏ထုတ်ပြန်ကြော်ငြာချက်နှင့်အတူ ဖေးထျန်ကွမ်းသည်လည်း အချည်းနှီးမနေချေ။

သူသည် ကောင်းကင်ကွန်ယက်အဖွဲ့၏ လက်အောက်ခံသူလျှိုများကို အသုံးပြုကာ နေရာအနှံ့အပြား၌ သတင်းများဖြန့်ချီပြီး ဗုဒ္ဓဂိုဏ်း၏နည်းလမ်းများကို လူသူအများသိအောင် ပြုလုပ်ခဲ့သည်။

ထိုအချိန်ကျမှသာ ကောင်းကင်ဘုံနယ်မြေရှိလူများအားလုံးမှ လုယွီသည် မည်သည်ကြောင့် စိတ်ဝိညာဥ်တောင်သို့ ဝင်ရောက်တိုက်ခိုက်ကာ ဗုဒ္ဓဂိုဏ်း၏ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအား သတ်ဖြတ်ခဲ့သည်ကို သိရှိသွားသည်။

"ဒီတကြိမ်တော့ ဗုဒ္ဓဂိုဏ်းက တော်တော်လေးလွန်သွားပြီ....တကယ်လို့ လုယွီနေရာမှာ ငါ ဖြစ်နေရင်လည်း ဗုဒ္ဓဂိုဏ်းကို အလွတ်ပေးနိုင်မှာ မဟုတ်ဘူး"

"သူတို့က သနားညှာတာရမယ်လို့ အမြဲတမ်းရေရွတ်နေတယ်...တကယ်တမ်းကျတော့ သူတို့က ရက်စက်ကြမ်းကြုတ်ပြီးတော့ သွေးဆာတဲ့လူတွေ ဖြစ်နေမယ်လို့ ငါ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး....သူတို့က တကယ့်ကို အရှက်မဲ့တာပဲ"

"ကံကောင်းချင်တော့ လုယွီက အသက်ရှင်သန်နေခဲ့တယ်...တကယ်လို့ သူသာသေသွားရင် သူ့ရဲ့မိသားစုလည်း အသတ်ခံနေရလောက်ပြီ"

လူအမြောက်အများသည် လုယွီအပေါ် ထားရှိသော သူတို့၏စိတ်သဘောထားများ သိသိသာသာပြောင်းလဲသွားသည်။

တချို့လူများသည် အတိတ်တွင် ဗုဒ္ဓဂိုဏ်းမှလုပ်ဆောင်ခဲ့သော ကိစ္စတချို့ကိုပင် ရှာဖွေတွေ့ရှိခဲ့လေ၏ ထိုကိစ္စများတွင် သွေးများစွန်းထင်းနေကာ လူအမြောက်အများ၏အသက်များဖြင့် ပတ်သက်နေသည်။

ဂိုဏ်းချုပ်တချို့သည် ဗုဒ္ဓဂိုဏ်းမှနေ၍ နတ်ဆိုးများကို အမြစ်ပြတ်သုတ်သင်ကာ တာအိုကိုကာကွယ်သည်ဟု အမည်တပ်ပြီး သတ်ဖြတ်ခြင်းခံခဲ့ရသည်။အကြောင်းအရင်းမှာ ထိုဂိုဏ်းများမှဂိုဏ်းချုပ်များသည် သူတို့၏ဂိုဏ်းများအတွင်း၌ ဘုရားကျောင်းတည်ဆောက်ရန် ခွင့်မပြုသောကြောင့်ပင်။

တချို့စီးပွားရေးသမားများသည် ဗုဒ္ဓကို ပုတ်ခတ်စော်ကားသည်ဟု စွပ်စွဲခံရပြီး ရိုက်နှက်ခြင်းခံရလေ၏။အကြောင်းအရင်းမှာ သူတို့သည် ဘုရားကျောင်းများအတွက် အမွှေးတိုင်စရိတ်များကို ဆက်သရန်မတတ်နိုင်သောကြောင့်ပင်။ထိုလူများအားလုံးသည် ထောင်အတွင်း၌ အကျဉ်းချခံရကာ ညှဉ်းပန်းနှိပ်စက်ခံရလေ၏။

ဗုဒ္ဓအားယုံကြည်ကိုးကွယ်သူတချို့သည် သူတို့၏ကျင့်ကြံဆင့်တိုးတက်စေရန်နှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှ မပြုလုပ်ကြချေ။သူတို့သည် အမွှေးနံ့သာကိုထွန်းညှိပြီး ဗုဒ္ဓအပေါ်သို့ သူတို့၏ရိုသေလေးစားမှုအား နေ့စဉ်နေ့တိုင်းပြသကြသည်။သို့ရာတွင် သူတို့၏ကျင့်ကြံဆင့်စွမ်းအားများသည် အနည်းငယ်မျှတိုးတက်လာခြင်းမရှိချေ။

တော်ဝင်နန်းတွင်းသည် ဗုဒ္ဓတားမြစ်အမိန့်တော်ကို ဖယ်ရှားလိုက်သောကြောင့် နေရာဒေသအသီးသီးတွင် ဗုဒ္ဓအင်အားစုများကို ဖြန့်ကျက်နိုင်ကာ မည်သည့်တားဆီးဟန့်တားမှုမျှ မရှိတော့ချေ။

ထိုကြောင့် ဤခေတ်ကာလအတွင်းတွင် ပဋိပက္ခအမြောက်အများ ဖြစ်ပွားလာခဲ့သည်။ဗုဒ္ဓအင်အားစုများကို ချဲ့ထွင်နိုင်ရန်အလို့ငှာ သူတို့သည် မရိုးဖြောင့်သော နည်းလမ်းများကိုအသုံးပြုခဲ့ကာ ဂိုဏ်းအမြောက်အများသည်လည်း အမြစ်ပြတ်သုတ်သင်ခြင်းခံရသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ရှီးလျန်နယ်မြေအတွင်း၌ အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။

အုပ်ချုပ်ရေးအဖွဲ့များနေ၍ ဘုန်းတော်ကြီးများအတွက် ရာဇသံတစ်ခု ထုတ်ပြန်လိုက်ကာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ရှိနေသော ဘုန်းတော်ကြီးများထံတွင် တရားဝင်နယ်မြေအဝင်အထွက် သက်သေခံလက်မှတ်ရှိနေရပေမည်။

ဤသက်သေခံလက်မှတ်မရှိသော ဘုန်းတော်ကြီးများအားလုံး အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ မောင်းထုတ်ခြင်းခံရကာ ဤနေရာသို့ ခြေလှမ်းတစ်ဝက်ပင် ပြန်ချခွင့်ပြုတော့မည်မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ ဤရာဇသံကို လုယွီမှထုတ်ပြန်ခဲ့ခြင်းပင်။

ဗုဒ္ဓဂိုဏ်းအပေါ် လုယွီ၏စိတ်နေသဘောထားဖြင့် ဤကဲ့သို့ ရာဇသံတစ်ခုအား ထုတ်ပြန်ကြေငြာသည်မှာ မဖြစ်နိုင်သောကိစ္စ မဟုတ်ချေ။

ဤသည်မှာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းမှ ဗုဒ္ဓအင်အားစုများအားလုံးကို မောင်းထုတ်လိုက်ခြင်းပင်။

ဤအမိန့်ကို ထုတ်ပြန်ကြေညာလိုက်ပြီးနောက် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တခွင်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ဗုဒ္ဓအင်အားစုများသည် ဤသတင်းကိုရရှိသောအချိန်အခိုက်အတန့်၌ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ တိတ်တဆိတ်ထွက်ခွာသွားကြ၏။

လုယွီသည် ရွှေအလင်းဘုရားကျောင်းကိုဖျက်ဆီးပြီးနောက် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တွင် ကြီးမားသော ဗုဒ္ဓအင်အားစုမရှိတော့ဘဲ တခြားကြယ်မြစ်များတွင်သာ ကြွင်းကျန်တော့သည်။

မူလကတည်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တွင် ဗုဒ္ဓအင်အားစုအမြောက်အများ ရှိမနေချေ။လုယွီ၏အမိန့်ကို ထုတ်ပြန်ကြော်ညာပြီးနောက် ကြွင်းကျန်သော ဗုဒ္ဓအင်အားစုများအားလုံး တိတ်တဆိတ်ဆုတ်ခွာသွားကြသည်။

သို့ရာတွင် လူတချို့မှနေ၍ လုယွီသည် တာယွီအင်ပါယာ၏တော်ဝင်အတွင်းဝန်ရုံးကို အနည်းငယ်မျှဂရုမစိုက်ကြောင်း ရှာဖွေတွေ့ရှိသွားခဲ့သည်။

ဤသည်မှာ ကြယ်မြေအုပ်ချုပ်သူအရှင်တစ်ယောက်၏အခွင့်အာဏာအတွင်း၌ ရှိနေသော်လည်း လုယွီ၏နည်းလမ်းသည် အမှန်တကယ်ကို ရဲတင်းပေ၏။

"လုယွီရဲ့ပုန်းကွယ်နဂါးစစ်တပ်က ငွေအာမခံဌာနတွေအများကြီးမှာ ငွေတွေအပ်နှံထားတယ်....သူ့ရဲ့လက်ထဲမှာ ငွေကြေး စွမ်းအားနဲ့စစ်အင်အားတို့ ပြီးပြည့်စုံနေပြီ...သူက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ဘုရင်တပါးနဲ့ တူနေပြီးတော့ အင်ပါယာရဲ့ထိန်းချုပ်မှုအောက်ကနေ လွတ်ကင်းနေပြီ"

မရိုးဖျောင့်သောအတွေးရှိသည့် တစ်စုံတစ်ယောက်သည် ဤကိစ္စကို စစ်ခုံရုံးသို့တိုင်ကြားစာပေးပို့ခဲ့ပြီး ဗိုလ်ချုပ်အိမ်တော်မှကြားဝင်စွက်ဖက်မည်ဟု မျှော်လင့်ခဲ့သည်။

သို့ရာတွင် ဤကိစ္စသည် ပင်လယ်သမုဒ္ဒရာအတွင်းသို့ နစ်မြုပ်သွားသော ကျောက်တုံးတစ်တုံးအလား ပျောက်ကွယ်သွားသည်။

အတိတ်တွင် သမာသမတ်ကျကာ ဖြောင့်မတ်မှန်ကန်သော စစ်ဗိုလ်ချုပ်အိမ်တော်သည် လုယွီ၏လုပ်ရပ်များကို မသိမသာအသိအမှတ်ပြုခဲ့ကာ သူအား ပြစ်တင်စွပ်စွဲခြင်းမပြုချေ။

လုယွီသည် သူ၏ကိုယ်ပိုင်နယ်မြေကို တည်ဆောက်နေသည့် အရိပ်အယောင်များရှိနေကြောင်း လူများအားလုံး မြင်တွေ့မိသည်။

သို့ရာတွင် ချီဘုရင်သည် ဤကိစ္စကို ပြုလုပ်ခဲ့သည့်အချိန်၌ မရေမတွက်နိုင်သော တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးများ၏ အရေးယူခြင်းကိုခံရကာ အလွန်ဆိုးရွားသော အခြေအနေတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့သည်။သို့ရာတွင် ဤကိစ္စသည် လုယွီ၏အလှည့်သို့ ရောက်ရှိလာချိန်၌ အခြေအနေ လုံးလုံးလျားလျားကွဲပြားခြားနားသွားသည်။

မည်သူမျှ သံသယဝင်ခြင်းမရှိ ငြင်းဆန်ခြင်းမရှိဘဲ လုယွီ ပြုလုပ်သည့်အရာအားလုံးကို မသိမသာအသိအမှတ်ပြုနေသည့်အလားပင်။

"လုယွီက တော်ဝင်မြို့တော်က လူတချို့နဲ့လည်း အဆက်အသွယ်ရှိနေတယ်"

လူတချို့သည် လုယွီသေဆုံးသွားသည်ဟူသော သတင်းများထွက်ပေါ်လာချိန်၌ ထိပ်သီးမိသားစုကြီးသုံးစုမှနေ၍ ဖြေရှင်းချက်တောင်းခံခဲ့သည့်မြင်ကွင်းကို ပြန်လည်အမှတ်ရသွားသည်။

ထိုအချိန်တုန်းက အိမ်ရှေ့စံမင်းသားပင်လျှင် တော်ဝင်ညီလာခံ၌ လွှမ်းမိုးနိုင်စွမ်းမရှိခဲ့ချေ။

လုယွီ၏နောက်ကွယ်မှနေ၍ တစ်စုံတစ်ခုကို တိတ်တဆိတ် ပြုလုပ်လိုသည့်လူများသည်လည်း သူတို့၏အတွေးများကို ပြန်လည်ရုတ်သိမ်းလိုက်ကြ၏။အကယ်၍ သူတို့သည် ထိုသို့ပြုလုပ်ပါက တားမြစ်ကန့်သတ်ချက်တစ်ခုကို ထိတွေ့သွားမည်ဟူသော ခံစားချက်မျိုးရရှိနေသည်။

တစ်ရက်တွင် ပုန်းကွယ်နဂါးစစ်တပ်သည် မြောက်အရပ်နှင့်တောင်အရပ်သို့ စစ်ချီတက်ကာ ချီအင်ပါယာမှချီးမြှောက်ထားသော နယ်မြေကြီးရှစ်ခုကို တိုက်ခိုက်ပြီးအနိုင်ယူနိုင်ခဲ့သည်။

နွေဦးဆောင်းဦးအချိန်ကာလ၏ ဆယ့်နှစ်လမြောက် နဝမနေ့တွင်...

ပုန်းကွယ်နဂါးစစ်တပ်၏နံပါတ်ဆယ့်တစ်တပ်ရင်းသည် ချီစစ်တပ်၏ဗဟိုစစ်ဌာနချုပ်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပေ၏။

Chapter 4443

ဆယ့်နှစ်လမြောက်လ၏ဆယ်ရက်နေ့....

လက်ဝဲစစ်တပ်နယ်မြေ အုပ်ချုပ်သူအရှင်အိမ်တော်၏ စာကြည့်ဆောင်အတွင်း၌....

လုယွီသည် သူ၏လက်အတွင်း၌ စုတ်တံတစ်ချောင်းကိုကိုင်ထားကာ ရုံးစာရွက်စာတမ်းများပေါ်၌ သူ၏မှတ်ချက်ကို ရေးသားနေသည်။သူသည် ယခုလတ်တလောတွင် အုပ်ချုပ်ရေးဆိုင်ရာအရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေရလေ၏။

ပုန်းကွယ်နဂါးစစ်တပ်သည် ချီအင်ပါယာ၏စစ်တပ်မြို့သုံးမြို့ကို သိမ်းပိုက်နိုင်ခဲ့သဖြင့် လုယွီ၏အင်အားစုသည် ကြယ်နယ်မြေပေါင်း နှစ်ရာ့ရှစ်နယ်မြေအထိ ကြီးမားကျယ်ပြန့်လာခဲ့သည်။ဤနယ်မြေများအတွင်းရှိ ကုန်းမြေများ စီရင်စုများ မြို့များနှင့် သက်ဆိုင်သောအရေးကိစ္စများအားလုံးကို လုယွီမှကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။

ကံကောင်းထောက်မစွာဖြင့် လုယွီထံတွင် ရွှယ်အင်မော်တယ်တစ်ယောက်၏စိတ်ဝိညာဥ်ရှိနေသည်။ထို့ကြောင့် သူ၏စိတ်သည် လန်းဆန်းတက်ကြွနေရုံသာမက ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် သူ၏အရည်အချင်းသည်လည်း အလွန်ကောင်းမွန်သည်။

မည်မျှထိရှုပ်ထွေးသော ကိစ္စဖြစ်ပါစေ လုယွီ၏ရှေ့သို့အရောက်တွင် သင့်တင့်လျောက်ပတ်အောင် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသည်။

အရာရှိတချို့သည် ရုံးစာရွက်အနည်းငယ်ကိုကြည့်ရုံသက်သက်ဖြင့် မူးဝေမှုကိုခံစားရကာ သူတို့၏စိတ်များ ဖရိုဖရဲဖြစ်သွားသည်။ဤသည်မှာ သူတို့၏စိတ်ဝိညာဉ်များ သန်မာအားကောင်းမှုမရှိခြင်း၏ရလဒ်ပင်။သူတို့၏စိတ်စွမ်းအားများသည် ထိုကိစ္စများကိုလုပ်ဆောင်ရန် ထောက်ပံ့ပေးနိုင်သည့်အထိ သန်မာအားကောင်းခြင်းမရှိချေ။

ဆန့်ကျင်ဘက်အနေဖြင့် လုယွီသည် ထိုကိစ္စများအားလုံးကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်ပေ၏။သူသည် ရုံးစာရွက်စာတမ်းတချို့ကို တစ်ချက်သာကြည့်ရုံဖြင့် သူ၏စိတ်အတွင်း၌ မရေမတွက်နိုင်သောအတွေးများ ပေါက်ဖွားလာသည်။သူသည် ထိုကိစ္စ၏အကြောင်းအကျိုးကို နားလည်သဘောပေါက်ကာ အဆုံးသတ်၌ ပြီးပြည့်စုံစွာကိုင်တွယ်ဖြေရှင်းနိုင်သည်။

စာကြည့်ဆောင်၏ပြင်ပတွင် စာရွက်စာတမ်းတချို့ကို ကိုင်ထားသော အရာရှိငယ်တချို့ ရှေ့နောက်ပြေးလွှားနေသည်။ဤသည်မှာ အလွန်အမင်းသက်ဝင်လှုပ်ရှားသော မြင်ကွင်းတစ်ခုပင်။

"အရှင်...ရှေ့တန်းက တိုက်ပွဲအစီရင်ခံစာတွေ ရောက်လာပါတယ်"

ပြင်ပမှနေ၍ ဖေးထျန်ကွမ်းကပြောဆိုကာ တံခါးကိုတွန်းဖွင့်ပြီး အတွင်းသို့ဝင်ရောက်လာသည်။

လုယွီ ရုံးစာရွက်စာတန်းများကို ဖတ်ရှုသည့်အချိန်၌ အစဉ်အမြဲတိတ်ဆိတ်ငြိမ်သက်နေသည်။လူအနည်းစုကသာ သူ၏အမိန့်ကို တောင်းခံရန်မလိုဘဲ အခန်းအတွင်းသို့ တိုက်ရိုက်ဝင်ရောက်နိုင်လေ၏။

"ထိုင်ပါအုံး...လာကြစမ်း...အရှင်ဖေးအတွက် လက်ဖက်ရည်ယူလာခဲ့စမ်း"

လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

အစေခံတယောက်သည် ပြင်ပမှလျှောက်လှမ်းလာကာ လက်ဖက်ရည်ပူတစ်ခွက်ကို ဖေးထျန်ကွမ်း၏နံဘေးရှိ စားပွဲခုံပေါ်သို့ ချပေးလိုက်၏။

ဖေးထျန်ကွမ်းသည် လက်ဖက်ရည်ကို တစ်ငုံငုံ၍သောက်လိုက်သော်လည်း သူ၏မျက်နှာအမူအယာ တည်ကြည်လေးနက်နေသည်။သူက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။

"အရှင် ဒီတိုက်ပွဲအစီရင်ခံစာကို အရင်ဆုံး တစ်ချက်ကြည့်လိုက်ပါလား"

"ဘာပြဿနာရှိလို့လဲ"

လုယွီသည် ထိုတိုက်ပွဲအစီရင်ခံစာကိုဖွင့်ပြီး တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ဤသည်မှာ ပုန်းကွယ်နဂါးစစ်တပ်၏တပ်မှူးတစ်ယောက်ဖြစ်သော လုကျင်းရှန့်၏အစီရင်ခံစာပင်။လုယွီ၏နောက်သို့လိုက်ခဲ့သော ပထမဆုံးစစ်ဗိုလ်ချုပ်ဖြစ်သဖြင့် သူ့အားရှေ့တန်းတပ်မှူးရာထူးနေရာကို လုယွီမှပေးအပ်ထားခဲ့သည်။

လုကျင်းရှန့်၏ယခုလက်ရှိခွန်အားသည် နယ်မြေသခင်အဆင့်သို့ ရောက်ရှိနေလေပြီ။သူသည် နယ်မြေသခင်ပထမအဆင့်တွင်သာ ရှိသေးသော်လည်း အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန်လုံလောက်သည်။

အစီရင်ခံစာအတွင်း၌ လုကျင်းရှန့်သည် တိုက်ပွဲ၏ယခုလက်ရှိအခြေအနေကိုအသေးစိတ်ကျကျရှင်းပြထားကာ သူ ယခုလက်ရှိရင်ဆိုင်နေရသော အဓိကပြဿနာကြီးနှစ်ခုအကြောင်းကိုလည်း ထောက်ပြထားသည်။

ပထမအချက်မှာ ပုန်းကွယ်နဂါးစစ်တပ်သည် မြို့များကိုတိုက်ခိုက်ပြီးနောက် ချီအင်ပါယာထံမှာ စစ်အင်အားအရေအတွက် အမြောက်အမြားကို လွှဲပြောင်းယူနိုင်ခဲ့သည်။အချိန်တစ်လမပြည့်သေးမီမှာပင် ထိုစစ်သည်အင်အားသည် ဆယ်သန်းနီးပါးသို့ ရောက်ရှိသွားလေ၏။

ဒုတိယအနေဖြင့် ချီအင်ပါယာမှစစ်သားအမြောက်အများ ထွက်ပြေးသွားခြင်းပင်။ချီအင်ပါယာသည် ထိုစစ်သားများ၏နေရာ၌ ဖြည့်တင်းနိုင်ရန်အလို့ငှာ ကျင့်ကြံသူများကိုဖမ်းဆီး၍ ဖြည့်တင်းခဲ့သည်။

ထိုဖမ်းဆီးခံရသော ကျင့်ကြံသူများအားလုံးထံတွင် ကျိန်စာများကို ခတ်နှိပ်ခြင်းခံရလေ၏။အကယ်၍ သူတို့သည် ချီအင်ပါယာကို သစ္စာဖောက်ဝံ့ပါက သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲပြီးသေဆုံးသွားပေမည်။

ဤလူများသည် စစ်ပွဲအတွင်း၌ ရုပ်သေးများအလားပင်။ရှေ့တန်း၌ တိုက်ပွဲစတင်သည်နှင့် ပုန်းကွယ်နဂါးစစ်တပ်မှ တိုးဝင်တိုက်ခိုက်သည့်အချိန်၌ ခြိမ်းခြောက်ခံထားရသော ကျင့်ကြံသူများကိုသာ သတ်ဖြတ်နိုင်ခဲ့သည်။သို့ရာတွင် သူတို့သည် ချီအင်ပါယာအတွက် များစွာထိခိုက်နစ်နာမှုမဖြစ်စေချေ။

အကြောင်းအရင်းမှာ ချီအင်ပါယာသည် ဤကဲ့သို့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းတစ်ခုကို အသုံးပြုထားသောကြောင့် ပုန်းကွယ်စစ်တပ်သည် အောင်မြင်မှုများစွာ ရယူနိုင်ခြင်းမရှိတော့ချေ။

လုယွီက ပြောဆိုသည်။

"အရည်အချင်းမဲ့တဲ့လူတွေ ရှိနေတာထက် ဘာမှမရှိတာက ပိုကောင်းတယ်...ဒါက ပုန်းကွယ်နဂါးစစ်တပ်ရဲ့စံသတ်မှတ်ချက်ပဲ...ချီအင်ပါယာရဲ့စစ်တပ်ထဲမှာ လေဟာနယ်ဓားပြတွေ နတ်ဆိုးကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေတယ်လို့ ငါ ကြားထားတယ်...အဲ့ဒီလိုလူတွေကို ပုန်းကွယ်နဂါးစစ်တပ်ထဲ ဝင်ခွင့်မပြုဘူး...ငါက လုကျင်းရှန့်ဆီကို လူတချို့စေလွှတ်ပြီးတော့ နတ်ဆိုးကျင့်ကြံသူတွေကို ခွဲခြားခိုင်းရမယ်...သူတို့ကို ငါတို့ပုန်းကွယ်နဂါးစစ်တပ်ထဲ ဝင်ခွင့်ပြုလို့မရဘူး"

ဖေးထျန်ကွမ်းက ပြောဆိုသည်။

"ဒါက အမှန်ပဲ...ငါက အစီအစဉ်တချို့ ပြုလုပ်ဖို့အတွက် လူတချို့ကို စေလွှတ်ခဲ့ပြီးပြီ...စစ်သည်အင်အားဆယ်သန်းကျော်မှာ အများဆုံးအနေနဲ့ နှစ်သန်းပဲကျန်တော့တယ်...ကျန်တဲ့လူတွေကတော့ နေရာဒေသအသီးသီးမှာရှိတဲ့ အစောင့်တပ်တွေစီ ရောက်သွားပြီ....နတ်ဆိုးကျင့်ကြံသူတွေကတော့ သူတို့ထဲကတစ်ယောက်မှ အသက်ရှင်ရက်မကျန်တော့ဘူး"

ပုန်းကွယ်နဂါးစစ်တပ်သည် ကောင်းကင်ဘုံနယ်မြေ၌ အကောင်းဆုံးအထောက်အပံ့ပစ္စည်းများကို ရရှိသော စစ်တပ်အနည်းစုအနက်မှာတစ်တပ်ပင်။

တာယွီမြို့တော်ရှိ တော်ဝင်အစောင့်တပ်များမှ စစ်သားများပင်လျှင် ပုန်းကွယ်နဂါးစစ်တပ်၏ ယခုလက်ရှိအထောက်အပံ့ပစ္စည်းများကို မှီနိုင်မည်မဟုတ်ချေ။

ပုန်းကွယ်နဂါးစစ်တပ်၏စစ်သားရွေးချယ်မှုသည် အလွန်တင်းကြပ်ပေ၏။အကယ်၍ သူတို့သည် လက်ရွေးစင်စစ်သားများ မဟုတ်ပါက စစ်တပ်အတွင်းသို့ဝင်ရောက်ရန် မလွယ်ကူချေ။

Chapter 4444

"လုကျင်းရှန့်က အဲ့ဒီလောက်ထိ များတဲ့လူတွေကို စစ်ထုတ်လိုက်မယ်ဆိုရင် စစ်သားတွေရဲ့စိတ်ဓာတ်တွေ မတည်မငြိမ်ဖြစ်သွားမှာကို စိုးရိမ်ပူပန်နေတယ်"

ဖေးထျန်ကွမ်းက ပြောဆိုသည်။

လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒါက အဆင်ပြေပါတယ်...စစ်ထုတ်ခံရတဲ့လူတွေက ဘယ်လိုပဲဖြစ်ဖြစ် လူကောင်းတွေမဟုတ်ဘူး....သူတို့ကို ငွေကြေးတချို့ပေးပြီးတော့ ထွက်သွားခိုင်လိုက်တာနဲ့ သူတို့က ပြန်ကျဲနေတဲ့ သဲမှုန်တွေလို ထွက်သွားကြလိမ့်မယ်...သူတို့က ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"

ထိုသို့ပြောဆိုပြီးနောက် လုယွီသည် တိုက်ပွဲအစီရင်ခံစာပေါ်ရှိ အမှတ်အသားကို ကြည့်လိုက်သည်။

ထိုမြေပုံပေါ်တွင် ဒေါင်းတစ်ကောင်မှတောင်ပံဖြန့်နေသည့် ပုံစံနှင့်တူသော အမှတ်အသားတစ်ခုပါရှိသည်။ထိုဒေါင်းအမှတ်အသားကို ကြည့်ရသည်မှာ အသက်ဝင်ပြီး အလွန်အမင်းလှပပေ၏။

လုကျင်းရှန့်၏တိုက်ပွဲအစီရင်ခံစာအရ ထိန်းချုပ်ခံထားရသော ကျင့်ကြံသူအများစု၏နောက်ကျောများတွင် ထိုကဲ့သို့အမှတ်အသားတစ်ခု ရှိနေသည်။

ဤသည်မှာ လူတစ်ယောက်၏ခန္ဓာကိုယ်ပေါ်သို့ ကျိန်စာမန္တန်တစ်ခု ခတ်နှိပ်ထားသည့် သင်္ကေတပင်။ထိန်းချုပ်ခံရသော ကျင့်ကြံသူများအားလုံး၏အတွေးများအားလုံး အနီးကပ်စုံစမ်းထောက်လှမ်းခြင်းခံထားရသည်။သူတို့ထံတွင် ချီအင်ပါယာကိုဆန့်ကျင်၍ ပုန်ကန်ရန်ရည်ရွယ်ချက်မျိုး ပေါက်ဖွားလာသည်နှင့် သူတို့၏ခန္ဓာကိုယ်များ ချက်ချင်းပေါက်ကွဲကာ သေဆုံးသွားပေမည်။

"ကျိုးကျင်းထန်က တကယ့်ကို ရက်စက်ကြမ်းကြုတ်တာပါလား...သူ ဒီလိုလုပ်လိုက်ရင် လူတွေရဲ့စိတ်နှလုံးသားကို ဆုံးရှုံးသွားမှာ သူ မကြောက်ဘူးလား"

ဖေးထျန်ကွမ်း၏မျက်နှာအမူအယာ သုန်မှုန်နေသည်။

ဤနည်းလမ်းကို နတ်ဆိုးဂိုဏ်းတချို့တွင်သာ အသုံးပြုလေ့ရှိသည်။

အင်ပါယာတစ်ခုသည် ဤကဲ့သို့နည်းလမ်းမျိုးကို အသုံးပြုလိုက်ခြင်းဖြင့် ရုန့်ရင်းကြမ်းတမ်းပြီး အညှာအတာကင်းမဲ့သည်ဟု ဆိုနိုင်ပေ၏။ဤသည်မှာ ထိုအင်ပါယာမှလူများ၏ စိတ်နှလုံးသားအပေါ် သက်ရောက်မှုရှိသွားကာ တိုင်းပြည်၏ကံကြမ္မာစွမ်းအား ကျဆင်းသွားပေမည်။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"သူ ဒီလိုလုပ်မှ ရတော့မယ်...အဲ့ဒီလိုမဟုတ်ရင် သူ့ကိုယ်သူတောင် ကာကွယ်နိုင်တော့မှာ မဟုတ်ဘူး...ကျိုးမိသားစုက သူ့ကို လုံလောက်တဲ့ဘဏ္ဍာငွေ ထောက်ပံ့ပေးနိုင်တယ်...ဒါပေမယ့် သူ ထိန်းချုပ်နေတဲ့စစ်တပ်မှာ အများစုက လေဟာနယ်ဓားပြတွေ နတ်ဆိုးကျင့်ကြံသူတွေ ဖြစ်နေပြီးတော့ ပုံမှန်စစ်သားတွေမဟုတ်ဘူး"

"သူတို့က ဒီအမြှောက်စာတွေကို အသုံးပြုပြီးတော့ ငါတို့စစ်တပ်ရဲ့အရှိန်နှုန်းကို လျော့ချချင်တာပဲ....အဲ့ဒီအချိန်မှာ သူတို့က ထန်အင်ပါယာကနေ အကူအညီတောင်းခံလိမ့်မယ်...ဒါက သူတို့ရဲ့အစီအစဉ်တွေထဲကတစ်ခုပဲ...ဒါပေမဲ့ သူက ထန်အင်ပါယာက သူ့အပေါ်ထားတဲ့ သဘောထားကို မြင့်မြင့်မားမားတွေးထားတယ်ဆိုတာ အရမ်းသိသာတယ်"

လုယွီသည် အပြုံးနှင့် ပြောဆိုလိုက်၏။

"ထန်အင်ပါယာက သူ့ကိုထောက်ပံ့ဖို့ ရည်ရွယ်ထားတာက သူ့ကိုအသုံးချပြီးတော့ တာယွီအင်ပါယာရဲ့အရှေ့ပိုင်းမျက်နှာစာကို သိမ်းပိုက်ချင်လို့ပဲ...ဒါပေမဲ့ ချီအင်ပါယာက အရမ်းအားနည်းပြီးတော့ လူအင်အားနဲ့ဘဏ္ဍာရေးအရင်းအမြစ်တွေ အများကြီးကို ဖြုန်းတီးလိုက်မယ်လို့ ထန်အင်ပါယာက မျှော်လင့်မထားခဲ့ဘူး...အဆုံးသတ်ကျတော့ ချီအင်ပါယာက တာယွီတော်ဝင်နန်းတွင်းကိုဆွဲချဖို့ မကူညီနိုင်ရုံတင်မကဘူး သူတို့ရဲ့အကူအညီကိုတောင် ပြန်ပြီးတောင်းခံနေခဲ့တယ်"

"ငါက ထန်အင်ပါယာရဲ့အစွမ်းထက်ကျင့်ကြံသူတွေကို သတ်ပြီးတော့ သူတို့ကို ကြီးမားတဲ့တန်ကြေးတစ်ခု ပေးဆပ်ရအောင် လုပ်ခဲ့ပြီးပြီ.. သူတို့က ငါနဲ့ရန်သူတွေဖြစ်လာဖို့ လုပ်တာထက် ကျိုးကျင်းထန်လိုနယ်ရုပ်တစ်ခုကို စွန့်လွှတ်လိုက်တာက ပိုကောင်းလိမ့်မယ်လို့ တွေးခဲ့ကြတယ်"

ဖေးထျန်ကွမ်း၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ထင်ဟပ်လာကာ သူက ပြောဆိုသည်။

"အရှင်က အရာရာတိုင်းကို ထွင်းဖောက်မြင်နိုင်ခဲ့တာပါလား...ငါတို့က ထပ်ခါတလဲလဲတိုင်ပင်ဆွေးနွေးပြီးမှ ဒီကိစ္စကို ကောက်ချက်ချနိုင်ခဲ့တယ်....အရှင်က စကားလုံးတစ်လုံးနဲ့ ဒီကိစ္စကို ထွင်းဖောက်မြင်နိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

ယခင်က လုယွီသည် ပုန်းကွယ်နဂါးစစ်တပ်၏ပင်မအင်အားစုများကို ချီအင်ပါယာနှင့်တိုက်ခိုက်ခိုင်းစဥ်၌ တားဆီးဟန့်တားမှုတချို့နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

ရှီးလျန်ကြယ်နယ်မြေအတွင်း၌ ထန်အင်ပါယာမှအခွင့်ကောင်းရှာ၍ ရှောင်တခင်လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်ပူပန်နေသော ရှေးရိုးဆန်သူများ ရှိနေဆဲပင်။ထိုအချိန်ကျပါက သူတို့သည် နှစ်ဖက်စလုံးမှ ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်ခြင်းကိုခံရကာ အလွန်အန္တရာယ်များသွားပေမည်။

အဆုံးသတ်၌ လုယွီသည် ဤကန့်ကွက်မှုများအားလုံးကို ငြင်းဆန်ခဲ့လေ၏။သူသည် တပ်ရင်းနှစ်ခုကိုသာ မြောက်အရပ်တွင်ထားခဲ့ပြီး ကြွင်းကျန်သောပင်မအင်အားစုများအားလုံးကို ရှေ့တန်းစစ်မျက်နှာစာသို့ ပို့ဆောင်ခဲ့သည်။

သို့ရာတွင် ထန်အင်ပါယာသည် တိတ်ဆိတ်ငြိမ်သက်နေကာ ချီအင်ပါယာအား ထောက်ပံ့ကူညီရန် စစ်သည်အင်အားများ မပို့ဆောင်ခဲ့ခြင်းအတွက် လူများအားလုံး အံ့အားသင့်သွားသည်။

ရှီးလျန်ကြယ်နယ်မြေအတွင်းရှိ စစ်နည်းဗျူဟာရှင်များအားလုံး အကြိတ်အနယ်တိုင်ပင်ဆွေးနွေးပြီးမှသာ နောက်ဆုံး၌ ဤကောက်ချက်ကိုချနိုင်ခဲ့သည်။

ထန်အင်ပါယာသည် လုယွီနှင့်ဆိုးရွားသော ဆက်ဆံရေးရှိခြင်းအတွက် တန်ကြေးကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိချေ။

အနည်းဆုံးအနေဖြင့် ထန်အင်ပါယာသည် ယခုအချိန်၌ လုယွီနှင့်ဆိုးရွားသောဆက်ဆံရေးကို ပြုလုပ်ရန် အဆင်သင့်မဖြစ်သေးချေ။

"ငါ့ရဲ့စစ်တပ်ကို ဒီမှော်မန္တန်လောက်နဲ့ ဟန့်တားဖို့ကြိုးစားချင်တာလား....အိပ်မက်မက်နေလိုက်စမ်း....အဆုံးသတ်မှာ သူတို့ရဲ့ရူးသွပ်မှုတွေအားလုံးကို သူတို့ ပြန်ပြီးခံယူရလိမ့်မယ်...ငါက အဲ့ဒီမှော်မန္တန်ကို ချိုးဖျက်မယ်"

ထိုနောက် သူက အဝါရောင်စာရွက်တစ်ရွက်ကို စားပွဲပေါ်၌ ဖြန့်လိုက်သည်။

လုယွီသည် စုတ်တံတစ်ချောင်းကိုကောက်ကိုင်ကာ သူ၏မျက်နှာအမူအယာ တည်ကြည်လေးနက်စပြုလာသည်။ထို့နောက် သူ၏လက်အတွင်းရှိ စုတ်တံကို ညင်သာစွာချလိုက်၏။

မင်သွေးကျောက်ပေါ်ရှိ မင်များကိုကြည့်ရသည်မှာ စိတ်ဝိညာဥ်ရှိနေသည့်အလားပင်။ထိုမင်များသည် လေထုအတွင်းသို့ မြင့်တက်သွားကာ အနက်ရောင်ရေပေါ်နဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားပြီး လေဟာနယ်အတွင်း၌ ရှေ့နောက်လှည့်ပတ်ပျံသန်းနေကာ ရံဖန်ရံခါ၌ ဟိန်းဟောက်သံတချို့ပင် ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏စုတ်တံကို အောက်သို့ချလိုက်သည်။စုတ်တံ၏အဖျားအောက်တွင် မင်နဂါးသည်ဟိန်းဟောက်နေပြီး အဝါရောင်စာရွက်ပေါ်တွင် စာကြောင်းတစ်ကြောင်း ကြွင်းကျန်ခဲ့သည်။

Chapter 4445

ဤစာကြောင်းအတွင်းရှိ စာလုံးများ၏စုတ်ချက်များသည် အလွန်အားကောင်းပြီး အစွမ်းထက်သည်။

ဤသည်မှာ စာရွက်တစ်ရွက်ပေါ်၌ ဓားရှည်တစ်လက် ခုန်ပေါက်နေသည့်အလားပင်။ဤအရာကိုတစ်ချက်ကြည့်မိသော မည်သူမဆို သူတို့၏မျက်လုံးအတွင်းသို့ ဓားအရှိန်အဝါတစ်ရပ် ဝင်ရောက်လာသည့်အလား သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားမှုကို ခံစားရပေမည်။

ဤစာကြောင်း၌ စာလုံးအနည်းငယ်သာ ပါဝင်သည်။

"ငါ့ရဲ့အမိန့်အရ...ကျိန်စာအားလုံး ပျက်ပြယ်စမ်း"

ဤသည်မှာ အမိန့်တော်တစ်ခုနှင့် တူညီသည်။

စာရွက်ပေါ်ရှိစာလုံးတစ်လုံးစီသည် ဂျင်ထောင်နှင့်ချီသောအလေးချိန်ကို သယ်ဆောင်ထားပုံရကာ အလွန်အမင်းလေးလံသည်။

ဖေးထျန်ကွမ်းသည် ချက်ချင်းဆိုသလိုပင် မတ်တတ်ထရပ်ပြီး သူ၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။

"ဒါက..."

ဖေးထျန်ကွမ်းသည် ထိုစာကြောင်းမှနေ၍ တော်ဝင်အမိန့်တော်၏စွမ်းအားကို ခံစားမိသည်။

အစွမ်းထက်သော ဧကရာဇ်အရှိန်အဝါသည် လေထုအတွင်း၌ပြန့်နေကာ မိုးကောင်းကင်တာအို၏အသံနှင့် တူညီသောအသံများကို ကြားနေရသည်။ဤအမိန့်တော်ကို လောကကြီးအတွင်းရှိ ဥပဒေသများပင်လိုက်နာရကာ မည်သူမျှ ငြင်းဆန်၍မရနိုင်ချေ။

"ဒါက ငါ ရေးသားထားတဲ့ အဆောင်လက်ဖွဲ့ပဲ... ငါက ဒီအဆောင်လက်ဖွဲ့တွေကို နည်းနည်းလောက်ထပ်ရေးပြီးတော့ လုကျင်းရှန့်ဆီကို ပို့လိုက်မယ်"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

ဖေးထျန်ကွမ်း၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အမူအယာတစ်ရပ်ရှိနေသည်။ သူသည် ထိုစာရွက်ကို ဂရုတစိုက်ကောက်ကိုင်ကြည့်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သော အမူအယာတစ်ရပ် ထင်ဟပ်လာပေ၏။

"စာပေသူတော်စင်ရဲ့စာလုံးတစ်လုံးနဲ့ အင်ပါယာတစ်ခုရဲ့အခြေအနေကို ဆုံးဖြတ်နိုင်စွမ်းရှိတယ်လို့ ငါ အရင်ကကြားခဲ့ဖူးတယ်...ဖြစ်နိုင်တာတော့ မင်း အခုအသုံးပြုနေတဲ့နည်းလမ်းက အဲ့ဒါလား...."

ဖေးထျန်ကွမ်းက ဂရုတစိုက်မေးမြန်းသည်။

ကောလဟာလများအရ သွားလေသူဧကရာဇ် သက်ရှိထင်ရှားရှိနေစဉ်တွင် ရှေးဟောင်းနတ်ဆိုးတစ်ကောင်သည် ကောင်းကင်ဘုံနယ်မြေအတွင်းသို့ ခိုးဝင်လာခဲ့သည်။ထို့နောက် သူသည် နယ်မြေကြီးတစ်ခု၏ အရပ်မျက်နှာအဘက်ဘက်သို့ လှည့်ပတ်သွားလာကာ ထင်ရာစိုင်းသောင်းကျန်းခဲ့သည်။

နယ်မြေခံ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် ဤရှေးဟောင်းနတ်ဆိုးကို အနည်းငယ်မျှယှဉ်ပြိုင်တိုက်ခိုက်နိုင်ခြင်းမရှိချေ။ထိုရှေးဟောင်းနတ်ဆိုး၏လက်အတွင်း၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများ သေဆုံးသွားခဲ့သည်။

နောက်ပိုင်းတွင် ထိုရှေးဟောင်းနတ်ဆိုးသည် နယ်မြေတစ်ခုတည်းဖြင့် စိတ်ကျေနပ်ခြင်းမရှိတော့ချေ။သူသည် တော်ဝင်မြို့တော်သို့ တိတ်တဆိတ်ခိုးဝင်ကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီးကို စတင်၍ကျူးလွန်ခဲ့လေ၏။

တော်ဝင်မြို့တော်၌ လူနေအလွန်ထူထပ်သိပ်သည်းသည်။ဤကဲ့သို့ သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါး ရုတ်တရက်ထွက်ပေါ်လာချိန်၌ ချက်ချင်းဆိုသလိုပင် ဖရိုဖရဲဖြစ်ရပ်များ ထွက်ပေါ်လာခဲ့သည်။အရာရှိအမြောက်အများ၏အသက်များ ဆုံးရှုံးသွားကာ မြို့သူမြို့သားများသည်လည်း မရှုမလှ သေဆုံးခဲ့ရသည်။

ဤအချိန်အခိုက်အတန့်တွင် စာပေသူတော်စင်သည် သူ၏လှုပ်ရှားမှုကို ပြုလုပ်ခဲ့လေ၏။

သူသည် သူ၏လက်အတွင်း၌ စုတ်တံနှင့်မင်ကိုကိုင်လိုက်ရုံသက်သက်ပင်။သူ၏စုတ်တံ ကျရောက်သွားသည်နှင့် ရွှေရောင်သင်္ကေတအက္ခရာများ လေထုအတွင်း၌ မျောလွင့်သွားကာ ဂျင်သန်းနှင့်ချီ၍ လေးလံသည်။ထိုအရာများသည် အောက်သို့ပြင်းပြင်းထန်ထန်ကျရောက်သွားကာ ရှေးဟောင်းနတ်ဆိုးကိုဖိနှိပ်ပြီး မလှုပ်ရှားနိုင်သောအခြေအနေသို့ ကျရောက်သွားစေသည်။

ဤသည်မှာ အဆောင်လက်ဖွဲ့တာအိုပင်။စုတ်တံနှင့်မင်ကို အသုံးပြုရုံဖြင့် သူ၏တာအိုကိုပြသနိုင်ခြင်းသည် လူအများ စိတ်ကူးယဉ်တွေးတောနိုင်စွမ်းထက် များစွာပို၍ကျော်လွန်နေသည်။

လုယွီက ပြောဆိုသည်။

"ဒါက ငါ အသုံးပြုတဲ့ နည်းလမ်းတွေထဲကတစ်ခုလို့ ပြောနိုင်တယ်"

စာပေသူတော်စင်သည် ကောင်းကင်ဘုံတာအိုဥပဒေသများကို အသက်သွင်းရန် အဆောင်လက်ဖွဲ့တာအိုကို အသုံးပြုခဲ့သည်။ယခုလက်ရှိအချိန်၌ လုယွီသည်လည်း ထိုကဲ့သို့တူညီစွာ လုပ်ဆောင်ခဲ့ပေ၏။

ဖေးထျန်ကွမ်း ပို၍ပင်အံ့အားသင့်သွားသည်။သူသည် လုယွီပြောဆိုသောစကားများကို သံသယမရှိချေ။အကြောင်းအရင်းမှာ သူသည် ထိုစာရွက်မှနေ၍ မကြုံစဖူးကြီးမားသည့် စွမ်းအားတစ်ရပ်ကို ခံစားမိသောကြောင့်ပင်။

ဤသည်မှာ သူသည် တောင်ကြီးတစ်လုံးကို ကိုင်ထားရသည့်အလားပင်။

"အရှင်....ဒီအဆောင်လက်ဖွဲ့ဆိုရင် ချီအင်ပါယာရဲ့နည်းလမ်းတွေကို ဘာမှ စိုးရိမ်ပူပန်ဖို့မလိုတော့ဘူး"

ဖေးထျန်ကွမ်းက ရုတ်တရက်ပြောဆိုသည်။

"အော် ဒါနဲ့....အပြင်မှာ တော်ဝင်နန်းတွင်းကနေ ပေးပို့လိုက်တဲ့ တော်ဝင်အမိန့်တော်ရောက်နေတယ်....အရှင်ကို အရှေ့ခန်းမတော်ဝင်အတွင်းဝန်ဆိုတဲ့ ဘွဲ့ထူးချီးမြှင့်လိုက်ပြီးတော့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့အရေးကိစ္စတွေအားလုံးမှာ အခွင့်အာဏာအပြည့်ပေးလိုက်ပြီ"

မဟာအတွင်းဝန်သည် ဘွဲ့ထူးတစ်ခုဖြစ်ရုံသာမက တာယွီအင်ပါယာ၏ဆုံးဖြတ်ချက်များတွင် ပါဝင်နိုင်သော အခရာကျသူပင်။

လုယွီသည် အဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်သွားလေပြီ။

သူသည် တာယွီအင်ပါယာ တည်ထောင်ခဲ့သည်သမိုင်းစဉ်တစ်လျှောက် အသက်အငယ်ဆုံး မဟာအတွင်းဝန်ပင်။

လုယွီက အပြုံးနှင့်ပြောဆိုသည်။

"တော်ဝင်နန်းတွင်းက ငါ့ကို ချီအင်ပါယာနဲ့ သေတဲ့အထိ တိုက်ခိုက်စေချင်တာပဲ...တကယ်လို့ ငါတို့နှစ်ဖက်လုံး ပြင်းထန်တဲ့ဆုံးရှုံးမှုတွေ ခံစားရရင် သူတို့အတွက် အကောင်းဆုံးဖြစ်မှာ မဟုတ်လား....သူတို့က ငါ့ကို အတုအယောင်ဘွဲ့ထူးတစ်ခုကို ပေးခဲ့တယ်...ငါက သူတို့ကို ကျေးဇူးတင်ရအုံးမှာလား"

သူသည် ဤကိစ္စကို ရှင်းရှင်းလင်းလင်း ထွင်းဖောက်မြင်နိုင်ပေ၏။

အကယ်၍ သူသည် မဟာအတွင်းဝန်တစ်ယောက်ဖြစ်လာလျှင်ပင် မည်သည့်ထူးခြားချက်မျှ ရှိမည်မဟုတ်ချေ။သူသည် ယခုလက်ရှိ၌ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သို့ ရောက်ရှိနေကာ တော်ဝင်နန်းတွင်း၏ဆုံးဖြတ်ချက်များတွင် စွက်ဖက်ရန်အတွက် တော်ဝင်မြို့တော်သို့ ပြန်သွားနိုင်မည်မဟုတ်ချေ။

ထို့ပြင် အိမ်ရှေစံမင်းသားသည် တာယွီအင်ပါယာကို အုပ်ချုပ်နေကာ အတိတ်တွင် သူ့အားတော်ဝင်မြို့တော်သို့ ပြန်သွားခွင့်မပြုခဲ့ချေ။အကယ်၍ သူသည် တော်ဝင်မြို့တော်သို့ပြန်သွားလျှင်ပင် အိမ်ရှေစံမင်းသား၏တားမြစ်ကန့်သတ်ခြင်းကို ခံရပေမည်။

ဤသည်မှာ လုယွီကို သူ၏စိတ်အား ဝေဝါးစေသော အကျိုးကျေးဇူးတချို့ ပေးအပ်ရုံသက်သက်ပင်။အိမ်ရှေစံမင်းသားသည် လုယွီကို ချီအင်ပါယာနှင့် ရင်ဆိုင်သည့်အပေါ်၌ အပြည့်အဝအာရုံစူးစိုက်စေလိုသည်။

"ကံဆိုးချင်တော့ ငါက တခြားလူတွေအတွက်နဲ့ ချီအင်ပါယာကို တိုက်ခိုက်တာမဟုတ်ဘူး"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုသည်။

"တော်ဝင်အမိန့်တော်လာပို့တဲ့ သံတမန်တွေကိုအပြင်မှာစောင့်နေဖို့ ပြောလိုက်စမ်း...ငါက ဒီရုံးစာရွက်စာတမ်းတွေကို မှတ်ချက်ရေးပြီးမှ သူတို့နဲ့စကားပြောမယ်"

Thank For Reading.

All Chapters