← Chapters

အခန်း (၄၄၄၆-၄၄၅၀)

Vol. 226 Ch. 4446-4450

အခန်း (၄၄၄၆-၄၄၅၀)

Vol. 226 Ch. 4446-4450

Chapter 4446

မဟာအတွင်းဝန်အဖြစ် လုယွီ ခန့်အပ်ခံရသောသတင်းသည် သေးငယ်သောအသိုင်းအဝိုင်းအတွင်း၌သာ ပျံ့နှံ့သွားခဲ့သည်။

တာယွီအင်ပါယာ၏ အရာရှိအသိုင်းအဝိုင်းအတွင်းရှိ ကိစ္စများနှင့် နှိုင်းယှဉ်ပါက လူများအားလုံးသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏စစ်ပွဲအခြေအနေကိုသာ အာရုံစိုက်နေကြသည်။

ဖရိုဖရဲလောကကြီး မြင့်တက်လာကာ ချီအင်ပါယာသည် တာယွီအင်ပါယာကိုပြောင်ပြောင်တင်းတင်း ပုန်ကန်ဝံ့သည့် အဓိကအင်အားစုတစ်စုဖြစ်လာသည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ဘုရင်တစ်ပါးဖြစ်ခဲ့သော ချီဘုရင်သည် ဤပုန်ကန်မှုအတွင်း၌ ကြီးမားသောအခွင့်အာဏာများကို စုစည်းနိုင်ခဲ့သည်။ဤအင်အားစုသည်အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၌ အမြစ်တွယ်နေကာ အလွန်အမင်းရှုပ်ထွေးပေ၏။

ပုန်းကွယ်နဂါးစစ်တပ်သည် တားဆီး၍မရနိုင်သောအရှိန်အဟုန်ဖြင့် ချီတက်တိုက်ခိုက်ခဲ့ကာ နောက်ဆုံး၌ ချီအင်ပါယာ၏ဗဟိုစစ်ဌာနချုပ်နှင့် ပြင်းထန်သောတိုက်ပွဲများကို ဆင်နွှဲခဲ့ကြသည်။

ဗဟိုစစ်ဌာနချုပ်တွင် ကြယ်နယ်မြေလေးဆယ့်ကိုးခုရှိကာ ကျိုးကျင်းထန်သည် မြေအောက်အင်အားစုများကိုလည်း မွေးမြူထားခဲ့သည်။

ငါးရက်အတွင်း၌ ပုန်းကွယ်နဂါးစစ်တပ်သည် စီရွှေ လင်းယန် တာအိုခံတပ် အထီးကျန်ကောင်းကင်ဟူသော ကြယ်နယ်မြေလေးခုကိုသာ သိမ်းပိုက်နိုင်ခဲ့သည်။ဤတိုးတက်မှုဖြစ်စဉ်သည် မြင့်မားသည်ဟု ဆိုနိုင်သော်လည်း ပုန်းကွယ်နဂါးစစ်တပ်၏ ယခင်တိုက်ခိုက်မှုအရှိန်နှုန်းနှင့် နှိုင်းယှဉ်ပါက နှေးကွေးသည်ဟုယူဆနိုင်သည်။

ချီစစ်တပ်ကို အဓိကတပ်ရင်းဆယ်နှစ်ရင်းဖြင့် ဖွဲ့စည်းထားကာ အရံစစ်တပ်များနှင့်အစေခံအမြောက်အများလည်း ရှိနေသည်။

"နောက်တစ်နှစ်ရဲ့ပထမဆုံးလမှာ ငါတို့က ဝေ့ယန်မြို့တော်ကို သိမ်းပိုက်ပြီးတော့ ချီအင်ပါယာကို ဖျက်ဆီးမယ်"

လုကျင်းရှန့်သည် ထိုစကားကို ပြောဆိုလိုက်သည့်အချိန်၌ ချီအင်ပါယာတစ်ခုလုံးအတွင်းရှိလူများ၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်လာသည်။

ချီအင်ပါယာသည် အနုနည်းဖြင့် ခုခံကာကွယ်ရန်ရွေးချယ်ခဲ့လေ၏။ကြယ်နယ်မြေအများစုတွင် ကြယ်စွမ်းအားများကိုအသုံးပြု၍ ကြီးမားသော အကာအကွယ်ဝင်္ကပါကြီးတစ်ခုကို ခင်းကျင်းခဲ့သည်။ဤဝင်္ကပါအတွင်းသို့ လူသားတစ်ယောက်ဝင်ရန်နေနေသာသာ ငှက်တစ်ကောင်ပင် ပျံသန်းသွားနိုင်မည်မဟုတ်ချေ။

ဤဝင်္ကပါကြီးကို ချိုးဖျက်နိုင်ရန်အလို့ငှာ ပုန်းကွယ်နဂါးစစ်တပ်သည် ရှီးလျန်ကြယ်နယ်မြေမှ စစ်လက်နက်ပစ္စည်းအမြောက်အများကို စုစည်းခဲ့သည်။

ဤအရာများအကြားတွင် ဖန်းနန်တော်မှနေ၍ လုယွီ ရရှိခဲ့သော စစ်ရေးအထောက်အပံ့ပစ္စည်းများလည်း ပါဝင်သည်။

မိုစစ်သင်္ဘောများသည် လောကကြီးအတွင်း၌ တဖန်ပြန်၍ထွက်ပေါ်လာကာ မယုံကြည်နိုင်ဖွယ်ကောင်းအောင်ပင် အစွမ်းထက်သည်။စစ်ဗုံသံများသည် မိုးခြိမ်းသံများအလား ကျယ်လောင်ကာ ကုန်းပတ်ပေါ်၌ အမြှောက်များကို ခင်းကျင်းထားသည်။ရံဖန်ရံခါ၌ အနက်ရောင်အမြောက်ပြောင်းဝများမှနေ၍ အမြှောက်ဆန်များ ပွင့်အံ့ထွက်သွားချိန်တွင် အလွန်အမင်းပြင်းထန်သောစွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။

နဝမလွှသွားစစ်သင်္ဘောများ ကျားစစ်သင်္ဘောများနှင့်တခြားစစ်ရေးအထောက်အပံ့ပစ္စည်းများအားလုံးသည် တာအိုကျမ်းစာများအတွင်းရှိ မှတ်တမ်းများမှတဆင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။

ထိုစစ်သင်္ဘောများကို မြောက်များစွာသောကျွမ်းကျင်ပညာရှင်များ အတူပူးပေါင်း၍ တည်ဆောက်ခဲ့သော်လည်း ရှေးဟောင်းခေတ်၏အမွေအနှစ် ကင်းမဲ့နေသည်။သူတို့ပြုလုပ်ခဲ့သော စစ်သင်္ဘောများသည် လက်ရာမြောက်သော်လည်း ရှေးဟောင်းခေတ်ကဲ့သို့ ဖျက်ဆီးခြင်းစွမ်းအားမျိုး မပါဝင်ချေ။

အတိတ်တွင် ချင်အင်ပါယာသည် မိုစစ်သင်္ဘောများကို အသုံးပြု၍ ကောင်းကင်ဘုံနယ်မြေသို့ ချီတက်လာခဲ့သည်။

ဤအချိန်အခိုက်အတန့်၌ ပုန်းကွယ်နဂါးစစ်တပ်တွင် မိုစစ်သင်္ဘောအရေအတွက် အမြောက်အများ ပါဝင်လေ၏။ပြောရမည်ဆိုလျှင် သူတို့ထံတွင် မိုစစ်သင်္ဘောများရှိနေသဖြင့် ကျားကိုအတောင်ပံတပ်ပေးလိုက်သည့်နှင့် တူညီသွားခဲ့သည်။

နွေဦးဆောင်းဦးကာလ၏ ဆယ့်နှစ်လမြောက် ဆယ့်ငါးရက်နေ့၌...

ပုန်းကွယ်နဂါးစစ်တပ်သည် ကြယ်နယ်မြေဆယ့်နှစ်ခုကိုဖြတ်ကျော်ကာ ဝေ့ယန်မြို့တော်သို့ တန်းတန်းမတ်မတ်ချီတက်သွားခဲ့သည်။

ကြီးကျယ်ခမ်းနားသော ကြယ်နယ်မြေကြီးတစ်ခုသည် စစ်သားများအားလုံး၏ရှေ့၌ ထွက်ပေါ်လာပေ၏။

ဝေ့ယန်မြို့တော်သည် ဝေ့ယန်ကြယ်နယ်မြေ၏ အလယ်ပိုင်းကုန်းမြေအတွင်း၌ တည်ရှိသည်။မြို့ရိုးများသည် မီတာတစ်ထောင်ကျော် မြင့်မားကာ ခြေလှမ်းအနည်းငယ်ကွာဝေးသည့်နေရာတိုင်း၌ အစောင့်တစ်စုရှိနေသည်။ပတ်ဝန်းကျင်နေရာတဝိုက်တွင် စောင့်ကြည့်မျှော်စင်များနှင့် ခုခံကာကွယ်ရေးမျှော်စင်အမြောက်အများရှိနေကာ အကြည့်တချက်ဖြင့်ပင် ထိုအရာများကို တွေ့မြင်နိုင်သည်။

ဝေ့ရွှေတောင်တန်းသည် ကြီးမားသောမြို့ကြီး၏မြစ်ကမ်းနံဘေးတလျှောက် ဧရာမနဂါးကြီးတစ်ကောင်အလား သွယ်တန်းနေသည်။

ဤမြင်ကွင်းကြောင့် ပုန်းကွယ်နဂါးစစ်တပ်မှစစ်သားများ ထိတ်လန့်တုန်လှုပ်သွားသည်။

အကယ်၍ ကောင်းကင်ချိုးဖျက်ခံတပ်ကို ခံတပ်တစ်ခုဟု ယူဆပါက သူတို့ရှေ့ရှိမြို့သည် ခံတပ်အကြီးစားတစ်ခုနှင့် တူညီသည်။မြို့ကြီး၏ထောင့်တစ်နေရာတိုင်းတွင် ဘဝ၏ကံကြမ္မာအပြောင်းအလဲများဖြင့် ပြည့်နှက်နေပေ၏။

အထူးသဖြင့် မြို့ရိုး၏မျက်နှာပြင်ပေါ်တွင် မှော်စွမ်းအားများ တောက်ပနေပြီး ကြည့်ရသည်မှာအလွန်သာလွန်ထူးကဲသည်။

ဝေ့ယန်မြို့သည် ခံတပ်မြို့ကြီးတစ်မြို့ဖြစ်ကာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ စီရင်စုအရှင်များနှင့် ချီဘုရင်တို့ အတူပူးပေါင်း၍ ဤနေရာတွင် ခုခံကာကွယ်ရေးဝင်္ကပါအမြောက်အများကို တည်ဆောက်ထားသည်။မြို့ရိုးသက်သက်ဖြင့်ပင် မီတာရာပေါင်းများစွာထူထပ်ကာ မြို့ရိုး၌ အပေါက်တစ်ပေါက်ထွင်းဖောက်ရန်ပင် အချိန်အတော်ကြာယူရပေမည်။

ပုန်းကွယ်နဂါးစစ်တပ်တွင် စစ်လက်နက်ပစ္စည်းအမြောက်အများရှိနေကာ အဓိကတပ်ရင်းငါးရင်းဖြင့် ဝေ့ယန်မြို့ကို ရက်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့သည်။သို့ရာတွင် ဤမြို့ကြီး၏ခုခံကာကွယ်မှုကို ချိုးဖျက်နိုင်ခြင်းမရှိချေ။

ဤအချိန်အခိုက်အတန့်တွင် ချီအင်ပါယာ၏စစ်ကူများသည် ဒီရေအလား ဝေ့ယန်မြို့ထံသို့ ဦးတည်၍အပြေးသွားနေကြသည်။

ပုန်းကွယ်နဂါးစစ်တပ်သည် အရပ်မျက်နှာအဘက်ဘက်မှလာသော စစ်ကူများ၏တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ပိတ်ဆို့ဟန့်တားနေရသည်။

ဆယ့်နှစ်လမြောက်လ၏ ဆယ့်ကိုးရက်နေ့၌....

လုယွီသည် တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျစီမံကွပ်ကဲရန်အတွက် ဝေ့ယန်မြို့သို့သွားခဲ့လေ၏။

Chapter 4447

ဝေ့ယန်မြို့....

ဤသည်မှာ ဆောင်းရာသီဖြစ်သဖြင့် နှင်းပွင့်များ နေရာအနှံ့အပြား၌ ပျံ့လွင့်နေသည်။

မြို့တစ်မြို့လုံးကို နှင်းများလွှမ်းခြုံနေကာ အိမ်ခေါင်မိုးများပေါ်မှနေ၍ ရေခဲပန်းဆွဲများ တွဲလောင်းကျနေပြီး အေးစက်မှုအငွေ့အသက်ကို ပေးစွမ်းနိုင်သည်။

လမ်းများပေါ်တွင် လူအမြောက်အများ ရှိမနေချေ။ဤသည်မှာ အေးစက်သောရာသီဥတုကြောင့် မဖြစ်နိုင်ပေ။အကြောင်းအရင်းမှာ ကျင့်ကြံသူများသည် သူတို့၏မှော်စွမ်းအားများဖြင့် အအေးဒဏ်ကို တွန်းလှန်နိုင်ရုံသာမက သေမျိုးများဖြစ်လျှင်ပင် ထူထပ်သောအဝတ်အစားများကိုဝတ်၍ ပြင်ပသို့ထွက်နိုင်သောကြောင့်ပင်။

ပုန်းကွယ်နဂါးစစ်တပ်သည် ဝေ့ယန်မြို့ကို အပြည့်အဝဝိုင်းရံထားသည်။ချီအင်ပါယာသည် ပြင်ပလောကနှင့် လုံးလုံးလျားလျား အဆက်အသွယ်ပြတ်နေလေပြီ။အရပ်မျက်နှာအဘက်ဘက်ရှိ လေဟာနယ်ကို ချိတ်ပိတ်ခြင်းခံထားရကာ ကူးပြောင်းရေးဝင်္ကပါများပင်လျှင် လုပ်ဆောင်ချက်များကို ဆုံးရှုံးလိုက်ရလေပြီ။

မြေပြင်ပေါ်၌ စစ်သားများ၏စစ်ဖိနပ်ဖြင့် နင်းလျှောက်သည့် အသံများကို ကြားနေရကာ ရံဖန်ရပ်ခါ၌ ပြင်းထန်သောခြေလှမ်းသံများကို ကြားနိုင်ပေ၏။

အကယ်၍ သူတို့သည် ဤကဲ့သို့အချိန်၌ ပြင်ပသို့ထွက်လိုက်ပါက မေးမြန်းစုံစမ်းခြင်းခံရပေမည်။ချီစစ်တပ်၏မေးမြန်းစုံစမ်းခြင်းမှာ အလွန်တင်းကြပ်သည်။အကယ်၍ သူတို့သည် သတိလက်လွတ်နေမိပါက ပုန်းကွယ်နဂါးစစ်တပ်၏သူလျှိုများကို သတ်မှတ်ခံရကာ ထောင်အတွင်း၌ အကျဉ်းချခံရပေမည်။

ပြောရမည်ဆိုလျှင် ဝေ့ယန်မြို့၏အကျဉ်းထောင်များအတွင်း၌ လူများပြွတ်သိပ်ပြည့်ကျပ်နေလေပြီ။

ဝေ့ယန်မြို့၏အနောက်ဖက်ခြမ်း၌ ကြီးကျယ်ခမ်းနားသော ကျောင်းတော်တစ်ကျောင်းရှိသည်။ထိုကျောင်းတော်၏ပိုင်နက်နယ်မြေသည် အလွန်ကျယ်ဝန်းက ထိုနေရာကို ချီစစ်သားများက စောင့်ကြပ်နေသည်။

ဤသည်မှာ ချီအင်ပါယာ၏ ပြည်နယ်စီမံကွပ်ကဲရေးရုံးတော်ပင်။

ချီအင်ပါယာကို တည်ထောင်ပြီးနောက် ကျိုးကျင်းထန်သည် ချက်ချင်းဆိုသလိုပင် ရုံးတော်အမြောက်အများကို တည်ဆောက်ခဲ့သည်။

တရားစီရင်ရေးဌာနကြီးသုံးခု ဌာနခွဲခြောက်ဆယ့်ခုနှစ် ယဉ်ကျေးမှုဌာန အတွင်းဝန်ရုံးအစရှိသဖြင့် တာယွီတော်ဝန်နန်းတွင်း၏အသေးစားပုံစံရှိသည်။

တစ်ချိန်က ဝေ့ယန်မြို့အတွင်းတွင် နာမည်အကျော်ကြားဆုံး ဟုန်ယွဲ့ကျောင်းတော်သည် ချီအင်ပါယာ၏ ပြည်နယ်စီမံကွပ်ကဲရေးရုံးတော်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အတိတ်တွင် ဤနေရာ၌ ကျင့်ကြံခဲ့သော ကျောင်းတော်တပည့်များအားလုံးသည်လည်း စီမံကွပ်ကဲရေးမှူးရာထူးများကို ရရှိခဲ့သည်။သူတို့ထံတွင် ချီအင်ပါယာအတွင်း၌ အရာရှိများဖြစ်လာနိုင်သော အရည်အချင်းများ ရှိနေလေ၏။လူတချို့သည် ကျိုးကျင်းထန်၏ပုန်ကန်ခြင်းကို မကျေမနပ်ဖြစ်နေကြသော်လည်း ချီအင်ပါယာ၏ ရက်ရောသောလက်ဆောင်ဘဏ္ဍာများအောက်တွင် သူတို့၏ပါးစပ်များကို ပိတ်လိုက်ကြသည်။

ဤအချိန်အခိုက်အတန့်တွင် ကျောင်းတော်၏ဆရာတစ်ယောက်သည် နွေဦးပန်းဥယျာဥ်အတွင်းရှိ စာသင်ခန်းတစ်ခန်းအတွင်း၌ စာသင်ကြားနေလေ၏။

ဆရာကျန်းသည် ပြတင်းပေါက်တံခါးကိုဖွင့်ပြီး မိုးကောင်းကင်ယံအတွင်းမှ နှင်းပွင့်များကို ကြည့်လိုက်သည်။လေအေးတစ်ရပ်က သူ၏မျက်နှာကို လာရောက်ရိုက်ခတ်သောအချိန်၌ သူ့အား အနည်းငယ်စိုစွတ်သွားစေသည်။

အခန်းအတွင်း၌ ဝါးမီးသွေးများ တောက်လောင်နေသဖြင့် ဤနွေးထွေးမှုကြောင့် သူ့အား အိပ်ပျော်စေနိုင်သည်။

ယနေ့တွင် စာသင်ခန်းအတွင်း၌ ကျောင်းတော်သားတစ်ယောက်တည်းသာ ရှိနေသည်။

ဆရာကျန်း၏သမိုင်းစာပေများ သင်ကြားသည့်အတန်းသည် အလွန်ပျင်းရိငြီးငွေ့ဖွယ်ကောင်းသဖြင့် ကျောင်းသားအမြောက်အများ လာရောက်လေ့မရှိချေ။

ကျောင်းတော်သားများအနက် အများစုသည် တာအိုကျမ်းစာများနှင့် မှော်စွမ်းအားများကိုသင်ယူခြင်းတွင်သာ အဓိကအာရုံစိုက်သည်။ဤလောကကြီးတွင် ခွန်အားသည်သာ အရေးအကြီးဆုံးပင်။လူအများစုသည် ဤနေရာသို့ လာရောက်သည့် အဓိကရည်ရွယ်ချက်မှာ သူတို့၏ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရန်ပင်။

သမိုင်းစာပေများနှင့်တခြားအထွေထွေအတန်းများသည် သူတို့၏အသိပညာဗဟုသုတကို တိုးတက်စေရုံသက်သက်ဖြစ်သဖြင့် အလွန်နည်းပါးသော လူတချို့ကသာ သင်ယူရန်ဆန္ဒရှိကြသည်။

"ဝမ်လျန့်...ဒီနေ့အတွက် မင်းရဲ့သင်ခန်းစာ ပြီးသွားပြီ...မင်း ပြန်လို့ရပြီ"

ဆရာကျန်းက ပြောဆိုသည်။

သူသည် သူရှေ့ရှိလူငယ်ကို ကောင်းစွာသိရှိပေ၏။ထိုလူငယ်သည် အတန်းချိန်တိုင်းနီးပါး ရောက်ရှိလာလေ့ရှိသည်။

ဝမ်လျန့်က မတ်တတ်ထရပ်လိုက်သည်။သူ၏ပုံရိပ်သည် အလွန်ပိန်ပါးကာ သေးငယ်နေသဖြင့် ကြီးမားသော စုံစမ်းစစ်ဆေးရေးမှူးဝတ်စုံနှင့် သူသည် အနည်းငယ်မျှ သဟဇာတဖြစ်ပုံမရချေ။

"ဆရာကျန်း....ဒါဆိုရင် ကျွန်တော် သွားပါတော့မယ်"

ဝမ်လျန့်သည် ဆရာကျန်းကို ဦးညွှတ်အရိုအသေပြုပြီး နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။

"ခဏနေအုံး...."

ဆရာကျန်းက ရုတ်တရက် တစ်စုံတစ်ခုကိုအမှတ်ရသွားသည်။သူသည် သူ၏အင်္ကျီလက်အတွင်းမှ ဆေးပုလင်းတလုံးကို ထုတ်ယူကာ ဝမ်လျန့်ကို ပေးလိုက်သည်။

"ဒါက အရိုးသန့်စင်ခြင်းဆေးလုံးပဲ...ဒီဆေးလုံးက ငါ့အတွက် အများကြီးအသုံးမဝင်တော့ဘူး...ငါ မင်းကို ပေးလိုက်မယ်"

ဝမ်လျန့်က သူ၏လက်ကို အလျှင်အမြန်ဝှေ့ယမ်းလိုက်၏။

"ဆရာ....ဒါက အရမ်းစျေးကြီးတယ်"

"မင်းက ငါ့ရဲ့တပည့်တစ်ယောက်ပဲ...ငါ စာသင်ခဲ့တဲ့ သမိုင်းစဉ်တလျှောက်မှာ မင်းက အိမ်စာတွေကို ပြီးစီးအောင်လုပ်ခဲ့တဲ့ တစ်ဦးတည်းသောတပည့်ပဲ....ဒါကြောင့် ဒီဆေးလုံးက မင်းနဲ့ထိုက်တန်တယ်"

ဆရာကျန်းက နူးညံညင်သာစွာ ပြောဆိုသည်။

ဝမ်လျန့်သည် ဆေးပုလင်းကိုကိုင်ပြီးနောက် ဆရာကျန်းကို ထပ်ခါတလဲလဲဦးညွှတ်အရိုအသေပြုပြီး ပျော်ရွှင်စွာထွက်ခွာသွားတော့သည်။

ဝမ်လျန့် ထွက်ခွာသွားပြီးနောက် စာသင်ခန်းသည် တစ်ဖန်ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွားလေ၏။

သို့ရာတွင် ဆရာကျန်း၏နောက်မှနေ၍ အနက်ရောင်အရိပ်တစ်ခု မျောလွင့်လာကာ ဖြည်းညှင်းစွာလျှောက်လှမ်းလာသည်။အခန်းအတွင်း၌ မည်သည့်ခြေလှမ်းသံကိုမျှ မကြားရချေ။

"အရှင်က မင်းကို အချိန်ငါးရက် ပေးလိုက်တယ်...တကယ်လို့ မင်းက ချီစစ်တပ်ကို အညံ့ခံအောင်မလုပ်နိုင်ဘူးဆိုရင် အရှင်ကိုယ်တိုင် မြို့ကိုတိုက်ခိုက်လိမ့်မယ်"

အနက်ရောင်အရိပ်က မှုန်တေတေအသံဖြင့် ပြောဆိုသည်။

"ငါးရက်...ဒါက အရမ်းများလွန်းတယ်.... ကျေးဇူးပြုပြီးတော့ ငါ့ကိုကူညီပြီး အရှင်လုဆီကို သတင်းပို့ပေးပါ....ငါက သုံးရက်အတွင်းမှာ ဝေ့ယန်မြို့တံခါးကိုဖွင့်ပြီးတော့ ပုန်းကွယ်နဂါးစစ်တပ်ကို မြို့ထဲဝင်ဖို့ ကြိုဆိုမယ်"

ဆရာကျန်းက ပြတင်းပေါက်၏ပြင်ပသို့ သူ၏လက်ကိုဆန်တန်းလိုက်ရာ နှင်းပွင့်လွှာတစ်လွှာက သူ၏လက်ဝါးပေါ်သို့ ကျဆင်းလာသည်။

"ပုန်းကွယ်နဂါးစစ်တပ်က မြို့ပြင်မှာ ရောက်နေပြီးတော့ လှုပ်ရှားမှုတစ်ခုလုပ်ဖို့အတွက် အခွင့်ကောင်းရှာနေတယ်....ဒါက ငါ့ရဲ့တိုက်ပွဲစစ်မြေပြင်ဆိုလည်း မမှားဘူး"

Chapter 4448

ဝေ့ယန်မြို့၏ပြင်ပတွင် မီတာထောင်နှင့်ချီ၍ သွယ်တန်းနေသော စစ်စခန်းကြီးတစ်ခုရှိနေသည်။

မိုးကောင်းကင်ယံအတွင်းရှိ လေထုအတွင်း၌ ကြီးမားသော မိုစစ်သင်္ဘောများနှင့်နဝမလွှသွားစစ်သင်္ဘောများ မားမားမတ်မတ်တည်ရှိနေသည်။ထို့ပြင် ကျားစစ်သင်္ဘောများအပါအဝင် အရွယ်အစားအလယ်အလတ်ရှိသော စစ်သင်္ဘောအမြောက်အများလည်း ရှိနေပေ၏။ပုန်းကွယ်နဂါးစစ်တပ်၏ နဂါးနက်အလံက လေထုအတွင်း၌ လူးလွန့်နေသည်။

လုယွီ၏အလံကိုလည်း လွှင့်ထူထားကာ တခြားတပ်မှူးများ၏အလံများထက် ပို၍မြင့်မားသည်။

တိုက်ပွဲစစ်မြေပြင်၌ 'လု'ဟူသော စာလုံးရေးထားသည့် အလံတစ်ခုရှိနေသည်။ချီစစ်တပ်၏စစ်သားများအားလုံးသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ သေလုမတတ်ထိတ်လန့်ကြောက်ရွံ့နေသည်။

ဤအချိန်အခိုက်အတန့်တွင် ပုန်းကွယ်နဂါးစစ်တပ်နှင့်ချီအင်ပါယာတို့သည် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြလေ၏။နောက်ဆုံး၌ တိုက်ပွဲစစ်မြေပြင်သို့ လုယွီရောက်ရှိလာကာ ချီစစ်တပ်အား စစ်ကူပေးရန်လာသော ချီအင်ပါယာ၏စစ်ဗိုလ်ချုပ်တချို့ကို သူကိုယ်တိုင် သတ်ဖြတ်ခဲ့သည်။နောက်ဆုံး၌ တိုက်ပွဲအခြေအနေ တည်ငြိမ်သွားသည်။

တပ်မှူး၏စစ်တဲအတွင်း၌....

ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်များသည် စစ်ရေးအခြေအနေကို လုယွီနှင့် တိုင်ပင်ဆွေးနွေးနေကြ၏။

"ချီအင်ပါယာက အနောက်ဘက်ခြမ်းမှာ အင်အားနှစ်သန်းကျော် စုစည်းထားတယ်...သူတို့က အနောက်ကနေ ငါတို့ရဲ့ဆုတ်ခွာလမ်းကြောင်းကို ဖြတ်တောက်ဖို့ ကြံရွယ်နေတာပဲ....ဒါက ရက်စက်ကြမ်းကြုတ်တဲ့ အစီအစဉ်တစ်ခုဖြစ်နေတာကြောင့် ငါတို့ ဆန့်ကျင်တိုက်ခိုက်ရမယ်"

ချင်ယုက သဲခုံစားပွဲကိုညွှန်ပြပြီး ယုံကြည်ချက်ရှိစွာဖြင့် ပြောဆိုသည်။

သူမသည် ပုန်းကွယ်နဂါးစစ်တပ်၏ တစ်ဦးတည်းသောအမျိုးသမီးတပ်မှူး ဖြစ်သော်လည်း တိုက်ပွဲစစ်မြေပြင်၌ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ပါရမီအရည်အချင်းကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။

နံဘေးတဖက်တွင်ရှိနေသော လုကျင်းရှန့်က မေးမြန်းသည်။

"ဗိုလ်ချုပ်ချင်...မင်း ဘာလုပ်ဖို့ ကြံရွယ်ထားတာလဲ"

ချင်ယုက ပြောဆိုလိုက်၏။

"ချီစစ်တပ်ရဲ့အစီအစဉ်က ငါတို့ကို ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်ဖို့ပဲ...ဒါကြောင့် ငါတို့က ဟန့်တားဖို့လွယ်မှာ မဟုတ်ဘူး...ဒါပေမဲ့ သူတို့ရဲ့ရည်မှန်းချက်ပန်းတိုင်က ဝေ့ယန်မြို့အဝိုင်းခံထားရတာကို ဖယ်ရှားဖို့ပဲ...ငါ့ရဲ့အမြင်အရတော့ ငါတို့က အင်အားကုန်စုစည်းပြီး ဝေ့ယန်မြို့ကို အမြန်ဆုံးတိုက်ခိုက်တာ ပိုကောင်းလိမ့်မယ်...ဝေ့ယန်မြို့က ဖိအားအောက်မှာ ရောက်နေတာကြောင့် အပြင်မှာရှိတဲ့ ချီစစ်တပ်တွေကို လာပြီးကယ်တင်ဖို့ အမိန့်ပေးမှာ သေချာပေါက်ပဲ...အဲ့ဒီအချိန်ကျရင် ငါတို့က ဝေ့ယန်မြို့ကို မတိုက်ခိုက်နိုင်ရုံတင်မကဘူး...ငါတို့ရဲ့စစ်တပ်ကို ဝိုင်းပြီးအတိုက်ခံရလိမ့်မယ်...ဒါကြောင့် ငါတို့က သူတို့အတွက် စစ်ကူတွေရောက်လာမှာကို စောင့်မနေသင့်ဘူး"

တပ်မှူးများအနက်မှတယောက်က ပြောဆိုသည်။

"ဒါဆိုရင် ငါက ချီစစ်တပ်ရဲ့နောက်တန်းအထိဖောက်ဝင်ပြီးတော့ သူတို့အားလုံးကို သတ်ဖြတ်ရမှာလား"

ချင်ယုက သူ၏ခေါင်းကို ခါးယမ်းလိုက်သည်။

"အခုက အချိန်မကျသေးဘူး...ဘယ်လိုပဲဖြစ်ဖြစ် ချီအင်ပါယာက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ လှုပ်ရှားနေတာ အချိန်တော်တော်ကြာနေပြီ....နေရာအများစုမှာ ချီအင်ပါယာရဲ့အင်အားစုတွေ ရှိနေတယ်...တကယ်လို့ ငါတို့က မဆင်မခြင်တိုက်ခိုက်မယ်ဆိုရင် သူတို့ရဲ့ထောင်ချောက်ထဲကို ကျသွားနိုင်တယ်"

ထို့နောက် ချင်ယုက သဲခုံစားပွဲပေါ်ရှိ ကြယ်နယ်မြေတစ်ခုကို လက်ညှိုးညွှန်ပြပြီးဆက်လက်၍ပြောဆိုသည်။

"ငါက စစ်တပ်ကိုဦးဆောင်ပြီးတော့ လုံရှီကုန်းမြေထဲကို သွားခဲ့တဲ့အချိန်မှာ ဒေသခံကြယ်နယ်မြေအရှင်က ရိုးရိုးသားသားအညံ့ခံခဲ့တယ်....ဒါပေမဲ့ ကြယ်နယ်မြေအရှင်ရဲ့လက်အောက်ငယ်သားတွေက ချီအင်ပါယာနဲ့ တိတ်တဆိတ်ဆက်သွယ်ခဲ့တယ်...ဒါကြောင့် ငါတို့စစ်တပ် မပြင်ဆင်ရသေးတဲ့အချိန်မှာ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခံခဲ့ရတယ်...တကယ်လို့ အရှင်လုသာ အချိန်မီရောက်မလာခဲ့ဘူးဆိုရင် အကျိုးဆက်တွေကို တွေးတောကြည့်လို့တောင် မရနိုင်ဘူး"

"သူတို့တွေထဲကအများစုက အညံ့ခံဖို့ ကြံရွယ်နေကြတယ်ဆိုပေမယ့် ကြိုတင်အစီအစဉ်ဆွဲထားတဲ့ လူတွေလည်း တော်တော်များများရှိနေတယ်...သူတို့က ချီအင်ပါယာနဲ့ ဆက်သွယ်ထားကြတယ်...ငါတို့က ရန်သူ့နယ်မြေထဲမှာတိုက်ခိုက်နေတာ....ဒါကြောင့် ငါတို့က မဆင်မခြင်လူစုခွဲလို့မဖြစ်ဘူး...အဲ့ဒီလိုမဟုတ်ရင် ငါတို့က သူတို့ကြောင့် ရှုံးနိမ့်သွားလိမ့်မယ်"

လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအနက်မှအများစုသည် ခေါင်းညိတ်လိုက်ကာ ချင်ယု၏အကြံပြုချက်ကို သဘောတူညီလိုက်၏။

ပုန်းကွယ်နဂါးစစ်တပ်တွင် ထိပ်တန်းအဆင့်စစ်ဗိုလ်ချုပ်များ ရှားပါးခြင်းမရှိသည့်အပြင် နယ်မြေတစ်ခုကို အနိုင်တိုက်ခိုက်နိုင်သောတပ်မှူးများလည်း မရှာပါးချေ။

ရန်သူ၏နယ်နိမိတ်အတွင်းသို့ စစ်ဗိုလ်ချုပ်များသည် ချိုးဖျက်ဝင်ရောက်နိုင်ကာ စစ်ပွဲ၏ဦးတည်ချက်ကို ဆုံးဖြတ်နိုင်သည့် တပ်မှူးများလည်းရှိနေသည်။

လုယွီသည် ချင်ယု စကားစတင်ပြောဆိုချိန်မှအဆုံးသတ်အချိန်အထိ ဂရုတစိုက်နားထောင်ခဲ့သည်။ထို့နောက် သူက ပြောဆိုလိုက်၏။

"ချင်ယုပြောတာ အမှန်ပဲ...ဒါပေမဲ့ ငါတို့တွေက ဝေ့ယန်မြို့ကို ဆက်ပြီးဝိုင်းရံထားဖို့မလိုတော့ဘူး...ဒါက ငါတို့ရဲ့အရင်းအမြစ်တွေကို ဖြုန်းတီးရာကျတယ်"

လုယွီက ချင်ယု၏အကြံဉာဏ်ကို ငြင်းဆန်လိုက်သည်။

ချင်ယုက မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

"ဖြစ်နိုင်တာတော့ အရှင့်ဆီမှာ တခြားအစီအစဉ်တစ်ခုခု ရှိနေတာလား ..အခွင့်အရေးကို လက်လွတ်ခံလို့မရဘူး....အရှင်က ဒါကို ထွင်းဖောက်မြင်နိုင်မယ်လို့ ငါ မျှော်လင့်မိတယ်"

"မင်း အများကြီးစဉ်းစားဖို့မလိုဘူး...ကောင်းကင်ကွန်ယက်အဖွဲ့က လှုပ်ရှားမှုလုပ်ပြီးပြီ...မင်း စောင့်ကြည့်နေရုံပဲ...နောက်တန်းအတွက်ကတော့ စစ်သားတွေကို စောင့်ကြည့်ဖို့အတွက် လူတွေလွှတ်ထားတယ် ...ချီအင်ပါယာရဲ့စစ်သားအများစုက တောပုန်းဓားပြတွေပဲ....ဒါကြောင့်.ချီအင်ပါယာက ကျရှုံးတော့မယ်..သူတို့က ရူးသွပ်မိုက်မဲတဲ့ လုပ်ရပ်တစ်ခုကို လုပ်မလုပ်ဆိုတာ ငါ အာမမခံနိုင်ဘူး"

လုယွီက ပြောဆိုသည်။

"နားလည်ပါပြီ"

တပ်မှူးများအားလုံး ဦးညွှတ်အရိုအသေပြုလိုက်ကြကာ လုယွီ၏စကားကို ငြင်းဆန်ခြင်းမပြုချေ။

ကောင်းကင်ကွန်ယက်သည် လုယွီ၏လက်အောက်ရှိ အဖွဲ့အစည်းတစ်ခုပင်။

အစမှအဆုံးတိုင် ထိုအဖွဲ့အတွင်း၌ သူလျှိုအမြောက်အများ ရှိနေသည်။

ဤအဖွဲ့အစည်း၏ဖွဲ့စည်းပုံသည် တော်ဝင်နန်းတွင်း၏ပန်းထိုးနဂါးအစောင့်များနှင့် အနည်းငယ်ဆင်တူယိုးမှားရှိသည်။ကောင်းကင်ဘုံနယ်မြေသည် ကြီးမားကျယ်ပြန့်သော်လည်း ကောင်းကင်ကွန်ယက်၏မျက်လုံးနှင့်နားများသည် နေရာအနှံ့အပြား၌ ရှိနေပေ၏။ ထိုကြောင့် ကောင်းကင်ဘုံနယ်မြေ၏ မည်သည့်နေရာတွင်မဆို ဖြစ်ပျက်နေသည့် အကြောင်းအရင်းများအား လုယွီက သိရှိနိုင်သည်။

Chapter 4449

ကောင်းကင်ကွန်ယက်သည် လှုပ်ရှားမှုလုပ်ဆောင်နေပြီဟု ပြောလာခြင်းကြောင့် ဤသည်မှာ လုယွီသည် တိုက်ခိုက်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း ဆိုလိုခြင်းပင်။

ကြွင်းကျန်သော တပ်မှူးများအားလုံးသည် ဤကိစ္စကို ကူညီထောက်ပံ့ရုံသာ ကျန်ရှိတော့သည်။

တပ်မှူးများအားလုံး ထွက်ခွာသွားပြီးနောက် လုယွီက တဖြည်းဖြည်းမျက်မှောင်ကြုတ်လိုက်သည်။

လုယွီ၏လက်ဝါးအတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော မှော်ဝင်္ကပါတစ်ခု ထွက်ပေါ်လာသည်။ထိုဝင်္ကပါပေါ်မှနေ၍ အပြာရောင်အလင်းတန်းများ ဖြာထွက်နေကာ ရှေးဟောင်းသင်္ကေတအက္ခရာများ လေထုအတွင်း၌ထွက်ပေါ်လာပြီး ရှေ့နောက်လှည့်ပတ်နေသည်။

အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ပါက ထိုမှော်ဝင်္ကပါအတွင်းတွင် ပုံရိပ်အမြောက်အများရှိနေကြောင်း ရှာဖွေတွေ့ရှိမိပေမည်။ထိုပုံရိပ်များအနက်မှတချို့သည် ချင်ယုဖြစ်ပြီး တချို့သည် လုကျင်းရှန့်ဖြစ်ကာ တချို့သည် ပုန်းကွယ်နဂါးစစ်တပ်၏စစ်ဗိုလ်ချုပ်များနှင့်စစ်သားများပင်။

ဤအရာများအားလုံးသည် ကံကြမ္မာလမ်းကြောင်းများပင်။

အရာရာတိုင်းတွင် ကံကြမ္မာလမ်းကြောင်းရှိသည်။

ကံကြမ္မာတာအိုကို ကျင့်ကြံသောလူများသည် ကံကြမ္မာလမ်းကြောင်းများကို ဖမ်းဆုပ်နိုင်ကာ သူတို့၏ကိုယ်ပိုင်အနာဂတ်အပေါ် လွှမ်းမိုးနိုင်သည်။

ပြောရမည်ဆိုလျှင် ကံကြမ္မာတာအိုကို ကျင့်ကြံရာ၌ အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်သည် တစ်ဖက်လူ၏ကံကြမ္မာကိုခိုးယူကာ သူ၏ကိုယ်ပိုင်ဖြစ်အောင် လုပ်နိုင်စွမ်းရှိသည်။

ဤကဲ့သို့နည်းစနစ်တစ်ခုကို နတ်ဘုရားဆန်သည်ဟု ပြောဆိုနိုင်လုနီးပါးဖြစ်ကာ အလွန်အမင်း မယုံကြည်နိုင်ဖွယ်ကောင်းပေ၏။

လုယွီသည် တခြားသူများ၏ကံကြမ္မာများကို ပြောင်းလဲပေးရန် ရည်ရွယ်မထားချေ။ သူ၏အကြည့်သည် ထိုကံကြမ္မာလမ်းကြောင်းများပေါ်သို့ ကျရောက်သွားကာ သဲလွန်စများကို အဆက်မပြတ်ရှာဖွေနေသည်။

အမှန်အားဖြင့် လုယွီသည် နျူနျူ၏သဲလွန်စကို ရှာဖွေနေခြင်းပင်။

သူမသည် ဝေ့ယန်မြို့၏ထောင့်တစ်နေရာ၌ လှောင်ပိတ်ခြင်း ခံထားရလေ၏။သူမသည် ဝေ့ယန်မြို့အတွင်း၌ ရှိနေခြင်းမဟုတ်ဘဲ တခြားလေဟာနယ်နယ်မြေတစ်ခုအတွင်းသို့ ရောက်ရှိနေခြင်းဖြစ်နိုင်သည်။

လုယွီသည် တခြားလူများ၏ကံကြမ္မာကို ဟောကိန်းထုတ်နိုင်သော်လည်း နျူနျူ မည်သည့်နေရာ၌ ရှိနေသည်ကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။

ဤသည်မှာ ထိုမိန်းကလေးသည် လောကကြီးအတွင်း၌ မတည်ရှိသည့်အလားပင်။သူသည် နက်နဲသိမ်မွေ့ဆုံး ကံကြမ္မာတာအိုကို အသုံးပြုခဲ့သည့်တိုင် သူမ၏အရိပ်အယောင်ကို တွေ့မြင်နိုင်ခဲ့ခြင်းမရှိပေ။

လုယွီက သူ၏မျက်လုံးကိုစုံမှိတ်ကာ အနက်ရောင်အသူရာခန်းမအတွင်း၌ လှည့်လည်သွားလာနေသော ကလေးမလေးတစ်ယောက်၏ ကူကယ်ရာမဲ့သောမြင်ကွင်းကို ပြန်မြင်ယောင်မိသည်။

ဤသည်မှာ လုယွီသည် မည်သည်ကြောင့် ဝေ့ယန်မြို့ကိုမတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည့် အကြောင်းအရင်းလည်းဖြစ်သည်။

စစ်ပွဲ၏ဖရိုဖရဲဖြစ်ရပ်များအောက်တွင် လူအများ ထိခိုက်ဒဏ်ရာရမရ အာမခံနိုင်ရန် အလွန်ခက်ခဲသည်။လုယွီသည် သူ၏မိသားစုဝင်များကို ထပ်မံ၍ နာကျင်ခွင့်မပြုနိုင်တော့ချေ။

တစ်ဖက်တွင် ကောင်းကင်ကွန်ယက်အဖွဲ့မှနေ၍ ဝေ့ယန်မြို့အတွင်းရှိ ချီစစ်တပ်အတွင်းမှပုန်ကန်သူများကို လှုံဆော်ပေးပြီးဖြစ်သည်။တခြားတစ်ဖက်တွင် သူသည် နျူနျူ မည်သည့်နေရာ၌ရှိသည်ကို မြို့တစ်မြို့လုံးအနှံ့ ရှာဖွေနေခဲ့သည်။

ချီစောင့်ကြည့်ခြင်းမှော်မန္တန်၏အောက်တွင် ခရမ်းရောင်တိမ်တိုက်တစ်ခုသည် ဝေ့ယန်မြို့အတွင်းမှ မြင့်တက်လာကာ မိုးကောင်းကင်ယံအတွင်း၌ ပြည့်နှက်သွားသည်။

ဤသည်မှာ ဧကရာဇ်တစ်ပါး၏ချီစွမ်းအားမဟုတ်ချေ။ထိုချီစွမ်းအားသည် ကျိုးကျင်းထန်၏ကံကြမ္မာစွမ်းအားမဟုတ်ဘဲ ကျိုးမိသားစုဘိုးဘေးပင်။

ကျိုးမိသားစုဘိုးဘေးသည် ခြေလှမ်းတစ်ဝက်တာအိုသခင်အဆင့်သို့ ရောက်ရှိနေလေပြီ။ သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်အစွမ်းထက်ကာ လူအများကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ဝေ့ယန်မြို့၏ရှေ့၌ လုယွီ ထွက်ပေါ်လာသောအချိန်မှနေ၍ ကျိုးမိသားစုဘိုးဘေးသည် သူ့အား ဂရုတစိုက်စောင့်ကြည့်နေလေ၏။

ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးနှစ်ယောက်သည် မည်သည့်အလျင်စလိုလှုပ်ရှားမှုမျိုးကိုမျှ မပြုလုပ်ကြချေ။သူတို့သည် အကောင်းဆုံးအခွင့်အရေးကိုရရှိရန် စောင့်ဆိုင်းနေကြ၏။

ကျိုးမိသားစုဘိုးဘေး စောင့်ကြည့်နေခြင်းကြောင့် လုယွီသည် အရာအားလုံးကို သူကိုယ်တိုင် လှုပ်ရှားခြင်းမပြုချေ။သူသည် မြို့အတွင်းသို့ လန်ဝူရှင်းကိုခိုးဝင်စေပြီး ကောင်းကင်ကွန်ယက်အဖွဲ့မှတဆင့် ထိန်းချုပ်ခဲ့သည်။

အချိန်များတရွေ့ရွေ့ကုန်ဆုံးလာကာ မည်သည့်အချိန်တွင် စစ်ပွဲစတင်လာမည်ကို မည်သူမျှ မသိနိုင်ချေ။

.....

ဝေ့ယန်မြို့...ချီအင်ပါယာ၏ ပြည်နယ်စီမံကွပ်ကဲရေးရုံးတော်...

ဆရာကျန်းသည် ယနေ့တွင် ကျိုးမိသားစု၏သမိုင်းကြောင်းနှင့် ပတ်သက်ပြီး သင်ကြားနေခဲ့သည်။ဤသည်မှာ နက်နဲသိမ်မွေ့သော အမှန်တရားအမြောက်အများကို ရောယှက်ထားသည့် စာအုပ်တစ်အုပ်ပင်။

ဤကဲ့သို့သင်ခန်းစာမျိုးသည် အလွန်ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး ရှုပ်ထွေးသည်။ပြည်နယ်စီမံကွပ်ကဲရေးရုံးတော်မှ မြင့်မားသောပါရမီအရည်အချင်းမရှိသည့် ကျောင်းတော်သားတချို့သည် ဤသင်ခန်းစာကိုသင်ယူရန် ရွေးချယ်ခြင်းမရှိချေ။

ပြည်နယ်စီမံကွပ်ကဲရေးဌာနတွင် စံသတ်မှတ်ချက်တစ်ခုရှိကာ သူတို့သည် အရည်အချင်းမပြည့်မီသော တပည့်များကို ထုတ်ပယ်လေ့ရှိသည်။

ဤသည်မှာ ယခင်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ လုယွီ ကြုံတွေ့ခဲ့ရသည်နှင့်တူညီသော အခြေအနေတစ်ရပ်ပင်။

ယနေ့တွင် ဆရာကျန်းသည် သူ၏သင်ခန်းစာကိုသင်ကြားနေရင်း တစ်ဝက်တစ်ပျက်အရောက်၌ ရုတ်တရက် ရပ်တန့်လိုက်သည်။

သူသည် စာသင်ခန်းအတွင်းရှိ နောက်ဆုံးတန်းကိုကြည့်ပြီး မေးမြန်းလိုက်၏။

"ဝမ်လျန့်...မင်း နေမကောင်းဖြစ်နေတာလား"

ကျောင်းသားများအားလုံး၏မျက်လုံးအကြည်များ ဝမ်လျန့်ထံသို့ ကျရောက်သွားသည်။

ဝမ်လျန့်၏ပိန်ပါးသောခန္ဓာကိုယ်သည် ပွယောင်းသော ကွန်ဖြူးရှပ်ဝတ်ရုံအတွင်း၌ ကွေးကောက်နေကာ စားပွဲပေါ်၌ သူ၏ခေါင်းကိုတင်ပြီး မှိန်းနေသည်။

ဤသည်မှာ ရှားပါးသော အခြေအနေတစ်ရပ်ပင်။

အကြောင်းအရင်းမှာ ဝမ်လျန့်သည် ဆရာကျန်း၏သင်ခန်းစာတိုင်းကို ဂရုတစိုက် သင်ယူသောကြောင့်ဖြစ်သည်။ထို့ကြောင့် ဆရာကျန်းသည် ဝမ်လျန့်ကို အစဉ်အမြဲ ဂရုစိုက်ခဲ့ပေ၏။

သို့ရာတွင် ဝမ်လျန့်၏ယခုလက်ရှိပုံပန်းသွင်ပြင်ကို ကြည့်ရသည်မှာ သူသည် အနည်းငယ်စိတ်ဓာတ်ကျနေသည်မှာ သိသာထင်ရှားသည်။

"ဆရာ....ကျွန်တော် တောင်းပန်ပါတယ်....ကျွန်တော် ဒီနေ့တစ်ရက်လောက် ခွင့်ယူပါ့ရစေ"

ဝမ်လျန့်သည် ဆရာကျန်းကို ဦးညွှတ်အရိုအသေပြုပြီးနောက် သူ၏ခန္ဓာကိုယ် အဆက်မပြတ်တုန်ရီနေသည်။

Chapter 4450

ဝမ်လျန့် ထွက်ခွာသွားတော့မည်ကိုကြည့်ပြီး ဆရာကျန်းက ရှေ့သို့တိုးသွားကာ သူ့အားဆုပ်ကိုင်လိုက်သည်။

တခြားကျောင်းတော်သားများသည်လည်း မတ်တတ်ထရပ်ကာ လှုပ်လှုပ်ရွရွဖြင့် တိုင်ပင်ဆွေးနွေးကြတော့သည်။

ဝမ်လျန့်၏အင်္ကျီလက်များ တုန်ရီနေသည်။ယနေ့တွင် သူ၏ဆံပင်ကို သေသေချာချာထုံးဖွဲ့ထားခြင်းပင် မရှိသဖြင့် သူ့ဆံပင်များ ပြေလျော့ကျနေကာ သူ၏မျက်နှာပေါ်၌ ဖုံးအုပ်နေသည်။

"ဘာဖြစ်ခဲ့တာလဲ....ဆရာက မင်းကို ကူညီပေးနိုင်တယ်"

ဆရာကျန်းက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

ဝမ်လျန့်သည် သူ၏ခေါင်းကို အောက်သို့ငုံထားကာ မည်သည့်စကားတစ်ခွန်းကိုမျှ မပြောဆိုချေ။သူ့၏မျက်နှာတခြမ်းပေါ်တွင်သာ ထိတ်လန့်ကြောက်ရွံ့သော အမူအယာတစ်ရပ် ပေါ်လွင်နေသည်။

သူသည် မည်သည့်စကားကိုမျှ ပြောဆိုဝံ့ခြင်းမရှိချေ။

ဆရာကျန်းက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီး ကျယ်လောင်စွာပြောဆိုလိုက်၏။

"ဝမ်လျန့် ဘာဖြစ်ခဲ့တာလဲဆိုတာ ဘယ်သူ သိလဲ"

တပည့်များအနက်မှတစ်ယောက်က ပြောဆိုသည်။

"ကျွန်တော် ဒီနေ့ ကျင့်ကြံဖို့အတွက် ကျင့်ကြံခြင်းမျှော်စင်ကို သွားခဲ့တဲ့အချိန်မှာ ထန်အင်ပါယာရဲ့‌ကျောင်းတော်သားတစ်စုက ဝမ်လျန့်ကို လမ်းကြားတစ်ခုထဲ ဆွဲခေါ်သွားတာကို ကျွန်တော် မြင်ခဲ့ရတယ်...ဝမ်လျန့်က သူတို့ရိုက်တာကို ခံခဲ့ရတဲ့ပုံပဲ"

သူ၏စကားကိုကြားချိန်၌ တခြားလူများထံမှ အံ့အားတစ်သင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

ကျောင်းတော်သားအများစု၏မျက်နှာများပေါ်တွင် နားလည်သဘောပေါက်သွားသော အမူအယာတစ်ရပ် ထင်ဟပ်လာပေ၏။ထို့ပြင် ဒေါသတကြီးဖြင့် မခံမရပ်နိုင်ဖြစ်နေသော ကျောင်းတော်သားများလည်း ရှိနေသည်။

"သူတို့က ဝမ်လျန့်ကို ဘာလို့ ဆွဲခေါ်သွားကြတာလဲ"

ဆရာကျန်းက မေးမြန်းသည်။

"အကြောင်းကတော့ ဝမ်လျန့်က နူးညံတဲ့စိတ်နေသဘောထားရှိပြီးတော့ လူတိုင်းအပေါ်မှာ ယဥ်ယဥ်ကျေးကျေးဆက်ဆံတယ်...ဒါကြောင့် သူတို့က ဝမ်လျန့်ကို အနိုင်ကျင့်လို့ကောင်းတယ်လို့ ခံစားရပြီးတော့ သူ့ကိုအမြဲတမ်း စကားလုံးတွေနဲ့ စော်ကားနေကြတယ်....တစ်ခါတလေကျရင် သူတို့က ဝမ်လျန့်ကို အစေခံတစ်ယောက်လို သဘောထားပြီးတော့ အမိန့်ပေးခိုင်းစေကြတယ်"

ဆရာကျန်း၏မျက်နှာ အေးစက်တင်းမာသွားသည်။

"ရိုးသားဖြူစင်တဲ့လူတစ်ယောက်က အနိုင်ကျင့်ခံရသင့်တယ်လို့တော့ ငါ့ကို မပြောနဲ့"

နံဘေးတစ်ဖက်တွင်ရှိနေသော ကျောင်းတော်သားတစ်ယောက်က ပြောဆိုသည်။

"ဆရာ ကျွန်တော်တို့အားလုံးက ဝမ်လျန့်ကို အမြဲတမ်းကာကွယ်ပေးခဲ့ပါတယ်...ထန်အင်ပါယာကခွေးမသားတွေနဲ့ ကျိုးမိသားစုကလူတွေကပဲ ဝမ်လျန့်ကို အနိုင်ကျင့်နေတာ...အဲဒီလူတွေက အရမ်းတရားလွန်နေပြီ...သူတို့က အားနည်းတဲ့လူတွေကို အနိုင်ကျင့်ပြီးတော့ သန်မာတဲ့လူတွေကို ကြောက်ရွံ့တယ်...သူတို့က ဝေ့ယန်မြို့တော်ထဲမှာ မြစ်ပွားနာတစ်ခုလိုဖြစ်နေတာဘအချိန်အတော်ကြာနေပြီ"

နံဘေးပတ်ဝန်းကျင်မှ စကားများကိုကြားချိန်၌ ဝမ်လျန့်၏ခန္ဓာကိုယ် ပို၍ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

ဆရာကျန်းက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။ထို့နောက် သူသည် ရုတ်တရက် ဝမ်လျန့်၏ဝတ်စုံကိုဆုပ်ကိုင်ကာ ဆွဲချွတ်လိုက်၏။

ကျောင်းတော်သားဝတ်စုံ၏အောက်တွင် ပိန်ပါးပြီးအားနည်းသော ခန္ဓာကိုယ်တစ်ခု ပေါ်လွင်လာသည်။

ဝမ်လျန့်သည် အသက်ဆယ့်ငါးနှစ်ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်တွင် ကြာပွတ်ရာများ မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။သူ၏နောက်ကျောတွင် ဓားဒဏ်ရာအမြောက်အများပင်ရှိနေကာ သွေးများယိုစီးကျနေပေ၏။

ဆရာကျန်းသည် ဝမ်လျန့်၏ဆံပင်ကို နောက်သို့ဖယ်လိုက်ရာ သူ၏ဆံပင်ရှည်များအောက်ရှိ ပါးပြင်ပေါ်၌ ထင်ရှားသောအနီရောင်လက်ဝါးရာကြီး ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

"ထန်အင်ပါယာရဲ့လူတွေက တကယ့်ကို နှလုံးသားမဲ့တာပဲ...သူတို့က ဒီလိုကိစ္စမျိုးကိုတောင် ကျူးလွန်နေကြတယ်"

"သူတို့က ငါတို့ရဲ့အတန်းဖော်ကို တကယ်ကြီး ဒီလိုမျိုး ဆက်ဆံဝံ့တယ်...သူတို့က လူတွေမှ ဟုတ်သေးရဲ့လား"

"အဲ့ဒီလူတွေက အုပ်ချုပ်ရေးအဖွဲ့ကပေးတဲ့ ထောက်ပံ့ငွေတွေကို အသုံးပြုနေကြတယ်...သူတို့က တခြားလူတွေကို ဘယ်လိုအနိုင်ကျင့်ရမယ်ဆိုတာကိုပဲ သိတယ်...ဒီတစ်ကြိမ်တော့ သူတို့ရဲ့လုပ်ရပ်က အရမ်းတရားလွန်သွားပြီ"

ထိုမြင်ကွင်းကိုကြည့်ပြီး ကျောင်းတော်သားများအားလုံး၏စိတ်နှလုံးသားများအတွင်းတွင် ဒေါသများတလိမ့်လိမ့်ထလာသည်။

သူတို့၏အတန်းဖော်သည် တခြားအင်ပါယာတစ်ခု၏နန်းတွင်းအရာရှိများမှ အနိုင်ကျင့်ခြင်းကို ခံခဲ့ရလေ၏။

ဤသည်မှာ ကြီးမားသော အရှက်ခွဲခံရမှုကြီးပင်။

"ဝမ်လျန့်...ငါ မင်းကို မေးမယ်...သူတို့က မင်းကို ဘာလို့ရိုက်တာလဲ"

ဆရာကျန်းက ဝမ်လျန့်ကိုစူးစိုက်ကြည့်ပြီး မေးမြန်းသည်။

ဝမ်လျန့်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။

သူ၏စိတ်နှလုံးသားအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှု ဒေါသထွက်မှု ရှက်ရွံ့မှုတို့ ရောယှက်၍ခံစားနေရကာ သူ့ကို ပြိုလဲလုနီးပါး ဖြစ်သွားစေသည်။

ဆရာကျန်းက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ငါက မင်းကို သမိုင်းစာအုပ်တွေအများကြီး သင်ပေးခဲ့တယ်...မင်း အဲ့ဒီထဲကနေ ဘာတစ်ခုကိုမှ မသင်ယူနိုင်ခဲ့ဘူးလား...မင်းက ကျန်နေတဲ့ဘဝတလျှောက်လုံးမှာ သူရဲဘောကြောင်တဲ့လူတစ်ယောက်လုပ်ဖို့ ပြင်ဆင်ထားတာလား"

"မဟုတ်ပါဘူး..."

နောက်ဆုံး၌ ဝမ်လျန့်က သူ၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။သူသည် အချိန်တစ်ခဏကြာခန့် ချီတုံချတုံဖြစ်နေပြီးနောက် သူ၏အသံထွက်ပေါ်လာသော်လည်း နှိုင်းယှဉ်ပြစရာမရှိသည်အထိ တုန်ရီနေသည်။

"ဆရာ...ဆရာက ကျွန်တော်ကို မနေ့က အရိုးသန့်စင်ခြင်းဆေးလုံး ပေးခဲ့တယ်...ဒါကြောင့် ကျွန်တော်က ကျင့်ကြံခြင်းမျှော်စင်ကိုသွားပြီးတော့ အဲ့ဒီအရာကိုသန့်စင်ဖို့ ပြင်ဆင်ခဲ့တယ်...ဒါပေမယ့် လမ်းတစ်ဝက်မှာ ထန်အင်ပါယာကလူတွေနဲ့ တဲ့တဲ့တိုးမိမယ်လို့ ဘယ်သူက ထင်မိမှာလဲ...သူတို့က ကျွန်တော်ကို ဆဲဆိုပြီးတော့ ဆေးလုံးကိုပေးဖို့ တောင်းဆိုတယ်...ကျွန်တော်က ငြင်းဆန်ခဲ့တာကြောင့် သူတို့က ကျွန်တော်ကို ရိုက်နှက်ပြီးတော့ အရိုးသန့်စင်ခြင်းဆေးလုံးကို လုယူသွားခဲ့တယ်"

ဝမ်ကျန်းသည် ဆရာကျန်း၏ရှေ့၌ဒူးထောက်ပြီး သူ၏မျက်လုံးများနီမြန်းနေကာ မျက်ရည်စများဖြင့် စိုစွတ်နေသည်။

"ကျွန်တော်က ဆရာ့ကို စိတ်ပျက်အောင်လုပ်ခဲ့မိတယ်....ကျွန်တော် အရမ်းရှက်မိပါတယ်"

ဆရာကျန်းသည် ဝမ်လျန့်ကို ဂရုတစိုက်ကြည့်ပြီးနောက် အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"သူတို့က ဒီဆေးလုံးအတွက် တိုက်ခိုက်တယ်ဆိုမှတော့ မင်းက ဘာလို့မခုခံတာလဲ"

All Chapters