အခန်း (၄၄၀၆-၄၄၁၀)
Vol. 224 Ch. 4406-4410
Chapter 4406
ရှီးလျန်ကြယ်နယ်မြေ အုပ်ချုပ်ရေးရုံးတော်၌....
ပုန်းကွယ်နဂါးစစ်တပ်၏ အထက်ပိုင်းအကြီးအကဲများအားလုံး ဤနေရာ၌ စုဝေးနေသည်။သူတို့သည် အကြောင်းကြားစာတစ်စောင်ကို ရရှိထားသဖြင့် ဤနေရာသို့ မနက်စောစောကတည်းက ရောက်ရှိနေကြခြင်း ဖြစ်ပေ၏။
တပ်ရင်းဆယ့်နှစ်ရင်းမှ တပ်မှူးများလည်း ဤနေရာသို့ ရောက်ရှိနေသည်။တခြားတပ်ရင်းခြောက်ရင်းမှတပ်မှူးများသည် တာဝန်များကြောင့် ပြင်ပသို့ရောက်နေသဖြင့် ရှီးလျန်ကြယ်နယ်မြေပေါ်တွင် မရှိကြချေ။
ပုန်းကွယ်နဂါးစစ်တပ်သည် လုယွီ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိပြီးနောက် ပထမဆုံးတည်ထောင်သော အင်အားစုပင်။ဤအင်အားစု၏အစွမ်းထက်မှုကြောင့် ကောင်းကင်ဘုံနယ်မြေကိုပင် လှုပ်ခတ်နိုင်သော အင်အားစုတစ်စု ဖြစ်လာခဲ့သည်။
"အရှင်ဖေး....မင်း ငါတို့ကို ဒီနေရာဆီလာဖို့ ဘာလို့ ဆင့်ခေါ်ခဲ့တာလဲ....ငါ့မှာ ဖြေရှင်းစရာကိစ္စတွေ အများကြီးရှိနေတယ်...ငါ ဒီနေရာမှာ အကြာကြီးနေလို့မရဘူး"
နံပါတ်ဆယ့်တစ်တပ်ရင်း၏တပ်မှူးချင်ယုက မေးမြန်းသည်။
သူမသည် ပုန်းကွယ်နဂါးစစ်တပ်၏တပ်ရင်းဆယ့်ရှစ်ရင်းမှ တပ်မှူးများအားလုံးအနက် တစ်ဦးတည်းသော အမျိုးသမီးတပ်မှူးပင်။သူမသည် ယောကျာ်းသားတစ်ယောက်ကဲ့သို့ သန်မာအားကောင်းကာ တိုက်ပွဲအမြောက်အများကိုအောင်နိုင်ခဲ့သည်။သူမသည် ရဲဝံ့ပြတ်သားသူတစ်ယောက်ပင်။
တခြားတပ်မှူးများသည် ချင်ယု၏မေးခွန်းကိုကြားချိန်တွင် သူ မည်သည်ကြောင့် ဤကဲ့သို့မေးမြန်းသည်အား သူတို့အားလုံး ချက်ချင်းနားလည်သဘောပေါက်သွားသည်။
ချင်ယုသည် မြောက်အရပ်တွင် ထန်စစ်တပ်၏တိုက်ခိုက်မှုကို ရင်ဆိုင်ရန် တိုက်ပွဲစစ်မြေပြင်တစ်ခုသို့ စေလွှတ်ခြင်းခံထားရသည်။
ထိုတိုက်ပွဲစစ်မြေပြင်ကို ထန်အင်ပါယာမှအမတ်ကြီးတစ်ယောက်ကိုယ်တိုင် စီမံကွပ်ကဲနေခဲ့သည်။ထန်စစ်တပ်၏ခုခံကာကွယ်မှုသည် အလွန်အမင်းပြင်းထန်သဖြင့် ချင်ယုသည် ရှေ့ဆုံးမှ မားမားမတ်မတ်မတ်ရပ်တည်၍ တိုက်ခိုက်ရုံသာ တတ်နိုင်ခဲ့သည်။
ပုန်းကွယ်နဂါးစစ်တပ်တွင် အရည်အချင်းရှိသောလူအမြောက်အများရှိနေကာ လူအများစုသည် ချင်ယုကို ယုံကြည်လက်ခံကြလေ၏။
ယနေ့တွင် ဤနေရာ၌ အနည်းငယ်ထူးဆန်းနေသည်။
ခန်းမအတွင်းရှိစင်မြင့်ပေါ်မှ ခေါင်းဆောင်ထိုင်ခုံနေရာတွင် လွတ်နေသည်။ဖေးထျန်ကွမ်းသည် ထိုထိုင်ခုံပေါ်၌ ထိုင်ခြင်းမရှိချေ။ထိုအစား သူသည် ဗိုလ်ချုပ်များကို မျက်နှာချင်းဆိုင်ကာ အောက်၌မတ်တတ်ရပ်နေသည်။
ဖေးထျန်ကွမ်းသည် လုယွီမှပေးအပ်ထားသောတာဝန်များကို ဆောင်ရွက်နေခြင်းဖြစ်သည်။သူသည် ပုန်းကွယ်နဂါးစစ်တပ်အား အပြည့်အဝထိန်းချုပ်ပိုင်ခွင့်ကို ရယူထားနိုင်ခဲ့သည်။သူသည် တစ်ချိန်က တော်ဝင်နန်းတွင်း၌ အဆင်မြင့်အရာရှိကြီးတစ်ယောက် ဖြစ်ခဲ့သူပင်။ သို့ရာတွင် ယခုလက်ရှိအချိန်၌ သူသည် ပုန်းကွယ်နဂါးစစ်တပ်ကို အပြည့်အဝထိန်းချုပ်နိုင်သည့်တိုင် သာမန်ဆန်သောအပြုအမူများနှင့် စစ်တပ်၏အခန်းကဏ္ဍများအားလုံးတွင် ပူးပေါင်းဆောင်ရွက်နေပေ၏။
ပုန်းကွယ်နဂါးစစ်တပ်သည် စစ်မျက်နှာအမြောက်အများကိုဖွင့်၍ တိုက်ခိုက်နေခဲ့ရသည်။ထို့ကြောင့် ယနေ့တွင် ဤနေရာ၌ တပ်မှူးများနှင့်စစ်ဗိုလ်ချုပ်များကို စုဝေးစေသည်မှာ အနည်းငယ်ထူးဆန်းနေသည်။
ဖေးထျန်ကွမ်းက တည်ငြိမ်သောအသံဖြင့် ပြောဆိုသည်။
"အလျင်လိုဖို့ မလိုဘူး...ကောင်းကင်ကွန်ယက်အဖွဲ့ကနေ ငါ သတင်းတွေရထားတယ်...မနေ့က ထန်စစ်တပ်တွေ ဆုတ်ခွာသွားခဲ့ပြီ...မင်းနဲ့တိုက်ခိုက်နေတဲ့ ထန်အင်ပါယာက အမတ်ကြီးကိုလည်း ထန်ဧကရာဇ်လီကျီးက အမိန့်ထုတ်ပြန်ပြီးတော့ ပြန်လာဖို့ ဆင့်ခေါ်ခဲ့တယ်"
"အော် ထန်စစ်တပ်က ဘာတွေကြံစည်နေတာလဲ"
ချင်ယုက မျက်မှောင်ကြုတ်လိုက်သည်။
သူမသည် ထန်စစ်တပ်နှင့် ကြိမ်ဖန်များစွာတိုက်ခိုက်ခဲ့ဖူးသဖြင့် တစ်ဖက်ရန်သူများသည် အကွက်ချကြံစည်တတ်ကာ ကောက်ကျစ်ယုတ်မာကြောင်း သိရှိထားသည်။
ထန်စစ်ဗိုလ်ချုပ်အမြောက်အများသည် ထန်အင်ပါယာ တဖန်ပြန်၍ မြင့်တက်မလာမီ အချိန်ကတည်းက သူတို့၏ကိုယ်ပိုင်အမွေအနှစ်များကို ဆက်ခံထားခဲ့သည်။သူတို့သည် ယခင်ကတည်းက လျှို့ဝှက်၍လှုပ်ရှားနေသော အင်အားစုကြီးဖြစ်ကာ သူတို့၏စစ်နည်းဗျူဟာများတွင် မည်သည့်အမှားအယွင်းမျှ မရှိချေ။
ဤကဲ့သို့ ကျွမ်းကျင်ပညာရှင်များနှင့် တိုက်ခိုက်ရသည်မှာ အလွန်ခက်ခဲပေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် သတိလက်လွတ်နေမိပါက တစ်ဖက်လူ ကြိုတင်ပြင်ဆင်ထားသော ထောင်ချောက်အတွင်းသို့ ကျရောက်သွားပေမည်။
ချင်ယု၏ပထမဆုံးတုံ့ပြန်မှုမှာ ထန်အင်ပါယာ ဆုတ်ခွာသွားသည်ဟု သူမ ကြားသိရသော်လည်း ဤသည်မှာ ထောင်ချောက်တစ်ခု ခင်းကျင်းနေခြင်းသာဖြစ်မည်ဟုသာ သူမ တွေးထင်ခဲ့သည်။
ဖေးထျန်ကွမ်းက အပြုံးနှင့်ပြောဆိုသည်။
"တပ်မှူးချင်က အတွေးလွန်နေပြီ...ထန်စစ်တပ်တင် မကဘူး...ချီစစ်တပ်လည်း ဆုတ်ခွာသွားခဲ့ပြီ...ငါတို့လက်ဝဲစစ်တပ်နယ်မြေကို ဝိုင်းရံထားတဲ့ ကြယ်နယ်မြေခုနစ်ခုလုံးက အခြေခံအားဖြင့်တော့ စစ်ပွဲကနေ လွတ်မြောက်သွားခဲ့ပြီ"
စစ်ဗိုလ်ချုပ်များသည် သူတို့အချင်းချင်း စတင်၍တိုင်ပင်ဆွေးနွေးလိုက်ကြ၏။
"အရှင်ဖေး...ပဟေဠိတွေ လုပ်မနေပါနဲ့တော့... ကျေးဇူးပြုပြီးတော့ သူတို့ကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပါလား"
လုကျင်းရှန့်က ပြောဆိုသည်။
ဖေးထျန်ကွမ်းက တုံ့ပြန်အဖြေပေးသည်။
"မင်း မပြောရင်တောင် ငါက ဒီကိစ္စကို ပြောပြမလိုပါ...ကောင်းကင်ချိုးဖျက်ခံတပ်နဲ့အနက်ရောင်မိုခံတပ်က ပုန်းကွယ်နဂါးစစ်တပ်ရဲ့ထိန်းချုပ်အောက်ကို ရောက်သွားပြီ...အဲ့ဒီခံတပ်နှစ်ခုကို စီမံကွပ်ကဲနေတဲ့ ထပ်စစ်တပ်နဲ့ချီစစ်တပ်တွေလည်း ရှုံးနိမ့်သွားခဲ့ပြီ"
လက်ရှိနေရာတွင်ရှိနေသူများအားလုံး၏ မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူတို့သည် ထိုခံတပ်နှစ်ခု၏ခုခံရေးစွမ်းအားကို ကောင်းစွာသတိပြုမိသည်။အကယ်၍ သူတို့သည် အင်အားကြီးမားသောစစ်တပ်ဖြင့် ထိုနေရာများသို့ သွားရောက်တိုက်ခိုက်လျှင်ပင် လွယ်လင့်တကူချိုးဖျက်နိုင်မည် မဟုတ်ချေ။
ယခုချိန်၌ သူတို့သည် ထိုခံတပ်နှစ်ခုကို အမှန်တကယ် အနိုင်ယူနိုင်ခဲ့သလော....
ဤသည်မှာ မယုံကြည်နိုင်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
တစ်စုံတစ်ယောက်က မေးမြန်းသည်။
"ကောင်းကင်ချိုးဖျက်ခံတပ်မှာ ချီစစ်တပ် စောင့်ကြပ်နေတာကြောင့် သူတို့မှာ အင်အားအများကြီးမရှိဘူး...ဒါပေမဲ့ အနက်ရောင်မိုခံတပ်ကတော့ လီထန်ရှုရဲ့အခြေစိုက်စခန်းမဟုတ်လား....အဲ့ဒီနေရာမှာ ကောင်းကင်မူဝါဒရုံးတော်က ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေနဲ့ ထန်စစ်တပ်ရဲ့အဓိကအင်အားစုရှိနေတယ် မဟုတ်လား... အနက်ရောင်မိုခံတပ်ကို နံပါတ်လေးတပ်ရင်းက တိုက်ခိုက်နေတာ အချိန်အတော်ကြာလှပြီ....ဘာရလဒ်မှ ထွက်မလာသေးဘူး...ဘယ်လိုလုပ်ပြီးတော့ သူတို့က ရုတ်တရက်ကြီး အနိုင်ရသွားတာလဲ"
နံဘေးတစ်ဖက်တွင် မတ်တတ်ရပ်နေသော လုကျင်းရှန့်က တုံ့ပြန်ပြောဆိုသည်။
"အရှင်ဖေးရဲ့စကားတွေက အမှန်ပဲ...အောင်ကွမ်းကို ကယ်တင်ပြီးသွားပြီ...ကောင်းကင်မူဝါဒရုံးတော််ရဲ့ အမတ်ကြီးနဲ့ အနက်ရောင်မိုခံတပ်ကိုစောင့်ကြပ်နေတဲ့တပ်မှူးလည်း သေဆုံးသွားခဲ့တယ်"
Chapter 4407
"အဲ့ဒီလူနှစ်ယောက်က ထန်အင်ပါယာရဲ့ ထိပ်သီးတည်ရှိမှုကြီးတွေ မဟုတ်လား...ဘယ်လိုလုပ်ပြီးတော့ သူတို့ သေဆုံးသွားတာလဲ"
တစ်စုံတစ်ယောက်က ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"သူတို့ရဲ့ခန္ဓာကိုယ်တွေကို ကြေးနီအရေပြား သံမဏိအရိုးတွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူး... ဘာလို့ သူတို့ကို သတ်လို့မရမှာလဲ"
ထိုအချိန်မှာပင် ရွှေရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က တံခါး၏ပြင်ပမှနေ၍ ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။
လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး တုန်လှုပ်သွားကာ အထူးသဖြင့် ယခင်ကတည်းက လုယွီ၏နောက်သို့ လိုက်ခဲ့သူများပင်။ဤအချိန်အခိုက်အတန့်တွင် သူတို့သည် မြေပြင်ပေါ်၌ အမြစ်တွယ်နေသည့်အလား မတ်တတ်ရပ်နေကာ သူတို့၏မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင်တော့ချေ။
"အရှင်လု...မင်း...မင်းမသေဘူးလား"
ချောင်ပေါင်က ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
လုယွီ၏နောက်သို့ အချိန်အတော်ကြာလိုက်ခဲ့သော စစ်ဗိုလ်ချုပ်တချို့သည် သူ၏ပုံရိပ်ကိုမြင်တွေ့ချိန်၌ သူတို့၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ငါက လွယ်လွယ်သေသွားမယ်လို့ မင်းတို့ ထင်နေကြတာလား"
"အပျက်အစီးနယ်မြေလေးတစ်ခုက အရှင်ကို လှောင်ပိတ်မထားနိုင်ဘူးဆိုတာ ငါတို့ သိတယ်...တော်ဝင်နန်းတွင်းက အရှင်သေသွားပြီလို့ ထုတ်ပြန်ကြော်ညာခဲ့တယ်...ဒါပေမဲ့ သူတို့ပြောတာတွေက မမှန်ဘူးဆိုတာ ငါတို့ သိတယ်"
စစ်ဗိုလ်ချုပ်များသည် ဝမ်းသာအားရပြောဆိုလိုက်ကြ၏။
ချင်ယုက မျက်မှောင်ကြုတ်ပြီးမေးမြန်းသည်။
"သူက ဘယ်သူလဲ"
အစည်းအဝေးခန်းမသည် ပုန်းကွယ်နဂါးစစ်တပ်၏ အရေးကြီးသောနေရာတစ်နေရာပင်။ဤသည်မှာ မည်သူတစ်ဦးတစ်ယောက်မဆို ဝင်လာနိုင်သည့် နေရာမျိုးမဟုတ်ချေ။
သို့ရာတွင် လုယွီကို ကြည့်ရသည်မှာသူ၏ကိုယ်ပိုင် အနောက်ဘက်ခြံဝန်းအတွင်း၌ လမ်းလျှောက်နေသည့်အလားပင် ။
လုကျင်းရှန့်က ပျာပျာသလဲပြောဆိုသည်။
"ဒါက အရှင်လုယွီပဲ"
"သူက...."
ချင်ယုသည် ထိုစကားကိုကြားချိန်၌ ထိတ်လန့်တုန်လှုပ်သွားသည်။သို့ရာတွင် သူမသည် တခြားတပ်မှူးများကဲ့သို့ပင် လုယွီအား ဦးညွှတ်အရိုအသေပြုလိုက်၏။
သူတို့အားလုံးသည် နောက်ပိုင်းမှ ပုန်းကွယ်နဂါးစစ်တပ်သို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။သူတို့သည် ယခင်က လုယွီ၏နောက်သို့ လိုက်ခဲ့ဖူးခြင်းမရှိသဖြင့် သူ၏မျက်နှာကို မမြင်တွေ့ဖူးချေ။
ယခင်က သူတို့သည် လုယွီ၏ဒဏ္ဍာရီများကိုသာ ကြားဖူးခဲ့သည်။သို့ရာတွင် ယခုချိန်၌ လုယွီကိုမြင်တွေ့ပြီးနောက် သူသည် သူတို့အားလုံး တွေးထင်ထားသည်ထက် များစွာပို၍ငယ်ရွယ်နေကြောင်း နားလည်သဘောပေါက်သွားသည်။
"ဒီအချိန်အတောအတွင်းမှာ မင်းတို့အားလုံး ပင်ပင်ပန်းပန်း ကြိုးစားခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်"
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။
ကြွင်းကျန်သောလူများသည်လည်း ထိတ်လန့်တုန်လှုပ်နေသည့်အကြားမှ အလျှင်အမြန်ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။သူတို့အနက်မှအများစုသည် လုယွီကို မကြာခဏကြည့်နေလေ၏။
သူတို့သည် နည်းလမ်းအမျိုးမျိုးကိုအသုံးပြု၍ စုံစမ်းခဲ့ခြင်းမှတဆင့် ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်းတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့ကြောင်း ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။
ရှေးဟောင်းနတ်ဆိုးများ နိုးထလာကာ ရှေးဟောင်းနတ်ဆိုးဘိုးဘေးတစ်ယောက် ထွက်ပေါ်လာခြင်း...
လုယွီသည် ရှေးဟောင်းနတ်ဆိုးဘိုးဘေး၏ဝါးမြိုခြင်းကို ခံလိုက်ရသဖြင့် သူ အသက်ရှင်ရက် ပြန်လည်ရောက်ရှိလာမည်ဟု မည်သူကမျှ တွေးထင်မထားကြချေ။
"မင်းတို့ရဲ့ကြင်နာမှုတွေကို ငါ့ရဲ့စိတ်ထဲမှာ မှတ်ထားတယ်...နောင်အနာဂတ်ကျရင် ငါက မင်းတို့အားလုံးကို ပြန်ပေးဆပ်မယ်"
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
စစ်ဗိုလ်ချုပ်များက အလျင်စလိုဦးညွှတ်အရိုအသေပြုကာ ပြောဆိုလိုက်ကြ၏။
"ဒါက ဒီငယ်သားတို့ လုပ်သင့်တဲ့တာဝန်တွေပါ"
တချို့လူများသည် အချင်းချင်းကြည့်နေကာ တစ်ယောက်၏မျက်လုံးအတွင်းမှ ဝမ်းသာပျော်ရွှင်နေမှုကို တခြားတစ်ယောက်က တွေ့မြင်မိသည်။
လုယွီသည် ပြန်လည်ရောက်ရှိလာချိန်၌ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏ဖွဲ့စည်းပုံကို ထိန်းညှိပြင်ဆင်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။ဤလူများသည် သူ၏နောက်သို့ ပထမဆုံးလိုက်ခဲ့သူများဖြစ်သဖြင့် နောက်အနာဂတ်တွင် သူတို့အတွက် အကျိုးကျေးဇူးအမြောက်အများ ရရှိနိုင်ပေမည်။
လုယွီသည် ခေါင်းဆောင်ထိုင်ခုံ၌ထိုင်ကာ စစ်ဗိုလ်ချုပ်များအားလုံး၏နှုတ်ဆက်မှုကို ခံယူလိုက်သည်။
ထို့နောက် စစ်ဗိုလ်ချုပ်များသည် သူတို့ရင်ဆိုင်နေရသော အခြေအနေများအပြင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံး၏ ယခုလက်ရှိအခြေအနေကိုလည်း သတင်းပို့ကြသည်။
လုယွီသည် ဤကိစ္စများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုခြင်း မရှိသည့်တိုင် အလွန်အမင်းတိကျသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည်အား မြင်တွေ့ချိန်၌ စစ်ဗိုလ်ချုပ်များသည် အံ့အားသင့်သွားပေ၏။
စစ်ရေး ဘဏ္ဍာရေး စီးပွားရေး စားဝတ်နေရေး .အစရှိသောကိစ္စများတွင် လုယွီသည်အခြေခံအားဖြင့် အရာရာတိုင်းကို သိရှိထားသည်။
ဤအချိန်အခိုက်အတန့်တွင် တာယွီတော်ဝင်နန်းတွင်း၏ထိပ်သီးကျောင်းတော်သားဟူသော လုယွီ၏နာမည်ဂုဏ်သတင်းသည် သူနှင့်မထိုက်တန်သောအရာမဟုတ်ကြောင်း လူများအားလုံး နားလည်သဘောပေါက်သွားသည်။
ဤတိုင်ပင်ဆွေးနွေးမှုများသည် အချိန်တစ်နာရီမပြည့်မီမှာပင် အဆုံးသတ်သွားလေ၏။
လုယွီက လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံးကိုကြည့်ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...ဒီနေ့ကနေစပြီးတော့ ချီဘုရင်ကို စစ်ကြေငြာမယ်....အဲ့ဒီတိုက်ပွဲကို အချိန်တစ်လအတွင်းမှာ စတင်မယ်...ငါက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကနေ ချီဘုရင်ရဲ့အင်အားစုတွေအားလုံး ပျောက်ကွယ်သွားတာကို မြင်ချင်တယ်"
"ဟုတ်ကဲ့ပါအရှင်"
စစ်ဗိုလ်ချူပ်များက တုံ့ပြန်သည်။
အစမှအဆုံးထိ လုယွီသည် ကျိုးထုံကို ချီဧကရာဇ်ဟု ခေါ်ဆိုခဲ့ခြင်းမရှိချေ။သူသည် ချီအင်ပါယာ၏တည်ရှိမှုကို အနည်းငယ်မျှ အသိအမှတ်မပြုချေ။
ထို့နောက် လုယွီက ရုတ်တရက် ချင်ယုကိုကြည့်လိုက်သည်။
"ချင်ယု တိုက်ပွဲတွေအတွင်းမှာ မင်းက အများကြီးအကျိုးဆောင်ခဲ့တယ်လို့ ဖေးထျန်ကွမ်းဆီကနေ ငါ ကြားခဲ့တယ်...မင်း ဘယ်လိုဆုလာဘ်မျိုး လိုချင်လဲဆိုတာ ငါ့ကို ပြောစမ်း"
Chapter 4408
ချင်ယုက မြေပြင်ပေါ်၌ အလျှင်အမြန်ဒူးထောက်လိုက်သည်။
"အရှင်...ဒီငယ်သား အကျိုးဆောင်ခဲ့တာက ထည့်ပြောဖို့တောင် မထိုက်တန်ပါဘူး...ဒါတွေအားလုံးက စစ်သားတွေအားလုံး အတူပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တာကြောင့် အကျိုးဆောင်နိုင်ခဲ့တာပါ...တကယ်လို့ အရှင်က ဆုချီးမြှင့်ချင်တယ်ဆိုရင် ကျေးဇူးပြုပြီးတော့ ငါ့ရဲ့လက်အောက်မှာရှိတဲ့ စစ်သားတွေကို ဆုချီးမြှင့်ပေးပါ"
လုယွီက သူ့၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"မင်းက တာဝန်ယူတတ်တဲ့ တပ်မှူးတစ်ယောက်ပဲ...မင်းရဲ့လက်အောက်ငယ်သားတွေအတွက် ဆုလာဘ်ကို တည်တည်ငြိမ်ငြိမ်နဲ့ တောင်းဆိုခဲ့တယ်....ဒါပေမဲ့ မင်းသိထားရမှာက မင်း အပြစ်ကျူးလွန်ရင် အပြစ်ပေးခံရမယ်...မင်းအကျိုးဆောင်နိုင်ခဲ့ရင် ဆုချီးမြှင့်ခံရမယ်...မင်းက ငါ့ရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်နေမှတော့ ငါ မင်းကို မမျှမတဆက်ဆံမှာမဟုတ်ဘူး"
"အခုအချိန်မှာ မင်းက ရွှယ်အင်မော်တယ်အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ....ဒီကျင့်ကြံဆင့်နယ်ပယ်ကို နယ်မြေတစ်ခုမှာ ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတစ်ယောက်လို့ ယူဆလို့ရတယ်...ဒါပေမဲ့ ဒီဖရိုဖရဲလောကကြီးမှာ စစ်တပ်တစ်တပ်ကို ဦးဆောင်ဖို့အတွက် မင်းမှာ လိုအပ်ချက်တွေရှိနေတယ်...ငါက အရင်ဆုံး မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို မြှင့်တင်ပေးမယ်"
ထိုသို့ပြောဆိုပြီးနောက် လုယွီက ချင်ယုကို လက်ညှိုးညွှန်လိုက်သည်။
အရမ်းမျက်နှာအဘက်ဘက်တွင်ရှိနေသော စိတ်ဝိညာဥ်စွမ်းအားများသည် ချင်ယု၏ခန္ဓာကိုယ်ပေါ်သို့ စုဝေးသွားကာ ထိုအရာများသည် လုယွီ၏အမိန့်ကို လိုက်နာနေသည့်အလားပင်။
ဘုန်း...
အကန့်အသတ်မရှိသော စိတ်ဝိညာဥ်စွမ်းအားများသည် ပမာဏတစ်ခုထိရောက်အောင် စုဝေးသွားပြီးနောက် ချင်ယု၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် ချင်ယု၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပေ၏။ သူမ၏ခန္ဓာကိုယ်အတွင်းရှိ မရီဒါန်းများအတွင်း၌ စွမ်းအားများစီးဆင်းနေမှုသည် များစွာပို၍ချောမွေ့သွားသည်ကို သူမ ခံစားမိသည်။ သူမ၏မရီဒါန်းများအတွင်းရှိ အတားအဆီးများပွင့်သွားကာ သူမအား အလွန်အမင်းသက်တောင့်သက်သာရှိသကဲ့သို့ ခံစားရစေသည်။
သူမ၏နံဘေးပတ်လည်၌ မြူခိုးများပျံ့လွင့်လာကာ အရောင်အသွေးစုံသောအလင်းတန်းများ ဖြာထွက်နေသည်။အစွမ်းထက်သော မှော်စွမ်းအားလှိုင်းများသည် တောက်ပသောအလင်းတန်းများအသွင်သို့ ပြောင်းလဲကာ အစည်းအဝေးခန်းမတစ်ခုလုံးကို လင်းထိန်နေစေသည်။
"ငါက ရွှယ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ"
ချင်ယုက ရုတ်တရက် သူမ၏မျက်လုံးကို ဖွင့်လိုက်သည်။သူမ၏မျက်လုံးအတွင်း၌ အံ့အားသင့်မှု ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
ရွှယ်အင်မော်တယ်နယ်ပယ်သို့အရောက်တွင် အဆင့်ငယ်တစ်ဆင့်တစ်လှမ်းရန်မှာ အလွန်အမင်းခက်ခဲသည်။
ချင်ယုက အကယ်၍ သူမသည် ရွှယ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်လိုပါက အနည်းဆုံး အချိန်သုံးနှစ်ခန့် ပြင်းပြင်းထန်ထန်ကျင့်ကြံရန် လိုအပ်မည်ဟု မူလက ခန့်မှန်းထားခဲ့သည်။
သို့ရာတွင် လုယွီသည် ဤဖြစ်စဉ်ကို ရှေ့သို့တိုးသွားစေခဲ့ကာ သူမအား ရွှယ်အင်မော်တယ်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားစေသည်။
ကြွင်းကျန်သောလူများအားလုံး အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားသည်။ဤသည်မှာ သူတို့၏နားလည်သဘောပေါက်နိုင်စွမ်းထက် များစွာပို၍ကျော်လွန်နေလေပြီ။
သူတို့သည် မှော်နည်းစနစ်တစ်ခုကို အသုံးပြုခြင်း သို့မဟုတ် ဆေးလုံးတစ်လုံးကို အသုံးပြုခြင်းတို့အား မမြင်တွေ့ခဲ့ရချေ။လုယွီ၏စကားတစ်ခွန်းတည်းဖြင့် ချင်ယုကို ယခုလက်ရှိကျင့်ကြံဆင့်နယ်ပယ်ထက် မြင့်မားသောအဆင့်သို့ တက်လှမ်းသွားစေခဲ့သည်။
သူ၏စကားများသည် မိုးကောင်းကင်တာအို၏အမိန့်သံအလားပင်။
ဤနည်းစနစ်သည် သာမန်လူများ နားလည်သဘောပေါက်နိုင်ခြင်းမရှိသော အဆင့်တစ်ဆင့်သို့ ရောက်ရှိနေလေပြီ။ပြောရမည်ဆိုလျှင် ဤသည်မှာ တာအိုသခင်တစ်ယောက်သာ အသုံးပြုနိုင်သော နည်းစနစ်တစ်ခုပင်။
"အရှင်လုကို ကျေးဇူးတင်ပါတယ်"
ချင်ယုက မြေပြင်ပေါ်၌ဒူးထောက်ပြီး ကျေးဇူးတင်စကားပြောဆိုသည်။သူမသည် ယခုလက်ရှိချိန်၌ လုယွီ၏စွမ်းအားကို ယုံကြည်လက်ခံသွားလေပြီ။
သူမသည် မည်မျှထိများပြားသော ဒဏ္ဍာရီများကို ကြားဖူးခဲ့ပါစေ သူမ၏မျက်လုံးဖြင့် ကိုယ်တိုင်ကြုံတွေ့ရသည်နှင့် နှိုင်းယှဉ်ပါက လွန်စွာအလှမ်းကွာဟသည်။
ချင်ယုသည် သူမ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်ထနေသော စွမ်းအားများကို ခံစားမိချိန်၌ စိတ်လှုပ်ရှားမှုနှင့်ထိတ်လန့်တုန်လှုပ်မှုတို့ကို ရောယှက်၍ခံစားနေရသည်။
ဖရိုဖရဲဖြစ်နေသော ကောင်းကင်ဘုံနယ်မြေ၌ ဤကဲ့သို့လူတစ်ယောက်၏နောက်သို့လိုက်ရန် သူမ ဆုံးဖြတ်နိုင်ခဲ့သည်မှာ မှန်ကန်သောရွေးချယ်ချက်ပင်။
လုယွီသည် မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေသော တခြားစစ်ဗိုလ်ချုပ်များကိုကြည့်ကာ အပြုံးနှင့်ပြောဆိုလိုက်၏။
"ပုန်းကွယ်နဂါးစစ်တပ်အတွက် အကျိုးဆောင်ပေးတဲ့ ဘယ်သူမဆို ဆုချီးမြှင့်ခံရမယ်...ငါ့မှာ ငွေကြေးနဲ့အရင်းအမြစ်တွေ ရှိတယ်...အဲ့ဒီအရာတွေကို ယူနိုင်မယူနိုင်ဆိုတာကတော့ မင်းတို့ပေါ်မှာပဲ မူတည်တယ်"
ယခင်ကတည်းက လုယွီ၏ချမ်းသာကြွယ်ဝမှုသည် အလွန်များပြားပေ၏။
ယခုအချိန်၌ သူသည် ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုကို ရရှိထားခဲ့သည်။သူ ပိုင်ဆိုင်ထားသော ချမ်းသာကြွယ်ဝမှုပမာဏသည် ကြောက်ခမမ်းလိလိအဆင့်သို့ ရောက်ရှိနေလေပြီ။
ဖန်းနန်းတော်အတွင်း၌ ဘဏ္ဍာတိုက်အမြောက်အများ ရှိနေဆဲပင်။ထိုဘဏ္ဍာတိုက်များအတွင်းရှိ ရတနာများသည် ယခုအချိန်ထိ ဆွေးမြည့်သွားခြင်းမရှိဘဲ တောက်ပသောအလင်းရောင်များဖြာထွက်နေပေ၏။
ဤသည်မှာ ချင်အင်ပါယာ၏ရတနာများဖြစ်ပြီး ထိုအရာများကို အသုံးမပြုရသေးခင်မှာပင်သမိုင်း၏ဖြစ်ရပ်များအကြား၌ ပျောက်ကွယ်သွားခဲ့သည်။
ပြောရမည်ဆိုလျှင် လုယွီသည် အင်ပါယာတစ်ခုမျှ ချမ်းသာကြွယ်ဝသည်ဟု ဆိုနိုင်သည်။
လက်ရှိနေရာတွင်ရှိနေသူများအားလုံး စိတ်လှုပ်ရှားသွားသည်။မည်သို့ပင်ဆိုစေကာမူ လူအများ၏စိတ်နှလုံးသားများကို လွယ်လင့်တကူ စိတ်လှုပ်ရှားစေနိုင်သော နည်းလမ်းသည် အကျိုးကျေးဇူးများ ပေးကမ်းခြင်းပင်။
လုယွီသည် အစီအစဉ်တချို့ကို ပြုလုပ်ပြီးနောက် မတ်တတ်ထရပ်ပြီး သူ၏မိသားစုကို သွားရောက်တွေ့ဆုံရန် ပြင်ဆင်လိုက်သည်။
"အရှင် နောက်သုံးရက်ကြာရင် မင်းကိုကြိုဆိုတဲ့စားသောက်ပွဲတစ်ခုကို ကျင်းပလိမ့်မယ်...အဲ့ဒီအချိန်ကျရင် လက်ဝဲစစ်တပ်နယ်မြေရဲ့ကြယ်နယ်မြေသုံးဆယ်ခြောက်ခုလုံးကအရာရှိတွေနဲ့ ရှီးလျန်ကြယ်နယ်မြေက အထက်တန်းလွှာတွေ လာကြလိမ့်မယ်...အရှင်က ကျေးဇူးပြုပြီးတော့ အဲ့ဒီစားသောက်ပွဲမှာ ပါဝင်ဆင်နွှဲပေးပါ"
ဖေးထျန်ကွမ်းက ပြောဆိုသည်။
လုယွီက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
Chapter 4409
ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ရှိ မက်မွန်ပွင့်ဥယျာဥ်အိမ်တော်....
ဤသည်မှာ လက်ဝဲစစ်တပ်၏တပ်မှူးအတွက် အထူးသီးသန့်ပြင်ဆင်ထားသော ထိပ်တန်းအဆင့်အိမ်တော်တစ်လုံးပင်။
ဤအိမ်တော်သည် အလွန်ကျယ်ဝန်းကာ လူထောင်နှင့်ချီ၍ ဝင်ဆန့်သည်။အိမ်တော်၏နံဘေးပတ်လည်ကို မြင့်မားသောတံတိုင်းများဖြင့် ဝိုင်းရံထားကာ အနီး၌ ထူထပ်သိပ်သည်းသော မက်မွန်တောအုပ်တစ်ခုလည်းရှိနေသည်။
မက်မွန်ပန်းများ ပွင့်လန်းနေကာ အစိမ်းရောင်တောင်တန်းများ မြစ်များနှင့် ပေါင်းစပ်ထားသဖြင့် အလွန်သာယာသော ရှုမျှော်ခင်းတစ်ခုပင်။ သို့ရာတွင် မက်မွန်ပွင့်တောအုပ်အတွင်း၌ သတ်ဖြတ်ခြင်းဝင်္ကပါအမြောက်အများကို ခင်းကျင်းထားသည်။အကယ်၍ ဤနေရာနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသော လူတစ်ယောက်သည် ကျူးကျော်ဝင်ရောက်လာပါက သတ်ဖြတ်ခြင်းဝင်္ကပါများအကြား၌ လှောင်ပိတ်ခံရပေမည်။ထိုလူသည် ကိုယ်လက်အင်္ဂါအပြည့်အစုံပင်မကျန်ရှိဘဲ သေဆုံးသွားပေမည်။
အိမ်တော်ခြံဝန်း၏နံဘေးပတ်ဝန်းကျင်တွင် ကင်းလှည့်နေသော အနက်ရောင်သံချပ်ကာဝတ် စစ်သားအမြောက်အများလည်း ရှိနေသည်။
ထိုအနက်ရောင်သံချပ်ကာဝတ်စစ်သားများအားလုံးသည် အရပ်မြင့်ပြီး အရှိန်အဝါကြီးမားကာ သူတို့၏လက်များအတွင်း၌ ထက်ရှသောဓားရှည်များကို ကိုင်ထားသည်။သူတို့အနက်မှတချို့သည် အနံ့ခံအာရုံကောင်းသော နတ်ဆိုးသားရဲများကို ဆုပ်ကိုင်၍ ရှေ့နောက်ကင်းလှည့်နေကြ၏။အိမ်တော်မှတံခါးတချပ်စီ၏ရှေ့တွင် ကျင့်ကြံသူဆယ်ယောက်ကျော်ခန့် ရှိနေကာ သူတို့သည် ဤနေရာအား အခိုင်အမာကာကွယ်စောင့်ကြပ်ထားသည်။
မက်မွန်ပွင့်ဥယျာဥ်တစ်ခုလုံးကို စောင့်ကြည့်ဝင်္ကပါကြီးတစ်ခုဖြင့် လွှမ်းခြုံထားကာ ငှက်တစ်ကောင်ပင်လျှင်ဤကျင့်ကြံသူများ၏အမြင်အာရုံအောက်မှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။
ဤသည်မှာ လုမိသားစုဝင်များအတွက် ဖေးထျန်ကွမ်းမှ အထူးသီးသန့် ပြင်ဆင်ပေးထားသော အစောင့်အင်အားပင်။ထိုအစောင့်များအားလုံးသည် ပုန်းကွယ်နဂါးစစ်တပ်၏တပ်ရင်းဆယ့်ရှစ်ရင်းမှနေ၍ ရွေးချယ်ထားသော လက်ရွေးစင်စစ်သည်တော်များဖြစ်ပေ၏။ထိုစစ်သည်တော်များအနက်မှ အားအနည်းဆုံးလူပင်လျှင် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၌ ရှိနေသည်။
အကြီးအကဲများမှ အစောင့်များ အစေခံများအထိ သူတို့အားလုံးသည် ကျင့်ကြံသူများဖြစ်ပြီး ပတ်ဝန်းကျင်ကို တင်းတင်းကြပ်ကြပ်စောင့်ကြပ်နေကြသည်။
လုယွီသေဆုံးသွားသောသတင်း ပျံ့နှံ့သွားပြီးနောက် လူတချို့သည် ဖေးထျန်ကွမ်းထံမှ အုပ်ချုပ်ရေးနှင့်စစ်ရေးအခွင့်အာဏာကို လွှဲပြောင်းယူရန် ကြိုးပမ်းခဲ့ကြသည်။
သို့ရာတွင် ဖေးထျန်ကွမ်းသည် အမတ်ကြီးဟောင်းတစ်ယောက်ဖြစ်လေရာ ထိုအချက်ကိုအသုံးပြု၍ စစ်တပ်ကိုဦးဆောင်ခဲ့သည်။ပြောရမည်ဆိုလျှင် သူ ဤသို့ပြုလုပ်ခဲ့သည်မှာ မလျော်ကန်ဟု ဆိုနိုင်သည်။
ချီအင်ပါယာသည် လုမိသားစုကိုဖမ်းဆီးရန် လူများစေလွှတ်ခဲ့သည်။အကယ်၍ လုမိသားစုဝင်တစ်ယောက် ဖမ်းဆီးခံရပါက တိုက်ရိုက်မျိုးဆက်တစ်ယောက် မဟုတ်သည့်တိုင် လုယွီနှင့်ဆက်စပ်နေသရွေ့ ရုပ်သေးတစ်ရုပ်အလား ချီအင်ပါယာ၏ချုပ်ကိုင်ခြင်းကို ခံရပေမည်။
ထိုအချိန်ကျပါက ပုန်းကွယ်နဂါးစစ်တပ်သည် တစ်ကွဲတစ်ပြားစီဖြစ်သွားပြီ အချင်းချင်းသတ်ဖြတ်သည့်ကိစ္စများ ဖြစ်ပွားလာပေမည်။
ယနေ့၌ လုမိသားစုဝင်များအားလုံးသည် ခြံဝန်းအတွင်းရှိခန်းမ၌ စုဝေးကာ မိသားစု၏ အရေးကြီးကိစ္စများနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးနေကြသည်။
လုခိုင်ရှန်နှင့်သခင်မကြီးယွီရုံတို့သည် ခေါင်းဆောင်နေရာ၌ ထိုင်နေကြ၏။လုလမ်ရှန်းနှင့်တခြားလူငယ်များကမူ တခြားတစ်ဖက်၌ ထိုင်နေသည်။ကြွင်းကျန်သောလူများအားလုံးသည် လုမိသားစု၏မိသားစုခွဲများမှ လူများပင်။ ဤနေရာတွင် စုစုပေါင်း လူလေးရာကျော်ရှိနေသည်။
သူတို့အားလုံးသည် တောင်ပိုင်းစွန့်ပစ်နယ်မြေအတွင်းရှိ လုမိသားစုဝင်များပင်။
အောက်ဘုံအတွင်း၌ လုမိသားစုကို အလယ်ပိုင်းလုမိသားစုနှင့် တောင်ပိုင်းစွန့်ပစ်ကုန်းမြေလုမိသားစုဟူ၍ ပိုင်းခြားထားသည်။
မူလက အလယ်ပိုင်းကုန်းမြေမှလုမိသားစုကို ပင်မလုမိသားစုဟု သတ်မှတ်ထားလေ၏။ထိုနေရာတွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် တိမ်စိုင်များကဲ့သို့ပေါများကာ သူတို့သည် အောက်ဘုံတစ်ခုလုံး၌ ထိပ်သီးမိသားစုကြီးများအနက်မှတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။
နှိုင်းယှဉ်ကြည့်ပါက တောင်ပိုင်းစွန့်ပစ်နယ်မြေအတွင်းရှိ လုမိသားစုသည် အနည်းငယ်နိမ့်ကျပေ၏။ဤသည်မှာ သေမျိုးလောက၌ လုခိုင်ရှန်တည်ထောင်ခဲ့သော မိသားစုတစ်စုသာဖြစ်ပြီး ကြီးကျယ်ခမ်းနားခြင်းမရှိချေ။
သို့ရာတွင် နောက်ပိုင်း၌ လုယွီထွက်ပေါ်လာခြင်းနှင့်အတူ သူသည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေအတွင်းရှိ လုမိသားစုအတွင်း၌ မှော်ရတနာများနှင့်အမွေအနှစ်အမြောက်အများကို ချန်ထားခဲ့သည်။ထိုကြောင့် တောင်ပိုင်းစွန့်ပစ်ကုန်းမြေလုမိသားစု၏အင်အားသည် တဖြည်းဖြည်းမြင့်တက်လာပေ၏။
ချီအင်ပါယာသည် အောက်ဘုံအတွင်းသို့ လူများစေလွှတ်ခဲ့စဉ်အချိန်၌ လုခိုင်ရှန်၏မိသားစုသည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေအတွင်း၌ ထိပ်သီးမိသားစုကြီး ဖြစ်နေလေပြီ။လုမိသားစု၏နောက်၌ ကျင့်ကြံရေးဂိုဏ်းရှစ်ဂိုဏ်း သေမျိုးနိုင်ငံဆယ်နိုင်ငံကျော်ရှိကာ ထိပ်သီးမိသားစုကြီးတစ်စုဟု ခေါ်ဆိုနိုင်သည်။
သူတို့သည် လုမိသားစု၏အိမ်တော်ဟောင်းကိုလည်း ထပ်ခါတလဲလဲချဲ့ထွင်ခဲ့သည်။ အဆုံးသတ်၌ ထိုအရာသည် လုမိသားစုအိမ်ဟောင်းထက် အရွယ်အစားဆယ်ဆခန့်နီးပါး ကြီးမားလာကာ မိသားစုအတွင်း၌ လူတစ်သောင်းကျော်ရှိနေသည်။
သို့ရာတွင် ဘေးကပ်ဆိုးကြီးရောက်ရှိလာချိန်၌ လုမိသားစု၏အိမ်တော်ဟောင်း၌ စောင့်ကြပ်နေသည်မှာ လူလေးရာကျော်သာရှိသည်။
ဖေးထျန်ကွမ်းသည် အိမ်တော်၌မရှိသော လုမိသားစုဝင်များကို စောင့်ဆိုင်း၍ခေါ်ဆောင်ရန် အချိန်မရှိခဲ့ချေ။ကောင်းကင်ကွန်ယက်မှကင်းထောက်များသည် ထိုအိမ်တော်၌ရှိနေသော လူလေးရာကျော်ကိုသာ ခေါ်ဆောင်ခဲ့လေ၏။
"သခင်ကြီး...သခင်မကြီး...လက်ဖက်ရည်ရပါပြီ"
အစေခံမလေးတစ်ယောက်က လက်ဖက်ရည်ပူကိုသယ်ဆောင်လာပြီး သူတို့နှစ်ယောက်၏ရှေ့၌ တည်ခင်းပေးသည်။
သို့ရာတွင် လုခိုင်ရှန်နှင့်သခင်မကြီးယွီရုံတို့ထံတွင် လက်ဖက်ရည်သောက်လိုသော စိတ်အခြေအနေမျိုး ရှိမနေချေ။
"မနေ့တုန်းက ငါနဲ့အတူ မိသားစုဝင်တချို့ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်...သူတို့က ငါတို့ ဘယ်ချိန်ကျရင် ဒီနေရာက ထွက်သွားနိုင်မလဲဆိုတာ အပြင်ကလူတွေကို မေးပေးဖို့ ငါကို တောင်းဆိုခဲ့တယ်"
လုခိုင်ရှန်က ခန်းမအတွင်းသို့ဝေ့ဝိုက်ကြည့်ပြီး အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"အပြင်မှာရှိတဲ့လူတွေက ငါတို့ကို ဖုံးကွယ်ထားပေမယ့် ငါ အဲ့ဒီကိစ္စကို ခန့်မှန်းမိတယ်...ငါ့အထင်တော့ ယွီအာက အန္တရာယ်နဲ့တွေ့နေတာပဲ.. ငါတို့ရဲ့ယွီအာလေးက အားနည်းတယ်...ငါတို့ ဒီနေရာမှာ လှောင်ပိတ်ခံထားရတဲ့ အကြောင်းအရင်းက ငါတို့ကို အကျယ်ချုပ်ထိန်းသိမ်းထားတာမဟုတ်ဘူး...ငါတို့ကို ကာကွယ်ပေးထားတာပဲ"
"ဒါက ကောင်းကင်ဘုံနယ်မြေ...တောင်ပိုင်းစွန့်ပစ်ကုန်းမြေ မဟုတ်ဘူး...ငါ့ကို ပြောစမ်း...အင်မော်တယ်တစ်ယောက်နဲ့ တိုက်ခိုက်ရဲတဲ့ ယုံကြည်ချက်မျိုး မင်းတို့ထဲက ဘယ်သူ့မှာရှိလဲ"
Chapter 4410
လက်ရှိနေရာတွင်ရှိနေသော လုမိသားစုဝင်များအားလုံး သူတို့၏ခေါင်းများကို အောက်သို့ငုံလိုက်ကြ၏။
လုခိုင်ရှန်အား လွတ်လမ်းတစ်ခုရှာရန် ဖြောင်ဖျခဲ့သော အကြီးအကဲတချို့ပင်လျှင် သူတို့၏ခေါင်းများကို အောက်သို့ငုံ့ထားကြသည်။
အောက်ဘုံနှင့်ကောင်းကင်ဘုံနယ်မြေအကြားရှိ ကွဲပြားခြားနားချက်သည် မိုးနှင့်မြေအလားပင်။
အောက်ဘုံအတွင်း၌ တောင်ပိုင်းစွန့်ပစ်ကုန်းမြေကို သာယာဝပြောကာ အလွန်အင်အားတောင့်တင်းသောနယ်မြေဟု ဆိုနိုင်သည်။သို့ရာတွင် ကောင်းကင်ဘုံနယ်မြေအတွင်း၌ သူတို့၏အင်အားသည် အလွန်အမင်းအားနည်းနေကာ အနည်းငယ်မျှပင် အရေးမပါလှချေ။
တောင်ပိုင်စွန့်ပစ်ကုန်းမြေလုမိသားစုကို ဥပမာယူ၍ကြည့်ကြပါစို့။လုမိသားစု၌ အားအကောင်းဆုံး လုခိုင်ရှန်ပင်လျှင် လေလွင့်အင်မော်တယ်နယ်ပယ်၌သာရှိပြီး ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းလာမှသာ လောကီအင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့သည်။
ဤကဲ့သို့ခွန်အားဖြင့် တစ်စုံတစ်ယောက်သည် မိသားစုတစ်စုလုံးကိုခေါ်ဆောင်၍ သွားလာနေရန်နေနေသာသာ သူတစ်ယောက်တည်း သွားလာလှုပ်ရှားလိုလျှင်ပင် သတိကြီးစွာထားရန်လိုအပ်သည်။
ထို့ပြင် ယခုအချိန်တွင် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ဖရိုဖရဲစစ်ပွဲများဖြင့် ပြည့်နှက်နေကာနေရာတိုင်းလိုလို စစ်ပွဲများရှိနေသည်။
ကျင့်ကြံသူအများစုသည် စစ်ပွဲကိုပုန်းရှောင်နိုင်ရန် တောင်တန်းများအကြား၌ကျင့်ကြံခြင်း သို့မဟုတ် အင်အားစုကြီးတစ်စုအတွင်းသို့ဝင်ရောက်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
အကယ်၍ သူတို့သည် ယခုကဲ့သို့အချိန်မျိုးတွင် ပြင်ပသို့ထွက်ခွာသွားပါက လုံလောက်သော ကျောထောက်နောက်ခံအင်အားမရှိသဖြင့် သူတို့အားလုံး သေဆုံးသွားနိုင်ချေ အလွန်မြင့်မားသည်။
လုခိုင်ရှန်က ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ငါတို့ကို အပြင်မှာစောင့်ကြပ်နေတဲ့ အင်မော်တယ်တွေက ယွီအာရဲ့လက်အောက်ငယ်သားတွေပဲ....သူတို့က အရမ်းအစွမ်းထက်တယ်...ဒါပေမဲ့ သူတို့ရဲ့တာဝန်က ငါတို့ကိုကာကွယ်ပေးဖို့သက်သက်ပဲ...အခုအချိန်မှာ ယွီအာက ဘယ်နေရာကို ရောက်နေလဲဆိုတာ ငါ မသိပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီအင်မော်တယ်တွေက ယွီအာရဲ့ငယ်သားတွေ ဖြစ်နေတုန်းပဲ... ငါတို့လုမိသားစုက တခြားလူတွေကို အမြဲတမ်းမှီခိုအားထားနေလို့မရဘူး...ငါတို့ရဲ့အင်အား ပိုပြီးသန်မာအားကောင်းလာအောင် ငါတို့ကိုယ်တိုင်ပဲ လုပ်ရလိမ့်မယ်"
သူက မတ်တတ်ထရပ်ပြီး ကျယ်လောင်စွာပြောဆိုသည်။
"ငါတို့က ကောင်းကင်ဘုံနယ်မြေကို ရောက်လာတာကြောင့် မိုးကောင်းကင်တာအိုဥပဒေသရဲ့ အတားအဆီးတွေ ပျောက်ကွယ်သွားပြီ...အခုချိန်ကစပြီးတော့ ဘယ်သူတစ်ဦးတစ်ယောက်မဆို လောကီအင်မော်တယ်နယ်ပယ်ကို မရောက်မချင်း အပြင်ထွက်ခွင့်မပြုဘူး"
"ဟုတ်ကဲ့ပါ မိသားစုခေါင်းဆောင်"
လုမိသားစုဝင်များအားလုံး ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။
သူတို့သည် ချမ်းသာကြွယ်ဝသောဘဝဖြင့် အစဉ်အမြဲနေထိုင်ခဲ့ကြသည်။ထိုကြောင့် သူတို့သည် ဤနေရာ၌ ရုတ်တရက်ကြီး လှောင်ပိတ်ခံထားရချိန်တွင် မည်ကဲ့သို့ နေထိုင်ရမည်ကို မသိတော့ချေ။
သို့ရာတွင် လုခိုင်ရှန်၏စကားများကို နားထောင်ပြီးနောက် သူတို့သည် မည်သည့်အခြေအနေမျိုးအတွင်း၌ ကျရောက်နေသည်ကို ချက်ချင်းနားလည်သဘောပေါက်သွားသည်။
ဤနေရာ၌နေထိုင်ခြင်းသည် သူတို့ကို စိတ်ကျဉ်းကျပ်စေသော်လည်း အနည်းဆုံးအနေဖြင့် သူတို့ သေဆုံးသွားမည်မဟုတ်ချေ။
သို့ရာတွင် အကယ်၍ သူတို့ ပြင်ပသို့ ထွက်လိုက်ပါက သူတို့အား စောင့်ကြိုနေမည်မှာ အပြောင်းအလဲများဖြင့် ပြည့်နှက်နေသောလောကကြီးပင်။သူတို့၏ယခုလက်ရှိကျင့်ကြံဆင့်နယ်ပယ်ဖြင့် အကယ်၍ သူတို့၏သဘောဆန္ဒအလျောက် ပြင်ပသို့ထွက်ခွာသွားပါက သေလမ်းရှာခြင်းသာဖြစ်ပေမည်။
"နောက်ထပ်ကတော့...."
လုခိုင်ရှန်သည် တစ်စုံတစ်ခုကို ပြောဆိုရန်ဟန်ပြင်လိုက်စဉ်မှာပင် သူသည် ပြင်ပသို့စူးစိုက်ကြည့်ကာ သူ၏မျက်လုံးအကြည့် ရုတ်တရက် အေးခဲတောင့်တင်းသွားသည်။
ပိုးထည်ဝတ်စုံဝတ်ဆင်ထားသောလူငယ်တစ်ယောက်သည် အပြုံးနှင့်ခန်းမအတွင်းသို့ဝင်ရောက်လာသည့်အား သူ မြင်တွေ့မိလေ၏။
"ယွီအာ...."
လုခိုင်ရှန်သည် သူ၏ပါးစပ်ကို ဖုံးအုပ်ထားကာ သူ၏မျက်လုံးများကိုပင် သူ မယုံကြည်နိုင်တော့ချေ။
သခင်မကြီးယွီရုံသည် ပြေးထွက်သွားကာသူမ၏သားကို သူမ၏ရင်ခွင်အတွင်းသို့ထည့်ပြီး ပွေ့ဖက်လိုက်သည်။
"သခင်လေးလုယွီ...."
"သခင်လေးလုယွီ ရောက်လာပြီ...."
ခန်းမအတွင်း၌ရှိနေသော လူများအားလုံး မတ်တတ်ရပ်လိုက်ကြသည်။
သူတို့အနက်မှအများစုသည် ယခင်က လုယွီကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။သို့ရာတွင် သူတို့သည် လုယွီနှင့်ပတ်သက်သောဒဏ္ဍာရီများကို ကြားခဲ့ဖူးလေ၏။
အတိတ်တွင် လုယွီသည် အောက်ဘုံအတွင်း၌ ပြိုင်ဘက်ကင်းတစ်ယောက်ပင်။သူသည် ကောင်းကင်ဘုံလမ်းကြောင်းမှတဆင့် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းနိုင်ခဲ့သည်။ဤသည်မှာ အောက်ပုံအတွင်း၌ ဒဏ္ဍာရီတစ်ခုပင်။
ယခုအချိန်၌ သူတို့သည် ဤဒဏ္ဍာရီလာလူသားကို မြင်တွေ့ရချိန်တွင် သူတို့အားလုံး အလွန်အမင်းစိတ်လှုပ်ရှားနေသည်။
"အဖေ အမေ အစ်မ...ငါက မင်းတို့အားလုံး စိုးရိမ်ပူပန်အောင် လုပ်ခဲ့မိတယ်"
လုယွီသည် သူ့မိသားစု၏နွေးထွေးမှုကို ခံစားမိသဖြင့် သူ၏မျက်နှာပေါ်၌ ဝမ်းသာပျော်ရွှင်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။
ဤသည်မှာ သူ၏အတိတ်ဘဝတွင် တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ဖူးခြင်းမရှိသော တစ်စုံတစ်ခုပင်။
"မင်း ပြန်လာတာ ကောင်းတယ်...မင်း ပြန်လာတာ အရမ်းကောင်းတယ်"
လုခိုင်ရှန်သည် စိတ်လှုပ်ရှားနေကာ စကားများကို ထပ်ခါတလဲလဲပြောဆိုလိုက်သည်။
မိသားစုပြန်လည်ပေါင်းစည်းနေသည်ကိုကြည့်ပြီး ခန်းမအတွင်း၌ ဝမ်းသာပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်။
မလှမ်းမကမ်းအကွာတွင်ရှိနေသော အစေခံမလေးတချို့သည် လက်ဖက်ရည်အသစ်တစ်ခွက်ကိုပြင်ဆင်ရန် ပြင်ပသို့ ထွက်ခွာသွားရန် ဟန်ပြင်လိုက်ကြ၏။
"အဖေ အမေ...ငါကို ခဏလောက်စောင့်အုံး...ငါ ဖြေရှင်းရမယ့် ကိစ္စတချို့ ရှိနေတယ်"
ထိုသို့ပြောဆိုပြီးနောက် လုယွီ၏အကြည့်သည် လက်ဖက်ရည်ပြင်ဆင်ရန် ထွက်ခွာသွားသောအစေခံမလေးများပေါ်သို့ ရုတ်တရက် ကျရောက်သွားကာ အေးစက်တတင်းမာစွာ ပြောဆိုလိုက်သည်။
"ငါ ဒီခန်းမထဲကို ဝင်လာတဲ့အချိန်တုန်းက မင်းတို့ရဲ့သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေကို ခံစားမိတယ်...မင်းတို့ကို ဒီနေရာဆီ ဘယ်သူက လွှတ်လိုက်တာလဲ"