← Chapters

အခန်း (၄၄၁၁-၄၄၁၅)

Vol. 224 Ch. 4411-4415

အခန်း (၄၄၁၁-၄၄၁၅)

Vol. 224 Ch. 4411-4415

Chapter 4411

လုယွီ၏အော်သံကြောင့် လက်ရှိနေရာတွင်ရှိနေသူများအားလုံး ကြက်သေသေသွားသည်။

ထိုအစေခံမလေးများ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အရောင်များ ဖြတ်ပြေးသွားကာ သူတို့သည် ထွက်ပြေးရန်အတွက် နောက်သို့ချာခနဲလှည့်လိုက်ကြ၏။

"မင်းတို့က ထွက်ပြေးချင်တာလား...ငါက မင်းတို့ကို ထွက်သွားခိုင်းလို့လား"

လုယွီက သူ၏လက်ကိုမြှောက်ပြီး အောက်သို့ဖိနှိပ်လိုက်သည်။သူ့ရှေ့ရှိလေဟာနယ် အေးခဲတောင့်တင်းသွားကာ ခန်းမကြီးတစ်ခုလုံးသည် သီးသန့်လေဟာနယ်အတွင်းသို့ ရောက်ရှိသွားလေ၏

ဤလေဟာနယ်၏နံဘေးပတ်ဝန်းကျင်နှင့် မိုးမြင့်မြေတို့သည် ချိတ်ပိတ်ခြင်းခံလိုက်ရလေပြီ။

အစေခံမလေးတချို့သည် ပြတင်းပေါက်များကိုချိုးဖျက်၍ ထွက်ပြေးရန် ဟန်ပြင်လိုက်ကြသော်လည်း လေထုအတွင်း၌ မမြင်နိုင်သောနံရံကြီးတစ်ခု ထွက်ပေါ်လာကာ သူမတို့အား ပိတ်ဆို့ဟန်တားထားသည်ကို ရှာဖွေတွေ့ရှိမိသည်။

"ယွီအာ ဒါက နားလည်မှုလွဲနေတာများလား....သူတို့နဲ့ပတ်သက်ပြီးတော့ ဘာပြဿနာမှ မရှိလောက်ပါဘူး"

သခင်မကြီးယွီရုံက စိုးရိမ်ပူပန်တကြီးပြောဆိုသည်။

သူတို့ ဤနေရာသို့ ရောက်ရှိလာချိန်တွင် ထိုအစေခံမလေးများနှင့် အချိန်များစွာကုန်ဆုံးခဲ့သည်။သို့ရာတွင် သူတို့သည် သူမတို့နှင့်ပတ်သက်သော မည်သည့်အမှားအယွင်းကိုမျှ သတိမပြုမိချေ။

ထို့ပြင် ဤနေရာ၌ တာဝန်ထမ်းဆောင်နေသောအစေခံများနှင့်အစောင့်များအားလုံးသည် ပုန်းကွယ်နဂါးစစ်တပ်မှ သီးသန့်ရွေးချယ်ထားသောလူများပင်။ထိုလူများကိုရွေးချယ်ရာတွင် အလွန်အမင်း တင်းကြပ်ခဲ့ပေ၏။

သို့ရာတွင် ယခုလက်ရှိအချိန်၌ လုယွီသည် အကြည့်တချက်ဖြင့် သူတို့၏မကောင်းသောရည်ရွယ်ချက်ကို ထွင်းဖောက်မြင်နိုင်ခဲ့သည်။ဤကိစ္စသည် အမှန်တကယ်ကို အနည်းငယ်ရုတ်တရက်ဆန်နေသည်။

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"သူတို့ရဲ့ခန္ဓာကိုယ်တွေကို အပိုင်စီးခံထားရတယ်...တယောက်ယောက်က သူတို့ရဲ့ခန္ဓာကိုယ်တွေကို ထိန်းချုပ်ထားတယ်"

ထိုစကားကိုကြားချိန်တွင် လုမိသားစုဝင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့သည် အလျင်စလိုမတ်တတ်ထရပ်ကာ ထွက်ပြေးရန်ဟန်ပြင်လိုက်ကြ၏။

ခန်းမကြီးတစ်ခုလုံးသည် အလွန်အမင်းကျယ်ဝန်းပေ၏။သို့ရာတွင် ဤနေရာ၌ လူလေးရာကျော်စုဝေးနေကာ သူတို့အားလုံး ရုတ်တရက်မတ်တတ်ထရပ်၍ ထွက်ပြေးနေကြသဖြင့် ဖရိူဖရဲဖြစ်သွားသည်။

"အားလုံးပဲ ထိုင်နေကြစမ်း...ဘယ်သူ့ကိုမှ ထွက်သွားခွင့်မပြုဘူး"

လုခိုင်ရှန်က အော်ဟစ်လိုက်သည်။

မိသားစုခေါင်းဆောင်တယောက်ဖြစ်သဖြင့် လုမိသားစုတွင် သူသည် လုယွီထက်ပို၍ အခွင့်အာဏာကြီးမားသည်။လုခိုင်ရှန်စကားပြောဆိုလိုက်သော အချိန်အခိုက်အတန့တွင် ခန်းမတစ်ခုလုံး ငြိမ်အတိကျသွားသည်။

လုမိသားစုဝင်များသည် ထောင့်တနေရာ၌ ကပ်နေကြပြီး ထိုအစေခံမလေးများ၏အနီးသို့ မကပ်ဝံ့တော့ချေ။

ထွက်ပြေးရန်ကြံရွယ်နေသော အစေခံမလေးများမှာ ရှစ်ယောက်ရှိသည်။

အစေခံမလေးရှစ်ယောက်သည် သူတို့၏အကြံအစည် ပေါ်လွင်သွားသည်ကိုကြည့်ပြီး ဤနေရာ၌ဆက်နေရန် ကြံရွယ်မထားတော့ချေ။သူမတို့သည် ဓားများကိုဆွဲထုတ်ကာ လုယွီထံဦးတည်၍ ဝှေ့ယမ်းလိုက်ကြ၏။

သူမတို့၏အင်္ကျီလက်များအတွင်းမှနေ၍ အေးစက်စက်အလင်းတန်းများ ဖြာထွက်လာသည်။သူမတို့သည် လောကီအင်မော်တယ်နယ်ပယ်တွင်ရှိနေသော ကျင့်ကြံသူများပင်။

ဤသည်မှာ သူမတို့ရုပ်ခန္ဓာကိုယ်များ၏စွမ်းအားမဟုတ်ဘဲ စိတ်ဝိညာဉ်များ၏စွမ်းအားပင်။

လုမိသားစုဝင်များကို အနီးကပ်လုပ်ကျွေးပြုစုရန်အတွက် စေလွှတ်ခြင်းခံရသော အစေခံမလေးများသည် အားနည်းသောခွန်အားရှိသည့် သေမျိုးများပင်။သူမတို့သည်ယခုကဲ့သို့အစွမ်းထက်သောတိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်ခြင်းမှာ သူမတို့၏ခန္ဓာကိုယ်များ၌ ပူးကပ်နေသော စိတ်ဝိညာဥ်များကြောင့်ဖြစ်သည်။

သူမတို့ကို ထိပ်သီးလုပ်ကြံသတ်ဖြတ်သူများဟု ယူဆ၍မရသော်လည်း လက်ရှိနေရာတွင်ရှိနေသော တောင်ပိုင်းစွန့်ပစ်ကုန်းမြေလုမိသားစုဝင်များကို သတ်ဖြတ်ရန်မှာမူ အလွန်အမင်းလွယ်ကူပေမည်။

"ဖမ်းဆီးစမ်း"

လုယွီက သူ၏လက်ချောင်းကိုကွေးပြီး လက်သည်းတစ်ခုအသွင် ပြောင်းလဲလိုက်သည်။ ထို့နောက်သူသည်ရှေ့သို့ပြေးဝင်လာသော အစေခံမလေးများထံဦးတည်၍ ဆွဲကုတ်လိုက်သည်။

အစေခံမလေးရှစ်ယောက်သည် တုံ့ပြန်နိုင်ခြင်းမရှိသေးမီမှာပင် လေထုအတွင်းသို့ဆွဲမခြင်း ခံလိုက်ရသည်။

ဝှစ်....ဝှစ်...ဝှစ်...

ထိုအစေခံမလေးရှစ်ယောက်၏ခန္ဓာကိုယ်များမှနေ၍ ရွှေရောင်စိတ်ဝိညာဉ်ရှစ်ကောင်ကို လုယွီက တိုက်ရိုက်ဆွဲထုတ်လိုက်၏။

ဤစိတ်ဝိညာဥ်ရှစ်ကောင်မှနေ၍ မြင့်မြတ်သောရွှေရောင်အလင်းတန်းများ ဖြာထွက်နေကာ သူတို့၏နံဘေးပတ်လည်၌ ဗုဒ္ဓအရှိန်အဝါများ ရစ်သိုင်းလွမ်းခြုံနေသည်။သူတို့အားလုံးသည် ကတုံးပြောင်များဖြစ်ကာသူတို့၏နဖူးများပေါ်တွင်ရှိသော လက်စွပ်ပုံစံအမာရွတ်သည် အလွန်အမင်းသိသာထင်ရှားပေ၏။

ဤစိတ်ဝိညာဉ်များသည် အမှန်အားဖြင့် ဘုန်းတော်ကြီးများ၏စိတ်ဝိညာဉ်များပင်။

သူတို့သည် လုယွီ၏ဖမ်းဆီးခြင်းကို ခံထားရသော်လည်း သူတို့၏မျက်လုံးများအတွင်းမှနေ၍ တယူသန်ဆန်သောအရိပ်အယောင်များ ဖြာထွက်နေသည်။

"ဗုဒ္ဓက သနားကြင်နာတတ်တယ်...ငါက မင်းတို့အားလုံးကို သုခဘုံဆီ တက်လှမ်းနိုင်အောင် အမြန်ဆုံးပို့ပေးမယ်"

ဘုန်းတော်ကြီးတစ်ပါးက တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အသံနက်ကြီးဖြင့် အော်ဟစ်ပြောဆိုသည်။

ပတ်ဝန်းကျင်ရှိလူများသည် ထိုအသံကိုကြားချိန်၌ သူတို့၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားမိလေ၏။

ဗုဒ္ဓဂိုဏ်းဝင်ဘုန်းတော်ကြီးများသည် တခြားလူများအပေါ်၌ ညှာတာထောက်ထားကာ သနားကြင်နာသည်။သို့ရာတွင် သူတို့၏ရှေ့ရှိ ဘုန်းတော်ကြီးစိတ်ဝိညာဉ်များကမူ အလွန်အမင်းသွေးဆာကာ ရူးသွပ်နေသော နတ်ဆိုးများအလားပင်။

"ဒါဆိုရင် မင်းတို့ကို ဗုဒ္ဓဂိုဏ်းက လွှတ်လိုက်တာပဲဖြစ်မယ်"

လုယွီမျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

လုယွီသည် ပိုင်ဆုချင်ကို ကယ်တင်ခဲ့သော အချိန်ကတည်းက ဗုဒ္ဓဂိုဏ်းနှင့် ရန်သူများဖြစ်သွားလေပြီ။သူတို့အကြားတွင် နက်ရှိုင်းသောသွေးကျွေးရန်ငြိုးရှိသည်ဟု ဆိုနိုင်သည်။

ဤသည်မှာ ဗုဒ္ဓဂိုဏ်းသည် ပိုင်ဆုချင်ကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့ခြင်းကြောင့်ပင်။ ထိုကြောင့် သူမသည် သတိလစ်မေ့မျောသွားခဲ့ကာ သူမ၏မှတ်ဥာဏ်များလည်း ဆုံးရှုံးသွားခဲ့သည်။

လုယွီသည် ဘုန်းတော်ကြီးများနှင့်ဗုဒ္ဓဘုရားလောင်းများကို သတ်ဖြတ်ခဲ့ကာ ရွှေအလင်းဗုဒ္ဓဘုရားကျောင်းကို ဖျက်ဆီးခဲ့သည်။ ဤသည်မှာ ဗုဒ္ဓဂိုဏ်း၏အောက်ခြေစည်းကို ထိတွေ့ခြင်းပင်။

Chapter 4412

ယခင်က လုယွီထံတွင် ကောင်းကင်ဘုံဧကရာဇ်ကျိုးထျန်းရင်ရေးသားခဲ့သော ဗုဒ္ဓလောကတားမြစ်အမိန့်တော် ရှိနေသောကြောင့် ဗုဒ္ဓဂိုဏ်းသည် လုယွီနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုကိုမျှ ပြုလုပ်ဝံ့ခြင်းမရှိချေ။

သို့ရာတွင် လုယွီ သေဆုံးသွားပြီးဟူသော သတင်းများထွက်ပေါ်လာချိန်၌ ဗုဒ္ဓဂိုဏ်းသည် ဆက်လက်၍ အလွတ်မပေးနိုင်တော့ချေ။ထို့ကြောင့် သူတို့သည် လုယွီ၏မိသားစုများထံသို့ လက်တံဆန့်လာကြလေ၏။

"မင်းတို့အားလုံးက ဒီနေရာထိရောက်အောင် မင်းတို့ရဲ့လက်တံတွေကို ဆန့်လာကြတယ်...မင်းတို့က တော်တော်လေး စိတ်စောနေတာပါလား"

လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။

"ဗုဒ္ဓက သနားညှာတာတယ်....မင်းတို့အားလုံးငရဲကိုသွားရမှာက မင်းတို့ရဲ့ကံကြမ္မာပဲ...သက်ရှိတွေအားလုံးက ဒုက္ခခံစားရတယ်...."

ဘုန်းတော်ကြီးတစ်ပါးသည် တီးတိုးရေရွတ်နေဆဲဖြစ်ကာ ရှုပ်ထွေးသောစကားလုံးအမြောက်အများကို ပြောဆိုနေခဲ့သည်။

"အဲ့ဒီလိုလား.. သက်ရှိတွေအားလုံး ဒုက္ခခံစားနေရမှတော့ ဘာလို့ မင်းတို့က တခြားဘဝကို မကူးပြောင်းသေးတာလဲ"

ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏လက်ကိုမြှောက်ပြီး သူ၏နံဘေးရှိ စိတ်ဝိညာဥ်များထံဦးတည်၍ ဝှေ့ယမ်းလိုက်သည်။

ထို့နောက် စိတ်ဝိညာဥ်ခုနစ်ကောင် ပေါက်ကွဲသွားကာ မည်သည့်အရာမျှ ကြွင်းကျန်ခဲ့ခြင်းမရှိချေ။

သူတို့၏စိတ်ဝိညာဉ်များ ကြေမွှပျက်စီးသွားကာ သူတို့သည် ဤလောကကြီးအတွင်းမှ လုံးလုံးလျားလျားပျောက်ကွယ်သွားခဲ့သည်။

အကယ်၍ သူတို့ထံတွင် ကောင်းကင်ဘုံကိုဖီဆန်နိုင်သည့် နတ်ဘုရားအရည်အချင်းတစ်ရပ် ရှိနေလျှင်ပင် သူတို့၏အသက်များ ပြန်လည်ရှင်သန်လာရန်မှာ မဖြစ်နိုင်တော့ချေ။

ခန်းမအတွင်း၌ ဘုန်းတော်ကြီးစိတ်ဝိညာဥ်တစ်ကောင်သာ ကြွင်းကျန်တော့သည်။

သူ၏အပေါင်းအဖော်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကို မြင်တွေ့နေရသည်တိုင် ထိုဘုန်းတော်ကြီးသည် မည်သည့်ထိတ်လန့်ကြောက်ရွံ့မှုကိုမျှ ခံစားရပုံမပေါ်ချေ။ထိုအစား သူသည် ဗုဒ္ဓကျမ်းစာများကိုဆက်လက်၍ရွတ်ဆိုနေလေ၏။

"ဘုန်းကြီး....မင်းတို့ကို ဒီနေရာဆီ ဘယ်သူက လွှတ်လိုက်တာလဲ"

လုယွီက မေးမြန်းသည်။

ဘုန်းတော်ကြီးသည် တုံ့ပြန်အဖြေပေးခြင်းမရှိချေ။ထိုအစား သူ၏ဗုဒ္ဓမှော်မန္တန်ရွတ်ဆိုသံ တစတစပို၍ကျယ်လောင်လာသည်။

ဤလုပ်ကြံသတ်ဖြတ်ခြင်းတာဝန်ကို ဆောင်ရွက်ရန် စေလွှတ်ခြင်းခံရသူများသည် အစွန်းရောက်ဗုဒ္ဓဂိုဏ်းဝင်များပင်။ယခုချိန်၌ အကယ်၍ လုယွီသည် သူတို့အား ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် သူတို့၏စိတ်ဝိညာဥ်များကိုရှာဖွေခြင်းတို့ ဆောင်ရွက်လျှင်ပင် တစ်ဖက်လူများ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်နိုင်မည်မဟုတ်ချေ။

"ဗုဒ္ဓကို ထပ်ပြီးမယုံကြည်နဲ့တော့...ငါ့ရဲ့လက်အောက်မှာ အညံ့ခံပြီးတော့ ငါ့ကို ယုံကြည်ကိုးကွယ်စမ်း....မင်း ထာဝရအသက်ကို ရနိုင်မယ်လို့ ငါ အာမခံတယ်"

လုယွီ၏အသံသည် ရုတ်တရက် ပြင်းထန်စပြုလာကာ အလွန်အစွမ်းထက်သည်။

တခြားလူများသည် ဤအသံမှနေ၍ ထူးခြားချက်တစ်စုံတစ်ခုကိုမျှ ကြားရမည်မဟုတ်သော်လည်း ဘုန်းတော်ကြီး၏နားအတွင်းတွင် ဤသည်မှာ ခေါင်းလောင်းတီးသံအလား အလွန်အမင်းကျယ်လောင်သည်။

ဘုန်းတော်ကြီး၏ ဗုဒ္ဓကျမ်းစာရွတ်ဆိုနေခြင်းသည်လည်း ရပ်တန့်သွားပေ၏။သူ၏မျက်လုံးရှေ့၌ ပုံရိပ်ယောင်မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

မှောင်မည်းနေသော ငရဲနယ်မြေအတွင်း၌ ဒီရေလှိုင်းတခုနှင့်တူညီသော သရဲတစ္ဆေတစ်စုရှိနေသည်။

ငရဲနယ်မြေ၏နက်ရှိုင်းသောနေရာ၌ မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားသော နန်းတော်တစ်ခုရှိကာ ဤသည်မှာ နတ်ဘုရားများ၏နေရာပင်။ဤနန်းတော်အတွင်းတွင်ရှိနေသော နတ်ဘုရားများ၏ခန္ဓာကိုယ်များနောက်တွင် အလင်းဘီးကြီးများလှည့်ပတ်နေကာ သူတို့ထံမှနေ၍ မြင့်မြတ်ပြီးတည်ကြည်လေးနက်သည့်အရှိန်အဝါကို ထုတ်လွှတ်ထားသည်။

ငရဲနယ်မြေမှ တရားသူကြီးများ အစောင့်များ နှင့် ယမမင်းတို့သည် တောက်ပနေသောမျက်လုံးများဖြင့် ဘုန်းတော်ကြီးကို စူးစိုက်၍ကြည့်နေလေ၏။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဘုန်းတော်ကြီးသည် သူ၏စိတ်အတွင်းရှိ ဗုဒ္ဓကျမ်းစာများအားလုံးကို မေ့လျော့သွားကာ လုယွီ၏အသံသာလျှင် သူ၏နားအတွင်း၌ ပဲ့တင်ထပ်နေတော့သည်။

"ငါ့ကို ယုံကြည်ကိုးကွယ်တဲ့ ဘယ်သူမဆို ထာဝရအသက်ကို ရနိုင်လိမ့်မယ်"

အသံလှိုင်းများသည် သူ၏နားအတွင်း၌ ပဲ့တင်ထပ်နေကာ အထက်ကောင်းကင်ဘုံရှိ နတ်ဘုရားများမှနတ်ဘုရားအမိန့်တော်ကို ထုတ်ပြန်ကာ လူအများအား အတင်းအကြပ်အညံ့ခံစေသည့်အလားပင်။

ဘုန်းတော်ကြီး၏စိတ်နှလုံးသားအတွင်းမှ ခုခံကာကွယ်နိုင်မှုအကန့်အသတ်သည် ကျိုးပျက်သွားလေပြီ။သူသည် အော်ဟစ်ညည်းတွားလိုက်ကာ အကန့်အသတ်မရှိသော နာကျင်မှုအတွင်းသို့ ရောက်ရှိနေသည့်အလားပင်။

လုယွီက အေးစက်တင်းမာသောအကြည့်ဖြင့် ဘုန်းတော်ကြီးကို စူးစိုက်၍ကြည့်လိုက်သည်။ဤအချိန်အခိုက်အတန့်တွင် သူ၏နတ်ဘုရားစွမ်းအားကို ထုတ်ဖော်အသုံးပြုထားသဖြင့် သူ့ထံတွင် အတိတ်ရှိ မြေအောက်လောကတာအိုသခင်၏အရှိန်အဝါ တစွန်းတစ်စရှိနေသည်။

ဤဘုန်းတော်ကြီးသည် ငရဲနယ်မြေသို့ တစ်ကြိမ်ရောက်ရှိသွားသည်နှင့် လောကကြီးအတွင်းမှ ကြောက်မက်ဖွယ်အကောင်းဆုံး အရာများကို မြင်တွေ့မိလေ၏။

သူသည် ဘုန်းတော်ကြီးတစ်ပါးဖြစ်လာစဉ်၌ သူ၏မိဘနှစ်ပါးနှင့်ဇနီးဖြစ်သူကို စွန့်ပစ်ခဲ့သည်အား ပြန်လည်၍တွေးတောမိသည်။

သူသည် ဗုဒ္ဓ၏ဖြောင့်မတ်မှန်ကန်မှုကို ယုံကြည်အားကိုးခဲ့သည်။သူ့အား ညှာတာထောက်ထားရန် အစဥ်အမြဲသင်ပြပေးနေသော ဆရာသည် ရက်စက်ကြမ်းကြုတ်စွာဖြင့် သူ့အပေါ် လုပ်ကြံခဲ့သည်ကိုလည်း သူ အမှတ်ရမိပေ၏။

ငရဲနယ်မြေအတွင်းတွင် လူအများသည် သူတို့၏မုန်းတီးမှုများကို မေ့လျော့သွားခြင်းမရှိချေ။သူ သတ်ဖြတ်ခဲ့သောလူများသည်သူ၏အသက်ကိုယူဆောင်လိုသည့်အလား နီမြန်းနေသောမျက်လုံးများဖြင့် သူကို စူးစိုက်၍ကြည့်နေကြသည်။

ဘုန်းတော်ကြီးသည် နောက်ဆုံး၌ ဤပုံရိပ်ယောင်များကို တောင့်ခံနိုင်ခြင်း မရှိတော့သဖြင့် လုယွီကိုကြည့်ပြီး ပြောဆိုလိုက်၏။

"ငါက မြင့်မြတ်တဲ့နတ်ဘုရားကို ယုံကြည်ကိုးကွယ်ဖို့ ဆန္ဒရှိပါတယ်"

"မင်းကို ဒီနေရာဆီ ဘယ်သူက လွှတ်လိုက်တာလဲ"

လုယွီ မေးမြန်းသည်။

ဤအချိန်အခိုက်အတန့်တွင် ဘုန်းတော်ကြီးသည် မည်သည့်အရာတစ်ခုကိုမှ ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ သူသိထားသမျှအရာရာတိုင်း လုယွီကို ပြောပြလေ၏။

လုယွီသည် သူ၏မျက်လုံးကိုစုံမှိတ်ထားကာ ဘုန်းတော်ကြီး၏စကားများအားလုံးကို နားထောင်ပြီးနောက် သူ့၏မျက်လုံးကို ပြန်ဖွင့်လိုက်သည်။

"ကြည့်ရတာတော့ ငါ သူတို့ကို အမြစ်ပြတ်မသုတ်သင်မချင်း သူတို့က ရပ်တန့်မယ့်ပုံမပေါ်ဘူး...ငါ ဗုဒ္ဓဂိုဏ်းကို မကြောက်တဲ့အကြောင်းအရင်းက ကျိုးထျန်းရင်ရဲ့အမိန့်တော်ကြောင့်လို့ သူတို့က တကယ်ကြီးထင်နေကြတာလား"

လုယွီက ထိုစကားကိုပြောဆိုပြီးနောက် ဘုန်းတော်ကြီး၏စိတ်ဝိညာဥ်ကို တစ်ချက်ပုတ်ပြီး အမှတ်အသားတစ်ခုကို ချန်ထားလိုက်သည်။

"မင်းရဲ့စိတ်ဝိညာဉ်တောင်ကို ပြန်သွားတော့...မင်း ဘာလုပ်သင့်တယ်ဆိုတာ မင်း သိတယ်မဟုတ်လား"

"ဟုတ်ကဲ့ပါ မြင့်မြတ်တဲ့နတ်ဘုရား"

ဘုန်းတော်ကြီးသည် မြေပြင်ပေါ်၌ဒူးထောက်ကာ လုယွီကို ကြည့်လိုက်သည်။သူ၏မျက်လုံးအတွင်း၌ တယူသန်စွဲလန်းသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

Chapter 4413

ဘုန်းတော်ကြီး၏စိတ်ဝိညာဉ် ထွက်ခွာသွားသော်လည်း လုယွီသည် ရပ်တန့်ရန်ရည်ရွယ်မထားချေ။

သူသည် မိုးကောင်းကင်ယံအတွင်းသို့ ခုန်တက်ကာ သူ၏မျက်လုံးအကြည့်သည် မက်မွန်ပွင့်ဥယျာဥ်တစ်ခုလုံးပေါ်သို့ ဝေ့ဝိုက်၍ကျရောက်သွားပေ၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏မျက်လုံးအတွင်းမှနေ၍ တောက်ပသောခရမ်းရောင်အလင်းတန်းများ အဆက်မပြတ်ဖြာထွက်နေသည်။

ကြီးမားကျယ်ပြန့်သောခြံဝန်းကြီး အတွင်းတွင်ရှိနေသော မြက်တစ်ပင်မှစ၍ ပိုးမွှားများ ငှက်များ ငါးများနှင့် သတ္တဝါငယ်များအထိ မည်သည့်သက်ရှိမျှ လုယွီ၏အမြင်အာရုံအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။

သူ၏အစွမ်းထက်သော အမြင်အာရုံဖြင့် ခြံဝန်း၏ထောင့်တစ်နေရာတိုင်းကို မြင်တွေ့နိုင်သည်။

လုယွီ၏မျက်လုံးအတွင်း၌ အစေခံတချို့၏စိတ်ဝိညာဥ်များ ပြောင်းလဲနေသည်ကို မြင်တွေ့မိသည်။

"ဗုဒ္ဓဂိုဏ်းရဲ့လက်တံက တော်တော်ရှည်တာပဲ...သူတို့က တန်ပြန်ဒဏ်မခံစားရမှာကို မကြောက်ဘူးလားဆိုတာ ငါ သိချင်မိတယ်"

လုယွီက သရော်တော်တော်ရေရွတ်လိုက်သည်။ ထို့နောက် သူ၏လက်ကိုမြှောက်ကာ မက်မွန်ပွင့်ဦးယျာဥ်အတွင်းရှိ လူတချို့ထံသို့ လက်ညှိုးညွှန်လိုက်သည်။

ခန္ဓာကိုယ်အပိုင်စီးခြင်းခံထားရသော အစေခံများနှင့်အစောင့်များအားလုံး သတိလစ်မေ့မျောသွားကာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်ကြောင့် သူတို့၏ခန္ဓာကိုယ်များအတွင်းမှ စိတ်ဝိညာဥ်များသည်လည်း အရိပ်အရောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

လုမိသားစုဝင်များကို လုပ်ကြံသတ်ဖြတ်ရန်အတွက် သူတို့အား ဤနေရာသို့ စေလွှတ်ထားခြင်းပင်။သူတို့သည် ကြိုတင်ပြင်ဆင်မှုအမြောက်အများကို ပြုလုပ်ထားခဲ့ကာ အခွင့်ကောင်းရှာ၍ အစေခံအနည်းငယ်၏ခန္ဓာကိုယ်များကို အပိုင်စီးထားခဲ့သည်။မမျှော်လင့်ဘဲ သူတို့၏အင်အားစိုက်ထုတ်ခဲ့မှုများအားလုံး အလဟဿဖြစ်သွားလေပြီ။

လုယွီ၏ထွက်ပေါ်လာခြင်းနှင့်အတူ ဗုဒ္ဓဂိုဏ်းမှစေလွှတ်လိုက်သော မည်သည့်လုပ်ကြံသတ်ဖြတ်သူမှ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိချေ။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့် ကြာမြင့်ပြီးနောက် ဗုဒ္ဓဂိုဏ်းမှလုပ်ကြံသတ်ဖြတ်သူအယောက်တစ်ရာကျော်သည် လုယွီ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရလေ၏။

ခြံဝန်းအတွင်း၌ ရုတ်ရုတ်သဲသဲဖြစ်နေမှုသည် ကြီးမားသဖြင့် ပြင်ပတွင်စောင့်ကြပ်နေသော ကျင့်ကြံသူများ ပြေးဝင်လာသည်။သူတို့သည် ဆိုးရွားသောမြင်ကွင်းကို မြင်တွေ့ချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တကြား ဖြစ်သွားကြသည်။

"အရှင် ဒါက ငါတို့ ပေါ့ဆမိလို့ပါ...သူတို့တွေက ဒီနေရာကို ကျူးကျော်ဝင်ရောက်လာနိုင်မယ်လို့ ငါတို့ မျှော်လင့်မထားမိဘူး"

ပြင်ပတွင်စောင့်ကြပ်နေသော ကျင့်ကြံသူများ၏ခေါင်းဆောင်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် စစ်ဗိုလ်ချုပ်တစ်ယောက်ပင်။ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဇောချွေးများဖြင့်ရွှဲနစ်နေကာ သူ၏ခေါင်းကို အောက်သို့ငုံပြီး တောင်းပန်စကားပြောဆိုသည်။

အကယ်၍ သူ၏စောင့်ကြပ်မှုအောက်တွင်ရှိနေသော လုမိသားစုဝင်များထံတွင် အမှားအယွင်းတစ်ခုခုဖြစ်ပွားသွားပါက သူအတွက် ကြီးလေးသောရာဇဝတ်မှုကြီး ဖြစ်သွားပေမည်။ထိုအချိန်ကျပါက လုယွီသည် သူ့အားအသက်ချမ်းသာပေးလျှင်ပင် ပုန်းကွယ်နဂါးစစ်တပ်မှ သူ့အား အလွတ်ပေးမည်မဟုတ်ချေ။

လုယွီက ထိုစစ်ဗိုလ်ချုပ်ကို တစ်ချက်ကြည့်ပြီး သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"အဲ့ဒီလူတွေက အရမ်းကောက်ကျစ်ယုတ်မာတယ်...သူတို့က သီးသန့်လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုပြီးတော့ ဒီအစေခံတွေရဲ့ခန္ဓာကိုယ်တွေကို အပိုင်စီးထားတာပဲ...မင်း သူတို့ကို သတိမထားမိတာ ပုံမှန်ပါပဲ"

ထိုသို့ပြောဆိုပြီးနောက် လုယွီသည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်၏။

"ဒီအစေခံတွေရဲ့မိသားစုတွေဆီကို သွားပြီးတော့ လျော်ကြေးပမာဏများများကို ပေးလိုက်ပါ...ဘယ်လိုပဲဖြစ်ဖြစ် သူတို့သေဆုံးရတာက ငါတို့လုမိသားစုကြောင့်ပဲ"

"ဟုတ်ကဲ့ပါ အရှင်"

စစ်ဗိုလ်ချုပ်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် လုယွီသည် ဤနေရာသို့ အချိန်မီရောက်ရှိလာခဲ့သည်။ထိုသို့မဟုတ်ပါက သူသည် စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည့်တိုင် ဆိုးရွားသောအခြေအနေနှင့် အဆုံးသတ်ရပေမည်။

"ဒါ့ပြင် ငါက ခြံဝန်းတံခါးရဲ့ရှေ့မှာ စောင့်ကြည့်ခြင်းဝင်္ကပါတစ်ခုကို ငါကိုယ်တိုင် ခင်းကျင်းမယ်...ဒီနေရာကိုဝင်လာရဲတဲ့ ဘယ်သူမဆို စောင့်ကြည့်ခြင်းဝင်္ကပါကို အရင်ဆုံးဖြတ်ကျော်ရမယ်"

လုယွီက သာမန်ကာလျှံကာ ပြောဆိုပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ထို့နောက် မက်မွန်ပွင့်ဥယျာဥ်၏တံခါးမကြီး၌ ခရမ်းရောင်စွမ်းအားများဖြင့် ပြည့်နှက်နေသော ဝင်္ကပါကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ဤဝင်္ကပါကြီး၏အထက်တွင် ခရမ်းရောင်အခိုးအငွေ့များ စုစည်းနေကာ အလယ်ဗဟိုတွင် ကြီးမားသောမျက်လုံးပုံရိပ်ယောင်ကြီးတစ်ခု မျောလွင့်နေသည်။

လုယွီ၏နောက်တွင်ရှိနေသော ကျင့်ကြံသူများအားလုံး ကြက်သေသေသွားသည်။

သူတို့သည် ဝင်္ကပါတစ်ခုကိုခင်းကျင်းသော ဝင်္ကပါပညာရှင်များအကြောင်းကို ကြားဖူးခဲ့သည်။သို့ရာတွင် သူ၏လက်ချောင်းများကို ရိုးရှင်းစွာဝှေ့ယမ်းလိုက်ရုံဖြင့် ဝင်္ကပါတစ်ခုကို ခင်းကျင်းနိုင်သော ဝင်္ကပါပညာရှင်မျိုးကို သူတို့ တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။

ဤကဲ့သို့နည်းလမ်းတစ်ခုသည် အလွန်အမင်းမယုံကြည်နိုင်ဖွယ်ကောင်းပေ၏။

"အရှင် ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပါ....ဒီငယ်သားက အခုလိုကိစ္စမျိုး နောင်ဘယ်တော့မှ ထပ်မဖြစ်စေရပါဘူးလို့ အာမခံပါတယ်"

အိမ်တော်ကိုစောင့်ကြပ်ရာ၌ တာဝန်ယူထားသောကျင့်ကြံသူသည် သူ၏ရင်ဘတ်ကိုပုတ်ပြီး တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ကတိပေးသည်။

လုမိသားစုဝင်များကို ကာကွယ်ပေးခြင်းသည် ချမ်းသာကြွယ်ဝနိုင်သော အလုပ်တစ်ခုမဟုတ်သော်လည်း လုမိသားစု၏တိုက်ရိုက်မျိုးဆက်များအနီးသို့ ချဉ်းကပ်နိုင်သည့် အကောင်းဆုံးနည်းလမ်းပင်။

နောင်အနာဂတ်တွင် လုယွီထံ၌ ပို၍ကြီးမားသောအခွင့်အာဏာများကို ပိုင်ဆိုင်လာပါက သူနှင့်အတူ လုမိသားစုသည်လည်း မြင့်တက်လာပေမည်။ထိုအချိန်ကျပါက အကယ်၍ သူသည် အစောင့်တစ်ယောက်ဖြစ်နေလျှင်ပင် လုမိသားစုဝင်များနှင့် ဆက်ဆံရေးကောင်းတခုကို တည်ဆောက်ထားနိုင်ပါက ဆိုးရွားသောကိစ္စတစ်ခုဖြစ်မည်မဟုတ်ချေ။

ထိုကိစ္စများအားလုံးကို ပြုလုပ်ပြီးနောက် လုယွီက လုမိသားစုထံသို့ ပြန်လာခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် တောင်ပိုင်းစွန့်ပစ်ကုန်းမြေလုမိသားစုဝင်များအားလုံး ခန်းမအတွင်း၌ ရှုပ်ထွေးနေသော မျက်နှာအမူအယာများဖြင့် လုယွီကို ကြည့်လိုက်ကြ၏။

လုယွီသည် အစောပိုင်းက သူ၏ခွန်အားကုန် ထုတ်ဖော်အသုံးပြုခဲ့ခြင်းမရှိချေ။သို့ရာတွင် သူ အသုံးပြုလိုက်သော မှော်စွမ်းအားအနည်းငယ်မျှဖြင့် သူတို့အားလုံးကို ထိတ်လန့်ကြောက်ရွံ့သွားစေရန် လုံလောက်သည်။

ထိုအချိန်ကျမှသာ လုယွီ၏ယခုလက်ရှိကျင့်ကြံဆင့်နယ်ပယ်သည် သူတို့ တွေးထင်ထားသည်ထက် များစွာပို၍ကျော်လွန်နေကြောင်း သူတို့အားလုံး နားလည်သဘောပေါက်သွားသည်။

Chapter 4414

"ယွီအာ....သား အဆင်ပြေနေတာ အရမ်းကောင်းတယ်...အမေက သားကိုမတွေ့ရတာ အချိန်အတော်ကြာနေပြီ....အမေတို့ထင်တာက...."

သခင်မကြီးယွီရုံသည် သူမ၏စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့သဖြင့် လက်ကိုင်ပဝါတစ်ထည်ဖြင့် သူမ၏မျက်လုံးထောင့်မှမျက်ရည်များကို သုတ်လိုက်သည်။

"အမေ ကျွန်တော် အဆင်ပြေပါတယ်....ဒီလောကကြီးက ကြီးမားပေမယ့် အမေ့သားကို ထိခိုက်နာကျင်အောင် လုပ်နိုင်တဲ့လူဆိုလို့ အများကြီးမရှိဘူး"

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ကောင်းတယ်...ဒါက အရမ်းကောင်းတယ်"

သခင်မကြီးယွီရုံက သူမ၏လက်များဖြင့် လုယွီ၏မျက်နှာကို ပွတ်သပ်လိုက်သည်။သို့ရာတွင် လုယွီသည် သူမထက် အရပ်ပိုရှည်နေကြောင်း သူမ ရှာဖွေတွေ့ရှိမိသည်။

လုယွီသည် စိတ်ဝိညာဥ်အဖြစ်ဖြင့် ရုပ်ခန္ဓာကိုယ်အတွင်း၌ ဆယ့်ခုနစ်နှစ်တိုင်တိုင် လှောင်ပိတ်မိနေခဲ့သည်။ထိုကြောင့် သူအား တခြားလူများက အရူးတစ်ယောက်အဖြစ် ဆက်ဆံခဲ့လေ၏။အစမှအဆုံးတိုင် သူ၏မိသားစုကသာ သူ့အားစောင့်ရှောက်ခဲ့သည်။

သူ၏မြင့်တက်လာမှုသည် အလွန်လျှင်မြန်ပေ၏။လုယွီသည် ယခင်နှင့် တူညီခြင်းမရှိတော့ကြောင်း သူ၏မိသားစုမှ သိရှိထားသော်လည်း သူတို့သည် သူ့အား စိုးရိမ်ပူပန်နေဆဲပင်။

"လာကြစမ်း....စားသောက်ပွဲတစ်ခု ပြင်ဆင်ပေးဖို့ မီးဖိုချောင်ကို အမိန့်ပေးလိုက်စမ်း...ငါ့ရဲ့မိဘတွေ စိတ်တည်ငြိမ်သွားအောင် ငါက ကူညီပေးချင်တယ်"

လုယွီက အမိန့်ပေးလိုက်သည်။အစောင့်အကြပ်များသည် ချက်ချင်းဆိုသလိုပင် တခြားအစေခံများကိုခေါ်၍ မီးဖိုချောင်ထံသို့အပြေးသွားကာ အလုပ်ရှုပ်နေကြတော့သည်။

မကြာမီမှာပင် အနံ့အရသာကောင်းမွန်သောဟင်းပွဲများကို ခန်းမအတွင်းရှိ စားပွဲများပေါ်၌ တည်ခင်းထားလေ၏။

ခန်းမအတွင်း၌ စားပွဲဝိုင်းကြီးဆယ်ဝိုင်းကို နေရာချထားသည်။တောင်ပိုင်းစွန့်ပစ်ကုန်းမြေ လုမိသားစုဝင်များအားလုံး ဤနေရာ၌ စုဝေးနေကာ လုယွီသည် သူ၏မိဘနှစ်ပါး အစ်မတို့နှင့်အတူ ထိုင်နေသည်။

ဝိုင်အရက်သုံးခွက်ခန့်သောက်ပြီးနောက် သူတို့မိသားစုသည် စကားများကို မရပ်မနားပြောဆိုကြတော့သည်။

အောက်ဘုံ၏ဖွဲ့စည်းတည်ဆောက်ပုံများသည် အလွန်အမင်းပြောင်းလဲသွားကြောင်း လုလန်ရှန်းထံမှတဆင့် လုယွီက သိရှိခဲ့ရသည်။

ပင်လယ်ကြီးလေးစင်းနှင့်နယ်မြေကြီးရှစ်ခု၏ ဖွဲ့စည်းတည်ဆောက်ပုံများ ပြောင်းလဲသွားသည်မှာ ပြောင်းပြန်လှန်လိုက်သည့်အလားပင်။

လုယွီ၏တည်ရှိမှုကြောင့် လုမိသားစု၏စွမ်းအားသည် အောက်ဘုံ၏ထောင့်တစ်နေရာတိုင်းသို့ ပျံ့နှံ့သွားခဲ့ကာ အောက်ဘုံအတွင်း၌ နံပါတ်တစ်ထိပ်သီးမိသားစုကြီးဖြစ်လာခဲ့သည်။

တောင်ပိုင်းစွန့်ပစ်ကုန်းမြေလုမိသားစုသည် အချုပ်အချာကင်းမဲ့သောဘဝ၌ နေထိုင်နိုင်ခဲ့သည်။မိသားစုအတွင်းတွင် လေလွင့်အင်မော်တယ်ကိုးယောက်ရှိကာ အောက်ဘုံအတွင်း၌ သူတို့အား ပြိုင်ဘက်ကင်းတည်ရှိမှုကြီးများဟု သတ်မှတ်နိုင်သည်။

အောက်ဘုံအတွင်းသို့ ချီအင်ပါယာ၏လက်တံဆန့်လာမှုသည် အလွန်ရုတ်တရက်ဆန်သည့်တိုင် ကောင်းကင်ကွန်ယက်အဖွဲ့၏ကယ်တင်မှုသည် ပို၍ပင် လျှင်မြန်ပေ၏။

ချီအင်ပါယာသည် လုမိသားစု၏တိုက်ရိုက်မျိုးဆက်များကို ရှာမတွေ့သေးမီမှာပင် ကောင်းကင်ကွန်ယက်အဖွဲ့သည် လုယွီ၏မိဘနှစ်ပါးနှင့်အစ်မအပါအဝင် တခြားမိသားစုဝင်များကို ခေါ်ထုတ်နိုင်ခဲ့သည်။တော်ဝင်မြို့တော်မှလုမိသားစုသည်လည်း အလယ်ပိုင်းကုန်းမြေမှလုမိသားစုဝင်များကို ကယ်တင်ခဲ့လေ၏။

လမ်းတလျှောက်၌ သူတို့သည် မရေမတွက်နိုင်သော တိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။အစပထမတွင် တောင်ပိုင်းစွန့်ပစ်ကုန်းမြေလုမိသားစု၌ လူငါးရာကျော် ပါဝင်ခဲ့သော်လည်း လုပ်ကြံသတ်ဖြတ်မှုများကို အကြိမ်ရေအနည်းငယ်ခန့် ကြုံတွေ့ရပြီးနောက် လူတစ်ရာကျော်ခန့် သေဆုံးသွားခဲ့သည်။

"ချီအင်ပါယာက တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်"

လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။

လုခိုင်ရှန်က မေးမြန်းလိုက်၏။

"ငါတို့တွေက ကောင်းကင်ဘုံနယ်မြေရဲ့အခုလက်ရှိအခြေအနေနဲ့ ပတ်သက်တဲ့အကြောင်းတွေကို အပြင်မှာစောင့်နေတဲ့ ကျင့်ကြံသူတွေကို မေးခဲ့တယ်...ဒါပေမဲ့ သူတို့ကိုကြည့်ရတာ ငါတို့ကို တစ်ခုခုကွယ်ဝှက်ထားပုံရတယ်"

ဤသည်မှာ ဖေးထျန်ကွမ်းပေးအပ်ထားသောအမိန့်ကြောင့်ဖြစ်ကြောင်း လုယွီက နားလည်သဘောပေါက်သည်။ဖေးထျန်ကွမ်းသည် ထိုစစ်သားများမှနေ၍ စကားများစွာပြောဆိုပါက လုယွီသေဆုံးသွားသည့်သတင်း ပေါက်ကြားသွားမည်ကို စိုးရိမ်နေခြင်းဖြစ်ပေ၏။

ထိုကြောင့် လုယွီသည် သူ၏မိသားစုဝင်များအား ကောင်းကင်ဘုံနယ်မြေ၏ယခုလက်ရှိအခြေအနေနှင့် ပတ်သက်သည့်အရာရာတိုင်းကို ပြောပြလိုက်သည်။

သူတို့အားလုံး အောက်ဘုံဟုခေါ်ဆိုနေသောအရာသည် အမှန်အားဖြင့် လော့ရွှေကြယ်မြစ်အတွင်းမှ မသိသာမထင်ရှားသော ကြယ်နယ်မြေတစ်ခုသာဖြစ်ကြောင်း သိရှိသွားချိန်၌ သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

အောက်ဘုံရှိပင်လယ်ကြီးလေးစင်းသည် ကြီးမားကျယ်ပြန့်ပြီး လူတစ်ယောက်သည် အကယ်၍ သူ၏ဘဝတလျှောက်လုံးကိုအသုံးပြု၍ ကူးခတ်လျှင်ပင် အဆုံးသို့ရောက်ရှိနိုင်မည်မဟုတ်ချေ။သို့ရာတွင် ဤသည်မှာကောင်းကင်ဘုံနယ်မြေတစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက ပင်လယ်သမုဒ္ဒရာအတွင်းမှ ရေတစ်ပေါက်စာပမာဏသာရှိသည်။

"တာယွီကောင်းကင်ဘုံအင်ပါယာ...ဒီလိုမျိုးအစွမ်းထက်တဲ့ အင်ပါယာကြီးတစ်ခုက ခုလိုအခြေအနေမျိုးထိ နိမ့်ပါးသွားမယ်လို့ ငါ ဘယ်တုန်းကမှ တွေးထင်မထားခဲ့ဘူး...ဒါ့ပြင် လီကျီး အောက်ဘုံမှာရှိနေတဲ့ အချိန်တုန်းက သူ့မျိုးဆက်ရဲ့မြင့်မြတ်တဲ့အရှင်တစ်ပါးပဲ...အခုအချိန်မှာတော့ သူက ကောင်းကင်ဘုံနယ်မြေထဲမှာ အရမ်းအစွမ်းထက်တဲ့လူတစ်ယောက် ဖြစ်နေပြီ"

လုခိုင်ရှန်က စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။

"ယွီအာ....အပြင်မှာစောင့်နေတဲ့လူတွေက မင်းရဲ့လက်အောက်ငယ်သားတွေ မဟုတ်လား...အခုအချိန်မှာ မင်းက ဘာရာထူးနေရာကို ရထားလဲ"

လုခိုင်ရှန်က မေးမြန်းသည်။

"ကျွန်တော်က တာယွီအင်ပါယာရဲ့မဟာစစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်ပြီးတော့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့အုပ်ချုပ်သူအရှင်ပဲ"

လုယွီက အပြုံးနှင့်ပြောဆိုသည်။

သူ၏ဘေးတွင်ရှိနေသော စားပွဲဝိုင်းများမှာ ထွက်ပေါ်လာသည့် ပင့်သက်ရှိုက်သံများကို ကြားလိုက်ရသည်။

ဤသည်မှာ သာမန်သေမျိုးအင်ပါယာတစ်ခု မဟုတ်ဘဲ တာယွီကောင်းကင်ဘုံအင်ပါယာပင်။

အတိတ်တွင် လုမိသားစု၏ဘိုးဘေးလုချင်းသည် တာယွီအင်ပါယာ၏လက်ထောက်စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာခဲ့သည်။သူ့၏အမည်နာမသည် မျိုးဆက်ထောင်နှင့်ချီ၍ တည်တံ့နိုင်ခဲ့ပေ၏။

လုယွီသည် ယခုလက်ရှိချိန်၌ ကောင်းကင်ဘုံနယ်မြေအတွင်းရှိ ကြယ်မြစ်တစ်ခုကို အုပ်ချုပ်ရသော အုပ်ချုပ်သူအရှင်တစ်ယောက် ဖြစ်နေမည်ဟု မည်သူကမျှ မျှော်လင့်မထားမိချေ။

Chapter 4415

လုခိုင်ရှန်က ပြောဆိုသည်။

"ယွီအာ...ချီဘုရင်က ပုန်ကန်ခဲ့တယ်ဆိုပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူက တစ်ချိန်တုန်းက တာယွီအင်ပါယာရဲ့ဘုရင်တစ်ပါးပဲ....သူ့မှာ နက်ရှိုင်းတဲ့အခြေခံအုတ်မြစ်ရှိတယ်....မင်းက အုပ်ချုပ်သူအရှင်တစ်ယောက် ဖြစ်နေပေမယ့် တက်သစ်စလူငယ်တစ်ယောက်ပဲ....မင်းက ချီဘုရင်အတွက် ပြိုင်ဘက်တစ်ယောက် မဖြစ်နိုင်ဘူး...ငါ စိုးရိမ်မိတယ်...မင်း သေချာဂရုစိုက်ပါ"

လုခိုင်ရှန်က သူ၏သားဖြစ်သူသည် သူတို့ကြောင့် ဒေါသထွက်ပြီး အလျင်စလိုလက်စားပြန်ချေမည်ကို စိုးရိမ်ပူပန်နေမိသည်။

ကောင်းကင်ဘုံနယ်မြေအတွင်း၌ လုယွီ၏အဆင့်အတန်းသည် နိမ့်ပါးခြင်းမရှိသည်ကို သူ သိရှိထားသော်လည်း ကျိုးထုံသည် ဘုရင်တစ်ပါးဖြစ်ခဲ့သည့်အပြင် အင်ပါယာတခုကိုပင် တည်ထောင်နိုင်ခဲ့သည်။

လုမိသားစုအတွက် ဤသည်မှာ ယှဉ်ပြိုင်ရန် မည်သို့မျှမဖြစ်နိုင်သော မွန်းစတားကြီးတစ်ကောင်ပင်။

ယခုအချိန်၌ လုခိုင်ရှန်သည် အချိန်အတော်ကြာမြင့်မှသာ လုယွီနှင့် တွေ့ဆုံရခြင်းဖြစ်သဖြင့် သူ့၏သားဖြစ်သူကို အန္တရာယ်အတွင်းသို့ ကျရောက်မသွားစေလိုချေ။

"ဒါက အမှန်ပဲ....ယွီအာ ငါတို့အားလုံး အဆင်ပြေတယ်...ငါတို့ဒဏ်ရာတွေလည်း မရခဲ့ဘူး.... မင်း အဆင်ပြေနေသရွေ့ ဘာပြဿနာမှမရှိဘူး"

သခင်မကြီးယွီရုံသည် နဂါးအသားကင်တစ်ပိုင်းကို လုယွီ၏ပန်းကန်လုံးအတွင်းသို့ ထည့်ပေးကာ သူမ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

လုယွီသည် အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်၏။သူသည် သူ၏မိသားစုနှင့် ငြင်းခုံလိုခြင်းမရှိချေ။

သူ့အတွက် ချီဘုရင်သည် အရေးပါသောလူမဟုတ်ချေ။အချိန်တစ်လသည် ပုန်းကွယ်နဂါးစစ်တပ်မှနေ၍ ချီအင်ပါယာတစ်ခုလုံးကို သိမ်းပိုက်ရန် လုံလောက်သည်ထက်ပိုသည်။

"အဖေ....အမေ...အစ်မနဲ့ လုမိသားစုဝင်တွေအားလုံးရဲ့ခွန်အားတွေကို အမြန်ဆုံးမြှင့်တင်ရမယ်....အရင်တုန်းက အောက်ဘုံမှာ ကောင်းကင်ဘုံတာအိုရဲ့တားမြစ်ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ကျင့်ကြံဆင့်မချိုးဖျက်နိုင်ဘူး...ဒါပေမဲ့ အခုအချိန်မှာ လုမိသားစုဝင်တွေအားလုံး ကောင်းကင်ဘုံနယ်မြေကိုလရောက်လာမှတော့ အဲ့ဒီကိစ္စကို စိုးရိမ်ပူပန်ဖို့ မလိုတော့ဘူး"

လုယွီက ဝိုင်အရက်တစ်ခွက်ကိုသောက်ပြီး အပြုံးနှင့်ပြောဆိုသည်။

လုခိုင်ရှန်က ပြောဆိုလိုက်၏။

"ငါတို့က ကောင်းကင်ဘုံနယ်မြေကို ရောက်လာတာ မကြာသေးဘူး...ဒါပေမယ့် ဒီမက်မွန်ပွင့်ဥယျာဥ်ထဲက စိတ်ဝိညာဥ်စွမ်းအားတွေက အောက်ဘုံမှာထက် အဆအနည်းငယ်လောက် ပိုပြီးပေါကြွယ်ဝတယ်...ငါတို့ရဲ့မိသားစုဝင်တော်တော်များများက အခုလတ်တလောမှာ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခဲ့ကြတယ်...ငါတို့တွေက ကောင်းကင်ဘုံနယ်မြေထဲမှာ ဝင်ဆန့်ဖို့ အချိန်သိပ်ကြာမှာမဟုတ်ဘူးလို့ ငါ ထင်တယ်"

လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုသည်။

"တကယ်လို့ သာမာန်မိသားစုတစ်စုဆိုရင် ဒါက လုံလောက်တယ်...ဒါပေမဲ့ ကျွန်တော်တို့လုမိသားစုက ကောင်းကင်ဘုံနယ်မြေရဲ့ထိပ်သီးမိသားစုထဲကတစ်ခုဖြစ်ဖို့ ကံကြမ္မာရှိနေတယ်"

နံဘေးတစ်ဖက်တွင်ရှိနေသော လုလမ်ရှန်းက မေးမြန်းသည်။

"ယွီအာ..နင် ဘာလုပ်ဖို့စီစဉ်ထားလဲ...ငါတို့က နင့်ရဲ့စကားကို နားထောင်မယ်"

လုယွီက ပြောဆိုလိုက်၏။

"ဒီနေရာကို ရတနာနယ်မြေလို့ ယူဆလို့ရပေမယ့် ငါတို့လုမိသားစုရဲ့အိမ်တော်ဖြစ်ဖို့ မလုံလောက်သေးဘူး"

ထိုသို့ပြောဆိုပြီးနောက် လုယွီ၏အကြည့်သည် မက်မွန်ပွင့်ဥယျာဥ်တစ်ခုလုံးပေါ်သို့ ကျရောက်သွားပေ၏။

"စိတ်ဝိညာဉ်ချီ...စုဝေးစမ်း"

သူ၏စကားအဆုံးသတ်သည်နှင့် ဥပဒေသတစ်ရပ်၏စွမ်းအားများ ထွက်ပေါ်လာသည်။

အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော စိတ်ဝိညာဥ်ချီစွမ်းအားများသည် လုယွီ၏အမိန့်ကိုနာခံသော စစ်သားတစ်စုအလား အလျှင်အမြန်စုဝေးလာကြသည်။

ဥယျာဉ်အတွင်း၌ ပန်းများပွင့်လန်းလာကာ လေထုအတွင်း၌ မွှေးရနံများ ထူထပ်သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်သွားတော့သည်။

လုမိသားစုဝင်များသည် ထို့ရနံ့ကိုရှုရှိုက်မိရုံဖြင့် စိတ်လန်းဆန်းလာသည်ကို ခံစားမိလေ၏။ဤသည်မှာ သူတို့၏ခန္ဓာကိုယ်များအတွင်းရှိ မရီဒါန်းများအားလုံး ပွင့်သွားသည့်အလားပင်။

မလှမ်းမကမ်းမှနေ၍ ကျယ်လောင်သော မြည်ဟီးသံတစ်သံ ထွက်ပေါ်လာသည်။လုမိသားစုဝင်များအနက်မှတစ်ယောက်သည် သူ၏ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားများကို ထိန်းချုပ်နိုင်ခြင်းမရှိတော့သဖြင့် နေရာမှာပင် ကျင့်ကြံဆင့်ချိုးဖျက်လိုက်သည်။

ဤစိတ်ဝိညာဉ်စွမ်းအားများ၏ထူထပ်သိပ်သည်းမှုအဆင့်သည် တော်ဝင်နန်းတော်နှင့် တူညီသောအဆင့်၌ ရှိလုနီးပါးပင်။

ပတ်ဝန်းကျင်ရှိလူများအားလုံးသည် အံ့အားသင့်တုန်လှုပ်စွာဖြင့် လုယွီကို ကြည့်လိုက်ကြ၏။

စိတ်ဝိညာဥ်စုဝေးခြင်းဝင်္ကပါ၏တည်ရှိမှုအကြောင်းကို သူတို့အားလုံး သိရှိပြီးဖြစ်သည်။။အကယ်၍ သူတို့သည် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအားများကို နေရာတနေရာတည်းသို့စုဆောင်းလိုပါက ကြိုတင်ပြင်ဆင်မှုအမြောက်အများကို ပြုလုပ်ကာ စိတ်ဝိညာဥ်စုစည်းခြင်းဝင်္ကပါကို ခင်းကျင်းထားရန်လိုအပ်သည်။

မည်မျှထိထူးချွန်သော ဝင်္ကပါပညာရှင်ဖြစ်နေပါစေ စိတ်ဝိညာဥ်စုဝေးခြင်းဝင်္ကပါကို ခင်းကျင်းနိုင်ရန်အတွက် အချိန်အတော်ကြာယူရသည်။

သို့ရာတွင် လုယွီသည် စကားပြောဆိုလိုက်ရုံသက်သက်ဖြင့် ပတ်ဝန်းကျင်အတွင်း၌ ကြီးမားသောအပြောင်းအလဲတစ်ခု ဖြစ်ပွားသွားခဲ့သည်။

သူ၏စကားကို ဥပဒေသများကပင် နာခံနေရသလော...

လုမိသားစုဝင်များအားလုံးသည် လုယွီအပေါ် ပို၍ရိုသေလေးစားလာကြ၏။

"ကောင်းတယ်...အရမ်းကောင်းတယ်...ဒီလိုမျိုးထူထပ်သိပ်သည်းတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေနဲ့ဆိုရင် ငါတို့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မယ်"

လုခိုင်ရှန်က ရယ်မောရင်း ပြောဆိုသည်။

လုယွီက ထပ်မံ၍ပြောဆိုလိုက်သည်။

"ရက်နည်းနည်းလောက်ကြာရင် ကျွန်တော်က လက်အောက်ငယ်သားတချို့ကို စေလွှတ်ပြီးတော့ ကျင့်ကြံနည်းစနစ်တွေ ဆေးလုံးတွေ မဟာကွန်ဖြူးရှပ်ပညာရှင်တွေရဲ့လမ်းညွှန်မှုစာအုပ်တွေကို ပို့ခိုင်းလိုက်မယ်...ကျွန်တော်တို့မိသားစုက ကောင်းကင်ဘုံနယ်မြေကိုရောက်လာမှတော့ တခြားလူတွေရဲ့အောက်ကျခံလို့မဖြစ်ဘူး....ဒါကြောင့် လုမိသားစုဝင်တွေအားလုံးရဲ့ကျင့်ကြံဆင့်နယ်ပယ်တွေက မြင့်မားနေဖို့လိုတယ်"

All Chapters