အခန်း (၄၄၃၁-၄၄၃၅)
Vol. 225 Ch. 4431-4435
Chapter 4431
"လုယွီက ပြန်ရောက်လာပြီးတဲ့နောက်မှာ ပိုပြီးသန်မာအားကောင်းသွားတယ်လို့ ငါ ကြားထားတယ်....သူ့မှာ တာအိုသခင်နဲ့နှိုင်းယှဉ်နိုင်တဲ့ခွန်အားမျိုးတောင် ရှိနေပြီ...အဲ့ဒီလူက မဟာမြင့်မြတ် မိုးကောင်းကင်နဂါးဗုဒ္ဓဘုရားလောင်းကို သတ်ခဲ့တယ်....ငါတို့ ဂရုစိုက်သင့်တယ်"
ထိုစကားကိုပြောဆိုလိုက်သူသည် ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းပင်။သူသည်လည်း ဗုဒ္ဓလောက၏ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။
သူ၏မျက်လုံးအတွင်း၌ သင်္ကေတအက္ခရာများ အတန်းလိုက်ထင်ဟပ်လာပြီးနောက် တဖန်ပြန်၍ ပျောက်ကွယ်သွားသည်။ဤသည်မှာ သူသည် အကန့်အသတ်မရှိသော အသိဉာဏ်ပညာဖြင့်မွေးဖွားလာပြီး အရာရာတိုင်းကို ထွင်းဖောက်မြင်နိုင်သည့်အလားပင်။
ဗာဂျရာလက်သီး ဗုဒ္ဓဘုရားလောင်းက ရယ်မောလိုက်သည်။
"သူက အခုမှ အမွှေးအတောင်မစုံသေးတဲ့ ကောင်စုတ်လေးတစ်ယောက်ပဲ....သူက ဘယ်လိုလုပ်ပြီး တာအိုသခင်တစ်ယောက်ကို တိုက်ခိုက်နိုင်မှာလဲ....တကယ်လို့ ငါတို့က သူ့ကို နောက်ထပ် ဆယ်နှစ် နှစ်နှစ်ဆယ်လောက် အချိန်ထပ်ပေးမယ်ဆိုရင်တောင် သူက တာအိုလမ်းကြောင်းကို ရှာဖွေနိုင်မှာမဟုတ်ဘူး"
ထိုသို့ပြောဆိုပြီးနောက် သူ၏မျက်လုံးအတွင်းတွင် ရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
"ဒါပေမဲ့ ငါ ဂရုတစိုက်စီစဉ်ခဲ့တဲ့ အစီအစဉ်ကိုရတိုက်တိုက်ဆိုင်ဆိုင်နဲ့ သူက ရှာဖွေတွေ့ရှိသွားခဲ့တယ်....သူက အချိန်မီပြန်ရောက်သွားခဲ့တယ်....ဒါပေမဲ့ ပြဿနာမရှိဘူး...ကျိုးထျန်းရင်ရဲ့ဗုဒ္ဓလောက တားမြစ်ခြင်းအမိန့်တော်ကြောင့် သူက ယာယီတော့ အေးအေးဆေးဆေးနေနိုင်လိမ့်မယ်...ဒါပေမဲ့ သူ့ရဲ့မိသားစုကတော့ မတူဘူး....ငါတို့က သူ့ရဲ့မိသားစုကိုသတ်နိုင်တဲ့ နည်းလမ်းတစ်ခုကို အမြဲတမ်းရှာလို့ရတယ်...သူတို့ကို အကန့်အသတ်မရှိတဲ့ နာကျင်မှုထဲကို ကျစေပြီးတော့ နောင်တတရားတွေနဲ့ သူတို့ကိုယ်သူတို့ အပြစ်တင်မှုတွေကို ခံစားစေရမယ်"
ဤဗုဒ္ဓဘုရားလောင်းနှစ်ယောက်သည် လူအများရှေ့တွင် ထွက်ပေါ်လာချိန်၌ အမြဲတစေ သနားကြင်နာတတ်သော အသွင်အပြင်မျိုးရှိသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့စကားပြောဆိုနေသော အကြောင်းအရာများတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေပေ၏။
"ဘိုးဘေးတို့ မြောင်ကျန်းပြန်လာပြီ"
ထိုအချိန်မှာပင် တံခါး၏ပြင်ပတွင်ရှိနေသော ဘုန်းတော်ကြီးတစ်ပါးက တိုးညှင်းသောအသံဖြင့် သတင်းပို့သည်။
ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းက ပြောဆိုသည်။
"သူ့ကို အထဲဝင်ခွင့်ပြုလိုက်စမ်း"
တံခါးပွင့်လာပြီးနောက် မြောင်ကျန်းသည် ပြင်ပမှနေ၍ ခန်းမအတွင်းသို့ မျောလွင့်လာသည်။
သူသည် လေလွင့်စိတ်ဝိညာဥ်တစ်ကောင်၏ အခြေအနေ၌ ရှိနေဆဲပင်။သူ၏စိတ်ဝိညာဉ်ခန္ဓာကိုယ်သည် အလွန်အမင်းအားနည်းနေကာ အချိန်မရွေး ပျက်ပြယ်သွားတော့မည့်အလားပင်။
သို့ရာတွင် မြောင်ကျန်းသည် တစ်ချိန်က ဗုဒ္ဓဂိုဏ်း၏ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံခဲ့ဖူးသူပင်။သူ၏စိတ်ဝိညာဉ်ကို မြင့်မြတ်သောဗုဒ္ဓအလင်းရောင်များဖြင့် လွှမ်းခြုံလိုက်သည်နှင့် သူ၏ကျင့်ကြံဆင့်စွမ်းအားများ အလွန်အမင်းမြင့်တက်သွားကာ သူ၏စိတ်ဝိညာဥ်သည်လည်း ပျက်ပြယ်သွားတော့မည်မဟုတ်ချေ။
"မြောင်ကျန်း....မင်းရဲ့တာဝန်က ကျရှုံးသွားခဲ့ပြီ...ဒါပေမယ့် မင်းက အသက်ရှင်ရက် ပြန်လာနိုင်သေးတာလား"
ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်း၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်းဖြတ်ပြေးသွားကာ ကျယ်လောင်သောအသံဖြင့် မေးခွန်းထုတ်လိုက်၏။
မြောင်ကျန်း၏မျက်နှာအမူအယာသည် အနည်းငယ်ထုံထိုင်းထိုင်းဖြစ်နေကာ သူက တီးတိုးပြောဆိုလိုက်သည်။
"လုယွီက မင်းတို့ဆီကို သတင်းစကားတစ်ခုပေးပို့ဖို့ ငါကို တောင်းဆိုထားတယ်...သူက နောင်အနာဂတ်မှာ စိတ်ဝိညာဥ်တောင်ကိုလာပြီးတော့ ဗုဒ္ဓကျင့်ကြံသူတွေအားလုံးကို အမြစ်ပြတ်သုတ်သင်သိမ့်မယ်"
"ဟား ဟား ဟား....ဘယ်လောက်တောင် မောက်မောက်ထောင်သွားလိုက်လဲ...သူက သူ့ကိုယ်သူဘာကောင်လို့ ထင်နေတာလဲ"
ဗုဒ္ဓဘုရားလောင်းနှစ်ယောက်သည် အဆက်မပြတ်ရယ်မောလိုက်ကြကာ သူတို့၏အသံများတွင် အထင်အမြင်သေးမှု လှောင်ပြောင်သရော်မှုတို့ဖြင့် ပြည့်နှက်နေသည်။
"အတိတ်မှာ ကောင်းကင်ဘုံဧကရာဇ်ဖြစ်ခဲ့တဲ့ ကျိုးထျန်းရင်က ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို လှုပ်ခတ်စေပြီးတော့ သူ့မှာ မရေမတွက်နိုင်တဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကို နှိမ်နင်းနိုင်တဲ့ စွမ်းအားမျိုးရှိနေတယ်...ဒါပေမဲ့ သူက ငါတို့ဗုဒ္ဓလောကနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ငါတို့ကို ဖိနှိပ်ရုံပဲလုပ်ဝံ့တယ်....သူက အမြစ်ပြတ်သုတ်သင်မယ်ဆိုတဲ့ စကားမျိုးကို မပြောရဲဘူး"
"လုယွီက အခုချိန်မှာ တက်သစ်စလူငယ်တစ်ယောက်...ဒါပေမဲ့ သူက ကံကြမ္မာကောင်းတစ်ခုကို ပိုင်ဆိုင်ထားတာကြောင့် မြင့်တက်လာခဲ့တယ်...သူကငါတို့ဗုဒ္ဓလောကကိုဖျက်ဆီးပစ်မယ်လို့ အရှက်မရှိကြွားဝါရဲတာလား ဒီလိုပြောရဲတယ်သတ္တိမျိုးသူကိုဘယ်သူကပေးလိုက်တာလဲ။
ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းက ပြောဆိုသည်။
"အမှန်ပဲ....ငါက သူ့ရဲ့မူရင်းဇစ်မြစ်အကြောင်းကို အကြမ်းဖျင်းသိထားတယ်...သူက ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကျော်ကြားလာတာကြောင့် မောက်မာထောင်လွှားနေတာပဲဖြစ်မယ်....သူက ငါတို့ဗုဒ္ဓလောကကို တကယ်ကြီး ခြိမ်းခြောက်ဝံ့တယ်...သူက သေလမ်းရှာနေတာပါလား"
"သူက ကံကောင်းသွားတာကြောင့် သူ့ရဲ့မိသားစုဝင်တွေကို တစ်ကြိမ်ကာကွယ်နိုင်ခဲ့တယ်...ဒါပေမယ့် သူက အဲ့ဒီနေရာမှာ တစ်ချိန်လုံးနေနိုင်မှာမဟုတ်ဘူး...နောက်တစ်ကြိမ်ကျရင် ငါက မိသားစုတွေ ကွေကွင်းရတဲ့နာကျင်မှုကို သူ ခံစားရအောင် လုပ်ပြမယ်"
ထိုသို့ပြောဆိုပြီးနောက် ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းသည် သူ၏လက်ကိုဝှေ့ယမ်းကာ မြောင်ကျန်းကို ထွက်သွားခွင့်ပြုလိုက်သည်။
သို့ရာတွင် မြောင်ကျန်းသည် နေရာမှာပင် မတ်တတ်ရပ်နေဆဲဖြစ်ပြီး အနည်းငယ်မျှ လှုပ်ရှားခြင်းမပြုချေ။
"ဘာလဲ....မင်းက ငါ ပြောတာကို မကြားဘူးလား"
ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်း၏မျက်လုံးများ တောက်ပသွားပြီးနောက် သူက မျက်မှောင်ကြုတ်လိုက်သည်။
နေရာမှာပင် အမြစ်တွယ်နေသကဲ့သို့ မတ်တတ်ရပ်နေသော မြောင်ကျန်း၏မျက်နှာပေါ်တွင် တဖြည်းဖြည်း ထူးဆန်းသောအပြုံးတစ်ခု ထင်ဟပ်လာကာ အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။
"မြင့်မြတ်တဲ့နတ်ဘုရားပြောတာ အမှန်ပဲ....မင်းတို့က တကယ့်ကို ကြောင်သူတော်တွေပဲ... မင်းတို့မှာ ဘာသနားကြင်နာမှုမှ မရှိဘဲနဲ့ အကွက်ချကြံစည်မှုတွေနဲ့ ပြည့်နေတယ်"
မြောင်ကျန်းက စကားတစ်လုံးခြင်း ပြောဆိုသည်။
"အတင့်ရဲလိုက်တာ...မင်းက ဘယ်လိုပုံစံမျိုးနဲ့ စကားပြောနေတာလဲ"
ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းသည် ဒေါသထွက်သွားလေ၏။သူသည် ခြေတစ်လှမ်းရှေ့တက်ကာ မြောင်ကျန်း၏ရှေ့၌ မတ်တတ်ရပ်လိုက်သည်။
အစွမ်းထက်သောအားလှိုင်းတစ်ရပ်သည် ရုတ်တရက် မြောင်ကျန်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေ၏။ဤအချိန်အခိုက်အတန့်တွင် မြောင်ကျန်း၏စိတ်ဝိညာဥ်ဝေဝါးသွားကာ မုန်တိုင်းအတွင်း၌ ခက်ခက်ခဲခဲရှေ့သို့ ခရီးဆက်နေရပြီး အချိန်မရွေး တိမ်းမှောက်သွားနိုင်သော လှေငယ်လေးတစ်စင်းအလားပင်။
"ခဏနေအုံး...သူနဲ့ပတ်သက်ပြီးတော့ တစ်ခုခုမှားနေတယ်"
အနီးအနားတွင်ရှိနေသော ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းက ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းကို ဟန့်တားရန် ရှေ့သို့တိုးလာသည်။
Chapter 4432
ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းသည်စည်းကမ်းထိန်းသိမ်းရေး၌ တာဝန်ယူထားသူဖြစ်သည်။
မြောင်ကျန်းကဲ့သို့ ဘုန်းတော်ကြီးမျိုးသည် သာမန်အားဖြင့် မဟာမိုးခြိမ်းသံဘုရားကျောင်းတွင် ဝေယျာဝိဇ္ဇာတချို့ကို ပြုလုပ်ရသူတစ်ယောက်ပင်။သူတို့သည် ဗုဒ္ဓဘုရားလောင်းကဲ့သို့ တည်ရှိမှုကြီးများကို မြင်တွေ့သည်နှင့် မြေပြင်ပေါ်၌ဒူးထောက်ကာ ကြီးမားသောရိုသေလေးစားမှုကို ပြသကြသည်။
သို့ရာတွင် မြောင်ကျန်းသည် ခန်းမအတွင်းသို့ ဝင်လာချိန်မှစ၍ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေကာ မောက်မာထောင်လွှားစွာစကားပြောဆိုသည်။သူ၏အပြုအမူများတွင် ရိုသေလေးစားမှုကို အနည်းငယ်မျှ မမြင်တွေ့ရချေ။
ဤသည်မှာ ဘုရားကျောင်းအတွင်းတွင်ရှိသော ဘုန်းတော်ကြီးများအားလုံး တစ်ကြိမ်တခါမျှ ပြသခဲ့ဖူးခြင်းမရှိသော အမူအယာတစ်ရပ်ပင်။
"မင်းက ဘယ်သူလဲ"
ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်း၏မျက်လုံးအတွင်းမှ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ သူသည် မြောင်ကျန်းကို အပြည့်အဝ ထွင်းဖောက်မြင်လိုသည့်အလားပင်။
ရွှေရောင်အလင်းတန်းများသည် မြောင်ကျန်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်နှင့် အလွန်အမင်းတောက်ပသွားကာ ခြစ်ခြစ်တောက်ပူပြင်းပြီး မြင့်မြတ်သည်။
သို့သော် ဤအချိန်အခိုက်အတန့်၌ မြောင်ကျန်း၏စိတ်ဝိညာဉ်တွင် ရုတ်တရက် ယင်ချီစွမ်းအားများ စုဝေးစပြုလာသည်။အကန့်အသတ်မရှိသော အနက်ရောင်ယင်ချီများသည် သူ၏စိတ်ဝိညာဉ်ကို လုံးလုံးလျားလျား လွှမ်းခြုံသွားပေ၏။
မြောင်ကျန်း၏နဖူးပေါ်တွင် အရိုးစုအမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများအားလုံး ရုပ်ချည်းရပ်တန့်သွားကာ တခြားကျမ်းစာတစ်မျိုးက နေရာအစားထိုးဝင်ယူလာသည်။ဤကျမ်းစာသည် ဗုဒ္ဓကျမ်းစာများထက်ပို၍အားအင်ပြည့်ဝကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တလိမ့်လိမ့်ထနေသည်။
ဤသည်မှာ သက်ရှိများအားလုံးသည် မြေအောက်လောကနတ်ဘုရား၏ဘုန်းတော်ဘွဲ့ကို တေးသီချင်းများ သီကျူးနေသည့်အလားပင်။မူလက တောက်ပပြီးကြည်လင်သော ဗုဒ္ဓဘုရားကျောင်းသည် ရုတ်တရက် မှုန်မှိုင်းနေသော အသူရာကြေးချွတ်သန့်စင်ဘုံအဖြစ်သို့ ပြောင်းလဲသွားသည်။
"မင်းတို့အားလုံးက အတုအယောင်ဗုဒ္ဓတွေပဲ....မြင့်မြတ်တဲ့နတ်ဘုရားက မင်းတို့အားလုံးကို အမြစ်ပြတ်သုတ်သင်လိမ့်မယ်....ဟား ဟား ဟား...."
မြောင်ကျန်းသည် ရူးသွပ်နေသည့်အလား ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။ သူ၏မျက်နှာပင်လျှင် ရက်စက်ကြမ်းကြုတ်သောအမူအယာသို့ ပြောင်းလဲနေပေ၏။
သူ၏စိတ်ဝိညာဉ်ကို အမှောင်ထုကြီးနှင့်ပေါင်းစပ်ထားကာ ပတ်ဝန်းကျင်၌ အနက်ရောင်မြူခိုးများဖြင့် ပြည့်နှက်နေသဖြင့် နတ်ဆိုးနတ်ဘုရားတစ်ပါးမှ သေမျိုးလောကအတွင်းသို့ ဆင်းသက်လာသည့်အလားပင်။
"ဒါက ဗုဒ္ဓလောကရဲ့ အရေးကြီးတဲ့နေရာတစ်နေရာပဲ...မင်းလိုနတ်ဆိုးတကောင်က ဘယ်လိုသတ္တိမျိုးနဲ့ ဒီနေရာကိုလာပြီး ရိုင်းပျဝံ့တာလဲ"
ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းသည် သွေးဆူသောစိတ်နေသဘောထားရှိသဖြင့် ဤအချိန်အခိုက်အတန့်တွင် သူ အလွန်ဒေါသထွက်နေသည်။သူ စကားပြောလိုက်သည့်အချိန်တွင် ခြင်္သေ့တစ်ကောင် ဟိန်းဟောက်လိုက်သည့်အလား ပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်း၌ လှိုင်းဂယက်များ ထွက်ပေါ်လာသည်။
ဒေါသတကြီးအော်ဟစ်လိုက်သော အသံတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။မြောင်ကျန်း၏စိတ်ဝိညာဥ်သည် ဤသက်ရောက်မှုကို ခုခံနိုင်စွမ်းမရှိတော့သဖြင့် ပါးလွှာသောလေထုအတွင်း၌ ချက်ချင်းပျက်ပြယ်သွားလေ၏။
ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းက မျက်မှောင်ကြုတ်ပြီး အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ဒီတာဝန်ကိုဆောင်ရွက်ဖို့အတွက် လော့ဟန်ခြံဝန်းက လက်ရွေးစင်ဘုန်းတော်ကြီးတွေကို ရွေးချယ်ခဲ့တယ်...သူတို့အပေါ် နတ်ဆိုးတွေ ပူးကပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...တခြားလူတွေအားလုံးသေသွားပြီးတော့ မြောက်ကျန်းတစ်ယောက်တည်းပဲ အသက်ရှင်ကျန်ခဲ့တယ်...တစ်ဖက်လူက သူ့ကိုရည်ရွယ်ချက်ရှိရှိ အသက်ချမ်းသာပေးပြီးတော့ ငါတို့အပေါ် စစ်ကြေငြာချင်တာပဲ"
ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းက အေးစက်စက်ရယ်မောလိုက်သည်။
"လုယွီက ဒီကိစ္စကို လုပ်နိုင်မှာလား...သူက ဗုဒ္ဓလောကကို စစ်ကြေငြာရဲတယ်...ဗုဒ္ဓလောကက သူ့ကိုကြောက်နေမယ်လို့ သူ တကယ်ကြီးထင်နေတာလား"
သူ၏မျက်လုံးအတွင်းသို့ မည်သည့်သဲမှုန်တစ်မှုန်ကိုမျှ အဝင်မခံနိုင်ချေ။
ပတ်ဝန်းကျင်၌ အေးစက်စက်ယင်ချီများ လွှမ်းခြုံနေသည်ကို သူ မြင်တွေ့ချိန်၌ သူ၏လက်မှနေ၍ ဗုဒ္ဓအလင်းတန်းတစ်တန်း ပွင့်အံ့ထွက်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဗုဒ္ဓဘုရားလောင်းများအားလုံးသည် အစွမ်းထက်သောမှော်စွမ်းအားများကို ပိုင်ဆိုင်ထားကာ နောင်အနာဂတ်တွင် ဗုဒ္ဓတစ်ပါးဖြစ်အောင် ကျင့်ကြံမည့်သူများပင်။
ဗုဒ္ဓအလင်းရောင်များ ထွက်ပေါ်လာသည်နှင့် ဘုရားကျောင်းခန်းမတစ်ခုလုံး ချက်ချင်းလင်းထိန်သွားသည်။
သို့ရာတွင် ယင်ချီများသည် ဘုရားကျောင်းခန်းမ၏အနီးပတ်လည်၌ ရှိနေဆဲဖြစ်ကာ အနည်းငယ်မျှ နောက်ဆုတ်မသွားချေ။ထိုအစား ယင်ချီများသည် ပို၍ပင်စုဝေးလာပုံရပေ၏။
ယင်ချီလှိုင်းလုံးကြီးများသည် ဗုဒ္ဓဘုရားလောင်းနှစ်ယောက်ကို အပြည့်အဝလွမ်းခြုံသွားသည်။
"ဒီနတ်ဆိုးက ဘယ်နေရာကနေ ရောက်လာတာလဲ....အခုချက်ချင်း ထွက်သွားစမ်း"
ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းက ဗုဒ္ဓမှော်မန္တန်တစ်ပုဒ်ကို ရေရွတ်လိုက်သည်။သူ့၏အသံသည် မိုးခြိမ်းသံအလား ကျယ်လောင်ကာ သူ၏ခြေဖဝါးအောက်၌ ကြာပွင့်များပွင့်လန်းလာသည်။
သို့ရာတွင် ပတ်ဝန်းကျင်ရှိ ယင်ချီများသည် ပျက်ပြယ်သွားခြင်းမရှိချေ။ထိုအစား သူတို့၏ရှေ့တွင် အနက်ရောင်မြူခိုးပုံရိပ်ယောင်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ထိုပုံရိပ်ကြီးသည် အနက်ရောင်ယင်ချီများအကြားမှ လျှောက်လှမ်းထွက်လာသည်။သူသည် ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ့ကိုကြည့်ရသည်မှာ ကြီးကျယ်ခမ်းနားပြီး လွတ်လပ်ပေါ့ပါးသည်။သူသည် ရုပ်ရည်ချောမောခန့်ညားကာ ထက်ရှသောမျက်ခုံးတစ်စုံရှိသည်။သူ့၏မျက်လုံးများအတွင်း၌ ကြယ်ရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေကာ ကျမ်းစာစာပေအမြောက်အများကို ဖတ်ရှုလေ့လာထားသော ကျောင်းတော်သားတစ်ယောက်အလားပင်။
"မင်းတို့နှစ်ယောက်က တော်တော်လေးအတင့်ရဲတာပဲ....ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရဲ့မိသားစုကို တိုက်ခိုက်ဝံ့တာလဲ"
လုယွီက အေးစက်တင်းမာစွာပြောဆိုသည်။
သူသည် မြောင်ကျန်း၏ခန္ဓာကိုယ်၌ စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုကို ချန်ထားခဲ့သည်။ဤကိစ္စများ၏နောက်ကွယ်မှ အစစ်အမှန်လက်သည်တရားခံများကို မြင်တွေ့ရချိန်တွင် သူ စိတ်ဝိညာဥ်အမျှင်တန်းကို ချက်ချင်းထုတ်လွှတ်လိုက်၏။
"မင်းက လုယွီလား....ဗုဒ္ဓက သနားကြင်နာတာကြောင့် မင်းကိုသတ်ပြီး မင်း ကျင့်ကြံနိုင်ဖို့ ကူညီပေးတာပဲ...မင်းရဲ့မိသားစုတစ်စုလုံး သေဆုံးရမှာက မင်းရဲ့ကံကြမ္မာပဲ....မင်းက ဘယ်လိုကျေးဇူးတင်ရမယ်ဆိုတာကို မသိဘဲနဲ့ ငါတို့ရဲ့သနားကြင်နာမှုကို ကျေးဇူးကန်းမှုနဲ့ ပြန်ပေးဆပ်ဖို့ ကြံရွယ်နေတယ်...မင်းရဲ့နှလုံးသားက မည်းညစ်နေတယ်"
ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းက ဒေါသတကြီးပြောဆိုသည်။
"ကြည့်ရတာတော့ မြောင်ကျန်းပြောတာတွေက အမှန်ဖြစ်ပုံပဲ....မင်းတို့အားလုံးက အခုခေတ်ကာလ လူတွေလိုပဲ အတုအယောင်အင်မော်တယ်တွေ အတုအယောင်ဗုဒ္ဓတွေပါလား"
လုယွီ၏မျက်နှာအမူအယာ အေးစက်တင်းမာသွားကာ သူက တည်ငြိမ်စွာပြောဆိုသည်။
"မင်းတို့နှစ်ယောက် ဒီနေ့ ဒီနေရာကနေ အသက်ရှင်ရက် ထွက်မသွားနိုင်စေရဘူး"
Chapter 4433
"မောက်မာလိုက်တာ"
ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းက အော်ဟစ်ကာ အရင်ဆုံးတိုက်ခိုက်လိုက်သည်။
သူသည် သူ၏လက်ဝါးကို လက်သီးတစ်ခုအသွင်ပြောင်းလဲပြီး ထိုးနှက်လိုက်သည်။ထိုလက်သီးအားလှိုင်းတွင် မရေမတွက်နိုင်သော ဘုန်းတော်ကြီးများ ကျမ်းစာရွတ်ဆိုနေသည့်အသံများ ရောယှက်နေပြီး အလွန်အမင်းကျယ်လောင်သည်။
ရွှေရောင်အလင်းတန်းများကြောင့် အရပ်မျက်နှာအဘက်ဘက်တွင် လင်းထိန်နေသည်။ထိုရွှေရောင်အလင်းတန်းများအကြားတွင် ဗုဒ္ဓဘုရားလောင်း ထွက်ပေါ်လာကာ အလွန်အမင်းကြီးကျယ်ခမ်းနားပြီး ကြီးမားသည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် အကန့်အသတ်မရှိသော ရက်စက်ကြမ်းကြုတ်ခြင်းစွမ်းအားများကို ထုတ်ဖော်အသုံးပြုထားလေ၏။
သူသည် သိုင်းပညာနည်းစနစ်များကို ကိုယ်စားပြုသော ဗုဒ္ဓဘုရားလောင်းဖြစ်ကာ ဗုဒ္ဓဂိုဏ်း၏အစောင့်အရှောက်များအနက် ရက်စက်ကြမ်းကြုတ်ဆုံးတစ်ယောက်ပင်။
"မင်းမှာ ဒေါသမျက်လုံးတစ်စုံရှိနေတယ်...ဒါပေမဲ့ ဘာသနားငဲ့ညှာမှု ကြေကွဲဝမ်းနည်းမှုတို့မှ မရှိဘူး....မင်းက နတ်ဆိုးလမ်းကြောင်းထဲကို ကျရောက်နေပြီ"
လုယွီ၏မျက်လုံးများ ကြည်လင်နေသည်။သူသည် သူ၏လက်ညှိုးကိုမြှောက်ကာ မိုးကောင်းကင်ယံထံသို့ ညွှန်လိုက်သည်။ထို့နောက် သူ့၏လက်ဖြင့် မိုးကြိုးလှိုင်းတလှိုင်းကို ဆုပ်ကိုင်လိုက်၏။
ထိုမိုးကြိုးလှိုင်းသည် ထက်ရှသောဓားသွားတစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။လျှပ်စီးကြောင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံသွားကာ တဖျစ်ဖျစ်တဖျောက်ဖျောက်အသံများကိုလည်း ကြားနေရသည်။သူသည် ထိုဓားသွားဖြင့် ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းကိုချိန်ရွယ်ပြီး ပစ်လွှတ်လိုက်သည်။
ထိုဓားသွား လေဟာနယ်အတွင်း၌ ဖြတ်သန်းသွားချိန်တွင် တောက်ပသောပုံရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ရုတ်ချည်းဆိုသလိုပင် ပျံ့လွင့်လာသောဓားသွားသည် တစ်ဖက်လူ၏လက်သီးနှင့် ဖီလာဆန့်ကျင်ရိုက်ခတ်မိလေ၏။
ဘုန်း...ဘုန်း...ဘုန်း...
ဤအချိန်အခိုက်အတန့်တွင် ဗုဒ္ဓအလင်းရောင်များသည် မိုးရွာသွန်းသည့်အလား ဖြာကျလာသည်။လျှပ်စီးမိုးကြိုးလှိုင်းများသည်လည်း ပျံ့နှံ့လာကာ နှစ်ဖက်အကြားရှိ မှော်စွမ်းအားများ လေဟာနယ်အတွင်း၌ ပေါင်းစည်းမိလေ၏
"မင်းက ဗုဒ္ဓကျင့်ကြံသူတွေအကြားမှာ နံပါတ်၁ထိပ်သီးကျင့်ကြံသူလို့ ခေါ်ခံရဖို့ ထိုက်တန်တယ်...မင်းက အရင်တုန်းက မြင့်မြတ်မိုးကောင်းကင်ဘုံနဂါးဗုဒ္ဓဘုရားလောင်းထက် နည်းနည်းလေးပိုပြီး သန်မာအားကောင်းတယ်"
လုယွီက ပြောဆိုသည်။
လုယွီ၏စကားကိုကြားချိန်တွင် ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းသည် ပို၍ပင်ဒေါသထွက်သွားလေ၏။
ဗုဒ္ဓသိုင်းပညာနည်းစနစ်များ၏သင်္ကေတဖြစ်သော သူသည် အမြဲတစေ စွမ်းအားနှင့်မှော်ပညာ၏ သရုပ်သကန်ထင်ဟပ်မှုပင်။သူသည် ဗုဒ္ဓလောက၌ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်သည်။
ယခုအချိန်၌ လုယွီနှင့်ရင်ဆိုင်ရချိန်တွင် သူ၏လက်သီးတချက်ဖြင့် သတ်ဖြတ်နိုင်ခဲ့ခြင်းမရှိချေ။ဤသည်မှာ သူကို စော်ကားလိုက်သည့်အလားပင်။
လုယွီ၏မျက်နှာအမူအယာသည် ပန်းခြံအတွင်း၌ အပန်းဖြေလမ်းလျှောက်နေသည့်အလား တည်ငြိမ်နေကာ မည်သည့်ဖိအားအရှိန်အဝါကိုမျှ ခံစားရပုံမရချေ။
"ထွက်လာခဲ့စမ်း..."
ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းသည် သူ၏လက်ဖြင့် လက်စည်းတံဆိပ်တစ်ခုကိုဖွဲ့စည်းကာ လုယွီကို ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်သည်။
အလွန်ပြင်းထန်သော တိုက်ပွဲတစ်ပွဲ စတင်လာခဲ့သည်။သူတို့နှစ်ယောက်သည် မိုးကောင်းကင်ယံကြီး ပိတ်ဖုံးတော့လုမတတ် မှော်မန္တန်များကိုထုတ်ဖော်အသုံးပြုကာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြ၏။သူတို့၏မှော်စွမ်းအားများကို ကြည့်ရသည်မှာ အကန့်အသတ်ရှိပုံမရချေ။
လုယွီသည် သူ၏စိတ်ဝိညာဥ်အမျှင်တန်းကို အသုံးပြုပြီး ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။သူသည် ထောက်ပံ့ကူညီမှုရရန်အတွက် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားကို အသုံးမပြုနိုင်သော်လည်း ရွှယ်အင်မော်တယ်နယ်ပယ် မှော်စွမ်းအားများကို မှီခိုအားထား၍ တစ်ဖက်ရန်သူကို တိုက်ခိုက်နိုင်ခဲ့သည်။
ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်း၏တိုက်ခိုက်မှုများသည် အလွန်ရဲတင်းပြီး အစွမ်းထပ်ပေ၏။ သူ၏လက်ဝါးရိုက်ချက်တိုင်းသည် ထိုက်တောင်ကြီးကဲ့သို့လေးလံကာ မိုးကောင်းကင်ယံကိုပင် ကွဲထွက်စေနိုင်သော စွမ်းအားမျိုးရှိနေသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို အနိုင်မယူနိုင်သည့်အလားပင်။
လုယွီ၏မျက်လုံးများ အလွန်တည်ငြိမ်နေကာ သူ၏တိုက်ခိုက်မှုများသည် နူးညံ့ပြီးအစွမ်းထက်ပေ၏။သူ၏လက်ဝါးအတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော မှော်မန္တန်များသိပ်သည်းထားကာ အရာရာတိုင်းကို ခြေမွှဖျက်ဆီးတော့မည့်အလားပင်။
ဘုန်း...ဘုန်း....ဘုန်း...
ဘုရားကျောင်းခန်းမအတွင်းရှိ စားပွဲခုံများနှင့်ထိုင်ခုံများ ကြေမွှပျက်စီးသွားကာ ယဇ်ပလ္လင်ပေါ်ရှိ အမွှေးတိုင်အိုးပင် လွင့်ထွက်သွားသည်။
သို့ရာတွင် ဘုရားကျောင်းခန်းမတစ်ခုလုံးကို အထူးသီးသန့်ပစ္စည်းများဖြင့် တည်ဆောက်ထားပုံရသည်။ထိုအရာသည် အလွန်တောင့်တင်းကာ အုတ်တစ်ချက်စီတိုင်း အလွန်အမင်းမာကျောသည်။ဤကဲ့သို့ ပြင်းထန်သောတိုက်ခိုက်မှုများကို ခံယူနေရသည့်တိုင် အုတ်ချပ်များသည် ကြေမွှပျက်စီးသွားခြင်းမရှိချေ။
လုယွီ၏စိတ်ဝိညာဉ်အမျှင်တန်း အနည်းငယ်မှေးမှိန်စပြုလာသည်။မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူ၏အစစ်အမှတ်စိတ်ဝိညာဥ်မဟုတ်သဖြင့် စွမ်းအားကုန်ထုတ်ဖော်အသုံးပြုနိုင်ခြင်း မရှိချေ။
ဘန်း...
နံဘေးတဖက်မှနေ၍ ရွှေရောင်ဗုဒ္ဓစည်းတံဆိပ်ကြီးတစ်ခု ရုတ်တရက် ပျံ့လွင့်လာသည်။'ဗုဒ္ဓ' 'အော်မီတောဖော' စသည့် ကျမ်းစာရွတ်ဆိုသံများက လေလုအတွင်း၌ ပဲ့တင်ထပ်နေသည်။ ရုတ်ချည်းဆိုသလိုပင် ထိုအရာများသည် လုယွီ၏ရှေ့သို့ ကျရောက်လာပေ၏။
ဤသည်မှာ ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်း၏ တိုက်ခိုက်မှုပင်။သူ၏စိတ်နှလုံးသားအတွင်း၌ အကန့်အသတ်မရှိသော အသိဉာဏ်ပညာများ ရှိနေကာ သူ၏အကန့်အသတ်မရှိသော ဘဝသက်တမ်းကို ဖွဲ့စည်းရန်အတွက် ကံကြမ္မာစွမ်းအားများကို အသုံးပြုခဲ့သည်။
သူသည် အသက်ရှည်ခြင်း၏အထိမ်းအမှတ်သင်္ကေတပင်။ယခုလက်ရှိအချိန်တွင် သူ၏ဘဝသက်တမ်းသည် အကန့်အသတ်မရှိလုနီးပါးဖြစ်နေသဖြင့် ဗုဒ္ဓ၏အမြင့်မြတ်ဆုံးလျှို့ဝှက်ချက်များကို လေ့လာဆင်ခြင်နိုင်ခဲ့သည်။
သူ၏စွမ်းအားသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။
သူသည် နံဘေးတဖက်မှာနေ၍ တိုက်ပွဲကိုလေ့လာဆန်းစစ်နေကာ လုယွီ၏အားနည်းချက်ကို ရှာဖွေနေခဲ့သည်။ထို့နောက် သူသည် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် လုယွီကိုသတ်ဖြတ်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။
ရွှေရောင်လက်စည်းတံဆိပ်ကြောင့် လုယွီ၏စိတ်ဝိညာဥ်အမျှင်တန်း လွင့်ထွက်သွားသည်။သူ၏စိတ်ဝိညာဉ်သည် ငါးမီတာ ခြောက်မီတာခန့်အကွာသို့ လွင့်ထွက်ပြီးမှသာ ရပ်တန့်သွားခဲ့သည်။သူ့၏ခန္ဓာကိုယ်ပေါ်ရှိ ယင်ချီများသည်လည်း ပျက်ပြယ်သွားလေပြီ။
ဗုဒ္ဓဘုရားလောင်းနှစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုစွမ်းအားသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။
လုယွီ၏ ယခုလက်ရှိခွန်အားဖြင့် သူကိုယ်တိုင်ရောက်ရှိလာပါက သူတို့နှစ်ယောက်ကို တိုက်ခိုက်နိုင်ပေမည်။သို့ရာတွင် ဤသည်မှာ သူ၏စိတ်ဝိညာဥ်အမျှင်တန်းတစ်ခုသာ ဖြစ်သဖြင့် သူတို့အားတိုက်ခိုက်နိုင်ရန် အလွန်ခက်ခဲသည်။
Chapter 4434
"အရမ်းကောင်းတယ်...မင်းတို့က လီထန်ရှူထက် အများကြီးပိုပြီး သန်မာအားကောင်းတယ်"
လုယွီ၏မျက်လုံးအတွင်း၌ အကန့်အသတ်မရှိသော တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာကာ သူ၏မျက်လုံးတစ်စုံအတွင်း၌ တောက်လောင်နေသောမီးတောက်နှစ်ခု လောင်ကျွမ်းနေသည့်အလားပင်။
သူ၏စိတ်ဝိညာဥ်အမျှင်တန်းကို အသုံးပြုရန် ရွေးချယ်ခဲ့သော အကြောင်းအရင်းမှာ သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားမှ စွမ်းအားမြှင့်တင်ပေးမှုမရှိဘဲ သူ၏မှော်စွမ်းအားအဆင့်ကို ရှင်းရှင်းလင်းလင်းခံစားလိုသောကြောင့်ပင်။
ဤတိုက်ပွဲသည် ပထမဆုံးအနေဖြင့် လက်စားချေရန်အတွက်ဖြစ်ပြီး ဒုတိယအနေဖြင့် လေ့လာဆင်ခြင်ရန်အတွက်ပင်။
တိုက်ပွဲများကို အသုံးပြုကာ တိုက်ပွဲအတွင်းမှအတွေ့အကြုံများကို စုပ်ယူခြင်းသည် တိုးတက်နိုင်ခြင်းလမ်းကြောင်းပင်။
နေရာတစ်နေရာ၌ အစောင့်အကြပ်များဖြင့် ကာကွယ်စေပြီး အစဉ်အမြဲ တံခါးပိတ်ကျင့်ကြံနေသည်မှာ အလုံပိတ်ထားသော အခန်းတစ်ခန်းအတွင်း၌ စစ်ရထားလုံးတစ်စီးကို တည်ဆောက်ထားသည်နှင့် တူညီနေပေမည်။အဆုံးသတ်၌ သူသည် ရေရှည်တိုးတက်မှုကို ရရှိနိုင်တော့မည်မဟုတ်ချေ။
သူတို့၏ပူပေါင်းတိုက်ခိုက်မှုသည် လုယွီအား မသတ်ဖြတ်နိုင်သည်ကိုကြည့်ပြီး ဗုဒ္ဓဘုရားလောင်းနှစ်ပါး၏ မျက်လုံးများအတွင်း၌ ဒေါသများမြင့်တက်လာသည်။သူတို့သည် ဗုဒ္ဓမှော်မန္တန်များကို ကျယ်လောင်စာရွတ်ဆိုကာ လုယွီကို ထာဝရငရဲချောက်နက်ကြီးအတွင်းသို့ ပစ်လွှတ်လိုကြသည်။
ဘုန်း....
မိုးကောင်းကင်ယံအတွင်း၌ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုရှိနေကာ မြေပြင်ပေါ်၌ ရက်စက်ကြမ်းကြုတ်သော လက်သီးစွမ်းအားရှိနေသည်။ဗုဒ္ဓဘုရားလောင်းနှစ်ယောက်သည် အတူတကွပူးပေါင်း၍ တိုက်ခိုက်နေကာ သူတို့၏ခြေဖဝါးများအောက်တွင် ကြာပွင့်များအဆက်မပြတ်ပွင့်လန်းနေသည်။
ဤကဲ့သို့ တိုက်ခိုက်မှုတစ်ခုအောက်တွင် လုယွီသည်လည်း ခွန်အားကုန်တုံ့ပြန်တိုက်ခိုက်နေရသည်။သူသည် မှော်မန္တန်တိုင်းကို အကန့်အသတ်ထိရောက်အောင် ထုတ်ဖော်အသုံးပြုနေပေ၏။
ဗုဒ္ဓဘုရားလောင်းနှစ်ယောက်သည် ဗုဒ္ဓလောက၏ အစွမ်းထက်ဆုံးလူနှစ်ယောက်ပင်။သူတို့၏အဆင့်ဖြင့် အဆင့်နိမ့်အမှားတချို့ကို လုပ်ဆောင်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
လုယွီ၏စိတ်ဝိညာဥ်အမျှင်တန်းမှ စွမ်းအားဖြင့် ဤအချိန်အခိုက်အတန့်တွင် ထိုလူနှစ်ယောက်ကို လွယ်လင့်တကူ ခြေမွှဖျက်ဆီးနိုင်ရန်အတွက် မလုံလောက်ချေ။
ဤသည်မှာ အလွန်အမင်းခက်ခဲသော တိုက်ပွဲတစ်ပွဲပင်။သူတို့နှစ်ယောက်ကို သတ်ရန်မဆိုထားနှင့် လုယွီအတွက် သူ၏စိတ်ဝိညာဥ်အမျှင်တန်းကို ထိန်းသိမ်းထားရန်ပင် အလွန်ခက်ခဲနေသည်။
ဘုန်း....
တိုက်ခိုက်မှုအနည်းငယ်ကို ဆက်တိုက်ပြုလုပ်ပြီးနောက် လုယွီသည် အဆက်မပြတ်နောက်ဆုတ်နေကာ သူ၏စိတ်ဝိညာဥ်ခန္ဓာကိုယ် တစတစပို၍မှေးမှိန်လာသည်။
သို့ရာတွင် လုယွီ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းတန်းများ ထင်ဟပ်နေသည်။
ဤတိုက်ပွဲ ပို၍ပြင်းထန်လာလေလေ လုယွီသည် သူ့၏ကျင့်ကြံဆင့်နယ်ပယ် နိမ့်ပါးနေမှုကို ပို၍ခံစားမိလေလေပင်။ယခုအချိန်မှစ၍ သူ၏ကျင့်ကြံခြင်းအတွင်းမှ အားနည်းချက်များကိုပြင်ဆင်ကာ မှော်ပညာကိုအသုံးပြုရာ၌ အရေးနိမ့်နေမှုများကို ပြုပြင်မွမ်းမံရပေမည်။
"မင်းက ဘာလို့ ထပ်ပြီးမမောက်မာနိုင်တော့တာလဲ....ဗုဒ္ဓလောကကို စော်ကားတာနဲ့တင် မင်းက ကြီးလေးတဲ့ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ပြီးပြီ...ငါက ဒီနေ့ မင်းရဲ့စိတ်ဝိညာဥ်ကို အရှင်လတ်လတ် ထွက်သွားခွင့်မပြုနိုင်ဘူး"
ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းက ကျမ်းစာများကို ကျယ်လောင်စွာရွတ်ဆိုလိုက်သည်။သူ၏လက်အတွင်းရှိ ဗာဂျရာတောင်ဝှေးတွင် အကန့်အသက်မရှိသော ရွှေရောင်အလင်းတန်းများ တွယ်ကပ်နေသည်။
ထိုဗာဂျရာတောင်ဝှေးမှ တုန်ခါသံများ ထွက်ပေါ်လာကာ တောက်ပသော ဗုဒ္ဓအလင်းတန်းတစ်တန်း ပွင့်အံ့ထွက်လာပြီး ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လင်းထိန်သွားစေသည်။
ထိုဗာဂျရာတောင်ဝှေးသည် လုယွီ၏ပခုံးကို ချက်ချင်းထွင်းဖောက်သွားသည်။အစွမ်းထက်သော အားလှိုင်းတစ်ရပ်ကြောင့် သူသည် ဗုဒ္ဓခန်းမ၏ပြင်ပသို့ လွင့်ထွက်သွားလေ၏။
ပြင်ပသို့ရောက်ရှိသည်နှင့် လုယွီ၏စိတ်ဝိညာဉ်သည် သူ့ထံသို့တိုးဝင်လာသော ပူပြင်းသည့်လေလှိုင်းများကို ခံစားမိသည်။
ဤသည်မှာ မဟာမိုးခြိမ်းသံဘုရားကျောင်းပင်။ ဤနေရာ၌ မရေမတွက်နိုင်သော ဘုန်းတော်ကြီးများရှိနေကာ ဗုဒ္ဓကို အစဉ်အမြဲဝတ်ပြုကိုးကွယ်ကြသည်။ဤဘုန်းတော်ကြီးများထံမှ ကံကြမ္မာစွမ်းအားများကြောင့် ဗုဒ္ဓလောကတစ်ခုလုံးကိုလင်းထိန်းနေစေကာ မျိုးဆက်ထောင်သောင်းချီ၍ ထာဝရတည်ရှိနိုင်သည်။
အကယ်၍ သာမန်လေလွင့်စိတ်ဝိညာဥ်တစ်ကောင်ဆိုပါက ဤဘုရားကျောင်းအတွင်းသို့ ဝင်ရန်မဆိုထားနှင့် အနီးသို့ ချဉ်းကပ်မိသည်နှင့်ဗုဒ္ဓ၏အလင်းတန်းများကြောင့် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပေမည်။
ဗုဒ္ဓနယ်မြေအတွင်းတွင် နတ်ဆိုးများ နောက်ဆုတ်ပြေးရသည်။
ဤဗုဒ္ဓကျင့်ကြံသူများနှင့်နှိုင်းယှဉ်ပါက လုယွီကိုကြည့်ရသည်မှာ ဒဏ္ဍာရီလာနတ်ဆိုးတစ်ကောင်နှင့် တူညီနေသည်။
ရှဲ....ရှဲ...ရှဲ...
လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ ယင်ချီများသည် ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးအောက်၌ အချိန်မရွေးအရည်ပျော်ကျသွားနိုင်သော ရေခဲများအလားပင်။
"လုယွီ...မင်း ဒီနေရာကို မလာသင့်ဘူး စိတ်ဝိညာဉ်တောင်က မင်းလိုနတ်ဆိုးတကောင်အတွက် တားမြစ်နေရာတစ်ခုပဲ...ဒီနေ့ ငါတို့က နတ်ဆိုးကို အမြစ်ပြတ်သုတ်သင်ပြီးတော့ တာအိုကိုစောင့်ကြပ်ပြီး ငါတို့ရဲ့စိတ်ဝတ်ညာဉ်တောင်ကို ငြိမ်းချမ်းမှုပြန်ရအောင် လုပ်ရမယ်"
ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းက ဒေါသတကြီးဖြင့် တိုက်ခိုက်လိုက်သည်။သူသည် သူ၏လက်ဝါးကြီးကိုဝှေ့ယန်းက လက်သီးတစ်ခုအသွင်သို့ ပြောင်းလဲလိုက်သည်။ထိုနောက် ရက်စက်ကြမ်းကြုတ်သော လက်သီးတစ်ချက်သည် လုယွီပေါ်သို့ ကျရောက်လာပေ၏။
လုယွီ၏စိတ်ဝိညာဥ် တဖြည်းဖြည်း ပို၍မေးမှိန်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏နံဘေးပတ်ဝန်းကျင်၌ တလိမ့်လိမ့်ထနေသော ကံကြမ္မာစွမ်းအားများကို ခံစားမိသည်။သူသည် ရုတ်တရက် အသက်ပြင်းပြင်းထန်ထန်ရှူရှိုက်ကာ လေထုအတွင်း၌ရှိနေသော ကံကြမ္မာစွမ်းအားများကို သူ၏စိတ်ဝိညာဥ်အတွင်းသို့ ဝါးမြိုလိုက်၏။
Chapter 4435
နတ်ဘုရားများအတွက် ကံကြမ္မာစွမ်းအားများသည် အကောင်းဆုံးအားဖြည့်ဆေးပင်။
မရေမတွက်နိုင်သော ယုံကြည်ကိုးကွယ်သူများသည် မဟာမိုးခြိမ်းသံဘုရားကျောင်းသို့ ရောက်ရှိလာကာ အမွှေးနံ့သာများကို ထွန်းညှိပူဇော်ပြီး ဝတ်ပြုကိုးကွယ်ကြသည်။အချိန်များကုန်လွန်လာသည်နှင့်အမျှ ထိုပူဇော်မှုများမှတဆင့် အမွှေးနံ့သာစွမ်းအားများကို ထုတ်လုပ်ပေးနိုင်ခဲ့သည်။
မည်ကဲ့သို့ကျင့်ကြံရမည်ကို မသိရှိသော လူတစ်ယောက်ပင်လျှင် ဤနေရာသို့ ရောက်ရှိလာသည်နှင့် သူ၏ပါးစပ်နှင့်နှာခေါင်းများမှ အမွှေးနံ့သာစွမ်းအားများကို ရှူရှိုက်မိပေမည်။သူသည် မကြုံစဖူးငြိမ်းချမ်းမှုနှင့်စိတ်ကြည်လင်မှုတို့ကို ခံစားရပေမည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ဝါးမြိုခြင်းသည် ဗုဒ္ဓလောကအတွင်းရှိ ဗုဒ္ဓကျင့်ကြံသူများအားလုံး၏ ပါးစပ်အနီးမှအစာကို လုယူသည်နှင့် တူညီသည်။
စိတ်ဝိညာဥ်တောင်ကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေလေပြီ။
ဤသည်မှာ နတ်ဘုရားတစ်ပါးသည် ဤနေရာသို့ ရောက်လာပြီး ဗုဒ္ဓများထံမှ အမွေးနံ့သာစွမ်းအားများကို လုယက်သည့် ပထမဆုံးအကြိမ်ပင်။
ဒေါင်...ဒေါင်...ဒေါင်...
အလွန်ကျယ်လောင်သော ခေါင်းလောင်းသံများက စိတ်ဝိညာဉ်တောင်တစ်တောင်လုံးအနှံ့ ပဲ့တင်ထပ်သွားသည်။
အဝေးရှိ ဗုဒ္ဓဘုရားကျောင်းများအတွင်းတွင် ဗုဒ္ဓပုံရိပ်ယောင်များ တစ်ချိန်တည်းထွက်ပေါ်လာသည်။ကြီးမားသောဓမ္မပုံရိပ်ယောင်များသည် လေဟာနယ်အတွင်း၌ မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေကာ သူတို့၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ကျမ်းစာများကိုရွတ်ဆိုလိုက်ကြ၏။
ကောင်းကင်နှင့်မြေပြင်အကြားတွင် အလွန်အမင်းထူးဆန်းသော သဘာဝလွန်ပုံရိပ်ယောင်များ ထွက်ပေါ်လာကာ အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
မည်သူမည်ဝါဖြစ်နေပါစေ ဤဗုဒ္ဓလောကအတွင်း၌ မတ်တတ်ရပ်နေပါက သူတို့၏ကိုယ်ပိုင်နိမ့်ပါးမှုကို ခံစားရပေမည်။
လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းသို့ တိုးဝင်လာသော အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။သူသည် ရုတ်တရက် နောက်သို့ချာခနဲလှည့်ကြည့်လိုက်ရာ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက သူ့ထံဦးတည်၍ ပျံသန်းလာကာ သူ၏စိတ်ဝိညာဉ်အမျှင်တန်းကို ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်အား မြင်တွေ့မိသည်။
ဝုန်း..
ကျယ်လောင်သောအသံကြီးက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
လုယွီ၏စိတ်ဝိညာဥ်အမျှင်တန်း မတ်တတ်ရပ်နေသောနေရာတွင် ကျင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ထိုနေရာရှိ မရေမတွက်နိုင်သောကျောက်တုံးများ ကြေမွှပျက်စီးသွားကာ မြေပြင်သည် နက်ရှိုင်းစွာကျွံ့ဝင်သွားလေ၏။
လုယွီက သူ၏စိတ်ဝိညာဥ် အလွန်အမင်းလေးလံလာသည်ကို ခံစားရကာ သူ အနည်းငယ်ပင်ပန်းနွမ်းနယ်လာသည်။
အမွှေးနံ့သာစွမ်းအားများကို စုပ်ယူခြင်းမှ သူ ရရှိသော မှော်စွမ်းအားများသည်လည်း လုံးလုံးလျားလျား ပျက်ပြယ်သွားလေပြီ။
လုယွီ၏ရှေ့၌ ဗုဒ္ဓဘုရားလောင်းဆယ်ယောက်ကျော် ထပ်မံ၍ထွက်ပေါ်လာသည်။
သူတို့၏နောက်တွင် ဘုန်းတော်ကြီးများ မရေမတွက်နိုင်အောင်ရှိနေသည်။သူတို့သည် အတူတကွမတ်တတ်ရပ်နေကာ သူတို့၏အရေအတွက်သည် အကန့်အသတ်မရှိသည့်အလားပင်။
"ဒီလိုပုံစံမျိုး ထပ်လာပြန်ပြီလား...ကြည့်ရတာတော့ ဗုဒ္ဓလောကက ဂိုဏ်းဖွဲ့ပြီးတော့ လူတွေကိုအနိုင်ကျင့်တဲ့နေရာမှာ ထူးချွန်တဲ့ပုံပဲ"
လုယွီက သရော်တော်တော်ပြောဆိုသည်။
သူ ယခင်က ရွှေအလင်းဗုဒ္ဓဘုရားကျောင်းကို ဖျက်ဆီးခဲ့သည့်အချိန်၌ မရေမတွက်နိုင်သောဗုဒ္ဓကျင့်ကြံသူများ၏ တိုက်ခိုက်မှုအောက်တွင်သူသည် သွေးနှင့်ခင်း၍ လမ်းကြောင်းတစ်ကြောင်းကို ဖွင့်ခဲ့ရသည်။
ဤတစ်ကြိမ်တွင်လည်း ဗုဒ္ဓထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံး သူ့ကို ဝိုင်းရံတိုက်ခိုက်နေကာ သူ အသက်ရှင်သန်ရန်အတွက် မည်သည့်အခွင့်အရေးမျှ မပေးချေ။
"ဗုဒ္ဓကိုပုတ်ခတ်ပြောဆိုခဲ့တဲ့ မင်းက ကြီးလေးတဲ့ပြစ်မှုကို ကျူးလွန်ခဲ့တယ်....မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်"
လေထုအတွင်းတွင်ရှိနေသော ဗုဒ္ဓဘုရားလောင်းတစ်ယောက်က ကျယ်လောင်ပြီးကြည်လင်ပြတ်သားသောအသံဖြင့် ပြောဆိုသည်။
ဤဗုဒ္ဓကျင့်ကြံသူများသည် သူတို့၏နာမည်ဂုဏ်သတင်းကို ဂရုစိုက်သောလူစားမျိုး မဟုတ်ချေ။အကယ်၍ တစ်စုံတစ်ယောက်သည် ဗုဒ္ဓကိုပုတ်ခတ်ပြောဆိုဝံ့ပါက သူတို့သည် လျှပ်စီးမိုးကြိုးကဲ့သို့ ကြီးကျယ်ခမ်းနားသော အရှိန်အဝါဖြင့် ချေမှုန်းပေမည်။
လုယွီသည် စိတ်ဝိညာဥ်တောင်ကို တိုက်ခိုက်ဝံ့သဖြင့် သူသည် ဗုဒ္ဓလောက၏အပြစ်သားဖြစ်သွားလေပြီ။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏နောက်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ ဤကဲ့သို့ကိစ္စမျိုးကို ပြုလုပ်ဝံ့ခြင်းမရှိချေ။
ဗုဒ္ဓလောကသည် ကျင့်ကြံသူများအားလုံးအတွက် တားမြစ်ချက်တစ်ခုပင်။စိတ်ဝိညာဉ်တောင်၏နက်ရှိုင်းသောနေရာ၌ ဗုဒ္ဓအစွမ်းထက်ကျင့်ကြံသူများ မည်မျှထိ ပုန်းအောင်းနေသည်ကို မည်သူမျှ မသိနိုင်ချေ။
ဤနေရာတွင် ဗုဒ္ဓဘုရားလောင်းဆယ်ယောက်ကျော်ရှိနေပြီး သူတို့အားလုံးသည် နယ်မြေသခင်များပင်။ထို့ပြင် သူတို့သည် အစွမ်းထက်သောဗုဒ္ဓနည်းစနစ်များကို ကျွမ်းကျင်စွာတတ်မြောက်ထားပေ၏။
ဤကဲ့သို့ အင်အားပြည့်ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် လုယွီ၏စိတ်ဝိညာဥ်အမျှင်တန်း တဖြည်းဖြည်းမှေးမှိန်သွားကာ အချိန်မရွေးငြိမ်းသေသွားနိုင်သည့်အလားပင်။
"ဗုဒ္ဓကိုကိုးကွယ်တာက ငရဲကိုမကျဘူး...ဗုဒ္ဓကျမ်းစာတွေကိုရွတ်ဆိုတာက ဆာလောင်တဲ့သရဲတစ္ဆေဘဝကို မကျနိုင်ဘူး...ဘုန်းတော်ကြီးတစ်ပါးကိုကိုးကွယ်တာက ဆိုးရွားတဲ့ဘဝသစ်ကိုမကျစေဘူး"
ပတ်ဝန်းကျင်ရှိဘုန်းတော်ကြီးများသည် ကျမ်းစာများကို ရွတ်ဆိုလိုက်ကြကာ လုယွီ၏စိတ်ကို နှောက်ယှက်ပြီး သူ၏စိတ်ဝိညာဥ်ကိုဖရိုဖရဲဖြစ်အောင် ပြုလုပ်လိုသည့်အလားပင်။
လုယွီသည် အန္တရာယ်အငွေ့အသက်ကို ခံစားမိလေ၏။သူ၏မျက်လုံးကို တင်းတင်းကြပ်ကြပ်စုံမှိတ်ကာ သူ၏နတ်ဘုရားစိတ်အာရုံကို သူ၏စိတ်နှလုံးသားအတွင်းသို့ စေလွှတ်ပြီး သူ့ကိုကြည့်ရသည်မှာ နက်ရှိုင်းစွာစဉ်းစားတွေးတောနေသည့်အလားပင်။
သူသည် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရန်ခက်ခဲသော မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။သူသည် ဗုဒ္ဓအစွမ်းထက်ကျင့်ကြံသူ အမြောက်အများနှင့် ရင်ဆိုင်နေရသော်လည်း သူ့ကိုကြည့်ရသည်မှာ တည်ငြိမ်ပြီး စိတ်ကြည်လင်နေဆဲပင်။
"တကယ်လို့ ငါ့ရဲ့စိတ်ကို နှောက်ယှက်ချင်တယ်ဆိုရင် ငါက ငါ့ရဲ့စိတ်နှလုံးသားကိုပဲ ယုံကြည်ကိုးကွယ်ရမယ်....တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို အညံ့ခံစေချင်တယ်ဆိုရင် ငါ့ရဲ့စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာ ငါ သိရမယ်...ဘုန်းတော်ကြီးတွေက သန်မာအားကောင်းပေမယ့် သူတို့က ဗုဒ္ဓကို အနိုင်မယူရဲကြဘူး ..ဒါကြောင့် သူတို့ရဲ့ဘဝတလျှောက်လုံးမှာ အရမ်းအစွမ်းထက်လာတယ်ဆိုရင်တောင် အထွတ်အထိပ်အခြေအနေကို ဘယ်တော့မှ မရောက်နိုင်ဘူး"
လုယွီက သူ၏စိတ်နှလုံးသားအတွင်း၌ စဉ်းစားတွေးတောလိုက်သည်။ဤအချိန်အခိုက်အတန့်၌ သူ၏အတားအဆီးများ ပြေလျော့သွားသည်ကို ခံစားလိုက်ရကာ သူ၏စိတ် တဖြည်းဖြည်း ပို၍ကြည်လင်လန်းဆန်းလာသည်။
လုယွီ၏မျက်လုံးအတွင်း၌ မီးတောက်နှစ်ခု လောင်ကျွမ်းနေသည့်အလား စူးရှတောက်ပနေကာ လူအများသည် သူအား စေ့စေ့မကြည့်ဝံ့တော့ချေ။