အခန်း (၄၄၅၁-၄၄၅၅)
Vol. 226 Ch. 4451-4455
Chapter 4451
"ဒီတပည့်က သူတို့အတွက် ပြိုင်ဘက်မဖြစ်နိုင်ခဲ့ဘူး"
ဝမ်လျန့်သည် သူ၏ခေါင်းကို အောက်သို့ငုံထားကာ ဆရာကျန်း၏မျက်နှာကို စေ့စေ့မကြည့်ဝံ့ချေ။
ဆရာကျန်းက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ဒါက မင်း သူတို့ကို မယှဥ်ပြိုင်နိုင်လို့ မဟုတ်ဘူး....မင်း သူတို့ကို မတိုက်ခိုက်ရဲလို့ မဟုတ်လား"
ဝမ်လျန့်၏မျက်နှာ နီမြန်းသွားကာ သူက တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်၏။
"အဲ့ဒီထန်တွေက ဝေ့ယန်မြို့တော်မှာ ဆိုးရွားတဲ့ နာမည်ဂုဏ်သတင်းရှိတယ်...ဒါပြင် စစ်ဆေးရေးရုံးတော်နဲ့ ကျောင်းတော်အကြီးအမှူးကတောင် သူတို့ကို ကာကွယ်ပေးထားတယ်...သူတို့ထဲက ဘယ်တစ်ယောက်မဆို ချမ်းသာတဲ့လူ ဒါမှမဟုတ်ရင် မြင့်မြတ်တဲ့သူပဲ...တကယ်လို့ ကျွန်တော်က သူတို့တွေနဲ့ ရန်သူဖြစ်လာမယ်ဆိုရင်...သူတို့က ကျွန်တော်ကို မြှုပ်နှံ့စရာမြေမရှိဘဲ သေအောင်လုပ်ကြလိမ့်မယ်"
"ကျွန်တော်ရဲ့မိဘနှစ်ပါး ကွယ်လွန်သွားတာ အချိန်အတော်ကြာနေပြီ...ဒါကြောင့် ကျွန်တော်က အဖိုးဖြစ်သူနဲ့ အတူတူနေရတယ်...ကျွန်တော်ရဲ့အဖိုးက တစ်ချိန်တုန်းက နတ်ဆိုးကျင့်ကြံသူတွေရဲ့ခြုံခိုတိုက်ခိုက်တာကို ခံရပြီးတော့ နာမကျန်းဖြစ်နေတယ်...သူက အပြည့်အဝပြန်ကောင်းမလာတော့တာကြောင့် ကျွန်တော်ရဲ့မဖြစ်စလောက် ထောက်ပံ့ငွေလေးကို မှီခိုပြီးတော့ အသက်ရှင်သန်နေရတယ်"
"ကျွန်တော်က ကျောင်းတော်ကနေတဆင့် တော်ဝင်စီမံကွပ်ကဲရေးရုံးတော်ကို ဝင်ခွင့်ရခဲ့တယ်....ကျွန်တော်ရဲ့ခွန်အားက အရမ်းအားနည်းတယ်ဆိုတာ ကျွန်တော် သိတယ်...သူတို့ဘယ်လောက်ပဲ လွန်ကျူးလာပါစေ ကျွန်တော် သည်းခံနိုင်တယ်...ကျွန်တော်က သူတို့ကို ခွန်အားအရ မယှဥ်ပြိုင်နိုင်ဘူး....မိသားစုနောက်ခံအင်အားအရလည်း မယှဥ်ပြိုင်နိုင်ဘူး...ထန်တွေက ကျွန်တော်ကို လက်ညှိုးတစ်ချောင်းတည်းနဲ့ ခြေမွှဖျက်ဆီးလို့ရတာကြောင့် ဒီတပည့်မှာ ရွေးချယ်စရာ မရှိခဲ့ဘူး...ကျွန်တော်မှာ တကယ့်ကို ရွေးချယ်စရာမရှိဘူး"
ဝမ်လျန့် စကားပြောဆိုနေစဥ်တွင် သူ၏အသံ၌ ငိုရှိုက်သံများ ရောယှက်နေသည်။
ပတ်ဝန်းကျင်ရှိတပည့်များသည် ထိုစကားများကိုကြားချိန်တွင် သူတို့၏မျက်လုံးများအတွင်း၌ ဒေါသအရိပ်အယောင်များ ထင်ဟပ်လာသည်။
"မင်းမှာ ဘာနောက်ခံအင်အားမှ မရှိပေမယ့်...မင်းမှာ ငါ ရှိတယ်"
ဆရာကျန်းက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ဒီနေ့ ငါက ဒီလိုကိစ္စမျိုးနဲ့ ရင်ဆိုင်ရမှတော့...ငါက မမြင်ချင်ယောင်ဆောင်မနေနိုင်ဘူး...ငါနဲ့အတူ တရားရုံးတော်ကို လိုက်ခဲ့စမ်း"
"ငါ ဒီကိစ္စကို လုံးဝအလွတ်မပေးနိုင်ဘူး"
"တရားရုံးတော်ကိုသွားပြီးတော့ တရားမျှတမှုရှာမယ်"
တပည့်များအားလုံးသည် မခံမရပ်နိုင်ဖြစ်နေကြကာ သူတို့အားလုံး အလွန်အမင်းဒေါသထွက်နေကြသည်။
ဤသမိုင်းသင်ကြားမှုအတန်းသည် ပျင်းရိငြီးငွေ့ဖွယ်ကောင်းကာ ကျင့်ကြံရာ၌ အကျိုးကျေးဇူးများစွာ မရရှိနိုင်ချေ။ထို့ကြောင့် ဤနေရာတွင် ထန်အင်ပါယာမှလူများ မရှိပေ။
တပည့်များသည် ဆရာကျန်း၏နောက်သို့လိုက်၍ ကြီးကျယ်ခမ်းနားသောအင်အားဖြင့် ပြင်ပသို့ ထွက်လာခဲ့ကြတော့သည်။
.....
တရားရုံးတော်၌....
တရားရေးအရာရှိ၏မျက်နှာပေါ်တွင် စိုးရိမ်သောကများဖြင့် ပြည်နှက်နေကာ ဆရာကျန်းကိုစူးစိုက်ကြည့်ပြီး ပြောဆိုသည်။
"မင်းက ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ....မင်းက ဘာလို့ ဒီလောက်ထိ သွေးဆူနေတာလဲ... လူငယ်လေးတစ်ယောက် ဒဏ်ရာလေးနည်းနည်းရသွားရုံပဲ မဟုတ်လား...သူ့အတွက်နဲ့ မင်းကိုယ်တ်ုင် ရှေ့ထွက်လာဖို့ လိုလို့လား"
ဆရာကျန်းက ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"တကယ်လို့ ဝမ်လျန့်က ယှဉ်ပြိုင်ရေးကွင်းပြင်ထဲမှာ အရိုက်ခံရမယ်ဆိုရင်...သူ သေသွားရင်တောင် ငါက သူ့အတွက် ရှေ့ထွက်ပြီး စကားပြောမှာမဟုတ်ဘူး...ဘာလို့လဲဆိုရင် ဒါက စည်းမျဉ်းတွေအတွင်းမှာ ရှိနေလို့ပဲ"
"စီမံကွပ်ကွဲရေးရုံးတော်မှာ စည်းမျဉ်းတွေရှိနေတာကြောင့် ပြင်ပနေရာတွေမှာ သီးသန့်တိုက်ခိုက်ဖို့ ခွင့်မပြုထားဘူး...ဒါပေမယ့် ထန်အင်ပါယာရဲ့ကျောင်းတော်သားတွေက ဝမ်လျန့်ကို ထိခိုက်နာကျင်အောင် လုပ်ခဲ့တယ်...သူတို့က သူ့ကို ရိုက်နှက်ခဲ့ရုံတင်မကဘူး...သူ့ရဲ့အရိုးသန့်စင်ခြင်းဆေးလုံးကိုလည်း လုယူသွားခဲ့တယ်"
"အတန်းဖော်တစ်ယောက်ကို ရိုက်ပြီးတော့ သူ့ကိုအနိုင်ကျင့်ခဲ့တာက ကြီးလေးတဲ့ပြစ်မှုကြီးပဲ...ဒါက အနိုင်ကျင့်တာပဲ...ဆေးလုံးကို လုယူတယ်....ဒါက လုယက်မှုပဲ...သူတို့က ဝေ့ယန်မြို့တော်ထဲမှာ ထင်ရာစိုင်းနေမှတော့ သူခိုးဓားပြတွေနဲ့ ဘာကွာခြားချက် ရှိသေးလို့လဲ"
တရားရေးအရာရှိသည် မတုန်မလှုပ်ရှိနေဆဲပင်။ သူသည် သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုလိုက်၏။
"မင်း နားမလည်ပါဘူး...ထန်အင်ပါယာရဲ့ကျောင်းတော်သားတွေက အဝေးတစ်နေရာကနေ လာခဲ့တာ...ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ဒီလိုလုပ်တာက သူတို့အတွက် အသုံးလိုနေလို့ဖြစ်မှာပါ...သူတို့ကို မျက်နှာသာတချို့ပေးပြီးတော့ အဲ့ဒီကိစ္စကို ဒီအတိုင်းထားလိုက်ပါ"
"ငါက သူတို့ကို မျက်နှာသာပေးပြီးပြီ...သူတို့က ငါ့ရဲ့မျက်နှာကို ထောက်လို့လား"
ဆရာကျန်းက အေးစက်တင်းမာစွာ ပြောဆိုသည်။
"သူတို့က ငါတို့ရဲ့ဘာသာစကားကို နားမလည်ဘူး...ငါတို့ ဘာပြောတယ်ဆိုတာကိုရော သူတို့နားလည်လို့လား...အုပ်ချုပ်ရေးအစိုးရက ထန်အင်ပါယာရဲ့ကျောင်းတော်သားတွေအတွက် ထောက်ပံ့ငွေတွေ အမြဲတမ်းပေးခဲ့တယ်...ဒါက သာမန်ကျောင်းတော်သားတစ်ယောက်ထက် ဆယ်ဆကျော်ပိုတယ်...သူတို့ကို ကျင့်ကြံခြင်းမျှော်စင်နဲ့သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်တို့ကို အတားအဆီးမရှိ အသုံးပြုခွင့်ပေးခဲ့တယ်.... သူတို့က ကျမ်းစာဆောင်ထဲက ကျင့်ကြံနည်းစနစ်ကိုလည်း အချိန်မရွေး ဖတ်ရှုလေ့လာနိုင်တယ်...သာမန်ကျောင်းတော်သားတွေဆိုရင် ဒီလိုမျိုး အဆင့်မြင့်တဲ့ဆက်ဆံမှုမျိုးကိုရဖို့ အိပ်မက်တောင်မမက်ဝံ့ကြဘူး....ဒီတော်ဝင်စီမံကွပ်ကဲရေးရုံးတော်က ချီအင်ပါယာအတွက် တည်ဆောက်ထားတာလား ဒါမှမဟုတ်ရင် ထန်အင်ပါယာအတွက်လား"
"ပြောတာကောင်းတယ်...."
ပြင်ပမှနေ၍ ချီးမွမ်းသံများ ထွက်ပေါ်လာသည်။
ဤနေရာ၌ ကျောင်းတော်သားများ ပို၍ပို၍ စုဝေးလာကာ သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြ၏။
"အဲ့ဒီထန်ကောင်တွေက အစကတော့ နတ်ဘုရားမြို့မှာ လိုက်ပြီးအသတ်ခံနေရတာ...အဲ့ဒီမြို့ထဲကနေ အသက်ရှင်ရက် လွတ်မြောက်လာတဲ့လူတွေက ဒီနေရာကိုလာပြီး ကျင့်ကြံနေကြတာပဲ"
"ငါက ထန်အင်ပါယာရဲ့ ပါရမီရှင်လို့ခေါ်တဲ့ကောင်ကို မြင်ဖူးတယ်...သူက အသက်နှစ်ဆယ့်ငါးနှစ်နီးပါး ရှိနေတာတောင် သိုင်းသူတော်စင်နယ်ပယ်ကို မရောက်သေးဘူး...အဲ့ဒီလိုလူမျိုးက အရှက်မဲ့ပြီးတော့ သူ့ကိုယ်သူ ပါရမီရှင်တစ်ယောက်လို့ ပြောဝံ့တယ်...ဒါက ရယ်စရာပြက်လုံးကြီးတစ်ခုပဲ"
Chapter 4452
ပြင်ပတွင်ရှိနေသော ကျောင်းတော်သားအမြောက်အများ တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
ဤကိစ္စ ကြီးထွားလာသည်ကိုကြည့်ပြီး တရားရေးအရာရှိသည် ဒေါသတကြီး ပြောဆိုလိုက်၏။
"အခုချက်ချင်း လူစုခွဲကြစမ်း...ဒီနေရာမှာ ဘယ်လိုဖြစ်ပြီးတော့ လူတွေ စုဝေးနေတာလဲ"
ဆရာကျန်းက ပြောဆိုသည်။
"ဖြစ်နိုင်တာတော့ ငါတို့ရဲ့ကျောင်းတော်သားတွေက အနိုင်ကျင့်ခံရရင်တောင် တရားမျှတမှုကို ရှာဖွေဖို့အတွက် နေရာတစ်နေရာမရှိတာများလား"
တရားရေးအရာရှိသည် ဒေါသထွက်သွားကာ မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်နင်းလိုက်သည်။
"မင်း ဘာသိလို့လဲ....ဒါက မိတ်ဖက်အင်ပါယာတွေကြားမှာရှိတဲ့ နည်းဗျူဟာတစ်ခုပဲ...သူတို့က အပြင်လူတွေ....သူတို့ရဲ့ရှေ့မှာ မင်းက အရှက်ရအောင် လုပ်ချင်တာလား"
ထိုစကားနှင့်အတူ သူသည် ဆရာကျန်း၏နဖူးကိုလက်ညှိုးထိုးပြီး ပြောဆိုလိုက်သည်။
"တကယ်လို့ မင်း အခုချက်ချင်း ထွက်မသွားဘူးဆိုရင် ငါ မင်းကို မင်းရဲ့ရာထူးနေရာကနေ ဖယ်ရှားမယ်...မင်းက ဒီနေရာကိုလာပြီးတော့ ငါနဲ့ ညှိနှိုင်းဝံ့တာလား...မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ"
ဆရာကျန်းသည် သူ၏ခေါင်းထက်မှ အရာရှိခေါင်းဆောင်းကိုချွတ်ကာ အေးစက်တင်းမာစွာ ပြောဆိုသည်။
"တကယ်လို့ မင်းက ငါ့ကို ရာထူးကနေ ဖယ်ရှားမယ်ဆိုရင်...ငါက ရာထူးကနေ နှုတ်ထွက်မယ်...ဒါပေမယ့် ဒီနေ့ မင်း ငါ့ကို ဖြေရှင်းချက်တစ်ခု ပေးရမယ်"
ဤအချိန်အခိုက်အတန့်တွင် တရားရုံးတော်တစ်ခုလုံးရှိလူများ ကြက်သေသေသွားသည်။
ပြည်နယ်စီမံကွပ်ကဲရေးရုံးတော်၏ဆရာများအားလုံးသည် စာပေနှင့်ယဉ်ကျေးမှုဌာန၌ အရာရှိရာထူးများကို ရရှိထားကြသည်။
ဆရာကျန်းကဲ့သို့ သဘောကောင်းသူတစ်ယောက်သည် ဤကဲ့သို့လုပ်ရပ်မျိုးကို လုပ်ဆောင်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။
ထိုအချိန်အခိုက်အတန့်မှာပင် တံခါး၏ပြင်ပမှနေ၍ ခြေလှမ်းသံများ ထွက်ပေါ်လာသည်။
"ဘယ်သူလဲဆိုတာ ငါ ကြည့်အုံးမယ်...မင်းက ငါတို့ဆီကနေ ဖြေရှင်းချက်တစ်ခု လိုချင်နေတာလား"
ပြင်ပမှနေ၍ မောက်မာထောင်လွှားစွာ ပြောဆိုသော အသံတစ်သံထွက်ပေါ်လာသည်။
အဝါရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ရုံးတော်အတွင်းသို့ ဝင်ရောက်လာပေ၏။သူ၏ခန္ဓာကိုယ်သည် ဝဖြိုးပြီး သူ၏နံဘေးတွင် လူငယ်ငါးယောက်ခြောက်ယောက်ခန့်ရှိနေကာ သူတို့၏မျက်နှာများထက်တွင်လည်း မောက်မာထောင်လွှားသောအမူအယာများ ရှိနေသည်။
တရားရေးအရာရှိသည် အဝါရောင်ဝတ်စုံဝတ်လူငယ် ရောက်ရှိလာသည်ကို မြင်တွေ့ချိန်တွင် သူ၏မျက်နှာပေါ်၌ မျက်နှာချိုသွေးသောအမူအယာတစ်ရပ် ချက်ချင်းထင်ဟပ်လာသည်။
"နယ်စားကျိုး...မင်း ရောက်လာပြီလား..."
တရားရေးအရာရှိက ရှေ့သို့လျှောက်လှမ်းသွားပြီး တိုးညှင်းသောအသံဖြင့် ပြောဆိုလေ၏။
ပတ်ဝန်းကျင်ရှိလူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူတို့သည် သူတို့၏ရှေ့တွင်ရှိနေသော အဝါရောင်ဝတ်စုံဝတ်လူငယ်ကို သိရှိထားသည်။ထိုလူငယ်၏နာမည်သည် ကျိုးထန်ပင်။
ချီဘုရင်သည် သူ၏မျိုးရိုးနာမည်ကို စွန့်လွှတ်ကာ ကျိုးမိသားစုအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ထို့ကြောင့် ကျိုးမိသားစုသည် တော်ဝင်မိသားစုအဖြစ်သို့ အဆင့်မြင့်တက်သွားပေ၏။
ကျိုးထန်သည် မူလက ကျိုးမိသားစု၏ဆွေမျိုးတစ်ယောက်ပင်။သို့ရာတွင် ဤကဲ့သို့ အပြောင်းအလဲတစ်ခုကြောင့် သူသည် ချီအင်ပါယာ၏နယ်စားတစ်ယောက် ဖြစ်သွားခဲ့သည်။
ချီအင်ပါယာ၏ပိုင်နက်နယ်မြေသည် အကန့်အသတ်ရှိသဖြင့် ကျိုးထန်သည် နယ်မြေငယ်လေးတစ်ခုကိုသာ အပိုင်စားရရှိခဲ့သည်။သို့ရာတွင် သူ၏အဆင့်အတန်းသည် အလွန်မြင့်မားသဖြင့် ဝေ့ယန်မြို့တော်အတွင်း၌ သူ ထင်ရာစိုင်းသောင်းကျန်းနေသည့်တိုင် မည်သူတစ်ဦးတစ်ယောက်ကမျှ ဟန့်တားဝံ့ခြင်းမရှိချေ။
ကျိုးထန်၏နောက်တွင် ထန်ကျောင်းတော်သားတစ်စု ရှိနေသည်။
ထိုလူများအားလုံး၏မျက်နှာများထက်တွင် သရော်တော်တော်အပြုံးများရှိနေပြီး ရံဖန်ရံခါ၌ သူတို့သည် ဝမ်လျန့်ကိုလက်ညှိုးထိုးကာ ရိုင်းပျစွာအော်ဟစ်ရယ်မောနေကြ၏။
ကျိုးထန်က အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
"တစ်ယောက်ယောက်က ထန်အင်ပါယာက ငါ့ရဲ့မိတ်ဆွေတွေကို စွပ်စွဲနေတယ်လို့ ငါ ကြားခဲ့တယ်...ဘာကိစ္စတွေ ဖြစ်သွားခဲ့တာလဲ...ငါ့ကို အတိအကျပြောစမ်း"
တရားရေးအရာရှိက ရယ်မောပြီး ပြောဆိုသည်။
"ဒါက ကိစ္စငယ်လေးတစ်ခုပါ...အရှင်နယ်စားက စိုးရိမ်ပူပန်ဖို့ မလိုပါဘူး"
ထိုစကားနှင့်အတူ တရားရေးအရာရှိသည် မတ်တတ်ထရပ်ပြီး ဆရာကျိုးကို လက်ညှိုးထိုးကာ ပြောဆိုလိုက်သည်။
"မင်းတို့အားလုံး ထွက်သွားကြစမ်း...ဒီနေရာမှာဆက်ပြီး ဆူမနေကြနဲ့"
"ခဏနေအုံး..."
ကျိုးထန်က ဆရာကျန်းကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြောဆိုလေ၏။
"ဆရာတစ်ယောက်အနေနဲ့ မင်းက အမှားနဲ့အမှန်ကို ခွဲခြားနိုင်ရမယ်...မင်းက ဝမ်လျန့်ကို သူ့ရဲ့အတိုင်းအဆကို နားလည်သဘောပေါက်အောင် ရှင်းရှင်းလင်းလင်း သင်ကြားပေးရမယ်...မင်း မသင်ပေးနိုင်တာကြောင့် ငါတို့က သင်ပေးခဲ့တာပဲ.... တကယ်လို့ မင်းက ငါတို့ကို ကျေးဇူးမတင်ရင်တောင် အဆင်ပြေသေးတယ်...ဒါပေမဲ့ မင်းက ဘာလို့ ငါတို့ကို ပြစ်တင်စွပ်စွဲနေတာလဲ"
သူ၏မျက်နှာပေါ်တွင် အပြစ်ကင်းစင်သော အမူအယာတစ်ရပ် ရှိနေသည်။ဤသည်မှာ အမှားလုပ်သောလူများသည် ဆရာကျမ်းနှင့်ဝမ်လျန့်တို့ ဖြစ်နေသည့်အလားပင်။
ကျောင်းတော်သားအများစုသည် ဒေါသထွက်သွားကာ သူတို့၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။သို့ရာတွင် နယ်စားဟူသော ကျိုးထန်၏အဆင့်အတန်းကြောင့် သူတို့သည် ဒေါသူပုန်ထဝံ့ခြင်းမရှိချေ။
ဆရာကျန်း၏မျက်နှာ တည်ငြိမ်အေးဆေးနေဆဲပင်။ထို့နောက် သူသည် ဝမ်လျန့်၏နောက်ကျောကို တစ်ချက်ပုတ်ပြီး ပြောဆိုသည်။
"မင်းကိုရိုက်တာ ဘယ်သူတွေလဲ"
ဝမ်လျန့်၏ခန္ဓာကိုယ် တုန်ရီသွားသည်။ဤအချိန်အခိုက်အတန့်တွင် သူသည် အနည်းငယ်ထိတ်လန့်ကြောက်ရွံ့နေပေ၏။
ဆရာကျန်းက ကျယ်လောင်စွာပြောဆိုသည်။
"တကယ်လို့ မင်းက ဆက်ပြီးတော့ ကြောက်နေအုံးမယ်ဆိုရင်...နောက်ဆို မင်းအတွက် ဘယ်သူကမှ ရှေ့ထွက်ပြီး ပြောပေးတော့မှာမဟုတ်ဘူး....မင်းကိုယ်မင်းတောင် မကူညီနိုင်ဘူးဆိုရင် တခြားလူတွေ မင်းကိုကူညီပေးဖို့ မမျှော်လင့်နဲ့"
ဝမ်လျန့်၏ခန္ဓာကိုယ် တုန်ရီသွားကာ သူ၏ခေါင်းကိုမော့ပြီး ထန်ကျောင်းတော်သားတချို့ကို သူ၏နီမြန်းနေသော ဒေါသမျက်လုံးတစ်စုံဖြင့် ကြည့်လိုက်သည်။
"သူတို့အားလုံးက ကျွန်တော်ကို တိုက်ခိုက်ခဲ့တာပဲ...သူက ကျွန်တော်ဆီကနေ အရိုးသန့်စင်ခြင်းဆေးလုံးကို လုယူသွားတဲ့လူပဲ"
"ဒီလူက ကျွန်တော်ရဲ့နဖူးကို အုတ်ခဲနဲ့ရိုက်ပြီးတော့....သူ့ရဲ့လက်သီးချက်တွေကြောင့် ကျွန်တော်ရဲ့နံရိုးတွေ ကျိုးသွားခဲ့တယ်"
"ဒီလူက ကျွန်တော်ကိုကန်ပြီး မြေပြင်ပေါ်ကို လဲကျသွားစေခဲ့တယ်...ပြီးတော့ သူက သူရဲ့ဘောင်းဘီကိုချွတ်ပြီး ကျနော့်ရဲ့ခန္ဓာကိုယ်ပေါ်ကို သေးပန်းချခဲ့တယ်"
ထိုစကားကိုပြောဆိုနေချိန်တွင် ဝမ်လျန့်သည် တိတ်တဆိတ် ငိုရှိုက်နေလေ၏။
တံခါး၏ပြင်ပတွင် လှုပ်လှုပ်ရွရွဖြစ်လာကာ ကျောင်းတော်သားများအားလုံး ဒေါသထွက်နေကြသည်။သူတို့၏အတန်းဖော်သည် တိုင်တစ်ပါးမှလူများ၏ အနိုင်ကျင့်ခြင်းကို ဤမျှအဆင့်ထိ ခံထားရမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
Chapter 4453
ဆရာကျန်းက ထန်ကျောင်းတော်သားများကို မျက်နှာချင်းဆိုင်ပြီး မေးမြန်းလိုက်သည်။
"မင်းတို့က အဲဒီကိစ္စတွေကို လုပ်ခဲ့တာလား"
ထန်ကျောင်းတော်သားများသည် အဖြေပေးရန် ရည်ရွယ်မထားချေ။သူတို့သည် ဆက်လက်၍ အော်ဟစ်ရယ်မောပြီး သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြသည်။
ကျိုးထန်က သရော်တော်တော်ပြောဆိုလိုက်၏။
"မင်းမှာ သက်သေရှိလား...မင်းက သူ့ရဲ့စကားကိုပဲ နားထောင်ခဲ့တာ...ဒီကိစ္စတွေက အမှန်ဆိုတာကို မင်း ဘာနဲ့သက်သေပြနိုင်လဲ"
ရုံးတော်၏ရှေ့တွင်ရှိနေသော ကျောင်းတော်သားတစ်ယောက်က ချက်ချင်းအော်ဟစ်လိုက်သည်။
"ငါက အဲ့ဒီကိစ္စကို ငါကိုယ်တိုင် မြင်တွေ့ခဲ့တယ်....အဲ့ဒီအချိန်တုန်းက ထန်ကျောင်းတော်သားတွေက ဝမ်လျန့်ကို ဝိုင်းရိုက်နေကြတယ်"
"မင်း မြင်ရင်တောင် ဘာအသုံးဝင်မှာမလို့လဲ...မင်းက သူ့ဘက်ကလူ ဟုတ်မဟုတ်ဆိုတာ ဘယ်သူက သိနိုင်မှာလဲ....မင်းမှာ သက်သေရှိလို့လား....အဓိပ္ပါယ်မရှိတာတွေ ဒါက အတန်းဖော်အချင်းချင်းကြားမှာ နောက်ပြောင်နေတယ်ဆိုတာ အသိသာကြီးလေ...ဖန်သားလိုကြေမွှလွယ်တဲ့ စိတ်နှလုံးသားရှိတဲ့လူက ဒီလိုဖိအားအရှိန်အဝါတွေကို တောင့်မခံနိုင်တာပဲ...သူက နောင်တချိန်မှာ ကိစ္စကြီးတွေကို ဘယ်လိုလုပ်ပြီး တာဝန်ထမ်းဆောင်နိုင်မှာလဲ"
ကျိုးထန်က လှောင်ပြောင်သရော်လိုက်သည်။
ကျောင်းတော်သားများသည် တစ်စုံတစ်ခုကိုပြောရန် ဟန်ပြင်လိုက်သော်လည်း ကျိုးထန်က တင်းမာခက်ထန်သောလေသံဖြင့် ဟန့်တားလေသည်။
"မင်းတို့က တိုင်းတစ်ပါးကအတန်းဖော်သူငယ်ချင်းတွေကို စွပ်စွဲခဲ့တယ်...မင်းတို့ရဲ့ရည်ရွယ်ချက်တွေက အပြစ်ပေးခံရသင့်တယ်... မင်းတို့ ဘာအမှားမှ ထပ်ပြီးမလုပ်ကြနဲ့တော့"
အစောပိုင်းက အချင်းချင်းတိုင်ပင်ဆွေးနွေးနေကြသော စီမံကွပ်ကဲရေးရုံးတော်မှကျောင်းတော်သားများသည် သူတို့၏စကားပြောဆိုနေမှုများကို တစ်ပြိုင်နက်တည်း ရပ်တန့်လိုက်ကြ၏။
ဤလူများသည် ချီအင်ပါယာ၏အနာဂတ်အရာရှိလောင်းများပင်။
ပုန်းကွယ်နဂါးစစ်တပ်သည် ဝေ့ယန်မြို့၏ရှေ့၌ ရောက်နေသည့်တိုင် ချီအင်ပါယာတွင် ဝှက်ဖဲများရှိမရှိ မည်သူက သိနိုင်မည်နည်း။
ထို့ပြင် ကျိုးမိသားစုတွင် တာအိုသခင်တစ်ယောက် ရှိနေသည်။ဗဟိုတော်ဝင်နန်းတော်မှ ချုပ်ကိုင်ထားသော နယ်မြေတစ်ခြမ်းသည် ချီအင်ပါယာ၏လက်အတွင်း၌ ရှိနေဆဲပင်။ထိုကြောင့် ဤတိုက်ပွဲ၏ရလဒ် မည်ကဲ့သို့ ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ချေ။
အကယ်၍ ယခုလက်ရှိအချိန်တွင် သူတို့သည် ကျိုးထန်ကို ရန်စစော်ကားလိုက်ပါက ကျိုးမိသားစုကို ရန်သူဖြစ်အောင်လုပ်သည်နှင့် ကွဲပြားခြားနားမည်မဟုတ်ချေ။ဤသည်ကြောင့် သူတို့၏အနာဂတ် ပျက်စီးသွားမည်သာမက ကျိုးထန်သည် သူတို့အပေါ် ရန်ငြိုးထားကာ အာဏာပိုင်များ၏ပစ်မှတ်ဖြစ်အောင် ပြုလုပ်လာနိုင်သည်။
အစောပိုင်းက ရှေ့ထွက်လာကြသော ကျောင်းတော်သားများ၏မျက်နှာများ နီမြန်းသွားသော်လည်း ရှေ့သို့ခြေတစ်လှမ်းမတိုးဝံ့ကြတော့ချေ။
"ဒီလူတွေကတော့ ဒီပုံစံအတိုင်း အတူတူတွေပဲ...သူတို့က ကြောက်တတ်ပြီးတော့ သူရဲဘောကြောင်တယ်"
ထန်ကျောင်းတော်သာများသည် သရော်တော်တော် ရယ်မောလိုက်ကြ၏။
သူတို့သည် သူတို့၏အသံများကို အနည်းငယ်မျှ ဖုံးကွယ်ထားခြင်းမရှိသဖြင့် ကျောင်းတောသားအများစုသည် နာကြည်းမုန်းတီးမှုဖြင့် အံ့တင်းတင်းကြိတ်လိုက်ကြသည်။
သို့ရာတွင် သူတို့သည် မည်သည့်အရာအား တတ်နိုင်မည်နည်း....
ထန်အင်ပါယာမှလူများသည် ဝေ့ယန်မြို့အတွင်း၌ အလွန်အဆင့်အတန်းမြင့်မားလေရာ မည်သည့်နေရာသို့သွားသည်ဖြစ်စေ ထင်ရာစိုင်းသောင်းကျန်းနိုင်သည်။
ချီအင်ပါယာမှအရာရှိအများစုပင်လျှင် ထန်ကျောင်းတော်သားများကို အလွန်အမင်းရိုသေလေးစားစွာဆက်ဆံကာ မျက်နှာချိုသွေးနေကြသည်။
"မင်းက ဆရာတစ်ယောက်ဖြစ်တာကြောင့် ငါ မင်းနဲ့ အငြင်းမပွားတော့ဘူး....ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့အမြင်က မမြင့်ဘူး...ဒါကြောင့် မင်းက ဆင်းရဲနွမ်းပါးတဲ့ စာဂျပိုးတစ်ယောက်ဖြစ်ဖို့ ကံကြမ္မာပါပြီးသားပဲ"
"အင်ပါယာနှစ်ခုကြားမှာ မိတ်ဖွဲ့တာက ရေရှည်ကိစ္စတစ်ခုပဲ....ထန်အင်ပါယာက အရမ်းအစွမ်းထက်ပြီးတော့ ထက်မြက်တယ်...ထန်အင်ပါယာရဲ့ပါရမီရှင်တွေက ဝမ်လျန့်ကို သူ့ကိုယ်သူသိအောင် ကူညီပေးနေတာပဲ...မင်းက သူတို့ကို ပြစ်တင်စွပ်စွဲမယ့်အစား ကျေးဇူးတင်သင့်တယ်... အဲ့ဒီကိစ္စကို သေသေချာချာပြန်ပြီး စဉ်းစားတွေးတောမယ်ဆိုရင် မင်း နားမလည်တာတွေ အများကြီးရှိသေးတယ်ဆိုတာ သိသွားလိမ့်မယ်"
ထို့နောက် ကျိုးထန်သည် ဆရာကျန်းကို သရော်တော်တော်ကြည့်ပြီး အဝေးသို့လျှောက်လှမ်းသွားတော့သည်။
သူ၏နောက်တွင်ရှိနေသော ထန်ကျောင်းတော်သားတစ်သိုက်သည်လည်း သရော်တော်တော်ရယ်မောလိုက်ကြ၏။ဤလှောင်ပြောင်ရယ်မောသံများသည် နားအူလုမတတ် အလွန်အမင်းကျယ်လောင်သည်။
ကျောင်းတော်သားများသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လမ်းဖွင့်ပေးလိုက်ကာ ထိုလူတစ်စု မောက်မာထောင်လွှားစွာ ထွက်ခွာသွားသည်ကို စောင့်ကြည့်လိုက်ကြသည်။
သူတို့အားလုံး၏မျက်လုံးများအတွင်း၌ မီးတောက်များ လောင်ကျွမ်းနေသည့်အလား ပူလောင်ပြင်းပြနေသည်။သို့ရာတွင်ဟတစ်ဖက်လူ၏အဆင့်အတန်းကြောင့် သူတို့သည် ဒေါသူပုန်ထဝံ့ခြင်း မရှိချေ။
တရားရေးအရာရှိသည် ဆရာကျန်းကိုစူးစိုက်ကြည့်ပြီး အေးစက်စက်အသံဖြင့် ပြောဆိုသည်။
"မင်းရဲ့ကံက မဆိုးဘူး...နယ်စားကျိုးက မင်းကို စီမံကွပ်ကဲရေးရုံးတော်မှာ ဆရာတစ်ယောက်အဖြစ် ဆက်ပြီးတာဝန်ထမ်းခွင့်ပြုထားတယ်...ဒါမှမဟုတ်ရင် ဒီနေ့မင်းရဲ့လုပ်ရပ်ကြောင့် ဘာကိစ္စပဲရှိနေနေ ငါက မင်းကို ရာထူးနေရာကနေ ထုတ်ပယ်ရလိမ့်မယ်"
"အဲ့ဒီကိစ္စက မင်းလုပ်ဖို့ မလိုဘူး.. ငါ့ဟာငါ နှုတ်ထွက်မယ်"
ဆရာကျန်းက အေးစက်စက်အော်ငေါက်လိုက်သည်။
"ဒါက တခြားအင်ပါယာကလူတွေကို မျက်နှာချိုသွေးပြီးတော့ အောက်ကျို့ပြီးဆက်ဆံနေရတဲ့ အင်ပါယာတစ်ခုပဲ...တကယ်လို့ ငါ ဒီနေရာမှာ မနေရဘူးဆိုရင်တောင် အဆင်ပြေသွားမှာပါ"
တရားရေးအရာရှိသည် ဒေါသထွက်သွားလေ၏။သူသည် စားပွဲခုံကိုရိုက်ပုတ်ပြီး မတ်တတ်ထရပ်လိုက်သည်။
"အတင့်ရဲလှချည်လား...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ တော်ဝင်နန်းတွင်းကို အပြစ်တင်ဝံ့တာလဲ"
ဆရာကျန်းက အေးစက်တင်းမာစွာ တုံ့ပြန်သည်။
"တကယ်လို့ မင်း မကျေနပ်ဘူးဆိုရင် ဒီကိစ္စကို အုပ်ချုပ်ရေးရုံးတော်ဆီ သတင်းပို့လို့ရတယ်"
ထိုသို့ပြောဆိုပြီးနောက် ဆရာကျန်းသည် တံခါးထံသို့လျှောက်လှမ်းသွားပြီ ကျယ်လောင်စွာပြောဆိုလိုက်၏။
"အမှန်တရားနဲ့တရားမျှတမှုက အမြဲတမ်းရှိနေတယ်လို့ ငါ ယုံကြည်တယ်....ဒီကိစ္စကို မင်း သတင်းပို့တာမပို့တာကို ငါ စိတ်မဝင်စားတော့ဘူး...အချိန်ကျလာရင် မင်းက အမြဲတမ်းအသာစီးရနေနိုင်မှာ မဟုတ်ဘူး"
"တကယ်လို့ မင်း ဆက်ပြီးတော့ ပေါက်ကရစကားတွေကို ပြောနေအုံးမယ်ဆိုရင် ငါက အစောင့်တွေကိုခေါ်ပြီး မင်းကို မောင်းထုတ်ရလိမ့်မယ်...မင်း အခုချက်ချင်း ထွက်သွားစမ်း"
တရားရေးအရာရှိက စိတ်မရှည်သောအမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
Chapter 4454
"ဆရာ....ကျွန်တော်ကြောင့် ဆရာ ပင်ပန်းခဲ့ရပြီ"
ဝမ်လျန့်က မြေပြင်ပေါ်၌ဒူးထောက်ကာ သူ၏မျက်လုံးအတွင်း၌ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။
ဆရာကျန်းက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"လုပ်သင့်တဲ့ကိစ္စနဲ့မလုပ်သင့်တဲ့ကိစ္စဆိုတာ အမြဲတမ်းရှိနေတယ်...တကယ်လို့ ငါက မတရားမှုကို မမြင်ချင်ယောင်ဆောင်လိုက်ရင် ငါ့ရဲ့တာအိုနှလုံးသားက တည်ငြိမ်တော့မှာ မဟုတ်ဘူး"
ထိုစကားနှင့်အတူ ဆရာကျန်းသည် သူ၏ခေါင်းကိုနောက်သို့ပြန်လှည့်ပြီး ကျောင်းတော်သားများအားလုံးကို ကြည့်လိုက်သည်။
"မင်းတို့ လုံ့လဝီရိယစိုက်ထုတ်ပြီး ကျင့်ကြံကြပါ...နောင်အနာဂတ်ကျရင် ဒါက မင်းတို့အတွက် သေချာပေါက် အသုံးဝင်လာလိမ့်မယ်"
ကျောင်းတော်သားများအားလုံးသည် ဆရာကျန်းကို တညီတညွတ်တည်း အရိုအသေပြုလိုက်ကြ၏။
ဆရာကျန်း သင်ကြားသော သမိုင်းစာပေအတန်းသည် ကျောင်းတော်၌ မသိသာမထင်ရှားသော အကြောင်းအရာဖြစ်သည့်အပြင် လူသိများကျော်ကြားသောအတန်းလည်း မဟုတ်ချေ။ထိုကြောင့် ယခင်က ဆရာကျန်း၏သင်ကြားမှုကို ကျောင်းတော်သားတိုင်း လာရောက်သင်ယူလေ့မရှိချေ။
ယခုအချိန်၌ ဆရာကျန်းသည် ကျောင်းတော်သားများကိုသင်ကြားပေးကာ သူတို့၏သံသယများကို ဖယ်ရှားပေးခဲ့သည်။
ကျောင်းတော်၌ ကျင့်ကြံနည်းစနစ်များနှင့်သိုင်းပညာများကို သင်ကြားပေးနေသည့် ဆရာအမြောက်အများရှိသော်လည်း ဆရာကျန်းအပြင် မည်သူတစ်ဦးတစ်ယောက်ကမျှ ကျောင်းတော်သားများအတွက် ရှေ့ထွက်မလာခဲ့ပေ။
ဆရာကျန်းသည် ကျောင်းတော်သားများ၏ ရိုသေလေးစားစွာ နှုတ်ဆက်ခြင်းကို ခံယူပြီးနောက် ထွက်ခွာခဲ့တော့သည်။သူသည် ချမ်းသာကြွယ်ဝသော ကျောင်းတော်သားတချို့ပေးသည့် လက်ဆောင်များကိုငြင်းဆန်ကာ လမ်းများအကြား၌ ပျောက်ကွယ်သွားလေ၏။
ကျောင်းတော်သားအမြောက်အများသည် ဆရာကျန်းကို သူတို့၏မြင်ကွင်းမှ ပျောက်သွားသည်အထိ စောင့်ကြည့်နေကြသည်။
"ဝမ်လျန့်...ဒီနေ့ကနေစပြီးတော့ မင်းက ငါရဲ့နောက်ကို လိုက်နိုင်တယ်.. အဲ့ဒီထန်ကောင်တွေက မင်းအပေါ်မှာ တစ်ခုခုထပ်လုပ်ရဲရင် ငါက စာရင်းရှင်းမယ်"
ချမ်းသာကြွယ်ဝသောမိသားစုတစ်စုမှလာသော ကျောင်းတော်သားတစ်ယောက်က ပြောဆိုသည်။
"ဘာမှမစိုးရိမ်နဲ့....ငါတို့အားလုံး မင်းကို ကာကွယ်ပေးမယ်...မင်း ဘာမှမဖြစ်စေရဘူး... ငါတို့က အရင်ဆုံး မင်းကို ဆေးခန်းကိုခေါ်သွားပြီးတော့ မင်းကို ကုသပေးမယ်"
ကျောင်းတော်သားများသည် တစ်ယောက်ပြီးတစ်ယောက် ပြောဆိုလိုက်ကြကာ သူတို့အားလုံးထံတွင် ဖြောင့်မတ်မှန်ကန်သောစိတ်ထားများဖြင့် ပြည့်နှက်နေသည်။
သာမန်အားဖြင့် သူတို့အားလုံးသည် ကျောင်းတော်အတွင်း၌ အတန်းဖော်များဖြစ်သည့်တိုင် သူတို့အကြားရှိဆက်ဆံရေးသည် နက်ရှိုင်းခြင်းမရှိချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထန်အင်ပါယာမှလူများနှင့် ရင်ဆိုင်ရချိန်တွင် သူတို့အကြား၌ မကြုံစဖူးညီညွတ်မှုတစ်ခုကို ရရှိသွားခဲ့သည်။
ချီအင်ပါယာကို တည်ထောင်ခဲ့သည်မှာ မည်မျှ ကြာမြင့်သေးသနည်း။မသိစိတ်မှနေ၍ လူအများစုသည် သူတို့ကိုသူတို့ တာယွီအင်ပါယာ၏သူများဟု ယူဆနေကြဆဲပင်။ထန်အင်ပါယာသည် ယခုလက်ရှိအချိန်၌ ကြယ်မြစ်သုံးခုကို သိမ်းပိုက်ထားပြီး တခြားနယ်မြေများကိုလည်း ကျူးကျော်နေသဖြင့် လူအများစုသည် သူတို့အား ရန်သူအင်ပါယာတစ်ခုဟုသာ သတ်မှတ်ထားသည်။
လူအများစုအတွက် အပြင်လူများမှနေ၍ သူတို့၏နယ်မြေအတွင်းတွင် သူတို့၏အတန်းဖော်ကို ရိုက်နှက်ခြင်းအား လက်ခံနိုင်ခြင်းမရှိချေ။
"မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်.. ငါ ကျေးဇူးတင်ပါတယ်"
ဝမ်လျန့်၏ခန္ဓာကိုယ် တုန်ရီနေကာ သူ၏အသံတွင် ငိုသံစွက်နေဆဲပင်။
....
ညအချိန်၌...
ဝေ့ယန်မြို့၏အိမ်တစ်လုံးမှ လျှို့ဝှက်ခန်းတစ်ခန်းအတွင်းတွင် ဆရာကျန်းသည် ကောင်းကင်ကွန်ယက်အဖွဲ့မှ သူလျှိုတစ်ယောက်နှင့် ဆက်သွယ်နေလေ၏။
"ငါတို့ သဘောတူပြီးတဲ့ ပထမဆုံးနေ့မှာ မင်းက မင်းရဲ့တပည့်တစ်ယောက်အတွက် ရှေ့ထွက်ပြီးကူညီတာကိုပဲ လုပ်ခဲ့တာလား....အပြင်မှာရှိတဲ့စစ်ဗိုလ်ချုပ်တချို့က ငါတို့ကောင်းကင်ကွန်ယက်အဖွဲ့ကို စိတ်မကျေမနပ်ဖြစ်နေပြီ...တကယ်လို့ မင်းမှာ ယုံကြည်ချက်မရှိဘူးဆိုရင်လည်း ငါတို့ကို ထုတ်ပြောပါလား"
ကောင်းကင်ကွန်ယက်အဖွဲ့မှသူလျှို၏စကားလုံးများသည် ထက်ရှပြီး သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ကောင်းကင်ကွန်ယက်အဖွဲ့သည် တစ်နေကုန်လုံးဆရာကျန်း၏နောက်သို့ တိတ်တဆိတ်လိုက်ခဲ့သော်လည်း သူသည် မည်သည့်နည်းလမ်းကိုမျှ အသုံးပြုခြင်းမရှိဘဲ ကျောင်းသားတစ်ယောက်ကိုသာ ကူညီခဲ့သည်အား မြင်တွေ့ခဲ့ရသည်။
ဤသည်မှာ ရိုးရှင်းစွာပြောရပါက ကလေးကစားနေသည့်အလားပင်။
သူလျှိုက ဆရာကျန်းကို စူးစိုက်၍ကြည့်လိုက်သည်။
"ငါ မင်းကို သတိပေးချင်တယ်...အရှင်လုက မင်းကို အချိန်ငါးရက်ပေးထားတယ်...ဒါပေမဲ့ မင်းကိုယ်တိုင် သုံးရက်လို့ပြောခဲ့တယ်...အခုအချိန်မှာ ငါတို့ကောင်းကင်ကွန်ယက်က စစ်ရေးအမိန့်ကို ယူထားပြီးပြီ...တကယ်လို့သာ မြို့တံခါးကို အချိန်မီမဖွင့်နိုင်ဘူးဆိုရင် ငါတို့နှစ်ယောက်လုံး စစ်တပ်ဥပဒေအရ အရေးယူခံရလိမ့်မယ်"
"ပုန်းကွယ်နဂါးစစ်တပ်ထဲမှာ ငါတို့ကို သဘောမကျတဲ့ တပ်မှူးတချို့ရှိနေတယ်.. တကယ်လို့ ငါတို့က ဒီတာဝန်ကို ကျရှုံးသွားမယ်ဆိုရင် နောင်အနာဂတ်ကျရင် အရှင်ရဲ့ရှေ့မှာ စကားပြောနိုင်တဲ့ အခွင့်အာဏာ နည်းသွားလိမ့်မယ်"
လုယွီ၏အင်အားစုများကို သုံးပိုင်းပိုင်းခြားထားသည်။
ပထမဆုံးအပိုင်းသည် ပုန်းကွယ်နဂါးစစ်တပ်ဖြစ်ပြီး ဒုတိယအပိုင်းမှာ ကောင်းကင်ကွန်ယက်ပင်။တတိယအနေဖြင့် လက်ဝဲစစ်တပ်နယ်မြေအတွင်းရှိ ဂိုဏ်းအင်အားစုများ ရှိနေသည်။
ပုန်းကွယ်နဂါးစစ်တပ်တွင်လည်း သူတို့၏ကိုယ်ပိုင်သူလျှိုများရှိသဖြင့် ကောင်းကင်ကွန်ယက်နှင့်သူတို့အကြား၌ ယှဉ်ပြိုင်သောဆက်ဆံရေးမျိုး ရှိနေသည်။
ကောင်းကင်ကွန်ယက်သည် မကြာခဏ ရန်သူနယ်မြေအတွင်းသို့ နက်ရှိုင်းစွာဝင်ရောက်ကာ သူတို့၏အသက်ဖြင့် စွန့်စားကြရသည်။။ထို့ကြောင့် သူတို့အပေါ်ဆက်ဆံမှုသည် ရာထူးအဆင့်တူညီသော ပုန်းကွယ်နဂါးစစ်တပ်မှလူများထက် ဆယ်ဆပို၍ကောင်းမွန်သည်။
ဤသည်ကြောင့် မနာလိုအားကျမှုများကို ဖြစ်ပွားစေခဲ့သည်။အကယ်၍ ဝေ့ယန်မြို့အပေါ်တိုက်ခိုက်ရာတွင် သူတို့၏တာဝန် ကျရှုံးခဲ့ပါ ကောင်းကင်ကွန်ယက်သည် ကြီးလေးသောအန္တရာယ်အတွင်းသို့ ကျရောက်သွားနိုင်သည်။
ဆရာကျန်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"မင်းက ငါ့ရဲ့အစီအစဉ်ကို ထွင်းဖောက်မမြင်နိုင်ဘူး...ဒါက လမ်းကြောင်းမှန်ပေါ်ကို ဦးတည်လိုက်တာပဲ"
"အမ်...."
သူလျှို၏မျက်ခုံး မြင့်တက်သွားသည်။
Chapter 4455
ဆရာကျန်းက မေးမြန်းသည်။
"မင်း လုပ်နေတဲ့ကိစ္စတွေကရော ဘယ်လိုအခြေအနေရှိလဲ"
သူလျှိုက တုံ့ပြန်သည်။
"ငါက လူတွေကိုစေလွှတ်ပြီးတော့ ချီအင်ပါယာရဲ့ စစ်ရေးနဲ့အုပ်ချုပ်ရေးအရာရှိတွေကို ဆက်သွယ်ပြီးပြီ...တကယ်လို့ သူတို့က အခြေအနေကိုသိသွားမယ်ဆိုရင် ဘာလုပ်ရမယ်ဆိုတာ သူတို့ နားလည်သွားလိမ့်မယ်"
"မင်းရဲ့လူတွေက သူတို့ကို ဆက်သွယ်နေမှတော့ ချီအင်ပါယာက သိသွားနိုင်တယ်မဟုတ်လား"
"ငါတို့က အဲ့ဒီကိစ္စတွေကို လျှို့ဝှက်ပြီး လုပ်ဆောင်ခဲ့တယ်"
"မဖြစ်နိုင်ဘူး...ဒါက ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခုဖြစ်ဖို့ မလုံလောက်သေးဘူး... ငါတို့ ကျရှုံးသွားတာနဲ့ ချီအင်ပါယာက အခွင့်ကောင်းယူပြီးတော့ ငါတို့ဆီ အညံ့ခံထားတဲ့အရာရှိတွေကို သတ်လိမ့်မယ်...တခြားလူတွေက အဲ့ဒီကိစ္စကိုသိသွားရင် ထိတ်လန့်ကြောက်ရွံ့သွားလိမ့်မယ်...သူတို့ အညံ့ခံဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး"
ဆရာကျန်းက လက်ဖက်ရည်ကို တစ်ငုံငုံ၍သောက်ပြီး ဆက်လက်၍ပြောဆိုသည်။
"ချီအင်ပါယာရဲ့စီမံကွပ်ကဲရေးရုံးတော်ကို အဆင့်နိမ့်လူတန်းစားတွေထဲက တက်တယ်ဆိုတာ အရမ်းရှားပါးတယ်...သူတို့ထဲကအများစုက အထက်တန်းလွှာမိသားစုတွေရဲ့သားသမီးတွေပဲ"
"အထက်တန်းလွှာမိသားစုတွေရဲ့ မျိုးဆက်တွေက ငယ်ရွယ်ပြီးတော့ မောက်မာထောင်လွှားတယ်....သူတို့က သူတို့ရဲ့နောက်မှာရှိတဲ့ အင်အားစုတွေကို ကိုယ်စားပြုနိုင်တယ်...အထက်တန်းလွှာမိသားစုတွေရဲ့အကြီးအကဲတွေက လိမ္မာပါးနပ်ပြီးတော့ အကြံအစည်များပေမယ့် သူတို့ကတော့ မတူဘူး...လူငယ်တွေရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်မှု လွတ်ကင်းသွားမယ်ဆိုရင် အကျိုးဆက်တွေကို တွက်ချက်လို့မရဘူး...သူတို့က မိုက်ရူးရဲဆန်တဲ့ ဆုံးဖြတ်ချက်တွေကို လုပ်ခဲ့မယ်ဆိုရင်တောင် သူတို့ရဲ့နောက်မှာရှိတဲ့ အင်အားစုတွေမှာ တခြားရွေးချယ်စရာ ရှိတော့မှာမဟုတ်ဘူး...."
"အမုန်းတရားတွေက အညှောင့်ပေါက်နေပြီ...ငါက အဲ့ဒီကိစ္စကို အမြန်ဆုံးကြီးထွားလာအောင်လုပ်ဖို့ပဲ ကျန်တော့တယ်"
....
ချီအင်ပါယာ စီမံကွပ်ကဲရေးရုံးတော်....
တစ်ညကုန်ဆုံးသွားပြီးနောက် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော သတင်းများသည် စီမံကွပ်ကဲရေးရုံးတော်အတွင်း၌ ပျံ့နှံ့သွားပေ၏။
ဝမ်လျန့်သည် အစဉ်အမြဲ သူရဲဘောကြောင်သူတစ်ယောက်ဖြစ်သည့်တိုင် ဝေ့ယန်စီရင်စုရုံးတော်သို့သွား၍ ကျိုးထန်နှင့်ထန်ကျောင်းတော်သားတချို့ကို တရားစွဲခဲ့ခြင်းပင်။
ဤသည်မှာ ချီအင်ပါယာ စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ကျိုးမိသားစုအား တစ်စုံတစ်ယောက်မှ တရားစွဲဆိုဝံ့သည့် ပထမဆုံးအကြိမ်ပင်။
အတိတ်တွင်ဆိုလျှင်ပင် ကျိုးမိသားစုကို ဝေ့ယန်မြို့အတွင်း၌ ချမ်းသာကြွယ်ဝဆုံး မိသားစုတစ်စုဟု ယူဆနိုင်သဖြင့် မည်သူကမျှ သူတို့အား ထိပါးဝံ့ခြင်းမရှိချေ။
"ဝမ်လျန့်...သူက ဘယ်လိုသတ္တိနဲ့ လုပ်ရဲတာလဲ....ဖြစ်နိုင်တာတော့ အဲ့ဒီလူတွေက သူ့ကို ထပ်ပြီးအနိုင်ကျင့်လို့များလား"
"မဟုတ်ဘူး...ငါ ကြားထားသလောက်ဆိုရင် အဲ့ဒီထန်ကျောင်းတော်သားတွေက ဝမ်လျန့်ရဲ့အိမ်ကို ညတွင်းချင်းလိုက်သွားပြီးတော့ သူ့ရှေ့မှာတင် သူ့ရဲ့အဖိုးကို သတ်လိုက်ကြတယ်"
"သောက်ချေးပဲ....အဲ့ဒီထန်ကောင်တွေက အရမ်းတရားလွန်နေပြီ...သူတို့က သူခိုးဓားပြတွေနဲ့တူတဲ့ လုပ်ရပ်မျိုးကိုတောင် ကျူးလွန်နေတယ်"
"ဝမ်လျန့်နဲ့သူ့ရဲ့အဖိုးက တစ်ယောက်နဲ့တစ်ယောက် မှီခိုအားထားနေကြတာ....သူ့ရဲ့အဖိုး သေသွားမှတော့ သူ ရူးသွားမှာကို ငါ စိုးရိမ်မိတယ်"
လူအများသည် အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြ၏။
ထိုအချိန်မှာပင် ကျောင်းတော်သားတစ်ယောက် ပြင်ပမှပြေးဝင်လာကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ဝမ်လျန့်ကို ဝေ့ယန်စီရင်စုရုံးတော်ရဲ့လူတွေက မောင်းထုတ်လိုက်ကြတယ်...စာရေးတွေရဲ့ပြောစကားအရတော့ သူက ဘာဖြေရှင်းချက်ကိုမှ မပေးနိုင်သေးခင်မှာတင် ပြဿနာရှာတယ်ဆိုပြီး အရိုက်ခံလိုက်ရတယ်.. ဒါကြောင့် သူ ခေါင်းကွဲသွားခဲ့တယ်"
ဘာ....
ကျောင်းတော်သားများအားလုံး ဒေါသထွက်သွားသည်။
ဤလောကကြီးတွင် တရားမျှတမှု ရှိပါ့သလော...
အထက်တန်းလွှာမိသားစုတစ်စုမှ လူချမ်းသာသခင်လေးတယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဝေ့ယန်စီရင်စုရုံးတော်ရဲ့ယင်မိသားစုက သေချင်နေတာလား....သူတို့က အပြစ်မဲ့တဲ့လူကိုတောင် ပြန်ပြီးစွပ်စွဲခဲ့တယ်....ငါက သူတို့ကို အနှေးနဲ့အမြန် သတ်ပစ်မယ်"
တခြားလူချမ်းသာသခင်လေးတစ်ယောက်ကလည်း အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"မနက်ဖြန်ကျရင် ငါက ငါ့ရဲ့အဖေကို ပြောရလိမ့်မယ်....နောင်အနာဂတ်ကျရင် ဝေ့ယန်စီရင်စုရုံးတော်ရဲ့ယင်မိသားစုနဲ့ ဘာပတ်သက်မှုမှ လုပ်ဖို့မလိုတော့ဘူး"
ထိုစကားများကိုပြောဆိုလိုက်သော လူများသည် သူတို့၏နောက်ရှိမိသားစုများအပေါ် သူတို့၏သြဇာအာဏာလွှမ်းမိုးနိုင်မှုသည် ထည့်သွင်းဆုံးဖြတ်၍ရနိုင်သော ပမာဏတစ်ခုထိ ရှိနေပေ၏။
သူတို့အတွက် ဝေ့ယန်စီရင်စုရုံးတော်၏ ယင်မိသားစုသည် အသေးအမွှားပင်။
ကျောင်းသားများသည် ဒေါသတကြီးအော်ဟစ်နေကြကာ သူတို့၏မျက်နှာများပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
ဝမ်လျန့်သည် သာမန်ကျောင်းတော်သားတစ်ယောက်ပင်။သူ့ထံတွင် မည်သည့်ကျောထောက်နောက်ခံမျှ မရှိသည့်အပြင် သူသည် သန်မာအားကောင်းခြင်းလည်းမရှိချေ။
သို့ရာတွင် သူသည် သူတို့၏အတန်းဖော် ဖြစ်နေသည်။
ထန်ကျောင်းတော်သားများသည် တခြားအင်ပါယာတစ်ခုမှလာသော ဧည့်သည်များသက်သက်ပင်။ထိုလူများသည် မည်သည့်သတ္တိမျိုးဖြင့် သူတို့၏အတန်းဖော်ကို အနိုင်ကျင့်ဝံ့သနည်း။
"ငါတို့တွေ အဲ့ဒီထန်ကောင်တွေနဲ့ စာရင်းသွားရှင်းကြစို့"
"ငါတို့ရဲ့အတန်းဖော်ကို အနိုင်ကျင့်တဲ့ အဲ့ဒီကောင်တွေကို အလွတ်ပေးလို့မဖြစ်ဘူး"
ကျောင်းတော်သားများအားလုံး ထွက်ခွာသွားကြသည်။ယနေ့တွင် မည်သူမျှ အတန်းတက်ခြင်း မရှိသလို မည်သူမျှ ကျင့်ကြံခြင်းမရှိချေ။
ကျင့်ကြံခြင်းမျှော်စင်သည်လည်း ဗလာဟင်းလင်းဖြစ်နေသည်။တစ်ချိန်က ထန်အင်ပါယာမှလူများ၏ အနိုင်ကျင့်ခြင်းကိုခံရသော လူအမြောက်အများသည်လည်း ထိုကျောင်းတော်သားများနှင့် ပူးပေါင်းလိုက်ကြ၏။
ထန်အင်ပါယာ၏ သာမန်ထက်လွန်ကျူးသောဆက်ဆံမှုမျိုးကို သည်းမခံနိုင်သော လူတချို့ပင်လျှင် ဤလူအုပ်အကြား၌ ရောပါလာကြသည်။
ချီအင်ပါယာ၏ တော်ဝင်နန်းတော်ရှေ့တွင် ကျောင်းတော်သားတစ်ထောင်ကျော် စုဝေးနေသည်။သူတို့အားလုံး၏မျက်လုံးများ နီမြန်းနေကာ သူတို့သည် ဆိုးရွားသောလုပ်ရပ်များကို ကျူးလွန်ခဲ့သော ထန်အင်ပါယာမှလူများအပေါ် အလွန်ဒေါသထွက်နေသည်