အခန်း (၄၄၆၁-၄၄၆၅)
Vol. 226 Ch. 4461-4465
Chapter 4461
ညဥ့်နက်ချိန်အရောက်၌....
ချီအင်ပါယာမှအရာရှိတစ်စုအပါအဝင် မိသားစုခေါင်းဆောင်တချို့သည် နန်းတွင်းသို့ဝင်ကာ သူတို့၏သားများ ကျူးလွန်ခဲ့သောပြစ်မှုများအတွက် ချီအိမ်ရှေစံမင်းသားကို တောင်းပန်နေကြသည်။
"အရှင့်သား....ဒါက ဒီအရာရှိအိုကြီးက မိသားစုထဲမှာရှိတဲ့ လူဆိုးကောင်ကို ကောင်းကောင်းမွန်မွန် မအုပ်ချုပ်နိုင်လို့ပါ....ဒါကြောင့် ကျိုးနယ်စားကို သေဆုံးသွားစေခဲ့တယ်....ဒါကခွင့်လွှတ်လို့မရတဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုကြီးတစ်ခုပါပဲ....ဒီအရာရှိက အဲ့ဒီနတ်ဆိုးကောင်ကို အိမ်မှာအကျဉ်းချထားပြီးတော့ တင်းတင်းကြပ်ကြပ်စောင့်ကြည့်ပါ့မယ်"
"အရှင့်သား....ငါတို့မိသားစုက ငါတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေထဲက တစ်ဝက်ကို ငါ့ရဲ့သားကျူးလွန်ခဲ့တဲ့ ပြစ်မှုကြီးအတွက် လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်"
ဤအထက်တန်းလွှာများသည် သာမန်အားဖြင့်အလွန်အမင်း မောက်မာထောင်လွှားကြသည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ သူတို့ပေါ်သို့ ဘေးကပ်ဆိုးကြီးတစ်ခု ကျရောက်လာတော့မည်ဖြစ်သောကြောင့် သူတို့တစ်ယောက်ခြင်းစီသည် အလွန်စိုးရိမ်ပူပန်ကာ စိတ်မအေးနိုင်ဖြစ်နေကြသည်။
ချီအိမ်ရှေ့စံမင်းသားက စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။
"မင်းတို့က ဘာလုပ်နေကြတာလဲ.. ငါက မင်းတို့ရဲ့အမှားတွေအတွက် အပြစ်ပေးဖို့ ရည်ရွယ်ချက်မရှိဘူး... ငါက ဒီကိစ္စကို သေချာစုံစမ်းပြီးသွားပြီ....ကျိုးထန်က ဒီလိုဖြစ်လာဖို့အတွက် သူကိုယ်တိုင် တောင်းဆိုခဲ့တာပဲ...မင်းတို့ရဲ့သားတွေနဲ့ ဘာမှမဆိုင်ဘူး"
ချီအိမ်ရှေ့စံမင်းသားသည် ထိုစကားကိုပြောဆိုပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"အခုအချိန်မှာ ငါ အရမ်းအလုပ်ရှုပ်နေတယ်...မင်းတို့ရဲ့ကိစ္စတွေကို ဖြေရှင်းပေးဖို့ ငါ့မှာ အချိန်မရှိဘူး....မင်းတို့အားလုံး ပြန်ကြတော့"
သူသည် ထိုအရာရှိများအားလုံးကို အရေးမယူဝံ့သည့်အပြင် ထန်အင်ပါယာကိုလည်း အပြစ်မပြုဝံ့ချေ။
အဆုံးသတ်၌ ကျိုးမိသားစုသည် ရှေ့သို့ထွက်လာကာ သေဆုံးသွားပြီဖြစ်သော ကျိုးထန်ကိုစွန့်လွှတ်ရန် ဆန္ဒရှိခဲ့သည်။
ထို့ကြောင့် အပြစ်များအားလုံးကို ကျိုးထန်ပေါ်သို့ ပုံချလိုက်သည်။ကျိုးထန်၏ဇနီးနှင့်သားသည် ကျိုးအိမ်တော်မှ ညတွင်းချင်းမောင်းထုတ်ခံရကာ သူ၏ချမ်းသာကြွယ်ဝမှုအားလုံးကိုလည်း သိမ်းဆည်းလိုက်သည်။အကယ်၍ သူ အသက်ရှင်ရက်ရှိနေပါက အတိတ်တွင် ထန်ကျောင်းတော်သားများနှင့် ပူးပေါင်းခဲ့သည့်ကိစ္စအတွက် အလွန်အမင်းနောင်တရနေပေမည်။
"ဒါပေမဲ့ အရှင်သား...."
ထိုအရာရှိများက ထပ်မံ၍စကားပြောဆိုရန် ဟန်ပြင်လိုက်သည်။
"တော်လောက်ပြီ....သွားကြတော့...."
အိမ်ရှေ့စံမင်းသားက အမိန့်ပေးသည်။
အရာရှိများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အလျင်စလိုဦးညွှတ်အရိုအသေပြုလိုက်ကြ၏။
"ကျွန်တော်တို့ကို သွားခွင့်ပြုပါအုံး"
.....
လျှို့ဝှက်ခန်းအတွင်း၌....
ကောင်းကင်ကွန်ယက်မှသူလျှိုသည် သတင်းပို့စာကို ရရှိချိန်၌ ကူကယ်ရာမဲ့စွာဖြင့် အံ့အားသင့်သွားသည်။
"မင်း ပြောသလို တကယ်ကြီးဖြစ်လာပါလား...သူတို့က တော်ဝင်နန်းတော်ကို ချက်ချင်းသွားကြတယ်"
ဆရာကျန်းက ခပ်ဖျော့ဖျော့အပြုံးနှင့် တုံ့ပြန်သည်။
"ကျိုးထန်ရဲ့လုပ်ရပ်တွေက ဘယ်လောက်ပဲ ဆိုးရွားနေပါစေ...ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ နယ်စားဆိုတဲ့ အဆင့်အတန်းရှိနေတယ်....သူ့ကိုသတ်လိုက်တာက ပုန်ကန်မှုနဲ့ ဘာကွဲပြားခြားနားမှုမှ မရှိဘူး...အဲ့ဒီလူတွေရဲ့အဆင့်အတန်းက ဘယ်လောက်ပဲ မြင့်မားနေပါစေ ချီအင်ပါယာရဲ့လက်အောက်မှာ ရှိနေတယ်...အိမ်ရှေ့စံမင်းသားရဲ့အတွေးတချက်နဲ့ သူတို့မိသားစုတွေကို ပျက်စီးသွားစေဖို့ လုံလောက်တယ်"
ကောင်းကင်ကွန်ယက်အဖွဲ့မှ သူလျှိုက ပြောဆိုသည်။
"ဒါပေမဲ့ ချီအင်ပါယာက သူတို့ကို အပြစ်မတင်ခဲ့ဘူး....ကျိုးထန်က အရေးပါတဲ့လူတစ်ယောက် မဟုတ်တာကြောင့် တကယ်လို့ ကျိုးမိသားစုက သူ့ကို စွန့်ပစ်လိုက်ရင်တောင် ဆုံးရှုံးမှုတွေ အများကြီးဖြစ်လာမှာမဟုတ်ဘူး"
ဆရာကျန်းက လက်ဖက်ရည်တစ်ခွက်ကိုငှဲ့၍သောက်ကာ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်၌ ရှိနေသည့်အလားပင်။
"မလိုဘူး ငါက ချီတော်ဝင်နန်းတွင်းဘက်ကနေ သူတို့ကို အရေးယူဖို့ လိုချင်တာမဟုတ်ဘူး....ငါလုပ်ဖို့ကြိုးစားနေတာက အဲ့ဒီလူတွေရဲ့စိတ်နှလုံးသားတွေထဲမှာ စိတ်မအေးတဲ့မျိုးစေ့တွေ ကြီးထွားလာစေဖို့ပဲ"
ဆရာကျန်းက ပြောဆိုသည်။
"ဒါဆိုရင် မင်းက ဘာကိုဆိုလိုချင်တာလဲ"
ကောင်းကင်ကွန်ယက်မှသူလျှို၏မျက်ခုံး မြင့်တက်သွားသည်။
ဆရာကျန်းက ပြောဆိုလိုက်၏။
"အလယ်ခေတ်တုန်းက ဧကရာဇ်တစ်ပါးရှိခဲ့တယ်.....သူက အရမ်းရက်စက်ကြမ်းကြုတ်ပြီးတော့ ရုန့်ရင်းကြမ်းတမ်းတယ်...သူက ဘာသနားငဲ့ညှာမှုမှမရှိဘဲနဲ့ လူတွေကို သတ်ဖြတ်ခဲ့တယ်....သူ့ရဲ့နံဘေးမှာရှိနေတဲ့ လူတွေကိုတောင် သူ ဒေါသထွက်လာတာနဲ့ ဆန္ဒရှိသလိုသတ်ခဲ့တယ်"
"သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က အရမ်းမြင့်မားတာကြောင့် ဘယ်သူကမှ သူ့ကိုအနိုင်မယူနိုင်ဘူး...အဆုံးသတ်ကျတော့သူက သူ့ရဲ့ဘေးက မိန်းမစိုးတွေရဲ့လက်ထဲမှာ သေသွားခဲ့တယ်...အဲ့ဒီမိန်းမစိုးတွေက သူရဲ့ဝိုင်အရက်ထဲမှာ အဆိပ်ခတ်ခဲ့ပြီးတော့ သူ့ကို ထက်ရှတဲ့ဓားနဲ့ အချက်ပေါင်းများစွာ ထိုးစိုက်ပြီးတော့ သတ်ခဲ့တယ်"
ကောင်းကင်ကွန်ယက်မှသူလျှိုက အံ့အားတသင့်ပြောဆိုသည်။
"အဲ့ဒီလိုကိစ္စမျိုး ရှိနေသေးတာလား...မိန်းမစိုးတွေရဲ့အခွင့်အာဏာက ဧကရာဇ်ဆီကနေရလာတာ....တကယ်လို့ ဧကရာဇ်သေသွားရင် သူ့တို့ရဲ့အဆင့်အတန်းကလည်း သိသိသာသာ ကျဆင်းသွားမယ် မဟုတ်လား"
ဆရာကျန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"အကြောင်းကတော့ အဲဒီမိန်းမစိုးတွေက ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ အမြဲတမ်း အသက်ရှင်သန်နေရလို့ပဲ...ဧကရာဇ်သတ်ဖြတ်မယ့် နောက်ထပ်လူတစ်ယောက်က သူတို့ကိုယ်တိုင်ဖြစ်လာမလာကို ဘယ်သူမှ မသိနိုင်ဘူး....အမျိုးအမည်မသိရတဲ့အရာတွေက ကြောက်ဖို့အကောင်းဆုံးပဲ....ထိတ်လန့်ကြောက်ရွံ့မှုက လူတွေကို ရူးသွပ်သွားစေနိုင်တယ်"
"စောင့်ကြည့်ကြရအောင်....ငါက အဲ့ဒီလူတွေရဲ့စိတ်နှလုံးသားထဲက ထိတ်လန့်ကြောက်ရွံ့မှုတွေကို ပိုပြီးကြီးထွားလာအောင် လုပ်ချင်တယ်"
.....
တတိယနေ့၌....
မနက်စောစောတွင် နေမင်းကြီး မိုးကောင်းကင်ယံ၌ မြင့်တက်လာပြီးနောက် အုတ်အော်သောင်းနင်းဖြစ်စေသော သတင်းများက မြို့တစ်မြို့လုံးအနှံ့ ပျံ့နှံ့သွားသည်။
တော်ဝင်စုံစမ်းစစ်ဆေးရေးဌာန၏စစ်ဆေးမှုအရ သူမကိုယ်သူမ ဆွဲကြိုးချသေသွားသော ထုံအာသည် အမှန်အားဖြင့် ယခင်က ဝေ့ယန်မြို့၏စစ်ဗိုလ်ချုပ်ဟောင်း ယန်ကျွမ်းစီ၏သမီးပင်။
ယန်ကျွမ်းစီသည် အတိတ်တွင် တာယွီအင်ပါယာ၏စစ်ဗိုလ်ချုပ်တစ်ယောက်ပင်။ချီဘုရင် ပုန်ကန်သောအချိန်တွင် သူသည် သစ္စာခံရန်အတွက် ငြင်းဆန်ခဲ့သောကြောင့် ချီအင်ပါယာ၏ တိတ်တဆိတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
Chapter 4462
အတိတ်တွင် ဝေယန်မြို့အတွင်း၌ ယန်ကျွမ်းစီ၏နာမည်ဂုဏ်သတင်းသည် အလွန်မြင့်မားပေ၏။
ယန်မိသားစုသည်လည်း ဝေ့ယန်မြို့အတွင်း၌ နှစ်ပေါင်းများစွာကြာအောင် လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။စစ်ဗိုလ်ချုပ်မိသားစုဖြစ်သော သူတို့သည် စစ်တပ်အတွင်း၌ မြင့်မားသောနာမည်ဂုဏ်သတင်းရှိသည်။
ထို့ပြင် ယန်ကျွမ်းစီသည် စစ်ရေးအခွင့်အာဏာကို ကိုင်ဆောင်ထားနိုင်သူတစ်ယောက်ပင်။ထိုအချိန်တုန်းက ဝေ့ယန်မြို့အတွင်းရှိ အစောင့်တပ်အားလုံးနီးပါးသည် ယန်ကျွမ်းစီ၏အုပ်ချုပ်မှုအောက်၌ ရှိနေပေ၏။
အကယ်၍ ချီဘုရင်သည် ပုန်ကန်မှုကို အောင်မြင်စေလိုပါက သူသည် ယန်ကျွမ်းစီအား အရင်ဆုံးရှင်းထုတ်ရပေမည်။
သို့ရာတွင် သူသည် ဤကဲ့သို့လူတစ်ယောက်ကို ရှင်းထုတ်လိုပါက ပြောင်ပြောင်တင်းတင်းနှင့်လွန်ကျူးသောနည်းလမ်းများကို အသုံးပြု၍မရနိုင်ချေ။ထို့ကြောင့် ကျိုးမိသားစု၏လမ်းညွန်မှုအောက်၌ ယန်ကျွမ်းစီသည် ရုတ်တရက် နာမကျန်းဖြစ်ကာ သေဆုံးသွားသည်ဟူသောသတင်း ထွက်ပေါ်လာခဲ့သည်။
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏အုပ်ချုပ်သူအရှင်ဖြစ်သော လုယွီသည် ထိုအချိန်တုန်းက လျှို့ဝှက်နယ်မြေအတွင်း၌ ပိတ်မိနေကာ ပြင်ပသို့ ထွက်နိုင်ခဲ့ခြင်းမရှိချေ။
ထိုကြာင့် ချီဘုရင်သည် ဤအခွင့်အရေးကိုယူကာ ယန်ကျွမ်းစီ၏စစ်တပ်အခွင့်အာဏာကို လွှဲပြောင်းယူခဲ့သည်။
ဤအချိန်အခိုက်အတန့်၌ ဝေ့ယန်မြို့သည် ချီအင်ပါယာ၏အုပ်ချုပ်မှုအောက်၌ ရောက်နေသည့်တိုင် ယန်ကျွမ်းစီ၏နာမည်ဂုဏ်သတင်းသည် အားပျော့သွားခြင်းမရှိချေ။စစ်တပ်အတွင်းတွင်ရှိနေသော စစ်ဗိုလ်ချုပ်များနှင့်စစ်သားများသည် တစ်ချိန်က ယန်ကျွမ်းစီ၏တပည့်များ ဖြစ်ပေ၏။
"ဗိုလ်ချုပ်ယန်ရဲ့သမီးက ဒီလောက်ထိ အရှက်ခွဲခံခဲ့ရတာလား...ဒါကဘယ်လိုမှ လက်ခံလို့မရနိုင်တဲ့ကိစ္စပဲ"
"အဲ့ဒီထန်ကောင်တွေက သေသင့်တယ်...ငါတို့က ဘာလို့ သူတို့ကို လျော်ကြေးပေးရမှာလဲ....တကယ်လို့ အဲ့ဒီဆန်ကုန်မြေလေးကောင်တွေ ငါ့ရဲ့ရှေ့မှာ ထွက်ပေါ်လာခဲ့မယ်ဆိုရင် ငါက သူတို့ကို အစိပ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မယ်"
ချီစစ်တပ်အတွင်းရှိ မရေမတွက်နိုင်သောစစ်စားများသည် ဆဲဆိုနေကြ၏။ယမန်နေ့ညက ထွက်ပေါ်လာခဲ့သော သတင်းများကြောင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ ယန်ကျွမ်းစီ၏သမီးဖြစ်သူသည် ဤကဲ့သို့ ဆက်ဆံခြင်းမျိုး ခံရသည့်အား သူတို့ လက်သင့်မခံနိုင်ချေ။
ယန်ကျွမ်းစီ အသက်ရှင်ရက်ရှိနေစဉ်အချိန်၌ သူသည် စစ်သားများအပေါ် အလွန်ရက်ရောကာ စစ်တပ်အတွင်း၌ ကောင်းမွန်သောနာမည်ဂုဏ်သတင်းရှိသူပင်။
ယန်ထုံအာသည် မသေဆုံးမီအချိန်က ဤကဲ့သို့ဆက်ဆံခံရသည်ကို ကြားသိချိန်၌ ချီစစ်တပ်အတွင်းရှိ စစ်ဗိုလ်ချုပ်အမြောက်အများသည်ဒေါသတကြီးဖြင့် ထန်အင်ပါယာ၏သံတမန်ထံသို့သွားကာ ဖြေရှင်းချက်တောင်းခံကြသည်။
"ဒါက နားလည်မှုလွဲတာလေးတစ်ခုပါ...ယန်ကျွန်းစီရဲ့မိသားစုဝင်တွေထဲက ကျန်နေတဲ့လူတွေအားလုံးကို သင့်တင့်လျောက်ပတ်အောင် စီစဉ်ပေးမယ်လို့ ငါ ကတိပေးတယ်"
လူထု၏ဖိအားကြောင့် ချီအိမ်ရှေ့စံမင်းသားက ညီလာခံတွင် ထုတ်ပြန်ကြော်ညာလိုက်သည်။
သို့ရာတွင် သူ၏စကားများကို မည်သူတစ်ဦးတစ်ယောက်ကမျှ လက်သင့်မခံကြချေ။
ယခုအချိန်၌သူသည်ကတိပေးခဲ့သော်လည်းယခင်ကသူမည်သည့်အရာအားပြုလုပ်နေခဲ့သနည်း။
ထုံအာကို အဓမ္မပြုကျင့်ခဲ့သည့် ထန်ကျောင်းတော်သားများသည် အကယ်၍ စီမံကွပ်ကဲရေးရုံးတော်မှ ကျောင်းတော်သားများ၏ဒေါသများ ပေါက်ကွဲလာမှုကြောင့်သာ မဟုတ်ပါက ဥပဒေ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နေပေမည်။သူတို့အား မည်သူတစ်ဦးတစ်ယောက်ကမျှ ထိန်းချုပ်နိုင်မည်မဟုတ်ချေ။
ချီစစ်တပ်မှ စစ်သားများ၏ စိတ်ဓာတ်များ အဆုံးစွန်ဆုံးအဆင့်ထိ ကျဆင်းနေသည်။သူတို့သည် ချီအင်ပါယာ၏နောက်သို့လိုက်ခဲ့သည်မှာ ချမ်းသာကြွယ်ဝသောအနာဂတ်ကို ရယူလိုခြင်းကြောင့်ပင်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ တချိန်က ဤနယ်မြေကို စောင့်ကြပ်ခဲ့သော စစ်ဗိုလ်ချုပ်တစ်ယောက်၏သမီးပင်လျှင် ဤကဲ့သို့နည်းလမ်းဖြင့် ဆက်ဆံခြင်းခံရသည်အား သူတို့အားလုံး နားလည်သဘောပေါက်သွားသည်။
သူတို့၏စိတ်နှလုံးသားများကို အေးစက်သွားစေဆုံးကိစ္စမှာ ချီအင်ပါယာသည် ဤကိစ္စအတွက် ထန်အင်ပါယာကို အပြစ်တင်ခြင်းမရှိဘဲ ထိုအစား လျော်ကြေးပမာဏအမြောက်အမြားကို ပေးအပ်ရန်သာ ပြင်ဆင်ခဲ့ခြင်းပင်။
ရာဇဝတ်မှုများအတွက် လျော်ကြေးပေးခြင်းသည် ကိစ္စများအားလုံးကို ဖြေရှင်းနိုင်မည်မဟုတ်ချေ။
တော်ဝင်ညီလာခံ အဆုံးသတ်သွားချိန်၌ မရေမတွက်နိုင်သောစစ်သားများသည် သူတို့အချင်းချင်း စတင်၍တိုင်ပင်ဆွေးနွေးလိုက်ကြ၏။ မြို့ကိုစောင့်ကြပ်နေသော စစ်သားများပင်လျှင် တစ်ယောက်၏မျက်လုံးအတွင်းမှ စိတ်ပျက်အားငယ်မှုများကို တခြားတစ်ယောက်မှတွေ့မြင်မိကာ ယခင်ကဲ့သို့ ဆုံးဖြတ်ချက်ပြတ်သားမှုမျိုး မရှိတော့ချေ။
ဝေ့ယန်မြို့တော်အတွင်းမှ လူများ၏စိတ်နှလုံးသားများ ပျက်စီးနေလေပြီ။
စစ်တပ်အကြားတွင် သဘောထားကွဲလွဲနေမှုနှင့်အတူ မြို့အတွင်းရှိလမ်းများအကြား၌ သတင်းအစအနများက တောမီးပမာထွက်ပေါ်လာသည်။
ယန်ကျွမ်းစီ၏သမီးကို ဤကဲ့သို့ပုံစံမျိုးဖြင့် ဆက်ဆံခဲ့ကြသည့် အကြောင်းအရင်းမှာ အမှန်အားဖြင့် ကျိုးမိသားစု၏ခိုင်းစေချက်ကြောင့်ပင်။သူတို့သည် ထန်ကျောင်းတော်သားများကိုအသုံးပြု၍ ယန်ထုံအာကို အဓမ္မပြုကျင့်စေကာ သူမကိုယ်သူမသတ်သေရန် ဖိအားပေးခဲ့ခြင်းပင်။
ဤကိစ္စများအားလုံးသည် ကျိုးမိသားစု၏လက်စားချေမှုပင်။
အကြောင်းအရင်းမှာ ကျိုးကျင်းထန် ပုန်ကန်ရန်ပြင်ဆင်ခဲ့စဉ်၌ ယန်ကျွမ်းစီသည် အခိုင်အမာဆန့်ကျင်ခဲ့ကာ ဤကိစ္စကို တော်ဝင်နန်းတွင်းထံသတင်းပို့ရန်အတွက် စီစဥ်ခဲ့သောကြောင့်ပင်။ဤသည်ကြောင့် ကျိုးမိသားစုအား အလွန်အမင်းဒေါသထွက်သွားစေသည်။
ကျိုးမိသားစုသည် သေးငယ်သောရန်ငြိုးရန်စ တစ်ခုအတွက်ပင် လက်စားချေတတ်သူများဖြစ်သည်။အကယ်၍ သူတို့အား တစ်စုံတစ်ယောက်မှ ရန်စစော်ကားပါက ထိုလူသည် အဆုံးသတ်ကောင်းမွန်မည် မဟုတ်ရုံသာမ သူ၏ဆွေမျိုးများသည်လည်း ထိခိုက်နစ်နာမှုများနှင့် ကြုံတွေ့ရပေမည်။
ဤသတင်းများသည် တလိမ့်လိမ့်ထနေသောမိုးကြိုးများနှင့် ကွဲပြားခြားနာခြင်းမရှိဘဲ လူများအားလုံး၏စိတ်နှလုံးသားများအတွင်း၌ ပေါက်ကွဲသွားသည်။
ဤသည်မှာ အထူးသဖြင့် ပြည်နယ်စီမံကွပ်ကဲရေးရုံးတော်မှ ကျောင်းတော်သားများ၏ မိသားစုဝင်များအတွက်ပင်။သူတို့အားလုံးသည် ယခင်ကတည်းက ထိတ်လန့်ကြောက်ရွံ့နေသောအခြေအနေ၌ ရှိနေသည်။ယခုအချိန်၌ မိသားစုခေါင်းဆောင်အများစုသည် ရှေ့နောက်ပြေးလွှားနေကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။
သူတို့၏မျိုးဆက်များသည် ကျိုးမိသားစု၏နယ်စားတစ်ယောက်ကို သတ်ဖြတ်ခဲ့ပေ၏။
ကျိုးမိသားစုသည် နောင်အနာဂတ်တွင် သူတို့အားလက်စားပြန်ချေမချေကို မည်သူက အာမခံနိုင်မည်နည်း။
Chapter 4463
"အဲ့ဒီသတင်းကို ဘယ်သူလွှင့်လိုက်တာလဲ"
နေ့လည်ခင်း၌....
ချီအိမ်ရှေ့စံမင်းသားသည် ဝေ့ယန်စီရင်စုရုံးတော်မှ သူ့အား သတင်းပို့သော အစီရင်ခံစာကို ကိုင်ထားလေ၏။သူ၏နဖူးပြင်ပေါ်၌ အပြာရောင်သွေးကြောကြီးများ ထောင်ထနေသည်။
မြို့အတွင်းရှိ လမ်းများအတွင်းမှ ထွက်ပေါ်လာသော ကောလဟာလများသည် အလွန်အမင်းပြင်းထန်ပေ၏။သူတို့သည် တော်ဝင်မိသားစုနှင့်အထက်တန်းလွှာမိသားစုများအကြားရှိ အမုန်းတရားရန်ငြိုးမှတ်တမ်းများကို ရှာဖွေရန် ကြိုးစားနေကြသည်။
ချီအိမ်ရှေ့စံမင်းသားကို ဒေါသထွက်စေဆုံးကိစ္စမှာ ထိုလူများသည် သူ့အား သင်ပုန်းချေပေးရန် အနည်းငယ်မျှ ရည်ရွယ်ချက်မရှိခြင်းပင်။
ကျိုးထန်....
အိမ်ရှေ့စံမင်းသားသည် သူ့အား လွယ်လင့်တကူ စွန့်လွှတ်နိုင်သည်။ကျိုးမိသားစုအတွင်း၌ လူငယ်အမြောက်အများရှိနေလေရာ ထိုကဲ့သို့လူများသည် အရေးမပါသူများသာဖြစ်သည်။
"အရှင့်သား...ကြည့်ရတာတော့ ဒီသတင်းတွေထွက်ပေါ်လာတာရဲ့နောက်မှာ တစ်ယောက်ယောက် ရှိနေတဲ့ပုံပဲ...ထန်အင်ပါယာရဲ့လူတွေက အခုလိုကိစ္စတွေကို လုပ်နေတာ တစ်ရက်နှစ်ရက်လည်း မကတော့ဘူး...ဘယ်လိုဖြစ်ပြီးတော့ အခုကျမှ ချက်ချင်းကြီး ထွက်ပေါ်လာတာလဲ"
အမတ်ကြီးတယောက်က တင်းမာခက်ထန်သောလေသံဖြင့် ပြောဆိုသည်။
ချီအိမ်ရှေစံမင်းသား၏မျက်လုံးအတွင်းတွင် အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
"တစ်ယောက်ယောက်က ငါတို့ရဲ့နောက်မှာ လှည့်ကွက်တွေလုပ်နေတယ်လို့ မင်း ဆိုလိုချင်တာလား"
အရာရှိတစ်ယောက်သည် မျက်မှောင်ကြုတ်ကာ အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်၏။
"ငါတို့က ဒီကိစ္စကို ဂရုတစိုက်စဉ်းစားဖို့ လိုအပ်တယ်...ပထမဆုံး အဲ့ဒီကောလဟာလတွေကို ရပ်တန့်အောင်လုပ်ပြီးမှ လျှို့ဝှက်ပြီး စုံစမ်းသင့်တယ်လို့ ငါ အကြံပြုချင်တယ်"
ချီအိမ်ရှေ့စံမင်းသားသည် မိန်းမောတွေဝေသောအခြေအနေ၌ ရှိနေသည်။ထိုအရာရှိ၏အကြံပြုချက်ကို ကြားချိန်တွင် သူသည် ချက်ချင်းဆိုသလိုပင် စိတ်မရှည်သောအမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကောင်းပြီလေ....ဒီအရာရှိ အကြံပေးသလိုပဲ မင်းတို့ လုပ်လိုက်ကြတော့"
အုပ်ချုပ်ရေးအဖွဲ့၏အရှိန်နှုန်းသည် အလွန်လျင်မြန်ပေ၏။သူတို့သည် အထက်တန်းလွှာမိသားစုများထံသို့ မိန်းမစိုးတချို့ကို ချက်ချင်းစေလွှတ်ကာ သူတို့အားနှစ်သိမ့်သည့် အမိန့်တော်တခုကို ထုတ်ပြန်ခဲ့သည်။
ဤသတင်းသည် ဝေ့ယန်မြို့အတွင်း၌ အလွန်လျှင်မြန်စွာ ပျံ့နှံ့သွားသဖြင့် ကောင်းကင်ကွန်ယက်အဖွဲ့မှ သူလျှိုများ၏နားများအတွင်းသို့ ရောက်ရှိသွားသည်။
"သူတို့ရဲ့တုံ့ပြန်မှုတွေက နည်းနည်းတော့ မြန်တယ်....ချီအင်ပါယာထဲမှာရှိတဲ့ နည်းဗျူဟာပညာရှင်တွေမှာ အရည်အချင်းတချို့တော့ ရှိသားပဲ...အခု မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ"
ကောင်းကင်ကွန်ယက်အဖွဲ့မှသူလျှိုသည် စိုးရိမ်ပူပန်တကြီး ပြောဆိုလေ၏။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ကွန်ယက်အဖွဲ့သည် စစ်ရေးအမိန့်တစ်ခုကို လက်ခံထားပြီးဖြစ်သည်။
အကယ်၍ သူတို့သည် မြို့တံခါးကို အချိန်မီမဖွင့်နိုင်ပါက စစ်ရေးဥပဒေအရ အပြစ်ပေးခြင်းခံရပေမည်။
ဆရာကျန်းက ခပ်ဖျော့ဖျော့ပြုံးကာ တည်ငြိမ်စွာပြောဆိုသည်။
"တကယ်လို့ ချီအင်ပါယာက အဲ့ဒီကိစ္စကို ဖြေရှင်းဖို့အတွက် လူတွေကိုမလွှတ်ဘူးဆိုရင် ဒါက အဆင်ပြေသွားလိမ့်မယ်....ဒါပေမဲ့ သူတို့ အခုလိုလုပ်လိုက်တာကြောင့် အဲ့ဒီကိစ္စက မကြာခင် အဆုံးသတ်သွားတော့မယ်လို့ ဆိုလိုတာပဲ"
"အမ်..."
ကောင်းကင်ကွန်ယက်မှသူလျှို၏မျက်ခုံး မြင့်တက်သွားသည်။
"ဒီလောကကြီးထဲမှာ ကိစ္စတွေအများကြီး ဖြစ်ပွားနေတယ်...တကယ်လို့ မင်း မှားနေတယ်ဆိုရင်တောင် မင်း ပိုပြီးရှင်းပြလေလေ ပိုပြီးသံသယဝင်ကြလေလေပဲ...ဆန့်ကျင်ဘက်အနေနဲ့ တကယ်လို့ မင်း ဘာမှမရှင်းပြဘဲနဲ့ ဘာတစ်ခုမှ မဖြစ်ခဲ့သလို ဟန်ဆောင်နေမယ်ဆိုရင်...အလိမ်အညာတစ်ခုဖြစ်နေရင်တောင် အချိန်အတော်ကြာလာတာနဲ့ အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မယ်"
ဆရာကျန်းက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"တကယ်လို့ ချီအင်ပါယာရဲ့စိတ်နှလုံးသားထဲမှာ ဆိုးရွားတဲ့အတွေးမျိုးတွေ ရှိမနေဘူးဆိုရင် သူတို့က ဘာလို့ တစ်ယောက်ယောက်ကိုလွှတ်ပြီး ရှင်းပြမှာလဲ"
မကြာမီမှာပင် အဆောင်လက်ဖွဲ့တစ်ခုကသူတို့နှစ်ယောက်ထံသို့ ပျံသန်းလာသည်။
ကောင်းကင်ကွန်ယက်မှသူလျှိုသည် အဆောင်လက်ဖွဲ့ကိုဖမ်းဆုပ်ပြီး အတွင်းရှိ အကြောင်းအရာများကို ကြည့်လိုက်သည်။ထို့နောက် သူသည် ရုတ်တရက် ထိတ်လန့်တကြားပြောဆိုလိုက်၏။
"မြို့ရဲ့အရှေ့ဘက်ခြမ်းကို စောင့်ကြပ်နေတဲ့ ဗိုလ်ချုပ်က ငါတို့ရဲ့စစ်တပ်ကို အညံ့ခံဖို့ ဆန္ဒရှိနေတယ်...သူက ဒီနေ့ည မြို့တံခါးကိုဖွင့်ပေးမယ်လို့ ကတိပေးခဲ့တယ်"
ဤသည်မှာ ကောင်းကင်ကွန်ယက်အဖွဲ့၏ လက်အောက်ခံသူလျှိုများထံမှ လာသော သတင်းပို့စာလွှာပင်။ထိုသတင်းသည် တဆင့်ပြီးတဆင့်ဖြတ်ကျော်လာကာ နောက်ဆုံး၌ သူတို့၏လက်အတွင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ကောင်းကင်ကွန်ယက်အဖွဲ့၏သတင်းပေးများကို ထောင့်တစ်နေရာတိုင်းထိ ဖြန့်ကျက်ထားသည်။ဤသတင်းပို့စာလွှာများသည် လျှို့ဝှက်ပြီး ပေးပို့သည့်အရှိန်နှုန်းမှာ အလွန်လျှင်မြန်သည်။
ဆရာကျန်းက ပြောဆိုသည်။
"ကံကောင်းချင်တော့ သူတို့က အခြေအနေနဲ့ လိုက်လျောညီထွေ နေနိုင်ကြတယ်...အဲ့ဒီလိုမဟုတ်ဘဲ ငါက တခြားနည်းလမ်းတွေကို အသုံးပြုရမယ်ဆိုရင် သူတို့ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး"
ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ကွန်ယက်မှသူလျှို၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ်ပင်။
ဤသည်မှာ အမှန်တကယ်ကို အချိန်သုံးရက်အတွင်း၌ ဝေ့ယန်မြို့၏မြို့တံခါးကို ဖွင့်နိုင်တော့ပေမည်။
တစ်ခုသိထားရမည်မှာ ပုန်းကွယ်နဂါးစစ်တပ်အတွင်းရှိ ထူးချွန်သောစစ်ရေးအောင်မြင်မှုရရှိထားသည့် စစ်ဗိုလ်ချုပ်များပင်လျှင် ဝေ့ယန်မြို့အား တိုက်ခိုက်နိုင်ရန်အတွက် အနည်းဆုံး အချိန်ဆယ်ရက်ယူရမည်ဖြစ်ကြောင်း ခန့်မှန်းထားကြခြင်းပင်။
ဤသည်မှာ လုံခြုံရေးတင်းကြပ်သောသော မြို့ကြီးတစ်မြို့ဖြစ်ကာအရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ အကြီးမားဆုံးမြို့လည်းဖြစ်သည်။ယခုအချိန်၌ ဆရာကျန်းသည် စစ်သားတစ်ယောက်ကိုပင် အသုံးပြုခြင်းမရှိဘဲ မြို့တံခါးများ ဖွင့်နိုင်တော့ပေမည်။
ဆရာကျန်း၏လေသံအရ အကဲဖြတ်ကြည့်ပါကာ သူ၏အင်္ကျီလက်အတွင်းတွင် ဝှက်ဖဲများ ထပ်မံ၍ရှိနေသေးပုံရသည်။
"ငါ အရင်တုန်းက မျက်လုံးကန်းပြီးတော့ ထိုက်တောင်ကြီးကို မသိခဲ့ဘူး...နောင်အနာဂတ်မှာ မင်း အကျိုးကျေးဇူးတွေ ရလာတဲ့အချိန်ကျရင် ငါ့ကို မမေ့ပါနဲ့"
ကောင်းကင်ကွန်ယက်မှသူလျှိုသည် ဆရာကျန်းကို အလျှင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်၏။
ဤသည်မှာ ကြီးမားသော အကျိုးဆောင်မှုကြီးပင်။
ယခုအချိန်မှစ၍ ဆရာကျန်းသည် ကောင်းကင်ဘုံနယ်မြေအတွင်းတွင် အထူးချွန်ဆုံးနည်းဗျူဟာပညာရှင်များအနက်မှတစ်ယောက် ဖြစ်သွားလေပြီ။
Chapter 4464
ဝေ့ယန်မြို့၏ပြင်ပတွင်ရှိနေသော ပုန်းကွယ်နဂါးစစ်တပ်၏စစ်စခန်းအတွင်း၌....
လုယွီသည် တပ်မှူးတဲအတွင်း၌ထိုင်ကာ ကောင်းကင်ကွန်ယက်အဖွဲ့၏ သူလျှိုများထံမှ ပေးပို့သော အစီရင်ခံစာများကို နားထောင်နေသည်။
"ဒါဆိုရင် သူက တကယ့်ကိုပဲ ချီစစ်တပ်ကို သုံးရက်အတွင်းမှာ ပုန်ကန်လာအောင် လုပ်နိုင်ခဲ့တာလား"
သူ၏လူများထံမှအစီရင်ခံစာများကို ကြားချိန်၌ လုယွီ၏မျက်နှာပေါ်၌ အပြုံးတစ်ခုထင်ဟပ်လာသည်။
သူ၏ရှေ့တွင် ကောင်းကင်ကွန်ယက်အဖွဲ့၏တပ်မှူးဖြစ်ကာ သူ၏အယုံကြည်ရဆုံးလက်အောက်ငယ်သားလည်းဖြစ်သည့် လူတစ်ယောက် မတ်တတ်ရပ်နေသည်။
ကောင်းကင်ကွန်ယက်အဖွဲ့၏တပ်မှူးက ပြောဆိုသည်။
"ငါတို့က သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြင်ဆင်ပြီးပြီ.. အရှင်ကို အဲ့ဒီသတင်းအချက်အလက်တွေအားလုံး လွှဲပြောင်းပေးပါ့မယ်"
လုယွီ၏လက်အတွင်းသို့ အစီရင်ခံစာတစ်ခု ရောက်ရှိလာသည်။
ထိုအစီရင်ခံစာအတွင်း၌ ဆရာကျန်း၏ဘဝနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မှတ်တမ်းတင်ထားလေ၏။
လုယွီသည် နောက်ဆုံးအပိုင်းကိုဖတ်ပြီးနောက် သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
"ကောင်းပြီလေ...ငါ သိပြီ"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ဒီတိုက်ပွဲပြီးတာနဲ့ ငါကိုယ်တိုင် သူကို တွေ့ချင်တယ်"
"ဟုတ်ကဲ့..."
သူတို့နှစ်ယောက် စကားပြောဆိုနေသော အချိန်မှာပင် အဆောင်လက်ဖွဲ့တစ်ခုက လုယွီ၏လက်ထံသို့ ဦးတည်၍ပျံသန်းလာသည်။
ထိုအဆောင်လက်ဖွဲ့တွင် အလွန်ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များပါဝင်သည်။ဤသည်မှာ မရေမတွက်နိုင်သောလမ်းကြောင်းများကို ဖြတ်ကျော်၍ ကောင်းကင်ကွန်ယက်အဖွဲ့မှတစ်ဆင့် ဝေ့ယန်မြို့အတွင်းမှ ပေးပို့လိုက်ခြင်းဖြစ်သည်။
ဤကဲ့သို့ သတင်းပေးပို့သည့်နည်းလမ်းကို ကောင်းကင်ကွန်ယက်အဖွဲ့မှလူများသာ အသုံးပြုနိုင်သည်။
လုယွီသည် အဆောင်လက်ဖွဲ့အတွင်းရှိ အကြောင်းအရာများကို ဖတ်ပြီးနောက်သူ၏မျက်နှာပေါ်ရှိအပြုံး တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ထို့နောက် ထက်ရှသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည်ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လွမ်းခြုံသွားပေ၏။
ကောင်းကင်ကွန်ယက်၏တပ်မှူးပင်လျှင် သူ့ထံသို့တိုးဝင်လာသော ဖိအားအရှိန်အဝါကို ခံစားမိသည်။ဤဖိအားအရှိန်အဝါသည် သူ့အပေါ်သို့ လေးလံသော ကျောက်တုံးကြီးတစ်တုံး ဖိစီးလာသည့်အလား ခံစားရစေသဖြင့် သူ့အား အသက်ရှူမွန်းကြပ်သွားစေသည်။
"အရှင်...."
ကောင်းကင်ကွန်ယက်အဖွဲ့၏တပ်မှူးက ဂရုတစိုက် မေးမြန်းလိုက်၏။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသော အကြောင်းအရင်းမှာ သူ၏လက်အတွင်းရှိ အဆောင်လက်ဖွဲ့အတွင်း၌ ပါဝင်သော အကြောင်းအရာများကြောင့်ပင်။
ဤအဆောင်လက်ဖွဲ့သည် လန်ဝူရှင်း၏နံဘေးတွင်ရှိနေသော ကောင်းကင်ကွန်ယက်အဖွဲ့၏သူလျှိုမှ ပေးပို့လိုက်ခြင်းဖြစ်သည်။
လုယွီ၏အမိန့်ကို ရရှိပြီးနောက် လန်ဝူရှင်းသည် မြို့အတွင်းသို့ခိုးဝင်ကာ နျူနျူ၏တည်နေရာကို ရှာဖွေခဲ့သည်။သူသည် တော်ဝင်နန်းတော်အတွင်း၌ လှည့်လည်သွားလာရင်း မတော်တဆ အကျဉ်းတောင်တစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့မိရာမှ နျူနျူကို ရှာဖွေတွေ့ရှိခဲ့သည်။
လန်ဝူရှင်း၏နောက်သို့လိုက်သွားသော သူလျှိုများ၏သတင်းပို့မှုအရ နျူနျူနှင့်ကျိုးမိသားစု၏ရန်သူတစ်စုကို မှောင်မိုက်ပြီးစိုစွတ်သော အကျဉ်းထောင်တစ်ခုအတွင်း၌ လှောင်ပိတ်ထားသည်။
လန်ဝူရှင်းသည် သတင်းပြန်ပို့ရန် တစ်စုံတစ်ယောက်ကို အရင်ဆုံးစေလွှတ်ပြီးမှ သူ တစ်ယောက်တည်း အကျဉ်းထောင်အတွင်းသို့ ဝင်သွားခဲ့သည်။
သို့ရာတွင် ဤအကျဉ်းထောင်ကို ပြင်ဆင်မွမ်းမံထားခဲ့ကာ ထောင်ချောက်တစ်ခုအဖြစ် ဖွဲ့စည်းထားမည်ဟု သူ မျှော်လင့်မထားမိချေ။လန်ဝူရှင်းသည် အကျဉ်းထောင်အတွင်းသို့ ခြေချလိုက်သည်နှင့် ထောင်ချောက်ကို အသက်သွင်းလိုက်သကဲ့သို့ဖြစ်သွားကာ ကြီးမားသောဝင်္ကပါကြီးတစ်ခုက သူ့အား ချက်ချင်းလှောင်ပိတ်လိုက်၏။
ထိုသူလျှိုများသည် သူတို့၏အသက်ဖြင့်စွန့်စား၍ ပြင်ပသို့ပြေးထွက်လာကာ လုယွီထံသို့ ထိုကိစ္စကို သတင်းပို့ခြင်းဖြစ်သည်။
"ဝေ့ယန်မြို့ကိုတိုက်ခိုက်ဖို့ တပ်ရင်းသုံးရင်းကို အမိန့်ပေးလိုက်စမ်း"
လုယွီက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
သူ တစ်ချိန်လုံး ချိုးနှိပ်ထားခဲ့သည့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ နောက်ဆုံး၌ ပွင့်အံ့ထွက်လာလေပြီ။
မတော်တဆဖြစ်ရပ်များကို ကာကွယ်တားဆီးနိုင်ရန်အလို့ငှာ သူသည် တတ်နိုင်သမျှသည်းခံပြီး ဤနေရာ၌ ရလဒ်ကို စောင့်ဆိုင်းနေခဲ့သည်။
သို့ရာတွင် ရလဒ်သည် ဤအတိုင်းဖြစ်နေမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။
သူ၏အတိတ်ဘဝ၌ ယဲ့ရွှယ်လန်အပေါ် အကြွေးတင်ခဲ့သည်။ဤဘဝတွင် သူသည် မူလက နျူနျူကို လွတ်လပ်ပေါ့ပါးသောဘဝဖြင့် နေထိုင်စေလိုခဲ့သော်လည်း ကိစ္စများသည်သူ၏ဆန္ဒများနှင့် ဆန့်ကျင်ဘက်ဖြစ်နေပေ၏။သူ၏မိသားစုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ပြုလုပ်ဝံ့သူများ ရှိနေသည်။
နဂါးများတွင် ပြောင်းပြန်အကြေးခွံရှိနေကာ ထိုအရာကိုထိတွေ့မိသော မည်သူမဆို သေရပေမည်။
"အရှင်...အခုက သတ်မှတ်ထားတဲ့အချိန် မရောက်သေးဘူး"
ကောင်းကင်ကွန်ယက်အဖွဲ့၏တပ်မှူးက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုသည်။
သူတို့သည် ဝေ့ယန်မြို့ကို မည်သည့် သွေးထွက်သံယိုမှုမျှမရှိဘဲ သိမ်းပိုက်နိုင်မည့်နည်းလမ်းကို မြင်တွေ့ပြီးဖြစ်သည်။သို့ရာတွင် လုယွီသည် မည်သည်ကြောင့် ရုတ်တရက်ကြီးတိုက်ခိုက်ရန် အမိန့်ပေးခဲ့သနည်း။
"ငါက မြို့ထဲကို ချိုးဖျက်ပြီးဝင်မယ်...ငါ့ရဲ့နောက်ကို လိုက်ခဲ့စမ်း"
လုယွီ၏အသံသည် မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။
ဝေ့ယန်မြို့အတွင်းရှိ လူများအားလုံး ထိတ်လန့်တကြားဖြင့် မိုးကောင်းကင်ယံထံသို့ မော့ကြည့်လိုက်ကြသည်။
"ဘာတွေ ဖြစ်နေတာလဲ...ပုန်းကွယ်နဂါးစစ်တပ်က ဘာလို့ ရုတ်တရက်ကြီး မြို့ကိုတိုက်ခိုက်တာလဲ"
"ဒါက လုယွီရဲ့အသံ မဟုတ်လား"
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏အိမ်များအတွင်းမှထွက်လာကာ နတ်ဘုရားစိတ်အာရုံများကို အသုံးပြု၍ မြို့၏ပြင်ပရှိမြင်ကွင်းကို ကြည့်လိုက်ကြသည်။
အညံ့ခံရန်ပြင်ဆင်ထားသော စစ်ဗိုလ်ချုပ်၏မျက်လုံးများ ပြူးကျယ်သွားကာ မယုံကြည်နိုင်စွာဖြင့် ပြင်ပသို့ကြည့်လိုက်၏။
"သူက ဘာလုပ်နေတာလဲ"
Chapter 4465
လူအများ၏မျက်လုံးအကြည့်များ လုယွီထံသို့ စူးစိုက်၍ကျရောက်နေသည်။
လုယွီ၏အနက်ရောင်ဆံပင်များသည် ရေတံခွန်တစ်ခုအလား ဖြာကျနေပေ၏။သူသည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေကာ သူ့၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ရွှေရောင်နဂါးတစ်ကောင် ရစ်ခွေနေသည်။သူ့၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်ပြီးအစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်နေပေ၏။
သူသည် တစ်ယောက်တည်းဖြစ်သော်လည်း သူ ထုတ်လွှတ်ထားသော ဖိအားအရှိန်အဝါကြောင့် လူအများအား ထောင်နှင့်ချီသောရန်သူစစ်သားများကို ရင်ဆိုင်ရသကဲ့သို့ ခံစားမိစေသည်။
လုယွီသည် ချီစစ်တပ်၏ခုခံကာကွယ်မှုဗဟိုချက်ဖြစ်သော တောင်ဘက်မြို့တံခါးသို့ လျှောက်လှမ်းသွားလိုက်သည်။ဤသည်မှာ ချီအင်ပါယာ၏တော်ဝင်နန်းတော်နှင့် အနီးကပ်ဆုံးနေရာပင်။
"လုယွီ....မင်းက သေလမ်းရှာနေတာလား ...ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ ချီအင်ပါယာရဲ့မြို့တော်ကို ကျူးကျော်ဝံ့တာလဲ...မင်း ဒီနေ့ အသက်ရှင်ရက် ပြန်မသွားနိုင်စေရဘူး"
တောင်ဘက်မြို့တံခါးမှနေ၍ နယ်မြေသခင်ခုနစ်ယောက် ပျံသန်း၍ထွက်လာသည်။
အတိတ်တွင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ နယ်မြေသခင်တစ်ယောက်ကို ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတစ်ယောက်ဟု ယူဆနိုင်သည်။ယခုအချိန်၌ နယ်မြေသခင်အမြောက်အများရှိနေခြင်းမှာ ကျိုးမိသားစုသည် သူတို့၏အင်အားကို လျှို့ဝှက်၍ဖုံးကွယ်ထားသောကြောင့်ပင်။
ဤအကြီးအကဲများအနက်မှ မည်သည့်တစ်ယောက်မဆို နယ်မြေတခုကို စောင့်ကြပ်နိုင်သည့် မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ရန် အရည်အချင်းပြည့်မီသည်။
လုယွီသည် အနည်းငယ်မျှ အချိန်ဖြုန်းခြင်းမရှိချေ။သူ၏လက်ယာဘက်လက်ဖြင့် လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ရာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရစ်ခွေနေသောရွှေရောင်နဂါးထံမှနေ၍ ဒေါသတကြီးဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ သူ၏လက်သီးစိတ်ဆန္ဒသည် လေထုအတွင်းသို့မြင့်တက်သွားကာ တိမ်စိုင်များအတွင်းသို့ ထွင်းဖောက်သွားသည်။
ဝုန်း....
ထိုလက်သီးအား ထိုးနှက်လိုက်ချိန်တွင် ကောင်းကင်နှင့်မြေပြင်ပင် အရောင်ပြောင်းလဲသွားပေ၏။
ကြီးမားကျယ်ပြန့်သော လက်သီးစိတ်ဆန္ဒကြောင့် မိုးကောင်းကင်ယံအတွင်း၌ အပေါက်ကြီးတစ်ပေါက်အဖြစ် စုတ်ပြဲသွားပုံရသည်။
မည်သူမည်ဝါ ဖြစ်နေပါစေ ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော လက်သီးစွမ်းအားဖြင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် မကြုံစဖူး ထိတ်လန့်ကြောက်ရွံ့မှုတစ်ခုကို ခံစားရသည်။ဤသည်မှာ လောကကြီးအတွင်းရှိအရာရာတိုင်းသည် သူတို့နှင့်မသက်ဆိုင်တော့သည်အလားပင်။
အစောပိုင်းက ပျံသန်းလာသော နယ်မြေသခင်ခုနစ်ယောက်သည်လည်း တစစီပေါက်ကွဲသွားကာ သွေးများ နေရာအနှံ့အပြားသို့ ဖြာကျသွားသည်။
ထိုသွေးများအနက်မှတချို့သည် လူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသဖြင့် သူ့အား သွေးများဖြင့်ရေချိုးသကဲ့သို့ ဖြစ်သွားစေကာ သူသည် နတ်ဆိုးနတ်ဘုရားတစ်ယောက်အလားပင်။
တောင်ဘက်မြို့တံခါး၌ စောင့်ကြပ်နေသောအစောင့်များအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ သူတို့၏မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင်တော့ချေ။
ဤသည်မှာ လူသားတစ်ယောက်၏ခွန်အားပမာဏအတွင်းတွင် ရှိနေသေးသလော..
ဤလူခုနှစ်ယောက်သည် ကျိုးမိသားစု၏အကြီးအကဲများပင်။ကျိုးမိသားစုသည် သူတို့အားအသုံးပြု၍ လောကကြီးတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ချီစစ်တပ်အတွင်းမှ စစ်သားအမြောက်အများသည် ချီအင်ပါယာတည်ထောင်စဉ်၌ လက်မခံလိုမှုများ ရှိခဲ့သည်။သို့ရာတွင် ဤလူအိုကြီးခုနှစ်ယောက် တည်ရှိနေခြင်းကြောင့် သူတို့သည် ထိုကိစ္စများကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။
သို့သော် ဤပြိုင်ဘက်တည်ရှိမှုကြီးများ ဖြစ်ပုံရသော လူခုနစ်ယောက်သည် လုယွီ၏လက်သီးတချက်တည်းဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရလေ၏။
ဤသည်မှာ လက်သီးတစ်ချက် ထိုးနှက်လိုက်ရုံသက်သက်ပင်။
အကယ်၍ ထိုလက်သီးချက်သည် သူတို့၏ခန္ဓာကိုယ်များပေါ်သို့ ကျရောက်လာပါက....
လူအများသည် ထိုကိစ္စကို တွေးတောမိချိန်၌ ကူကယ်ရာမဲ့စွာဖြင့် တုန်လှုပ်ချောက်ချားသွားသည်။သူတို့သည် သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်လာသည်ကို ခံစားမိကာ တိုက်ခိုက်ရန်အတွက် ဆန္ဒမရှိတော့ချေ။
လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေပေ၏။ထို့နောက် သူ၏ခြေထောက်ကို တစ်ချက်ဆောင့်နင်းလိုက်ရာ လေဟာနယ်အတွင်း၌ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။
ဤရှေးဟောင်းနတ်ဘုရားသည် လေဟာနယ်အတွင်း၌မျောလွင့်နေကာ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ခုအလားပင်။
အစွမ်းထက်ပြီး ကျစ်လစ်မာကျောသော မြို့အကာအကွယ်ဝင်္ကပါကြီးထံမှနေ၍ ပြင်းထန်သောတုန်ခါသံကြီး ထွက်ပေါ်လာသည်။
ဤအသံသည် အလွန်အမင်းကျယ်လောင်သဖြင့် ကျင့်ကြံဆင့်နယ်ပယ်အားနည်းသောစစ်သားတချို့သည် တောင့်ခံနိုင်ခြင်းမရှိတော့ချေ။သူတို့၏နားစည်များမှ သွေးများယိုစီးကျလာကာ နာကျင်မှုကြောင့် ငိုကြွေးမြည်တမ်းရင်း မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ဘုန်း...ဘုန်း...
ကျယ်လောင်သောတုန်ခါသံများ လေထုအတွင်း၌ မြည်ဟီးသွားသည်။
မြို့အကာအကွယ်ဝင်္ကပါကြီးပေါ်တွင် ကျယ်ပြန့်သော အက်ကွဲကြောင်းကြီးတစ်ကြောင်း ထွက်ပေါ်လာပြီးနောက် လုယွီက အတွင်းသို့ လျှောက်လှမ်းသွားသည်။
"သူ...သူ...သူ...သူက အကာအကွယ်ဝင်္ကပါကြီးကိုတောင် ကွဲထွက်သွားစေတာလား...ဒီလိုစွမ်းအားမျိုးနဲ့ သူ့ကို ဘယ်သူက အနိုင်ယူနိုင်မှာလဲ"
သူ့ကိုဟန့်တားရန်အတွက် မည်သူကမျှ ခြေတစ်လှမ်းရှေ့မတက်ဝံ့ချေ။ချီအင်ပါယာမှစစ်သားအမြောက်အများသည် မြို့တံခါးအား လုယွီ ဖြတ်ကျော်သွားသည်ကို တိတ်ဆိတ်ငြိမ်သက်စွာစောင့်ကြည့်နေကြ၏။
"ဒီနေရာကို ကျူးကျော်ဝင်လာရဲမှတော့ မင်းရဲ့အသက်ကို ချန်ထားရမယ်"
ရုတ်တရက် ကျယ်လောင်သောအသံတစ်သံက ထောင့်တစ်နေရာမှ ထွက်ပေါ်လာသည်။
ဤသည်မှာလည်း နယ်မြေသခင်အဆင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။သို့ရာတွင် သူ၏မှော်စွမ်းအားများသည် အလွန်မှုန်မှိုင်းနေကာ သူသည် သရဲတစ္ဆေကျင့်ကြံသူတစ်ယောက် ဖြစ်ပုံရသည်။
သူသည် မှောင်မိုက်သောနေရာတနေရာ၌ တစ်ချိန်လုံးပုန်းအောင်းနေကာ လုယွီ၏အားနည်းချက်ကိုရှာဖွေပြီး ချက်ကောင်းကိုတိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ဘန်း...
လုယွီသည် မည်သည့်စကားကိုမျှ တုံပြန်ခြင်းမရှိဘဲ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
သိုင်းပညာအင်မော်တယ်တစ်ယောက်၏ခွန်အားသည် ပင်လယ်သမုဒ္ဒရာတစ်စင်းကဲ့သို့ ကြီးမားကျယ်ပြန့်ပေ၏။အစွမ်းထက်သောအားလှိုင်းတစ်ရပ် ရုတ်တရက် ပွင့်အံ့ထွက်လာကာ ထိုနယ်မြေသခင်ကျင့်ကြံသူကို လက်သီးတချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်။ထိုလူ၏ခန္ဓာကိုယ်မှအရိုးအမြောက်အများ ကြေမွှပျက်စီးသွားကာ သူသည် ကြိုးပြတ်သွားသော စွန်တစ်ခုအလား မြို့ရိုးပေါ်မှ ပြုတ်ကျသွားတော့သည်။
Thank For Reading.