အခန်း (၁၄၅-၁၄၆)
Vol. 8 Ch. 145-146
အပိုင်း (၁၄၅) ထွက်ခွာမည့်အကြောင်း ကြေညာခြင်းနှင့် ရန်မေ၏ ခံစားချက်
ရေပြင်ထက်တွင် လှိုင်းလုံးများ နိမ့်တုံမြင့်တုံ ဖြစ်ပေါ်နေပြီး ကျယ်ပြောလှသော ရေခဲတုံးကြီးများက ရေစီးကြောင်းကို ပိတ်ဆို့နေသည်။
တိုက် (၇၆)၊ ၁၆ ထပ်တွင် ကျောက်ခိုင်က လေတစ်ချက်ကို ဝအောင် ရှူသွင်းလိုက်ပြီး ကန်ရေပြင်၏ လှုပ်ရှားမှုကို စိုက်ကြည့်နေသည်။
လင်းယွမ်က သူ့ဘေးတွင် ရပ်နေကာ တင်းမာနေသော မျက်နှာထားက တဖြည်းဖြည်း လျော့ကျသွားလေသည်။
"ဒီအဘိုးကြီး သေလောက်ပါပြီ"
ကျောက်ခိုင်ကလည်း သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"ရေအောက်မှာ သန္ဓေပြောင်း သတ္တဝါတွေ အများကြီးရှိတာ အဲဒီအဘိုးကြီးကို ဖားမိစ္ဆာလို သန္ဓေပြောင်း သတ္တဝါတွေ မစားသွားရင်တောင် အောက်ဆီဂျင်ပြတ်ပြီး သေမှာ သေချာတယ်"
လင်းယွမ်က သိပ်စိတ်မချသေးသဖြင့် အပေါ်ထပ်မှနေ၍ ခေတ္တမျှ ထပ်ကြည့်နေလိုက်သည်။ ကျန်းကောချန် ရေပေါ်သို့ ပေါ်မလာတော့ကြောင်း သေချာသွားမှသာ စိတ်အေးသွားတော့သည်။
သူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဒီတစ်ခါ ငါတို့အတွက် သင်ခန်းစာ ရလိုက်တာပဲ ကျန်းကောချန် ဆိုတဲ့ အဘိုးကြီးက ငါ့ကို မကျေမနပ် ဖြစ်နေတာ ကြာပြီ သူက အိမ်ပိုင်ရှင်တွေကြားမှာ ပုန်းအောင်းနေပြီး သန္ဓေပြောင်း အစွမ်းတောင် ရထားသေးတယ်"
"သူသာ ရည်ရွယ်ချက်ရှိရှိ ပုန်းအောင်းနေပြီး ငါတို့ကို အလစ်ဝင်တိုက်ရင် နောက်ဆက်တွဲက တွေးရဲစရာတောင် မရှိဘူး"
ကျောက်ခိုင်က ထိုစကားကို ကြားသောအခါ ကျန်းကောချန်၏ ခန္ဓာကိုယ်တစ်ခုလုံး အရိုးဆူးများ ထွက်ပေါ်လာပြီး မိမိကို အလစ်ဝင်တိုက်ခိုက်မည့် ပုံရိပ်ကို မြင်ယောင်မိသွားသည်။
သူ့ကျောပြင်တစ်ခုလုံး အေးစက်သွားပြီး ပြောလိုက်သည်။
"ဟုတ်ပါ့ဗျာ သူ့ရဲ့အစွမ်းနဲ့သာ အနီးကပ် ဝင်တိုက်ရင် ကာကွယ်ဖို့ တော်တော်ခက်မှာ ကျွန်တော်တို့ထဲမှာဆိုရင် အမတင်း တစ်ယောက်လောက်ပဲ တုံ့ပြန်နိုင်လောက်မယ်"
တင်းယန်၏ အစွမ်းမှာ စွမ်းအင်ဖြည့်တင်းခြင်း ဖြစ်သည်။ စိတ်ကူးလိုက်သည်နှင့် စွမ်းအင်များက သူမ၏ ခန္ဓာကိုယ် မည်သည့်အစိတ်အပိုင်းတွင်မဆို အလိုအလျောက် ပေါ်လာကာ ကာကွယ်ပေးနိုင်သည်။
သို့သော် အခြားလူများမှာမူ ထိုကဲ့သို့ အစွမ်းမျိုး မရှိကြပေ။
တကယ်တော့ လင်းယွမ်လည်း တုံ့ပြန်နိုင်ပါသည်။ သူ၏ စိတ်စွမ်းအင်မှာလည်း အတွေးတစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် တစ်ဖက်လူကို တားဆီးရန် စိတ်စွမ်းအင် တံတိုင်းတစ်ခု ဖန်တီးနိုင်ပေသည်။
တုံ့ပြန်ချိန် အနည်းငယ် ရလိုက်သည်နှင့် လင်းယွမ်၌ ကျန်းကောချန်ကို သတ်ပစ်နိုင်သည့် နည်းလမ်းပေါင်း ကုဋေကုဋာ ရှိသည်။
ယခုတစ်ကြိမ် ကျန်းကောချန် ထွက်ပြေးလွတ်မြောက်သွားရခြင်းမှာ လင်းယွမ်က မမျှော်လင့်ဘဲ သန္ဓေပြောင်း အစွမ်းတစ်ခုကို ရရှိသွားခဲ့ရာမှ စိတ်အာရုံ ထွေပြားသွားသောကြောင့် ဖြစ်သည်။
သန္ဓေပြောင်း အစွမ်းအကြောင်း ပြောရလျှင် လင်းယွမ်၏ စိတ်ထဲတွင် ဆန္ဒစောလာပြီး မိမိ၏ အစွမ်းကို အမြန်ဆုံး လေ့လာစမ်းသပ်ကြည့်ချင်နေမိသည်။
သို့သော် ယခုအချိန်က အချိန်ကောင်း မဟုတ်သေးပေ။ သူက လေတစ်ချက်ကို ရှူသွင်းလိုက်ပြီး စိတ်ထဲမှ ဆန္ဒစောမှုကို ဖိနှိပ်လိုက်ကာ ပြောလိုက်သည်။
"အားလုံးကို ခေါင်မိုးထပ်ကို လာဖို့အကြောင်းကြားလိုက်"
ကျောက်ခိုင်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"သိပြီ ကျွန်တော် ကင်းအဖွဲ့ခေါင်းဆောင်တွေကို သွားပြောလိုက်မယ်"
လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး အပေါ်ထပ်သို့ တက်သွားလေသည်။
ထိုအချိန်တွင် တင်းယန်က ကမန်းကတန်း ပြေးဆင်းလာသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်ကို တွေ့လိုက်ရသည့် ခဏတွင် သူမ၏ စိုးရိမ်ပူပန်နေသော မျက်နှာထားမှာ ချက်ချင်းပင် သက်သာရာ ရသွားတော့သည်။
ထို့နောက် သူမက အမြန်လျှောက်လာပြီး မေးလိုက်သည်။
"ရှင် ဘာမှ မဖြစ်ဘူးမလား"
လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
"မပူပါနဲ့ ငါ ဘာမှမဖြစ်ပါဘူး"
ကျောက်ခိုင်က ဘေးမှနေ၍ ရယ်မောကာ ပြောလိုက်သည်။
"အစ်ကိုလင်းရေ အမတင်းက အဲဒီအဘိုးကြီး အစ်ကိုလင်းကို အလစ်ဝင်တိုက်သွားတယ်လို့ ကြားတာနဲ့ စိတ်ပူပြီး ချက်ချင်း ပြေးကြည့်တာဗျ"
တင်းယန်က သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။
"ငါက သူ့ကို ယုံတယ် သူတစ်ယောက်တည်းနဲ့တင် အဲဒီအဘိုးကြီးကို ရှင်းပစ်နိုင်တယ်"
ကျောက်ခိုင်က စနောက်လိုသဖြင့် ခိုးရယ်နေလေသည်။
သူမ စိတ်ပူနေမှန်း လင်းယွမ် သဘောပေါက်သည်။ သူက ရှေ့သို့တိုးသွားပြီး အနည်းငယ် နီရဲနေသော သူမ၏ မျက်ဝန်းများကို ကြည့်ကာ နူးညံ့စွာ ပြုံး၍ ပြောလိုက်သည်။
"စိတ်ချပါ ငါ လုပ်စရာကိစ္စတွေ အများကြီး ကျန်သေးတယ် ဒီနေရာမှာ ဘယ်လိုလုပ် သေနိုင်မှာလဲ"
တင်းယန်က သူ၏ အကြည့်များကို ခံစားမိသဖြင့် ရင်ထဲတွင် တုန်လှုပ်သွားကာ ခေါင်းကို လွှဲလိုက်ပြီး ပြောလိုက်သည်။
"ရှင် အသက်ပြင်းမှန်း သိပါတယ် တော်ပြီ ကျွန်မပြန်တော့မယ်"
သူမ၏ စိတ်ထဲတွင် အနည်းငယ် ဂဏှာမငြိမ် ဖြစ်လာသဖြင့် အလျင်အမြန်ပင် အကြောင်းပြချက်တစ်ခု ပေးကာ ထွက်သွားလေတော့သည်။
. . .
နာရီဝက်ခန့် ကြာသောအခါ ခေါင်မိုးထပ်၌...
မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း ခေါင်မိုးထပ်တွင် ပလပ်စတစ်မိုးကာဖြင့် တဲကြီးတစ်လုံး ထိုးထားသည်။
အိမ်ပိုင်ရှင် အားလုံးနီးပါး တဲအောက်သို့ ရောက်ရှိနေကြပြီး တီးတိုး ပြောဆိုနေကြသည်။
"ဆရာလင်းက ဒီတစ်ခါ လူတွေကို ခေါ်လိုက်တာ ဘာကိစ္စရှိလို့လဲ မသိဘူးနော်"
"မသိပါဘူး ဟို သန္ဓေပြောင်း အဘိုးကြီးကိစ္စနဲ့များ ပတ်သက်နေမလား"
"ဖြစ်နိုင်တယ် ငါတို့ကြားထဲမှာ အစွမ်းနိုးထလာတဲ့သူ ရှိနေမယ်လို့ ထင်တောင်မထင်ထားဘူး ပြီးတော့ ဒီလောက်ထိ ပုန်းအောင်းနေတာ ကြည့်ရတာ ရည်ရွယ်ချက် မကောင်းဘူးထင်တယ်"
"အဲဒီအဘိုးကြီးကို ငါသိသလိုပဲ ကျန်းယွမ်ယွမ်ရဲ့ ဦးလေး မဟုတ်လား"
"အေး နင်ပြောမှ ငါလည်း သတိရတယ် ကျန်းယွမ်ယွမ်က ဝမ်ကျဲရဲ့ မိန်းမလေ... အဲဒီအဘိုးကြီး ပုန်းနေတာ ဆရာလင်းကို တကယ်ပဲ ဒုက္ခပေးချင်လို့ နေမှာပေါ့"
"ဒီအဘိုးကြီး ရူးများနေလားမသိဘူး ဆရာလင်းက လျှိုအားလုံတို့ ဝမ်ကျဲတို့ထက် အများကြီးသာတာကို ဆရာလင်းကို ဒုက္ခပေးချင်ရတယ်လို့... တကယ် အချောင်ခိုပြီး နေချင်တာပဲ"
"ဟေ့ နင်တို့ ပြောကြည့်ပါဦး ဆရာလင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ဆိုးပြီးတော့ ကုန်ဈေးနှုန်း တက်မလို့ လူတွေကို ခေါ်တာများလား"
"ဟမ် တကယ်လား ဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ ငါတို့က ကျန်းကောချန်ကို သိတာမှ မဟုတ်တာ"
"ဟုတ်တယ်လေ ဒါ ငါတို့နဲ့ မဆိုင်ဘူး ဆရာလင်းက ဒါကို အကြောင်းပြပြီး ဈေးတက်မယ် ဆိုရင်တော့ သိပ်မကောင်းဘူး ထင်တာပဲ"
"အရင်တုန်းက လျှိုချန်ဖာ ကိစ္စတုန်းကလည်း ငါတို့နဲ့မှ မဆိုင်တာ ဒါပေမဲ့ သူ ဈေးတက်လိုက်တာပဲ မဟုတ်ဘူးလား"
"ဒါ... ဒါဆို ငါတို့ မြေစာပင် ဖြစ်ရတော့မှာလား"
"ဟုတ်တယ် ဒါ မဖြစ်သင့်ဘူး ဘယ်လိုလုပ် ဖြစ်သင့်မှာလဲ"
လူအများအပြားက မကျေမနပ် ရေရွတ်နေကြသည်။ လူအတော်များများက လင်းယွမ် ကုန်ဈေးနှုန်း ထပ်တက်မလားဟု တွေးပူနေကြသည်။
လွန်ခဲ့သော တစ်ကြိမ် လျှိုချန်ဖာ ကိစ္စတုန်းကလည်း လင်းယွမ်က အခွင့်ကောင်းယူ၍ ကုန်ဈေးနှုန်း တက်ခဲ့ဖူးသည်။
ယခု ကျန်းကောချန် ကိစ္စ ထပ်ဖြစ်လာပြန်ရာ လူတိုင်းက ထိုကိစ္စကို တွေးမိသည်မှာ မဆန်းပေ။
ခဏမျှ စောင့်ဆိုင်းပြီးနောက် လင်းယွမ်က ဦးလေးမာ၊ ချိုင်ကြည်၊ တင်းယန်၊ ကျောက်ခိုင် တို့နှင့်အတူ တက်လာလေသည်။
သူနှင့်အတူ ကင်းလှည့်အဖွဲ့ဝင်များလည်း ပါလာကြသည်။
သူတို့အဖွဲ့တွင် လူဆယ်ဂဏန်းခန့် ရှိပြီး ထိုအထဲတွင် သန္ဓေပြောင်း အစွမ်းရရှိထားသူ အများအပြား ပါဝင်သည်။
စောစောက မကျေမနပ် ဖြစ်နေကြသော အိမ်ပိုင်ရှင်များမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြတော့သည်။
လူအားလုံးက လင်းယွမ်တို့အဖွဲ့ကို ကြည့်နေကြသည်။
လင်းယွမ်၏ ဟန်ပန်မှာ တည်ငြိမ်နေပြီး လူအများ၏ အကြည့်ကြောင့် ရှိန်သွားခြင်း မရှိပေ။
သူ၏ အရည်အသွေးမှတ်များ တိုးတက်လာသည်နှင့်အမျှ၊ အထူးသဖြင့် စိတ်စွမ်းအင် မြင့်တက်လာခြင်းကြောင့် သူ၏ အရှိန်အဝါမှာ သာမန်လူများကို ကျော်လွန်နေပြီ ဖြစ်သည်။
ယခုအချိန်တွင် သူ၏ အရှိန်အဝါသည် လူအားလုံးတွင် အားအကောင်းဆုံး ဖြစ်နေပြီဟု ဆိုနိုင်သည်။
လင်းယွမ်က နေရာယူလိုက်ပြီး အခြားသူများကလည်း အောက်ဘက်တွင် နေရာယူကာ အစီအစဉ်တကျ ရှိနေစေရန် ထိန်းသိမ်းလိုက်သည်။
သူက လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ဖြည်းညင်းစွာ စတင်ပြောကြားလေသည်။
"မိတ်ဆွေတို့ ဒီနေ့ ခင်ဗျားတို့ကို ခေါ်လိုက်ရတာက အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာရှိလို့ပါ"
"မိုးရွာနေတာ ၆ လ ရှိနေပြီ ရေကြီးမှု အခြေအနေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမြင့်လာတယ် ကျွန်တော် မှတ်မိသလောက်ဆို လွန်ခဲ့တဲ့ ၁၅ ရက်တုန်းက ရေမျက်နှာပြင်က ၁၁ ထပ်မှာပဲ ရှိသေးတယ် အခုတော့ ၁၄ ထပ်ထိ ရောက်လာပြီ"
"ဒီအတိုင်း ဆက်သွားရင် ရေမျက်နှာပြင်က ၃၂ ထပ်ထိ ရောက်မလာဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူး"
"ဒါကြောင့် ကျွန်တော်တို့က ရေတွေ အကုန်လုံး လွှမ်းမသွားခင် မြေနိမ့်ပိုင်းကနေ မြေမြင့်ပိုင်းဖြစ်တဲ့ ထိုက်ယန်တောင် မိန်တောင် ဘက်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တယ်"
"ဒီနေ့ ခင်ဗျားတို့ကို အသိပေးချင်တာက ကျွန်တော်တို့နဲ့အတူ လိုက်ချင်တဲ့သူ ရှိလား ဆိုတာပါပဲ"
"လိုက်ချင်တဲ့သူ ရှိရင် သက်ဆိုင်ရာ ကင်းလှည့်အဖွဲ့ခေါင်းဆောင်တွေဆီမှာ စာရင်းပေးလို့ ရပါတယ်"
"ကျွန်တော် ကြိုပြောထားချင်တာ တစ်ခုရှိတယ် ရေအောက်မှာ သန္ဓေပြောင်း သတ္တဝါတွေ အများကြီးရှိတယ် အချိန်မရွေး ကျွန်တော်တို့ရဲ့ ဖောင်တွေကို တိုက်ခိုက်လာနိုင်တယ်"
"ဒါကြောင့် လမ်းခရီးမှာ အန္တရာယ် ရှိမှာ သေချာတယ်"
"ခင်ဗျားတို့ရဲ့ အသက်အန္တရာယ် လုံခြုံမှုကို ကျွန်တော် အာအမခံနိုင်ဘူး ကျွန်တော်တို့နဲ့ လိုက်ချင်ရင် ဒါကို လက်ခံနိုင်ဖို့ လိုလိမ့်မယ်"
"ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကို ကိုယ့်မိသားစုနဲ့ တိုင်ပင်ပါ ဒါမှမဟုတ် သူငယ်ချင်း မိတ်ဆွေတွေနဲ့ စုပေါင်းတိုင်ပင်လို့ ရပါတယ်"
"ကျွန်တော့် သစ်သားဖောင်က တစ်ခါသွားရင် လူ ၆၀ လောက်ပဲ တင်လို့ရတယ်"
"ဖောင်ပေါ် လိုက်မယ့်သူတွေကို စာရင်းပေးတဲ့ အစီအစဉ်အတိုင်း ခေါ်သွားမယ်"
"နောက်ထပ် အချက်တစ်ချက် ရှိသေးတယ် ဒီနေ့ကစပြီး ငါးဖမ်းမိရင် လဲလှယ်လို့ရမယ့် ဆန်နဲ့ရိက္ခာကို နှစ်ဆ တိုးပေးလိုက်မယ် အရင်တုန်းက ငါး ၁၀ ကောင်ကို ဆန်တစ်ဗူး လဲလို့ရပေမယ့် အခုကစပြီး ငါး ၅ ကောင်ဆိုရင် ဆန်တစ်ဗူး လဲလို့ရပါပြီ"
"ဒါပါပဲ မေးစရာရှိရင် အခု မေးလို့ရပါတယ်"
လင်းယွမ် ပြောပြီးသည်နှင့် အောက်ဖက်မှ လူအုပ်ကြီးမှာ ပွက်လောရိုက်သွားတော့သည်။
ဒီသတင်းက တကယ့်ကို တုန်လှုပ်စရာ ကောင်းလွန်းသည်။
"သူတို့က တိုက်ကို စွန့်ခွာတော့မလို့လား"
"ရူးနေကြတာလား အပြင်က ရေအောက်မှာ သန္ဓေပြောင်း သတ္တဝါတွေ ရှိနေတာ လူစားတဲ့ကောင်တွေချည်းပဲလေ"
"စွန်းတ မိသားစု သေသွားတာ သူတို့ မမြင်ကြဘူးလား အဲဒီ သန္ဓေပြောင်း ရေခူအုပ်ကြီးကို သူတို့ ဘယ်လို လုပ် တားနိုင်မှာလဲ"
"သွားချင်တဲ့သူ သွားပါစေ ငါတော့ မသွားဘူး ဘယ်သူက ရေတွေ တက်လာမယ် ပြောလဲ နောက်ရက်နည်းနည်းလောက်ဆို နေပြန်ထွက်လာမှာပါ"
"ဟုတ်တယ် ဟုတ်တယ် ငါ မသွားဘူး ရေထဲမှာ အရမ်း အန္တရာယ်များတယ် ငါ မသွားဘူး"
"မဟုတ်ဘူး ငါထင်တာတော့ ဆရာလင်း ပြောတာ အဓိပ္ပာယ် ရှိတယ် မင်းတို့ စဉ်းစားကြည့်လေ ရေကြီးတာက တောက်လျှောက် မြင့်တက်နေတာ အောက်ထပ်တွေက နေလို့မရတော့ဘူး အဲဒီကျရင် လူတွေအကုန်လုံး အပေါ်ထပ်ကို ပြေးတက်လာကြမှာ ဒါပေမယ့် အခန်းတွေက နည်းနည်းပဲ ရှိတာ ဘယ်လိုလုပ် လောက်မှာလဲ"
"မလောက်လည်း ငါ မသွားဘူး လျှောက်လမ်းမှာပဲ နေလိုက်မယ် မနေဖူးတာမှ မဟုတ်တာ တိုက်ထဲကနေ ထွက်သွားမှ ရေထဲမှာ သေမလား ဘယ်သူသိမှာလဲ"
"ဟုတ်တယ် တိုက်ထဲမှာဆိုရင် အနည်းဆုံးတော့ တစ်လလောက် တောင့်ခံထားလို့ ရသေးတယ် အဲဒီကျရင် နိုင်ငံတော်က ကယ်ဆယ်ရေးတွေ ရောက်လာမှာပါ"
"နင်တို့က တုံးလိုက်တာ ဆရာလင်း ထွက်သွားရင် နင်တို့ စားစရာ ဘယ်ကသွားရှာမလဲ ငါးချည်းပဲ ဆက်စားနေကြမှာလား"
"ဆရာလင်းတို့က သန္ဓေပြောင်း အစွမ်းရှိသူတွေလေ စွန်းတ မိသားစုနဲ့ ဘယ်တူမှာလဲ သူတို့မှာ ရေထဲက သတ္တဝါတွေကို ကိုင်တွယ်နိုင်တဲ့ အရည်အချင်း ရှိမှာပါ"
"ဘာကိစ္စ ထွက်သွားရမှာလဲ အခု လူတိုင်း ငါးစားလို့ ရနေတာပဲ စိုက်ပျိုးရေးခန်းအမှာလည်း ဟင်းသီးဟင်းရွက်တွေ စိုက်လို့ ရနေပြီပဲ ဘာလို့ စွန့်စားပြီး ဒီကနေ ထွက်သွားရဦးမှာလဲ"
....
အိမ်ပိုင်ရှင်များထဲတွင် မသွားချင်သူများ ရှိသလို ရေဆက်လက်ကြီးမြင့်လာပါက နေရာထိုင်ခင်း မလုံလောက်မှုနှင့် အစားအစာ ပြတ်လပ်မှု ပြဿနာများကို တွေးမိပြီး အမြော်အမြင် ရှိသူများလည်း ရှိကြသည်။
ခဏချင်းပင် လူအများကြားတွင် ဆွေးနွေးငြင်းခုံသံများ ဆူညံလာပြီး သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာသည်။
လင်းယွမ် ခေတ္တမျှ စောင့်ဆိုင်းနေလိုက်သည်။ နောက်ဆုံးတွင် အမျိုးသားတစ်ဦးက လက်ထောင်၍ အော်မေးလိုက်သည်။
"ဆရာလင်း ခင်ဗျား ထွက်သွားရင် စိုက်ပျိုးရေးခန်းမကို ထားခဲ့ပေးမှာလား"
ထိုသူက လူအများ စိတ်ဝင်စားနေသည့် မေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။ ချက်ချင်းပင် လူအားလုံးက လင်းယွမ်ကို ဝိုင်းကြည့်လာကြသည်။
လင်းယွမ်၏ မျက်နှာထားက တည်ငြိမ်နေသည်။
"ရပါတယ် ကျွန်တော် ခင်ဗျားတို့အတွက် မျိုးစေ့တွေ ချန်ထားပေးခဲ့မယ် ခင်ဗျားတို့ ဆက်ပြီး စိုက်ပျိုးလို့ ရပါတယ်"
စိုက်ပျိုးရေးခန်းမ ဆိုသည်မှာ လင်းယွမ်၏ စမ်းသပ်ချက် တစ်ခုမျှသာ ဖြစ်သည်။ သူ၏ အဓိက ရည်ရွယ်ချက်မှာ သန္ဓေပြောင်း နေကြာပန်းကို စိုက်ပျိုးရန် ဖြစ်သည်။
ယခုအခါ သန္ဓေပြောင်း နေကြာပန်း ပေါက်ရောက်လာပြီ ဖြစ်သဖြင့် နောက်ပိုင်းတွင် သန္ဓေပြောင်း နေကြာပန်းကိုသာ ယူဆောင်သွားရုံပင်။ အခြား ဟင်းသီးဟင်းရွက်များမှာ သူ့အတွက် အရေးမကြီးပေ။
သူ၏ ပစ္စည်းသိုလှောင်ခန်း ထဲတွင် ဟင်းသီးဟင်းရွက်များ အများအပြား ရှိနေပြီး မျိုးစေ့များလည်း မနည်းလှပေ။
ထိုက်ယန်တောင် သို့မဟုတ် မိန်တောင် သို့ ရောက်သွားလျှင် ထိုနေရာတွင် မြေဆီလွှာ ရှားပါးမည် မဟုတ်သဖြင့် ကြိုက်သလို စိုက်ပျိုးနိုင်သည် မဟုတ်ပါလော။
သူ့စကားကြောင့် ထိုနေရာရှိ လူအများအပြား သက်ပြင်းချနိုင်သွားကြသည်။
စိုက်ပျိုးရေးခန်းမ ရှိနေသမျှ သူတို့ တစ်ခုခု စိုက်ပျိုးစားသောက်နိုင်မည်။ အနည်းဆုံးတော့ အာလူးကဲ့သို့ အစာများကို စိုက်ပျိုးပြီး ကာဗိုဟိုက်ဒရိတ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပေလိမ့်မည်။
မေးခွန်းမေးမည့်သူ ပေါ်လာသဖြင့် လူများလည်း သတ္တိရှိလာကြသည်။
ချက်ချင်းပင် နောက်ထပ် လူတစ်ယောက်က လက်ထောင်လိုက်သည်။
"ဆရာလင်း ဒါဆို ခင်ဗျားတို့ ထွက်သွားရင် ခင်ဗျားတို့ အခန်းတွေ လွတ်သွားမှာပေါ့ ကျွန်တော်တို့ မလိုက်ဘူးဆိုရင် အဲဒီအခန်းတွေမှာ ဝင်နေလို့ ရမလား"
လင်းယွမ်က ထပ်မံ ခေါင်းညိတ်ပြလိုက်သည်။
"ရပါတယ် အခန်းတွေကို ခင်ဗျားတို့ ကြိုက်သလို ရွေးလို့ရတယ် ဒါပေမယ့် တစ်ခုတော့ သတိပေးလိုက်မယ် ကျွန်တော်တို့ ထွက်သွားရင် လုံခြုံရေး အပိုင်းကို ခင်ဗျားတို့ဘာသာ ထိန်းသိမ်းရလိမ့်မယ် ဒုတိယမြောက် လျှိုအားလုံ ထပ်မပေါ်လာစေနဲ့ အဲဒီအချိန်ကျရင် ကျွန်တော် လာမကယ်နိုင်တော့ဘူး"
သူ့စကားကြောင့် လူအများအပြား၏ မျက်နှာ ပျက်သွားကြပြီး ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။
ထိုအချိန်ကျမှ သူတို့ သတိရသွားကြသည်။ လင်းယွမ် ရှိနေခြင်းက သူတို့အတွက် အကြီးမားဆုံး အကျိုးကျေးဇူးမှာ သန္ဓေပြောင်းငါးဖြင့် ဆန်လဲလှယ်နိုင်ခြင်း မဟုတ်ဘဲ တိုက်တစ်ခုလုံး၏ တည်ငြိမ်သော လုံခြုံရေး အစီအစဉ်ပင် ဖြစ်သည်။
လင်းယွမ်က လူတစ်စုကို ခေါ်ဆောင်သွားပါက တိုက်ထဲတွင် လုံခြုံရေး ထိန်းသိမ်းမည့်သူ မရှိတော့ဘဲ ကနဦးကကဲ့သို့ အဓိကရုဏ်းများ ပြန်လည် ဖြစ်ပေါ်လာမည်လား။
ခဏချင်းပင် လူအများအပြားသည် ဝမ်ကျဲဂိုဏ်းနှင့် လျှိုအားလုံဂိုဏ်းတို့ တိုက်ကို ထိန်းချုပ်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသော ဆိုးရွားသည့် အခြေအနေများကို ပြန်လည်အမှတ်ရလာပြီး စိတ်ထဲတွင် ကြောက်လန့်လာကြသည်။
"ဆရာလင်း မသွားဘဲ နေလို့မရဘူးလားဗျာ အားလုံး ဒီမှာပဲ ဆက်နေကြရင် မကောင်းဘူးလား နောက်ရက်နည်းနည်းလောက်ဆိုရင် နိုင်ငံတော်က ကယ်ဆယ်ရေးအဖွဲ့ ရောက်လာလောက်ပါပြီ"
"ဟုတ်တယ်လေ ဆရာလင်း ရေအောက်က သန္ဓေပြောင်း သတ္တဝါတွေက အရမ်း အန္တရာယ်များတာ ဘာလို့ အသက်နဲ့ရင်းပြီး စွန့်စားချင်ရတာလဲ"
သတ္တိနည်းပြီး မလိုက်ချင်သောသူ အချို့က လင်းယွမ်ကို ဝိုင်းဝန်း ဖျောင်းဖျကြလေသည်။
လင်းယွမ်က စိတ်လှုပ်ရှားပုံ မပြဘဲ ပြောလိုက်သည်။
"တခြား မေးစရာ ရှိသေးလား မရှိရင် အစည်းအဝေး သိမ်းမယ်"
"ကျွန်တော် ခင်ဗျားတို့ကို အမှန်အတိုင်း ပြောပြမယ် ကျွန်တော့်လက်ထဲမှာလည်း ရိက္ခာ သိပ်မကျန်တော့ဘူး ဒီမှာ ဆက်နေရင် ငတ်ပြီး သေဖို့ပဲ ရှိတော့တယ်"
"အခု ထွက်သွားပြီး ထိုက်ယန်တောင် ဒါမှမဟုတ် မိန်တောင်ကို ရောက်ရင် အဲဒီမှာ မြေနေရာရှာပြီး စိုက်ပျိုးလို့ ရမယ် အဲဒီအချိန်ကျမှသာ တကယ်တမ်း အသက်ရှင်ရပ်တည်နိုင်မှာ"
"တိုက်ထဲမှာ ကျန်နေခဲ့တာက လုံခြုံတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ ရေနွေးအိုးထဲက ဖားလို တဖြည်းဖြည်းနဲ့ သေသွားကြမှာပဲ"
"ခင်ဗျားတို့ သေချာ စဉ်းစားကြပါ ကျွန်တော် ချက်ချင်း မသွားသေးဘူး ခင်ဗျားတို့မှာ အချိန်ရှိသေးတယ်"
လင်းယွမ်က နောက်ဆုံး လက်ကာပြလိုက်ပြီး လူစုခွဲလိုက်လေသည်။
လူအားလုံးမှာ ရှုပ်ထွေးသော မျက်နှာထားများနှင့် ကိုယ်စီ အတွေးများဖြင့် အိမ်ပြန်သွားကြသည်။
လူအများအပြားက သုံးလေးယောက် တစ်စု စုကာ ဤအရေးကြီးသော သတင်းကို ဆွေးနွေးတိုင်ပင်နေကြသည်။
ဤကိစ္စသည် လူအားလုံး၏ ကံကြမ္မာနှင့် သက်ဆိုင်နေသဖြင့် မည်သို့ ရွေးချယ်ရမည်ကို သေချာ စဉ်းစားရပေမည်။
ကိစ္စများကို အသိပေးပြီးနောက် လင်းယွမ်လည်း အိမ်သို့ ပြန်လှည့်လာခဲ့သည်။
ရန်မေက ထမင်းဟင်းများကို စောစီးစွာ ချက်ပြုတ်ထားပြီး လင်းယွမ် ပြန်လာမည်ကို စောင့်နေသည်။
စားပွဲပေါ်တွင် အပြည့်ခင်းကျင်းထားသော ဟင်းလျာများကို ကြည့်ပြီး လင်းယွမ် ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရသည်။
ဒါမှ တကယ့် အိမ်ရဲ့ အရသာပဲ... သို့သော် မကြာခင်မှာပင် သူတို့ ထွက်ခွာရတော့မည် ဖြစ်သည်။
ဒီနေ့တွင် သူနှင့် အမမေ နှစ်ယောက်တည်းသာ ထမင်းစားရမည်။ အမဝူ နှင့် ချိုင်ယောင် တို့က သူတို့ဝေစု ရိက္ခာများကို ယူပြီး ပြန်သွားကြပြီ ဖြစ်သည်။
လင်းယွမ်က ထိုကဲ့သို့ တုန်လှုပ်စရာ သတင်းကို ပြောလိုက်သဖြင့် အိမ်တိုင်းလိုလို ပြန်ရောက်သည်နှင့် သေချာ တိုင်ပင်ဆွေးနွေးကြရမည်သာ။
လင်းယွမ်နောက်သို့ လိုက်ရန် ဆုံးဖြတ်ထားပြီးသော မိတ်ဆွေဟောင်းများပင်လျှင် စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေကြပြီး လင်မယား မိသားစုချင်း ရင်ဖွင့်တိုင်ပင်ကြရဦးမည် ဖြစ်သည်။
"ကျွန်တော်လေး ဘာတွေ တွေးနေတာလဲ"
ရန်မေက တိတ်ဆိတ်နေသော လင်းယွမ်ကို ကြည့်ကာ ရေတစ်ခွက် ငှဲ့ပေးရင်း မေးလိုက်သည်။
လင်းယွမ်က ခေါင်းခါရင်း ပြုံးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး ဒီနေရာကနေ မကြာခင် ထွက်ခွာရတော့မယ် ဆိုတော့ စိတ်ထဲမှာ နှမြောသလို ဖြစ်နေလို့ပါ"
ရန်မေက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။
"အခန်းကို နှမြောနေတာလား"
လင်းယွမ်က သက်ပြင်းချလိုက်သည်။
"ဟုတ်တယ်လေ ဒါက ကျွန်တော့်ဘဝရဲ့ ပထမဆုံး အိမ်ပဲ ကနဦးပေးချေငွေ ရဖို့တောင် တော်တော် ကြိုးစားခဲ့ရတာ အဲဒီတုန်းက အိမ်ဖိုးချေးငွေ ပြန်ဆပ်ရတာ ကျွန်တော့်ကို အသက်ရှူကျပ်လုနီးပါး ဖြစ်စေခဲ့တာ"
ရန်မေ အံ့သြသွားသည်။ သူမ လင်းယွမ်နှင့် တွဲခဲ့သည့် အချိန်မှစ၍ သူမ၏ စိတ်ထဲတွင် လင်းယွမ်သည် ပြီးပြည့်စုံသော အမျိုးသားတစ်ဦး ဖြစ်သည်။
ရဲရင့်သည်၊ ယုံကြည်မှုရှိသည်၊ သတိရှိသည်၊ အရည်အချင်း ရှိသည်။
ရေကြီးမှု မဖြစ်ခင်က လင်းယွမ်သည် အိမ်ဖိုးချေးငွေ ဆပ်ရန် ရုန်းကန်နေရသော ဝန်ထမ်းတစ်ဦး ဖြစ်သည်ကို သူမ မေ့လျော့နေခဲ့သည်။
နေ့စဉ် မိုးမလင်းခင် အိမ်ကထွက်၊ ညဉ့်နက်မှ အိမ်ပြန်ရောက်၊ ရံဖန်ရံခါ အားလပ်ရက်များတွင် အိမ်ကို အလှဆင်ရန် အလုပ်ရှုပ်နေတတ်သည်။
ရေကြီးမှု မဖြစ်ခင်က လင်းယွမ်ကို တွေ့လိုက်တိုင်း လင်းယွမ်က အနည်းငယ် တောဆန်ဆန် ဝတ်စားထားသည်ကို သူမ ယခုမှ ပြန်သတိရလာသည်။
သို့သော် ယခု ပြန်စဉ်းစားကြည့်လိုက်တော့ ထိုအရာများ အားလုံးက လွန်ခဲ့သော အတိတ်ဘဝတစ်ခုက အဖြစ်အပျက်များ လိုပင်။
ရေကြီးပြီးနောက်ပိုင်း ကမ္ဘာကြီးက လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ရန်မေက လင်းယွမ်၏ ခံစားချက်ကို နားမလည်နိုင်ပေ။ သူမက ထိုအိမ်အပေါ် သံယောဇဉ် မရှိလှ။
အိမ်ခန်းနှင့် ပတ်သက်လျှင်လည်း သူမ၌ စွဲလမ်းမှု မရှိပေ။
ဤအခန်းသည် လီကျစ်ချန် တို့ မိသားစု၏ လျော်ကြေးငွေဖြင့် ဝယ်ထားခြင်း ဖြစ်ပြီး ချေးငွေ တင်နေခြင်း မရှိ၊ လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ထားခြင်း ဖြစ်သည်။
သူမအနေဖြင့် အိမ်ကိစ္စနှင့် ပတ်သက်ပြီး မည်သည့်အခါမျှ စိတ်ပင်ပန်းခဲ့ရခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် သူမ၏ မိသားစုမှာလည်း ဒေသခံများ ဖြစ်ကြပြီး နေရာဖယ်ပေးရသဖြင့် လျော်ကြေးအဖြစ် တိုက်ခန်းအများအပြား ရရှိထားသောကြောင့် ဖြစ်သည်။
လင်းယွမ်က စိတ်ထဲတွင် ခံစားနေရသော်လည်း ခဏကြာလျှင် ခေါင်းခါလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။
"ဒီအိမ်ကို ကျွန်တော်က လက်ထပ်ဖို့အတွက် ရှိစုမဲ့စုလေးနဲ့ ကနဦးပေးချေငွေသွင်းပြီး မနည်းဝယ်ခဲ့ရတာ"
"ဒါပေမယ့် အကြွေးတွေ ပတ်လည်ဝိုင်းနေတော့ အရင် ရည်းစားဟောင်းက လန့်ပြီး ထွက်ပြေးသွားတာလေ"
ရန်မေက သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူ၏ လက်ဖဝါးကို ဆုပ်ကိုင်ကာ သနားကြင်နာစွာ ပြောလိုက်သည်။
"ဒါက သူ မောင်လေးကို နားမလည်လို့ပါ အခုချိန်သာ သူ မောင်လေးကို ပြန်တွေ့ရင် နောင်တရနေမှာ သေချာတယ်"
"မောင်လေးက တခြား ဘယ်ယောက်ျားထက်မဆို ပိုတော်တယ် မောင်လေးနဲ့ တွေ့ရတာ အမအတွက် တကယ့် ကံကောင်းခြင်းပဲ"
သူမက လင်းယွမ်၏ ရင်ခွင်ထဲသို့ ဖြည်းညှင်းစွာ မှီလိုက်ပြီး သူ၏ အားကောင်းသော နှလုံးခုန်သံကို နားထောင်နေရင်း လုံခြုံမှုကို ခံစားနေရသည်။
လင်းယွမ်က အသာအယာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။
"ရေကြီးမှုသာ မဖြစ်ရင် ဘယ်သူမှ ကျွန်တော့်ကို တော်တယ်လို့ ထင်မှာ မဟုတ်ဘူး"
"အဲဒီတုန်းက လုံခြုံမှု ဆိုတာက ငွေကြေးအပေါ်မှာ မူတည်တာလေ တခြားအရာတွေ မဟုတ်ဘူး"
ရန်မေ စဉ်းစားကြည့်လိုက်တော့ တကယ်ပဲ ဟုတ်နေသည်။
အနည်းဆုံးတော့ ရေကြီးမှု မဖြစ်ခင်က သူမ၏ မျက်နှာချင်းဆိုင်ခန်းမှ လင်းယွမ်ကို သူမ တစ်ခါမှ သတိမထားမိခဲ့ဖူးပေ။
ဓာတ်လှေကားထဲတွင် လင်းယွမ်ကို တွေ့တိုင်း တစ်ချက်ကြည့်၍ ခေါင်းညိတ်ပြရုံမှလွဲပြီး စကားပြောခြင်းပင် မရှိခဲ့။
တစ်နေ့တွင် သူမက သူ၏ ရင်ခွင်ထဲသို့ ရောက်နေလိမ့်မည်ဟု ဘယ်သူ ထင်ထားမည်နည်း။
နှစ်ယောက်သား တိတ်ဆိတ်စွာ ပွေ့ဖက်ထားကြပြီး အပြင်မှ မိုးသံလေသံများကို နားထောင်နေကြသည်။
တစ်ယောက်နှင့်တစ်ယောက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု၊ ခံစားချက်ပိုင်းဆိုင်ရာ မှီခိုအားထားမှုများ ရှိလာကြသည်။
ရန်မေ၏ စိတ်ထဲတွင် ယခုလောက် တည်ငြိမ်အေးချမ်းမှုကို တစ်ခါမှ မခံစားဖူးပေ။
"မောင်လေး... တကယ်လို့... တကယ်လို့များ မိန်တောင်ဖက်မှာ တကယ်ပဲ အခြေကျသွားပြီ ဆိုရင် မောင်လေး... အမကို ကလေးတစ်ယောက်လောက် ပေးနိုင်မလားဟင်"
ရန်မေက ရုတ်တရက် မော့ကြည့်လိုက်သည်။ သူမ၏ နူးညံ့ပြီး ဆွဲဆောင်မှုရှိသော မျက်နှာလေးတွင် မျှော်လင့်ချက် အရိပ်အယောင်များ ယှက်သန်းနေသည်။
လင်းယွမ် ကြောင်သွားသည်။ သူမ ရုတ်တရက်ကြီး ဒီမေးခွန်းကို မေးလာလိမ့်မည်ဟု ထင်မထားမိပေ။
သူ ဒီကိစ္စကို တစ်ခါမှ မစဉ်းစားဖူးချေ။
ရေကြီးနေသည့် လက်ရှိ ကပ်ဘေးကာလတွင် ကိုယ်တိုင် အသက်ရှင်ဖို့ပင် ခက်ခဲနေချိန်၌ လူအများစုမှာ ကလေးယူမည့် အတွေးမျိုး ရှိကြမည် မဟုတ်ပေ။
သူက မနေနိုင်ဘဲ မေးလိုက်သည်။
"ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဒီလို တွေးမိတာလဲ"
ရန်မေက သူ့ရင်ခွင်ထဲ မှီလိုက်ပြီး တိုးတိုးလေး ပြောရှာသည်။
"အမက မောင်လေးထက် အသက်အများကြီး ကြီးတယ်လေ မကြာခင် သုံးဆယ် ပြည့်တော့မယ် အခု မမွေးရင် နောက်ဆို မွေးဖို့ ပိုခက်သွားလိမ့်မယ်"
"ပြီးတော့ အမက မောင်လေးနောက် လိုက်နေပေမယ့် မောင်လေးအတွက် သားသမီးလေး တစ်ယောက်လောက် မမွေးပေးနိုင်ရင် အမ နည်းနည်း ကြောက်တယ်"
လင်းယွမ် အံ့သြသွားသည်။
"ကြောက်တယ် ဟုတ်လား"
"ဟုတ်တယ်လေ အမက အိုလာမှာ ခန္ဓာကိုယ်ကလည်း ပျက်လာမှာ အဲဒီကျရင် အိုမင်းရင့်ရော်ပြီး မောင်လေး... မောင်လေးက အမကို မလိုချင်တော့မှာ စိုးလို့"
သူမ စကားပြောရင်း ရုတ်တရက် မျက်ရည်များ ဝဲလာကာ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာလေသည်။
ဒီအတွေးတွေက သူမ လျှောက်တွေးနေခြင်း မဟုတ်ကြောင်း သူမ ကောင်းကောင်း သိသည်။
ကပ်ဘေးကာလတွင် လင်းယွမ်ကဲ့သို့ အရည်အချင်းရှိသော သူတစ်ယောက်အတွက် နောက်ပိုင်းတွင် မိန်းမလှများ ရှားပါးမည် မဟုတ်ပေ။
တစ်နေ့ သူမ အိုမင်းပြီး အလှပျက်သွားချိန်တွင် လင်းယွမ်က နောက်ထပ် အသစ်တစ်ယောက် ရှာတွေ့သွားလျှင်လည်း သူမ သူ့ကို အပြစ်တင်မည် မဟုတ်။
ကိုယ်ကိုယ်တိုင်ကိုက လမ်းတစ်ဝက်မှ သူ့နောက် ပါလာခဲ့သည် မဟုတ်ပါလော။
သို့သော် သူမ သူ့ကို မခွဲချင်ပေ။ တကယ်လို့ လင်းယွမ်အတွက် သားသမီးလေး တစ်ယောက်လောက် မွေးပေးနိုင်ခဲ့လျှင်... ဖြစ်နိုင်ရင်တော့... မောင်လေးဘေးမှာ တစ်သက်လုံး နေသွားခွင့် ရနိုင်လောက်သည်ဟု တွေးမိသည်။
သူမ၏ ရှေးရိုးစွဲ အယူအဆထဲတွင် အမျိုးသားတစ်ယောက်အတွက် သားသမီး မွေးပေးနိုင်လျှင် ထိုအမျိုးသားနှင့် ထာဝရ လက်တွဲသွားနိုင်ပြီဟု မှတ်ယူထားသည်။
လင်းယွမ် စိတ်ထဲတွင် ခံစားသွားရသော်လည်း ငိုရခက် ရယ်ရခက်ပါ ဖြစ်သွားသည်။
ရန်မေက သာမန် မိန်းမသား တစ်ယောက် ဖြစ်နေဆဲပင်။ သူမ၏ စိတ်ထဲတွင် လုံခြုံမှု ကင်းမဲ့နေသည်။
သူမက သူ့ဘေးတွင် ထာဝရ နေချင်သော်လည်း နောက်ပိုင်းတွင် သူက သူမကို မချစ်တော့မည်ကို စိုးရိမ်သဖြင့် သားသမီး မွေးလိုခြင်း ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ဒါက လက်တွေ့ကျသော ကိစ္စဖြစ်သည်။
သူမက သူ့ကို ပွင့်ပွင့်လင်းလင်း ပြောရဲသည်ကပင် တော်တော် သတ္တိရှိနေပြီ ဖြစ်သည်။
လင်းယွမ်က သူမ၏ တင်ပါးကို အသာအယာ ပုတ်လိုက်ပြီး ပြောလိုက်သည်။
"တစ်နေ့တစ်နေ့ ဘာတွေ လျှောက်တွေးနေတာလဲ အမက ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်း အလှဆုံးပဲ ကျွန်တော်က ဘယ်လိုလုပ် အမကို မလိုချင်ဘဲ နေမှာလဲ"
ရန်မေ၏ ပါးပြင်တွင် ပန်းရောင်သန်းသွားပြီး မျက်ဝန်းထဲတွင် ချစ်ရိပ်များ ပြည့်နှက်သွားသည်။
"မောင်လေးက အမအပေါ် ကောင်းမှန်း အမ သိပါတယ် ဒါပေမယ့် မောင်လေးလည်း သိတာပဲ မောင်လေးက သန္ဓေပြောင်း အစွမ်းရပြီးနောက်ပိုင်း ခွန်အားတွေက ပိုပိုကြီးလာတာ အမက မောင်လေးဒဏ်ကို မခံနိုင်ဘူး ဇနီးသည် တစ်ယောက်ရဲ့ အခြေခံ တာဝန်ကိုတောင် မကျေပွန်နိုင်ဘူးလေ"
"ညတိုင်း မောင်လေး စိတ်တင်းပြီး အောင့်အီး နေရတာကို ကြည့်ပြီး အမ တော်တော် အားနာတယ် ဒါပေမယ့် အမ ခန္ဓာကိုယ်ကလည်း အသုံးမကျတော့ မောင်လေးကို ကောင်းကောင်း မပြုစုပေးနိုင်ဘူး"
"အမ သေချာ စဉ်းစားပြီးပြီ မောင်လေး အပြင်ထွက်ပြီး ဇာစ်မြစ်မသိတဲ့ မိန်းမတွေ ရှာနေမယ့်အစား မောင်လေးအတွက် အမ သိတဲ့လူတွေကို ရှာပေးတာက ပိုကောင်းမယ်လို့လေ"
"မောင်လေး အမကို ပြောပါဦး မောင်လေးက တင်းယန်ကို သဘောကျတာလား ဆုန့်ဝမ်ကို သဘောကျတာလား"
"ဒါမှမဟုတ် နှစ်ယောက်လုံးကို သဘောကျတာလား အမ နည်းလမ်းရှာပြီး မောင်လေးအတွက် အောင်သွယ်ပေးမယ်လေ"
လင်းယွမ် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ရန်မေကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
ဤ ညှို့အားပြင်းသော အမက ဒီနေ့ သူ့ကို တကယ် လန့်သွားအောင် လုပ်လိုက်လေပြီ။
သူမက သူသိထားသည့် ရှေးရိုးစွဲ အိမ်ထောင်ရှင်မ ဟုတ်ပါသေးရဲ့လား။
ဆက်ရန်...
အပိုင်း (၁၄၆) ဆင့်ကဲပြောင်းလဲခြင်းအစွမ်း ၏ အမှန်တကယ် အသုံးဝင်ပုံ
"အမ လျှောက်တွေးဦးမှာလား"
"အို"
အိပ်ခန်းထဲ၌ လင်းယွမ်က ရန်မေကို ကောင်းကောင်းကြီး 'ပညာပေး' လိုက်လေသည်။
အမမေမှာ မည်မျှထိ လိမ္မာသွားသနည်းဆိုလျှင် ထိုထူးဆန်းသော မေးခွန်းများကို ဆက်လက်တွေးတောရန် ခွန်အားပင် မကျန်တော့ပေ။
သူမသည် လင်းယွမ်၏ ရင်ခွင်ထဲ၌ ခွေခွေလေး လဲလျောင်းရင်း မျက်လုံးများကို လုံးဝ မဖွင့်နိုင်တော့ဘဲ မောပန်းစွာ အိပ်ပျော်သွားလေ၏။
လင်းယွမ်က ခေါင်းခါလိုက်သော်လည်း သူ၏ စိတ်ထဲ၌မူ အမမေ စောစောက ပြောခဲ့သော စကားများကို ထုတ်ပစ်၍ မရနိုင် ဖြစ်နေသည်။
"တင်းယန် နှင့် ဆုန့်ဝမ် တဲ့လား... ဒီမိန်းကလေးနှစ်ယောက်ရဲ့ စိတ်ကို သူမက ဘယ်လိုလုပ် သိနေရတာလဲ"
"သူတို့နှစ်ယောက်ကပဲ သူမကို လာပြောပြကြတာလား"
လင်းယွမ်မှာ သံသယ မဝင်ဘဲ မနေနိုင်ချေ။ တင်းယန်က သူ့ကို သဘောကျနေသည် ဆိုသည်မှာ ထွေထွေထူးထူး ပြောနေစရာ မလိုသည့် ကိစ္စဖြစ်သည်။
သာမန်အချိန်များတွင်လည်း တင်းယန်က သူ့အပေါ်ထားရှိသော သဘောကျမှုကို ဖုံးကွယ်ထားလေ့ မရှိရာ အမမေ သတိထားမိသွားသည်မှာ ဆန်းတော့ မဆန်းပေ။
"ဒါပေမဲ့ ဆုန့်ဝမ်ကျတော့ ဘယ်အချိန်ကတည်းက အမမေရဲ့ သံသယစာရင်းထဲ ပါသွားရတာလဲ" ဒီရက်ပိုင်း သူနဲ့ ဆုန့်ဝမ် နှစ်ယောက်တည်း ရှိခဲ့တာ အတော်လေး ရှားပါးသည်။
နောက်ဆုံးအကြိမ် တွေ့ခဲ့သည်မှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးအခန်းထဲတွင် ဖြစ်သည်။
လင်းယွမ်တစ်ယောက် ရုတ်တရက် နားမလည်နိုင် ဖြစ်နေသော်လည်း ဆုန့်ဝမ်အကြောင်း တွေးမိလိုက်သည်နှင့် သူ့ခေါင်းထဲ၌ ထိုနေ့က ခေါင်မိုးထပ်တွင် သူမကို အစွမ်းအသုံးပြု၍ တိုက်ခိုက်နည်း သင်ပေးခဲ့စဉ်က မြင်ကွင်းကို မသိစိတ်က ပြန်မြင်ယောင်လာမိသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သူမ၏ အဝတ်အစားများ စိုရွှဲနေပြီး၊ ထိုခန္ဓာကိုယ် အချိုးအစားက သူ့အတွက် မေ့ဖျောက်ရ ခက်ခဲစေခဲ့သည်မှာ အမှန်ပင်။
အမမေနှင့် အချစ်မိုး ရွာသွန်းနေချိန်တွင်လည်း ထိုမြင်ကွင်းက သူ့ခေါင်းထဲသို့ ရံဖန်ရံခါ ဝင်ရောက်လာတတ်သည်။
လင်းယွမ်က ခေါင်းကို အမြန်ခါယမ်းလိုက်ပြီး စိတ်ထဲမှ ထူးဆန်းသော အတွေးများကို ဖိနှိပ်လိုက်သည်။
"ငါ ဘာတွေ လျှောက်တွေးနေတာလဲ... အခုထိ အန္တရာယ်တွေက မကင်းသေးဘူး... ဘာလို့ ဒီလို ရှုပ်ပွနေတဲ့ ကိစ္စတွေကို စပြီး စဉ်းစားနေမိတာပါလိမ့်"
လင်းယွမ်က ခါးသက်သက် ပြုံးလိုက်ရင်း သူ့အာရုံကို စနစ် ဆီသို့ ပြောင်းလိုက်လေသည်။
ယခုတစ်ကြိမ် ဆင့်ကဲပြောင်းလဲခြင်း အစွမ်း နိုးထလာမှုကြောင့် သူ၏ အရည်အသွေး အားလုံး နှစ်မှတ်စီ တိုးလာခဲ့သည်။
သန္ဓေပြောင်းလဲနှုန်း မှာမူ ပြောင်းလဲခြင်း မရှိဘဲ ၃၁% တွင်သာ ရပ်တန့်နေပြီး တိုးတက်လာခြင်း မရှိပေ။
ထို့နောက် အမှတ် အနေဖြင့် ၁၆,၀၀၀ ကျော်အထိ ထပ်မံ စုဆောင်းမိထားပြီ ဖြစ်သည်။
ဘုံအရည်အသွေးမှတ် မှာ ၅ မှတ် ရှိပြီး ခွဲထည့်ခြင်း မပြုရသေးပေ။
လင်းယွမ်မှာ လက်ယားနေပြီး ကံစမ်းမဲ ထပ်နှိုက်ချင်နေမိသည်။
"တစ်ခေါက်လောက်တော့ နှိုက်သင့်တယ်... ဒါပေမဲ့ အမှတ် တစ်သောင်းခွဲကျော်တောင် ရှိနေတာ... သိုင်းပညာရပ် တစ်ခုလောက်နှိုက်လိုက်ရင် ကောင်းမလား"
ပညာရပ်တစ်ခု ရရန်အတွက် အမှတ် ၁၀,၀၀၀ ပေးရမည် ဖြစ်သဖြင့် လင်းယွမ် အနည်းငယ် စိတ်လှုပ်ရှားမိသည်။
ပြီးခဲ့သော အကြိမ်က 'ကြွက်သားပေါက်ကွဲခြင်း' သိုင်းပညာကို မဲပေါက်ခဲ့ရာ သူ၏ ခွန်အားကို နှစ်ဆ ပေါက်ကွဲထွက်စေခဲ့သည်။
အသားတောင် သတ္တဝါကြီးနှင့် ရင်ဆိုင်ခဲ့ရစဉ်ကသာ ကြွက်သားပေါက်ကွဲခြင်း သိုင်းပညာကြောင့် ခွန်အား နှစ်ဆ မတိုးခဲ့ပါက တစ်ဖက်ရန်သူ၏ ကြွက်သားများထဲသို့ သံချောင်းကိုပင် သူ ထိုးသွင်းနိုင်ခဲ့မည် မဟုတ်ပေ။
လက်ရှိအခြေအနေအရ 'ကြွက်သားပေါက်ကွဲခြင်း' သိုင်းပညာကို အသုံးပြုလိုက်သည်နှင့် သူ၏ ခွန်အား အရည်အသွေးမှတ်သည် အမြင့်ဆုံးသို့ ရောက်ရှိသွားမည် ဖြစ်သည်။
လင်းယွမ်သည် သိုင်းပညာများကို အနည်းငယ် မက်မောမိသည်။ အကယ်၍ စိတ်စွမ်းအင်ဆိုင်ရာ သိုင်းပညာအချို့ကိုသာ နားလည်သဘောပေါက်နိုင်ခဲ့လျှင် သူ၏ လက်ရှိ စိတ်စွမ်းအင် ပမာဏနှင့်ဆိုပါက အင်မတန် ကြီးမားသော စွမ်းအားကို ထုတ်ဖော်နိုင်မည်မှာ သေချာသည်။
"ငါ့မှာ အခု အလိုအပ်ဆုံးက ရေပေါ်သွားလာနိုင်တဲ့ သိုင်းပညာပဲ"
"တကယ်လို့ ရေနဲ့ပတ်သက်တဲ့ ပညာရပ်တစ်ခုခု ရခဲ့မယ်ဆိုရင် မိန်တောင်ကို သွားမယ့် ဒီခရီးစဉ်က အများကြီး ပိုအဆင်ပြေသွားလိမ့်မယ်"
"ဒါပေမဲ့ သိုင်းပညာ မဲနှိုက်တာက အရမ်း မှန်းဆရခက်တယ်... တော်ကြာ အသုံးမဝင်တဲ့ သိုင်းပညာတစ်ခုလောက် မဲပေါက်လာရင် မနည်း စုဆောင်းထားရတဲ့ အမှတ် တစ်သောင်းလောက်က အလဟဿ ဖြစ်သွားမှာ"
လင်းယွမ် အနည်းငယ် တွေဝေသွားသည်။ သိုင်းပညာကို မဲနှိုက်မလား၊ အရည်အသွေးမှတ်ကိုပဲ မဲနှိုက်မလား ဆိုသည်မှာ သူ့အတွက် ဗျာများစရာ ဖြစ်နေသည်။
"နောက်ပြီး ငါ့ရဲ့ ဒီ ဆင့်ကဲပြောင်းလဲခြင်း ဆိုတဲ့ အစွမ်းက တကယ်တမ်း ဘာအသုံးဝင်တာလဲ... ငါ ဘာလို့ သဘောမပေါက်နိုင် ဖြစ်နေရတာလဲ"
လင်းယွမ်သည် သူ နိုးထခဲ့သော [ဆင့်ကဲပြောင်းလဲခြင်း] အစွမ်းကို ထပ်မံ ကြည့်ရှုလိုက်သော်လည်း စိတ်ထဲတွင် ဤအစွမ်း၏ အကျိုးသက်ရောက်မှုကို နားမလည်နိုင် ဖြစ်နေဆဲပင်။
အကယ်၍ ဤအစွမ်းအကြောင်း ပိုမို နားလည်ခဲ့ပါက ဆုံးဖြတ်ချက်ချရန် ပိုမို လွယ်ကူပေလိမ့်မည်။
"ကျန်းကော့ချန်ကို လိုက်သတ်တုန်းက တိုက်ပေါ်ကနေ ခုန်ချလိုက်ချိန်မှာ ကျောဘက်က ကြွက်သားတွေ ယားယံလာပြီး ခန္ဓာကိုယ်ထဲက အစွမ်းတွေ လှုပ်ရှားရုန်းကန်လာတာကို ငါ သတိထားမိခဲ့တယ်"
"အမြင့်ကနေ ခုန်ချမှပဲ ငါ့ရဲ့ အစွမ်းကို အသက်သွင်းလို့ ရမှာလား"
"မဖြစ်နိုင်တာ... ဆင့်ကဲပြောင်းလဲခြင်း နဲ့ တိုက်ပေါ်က ခုန်ချတာ ဘာဆိုင်လို့လဲ"
လင်းယွမ်မှာ အဖြေရှာမရ ဖြစ်နေသည်။ အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက် ဘေးကင်းမည့် နည်းလမ်းကိုသာ ရွေးချယ်လိုက်တော့သည်။
"အရည်အသွေးမှတ်တွေပဲ အရင် မဲနှိုက်လိုက်မယ်... အနည်းဆုံးတော့ ငါ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို ချက်ချင်း တိုးတက်လာစေနိုင်တယ်"
ခေါင်းကို ခါလိုက်ပြီး သိုင်းပညာအပေါ် မက်မောမှုကို ဖိနှိပ်လျက် လင်းယွမ် စိတ်ထဲမှ ရေရွတ်လိုက်သည်။
"စနစ် ကံစမ်းမဲ နှိုက်မယ်... အရည်အသွေးမှတ် သီးသန့်ရွေးချယ်မယ်... (၁၀) ကြိမ် ဆက်တိုက် နှိုက်မယ်"
[ဒင်... ကံစမ်းမဲ နှိုက်နေပါသည်...]
[ဒင်... သင် ခန္ဓာကိုယ်ကြံ့ခိုင်မှု ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... သင် ခန္ဓာကိုယ်ကြံ့ခိုင်မှု ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... သင် ခွန်အား ၁ မှတ် မဲပေါက်သွားပါသည်]
......
သတိပေးသံ ဆယ်ချက် ဆက်တိုက် ထွက်ပေါ်လာပြီးနောက် လင်းယွမ်က ရရှိလာသည့် ဆုမဲများကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။
ဤတစ်ခေါက် ကံစမ်းမဲက သိပ်ကံမကောင်းလှပေ။ ဆယ်ကြိမ်ဆက်တိုက် နှိုက်သည့်တိုင် ဘုံအရည်အသွေးမှတ် ၁ မှတ်သာ ရရှိခဲ့သည်။
ကျန်သည့် အရည်အသွေးမှတ်များထဲတွင် အလျင် ၅ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၃ မှတ်၊ ခွန်အား ၁ မှတ်နှင့် စိတ်စွမ်းအင် ၁ မှတ်တို့ ပါဝင်သည်။
လင်းယွမ် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး စိတ်ထဲ မသက်မသာ ဖြစ်သွားရသည်။
"ဘုံအရည်အသွေးမှတ်နဲ့ စိတ်စွမ်းအင်က ၁ မှတ်စီပဲ ပါတယ်ပေါ့"
သူ့လက်ရှိ အရည်အသွေး အားလုံးတွင် စိတ်စွမ်းအင်သည် အမြင့်ဆုံး ဖြစ်သည်ကို သိထားရမည်။
လာမည့် ခရီးစဉ်အတွက် သူ၏ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ရန် အလွန် လိုအပ်နေသည်။
ထို့ကြောင့် သူ အလိုချင်ဆုံးမှာ စိတ်စွမ်းအင် အရည်အသွေးမှတ် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် စိတ်စွမ်းအင်သည် ပတ်ဝန်းကျင် အတားအဆီးများကို လျစ်လျူရှုကာ ထောက်လှမ်းနိုင်သည့် အကွာအဝေးကို တိုးစေရုံသာမက၊ လက်ရှိအချိန်ထိ သူပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော ဧရိယာလိုက် တိုက်ခိုက်နိုင်သည့် စွမ်းရည်လည်း ဖြစ်နေသောကြောင့်ပင်။
စဉ်းစားကြည့်နိုင်သည်၊ ရေကြီးနေတဲ့အချိန် သန္ဓေပြောင်း ရေဘဝဲအုပ်စုနှင့် တွေ့လျှင် မည်သို့ဖြေရှင်းမည်နည်း။
သာမန်နည်းလမ်းများဖြင့် ရေဘဝဲအုပ်စုကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ သို့သော် သူက စိတ်စွမ်းအင်ဖြင့် တိုက်ခိုက်မှု တစ်ချက် ထုတ်လွှတ်လိုက်ရုံဖြင့် ရေဘဝဲအုပ်စုကြီး တစ်ခုလုံးကို ချက်ချင်း ရှင်းလင်းပစ်နိုင်ပြီး သစ်ဖောင်အတွက် လမ်းဖွင့်ပေးနိုင်မည် မဟုတ်ပါလော
"ကိစ္စမရှိပါဘူး... ဘုံအရည်အသွေးမှတ်တွေ ကျန်သေးတာပဲ... တကယ်လို့ အဲဒီလို အခြေအနေမျိုး ကြုံလာခဲ့ရင် ဘုံအရည်အသွေးမှတ်တွေကို စိတ်စွမ်းအင်မှာ ပေါင်းထည့်လိုက်ရုံပေါ့"
လင်းယွမ်က ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ရင်း အရည်အသွေးမှတ်များ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု ဖြည်းဖြည်းချင်း ပြောင်းလဲလာသည်ကို ခံစားလိုက်သည်။
"တော်သေးတာပေါ့... ခန္ဓာကိုယ်ကြံ့ခိုင်မှု ၃ မှတ် ပါလာသေးလို့... ကြံ့ခိုင်မှု တိုးလာရင် ခံနိုင်ရည်... အမောခံနိုင်စွမ်းနဲ့ ပြန်လည်သက်သာလာမှုတွေမှာ အများကြီး အထောက်အကူ ပြုတယ်"
"ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်မားခြင်းက ငါ့ကို ရေရှည်တိုက်ပွဲဝင်နိုင်စွမ်း ပေးစွမ်းနိုင်တယ်"
လင်းယွမ်က ထိုသို့ တွေးတောရင်း သူ၏ အရည်အသွေး မျက်နှာပြင်ကို ကြည့်လိုက်သည်။
အမည် - လင်းယွမ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၁၅.၈
ခွန်အား - ၁၀.၉
အလျင် - ၁၂.၈
စိတ်စွမ်းအင် - ၁၅.၁
ဘုံအရည်အသွေးမှတ် - ၆
အစွမ်း - ဆင့်ကဲပြောင်းလဲခြင်း
သိုင်းပညာများ - ကြွက်သားပေါက်ကွဲသိုင်း၊ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း
သန္ဓေပြောင်းလဲနှုန်း - ၄၀%
အမှတ် - ၆၈၉၁ မှတ် ......
"ထင်မထားဘူး... အရည်အသွေးအားလုံးထဲမှာ အခု ခန္ဓာကိုယ်ကြံ့ခိုင်မှုက အမြင့်ဆုံး ဖြစ်သွားပြီပဲ"
လင်းယွမ် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
ထို့ပြင် ယခင်က အမြဲတမ်း နောက်ဆုံးမှ ကပ်လိုက်နေသည့် အလျင် အရည်အသွေးကလည်း ယခုအခါ အမီလိုက်လာခဲ့ပြီ။
အပြန်အလှန်အားဖြင့် ခွန်အား အရည်အသွေးက အနိမ့်ဆုံး ဖြစ်သွားခဲ့သည်။
သို့သော် တော်သေးသည်မှာ အနိမ့်ဆုံးဆိုလျှင်ပင် ၁၀ မှတ် ကျော်နေပြီ ဖြစ်သည်။
"အနည်းဆုံးတော့ သိသာထင်ရှားတဲ့ အားနည်းချက် မရှိတော့ဘူးပေါ့"
လင်းယွမ်က သူ့စိတ်ကို သူ နှစ်သိမ့်လိုက်သည်။
ဘုံအရည်အသွေးမှတ် ၆ မှတ် လက်ထဲ ရှိနေသဖြင့် သူ စိတ်မပူပေ။
ကျန်ရှိနေသော အမှတ် ခြောက်ထောင်ကျော်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ ပို၍ပင် စိတ်အေးသွားသည်။
"ကိစ္စမရှိဘူး... နောက်ရက်တွေကျရင် ငါ့ဆီမှာ ငါးလာလဲတဲ့လူတွေ အများကြီး ရှိလာမှာ... အမှတ်တွေ အများကြီး ထပ်ဝင်လာဦးမှာပဲ"
သန္ဓေပြောင်းငါးနှင့် ဆန်၊ ခေါက်ဆွဲ လဲလှယ်နှုန်းကို သူ လျှော့ချပေးလိုက်သည့်အပြင်၊ သူ ဒီနေရာကနေ ထွက်ခွာတော့မည်ဆိုသည့် သတင်းကိုပါ လွှင့်ထားလိုက်သည်။
ဒီတိုက်ခန်းပိုင်ရှင်တွေ မအဘူးဆိုရင် ဒီရက်ပိုင်း ညမအိပ်ဘဲ ငါးဖမ်းကြပြီး သူ့ဆီမှာ အစားအသောက် လာလဲကြမှာ သေချာသည်။
သူ ရှိနေတုန်း အခွင့်ကောင်းယူပြီး အစားအသောက်တွေကို တတ်နိုင်သမျှ စုဆောင်းထားကြဖို့ နည်းလမ်းရှာကြလိမ့်မည်။
ထို့ကြောင့် လာမည့်ရက်များတွင် သူ အကြီးအကျယ် စီးပွားဖြစ်တော့မည်။
"ဒါနဲ့ တာအိုဆရာလင်း နဲ့ တုံယန် တို့ရဲ့ တိုက်နှစ်တိုက်လည်း ရှိသေးတယ်... သူတို့လည်း အသေအလဲ ငါးဖမ်းကြတော့မှာပဲ"
သူက အခြားတိုက်နှစ်တိုက်ကို အကြောင်းကြားရန် ဆက်သွယ်ရေးသမားများကို စေခိုင်းထားပြီးပြီ ဖြစ်ရာ သတင်းရသည်နှင့် တပြိုင်နက် သူ့ဆီမှ အစားအသောက် လာလဲရန် အချိန်လုပြီး ငါးဖမ်းကြမည်မှာ သေချာသည်။
သူ ထွက်သွားပြီဆိုတာနှင့် အစားအသောက် လဲလှယ်နိုင်မည့်နေရာ ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။
"တာအိုဆရာလင်း... တုံယန် တို့အဖွဲ့ထဲက ဘယ်နှယောက်လောက် ငါနဲ့ လိုက်ချင်ကြမလဲ မသိဘူး"
လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းကြည့်နေမိသည်။ တုံယန် မောင်နှမနှစ်ယောက်ကတော့ သူ့နောက် လိုက်ချင်ကြမှာ သေချာသည်။
တာအိုဆရာလင်း ဘက်ကတော့ ရန်ဆန်းမင် က ထွက်ခွာချင်သည့် သဘောထားကို ပြီးခဲ့သည့် တစ်ခေါက်ကတည်းက အရိပ်အမြွက် ပြောဖူးသဖြင့် သူ့နောက်လိုက်ရန် စဉ်းစားကောင်း စဉ်းစားလိမ့်မည်။
"ဒါပေမဲ့ သစ်ဖောင်က အရွယ်အစား အကန့်အသတ် ရှိတယ်... လူအများကြီး ဆံ့ပါ့မလားပဲ"
"ထားလိုက်တော့... လူစာရင်း ထွက်လာမှပဲ ဆက်စဉ်းစားတော့မယ်"
လင်းယွမ်က ဆက်လက် တွေးတောမနေတော့ဘဲ ရင်ခွင်ထဲမှ အမျိုးသမီးလေးကို ဖက်လျက် အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွားလေသည်။
ဒီတစ်ည အိပ်ပျော်သွားသည်မှာ အတော်လေး နှစ်ခြိုက်လှသည်။
တိုက် (၇၇) မှ ပြန်ရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကောင်းကောင်းမွန်မွန် အိပ်ပျော်ခဲ့သည့် ညတစ်ည ဖြစ်သည်။
ဖြစ်နိုင်သည်မှာ ရင်ခွင်ထဲမှ ရန်မေက သူ့ကို 'အိမ်' ဆိုသည့် ခံစားချက်ကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်မည်။
သူမကို ဖက်ထားရသည်မှာ သူ့စိတ်ကို များစွာ လျော့ပါး သက်သာစေသည်။
မိုးလင်းသည်နှင့် လင်းယွမ်က ထုံးစံအတိုင်း ခေါင်းမိုးထပ်သို့ တက်ပြီး မနက်ခင်း လေ့ကျင့်ခန်း လုပ်လေသည်။
ယမန်နေ့က အရည်အသွေးမှတ်များ တိုးတက်လာခဲ့သဖြင့် ရုတ်တရက် တိုးပွားလာသော ခွန်အားနှင့် အသားကျစေရန် အမြန်ဆုံး လေ့ကျင့်ရမည် ဖြစ်သည်။
သူ၏ သာမန်အလေးများဖြင့် လေ့ကျင့်သည့် နည်းလမ်းများကို ပြောင်းလဲရန် လိုအပ်လာပြီ ဖြစ်သည်။
ခန္ဓာကိုယ် အရည်အသွေးအချက်အလက်များ တိုးတက်လာသည်နှင့်အမျှ သာမန် ကိုယ်အလေးချိန် လေ့ကျင့်ခန်းများက လုံလောက်မှု မရှိတော့ပေ။
သူသည် ခန္ဓာကိုယ်ပေါ်တွင် ဝန်အလေးချိန်များစွာကို ထပ်မံ ဖြည့်စွက်ပြီး လေ့ကျင့်ခန်း လုပ်ရလေသည်။
ယခုအချိန်တွင် သူသည် ကိုယ်ခန္ဓာပေါ်၌ ပေါင် ၁၁၀ လေးသော အလေးတုံး ဆယ်တုံးကို ချိတ်ဆွဲထားပြီး အိပ်ထမတင် လေ့ကျင့်ခန်း များကို သက်တောင့်သက်သာပင် ပြုလုပ်နေသည်။
ချွေးအနည်းငယ် ထွက်လာသည့်အချိန်မှသာ ထိုင်ထ၊ ဒိုက်ထိုးခြင်း စသည့် လေ့ကျင့်ခန်းများကို စတင် ပြုလုပ်လေသည်။
လှံထိုးလေ့ကျင့်ခြင်းကိုတော့ လုပ်စရာ မလိုတော့ပေ။
အဓိက အကြောင်းရင်းမှာ လက်ရှိတွင် လက်နှင့် အံဝင်ခွင်ကျဖြစ်မည့် လက်နက်ကောင်း ရှာမတွေ့နိုင်တော့ခြင်းကြောင့် ဖြစ်သည်။
သာမန် သံချောင်း၊ သံတုတ်များမှာ သူ့လက်ထဲတွင် အလွန် ပေါ့ပါးလွန်းနေသည်။
သူ၏ ခွန်အားဖြင့်ဆိုလျှင် သံချောင်းများကို အလွယ်တကူ ကွေးပစ်နိုင်နေပြီ ဖြစ်သည်။
ခွန်အားလေ့ကျင့်ခန်းများ အားလုံး ပြီးဆုံးသွားသောအခါ အသက်အောင့်ခြင်းကို စတင် လေ့ကျင့်လေသည်။
ဒါက သူ တောက်လျှောက် စွဲမြဲစွာ လုပ်ဆောင်လာခဲ့သည့် လေ့ကျင့်ခန်း ဖြစ်သည်။
"ရေထဲ ရောက်သွားပြီဆိုတာနဲ့ တိုက်ပွဲတွေက အရမ်း အန္တရာယ်များလာမှာ... အချိန်မရွေး ရေကြီးနေတဲ့ထဲကို ပြုတ်ကျသွားနိုင်တယ်"
"ရေထဲ ပြုတ်ကျသွားရင် ပထမဆုံးက သန္ဓေပြောင်းငါးတွေရဲ့ တိုက်ခိုက်မှုကို သတိထားရမယ်"
"ဒုတိယက အောက်ဆီဂျင် ပြတ်လပ်တဲ့ ပြဿနာပဲ"
"ပြီးခဲ့တဲ့ တစ်ခေါက် ငါ့ရဲ့ စံချိန်က ၁၆ မိနစ်အထိ ရောက်နေပြီ"
"ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးလာတာနဲ့အမျှ ငါ့ရဲ့ အဆုတ်အား လည်း ပိုကောင်းလာတယ်"
လင်းယွမ်က သူ့ခန္ဓာကိုယ် အခြေအနေကို စိတ်ထဲကနေ ခွဲခြမ်းစိတ်ဖြာရင်း ဘေးနားရှိ နေရောင်ခြည်စွမ်းအင်သုံး ရေလှောင်ကန်ကြီးဆီသို့ လျှောက်သွားလိုက်သည်။
ထို ရေလှောင်ကန်ထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက် လဲလျောင်းလိုက်ရာ ရေများက သူ၏ ရင်ဘတ်နှင့် လည်ပင်းအထိ မြုပ်သွားလေသည်။
ဤ ရေလှောင်ကန်ကြီးမှာ ပမာဏ ကြီးမားသဖြင့် သူ့တစ်ကိုယ်လုံး ဝင်နေရန် ပြဿနာ မရှိပေ။
ယခင်က အသက်အောင့် လေ့ကျင့်ရာတွင် ရေဇလုံများကိုသာ အသုံးပြုခဲ့သော်လည်း ထိုနည်းလမ်းတွင် ပြဿနာတစ်ခု ရှိနေသည်။
ထိုအရာမှာ ရေဖိအား ပြဿနာပင် ဖြစ်သည်။
တကယ်တမ်း ရေအောက် ရောက်သည့်အခါ ပတ်ဝန်းကျင်ရှိ ရေဖိအားက လူ၏ ရင်ဘတ်ကို ဖိနှိပ်ထားမည် ဖြစ်ပြီး အဆုတ်ထဲမှ လေများကို အပြင်သို့ တွန်းထုတ်ရန် ဖိအားပေးလိမ့်မည် ဖြစ်သည်။
ဒါက ရေဇလုံထဲ မျက်နှာအပ်ထားသည်နှင့် လုံးဝ မတူညီသော အကျိုးသက်ရောက်မှု ဖြစ်သည်။
ရေဇလုံထဲတွင် နှစ်မိနစ်၊ သုံးမိနစ်ခန့် အသက်အောင့်နိုင်သော်လည်း ရေအောက်ထဲတွင်မူ တစ်မိနစ်ခန့်သာ အောင့်နိုင်ပေလိမ့်မည်။
ရေအောက် ပတ်ဝန်းကျင်နှင့် တတ်နိုင်သမျှ တူညီစေရန်အတွက် လင်းယွမ်သည် လွန်ခဲ့သော ကာလများကတည်းက အသက်အောင့် လေ့ကျင့်နည်းကို ပြောင်းလဲခဲ့သည်။
ဤကဲ့သို့ ကြီးမားသော ရေကန်ကြီးထဲသို့ တိုက်ရိုက် ဝင်ရောက်ပြီး အသက်ရှူ လေ့ကျင့်ခြင်း ဖြစ်သည်။
ရေများက ခေါင်းပေါ်အထိ မြုပ်သွားပြီးနောက် လင်းယွမ်သည် ကန်ထဲတွင် မတ်တပ်ရပ်လျက် မျက်လုံးများကို မမှိတ်ထားပေ။
နောင်တစ်ချိန် ရေထဲ ပြုတ်ကျပြီး ရေအောက်တိုက်ပွဲ ဆင်နွှဲရမည့် အခြေအနေမျိုး ကြုံလာပါက အဆင်ပြေစေရန် သူ၏ မျက်လုံးများကို ရေအောက် ပတ်ဝန်းကျင်နှင့် အသားကျအောင် လေ့ကျင့်ရန် လိုအပ်သည်။
သို့သော် မိုးရေထဲတွင် သန္ဓေပြောင်း စွမ်းအင်များ ပါဝင်နေသဖြင့် လင်းယွမ်သည် မိနစ်အနည်းငယ်မျှပင် ခံနိုင်ရည် မရှိဘဲ မျက်လုံးများ စပ်ဖျင်းဖောင်းကားလာကာ မခံမရပ်နိုင် ဖြစ်ပြီး မျက်လုံး မှိတ်လိုက်ရလေ့ ရှိသည်။
ဒီတစ်ကြိမ်တွင်လည်း ထူးမခြားနားပေ၊ သုံးမိနစ်ခန့် ကြာသောအခါ မျက်ကြည်လွှာများ စူးရှ နာကျင်လာသည်ကို ခံစားလိုက်ရသည်။
"သုံးမိနစ်က ငါ့မျက်လုံးရဲ့ ခံနိုင်ရည် အကန့်အသတ်ပဲ"
"ငါ့ရဲ့ လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့တောင် မိုးရေထဲက သန္ဓေပြောင်း စွမ်းအင်ကို မတားဆီးနိုင်ဘူးဆိုရင် တခြားလူတွေဆို ပိုဆိုးမှာပဲ... ရေတွေ မျက်လုံးထဲ မဝင်အောင် တားဆီးနိုင်တဲ့ နည်းလမ်း ရှိရင်တော့ တမျိုးပေါ့"
လင်းယွမ်က သူ့စိတ်စွမ်းအင်ကို တိတ်တဆိတ် စုစည်းလိုက်ပြီး ယခင် အတွေ့အကြုံအတိုင်း စိတ်စွမ်းအင် အကာအကွယ်ဖြင့် နေရာလွတ်တစ်ခု ဖန်တီးကာ မျက်လုံးကို ကာကွယ်ရန် ပြင်ဆင်လိုက်သည်။
ဒါက သူ ရေရှည် အသက်အောင့် လေ့ကျင့်စဉ် ရေအောက်တွင် မျက်လုံးဖွင့်ထားနိုင်ရန် စဉ်းစားတွေ့ရှိခဲ့သော နည်းလမ်းဖြစ်သည်။
စိတ်စွမ်းအင်ဖြင့် ရေကို ဖယ်ရှားပြီး မျက်လုံးကို ကာကွယ်ခြင်းက အတော်လေး ထိရောက်မှု ရှိသည်။
သို့သော် သူ ထိုသို့ ပြုလုပ်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ခန္ဓာကိုယ် အတွင်းမှ အစွမ်းတစ်ခု လှုပ်ရှားရုန်းကန်လာပြီး နှလုံးသားဆီမှ အလျင်အမြန် စီးထွက်လာသည်။
လင်းယွမ် စိတ်လှုပ်ရှားသွားသည်။ "ဒါ ငါ့ရဲ့ သန္ဓေပြောင်း စွမ်းအင်ပဲ"
သူ ဝမ်းသာသွားသည်။ မနေ့က အကြိမ်ကြိမ် ကြိုးစားကြည့်သော်လည်း သူ့အစွမ်းက ဘာလဲ၊ ဘယ်လို သုံးရမလဲ ဆိုတာ ရှာမတွေ့ခဲ့ဘဲ ယခုမှ ရုတ်တရက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ထိုစွမ်းအင်သည် နှလုံးမှ စတင် စီးဆင်းလာပြီး သူ၏ မျက်လုံးများဆီသို့ အလျင်အမြန် စုဝေးသွားကြသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ မျက်လုံး ပတ်လည်တွင် စီးဆင်း လည်ပတ်နေကြသည်။
ရုတ်တရက် လင်းယွမ်၏ မျက်ကြည်လွှာများ ယားယံလာသည်။
သူက မသိစိတ်ဖြင့် ပွတ်သပ်ချင်သွားပြီး မျက်လုံးကို အမြန် မှိတ်လိုက်မိသည်။
သို့သော် ထိုယားယံမှုက ရှိနေဆဲ ဖြစ်ပြီး မျက်လုံးတစ်လုံးလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
ဤခံစားမှုသည် ဒဏ်ရာရပြီးနောက် အနာကျက်၍ အသားနုတက်ချိန်တွင် ခံစားရသော ယားယံမှုမျိုးနှင့် အတော်လေး တူသည်။
ခဏအကြာတွင် ယားယံမှု ပျောက်ကွယ်သွားပြီး လင်းယွမ်သည် သူ့မျက်လုံးထဲတွင် တစ်စုံတစ်ခု ပိုလာသလို ခံစားလိုက်ရသည်။
သူ ထူးဆန်းနေပြီး မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။
ဖွင့်လိုက်သည်နှင့် တစုံတရာ မှားယွင်းနေသည်ကို ချက်ချင်း သတိထားမိလိုက်သည်။
မျက်စိရှေ့မှ ရေစီးကြောင်းများမှာ အလွန် ကြည်လင် ပြတ်သားနေပြီး ရေထဲရှိ အနည်အနှစ်များကိုပင် မြင်နေရသည်။
မူလက မိုးရေများကြောင့် မျက်လုံးတွင် ဖြစ်ပေါ်ခဲ့သည့် စပ်ဖျင်းဖျင်း ခံစားမှုများမှာလည်း ယခုအခါ ပျောက်ကွယ်သွားလေပြီ။
လင်းယွမ်က မျက်တောင်ခတ်ကြည့်လိုက်ပြီး ရေအောက်တွင် ခေါင်းကို လှုပ်ခါကြည့်သည်။
သူ့မျက်လုံးထဲတွင် ဖျာထွက်နေသော အမြှေးပါး တစ်လွှာ ရှိနေပြီး ထိုအရာက ရေများ မျက်လုံးထဲ မဝင်အောင် တားဆီးပေးထားသလို ခံစားရသည်။
"ဘာဖြစ်တာလဲ ငါ့မျက်လုံးထဲမှာ အမြှေးပါး တစ်လွှာ ပေါက်လာတာလား"
"ဒါက ငါ့ရဲ့ အစွမ်းလား"
လင်းယွမ် အံ့အားသင့်သွားပြီး လက်ခံရန် ခက်ခဲနေသည်။
ဒါက ဘာအစွမ်းလဲ
သူ အလျင်အမြန် မတ်တပ်ရပ်လိုက်ရာ 'ဗွမ်း' ခနဲ ရေသံနှင့်အတူ ခေါင်းက ရေပေါ်သို့ ပေါ်လာသည်။
လင်းယွမ် ခေါင်းငုံ့ပြီး ရေပြင်ပေါ်မှ သူ့ပုံရိပ်ကို ကြည့်လိုက်သည်။
သူ့မျက်လုံးတွင် အမြှေးပါး တစ်လွှာ တကယ်ပဲ ပိုလာသည်ကို ဝေဝါးစွာ မြင်လိုက်ရသည်။
ထို အမြှေးပါးသည် မျက်ခွံနှင့် မျက်လုံးကြားတွင် ပေါက်ရောက်နေပြီး ပြင်ပမှ ရေစီးကြောင်းကို တားဆီးပေးသည့် အာနိသင် တကယ် ရှိနေသည်။
လင်းယွမ် အံ့ဩသွားပြီး လျင်မြန်စွာ စဉ်းစားလိုက်သည်။
"ဒါ တကယ်ပဲ ငါ့အစွမ်းက ဖန်တီးပေးလိုက်တာလား"
"ငါ့အစွမ်းနာမည်က ဆင့်ကဲပြောင်းလဲခြင်း... ငါ အစွမ်းနိုးထလာတုန်းက ငါ့ရဲ့ ဆန္ဒက ရေလွှမ်းမိုးတဲ့ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေ နေထိုင်နိုင်ဖို့ပဲ... ရေကို ထိန်းချုပ်နိုင်တဲ့ အစွမ်းတော့ မရလိုက်ဘဲ ဆင့်ကဲပြောင်းလဲခြင်း ဆိုတဲ့ အစွမ်း ရလာခဲ့တယ်"
"ဒီ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက ငါ့ကို ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင် အခြေအနေ အမျိုးမျိုးနဲ့ လိုက်လျောညီထွေ ဖြစ်အောင် အမြန်ဆုံး ပြောင်းလဲပေးပြီး... ပတ်ဝန်းကျင် အခြေအနေအလိုက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတချို့ကို ဖန်တီးပေးတာလို့ ပြောရမလား"
"ဥပမာ ဒီ မျက်လုံးအမြှေးပါး ဆိုရင် ငါ့ကို ရေအောက်မှာ မျက်လုံးဖွင့်တဲ့ ပြဿနာကို ဖြေရှင်းပေးဖို့... ရေအောက်မှာ မျက်လုံးဖွင့်တဲ့ လုပ်ငန်းစဉ်နဲ့ အသားကျအောင် လုပ်ပေးလိုက်တာပဲ"
လင်းယွမ် တစုံတရာကို သဘောပေါက်သလို ဖြစ်သွားပြီး သူ့စိတ်ထဲတွင် ထိုသို့ ခန့်မှန်းမိလိုက်သည်။
"အဲဒီလိုသာဆိုရင်..."
လင်းယွမ်က နေရောင်ခြည်စွမ်းအင်သုံး ရေကန်ကြီးကို ကြည့်လိုက်ပြီး မျက်လုံးများ အရောင်တောက်လာသည်။
"ထပ်စမ်းကြည့်ရမယ်"
သူက ခန္ဓာကိုယ်အတွင်းမှ အစွမ်းကို ဖြေလျှော့လိုက်ရာ ထိုထူးဆန်းသော မျက်လုံးအမြှေးပါးသည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ထို့နောက် ရေထဲသို့ ပြန်ငုပ်ပြီး ရေအောက်သို့ ခေါင်းနှစ်လိုက်သည်။
သူသည် ရေအောက်တွင် မျက်လုံးဖွင့်ပြီး နှလုံးနေရာရှိ အစွမ်းကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်လိုက်သည်။
အစွမ်းသည် သူ့ဆန္ဒအတိုင်း မျက်လုံးနေရာသို့ လျင်မြန်စွာ စုဝေးသွားသည်။
ခဏအကြာတွင် ထိုယားယံမှု ထပ်မံ ပေါ်လာပြီး မျက်လုံးအမြှေးပါး တစ်လွှာ ထပ်မံ ပေါက်ရောက်လာပြန်သည်
လင်းယွမ် ဝမ်းသာသွားသည်။ "တကယ် ဟုတ်နေတာပဲ"
"ဒါဆို ငါ ရေအောက်မှာ အသက်ရှူချင်တယ် ဆိုရင်ကော"
လင်းယွမ် ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်၊ ဒါက သူ အစကတည်းက အလိုချင်ဆုံး အရာဖြစ်သည်။
အကယ်၍သာ ရေအောက်မှာ အသက်ရှူနိုင်တဲ့ စွမ်းရည် ရလာခဲ့ရင် ရေဘေးကြီးကို ကြောက်နေစရာ လိုဦးမလား
ထိုသို့ တွေးမိသည်နှင့် နှလုံးနေရာမှ သန္ဓေပြောင်း စွမ်းအင်များကို ချက်ချင်း လှုံ့ဆော်လိုက်သည်။
တပြိုင်နက်တည်းမှာပင် သူ့ ဦးနှောက်ထဲတွင် အသက်ရှူဖို့ လိုအပ်သည်ဟု ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် သတိပေးနေလိုက်သည်။
သူ ပါးစပ်ဟပြီး အသက်ရှူရန် ကြိုးစားလိုက်ရာ ရေများ အများအပြား နှာခေါင်းနှင့် ပါးစပ်ထဲသို့ ဝင်ရောက်လာပြီး မွန်းသွားသည်။
အဆုတ်ထဲ ရေဝင်သွားသဖြင့် တရစပ် ချောင်းဆိုးကုန်သည်။
သူက ရေပေါ်သို့ ချက်ချင်း တက်ချင်စိတ်ကို အတင်း ဖိအောင့်ထားပြီး ရေအောက်မှာပင် ဆက်နေလိုက်သည်။
အဆုတ်ထဲမှ အောက်ဆီဂျင် ကုန်ခမ်းသွားပြီး သူ့မျက်နှာ တစ်ခုလုံး နီရဲလာသည်။
ခန္ဓာကိုယ် အတွင်းရှိ သွေးတွင်းအောက်ဆီဂျင် ပမာဏ ကျဆင်းသွားပြီး အသက်ရှူကျပ်သည့် ခံစားမှု ဝင်ရောက်လာသည်။
"အသက်ရှူ ငါ အသက်ရှူဖို့ လိုတယ်"
သူ စိတ်ထဲမှ အော်ဟစ်လိုက်ရာ နှလုံးသားရှိ အစွမ်းများ ဆူပွက်လာပြီး သူ့ခန္ဓာကိုယ် အတွင်း၌ ရူးမူးစွာ စီးဆင်းလာသည်။
ရုတ်တရက် ထိုစွမ်းအင်များသည် လမ်းကြောင်းတွေ့သွားသကဲ့သို့ လင်းယွမ်၏ အဆုတ်ဆီသို့ အကုန် စီးဝင်သွားကြသည်။
အစွမ်းများ အဆုတ်ဆီသို့ ရောက်လာသည်နှင့် တပြိုင်နက် လင်းယွမ်သည် သူ၏ အဆုတ်တွင် ထူးဆန်းသော ယားယံမှုကို ခံစားလိုက်ရသည်။
သူ ဝမ်းသာသွားပြီး အသက်ကို ဆက်အောင့်ထားလိုက်သည်။
ထိုယားယံမှုက လျင်မြန်စွာ ပျံ့နှံ့သွားပြီး တချိန်တည်းမှာပင် နားရွက် အနောက်ဘက်ဆီသို့ ကူးစက်သွားသည်။
သူ့နားရွက် အနောက်ဘက်ရှိ အရေပြားများ လျင်မြန်စွာ ကွဲအက်သွားသလို ခံစားလိုက်ရသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် လေများသည် နားရွက်နောက်ရှိ အက်ကွဲကြောင်းများထဲသို့ ဝင်ရောက်လာပြီး သူ့အဆုတ်ဆီသို့ လျင်မြန်စွာ စီးဝင်သွားသည်ကို ခံစားလိုက်ရသည်
လင်းယွမ် တစ်ယောက် အံ့ဩဝမ်းသာ ဖြစ်သွားသည်။
"အသက်ရှူလို့ ရပြီ ငါ အသက်ရှူလို့ ရသွားပြီ"
လင်းယွမ်က မသိစိတ်ဖြင့် ပါးစပ်ဖွင့်လိုက်ရာ ပလုံပလုံ မြည်သံများနှင့်အတူ လေပူဖောင်းများ ထွက်လာသည်။
သူ ရေအောက်တွင် အသက်ရှူနိုင်ရုံသာမက စကားပါ ပြောနိုင်နေပြီ
အသံကြိုးများ တုန်ခါမှုကြောင့် လေပူဖောင်းများ ထွက်လာသော်လည်း အသံကတော့ တကယ် ထွက်သွားသည်။
လေထုထဲတွင် ပြောသည်နှင့် ယှဉ်လျှင်တော့ ဆူညံသံများစွာ ပါဝင်နေသည်။
အသံ ပျံ့နှံ့မှု အာနိသင်ကလည်း အများကြီး လျော့နည်းသည်။
သို့သော် ဤအရာက လင်းယွမ်ကို အံ့ဩဝမ်းသာ ဖြစ်စေဆဲပင်။
"ဒီလိုကိုး"
"ငါ့ရဲ့ အစွမ်း ဆင့်ကဲပြောင်းလဲခြင်း က ငါ့ကို ဘယ်လို ပတ်ဝန်းကျင် အခြေအနေမျိုးမှာမဆို ရှင်သန်နိုင်စွမ်း အမြင့်မားဆုံး ဖြစ်အောင် အင်္ဂါအစိတ်အပိုင်း အသစ်တွေကို အမြန်ဆုံး ဖန်တီးပေးနိုင်တာပဲ"
"ဒီအစွမ်းက ကြည့်ရတာ တိုက်ခိုက်ရေး အစွမ်းတော့ မဟုတ်ဘူး"
"ဒါပေမဲ့ ရှင်သန်ရပ်တည်ရေး အပိုင်းမှာတော့ ဒီအစွမ်းက ပြိုင်ဘက်ကင်းပဲ"
"တိုက်ခိုက်ရေးပိုင်း အတွက်ကတော့ ငါ့မှာ အရည်အသွေးမှတ်တွေ တိုက်ရိုက် ပေါင်းထည့်လို့ ရနေတာပဲ"
"တကယ်တော့ အရည်အသွေး မျက်နှာပြင် ဆိုတာ ငါ့ရဲ့ နောက်ထပ် ဘက်စုံသုံး အစွမ်းတစ်ခုလိုပဲ... ခွန်အားအမျိုးအစား သန္ဓေပြောင်းသူ အဖြစ် ပြောင်းလဲနိုင်သလို... အလျင်အမျိုးအစား သန္ဓေပြောင်းသူ အဖြစ်လည်း ပြောင်းလဲနိုင်တယ်"
"ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးသာ လုံလောက်အောင် မြင့်မားနေရင် ခံစစ်အမျိုးအစား သန္ဓေပြောင်းသူ အဖြစ် ပြောင်းလဲရင်လည်း မဖြစ်နိုင်တာမှ မဟုတ်တာ"
"တိုက်ခိုက်နိုင်စွမ်းကို ပြောရရင် အရည်အသွေး မျက်နှာပြင် ပိုင်ဆိုင်ထားတဲ့ ငါက ဘယ်သူ့ထက်မှ နိမ့်ကျမှာ မဟုတ်ဘူး"
"ငါ နိုးထလာတဲ့ အစွမ်းက တိုက်ခိုက်နိုင်စွမ်းကို ထပ်မြှင့်ပေးဖို့ မလိုအပ်ဘူး... အဲဒီအစား ရှင်သန်နိုင်စွမ်းကို မြှင့်တင်ပေးတာကမှ အကောင်းဆုံး ပြည့်စုံမှုပဲ"
လင်းယွမ် စိတ်ထဲတွင် ပျော်ရွှင်နေပြီး ဤအစွမ်းကို အလွန် ကျေနပ်အားရနေသည်။
ရေနှင့် ပတ်သက်သည့် အစွမ်း မရလိုက်သော်လည်း ယခုအခါ ရေအောက်သို့ စိတ်ကြိုက် ဝင်ရောက်နိုင်ပြီ ဖြစ်သည်။
ဆင့်ကဲပြောင်းလဲခြင်း အစွမ်း ရှိနေသရွေ့ သူ ရေအောက်တွင် ကြိုက်သလောက် နေနိုင်သည်။
"ဒီရေဘေးကြီးက ငါ့ကို တားဆီးနိုင်မှာ မဟုတ်တော့ဘူး"
သူ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ရေပြင်ပေါ်ရှိ သူ့ပုံရိပ်ကို ကြည့်လိုက်သည်။
သူ့နားရွက်ကို ဖြည်းဖြည်းချင်း ဆွဲလှန်ပြီး ရေပြင်ပေါ်တွင် ကြည့်လိုက်ရာ နားရွက်အနောက်တွင် အက်ကွဲကြောင်း တစ်ခု တကယ် ပေါ်နေသည်ကို တွေ့လိုက်ရသည်။
အက်ကွဲကြောင်း အတွင်း၌ ငါးပါးဟက်နှင့် တူသော အင်္ဂါအစိတ်အပိုင်း တစ်ခု ပေါ်ထွက်နေသည်။
ဒါက ရေအောက်တွင် အသက်ရှူနိုင်ရန် ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက သူ့အတွက် ဖန်တီးပေးလိုက်သော အင်္ဂါအစိတ်အပိုင်း အသစ်ပင် ဖြစ်သည်။
လင်းယွမ်က ခန္ဓာကိုယ်အတွင်းရှိ သန္ဓေပြောင်း စွမ်းအင်များကို ဖြည်းဖြည်းချင်း ငြိမ်သက်စေလိုက်ရာ ခန္ဓာကိုယ်ပေါ်ရှိ ပြောင်းလဲမှုများမှာ ချက်ချင်း ပြန်လည် ဆုတ်ယုတ်သွားပြီး မူလပုံစံအတိုင်း ပြန်ဖြစ်သွားလေသည်။
မျက်လုံးအမြှေးပါးရော၊ နားရွက်နောက်က ပါးဟက်ပါ အကုန်လုံး ပျောက်ကွယ်သွားသည်။
"ဒီလို ဆင့်ကဲပြောင်းလဲတာ က ငါ့အစွမ်းကို လိုက်ပြီး ပြောင်းလဲနိုင်တာပဲ... ငါ့အစွမ်းက သန္ဓေပြောင်းစွမ်းအင် မထောက်ပံ့တော့တာနဲ့ သန္ဓေပြောင်းလာတဲ့ အင်္ဂါအစိတ်အပိုင်းတွေက ချက်ချင်း ပျောက်ကွယ်သွားတယ်"
လင်းယွမ် တွေးတောလိုက်မိသည်၊ ဒီလိုဆိုရင် ခန္ဓာကိုယ်ထဲက သန္ဓေပြောင်း စွမ်းအင် လုံလောက်အောင် လည်ပတ်နေဖို့ သေချာပေါက် လိုအပ်ပြီ။
"ဒါပေမဲ့ လူ့ခန္ဓာကိုယ်ရဲ့ သန္ဓေပြောင်း စွမ်းအင် ပမာဏ အနည်းအများက ဘာနဲ့ သက်ဆိုင်တာလဲ"
ဆက်ရန်...