အခန်း (၂၀၈-၂၁၀)
Vol. 14 Ch. 208-210
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၂၀၈)
ဒီဟာက ဒဏ္ဍာရီထဲက ဘတ္ထရီကြီးပဲ…
ရှန်ယန်ရှောင်စိတ်ထဲ ပြောစရာစကား မရှိဖြစ်သွားတယ်။
" ဒါပေမဲ့ မင်းစိုးရိမ်စရာ မလိုပါဘူး။ ခရမ်းရောင်မြို့စားကနေ သလင်းအမြူတေရဲ့ စွမ်းအားကို ပြောင်းလဲအသုံးပြုတဲ့အခါ မင်းအပေါ်ကို ဘာဆိုးကျိုးမှ သက်ရောက်မှာ မဟုတ်ပါဘူးလေ။ မင်းသုံးကြည့်လိုက်တာနဲ့ တစ်ခါတည်းသိသွားမှာ "ဟုဆိုကာ မြေခွေးလေးက သလင်းအမြူတေရဲ့ ဆိုးကျိုးကို ထိခိုက်ခံစားမိမှာ တွေးပူနေမှာဆိုးတာနဲ့ မြန်မြန်ထပ်ပြောလိုက်ပါတယ်။
" ကျွန်တော်နားလည်ပါတယ် " လို့ ပြန်ပြောလိုက်တဲ့ ရှန်ယန်ရှောင်က ခရမ်းရောင်မြို့စားကို အသုံးပြုဖို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်သော်လည်း သလင်းအမြူတေတွေ လိုအပ်မှာကို ပူနေမိပါတယ်။ တစ်ခုရှိတာကတော့ တိုးနယားလေလံအိမ်မှာ မှာထားတဲ့ သလင်းအမြူတေတွေရဲ့ ပထမအသုတ်က မကြာခင်ရောက်တော့မှာပါ။
" မင်းနဲ့ ခရမ်းရောင်မြို့စားနဲ့မှာ ရေစက်ပါနေတဲ့အတွက် မီးခိုးဝိညာဉ်မြှား အစင်းတစ်ရာကို လက်ဆောင်အဖြစ်ပေးလိုက်မယ် "
မီးခိုးဝိညာဉ်မြှားတစ်စင်းက ရွှေတစ်ပြားရှိလို့ မဟာပန်းပဲဆရာကြီးက ရက်ရောတယ်လို့ ဆိုနိုင်ပါတယ်။
သူမကတော့ စိတ်ထဲတက်ကြွလာပြန်ပါတယ်။
" တစ်ရာကတော့ နည်းလွန်းတယ်လေ။ ဆရာကြီးရဲ့လေးက ဈေးမြောက်တာကို ဆရာကြီးလည်း သိတာပဲ။ ကျွန်တော်က သုံးသန်းကြီးတောင် သုံးထားတာဆိုတော့ အစင်းသုံးရာဆိုရင် မကောင်းဘူးလား။ နောက်ပြီးတော့ သလင်းအမြူတေတွေအတွက် ကျွန်တော်က ထပ်ကုန်ရဦးမှာပဲ.. အား" ဟုဆိုပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။
မဟာပန်းပဲဆရာကြီးလည်း ကြောင်တောင်တောင် ဖြစ်သွားကာ မြေခွေးလေးကို စိတ်ထဲကနေ ဆဲလိုက်ပါတယ်။
" ကောင်းပြီလေ ဒီအတိုင်းပဲ လုပ်တာပေါ့ ချာတိတ်လေး "
အဖိုးကြီးနဲ့ ချာတိတ်တို့ရဲ့ ဆွေးနွေးပွဲက ပြီးဆုံးသွားပါပြီ။ မီးခိုးဝိညာဉ်မြှားသုံးရာအား သူမရဲ့ လက်စွပ်ထဲထည့်ကာ ရှီယွန်နဲ့ ဆရာကြီးတို့ကို နှုတ်ဆက်ပြီးနောက် အရောင်းစာရေးနဲ့အတူ ဘဏ်ကိုသွား၍ ရွှေတွေအားလုံးကို အပ်နှံလိုက်ပြီး သလင်းကဒ်အဖြစ် ပြောင်းခဲ့လိုက်ပါတယ်။
ဘဏ်ကနေ ရွှေတွေကို ရေတွက်စစ်ဆေးမှသာ ဘဏ္ဍာတိုက်ကနေ သူမယူလာတဲ့ ပမာဏကို သိရပါတော့တယ်။
ရွှေဆယ်သန်းကျော်ရှိပြီး လေးဖိုးပေးချေပြီးတာတောင် သူမဆီမှာ ဆယ်သန်းကျော်ကျော် ကျန်ရှိပါသေးတယ်။
ဘေးက အရောင်းစာရေးကတော့ ငုတ်တုတ်မေ့နေတာ ကြာပါပြီ။ သူ့စိတ်ထဲမှာ ရှန်ယန်ရှောင်၏ ပုံပန်းသွင်ပြင်ကို မှတ်ကျောက်တင်ထားလိုက်ပြီး ရိုးရှင်းနှိမ့်ချစွာ နေတတ်တဲ့ ဒီသူဌေးလေး ဆိုင်ကို နောက်တစ်ခါ လာချိန်မှာ စားကောင်းသောက်ဖွယ်နဲ့ ဧည့်ခံဖို့ တွေးထားလိုက်ပါပြီ။
ဒီ ဆူဖြိုးဖြိုး အမဲကြီးကတော့ကွာ ဟား(သက်ပြင်းချသံ)
ရှန်ယန်ရှောင်လည်း ခရမ်းရောင်မြို့စားနဲ့ သလင်းကဒ်ကို လက်စွပ်ထဲထည့်လိုက်ပြီး သူမရဲ့ ခရီးစဉ် ပြီးမြောက်အောင်မြင်ကြောင်း အမှတ်ပေးလိုက်ပါတယ်။
နောက်ရက်မနက်မှာ တန်နာဇီနဲ့အတူ ဆေးပညာ စာသင်ချိန်ကို အတူသွားပါတယ်။ နေ့လည်ပိုင်းမှာတော့ ကပ်စီးနဲလို(ကပ်စေးနဲ)လို သူမနောက် ကပ်ပါနေတဲ့ တန်နာဇီငနွားကို မနည်းခွာထုတ်ပြီး လူသူကင်းတဲ့ နေရာတစ်ခုရှာကာ မနေ့ကအတိုင်း ရုပ်ပြောင်းဝတ်ဆင်၍ လေးပညာဌာနဆီ သွားလိုက်ပါတယ်။
မနက်ခင်းမှာ လေးပညာစာသင်ချိန် မရှိလို့ ကျောင်းသားတွေဟာ အခန်းမှာ အိပ်သူကအိပ် ပစ်ခတ်ကွင်းမှာ လေ့ကျင့်သူက လေ့ကျင့်နဲ့ ရှိကြပါတယ်။ နေ့လည်ရောက်မှသာ စာသင်ချိန်တက်ရန် ကျောင်းသားတွေ ဥဒဟို သွားလာနေကြတာ တွေ့နိုင်ပါတယ်။
လေးပညာဌာနသွားရာလမ်းမှာ တွေ့တဲ့ကျောင်းသား တစ်ယောက်အား ဆွဲဖမ်းကာ ရှီယွန်အား ဘယ်မှာရှာရမလဲလို့ ရှန်ယန်ရှောင်က မေးလိုက်ပါသေးတယ်။
ချိန်းထားတဲ့အချိန်အတိုင်း ချာတိတ်ကို တွေ့လိုက်ရတဲ့ ရှီယွန်ဟာ အပြုံးတွေ ဝေဆာသွားပါတယ်။ သူက ဒီချာတိတ်လေး မလာမှာကို စိုးရိမ်နေမိတာပါ။
" မင်းက အခုချိန်မှ အတန်းတက်မှာမို့ ငါ မင်းအတွက် အကြောင်းပြစရာ ရှာထားတယ်။ အတန်းခွဲ စစ်ဆေးပွဲတုန်းက ဖျားနေလို့မလာနိုင်တာလို့ပြော ကျောင်းစဖွင့်တည်းက ဝင်ခွင့်အောင်ပြီးသား လို့သာပြော ဟာတ်ပြီလား။ အခုကတော့ အနီရောင်အတန်းကပဲ စတက်ပေါ့ " ဟု ပြောလိုက်ရင်း အနီရောင် အတန်းဝတ်စုံနဲ့ တံဆိပ်အား သူမအား ပေးလိုက်ပါတယ်။
သူမ ဝတ်စုံဝတ်ပြီးတာနဲ့ တက်ရမယ့် အခန်းဆီသို့ ခေါ်သွားပါတယ်။
ရှန်ယန်ရှောင်ရဲ့ လေးအတတ်မှာ ပါတဲ့အရည်အသွေးက ကောင်းသော်လည်း သူမဟာ လေးအတတ်အား စနစ်တကျ မသင်ဖူးလို့ အခြေခံကနေစပြီး အနီရောင်တန်းမှာ စတင်သင်ယူသွားရမှာပါ။
" အနီရောင်တန်းက ပုံမှန်အားဖြင့် အဆင့်နိမ့်တယ် ဆိုပေမဲ့ မင်းသာ အတန်းမှာ ပုံမှန်တက်ပြီး ကြိုးစားရင် အဆင့်တက်နိုင်မှာပါ "
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၂၀၉)
" ကျောင်းသားတိုင်းကို သူတို့ရဲ့အစွမ်းအစ ပြနိုင်ဖို့ အခွင့်အရေး ပေးထားတယ်။ မင်းကိုယ်မင်း ယုံကြည်မှုရှိရင် အပတ်တိုင်းရဲ့ နောက်ဆုံးနေ့မှာ တစ်ြခားအတန်းက ကျောင်းသားကို စိန်ခေါ်ယှဉ်ပြိုင်နိုင်ပြီး နိုင်ခဲ့ရင် အဲ့အတန်းကို တက်ခွင့်ရမှာပဲ " လို့ရှီယွန်က ပြောလိုက်ပါတယ်။
ရှန်ယန်ရှောင်လည်း သွားရင်းနဲ့ အာရုံစိုက်ကာ နားထောင်နေပါတယ်။ ဆေးပညာဌာနမှာလည်း အခုလို ယှဉ်ပြိုင်မှုရှိပြီး တစ်ခြားဌာနတွေထက် ပိုပြီးပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ တစ်ခြားဌာနတွေမှာက စိန်ခေါ်မှုသိပ်မရှိကြဘဲ တစ်ခါတစ်ရံ စိန်ခေါ်သူတွေဟာလည်း အမြဲတမ်းလိုလို ရလာဒ်ဆိုးသာ ရရှိကြပါတယ်။
ရှီယွန်က သူမကို အခန်းပေါက်ထိသာ လိုက်ပို့ပါတယ်။ အခန်းထဲကို မဝင်ဘဲ စာသင်နေတဲ့ ဆရာကိုသာ အပြင်ခေါ်လိုက်ပါတယ်။
" ဒီကျောင်းသားက မင်းရဲ့အတန်းမှာ တက်မယ့်သူပဲ " လို့ရှီယွန်က ကြီးကြပ်ဆရာကို ပြောလိုက်တယ်။
ဆရာဟာ လေးဆယ်ဝန်းကျင်ဖြစ်ပြီး အမူအရာကင်းမဲ့ပါတယ်။ ဆရာက ရှန်ယန်ရှောင်ကို နဖူးကနေခြေဖျားထိ ကြည့်လိုက်ရင်း " မင်းနာမည် ဘယ်သူလဲ " လို့မေးလိုက်တယ်။
" ရှောင်ယန်ပါ " ဆိုပြီး သူမက ဖြေကြားလိုက်တယ်။
" အိုး ဟုတ်ပြီလေ ဝင်ခဲ့လိုက် " ဆိုပြီး ဆရာဖြစ်သူက အခန်းထဲ ပြန်ဝင်သွားတယ်။
ရှီယွန်က သူမအား စိတ်မပူနဲ့ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ သူမလည်း ဆရာဖြစ်သူရဲ့ နောက်ကနေလိုက်ပြီး အခန်းထဲ ဝင်လိုက်ပါတယ်။
သူမတက်ရတဲ့ ဆေးပညာခရမ်းတန်းမှာ ပျားတွေလို အလုပ်မရှုပ်တဲ့ ကျောင်းသားဟာ တစ်ယောက်မှ မရှိပါဘူး။ ဆရာတိုင်းရဲ့ ပြောဆိုမှု မှန်သမျှကို စာအုပ်ထဲကို လိုက်လံမှတ်သားကြပါတယ်။ လေးပညာအနီရောင်တန်းမှာတော့ မြင်ကွင်းက လုံးဝခြားနားပါတယ်။
တစ်ခန်းလုံးမှာ ကျောင်းသား ရာဂဏန်းရှိပြီး နှစ်မျိုးကွဲပြားနေတယ်။ တစ်ခုကတော့ စာရေးမှတ်သားနေကြတဲ့ ကျောင်းသားတွေဖြစ်ပြီး နောက်မြင်ကွင်း တစ်ခုကတော့ ခုံပေါ်မှာ ပျင်းရိစွာ ထိုင်နေသူတွေပါ။
သူမလည်း နောက်မှာတွေ့ရတဲ့ ခုံအလွတ်မှာ ဝင်ထိုင်လိုက်ပါတယ်။
ဆရာကတော့ သင်ခန်းစာကို ဆက်သင်နေပါတယ်။
ဒီလိုအဖြစ်မျိုးဟာ ဌာနတိုင်းရဲ့ အနီရောင်အတန်းတိုင်းမှာ ဖြစ်ပျက်နေတာပါ။ အကြောင်းကတော့ ပြီးခဲ့တဲ့ အတန်းခွဲစစ်ဆေးမှုက လွန်လွန်းခဲ့ပြီး စွမ်းအားနဲ့ မသက်ဆိုင်ဘဲ ကံနဲ့သက်ဆိုင်နေလို့ပါ။ ဒါကြောင့်လည်း ထက်မြက်တဲ့ကျောင်းသား အတော်များများက အနီရောင်အတန်းမှာ တက်ရောက်နေကြရပါတယ်။ အဆိုပါ ကျောင်းသားတွေဟာ အနီရောင်တန်းမှာ တက်ရောက်ရတာကို ရှက်နေကြသလို ဒီအတန်းကနေ လွတ်ဖို့အတွက် အပတ်တိုင်းရဲ့ နောက်ဆုံးရက်တွေမှာ အခြားအတန်းက ကျောင်းသားတွေကို စိန်ခေါ်ကြပြီး အနိုင်ရရှိဖို့ နေ့စဉ်ဆုတောင်းနေကြပါတယ်။
မည်သို့ပင်ဖြစ်စေ သူမကတော့ ဒီကျောင်းသားတွေကို အာရုံမစိုက်အားပါဘူး။ သူမရရှိထားတဲ့ ဒီအခွင့်အရေးကို အသုံးချလို့ သူမစွမ်းအားတိုးတက်ဖို့သာ လုပ်ချင်နေပါတယ်။
အတန်းပြီးချိန် ပြန်ဖို့အလုပ်မှာပဲ မမျှော်လင့်စွာနဲ့ သူမဆုံဖူးသူ တစ်ယောက်အား တွေ့လိုက်ရပါတယ်။
" ဟိုနေ့က ကောင်လေးမဟုတ်လား "
ဝမ်းလီက အနီရောင်ဝတ်စုံ ဝတ်ထားတဲ့ ရှန်ယန်ရှောင်ကို တွေ့လိုက်ရလို့ မျက်ခုံးပင့်လိုက် မိပါတယ်။
" သူကဘယ်သူတုန်း "
ဝမ်းလီဘေးက လူငယ်ကတော့ သူမကို တစ်ခါမှ မမြင်ဖူးပါဘူး။
" ဘာမှမဟုတ်ပါဘူးကွာ "
ဝမ်းလီက သူမကို မြို့ထဲမှာ တွေ့တုန်းက ကျောင်းဝတ်စုံ ဝတ်ထားတာကို မတွေ့ခဲ့ရလို့ ဒီသူဌေးလေးဟာ သူနဲ့အတန်းဖော် ဖြစ်နေမယ်လို့ မတွေးမိခဲ့ပါဘူး။ ဒါပေမဲ့…
သူမဝတ်ထားတဲ့ အနီရောင်ဝတ်စုံနဲ့ သူဝတ်ထားတဲ့ ခရမ်းဝတ်စုံကို ယှဉ်လိုက်ပြီးနောက် ဂုဏ်ယူစွာနဲ့ ရင်ကိုကော့လိုက်ပါတယ်။
ငွေရှိတာနဲ့ ကြီးမြတ်ကောလား။ သူ့ဖာသာသူ သုံးသန်းတန် လေးဝယ်လဲ အသုံးမကျလို့ အနီရောင်တန်းက အမှိုက်သရိုက် ဖြစ်နေတာပဲလေ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၂၁၀)
ကောင်လေးကို လှည့်ပတ်ဖို့ အကြံတစ်ခု ဝမ်းလီ ရုတ်တရက်ရလိုက်တယ်။ ရွှေရည်လက်နက်ဆိုင်မှာတုန်းက ဒီကလေးက သိုးယောင်ဆောင်ခဲ့လို့ သူ အရှက်ကွဲခခဲ့ရတယ်။ အဲ့အတွက် သူ ပြန်တုံ့ပြန်ရမယ်။
" ဟေး မင်း ရပ်ဦး " လို့အော်ပြောကာ ရှန်ယန်ရှောင်ဆီ သွားလိုက်တယ်။
ရှန်ယန်ရှောင်က မြင်ဖူးသလိုလို ဖြစ်နေတဲ့ လူငယ်ရဲ့ မျက်လုံးကို ကြည့်လိုက်မိရင်း ဘယ်မှာတွေ့ဖူးလဲ ဆိုတာ ဖော်မရဘူးဖြစ်နေပါတယ်။
" မင်းလည်း ငါတို့ကျောင်းကပဲ ဆိုတာကို ငါမသိခဲ့ဘူး " ဟု ပြောလိုက်တဲ့ ဝမ်းလီက ရှန်ယန်ရှောင်အား ရက်စက်မယ့်အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
" အဲ့ဒါ ဘာဖြစ်လို့တုန်း "
ရှန်ယန်ရှောင်ဟာ သူ့ရှေ့က လူငယ်ဟာ ဘယ်သူမှန်း မသိသေးလို့ အေးအေးဆေးဆေးပဲ ပြန်မေးလိုက်ပါတယ်။
ဝမ်းလီလည်း ပြုံးရင်းနဲ့ ပြန်မေးလိုက်တာက " မင်း လေးကောင်းတစ်လက် ဝယ်လာတာမလား" ဟုပင်။
ခရမ်းရောင်မြို့စားအကြောင်း ပြောလိုက်တာနဲ့ ရွှေရည်လက်နက်ဆိုင်က အဖြစ်ကို သူမ သတိရသွားပါတယ်။ အရူးတစ်ချို့က စကားတွေ အဆက်မပြတ်ပြောနေတာကိုလည်း အမှတ်ရလိုက်ပါတယ်။
ဒါဆို ဒီငပေါက သူမကို ရုတ်တရက်ကြီး တားလိုက်ရတဲ့ ရည်ရွယ်ချက်က ဘာလုပ်ဖို့လဲ။
" ဘာလို့လဲ " လို့ သူမက အချိန်မကုန်ခံချင်တာကြောင့် ပြန်မေးလိုက်ပါတယ်။ အနီရောင်တန်းမှာ သင်ကြားရတာဟာ ပျင်းစရာကောင်းသော်လည်း သူမအတွက် အကျိုးရှိတဲ့ အခြေခံပညာရပ်တွေ ရရှိခဲ့လို့ ပစ်ခတ်ကွင်းမှာ သွားလေ့ကျင့်ဖို့ မအောင့်နိုင်တော့ပါဘူး။
" ငါပြောမယ် မင်းက သုံးသန်းတန်လေးကို ဝယ်ထားပြီးတော့ အိမ်မှာတင်ချိတ်မထားဘဲ ထုတ်သုံးသင့်တယ်လေ " လို့ပြောလိုက်တဲ့ ဝမ်းလီဟာ အသံကိုသေချာမြှင့်ကာ ပြောလိုက်တာပါ။
သုံးသန်းတန်လေး ဆိုတာကို ကြားလိုက်ရတဲ့ ကျောင်းသားအချို့က သူဌေးဖြစ်သူအား စပ်စုချင်တာကြောင့် ခြေလှမ်းတွေရပ်သွားကြကာ ဘာပုံမှမပေါက်တဲ့ ကောင်ကလေးကို စိတ်ဝင်တစား ကြည့်လိုက်ကြပါတယ်။
ရှန်ယန်ရှောင်ကတော့ ငပေါကောင်ကို သနားဟန်နဲ့ ကြည့်လိုက်ပါတယ်။ ဒီကောင်က ဘာရည်ရွယ်ချက်ကောင်းမှ မရှိတာ သေချာတယ်။
" အဲ့လို လေးကောင်းတစ်လက်က အနီရောင်တန်းမှာ ရှိမနေသင့်ဘူး။ ငါ့မှာစိတ်နှလုံးကောင်းရှိနေတော့ ဒီလိုလုပ်ပါ့လား ဒီအပါတ်ရဲ့ နောက်ဆုံးရက်ရောက်ရင် ငါ့ကိုတိုက်ရိုက်စိန်ခေါ်လိုက်လေ မင်းနိုင်ရင် ခရမ်းတန်းကို တက်ရမှာပဲ " ဟုဆိုကာ မကောင်းတဲ့အကြံနဲ့ ဝမ်းလီက ပြောလိုက်ပါတယ်။
ဘေးနားက ကျောင်းသားတွေ ဘာပြောရမှန်းမသိ ဖြစ်သွားကြပါတယ်။ အနီရောင်တန်းက ကျောင်းသားကို ခရမ်းရောင်တန်းကို တိုက်ရိုက်စိန်ခေါ်ခိုင်းတယ်။ ဟာသလုပ်နေတာလားဟ။
အပါတ်တိုင်းမှာ စိန်ခေါ်သူတွေထဲကနေ အောင်မြင်သွားသူတွေ ရှိတယ်ဆိုသော်လည်း တစ်ဆင့်မြင့်တာပဲ ရှိတာပါ အနိမ့်ဆုံးအတန်းကနေ အမြင့်ဆုံးအတန်းကို တိုက်ရိုက်တက်ခွင့်ရတာ တော်တော်ကြီးကို ရှားပါတယ်။
ပိုရှားတာကတော့ ခရမ်းအတန်းကနေ စိန်ခေါ်တာပါ။ ဒီတစ်ယောက်က ကောင်ကလေးကို အရှက်ခွဲချင်နေတာပါပဲ။
လူတိုင်းနီးပါးက ရှန်ယန်ရှောင်အနေနဲ့ ဒီရူးကြောင်ကြောင် စိန်ခေါ်မှုကို လက်မခံဘူးလို့ပဲ ထင်ထားကြပါတယ်။
ရပ်ကြည့်နေကြတဲ့ ကျောင်းသားတွေကြားမှာ အနီရောင်တန်းက လူတွေလည်း ပါဝင်တာကြောင့် ရှန်ယန်ရှောင်ဟာ ဒီနေ့မှ အတန်းစတက်တဲ့ သူတို့အတန်းဖော်ဆိုတာ သိကြပါတယ်။ ဒီကလေးက ခရမ်းအတန်းကကျောင်းသားကို ဘယ်လိုများ ရန်စထားသလဲ ဆိုတာကို သူတို့မသိကြပါဘူး။ အနီရောင်တန်းက ကျောင်းသားတွေဟာ ခရမ်းအတန်းက ကျောင်းသားတွေကို ဝေးဝေးတည်းက ကွင်းရှောင်သွားကြပါတယ်။
ခရမ်းအတန်းကလူရဲ့ ရန်လိုမှုကို ခံယူရထားတဲ့ ဒီကလေးက ကံတော်တော်ဆိုးတာပါပဲ။
ဝမ်းလီက လက်ကိုပိုက်လျက် ဝံ့ကြွားစွာ စောင့်နေပါတယ်။ ချာတိတ်က သူ့စိန်ခေါ်မှုအား လက်မခံရဲတာ သေချာတယ်။ အဲ့ဒီအခါကျရင် ငွေဘယ်လောက်ရှိရှိ အင်အားမရှိရင် အလကားပဲ တော်ဝင်ရိုလန်ကျောင်းမှာ ခွန်အားကပဲ စကားပြောတာ သူဟာ ငါ့ဖိနပ်ကိုင်ဖို့တောင် အဆင့်မမီဘူးလို့ ပြောဖို့ရာတွေးနေပါတယ်။
သူမကတော့ လေးတစ်လက်ဝယ်လိုက်ခြင်းက ဘေးနားက ဖြတ်သွားဖြတ်လာတစ်ယောက်ရဲ့ သေးသိမ်တဲ့ စိတ်ထားကို ထိခိုက်စေခဲ့မယ်လို့ မသိခဲ့ပါဘူး။ ဒီကောင်က သူမကို သက်သက်မဲ့ ရန်လာစနေတာကို ဘာလို့မှန်းလည်း နားမလည်ပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ သူမကို အနိုင်ကျင့်တာကိုတော့ ငြိမ်ခံနေမှာ မဟုတ်ပါဘူး။
ငါ့ကိုများ အရှက်ခွဲချင်သေးတယ်ပေါ့။ ကိုယ့်အရည်အချင်းကို အရင်ပြန်ဆန်းစစ်ကြည့်လိုက်ဦးနော်။
အားလုံးက ချာတိတ်လေးအတွက် သနားနေကြစဉ်မှာပဲ ချာတိတ်ကလေးက နှုတ်ခမ်းကို ကွေးညွှတ်ပြုံးလိုက်ပြီး ပြောလိုက်ပါတယ်။
" မင်းဖိတ်ကြားမှုကို ငါ လက်ခံတယ် "