← Chapters

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၂၁၁)

သူမ တစ်ကယ်ပဲ သဘောတူလိုက်ပါတယ်။

ဘေးကလူအားလုံး ကြောင်အမ်းသွားပါတယ်။ ဝမ်းလီရဲ့ရန်စမှုကို သူမ လက်ခံမယ်လို့ ဘယ်သူကမှ ယုံမထားကြပါဘူး။

" ဒီကလေးက ဦးနှောက်မကောင်းဘူးပဲ။ သူက ရူးနေတာပဲဖြစ်မယ်။ ဝမ်းလီက တော်လို့ ဆရာရှီယွန်ကတောင် ချီးကျူးထားသေးတာဟ။ သူက ဝမ်းလီကို တစ်ကယ်ပဲ စိန်ခေါ်တယ်တဲ့။ ဒီနှစ်အတွက် အရယ်ရဆုံး ပြက်လုံးတစ်ခုပဲဟေ့ "

လူသစ်တွေကြားမှာ ဝမ်းလီရဲ့ နာမည်ဟာလည်း ထင်ရှားပါတယ်။ သူ့ကို လူအတော်များများ သိကြပါတယ်။

မန်ယိဂျွန်က ဌာနတစ်ခုလုံးရဲ့ ခေါင်းဆောင်ဆို ဝမ်းလီကတော့ လူသစ်တွေအတွက် ခေါင်းဆောင်ပါ။

ဝမ်းလီဟာ ခရမ်းအတန်းက လူတော်တွေကြားမှာတောင် ပေါ်လွင်ထင်ရှားသူပါ။

သိပ်မကြာခင်ကပဲ ဆရာရှီယွန်ကနေ ဝမ်းလီကို ချီးကျူးထားပါသေးတယ်။

ရှီယွန်က ဘာလဲဘယ်သူလဲ ဟုတ်လား။ သူဟာ လေးပညာဌာနရဲ့ ဌာနမှူးဖြစ်သလို သူ့အစွမ်းကလည်း ဖြုံလောက်စရာပါ။

လေးပညာဌာန တစ်ခုလုံးမှာ ရှီယွန်ရဲ့ ချီးကျူးပြောဆိုခြင်း ခံရသူဆိုလို့ မန်ယိဂျွန်ပြီးရင် ဝမ်းလီပဲရှိပါတယ်။

ဒါဟာ လေးပညာဌာနအတွင်း ဝမ်းလီရဲ့ အရည်အချင်းကို သက်သေပြမှု တစ်ခုဖြစ်ပါတယ်။

" ပေါက်ကရပြောမနေနဲ့။ ငါကတော့ ဒီကလေးရဲ့ ဉာဏ်ရည်က ကောင်းကောင်း မဖွံ့ဖြိုးသေးဘူးလို့ မြင်တယ်။ သူ့လက်လေး ခြေထောက်လေးတွေကို ကြည့်လိုက်ဦး လေးတောင် တင်နိုင်ပါ့မလား မသိဘူး "

" အနီတန်းက ကျောင်းသားကနေ ခရမ်းတန်းက ကျောင်းသားကို စိန်ခေါ်ယှဉ်ပြိုင်တာက အံ့ဖွယ်အဖြစ်ပဲဟေ့ "

သူမရဲ့ ဦးနှောက်က အခန်းပျက်နေတာလို့ပဲ လူတိုင်းယုံကြည်လိုက်ပါတယ်။ အနီတန်းက သူမက ခရမ်းတန်းက ကျောင်းသားကို ယှဉ်ပြိုင်မှာတဲ့။

သူမ ကြောင်နေတာလို့ပဲ လူတိုင်း တွေးမိသွားပါတယ်။

သူမရဲ့ပြောကြားမှုကြောင့် ဝမ်းလီလည်း ခနတာကြောင်သွားပြီးမှ ပြုံးသွားပါတော့တယ်။

ငွေအများကြီးသုံးပြီး ဝယ်ထားတဲ့ လေးရှိတာနဲ့ပဲ သူ့ကိုယ်သူ ပြိုင်ဖက်မရှိလို့များ ဒီချာတိတ်က တစ်ကယ်ထင်နေတာလား။ လေးသမားတစ်ယောက်ဖြစ်တဲ့ ဝမ်းလီဟာ ရှန်ယန်ရှောင်လက်ဟာ ချောမွေ့နေပြီး ဘာအသားမာမှ မရှိတာကို မြင်ပြီးပါပြီ။ လေးပညာအပေါ် ပြောလောက်အောင် အာရုံမစိုက်တာ သိသာနေတဲ့ အချက်တစ်ခုပါ။ အမှန်အကန်လေ့ကျင့်တဲ့ လေးသမားဆိုရင် လက်မှာ အသားမာရှိပါတယ်။ သူ့လက်လေးတွေ ခြေထောက်လေးတွေ ကြည့်တာနဲ့ ကောင်လေးဟာ ဘာအခြေခိုင်မာမှုမှ မရှိတာ သေချာတယ်။ အားပြင်းတဲ့ မြှားကို သူ့လက်မောင်းလေးနဲ့ ဘယ်လိုပစ်ခတ်နိုင်မှာတုန်း။

ရှန်ယန်ရှောင်သာ လေးပညာဌာနရဲ့ ဝတ်စုံကို ဝတ်မထားရင် သေအောင်ရိုက်သတ်ရင်တောင် ဝမ်းလီကတော့ သူမကို လေးပစ်ပြဖို့ကိုတောင် ဖိတ်ခေါ်မိမှာ မဟုတ်ပါဘူး။

ဒီလိုလူမျိုးကများ သူ့ကို စိန်ခေါ်ရဲသေးတယ်။ သူ့သေတွင်း သူ တူးနေတာပဲ။

အရှက်ကွဲအကျိုးနည်းမှာကို သူက မကြောက်မှတော့ ပျော်ပျော်ကြီး အရှက်ခွဲပေးရသေးတာပေါ့။

" ကောင်းပြီလေ ဒီအပါတ်ပိတ်ရက်မှာ ပစ်ခတ်ကွင်းထဲမှာ ငါ မင်းကို စောင့်နေလိုက်မယ်။ ပြောပြီးသားကို ပြန်မရုတ်ဖို့တော့ မျှော်လင့်ပါတယ်ကွာ "

ဝမ်းလီက ဒီပေါက်စနကို မျက်စိထဲထည့်မထားပါဘူး။ သူဟာ မန်ယိဂျွန်လောက် မတော်ပေမယ့် ကျောင်းသားသစ်တွေထဲမှာ သူ့အရည်အချင်းကို မီတဲ့သူမရှိဘူးလို့ ယုံကြည်ထားသူပါ။

မဟုတ်ရင် လူအများရှေ့မှာ ရှီယွန်ကနေ သူ့ကို ဘာလို့ချီးကျူးမှာလဲလေ။

ဝမ်းလီဟာ ကျိတ်ပြီးကျေနပ်နေပါတယ်။ ရှီယွန်ကနေ သူ့ကို ချီးမွမ်းပြောဆိုထားလို့ ဂုဏ်လည်းယူနေပါတယ်။ ဒါပေမဲ့ သူမသိတာကတော့ အဲ့ဒီချာတိတ်လေးဟာ ပညာသင်နှစ် တစ်ဝက်တစ်ပျက်မှာတောင် ရှီယွန်ကိုယ်တိုင် ဌာနထဲ တက်ခွင့်ပေးထားခြင်း ခံရတဲ့ ပါရမီရှင်လေးဆိုတာကိုပါ။

ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်ပါတယ်။ ဘေးကနေ လှောင်ပြောင်ပြောဆိုတာတွေနဲ့ ဝမ်းလီရဲ့ အောင်နိုင်သူဟန်ပန်ကို လျစ်လျူရှုလိုက်ကာ ဝမ်းလီရဲ့ မျက်လုံးတည့်တည့်အား ဘာဖြစ်လဲဆိုတဲ့ အထာနဲ့ ကြည့်လိုက်ပါတယ်။

" အချိန်ရောက်တဲ့အခါ မင်းလာဖို့ မျှော်လင့်ပါတယ် " လို့အပြာလိုက်ကာ ဂရုမစိုက်ဟန်နဲ့ ဝမ်းလီဘေးကနေ ဖြတ်လျှောက်သွားလိုက်ပါတယ်။

ဒီပိတ်ရက်ရောက်ရင် အဲ့ကောင်ကို မရယ်နိုင်ဘဲ ငိုကြီးချက်မဖြစ်အောင် သူမ လုပ်ပြမှာပါ။

သူမက အခန်းကို တန်းမပြန်သေးဘဲ လေးပညာစာကြည့်တိုက်ဆီ သွားလိုက်ပြီး ညမိုးချုပ်အထိ နေလိုက်ပါတယ်။ စာကြည့်တိုက်မှူး ပြန်တဲ့အခါမှသာ သူမလည်း ပြန်လာခဲ့ပါတယ်။

သို့သော် အခန်းကို မပြန်သေးပါဘူး။ ညမိုးချုပ်မှုကို အခွင့်ကောင်းယူပြီး လေးပစ်ကွင်းကို သွားလိုက်ပါတယ်။

ညနက်ပြီဖြစ်လို့ ကျောင်းသားအားလုံး အခန်းကိုပြန်ပြီး အနားယူနေကြပါပြီ။ ကျယ်ပြောလှတဲ့ လေးပစ်ကွင်းထဲမှာ မှောင်မည်းနေသလို ခွေးတစ်ကောင် ကြောင်တစ်မြှီးမှ မတွေ့ရပါဘူး။

ရှန်ယန်ရှောင်လည်း လေးပစ်ကွင်းမှာ တပ်ဆင်ထားတဲ့ ညလင်းကျောက်တွေကို ထွန်းပေးလိုက်တော့ အလင်းရောင် ရရှိသွားပါတယ်။

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၂၁၂)

ရှန်ယန်ရှောင်ဟာ ခရမ်းရောင်မြို့စားအား လက်တွင်ကိုင်စွဲလျက် မြှားကျည်တောက်ထဲက မြှားတစ်စင်းအား နှုတ်ယူလိုက်တယ်။ ထို့နောက်မှာတော့ သူမရဲ့ကိုယ်‌ကို တည်ငြိမ်စေလိုက်ပြီး အသက်တစ်ချက် ရှိုက်သွင်း၍ မြှားကိုလေးမှာတပ်လိုက်တယ်။

" ကိုယ်နေဟန်ထားကောင်းတယ် " လို့ ရှန်ယန်ရှောင်ကို သူကိုယ်တိုင် မြင်တွေ့ရတဲ့အတိုင်း မှတ်ချက်ပေးလိုက်တယ်။ အခြေခံသင်ခန်းစာတွေ သင်ယူအပြီးမှာတော့ သူမရဲ့ကိုယ်နေဟန်က အဆင့်မီလာပါပြီ။ ပန်းပဲဆရာကြီးရဲ့ အိမ်မှာတုန်းကနဲ့ ဘာမှမပတ်သတ်တော့ပါဘူး။ နေ့တစ်ဝက်တည်းနဲ့ လက်သင်အဆင့်ကနေ လေးသမားတစ်ယောက်အဖြစ် ကိုယ်ဟန်အနေအထား မှန်ကန်စွာ လုပ်နိုင်ခဲ့ပါတယ်။ ပင်ကိုယ်အရည်အချင်းက ဘယ်လောက်တောင် ကောင်းလိုက်သလဲ။

သူမရဲ့ နှုတ်ခမ်းမှာတော့ အပြုံးတစ်ပွင့် ဖူးပွင့်နေပြီး မီတာတစ်ရာကျော်အဝေးက ပစ်မှတ်ကို ချိန်ရွယ်ကာ ပစ်လွှတ်လိုက်ပါတော့တယ်။

မြှားကဖြောင့်တန်းစွာ ပြေးထွက်သွားပြီး ပစ်မှတ်အလယ်တည့်တည့်မှာ စိုက်ဝင်သွားပါတယ်။

ဒီတစ်ခေါက်မှာတော့ ပစ်မှတ်ကို ဖောက်ထွက်မသွားဘဲ စိုက်ဝင်နေတာပါ။

" မြှားကြောင့်လား "ဆိုပြီး မျက်ခုံးတစ်ချက် ပင့်ရင်း ရလာဒ်မတူတာကြောင့် ရေရွတ်လိုက်မိပါတယ်။

" မီးခိုးဝိညာဉ်မြှားက အကောင်းဆုံး မဟုတ်ပေမယ့် အစင်းတိုင်းမှာ ပန်းပဲဆရာရဲ့ အင်းကွက်တွေ ထည့်သွင်းရေးဆွဲထားတယ်။ မင်းက အခု ရိုးရိုးမြှားကို သုံးတော့ကျ အဖြေက ကွာမှာပဲလေ " လို့ ရှူကနေ သူမဘဝင်ကျအောင် ရှင်းပြလိုက်ပါတယ်။

တစ်ကယ်ကွာတာပဲ။ မြှားအစင်းသုံးရာကို ဆရာကြီးဆီကနေ ဖြုတ်လာရတာ တစ်ကယ်တန်တာပဲဟ။

" လေးသည်တစ်ဦးဖြစ်ဖို့က စက်ကွင်းကို မှန်အောင်ပစ်နိုင်ရုံနဲ့ မရဘူး။ နောင်ကျရင် အရည်ပြားထူတဲ့ မှော်သားရဲတွေ ဒါမှမဟုတ် ချပ်ဝပ်တန်ဆာတွေ အလင်းဒိုင်းတွေ အသုံးပြုတဲ့ ရန်သူတွေကိုလည်း ရင်ဆိုင်ရနိုင်တယ်။ ဒီအင်အားလောက်နဲ့တော့ သူတို့ရဲ့ အကာအကွယ်ကို မဖျက်နိုင်မှာကို ငါတော့ပူမိတယ် "

စိတ်ဓာတ်မြင့်အောင် ပြောဆိုတိုက်တွန်းမှုက အရေးကြီးသလို အားနည်းချက်ကို သိထားဖို့ကလည်း အဓိကနေရာမှာ ရှိပါတယ်။

ရှန်ယန်ရှောင်ကို ဝေဖန်ပြောဆိုဖို့အတွက် ရှူဟာ နှမြောတွန့်တိုခြင်းမရှိပါဘူး။ မြှားပစ်တတ်ရုံနဲ့တော့ လေးသမားတစ်ဦးရဲ့ အနှစ်သာရကို မရောက်သေးပါ လေးသမားတစ်ယောက်ရဲ့ တစ်ကယ့်အနှစ်သာရဟာ မြှားရဲ့ အလျင်နဲ့ အားမှာ တည်ရှိပါတယ်။

" အင်းကွက်ပါတဲ့ မြှားတွေက ကောင်းပေမယ့် မင်းအနေနဲ့ အဲ့မြှားတွေကိုပဲ အားမကိုးသင့်ဘူး။ ထိပ်တန်းလေးသည်တစ်ယောက် ဖြစ်ချင်ရင်တော့ မင်းရဲ့ပင်ကိုယ် အစွမ်းကိုပဲ အားကိုးရမယ်။ နောက်ဆုံးကျတော့ လေးရောမြှားရောဟာ အပိုပစ္စည်းတွေပဲလေ။ သာမန်လေးနဲ့မြှားကိုသုံးပြီး ပြင်းထန်တဲ့ ပစ်ခွင်းချက်ကိုသာ မင်းပစ်လွှတ်လာနိုင်ရင် လက်နက်ကောင်းကို ပိုင်ဆိုင်ထားရတာထက် ပိုကောင်းတယ် "

" ခွန်အား "လို့ သူမ တွေးမိလိုက်တယ်။ မြှားတစ်စင်း ပစ်လွှတ်တာဟာ အခြေခံအကျဆုံး အရာအမှန်ပါပဲ။ သူမသာ ထိပ်မှာရောက်ချင်ရင် ခွန်အားသန်မာဖို့ လိုပါတယ်။

ရှန်ယန်ရှောင်က နောက်ထပ်မြှားနှစ်စင်းကို ယူလိုက်ပြီး သူမ နှုတ်ခမ်းမှာတော့ အပြုံးတစ်ပွင့် တွဲလွဲခိုနေပါတယ်။

" အဲ့လိုဆိုရင် အခုရော ဘယ်လိုလဲ "

ရွှတ်

မြှားတစ်စင်း ပြေးထွက်သွားတယ်။

ပထမမြှားက ပစ်မှတ်ဆီ ပြေးဝင်နေဆဲမှာပဲ ရှန်ယန်ရှောင်ဟာ သူမရဲ့ စိတ်ဝိညာဉ်အားနဲ့ ပထမမြှားကို အာရုံစိုက်လိုက်ပြီး နောက်မြှားတစ်စင်းကို လျှပ်ပြက်သလို ပစ်ခတ်လိုက်ပြန်ပါတယ်။ ဒုတိယမြှားရဲ့ အလျင်က ပထမမြှားထက် ပိုမြန်တာကြောင့် ချက်ချင်းဆိုသလို ပထမမြှားကို မီသွားပြီး ရှေ့မြှားက ပစ်မှတ်ကို မထခင်မှာပဲ နောက်မြှီးကို ဝင်တိုက်သွားပါတယ်။ နောက်မြှားကနေ ဝင်တိုက်တာခံလိုက်ရတဲ့ ပထမမြှားဟာ အရှိန်ပိုမြန်သွားပြီး ပစ်မှတ်ကိုဖောက်ထွက် သွားပါတော့တယ်။

ရှန်ယန်ရှောင်ရဲ့ ပစ်ခတ်မှုကို မြင်ရတဲ့ ရှူအဖို့ မအံ့ဩဘဲ မနေနိုင် ဖြစ်သွားရပါတယ်။

မြှားနှစ်စင်းကို ဆက်တိုက်ပစ်ကာ တစ်စင်းရဲ့အားနဲ့ နောက်တစ်စင်းကို ထပ်ပေါင်းပေးလိုက်လို့ ရိုးရိုးသာမန်မြှားက ပစ်မှတ်ကို ဖောက်ထွက်သွားတာပါ။

ပျံသန်းနေတဲ့ မြှားကို မြင်နိုင်ဖို့ အမြင်အာရုံ ဘယ်လောက်ကောင်းဖို့ လိုသလဲ။ နောက်ပြီးတော့ ပထမမြှားက ပစ်မှတ်ကို မထိခင်မှာ ပထမမြှားရဲ့ နောက်မြှီးကို ထိအောင်ပစ်ဖို့ ဘယ်လောက်အထိ လက်မြန်ရမလဲ။

" ဒုတိယမြှားထဲကို မင်းက မှော်အားပေါင်းထည့်လိုက်တယ် "

သူမရဲ့အောင်မြင်မှုက ဘယ်လိုကြောင့်ဆိုတာကို ရှူ လျှင်မြန်စွာ တွေ့ရှိသွားပါတယ်။

ပထမမြှားပစ်စဉ်က လေးညှို့ကို အဆုံးထိ ဆွဲတင်ပစ်ခတ်ထားတာပါ။ ဒုတိယမြှားက ပထမမြှားရဲ့ အရှိန်နှုန်းကို ဘယ်လိုမှ ကျော်ဖို့မဖြစ်နိုင်ပေမယ့် ရှန်ယန်ရှောင်က လုပ်ပြခဲ့ပါတယ်။

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၂၁၃)

ပစ်မှတ်အား စိတ်ဝိညာဉ်စွမ်းအင်နဲ့ ချိန်ရွယ်ပြီး ဒုတိယမြှားထဲတွင် မှော်စွမ်းထည့်ဖို့ ရှန်ယန်ရှောင်၏ ကျိန်စာအတတ်လေ့ကျင့်မှုမှ လက်မြန်ဆန်မှုလည်း ပါဝင်ပါသေးသည်။ တစ်လောကလုံးမှာ သူမကဲ့သို့ ကျင့်စဉ်နှစ်မျိုး လေ့ကျင့်နိုင်သူကလွဲရင် မှော်လေးသည်တွေသာ ယခုလို စွမ်းဆောင်နိုင်ပါသည်။

ဒါပေမယ့် ယနေ့မျက်မှောက်ကာလမှာ ကွမ်းမင်တိုက်တစ်ခုလုံးတွင် မှော်လေးသည်မဆိုနှင့် အဆင့်မြင့်လေးသည်တောင် ရှားပါးနေပါပြီ။

" ဘယ်လိုထင်လဲ " လို့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတဲ့ ရှန်ယန်ရှောင်က မေးလိုက်ပါတယ်။ မှော်နဲ့အတွင်းအားကို ရောစပ်အသုံးပြုတာ ဒါပထမဆုံးဖြစ်ပေမယ့် ရရှိတဲ့ ရလာဒ်က ကျေနပ်ဖို့ ကောင်းပါတယ်။

" မဆိုးပါဘူး " လို့ ပထမဆုံးချီးကျူးမှုအဖြစ် ရှူကနေ ပြောလိုက်ပါတယ်။

လေးပညာလမ်းကြောင်းဟာ ရှန်ယန်ရှောင် အခုမှစတင် လျှောက်လှမ်းတာဖြစ်ပေမယ့် သူမရဲ့ ဆင့်ခေါ်သူစွမ်းရည်ကို လေးပညာမှာ ပေါင်းစည်းအသုံးပြုခဲ့ပါတယ်။ ဒါဟာ သူမကိုယ်တိုင်ရဲ့ သဘောပေါက် နားလည်မှုကြောင့်သာဖြစ်ကာ သူ့ရဲ့ လမ်းညွှန်ပြသခြင်းနဲ့ ဘာမှမဆိုင်ပါဘူး။

ဒီကလေးမကလေးမှာ ဖြတ်ထိုးဉာဏ်ကောင်းကောင်း ရှိပါတယ်။

" ဟက်ဟက်.. ဝမ်းလီလို့ခေါ်တဲ့ကောင်ကို ဒီတစ်ပါတ်မှာ ကောင်းကောင်း သမရသေးတာပေါ့ ဟက်ဟက် "

သူမကို အရှက်ခွဲခြင်တယ်ပေါ့လေ ဘယ်သူ အရှက်ကွဲမလဲ ကြည့်ကြတာပေါ့။

စိန်ခေါ်ပွဲအတွက် နှစ်ရက်သုံးရက် လိုသေးလို့ သူမရဲ့ ရုပ်ပြောင်းလွဲမှုနဲ့ အတန်းနှစ်တန်းကို ဆက်လက်တက်ရောက်ခဲ့ပါတယ်။ ထုံးစံအတိုင်း သူမကိုတွယ်ကပ်ဖို့ တန်နာဇီက ကြိုးစားသော်လည်း မအောင်မြင်ပါဘူး။

ညနေခင်းတစ်ခုမှာ အိပ်ယာပေါ်လှဲနေတဲ့ တန်နာဇီက နောက်ဆုံးမှာတော့ မမှောင်ခင် ပြန်လာတဲ့ ရှန်ယန်ရှောင်ကို တွေ့လိုက်တာနဲ့ မကျေနပ်တဲ့ အသံဖြစ်တဲ့ ဟင့်သံ ‌ပြုလိုက်ပါတယ်။

" ဒီရက်ပိုင်းထဲ မင်း ဘာတွေလုပ်နေတာလဲ။ ညနေရောက်တိုင်း မင်းအရိပ်အယောင်ကိုတောင် ငါ ဘာကြောင့် မတွေ့ရတာလဲ "

သူဟာ ဆေးပညာဌာနတစ်ခုလုံးကို မြေလှန်မတတ်ရှာပေမယ့် ဒီကလေးစုတ်ရဲ့ အမြှီးကိုတောင် မတွေ့ရလို့ ဘယ်မှာသွားအောင်းနေတာကို သိလိုစိတ်ပြင်းပြနေပါတယ်။

သူမ လေးပညာဌာနမှာ အောင်းနေတာလေ။ သူ့ကိုတော့ အမှန်ပြောလို့ မဖြစ်ပါဘူး။

" ဘာမှမလုပ်ပါဘူး။ သင့်တော်တဲ့ ဆေးမြစ်လေးများ တွေ့ရမလားလို့ အမည်းရောင်မြို့ထဲ လျှောက်ပတ်ကြည့်နေတာပါ "

" အမည်းရောင်မြို့လား "

ပြီးခဲ့တဲ့ ရက်အနည်းငယ်က အမည်းရောင်မြို့အကြောင်းကို သူ့ထံကနေ သူမမေးမြန်းထားတာကို သူ အမှတ်ရလိုက်သလို အဲ့အချိန်တုန်းက သိပ်မတွေးခဲ့မိပါဘူး။ သို့ပေမယ့် အမည်းရောင်မြို့လို့ ပြောလိုက်တော့ အလွန်စိတ်ဝင်စားစရာ သတင်းတစ်ခုကို သူ သတိရသွားပါတယ်။

" ငါ မင်းကို တစ်နေ့လုံး ရှာမတွေ့ပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းကိုတော့ ရခဲ့တယ်ကွ "

" ဘာသတင်းလဲ " လို့ ရှန်ယန်ရှောင်က သာမန်ကာလျှံကာ မေးလိုက်ပါတယ်။

တန်နာဇီက လှဲရာကထကာ ခြေချိတ်ထိုင်လိုက် ပြီးတဲ့နောက် အခုလို ပြောလိုက်ပါတယ်။

" လေးပညာဌာနအကြောင်းဟ။ အဲ့က လူသစ်တွေက ရိုးရိုးသားသားကို မရှိကြပါဘူးကွာ။ မကြာခဏ စိန်ခေါ်မှုတွေကလည်း အများကြီးပဲ။ ဒီတစ်ခါကတော့ လူသစ်လေး တစ်ယောက်ကနေ ရွှေရည်လက်နက်ဆိုင်ကနေ သုံးသန်းတန်တဲ့ တစ်ဝက်တစ်ပျက် လေးတစ်လက်ကို ဝယ်ခဲ့တဲ့ သတင်းပဲဟေ့ "

ရေခွက်ထဲကို ရေထည့်ဖို့ လုပ်နေတဲ့ သူမဟာ တန်နာဇီပြောတာကို ကြားလိုက်ရတော့ ရပ်သွားပါတော့တယ်။

ဒါကြီးက တစ်ကယ့်ကို ရှက်ဖွယ်လိလိပဲ။ အဲ့ဒီ ဖြုန်းတီးရေးသမားဟာ သူမကိုယ်တိုင်ပဲလေ။

" ပြောနေကြာတာကတော့ အဲ့ကလေးက လေးပညာဌာနရဲ့ အနီရောင်အတန်းကဖြစ်ပြီး ခရမ်းရောင်အတန်းက ကျောင်းသားကို စိန်ခါ်ထားတယ်ဆိုပဲ "

ဌာနတိုင်းမှာ စိန်ခေါ်ယှဉ်ပြိုင်မှုတွေ ရှိကြသော်လည်း အနီရောင်တန်းကနေ ခရမ်းရောင်တန်းကို စိန်ခေါ်တယ်ဆိုတာကတော့။ ဒီလို ရူးသွပ်တဲ့ အဖြစ်မျိုးဟာ တော်တော်ကြီးကို ရှားပါတယ်။ ကူကယ်ရာမဲ့စွာ ခံစားခဲ့ရတဲ့ ချောင်းရှူတို့ အဖွဲ့သားတွေက လွဲရင် ဘယ်သူကမျှ စဉ်းစားရဲမှာ မဟုတ်ပါဘူး။

" နောက်ပြီးတော့ရော "လို့ အေးဆေးတည်ငြိမ်စွာပဲ သူမက စကားထောက်လိုက်ပါတယ်။

" မနက်ဖြန်နေ့ခင်းပိုင်းကျ လေးပညာဌာနကို သွားဖို့ စိတ်ဝင်စားသလား။ သုံးသန်းတန်လေးက ဘယ်လိုပုံလဲလို့ ကြည့်ချင်နေတယ်ဟေ့ "

တန်နာဇီက သူ့မေးကိုသူ ပွတ်ရင်း ပြောလိုက်ပါတယ်။ သုံးသန်းတောင်မှပဲ ဘယ်လောက် ထည်ဝါခမ်းနားလိုက်တုန်း။

ရှန်ယန်ရှောင်ရဲ့ နှုတ်ခမ်းတွန့်သွားတယ်။ သူမက ဘာကို သွားကြည့်ရမှာလဲ။ သူ သွားကြည့်မယ့် ပွဲရဲ့ အဓိကဇာတ်ဆောင်က သူမလေ ဟုတ်ပြီလား။

တန်နာဇီက သူမကို ဘယ်လိုပင် ဆွဲဆောင်ခေါ်ဆောင်သော်လည်း သူမကတော့ " ငါကတော့ လုံးဝကို စိတ်မဝင်စားဘူး မင်းကြည့်ချင်ရင်တော့ မင်းသဘောပေါ့ ဟုတ်ပြီလား " ဆိုတဲ့ မျက်နှာပေးနဲ့ နေနေပါတော့တယ်။

All Chapters